အခန်း (၈၃-၈၄)
Vol. 6 Ch. 83-84
အခန်း (၈၃)။
"ညီအစ်ကိုဟုန်လို ထက်မြက်တဲ့လူတစ်ယောက်ရဲ့ အကူအညီကို ရရှိတဲ့အတွက် ဂုဏ်ယူပါ တယ် မင်းသား။" ဟုန်ယွိက အသက်တရှိုက်အတွင်းမှာ သဘောတူကြောင်း ကျင်းယုရှင်း မြင်သောအခါ သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
“ညီအစ်ကိုဟုန်၊ ငါတို့မှာ လောင်းကြေးရှိသေးတယ်ဆိုတာ မမေ့နဲ့။"
ရုတ်တရက်ဆိုသလို ချန်လီမြို့စားငယ်လေး, ရှောင်ဟောင်က စကားပြောသည်။
“ငါ ဘယ်လို မေ့နိုင်မှာလဲ။ မြို့စားလေးဟာ ကိုယ်ခံပညာကို ကျွမ်းကျင်ပြီး လျှပ်စီးဖမ်း မြင်းကို ပြန်ပြီး အနိုင်ယူချင်နေတယ်။ ဒီနေ့ ငါတို့ ဘာတွေ ပြိုင်ကြမလဲ။ လေးပစ်လား, ဒါမှမဟုတ် ကိုယ်ခံပညာချင်း ယှဉ်ပြိုင်မှာလား။”
ဟုန်ယွိသည် ရှောင်ဟောင်ကို အေးအေးဆေးဆေး ကြည့်သည်။ ဤရက်များတွင် သူသည် နွားသိုးနတ်ဆိုးခွန်အား လက်သီးပညာရပ်, ကောင်းကင်ဘုံ ရစ်ပတ်ခြင်း လက်ဝါးနှင့် ယင်နှင့်ယန်တို့၏မျှခြေကို လေ့ကျင့်နိုင်ရန် အမိတ္တဘသုတ္တန်ကို သူ၏ဝင်ရိုးအဖြစ် အသုံးပြုခဲ့သည်။ သူ့ခန္ဓာကိုယ်က လုံးဝ တိုးတက်လာခဲ့ပြီး၊ မှော်ဆေးဝါး အားလုံးထက်ပင် ပိုကောင်းပါသည်။ သူ၏ကိုယ်ခံပညာသည် ခုန်ပျံကျော်လွှား တိုးတက်လာခဲ့ပြီး သိုင်းစစ်သည်တော် နယ်ပယ်ထဲသို့ ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။
တကယ့် တိုက်ခိုက်ရေး စွမ်းရည်အရဆို, ဟုန်ယွိက သူသည် သိုင်းသခင်တစ်ယောက်နှင့် ယှဉ်နိုင်သည်ဟုပင် ခံစားမိသည်။ နောက်ဆုံးတွင်၊ သူသည် ဒိုင်ဇင်ဘုရားကျောင်းနှင့် ဆန်းကြယ်ကောင်ကင်ဘုံခန်းမ ၏လျှို့ဝှက်ပညာရပ်များကို လေ့ကျင့်ထားခဲ့ပါသည်။
သေချာသည်မှာ, အကယ်၍, သူသည် သွေးပုံစံသံမဏိအပ်ကို မောင်းနှင်ရန် တာအို ပညာရပ်များကို အသုံးပြုလိုက်ပါက, သူသည် သံချပ်ကာ ဝတ်ဆင်ထားသည့် သိုင်းသခင် သုံးဦးမှ ငါးဦးအထိကိုပင် သတ်ပစ်နိုင်ပါသည်။
သွေးပုံစံသံမဏိအပ်သည် ပေါ်လာပြီးနောက် မထင်မှတ်ဘဲ ပျောက်ကွယ်သွားနိုင်သည်။ ခြေရာလက်ရာမချန်ဘဲ လူတွေကို သတ်ပစ်နိုင်ပါသည်။ ဤသည်မှာ တာအိုပညာရပ်၏ စွမ်းအား ဖြစ်သည်။
ချန်လီမြို့စားငယ်လေး ရှောင်ဟောင်၏ ကိုယ်ခံပညာမှာ ထူးထူးခြားခြား အားကောင်းခြင်း မရှိပေ။ ဟိုတချိန်တုန်းက သူတို့ လက်ရည်စမ်းခဲ့စဉ်တုန်းက ရှောင်ဟောင်က သူ့ကို ရှုံးနိမ့်ခဲ့ပါသည်။ လပေါင်းများစွာကြာပြီး ရှောင်ဟောင်သည် ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ ပြီး ရှောင်ဟောင်၏ တိုးတက်မှုက ပို၍ပင် ကြီးမားလာနိုင်သော်လည်း, မည်သို့ပင်ဖြစ်စေ, ဟုန်ယွိကတော့ ရှောင်ဟောင်သည် သူ့အတွက် တူညီသည့် ပြိုင်ဘက်မဟုတ်ဟု ယုံကြည်နေခဲ့သည်။
"သေချာတာက ,အဲဒါက စစ်မြေပြင် ကိုယ်ခံပညာရပ် ဖြစ်ရမယ်။ မင်းသားရဲ့ စံအိမ်မှာ မြင်းတွေပြေးနိုင်တဲ့ လေ့ကျင့်ရေးကွင်း ရှိတယ်။ ငါတို့ စစ်မြေပြင်ကွင်းထဲမှာ ဆေဘာတွေ၊ လှံတွေ၊ ဓားတွေ၊ တောင်ဝှေးတွေနဲ့ ယှဉ်ပြိုင်ကြမယ်ဆို ဘယ်လိုလဲ။ ဒီပွဲမှာ ငါ အနိုင်ရရင်, မင်း ငါ့မြင်းကို ငါ့ဆီပြန်ပေးလိမ့်မယ်။ တကယ်လို့, မင်းအနိုင်ရရင်တော့, ငါ့ရဲ့ နွေးထွေးတဲ့ ကျောက်စိမ်းလက်မလက်စွပ်ကို ငါ ပေးမယ်။ ငါ့ကျောက်စိမ်းလက်မ လက်စွပ်က မဟာကျိုးမင်းဆက်က အသုံးပြုခဲ့တဲ့ ချီလင်ကျောက်စိမ်းလက်စွပ် ဖြစ်တယ်။ ရွှေဒင်္ဂါး တစ်ထောင်တန်တယ်။”
