အခန်း (၈၀-၈၂)
Vol. 6 Ch. 80-82
အခန်း (၈ဝ)။
"ငါက တာအိုသခင်ရွှမ်တျန်းရဲ့ မဟူရာကောင်းကင်နတ်ဆိုးရဲ့ တပည့်ပဲ။ သူက အမှောင်ထု နဲ့ စိတ်ရှုပ်ထွေးမူကို ထိန်းချုပ်တယ်။ ဒါပေမယ့် ငါ နင့်ကို မပြောဘူးလို့တော့ အပြစ်မတင် နဲ့။ တကယ်လို့, နင် ငါတို့ရဲ့ တာအိုနည်းစနစ်တွေကို ကြည့်ပြီး ရူးသွားမယ်ဆိုရင် ဒါက ငါ့ကိစ္စ မဟုတ်တော့ဘူးနော်" မူရွှန်ယန်က ဝါးကုတင်ပေါ်မှ ထရပ်လိုက်၏။ သူမ၏ မျက်လုံးများကို တဖျပ်ဖျပ် ပုတ်ခတ်ရင်း သူမ၏ နှုတ်ခမ်းထောင့်များက အပြုံးမပျက် ကွေးညွတ်သွားပါသည်။
"မင်းက သိပ်ရက်စက်တတ်သူ မဟုတ်ဘူးပဲ။ ငါ့ကို သတိပေးဖို့တောင် ကြင်နာနေတယ်။"
ဟုန်ယွိက ပြုံးလိုက်သည်။ "ငါက မင်းရဲ့ တာအိုပညာရပ်တွေကို လျှို့ဝှက်မကြည့်ဘူး။ ငါက တစ်ခုနဲ့တစ်ခု လေ့လာချင်ရုံပဲ။ ဒါ့အပြင်, တကယ်လို့, ငါသာ ပန်းချီကားတစ်ချပ်ကနေ တာအိုပညာရပ်ရဲ့ အနှစ်သာရကို မြင်နိုင်ခဲ့ရင်, ငါက သူတော်စင်တစ်ပါး ဖြစ်နေမှာပေါ့။ ငါက ကျမ်းဂန်တွေကို ပြောပြဖို့ မင်းကို မတောင်းဆိုပါဘူး။”
"ကောင်းပြီလေ"
မူရုန်ယန်က ခေါင်းညိတ်လိုက်သည်။ "နင် ရူးသွပ်သွားမှာကို မကြောက်ဘူးဆိုမှတော့ ငါ နင့်အတွက် ဆွဲပေးမယ်။ တာအိုပညာရပ်မရှိရင် ပန်းချီကားက အသုံးမဝင်ဘူး။"
သူမသည် အခန်းထဲသို့ ဝင်သွားပြီး စာရွက်ကိုထုတ်ကာ မှင်ကို သွေးလိုက်သည်။ မုရုန်ယန် သည် ထိုင်နေသော်လည်း သူမသည် အလျင်စလို ရေးဆွဲခြင်း မရှိခဲ့ပေ။ သူမ၏လက်များကို သူမ၏ရင်ဘတ်ရှေ့တွင် ခေါက်ထားပြီး တာအိုပညာရပ်တံဆိပ်ကို ပြုလုပ်လိုက်ပါသည်။ သူမသည် ကျမ်းဂန်များကို ရွတ်ဆိုနေစဉ် သူမ၏အမူအရာမှာ လေးနက်နေ၏။ အချိန် အတော်ကြာပြီးနောက် သူမသည် စုတ်တံကို ကောက်ယူပြီး နှင်းဖြူစက္ကူပေါ်တွင် စတင် ရေးဆွဲခဲ့သည်။
ဟုန်ယွိသည် ဘေးမှကြည့်ကာ ခေါင်းညိတ်နေသည်။
"သူမရဲ့စုတ်ချက်တွေက သိမ်မွေ့ပြီး လေးနက်တယ်။ ယွန်မင်တွေက လူရိုင်းတွေနဲ့ တူပေမယ့်, သူမကတော့ အရမ်းယဉ်ကျေးပြီး ပညာတတ်တယ်။ အနည်းဆုံးတော့, ငါ ဒီအချက်ကို မင်းမျိုးမင်းနွယ်ဝင် မုရုန်ယန်ဆီကနေ တွေ့မြင်နိုင်တယ်။"
မုရုန်ယန်သည် သူမ၏ ခါတိုင်းလို အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းတွင် ဖဲကြိုးတစ်ချောင်း ချည်နှောင်ထားသည်။ သူမနှင့်ပတ်သက်ပြီး၊ ထူးခြားဆန်းပြားသော အငွေ့အသက်တစ်ခု ရှိနေပါသည်။
သို့သော် လွင်ပြင်ဒေသများမှ အမျိုးသမီးအများစုသည် ကြမ်းတမ်းကြပြီး၊ အမျိုးသမီး အနည်းငယ်သာ သိမ်မွေ့ကြပါသည်။ သို့သော် မုရုန်ယန်သည် မင်းမျိုးမင်းနွယ်ဝင် တစ်ဦး ဖြစ်ပြီး မင်းသမီးတစ်ပါးကဲ့သို့ နေထိုင်ခဲ့ရသည်။ သူမသည် ဖြူစင်သော အသားအရေ၊ လခြမ်းပုံသဏ္ဍာန် မျက်ခုံးမွှေး၊ ဘဲဥပုံ မျက်နှာ၊ ဗာဒံစေ့မျက်လုံးနှင့် မက်မွန်သီးသဖွယ် ပါးပြင်ကို ပိုင်ဆိုင်ထားပါသည်။ သူမတွင် ချမ်းသာသောမိသားစုမှ အမျိုးသမီးတစ်ဦး၏ အငွေ့အသက်ကို ပိုင်ဆိုင်ထားသော်လည်း သူမနှင့်ပတ်သက်သော သူရဲကောင်းဆန်သော အငွေ့အသက်တစ်ခု ရှိနေသည်။ သူမသည် နူးညံ့သိမ်မွေ့သော တော်ဝင်ချန် အမျိုးသမီး များနှင့် မတူပေ။
ဟုန်ယွိ၏ မျက်လုံးထဲတွင် မုရုန်ယန်သည် ဟုန်ရွှေ့ကျောင်းနှင့် ဆင်တူသော်လည်း သူမသည် ပို၍ လျှို့ဝှက်ဆန်းကြယ်ပြီး ပြေပြစ်သော စိတ်ထားရှိ သည်။ ဤအရာက တာအို ပညာရပ်ကို ပြုစုပျိုးထောင်ခြင်း၏ ရလာဒ် ဖြစ်ပါသည်။
သို့သော်, ဟုန်ယွိကတော့ ဤအရာတွေကို သိပ်ဂရုမစိုက်ပါဘူး။ သူ့မျက်လုံးများက စုတ်တံ၏ ဦးတည်ရာကို စိုက်ကြည့်နေသည်။
အသက်ရူအကြိမ်ပေါင်း ရာဂဏန်းကြာပြီးနောက်၊ ထွားကြိုင်းသန်မာပြီး၊ လက်ခြောက် ဖက်, ခေါင်းသုံးလုံးပါ နတ်ဘုရားရုပ်တု၏ ကောက်ကြောင်းများ က နှင်းဖြူ စက္ကူပေါ်တွင် တဖြည်းဖြည်း ရုပ်လုံးပေါ်လာပါသည်။ လက်ခြောက်ဖက်က လက်ဟန်အနေထား ပြုလုပ် နေချိန်မှာ နတ်ဘုရားရုပ်ထု၏ ဦးခေါင်းသုံးလုံးသည် ရက်စက်ခြင်း, လျှို့ဝှက် ဆန်းကြယ်ခြင်း, ရွှံမုန်းစရာကောင်းခြင်း အပြုံးများရှိနေပါသည်။ လက်ချောင်းအချို့ကို ဖြန့်ထုတ်ထားပြီး လက်သည်းအချို့က တစ်စုံတစ်ခုကို ချိတ်ဆွဲထားသည့်ပုံပေါ်နေသည်။ ၎င်းပုံစံသည်... အလွန်မင်း ကြောက်စရာကောင်းလွန်းပြီး စိတ်ဝိညာဉ်ကို မွှေနောက်နိုင် သည့်အရာတစ်ခု ဖြစ်နေသည်။
သူ့နောက်တွင် မှင်လိုင်းခပ်ထူထူဖြင့် နတ်ဆိုးနတ်ဘုရားအတွက် မှောင်မိုက်နေသော နောက်ခံကို ထည့်သွင်းထားသည်။ ၎င်းသည် နတ်ဆိုးနတ်ဘုရား အား အကန့်အသတ်မဲ့ အမှောင်ထုထဲမှ ထွက်ခွာပြီး အလင်းကမ္ဘာထဲသို့ ဝင်ရောက်လာသည့်ပုံစံ ဖြစ်ပါသည်။ ထို့နောက် သူသည် အလင်းကမ္ဘာကြီးကို အကန့်အသတ်မဲ့ အမှောင်ထုအဖြစ် ပြောင်းလဲ ပစ်ချင်ခဲ့သည်။
"ကောင်းလိုက်တဲ့ ပန်းချီပညာရပ်" ဟုန်ယွိသည် ပန်းချီကားပေါင်း များစွာကို မြင်ဖူးပါ သည်။ အမိတ္တဘသုတ္တန်ကို မြင်ဖူးသလို လင်ဟွမ်စာကြည့်တိုက် ထဲတွင် သူ့မျက်လုံးများကို အလွယ်တကူ သတိထားမိစေသည့် ဇီးပန်းပွင့်ပန်းချီကို မြင်ခဲ့ဖူးသော်လည်း မုရုန်ယန်၏ ပန်းချီစွမ်းရည်ကို မချီးမွှမ်းဘဲ မနေနိုင်ခဲ့ပေ။
