အခန်း (၇၄-၇၆)
Vol. 6 Ch. 74-76
အခန်း (၇၄)။
ထိပ်တန်းသိုင်းသခင်တစ်ဦးသည် အလေးချိန် ကီလိုဂရမ် သုံးရာမှ လေးရာအထိရှိသော နတ်ဘုရားဒူးလေးကို အလွယ်တကူ ဆွဲတင်နိုင်ပါသည်။ လက်နှစ်ချောင်းသည် ခွန်အားသည် ကီလိုဂရမ် ငါးရာမှ ခြောက်ရာအထိ လိုအပ်မည်ဖြစ်သည်။ တော်ဝင်ချန်မင်းဆက်သည် သိုင်းသခင်တစ်ဦး၏ ခွန်အားကို စမ်းသပ်ရန်အတွက် နတ်ဘုရားဒူးလေးကိုလည်း အသုံးပြုခဲ့သည်။
ရှန်တန်သိုင်းသခင်တွေအတွက်မူ, သူတို့က ပို၍ ကြောက်စရာကောင်းပါသည်။ သူတို့၏ လက်မောင်းကို ဝှေ့ယမ်းလိုက်သည်နှင့် ကီလိုဂရမ်လေးရာ သို့မဟုတ် ကီလိုဂရမ် တစ်ထောင်လောက်ရှိသည့် ခွန်အားကို ထုတ်ဖော်နိုင်ပါသည်။။
ယခု မည်သည့်နေရာကမှန်း ပေါ်လာပြီး ထိုးဖောက်ဝင်ရောက်လာသော ဤငွေရောင် သံချပ်ကာဝတ် အမျိုးသမီး စစ်သည်တော်သည် သူမ၏ လက်သီးက ကီလိုတစ်ထောင် အစွမ်းရှိကြောင်း ဟုန်ယွိသည် ချက်ချင်း ခန့်မှန်းလိုက်ပါသည်။ ၎င်းသည် ရှန်တန် သိုင်းသခင်တစ်ဦး၏ ခွန်အားစံနှုန်း ဖြစ်ပါသည်။ ၎င်းလက်သီးချက်သည် ကီလိုဂရမ် နှစ်ရာ အလေးချိန်ရှိသည့် လူတစ်ယောက်ကို လွင့်ပျံသန်းစေရန် လုံလောက်ပါသည်။
ထိုလက်သီးချက်နှင့် ရင်ဆိုင်ရသည့်အခါ ဟုန်ယွိက အချိန်မီ မရှောင်နိုင်ဘူးဆိုသည်ကို သိပါသည်။ သူသည် ခါးကိုဖြေလျှော့ကာ ငါးမန်းသတ်ဓားကို လက်နှစ်ဘက်ဖြင့် ကိုင်ပြီး၊ ငွေရောင် သံချပ်ကာဝတ် အမျိုးသမီးစစ်သည်တော်၏ လက်သီးကို ခုတ်ဖြတ်လိုက်သည်။
ဘန်း..။
လက်သီးနှင့်ဓားတို့ အပြင်းအထန် တိုက်မိသွားပါသည်။ ဟုန်ယွိသည် ငါးမန်းသတ်ဓားက သံမဏိအပိုင်းအစကို ထိမိသွားသကဲ့သို့ ပြင်းထန်သော မီးပွားများ ထွက်ပေါ်လာသည်ကို ခံစားခဲ့ရသည်။
ငါးမန်းသတ်ဓား၏ ထက်ရှမူနှင့်ပင်, ၎င်းသည် လက်သီးကို အနည်းငယ်သာ ဖြတ်နိုင်ပါ သည်။ လက်သီး၏ မာကျောမှုကို စိတ်ကူးကြည့်နိုင်ပါသည်။
ဘန်း..။
ဟုန်ယွိက ဓားဖြင့် လက်သီးကို ထိုးလိုက်ပြီးနောက် ငွေရောင်သံချပ်ကာဝတ် အမျိုးသမီး စစ်သည်တော်က သူမလက်သီးကို တွန်းထုတ်ပစ်၏။ ဟုန်ယွိ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် မမြင်နိုင်သော စွမ်းအားများကြောင့် လွှင့်ပျံသွားပုံရသည်။ သူ ကုတင်ပေါ် ပစ်လဲကျသွားပြီး ကုတင်က သူ့အလေးချိန်ကြောင့် ပြုတ်ကျသွားသည်။ သစ်သားကုတင်က အပိုင်းပိုင်း ပြိုကွဲသွားပါသည်။
"အရမ်းအစွမ်းထက်တယ်၊"
ဟုန်ယွိ ကုတင်ပေါ် ပစ်လဲကျသွားခဲ့သည်။ ပြင်းထန်သော နာကျင်မူ ဝေဒနာကို တောင့်ခံရင်း သူသည် ကုတင်ပေါ်မှ လှိမ့်ချလိုက်ပါသည်။ သူ့ဓားကို ကျားကန်စရာ တောက်တိုင်တစ်ခုအဖြစ် အသုံးပြုပြီး ထလာစဉ်မှာ ရှန်တိုင်ဇူသည် လက်ထဲတွင် သံတုတ်ကြီးကို ကိုင်ပြီး အခန်းထဲမှ ပြေးထွက် လာသည်ကို သူ တွေ့လိုက်ရပါသည်။ သူသည် ငွေရောင်သံချပ်ကာဝတ် အမျိုးသမီး စစ်သည်တော်၏ ဦးခေါင်းကို ပြင်းပြင်းထန်ထန် ရိုက်ခွဲလိုက်ပြီး၊ သူမကို အသက်ရှုကြပ်သွားစေသည်။
"ကိုယ်တင်ပြနိုင်တဲံ ဒီစိတ်ဝိညာဉ်က ပြဒါးခဲစွမ်းအင်နဲ့ သိပ်သည်းထားတာ။ သူမက ရှန်တန်သိုင်းသခင် အစွမ်းမျိုးကို ပိုင်ဆိုင်ထားတဲ့အပြင်, သူမက ပိုပြီး အစွမ်းထက်တယ်။ ရှန်တန်သိုင်းသခင်တွေက သွေးအသား ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာ။ ဘာပဲဖြစ်ဖြစ်, သူတို့က ငါ့ငါးမန်းသတ်ဓားနဲ့ ထိပ်တိုက် တွေ့ဖို့ သူတို့ရဲ့ လက်သီးတွေကို အသုံးမပြုရဲကြ ဘူး။”
ဟုန်ယွိ အံ့ဩသွားသည်။
သူ၏ကိုယ်ခံပညာသည် ကြီးကြီးမားမား တိုးတက်လာပြီး၊ သူ့လက်ထဲတွင် နတ်ဘုရား လက်နက်ကဲ့သို့ ငါးမန်းသတ်ဓားကို ကိုင်ဆောင်ထားသော်လည်း သူ့ကို လွင့်ပျံအောင် ထိုးနှက်နိုင်မည်ဟု သူ မမျှော်လင့်ပေ။ သူ့တစ်ကိုယ်လုံး နာကျင်နေ၏။ သူ့အရေပြား မာကြောမှုကို တိုးလာစေသည့် သူ၏ နွားသိုး နတ်ဆိုးခွန်အားလက်သီး ပညာရပ်ကြောင့် သာ, မဟုတ်ပါက သူသည် ပြန်မထနိုင်သည့်အထိ ဒဏ်ရာရသွားပေလိမ့်မည်။
"ဒါပေမယ့်၊ ထင်ရှားပေါ်လွင်တဲ့ ဒီစိတ်ဝိညာဉ်က ပေါ့ပါးသွက်လက်တယ်။ သန်မာတယ်၊ ကြမ်းတမ်းတယ်၊ ဓားတွေကို မကြောက်ဘူး။ ဒါပေမယ့် ကျောက်ဟန်ရဲ့ လျှို့ဝှက် ဆန်းကြယ်တဲ့ လှုပ်ရှားမှုတွေနဲ့တော့ ယှဉ်လို့မရဘူး။ သိသိသာသာ အားနည်းချက်တွေ ရှိနေတယ်။”
ဟုန်ယွိသည် ငွေရောင်သံချပ်ကာဝတ် အမျိုးသမီးစစ်သည်တော်မှာ အားနည်းချက် ရှိနေကြောင်း ချက်ချင်း ဖြတ်လိုက်သည်။
အကယ်၍ ၎င်းသည် ဓားနှင့်လှံများကို ခံနိုင်ရည်မရှိသော အစစ်မှန် ရှန်တင်သိုင်းသခင် တစ်ဦးဖြစ်ခဲ့ပါက၊ သူသည် တစ်ချက်တည်းဖြင့် အသတ်ခံရမည် ဖြစ်သည်။ သူ့အား လက်သီးဖြင့် လွင့်ပျံစေလိုက်ပြီးနောက် ငွေရောင်သံချပ်ကာဝတ် အမျိုးသမီး စစ်သည် တော်သည် သူ့နောက်ကို လိုက်လာသောအခါတွင် အရှိန်ဟုန် မပြင်းထန်တော့ပေ။ သူမသည် အရင်ကလို မသွက်လက်တော့ပေ။