ရှောင်ဟောင်က ရယ်မောပြီး ဟုန်ယွိကို ကြည့်လိုက်သည်။
ဟုန်ယွိသည်လည်း သူ့မျက်လုံးများတွင် ယုံကြည်မှုကို မြင်နိုင်ပါသည်။ သူ့နှလုံးက တစ်ချက်ခုန်သွားပါသည်။
"ကောင်းပြီလေ။"
ယုယန်ချန်က လက်ခုပ်တီးပြီး ရယ်မောရင်း "ငါက မြင်းကျောပေါ်မှာမွေးတဲ့ မင်းသား တစ်ပါးဖြစ်ပြီး၊ မြင်းစီးကိုယ်ခံပညာကလည်း ငါ အကြိုက်ဆုံးပဲ။ ပန်းတွေပွင့်နေပေမယ့် မိုက်မဲနေတဲ့ကမ္ဘာကြီးရဲ့ လက်တွေ့မကျတဲ့ လှုပ်ရှားမှုတွေကို ငါ မကြိုက်ဘူး။ ဘယ်နဲ့ညာ၊ မင်တို့ရဲ့ချပ်ဝတ်တွေ, ဆေဘာတွေ, ဓားတွေ၊ လှံတွေကို ထုတ်ယူလိုက်ပါ။ သူတို့ နှစ်ယောက် စိတ်ကြိုက် ရွေးချယ်နိုင်တယ်။"
လေ့ကျင့်ရေးကွင်းထဲမှာ။
ရှောင်ဟောင်သည် တောက်ပြောင်သော ငါးကြေးခွံချပ်ဝတ်တန်ဆာကို ဝတ်ထားပြီး သံမဏိလှံတစ်ချောင်းကို သူ့လက်ထဲတွင် ကိုင်ထားပါသည်။ သူသည် အနက်ရောင် နဂါးကြီးနှင့်တူသည့် မြင်းကို စီးထားပါသည်။ မြင်းက လုံးဝ အနက်ရောင် တောက်ပြောင် နေပြီး ချပ်ဝတ်တန်ဆာနှင့် ဖုံးအုပ်ထားသည်။
မြင်းသည် ယွန်မင်၏ "အမှောင်သွေးမြင်း" ဖြစ်ပြီး၊ နာမည်ကျော်မြင်းလည်း ဖြစ်သည်။ ၎င်းသည် ယွန်မင်၏ ပြိုင်ဘက်ကင်း "သံမဏိဗုဒ္ဓမြင်းတပ်"မှာ အသုံးပြုခဲ့သော မြင်း ဖြစ်သည်။
ကမ္ဘာပေါ်ရှိ အစွမ်းထက်ဆုံး မြင်းတပ်ဖြစ်သည့် သံမဏိဗုဒ္ဓမြင်းတပ်သည် ဤအမှောင်သွေး မြင်းအမျိုးအစား ဖြစ်သည်။
ရှောင်ဟောင်သည် ငါးကြေးချပ်ဝတ်တန်ဆာ၊ မြင်းချပ်ဝတ်တန်ဆာနှင့် လှံရှည်ကို ကိုင်ဆောင်ထားသည်။ နေရောင်အောက်တွင် သူသည် တောင်တန်းကြီးတစ်ခုကဲ့သို့ ခမ်းနားထည်ဝါနေသည်။
ဟုန်ယွိလည်း တူညီစွာပင် ငါးကြေးခွံချပ်ဝတ်တန်ဆာ တပ်ဆင်ထားပါသည်။ သို့သော် သူ့လက်ထဲတွင် လှံကို ကိုင်ဆောင်ထားခြင်း မရှိဘဲ သံတုတ်တစ်ချောင်းကို ကိုင်ထားသည်။ ၎င်းသည် အလေးချိန် ၄၀ ကီလိုဂရမ်ထက်မနည်းရှိသော သံတုတ်တစ်ချောင်း ဖြစ်သည်။
သူသည် လှံကိုအသုံးပြုရာတွင် မကျွမ်းကျင်သော်လည်း တုတ်သိုင်းပညာကို အလွန်ရင်းနှီး သည်။ တခြားကြောင့် မဟုတ်ပါဘူး။ သူသည် ရှန်ထိုက်ဇူနှင့် နေ့တိုင်း လေ့ကျင့်ပြီးနောက် သူ၏ "နတ်ဆိုးမျောက်ဝံဖရိုဖရဲနတ်ဘုရားတုတ်" နှင့် သူ့ကိုယ်သူ ရင်းနှီးပြီးသား ဖြစ်လာ ခြင်းကြောင့် ဖြစ်ပါသည်။
ဟုန်ယွိသည် သူ့သံတုတ်ကို ကိုင်ဆောင်ကာ သံမဏိမြင်းနှင့် သံမဏိသံချပ်ကာကို ဝတ်ဆင်ထားသည်။ သူသည် ရှောင်ဟောင်ကို ရင်ဆိုင်ရာတွင် လက်နက်အပြည့်အစုံ အသုံးပြုထားသည်။ ရုတ်တရက် သူ့သွေးတွေက သူ့နှလုံးသားသို့ ပျံ့နှံ့လာခဲ့သည်။ ဤသည်မှာ စစ်မြေပြင်တွင် တဟုန်ထိုး ပြေးတက်တော့မည့်အခိုက် လူတစ်ယောက်၏ သွေးများ ပွက်ပွက်ဆူလာခြင်း ဖြစ်ပါသည်။
သံတုတ်ကို လက်နှစ်ဖက်ဖြင့် ဖြည်းညင်းစွာ မြှောက်လိုက်ရင်း ဟုန်ယွိသည် စိတ်ဝိညာဉ် နှင့် ခန္ဓာကိုယ် တစ်သားတည်းဖြစ်ခြင်း နယ်ပယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။ သူသည် နတ်ဘုရားတစ်ပါးကဲ့သို့ တည်ငြိမ်နေ၏။ သူသည် ရှည်လျားသော သံတုတ်ကို မြှောက် လိုက်သောအခါ၊ လျှပ်စီးဖမ်းမြင်း၏ခွာများသည် မြေပြင်ပေါ်တွင် ပေါ့ပါးစွာ ပုတ်ခတ်လိုက် ပြီး၊ အချိန်မရွေး တဟုန်ထိုး ပြေးထွက်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ သူ့ရှေ့မှာ တောင်ကြီးတစ်ခု ပြိုကျတော့မည့်အတိုင်းပင်။