"နင် ငါ့ကို မြှောက်ပြောနေတာပါ။" မုရုန်ယန်သည် သူမ၏စုတ်တံကို ချလိုက်ပြီး နှင်းဖြူ စက္ကူပေါ်တွင် နတ်ဆိုးနတ်ဘုရားကို ကြည့်လိုက်သည်။ သူမသည် စိတ်ကျေနပ်ပုံ မပေါ်ဘဲ ခေါင်းယမ်းလိုက်မိသည်။ "ငါ့ပန်းချီကားက မကောင်းဘူး။ ငါတို့ မဟူရာနတ်ဆိုးခန်းမရဲ့ မဟူရာကောင်းကင် နတ်ဆိုးနတ်ဘုရားကမှ သူ့အနှစ်သာရရဲ့ သရုပ်မှန်အစစ်ပဲ။ ဒါကို နင် ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ဘူး။ အဲဒါကမှ လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကို အမှန်တကယ် ချိတ်ဆွဲနိုင်ပြီး၊ လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကို ခြောက်လှန်းအောင် လုပ်နိုင်တယ်လို့ ဆိုလိုတာပဲ။ သာမန်လူတွေက အဲဒါကို ကြည့်လိုက်ချိန်မှာ, သူတို့ရဲ့ အသိဉာဏ်ထဲကနေ ကြောက်လန့်သွားပြီး၊ သူတို့ရဲ့စိတ်ဝိညာဉ်တွေဟာ ထာဝရ အမှောင်ထုကနေ ပြန်မနိုးထလာနိုင်တော့ဘူး။"
"ဒီပန်းချီကားက မင်းရဲ့ ကျင့်ကြံမှုအဆင့်ကို ဖော်ပြဖို့ လုံလောက်ပါတယ်။" ဟုန်ယွိက ခေါင်းညိတ်လိုက်သည်။ "မင်းရဲ့ကျင့်ကြံမှု ပိုမြင့်မားခဲ့ရင် မင်းရေးဆွဲတဲ့ ဆွဲဆောင်မှုက လည်း ပိုမှန်လာသင့်ပါတယ်။"
ဤပုံတူပန်းချီကားသည် ကျင့်ကြံခြင်းအတွက် လျှို့ဝှက်ကျမ်းတစ်ခုဖြစ်ကြောင်း သဘာဝ အတိုင်း သူသိသော်လည်း၊ ၎င်းကို အကြမ်းထည် လျှို့ဝှက်ကျမ်းအဖြစ်သာ ယူဆနိုင်ပါ သည်။ ၎င်းသည် မဟူရာကောင်းကင်နတ်ဆိုးနတ်ဘုရား၏ ကျက်သရေကို အပြည့်အဝ ဖော်ပြနိုင်ခြင်းမရှိသလို၊ ပြီးပြည့်စုံလည်း မရှိပေ။ ၎င်းပန်းချီကားသည် အမြင်အာရုံ ပုံဖော်ရန်အတွက် အသုံးချနိုင်လျှင်ပင်, အကယ်၍, ၎င်းကို လေးလေးနက်နက် ကျင့်ကြံပါ က ရူးသွပ်သွားပေလိမ့်မည်။
သို့သော် ဟုန်ယွိက ၎င်းကို ကျင့်ကြံရန် မရည်ရွယ်ခဲ့ပေ။ သူသည် ၎င်းကို အကိုးအကား အဖြစ် အသုံးပြုချင်ရုံသာ ဖြစ်ပါသည်။
"မင်း အခု သွားလို့ရပြီ။" ဟုန်ယွိက မုရုန်ယန်၏ မေးခွန်းကို မဖြေခဲ့ပါဘူး။ ယင်းအစား, သူက သူ့လက်ကို ဝှေ့ယမ်းပြလိုက်ပါသည်။ "မင်းရဲ့ အဆောင်တွေ,၊ သေတ္တာထဲက ရွှေအမြုတေတွေနဲ့ ရွှေငွေစက္ကူတွေကို မင်းဆီ ပြန်ပေးလို့ရတယ်။ ဒါပေမယ့် မင်းရဲ့ ပျံသန်းနိုင်တဲ့ ဓားကတော့ မုကလေးကို လျော်ကြေးပေးရမယ်။"
"ဘာလို့ မထွက်သွားသေးတာလဲ"
မုရုန်ယန်က သူ့ကို ထူးထူးခြားခြား ကြည့်နေသည်ကို မြင်တော့ ဟုန်ယွိ မျက်မှောင်ကြုတ် သည်။
"နင် ငါ့ကို တကယ်လွှတ်လိုက်တာလား။ မင်းက ငါ့ရွှေအမြုတေနဲ့ အဆောင်တွေကိုတောင် ပြန်ပေးမှာလား။ ငါပြန်ကောင်းလာပြီးရင် မင်းကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှာကို နင် မကြောက်ဘူးလား။ ဒါမှမဟုတ် ငါ တခြားလူတွေနဲ့ လက်တွဲပြီး နင့်ကို သတ်ပစ်လို့ ရတယ် လေ။ နင့်ရဲ့သွေးပုံစံသံမဏိထိုးအပ်ကို လုယူလို့ ရတယ်မဟုတ်လား။ ပြီးရင် မုကလေးကို ခေါ်သွားလို့ရပြီ မဟုတ်လား" မုရုန်ယန်သည် ဟုန်ယွိ၏အမူအရာကို စိုက်ကြည့်ရင်း သူမ၏နဖူးကို လက်ညိုးဖြင့် ထိလိုက်ပါသည်။
“ဟုတ်ပါတယ်, ငါ လွဲမှားကောင်းလွဲမှားနိုင်ပါတယ်။ ဒါပေမယ့် မင်းကို ငါ မသတ်ချင်ဘူး။ ငါက ငါ့စကားကို တည်တဲ့လူဖြစ်ပြီး၊ စိတ်သဘောထား ပြောင်းလဲမြန်တဲ့လူလည်း မဟုတ် ဘူး။ သဘောတူညီချက်တစ်ခု ပြုလုပ်ပြီဆိုမှတော့ သဘာဝအတိုင်း ငါက ပြန်ရုပ်သိမ်းမှာ မဟုတ်ဘူး။ မင်းကို လွှတ်ပေးဖို့ ငါ ဟန်ဆောင်ပြောခဲ့တယ်လို့ မင်း ထင်နေတာလား။ မင်းကို တိတ်တိတ်လေး သတ်ပစ်ဖို့အတွက် ငါက မင်းကို အပေါ်ယံမှာ လွှတ်ပေးလိုက် တယ်လို့ မင်း ထင်နေတာလား။" ဟုန်ယွိက ရယ်မောပြီး ခေါင်းယမ်းလိုက်ပါသည်။ "မင်းက မင်းလိုလူရိုင်းတစ်ယောက်ရဲ့ ပေတံနဲ့ လူကြီးလူကောင်း တစ်ယောက်ရဲ့ စိတ်နှလုံးသားကို တိုင်းတာနေတာပဲ။”
"နင်က သဘောတူညီချက်အတိုင်း လိုက်နာပြီဆိုမှတော့, ယွန်မင်နိုင်ငံ မြို့စားရဲ့ သမီးဖြစ် တဲ့ ငါက ဒီလိုစက်ဆုပ်ဖွယ်ကောင်းတဲ့ လုပ်ရပ်မျိုး မလုပ်ဘူးဆိုတာ နင် စိတ်ချနိုင်တယ်။ ဒါပေမယ့် ငါပြောခဲ့တဲ့အရောင်းအဝယ်ကို နင် စဉ်းစားရမယ်။ ငါ့မှာ အဆောင်ငါးခု၊ ရွှေအမြုတေ ငါးခုနဲ့ ရွှေဒင်္ဂါးတစ်ရာတန်ဖိုးရှိတဲ့ ရွှေငွေစက္ကူတစ်ခု ရှိတယ်။ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့အတွက် အဆောင်သုံးခုနဲ့ ရွှေအမြုတေ သုံးခုကို ငါ ယူထားလိုက်မယ်။ တခြားအရာတွေကိုတော့ အပ်ငွေအဖြစ် ထားခဲ့လိုက်ပါ့မယ်။ မင်းစိတ်ထဲမှတ်ထားရမှာက ကျောက်စိမ်းမြို့တော်မှာရှိတဲ့ ရတနာအိမ်ကိုသွားပြီး ဖန်းတိုင်ဆိုတဲ့ ဆိုင်ရှင်ကို ရှာလိုက် ပါ။ သူက ငါ့သတင်းပေးသူပဲ။ တကယ်လို့, နင် သေချာတွေးပြီး မရောင်းချင်ရင်, သုံးရက်လောက်ကြာတဲ့အခါ ရတနာအိမ်မှာ ပစ္စည်းတွေ ပြန်ပေးလို့ရတယ်။”
ထိုသို့ပြောပြီးနောက် မုရုန်ယန်သည် လက်ညိုးထိုးကာ ပစ္စည်းများယူပြီး၊ ခြံဝင်းထဲမှ ထွက်သွားခဲ့သည်။
မုရုန်ယန် ထွက်သွားသည်ကိုမြင်တော့ ဟုန်ယွိသည် ပလိပ်ရောဂါသည်တစ်ဦးကို လွှတ်လိုက်သလိုမျိုး သက်ပြင်းချလိုက်ပါသည်။ ဤအမျိုးသမီး ရောက်ရှိနေခြင်းက အနည်းငယ် ဒုက္ခဖြစ်ခဲ့ပါသည်။ သူမ၏ခိုးဝင် တိုက်ခိုက်လာမူအတွက် စိတ်ပူနေရရုံ သာမ က, သူမကို မသတ်နိုင်သလို ထောင်ထဲလည်း မပို့နိုင်ခဲ့ပေ။ အခုတော့, သူမဘာသာသူ ထွက်ခွာသွားခဲ့ပြီ။ ဤအရာက အကောင်းဆုံး ဖြစ်သွားနိုင်ချေ ရှိပါသည်။
စားပွဲပေါ်ရှိ မဟူရာကောင်းကင်နတ်ဆိုးနတ်ဘုရား၏ ပုံတူကို ကြည့်လိုက်တော့ ဟုန်ယွိ သည် အမိတ္တဘသုတ္တန်ထဲမှ ယာကရှာနတ်ဆိုးဘုရင်, ရှက်ချာဆာနတ်ဆိုးဘုရင်တို့ကို မြင်ယောင်မိပါသည်။ သူသည် ထိုနတ်ဆိုးနတ်ဘုရားများနှင့် မဟူရာကောင်းကင်နတ်ဆိုး နတ်ဘုရားအကြား ခြားနားချက်ကို ရှာဖွေရန် ကြိုးစားကြည့်ခဲ့သည်။
