← Chapters

အခန်း (၈၅-၈၇)

Vol. 7 Ch. 85-87

အခန်း (၈၅-၈၇)

Vol. 7 Ch. 85-87

အခန်း (၈၅)။

မြင်းနှစ်ကောင်သည် တောထဲသို့ ပြေးဝင်သွားကြသည်။

ယခုအချိန်သည် နွေဦးနှင့် နွေရာသီအကြား အကူးအပြောင်းကာလဖြစ်ပြီး အနောက် တောင်တန်းရှိ သစ်တောများက ပိုမိုထူထပ်လာသည်။ မြက်များသည် ဓားများသဖွယ် ထက်ရှပြီး၊ မြေကြီးသည် ဒေါနပင်များနှင့် ဖုံးလွှမ်းနေ၏။ မြင်းတွေအတွက်ပင် တောင်တွေ ကို ဖြတ်ပြေးရန် မလွယ်ပါဘူး။

သို့သော် ဟုန်ယွိနှင့် မုကလေးတို့သည် ဓားနှင့်လေးများကို ကျောပေါ်တွင် လွယ်ထားကြပါ သည်။ သူတို့၏ ထူးချွန်သော မြင်းစီးပညာရပ်ကို အားကိုး၍ လွယ်ကူစွာ သွားလာနိုင်ခဲ့ သည်။

မြင်းနှစ်ကောင်၏ ခြေထောက်များနှင့် ခွာများကို ဆူးပင်များ မဆူးနိုင်စေရန် ချည်ထည်များ ဖြင့် ပတ်ထားပါသည်။

၎င်းအပြင် အဝတ်များကို ပျားရည်, အခြားဆေးဖက်ဝင်အပင်များဖြင့် လိမ်းကျံထားသည်။ လမ်းတစ်လျှောက်တွင် မြွေများ၊ ကင်းမြီးကောက်များ၊ ပုရွက်ဆိတ်များနှင့် အခြားသော အဆိပ်ရှိသော အင်းဆက်ပိုးမွှားများသည် ၎င်းကိုဖြတ်၍ မကိုက်နိုင်ဘဲ အနံ့ခံမိလိုက်လျှင် ပင် ထွက်ပြေးသွားကြမည် ဖြစ်သည်။

လူတယောက်နှင့် ဓားတချောင်း, ၎င်းတို့သည် ဆူးပင်များကြားကို ဖြတ်သွားကြသည်။ နှစ်နာရီမပြည့်ခင်မှာပင် ဟုန်ယွိသည် သူ့မှတ်ဉာဏ်ကို အားကိုးပြီး မနှစ်က သူတွေ့ခဲ့သည့် မြေခွေးချိုင့်ကို ဖြည်းညှင်းစွာ တွေ့ရှိခဲ့ပါသည်။

ချိုင့်ဝှမ်းထဲမှာ ကျောက်တုံးများက အတူတူပင် ဖြစ်သော်လည်း အသီးအရွက်များက အလွန့်လွန် ထူထပ်နေပါပြီ။ ယမန်နှစ်က မီးလောင်ကျွမ်းထားသည် မြေအနေထားနှင့် စိုက်ပျိုးမှု အရိပ်အယောင်များလည်း တဖြည်းဖြည်း မှိန်ဖျော့လာခဲ့သည်။ နောက်ထပ် တစ်နှစ် သို့မဟုတ် နှစ်နှစ်ကြာသောအခါ ဤနေရာ၌ အသက်ရှိများ၏ အရိပ်အယောင်များ မရှိတော့ဘဲ၊ တောကန္တာရတစ်ခုအဖြစ်သာ ကျန်ရစ်လိမ့်မည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ဟုန်ယွိ၏ နှလုံးသားထဲမှာ အဆုံးမဲ့ ခံစားချက်တွေ ပြည့်နှက်နေပါသည်။ ယခုလို တွေ့ဆုံမှုမျိုးကြောင့်သာ မဟုတ်ခဲ့ပါက, သူသည် အားနည်း သည့် ပညာရှင်တစ်ယောက် ဖြစ်နေပါဦးမည်။ သူသည် မြို့စားစံအိမ်၏ မိသားစုစည်းမျဉ်း အောက်တွင် သေဆုံးကောင်း သေဆုံးသွားနိုင်ပါသည်။

ယခုမူ သူသည် အထက်တန်းပညာရှင်တစ်ဦး ဖြစ်နေပြီဖြစ်ပြီး၊ ကိုယ်ခံပညာကိုလည်း ကျွမ်းကျင်လာခဲ့ကာ၊ သူသည် သိုင်းစစ်သည်တော်အဆင့်သို့ ရောက်နေပြီဖြစ်သည်။ သူသည် တာအိုနည်းစနစ်ကိုလည်း ကျွမ်းကျင်ထားသည်။ သူသည် ယင်စိတ်ဝိညာဉ်က အရာဝတ္ထုကို ထိန်းချုပ်ခြင်းနယ်ပယ်အထိ ကျင့်ကြံနိုင်ခဲ့ပြီး၊ သိုင်းသခင် အနည်းငယ်ကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်နေပြီ။

ဘဝကံကြမ္မာက တကယ်ကို ရှုပ်ထွေးလွန်းပါတယ်လေ။

ချိုင့်ဝှမ်းထဲမှာ စာအုပ်တွေကို စုစည်းပြီး ရှောင်ဆန်, ရှောင်ဖေး ရှောင်ရူတို့နှင့် စကားစမြည် ပြောဆိုခဲ့သည့် နေ့ရက်တွေကို ပြန်တွေးကြည့်တော့ ဟုန်ယွိသည် သူ့ရင်ထဲမှာ နွေးထွေးသည့် ခံစားမှုတစ်ခုကို ခံစားလိုက်ရပါသည်။

"ငါ အသိဥာဏ်ရှိလာပြီးကတည်းက, ဒါက လူသားတစ်ဦးအနေနဲ့ နွေးထွေးမှုကို ပထမဆုံး ကြုံတွေ့ဖူးတာ ဖြစ်နိုင်တယ်။ ရယ်စရာကောင်းတာက ဒီနွေးထွေးမှုက လူသားတွေဆီက လာတာမဟုတ်ဘဲ မြေခွေးတွေဆီက လာတာဖြစ်နေတယ်။" ဟုန်ယွိသည် မြေခွေးလေး များ၏ အပြစ်ကင်းမှု, ဇိယွဲ့၏ကျေးဇူးတရား, ကြင်ယာတော်ယွမ်၏ သူရဲကောင်းဆန်မူ တို့ကို သူ ပြန်တွေးမိနေပါသည်။ သူသည် တွေဝေမိန်းမောသည့်အခြေအနေထဲသို့ ကျရောက်သွားခဲ့ပါသည်။

“လူသား...နတ်ဆိုး..နတ်ဆိုး... လူသား။ ဘာလို့ နတ်ဆိုးတွေက အင်မော်တယ်တွေနဲ့ တူနေပြီး လူသားတွေက နတ်ဆိုးတွေနဲ့ တူနေရတာလဲ။”

