အခန်း (၇၇-၇၉)
Vol. 6 Ch. 77-79
အခန်း (၇၇)။
ဧပြီလနှင့်မေလတွင် နွေအပူသည် တဖြည်းဖြည်း မြင့်တက်လာခဲ့ပါသည်။ ရံဖန်ရံခါတွင် နေရောင်သည် အထူးပူပြင်းသော နေ့တစ်နေ့ ရှိလာလိမ့်မည်။ ထိုပူပြင်းမူသည် တောက်လောင်နေသော မီးလျှံကဲ့သို့ မဟုတ်သည့်တိုင်, သို့မဟုတ်, ကောင်းကင်နှင့် မြေကြီးက ပန်းပဲဖိုတစ်ခုကဲ့သို့ မပူပြင်းသည့်တိုင်, မွန်းတည့် ပူပြင်းသော နေရောင် အောက်မှာ ထီးထီးကြီး ရပ်တည်နေသည့် လူတစ်ယောက်သည် ပူပြင်းလောင်မြိုက်ကာ အသားအရေများ လောင်ကျွမ်းသွားသကဲ့သို့ ခံစားရပါလိမ့်မည်။
ဟုန်ယွိသည် အထူးသဖြင့် ပြင်းထန်စွာ ပူလောင်နေသည့် နေ့အချိန်တွင် ကျောက်စိမ်းနဂါး တောင်အနီးရှိ လူသူကင်းမဲ့သော တောကန္တာရထဲသို့ မြင်းစီးထွက်ရန် ရွေးချယ်ခဲ့သည်။ ထို့နောက် သူသည် တောင်ပေါ်မှ ဆင်းကာ၊ အရိပ်ရသည့် နေရာကို ရှာတွေ့ခဲ့ပြီး တင်ပျဉ် ခွေ ထိုင်လိုက်ပါသည်။ သူသည် တိတ်တဆိတ် သူ့စိတ်ကို ငြိမ်သက်စေပြီး တရားထိုင်ကာ သူ့စိတ်ဝိညာဉ်စွမ်းအားကို လှည့်ပတ်လိုက်ပါသည်။
နေအပူပြင်းဆုံး နေ့ရက်ကို ရွေးချယ်ရန် သူ့အတွက် မလွယ်ကူပါဘူး။ ယင်းကလည်း သူ့စိတ်ဝိညာဉ်ကို အဆင့်ချိုးဖြတ်ပြီး၊ လွင့်ပျံနေသော သူ့စိတ်ဝိညာဉ်ကို သိပ်သည်းကာ၊ ယင်စိတ်ဝိညာဉ်အဖြစ်သို့ ပြောင်းလဲရန် အတိအကျပင် ဖြစ်ပါသည်။ သူသည် အရာဝတ္ထု များကို ထိန်းချုပ်နိုင်ပြီး၊ အရာဝတ္ထုထိန်းချုပ်ခြင်းနယ်ပယ်သို့ တစ်ချက်တည်းဖြင့် ဝင်ရောက်လိုသည်။
လူတစ်ယောက်၏ ကျင့်ကြံမူသည် အရာဝတ္ထုထိန်းချုပ်ခြင်းနယ်ပယ်သို့ ရောက်ရှိမှသာ လျှင် မိမိကိုယ်ကို ခုခံကာကွယ်ရန်အတွက် တာအိုပညာရပ်များကို အမှန်တကယ် အသုံးပြု နိုင်မည် ဖြစ်ပါသည်။ စိတ်ဝိညာဉ်ကို ထိခိုက်စေနိုင်ပြီး မကောင်းသော ပညာရပ်များကိုသာ ထုတ်ဖော်နိုင်သည့် ယခင်အခြေနေမျိုး မဟုတ်တော့ပေ။
"မုရုန်ယန်၊ အဲဒီအမျိုးသမီး၊ သူမရဲ့တာအိုနည်းစနစ်တွေက အရမ်းကို လေးနက်ပြီး၊ သူမက ရုပ်လုံးဖော်ခြင်းနယ်ပယ်ကို တကယ် ရောက်ရှိနေပြီ။ သူမရဲ့ ခန္ဓာကိုယ်က ဒဏ်ရာရသွား ပေမယ့် သူမရဲ့ယင်စိတ်ဝိညာဉ်က ရုန်းထွက်နိုင်ပြီး၊ ပြဿနာရှိနိုင်တယ်။ သတိထား စောင့်ကြည့်ဖို့က မဖြစ်နိုင်ဘူး။ ခဏကြာလို့ သူမရဲ့ဒဏ်ရာတွေ နည်းနည်း ပြန်ကောင်းလာ တဲ့အခါ သူမကို ခုခံနိုင်စွမ်းမရှိမှာ စိုးရတယ်။ တကယ်လို့, ငါသာ အရာဝတ္ထုတွေကို ထိန်းချုပ်ခြင်းနယ်ပယ်သို့ ရောက်ရှိအောင် ကျင့်ကြံနိုင်တာနဲ့ ငါ သွေးပုံစံသံမဏိအပ် အကူညီနဲ့ သူမကို ထိန်းချုပ်နိုင်ပြီ။"
"ငါ သူမကို ဘာမှ မလုပ်ချင်ပေမယ့် တိုင်ရှန်တာအိုဂိုဏ်းနဲ့ ပတ်သက်တဲ့ အချက်အလက် တစ်ချို့လိုမျိုး သူမဆီက တစ်ချို့အရာတွေကို တူးဖော်ရဦးမယ်။ ငါ့အမေက မန်ပိုင်ယွန်လို့ ခေါ်ပြီး၊ တိုင်ရှန်တာအိုဂိုဏ်းကပဲ။ တိုင်ရှန်တာအိုဂိုဏ်း ခေါင်းဆောင် မိုနိုဂါတာရီနဲ့ သူမရဲ့ ဆက်ဆံရေးက ဘာလဲ။ ငါလေ့ကျင့်ထားတဲ့ တာအိုပညာရပ်တွေလည်း ရှိသေးတယ်။ အခု အချိန်မှာ, ငါ့တာအိုပညာရပ်တွေက ဆင်တစ်ကောင်ကို စမ်းသပ်နေတဲ့ မျက်မမြင်တွေနဲ့ လုံးဝ တူနေတယ်။ ငါက ဘယ်ဂိုဏ်းကိုမှ အမွေမဆက်ခံထားဘူးဆိုတော့ မေးစရာတွေ အများကြီး ရှိတယ်။”
တစ်ဖက်တွင်မူ ဟုန်ယွိသည် သူ၏ကိုယ်ခံပညာကို ကောင်းစွာ လေ့ကျင့်ထားသေးကြောင်း သိသည်။ ယခင်က ဇိယွဲ့ထံမှ ညွှန်ပြမှုများပင် ရရှိခဲ့သည်။ သို့သော်လည်း သူ၏ တာအို နည်းစနစ်များကို ကျင့်ကြံခြင်းသည် သူ့ဘာသာသူ အံကြိတ်ကျင့်ကြံရမည့် အရာဖြစ်သည်။ သူသည် ရှင်ခြင်းသေခြင်းကို အကြိမ်ပေါင်းများစွာ တွေ့ကြုံခဲ့ဖူးသည်။ အမိတ္တဘသုတ္တန် သည် သူ့စိတ်ဝိညာဉ်ကို ကာကွယ်ပေးခြင်း မပြုပါက၊ သူသည် ရှေးရှေးကတည်းကပင် သေဆုံးသွားပေလိမ့်မည်။
ယခု သူလက်ထဲတွင်ရှိသော ဆန်းကြယ်ကောင်ကင်ဘုံခန်းမမှ တပည့်စစ်စစ် ဖြစ်သည့် မုရုန်ယန်နှင့် တွေ့ဆုံခဲ့ပြီး၊ ဟုန်ယွိသည် သွယ်ဝိုက်သည့်နည်းလမ်းဖြင့် မည်သို့ မမေးမြန်း ဘဲနေနိုင်မည်နည်း။
“ဘာပဲဖြစ်ဖြစ်, သူမရဲ့ဒဏ်ရာတွေ မသက်သာသေးတဲ့အချိန်မှာ ငါ့ရဲ့လေ့ကျင့်မှုကို ပိုမို တိုးတက်အောင်လုပ်ဖို့ အခွင့်အရေး ယူရမယ်။ ခွန်အားက အရေးကြီးဆုံးအရာပဲ။ တကယ် လို့, ငါသာ တစ္ဆေအင်မော်တယ်နယ်ပယ် ကျင့်ကြံသူဖြစ်ပြီး၊ မိုနိုဂါတာရီလို မှော်အစွမ်းတွေ ပိုင်ဆိုင်ထားပါက, အမေ့အတွက် တရားမျှတမှု မရမှာကို စိုးရိမ်နေစရာ လိုသေးလို့လား။ မိုနိုဂါတာရီရဲ့ မီးလျှံနဂါးကိုးကောင်က တော်ဝင်နည်းပြဆရာမ ယုဝမ်မုကိုတောင် လောင်ကျွမ်းစေနိုင်ခဲ့တယ်။ ယွန်မင်ရဲ့ တော်ဝင်နည်းပြဆရာမယုဝမ်မုက ငါ့အဖေ ဟုန်ရွှန်ကျိလို ကမ္ဘာကို တုန်လှုပ်စေလောက်အောင် နာမည်ကြီးသူပဲ။ မီးလျှံနဂါး ကိုးကောင်…"
ဟုန်ယွိသည် ထိုတာအိုပညာရပ်အကြောင်းကို တွေးတောပြီး၊ သူ့အသက်ရှူထုတ်ရင်း ရေရွှတ်လိုက်သည်။
သို့သော်, ထိုတာအိုပညာရပ်က မီးကိုထိန်းချုပ်ရန် စိတ်ဝိညာဉ်ကို အသုံးပြုရပြီး၊ ရွှေနှင့် သံမဏိကိုပင် အရည်ပျော်နိုင်သည့် ဧရာမမီးနဂါးကိုးကောင် အဖြစ် ပြောင်းလဲသွားခြင်း ဖြစ်ကြောင်း သူ သိထားပါသည်။ လူတစ်ဦးကို မီးနဂါးများ ဝိုင်းရံထားချိန်မှာ ၎င်းတို့သည် ချက်ချင်းပင် ပြာများအဖြစ် လောင်ကျွမ်းသွားပါလိမ့်မည်။
မီးသည် ဖိုဓာတ်ချီအမျိုးစား ဖြစ်ပါသည်။ ယင်စိတ်ဝိညာဉ်က ထိုစွမ်းအားကို လုံးဝ မထိန်း ချုပ်နိုင်ပါဘူး။ အကယ်၍, အတင်းအကြပ် ထိန်းချုပ်လျှင်ပင် ကိုယ့်ကိုကိုယ် လောင်ကျွမ်း သွားပါလိမ့်မည်။ မီးလျှံက အားကောင်းလေ၊ ၎င်းတို့၏ စိတ်ဝိညာဉ်ကို ပိုမို ထိခိုက်စေလေ ဖြစ်သည်။
ဥပမာအားဖြင့်၊ ရွှေနှင့်သံမဏိကို အရည်ပျော်နိုင်သော မီးလျှံနဂါးကိုးကောင် ဖြစ်သည်။ သာမာန်ယင်စိတ်ဝိညာဉ်များသည် ၎င်းအနီးသို့ ရောက်သွားပါက ထိန်းချုပ်ရန် မဆိုထား နှင့်, ပြင်းထန်သော ဖိုဓာချီအမျိုးသားကြောင့် မီးလောင်ကျွမ်းသွားမည် ဖြစ်သည်။
ထို့အပြင်၊ မိုနိုဂါတာရီ၏ မီးလျှံနဂါးကိုးကောင်သည် ရေထဲသို့ဝင်သွားလျှင်ပင် ငြိမ်းသွား လိမ့်မည် မဟုတ်ကြောင်း မုရုန်ယန် ပြောပြသည်ကို ဟုန်ယွိ ကြားထားသည်။ ၎င်းမီးလျှံ သည် တစ်ချိန်တုန်းက ပင်လယ်အတွင်းမှ, တောင်ပိုင်းပင်လယ်၏ အုပ်စိုးရှင်များ၊ မဟူရာငါးမန်းကျွန်း၏ မဟူရာငါးမန်းဘုရင်နှင့် တောင်ပင်လယ် ပျောက်ဆုံးပင်လယ်အော် ၏ ကျွန်းစု ၁၈ ခု၏ ပင်လယ်ဓားပြခေါင်းဆောင်များကိုပင် မီးလောင်စေခဲ့ဖူးသည်။
ထိုကဲ့သို့ အစွမ်းထက်သော တာအိုပညာရပ်များသည် လောကီရေးရာများကို ကျော်လွန်ပြီး အင်ပါယာ၏ဩဇာအာဏာကိုပင် အထင်သေးနိုင်ခဲ့သည်။
ဟုန်ယွိလည်း ထိတ်လန့်တုန်လှုပ်သွားသည်။
မီးလျှံနဂါးကိုးကောင်။