"မဒမ်ကျောက်က ဘယ်လောက် တော်လိုက်လဲ။ ငါ ကျောက်စိမ်းနဂါးတောင်ခြေ ကျောက်စိမ်းဘုရားကျောင်မှာ နေနေတာတောင် သူမက ငါ့ကိုသတ်ဖို့ လူတွေ စေလွှတ်ခဲ့တယ်။ ဖန်ရှင်းတာအိုဂိုဏ်းရဲ့ စွမ်းအားကို သူမ လုံးဝ မကြောက်ဘူးလား။ တကယ်လို့, ငါ ကျောက်စိမ်းဘုရားကျောင်းမှာ သေသွားခဲ့ရင်, ဖန်ရှင်းတာအိုဂိုဏ်းလည်း အပြစ်က လွတ်နိုင်မှာ မဟုတ်ဘူးဆိုတာ သူမ သိထားသင့်တယ်။”
ချက်ခြင်းဆိုသလို၊ မဒမ်ကျောက်က သူ့ကိုသတ်ဖို့ လူတစ်ယောက်ကို စေလွှတ်လိုက် ကြောင်း ဟုန်ယွိ မှန်းဆလိုက်ပါသည်။
ပင်း၊ ပင်း၊ ပင်း၊
သတ္တုချင်း ထိခိုက်သံတွေ အဆက်မပြတ် ကြားနေရ၏။
ရှန်ထိုက်ဇူ၏ တုတ်သိုင်းနည်းစနစ်သည် အမှန်တကယ်ပင် ရက်စက်လွန်းလှသည်။ နွားသိုးနတ်ဆိုးခွန်အားလက်သီးပညာရပ်ကို တစ်လခွဲကြာ လေ့ကျင့်ပြီးနောက် သူ၏ ခွန်အားသည် သုံးဆယ်ရာခိုင်နှုန်းအထိ တိုးလာခဲ့သည်။ "နတ်ဆိုးမျောက်ဝံဖရိုဖရဲ နတ်ဘုရားတုတ်" ကခုန်နေပြီး၊ အမျိုးသမီးစစ်သည်တော်၏ ဦးခေါင်းကို ထိမှန်သည်။
အမျိုးသမီး စစ်သည်တော်သည် သူမ၏လက်များဖြင့် ပိတ်ဆို့ကာ ရှန်ထိုက်ဇူ၏ သံတုတ်နှင့် အပြန်အလှန် ထိုးနှက်ခဲ့သည်။ နှစ်ယောက်သား အပြင်းအထန် တိုက်မိကြသည်။
သုံးကြိမ်ဆက်တိုက် အပြင်းအထန် တိုက်မိပြီးနောက် ရှန်ထိုက်ဇူ၏ လက်မနှင့် လက်ညှိုး ကြားရှိ အကြောမျှင်များ စုတ်ပြဲပြီး သွေးများ စီးထွက်နေသည်။
သို့သော်လည်း ရှန်ထိုက်ဇူ၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် အမျိုးသမီး စစ်သည်တော်၏ ခန္ဓာကိုယ်သည် အနည်းငယ် ကွဲအက်သွားခဲ့သည်။ ဟုန်ယွိသည် သူမအောက်ရှိ မြေပြင်ပေါ်တွင် ငွေမှုန့်များစွာကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ တစ်ချိန်တည်းမှာပင် သူမခန္ဓာကိုယ်ပေါ်ရှိ ငွေရောင်အလင်းတန်းများသည် တဖြည်းဖြည်း မှိန်ဖျော့သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ရှန်ထိုက်ယန်နှင့် မုကလေးတို့သည် လက်နက်များကိုင်ဆောင်ကာ ရှန်ထိုက်ဇူနှင့်အတူ တိုက်ခိုက်ခဲ့သည်။
"ဟိုင်၊"
ဟုန်ယွိလည်း ဆတ်ခနဲ ထရပ်လိုက်သည်။ သူသည် ငါးမန်းသတ်ဓားကို ကိုင်ထားပြီး သူတို့လေးယောက်သည် အမျိုးသမီး စစ်သည်တော်တွေကို ဝိုင်းထားကြသည်။ ဆေးတံ၊ သံတုတ်နှင့် ဓားနှစ်ချောင်းတို့ အပြင်းအထန် ထိပ်တိုက်တွေ့သည်။
ရှန်ထိုက်ယန်၏ ဆေးတံသည် ကျောက်ဟန်ကြောင့် ကျိုးသွားခဲ့သည်။ ဒီရက်ပိုင်းမှာ, သူသည် ပန်းပဲဆိုင်ကို သွားခဲ့ပြီး၊ ပိုကြီးသည့်တစ်ခုကို ဝယ်ယူလာခဲ့သည်။
သို့သော်လည်း ဤအချိန်သည် ကျောက်ဟန်ကို သတ်ဖြတ်တုန်အချိန်နှင့် ပတ်ဝန်းကျင်က ကွဲပြားပါသည်။ ဟုန်ယွိသည် စိတ်ဝိညာဉ်ပုံ ဖော်ခြင်းနည်းပညာကို အသုံးမပြုဝံ့ခဲ့ပေ။ အမျိုးသမီးစစ်သည်တော်သည် ယင်စိတ်ဝိညာဉ်ဖြစ်ပြီး၊ သူမသည် ရုပ်လုံးဖော်ခြင်းအဆင့် သို့ ရောက်နေပါက သူမသည် အလွန်အစွမ်းထက်သည်။ အကယ်၍ သူသည် သူမအား စိတ်ရှုပ်ထွေးစေရန် စိတ်ကူးပုံဖော်ခြင်း နည်းပညာကို အသုံးပြုပါက ပြိုင်ဘက်၏ တန်ပြန် တိုက်ခိုက်မှုကြောင့် သူ၏စိတ်ဝိညာဉ်သည် ကွဲအက်သွားမည်ကို သူကြောက်သည်။
“ဒါက ရွှေအမြုတေမှာ တွယ်ကပ်ထားတဲ့ ထင်ရှားတဲ့ တာအိုယင်စိတ်ဝိညာဉ် တစ်ခုပဲ။ ဒါက အလွန်မင်း အစွမ်းထက်ပြီး ခံနိုင်ရည်ရှိပေမယ့်၊ ကြီးမားတဲ့ စွမ်းအားကြောင့် လွင့်ပျယ် သွားနိုင်ပါတယ်။ ဒါ့အပြင် သူမက ဒါကို အချိန်ကြာကြာ ထိန်းထားနိုင်မှာ မဟုတ်ဘူး။"
ဟုန်ယွိသည် ရှန်ထိုက်ယန်, ရှန်ထိုက်ဇူနှင့် မုကလေးကို ကျယ်လောင်စွာ အော်လိုက်သည်။
"ဟီးဟီး ဟီး။ ပေါက်ကွဲစမ်း… ”
ဟုန်ယွိ၏ ထိုစကားကိုကြားတော့ ငွေရောင်သံချပ်ကာဝတ် အမျိုးသမီး စစ်သည်တော်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာပြီး၊ သူမက ရယ်မောလိုက်သည်။ ပေါက်ကွဲသံနှင့်အတူ သူမတစ်ကိုယ်လုံး ပေါက်ကွဲသွားသည်။
ဟုန်ယွိသည် ယခုတစ်ကြိမ်တွင် အလယ်မှ လေစီးကြောင်းက တစ်ဟုန်ထိုး မြင့်တက် လာသော လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ဖြစ်ပေါ်လာပြီး၊ သူ့ကို နောက်ပြန် လွင့်ပျံသွားစေမူကို အလိုအလျောက် ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ့ပတ်ဝန်းကျင်သည် မှုန်ဝါးနေ ပြီး အရာအားလုံးက ငွေရောင်ဖြစ်နေသည်။ သူ့ပါးစပ်နှင့် နှာခေါင်းတို့သည် ခဲပြဒါး၏ ညှော်နံ့များဖြင့် ပြည့်နေ၏။
ထို့ထက် ပို၍အရေးကြီးသည်မှာ သူ၏မြင့်မြတ်သော စိတ်ဝိညာဉ်သည် အိပ်မက်ဆိုးတစ်ခု ကြောင့် ဖိနှိပ်ခံရပုံရသည်။ သူသည် မြင်နိုင်သည်။ ကြားနိုင်သည်။ သို့သော်, သူ လုံးဝ မလှုပ်ရှားနိုင်ပါဘူး။
"နောက်ထပ် နတ်ဘုရား စိတ်ဝိညာဉ်ဖိနှိပ်ခြင်း ပညာရပ်လား…?"