ထို့နောက် ဟုန်ယွိသည် မုရုန်ယန် ချန်ထားခဲ့သော "အပ်ငွေ" ကို ထုတ်ယူလိုက်သည်။ သေတ္တာတစ်လုံးတွင် ယမ်းနံ့များ ပြည့်နှက်နေသော အဆောင်နှစ်ခု ရှိသည်။ ပေါက်ကွဲ မီးလျှံနတ်ဘုရား အဆောင်ဓားကဲ့သို့ပင်၊ ၎င်းတို့အားလုံးသည် မီးတောက်ပုံ သဏ္ဍာန် မှော်သင်္ကေတများ ပါရှိကြသည်။
"ရွှေအမြုတေ" နှစ်ခုသည် တောက်ပစွာ လင်းလက်နေပြီး ပုံမှန်ထက် လေးလံနေသည်။ မျက်နှာပြင်သည် ရွှေငွေ၊ အနက်ရောင် မျဉ်းများရှိသည်။
ဤသည်မှာ တာအိုပညာရပ်တွင် ရှားပါးသော "အသွင်ပြောင်းခြင်း၏ရွှေအမြုတေ" ဖြစ်ကြောင်း ဟုန်ယွိ သိသည်။ စိတ်ဝိဉာဉ်ကို ရုပ်လုံးဖော်ခြင်း အဆင့်အထိ ကျင့်ကြံပြီး နောက်၊ ၎င်းကို မီးလျှံအဆောင်ဖြင့် အရည်ကျိုပြီး ခဲပြဒါးအငွေ့များ လွင့်တက်လာမည် ဖြစ်သည်။ စိတ်ဝိညာဉ်သည် ၎င်းနှင့် ချည်တွယ်လိုက်သည်နှင့်, ၎င်းသည် အလွန်မင်း အစွမ်းထက်ပြီး မပျက်ဆီးနိုင်သည့် ၎င်း၏မူလပုံစံကို ချက်ချင်း ထင်ရှားစေမည် ဖြစ်သည်။
ဟုန်ယွိသည် တာအိုကျမ်းဂန် မှတ်တမ်းများတွင်သာ ဤရွှေအမြုတေနှင့် မီးလျှံအဆောင် မျိုးကို မြင်ဖူးပါသည်။ တာအိုကျင့်ကြံသူများသည် ၎င်းတို့အား သန့်စင်ရန် များစွာ အားထုတ်ရကြောင်း သူ သိသည်။ သန့်စင်ရန်အတွက် ထင်း၊ သစ်ကြံပိုးခေါက်၊ ပြဒါး၊ ခဲ၊ ရွှေမှုန့်နှင့် ကျောက်စိမ်းဖြတ်အပိုင်းစများစွာ လိုအပ်ပါသည်။
ထို့အပြင်၊ ဂိုဏ်းတစ်ခုစီမှ သန့်စင်ထားသော ရွှေအမြုတေများ၏ စွမ်းအားသည် စိတ်ဝိညာဉ်နှင့် ချည်တွယ်သောအခါ မတူညီကြပေ။
"သူမက ငါရဲ့ သွေးပုံစံသံမဏိအပ်ကို ဝယ်ချင်နေတာက အဆင်ပြေပါတယ်၊ ဒါပေမယ့် သူမက ဘာလို့ အဆောင်စာရွက်နဲ့ ရွှေအမြုတေကို စပေါ်ငွေအဖြစ် အသုံးပြုရတာလဲ။ သူမက ငါနဲ့လဲလှယ်ဖို့ ရွှေအမြုတေကို အသုံးပြုချင်တာများ ဖြစ်နိုင်မလား။”
ဟုန်ယွိက ပြုံးပြီး ရွှေအမြုတေ အဆောင်စက္ကူကို ဘေးဖယ်ထားလိုက်ပါသည်။
နောက်ဆယ်ရက်မှ လဝက်အချိန်သည် အလွန်နားနားနေနေဖြင့် ကုန်ဆုံးသွားခဲ့ပါသည်။ မုရုန်ယန် ထွက်သွားပြီးနောက်တွင် သူမသည် သူ့ကို ထပ်မံ နှောက်ယှက်ရန် ရောက်မလာခဲ့တော့ပေ။ သူမသည် သိပ်သည်းသည့်လေထုထဲသို့ ပျောက်ကွယ်သွားသည့် အလား ထင်မှတ်ရပြီး၊ မဒမ်ကျောက်လည်း လှုပ်လှုပ်ရှားရှား မလုပ်ခဲ့ပေ။
သို့သော် ဟုန်ယွိသည် လုံးဝ သက်တောင့်သက်သာ မနေခဲ့ပေ။ သူသည် နေ့ခင်းဘက်မှာ နေ့တိုင်း သူ့ကိုယ်ခံပညာကို လေ့ကျင့်ပြီး ညဘက်မှာ စိတ်ဝိညာဉ်ကို လေ့ကျင့်နေခဲ့ပါသည်။ သူ့သိုင်းပညာသည် နောက်ဆုံးတွင် နွားသိုးနတ်ဆိုးခွန်အားလက်သီးပညာရပ်နှင့် ကောင်းကင်ဘုံရစ်ပတ်ခြင်း လက်ဝါး ပေါင်းစပ်မှုအောက်တွင် ခုန်ပျံပြီး စည်းချက်မှန်မှန်ဖြင့် တိုးတက်ကောင်းမွန်လာကာ သူသည် သိုင်းစစ်သည်တော်နယ်ပယ်သို့ ဝင်ရောက်သွားခဲ့ သည်။
သူ၏စိတ်ဝိညာဉ်သည် ပို၍ပို၍ပင် ခိုင်မာလာပြီး သူ၏ခွန်အားလည်း တိုးလာခဲ့ပါသည်။ အထူးသဖြင့် သူသည် သွေးပုံစံသံမဏိအပ်ကို ထိန်းချုပ်သော အခါ ပို၍ ကျွမ်းကျင်လာခဲ့ပါ သည်။
ယနေ့နံနက်တွင် ဟုန်ယွိသည် စောစောထကာ ထုံးစံအတိုင်း လေ့ကျင့်ခဲ့သည်။ ရုတ်တရတ် အပြင်မှ မြင်းခွာသံတွေ ကြားရပြီး ခြံအဝင်ဝမှာ ရပ်သွားခဲ့ပါသည်။
တောက်တောက်ပြောင်ပြောင် ဝတ်စားထားသော အစေခံအချို့သည် လက်ထဲတွင် ရွှေရောင်ဖိတ်စာကို ကိုင်ဆောင်လာကြသည်။
"ဟုန်ယွိက ဘယ်သူလဲ၊ သခင်လေးဟုန်လား" ဤအစေခံများသည် တံခါးဝသို့ ရောက်သည်နှင့် ခြံဝင်းကို သန့်ရှင်းရေးလုပ်နေသော ရှန်ထိုက်ယန်ကို တွေ့လိုက်ရသည်။ ထို့နောက် သူ့အထံသို့ လျှောက်သွားပြီး၊ မေးမြန်းကာ ရွှေရောင်ဖိတ်စာကို ပေးပြီး မြင်းစီးကာ ပြန်လည် ထွက်ခွာသွားကြသည်။
"မင်းသားယုဆီက ဖိတ်စာလား.."
ဟုန်ယွိက ဖိတ်စာကို ယူလိုက်သည်နှင့် ထိုစကားလုံးကို မြင်သောအခါ အံ့အားသင့်သွားရ သည်။ ထို့နောက် ဖိတ်စာ၏အောက်ခြေတွင် စာလုံးသေးသေးလေးများကို တွေ့လိုက်ရ သည်။ စုတ်တံကို အသုံးပြုပြီး လူတစ်စုက ပေါင်းထည့်ထားသည်။ "ညီအစ်ကိုဟုန်၊ ဒီနေ့ မင်းသားယုရဲ့ခန်းမမှာ အစည်းအဝေး ရှိတယ်။ မင်း လာရမယ်။ မင်းနဲ့အတူ လျှပ်စီးဖမ်း မြင်းကို ယူလာဖို့လည်း မမေ့နဲ့ဦး။" ရှောင်ဟောင်မှ လက်မှတ် ရေးထိုးသည်။
သို့သော် ဤရှောင်ဟောင်သည် ချန်လီမြို့စားငယ်လေး၏ အမည်ဖြစ်သည်ကို ဟုန်ယွိက သိထားပါသည်။
“မင်းသားယုက ဧကရာဇ်မင်းမြတ်ရဲ့ စတုတ္ထသားတော် ဖြစ်ပြီး၊ အိမ်ရှေ့စံမင်းသားရဲ့ အရေးအပါဆုံး ပြိုင်ဖက်ပဲ။ ဒါပေမယ့် ချန်လီမြို့စားငယ်လေးရဲ့ အလောင်းအစားကတော့ ကြည့်ရတာ, ငါ သွားဖို့လိုမယ့်ပုံပဲ။”
အခန်း (၈၁) ။
"မုကလေး၊ မင်းရဲ့ပစ္စည်းတွေကို ထုပ်ပိုးပြီး၊ မင်းသားယုရဲ့ နေအိမ်ကို ညစာစားဖို့ ငါ့နောက် ကနေ လိုက်ခဲ့ပါ။"
စိတ်ဆုံးဖြတ်ပြီးနောက် ဟုန်ယွိသည် ရွှေတံဆိပ်ခေါင်းပါ ဖိတ်စာအား မုကလေးအား ပေးအပ်လိုက်သည်။ ထို့နောက် သူသည် အဝတ်အစားများ ပြောင်းလဲဝတ်ဆင်ကာ ကျောက်စိမ်းမြို့တော်ရှိ ကျန်းယန်လမ်းဆီသို့ ဦးတည်ရင်း မုကလေးနှင့်အတူ မြင်းစီး ထွက်ခွာလာခဲ့သည်။