တာအိုပညာက တကယ်ကို အစွမ်းထက်ပါသည်။
တိုင်ရှန်တာအိုဂိုဏ်းကို ကြီးမြတ်သော အဓိပတိလမ်းစဉ်ဟု ခေါ်သည်မှာ အံ့ဩစရာမရှိပါ။
ထို့အပြင်၊ တိုင်ရှန်တာအိုဂိုဏ်း၏ ခေါင်းဆောင် မိုနိုဂါတာရီသည် ယန်စိတ်ဝိညာဉ် ဖြစ်အောင် မကျင့်ကြံနိုင်သေးသလို အင်မော်တယ်တစ်ပါး ဖြစ်မလာသေးကြောင်း ဟာကူ ဇိယွဲ့ထံမှ ဟုန်ယွိ ကြားဖူးသည်။ ထိုအတိုင်းဆိုပါက, အကယ်၍, သူသည် ယန်စိတ်ဝိညာဉ် အထိ ကျင့်ကြံပြီးရင် သူ့တာအိုပညာက မည်မျှ အစွမ်းထက်လာမည်နည်း။
ဟုန်ယွိ စိတ်မကူးဝံ့တော့ပေ။
သို့သော် အရာအားလုံးသည် အခုမှ အစဖြစ်သည်။ ဟုန်ယွိ၏ တာအိုပညာ ကျင့်ကြံမှုလည်း အခုမျှအစဖြစ်သည်။
သူသည် အတွေးအကြံအားလုံးကို ပယ်ရှားပြီး၊ အတိုင်းအဆမဲ့ သက်တမ်းနှင့် အတိုင်းဆမဲ့ အလင်းရောင်ရှိသော အမိတ္တဘအခြေအနေသို့ ဝင်ရောက်သွားခဲ့၏။ ဟုန်ယွိသည် သူ့စိတ်ဝိညာဉ်က စွမ်းအားပြည့်ပြီး ဘေးဒုက္ခအမျိုးမျိုးကြောင့် မတုန်လှုပ်နိုင်ဘူးဟု ခံစားလာရသည့်အခါ သူက စေတီတော်ပုံရိပ်ဖော်နည်းကို ရုတ်တရက် အကောင်အထည် ဖော်လိုက်ပါသည်။
ရုတ်တရက်ပင် သူ၏ မြင့်မြတ်သော စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
အချိန်က အပြင်းထန်ဆုံး နေ့လယ်ခင်းအချိန် ဖြစ်ပါသည်။
ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်မှ ထွက်သွားသည်နှင့် တပြိုင်နက် သူ့တစ်ကိုယ် လုံးကို အပ်များဖြင့် ထိုးဖောက်ခံလိုက်ရသလို ခံစားလိုက်ရ၏။ တစ်ချိန်တည်းမှာပင်၊ သူသည် မီးပင်လယ်ထဲတွင် ရောက်ရှိနေသကဲ့သို့ သူ့ရှေ့တွင် ကြီးမားသော အဖြူရောင် အလွှာတစ်ခု ရှိနေပါသည်။
"ကောင်းလိုက်တဲ့ အရှင်သခင်၊"
ဤအကြိမ်သည် ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်မှ လုံးလုံးလျားလျား ထွက်ခွာ သည့် ပထမဆုံး အကြိမ်ဖြစ်သည်။ သူသည် နေ့ခင်းနေရောင်ကို ထိတွေ့ကာ လှည့်လည် သွားလာနေ၏။
သူ လှည့်လည်သွားလာစဉ် ဓားတစ်ထောင် ခုတ်ဖြတ်ခံရသလိုမျိုး သူ့တစ်ကိုယ်လုံးမှာ နာကျင်မှုတွေ ပြင်းထန်လာပါသည်။
“ဓားဖြတ်တစ်ထောင်နဲ့ ခုတ်ဖြတ်ပြီး သတ်ဖြတ်ခံရခြင်းက အရက်စက်ဆုံး ပြစ်ဒဏ်ပဲ။ အခု ခံစားနေရတဲ့ ဝေဒနာက သေတဲ့အထိ ထောင်ပေါင်းများစွာ ခုတ်ပိုင်းခံရခြင်းနဲ့ အတူတူပဲ။ ခံစားနိုင်ဖို့ အရမ်းခက်တယ်။ ကိုယ်ခံပညာက လေ့ကျင့်ဖို့ ခက်ခဲပေမယ့် တာအိုပညာရပ် တွေနဲ့ နှိုင်းယှဉ်ရင် တကယ်ကို လွယ်ကူလွန်းနေပါသေးတယ်။”
သူ့ခန္ဓာကိုယ်က ဓားတစ်ထောင်ဖြင့် ခုတ်ဖြတ်ခံသကဲ့သို့ ခံစားရသော်လည်း ဟုန်ယွိက တော့ သူ့ခန္ဓာကိုယ်ဆီ ပြန်မလာခဲ့ပါဘူး။ ယင်းအစား၊ သူ့ခန္ဓာကိုယ်ကို အဖြူရောင် မီးပင်လယ်ထဲမှာ သူ့ကိုယ်သူ မမြင်နိုင်တော့ဘဲ သူ့ခန္ဓာကိုယ်ကို လုံးဝ အာရုံ မခံစားနိုင် မချင်း ဝေးရာသို့ ကူးခတ်သွားနေခဲ့ပါသည်။ သို့မှသာ သူသည် လှည့်လည်သွားလာခြင်းကို ရပ်တန့်လိုက်ပါသည်။
အထီးကျန်မှုနှင့် စိတ်ပျက်အားငယ်မှု ခံစားချက်တို့က အလိုလျောက် ထွက်ပေါ်လာပြီး၊ အားကောင်းသထက် ပိုမိုအားကောင်းလာပါသည်။
မုန်တိုင်းထန်သော ပင်လယ်ပြင်ထဲတွင်, လူတစ်ယောက်သည် ရေထဲသို့ ပြုတ်ကျသွားပြီး အစွမ်းကုန်ရုန်းကန်သော်လည်း လှေကိုမမြင်နိုင်သောကြောင့် သဘာဝအတိုင်း နိုင်းယှဉ်၍ မရသည့် စိတ်ပျက်အားငယ်မှုကို ခံစားရလိမ့်မည်။
ယခုအချိန်တွင်၊ နေ့လယ်ခင်း နေရောင်အောက်မှာ ဟုန်ယွိသည် သူ့ခန္ဓာကိုယ်ကို စွန့်ခွာပြီး သူ့ခန္ဓာကိုယ်ကို အာရုံမခံစားနိုင်တော့သည့် တိုင်အောင် အဝေးကို ထွက်ခွာသွားခဲ့သည်။ သူသည် သူ့ခန္ဓာကိုယ်ဆီသို့ ဆုတ်ခွာသွားမည့် လမ်းကြောင်းကို ဖြတ်တောက်ရန် ကြိုးစား နေပြီး အမှန်တကယ်ပင် သူ့ကိုယ်သူ အဆုံးစွန်ထိ ရှင်သန်နိုင်ရန် ကြိုးစားနေပါသည်။ မဟုတ်ရင် သူ့နှလုံးသားထဲက မျှော်လင့်ချက်အမျှင်တန်းကို ဖြတ်တောက်ပစ်ဖို့ ခက်ခဲလိမ့် မည်။
မူလကတည်းက ဤအခြေအနေသည် အန္တရာယ်အရှိဆုံးဖြစ်ပြီး၊ ရှင်သန်လွတ်မြောက်ရန် အကျဉ်းမြောင်းဆုံး အခြေနေလည်း ဖြစ်ပါသည်။ သို့ရာတွင်၊ သူသည် အမိတ္တဘသုတ္တန်၏ အနှစ်သာရဖြစ်သော ဘဝပေါင်းထောင်ချီ လှုပ်ရှားမူမရှိခြင်းအခြေနေကို နားလည် ဆင်ခြင်နေခဲ့ပြီး၊ ထိုလှုပ်ရှားမူမရှိခြင်း အခြေနေက သူ့စိတ်ဝိညာဉ်ကို လျင်မြန်စွာ ပြုပြင် ပေးနိုင်ခဲ့ပါသည်။
အထီးကျန်မှု, စိတ်ပျက်အားငယ်မှုတို့နှင့်အတူ, တောက်လောင်နေသော နေမင်းကြီး၏ ညှဉ်းဆဲမှုက သူ၏စိတ်ဝိညာဉ်သည် ချက်ချင်းပင် ပြိုကွဲလွင့်စင်သွားတော့မည်ဟု ခံစားရပါ သည်။
ဟုန်ယွိသည် တုန်လှုပ်ခြင်းမရှိ နာကျင်မူ ဝေဒနာအမျိုးမျိုးကို ခံနိုင်ရည်ရှိအောင် တောင့်ခံ နေခဲ့ပြီး၊ အမိတ္တသုတ္တန်ကို စတင်အသက်သွင်းခဲ့သည်။ သူ့ခန္ဓာကိုယ်က ချက်ချင်းပင် အေးမြသွားပြီး လွင့်ပျယ်တော့မည့် သူ့စိတ်ဝိညာဉ်ကို ပြန်လည်သိပ်သည်းကာ၊ သူ့စိတ်က ခိုင်မာလာခဲ့သည်။
ဤအေးမြမူနှင့်အတူ ဟုန်ယွိသည် ကောင်းကင်ကို မော့ကြည့်ပြီး၊ မလှုပ်မရှား ထိုင်နေခဲ့ပါ သည်။ သူသည် သူ့စိတ်ဝိညာဉ်၏ အတွင်းပိုင်းကို မြင်ယောင်ကာ၊ ထိုစိတ်ဝိညာဉ် အတွင်းမှာလည်း တောက်လောင်နေသည့် နေတစ်စင်း ရှိနေသည်။ ရုတ်တရက်, ထိုနေမင်း သည် ပေါက်ကွဲသွားပြီး မီးတောက်များ ဆင်းသက်လာကာ သူ့စိတ်ဝိညာဉ်အတွင်းပိုင်းကို ဖုံးလွှမ်းသွားခဲ့ပါသည်။
ဤပုံရိပ်ဖော်မူနှင့်အတူ, အေးမြမှုက ပျောက်ကွယ်သွားခဲ့ပြီး၊ အကန့်အသတ်မဲ့ ပူလောင်မူ က မွေးဖွား လာပြန်ပါသည်။
ဤသည်မှာ အတွင်းစိတ်နှလုံးမီးလျှံကို ပုံဖော်ပြီး သူ့စိတ်ဝိညာဉ် အတွင်းပိုင်းကို လောင်ကျွမ်းခြင်းဖြစ်ပြီး၊ အပြင်ဘက်တွင် တောက်လောင်နေသော နေရောင်သည် သူ့စိတ်ဝိညာဉ်ကို လောင်ကျွမ်းစေသည့် အစစ်မှန် ပြင်ပမီးလျှံ ဖြစ်ပါသည်။
အတွင်းမီးနှင့် ပြင်ပမီးတို့သည် အတူတကွ တိုက်ခိုက်ပြီး စိတ်ဝိညာဉ်ကို လောင်ကျွမ်းစေပါ သည်။
ဤအတွင်းစိတ်နှလုံးမီးလျှံ, ကောင်းကင်နှင့်မြေကြီးကြားရှိ နေမင်း၏ စစ်မှန်သော ယန်မီးလျှံနှင့်အတူ၊ ဟုန်ယွိ၏စိတ်ဝိညာဉ်၌ မသက်မသာခံစားမှုသည် ယခင်ကထက် ဆယ်ဆပိုမိုအား ကောင်းလာခဲ့ပြီး၊ စိတ်ပျက်အားငယ်မှုက ယခင်ကထက် ဆယ်ဆ ပိုမို ပြင်းထန်လာခဲ့ပါသည်။
"ဒီလိုညှင်းပမ်းနှိပ်စက်မူမျိုး၊ ငါသေသွားနိုင်တယ်၊ ဒီလိုနှိပ်စက်မှုကနေ ငါ့ကိုယ်ငါ ကယ်တင်နိုင်ရမယ်။ ငါ လက်လျှော့အရှုံးပေးခြင်းမျိုးလည်း ဖြစ်သွားနိုင်တယ်။”
ထိုကဲ့သို့ နှိပ်စက်ညှဉ်းပန်းမူမျိုးကို ခံစားရင်း, ဟုန်ယွိသည် ထိုခံစားချက်က သေသည်ထက် ပိုဆိုးလွန်းသောကြောင့် အရင်ဆုံး "သေဖို့ပဲ" တွေးမိခဲ့ပါသည်။