တာအိုပညာများထဲတွင် အသုံးအများဆုံးနှင့် အသုံးအများဆုံးမှာ "တစ္ဆေသရဲဖိနှိပ်ခြင်း" ဟု အများသိကြသည့် စိတ်ဝိညာဉ်ဖိနှိပ်ခြင်း ပညာရပ် ဖြစ်သည်။ လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို ဖိနှိပ်ထားလိုက်သည့်အခါ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံသည် အရာအားလုံးကို ခံစားနိုင်သော်လည်း သူတို့၏ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ကြတော့ပါဘူး။ ၎င်းတို့သည် လှောင်အိမ်ထဲတွင် ပိတ်မိနေသကဲ့သို့ ကြောက်ရွံ့မှု၊ အကူအညီမဲ့မှုနှင့် အထီးကျန်မှုတို့၏ နှိပ်စက်မှုကို ထာဝစဉ် ခံစားနေကြရသည်။
ဟုန်ယွိ၏ လက်ရှိစိတ်ဝိညာဉ်သည် နေ့လမ်းလျှောက်ခြင်းနယ်ပယ်သို့ ရောက်ရှိရန် လုံလောက်သော ခွန်အား ရှိနေပြီဖြစ်သည်။ လူတစ်ယောက်၏ နယ်ပယ်သည် သူ့ထက် အဆင့်တစ်ဆင့် သို့မဟုတ် နှစ်ဆင့်မြင့်နေပါက၊ သူ၏စိတ်ဝိညာဉ်ကို ဖိနှိပ်ရန် မဖြစ်နိုင်ပေ။ သို့သော်၊ ငွေရောင်သံချပ်ကာ ဝတ်ထားသော ဤအမျိုးသမီး စစ်သည်တော်သည် ချက်ချင်း ဆိုသလို ပေါက်ကွဲသွားပြီး သူတို့အား အတင်းအကျပ် ဖိနှိပ်နိုင်ခဲ့သည်။ သူမ၏ စိတ်ဝိညာဉ် သည် အမှန်တကယ်ပင် သန်မာကြောင်း ပြသနေခဲ့သည်။
ဤပေါက်ကွဲမှုနှင့် စိတ်ဝိညာဉ်၏ ဖိနှိပ်မှုကြောင့် ဟုန်ယွိသာမက ရှန်ထိုက်ယန်, ရှန်ထိုက်ဇူ နှင့် မုကလေးတို့လည်း မလှုပ်ရှားနိုင်တော့ပေ။
ယခု တိုက်ပွဲတွင် ငွေရောင်သံချပ်ကာ ဝတ်ထားသော အမျိုးသမီး စစ်သည်တော်၏ စွမ်းအားကြောင့် သူတို့၏စိတ်ထဲတွင် အနည်းငယ် လှုပ်ခါသွားခဲ့ သည်။ သူတို့စိတ်တွေ မငြိမ်မသက်ဖြစ်ပြီး သဘာဝအတိုင်း ဖိနှိပ်ခံလိုက်ရပါသည်။
ဤအခိုက်တွင်၊ မုကလေး၏ ခန္ဓာကိုယ်အား မမြင်နိုင်သော စွမ်းအားတစ်ခုက မြှောက်ပင့် လိုက်ပြီး တံခါးအပြင်သို့ ပြေးသွားကာ ဝင်းနံရံ အပြင်ဘက်သို့ ဆင်းသက်သွားခဲ့သည်။
ရှန်ထိုက်ယန်နှင့် ရှန်ထိုက်ဇူတို့သည် ခိုကိုးရာမဲ့ ကြည့်နေရုံသာ တတ်နိုင်ပါတော့သည်။
"ဒါဆို တဖက်လူက ငါ့အတွက် မဟုတ်ဘဲ မုကလေးကြောင့်ပေါ့။ ငါ့ရဲ့စိတ်ဝိညာဉ်ကို ဒီလိုမျိုး ဖိနှိပ်နိုင်မယ်လို့ ထင်နေခဲ့တာလား။" ဟုန်ယွိသည် ချက်ချင်း နားလည်သွားသည်။ သူသည် အမိတ္တဘသုတ္တန်ကို ရုတ်တရက် အသက်သွင်းလိုက်သည်နှင့် သူ၏စိတ်ဝိညာဉ် တစ်ခုလုံး ငြိမ်သက်သွားသည်။ သူ၏ခြေလက်များသည် လှုပ်ရှားနိုင်စွမ်းကို ပြန်လည်ရရှိခဲ့ သည်။
သူသည် လှုပ်ရှားနိုင်စွမ်းကို ပြန်လည်ရရှိသောအခါ၊ သူသည် ချက်ချင်းဆိုသလို သစ်သားဖြူလေးကို ကောက်ကိုင်လိုက်ပြီး မြှားတစ်ချောင်းကို ထုတ်ကာ ဓားကို မြှောက်လိုက်သည်။ သူ့ခန္ဓာကိုယ်က တံခါးဝကနေ ဖျတ်ခနဲ ထွက်လာပြီး သူ့ဘေးက မြင်းတင်းကုပ်ဆီ ပြေးသွားကာ၊ လျှပ်စီးဖမ်းမြင်းပေါ် ခုန်တက်ပြီး ခြံဝင်းထဲကနေ ခုန်ထွက်သွားခဲ့သည်။
ဒီတစ်ခါ သူ့အရှိန်က အရမ်းကို မြန်ပါသည်။
လျှပ်စီးဖမ်းမြင်းသည် အမှန်တကယ်ပင် နတ်မြင်းတစ်ကောင် ဖြစ်သည်။ ဟုန်ယွိသည် အစွမ်းရှိသမျှ သုံးထားပြီး၊ လျှပ်စီးဖမ်းမြင်း၏ ခွာလေးခု ခုန်ကျော်သွားသည်နှင့် ရက်စက် ကြမ်းကြုတ်သော ကျားတစ်ကောင် ချောက်ကို ခုန်ကျော်သကဲ့သို့ ပေ ငါပေ, ခြောက်ပေ အထိ ခုန်သွားခဲ့သည်။
ဟုန်ယွိသည် လေးမြှားကို အလျင်အမြန်ဆွဲကာ နတ်ဘုရားကဲ့သို့ မြှားတစ်စင်းကို တပ်ဆင် လိုက်သည်။
ထိုအချိန်တွင် ဝင်းထရံအောက်လမ်းတွင် အဖြူရောင်ဝတ် အမျိူးသမီးတစ်ဦးသည် မုကလေးကို ထမ်းကာ ပြေးနေသည်ကို ရှင်းရှင်းလင်းလင်း မြင်နေရပြီ ဖြစ်သည်။
ဟုန်ယွိက သူ့မြင်းကို အကြိမ်အနည်းငယ် တွန်းအားပေးပြီး လျှပ်စီးသဖွယ် အမြန်နှုန်းဖြင့် သူတို့နောက်ကို လိုက်သွားပါသည်။ တခဏအတွင်း သူတို့သည် ခြေလှမ်းနှစ်ရာ ကွာဝေး ရှိလာခဲ့သည်။ လေးညှို့သံက မြည်ပြီး မြှားတစ်စင်းက ပျံထွက်သွားပါသည်။
အမျိုးသမီးက သူမနောက်မှ အသံကြားတော့ ရုတ်တရက် လှည့်ကြည့်လိုက်၏။ သူမ၏ ခန္ဓာကိုယ်သည် ဘေးဘက်သို့ ရွှေ့လျားသွားကာ မြှားက လွဲချော်သွားပါသည်။
ည၏လရောင်အောက်တွင် ဟုန်ယွိသည် တစ်ဖက်လူ၏ အလွန်အံ့ဩနေသော မျက်နှာကို တွေ့လိုက်ရသည်။
“အခုလေးတင်၊ သူမက သူမကိုယ်သူမ ထုတ်ဖော်ပြဖို့ သူမစိတ်ဝိညာဉ်ကို အသုံးပြုခဲ့ပြီး၊ မုကလေးကို ဖမ်းဖို့ အရာဝတ္ထုတစ်ခုကို အသုံးပြုခဲ့တယ်။ အခုတော့ သူမရဲ့ စိတ်ဝိညာဉ် က သူမခန္ဓာကိုယ်ဆီ ပြန်သွားနေခဲ့ပြီ။ ဒါပေမယ့် သူမမှာ မှော်မန္တာန် အသုံးပြုဖို့ အချိန်မရှိ ဘူး။ သူမ ဒီလောက်မြန်မြန် ပြန်ကောင်းလာဖို့ ငါ မမျှော်လင့်ထားဘူး။ ငါ သူမကို သတိထားပြီး ဖမ်းရမယ်။ မဟုတ်ရင် သူမအသိတွေ ပြန်ကောင်းလာတဲ့အခါ မြုပ်နှံစရာ သင်္ချိုင်းနေရာ မရှိဘဲ ငါ သေလိမ့်မယ်။"
ဤတစ်ကြိမ်တွင်၊ ဟုန်ယွိသည် မြင်းပေါ်ကနေ တဟုန်ထိုး မောင်းနှင်လာခဲ့သည်။ ပထမ အချက်မှာ မြင်းတစ်ကောင်၏ အားသာချက်ဖြစ်ပြီး၊ ဒုတိယအချက်မှာ သူ၏ သန်မာသော လေးအား အားကိုးရမည်။ တစ်ဖက်လူ၏ တွက်ချက်မှု လွဲမှားမှုကြောင့်, သူသည် တစ်ဖက်လူ၏ သတိထားမူကို ခံရမည်မဟုတ်ပေ။
မြှားပစ်ပြီးနောက်၊ ဟုန်ယွိသည် မရပ်တန့်ခဲ့ပေ။ ယင်းအစား, သူသည် မြင်းကျော်ပေါ်ကနေ သူ့မြားပစ်စွမ်းရည် အားလုံးကို ပြသခဲ့သည်။ ဖန်း...၊ ဖန်း...၊ ဖန်း..၊ ဖန်း..၊ ဖန်း..။ နောက်ထပ် မြှားခုနစ်စင်း ပစ်လွှတ်သည်။ တစ်ချိန်တည်းမှာပင်၊ လျှပ်စီးဖမ်းမြင်းသည် ရှေ့သို့ ပြေးသွား နေပြီး သူ့မြားပစ်စွမ်းရည်၏ စွမ်းအားက ချက်ချင်းဆိုသလို တိုးလာခဲ့သည်။
မြင်းကြီး။ သန်မာသောလေး, ချွန်ထက်သောမြှား။ အဆက်မပြတ် ပစ်ခတ်ခြင်း။