"မင်းသားယုက ဧကရာဇ်မင်းမြတ်ရဲ့ စတုတ္ထမြောက် သားတော် ဖြစ်တယ်။ သူက ငယ်ရွယ် ပြီး၊ အသက်နှစ်ဆယ့်လေးနှစ်ပဲ ရှိသေးပေမယ့်၊ သူက ငယ်ရွယ်နုပျိုမူရဲ့ အထွက်အထိပ် ကာလမှာ ရှိနေတယ်။ သူက ဒီအချိန်မှာ စစ်တပ်ကို မဦးစီးရသေးပေမယ့် တော်ဝင် တရားရုံးမှာ အခွန်ဝန်ကြီးဌာနကို စီမံကွပ်ကဲရပြီး၊ ငွေကြေးနဲ့ ရိက္ခာတွေကို စီမံကွပ်ကဲရ တယ်။ သူက သူ့ကိုယ်ပိုင် စံအိမ်ကြီးကို ထူထောင်ပြီး၊ တပည့်အများပြားနဲ့ သူရဲကောင်း များစွာကို စုဆောင်းနိုင်တယ်။ သူက အိမ်ရှေ့စံမင်းသားကို ယှဉ်ပြိုင်နိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦး လည်း ဖြစ်တယ်။”
ပြေးလွှားနေသော မြင်းပေါ်မှာ စီးနင်းလိုက်ပါရင်း ဟုန်ယွိက သူ့ကို ဖိတ်ခေါ်သည့် မင်းသားယုအကြောင်းကို တွေးနေခဲ့ပါသည်။
သူသည် ကျောက်စိမ်းမြို့တော်၌ ကြီးပြင်းခဲ့ပြီး၊ မြို့စားစံအိမ်တွင် နေထိုင်သောကြောင့် မင်းမျိုးမင်းနွယ်များနှင့် မှူးမတ်များအကြောင်း အချက်အလက် အချို့ကို သိရှိထားခဲ့သည်။
မင်းသားယုသည် အမှန်တကယ် ရိုးရှင်းသော ဇာတ်ရုပ်တစ်ခု မဟုတ်ပေ။ သူသည် စစ်ရေး အောင်မြင်မှုများ များစွာရရှိထားပြီး ကလောင်နှင့်ဓား နှစ်မျိုးစလုံးကို ကောင်းစွာ ကျွမ်းကျင်သည်။
အသက်နှစ်ဆယ်အရွယ်တွင်, သူသည် မြောက်ပိုင်းတွင် သူ့စစ်သည်တွေကို လေ့ကျင့်ပေး ပြီး၊ စစ်သည်ငါးရာကို ဦးဆောင်ကာ၊ တိမ်တောင်အနီးရှိ ဓားပြငါးထောင်မှ ခြောက်ထောင် ကို ရှင်းလင်းသုတ်သင်ပစ်ခဲ့သည်။
အသက်နှစ်ဆယ့်နှစ်နှစ်အရွယ်တွင်, သူသည် တောင်ဘက် မိုင် ၁၅၀၀ အကွာ ကြိုးကြာဝါတောင်ရေကန်သို့ ပြောင်းရွှေ့ခံခဲ့ရသည်။ သူသည် ကြိုးကြာဝါတောင်၏ သံကြိုးကွင်းဆက်ဆယ့်နှစ်ခုဆိပ်ကမ်းတွင် ထောင်ပေါင်းများစွာသော ရေဓားပြများကို သုတ်သင်ရှင်းလင်းခဲ့သည်။ သူသည် မင်းသားဘွဲ့ အပ်နှင်းခံရပြီး မင်းသား နှစ်ပါး၏ လစာကို ရရှိခဲ့သည်။ (မူလကတည်းက မင်းသားဖြစ်၍ မင်းသားလစာအပြင်, ဘွဲ့အပ်နှင်း ခံရသည့်အတွက် လစာကိုရည်ရွယ်ပြီး မင်းသားနှစ်ပါး၏လစာဟု ဆိုလိုဟန်တူပါသည်။)
သူသည်လည်း ဧကရာဇ်မင်းမြတ်၏ ချစ်လှစွာသော သားတော်တစ်ပါး ဖြစ်ပြီး ဧကရာဇ် တရားရုံးကို စီမံခန့်ခွဲရာတွင် စွမ်းဆောင်နိုင်သော စစ်သူကြီးတစ်ဦးလည်း ဖြစ်သည်။
တော်ဝင်ချန်မင်းဆက်သည် မင်းညီမင်းသားများ၏ ပညာရေးကို အလွန်တင်းကြပ်ထား သည်။ အသက်သုံးနှစ်အရွယ်မှစ၍ အထူးဆရာများ ခန့်အပ်ပေးထားသည်။ သုံးရက်မှ ငါးရက်တစ်ကြိမ် ဧကရာဇ်သည် ၎င်းတို့၏ စာပေးပညာရပ်များနှင့် ကိုယ်ခံပညာများကို ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးမည် ဖြစ်သည်။
အကယ်၍, မအောင်မြင်ခဲ့ရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မည်။ ပြစ်ဒဏ်သည် သာမန် မြင့်မြတ်သော မိသားစုများထက် ဆယ်ဆ ပိုမိုပြင်းထန်ပါသည်။
ထို့အပြင် ၎င်းတို့သည် အသက်ဆယ့်ငါးနှစ်တွင် အရွယ်ရောက်ပြီးနောက် မင်းမျိုးမင်းနွယ်များသည် စစ်တပ်တွင် အလုပ်လုပ်ကြရပြီး စစ်ရေး အောင်မြင်မှုများကို စုဆောင်းရပေမည်။
အကယ်၍, အသုံးမကျလျှင်, မင်းသားများ ဖြစ်နေလျှင်ပင် မြင့်မြတ်သောဘွဲ့ကို အပ်နှင်း မည် မဟုတ်ပေ။ ၎င်းတို့သည် လစာနည်းနည်းပါးပါးသာ ရရှိကြပြီး အင်ပါယာ မိသားစု တရားရုံးမှ ၎င်းတို့အား တော်ဝင်အိမ်တွင် အငြိမ်းစားယူရန် စီစဉ်ပေးမည် ဖြစ်သည်။ ၎င်းသည် ချုပ်နှောင်ခြင်းနှင့် ညီမျှပြီး၊ သူတို့၏ကျန်ရှိသည့် လက်ကျန်ဘဝတစ်လျှောက်လုံး စံအိမ်ကြီးကနေ ထွက်ခွာနိုင်မည် မဟုတ်တော့ပေ။
ထို့ကြောင့် တော်ဝင်ချန်မင်းဆက်၌ တော်ဝင်မိသားစုမှ လေ့ကျင့်သင်ကြားထားသော တော်ဝင်မိသားစုဝင်များသည် အသုံးဝင်သရွေ့, ၎င်းတို့အားလုံး ဩဇာအာဏာရှိနေမည် ဖြစ်သည်။
"ငါက အင်ပါယာစာမေးပွဲမှာ ပထမရပြီး၊ ကျောက်စိမ်းမြို့တော်မှာ အတော်လေး နာမည် ကြီးပေမယ့် မြို့စားဝူဝမ်စံအိမ်က အိမ်ရှေ့စံမင်းသားရဲ့ နံဘေးမှာပဲ ရှိနေခဲ့တယ်။ ဒါက တော်ဝင်နန်းတွင်းက အရပ်ဘက်နဲ့ စစ်ဘက်အရာရှိတွေအားလုံး သိထားတဲ့အရာပါ။ ယုတ္တိဗေဒအရ၊ ငါ့မျိုးရိုးနာမည်က ဟုန် ဖြစ်တယ်။ မင်းသားယုက ဘာကြောင့် ငါ့ကို ဖိတ်ကြားတာလဲ။" ဟုန်ယွိက သူ့မြင်းကို မောင်းနှင်ရင်း တွေးလိုက်ပါသည်။
မြင်းများသည် မကြာမီပင် မြို့ထဲသို့ဝင်လာပြီး ကျန်းယန်လမ်းရှိ မင်းသားယု၏စံအိမ်သို့ တလမ်းလုံး ပြေးဝင်သွားကြသည်။ ဟုန်ယွိမှာ မည်သည့် သံသယဝင်စရာမှ မရှိသဖြင့် သူနှင့်မုကလေးတို့သည် မြင်းပေါ်မှ ဆင်းပြီးနောက် မြင့်မြတ်သော အစေခံတစ်ဦးက ရောက်ရှိလာပြီး သူတို့ကို ကြိုဆိုပါသည်။ ဖိတ်စာကို လက်ခံရရှိပြီးနောက် အစေခံသည် မြင်းများကို စောင့်ရှောက်ရန် ချက်ချင်းပင် ခေါ်ဆောင်သွားကာ ဟုန်ယွိနှင့် မုကလေးတို့ကို အတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
မင်းသားယု၏စံအိမ်သည် မတူညီသောလေထု ရှိသည်။ ကျွန်များအားလုံး သန်မာကြပြီး၊ ပြတ်သားသည့် အမူအရာတွေ ရှိကြပါသည်။ သူတို့အားလုံးသည် တူညီဝတ်စုံကို ဝတ်ဆင် ထားကြပြီး သံမဏိတိုင်များကဲ့သို့ ရပ်တည်နေခဲ့ကြသည်။
ဟုန်ယွိသည် စင်္ကြံအောက်ခြေတွင် ရပ်နေသော ကျွန်တစ်ဦး၏ မျက်နှာမှာ ခြင်တစ်ကောင် ကိုက်နေသည်ကို မြင်လိုက်ရသည်။ ခြင်သည် ဗိုက်ဖောင်းလာသည်အထိ သွေးများကို တဟုန်ထိုး စုပ်ယူနေသည်။ ကျွန်က ခြင်ကို ထိတောင်မထိဘဲ ခြင်က သွေးစုပ်ပြီးနောက် ပျံသွားစေခဲ့သည်။