"ဘဝထောင်ပေါင်းများစွာအတွက် တုန်လှုပ်မူကင်းမဲ့ခြင်း၊ တိုင်းတာ၍မရနိုင်တဲ့ အဆုံးမဲ့ သက်တမ်း၊ အဆုံးအမဲ့ အလင်းတန်းများ.." ဟုန်ယွိသည် သေခြင်းတရားကို ရှာဖွေလိုသည့် သူ့အကြံအစည်တွေကို အလျင်အမြန် ဖိနှိပ်နိုင်ရန် သူ၏စိတ်စွမ်းအား အားလုံးကို အသုံးပြုခဲ့သည်။ သူသည် သူ့စိတ်ဝိညာဉ်ကို အမိတ္တဘသုတ္တန်အတွင်းမှ ဗုဒ္ဓနှင့် ပေါင်းစပ် ၍, အတိုင်းဆမဲ့သက်တမ်းနယ်ပယ်ကို ခံစားနိုင်ရန် သူ့ခွန်အားရှိသမျှကို အသုံးပြုခဲ့သည်။
မီးပင်လယ်ထဲမှာတော့ သူ့စိတ်ဝိညာဉ်က ငြိမ်းခါနီးနေပါပြီ။ သို့သော် လွင့်ပျယ်မသွားသေး ပါဘူး။ အတွေးအမျိုးမျိုးကို ဖိနှိပ်ပြီးနောက်၊ ဟုန်ယွိသည် သူ၏ စိတ်ဝိညာဉ်က ရွှေအစစ် ကြီးမားသော အမိတ္တဘဗုဒ္ဓကဲ့သို့ ရွှေရောင်ဗုဒ္ဓတစ်ပါး ဖြစ်လာပုံရပြီး၊ မီးလျှံတွေကို မကြောက်တော့ဘဲ မီးလျှံထဲတွင် ပိုမိုသန့်စင်လာသည်ဟု ခံစားလာရသည်။
မသိနိုင်သည့် အချိန်ကာလတစ်ခု ကြာသွားပြီးနောက်၊ ဟုန်ယွိသည် အတွင်းစိတ်မီးလျှံနှင့် ပြင်ပမီးလျှံ၏ လောင်ကျွမ်းမှုကို တွန်းလှန်ရန် အမိတ္တဘသုတ္တန်ကို အသက်သွင်းထားခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်သည် အေးမြပြီး၊ သန့်စင်လာကာ၊ ပိုမိုသန့်မာလာသည်ကို ခံစားလာရပါ သည်။
ဘန်း…။
ရုတ်တရက်ဆိုသလို, ဟုန်ယွိ၏ အတွေးထဲတွင် သူ တောက်ပစွာ အသွင်ပြောင်းသွားသော ရွှေရောင်အမိတ္တဘဗုဒ္ဓသည် ကျယ်ပြောပြီး အကန့်သတ်မဲ့သော စကြဝဠာတစ်ခုလုံးကို ပြည့်လျှံစေခဲ့သည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ယံမှ မီးတောက်များသည်လည်း သိမ်မွေ့ညင်သာသော အလင်းရောင်အဖြစ်သို့ ပြောင်းလဲသွားပါသည်။
အဆုံးမဲ့အလင်းရောင်။
ဟုန်ယွိက သူ့အတွေးတွေကို လွှတ်ချလိုက်ပြီးနောက်၊ အလင်းရောင်က မျက်လုံးကန်း လောက်သည့် အဖြူရောင် မဟုတ်တော့သည်ကို သိလိုက်ရပါသည်။
တစ်ချိန်တည်းမှာပင် သူသည် မီးနှင့်တူသည့် အပူဒဏ်ကို မခံစားရတော့ဘဲ ကမ္ဘာကြီး သည် ကမ္ဘာကြီးအဖြစ်သာ ရှိနေပါသည်။
နေရောင်ခြည်သည် တောက်ပနေဆဲ ဖြစ်ပြီး ဟုန်ယွိ၏ စိတ်ဝိညာဉ် သိမြင်မူတွင် နေမင်း၏ အလင်းရောင်သည် အထူးတောက်ပနေသည့်အပြင်၊ ၎င်းသည် သူ၏ရုပ်ခန္ဓာကိုယ်နှင့် မြင်ရ သည့်အရာနှင့် အမှန်တကယ်ပင် ဆင်တူပါသည်။
စိတ်ဝိညာဉ်က နေရောင်ကို ထိတွေ့သိမြင်နိုင်ရန် အခွံထဲမှ ထွက်လာချိန်နှင့်, ရုပ်ခန္ဓာကိုယ် က နေရောင်ကို ထိတွေ့သိမြင်သောအချိန်က အလွန်ကွဲပြားကြောင်းကို သိရှိထားရပါမည်။
နေရောင်အောက်မှာ စိတ်ဝိညာဉ်သည် အခွံထဲက ထွက်လာချိန်မှာ, ၎င်းသည် မီးပင်လယ်, ကောင်းကင်နှင့်မြေကြီး၏ ပန်းပဲဖိုနှင့် ဝန်းရံခံထားရပြီး, တစ်လက်မမျှ ရွှေ့လျားရန်ပင် ခက်ခဲလွန်းပြီး၊ အလွန်မင်း ညှင်းပန်းနှိပ်စက်ခံနေရပါမည်။
ယခုမူ ဟုန်ယွိ၏ စိတ်ဝိညာဉ် မြင်လိုက်ရသော ကမ္ဘာကြီးသည် သာမန်မျက်စိဖြင့် သူ မြင်တွေ့ခဲ့ရသည့် ကမ္ဘာကြီးနှင့် မကွာခြားတော့ပေ။
ဆိုလိုသည်မှာ, သူ့စိတ်ဝိညာဉ်၏ ခွန်အားသည် တဖြည်းဖြည်း ခိုင်မာလာသည့် အနေအထားသို့ ရောက်ရှိသွားခဲ့ပြီး၊ အချည်းနှီးနှင့် လက်တွေ့ဘဝ နယ်ပယ်ကြားတွင် ရှိနေသည်ဟု ဆိုလိုပါသည်။
သူသည် ယင်သခင်တစ်ပါး ဖြစ်လာခဲ့ပြီ။
ဤအဆင့်ချိုးဖြတ်မူသည် သေးငယ်သော ခြေလှမ်းတစ်ခု ဖြစ်သော်လည်း တာအိုပညာရပ် များကို ကျင့်ကြံသူများအတွက် ကောင်းမွန်သည့် အရည်အသွေးတစ်ခုအဖြစ် ခုန်ပျံ ကျော်လွှား မြင့်တက်သွားခြင်း ဖြစ်ပါသည်။ လူတစ်ယောက်၏ လွင့်ပျံနေသော ကိုယ်ပိုင် စိတ်ဝိညာဉ်သည် ယင်သခင်အဖြစ်သို့ ပြောင်းလဲသွားခြင်းက လူတစ်ယောက်သည် ကျင့်ကြံမှုအဆင့်ကို အမှန်တကယ် ကျော်ဖြတ်နိုင်ပြီဟု ဆိုလိုပါသည်။
ယင်သခင်ဖြစ်လာခြင်းသည် ကျင့်ကြံခြင်း၏ အစမျှသာ ဖြစ်ပြီး၊ လျှောက်လှမ်းရမည့် လမ်းကြောင်းက ရှည်လျားလွန်းပါသေးသည်။ ရုပ်လုံးဖော်ခြင်း အဆင့်၊ စိတ်ကူးပုံဖော်ခြင်း၊ သိမ်းပိုက်ခြင်း၊ မိုးကြိုးကပ်ဘေးဒုက္ခ၊ ယန်စိတ်ဝိညာဉ်, နောက်ပိုင်းအဆင့်များအတွက်မူ ခြေလှမ်းတိုင်းသည် ယခင်ကထက် ပိုမိုခက်ခဲပါသည်။ (possession, possession, ဆိုပြီး နှစ်ခုထပ်နေသည့်အတွက် သင့်လျော်မည်ထင်သလို စိတ်ကူးပုံဖော်ခြင်း, သိမ်းပိုက်ခြင်းဟု အဆင်ပြေသလို ပြန်ဆိုထားခြင်း ဖြစ်ပါသည်။ ရှေ့မှာတုန်းက ထိန်းချုပ်ခြင်းဟု ပြန်ဆိုခဲ့ပြီး၊ နောက်ပိုင်းမှာ သိမ်းပိုက်ခြင်းဟု ပြန်ဆိုသွားပါမည်)။
သို့သော် ယင်သခင်သည် အစမျှပင်ဖြစ်သော်လည်း ရှေးခေတ်ကတည်းက တာအိုကို ကျင့်ကြံသူအများအပြားသည် ၎င်းတို့၏ နေ့လမ်းလျှောက်နယ်ပယ် စိတ်ဝိညာဉ်များကို ယင်သခင်အဖြစ်သို့ သိပ်သည်းနိုင်စွမ်း မရှိခဲ့ကြပေ။ နောက်ဆုံးတွင်၊ သူတို့၏ရုပ်ခန္ဓာကိုယ်များသည် ညှိုးနွမ်းသွေ့ခြောက်သွားကြပြီး၊ သူတို့၏အတွေးများသည် ကောင်းကင်နှင့် မြေကြီးကြားတွင် သဲလွန်စမကျန်ဘဲ ပျောက်ကွယ်သွားကြပြီး သူတို့၏စိတ်ဝိညာဉ်များသည် ပြန့်ကျဲသွားခဲ့ကြပါသည်။
အဝေးက အရိပ်ထဲမှာ ထိုင်နေသည့် သူ့ခန္ဓာကိုယ်ကို ဟုန်ယွိ မြင်လိုက်ရသည်။
ယင်သခင် မဖြစ်ခင်မှာ ဟုန်ယွိသည် သူ့ခန္ဓာကိုယ် ဘယ်နေရာမှာ ရှိမှန်းတောင် မသိခဲ့ပါ ဘူး။ သူသည် မီးပင်လယ်ကြီး ဝိုင်းရံခံထားရပြီး သုံးလှမ်းကျော် အကွာဝေးအတွင်း မည်သည့်အရာကိုမှ မမြင်ရပေ။ ယခုမူ သူ့ခန္ဓာကိုယ်က အနည်းဆုံး ခြေလှမ်းတစ်ထောင် ခန့် အဝေးမှာ ရှိနေခဲ့ပြီး၊ သူသည် ၎င်းကို မည်သို့မြင်နိုင်မည်နည်း။
အတွေးတစ်ချက်ဖြင့် ဟုန်ယွိသည် သူ့စိတ်ဝိညာဉ်က ချက်ချင်းပင် လေထဲမှာ လွင့်မျောသွားသလို ခံစားရသော်လည်း ၎င်းသည် အလွန်တည်ငြိမ် သွားကာ လွင့်မျောနေသော စိတ်ဝိညာဉ်၏ ခံစားချက်မျိုး မဟုတ်တော့ပေ။
စိတ်ဝိညာဉ်သည် လေထဲတွင် ပျံဝဲနေပြီး၊ ၎င်း၏အရှိန်သည် ယခင်ကထက် အဆများစွာ ပိုမြန်လာသည်။ ၎င်းသည် လျှပ်စီးဖမ်းမြင်း၏အမြန်နှုန်းနှင့် နှိုင်းယှဉ်၍ မရနိုင်သော်လည်း၊ ၎င်းသည် မြင်းတစ်ကောင်ကို ဒုန်းဆိုင်းမောင်းနှင်ခြင်းနှင့် ညီမျှပါသည်။
သူ့လက်သီးများကို ဆုပ်ကိုင်လိုက်ရာ ဟုန်ယွိသည် ယင်သခင်၏ ကောင်းမွန်သော လက်သီးကိုပင် ခံစားရပြီး ၎င်းမှတဆင့် ပျံ့နှံ့သွားသော ခွန်အားကိုလည်း ခံစားလိုက်ရပါ သည်။
သူသည် သူ့အခွံဆီသို့ ပြန်ရောက်ခါနီးမှာ သူ့နှလုံးခုန်သံက တစ်ချက်ခုန်သွားခဲ့ပြီး၊ သူသည် မြေပြင်ပေါ် သက်ဆင်းကာ၊ သူ့လက်ထဲမှာ သစ်ကိုင်းချောက်တစ်ခု ကိုင်လိုက်ပါသည်။ ပထမတော့ သူ့လက်က သစ်ကိုင်းချောက်ကို ဖြတ်သန်းသွားခဲ့သော်လည်း၊ ဟုန်ယွိက သူ့လက်ပေါ် သူ့အတွေးတွေ အားလုံးကို အာရုံစိုက်ပြီး၊ သူ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည့်အခါ, သူသည် တကယ်ပင် သစ်ကိုင်းကို ကိုင်နိုင်ခဲ့ပါသည်။