"အယ်.. အစ်ကိုယွိ၊ ဒီမှာ ဂူတစ်ခုရှိတယ်။ အထဲမှာ အရမ်းကျယ်ကြီးပဲ။ တစ်စုံတစ်ယောက် က ဒီနေရာမှာ နေထိုင်ခဲ့ပုံရတယ်။ တကယ့်ကို အံ့ဩစရာကောင်းတာပဲ။ အစ်ကိုယွိက ဒီနေရာကို ဘယ်လို ရှာတွေ့ခဲ့တာလဲ။”

အာမေဋိတ်သံတစ်ခုက ဟုန်ယွိကို နှိုးလိုက်ပါသည်။ မုကလေးသည် ဆိတ်ငြိမ်သော ချိုင့်ဝှမ်းအတွင်းမှ လှိုဏ်ဂူကို ရှာဖွေတွေ့ရှိခဲ့သည်။ သူမသည် ဝင်ကြည့်ပြီးနောက် အံ့အား တသင့် အော်မပြောဘဲ မနေနိုင်ခဲ့ပါချေ။

ဟုန်ယွိသည် ဤနေရာကို တဖန်လည်ပတ်ရန် ရောက်လာသည့်အတွက် အံ့ဩခြင်း မရှိပေ။ မုကလေး၏အော်သံကို ကြားတော့ သူသည် ဂူထဲသို့ ဝင်သွားသည်။ ဂူအတွင်းရှိ စာအုပ်ပေါင်း ၁၀၀၀၀၀ ကျော်သည် စာအုပ်စင်များသာ ကျန်ရှိတော့သည်။ မုကလေးသည် ဤစာအုပ်စင်တန်းများကို မြင်ရတော့ အံ့အားသင့်သွားခြင်း ဖြစ်သည်။

"ဒီနေရာက ဝိညာဉ်မြေခွေးအုပ်စုတစ်ခု နေထိုင်ခဲ့ဖူးတဲ့နေရာပဲ။ ငါ အရင်က ဒီနေရာမှာ စာပေလေ့လာဖူးတယ်။" ဟုန်ယွိက ထိုင်ပြီး မုကလေးကို သူ့ဇာတ်လမ်းအကြောင်း ပြောပြပါသည်။

"ဘယ်လောက် ဒဏ္ဍာရီဆန်လိုက်လဲ။" မုကလေးသည် နားထောင်ပြီးနောက် မှင်သက်သွား ပါသည်။ ဟုန်ယွိက သူ့ဇာတ်လမ်း အဆုံးသတ်ပြီး, အချိန်အတော်ကြာမှ သူမအာရုံတွေ ပြန်လည်လာပြီး၊ ပန်းနုရောင်လျှာလေးကို ညှစ်ထုတ်လိုက်ပါသည်။

"ကောင်းပြီ၊ မြေပဲနဲ့ ကန်စွန်းဉချိုတွေရဲ့ အစေ့တွေကို ဂရုစိုက်ကြရအောင်။ မြေဩဇာ လုပ်ဖို့ ပြာဖြစ်တဲ့အထိ မီးရှို့ရမယ်။ ဒီကိစ္စပြီးတဲ့နောက် အဲဒီမျိုးစေ့တွေကို ဂရုစိုက်ဖို့ တစ်ယောက်ယောက်ကို စေလွှတ်ရမယ်။ ဆောင်းဦးရောက်ရင် မျိုးစေ့တွေကို ရိတ်သိမ်းပြီး ပြန်စိုက်ကြည့်ရမယ်။ ပြန်ရှင်သန်နိုင်မလားဆိုတာ ကြည့်ရအောင်။ တကယ်လို့, အဲဒီမျိုးစေ့ တွေသာ ပြန်ရှင်သန်နိုင်ရင်, အခြေခံအားဖြင့် လုံလောက်သွားပြီ။ နောက်နှစ်ကျရင်, ငါတို့ က အဲဒီမြေပဲနဲ့ကန်စွန်းဉချိုတွေကို ဈေးကောင်းကောင်းနဲ့ ရောင်းချနိုင်ပြီ။ အဲဒီအချိန်ကျ ရင်, ငါ မင်းအတွက် အိမ်အကူအနည်းငယ် ဝယ်ပေးမယ်။ မုကလေး, မင်းက သခင်မလေး တစ်ယောက် ဖြစ်လာလိမ့်မယ်။”

ဟုန်ယွိ ရယ်မောပြီး မတ်တပ် ထရပ်လိုက်ပါသည်။

သန့်စင်မြေခွေးမျိုးနွယ်သည် တောင်စောင်းများတွင် မြေပဲနှင့် ကန်စွန်းဥချို အများအပြား စိုက်ပျိုးထားကြောင်း သူ သတိရမိသွားခဲ့သည်။ ရိတ်သိမ်းပြီးနောက်တွင် မြေကြီးထဲ၌ အမြစ်နှင့် အစေ့အမြောက်အမြား ကျန်ရှိနေသေးသည်။ နွေဦးပေါက်သောအခါတွင် ၎င်းတို့သည် အမြစ်စွဲပြီး အပင်ပေါက်မည်မှာ သေချာသည်။ ခုနက သူသည် တောင်စောင်း မှာ ပျိုးပင်တွေကို မြင်လိုက်ရပါသည်။ ၎င်းတို့သည် ပေါင်းပင်တွေနှင့်အတူ ကြီးထွားနေ သော်လည်း ပျိုးပင်များသည် သန်မာပြီး တက်ကြွမှုကို ပြသနေသည်။

နှစ်ယောက်သား တောင်စောင်းသို့သွားကာ ပေါင်းပင်များကို ရှင်းလင်းကြသည်။ ထို့နောက် ပေါင်းပင်များနှင့် အကိုင်းအခက်များကို စုပုံပြီး မြေဩဇာလုပ်ရန် မီးရှို့ကြသည်။ နာရီ အနည်းငယ်ကြာပြီးနောက်, နေက အနောက်ဘက်အရပ်သို့ ဝင်သွားခဲ့သည်။ ထိုမှပင် ပေါင်းပင်များကို ရှင်းလင်း၍ အားလုံးကို ပြာဖြစ်သည်အထိ မီးရှို့နိုင်ခဲ့သည်။

"ဒီပျိုးပင်တွေ အကြောက်ဆုံးအရာက တောက်အုပ်ထဲက တောဝက်နဲ့ ကြွက်တွေပဲ။ ညဘက်မှာ တစ်ယောက်ယောက်က အဲဒီအကောင်တွေကို စောင့်ကြည့်ရမယ်။ ငါတို့ ပြန်ရောက်တဲ့အခါ ယုံကြည်ရတဲ့ လူတချို့ကို ငါ စေလွှတ်လိုက်မယ်။"

ဟုန်ယွိသည် ချွေးသီးချွေးပေါက်များ ကျနေပါသည်။ ထို့နောက်, သူသည် ရေချိုးရန် ချိုင့်ဝှမ်းနားက နက်ရှိုင်းသော စမ်းရေတွင်းဆီကို သွားလိုက်ပါသည်။ ရေချိုးပြီးနောက် လန်းဆန်းလာချိန်မှာ သူသည် ထပြီး ပြန်သွားရန် ပြင်ဆင်ပါသည်။