"မင်းသားရဲ့ စစ်ရေးအောင်မြင်မှုတွေက မျှော်လင့်ထားသလိုပါပဲလား။ သူက စစ်ဥပဒေနဲ့ အညီ သူ့အိမ်သူအိမ်သားတွေကို အုပ်ချုပ်နေတာပဲ။ မင်းသားရဲ့စံအိမ်မှာ ဒီကျွန်တွေဟာ အရင်တုန်းက သူ့ကိုယ်ရံတော်တွေ ဖြစ်ရမယ်လို့ ငါ ယုံကြည်တယ်။" ဟုန်ယွိသည် တိတ်တဆိတ် ထိတ်လန့်သွားသည်။ "ငါ့အိမ်က ဘယ်တော့မှ ဒီလိုပုံစံမျိုး ရှိလာမှာလဲ၊ ဒါမှပဲ ကျောက်မိသားစုနဲ့ ရန်ဆိုင်နိုင်လုနီးပါး ဖြစ်လာလိမ့်မယ်။"
မင်းသားယု၏စံအိမ်တွင် သာမာန်အကွေ့အကောက်များသော စင်္ကြံကိုးခု၊ ကျောက်ဆောင် များ၊ သစ်တောများ၊ သို့မဟုတ် မင်းမျိုးမင်းနွယ်များ၏ ခမ်းနားသော အခြားအရာများ မရှိ ပါ။ ယင်းအစား ကျယ်ဝန်းသော ဧရိယာထဲတွင် သပ်ရပ်သော အိမ်များသာ ရှိပါသည်။ ကြမ်းပြင်ကို မှန်တစ်ချပ်လို တောက်ပြောင်ပြီး သံမဏိကဲ့သို့ မာကျောသော အပြာရောင် ကျောက်တုံးများဖြင့် ခင်းထားပါသည်။
မင်းသားစံအိမ်ကြီး၏ အရှေ့ဘက်တွင် လေ့ကျင့်ရေးကွင်း၊ တောင်ဘက်တွင် အဓိက နေထိုင်ရာနေရာ၊ အနောက်ဘက်တွင် ကျွန်တွေ နေထိုင်ရာနေရာ၊ မြောက်ဘက်တွင် ရေတွင်းနှင့် စမ်းရေတွင်းတို့ ရှိသည်။ အလယ်မှာ တံတိုင်းတစ်ခု ရှိသည်။ အရာအားလုံးသည် သပ်ရပ်သပ်ရပ်ရှိပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် လူတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်စေပါသည်။
"ဟား...၊ ဟား..၊ ညီအစ်ကိုဟုန်, မင်းက လွန်ခဲ့တဲ့သုံးလက ငါ့ရဲ့ချစ်လှစွာသော မြင်းကို အနိုင်ရခဲ့တယ်။ အင်ပါယာစာမေးပွဲအပြီးမှာ ငါ ပြန်ပြီးအနိုင်ယူမယ်လို့ ကတိပေးခဲ့ဖူး တယ်။ ဘယ်လိုလဲ…၊ ငါ့မြင်းကိုရော ယူလာခဲ့ရဲ့လား။"
ဟုန်ယွိ ပင်မစံအိမ်ကြီးသို့ ရောက်ရောက်ခြင်းပင် ပင်မဝင်ပေါက်မှ လူငယ်သုံးယောက် ဝိုင်းအုံလာကြသည်။ သူတို့ထဲက တစ်ယောက်က ချန်လီမြို့စားငယ်လေး ရှောင်ဟောင်နှင့်၊ နောက်တစ်ယောက်ကတော့ ပန်းထိုးချယ်လှယ်ထားသည့် အဝတ်အစားတွေကို ဝတ်ဆင် ထားသည့် သွယ်လျသော အမျိုးသားတစ်ယောက် ဖြစ်ပါသည်။ ဟုန်ယွိလည်း သူ့ကို သိပါသည်။ သူသည် ဟုန်ရွှေ့ကျောင်းနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည့် ကျင်းယုရှင်း ဖြစ်ပါသည်။
ထိုလူငယ်နှစ်ဦးတွင် တစ်ယောက်က မြို့စားငယ်လေး ဖြစ်သလို, နောက်တစ်ဦးကလည်း မြို့စားငယ်လေး ဖြစ်ပါသည်။ နှစ်ယောက်စလုံးက ချောမောပြီး ခန့်ညားကြပါသည်။ သူတို့၏လှုပ်ရှားမှုတိုင်းက ကျက်သရေရှိလှသည်။ သို့သော် ဒီနေ့ အဓိကဇာတ်ဆောင်မှာ ၎င်းတို့ မဟုတ်ပေ။ ယင်းအစား၊ သူတို့အလယ်မှာ ရပ်နေသည့် လူတစ်ယောက် ဖြစ်ပါသည်။ ရွှေသရဖူနှင့် ကျောက်စိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့လက်ထဲတွင် ခေါက်ယပ်တောင်ကို ကိုင်ထားသည်။
ဤလူသည် ကြယ်ရောင်မျက်လုံးများနှင့် ပြေပြစ်သော မျက်ခုံး ရှိသည်။ သူ့နဖူးက အနည်း ငယ် ဝိုင်းပြီး ပြည့်နှက်နေကာ၊ သူ၏ ချောမွတ်သော အရေပြားမှာ သွေးကြောများပင် စွန်းထင်းနေသည်။ သူ့အရေပြားမှာ ခရမ်းရောင် အငွေ့အသက်တွေ သိုဝှက်ထားသလိုပင်။ ပထမအကြည့်တစ်ချက်ဖြင့် ပင် သူသည် မွေးရာပါ မြင့်မြတ်မှုတစ်မျိုးကို ထုတ်လွှတ်နေခဲ့ သည်။
"သူက တကယ်ကို ထူးချွန်တဲ့လူပဲ" ဟုန်ယွိသည် ဤလူကား မင်းသား ယုယန်ချန် ဖြစ်သည်ကို သိပါသည်။ သူ့ဘဝတွင် ထူးချွန်သော လူများစွာကို တွေ့ဖူးသော်လည်း ဟာကူ ဇိယွဲ့တစ်ယောက်သာလျှင် ဤမင်းသားယုနှင့် ဖက်ပြိုင်နိုင်ပါလိမ့်မည်။
"နှုတ်ဆက်ပါတယ် မင်းသားယု။"
ဟုန်ယွိက ကမန်းကတန်း ဦးညွှတ်ပြီး နှုတ်ဆက်လိုက်ပါသည်။
"ညီအစ်ကိုဟုန်၊ မင်း ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး" မင်းသား ယုယန်ချန်သည် ခြေလှမ်းကျယ်ကြီးဖြင့် အလျင်အမြန် ဆင်းလာပြီး ဟုန်ယွိ၏ လက်မောင်းကို ဆုပ်ကိုင်ရန် သူ့လက်များကို အသုံးပြုလိုက်ပါသည်။ သူက ဦးညွှတ်သည်ကို မစောင့်တော့ဘဲ ကျယ်လောင်စွာ ရယ်မောရင်း “ညီအစ်ကိုဟုန်က အင်ပါယာစာမေးပွဲမှာ အခြေခံပညာရှင် တွေကို အနိုင်ယူခဲ့သူပါ။ မင်းက အင်ပါယာစာမေးပွဲမှာ ပထမဆုရခဲ့တယ်။ ငါလည်း ဒီသတင်းကို ကြားထားပါတယ်။ ငါ မင်းလို အရည်အချင်းရှိတဲ့ သူတစ်ယောက်နဲ့ သိချင်နေတာ ကြာလှပါပြီ။ လာ၊ လာ၊ စကားပြောဖို့ ပင်မခန်းမကို သွားကြရအောင်။
ဤသို့ပြောနေစဉ် မင်းသား ယုယန်ချန်သည် ဟုန်ယွိ၏လက်ကို ဆုပ်ကိုင်ထားပြီး ဖော်ရွှေ ပြီး ရွှင်ပျသော အမူအရာကို ပြသနေပါသည်။
ထို့အပြင်၊ ဤမင်းသားယုသည် ဤအမူယာကို အတုယောင်လုပ်ဆောင်နေခြင်း မဟုတ်ကြောင်း ဟုန်ယွိ ခံစားရနိုင်ပြီး၊ သူ၏ပင်ကိုယ်စိတ်က အမြဲလိုလို ဤအတိုင်း ဖြစ်နေ သည်။
"မုကလေး, ခဏစောင့်နော်။" ဟုန်ယွိကို မင်းသား ယုယန်ချန်က ဆုပ်ကိုင်ထားသော်လည်း သူက ခေါင်းလှည့်ပြီး မုကလေးကို သတိပေးသည်။
"ဒါက အစ်ကိုဟုန်ရဲ့ မိန်းကလေးလား။ သူမက အရမ်းဉာဏ်ကောင်းပုံရတယ်။" မင်းသား ယုယန်ချန်လည်း မုကလေးကို သတိထားမိသည်။
"သူမက ကျွန်တော့် အိမ်ဖော်ဖြစ်ပေမဲ့ ကျွန်တော်တို့က မွေးချင်းတွေလိုပါပဲ။ သူမနာမည် က မုကလေးပါ။" ဟုန်ယွိက ခေါင်းညိတ်သည်။
"သခင်မလေး မုရှောင်ကို လက်ဖက်ရည်သောက်ဖို့ သခင်မလေး ယွန်ချန်းရဲ့အခန်းကို ခေါ်သွားလိုက်ပါ။ သခင်မလေးယွန်ချန်းနဲ့ စကားပြောရအောင်" ယုယန်ချန်က ညွှန်ကြား သည်။
သူ့ဘယ်ညာရှိ အစေခံများသည် ချက်ချင်း ဦးညွှတ်ကာ မုကလေးအား “သခင်မလေးမု၊ ကျေးဇူးပြု၍ ဖြည်းဖြည်းလျှောက်ပါ...