သစ်ကိုင်းချောက်ကို သူ့လက်ဖြင့် ကောက်ယူလိုက်သည်။
နောက်ဆုံးတွင် သူသည် အရာဝတ္ထုများကို ထိန်းချုပ်နိုင်ခဲ့ပြီ။
ဟုန်ယွိ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
"တကယ်လို့, တစ်စုံတစ်ယောက်သာ ဒီမြင်ကွင်းကို မြင်သွားမယ်ဆိုရင်, သူတို့အနေနဲ့ အကြောင်းရင်းမရှိဘဲ လေထဲမှာ လွင့်မျောနေတဲ့ သစ်ကိုင်းချောက်ကိုပဲ မြင်ကြလိမ့်မယ်။ ဒါက တစ္ဆေသရဲမြင်ရသလိုပဲ။" ဟုန်ယွိသည် သစ်ကိုင်းချောက်ကို လွှင့်ပစ်ကာ ပေါ့ပေါ့ ပါးပါး ပြုံးမိပြီး၊ သူ့စိတ်ဝိညာဉ်ကို သူ့အခွံဆီသို့ ပြန်လည်ဝင်ရောက်လိုက်သည်။
သူ့စိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်ပြီးနောက်၊ ဟုန်ယွိက သစ်သား သေတ္တာကိုထုတ်ပြီး ဖွင့်လိုက်သည်။ အထဲမှာပစ္စည်း သုံးမျိုးရှိပါသည်။ ထုံးစံအတိုင်း၊ ၎င်းတို့သည် အမိတ္တဘသုတ္တန်၊ သွေးပုံစံသံမဏိအပ်နှင့် ပေါက်ကွဲမီးလျှံနတ်ဘုရား အဆောင်ဓားတို့ ဖြစ်ပါသည်။
"ဒီပေါက်ကွဲမီးလျှံ နတ်ဘုရားအဆောင်ဓားရဲ့အငွေ့အသက်က ကြောက်မက်ဖွယ်ကောင်း လွန်းတယ်” ဟုန်ယွိသည် သေတ္တာကိုဖွင့်ပြီး ပစ္စည်းသုံးခုကို တစ်ခုပြီးတစ်ခု ကြည့်ရူလိုက်သည်။ သူ့မျက်လုံးတွေက ပေါက်ကွဲမီးလျှံနတ်ဘုရား အဆောင်ဓားပေါ်ရှိ ခရမ်းရောင် မီးတောက်ပုံစံ ထူထပ်သော ခရမ်းရောင် မီးတောက်ဆီကို ကျရောက်သွားသောအခါ၊ ဤဓားမြှောင်လေးသည် အချိန်အတော်ကြာ ဖိနှိပ်ခံထားရပြီး အချိန်မရွေး ပေါက်ကွဲနိုင် သည့် မီးတောင်နှင့်တူကြောင်း သူ ခံစားလိုက်ရသည်။
ထိုခံစားချက်က ဟုန်ယွိကို သတိပြုမိပြီး ထိုဓားမြှောင်ကို အခုလောလောဆယ် မထိန်းချုပ် ခြင်းက အကောင်းဆုံးဖြစ်သည်ကို သူ သိပါသည်။
"အခု ငါထိန်းချုပ်နိုင်တဲ့ အရာတွေ ဘယ်လောက်ရှိလဲဆိုတာ ငါ ဘာလို့ မကြိုးစားကြည့် ရမှာလဲ။"
ဟုန်ယွိ ခဏလောက် စဉ်းစားပြီးနောက်, သူသည် သူ့စိတ်ဝိညာဉ်ကို ရပ်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲက ခုန်ထွက်သွားသည်။ သစ်ကိုင်းချောက်များ၊ ကျောက်တုံးငယ်များနှင့် အခြားအရာများကို ထိန်းချုပ်ရန် သူ၏အတွေးများကို စုစည်းလိုက်ပါသည်။
တခဏတွင်းမှာ တောထဲမှာ ညှိုးနွမ်းနေသည့် အကိုင်းအခက်တွေ ပျံတက်သွားပြီး ကျောက်တုံးတွေလည်း နေရာအနှံ့ ပြုတ်ကျနေသည်။
ဘန်း…။
နွားခေါင်းအရွယ် ကျောက်တုံးကြီးသည် လေထဲတွင် ရုတ်တရက် လွင့်ပျံသွားကာ သစ်ပင်ကြီးတစ်ပင်ကို ထိမှန်သွားခဲ့သည်။ ပေါက်ကွဲသံနှင့်အတူ သစ်ပင်အခေါက်များ ဖြာထွက်သွားသည်။
အချိန်အတော်ကြာ ကြိုးစားပြီးနောက်၊ သူ့စိတ်ဝိညာဉ်စွမ်းအားသည် ကီလိုဂရမ် ၄ဝ မှ ၁ဝဝ အလေးချိန်ရှိ အရာဝတ္ထုများကိုသာ ထိန်းချုပ်နိုင်ပြီး၊ နောက်ဆုံးတွင် ထိုစွမ်းအားက သူ့ရုပ်ခန္ဓာကိုယ်ခွန်အား၏ ထက်ဝက်မျှသာရှိကြောင်း ဟုန်ယွိ သိလိုက်ရပါသည်။
တစ်ချိန်တည်းမှာပင် သူ၏စိတ်ဝိညာဉ်သည်လည်း သူ၏လက်သီးများနှင့် ခြေထောက်များကို အသုံးပြုနိုင်ပါသည်။ သို့သော် သူ၏ခွန်အားနှင့် အရှိန်ဟုန်သည် သူ့ရုပ်ခန္ဓာကိုယ် ခွန်အား၏ တစ်ဝက်မျှသာ ဖြစ်သည်။
ရုတ်တရက်ဆိုသလိုပင် ဟုန်ယွိသည် အစစ်မှန် ရှန်တန်သိုင်းသခင်တစ်ဦး၏ စိတ်ဝိညာဉ် နှင့် ခန္ဓာကိုယ် တစ်သားတည်းဖြစ်မူက အနည်းငယ် ကြောက်မက်ဖွယ်ကောင်းသည်ကို နားလည်သွားပုံရပါသည်။
"ဓား"
ဟုန်ယွိ၏ စိတ်ဝိညာဉ်က ဖျတ်ခနဲ လင်းလက်သွားပြီး ငါးမန်းသတ်ဓား၏ ဓားရိုးကို လှမ်းကိုင်လိုက်သည်။ သူသည် ဓားကို အမြန်ဝှေ့ယမ်းကာ သစ်ပင်ထိပ်သို့ ပြေးသွားခဲ့ သည်။ အတက်အဆင်း ကခုန်နေပြီး သစ်ကိုင်းများနှင့် အရွက်များက တစ်ခုပြီးတစ်ခု ပြုတ်ကျနေသည်။
“နောက်ဆုံးတော့ ကျင့်ကြံသူတွေဟာ ပျံသန်းနိုင်တဲ့ ဓားတွေကိုသာ အသုံးပြုကြပြီး၊ ဆေဘာတွေ, လှံတွေ၊ တုတ်တွေနဲ့ တောင်ဝှေးတွေကို အသုံးမပြုကြတဲ့ အကြောင်းရင်းကို ငါ သိသွားခဲ့ပြီ။ ဘာကြောင့်ဆို, ယင်စိတ်ဝိညာဉ်က ရုပ်ခန္ဓာကိုယ်ခွန်အားရဲ့ ခွန်အား ထက်ဝက်ခန့်ပဲရှိပြီး၊ အလေးချိန် လုံးဝ မရှိဘူး။ ယင်စိတ်ဝိညာဉ်က အတက်၊ အဆင်း၊ ဝဲ၊ ယာ၊ နှင့် လေထဲကိုပဲ ပျံတက်နိုင်တယ်။ ဒါက ဓားရဲ့လျင်မြန်မှုရဲ့ လျှို့ဝှက်ချက်နဲ့ ကိုက်ညီ တယ်။"
ဟုန်ယွိသည် ဓားကို မောင်းနှင်စဉ်, ရှေးခေတ်ကတည်းက အဘယ့်ကြောင့်, ဓား အင်မော်တယ်တွေသာရှိခဲ့ပြီး၊ ဆေဘာအင်မော်တယ်တွေ, တုတ်အင်မော်တယ်တွေ, ပုဆိန်အင်မော်တယ်တွေ မရှိခဲ့ရသည့်အချက်ကို နားလည်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ယင်စိတ်ဝိဉာဉ်သည် ရုပ်ခန္ဓာကိုယ်၏ခွန်အား ထက်ဝက်မျှသာ ရှိကြောင့် ဖြစ်ပါသည်။ ဓားမဟုတ်ဘဲ အခြားလက်နက်များကို အသုံးပြုခြင်းက ရုပ်ခန္ဓာကိုယ်ဖြင့် အသုံးပြုခြင်းကဲ့သို့ အဆင်ပြေ ကောင်းမွန်နေမည် မဟုတ်ပေ။
ယင်စိတ်ဝိညာဉ်၏ အကြီးမားဆုံး အားသာချက်မှာ, ၎င်းသည် ပျံသန်းနိုင်ပြီး အလွန် လျင်မြန်သည်။ ဓား၏လျင်မြန်မှု, လျှို့ဝှက်ချက်နှင့် ပေါင်းစပ်လိုက်ခြင်းဖြင့် ၎င်း၏ စွမ်းအားကို သဘာဝအတိုင်း အကြီးမားဆုံးအနေထားအထိ အသုံးချနိုင်ပါသည်။
“မှန်တယ်၊ ဒီသွေးပုံစံသံမဏိအပ်ကို စမ်းကြည့်ရအောင်။ ဒါကို ဘာကြောင့် အင်မော်တယ် သံမဏိလို့ခေါ်လဲ ကြည့်ရအောင်။"
နောက်ဆုံးတွင် ဟုန်ယွိသည် သေတ္တာအတွင်းရှိ သွေးပုံစံသံမဏိအပ်ကို အာရုံပြုလိုက် သည်။
၎င်းသည် ပေဝက်ခန့် ရှည်လျားပြီး ၎င်း၏ကိုယ်ထည်တစ်ခုလုံးကို သံမဏိဖြင့် ရစ်ပတ်ထားပြီး၊ သွေးပြန်ကြောများဖြင့် ဖုံးလွှမ်းထားသည်။ ၎င်းသည် သေတ္တာထဲတွင် ငြိမ်သက်စွာ လှဲလျောင်းနေသော လူ့အသားရေကဲ့သို့ ထင်ရပြီး နေရောင်အောက်တွင် သက်ဝင်လှုပ်ရှားနေသည့် အရောင်တောက်တောက်ကို ထုတ်လွှတ်နေပါသည်။
ဟုန်ယွိ၏စိတ်ဝိညာဉ်သည် ဤသွေးပုံစံ သံမဏိအပ်နှင့် ထိတွေ့လိုက်သည့်အခိုက်တွင်၊ သူသည် ၎င်းကို ကောက်ယူလိုက်သကဲ့သို့ ထူးဆန်းသော တစ်ခုကို ခံစားလိုက်ရသည်။
ဤအပ်သည် လူ့ခန္ဓာကိုယ်၏ အရေပြားနှင့်တူသည်ဟု သူ ခံစားမိသည်။ အတွင်းပိုင်းရှိ သွေးပြန်ကြောများသည် အလွန်ရှင်းလင်းပြီး သူ၏စိတ်ဝိညာဉ်ကို ထိုသွေးပြန်ကြောထဲသို့ ထည့်သွင်းနိုင်သလို ခံစားရသည်။
ဤသွေးပုံစံသံမဏိအပ်အပ်သည် လူ့ခန္ဓာကိုယ်၏ အရေပြားနှင့်တူသည်။ သူ့စိတ်ဝိညာဉ် ကို အထဲသို့ ထည့်သွင်းနိုင်သည်။
ဟုန်ယွိသည် ထိုအရာကို ခံစားလိုက်ရပြီး အတွေးတစ်ခုဖြင့် သူသည် သွေးပုံစံ သံမဏိအပ် ကို သူ့ကိုယ်ပိုင်ခန္ဓာကိုယ်အဖြစ် အမှန်တကယ် ဆက်ဆံခဲ့ပြီး၊ ပြင်းထန်စွာ ပေါင်းစပ်လိုက် ပါသည်။
သေချာပါသည်, ရွှီးဟူသောအသံတစ်ချက်နှင့်အတူ သူ့စိတ်ဝိညာဉ်က အပ်ထဲကို တိုးဝင် သွားခဲ့သည်။
"သွားတော့.."
ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် အပ်ထဲသို့ ထည့်သွင်းလိုက်ပြီးနောက်၊ သူ့ပတ်ဝန်းကျင်တွင် တုနှိုင်းမရသည့် နွေးထွေးမှုကို ခံစားလိုက်ရသည့်အလား ရုတ်တရက်ပင် အပ်သည် ခုန်တက်ကာ ပျံတက်သွားခဲ့သည်။ ၎င်းသည် သူ့ကိုယ်ပိုင်ခန္ဓာကိုယ်ကို ထိန်းချုပ်နေရသည့် အတိုင်း လျင်မြန်သွက်လက်လွန်းပါသည်။
"ဖြိုခွဲစမ်း…"
ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် အပ်နှင့် တစ်သားတည်း ဖြစ်သွားခဲ့ပါပြီ။ သူသည် အပ်တစ်ချောင်းဖြစ်သလို၊ အပ်သည်လည်း သူဖြစ်နေပြီ။ သူ့ရှေ့မှာ ကြီးမားလှသည့် တောင်ပေါ်ကျောက်တုံးကြီးကို မြင်လိုက်ရတော့ သူက ပြင်းပြင်းထန်ထန် ဆောင့်ချလိုက် သည်။
ခြေဖဝါးခန့်ထူသည့် ကျောက်တုံးကို အပ်က ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီး၊ တစ်ဖက်မှ ထွက်လာကာ ကျောက်တုံးပေါ်မှာ အပ်ပေါက်တစ်ခု ပေါ်လာပါသည်။
"ဘယ်လောက် အစွမ်းထက်လိုက်လဲ၊"
ဟုန်ယွိ အံ့ဩသွားသည်။ ဤအပ်တစ်ချောင်းသည် သံချပ်ကာများကို ထိုးဖောက်နိုင်မည်ကို သူ သံသယမဝင်တော့ပါ။
သွေးပုံစံသံမဏိသည် အဘယ်ကြောင့် ကမ္ဘာပေါ်တွင် ရှာရခက်ခဲ့သည့် ရတနာတစ်ခု ဖြစ်နေရမှန်း နောက်ဆုံး သူ နားလည်သွားခဲ့ပါပြီ။ ဤသည်မှာ စိတ်ဝိညာဉ် ခိုအောင်းနိုင် သော သံမဏိကိုယ်ထည်တစ်ခု ဖြစ်နေသောကြောင့် ဖြစ်ပါသည်။
အခန်း (၇၈)။
တောကန္တာရထဲမှာ နေရောင်က တောက်ပနေပါသည်။ အသက်ဆယ့်ငါးနှစ် သို့မဟုတ် ဆယ့်ခြောက်နှစ်အရွယ် လူငယ်တစ်ဦးသည် သစ်ပင်ရိပ်အောက်ရှိ ကျောက်ဆောင်တစ်ခု ပေါ်တွင် မလှုပ်မယှက် ထိုင်နေ၏။ သူ့ရှေ့တွင် ရှည်လျားသော အပ်တစ်ချောင်းက အပေါ် အောက် ခုန်ပျံနေပါသည်။
ရှည်လျားသော အပ်ချောင်းသည် အလွန်လျင်မြန်သော အရှိန်ဖြင့် ပျံတက်သွားသည်။ ၎င်းသည် အမှန်တကယ်ပင် လေထဲမှာ အနီရောင်မျဉ်းကြောင်း တစ်ကြောင်းကို ဆွဲထုတ် သွားခဲ့ပါသည်။ ၎င်းသည် ကခုန်နေသော မီးပွားမီးပန်းများဖြင့် ဖွဲ့စည်းထားသည့် မျဉ်းကြောင်းတစ်ကြောင်း သို့မဟုတ် နတ်သမီးတစ်ပါး ယက်လုပ်ထားသည့် သွေးနီရောင် ပိုက်ကွန်တစ်ခုကဲ့သို့ပင်။
ဖန်း…၊ ဖန်း..၊ ဖန်း..၊ ဖန်း…၊ ဖန်း…။
အနီရောင်မျဉ်းကြောင်းက ကခုန်နေစဉ်မှာ အပ်အပေါက်များ အစီအရီ ကျန်ရစ်ခဲ့ပြီး၊ သစ်သားနှင့် ကျောက်တုံးများကို ဖြတ်သန်းသွားခဲ့သည်။ ၎င်းထံမှ ထိုးဖောက်ဝင်ရောက်မှု ကို ဟန့်တားနိုင်သည့် မာကြောသည့်ပစ္စည်းမျိုး တစ်ခုမျှ မရှိခဲ့ပါ။ ၎င်းသည် ဖျက်ဆီး၍ မရနိုင်ဟုသာ ရိုးရှင်းစွာ ပြောနိုင်ပါတော့သည်။ တားဆီးပိတ်ဆို့ထားသမျှ အရာအားလုံး ပျက်ဆီးသွားခဲ့ပြီ။
ရုတ်တရက် လေထဲမှာ ပြည့်နေသော အနီရောင်မျဉ်းကြောင်းက ဆုတ်ခွာသွားခဲ့ပြီး၊ သွေးပုံစံသံမဏိအပ်တစ်ချောင်းအဖြစ်သို့ ပြန်ပြောင်းသွားခဲ့သည်။ ၎င်းသည် လေထဲတွင် ငြိမ်သက်စွာ ပျံဝဲနေကာ နှစ်ကြိမ်တွန့်လိမ်ပြီး အနီရောင်မျဉ်းကြောင်း အဖြစ်သို့ ပြန်လည် ပြောင်းသွားခဲ့ပြန်သည်။ ၎င်းသည် တခဏအတွင်းမှာ ကျောက်တုံးပေါ်တွင် ထိုင်နေသော ဟုန်ယွိ၏လက်ထဲသို့ ပြုတ်ကျသွားပါသည်။
အပ်ချောင်းသည် သူ့လက်ထဲသို့ ကျသွားသည်နှင့် တပြိုင်နက် ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် မူလနေရာသို့ ပြန်သွားခဲ့သည်။ သူသည် မျက်လုံးဖွင့်ပြီး သူ့လက်ထဲက သံမဏိအပ်ကို ကြည့်လိုက်ပါသည်။ သူ့နှလုံးသားထဲတွင် ဤသွေးပုံစံသံမဏိအပ်နှင့် အသွေးအသား ဆက်စပ်နေသည့် ခံစားချက်တစ်ခု ရှိနေပါသည်။
မှန်ပါသည်။ ဤအရာက အသွေးအသားနှင့် ဆက်စပ်နေသည့် ခံစားချက် ဖြစ်ပါသည်။ တစ်နည်းဆိုရသော် တစ်စုံတစ်ယောက်သည် ၎င်းတို့၏ စိတ်ဝိညာဉ်ကို ဤအပ်ထဲသို့ သွန်းလောင်းလျှင်ပင် ၎င်းကို လှုပ်ရှားနိုင်ရန် ခက်ခဲပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဟုန်ယွိ၏ အတွေးတစ်စသည် အပ်နှင့် ပတ်သက်ဆက်နွှယ်မှု မရှိသေးသောကြောင့် ဖြစ်ပါသည်။ ဤအရာက သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုလိုဖြစ်ပြီး ခွဲခွာ၍ မရပါဘူး။
“ကံကောင်းတာက၊ အဲဒီတာအိုဘုန်းတော်ကြီးရဲ့ စိတ်ဝိညာဉ်က ဖျက်ဆီးခံလိုက်ရတယ်။ မဟုတ်ရင် ဒီအပ်ကို မလှုပ်ရှားနိုင်တော့မှာ ငါ ကြောက်မိတယ်။"
စိတ်ဝိညာဉ် ပျက်ဆီးသွားသောအခါ အတွေးများလည်း ပြိုကွဲသွားခဲ့ပါပြီ။ ဤအပ်သည် သဘာဝအားဖြင့် ပိုင်ရှင်မရှိသော အရာတစ်ခု ဖြစ်လာခဲ့သည်။
“စိတ်ဝိညာဉ်က အရာဝတ္ထုတွေကို ရွေ့လျားနိုင်တဲ့ နယ်ပယ်ကို ရောက်ရှိသွားတဲ့အခါ၊ စွမ်းအားက တကယ်ကို တိုးလာခဲ့တာပဲ။ သာမာန်သိုင်းသခင်တွေက လုံးဝ ပြိုင်ဘက် မဟုတ်တော့ဘူး။ အခု ငါ ဒီသွေးပုံစံသံမဏိအပ်ကို လှုပ်ရှားလိုက်တာနဲ့ သံချပ်ကာဝတ် သိုင်းသခင် ငါးယောက် ခြောက်ယောက် ငါ့ရှေ့မှာရှိနေရင်တောင်မှ သူတို့ကို အလွယ်တကူ လုပ်ကြံနိုင်မယ်လို့ ခံစားရတယ်။”
အပ်က ဓားထက် ပိုပေါ့ပါးပါသည်။ ဟုန်ယွိ၏လက်ရှိ စွမ်းအားဖြင့်ဆိုပါက, ၎င်းသည် ဓားထက်တောင် ပိုမြန်ပါသည်။ နောက်ဆုံးတွင်၊ ဓားတစ်ချောင်းသည် ကီလိုဂရမ် အနည်းငယ် အလေးချိန်ရှိသေးပြီး အပ်တစ်ချောင်းသည် ဒင်္ဂါးပြားအနည်းငယ်လောက်သာ အလေးချိန် ရှိပါသည်။ ကွာခြားချက်က အဆတစ်ရာဖြစ်ပြီး နှိုင်းယှဉ်၍ မရပါဘူး။
ဟုန်ယွိသည် သိုင်းသခင်များသာမက သာမာန် ရှန်တန်သိုင်းသခင်များပင် သတိမမူမိပါက, စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ပေါင်းစပ်နိုင်ပြီး၊ အလွန်စိတ်ခံစားမူ အလွန်မင်း ကောင်းမွန် သော အစစ်အမှန် သိုင်းသခင်များ မဟုတ်ပါက, ၎င်းတို့အား သတ်ပစ်နိုင်မည်ဟု သူ ခံစားရပါသည်။
စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ် တစ်သားတည်းဖြစ်ပြီးသည့် အစစ်မှန် ရှန်တန်သိုင်းသခင်များ သည် စိတ်အာရုံခံစားမူ အလွန်ကောင်းမွန်ကြပါသည်။ စိတ်ဝိညာဉ်ကို အသုံးပြုပြီး လုပ်ကြံ သတ်ဖြတ်ဖို့ မဆိုထားနှင့်, လုပ်ကြံသတ်ဖြတ်ရန် အကြံအစည်ကိုပင် တစ်ဖက်လူက အာရုံ ခံစားမိပြီး၊ လျှပ်စီးသဖွယ်လက်သီးချက်က ကျရောက်လာလိမ့်မည်။ ပျံသန်းနေသော ဓားကို အသက်မသွင်းနိုင်ခင်မှာ, သူတို့လက်သီးချက်အောက်မှာ သေဆုံးသွားရလိမ့်မည်။
"ဒါပေမယ့်၊ ဒီအရာဝတ္ထုကိုထိန်းချုပ်ခြင်းနယ်ပယ်မှာ အားနည်းချက်တစ်ခု ရှိတယ်။ အဲဒါ ကတော့ ခန္ဓာကိုယ်က လုံးဝ လှုပ်ရှားလို့မရသလို အကာအကွယ်လည်း လုံးဝ မရှိဘူး။ ဒါပေမယ့် တစ္ဆေအင်မော်တယ်အဆင့်အထိ ကျင့်ကြံပြီးနောက်၊ လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်က အပိုင်းများစွာ ခွဲထွက်နိုင်စွမ်းရှိပြီး ရန်သူတွေကို တိုက်ခိုက်ရန် ဓားနဲ့ ချည်နှောင်နိုင်စွမ်းရှိတယ်လို့ ဆိုထားကြတယ်။ အဲဒီအချိန်မှာ တစ်ချက်တွေးရုံနဲ့ ဓားကို အသက်သွင်းနိုင်မှာဖြစ်ပြီး ခန္ဓာကိုယ်ကလည်း လှုပ်ရှားနိုင်စွမ်း ရှိနေသေးတယ်။ ဒါကမှ တကယ့် တာအိုပညာရပ်ပဲ။”
ဟုန်ယွိသည် တစ္ဆေအင်မော်တယ်အဆင့်အထိ ကျင်ကြံပြီးနောက် စိတ်ဝိညာဉ်က ခွဲထွက် နိုင်စွမ်းရှိသည်ကို ဟာကူဇိယွဲ့ထံမှ တစ်ကြိမ် ကြားခဲ့ဖူးသည်။ အခုအချိန်မှာ လှုပ်ရှားနိုင် စွမ်း ဆုံးရှုံးပြီး တခြားသူများ၏ သနားညှာတာပေးမူကို အပြည့်အဝ ခံနေရမည့်အဖြစ်မျိုးကို သူ မကြိုက်ပါဘူး။
"ကောင်းပြီ, ငါ ဒီနေ့ ကျင့်ကြံတာ ရပ်လိုက်မယ်"
မတ်တပ်ထရပ်ပြီးနောက် ဟုန်ယွိသည် သွေးပုံစံသံမဏိအပ်ကို သိမ်းဆည်းကာ မြင်းပေါ် ပြေးတက်ပြီး ဒုန်းဆိုင်းမောင်းနှင်ခဲ့ပါသည်။
နောက်ဆုံးတော့ သူသည် အဆင့်ဖြတ်ကျော်သွားခဲ့ပြီ။ သူလျှောက်လှမ်းရမည့်လမ်းခရီးက အရှည်ကြီး ကျန်နေသေးသော်လည်း၊ ဟုန်ယွိသည် နောက်ဆုံးတွင် သူ့ကိုယ်ပိုင် ဝှက်ဖဲကို ပိုင်ဆိုင်နိုင်ခဲ့ပါပြီ။ အခြေခံအားဖြင့်တော့ ကမ္ဘာကြီးက မည်မျှပင် ကြီးမားကျယ်ပြောနေပါ စေ၊ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းရှိပြီး သူနှစ်သက်သလို ခရီးထွက်နိုင်ပါပြီ။