"အစ်ကိုယွိ၊ လျှပ်စီးဖမ်းမြင်းက ဘာလို့ ဒီလောက် စိုးရိမ်သလိုဖြစ်နေပြီး စိတ်မသက်မသာ ဖြစ်နေရတာလဲ။"

ထိုအချိန်တွင် ချိုင့်ဝှမ်းဘေးရှိ လျှပ်စီးဖမ်းမြင်းသည် ရုတ်တရက် ထိတ်လန့်သွားသည်။ သူ့လည်ဆံက တက်လိုက်ကျလိုက် ဖြစ်နေပြီး၊ နှာခေါင်းနှင့် ပါးစပ်မှ အသက်ပြင်းပြင်း ရူထုတ်နေပါသည်။

“ချိုင့်ဝှမ်းနဲ့ မနီးမဝေးမှာ တိုက်ပွဲတစ်ခု ရှိနေတယ်၊”

ဟုန်ယွိ၏ နှလုံးခုန်သံက မြန်ဆန်သွားခဲ့သည်။ သူသည် ဓားရိုးကို ကိုင်ကာ မတ်တပ် ရပ်လိုက်ပါသည်။ သူသည် လျှပ်စီးဖမ်းမြင်းနှင့် မကြာခဏ ထိတွေ့ဆက်ဆံမူရှိသော ကြောင့် ၎င်းသည် အထူးလေ့ကျင့်ခံရထားကြောင်း သူ သိသည်။ မြင်းသည် တိုက်ပွဲ၏ လှုပ်ရှားမှုများကို အာရုံခံစားနိုင်ပြီး ၎င်း၏သခင်ကို သတိပေးနိုင်သည်။ တစ်ချိန်တည်းမှာ ပင်, ၎င်းသည် တိုက်ပွဲ အမှန်တကယ် ဖြစ်လာသောအခါတွင် မလှုပ်မယှက် တည်တည် ငြိမ်ငြိမ်ဖြင့် နေနိုင်ပါသည်။

"လာ၊ ချိုင့်ဝှမ်းထဲက ထွက်ကြည့်ရအောင်၊"

ဟုန်ယွိက မြင်းပေါ် မတက်ပေ။ ယင်းအစား သူသည် လျှပ်စီးဖမ်းမြင်းကို လက်ဖြင့်ပုတ်ပြီး ၎င်းနှင့် အကြည့်ချင်း ဖလှယ်ခဲ့သည်။ လျှပ်စီးဖမ်းမြင်းက ခေါင်းညိတ်ပြပြီး ငြိမ်သွားသည်။

ဟုန်ယွိသည် သူ့ဓားကို ကိုင်ဆောင်ကာ မုကလေးနှင့်အတူ တောင်ထိပ်သို့ သွက်သွက် လက်လက် လျှောက်သွားခဲ့သည်။ ပုံမှန်အတိုင်းပင်၊ သူတို့သည် မနှစ်က ကျင်းယုရှင်းနှင့် တခြားသူတွေ နှင်းတွေထူထပ်နေသည့်အချိန် အမဲလိုက်လာစဉ်တုန်းက သူပုန်းခိုဖူးသည့် တောင်ကုန်းပေါ်က တောအုပ်လေးထဲမှာ ပုန်းနေခဲ့ပါသည်။

ဤသစ်တောသည် ချိုင့်ဝှမ်းတစ်ခုလုံး၏ အမြင့်ဆုံးနေရာ ဖြစ်သည်။ နေရာတော်တော် များများကို သစ်တောထဲကနေ မြင်နိုင်သော်လည်း သစ်တောကိုတော့ မမြင်ရပါဘူး။

သေချာပါသည်။

မိုင်အနည်းငယ်ဝေးသော လမ်းငယ်လေးပေါ်တွင် အနက်ရောင်ဝတ်စုံနှင့် ဓားရှည်များ ကိုင်ဆောင်ထားသည့် လူတစ်ဒါဇင်ကျော်သည် စစ်သည်တော် တစ်ဒါဇင်ကျော်ကို ဝိုင်းရံ ထားကြသည်။ အဖြူရောင်ဝတ် အမျိုးသမီးတစ်ယောက်လည်း ရှိနေသေးသည်။ ဓားခုတ်သံများကို အဝေးမှပင် ကြားနေရပါသည်။

သို့သော်လည်း ဤသည်မှာ အနောက်ဘက်တောင်တန်းများ၏ နက်ရှိုင်းသော နေရာ ဖြစ်သည်။ ဖောက်ခွဲရေး ပစ္စည်းတွေကို အသုံးပြုရင်တောင် ဘယ်သူမှ မကြားရပါဘူး။

“ဒီအနက်ရောင်ဝတ် လူတွေရဲ့ ကိုယ်ခံပညာက အရမ်းသန်မာလွန်းတယ်" ထိုမြင်ကွင်းကို မြင်တော့ ဟုန်ယွိ မှင်သက်သွားခဲ့ပါသည်။ သူက မုကလေးနှင့် အကြည့်ချင်း ဖလှယ်ကာ အချင်းချင်း၏ မျက်လုံးထဲတွင် ထိတ်လန့်သွားသည်ကို တွေ့မြင်လိုက်ရပါသည်။

အနက်ရောင်ဝတ်ထားသော ဤလူများ၏ ဓားများသည် တောက်ပစွာ လင်းလက်သွား သည်။ ၎င်းတို့သည် ခုန်တက်လိုက် ပြန်ဆင်းလိုက်ဖြင့် ကျားသစ်များကဲ့သို့ သွက်လက်ကြ သည်။ သို့သော် သူတို့၏ခွန်အားသည် အလွန်ကြီးမားသောကြောင့် ၎င်းတို့သည် သားကောင်ကို အမဲလိုက်သည့် ကျားသစ်နက်များကဲ့သို့ပင်။ သံသယရှိစရာမလိုပါချေ။ ဤလူများသည် ကျောက်ဟန်ကဲ့သို့ ထိပ်တန်း ကိုယ်ခံပညာရှင်များ ဖြစ်ကြပါသည်။

ဘန်း....။

ထိုအနက်ရောင်ဝတ် လူများသည် စစ်သည်တွေကို လိုက်လံဖမ်းဆီး တိုက်ခိုက်နေကြပါ သည်။ ၎င်းတို့၏ဓားရှည်များဖြင့် ခုတ်ပိုင်းလိုက်သောအခါ ပေါင်းမြက်ခြောက်များကို ခုတ်ပိုင်းလိုက်သည့်အတိုင်းပင်။ ဓားချက်တိုင်းမှာ သွေးတွေ လွင့်စင်သွားသည်ကို မြင်နေရ ၏။ တခဏအတွင်းမှာ လူခုနစ်ဦး သို့မဟုတ် ရှစ်ဦးခန့် သေဆုံးသွားခဲ့ပါသည်။ ကိုယ်ခံပညာ မြင့်မားသော စစ်သည်သည် အနည်းငယ်သာ ကျန်ရှိတော့ပြီး အလယ်တွင် အဖြူရောင် ဝတ်ထားသော အမျိုးသမီးကို အသည်းအသန် အကာအကွယ် ပေးထားကြပါသည်။