"မင်းသား, မင်းသားက သခင်မလေး ယွန်ချန်းကို ရွေးပြီးသွားပြီ။ မင်းသားက ဘာလို့ သူမကို ကိုယ်လုပ်တော်အဖြစ် မခေါ်တာလဲ။" ကျင်းယုရှင်းက ရုတ်တရက် ကြားဝင် ပြောသည်။
"ယွန်ချန်းနဲ့ ငါက တစ်ယောက်နဲ့တစ်ယောက် ချစ်မိသွားကြပြီ။ သူမကို ကိုယ်လုပ်တော် တစ်ဦးအဖြစ် ထားရတာ မတရားလွန်းရာကျပါတယ်။ တော်ဝင်ခမည်းတော် ပျော်ရွှင်တဲ့အခါ တော်ဝင်ခမည်းတော်ထံ သတင်းပို့ပြီး၊ သူမကို ဇနီးအဖြစ် လက်ထပ်လိုက်မယ်" ယုယန်ချန် ခေါင်းယမ်းလိုက်သည်။
"ဒီမင်းသားက စိတ်ထားကောင်းတယ်။ ယွန်ချန်းလို့ခေါ်တဲ့ အမျိုးသမီးက သူမကိုယ်သူမ မှန်ကန်တဲ့လူကို အပ်နှင်းလိုက်တာပဲ။" ဟုန်ယွိသည် ထိုစကားကိုကြားသောအခါ သူ့စိတ်နှလုံးက တင်းကြပ်သွားသည်။ ဤမင်းသား အကြောင်းကို သူ နည်းနည်းပါးပါး သိထားပါသည်။ ယွန်ချန်းသည် ကျောက်စိမ်းမြို့တော်တွင် နာမည်ကြီး ပြည့်တန်ဆာ တစ်ဦး ဖြစ်သည်။ ယုယန်ချန်၏ နှက်သစ်မူကို ခံရပြီးနောက် သူမသည် သူမကိုယ်သူ ရွေးထုတ်ကာ မင်းသားစံအိမ်သို့ ဝင်ရောက်ခဲ့သည်။
ဤယုယန်ချန်သည် အိမ်ထောင်မပြုသေးသလို မင်းသားစံအိမ်တွင် တရားဝင် ဇနီးမယားလည်း မရှိပါဘူး။ ဧကရာဇ်သည် သူ့ကို လက်ထပ်ရန် အကြိမ်ကြိမ် ပြင်ဆင်ပေးခဲ့သော်လည်း ယုယန်ချန်က အပြင်းအထန် ငြင်းဆိုခဲ့သည်။ သူသည် ဤယွန်ချန်းကို သူ၏ တရားဝင် ဇနီးမယားအဖြစ် လက်ထပ်ရန် အခိုင်အမာ တောင်းဆိုခဲ့ပြီး ဧကရာဇ်က သူ့ကို အကြိမ်ကြိမ် ပြစ်တင်ရှုတ်ချခဲ့သည်။
ဤကိစ္စကြောင့်သာ မဟုတ်ရင်, အိမ်ရှေ့စံရာထူးက ပို၍ပင် မတည်မငြိမ် ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
သေချာသည်မှာ, အကယ်၍, မင်းသားယုသည် ထိုယွန်ချန်းကို လက်ထပ်ရန် အတင်း အကြပ် တောင်းဆိုနေမည်ဆိုလျှင်၊ သူသည် ထီးနန်းကို လုံးဝ ပိုင်ဆိုင်နိုင်မှာ မဟုတ်တော့ပါဘူး။ အကယ်၍, သူသည် ဧကရာဇ်တစ်ပါး ဖြစ်လာပါက, ဧကရာဇ်သည် နိမ့်ကျသော နောက်ခံအသိုင်းဝန်းမှ မိန်းကလေးတစ်ဦး ဖြစ်လာပါလိမ့်မည်။
ဤကိစ္စကြောင့်သာ မဟုတ်ပါက ဟုန်ယွိသည် မင်းသား၏ သစ္စာစောင့်သိမှုနှင့် ဖြောင့်မတ် ခြင်းအပေါ် အမြင်ကောင်းရှိမည် မဟုတ်ပေ။ သူသည် ယခုတစ်ကြိမ်မှာ လာရောက်မှာ လည်း မဟုတ်ပါဘူး။
သမိုင်းတွင် ရာဇပလ္လင်တိုက်ပွဲအတွင်း ပါဝင်ခဲ့ကြသော မင်းညီမင်းသားများနှင့် မိတ်ဖွဲ့ခြင်း သည် ကောင်းမွန်သော အဆုံးသတ်မျိုး မရှိခဲ့ပါဘူး။
ပင်မနေအိမ်သို့ ဝင်ရောက်ပြီးနောက် ယုယန်ချန်သည် ဟုန်ယွိကို ထိုင်ခိုင်းပါသည်။ သူက ဟုန်ယွိကို တစ်ချက်ကြည့်ပြီး ရုတ်တရက် ပြောသည် "ဒီတစ်ခါတော့, ငါ ညီအစ်ကို ဟုန်ယွိကို ဖိတ်လိုက်တယ်။ ပထမအချက်ကတော့ မင်းရဲ့အရည်အချင်းတွေကို ငါ တွေ့မြင်ချင်လို့ပါ။ ဒုတိယအနေနဲ့ ကတော့ မင်း ငါ့ကို လက်တဖက်ငှားပေးနိုင်မလားလို့ ညီအစ်ကိုဟုန်ယွိ ကို မေးမြန်းကြည့်ချင်ပါတယ်။"
ဟုန်ယွိသည် ထိုစကားကိုကြားသောအခါ သူ အံ့အားသင့်သွားပါသည်၊ "ကျွန်တော်က အထက်တန်းပညာရှင်တစ်ယောက် သက်သက်ပါပဲ။ တရားဝင် ဘွဲ့အမည် ဘာတစ်ခုမှ မရှိသေးပါဘူး။ ကျွန်တော့်မှာ ခြူးတစ်ပြားတောင် မရှိပါဘူး။ မင်းသားက ဘာကြောင့် ဒီလို ပြောရတာလဲ။"
အခန်း (၈၂)။
ဟုန်ယွိက မင်းသားယုသည် အဓိကချက်ကို ဖယ်ရှားပြီး၊ သူ့ကို ကူညီမည်လားဟု သူ့ဆီမှာ အကူအညီ တောင်းခံမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
သူသည် သူ့ကို လူသစ်စုဆောင်းဖို့ ကြိုးစားနေပါသည်။
သို့သော် ဟုန်ယွိက သူသည် လူသစ်စုဆောင်းခံထိုက်သည်ဟု မထင်ထားခဲ့ပေ။ သူသည် အထက်တန်း ပညာရှင်ငယ်တစ်ဦးမျှသာ ဖြစ်သည်။ သူ့မှာ အောင်မြင်မှုတွေ၊ ကျော်ကြားမှု တွေ မရှိသလို, ငွေကြေးနှင့် ဩဇာအာဏာလည်း မရှိပါဘူး။ နန်းတွင်း၌ စွမ်းအားနှင့် ဩဇာ အာဏာ ကြီးမားသော ဤဧကရာဇ်သားတော်အတွက်, သူသည် လူသစ်စုဆောင်းထိုက် သည့် မည်သည့်အရာကိုမျှ မစဉ်းစားနိုင်ပေ။
"မဟုတ်ဘူး, ညီအစ်ကိုဟုန်က အရမ်းကို နှိမ့်ချနေတာပါ။" ယုယန်ချန်က ရိုးသားစွာ ပြောသည် "ညီအစ်ကိုရဲ့ စာစီစာကုံးတွေက ထိပ်တန်းအဆင့်ပဲ။ နောင်အနာဂတ်မှာ မင်းက စာမေးပွဲတွေ ကျိန်းသေပေါက် အောင်မြင်ပြီး အရာရှိတစ်ဦး ဖြစ်လာလိမ့်မယ်။ နောက်ပြီး မင်းက ကလောင်နဲ့ဓား နှစ်မျိုးစလုံးကို ကျွမ်းကျင်တယ်။ သာမာန်အားဖြင့်ဆို မင်းက မြို့စားစံအိမ်မှာ ပုန်းနေရတယ်။ အခု အပြင်ထွက်လာပြီဆိုတော့ မင်းက ပင်လယ်ထဲက ငါးတစ်ကောင်လို၊ အကန့်အသတ်မဲ့ ပျံသန်းနေတဲ့ ငှက်တစ်ကောင်လိုပါပဲ။"
"မင်းသားယုက ကြင်နာလွန်းနေတာပါ။" ဟုန်ယွိက နှိမ့်ချစွာ ပြောလိုက်သည်။ သို့သော် တစ်ဖက်လူက သူ့ကို စာမေးပွဲ ကျိန်းသေအောင်မည်ဟု ပြောသောအခါ, သူသည် သံသယ လုံးဝ မရှိခဲ့ပေ။
"ဒါက မြှောက်ပင့်ပြောနေတာ မဟုတ်ဘူး။" ယုယန်ချန်က ဆက်ပြောသည် “ညီအစ်ကိုရဲ့ အခြေအနေအရဆို, မြို့စားစံအိမ်မှာ မင်းက ကောင်းကောင်း သဘောကျ နှစ်ခြိုက်မူ မခံရဘူးဆိုတာ ငါ နားလည်ပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ညီအစ်ကိုဟုန်က စံအိမ်နဲ့လမ်းခွဲခဲ့ပြီး ကျောက်မိသားစုရဲ့ ကျွန်ဆိုးကို မိုးကြိုးပစ်သည့်နှယ် နည်းလမ်းမျိုးနဲ့ ကိုင်တွယ်ခဲ့တယ်။ မင်းက ဘာသနားကရုဏာမှ မပြသခဲ့ဘူး။ ဒါက မင်းအပေါ် ငါ အလေးစားရဆုံးအချက်ပဲ။ မင်းက ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို လုပ်နိုင်တဲ့လူ, ဆုံးဖြတ်ချက်ပြတ်သားတဲ့ ပညာရှင်တစ်ယောက်ပါ။"
ဟုန်ယွိက ခေါင်းညိတ်လိုက်ပြီး "စံအိမ်ကိစ္စနဲ့ပတ်သက်တဲ့ ကိစ္စသေးသေးလေးက မင်းသား နားထဲကို ရောက်သွားလိမ့်မယ်လို့ ကျွန်တော် မထင်ထားမိဘူး။"