ဤအခိုက်အတန့်တွင် ဟုန်ယွိနှင့် လျှပ်စီးဖမ်းမြင်းတို့သည် သူတို့၏ အသွေးအသားများ ဆက်စပ်နေသကဲ့သို့ ခံစားရသည်။
သူတို့နှစ်ယောက်စလုံး လုံးဝ အဆက်အသွယ်မိနေပြီ။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း၊ ဟုန်ယွိသည် လျှပ်စီးဖမ်းမြင်းနှင့် ဆက်သွယ်ရန် သူ့ခန္ဓာကိုယ်ကို ရံဖန်ရံခါ စွန့်ခွာခဲ့လေသည်။ လူနှင့်မြင်းတို့သည် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုအပြည့် ရှိလာခဲ့ကြသည်။ လျှပ်စီးဖမ်းမြင်းသည် မြေခွေးလေးများကဲ့သို့ ထက်မြက်ခြင်း မရှိသည့်အပြင် တာအိုပညာရပ်များကို နားလည်နိုင်စွမ်း သို့မဟုတ်, ကိုယ်ခံပညာရပ်များကို လေ့ကျင့်နိုင်စွမ်း မရှိသော်လည်း, တစ်နေ့တွင် ၎င်း၏ဉာဏ်ရည် ဉာဏ်သွေး အပြည့်အဝ ဖွံ့ဖြိုးလာလိမ့်မည်ဟု ဟုန်ယွိက ယုံကြည်ထားပါသည်။ သူသည် တန်ခိုးကြီးသော နတ်ဆိုးတစ်ကောင်ပင် ဖြစ်လာနိုင်သော်လည်း, ယင်းကို မသိရသေးပေ။
တိုက်ပွဲ မစတင်မီအချိန်မှာ ဟုန်ယွိသည် ၎င်းတို့၏ အငွေ့အသက်အရ အသာစီးရထားပြီး ဖြစ်သည်။
ရှောင်ဟောင်လည်း တစ်ခုခုမှားနေပြီဟု ခံစားမိသည်။ သူသည် သွားများကို ပြင်းပြင်း ထန်ထန် ကြိတ်ပြီး၊ ခြေထောက်များကို ပြင်းထန်စွာ ညှပ်လိုက်ပါသည်။ ရုတ်တရက် လေပွေတစ်ချက် တိုက်ခတ်သွားပြီး၊ မြင်းက လုံးလုံးလျားလျား လှုံ့ဆော်ခံလိုက်ရသည်။
ခြေဆယ်လှမ်း
ခြေလှမ်းနှစ်ဆယ်၊
ခြေလှမ်းလေးဆယ်။
မျက်စိတစ်မှိတ် အတွင်းမှာပင် အမှောင်သွေးမြင်းသည် ခြေလှမ်းငါးဆယ် အကွာအဝေးကို ဖြတ်ကျော်လာခဲ့သည်။ ၎င်း၏အမြန်နှုန်းမှာ အမြင့်ဆုံးဖြစ်ပြီး ၎င်း၏ကိုယ်ထည်ရှိ သတ္တု ချပ်ဝတ်သည် အရိုင်းဆန်သော သားရဲတစ်ကောင်၏အမွေးများ အဆုံးထိ ထောင်မတ်နေ သကဲ့သို့ ဖြစ်ပေါ်နေသည်။ ဤခံစားချက်က သံချပ်ကာဝတ် သားရဲတစ်ကောင်၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုကို ခံလိုက်ရသလိုပင်။
"သွား"
တစ်ချိန်တည်းမှာပင် ဟုန်ယွိက လှမ်းအော်သည်။ သူ့အောက်က လျှပ်စီးဖမ်းမြင်းလည်း ရွှေ့လျားသွားခဲ့သည်။ ၎င်းသည် လေနှင့်လျှပ်စီးကဲ့သို့ မြန်ဆန်ပြီး၊ ခွာသံတွေက မိုးခြိမ်းသံကဲ့သို့ပင်။ သိုင်းလေ့ကျင့်ရေးကွင်းပြင်က ညီညာပြန့်ပြူးပြီး၊ မြင်းက နက်ရှိုင်း သည့် ခြေရာတွေ ချန်ထားရစ်ခဲ့ပါသည်။
တခဏချင်းမှာပင်၊ စစ်မြင်းနှစ်ကောင်သည် အချင်းချင်း ပွတ်သပ်ဖြတ်ကျော်သွားကာ၊ လှံနှင့် သံတုတ်တို့ အချင်းချင်း ထိတွေ့သွားကြသည်။
ကျယ်လောင်သော မြည်ဟီးသံနှင့်အတူ ဟုန်ယွိသည် နွားသိုးနတ်ဆိုးခွန်အား လက်သီး ပညာရပ်၏ နွားသိုးဟိန်းဟောက်ခြင်းကို အသုံးပြုခဲ့သည်။ သူသည် သူ့ခွန်အားကို လက်နှစ်ဖက်ဆီသို့ ဖြန့်ကျက်ကာ "နတ်ဆိုးမျောက်ဝံ တောင်ခွဲရိုက်ချက်ဖြင့် လှံကို အပြင်းအထန် ရိုက်ချသည်။
ဒိုင်း၊
လှံသည် တခဏချင်း ကွေးညွှတ်သွားပြီးနောက် ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။ ဖြောင့်စင်းသော လှံသည် မြှားတစ်စင်းကဲ့သို့ ကောင်းကင်သို့ ပျံတက်သွားပါသည်။
လှံကို ရိုက်ထုတ်ပြီးနောက်၊ ဟုန်ယွိသည် "နတ်ဆိုးမျောက်ဝံ ပင်လယ်မွှေနှောက်" ကို အဆင်ပြေပြေ အသုံးပြုခဲ့ပြီး သံတုတ်က ရှောင်ဟောင်၏ချပ်ဝတ်တန်ဆာကို ထိမှန်သွားခဲ့ သည်။
ဒိုင်း၊