“အစ်ကိုယွိ၊ အဲဒီအမျိုးသမီးက... မုရုန်ယန် ဖြစ်ပုံရတယ်။ သူမကို လိုက်သတ်နေတဲ့ လူတွေ က ဘယ်သူတွေလဲ။”

ထိုစစ်သည်များ သတ်ဖြတ်ခံရပြီး ထွက်ပြေးကြသွားစဉ်, မုကလေး၏မျက်လုံးတွေက စူးရှ လာသည်။ သူသည် အလယ်မှ အဖြူရောင်ဝတ် အမျိုးသမီးကို ချက်ချင်း မြင်လိုက်ပါသည်။ သူမက မုရုန်ယန် ဖြစ်ပါသည်။

အနက်ရောင်ဝတ်ထားသည့် ထိုအမျိုးသားများသည် သူမကို အလွန်တင်းကြပ်စွာ ဝန်းရံ ထားကြပါသည်။ မုရုန်ယန်သည် သူမ၏ရုပ်ခန္ဓာကိုယ်ကို စွန့်ခွာရန် မဆိုထားနှင့်၊ သူမ၏ ဓမ္မတာအိုကို အသက်သွင်းရန်ပင် အချိန်ရှိခဲ့ပုံ မပေါ်ချေ။ ဤအခိုက်တန့်တွင်, အကယ်၍, သူမသည် သူမ၏ဓမ္မတာအိုကို သူမ၏ခန္ဓာကိုယ်မှ ထွက်သွားပါက သူမ၏ရုပ်ခန္ဓာသည် ချက်ချင်းပင် အပိုင်းပိုင်း ပြတ်တောက်ခံသွားရပေလိမ့်မည်။ (ဤနေရာ၌ ဓမ္မတာအိုဟူ သည် စိတ်ဝိညာဉ်ကို ဆိုလိုဟန်တူပါသည်)။

"သူမကို လိုက်ဖမ်းနေကြတဲ့ လူတွေဟာ အလောင်းတွေနဲ့ သွေးပင်လယ်တွေကို ဖြတ်ကျော်ဖူးပြီး အတွေ့အကြုံရင့် စစ်သားတွေပဲ ဖြစ်ရမယ်။ မဟုတ်ရင် သူမရဲ့ မဟူရာ နတ်ဆိုးကျီးကန်း အစီအရင်က သူတို့ရဲ့ ဓမ္မစိတ်ဝိညာဉ်တွေကို အချိန်အတော်ကြာ ဖိနှိပ် ထားနိုင်ရလိမ့်မယ်။ ဒီလူတွေနဲ့ပတ်သက်ပြီး ဘာမှ ခန့်မှန်းနေစရာ မလိုပါဘူး။ ဒီလူတွေက ဧကရာဇ်အစောင့်တပ်တွေထဲက လူတွေပဲ။ သူတို့က နတ်ဘုရားစက်ယန္တရားတပ်ရင်းက ကျွမ်းကျင်သူတွေ ဖြစ်ရမယ်။”

ဟုန်ယွိသည် အနက်ရောင်ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး၏ အဝတ်အစားများကို ရုတ်တရက် ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး၊ လက်ရာမြောက်လှသော သားရေ ချပ်ဝတ် တန်ဆာကို ပေါ်လွင်စေသည်။ ၎င်းပေါ်တွင် ခေါင်းနှစ်လုံးပါ လင်းယုန်ငှက်တစ်ကောင်၏ မထင်မရှား သင်္ကေတတစ်ခု ရှိနေပါသည်။

"မုကလေး၊ ဂူထဲပြန်သွားရအောင်။ ငါ့ခန္ဓာကိုယ်ကို ကာကွယ်ပေးထားပါ။ ငါ့ဓမ္မစိတ်ဝိညာဉ် က ငါ့ခန္ဓာကိုယ်ကနေ ထွက်ခွာပြီး၊ ဒီမုရုန်ယန်ကို ကယ်တင်ဖို့ သွေးပုံစံသံမဏိအပ်ကို အသက်သွင်းရမယ်။ ဧကရာဇ်အစောင့်တပ်ရဲ့ နတ်ဘုရားစက်ယန္တရားတပ်ရင်းကို ဟောင်ရှီ က ဦးဆောင်နေတာ။ အဲဒါက အိမ်ရှေ့စံမင်းသားရဲ့ စစ်တပ်ပဲ။ အခု ငါနဲ့ မင်းသားယုတို့က ရစ်ပတ်ချည်နှောင်ထားပြီဆိုမှတော့, ငါက သူတို့ရဲ့စစ်ဆင်ရေးတွေကို ဘယ်လိုလုပ် အနှောင့်ယှက် မပေးဘဲ နေနိုင်မှာလဲ။”

မူလက မုရုန်ယန်၏ ရှင်ခြင်းသေခြင်းသည် သူနှင့်မသက်ဆိုင်ပါ။ သို့သော်လည်း ယခု အချိန်တွင် အိမ်ရှေ့စံမင်းသားဘက်မှ လူများ ပါဝင်လာသောကြောင့် ဟုန်ယွိသည် လှုပ်ရှား ရန် လိုအပ်နေပြီ ဖြစ်သည်။

အခန်း (၈၆)။

"မုကလေး၊ မင်း လေးကိုကိုင်ပြီး တံခါးနားမှာ စောင့်နေပါ။ ခြေလှမ်းနှစ်ရာအတွင်း ချဉ်းကပ်လာတဲ့ ဘယ်သူ့ကိုမဆို, မင်းရဲ့လေး၊ မြှားနဲ့ ချက်ချင်း သတ်ပစ်လိုက်ပါ။" ဟုန်ယွိသည် ကျောက်ဂူထဲတွင် ထိုင်ခုံတစ်လုံးပေါ်မှာ ထိုင်နေသည်။ သူသည် မျက်စိမှိတ်၍ စိတ်ဝိညာဉ်ကို စွန့်ခွာခြင်းမပြုမီ တံခါးဝ၌ မုကလေးကို ညွှန်ကြားခဲ့သည်။

သို့သော် သူညွှန်ကြားချက် မရှိသည့်တိုင်, မုကလေးသည် ခါးတွင် ဓားကိုချိတ်ပြီး တံခါးဝ တွင် တည်ငြိမ်စွာ ရပ်နေလေသည်။ ၎င်းနေရာသည် သူမ လေးကို ချက်ခြင်းဆွဲထုတ်ပြီး၊ ပစ်ခတ်ရန် သူမအတွက် အဆင်ပြေဆုံးနေရာ ဖြစ်ပါသည်။ သူမလက်ထဲတွင် လေးတစ်လက်နှင့် မြှားတစ်ချောင်းကို ကိုင်ထားပါသည်။ သူမသည် တံခါးကိုစောင့်ရင်း သူမတစ်ကိုယ်လုံး၏ အနှစ်သာရ၊ ချီနှင့်စိတ်ဝိညာဉ်က အလုံးတစ်ခုအဖြစ် သိပ်သည်းသွား ခဲ့ပါသည်။