“ညီအစ်ကိုက လုပ်ဆောင်ရာမှာ ပြတ်သားတယ်။ အသိပညာရှိပြီး၊ ဓားနဲ့ကလောင် နှစ်ဘက်စလုံးမှာ ကျွမ်းကျင်တယ်။ ဒီလိုလူမျိုးက သေချာပေါက် လူသစ်စုဆောင်းဖို့ ထိုက်တန်ပါတယ်။ တကယ်လို့, ငါသာ မင်းကို လူသစ်စုဆောင်းမထားရင်, မကြာခင်မှာ ဒုတိယအစ်ကို ဒါမှမဟုတ် အဋ္ဌမမြောက် ညီတို့က ခေါ်ယူသွားခဲ့ရင်၊ မင်းက အနာဂတ်မှာ အင်အားကြီးမားတဲ့ ပြိုင်ဘက် ဖြစ်လာလိမ့်မယ်။”
ယုယန်ချန်က ပြုံးလိုက်ပြီး သူ့စကားတွေက အရမ်းကို တိုက်ရိုက်ဆန်ကာ၊ သပွတ်အူ သဖွယ်ကြိုးထုံးကို ဖြတ်တောက်နိုင်သကဲ့သို့ စိတ်ကို လန်းဆန်းစေပါသည်။
“ညီအစ်ကိုက ယောင်္ကျားကောင်းတစ်ယောက်ဆိုတာ ငါ သိပါတယ်။ ယောင်္ကျားကောင်း ဆိုတာမျိုးက ဂိုဏ်းဂဏဖွဲ့ချင်တာမျိုး မဟုတ်ဘူး။ ဒီရွှံ့ရေတွေထဲမှာ ရောထွေးနေဖို့ ငါလည်း ဆန္ဒမရှိပါဘူး။ ဒါပေမယ့် ညီအစ်ကိုက တာဝန်ကျေပွန်တဲ့ လူတစ်ယောက်ပဲ။ တကယ်လို့, မင်းသာ မဒမ် ဒါမှမဟုတ် သခင်ဘွဲ့ကို အပ်နှင်းခံလိုရင်, ပညာရှင်ဂုဏ်ထူး ဆိုတဲ့ အတားအဆီးကို ကျော်ဖြတ်ရလိမ့်မယ်။ ဒီမင်းသားက ပွင့်ပွင့်လင်းလင်းပဲ။ အခု အချိန်မှာ အင်ပါယာတရားရုံးမှာ ဇာတ်ကောင်တွေ အများကြီး ရှိနေတယ်။ လူကြီး လူကောင်းတစ်ယောက်က တစ်ယောက်တည်း ရပ်တည်ဖို့ နေရာ မရှိဘူး။ ညီအစ်ကိုဟုန်, မင်း ဓလေ့ထုံးတမ်းစဉ်လာဝန်ကြီး လီရှန်ကွန်ကို ခမည်းတော် ဧကရာဇ်က ဘာကြောင့် အပြစ်တင်ရှုတ်ချခဲ့လဲဆိုတာ မင်း သိရဲ့လား။”
"လီရှန်ကွန်က ကျွန်တော့်ရဲ့ ဆရာပါ။ ကျွန်တော် အင်ပါယာစာမေးပွဲ အောင်ပြီးတဲ့နောက် မှာ ကျွန်တော် သူ့ဆီသွားတွေ့တော့ ငြင်းဆိုခဲ့တယ်။ နောက်ပိုင်းမှာ ဧကရာဇ်ရဲ့ အပြစ်တင် ရှုတ်ချခြင်းကို ခံရကြောင်း ကြားသိရပြီး သူ့အမှားတွေကို ပြန်သုံးသပ်ဖို့အတွက် တံခါးပိတ် နေခဲ့တယ်။ ကျွန်တော်သိချင်တာက ဘာကြောင့်လဲ။" ယုယန်ချန်က တရားရုံးမှာ အပေါင်း အသင်းတွေ အများကြီးရှိသည်ကို ဟုန်ယွိ သိပါသည်။ ထိုစကားကို ကြားသည့်အခါ ဤသတင်းက အမှန်တရားဘဲဆိုသည်ကို သူ သိလိုက်၏။
အကယ်၍ သူသည် မည်သည့် နောက်ခံအင်အားကိုမျှ အားမကိုးဘဲ၊ အနာဂတ်တွင် ကျင်းရှီ တစ်ဦးဖြစ်လာရင်တောင်, သူ့အတွက် တစ်လက်မမျှ လှုပ်ရှားရန်ပင် ခက်ခဲနေပါဦးမည်။ သူသည် ခုံတန်းလျားပေါ်တွင် ထိုင်ပြီး အထက်တန်းအကယ်ဒမီ၏ တည်းဖြတ်သူတစ်ဦး ဖြစ်လာရဦးမည် ဖြစ်သည်။ သူသည် မည်သည့်ကူညီပံ့ပိုးမူမှ လုပ်ဆောင်နိုင်စွမ်း မရှိသလို အသက်မွေးဝမ်းကြောင်းတစ်ခုကိုလည်း ထူထောင်နိုင်မည် မဟုတ်ပေ။
သို့သော် ယုယန်ချန်သည် လီရှန်ကွန်အကြောင်းကို ရုတ်တရက် ပြောဆိုလာသည့်အခါ ဟုန်ယွိသည် အကြောင်းရင်းကို မသိသေးပေ။
"အဲဒါ မင်းကြောင့်ပေါ့ ညီအစ်ကို။"
"ကျွန်တော့်ကြောင့်လား.."
"မှန်တယ်။ အင်ပါယာစာမေးပွဲ ဖြေတဲ့နေ့မှာ စီနီယာ တော်ဝင်နည်းပြဆရာဟုန်က စာမေးပွဲဌာနတွေမှာ ခမည်းတော်ဧကရာဇ်ရဲ့ အမိန့်ကို လိုက်နာပြီး ကင်းလှည့်ခဲ့တယ်။ ဒါပေမယ့် လီရှန်ကွန်က မင်းရဲ့စာစီစာကုံးကို သဘောကျပြီး မင်းကို ပထမနေရာ ပေးထား တာကို သူ တွေ့ခဲ့တယ်။ အဲဒီအချိန်မှာ စီနီယာတော်ဝင်နည်းပြ ဆရာဟုန်က မင်းက အလွန်တောက်ပလွန်းပြီး နှိပ်ကွပ်သင့်တယ်လို့ ပြောခဲ့တယ်။ သူက မင်းရဲ့စာစီစာကုံးကို အခြားစာရွက်တွေထဲ လွင့်ပစ်ချင်ခဲ့တယ်။ အဲဒီမှာ တော်ဝင်နည်းပြဆရာဟုန်နဲ့ ထိပ်တိုက် တွေ့ခဲ့သူက လီရှန်ကွန်ပဲ။ သူက စီနီယာတော်ဝင်နည်းပြ ဆရာဟုန်နဲ့ ထိပ်တိုက်တွေ့ပြီး၊ ပင်မစာမေးပွဲခန်းထဲမှာတောင် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့သေးတယ်။ သူက ဒီလိုအတိုက်ခံ လုပ်ပြီး မင်းကို ပထမနေရာ ပေးခဲ့တာ။ ဒီကိစ္စကို အင်ပါယာ ခမည်းတော် သိရှိပြီးနောက် မှာ, သူက လီရှန်ဂွမ်ဟာ သူ့ရဲ့အရာရှိတစ်ဦးဖြစ်တဲ့ ဂုဏ်သိက္ခာကို ဆုံးရှုံးစေတဲ့အတွက် ပြစ်တင်ရှုတ်ချခဲ့တယ်။" ယုယန်ချန်က ဤကိစ္စကို အသေးစိတ်ကအစ ကောင်းမွန်စွာ သိရှိထားသည့်အတိုင်း ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ကျွန်တော် နားလည်ပြီ" ထိုစကားကို ကြားပြီးနောက် ဟုန်ယွိ၏ မျက်လုံးများက တောက်ပလာပြီး သူ့နှလုံးသားထဲတွင် ဒေါသများက ပျံ့နှံ့လာခဲ့သည်။ သို့သော် သူသည် အောင်မြင်သော ကျင့်ကြံသူတစ်ဦး ဖြစ်သောကြောင့် ချက်ချင်းပင် ဖိနှိပ်နိုင်ခဲ့ပါသည်။ "အဖေက ငါ့ကို တကယ် ဖိနှိပ်တာခဲ့လား။ ဒါပေမယ့်, သူက ဒီကိစ္စကို ဗြောင်ကျကျ မလုပ်ဘဲ အင်ပါယာစာမေးပွဲမှာ ဝင်ရောက် စွက်ဖက်ဖို့ သူ့ဩဇာအာဏာကို အသုံးပြုခဲ့ တယ်။ ဒါက သစ္စာမဲ့တာပဲ။ သူက သူ့အမေကို အကာကွယ်မပေးဘဲ သေခွင့်ပေးခဲ့တယ်။ ဒါက အကြင်နာမဲ့တာပဲ။ သူ့သားဖြစ်တဲ့ငါ့ကို မချစ်တဲ့အပြင်, ငါ့ကို ဖိနှိပ်ခဲ့တယ်။ ဒါက ကရုဏာကင်းမဲ့တာပဲ။ ဒီလိုနှလုံးသားမဲ့လူ၊ သစ္စာမဲ့လူ၊ ကြင်နာမဲ့တဲ့လူက ဘယ်လိုလုပ် ဖခင်တစ်ယောက် ဖြစ်နိုင်မှာလဲ။ သူက အင်ပါယာ တရားရုံးမှာ အရာရှိဖြစ်နေသေးတာ လား။ သူက အရာရှိတစ်ဦးဖြစ်နေရင်တောင်, သူက သစ္စာမဲ့တဲ့ အရာရှိတစ်ဦးပဲ ဖြစ်လိမ့် မယ်။"
သူ့စိတ်ထဲတွင် တုန်လှုပ်နေသော်လည်း ဟုန်ယွိသည် တည်ငြိမ်နေပုံရပြီး ဘာမှ ပြန်မပြောပေ။
"ညီအစ်ကို, မင်းရဲ့စိတ်ထဲမှာ ဆုံးဖြတ်ချက်တစ်ခု ချနိုင်ခဲ့ပြီလား" ယုယန်ချန်က မေးသည်။
"ပညာရှင်တွေရဲ့ သွန်သင်ချက်က ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ ကန့်သတ်ထားခြင်းမျိုး မရှိရဘူး။ ဒါမှသာ, လူတစ်ယောက်က ကမ္ဘာလောကကြီးနဲ့အတူ ပြောင်းလဲနိုင်လိမ့်မယ်။ ကျွန်တော် က အမြင်ကျဉ်းမြောင်းသူ မဟုတ်သလို ကိုယ်ကိုယ်တိုင်ကလည်း ဖြောင့်မတ်သူတစ်ဦး မဟုတ်ပါဘူး။" ဟုန်ယွိက ရုတ်တရက် ပြောလိုက်သည်။ သူက ဓားရိုးကို ဖိကိုင်ကာ မတ်တပ် ရပ်လိုက်သည်။ "မင်းသားက ကျွန်တော်ကို မြင့်မားစွာ တွေးထားမှတော့, ကျွန်တော်က သဘာဝအတိုင်း ပညာရှင်တစ်ယောက် ဖြစ်လာပြီး, မင်းသားအတွက် အလုပ်လုပ်ပေးပါ့မယ်။"