ရှောင်ဟောင်၏ ကြီးမားသော ခန္ဓာကိုယ်သည် လေထဲသို့ ပျံတက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျလာခဲ့သည်။
လူနှစ်ယောက်နှင့် မြင်းနှစ်ကောင်၏ ရိုက်ခတ်မှုသည် မယုံနိုင်လောက်အောင် ပြင်းထန် သည်။
ရုတ်တရက် ပုံရိပ်တစ်ခု ပေါ်လာသည်။ ရှောင်ဟောင်သည် မြေပြင်ပေါ်သို့ ပြုတ်မကျခင် မှာ၊ ထိုပုံရိပ်သည် ချပ်ဝတ်တန်ဆာကို ဖမ်းကိုင်လိုက်ပြီး နှစ်ကြိမ်လှည့်ကာ အင်အားကို ချေမှုန်းပစ်ပြီး မြေပြင်ပေါ်တွင် ချလိုက်ပါသည်။
သူ့ကို လက်ခံပြီး ဖမ်းပေးထားသူမှာ မင်းသား ယုယန်ချန် ဖြစ်သည်။
ထိုလှုပ်ရှားမှုက လျှပ်စီးလက်သလို မြန်ပြီး ဟုန်ယွိတောင် ရှင်းရှင်းလင်းလင်း မမြင်ရပါဘူး။
"မိတ်ဆွေကောင်းပဲ၊ မင်းသားယုက အနည်းဆုံး ရှန်တန်သိုင်းသခင်နယ်ပယ်ကို ဝင်ရောက်ပြီးဖြစ်တဲ့ ကျွမ်းကျင်သူတစ်ဦးပဲ။ ဖြစ်နိုင်တာက, သူက ဒီထက်ပိုပြီးတောင် အားကောင်းနေနိုင်တယ်။" ဟုန်ယွိသည် မြင်းကိုထိန်းကာ ရပ်လိုက်ပြီး သူ၏ ချပ်ဝတ် တန်ဆာကို ချွတ်ရန် ခုန်ဆင်းလိုက်ပါသည်။
"မြို့စားလေး၊ ငါ မင်းကို ပြစ်မှားမိပြီ။" ဟုန်ယွိသည် ချပ်ဝတ်တန်ဆာကို ချွတ်ပြီးနောက် ရှောင်ဟောင်၏ ဖြူဖျော့သော မျက်နှာကို မြင်လိုက်ရလျှင် အပြုံးဖြင့် အမြန်ပြောလိုက် သည်။ သူ၏တုတ်သိုင်းပညာသည် ပြင်းထန်သော်လည်း ၎င်းတို့ နှစ်ဦးစလုံးသည် ချပ်ဝတ် တန်ဆာကို ဝတ်ဆင်ထားပြီး ချပ်ဝတ်တန်ဆာအောက်တွင် ပျော့ပျောင်းသော ချပ်ဝတ် တန်ဆာလည်း ရှိနေပါသည်။ ရှောင်ဟောင်သည် လွင့်ပျံသွားခဲ့သော်လည်း, သူသည် အတွင်းဒဏ်ရာ မရရှိခဲ့ပေ။
"ညီအစ်ကိုဟုန်ရဲ့ ကိုယ်ခံပညာက ဒီလောက် အစွမ်းထက်မယ်လို့ မမျှော်လင့်ထားဘူး!" ရှောင်ဟောင်က သက်ပြင်းချလိုက်သည်။
သူ့လှံက ဟုန်ယွိကြောင့် လွင့်ထွက်သွားခဲ့ပြီး၊ ယခုမူ သူသည် နောက်ထပ် ထိုးနှက်ချက် တစ်ခုကြောင့် လွင့်ထွက်သွားခဲ့ပြန်ရာ, ရှောင်ဟောင်သည် ရှုံးနိမ့်ကြောင်း ဝန်ခံရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။
သူက အပြင်းအထန် အသက်ရူရင်း သူ့လက်မပေါ်ရှိ လက်စွပ်ကို ချွတ်လိုက်သည်။
"ဟေး" ဟုန်ယွိက သူ့လက်ဖြင့် တားလိုက်သည်။ "မြို့စားလေး၊ မင်းက ငါ့ကို အပြင်လူလို ဆက်ဆံနေတာပဲ။ ငါတို့ နှစ်ယောက်စလုံးက မင်းသားနဲ့ မိတ်ဆွေတွေ ဖြစ်နေကြပြီ၊ ငါတို့က ဒီနေ့ ကိုယ်ခံပညာနဲ့ မိတ်ဆွေဖွဲ့ကြတာပေါ့။ ငါက ငွေကြေးအပေါ် လောဘမကြီးပါဘူး။”
"ငါရှောင်ဟောင်က အလောင်းအစားနဲ့ပတ်သက်ပြီး ငါ့ကတိကို ဘယ်တုန်းကမှ မဖျက်သိမ်းဖူးဘူး။ ညီအစ်ကိုဟုန်၊ မင်း ငါ့ကို အထင်သေးနေတာလား။" ဟုန်ယွိက လက်မခံကြောင်း မြင်သောအခါ ရှောင်ဟောင်၏ မျက်နှာက အေးစက်သွားပါသည်။
"လူကြီးလူကောင်းဆိုတာ သူများတွေကြိုက်တဲ့ အရာကို မယူရဘူး။" ဟုန်ယွိက "ဒါပေမဲ့ ငါ လောင်းကြေးကို လိုချင်တယ်။ မင်းရဲ့ လျှပ်စီးဖမ်းမြင်းကို ငါယူခဲ့ပြီးပြီ။ တကယ်လို့, ဒီလက်စွပ်ကို တစ်ခုခုနဲ့ လဲလှယ်လို့ရရင်, မြို့စားလေး၊ ဒီမြင်းကို မူလက ထိန်းသိမ်းခဲ့တဲ့ မြင်းထိန်းကို ငါ့ကို ပေးလိုက်ပါ။ နောက်ပြီး မင်းမှာ နောက်ထပ် အစေခံတွေ ရှိရင်လည်း ငါ့အတွက် အနည်းငယ် စီစဉ်ပေးပါ။ မင်းသားက ငါ့ကို စံအိမ်ပေးထားပြီး၊ စီမံခန့်ခွဲဖို့ လူမလုံလောက်မှာ ငါ စိုးရိမ်တယ်။"