ယခုအခါ ဟုန်ယွိ၏ ကျင့်ကြံမှုမှာ သေးငယ်သော အောင်မြင်မှုတစ်ခု ရရှိခဲ့သဖြင့် သူ၏ စိတ်ဝိညာဉ်ကို သိပ်သည်းနိုင်ခဲ့ပြီး၊ သူ၏ယင်စိတ်ဝိညာဉ်သည် အားကောင်းလာခဲ့သည်။ အနည်းငယ် လှုပ်ရှားရုံမျှဖြင့်, သူသည် သူ့အခွံထဲက ထွက်ခွာနိုင်ခဲ့ပြီ။ ထို့အပြင် သူ၏ ယင်စိတ်ဝိညာဉ်သည် သူ့ခေါင်းမှ ရုတ်တရက် ခုန်ထွက်လာသောအခါ၊ အေးစိမ့်သော လေပြင်းက ကျောက်ခန်းမတစ်ခုလုံးကို တိုက်ခတ်သွားခဲ့ပါသည်။

ဤအေးစက်သော လေပြင်းသည် မြေပြင်ပေါ်ရှိ ဖုန်မှုန့်များကို လှိုင်းလုံးငယ်များအဖြစ် ဖြစ်ပေါ်စေပါသည်။ မြင်ကွင်းက အရမ်းထူးဆန်းပါသည်။

တံခါးဝမှာ ရပ်နေသည့် မုကလေးက အခန်းထဲမှာ အေးစက်သည့် လေပြင်းတွေ တိုက်ခတ် လာမည်ဟု မမျှော်လင့်ထားခဲ့ပါဘူး။ သူမတစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်သွားသည်။

ချမ်းစိမ့်သော လေပြင်းသည် ဟုန်ယွိ၏ အပြင်သို့ ခုန်ထွက်လာသော ယင်စိတ်ဝိညာဉ် ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ သူ၏ မမြင်နိုင်သော အတွေးများသည် အရာဝတ္ထု များအဖြစ် ပေါင်းစပ်သွားကာ လေထုကို ပြောင်းလဲသွားစေခဲ့ပါသည်။ သူသည် သူ့ခန္ဓာကိုယ်မှ ထွက်ခွာစဉ်, အေးစက်သော လေပြင်းက တိုက်ခတ်လာလိမ့်မည်။ ဤသည်မှာ တာအိုကျမ်းဂန်များတွင် ဖော်ပြထားသော ဖြစ်စဉ်တစ်ခုဖြစ်ပြီး ကျင့်ကြံခြင်း တွင် အောင်မြင်သော ကျင့်ကြံသူများသာ ရရှိနိုင်ပါသည်။

ချမ်းစိမ့်သော လေပြင်းတစ်ချက် တိုက်ခတ်ပြီးနောက် တဖြည်းဖြည်း ရပ်တန့်သွားသည်။ ထို့နောက်တွင်၊ သွေးပုံစံသံမဏိအပ်သည် ဝိညာဉ်သဘောသဘာဝ ရှိနေသကဲ့သို့ ရုတ်တရက် တုန်ခါကာ လွင့်ပျံလာသည်။ ၎င်းသည် အနီရောင်မျဉ်းအဖြစ် ပြောင်းလဲကာ ဂူထဲမှ ပြေးထွက်လာပြီး အဝေးသို့ တည့်တည့် ပျံသန်းသွားခဲ့သည်။ ဟုန်ယွိ၏ ထူးထူး ခြားခြား လှုပ်ရှားမှုတွေက မုကလေးကို မှင်သက်သွားစေခဲ့သည်။

သွေးပုံစံသံမဏိအပ်ကို အသုံးပြုစဉ်တုန်းက မုကလေးသည် ဟုန်ယွိ၏ လှုပ်ရှားမှုတွေကို မြင်ဖူးသော်လည်း, အခုအချိန်မှာ ဤမျှလောက်အထိ ထိတ်လန့်သွားလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မခံစားမိခဲ့ပါဘူး။ ချမ်းစိမ့်သော လေပြင်းက တိုက်ခတ်လာပြီးနောက် သွေးပုံစံသံမဏိအပ်က ရွေ့လျားသွားပါသည်။ ၎င်းသည် အနီရောင်မျဉ်းကြောင်းတစ်ခု ဖြစ်လာပြီး လျှပ်စီးလက်သလို ပစ်လွှင့်သွားခဲ့သည်။ ဤတခဏအတွင်း လှုပ်ရှားမှုက သူမအား ဟုန်ယွိအပေါ် မှီခိုအားထားမှုကို လုံးဝ ခံစားရစေပါသည်။

မြက်သစ်ပင်များ ဖုံးလွှမ်းနေသော လမ်းမပေါ်၌ တိုက်ပွဲက ပြင်းထန်နေဆဲ ဖြစ်သည်။

“ဖူး..၊" အနက်ရောင်ဝတ်လူတွေထဲက တစ်ယောက်သည် သူ့ဆေဘာရှည်ကို ဝှေ့ယမ်းပြီး၊ မုရုန်ယန်ရှေ့မှာ ရပ်နေသည့် စစ်သည်တော်တစ်ယောက်၏ ဝမ်းဗိုက်ကို ခုတ်ဖြတ်ကာ ခွဲပစ်လိုက်ပါသည်။ အနက်ရောင်ဝတ်လူများ အသုံးပြုသည့် ဆေဘာရှည်များသည် အနံ သုံးလက်မနှင့် ငါးပေရှည်သည်။ ၎င်းတို့သည် ရှည်လျားပြီး ကျဉ်းမြောင်းကာ ကွေးညွှတ်ပြီး သွေးများစီးဆင်းစေမည့် လမ်းကြောင်းတစ်ခု ပါရှိသည်။ ဓါးကို ပြော့ပြောင်းအောင် ထုရိုက်ပြီး အကြိမ်ကြိမ် သန့်စင်ထားသည့် သံမဏိကောင်းဖြင့် ပြုလုပ်ထားပါသည်။ ဤသည်မှာ တော်ဝင်ချန်မင်းဆက်၏ အထက်တန်းစား ကိုယ်ခံပညာရှင်များသာလျှင် အသုံးပြုရန် အရည်အချင်း ပြည့်မီသော “အလျားလိုက်ဆေဘာ" ဖြစ်သည်။ ၎င်းကို လူတွေကို သတ်ဖြတ်ရန်၊ ခေါင်းဖြတ်ရန်၊ ဗိုက်ကို ဖွင့်ထုတ်ရန် အသုံးပြုကြသည်။

"မုန်တိုင်းဆေဘာပညာရပ်။ နတ်ဘုရားစက်ယန္တရားတပ်ရင်းရဲ့ သွေးအေးလင်းယုန် ဆယ့်သုံးဖော်။ အရမ်းကောင်းတယ်၊ အရမ်းကောင်းတယ်၊ အရမ်းကောင်းတယ်၊”

မုရုန်ယန်သည် သူမ၏သွားများကို တင်းကြပ်စွာ ကြိတ်ထားပါသည်။ သူမအနားက စစ်သည်နှစ်ယောက်သည် တောင်ကုန်းလမ်းပေါ်သို့ အသဲအသန် ပြေးတက်ရင်း သူမကို ကူညီပေးနေကြသည်။ သူမ နောက်မှ စစ်သည်များ၏ အော်သံကိုကြားတော့ သူမ၏ နှလုံးသားကို ဓားဖြင့် ထိုးခုတ်သလို ခံစားရပါသည်။