သူ့ဓားရိုးကို ဖိလိုက်သည့်အခိုက်တွင် ဟုန်ယွိသည် သူ့စိတ်ထဲမှာ အမှန်တကယ်ပင် ဆုံးဖြတ်ချက် ချပြီးနေပြီ ဖြစ်သည်။ သူသည် သစ္စာမဲ့သော၊ အကြင်နာမဲ့သော၊ အညှာတာမဲ့ သော သူ့ဖခင် ဟုန်ရွှန်ကျိနှင့် လုံးဝ အဆက်အသွယ် ဖြတ်တော့မည် ဖြစ်သည်။
ထို့အပြင် သူ့ကျောထောက်နောက်ခံအဖြစ် ယုယန်ချန်နှင့်ဆိုပါက, မဒမ်ကျောက်ကိုပင် သူ ကြောက်စရာမလိုပေ။ သူသည် သူ၏အကာအကွယ် အောက်တွင် သူ့ခွန်အားကို စုဆောင်းကာ အနာဂတ်တွင် ကျောက်မိသားစုကို တစ်ရှိန်ထိုး ချေမှုန်းနိုင်လိမ့်မည်။ ဟုန်ရွှန်ကျိကို အပြစ်ပေးနိုင်ရန်ပင် သူ့ကို တောင်းဆိုနိုင်လိမ့်မည်။
သူစိတ်ထဲ ဆုံးဖြတ်ချက်ချပြီးသည်နှင့် ဟုန်ယွိသည် ဟုန်ရွှန်ကျိနှင့် မြို့စားဝူဝမ်စံအိမ် တစ်ခုလုံးကိုပင် လုံးဝ ဆန့်ကျင်ရာ ရောက်သွားပေလိမ့်မည်။
မြို့စားဝူဝမ်စံအိမ်သည် အိမ်ရှေ့စံမင်းသားကို ပံ့ပိုးပေးနေခဲ့သော်လည်း, ယခုအခါ သူသည် မင်းသားယုမှ ခေါ်ယူခြင်း ခံနေရသည်။
ဟုန်ရွှန်ကျိက သူ့ကို နှိပ်ကွပ်ရန် စာမေးပွဲခန်းမဆီသို့ အမှန်တကယ် ရောက်ရှိလာခဲ့သည့် အကြောင်းကို ကြားတော့ ဟုန်ယွိသည် လုံးဝ ဒေါသထွက်သွားခဲ့ပါသည်။
သို့သော်, ယုယန်ချန်ထံမှာ ပညာရှင်တစ်ဦးအဖြစ် အလုပ်လုပ်ပေးခြင်းက, သူသည် အစေခံ တစ်ဦးဖြစ်သည်ဟု မဆိုလိုဘဲ ဧည့်သည်တစ်ဦးသာ ဖြစ်ပါသည်။ နှစ်ဖက်စလုံးက တစ်ယောက်ကို တစ်ယောက် အားကိုးအားထပြုပြီး တစ်ယောက်နှင့်တစ်ယောက် ယဉ်ကျေးပျူငှာစွာ ဆက်ဆံရပါမည်။ သူသည် အမိန့်ကိုသာ နာခံရသည့် ကျွန်တစ်ဦး မဟုတ်ဘဲ သူငယ်ချင်းတစ်ဦးသာ ဖြစ်ပါသည်။
သို့သော် သူသည် ကျွန်မဟုတ်သော်လည်း ဟုန်ယွိက စိတ်ဆုံးဖြတ်လိုက်သောအခါတွင် သူ့ကံကြမ္မာသည် မင်းသားယုနှင့် နီးကပ်စွာ ချိတ်ဆက်သွားခဲ့ပါပြီ။
အကယ်၍, နောင်အနာဂတ်မှာ မင်းသားယုသာ ဧကရာဇ် ဖြစ်လာပါက၊ သူသည် အထွက်ထိပ်ထိတိုင် မြင့်တက်သွားမှာဖြစ်ပြီး၊ ထောင့်တိုင်းက ကျောက်မိသားစုကို အမြစ်ပြတ် ချေမှုန်းနိုင်ပါလိမ့်မည်။
အကယ်၍, မင်းသားယုသည် နောင်အနာဂတ်တွင် ထီးနန်းအတွက် တိုက်ပွဲမှာ ကျရှုံးပြီး သူ့မိသားစုကို ရှင်းလင်းသုတ်သင်ပစ်မည်ဆိုပါက သူသည်လည်း အပြစ်ပေးခံရခြင်း၏ ကံကြမ္မာမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
"ကောင်းလိုက်တာ၊ "ဝိုင်ယူလာခဲ့စမ်း"
ယုယန်ချန်က လက်ခုပ်တီးပြီးနောက် အစေခံတစ်ယောက်က ဝိုင်ပုလင်းကို ချက်ချင်း ယူလာပါသည်။ ၎င်းသည် အရည်အသွေးမြင့် ယုလန်နွေဦးဝိုင် ဖြစ်သည်။
"ခွက်မလိုဘူး၊ ပန်းကန်အကြီးကြီးတွေ ပြောင်းယူခဲ့။" ယုယန်ချန်က ထပ်အော်သည်။ ထို့နောက် သူသည် ခွက်ကြီးလေးခွက်ကို ယူလာစေပြီး အပြည့် ဖြည့်စေသည်။ သူ၊ ကျင်းယုရှင်း၊ ချန်လီမြို့စားငယ်လေးနှင့် ဟုန်ယွိတို့က အကုန်သောက်လိုက်ကြသည်။
သောက်ပြီးနောက် ယုယန်ချန်က အလွန်နှောင်ဖွဲ့ကင်းစွာဖြင့်။ "ဘယ်နဲ့ညာ ၊ သခင်မလေး ယွန်ချန်းကို ဖိတ်လိုက်ပါ။"
များမကြာမီပင် သဲသောင်ပြင်ပေါ် တွဲလောင်းကျနေသည့် အဝတ်စားကို ဝတ်ဆင်ထားပြီး၊ ကြည်လင်သော ရေကန်ထဲမှာ ပွင့်လန်းနေသော ကြာပန်းကဲ့သို့ လှပသော အမျိုးသမီး တစ်ဦးသည် မိန်းကလေးငယ်တစ်ဦးကို လက်ချင်းတွဲကာ ခန်းမထဲသို့ ဝင်လာခဲ့ပါသည်။ သူမက ဟုန်ယွိကို နှုတ်ဆက်ပြီး ခန်းမအလယ်သို့ လျှောက်လှမ်းသွားသည်။
ကြည်လင်သော ရေကန်ထဲမှ ကြာပန်းသဖွယ် တောက်ပနေသော အမျိုးသမီးမှာ သခင်မလေး ယွန်ချန်း ဖြစ်ပြီး သူမလက်ချင်းတွဲလာသော မိန်းကလေးမှာ မုကလေး ဖြစ်ပါသည်။
သူမတို့နှစ်ဦးသည် စကားပြောဆိုရာမှာ အလွန်အဆင်ပြေကြောင်း ထင်ရှားသည်။ မူလက မုကလေးသည် ငယ်စဉ်ကတည်းက အထီးကျန်ခဲ့ပြီး သူမမျက်နှာတွင် မည်သည့် အပြုံးမျိုး မှ မရှိခဲ့သော်လည်း၊ ယခုအခါတွင် သူမသည် အလွန်ပျော်ရွှင်စွာ ပြုံးနေခဲ့သည်။
"ယွန်ချန်း ငါ့ကြေငြာချက်ကို ထုတ်လိုက်ပါ။ ညီအစ်ကိုဟုန်ဟာ သူ့မိသားစုနဲ့ အမှီအခို ကင်းစွာ နေထိုင်ပြီး၊ ကျောက်စိမ်းမြို့တော် ဘုန်းကြီးကျောင်း ကနေ ငှားထားတဲ့အိမ်မှာ နေထိုင်နေတုန်းပဲလို့ ငါ ကြားထားတယ်။ ဒါက သိပ်ပြီး မသင့်တော်ဘူး။ ငါ့မှာ မြို့တော်ရဲ့ ဆင်ခြေဖုံးရပ်ကွက်မှာ မြေဧကနှစ်ရာကနေ သုံးရာလောက်ရှိတဲ့ စံအိမ်ငယ်လေး တစ်ဆောင် ရှိတယ်။ အဲဒါကို ညီအစ်ကိုဟုန်ကို ပေးလိုက်ပါ။" ယုယန်ချန်က ရုတ်တရက် ပြောလိုက်ပါသည်။
"မင်းသားဆီက လက်ဆောင်ကို ကျွန်တော် ဘယ်လိုလုပ် ငြင်းဆန်ရမှာလဲ" ဟုန်ယွိက ကျယ်လောင်စွာ ပြောသည်။ သူသည် လုံးဝ မငြင်းဘဲ ချက်ချင်း လက်ခံလိုက်သည်။
ကျင်းယုရှင်း, ချန်လီမြို့စားငယ်လေးတို့သည် ဟုန်ယွိက လုံးဝ မငြင်းဆန်သည်ကို မြင်လိုက်ရသည်။ သူတို့သည် အစပိုင်းတွင် အံ့အားသင့်ခဲ့ကြ သော်လည်း နောက်ပိုင်းတွင် အသိတရားများ ပြန်လည်ရရှိလာကြသည်။ သူတို့သည် ဟုန်ယွိ၏ ပြတ်သားမူကို စိတ်နှလုံးထဲတွင် တိတ်တဆိတ် ချီးကျူးမိကြသည်။
အကယ်၍, သူ ငြင်းဆန်လိုက်မည်ဆိုလျှင် သူ့စိတ်က မတည်ငြိမ်သေးဟု ဆိုလိုရာရောက် ပါသည်။ အခုမူ ဟုန်ယွိက မဆိုင်းမတွ လက်ခံလိုက်ခြင်းက, သူသည် မင်းသားယုကို လုံးဝ သစ္စာခံကြောင်း ကတိပြုလိုက်ခြင်းပင် ဖြစ်ပါသည်။
ဟုန်ယွိနှင့် မြို့စားဝူဝမ်စံအိမ်၏ ဆက်ဆံရေးကြောင့် ယခုကဲ့သို့ ကြီးကြီးမားမား ဆုံးဖြတ် ချက်ချနိုင်ရန် ပြတ်သားမှုများစွာ လိုအပ်ကြောင်းလည်း ၎င်းတို့ သိထားကြပါသည်။