ဓားအလင်းတန်းသည် အမျိုးသမီး၏ နံဘေးမှ ထွက်ပေါ်လာပြီး အထက်အောက် ဝှေ့ယမ်းကာ ပစ်ခတ်လိုက်သော မြှားခုနစ်စင်းကို ဖြတ်ထုတ်သွားသည်။
အဖြူရောင်ဝတ်ထားသော အမျိုးသမီးသည် အေးစက်စွာ ဟစ်အော်လိုက်ပြီး သူမ၏ လက်ကို ဝှေ့ယမ်းလိုက်စဉ် ဟုန်ယွိက သူ့အမြင်အာရုံက မည်းမှောင်သွားသလို ခံစားလိုက် ရသည်။ သူသည် တောင်နှင့်မြောက်ကိုပင် မပြောနိုင်တော့ပါဘူး။ သူ့စိတ်တွေ ရှုပ်ထွေးနေ သည်။
"ကျီးကန်းအစီအရင်လား" ဟုန်ယွိသည် ထိတ်လန့်သွားပြီး တစ်ဖက်လူက စိတ်ရှုပ်ထွေး ခြင်း ပညာရပ်ကို ထပ်မံ အသုံးပြုနေမှန်း သိလိုက်ရသည်။ စိတ်ထဲတွင် အမိတ္တဘသုတ္တန်ကို ဖြန့်ကျက်ပြီး ချက်ချင်းပင် သူ၏အမြင်အာရုံက ပြန်လည်ကြည်လင်လာပြန်သည်။ တစ်ဖန် လေးမြှားကို ဆွဲ၍ နောက်ထပ် မြှားငါးစင်းကို ပစ်လွှတ်ပြန်သည်။
ဖန်း...၊ ဖန်း...၊ ဖန်း...၊ ဖန်း...၊ ဖန်း..၊
အဖြူရောင် ဓားအလင်းတန်းအတွင်းမှာ ထိုအမျိုးသမီးက ကခုန်ပြီး မြှားလေးချောင်းကို ဆက်တိုက် ပိတ်ဆို့လိုက်ပါသည်။ သို့သော် နောက်ဆုံးမြှားကို ဟုန်ယွိက အရမ်းကို လိမ္မာပါးနပ်စွာ ပစ်ခတ်ခဲ့ပြီး မြှားက သူမနောက်ကျောကို ထိုးဖောက်သွားပါသည်။
အဖြူဝတ်အမျိုးသမီးသည် ဟုန်ယွိက ဤမျှမြန်ဆန်ပြီး စိတ်ရှုပ်ထွေးခြင်းပညာရပ်ကို ကြောက်ရွှံ့ခြင်းမရှိဟု သူမ မမျှော်လင့်ထားခဲ့ပေ။ သူမသည် တွက်ချက်မှု မှားယွင်းခြင်း ကြောင့် မြှားဖြင့် ပစ်ခံရပြီး မြေပြင်ပေါ်သို့ လဲကျသွားပါသည်။
အခန်း (၇၅)။
"အလုပ်ဖြစ်ပြီလား…"
ဟုန်ယွိသည် မြင်းစီးနေရင်း ရင်တလှပ်လှပ်ခုန်ပြီး မောဟိုက်နေသည်။ သူသည် မြှားဆယ်ချောင်းကျော်ကို ဆက်တိုက်ပစ်ခဲ့သည်။ ၎င်းကို ရပ်တန့်ခြင်းမရှိ ပြုလုပ်ခဲ့ရပြီး၊ သူ့စွမ်းအင်ကို အများကြီး သုံးစွဲခဲ့ရပါသည်။ အခုတော့ သူ့ကျောတွေ ကိုက်ခဲနေပြီး ခြေ လက်တွေက ထုံကျင်နေပြီ။
လေးကို ဆက်တိုက်ဆိုသလို ၁၃ ကြိမ်ဆွဲခဲ့ပြီး၊ ထိုလေးသည် ဂျင် ၁၂ဝ ရှိသည့် လေးဖြစ် သည်။ ယင်းက စစ်တပ်က ကျွမ်းကျင်သူတွေအတွက်ပင် ခက်ခဲသည့် စွမ်းဆောင်ချက် ဖြစ်ပါသည်။
သို့သော် သူ၏နောက်ဆုံး မြှားသည် အခြားတစ်ဖက်လူကို ထိမှန်သွားသည်ကို မြင်လိုက်ရ သဖြင့် သက်ပြင်းတစ်ချက် ချလိုက်ပါသည်။
"ဒီမိန်းမက ဘယ်က ရောက်လာတာလဲ။ သူမက တော်ဝင်ချန်က ဟုတ်ပုံမရဘူး။ တာအို ပညာရပ်တွေကလည်း တကယ်ကို အစွမ်းထက်တယ်။ စိတ်ဝိညာဉ်ကို ဖိနှိပ်နိုင်တဲ့ အမိတ္တဘသုတ္တန်, ငါရဲ့သန်မာသော လေးနဲ့ မြင်းတို့ကြောင့်သာ။ မဟုတ်ရင်, သူမကို အလွယ်တကူ ထိန်းထားနိုင်လိမ့်မှာ မဟုတ်ဘူး။”
အခုနက တိုက်ပွဲကို တွေးကြည့်တော့ တစ်ဖက်လူ၏ စိတ်ဝိညာဉ်က အလွန်မင်း အစွမ်းထက်ပြီး ထိခိုက်ဖျက်ဆီးဖို့ မဖြစ်နိုင်ပေ။ သူသည် တစ်ချက်တည်းဖြင့် ရှုံးနိမ့်လုနီးပါး ဖြစ်သွားခဲ့သည်။ ဟုန်ယွိသည် ကြောက်လန့်မူကို ခံစားလိုက်ရ၏။
“ငါတို့က လေးယောက် ရှိတယ်။ ဒါပေမယ့် သူမက ငါတို့ရဲ့ ခံစစ်တွေကို ဖြတ်ကျော်ပြီး မုကလေးကို ပြန်ပေးဆွဲတယ်။ ဒီလျှပ်စီးဖမ်းမြင်းကြောင့်သာ မဟုတ်ရင်၊ ငါတို့ သူမ ပြန်ပေးဆွဲတာခံရပြီး၊ မုကလေးနဲ့အတူ သေချာပေါက် အဝေးကို လွတ်မြောက်သွားလိမ့် မယ်။ ပြီးတော့, ငါ မြှားတွေ အဆက်မပြတ် ပစ်ခတ်နေခဲ့တယ်။ ဒါပေမယ့်, သူမရဲ့ဓားက မြှားတွေကို ဖြတ်ထုတ်နိုင်ခဲ့တယ်။”
သူသည် တစ်ဖက်လူကို တိုက်ခိုက်နိုင်ခြင်း၏ အဓိကအကြောင်းရင်းမှာ လျှပ်စီးဖမ်းမြင်း ကြောင့် ဖြစ်သည်။ ဟုန်ယွိက စီးနင်းလိုက်ပါပြီး အနည်းဆုံးတော့ သူ့အမြန်နှုန်းက ရှန်တန် သိုင်းသခင်နယ်ပယ် ကျွမ်းကျင်ပညာရှင်နှင့် ယှဉ်နိုင်လောက်အောင် မြန်ပါသည်။
သူသည် လေးကို ကိုင်ပြီး မြင်းကျောပေါ်မှာ ချိတ်ဆွဲထားလိုက်သည်။ သူ့လက်ထဲတွင် ငါးမန်းသတ်ဓားကို ကိုင်ထားရင်း သူသည် အခြားတဖက်လူနှင့် ခြေလှမ်းနှစ်ရာအကွာတွင် ရှိနေသော မုကလေးကို ကယ်တင်ရန် ပြေးသွားတော့မည်။
“မင်း ငါ့ကို နာကျင်အောင် လုပ်ရဲလား။ မင်းက သေချင်နေတာလား။
ဟုန်ယွိသည် သတိထားပြီး ချဉ်းကပ်ခါနီးမှာ မြေပြင်ပေါ်မှာ လဲလျောင်းနေသည့် အဖြူရောင်ဝတ် အမျိုးသမီးက ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်ပါသည်။ သူမ လှုပ်ရှားသည်ကို မမြင်ရဘဲ ဓားအလင်းတန်းက ခြေလှမ်းနှစ်ရာကျော်မှ ပျံတက်လာပြီး ဟုန်ယွိ၏လည်ပင်းကို ခုတ်ပိုင်းပစ်သည်။
ဤဓားအလင်းတန်းသည် ဒူးလေးမှပစ်သော မြှားကဲ့သို့ မယုံနိုင်လောက်အောင် လျင်မြန် သည်။ ဟုန်ယွိ၏ လေးနှင့်မြှား အမြန်းနှုန်းထက် မနိမ့်ကျပေ။
"မကောင်းတော့ဘူး… "
ဟုန်ယွိက သတိထားစောင့်ကြည့်နေသော်လည်း တစ်ဖက်လူ၏ ပျံသန်းနိုင်သောဓားက ဤမျှ မြန်လိမ့်မည်ဟု သူ မမျှော်လင့်ထားဘူး။ အဖြူရောင်အလင်းတန်းတစ်ခု လင်းလက်သွားပြီး၊ ဓားက သူ့ရှေ့ကို ရောက်ရှိနေပြီ။ အေးစက်သော ချီက သူ့ခန္ဓာကိုယ်ကို တိုက်ခိုက်ပြီး သူ့လည်ပင်းရှိ အမွှေးများ ထောင်သွားခဲ့သည်။
ဤအရေးကြီးသော အခိုက်အတန့်တွင်၊ လျှပ်စီးဖမ်းမြင်းသည် နောက်ဆုံးတွင် စစ်မြေပြင် တွင် ၎င်း၏ရှောင်တိမ်းနိုင်စွမ်းကို ပြသခဲ့သည်။ ဟုန်ယွိ၏ အမိန့်မပါဘဲ လေးပေမှ ငါးပေအကွာသို့ ခုန်ဆင်းသွားကာ ပျံသန်းနိုင်သောဓားကို ပစ်မှတ်ကို လွဲချော်သွားစေသည်။
ထိုအခိုက်တွင် ဟုန်ယွိသည် ၎င်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ နှင်းဖြူသဖွယ် ထူးထူးခြားခြား ပုံသဏ္ဍာန်ရှိသော ဓားမြှောင် ဖြစ်သည်။ ဓားသည် လက်နှစ်လုံးလောက် ဗြက်ကျယ်ပြီး လက်ဖျံလောက် ရှည်သည်။ ၎င်းသည် လေထဲမှာ လွင့်မျောနေခဲ့သည်။ ၎င်း၏ ပထမဆုံး တိုက်ခိုက်မှုကို လွဲချော်ပြီးနောက်၊ ၎င်းသည် သူ့ဆီသို့ နောက်ထပ် တစ်ကြိမ် မပျံသန်းမီ တစ်ခဏမျှ တုံ့ဆိုင်းသွားခဲ့သည်။