လျှပ်စီးဖမ်းမြင်းသည် အလွန်လျင်မြန်သည်။ ခဏအကြာတွင် မိုင်သုံးဆယ်မှ လေးဆယ် အကွာအထိ ပြေးလွှားခဲ့ပြီး ကျောက်စိမ်းတောင်ခြေရှိ တာအိုဘုရားကျောင်းသို့ ပြန်လာခဲ့ သည်။
တာအိုဘုရားကျောင်းဝင်းထဲကို ဝင်လိုက်သည်နှင့် ထူထဲသော ဆေးမွှေးရနံ့က သင်းပျံ့နေ ပါသည်။ မုကလေးသည် ဆေးကျိုရန်အတွက် အနီရောင် မြေစေးမီးဖိုလေးကို အသုံးပြုပြီး၊ ခြံဝင်းအတွင်းရှိ သစ်ပင်ရိပ်အောက်တွင် ထိုင်နေပါသည်။ ကောင်းကင်မှာ နေရောင်က တောက်ပနေသော်လည်း အိမ်ဝင်းထဲမှာ သစ်ပင်တွေနှင့် စိမ်းလန်းနေ၏။ နံဘေးတွင် ရေကန်ငယ်တစ်ခုရှိပြီး၊ နက်ရှိုင်းသော ရှေးဟောင်းရေတွင်းတစ်ခု ဖြစ်ပါသည်။ ၎င်းသည် အေးမြပြီး စိမ်းညိုရောင်ရေများနှင့် ပြည့်နေကာ လေပြည်အေးက သူ့မျက်နှာကို မှုတ်ထုတ် နေသည်။ ၎င်းက အရမ်းကို အေးမြပြီး၊ လုံးဝ ပူလောင်မူမရှိပါဘူး။
ကျောက်စိမ်းနဂါးတောင်သည် မူလကတည်းက ရာသီဉတုကောင်းမွန်သော တောင်တန်း တစ်ခုဖြစ်ပြီး၊ အလွန်ကောင်းမွန်ပြီး သန့်ရှင်းသော နေရာတစ်ခုဖြစ်ကာ၊ ထိုတောင်ပေါ်တွင် စိမ့်စမ်းရေ ၇၂ ပေါက်နှင့် နက်ရှိုင်းသော ရေကန်ပေါင်း ၃၆ ကန်ရှိသည်ဟု ဆိုကြသည်။ ရေခိုးရေငွေ့က မည်မျှအေးသည်ကို မြင်နိုင်ပါသည်။
ဟုန်ယွိသည် ဤနေရာတွင် နေထိုင်ရန် ငွေသုံးလိုရခြင်း၏ အကြောင်းရင်းမှာ ရာသီဉတု ကောင်းမွန်သောကြောင့် ဖြစ်သည်။
ဤနေရာအတွက် ငှားရမ်းခက မြို့ထဲမှာ ငှားရမ်းခထက် နှစ်ဆ ပိုဈေးကြီးပါသည်။
ရှန်ထိုက်ဇူသည် ခြံဝင်း၏ အခြားတစ်ဖက်တွင် ရှိနေပြီး၊ သူ၏ကိုယ်ခံပညာကို အာရုံစိုက် လေ့ကျင့်နေသည်။ သူသည် နွားသိုးနတ်ဆိုးခွန်အားလက်သီးပညာရပ်ကို ဆက်တိုက် အသုံးပြုနေ၏။ သူ၏ကြွက်သားများ လှုပ်ရှားလိုက်တိုင်း၊ ခပ်တိုးတိုး အက်ကွဲသံများနှင့် အတူ ဆွဲတင်ထားသော လေးကဲ့သို့ တုန်ခါအသံများ ထွက်ပေါ်နေပါသည်။ သူ့တစ်ကိုယ် လုံးမှာ ပေါက်ကွဲထွက်နိုင်သည့် စွမ်းအားများဖြင့် ပြည့်နေပါသည်။
မုရုန်ယန်အတွက်မူ, သူမသည် ခမ်းနားထည်ဝါသော ဝါးကုတင်ပေါ်တွင် ပေါ့ပေါ့ပါးပါး လဲလျောင်းနေပါသည်။ သူမ၏နောက်ကျောကို ပိတ်စဖြူ အထူအပါးဖြင့် ပတ်ထားပါသည်။ သူမမျက်နှာသည် အနည်းငယ် ဖြူဖျော့နေသော်လည်း စိတ်ဝိညာဉ်က ကောင်းမွန်နေပါ သည်။ ဝါးကုတင်ဘေးက ခွေးခြေခုံပေါ်မှာ စာအုပ်အနည်းငယ် ရှိနေသည်။ သူမသည် ပျင်းရိပြီး၊ အချိန်ကိုသတ်ဖြတ်ရန် စာဖတ်ခဲ့သည်မှာ ထင်ရှားသည်။ (အချိန်ကို သတ်ဖြတ် ရန်ဆိုသည်မှာ တင်စားပြောခြင်း ဖြစ်ပါသည်)။
သို့သော်လည်း ယခုအခါ သူမသည် ခြံတစ်ဖက်စွန်းမှ ကိုယ်ခံပညာ လေ့ကျင့်နေသည့် ရှန်ထိုက်ဇူထံမှ အသံများကို သူမ၏မျက်နှာပေါ်တွင် တွေးတောဆင်ခြင်နေဟန်ဖြင့် နားထောင်နေပါသည်။
တစ်ဖက်တွင် ရှန်ထိုက်ယန်သည် ခေါက်ထိုင်ခုံငယ် တစ်ခုကို ရွှေ့လိုက်ပြီး မုရုန်ယန်၏ ဘေးတွင် ထိုင်နေသည်။ သူက သူ့ဆေးတံကို ဖွာနေသော်လည်း သူ့စိတ်က ထိုမိန်းမကို လုံးလုံး အာရုံစိုက်နေ၏။ မုရုန်ယန်သည် အနည်းငယ် လှုပ်ရှားလိုက်သရွေ့ ချက်ခြင်း ခုန်တက်လာပြီး သူမကို မဆိုင်းမတွ သံမဏိဆေးတံနှင့် ရိုက်နှက်မည်ကို တွေ့မြင်နိုင်ပါ သည်။
ယခုတော့ ထိုအတွေ့အကြုံရှိလူသည် အစောင့်ကြနေရသောကြောင့် ဒဏ်ရာရနေသော မုရုန်ယန်ကို ဂရုစိုက်နေခဲ့ပြီး၊ အချိန်ကောင်းတစ်ခု ရှိနေပါသည်။
"ဟမ့်၊ ဟုန်ယွိ။ နင်က တကယ် မလွယ်ဘူးပဲ။" မုရုန်ယန် နားထောင်နေစဉ်တွင် ဟုန်ယွိ သည် သူ့မြင်းနှင့်အတူ လျှောက်လာသည်ကို တွေ့လိုက်ရသည်။ သူမက မျက်ခုံး ပင့်လိုက် ပြီး အေးစက်သော အပြုံးတစ်ခုက သူမမျက်နှာပေါ်တွင် ပေါ်လာသည်။ "မင်းရဲ့ကျွန်က ဒိုင်ဇင်ဘုရားကျောင်းထဲက နွားသိုးနတ်ဆိုးခွန်အားလက်သီးပညာရပ်ကို လေ့ကျင့်နေပုံရ တယ် ဟုတ်တယ် မဟုတ်လား။ ဒီလက်သီးပညာရပ်ဟာ အနှစ်နှစ်ဆယ်နီးပါး ပျောက်ကွယ်နေခဲ့တာ။ တော်ဝင်ချန်မင်းဆက်တောင်မှ မရရှိခဲ့ဘူး။ မဟုတ်ရင်, ဒီပညာရပ်က စစ်တပ်မှာ လူသိများနေလိမ့်မယ်။ နင် တကယ်ကို သိနေတာလား။”
ဟုန်ယွိ မြင်းပေါ်က ဆင်းပြီးပြီးချင်း မုရုန်ယန်၏ အမေးကို ကြားတော့ ထိတ်လန့်သွားပါ သည်။ "အသံကနေ ဘယ်လိုသိုင်းပညာမျိုးလဲဆိုတာ မင်း ပြောပြနိုင်တာလား။"
ရှန်ထိုက်ဇူသည် အိမ်တစ်လုံးခြားပြီး ခြံဝင်း၏တစ်ဖက်စွန်းတွင် ကိုယ်ခံပညာ လေ့ကျင့်နေ သည်။ အသံကို ရှင်းရှင်းလင်းလင်း ကြားပြီးနောက်၊ မုရုန်ယန်သည် ကိုယ်ခံပညာ၏ မူလအစကို အမှန်တကယ် ခန့်မှန်းနိုင်ခဲ့သည်။
"ဟုတ်တယ်လေ။ ငါ့တို့ဆန်းကြယ်ကောင်ကင်ဘုံခန်းမက သိုင်းပညာရပ်တွေရဲ့ သန့်စင်တဲ့ နယ်မြေတစ်ခုပဲလေ။ ဒိုင်ဇင်ဘုရားကျောင်းရဲ့ ကိုယ်ခံပညာကို ဘယ်လိုလုပ် မရင်းနှီးဘဲ နေမလဲ" မုရုန်ယန်က ထပ်၍ လှောင်ပြောင်ပြောသည်။ "ဒါပေမယ့် ဒီကိစ္စကို အရင် မပြောနဲ့ဦး။ နင် ငါ့ကို ဘယ်အချိန် လွှတ်ပေးမှာလဲ" နင်မေးချင်တဲ့ မေးခွန်းအားလုံးကို ငါ ဖြေပြီးပြီလေ။ ငါမဖြေသင့်တဲ့ မေးခွန်းတွေကိုတော့ နင် ငါ့ကိုသတ်ရင်တောင် ငါ ဘာမှ မပြောနိုင်ဘူး။ နင် ငါ့ကို အကြာကြီး အကျဉ်းချထားနိုင်မယ် မထင်နဲ့။ နောက် ဆယ်ရက် ဆယ့်ငါးရက်လောက် ကြာရင် ငါ့ဒဏ်ရာတွေက သက်သာလာလိမ့်မယ် နင်တို့ လေးယောက် ပူးပေါင်းရင်တောင် ငါ့အတွက် ပြိုင်ဘက် မဟုတ်ဘူး၊”
"အိုး..၊ ငါတို့လေးယောက်က မင်းအတွက် ပြိုင်ဘက် မဟုတ်ဘူးလား? ဒါဆို မင်း ငါ့ရဲ့ ဖမ်းဆီးမူကို ဘာလို့ ခံရတာလဲ။” ဟုန်ယွိက မြင်းကို ရေတွင်းနားမှာ ချည်နှောင်ပြီး လက်ဆေးရန် ရေတွင်းဘေးက ကျောက်တုံးပေါ်မှာ ထိုင်လိုက်သည်။ သူက ရေ၏ အေးမြမှု ကို ခံစားပြီး ပြောလိုက်သည်။
"အဲဒါက ငါ့ခန္ဓာကိုယ်ကို ထိခိုက်မှာကို စိုးရိမ်လို့ပဲ... ဟမ့်" မူရွှန်ယန်၏ မျက်လုံးများက တောက်ပလာသည်။ "ငါ့ ဂျိဒန်, အဆောင်, ပျံသန်းနိုင်တဲ့ဓားကို ယူပြီးနောက်၊ ငါ့ဝတ်စုံလက်မောင်းထဲမှာ တခြားလှည့်ကွက်တွေ မရှိတော့ဘူးလို့ မထင်လိုက်နဲ့။ ငါ့ရဲ့ ယင်စိတ်ဝိညာဉ်က အရမ်းသန်မာပြီး သူ့အလိုလို ပေါ်လွင်လာနိုင်တယ်။ နင် ငါ့ကို ထိန်းချုပ်နိုင်ပါ့မလား။ ကောင်းပြီ၊ နင့်ကို ငါ့ရဲ့လှည့်ကွက်လေးတွေ ကြည့်ခွင့်ပေးမယ်၊ နင်စိတ်တိုင်းကျ ငါနဲ့ကစားလို့ရပြီလို့ ထင်နေမှာစိုးလို့။”
သူမပြောပြီးသည်နှင့်တပြိုင်နက် မုရုန်ယန်၏ ခန္ဓာကိုယ်သည် ရုတ်တရက် လှုပ်ရှားမူကို ရပ်တန့်လိုက်သည်။
မုကလေးက မျက်မှောင်ကြုတ်လိုက်သည်။ မမြင်နိုင်သော မှောင်မိုက်သည့် အတွေးတစ်ခု က သူမကို တိုက်ခိုက်နေသလို ခံစားလိုက်ရသောကြောင့် သူမသည် အလိုလို မတ်တပ် ထရပ်ကာ သူမဘေးနားရှိ သံမဏိဓားရှည်ကြီးကို လှမ်းဆွဲလိုက်သည်။
မထင်မှတ်ပဲ၊ သူမလက်က ဓားရိုးကို မဖမ်းဆုပ်နိုင်ခင် ချွင်.. အသံတစ်ခုနှင့်အတူ ဓားသည် ဓားအိမ်ထဲမှာ မရှိတော့ပေ။ ဓားသည် လေထဲမှာ ဆယ်ပေအမြင့်အထိ ပျံဝဲပြီး ထိုးစိုက်လာသည်။ ဓားချီသည် နေကိုထိုးဖောက်နေသည့် အဖြူရောင် သက်တံတစ်ခုကဲ့သို့ နက်ရှိုင်းပြီး ဟုန်ယွိဆီကို ပစ်ဝင်သွားသည်။
ဓားသည် လေထဲတွင် ပစ်လွှတ်လိုက်သည်နှင့် ရုတ်တရက် အနီရောင်မျဉ်းကြောင်း တစ်ခုသည် ဟုန်ယွိဘက်မှ ပျံတက်သွားပြီး ပျံသန်းနေသော သံမဏိဓားကြီးကို ချက်ချင်း ထိပ်တိုက် တွေ့ဆုံလိုက်ရသည်။ ချွင်..၊ ချွင်…၊ ချွင်..၊ အသက်ရူချိန် အနည်းငယ် ကြာသည့်အခိုက်တန့်မှာ တိုက်မိမှု ဒါဇင်များစွာ ဖြစ်ပေါ်လာခဲ့သည်။
ဘန်း..။ ဓားရှည်ကို အပ်က လုံးလုံးလျားလျား ဖြတ်ဖောက်သွားခဲ့ပြီး ထောင်ပေါင်းများစွာ သော အပေါက်များဖြင့် ကျန်ရစ်ခဲ့လေသည်။ ဓားအရှိန်ဟုန်လည်း လုံးဝ ပြိုကွဲသွားခဲ့သည်။ ရုတ်တရက် ဓားသည် အလယ်ကနေ ကျိုးသွားခဲ့သည်။
ဓားရှည်ကို ချိုးဖျက်ပြီးနောက် သွေးအစင်းကြောင်းနှင့် အပ်တစ်ချောင်းသည် တောက်ပ လာပြီး ဝါးကုတင်ပေါ်ရှိ မုရုန်ယန်၏ မျက်ခုံးကြားရှိရာကို ရောက်ရှိလာသည်။
"အား.."