"အဲဒါ အရမ်းကောင်းတယ်။" ဟုန်ယွိ၏စကားကို ကြားတော့ ရှောင်ဟောင်က ရယ်မောပြီး လက်စွပ်ကို ပြန်ယူလိုက်သည်။ "လျှပ်စီးဖမ်းမြင်းအတွက် ငါ့မြင်းထိန်းလေးယောက်က အလုပ်လက်မဲ့ဖြစ်ရပ်မျိုး ကြုံနေရတာ။ ငါ့ဆီမှာ စစ်တပ်ကနေ ထုတ်ပယ်ခံရပြီး လယ်လုပ် နည်းမသိ၊ စားဖို့လောက်သာသိတဲ့ လူတစ်ဒါဇင်ကျော်လောက်ရှိတယ်။ ငါ သူတို့ကို ကျွန်တွေအဖြစ် မင်းကို ပေးလိုက်မယ်။"
အခန်း (၈၄)။
မင်းသားယုက သူ့အား ပေးအပ်ခဲ့သည့် စံအိမ်သည် ကျောက်စိမ်းမြို့တော်မှ လီ ၇၀ အကွာ အစိမ်းရောင်မိုးမခရွာတွင် တည်ရှိပါသည်။ ၎င်းကို အစိမ်းရောင်မိုးမခ စံအိမ်ဟုလည်း ခေါ်ဆိုကြသည်။ ဟုန်ယွိသည် မင်းသား၏စံအိမ်မှ ပြန်လာပြီးနောက် ထိုနေရာသို့ ညတွင်းချင်း ပြောင်းရွှေ့ခဲ့ပါသည်။
စစချင်းမှာ သူ့တွင် ပိုင်ဆိုင်မှုအများကြီး မရှိသောကြောင့် ပြောင်းရွှေ့ဖို့က လွယ်ကူပါသည်။ သေတ္တာကြီးပေါင်းများစွာကို တင်ဆောင်ထားသော မြင်းရထားတစ်စီး၊ မြင်းလေးကောင် နှင့် လူလေးယောက်သည် အလွန်လိုက်လျောညီထွေ ရှိလှသည်။
အစိမ်းရောင်မိုးမခရွာ၏ တည်နေရာသည် အလွန်ကောင်းမွန်သည်။ ရွာအပြင်ဘက်မှာ ဘိုင်လန်မြစ်ဟုခေါ်သည့် မြစ်ကြီးတစ်စင်း ရှိသည်။ ၎င်းမြစ်ကြီးသည် တောင်ဘက်မှ လီထောင်ပေါင်းများစွာ ကွေ့ပတ်ကာ ကျောက်စိမ်းမြို့တော်ကို ဖြတ်သန်းပြီး အရှေ့ပင်လယ်သို့ စီးဆင်းဝင်ရောက် သည်။
ဤဘိုင်လန်မြစ်သည် တော်ဝင်ချန်ရှိ ရေလမ်းပို့ဆောင်ရေး၏ ထက်ဝက်နီးပါးကို ချိတ်ဆက်ထားသောကြောင့် တောင်ဘက်ရှိပစ္စည်းများနှင့် ကုန်ပစ္စည်းများ အားလုံးကို ကျောက်စိမ်းမြို့တော်နှင့် ပတ်ဝန်းကျင်မြို့များသို့ စဉ်ဆက်မပြတ် ပို့ဆောင်နိုင်ပါသည်။
ထို့ကြောင့် အစိမ်းရောင်မိုးမခရွာသည် အလွန်သာယာပါသည်။ အကယ်၍, တစ်စုံ တစ်ယောက်သည် တစ်ခုခုဝယ်ချင်ပါက, ကျောက်စိမ်းမြို့တော်ကို သွားစရာ မလိုတော့ပါဘူး။
အဆိုပါစံအိမ်သည် အစိမ်းရောင်မိုးမခရွာ၏ အနက်ရှိုင်းဆုံးနေရာတွင် တည်ရှိပါသည်။ နေရာတိုင်းမှာ မိုးမခပင်များ၊ တံတားငယ်များ၊ လမ်းဆုံရှိ ရေဝင်ပေါက်များရှိနေပြီး၊ လယ်ကွင်းတွေက မြေဩဇာကောင်းမွန်ကာ ငါးကန်တွေလည်း အများပြားရှိနေပါသည်။ ၎င်းနေရာသည် တောင်ဘက်ဒေသရှိ ငါးနှင့်ဆန်နယ်မြေကြီး တစ်ခုကဲ့သို့ပင်။
"အိမ်ကြီးတွေ အများကြီးရှိတယ်"
စံအိမ်ကြီးကို ပထမဆုံးအကြိမ် မြင်သောအခါ မုကလေးက တွေးမိသည်။
အမှန်ပင်, ခြံထဲမှာ အိမ်တွေ အများကြီး ရှိနေပါသည်။ ၎င်းတို့အနက် သုံးဆယ်ကျော်ရှိပြီး ၎င်းတို့အားလုံးသည် အရည်အသွေးမြင့် အာရဇ်သစ်သားဖြင့် ဆောက်လုပ်ထားကာ၊ အစိမ်းရောင် အုတ်များဖြင့် တည်ဆောက်ထားသည်။ အပြင်ဘက်တွင် လူသုံးယောက် လောက် မြင့်မားသော အုတ်နံရံများဖြင့် ဝန်းရံထားသည်။ လူတွေက ၎င်းတို့အပေါ်ကို မတက်နိုင်အောင် နံရံတွေမှာ သံဆူးချွန်တွေ ရှိနေပါသည်။
ထို့ထက် ပို၍အရေးကြီးသည်မှာ, စံအိမ်၏ထောင့်တိုင်း၌ ကျောက်တိုင်များပေါ်တွင် စောင့်ကြည့်ရေး မျှော်စင်များကို တည်ဆောက်ထားပြီး၊ အတွင်းမှလူများသည် အပြင်မှ အခြေအနေကို အဝေးမှပင် လှမ်းမြင်နိုင်ပါသည်။ သူတို့သည် နံရံအပြင်ဘက်က လူတွေကို မြင့်မားသည့် အနေအထားကနေ ပစ်ခတ်နိုင်ပါသည်။