ချွင်…။
ငါးမန်းသတ်ဓားကို ဓားအိမ်ထဲမှာ ဆွဲထုတ်လိုက်ပါသည်။
ဟုန်ယွိသည် ဤအခွင့်အရေးကို အခွင့်ကောင်းယူပြီး သူ့ဓားကို ဆွဲထုတ်လိုက်သည်။ သူ့ဆီသို့ ပျံသန်းလာသည့် ပျံသန်းနေသော ဓားကို လျင်မြန်စွာ ကြားဖြတ်လိုက်သည်။
ဓားနှစ်ချောင်း အပြင်းအထန် ထိပ်တိုက် တွေ့ဆုံမိသောအခါတွင် ဓားပျံသည် လှည့်၍ ဓားသွားနှင့် ထိုးပြန်သည်။ ဟုန်ယွိသည် မြင်းပေါ်မှာ လှိမ့်ကာ ပျံသန်းနေသော ဓားကို ထပ်မံ တားဆီးရန် သူ့ဓားကို အသုံးပြုခဲ့သည်။
ဘန်း..၊ ဘန်း...၊ ဘန်း..။
ဓား ၁ဝ ချက်ကျော် ရှေ့ဆင့်နောက်ဆင့် အပြင်းအထန် တိုက်မိခဲ့သည်။ ဟုန်ယွိ၏ ငါးမန်းသတ်က သူ့ကို ဓားနှင့်ထိုးရန် ကြိုးစားနေသည့် ပျံသန်းနေသော ဓားကို တိုက်ခိုက် လိုက်ပါသည်။ ဓားပျံသည် ဟုန်ယွိကို ဓားဖြင့်ထိုးခြင်း၊ ခုတ်ပိုင်းခြင်း၊ တိုက်ခိုက်ခြင်း၊ ဖိနှိပ်ခြင်း၊ ထိုးဖောက်ပျံသန်းခြင်း၊ ပစ်လွှတ်ခြင်းစသည့် နည်းမျိုးစုံကို အသုံးပြု၍ လေထဲ တွင် လွင့်ပျံသွားခဲ့သည်။
ဟုန်ယွိသည် မြင်းပေါ်က ဆင်းပြီးနောက်၊ လျှပ်စီးမြင်းသည် ပါဝင်ပတ်သက်ရမည်ကို ကြောက်ရွှံ့သည့်အလား အဝေးကို ထွက်ပြေးသွားပါသည်။
ဓားချက် ဆယ်ခုကျော်ကို ပိတ်ဆို့ပြီးနောက်၊ သူ့ကိုထိုးရန်ကြိုးစားနေသော ပျံသန်းနေ သောဓားကို ဓားသိုင်းပညာများ အသုံးပြု၍ မမြင်နိုင်သော လူတစ်ယောက်က ထိန်းချုပ် ထားကြောင်း ဟုန်ယွိ ခံစားရလေသည်။
"ငါ့ပြိုင်ဘက်က ပျံသန်းနေသောဓားကို ထိန်းချုပ်ဖို့ သူမရဲ့စိတ်ဝိညာဉ်ကို အသုံးပြုနေ တယ်။ အဲဒါကို ငါ မမြင်နိုင်ဘူး။ ငါ့ငါးမန်းသတ်ဓားက သူ့ယင်စိတ်ဝိညာဉ်ကို မထိခိုက် စေနိုင်ဘူး။ ဒါပေမယ့် သူမက ပျံသန်းနေသောဓားနဲ့ ငါ့ကို ထိုးနိုင်တယ်။ ဒီပြိုင်ပွဲမှာ သူမဟာ အရှုံးမရှိဘူး။ ငါ့ကိုယ်ငါ ခါးသီးစွာနဲ့ ခုခံဖို့ပဲတတ်နိုင်တော့တယ်။ ငါ့ပြိုင်ဘက်ရဲ့ ဓားဟာ တကယ်ကို အစွမ်းထက်တယ်။”
ဟုန်ယွိသည် သူ့ပြိုင်ဘက်၏ဓားသည် အလွန်အစွမ်းထက်သည်ဟုသာ ခံစားနိုင်သည်။ အရာဝတ္ထုများကို ထိန်းချုပ်နိုင်သော ယင်စိတ်ဝိညာဉ်၏ စွမ်းရည်ကို ပြသနေခဲ့သည်။ ဓားအချင်းချင်း အပြင်းအထန် တိုက်မိတိုင်း သူ့လက်က ထုံကျင်လာသည်။
"မင်း ဘယ်သူလဲ၊ ဟမ့်၊ အခုနက ငါ့မြှားချက်ကြောင့် မင်းရဲ့ခန္ဓာကိုယ်က ဒဏ်ရာ အပြင်းထန်ရထားတယ်။ ဒါတောင် မင်းက ပျံသန်းနေတဲ့ဓားကို ထိန်းချုပ်ပြီး ငါ့ကိုသတ်ဖို့ မင်းရဲ့ယင်စိတ်ဝိညာဉ်ကို အသုံးပြုရဲတုန်းပေါ့။ စိတ်ဝိညာဉ်က ခန္ဓာကိုယ်ကနေ ထွက်သွား တဲ့အခါ ခန္ဓာကိုယ်က အားနည်းလာမယ်ဆိုတာ မင်း မသိဘူးလား။ မင်း ငါ့ကိုမသတ်ခင် မင်းခန္ဓာကိုယ်က အရင်သေသွားမှာ ငါ ကြောက်မိတယ်။ တကယ်လို, မင်းက မင်းရဲ့ ခန္ဓာကိုယ်ဆီ ပြန်မသွားနိုင်ခဲ့ဘူးဆိုရင်, မင်းအနေနဲ့ ဒီကမ္ဘာကြီးကနေ ပျောက်ကွယ်ဖို့ စောင့်နိုင်ရုံပဲရှိတော့တယ်။”
ဟုန်ယွိက အသဲအသန် ခုခံရင်း ရုတ်တရက် အစွမ်းကုန် အော်ဟစ်လိုက်သည်။
အမှန်ပင်၊ သူပြောပြီးသည်နှင့် တပြိုင်နက် လွင့်ပျံနေသော ဓားသည် တခဏမျှ တုံ့ဆိုင်း သွားသည်။ ရုတ်တရက်၊ ၎င်းသည် ဓားအိမ်ထဲသို့ ပြန်ပြေးသွားသည်။ ထို့နောက် မြေပြင် ပေါ်ရှိ အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးသည် ဖြည်းညှင်းစွာ မတ်တပ် ထရပ်လိုက်သည်။ မြှားတစ်စင်းသည် သူမ၏ပခုံးအတွင်းသို့ နက်နက်နဲနဲ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး သွေးများ ထွက်ကျနေသည်။
"ကောင်းလိုက်တဲ့ မြင်းစီးပညာရပ်၊ တော်လိုက်တဲ့ လေးပစ်ပညာ။ ကောင်းလိုက်တဲ့ မြင်း။” အဖြူဝတ် အမျိုးသမီးက မတ်တတ် ထရပ်ပြီးနောက် သူမပုခုံးမှ မြှားကို ရုတ်တရက် ဆွဲထုတ်လိုက်ပါသည်။ တစ်ချိန်တည်းမှာပင် သူမခါးပတ်မှ ပုလင်းတစ်လုံးကို ထုတ်ယူ လိုက်ပါသည်။ အမှုန့်အနည်းငယ်ကို သွန်းလောင်းပြီး သွေးထွက်ခြင်းကို ရပ်တန့်စေကာ ကျောဘက်ရှိ ဒဏ်ရာပေါ်သို့ လိမ်းလိုက်ပါသည်။
သို့သော် သွေးအလွန်အကျွံထွက်ခြင်းနှင့် မြှားကိုဆွဲထုတ်ရာမှ ပြင်းထန်သော နာကျင်မှု ကြောင့် သူမ၏ခြေထောက်များသည် အားနည်းလာသည်။ သူမ၏ မျက်နှာသည် ဖြူဖျော့ နေသော်လည်း နောက်ဆုံးတွင် သူမသည် မတ်တပ်ရပ်နေခဲ့သည်။
မုကလေးသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး သတိလစ်နေဆဲ ဖြစ်သည်။
စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်သွားသောအခါ၊ ခန္ဓာကိုယ်သည် အခွံအလွတ်ဖြစ်သွား ကာ မကောင်းဆိုးဝါးချီ၏ အလွယ်တကူ ကျူးကျော် ဝင်ရောက်မူကို ခံသွားရနိုင်သည်။ အခုလေးတင် အဖြူဝတ်အမျိုးသမီးသည် ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး သူမ၏စိတ်ဝိညာဉ် က ခန္ဓာကိုယ်ထဲမှ ထွက်ခွာထားသည်။ သူမခန္ဓာကိုယ်အတွင်း ချီနှင့်သွေးစီးဆင်းမှုကို မည်သူမျှ ထိန်းချုပ်နိုင်ခြင်းမရှိသည့်အတွက် သူမ၏ဒဏ်ရာများက ပိုဆိုးလာပါသည်။ အကယ်၍, သူမသည် ဤအတိုင်းသာ အချိန်ကြာကြာ ဆက်နေမည်ဆိုပါက, သူမ၏ ချီနှင့်သွေးတွေ ခန်းခြောက်သွားမှာ ဖြစ်ပြီး၊ ပျောက်ကင်းတော့မည် မဟုတ်ပေ။
"ငါ့ရဲ့ကျီးကန်းအစီအရင်ကို မင်း ဘာလို့ မကြောက်တာလဲ။ မင်း ဘယ်တာအိုဂိုဏ်းက နည်းစနစ်တွေကို ကျင့်ကြံထားတာလဲ။” သူမခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းထားပြီး နောက် အဖြူရောင်ဝတ် အမျိုးသမီးက ဟုန်ယွိကို မေးသည်။ သူမလေသံက တင်းမာသည်။