မုရုန်ယန်က အော်ဟစ်လိုက်သည်။ ကျိုးသွားသော ဓားရှည်သည် မြေပြင်ပေါ်သို့ ပြုတ်ကျ သွားပြီး သူမ၏ မြင့်မြတ်သော စိတ်ဝိညာဉ်သည်လည်း သူမ၏ ခန္ဓာကိုယ်ဆီသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။ သူမ၏မျက်ခုံးကြားရှိ သွေးအစင်းရာပါအပ်ကို ကြည့်လိုက်ရင်း သူမ၏မျက်နှာက ထိတ်လန့်တုန်လှုပ်သွားသည့် အမူအရာတစ်ခုကို ပြသနေသည်။
အခန်း (၇၉)။
ဝှီး…။
မုရုန်ယန် အံဩနေချိန်မှာတော့ သူမ၏ မျက်ခုံးနှစ်ခုကြားက သွေးနီရောင် သံမဏိအပ် သည် ရုတ်တရက် ပြန်လည် ပျံသန်းသွားပြီး၊ လေထဲတွင် အနီရောင် မျဉ်းကြောင်း ရှည်ကြီး အဖြစ် ဆွဲသွားကာ၊ ဟုန်ယွိ၏လက်ထဲသို့ ပြန်ရောက်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ ရေတွင်းဘေးက ကျောက်ခုံပေါ်မှာ ထိုင်နေသော သူသည် မျက်လုံးများကိုဖွင့်ကာ မုရုန်ယန်ကို ကြည့်လိုက်သည်။ သူက ခေါင်းကို မော့ပြီး "ဒီသန့်စင်တဲ့ဓားက နန်းတော်က အပ်နှင်းထားတဲ့ ပစ္စည်းတစ်ခုပဲ။ ရွှေဒင်္ဂါးတစ်ထောင် မတန်ပေမယ့် ဈေးမနည်းပါဘူး။ မင်းက ဖျက်ဆီးလိုက်မှတော့ မင်းရဲ့ ပျံသန်းနိုင်တဲ့ဓားကို လျော်ကြေးအဖြစ် ယူရတော့မှာ ပဲ။"
ဓားနှင့်အပ်ကြား တိုက်ပွဲတွင် သွေးပုံစံသံမဏိအပ်သည် သန့်စင်သော သံမဏိဓားကို ဖျက်ဆီးပစ်ခဲ့သည်။
ဟုန်ယွိသည် ယခုအခါ မိဘသဖွယ် ဖြစ်လာခဲ့ပြီ။ အိမ်မှာရှိသည့်အရာအားလုံးက တန်ဖိုးရှိသည်။ အဆိုပါ သံမဏိဓားကောင်းသည် ဈေးကွက်တွင် အနည်းဆုံး မြင်းတစ်ကောင်၏ တန်ဖိုးနှင့်ညီမျှသည်။ ဖျက်ဆီးခံရခြင်းက နှမြောစရာပင်။
"နင်…"
မုရုန်ယန်သည် ထိုစကားကိုကြားပြီးနောက် သူမ၏မျက်နှာက စိုးရိမ်ပူပန်သည့် အမူအရာ ဖြစ်ပေါ်လာသော်လည်း သူမသည် ငြိမ်သက်သွားပြီး ခေါင်းညိတ်လိုက်သည်။ "နင် ငါ့ဓားကို ရင်ဆိုင်တိုက်ခိုက်ဖို့ အပ်တစ်ချောင်းကို ဘာလို့ အသုံးပြုခဲ့လဲဆိုတာ ငါ အံ့ဩမိသွားပေ မယ့် အဲဒါက သွေးပုံစံသံမဏိလို အင်မော်တယ်သံမဏိဖြစ်နေမယ်လို့ ငါ မမျှော်လင့်ထား ဘူး...။ ဖန်ရှင်းတာအိုဂိုဏ်းကပဲ ဒီလိုသံမဏိမျိုးကို သန့်စင်ပေးနိုင်တယ်။ သန့်စင်တဲ့အခါ သွေးအနှစ်သာရတွေ အများကြီး ကုန်ဆုံးရတယ်.. နင် ဒီအပ်ကို ရောင်းချင်မလား ငါ မသိဘူး။ တကယ်လို့, နင် ဒီအပ်ကို ရောင်းချင်ရင်, ရွှေဒင်္ဂါးတသောင်း၊ စစ်မြင်းကောင်း အကောင်သုံးဆယ်၊ ကျွန်တစ်ရာ၊ သစ်သားလေးနှစ်ရာ၊ လင်းယုန်ငှက်မွှေးမြှား နှစ်ရာ၊ မဟုတ်ဘူး, ငါ သန့်စင်တဲ့ သံမဏိဆေဘာတစ်ရာနဲ့ မီးလျှံချပ်ဝတ်ဆယ်စုံကိုလည်း ထည့်ဆောင်းပေးချင်တယ်။”
တစ်ဖက်တွင်မူ မုရုန်ယန်သည် အမျိုးသမီးတစ်ဦးအဖြစ်မှ နှုတ်ရေးကြွယ်ဝသည့် ကုန်သည်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။ သူမသည် ပစ္စည်းအရေတွက်ကို ကမန်းကတန်း ပြောလိုက်သည်။
"ဘာ…”
မုရုန်ယန် မတ်တပ်ထရန် ရုန်းကန်နေပြီး ပစ္စည်းအရေတွက်ကို အမြန်ပြောနေသည်ကို မြင်လျှင် ဟုန်ယွိလည်း ရယ်ရမလား ငိုရမလား မသိတော့ပါချေ။
သူသည် မုရုန်ယန်ကို ထိတ်လန့်သွားစေရန် သွေးပုံစံသံမဏိအပ်ကို အသုံးပြုလိုခြင်းသာ ဖြစ်သည်။ ထိုမှသာ, သူမသည် နာခံမူရှိစွာဖြင့် ထူးဆန်းသော အခြားမည်သည့် အတွေးအမြင်မှ မရှိတော့ဘဲ၊ သူ့မေးခွန်းအချို့ကို ဖြေပေးနိုင်စေရန် ရည်ရွှယ်ခဲ့သည်။ တခြားတဖက်က သူ့ကို ဤမျှကြီးမားသော ဈေးနှုန်းဖြင့် ကမ်းလှမ်းခဲ့မည်ဟု သူ မမျှော်လင့်ခဲ့ပါဘူး။
“ရွှေဒင်္ဂါးတသောင်း၊ စစ်မြင်း၊ ကျွန်၊ လေး၊ မြှား၊ ဓား၊ သံချပ်ကာ၊ ယွန်မင်ရဲ့ မင်းမျိုးမင်းနွယ် တစ်ယောက်က မျှော်လင့်ထားသလိုပဲ။ သူတို့က ဒီလိုပုံစံနဲ့ စီးပွားရေးလုပ်ကြတာပဲ။” ဟုန်ယွိက ပြုံးပြီး "ဒါပေမယ့် သခင်မလေး မုရုန်၊ အခု မင်းက ကိုယ့်ကိုကိုယ်တောင် ပြန်မရွေးရသေးဘူးဆိုတာလည်း မမေ့နဲ့ဦး" ဟု ပြောလိုက်ပါသည်။
"ဒါဆို ငါ နောက်ထပ် ကျွန်ဆယ်ယောက် ထပ်ထည့်ပေးလိုက်မယ်။ နင် ငါ့ကို လွှတ်ပေးရင်, ငါ ယွန်မင်ကို ချက်ချင်း ပြန်ပြီး ကုန်သည်ကြီးတွေက တစ်ဆင့် နင်နဲ့ ကုန်သွယ်လိုက်မယ်။ နင် ဘယ်လိုထင်လဲ။” မုရုန်ယန်သည် ငွေကြေးအပေးအယူ ကိစ္စများကို ပြောပြီးသည်နှင့် သူမ၏မျက်နှာက မသိမသာ မောက်မာမှု အရိပ်အယောင်ကို ပြသနေခဲ့သည်။ “ဒါ့အပြင်, ဒီမုကလေးက မင်းရဲ့အစေအပါးပဲ၊ သူမကိုလည်း ငါ ဝယ်လို့ရတယ်။ နင် ဈေးနှုန်းခေါ် လိုက်ပါ။ ဥပမာ … နောက်ထပ် ရွှေဒင်္ဂါးတထောင်လောက် သုံးရမလား။ အိမ်ဖော်တစ်ရာ ဝယ်ဖို့ ဒင်္ဂါးတစ်ထောင်က လုံလောက်ပါတယ်။”
"အစ်ကိုယွိ။"
ထိုစကားကိုကြားတော့ မုကလေးက ဟုန်ယွိကို စိတ်အားထက်သန်စွာ ကြည့်ပြီး အော်ခေါ်လိုက်သည်။
“ဘယ်လိုလဲ" မုရုန်ယန်သည် သူမမျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ဟုန်ယွိကို ကြည့်နေသည်။ သူမကမ်းလှမ်းသော ဈေးနှုန်းသည် ရက်ရောလွန်းသည် ဟု သူမယုံကြည်သည်။ ဘယ်သူမှ မစဉ်းစားဘဲ နေမည်မဟုတ်ပေ။
"သေချာပါတယ်၊ မင်းက လူရိုင်းတစ်ယောက်ပဲ။" ဟုန်ယွိက ရုတ်တရက် စားပွဲကို ဖိပြီး မတ်တပ် ထရပ်ကာ "မင်းပြောနေတာက ကျွန်တွေနဲ့ လူကုန်ကူးမှုပဲ။ ငါတို့တော်ဝင်ချန်က ယဉ်ကျေးတဲ့နယ်မြေဖြစ်တယ်။ ငါက မင်းတို့ ယွန်မင်တွေလို လူရိုင်းတစ်ယောက်လို့ မင်း ထင်နေလား။
"နင်.. ငါကို လူရိုင်းလို့ ပြောတယ်ပေါ့၊"
မုရုန်ယန်သည် ထိုစကားကိုကြားသောအခါ သူမသည် ဒေါသအကြီးကျယ် ထွက်သွားပြီး အသက်ရှူသွင်းလိုက်သည်။ ယင်းကြောင့် သူမ၏ နောက်ကျောမှ မြှားဒဏ်ရာနှင့် သူမ၏ အဆုတ်ဒဏ်ရာကို ပြန်လည်ဖြစ်ပေါ်စေခဲ့သည်။ သူမ ပြင်းပြင်းထန်ထန် ချောင်းဆိုးသွား သည်။
“ကောင်းပြီ၊ ဒီအကြောင်း နောက်ထပ် မပြောနဲ့တော့၊ ငါက သွေးပုံစံသံမဏိအပ်ကို ရောင်းမှာ မဟုတ်ဘူး။ မုကလေးက ငါ့အစေခံဆိုပေမယ့် ငါတို့က မိသားစုပဲ။ သူမကို ဝယ်ယူဖို့နဲ့ပတ်သက်ပြီး မင်း ဘာမှ ပြောစရာမလိုဘူး။ မင်းက သူမကို အတင်းအဓမ္မ ခေါ်သွားချင်ရင် ငါ့ကို မယဉ်ကျေးတဲ့အတွက် အပြစ်မတင်နဲ့။ ငါ မင်းကို မေးခွန်းတချို့ပဲ မေးချင်တယ်။ ပြီးရင် မင်း ထွက်သွားနိုင်ပြီ။ မင်းရဲ့ ပြန်ရွေးမယ့်တန်ကြေးကို ငါ မလိုအပ် ဘူး။”
ဟုန်ယွိက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဘာလဲ မေးပါ" မုရုန်ယန်သည် သူမ၏ ငွေရောင်သွားများကို ကြိတ်လိုက်ပါသည်။
"ပထမဆုံးအနေနဲ့၊ မင်းက တော်ဝင်နည်းပြဆရာမယုဝမ် လူပြန်ဝင်စားသူကို ရှာဖို့အပြင် တော်ဝင်ချန်ကို လာရတဲ့ တခြားရည်ရွှယ်ချက် ရှိသေးလား။ ဒုတိယအနေနဲ့၊ တိုင်ရှန်တာအို ဂိုဏ်းအကြောင်း မင်း ဘယ်လောက်သိလဲ။ အကုန်ပြောပြပါ။”
"တော်ဝင်နည်းပြဆရာမ ယုဝမ်ရဲ့ လူပြန်ဝင်စားသူကို ရှာဖို့ကလွဲရင်, တော်ဝင်ချန်ကို လာရတဲ့ တခြားရည်ရွှယ်ချက် ငါ့မှာ မရှိဘူး။" မူရုန်ယန်၏ မျက်လုံးများ လှုပ်ရှားသွားပါ သည်။ "တိုင်ရှန်တာအိုဂိုဏ်းနဲ့ ပတ်သက်လို့တော့ ငါတို့ ဆန်းကြယ်ကောင်ကင်ဘုံခန်းမက သိပ်အများကြီး မသိဘူး။ သူတို့မှာ လျှို့ဝှက်ဆန်းကြယ်ပြီး တာအိုဘုရားကျောင်းမျိုးလည်း မရှိဘူး။ ဒါ့အပြင်, သူတို့မှာ တပည့်တွေ အများကြီးလည်း မရှိဘူး။ ဂိုဏ်းခေါင်းဆောင်၊ သူတော်စင်မိန်းမပျိုတစ်ပါးနဲ့ သက်ကြီးရွယ်အို သုံးယောက်ပဲ ရှိတယ်။ တိုင်ရှန်တာအိုဂိုဏ်း က တစ်ကြိမ်မှာ တပည့်နှစ်ယောက်ကိုပဲ လက်ခံတယ်လို့ ကောလဟာလတွေ ရှိတယ်။ ဂိုဏ်းခေါင်းဆောင်က မိုနိုဂါတာရီ ဖြစ်တယ်။ ဟိုတုန်းက သူ့ညီမ မန်ပိုင်ယွန်က သူတော်စင်မိန်းမပျို တစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ ဒါပေမယ့် သူ့ညီမက တစ်စုံတစ်ဦးနဲ့ လက်ထပ်ခဲ့ပြီး၊ ချစ်ခြင်းမေတ္တာအပေါ် အာရုံစိုက်မိတဲ့အတွက် တိုင်ရှန်တာအိုရဲ့ နည်းပညာ ကို ချိုးဖျက်ခဲ့တယ်။ သူမရဲ့ကျင့်ကြံမူလည်း ပျက်စီးပျောက်ကွယ်သွားခဲ့တယ်။ လက်ရှိ သူတော်စင်မိန်းမပျိုက ဆုမူလို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးပဲ။ ကောင်းပြီ၊ ဒါ ငါသိတာ အကုန်ပဲ။”