ဟုန်ယွိသည် စောင့်ကြည့်ရေး မျှော်စင်များကို ကြည့်ကာ စိတ်ထဲမှာ ခေါင်းညိတ်လိုက်ပါ သည်။ မည်သို့ပင်ဖြစ်စေ, မြှားပစ်ကျွမ်းကျင်သည့် လေးသမားများကို စောင့်ကြည့်ရေး မျှော်စင်တွေဆီ လွှတ်ထားသရွေ့ အပြင်မှာ လူရာနှင့်ချီ ရှိနေရင်တောင် တိုက်ခိုက်ရန် ခက်ခဲပါလိမ့်မည်။
များသောအားဖြင့် ချမ်းသာကြွယ်ဝသော မိသားစုများ၏ ခြံဝင်းများတွင် သဘာဝ ဘေးအန္တရာယ်များ၊ အိမ်ငှားသူများကြား အဓိကရုဏ်းများနှင့် ဓားပြများ၏ လုယက်မှုတို့ကို ကာကွယ်ရန် ဤအရာများကို ဆောက်လုပ်ထားကြမည် ဖြစ်သည်။
စံအိမ်၏အခြားတစ်ဖက်တွင် ဆန်ကြိတ်စက်ရုံများ၊ ဝိုင်ချက်စက်ရုံများ၊ ဆီစက်များနှင့် ဝက်၊ ကြက်၊ ဘဲများကို မွေးမြူရန် ခြံများရှိသည်။ တစ်ဝက်ကို အစားအစာအတွက် အသုံးပြုပြီး ကျန်တစ်ဝက်ကို ၎င်းတို့၏ ဝင်ငွေတိုးစေရန် ရောင်းချကြပါသည်။
ထို့အပြင် ပိုးစာပင်များနှင့် ပိုးထည်များ မွေးမြူရန် အိမ်များလည်း ရှိသည်။
စပါးစိုက်ခင်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများနှင့် ပိုးစာတောများအပြင် လက်ဖက် တောင်တန်းများနှင့် ငါးကန်များလည်း ရှိသည်။
ဤသည်မှာ သာမန်လယ်ယာတစ်ခု ဖြစ်သည်။ ဆားအပြင် ထင်း၊ ဆန်၊ စပါး၊ ဆီ၊ ဟင်းသီးဟင်းရွက်၊ လက်ဖက်ခြောက်နှင့် အသားစသည် ဖူလုံပါသည်။
"မြို့စားဝူဝမ်စံအိမ်မှာလည်း ကျောက်စိမ်းမြို့တော်ရဲ့ အပြင်ဘက်မှာ ဒီလိုစံအိမ်ကြီးတွေ ရှိတယ်။ အဲဒီမှာလည်း သုံးဆယ်လောက်ရှိပြီး အိမ်တစ်ဆောင်စီက ဝိုင်၊ ပိုးစာကောင်၊ လက်ဖက်ခြောက်စသဖြင့် ထုတ်လုပ်ကြတယ်။ သူတို့လည်း တစ်နှစ်ကို ငွေဒင်္ဂါး ငါးထောင် လောက် ဝင်ငွေရှိတယ်။ မင်းသားယုက မင်းသားတစ်ပါး ဖြစ်သည်။ သူ့မှာရွာပေါင်း တစ်ရာကျော်လောက် ရှိသင့်တယ်။”
သို့သော်, ကျောက်စိမ်းမြို့တော်ရှိ မင်းမျိုးမင်းနွယ်များနှင့် ဝန်ကြီးများအတွက် အဓိက ဝင်ငွေမှာ ထိုအိမ်များမှ နှစ်စဉ်ရရှိသည့် ဝင်ငွေဖြစ်ကြောင်း ဟုန်ယွိ သိထားသည်။ ထို့အပြင် နိုင်ငံတော်ဘဏ္ဍာမှ ရရှိသည့် လစာသည် မိုးဖွဲလေးမျှသာ ဖြစ်ပါသည်။
မင်းမျိုးမင်းနွယ်တွေ၊ မှူးမတ်တွေ, ဝန်ကြီးတွေက စီးပွားရေး မလုပ်ကြပါဘူး။ ရံဖန်ရံခါတွင် အမြတ်အစွန်းအတွက် လောဘတက်သူများ ရှိကြပြီး၊ သူတို့သည် အဆင်ပြေသော ကုန်သည်များသာ ထောက်ပံ့ပေးပြီး၊ သူတို့ကိုလည်း အမြတ်ဝေစုများ ပြန်ပေးကြပါသည်။ သို့သော် ၎င်းလုပ်ရပ်သည် အလွယ်တကူ ဝေဖန်ခံရနိုင်သည်။ ၎င်းသည် ပညာရှင်အဖွဲ့စည်း များ၏ ပုံစံမဟုတ်ပေ။
"မြို့စားဝူဝမ်စံအိမ်ရဲ့ နှစ်စဉ်အသုံးစရိတ်က ငွေဒင်္ဂါးတစ်သိန်းခန့် ဖြစ်တယ်။ ဒါကို မြို့စား စံအိမ်မှ လူ ၇၀၀ မှ ၈၀၀ အထိ အစားအသောက်အပြင်, အခြားဂုဏ်သိက္ခာရှိတဲ့ ကိစ္စရပ်များအတွက်ပါ ထိန်းသိမ်းပြီး အသုံးပြုကြရတယ်။ အိမ်ခြေသုံးဆယ်ရဲ့ ဝင်ငွေက လည်း မျှတရုံလောက်ပါပဲ။ ပိုလျှံတာ သိပ်မရှိပါဘူး။ ရေကြီးခြင်း ဒါမှမဟုတ် မိုးခေါင်ခြင်း မျိုး ရှိလာပါက မြို့စားစံအိမ်ဟာ အဆုံးသတ်ကို မတွေးကြည့်နိုင်တော့ဘူး။ ဒါပေမယ့် နှစ်ပေါင်းများစွာကြာပြီးနောက်၊ မြို့စားစံအိမ်ဟာ ဘယ်သောအခါမှ ငွေကြေး မချို့တဲ့ခဲ့ ဘူး။ ကျောက်မိသားစုက ငွေကြေးလွှဲပေးနေတာမျိုး ဖြစ်နေမှာတောင် စိုးရတယ်။”
ဟုန်ယွိသည် မင်းသား ယုယန်ချန်က သူ့ကို လက်ဆောင်ပေးခဲ့သည့် အိမ်ကြီးနှင့် ရင်းနှီးပြီး သည့်အခါ သူ့စိတ်ထဲမှာ အတွေးတစ်ခုက ရုတ်တရက် ပေါ်လာပါသည်။