"ကျီးကန်းအစီအရင်က ငါ့ခြေထောက်မှာပဲ၊" ဟုန်ယွိသည် သူ၏ သစ်သားဖြူလေးအား တစ်ဖန်ဆွဲကာ မြှားတစ်စင်းကို တပ်လိုက်ပြီး အဖြူဝတ် အမျိုးသမီးကို ချိန်ရွယ်လိုက်ပါ သည်။ အဖြူဝတ်အမျိုးသမီးသည် မြှားကို ဆွဲထုတ်ပြီးနောက် ဆေးလိမ်းနေစဉ် လျှပ်စီးဖမ်း မြင်းသည် နောက်မှ ပြေးလာခဲ့သည်။ ဟုန်ယွိသည် သူ၏လေးနှင့်မြှားကို ဆွဲထားပြီး၊ ထိုအခွင့်အရေးကို ယူကာ “မုကလေးကို မြန်မြန်နှိုးလိုက်ပြီး၊ လက်မြှောက် အရှံးပေးလိုက် ပါ။ မင်း မလွတ်မြောက်နိုင်တော့ဘူး။ ဒီတိုက်ပွဲက ဖန်ရှင်းတာအိုဂိုဏ်းရဲ့ လူတွေကို သတိပေးသလို ဖြစ်သွားနိုင်တယ်။ မင်း မြှုပ်စရာမလိုဘဲ သေချင်တာလား။"
ဟုန်ယွိ၏မြှားက သူမကို ထပ်မံ ချိန်ထားသည်ကို မြင်လိုက်ရသောအခါ အဖြူဝတ် အမျိုးသမီး၏ မျက်နှာသည် ပြောင်းလဲသွားသည်။ သူမသည် သွေးအလွန်အကျွံ ဆုံးရှုံးသွား သည်ကို သူမသိပြီး၊ ပြိုင်ဘက်က လေးကို ဆွဲထုတ်လိုက်သည်။ အထူးသဖြင့် ဤနေရာ သည် ဖန်ရှင်းတာအိုဂိုဏ်း၏ နယ်မြေဖြစ်သောကြောင့် သူမသည် အမှန်တကယ် ရှောင်လွှဲ ၍ မရပေ။ အကယ်၍, သူမကို ရှာဖွေတွေ့ရှိပါက အကျိုးဆက်က များစွာ ဆိုးရွားသွားမည် ဖြစ်သည်။
"မင်း ငါ့ကိုမသတ်ဘူးလို့ ကတိပေးရင် ငါ လက်မြှောက် အရှုံးပေးမယ်။" အဖြူဝတ် အမျိုးသမီးက ခဏတာ တုံ့ဆိုင်းသွားကာ သူမ၏မျက်နှာသည် ဖြူဖျော့ဖျော့ ဖြစ်နေသည်။ သူမသည် ဟုန်ယွိနှင့် ဤအကျပ်အတည်းကို ဆက်မလုပ်ချင်ကြောင်း ထင်ရှားသည်။
"မုကလေးကို အရင်နှိုးပါ။" ဟုန်ယွိက ပြောသည်။
"ကောင်းပြီ၊" အဖြူဝတ်အမျိုးသမီးက မျက်လုံးတွေက လှုပ်ရှားသွားပါသည်။ မြေပြင်ပေါ် တွင် ရှိနေသည့် မူးငယ်သည် မျက်လုံးဖွင့်ကာ ခုန်လိုက်ပါသည်။ သူ့လက်က အဖြူရောင် ဝတ် အမျိုးသမီး၏လည်ပင်းကို ချက်ချင်း ဆုပ်ကိုင်လိုက်သည်။
မုကလေး၏ စိတ်ဝိညာဉ်သည် အခုနက ဖိနှိပ်ခံထားရရုံသာ ဖြစ်သည်။ ထို့ကြောင့် သူမသည် အရာအားလုံးကို ကြားနိုင်သိမြင်နိုင်ပါသည်။ ဖြစ်ပျက်ခဲ့သမျှအားလုံးကို သူမ သိသည်။ သို့သော် သူမ၏ခန္ဓာကိုယ်သည် မလှုပ်ရှားနိုင်ပေ။ သူမ၏ စိတ်ဝိညာဉ်အပေါ် ဖိနှိပ်မှုတွေကို ရုတ်သိမ်းပြီး သည်နှင့်၊ သူမသည် ချက်ချင်းထလိုက်ပြီး သူမ၏ လက်သီး ပညာရပ်ကို အသုံးပြုခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် အဖြူရောင် အမျိုးသမီး၏လက်ထဲမှ ပျံသန်းနေသော ဓားကို သူမက တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။
ထိုမြင်ကွင်းကို မြင်တော့ ဟုန်ယွိက သက်ပြင်းချလိုက်ပြီး "ငါတို့နောက်ကို လိုက်ခဲ့"
အဖြူရောင်ဝတ် အမျိုးသမီးက ရှိုက်ကြီးတငင် ပြုံးပြီး မေးသည် “ငါ့ရဲ့ ကျီးကန်းအစီအရင်ကို မင်း ဘာလို့ မကြောက်တာလဲ၊ မင်း ဘယ်လို တာအို ပညာရပ်ကို လေ့ကျင့်ထားလဲ။ မင်းရဲ့စိတ်ဝိညာဉ်က ဒီလောက်မသန်မာသလို မင်း ဘာကိုမှ ဆင့်မခေါ်နိုင်ပါဘူး။ ငါ့ရဲ့ စိတ်ဝိညာဉ်ဖိနှိပ်ခြင်းပညာရပ်ကို မင်း ဘယ်လိုလုပ် တွန်းလှန်နိုင်တာလဲ။”
"ငါက မင်းကို မမေးရဘူး၊ မင်းက ငါ့ကို မေးနေတယ်။" ဟုန်ယွိက အေးစက်စွာ ရယ်မော လိုက်ပြီး "မင်း ရယ်စရာကိစ္စ ဘာတစ်ခုမှ လုပ်ဖို့မကြိုးစားဖို့ ငါ အကြံပေးလိုက်မယ်။ မင်းရဲ့ တာအိုပညာရပ်တွေက ငါ့အတွက် အသုံးမဝင်ဘူး"
အဖြူဝတ် အမျိုးသမီးသည် သန်မာသော်လည်း ဟုန်ယွိသည် သူမအား ခြောက်လှန့်ပြီး နားမလည်နိုင်သလို ဟန်ဆောင်ချင်နေသေးသည်။
မျှော်လင့်ထားသည့်အတိုင်း အဖြူဝတ် အမျိုးသမီးသည် အဆင်ခြင်မဲ့ ပြုမူဝံ့ခြင်း မရှိတော့ ပေ။ သူမ၏ခန္ဓာကိုယ်မှာ ဒဏ်ရာက အလွန်အပြင်းပြီး၊ သူမသည် မိမိအသက်ကို စွန့်ကာ တာအိုပညာကို အသုံးပြုရန်အတွက် ယင်စိတ်ဝိညာဉ်ကို အသုံးပြုခဲ့မည်ဆိုလျှင်, ဟုန်ယွိ သည် သူ့နှလုံးသားထဲတွင် ကြိုတွေးထားဆဲ ဖြစ်သည်။
သို့သော် ယခုအချိန်တွင် သူသည် တစ်ဖက်လူကို ခြောက်လှန့်နိုင်သောကြောင့် ဟုန်ယွိ သည် အခြေအနေသည် သူ့ထိန်းချုပ်မှုအောက်တွင် အပြည့်အဝရှိနေပြီဟု ခံစားမိသည်။
အခန်း (၇၆)။
“မုကလေး၊ သူမကို စောင့်ကြည့်ပြီး၊ သူမခန္ဓာကိုယ်ပေါ်က နေရာတိုင်းကို ရှာဖွေပါ။ ငါ ထိုက်ယန်နဲ့ ထိုက်ဇူကို ကယ်လိုက်ဦးမယ်။ သူမ နောက်ထပ် လှုပ်လှုပ်ရှားရှား လုပ်လာခဲ့ ရင် ချက်ချင်း သတ်ပစ်လိုက်ပါ။”
ဟုန်ယွိနှင့် မုကလေးတို့သည် အဖြူရောင်ဝတ် အမျိုးသမီးကို ခြံဝင်းဆီသို့ ပြန်ခေါ်လာခဲ့ သည်။
ထိုအချိန်တွင် ခြံဝင်းသည် အပြင်းအထန် တိုက်ခိုက်မူကြောင့် ရှုပ်ပွနေပြီ ဖြစ်သည်။ မြေပြင် ပေါ်တွင် သိသာထင်ရှားသော ဧရာမခြေရာများစွာ ရှိနေခဲ့ပြီး၊ ထူထပ်သော ခဲနှင့် ပြဒါးမှုန့် များက နေရာအနှံ့မှာ ပြန့်ကျဲနေ၏။ တံခါးက ကျိုးသွားခဲ့ပြီး သစ်သားတွေက နေရာအနှံ့ ပျံနေပါသည်။
ရှန်ထိုက်ယန်နှင့် ရှန်ထိုက်ဇူတို့ သားအဖနှစ်ဦးသည် မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေကြသည်။ သူတို့၏ စိတ်ဝိညာဉ်များသည် ဖိနှိပ်ခံနေရဆဲ ဖြစ်ပုံရပြီး မနိုးထ နိုင်ကြသေးပေ။
မုကလေးသည် သံမဏိ ဓားကောင်းတစ်လက်ကို ကိုင်ထားပြီး အမျိုးသမီး၏ လည်ပင်းကို ဓားသွားဖြင့် ပြင်းထန်စွာ ဖိကပ်လိုက်သည်။ သူမ၏လက်က အလွန်တည်ငြိမ်နေပြီး အနည်းငယ် လှုပ်ရှားပါက တဖက်လူ၏လည်ပင်းကို ဖြတ်ပစ်နိုင်ပါသည်။
အဖြူဝတ် အမျိုးသမီး၏ မျက်နှာက အလွန်ဖျော့တော့နေပြီး သူမ၏ ခြေလှမ်းများက အချိန်မရွေး မြေပြင်ပေါ်သို့ ပြိုလဲကျမည့်အတိုင်း အားနည်းနေပါသည်။ သို့သော်လည်း သူမ၏စိတ်ဝိညာဉ်သည် ပြိုလဲကျပုံမပေါ်ဘဲ မျက်လုံးများက တောက်ပနေခဲ့သည်။
ဟုန်ယွိ၏ ညွှန်ကြားချက်ကို ကြားတော့ မုကလေးသည် ဓားကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး၊ အခြားလက်တစ်ဖက်ဖြင့် အမျိုးသမီး၏ ခန္ဓာကိုယ်ကို ရှာဖွေခဲ့ပါသည်။ သူမ နောက်ကျောပေါ်ရှိ အိတ်သေးသေးလေးမှ ယမ်းမှုန့်အနံ့ သင်းသင်းလေး ထွက်နေသည့် သေတ္တာငယ်လေးတစ်လုံး၊ ဆေးပုလင်းနှင့် အဆောင်စာရွက်အချို့ကို တွေ့ရှိခဲ့သည်။