"ဟီး...၊ ဟီး...၊ ဟီး..၊"

သူမကို နောက်ကနေ ကူညီပေးနေသည့် နောက်ဆုံး စစ်သည်တော်သည် လည်ပင်းကို ဖြတ်ပိုင်းခံလိုက်ရပါသည်။ သူသည် ခြေထောက်များကို ဆန့်တန်းကာ မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး မျက်လုံးများက ပြူးထွက်နေသည်။ သူ မသေဆုံးခင်, သူသည် မုရုန်ယန် အသတ်ခံရမည်ကို တားဆီးရန် အနက်ရောင်ဝတ်လူတစ်ဦး၏ ခြေထောက်ကို ဖမ်းဆွဲထား ခြင်း ဖြစ်သည်။ သို့သော် အနက်ရောင်ဝတ်လူက ခြေထောက်ကို ဆွဲလှန်ပြီး သူ့ကို သုံးကျန်း အကွာအဝေးအထိ ကန်ထုတ်ပစ်လိုက်သည်။

"သခင်မလေး မုရုန်၊ မင်း မလွတ်နိုင်တော့ဘူး။ မင်းလုပ်နေတာတွေကို ရပ်လိုက်ပြီး၊ စစ်သူကြီးရှီကိုတွေ့ဖို့ မင်းကို ခေါ်သွားခွင့် ပြုလိုက်ပါ။ မင်း သူ့ကို ကောင်းကောင်း မွန်မွန် ပြုစုပြီး, တကယ်လို, စစ်သူကြီးရှီက ပျော်ရွှင်တယ်ဆိုရင်, သူက မင်းကို အိမ်ရှေ့စံမင်းသား ဆီ ဆက်သပြီး, မင်းလည်း ဥက္ကာပျံတစ်ခုလို မြင့်တက်လာလိမ့်မယ်။ အိမ်ရှေ့စံမင်းသား ရဲ့အမှုတော်ကို ထမ်းဆောင်ရတာက ယွန်မင်မှာ ကြက်သွေးရောင်မီးလျှံမြို့စားရဲ့ တတိယ သခင်မလေးအဖြစ် နေထိုင်ရခြင်းက ပိုကောင်းပါလိမ့်မယ်။”

အနက်ရောင်ဝတ် လူဆယ့်သုံးယောက်သည် ရုတ်တရက် မုရုန်ယန်ကို ဝိုင်းရံရန် ဝိုင်းဖွဲ့လာ ကြသည်။ သို့သော်, သူတို့သည် သူမကို သတ်ဖြတ်ရန် မကြိုးစားကြသေးပါ။ ရှေ့တန်းမှ ခေါင်းဆောင်သည် သူ့ဆေဘာကို အလျားလိုက် ဆုပ်ကိုင်ထားပြီး သွေးများက တစက်စက် စီးကျနေသည်။ သူ၏ ယုတ်မာသော စကားလုံးများနှင့် ယှဉ်တွဲလိုက်ပါက, သူ့ပုံစံက သရဲတစ္ဆေတွေကိုတောင် ကြောက်လန့်ပြီး အဝေးကို ထွက်ပြေးစေလောက်ပါသည်။

"အင်ပါယာစစ်တပ်, နတ်ဘုရားစက်ယန္တရားတပ်ရင်းရဲ့ သွေးအေးလင်းယုန်ဆယ့်သုံးဖော်က ဒီလောက်ပဲလား။ တကယ်လို့, ဒီနေ့ မင်းတို့သာ ငါ့ကို ချုံခိုတိုက်ခိုက်ခြင်း မပြုခဲ့ရင်, ငါ့လက်ကို တချက်လှန်လိုက်တာနဲ့ မင်းတို့လို အမှိုက်ဆယ်သုံးဖော်ကို ဖုန်မှုန့်ဖြစ်အောင် လုပ်ပေးနိုင်တယ်၊" မုရုန်ယန်သည် သူမ၏မျက်လုံးများမှ သတ်ဖြတ်လိုသည့် အလင်းတန်း များ ထွက်ပေါ်လာရင်း, သူမ၏သွားများကို တင်းတင်းကြိတ်လိုက်ပါသည်။ သူမ၏ နဂိုက ချောမောသော မျက်နှာသည် ယခုအခါ ရှုံ့မဲ့နေလေပြီ။

"ဟမ့်၊ သေမင်းကို ရင်ဆိုင်နေရတာတောင် မင်းက အရှက်မဲ့စွာ ကြွားဝံ့နေသေးတယ်။ ငါ မင်းရဲ့အဝတ်အစားတွေကို အခု ချက်ချင်း ချွတ်ပစ်မယ်လို့ပြောရင် မင်း ယုံလား။ မင်း သေချင်စိတ်ပေါက်အောင် ငါ လုပ်ပေးမယ်။ မင်းရဲ့ သေးငယ်တဲ့ မကောင်းဆိုးဝါး မှော်ပညာလေးက ငါတို့ညီအစ်ကိုတွေကို ဘာမှမလုပ်နိုင်ဘူး။ ငါတို့ညီအစ်ကိုတွေဟာ အလောင်းတွေ တောင်လိုပုံပြီး၊ သွေးပင်လယ်တွေနဲ့ လူ့အသားတွေကြား စစ်မြေပြင်ကနေ လှိမ့်ထွက်လာခဲ့ဖူးတဲ့လူတွေပဲ။ မင်းရဲ့ မကောင်းဆိုးဝါး မှော်ပညာကို ငါတို့က ဘာလို့ ကြောက်နေရမှာလဲ။”

အနက်ရောင်ဝတ်စုံဝတ် ခေါင်းဆောင်က မျက်ခုံးပင့်လိုက်ပြီး သူ့အပြုံးက ပိုပီပြင်လာပါ သည်။ သူက မုရုန်ယန်ကို သူမအဝတ်အစားတွေ ချွတ်ကြည့်ချင်သလိုမျိုး ကြည့်နေသည်။

"အစ်ကိုကြီး ရွှဲ့ယင်၊ ငါတို့ကို ဒီမိန်းမငယ်လေးနဲ့ ပျော်ပါးခွင့်ပြုပါ။ သူမသည် နူးညံ့တဲ့ အရေပြားနဲ့ သိမ်မွေ့တဲ့အသားရည်ရှိတယ်။ ငါတို့က သူမကို စိတ်တိုင်းကျ ပျော်ပါးပြီးရင် သူမခေါင်းကိုဖြတ်ပြီး တပ်မှူးဆီ အပ်လိုက်မယ်လေ။ သူမက ငါတို့ကို ခေါင်းမာမာနဲ့ တွန်းလှန်တိုက်ခိုက်နေလို့ ငါတို့က သူမကို သတ်လိုက်ရတာလို့ စစ်သူကြီးကို ငါတို့ ပြောမယ်။”