"ဟုန်ရွှန်ကျိဟာ မဒမ်ကျောက်ကို သိပ်အားကိုးနေတာ အံ့ဩစရာတော့ မရှိပါဘူး။ သူက သူ့ဂုဏ်သိက္ခာနဲ့ သန့်ရှင်းတဲ့ပုံရိပ်ကို ထိန်းသိမ်းရမှာ ဖြစ်ပြီး လာဘ်ပေးလာဘ်ယူ ကိစ္စတွေ ကို လက်ခံနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီလိုကြီးမားတဲ့ မြို့စားစံအိမ်ကြီးမှာ လူပေါင်း အယောက် ၇၀၀ ကနေ ၈၀၀ လောက်ရဲ့ အစာရေစာ၊ အခမ်းအနားတွေ၊ ပူဇော်သက္ကာတွေ၊ ဆုကြေးတွေ ပေးဆောင်ရမယ်ဆိုရင် ပိုက်ဆံမရှိရင် မဖြစ်နိုင်ဘူး။ ကျောက်မိသားစုရဲ့ ပံ့ပိုး ကူညီမှုမရှိဘဲ၊ မြို့စားစံအိမ်ကြီးက ဘုန်းတန်ခိုးကြီးမားပေမယ့် ရှေ့ဆက်သွားဖို့ ခက်ခဲနေဦးမှာပဲ။”
"မှန်တယ်၊ သူ့အမေက ဘာလဲ၊ သူမက ကြီးမြတ်သောလမ်းစဉ်ရဲ့ (တိုင်ရှန်တာအိုဂိုဏ်း) သူတော်စင်မိန်းမပျိုတစ်ပါး ဖြစ်နေရင်တောင် သူမမှာ စည်းစိမ်နဲ့ တန်ခိုးအာဏာ မရှိဘူး။ မဒမ်ကျောက်ရဲ့ နှစ်ရာပေါင်းများစွာ ဂုဏ်သိက္ခာကြီးမားတဲ့ မိသားစုနဲ့ နှိုင်းယှဉ်ပါက သူမ က ဘာမှ မဟုတ်တော့ဘူး။ တကယ်လို့, ဟုန်ရွှန်ကျိသာ အင်ပါယာတရားရုံးမှာ သန့်သန့် ရှင်းရှင်းနေလိုပြီး အခြားသူတွေကို တစ်စုံတစ်ရာ အသုံးမချဘဲ သူ့ဂုဏ်သိက္ခာနဲ့ ဩဇာ အာဏာကိုလည်း ထိန်းသိမ်းထားမယ်ဆိုရင်၊ သူက ကျောက်မိသားစုကို အားကိုးရလိမ့် မယ်။”
ရုတ်တရက်၊ ဟုန်ယွိသည် သူ့ဖခင် ဟုန်ရွှန်ကျိနှင့် မဒမ်ကျောက်၏ ငွေကြေး၊ အာဏာနှင့် အကျိုးစီးပွားများ ပေါင်းစပ်မှုကို နက်နက်ရှိုင်းရှိုင်း နားလည်လာခဲ့သည်။
ယခုလို အကျိုးစီးပွားတွေ ပေါင်းစပ်မှုအောက်မှာ သူ့အမေအတွက် နေရာမရှိတော့ဘူး။
ပြောင်းရွှေ့ပြီးနောက် သုံးရက်ပြည့်သွားပြီး၊ စံအိမ်ကြီးကို ဟုန်ယွိထံ တရားဝင် လွှဲပြောင်း ပေးခဲ့သည်။ လယ်ယာမြေ အမျိုးမျိုးကိုလည်း ဟုန်ယွိ၏အမည်ဖြင့် လွှဲပြောင်းပေးခဲ့ပါ သည်။
တစ်ချိန်တည်းမှာပင် မင်းသား ယုယန်ချန်သည်လည်း အိမ်တော်ထိန်း၊ စာရင်းကိုင်၊ အစေခံများနှင့် အစောင့်များကို စံအိမ်ကြီးမှ ဖယ်ရှားခဲ့သည်။ ရေရှည်လုပ်ကိုင်သူများမှ တပါး, အိမ်ငှား လယ်သမားများသည် စံအိမ်ကြီး၏ ကုန်ထုတ်လုပ်မှုကို ထိန်းသိမ်းရန် ကျန်ခဲ့ပါသည်။ ခြံကိုအုပ်ချုပ်သည့် လူတွေအားလုံး ထွက်သွားကြပြီး၊ သူ့ကိုယ်တိုင် စီမံအုပ်ချုပ်နိုင်ရန် ဟုန်ယွိအတွက် ထားခဲ့ပါသည်။
မင်းသားယုသည် သူအသုံးပြုသည့် လူတွေကို သံသယမရှိသလို၊ သူသံသယရှိသည့် လူတွေ ကိုလည်း အသုံးမပြုဘူးဆိုသည်ကို ဟုန်ယွိ သိပါသည်။ သူသည် သူ့ကို စောင့်ကြည့်ရန် မည်သူ့ကိုမျှ မစေလွှတ်ခဲ့ပါဘူး။ ယင်းက စိတ်သဘောထားကြီးမြတ်သူ လူတစ်ယောက်၏ ကြီးကျယ်မြင့်မြတ်မှုကို ပြသရာရောက်ပြီး၊ လူအများကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် သူ့အတွက် တာဝန်ထမ်းဆောင်အောင် လုပ်ဆောင်နိုင်စွမ်းရှိပါသည်။
အခန်းထဲမှာ။
ရှန်ထိုက်ယန်သည် အိမ်တော်ထိန်းခေါင်းဆောင် ဖြစ်လာပြီး၊ ငွေစာရင်းစာအုပ်များကို သယ်ဆောင်လာပြီး၊ တစ်ခုချင်း ငွေကြေးများကို ရေတွက်နေပါသည်။
သူသည် အတွေ့အကြုံရှိသော်လည်း၊ သူ့လက်ထဲတွင် ဤမျှများပြား ငွေပမာဏကို ပထမဆုံးအကြိမ် ကိုင်ဆောင်ရခြင်း ဖြစ်သည်။ သူသည် တစ်ခုပြီးတစ်ခု ရေတွက်ရင်း အရမ်း စိတ်လှုပ်ရှားနေခဲ့ပါသည်။