ထိုအရာများကို ရှာဖွေပြီးနောက်, သူမသည် အဖြူရောင်ဝတ် အမျိုးသမီး ထိုအရာများကို ထိကိုင်နိုင်ခြင်းမရှိစေရန်၊ ထိုအမျိုးသမီး၏ ထူးဆန်းသည့် ပျံသန်းနိုင်သော ဓားတစ်လက် ကို ကုတင်ပေါ်သို့ ပစ်ချလိုက်ပါသည်။
ဟုန်ယွိက ကြည့်ရင်း ခေါင်းညိတ်ပြလိုက်သည်။ သူသည် သူ့စိတ်ဝိညာဉ်ကို တိတ်တဆိတ် လှုပ်ရှားကာ သူ့ခန္ဓာကိုယ်မှ ထွက်ခွာနိုင်ရန် ပုံရိပ်ဖော်ပညာရပ်ကို ထုတ်ဖော်လိုက်ပါသည်။
စိတ်ဝိညာဉ် ဖိနှိပ်ခံရထားရသော ရှန်ထိုက်ယန်နှင့် ရှန်ထိုက်ဇူတို့သည် သူတို့၏ အိပ်မက်ထဲ တွင် ဟုန်ယွိက ရုတ်တရက် ပေါ်လာသည်ကို ခံစားလိုက်ရသည်။ သူ့လက်ကို ဝှေ့ယမ်း လိုက်သည်နှင့်, ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်လာပြီး၊ သူတို့ခန္ဓာကိုယ်ပေါ်ရှိ အထိန်းအချုပ်များ အားလုံး ပျောက်ကွယ်သွားခဲ့သည်။ သူတို့ ရုတ်တရက် ထခုန်လာသည်။
“ဘယ်လောက် အစွမ်းထက်တဲ့ မကောင်းဆိုးဝါးပညာရပ်လဲ။ ဒီအဘိုးကြီးက နှစ်ပေါင်းများ စွာ ခရီးထွက်ခဲ့ပြီး လူတွေရဲ့စိတ်ကို ရှုပ်ထွေးစေတဲ့ မကောင်းဆိုးဝါး နည်းလမ်းများစွာကို တွေ့မြင်ခဲ့ဖူးပါတယ်။ အစောပိုင်းနှစ်တွေမှာဆို၊ ဒီအဘိုးကြီးက ဒိုင်ဇင်ဘုရားကျောင်းက ဘုန်းတော်ကြီးတွေ ထံကနေ အကြောင်းအရာ အနည်းငယ်ကို သင်ယူခဲ့ဖူးတယ်။ ဒီလို ဆိုးယုတ်တဲ့ နည်းလမ်းမျိုးတွေကို တွေ့ကြုံရတဲ့အခါ, ငါ့စိတ်ထဲမှာ ရဟန္တာရဲ့ တန်ခိုးကို ပုံဖော်နိုင်တယ်။ မကောင်းမှုဟူက ငါ့ကို မရောယှက်နိုင်ဘူး။ ဒါပေမယ့်, ဒီနေ့, ဒီလို ပြင်းထန်တဲ့ မကောင်းဆိုးဝါး နည်းစနစ်က ဒီအဘိုးကြီးကို မလှုပ်ရှားနိုင်အောင် ဖိနှိပ်နိုင်ခဲ့ တယ်။ ဒီလိုပညာရပ်မျိုးကို တကယ်ကို ငါ မကြားဖူးခဲ့ဘူး။”
ရှန်ထိုက်ယန်က ခုန်ထလာပြီး သူ့လျှာကို ကိုက်လိုက်ပါသည်။
ကျင်းဟူလောကမှာ ကျင်လည်ကျက်စားသူများသည် မကောင်းဆိုးဝါး ပညာရပ်များကို ကိုင်တွယ် ဖြေရှင်းရန် နည်းလမ်းအချို့ကို သင်ယူရမည် ဖြစ်ပါသည်။ ရှန်ထိုက်ယန်သည် ဒိုင်ဇင်ဘုရားကျောင်းမှ "ရဟန္တာ၏သီလအမြင်"ဆိုသည့် ပညာရပ်ကို သင်ယူခဲ့သည်။ ဤနည်းလမ်းက ရဟန္တာ၏ ဘုန်းတန်ခိုးအာနုဘော်ကို မြင်ယောင်ရန် ဖြစ်ပြီး, သို့မှသာ သူ၏စိတ်ဝိညာဉ်သည် ကြီးမြတ်ပြီး သန်မာလာကာ စိတ်ရှုပ်ထွေးအောင် မလုပ်နိုင်မှန်း ဟုန်ယွိလည်း သိထားပါသည်။
"ဟမ့်၊ ငါ့တို့ဆန်းကြယ်ကောင်ကင်ဘုံခန်းမရဲ့ မဟူရာနတ်ဆိုး ကျီးကန်းအစီအရင်က ရဟန္တာရဲ့သီလအမြင်ကြောင့် ဘယ်လိုလုပ် ကျိုးပျက်နိုင်မှာလဲ။ တကယ်လို့, မင်းတို့ ငါ့ရဲ့ မဟူရာနတ်ဆိုး ကျီးကန်းအစီအရင်ကို ချိုးဖျက်ချင်ရင်, ငါ့ထက်ပိုသန်မာတဲ့ စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ရမှာ ဖြစ်ပြီး၊ ကြမ်းတမ်းနဲ့စွမ်းအားနဲ့ ချိုးဖျက်မှ ရမယ်။ မဟုတ်ရင်, မင်းတို့က ဗုဒ္ဓဘာသာဂိုဏ်းရဲ့ ဗောဓိသတ္တဘုရားကျောင်း ဒါမဟုတ် တာအိုဂိုဏ်းရဲ့ ကောင်းကင် စက်ဝိုင်း ကြယ်တာယာနတ်ဘုရားကျောင်းကို အသုံးပြုရလိမ့်မယ်။ ဒီကြီးမြတ်တဲ့ ပညာရပ် တွေကပဲ ငါ့ပညာရပ်ကို ခံနိုင်ရည်ရှိလိမ့်မယ်။”
အဖြူရောင်ဝတ် အမျိုးသမီးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပါသည်။ တစ်ချိန်တည်းမှာ ပင် သူမသည် ဟုန်ယွိက သူမ၏ မဟူရာနတ်ဆိုးကျီးကန်း အစီအရင်ပုံစံကို အလွယ်တကူ ဖြတ်ကျော်သွားခဲ့သည်ကို မြင်လိုက်ရသောအခါတွင် သူမမျက်လုံးထဲတွင် ထိတ်လန့်မှုကို မဖုံးကွယ်နိုင်တော့ပေ။
"မင်း ဘာတာအိုနည်းပညာကို လေ့ကျင့်နေတာလဲ။ ငါ့ရဲ့ မဟူရာနတ်ဆိုးကျီးကန်း အစီအရင်ကို မင်း ဘယ်လိုလုပ် လွယ်လွယ်နဲ့ ချိုးဖျက်ခဲ့တာလဲ။” အဖြူရောင်ဝတ် အမျိုးသမီးက ထပ်မေးသည်။
"ထိုက်ယန်၊ အိမ်သန့်ရှင်းရေး လုပ်ပါ။ မနက်ဖြန် မြို့ကိုသွားပြီး ခြံတံခါးပြင်ဖို့ လက်သမား ဆရာကို ခေါ်လိုက်ပါ။ ထိုက်ဇူ, တံခါးကို စောင့်နေပါ။ တကယ်လို့ တာအိုဘုန်းကြီး တစ်ယောက်ယောက်က ဆူပူအုံကြွသံ ကြားပြီး လာမေးရင် အိမ်မှုကိစ္စ လုပ်နေတယ်တာပါ။ ဘာမှ မဖြစ်ဘူးလို့ ပြောလိုက်ပါ။”
ဟုန်ယွိက ကုလားထိုင်ပေါ် ထိုင်ပြီး အဖြူရောင်အမျိုးသမီး၏ မေးခွန်းကို ဂရုမစိုက်ပါဘူး။ ယင်းအစား သူက ညွှန်ကြားချက် ထုတ်လိုက်ပါသည်။
ညွှန်ကြားချက် ပေးပြီးနောက် ဟုန်ယွိက အဖြူရောင်ဝတ် အမျိုးသမီးအား ပြောသည် "မင်း နာမည် ဘယ်လိုခေါ်လဲ။ မင်းက ဘယ်သူလဲ။ မင်း မုကလေးကိုဖမ်းဖို့ ဘာလို့ လာရတာလဲ။”
"နင် အရင်ဖြေပါ။ နင်က ဘယ်လိုသိုင်းပညာမျိုးကို လေ့ကျင့်ထားတာလဲ။ နင့်စိတ်ဝိညာဉ် က သန်မာမူမရှိတာကို ငါ တွေ့ထားတယ်။ နင် ငါ့ရဲ့ မဟူရာနတ်ဆိုးကျီးကန်းအစီအရင်ကို ချိုးဖျက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ငါ့စိတ်ကူးပုံဖော်နည်းက တာအိုသခင်ရွှမ်တျန်း လက်အောက်က မဟူရာနတ်ဆိုး နတ်ဘုရား ဖြစ်တယ်။ ဒါက ရှုပ်ထွေးမှုတွေနဲ့ အမှောင်ထုရဲ့ သခင်ဖြစ်တယ်။ တာအိုဂိုဏ်းရဲ့ နေနတ်ဘုရားပုံရိပ်ဖော်ခြင်း နည်းပညာကို အဆုံးစွန်ထိ ကျင့်ကြံပြီး စိတ်ဝိညာဉ်က ပူပြင်းတဲ့နေတစ်စင်းလို ဖြစ်လာမှပဲ အကန့်အသတ်မဲ့ အမှောင် ထုကို သုတ်သင်နိုင်လိမ့်မယ်။ အားနည်းသူတွေက သန်မာသူတွေကို အနိုင်ယူဖို့ မဖြစ်နိုင် ဘူး။”
အဖြူရောင်ဝတ် အမျိုးသမီးက ဟုန်ယွိကို အော်ပြောလိုက်ပါသည်။
"အခု မင်းက ငါ့အကျဉ်းသားဖြစ်နေတယ်။ မင်း ဘာလို့ အော်နေတာလဲ။ ငါ့မေးခွန်းတွေကို မြန်မြန် ဖြေပါ။” ဟုန်ယွိက စားပွဲကို ဆောင့်တွန်းပြီး အော်ငေါက်လိုက်ပါသည်။