ရွှဲ့ယင်၏နောက်ကွယ်မှ အနက်ရောင်ဝတ် လူတစ်ယောက်၏ ဆိုးရွားသောအသံက ထွက်ပေါ်လာသည်။

ဤအသံသည် နက်နဲပြီး ယုတ်မာသည်၊ ဖော်မပြနိုင်လောက်အောင် ဆိုးရွားလှသည်။ မူရုန်ယန်၏ မျက်နှာက ဖျော့တော့သွားကာ သူမနဖူးပေါ်မှ ချွေးများ စီထွက်လာသည်။

"မင်းတို့ သခင်မလေးရဲ့ ခေါင်းပေါ်က ဆံပင်တစ်ချောင်းကို ထိဝံ့ရင်တောင် ငါ့အသက်နဲ့ မင်းတို့ကို လဲလှယ်လိုက်မယ်၊" မုရုန်ယန်၏ဘေးမှ စစ်သည်တစ်ယောက်က ရုတ်တရက် အော်ပြောလိုက်သည်။ သူ့လက်ထဲတွင် သံမဏိဓားတစ်ချောင်းကို ကိုင်ထားသည်။ ဓား၏ အစွန်းတွင် အစွန်းအထင်း များစွာရှိနေသော်လည်း ၎င်း၏ခန္ဓာကိုယ်တွင် ထိခိုက်ဒဏ်ရာရ မှု လုံးဝမရှိခဲ့ပေ။ ယင်းက ၎င်း၏ကောင်းမွန်သော ကိုယ်ခံပညာစွမ်းရည်ကို ပြသနေသည်။

ထိုအချိန်တွင် မုရုန်ယန်၏ဘေးတွင် စစ်သည်နှစ်ဦးသာ ကျန်တော့သည်။ ၎င်းတို့သည် သွေးစွန်းနေသော သေမင်းဆယ့်သုံးဖော် သရဲတစ္ဆေများနှင့် ရင်ဆိုင်ရသော်လည်း ကြောက်ရွံ့သည့် အရိပ်အယောင် မပြကြပေ။ သူတို့၏မျက်လုံးများက တိုက်ပွဲတွင် သေဆုံး ရန် စိတ်ပိုင်းဖြတ်မှုများဖြင့် ပြည့်နှက်နေသည်။

"အာမွန်, အန်ကျင်း, ငါ့ကို သတ်လိုက်ပါ။ ရက်စက်ပြတ်သားပြီး ငါ့ကို အပိုင်းပိုင်း ဖြတ်လိုက်ပါ။ ဒီလူယုတ်မာတွေ ငါ့ခန္ဓာကိုယ်ပေါ် မချနင်းမိပါစေနဲ့။"

မုရုန်ယန်က သူ့ဘေးနားက စစ်သည်နှစ်ယောက်ကို ရုတ်တရက် ပြောလိုက်သည်။

"သခင်မလေး။"

စစ်သည်နှစ်ယောက်က တညီတညွတ်တည်း အော်ဟစ်ကြသည်။

"ဟီး..၊ ဟီး..၊ သခင်မလေးမုရုန်၊ မင်း သေသွားရင်တောင် မင်းကို ငါတို့က ပျော်ပါးလို့ရသေး တယ်လေ။ ငါတို့ညီအစ်ကိုတွေက မင်း သေမသေကို ဂရုမစိုက်ဘူး။ သခင်မလေး မုရုန်က ဆန်းကြယ်ကောင်ကင်ဘုံခန်းမရဲ့ တာအိုပညာရပ်ကို ကျင့်ကြံထားပြီး ယင်စိတ်ဝိညာဉ်ကို ထုတ်လွှတ်နိုင်တယ်လို့ ငါတို့ ကြားသိထားတယ်။ ဒါကြောင့် မင်းသေပြီးရင်တောင်, ငါတို့က မင်းရဲ့ခန္ဓာကိုယ်ကို ခံစားနိုင်သေးတယ်။ ဒါက တကယ်အရသာ ရှိမှာပဲ။”

အနက်ရောင်ဝတ်ထားသူ နောက်တစ်ယောက်က ကောက်ကျစ်စွာ ရယ်မောလိုက်သည်။

ဖူး…။

မုရုန်ယန်သည် သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ပြီး သူမ၏မျက်နှာမှာ ဖြူဖျော့သွားခဲ့ သည်။

"လုပ်လိုက်ပါ၊"

ရွှဲ့ယင်သည် သူ၏ဓားကို ဝှေ့ယမ်းပြီး အမိန့်ပေးလိုက်သည်။

"အဲဒါဘာလဲ"

ဤအခိုက်အတန့်တွင်၊ အနီရောင်မျဉ်းကြောင်းတစ်ခုက ပျံလွှားငှက်တစ်ကောင် ရေပြင် ပေါ်လျှပ်၍ လျင်မြန်စွာ ပျံသန်းသွားသကဲ့သို့ မိုးကုပ်စက်ဝိုင်းမှ ရုတ်တရက် ပျံတက်သွားခဲ့ သည်။ လျှပ်စီးလို အမြန်နှုန်းဖြင့်, ၎င်းသည် အနက်ရောင်ဝတ် လူသုံးယောက်၏ ခေါင်းများ ကို ထိုးဖောက်၍ ဖြတ်သန်းသွားခဲ့သည်။

လူသား၏ မာကျောသော ဦးခေါင်းခွံသည် ဤအနီရောင်မျဉ်းကြောင်း၏ရှေ့တွင် တိုဟူးကဲ့သို့ နုနယ်ပါသည်။ အနီရောင်မျဉ်းကြောင်း ဖြတ်သွားသည့်အခိုက်တွင် ခုခံနိုင်စွမ်း လုံးဝ မရှိခဲ့ပေ။

"ဒါက အပ်ပျံနဲ့လုပ်ကြံသတ်ဖြတ်တာပဲ…"

ရွှဲ့ယင်က အော်ဟစ်ပြီး ရုတ်တရက် သူ့ဆေဘာကို ဝှေ့ယမ်းကာ ပြင်းထန်စွာ ခုတ်ပိုင်း လိုက်ပါသည်။ ဆေဘာသည် စက်ဝိုင်းပြတ်တစ်ခုအသွင် ရွေ့လျားသွားပြီး အပ်၏ထိပ်ဖျား ကို ပိတ်ဆို့လိုက်ပါသည်။ ဆေဘာ၏ မျက်နှာပြင် ကိုယ်ထည်ကို အသုံးပြုကာ အပ်လမ်းကြောင်းကို ပိတ်ဆို့ခြင်း, ထိုလှုပ်ရှားမှုက သူ၏ ထက်မြက်သော ဆေဘာ စွမ်းရည်ကို ချက်ချင်း ထုတ်ဖော်ပြသရာ ရောက်ပါသည်။

သို့သော်, အပ်က သာမာန်အပ်တစ်ချောင်း မဟုတ်ခြင်းက သနားစရာပင်။ အကယ်၍ သာမာန် အပ်တစ်ချောင်း သို့မဟုတ် ရေခဲခွဲသံမဏိဖြစ်နေလျှင်ပင် ဓား၏ကိုယ်ထည်ကို ထိုးဖောက်နိုင်မည် မဟုတ်ပေ။ သေချာသည်မှာ အလယ်မှာ တွယ်ကပ်နေလိမ့်မည်။ သို့သော်, ဤအပ်သည် သွေးပုံစံသံမဏိအပ် ဖြစ်နေခဲ့သည်။