"ကျေးဇူးရှင်၊ လောလောဆယ် ဘဏ္ဍာတိုက်ထဲမှာ ငွေဒင်္ဂါးခုနစ်ထောင် ရှိတယ်။ ဟိုတုန်း က သာယာတဲ့နှစ်တွေမှာ အိမ်တော်ရဲ့ တစ်နှစ်ဝင်ငွေက ဒီလောက်များတယ်။ တကယ်လို့, ကျွန်တော်တို့က မင်းသားကို အခွန်ငွေမပေးရဘူးဆိုရင်, ဒီပမာဏက အိမ်စရိတ်ကို ကာမိဖို့ လုံလောက်ပါတယ်။"
ဟုန်ယွိက ကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည်။ ကုလားထိုင်ကို စံအိမ်၏ အရှင်သခင် အတွက် အဆင့်မြင့်သစ်သားဖြစ်သည့် အဝါရောင်သစ်သားဖြင့် ပြုလုပ်ထားပါသည်။
"ဟုတ်ပါပြီ၊ ဒီစံအိမ်ကြီးကို မင်းသားက ငါ့ကို အပ်နှင်းထားပေမယ့်၊ နှစ်စဉ်အခွန်ကြေး တော့ ဆက်သပေးရမှာပဲ။ မင်းသားရဲ့ အိမ်သုံးစရိတ်တွေက အရမ်းများတယ်။ ငါ သူ့ကို ကူညီမယ်လို့ ကတိပေးထားမှတော့ ငွေကြေးနဲ့ပတ်သက်ပြီး ငါ ဝန်ထုပ်ဝန်ပိုး အဖြစ်မခံနိုင် ဘူး။ စံအိမ်ကို ပိုကောင်းအောင် ဂရုစိုက်ရမယ်။ နှစ်စဉ်ခွန်ကြေးကိုလည်း မူလပမာဏထက် ပိုဆက်သနိုင်ရမယ်။”
ဟုန်ယွိသည် အသက်ဆယ့်ခြောက်နှစ်သာ ရှိသေးသော်လည်း, သူသညါ တော်ဝင်ချန်တွင် အရွယ်ရောက်ပြီးသူအဖြစ် သတ်မှတ်ခံရပြီး အိမ်ထောင်ဦးစီး ဖြစ်လာရခြင်းမှာ မထူးဆန်း ပေ။
မင်းသားကို အားကိုးပြီးနောက်၊ သူတို့နှစ်ယောက်သည် ကောင်းသည်ဖြစ်စေ, ဆိုးသည် ဖြစ်စေ, အတူချည်နှောင်သွားခဲ့ပြီဖြစ်ကြောင်း ဟုန်ယွိ သိပါသည်။
“ဒါပေမယ့်, စံအိမ်ရဲ့ဝင်ငွေကို ဘယ်လို တိုးမြှင့်နိုင်မလဲ။ ဒီနှစ်ရာသီဥတုက သိပ်ကောင်းပုံ မရဘူး။ လအနည်းငယ်သာ ရှိသေးပြီး နွေဦးမိုးရွာခဲ့သည်။ အရင်နှစ်တွေလို စပါးရိတ်သိမ်း တာ မကောင်းမှာ စိုးရတယ်။" ရှန်ထိုက်ယန်က မျက်မှောင်ကြုတ်လိုက်သည်။
"ရိတ်သိမ်းတာလား" ဟုန်ယွိက သူ့မျက်လုံးများကို မှိတ်လိုက်ပါသည်။ ရုတ်တရက် သူ့စိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာပါသည်။ "ပြီးခဲ့တဲ့အချိန်တုန်းက လျှို့ဝှက်ချိုင့်ဝှမ်းထဲ မှာ, ငါ မြေခွေးလေးတွေဆီကနေ မြေပဲနဲ့ ကန်စွန်းဥချိုတွေကို စားခဲ့ဖူးတယ်။ အရသာက အရမ်းကောင်းတယ်။ အဲဒါတွေက အလွယ်တကူ ပေါက်လွယ်တယ်လို့ သူတို့ ပြောဖူး တယ်။ ငါ ဘာလို့ သွားမကြည့်ရမှာလဲ။ အဲဒီမှာ အစေ့တွေ ကျန်နေရမယ်။ တော်ဝင်ချန် ကျောက်စိမ်းမြို့တော်ရဲ့ လူတွေက ရှားပါးပစ္စည်းတွေကို ကြိုက်ကြတယ်။ ဒီနှစ်မျိုးကိုသာ စိုက်ပျိုးနိုင်ရင် ဈေးကောင်းကောင်းနဲ့ ရောင်းနိုင်သင့်တယ်”
ထိုအကြောင်းကို တွေးမိပြီး ဟုန်ယွိသည် တော်တော်လေး စိတ်လှုပ်ရှားသွားပါသည်။
ပြတင်းပေါက် အပြင်ဘက်ရှိ ကိုယ်ခံပညာကွင်းတွင် အရပ်ကိုးပေရှိ ရှန်ထိုက်ဇူသည် သန်မာသော အမျိုးသားဆယ်ယောက်နှင့်အတူ ကိုယ်ခံပညာကို လေ့ကျင့်နေသည်။
ထိုသန်မာသူ ဆယ်ဦးစလုံးသည် ထက်ရှသော မျက်လုံးများကို ပိုင်ဆိုင်ထားကြပြီး၊ ကိုယ်ခံပညာရပ်များကို ကျွမ်းကျင်ကြပါသည်။ သူတို့ကို ချန်လီမြို့စားငယ်လေးက သင်ကြားပေးထားခြင်း ဖြစ်သည်။
မင်းသား၏စံအိမ်နှင့် အစောင့်များ ဆုတ်ခွာသွားပြီးနောက် ဤလူများသည် အစောင့်များ အဖြစ် ထမ်းဆောင်နိုင်သည်။
"မုကလေး၊ မြင်းတွေ ပြင်ထား။ ငါတို့ အနောက်တောင်ကို သွားကြမယ်။"
အပြင်ဘက်တွင် လေးမြှားပစ်နေသော မုကလေးကို မြင်လိုက်ရလျှင် ဟုန်ယွိက အော်ပြော လိုက်သည်။ သူမ၏ လှုပ်ရှားမှုတွေက သီးကုံးထားသော ပုတီးစေ့များကဲ့သို့ ချောမွေ့နေ ပြီး၊ သန်မာသော စစ်သည်များကို ပြောစရာစကားမဲ့သည်အထိ တုန်လှုပ်စေလောက်ပါ သည်။