ဟုန်ယွိ၏အမေးကို တုံ့ပြန်သည့်အနေဖြင့် မုကလေးသည် သူမ၏ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
"ငါ့မျိုးရိုးနာမည်က မုရုန်, ငါ့နာမည်က ယန်ပါ။ ငါ့က ယွန်မင်နိုင်ငံ, ဆန်းကြယ် ကောင်ကင်ဘုံခန်းမရဲ့ မဟူရာနတ်ဆိုးခန်းမခေါင်းဆောင်, ဝမ်ယန်မုရဲ့ တပည့်ဖြစ်ပြီးı ယွန်မင်နိုင်ငံ ကြက်သွေးရောင်မီးလျှံ မြို့စားရဲ့သမီးပဲ။ နင် ငါ့ကို လွှတ်ပေးသရွေ့ ငါ့ကိုယ်ငါ ငွေကြေးနဲ့ ပြန်ရွေးလို့ရတယ်။”
အဖြူရောင်ဝတ် အမျိုးသမီးက ဂုဏ်ယူစွာ ပြောသည်။
"ဆန်းကြယ်ကောင်ကင်ဘုံခန်းမလား။ မဟူရာနတ်ဆိုးခန်းမ ဝမ်ယန်မုလား။ ယွန်မင် ကြက်သွေးရောင်မီးလျှံမြို့စားလားı မုရုန်ကလန်လား။"
ဟုန်ယွိသည် အချက်အလတ်အချို့ကို ရရှိပြီး ခေါင်းညိတ်လိုက်သည်။ "ဒါဆို မင်းဟာ ထင်ရှားကျော်ကြားတဲ့ မျိုးနွယ်စုတစ်ခုရဲ့ သမီးဖြစ်ပြီး၊ မြင့်မြတ်တဲ့ ကိုယ်ခံပညာနယ်မြေရဲ့ တပည့်တစ်ယောက်ပေါ့။ မင်းမှာ ဒီလောက်အစွမ်းထက်တဲ့ တာအိုပညာရပ်တွေ ရှိနေတာ အံ့ဩစရာ မရှိပါဘူး။ မင်း ဘာလို့ မုကလေးကို ဖမ်းချင်ရတာလဲ။"
"တော်ဝင်နည်းပြဆရာမယုဝမ်ရဲ့ လူပြန်ဝင်စားသူကို ရှာဖို့ ငါ ဒီကို ရောက်လာခဲ့တာ။" မုရုန်ယန်က ပြေသည် "သူမက ငါတို့ ဆန်းကြယ်ကောင်ကင်ဘုံ ခန်းမရဲ့ ကိုယ်ခံပညာကို သိထားတယ်။ အဲဒီတုန်းက ငါတို့ ဆန်းကြယ်ကောင်ကင်ဘုံခန်းမမှာ မိန်းကလေး ဆယ်ယောက်ကျော် တွေ့ရှိခဲ့ပြီး၊ အားလုံးက တော်ဝင်နည်းပြဆရာမယုဝမ်ရဲ့ လူပြန် ဝင်စားသူတွေ ဖြစ်နိုင်တာကြောင့် သူမတို့ကို ကိုယ်ခံပညာလေ့ကျင့်ဖို့ ခန်းမကို ခေါ်လာခဲ့ ကြတယ်။ အနာဂတ်မှာ, ငါတို့က တော်ဝင်နည်းပြဆရာမယုဝမ်ရဲ့ လူပြန်ဝင်စားသူကို ဆုံးဖြတ်နိုင်လိမ့်မယ်။ ဒါပေမယ့်၊ အဲဒီမိန်းကလေးတွေ အားလုံးကို ပြန်ပေးဆွဲခံရပြီး ငါတို့ ဆန်းကြယ်ကောင်းကင်စံအိမ်က သူမတို့ကို ပြန်ရှာပေးရမယ်။”
"မင်း လိမ်နေတာ" ဟုန်ယွိ ရုတ်တရက် ထရပ်လိုက်ပြီး အခန်းထဲမှာ နေရာ အလှည့် အပြောင်း ဖြစ်သွားခဲ့ပါသည်။ လက်တစ်ဖက်က ငါးမန်းသတ်ဓားရိုးကို ဆုပ်ကိုထားပြီး၊ ထက်ရှသည့် သတ်ဖြတ်လိုသော အငွေ့အသက်ကို ထုတ်ဖော်လိုက်ပါသည်။
"ရုပ်ခန္ဓာကိုယ်အလောင်းကို ဖြိုခွဲနိုင်တဲ့ တာအိုပညာရပ်တွေက အလွန်မင်း နက်နဲကြောင်း ငါ သိထားတယ်။ လူပြန်ဝင်စားပြီးနောက်မှာတောင် လူတစ်ယောက်ရဲ့စိတ်က ရှုပ်ထွေးနေ မှာ မဟုတ်ဘူး။ ဝမ်းတွင်းပဋိသန္ဓေတည်နေချိန်မှာတောင် ရှုပ်ထွေးမှုတွေ ရှိနေမှာ မဟုတ် ဘူး။ ငါက သမိုင်းမှတ်တမ်းတွေနဲ့ ရင်းနှီးပြီး ယွန်မင်ရဲ့ တော်ဝင်နည်းပြဆရာမယုဝမ်မုရဲ့ တာအိုနည်းစနစ်တွေက လေးနက်ပြီး သူမရဲ့ကိုယ်ခံပညာက သိမ်မွေ့နက်ရှိုင်းကြောင်း ငါ သိထားတယ်။ သူမက မြင့်မားတဲ့ ရာထူးအာဏာကိုလည်း ပိုင်ဆိုင်ထားတယ်။ သူမက ရုပ်ခန္ဓာကိုယ် ပြိုကွဲပြီး၊နောက် သူမစိတ်က ဘယ်လိုလုပ် ပျောက်ဆုံးသွားနိုင်မှာလဲ။ မင်း ငါ့ကို ပြောပြဖို့ လိုနေပြီမဟုတ်လား။”
ဟုန်ယွိက ရုတ်တရက် ထရပ်ပြီး သူ့ဓားက လှည့်ပတ်သွားသည့်အခါ မုရုန်ယန်သည် လန့်သွားပုံရပါသည်။ ဟုန်ယွိက သူမကို တစ်ခုခုလုပ်တော့မည်ဟု သူမတွေးပြီး သွေးပျက် ကာ၊ သူမ၏မျက်နှာက ဖြူဖျော့သွားခဲ့သည်။
"တော်ဝင်နည်းပြဆရာမ ယုဝမ်က တိုင်ရှန်တာအိုဂိုဏ်းရဲ့ခေါင်းဆောင် မိုနိုဂါတာရီနဲ့ တိုက်ခိုက်ခဲ့ပြီး မိုနိုဂါတာရီရဲ့ မီးလျှံနဂါးကိုးကောင်ကြောင့် ထိခိုက်ဒဏ်ရာရခဲ့တယ်။ သူမဟာ တစ်ခုခု မှားသွားတဲ့အတွက် လူပြန်ဝင်စားဖို့ကလွဲပြီး ရွေးချယ်စရာ မရှိခဲ့ဘူး။ ဒါက ယွန်မင်ရဲ့ လျှို့ဝှက်ချက်ပဲ။ ငါလည်း သေချာမသိဘူး။ ကောင်းပြီ၊ ဒါပဲ၊ ငါပြောစရာရှိ တာ ပြောပြီးပြီ။ ငါ သွေးထွက်လွန်ပြီး အနားယူဖို့ လိုတယ်။ ဆေးဖက်ဝင် ပစ္စည်းတွေဝယ်ဖို့ ကူညီပေးပါ။ ငါ့ဘာသာ ပြန်ကုသမယ်။ ငါ ပြန်ကောင်းဖို့ တစ်လနှစ်လလောက် အနားယူရ မယ်။”
မုရုန်ယန်သည် တစ်ချက် အသက်ရှူသွင်းလိုက်ကာ သူမ၏မျက်နှာသည် အရောင်ဖျော့ သွားသည်။
"မင်းက ငါ့အကျဉ်းသား ဖြစ်နေသေးတာကို မမေ့နဲ့။ မင်းက ဒီလိုမောက်မာတဲ့ လေသံနဲ့ ပြောဝံ့သေးတာလား။ မင်းက ခွင့်ပြုချက်မရှိဘဲ ပိုင်နက်ကျူးကျော်ခဲ့တယ်ဆိုတဲ့ အချက်ကို ဘေးဖယ်ထားရင်တောင်, မင်းက ယွန်မင်နိုင်ငံရဲ့ နိုင်ငံသားတစ်ယောက်ဆိုတဲ့အချက်နဲ့ ပြောလို့ရတယ်။ မင်းက ခွင့်ပြုချက်မရဘဲ တော်ဝင်ချန်ထဲကို ခိုးဝင်ပြီး ဓားကိုင် ထားတယ်။ ဒါက သူလျှိုလုပ်တာဖြစ်ပြီး၊ ရာဇဝတ်မှုမြောက်တယ်။ ငါ မင်းကို ကျောင်းစိမ်းမြို့တော် စီရင်စု အကျဉ်းထောင်ဆီ ပို့လိုက်လို့ရတယ်။ မင်း ဘာဖြစ်သွားမယ်ဆိုတာ သိရဲ့လား။ ဆန်းကြယ်ကောင်ကင်ဘုံခန်းမလား၊ မြို့စားမုရုန်ချီယန်လား..၊ မင်းက ယွန်မင်နိုင်ငံမှာ လူတွေကို ကြီးစိုးနိုင်ပေမယ့် ဒါက တော်ဝင်ချန်ပါ။ မင်းရဲ့ ကိုယ်ရေးအချက်လက်က တန်ဖိုး မရှိရုံသာမက၊ ဒါက မင်းအတွက် ဘေးဥပါဒ်တွေကိုပဲ ယူဆောင်လာလိမ့်မယ်။”
ဟုန်ယွိက လှောင်ပြောင်ပြောလိုက်သည်။
"ကောင်းပြီ၊ ဒီတစ်ကြိမ် ငါရှုံးတာကို ငါ ဝန်ခံပါတယ်။ ငါ ဘာလုပ်သင့်တယ်လို့ နင် ထင်လဲ" မုရုန်ယန်က ကူကယ်ရာမဲ့ ပြောသည်။
“ပထမဆုံး, မင်း ဒီမှာနေနိုင်ပြီး၊ ဒဏ်ရာတွေကို ကုစားနိုင်ပေမယ့် မင်းမှာရှိတဲ့ အရာ အားလုံးကို ငါ သိမ်းဆည်းရမယ်။ ဒုတိယအနေနဲ့ ငါမေးသမျှကို မင်း ဖြေရမယ်” ဟုန်ယွိက ပြောသည်။
“ဟင်..၊ ဒါဆို နင် ငါ့ကို လွှတ်မပေးရင်, ငါဘာလုပ်ရမလဲ။ မုရုန်ယန်က မေးသည်။
"မရသေးလား။" ဟုန်ယွိက သူ့ဓားရိုးကို ကိုင်လိုက်ပြီး ကုလားထိုင်ပေါ် ပြန်ထိုင်လိုက် သည်။