“တကယ်ကို... ငါ့အမေက တိုင်ရှန်တာအိုဂိုဏ်းကပဲ။ ကျောက်ဟန်က မလိမ်ခဲ့ဘူးပဲ။ ငါ့အမေက တိုင်ရှန်တာအိုဂိုဏ်းရဲ့ သူတော်စင်မိန်းမပျိုတစ်ဦး ဖြစ်နေဖို့ ငါ မမျှော်လင့်ထား ဘူး။ ဆုမူက တိုင်ရှန်တာအိုဂိုဏ်းရဲ့ လက်ရှိ သူတော်စင်မိန်းမပျိုလို့ ငါ မှန်းထားပြီးသာ။"
ဟုန်ယွိသည် မုရုန်ယန်၏ စကားကို ကြားလိုက်သောအခါ၊ သူသည် ခံစားမူ အတော်လေး ကောင်းလာသည်။
"နင့်မှာ တခြားမေးခွန်းတွေရှိလား" မုရုန်ယန်က ပြန်ဖြေပြီးနောက် ခေါင်းကို မော့လိုက် သည်။
"မင်း ပုံဆွဲနည်းသိလား" ဟုန်ယွိ ရုတ်တရက် မေးလိုက်သည်။
"သေချာပေါက် ငါ သိတယ်။ ငါငယ်ငယ်ကတည်းက စာကောင်းကောင်း ဖတ်တယ်။ ပညာရပ်လေးခုကို ကျွမ်းကျင်တယ်။" မုရုန်ယန်က ဟုန်ယွိကို လေးနက်သော အမူအရာ ဖြင့် ကြည့်လိုက်ပါသည်။
ဟုန်ယွိသည် မုရုန်ယန်၏ မျက်နှာပေါ်ရှိ အမူအရာကို လျစ်လျူရှုပြီး ဆက်ပြောသည် "မင်းတို့ဆန်းကြယ်ကောင်ကင်ဘုံခန်းမရဲ့ တာအိုပညာရပ်က တာအိုသခင်ရွှမ်တျန်းကို ကိုးကွယ်ခြင်း ဖြစ်တယ်။ ငါ တာအိုကျမ်းကို ဖတ်ဖူးတယ်။ တာအိုသခင်ရွှမ်တျန်းက ကမ္ဘာကြီးမတည်ခင်, အမှောင်ထုကြီးကနေ ဖြစ်ပေါ်လာခဲ့တာ။ ဒီတာအိုသခင်ရဲ့ ရုပ်ထုကို ငါ့အတွက် ရေးဆွဲပေးနိုင်မလားလို့ ငါ သိချင်မိတယ်။ တကယ်လို့, မင်း ရေးဆွဲပြီးရင်, ငါ မင်းကို ချက်ချင်း လွှတ်ပေးလိုက်မယ်။ မင်းအတွက် ခက်ခဲတဲ့အရာတွေ ငါလုပ်မှာ မဟုတ်ဘူး။”
"နင် ငါတို့ ဆန်းကြယ်ကောင်ကင်ဘုံခန်းမရဲ့ တာအိုပညာတွေကို စူးစမ်းဖို့ ကြိုးစားနေတာ လား။ ငါတို့ဆန်းကြယ်ကောင်ကင်ဘုံခန်းမရဲ့ တာအိုပညာရပ်တွေက သီးခြား တားမြစ် ထားတဲ့ ပညာရပ်တွေဖြစ်တယ်။ အခု, နင် ငါ့ကို အတင်းကြပ် ပြောခိုင်းပြီး သတ်ပစ်လိုက် ရင်တောင်, ငါတို့ခန်းမသခင် စေလွှတ်လိုက်တဲ့ ကျွမ်းကျင်သူတွေက နင့်ကို သေချာပေါက် အမဲလိုက်ကြလိမ့်မယ်။” မုရုန်ယန်သည် ဟုန်ယွိပြောသည့် ပထမဆုံး အကြောင်းအရာကို ကြားတော့ သူမ အံ့ဩသွားပါသည်။ "ဒါ့အပြင်၊ တာအိုသခင်ရွှမ်တျန်းက ငါ နားမလည်နိုင် လောက်အောင် မြင့်မားလွန်းတယ်။ အဲဒီရုပ်ထုကို ပုံရိပ်ဖော် မြင်ယောင်ကြည့်ဖို့ ငါ့မှာ အရည်အချင်း မရှိဘူး။ ငါက တစ္ဆေအင်မော်တယ်တစ်ပါး မဖြစ်သေးခင်, ငါက တာအို သခင်ရွှမ်တျန်းကို မြင်ယောင်ပြီး ကျင့်ကြံနိုင်မှာ မဟုတ်ဘူး။ မဟုတ်ရင် ချီဖောက်လွဲ ဖောက်ပြန်မူကို ခံစားနေရလိမ့်မယ်၊ ငါ့စိတ်ဝိညာဉ်က ထာဝရ အမှောင်ထုထဲ ကျရောက် သွားလိမ့်မယ်။ အခု ငါတို့ ကိုးကွယ်နေတဲ့ တာအိုသခင်က အောက်မေ့ဖွယ် ကမ္ဗည်း ကျောက်ပြားတစ်ချပ်ပဲ။ ရုပ်ပုံအစစ် မရှိဘူး။”
"အိုး.." ဟုန်ယွိက သတိထားကြည့်နေသည်။ "ရုပ်ပုံအစစ် မဟုတ်ဘူး။ အောက်မေ့ဖွယ် ကမ္ဗည်းကျောက်ပြား တစ်ချပ်ပဲရှိတာလား။ ဆိုလိုတာက ဆန်းကြယ် ကောင်ကင်ဘုံခန်းမ ရဲ့ တာအိုသခင်ရွှမ်တျန်းဟာ အမိတ္တဗုဒ္ဓလို ရုပ်ထုမရှိဘူး။ အဲဒါကို ကိုးကွယ်လို့မရဘူးပေါ့။"
ဟုန်ယွိသည် တာအိုကျမ်းများနှင့် ရင်းနှီးပါသည်။ ယွန်မင်အင်ပါယာ၏ လျှို့ဝှက် ဆန်းကြယ်ကောင်းကင်စံအိမ်သည် တာအိုသခင်ရွှမ်တျန်းအား ကိုးကွယ်ကြောင်း သူ သိထားသည်။ တာအိုသခင်ရွှမ်တျန်းသည် မူလကမ္ဘာကြီးမဖွင့်ခင် ဤစကြဝဠာကြီး မတိုင်မီက အမှောင်ထု ဖြစ်ပါသည်။
တာအိုသခင်ရွှမ်တျန်းကို ပုံရိပ်ဖော် မြင်ယောင်ပြီး တာအိုနည်းစနစ်များကို ကျင့်ကြံသူများ သည် အမှောင်ထု၏အနှစ်သာရကို နားလည်လာမည် ဖြစ်ပါသည်။
ဤသည်မှာ ဗုဒ္ဓဘာသာဝင်တို့၏ ရဟန္တာသီလအမြင်ကို ကျင့်ကြံခြင်းနှင့် ဆင်တူပါသည်။ စိတ်ဝိညာဉ်ကို ရဟန္တာ၏တည်ကြည်မူနှင့် ဘုန်းတန်ခိုးအာနု ဘော်ကို ကျင့်ကြံပေးနိုင်ပါ သည်။
ဗောဓိသတ္တ ပုံရိပ်ဖော် ကျင့်ကြံခြင်းသည်လည်း နည်းတူပင်။ စိတ်ဝိညာဉ်သည် ဘုရားလောင်း၏ ကရုဏာ၊ ဉာဏ်ပညာနှင့် ဆုံးဖြတ်ချက် ပြတ်သားမူတို့ကို ကျင့်ကြံနိုင်ပါသည်။
ဖန်ရှင်းတာအိုဂိုဏ်း၏ မူလယန်တာအိုသခင်ကို ကျင့်ကြံခြင်းသည်လည်း ထို့အတူပင် ဖြစ်ပါသည်။ စိတ်ဝိညာဉ်သည် မူလယန်တာအိုသခင်ကို ပြုစုပျိုးထောင်နိုင်ပါသည်။ ၎င်းသည် ကောင်းကင်နှင့်မြေကြီးကို ပိုင်းခြားပြီး၊ မိုးကြိုးနှင့်လျှပ်စီးတို့၏ အနှစ်သာရကို ပြောင်းလဲစေနိုင်သည်။ ဤစိတ်ဝိညာဉ်မျိုးသည် ကြီးမားသော တန်ခိုးစွမ်းအားကို ပိုင်ဆိုင် နိုင်ပါသည်။
တိုင်ရှန်တာအိုသခင်ကို ကျင့်ကြံခြင်းလည်း နည်းတူပင်။ စိတ်ဝိညာဉ်သည် တိုင်ရှန်တာအို သခင်ကို ဆောင်ကြည်းပေးနိုင်သည်။ ကမ္ဘာပေါ်ရှိ အရာခပ်သိမ်းကို ယဇ်ပူဇော်ခြင်းအဖြစ် ရူမြင်သည်။ ၎င်းသည် ဖန်ဆင်းရှင်အထက်တွင် ရှိပြီး၊ တိုင်ရှန်တာအို၏ ထူးခြားသော သဘာဝဖြစ်ပါသည်။ ထိုကဲ့သို့ စိတ်ဝိညာဉ်မျိုးက မှန်းဆ၍ မရပါဘူး။ ၎င်းသည် နတ်ဘုရားတို့၏နတ်ဘုရား(ဘုရင်)၊ တာအိုတို့၏တာအို(ဘုရင်) ဖြစ်ပါသည်။
ဟုန်ယွိသည် အမိတ္တဘသုတ္တန်ကို ပြုစုပျိုးထောင်ခဲ့သည်။ သူ့စိတ်ဝိညာဉ်သည် အမိတ္တဘ ဗုဒ္ဓ၏ ဇာတိရုပ်အသွင်ကို ဆောင်ကြည်းနိုင်၏။ ၎င်းတွင် အတိုင်းတာမဲ့ သက်တမ်း ရှိသည်။ ထို့ကြောင့် သူ့စိတ်ဝိညာဉ်သည် အလွန်လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာနိုင်ပါသည်။
ဟုန်ယွိသည် ဤအခြေခံမူများကို နက်နက်နဲနဲ နားလည်ထားသည်။ တာအိုပညာများကို ပြုစုပျိုးထောင်ခြင်းနှင့် တာအိုသခင်များ၏ ရုပ်ပုံများကို မြင်ယောင်ခြင်းမှာ ၎င်းတို့၏ အသွင်အပြင်ကို အတုယူခြင်းမျှသာ ဖြစ်သည်။ အမှန်တကယ်က တာအိုသခင်တို့၏ ရုပ်ပုံများကို ကိုယ်စားပြုသည့် ဝိညာဉ်နှင့် အနှစ်သာရကို နားလည်ဆင်ခြင်ခြင်းပင် ဖြစ်ပါသည်။
သီးသန့်တာအို ပညာရပ်များအတွက်မူ၊ ၎င်းတို့အားလုံးသည် အသေးစား ပညာရပ်များသာ ဖြစ်ကြပါသည်။
အသေးစား ပညာရပ်တွေ အများပြား ရှိခဲ့ပါသည်။ သင်ယူရန်အတွက် အရမ်းကို များပြားလွန်းပါသည်။ ဟုန်ယွိသည် သဘာဝအားဖြင့် မရှိမဖြစ် လိုအပ်ချက်များကို လျစ်လျူရှုထားမည် မဟုတ်ပေ။
ယခု သူသည် မုရုန်ယန်ကို တာအိုသခင်ရွှမ်တျန်း၏ ပုံတူကို ရေးဆွဲစေလိုပြီး၊ ဆန်းကြယ် ကောင်ကင်ဘုံခန်းမ၏ အမှောင်ထု၏ အနှစ်သာရကို သဘာဝအတိုင်း နားလည်ဆင်ခြင်လို ၍ ဖြစ်ပါသည်။
အမိတ္တဘဗုဒ္ဓသည် အတိုင်းအဆမရှိသော သက်တမ်းနှင့် အတိုင်းအဆမရှိသော အလင်းရောင်ကို ပိုင်ဆိုင်ပါသည်။ ၎င်းသည် တာအိုသခင်ရွှမ်တျန်းနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ တာအိုသခင်ရွှမ်တျန်း၏ အနှစ်သာရကို သူ နားလည်ပါက၊ အမိတ္တဘသုတ္တန်ကို ရှာဖွေဖော်ထုတ်ရာမှာ ဟုန်ယွိအတွက် အလွန်အကျိုးရှိမည် ဖြစ်သည်။
သူမေးလိုသည့် မေးခွန်းတွေ မည်မျှပင် များပြားနေပါစေ, သူသည် သူမ ပုံဖော်နိုင်သည့် တာအိုနတ်ဘုရားကို ရေးဆွဲခိုင်းမျိုး မုရုန်ယန်ကို တိုက်ရိုက် မမေးမြန်းခဲ့ပါဘူး။