အပ်ဖျားသည် တို့ဟူးကဲ့သို့၊ သူ၏သားရေချပ်ဝတ်တန်ဆာမှတဆင့်၊ သူ့နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

သွေးအေးလင်းယုန် ဆယ့်သုံးဖော်ထဲက လေးကောင်သည် တခဏချင်း သေဆုံးသွားခဲ့ပါ သည်။

"ဒီလူတွေက ကိုယ်ခံပညာမှာ အားကောင်းကြပြီး၊ တစ်ယောက်ချင်း ရင်ဆိုင်ရမယ်ဆိုရင်, ငါ သူတို့ထဲက ဘယ်သူ့ကိုမှ အနိုင်မယူနိုင်ဘူး။ ဒါပေမဲ့ အခု ငါက တာအိုနည်းစနစ်ကို အသုံးပြုနေတာဆိုတော့ သူတို့က ဘယ်လိုလုပ် ငါ့ပြိုင်ဘက် ဖြစ်နိုင်တော့မှာလဲ။ အထူးသဖြင့် သူတို့က ရှင်တန်သိုင်းသခင် အဆင့်ကို မရောက်သေးတဲ့ အချိန်မှာမျိုးမှာပေါ့။ တကယ်လို့, သူတို့သာ ရှင်တန်သိုင်းသခင်အဆင့်ကို ရောက်ရှိနေခဲ့ရင်, ငှက်တွေတောင်မှ သူတို့ရဲ့လက်သီးချက်တွေ, ဆေဘာပညာရပ်တွေဆို ပျံသန်းဖို့ရန် ခက်ခဲလိမ့်မယ်။ ဒါ့အပြင်, သူတို့ဟာ အပ်လမ်းကြောင်းကို ခန့်မှန်းနိုင်ပြီး ထိထိရောက်ရောက် ကြားဖြတ် နိုင်ဖို့ ပြင်ဆင်နိုင်ခဲ့တယ်။ သွေးပုံစံသံမဏိအပ်က ထက်ရှပြီး လျင်မြန်နေရင်တောင်, ငါ့မှာ အားနည်းချက်တွေ ရှိနေဦးမှာပဲ။”

ဟုန်ယွိသည် ထိုခဏ၌ အောင်မြင်ခဲ့ပါသည်။ သူသည် သွေးပုံစံသံမဏိအပ်ကို အသက်သွင်း လိုက်ပြီး အပေါ်အအောက် ပျံသန်းသွားခဲ့သည်။ အနက်ရောင်ဝတ် အမျိုးသားများသည် တိုက်ခိုက်မူတစ်ချက်ကိုပင် မခံနိုင်ကြသဖြင့် နောက်ထပ် သုံးဦး သေဆုံးခဲ့သွားပြန်သည်။

အသက်နှစ်ရှိုက်အတွင်းမှာ သူသည် လူခုနစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သည်။ တိုက်ပွဲ ရာပေါင်း များစွာ အတွေ့ကြုံရှိသော ကျွမ်းကျင်သူခုနစ်ဦး။

၎င်းက အရာဝတ္ထုများကို မောင်းနှင်နိုင်သည့် တာအိုနည်းစနစ်များ၏ စွမ်းအားကို အပြည့်အဝ ပြသရာရောက်ပါသည်။

အခန်း (၈၇)။

ဟုန်ယွိ၏ သွေးပုံစံသံမဏိအပ်သည် အနီရောင်မျဉ်းကြောင်းအဖြစ် ပြောင်းလဲသွားပြီး နတ်ဘုရားစက်ယန္တရားတပ်ရင်း၏ သွေးအေးလင်းယုန်ခုနစ်ဦးကို ချက်ချင်း သတ်ပစ်လိုက် သည်။ ဤရုတ်တရက် ပြောင်းလဲက ရောက်ရှိနေသူအားလုံးကို ထိတ်လန့်စေပါသည်။

"လေပွေဓားစက်ဝန်းအစီအရင်..."

ကျန်အနက်ရောင်ဝတ် လင်းယုန်အစောင့်တပ်သား ခြောက်ဦးသည် နောက်ဆုံးတွင် ၎င်းတို့၏အသိဉာဏ်ကို ပြန်လည်ရရှိခဲ့သည်။ သူတို့သည် နားထဲ ထိုးဖောက်လောက်သည့် အော်သံများဖြင့် အော်ဟစ်ကာ, သူ့တို့လက်ထဲမှ ဆေဘာများကို လှည့်ပတ်ပြီး၊ ဆေဘာ အစီအရင်တစ်ခုကို လျင်မြန်စွာ ဖန်တီးကြသည်။ ၎င်းတို့ခြောက်ယောက်သည် သုံးယောက် တစ်အုပ်စုစီဖွဲ့ကာ တစ်ဖက်စီကို အကာအကွယ် ပေးထားကြသည်။ လက်ထဲတွင်ရှိသော ဆေဘာများသည် ဖြိုခွဲ၍မရနိုင်သည့်ပုံစံဖြင့် ကပြနေကြပါသည်။

အနီရောင်မျဉ်းကြောင်းသည် အပေါ်အအောက် ပျံသန်းကာ ဆေဘာများနှင့် ရံဖန်ရံခါ ထိပ်တိုက် တွေ့ဆုံသည်။ သို့သော် ၎င်းတို့ခြောက်ဦးဖြင့် ဖွဲ့စည်းထားသည့် လေပွေဓား စက်ဝန်းအစီအရင်ကို မထိုးဖောက်နိုင်ခဲ့ပေ။

သွေးပုံစံသံမဏိအပ်သည် အလွန်ထက်မြက်ပြီး သံနှင့် ကျောက်တုံးများကို ထိုးဖောက်နိုင် သော်လည်း အပ်၏ထိပ်ဖျားဖြင့် ထိုးရမည် ဖြစ်သည်။ သို့ရာတွင်၊ လေပွေဓားစက်ဝန်း အစီအရင်ရှိ ဆေဘာများအားလုံးသည် အပ်ချောင်းကို တားဆီးရန် ဆေဘာ၏ကိုယ်ထည် ကို အသုံးပြုရမည့်အစား ၎င်းပျံတက်သွားသောအခါမှသာ အပ်၏ကိုယ်ထည်ကို တိကျစွာ တိုက်ခိုက်ကြခြင်းဖြစ်သည်။

ကြီးမားသော သတ်ဖြတ်ခြင်း စွမ်းအားက အပ်ကိုမချိုးဖျက်နိုင်သော်လည်း၊ ၎င်းသည် အပ်၏ပျံသန်းမှုကို ဟန့်တားနိုင်ခဲ့သည်။

အသက်ရူချိန် အနည်းငယ်မျှ ကြာသော် ဟုန်ယွိသည် ထောင့်ပေါင်းစုံမှ ခိုးဝင်တိုက်ခိုက်ရန် အပ်ကို မောင်းနှင်နေခဲ့သည်။ သို့သော် ဆေဘာများကို ထိုးဖောက်နိုင်သည်အထိ ၎င်း၏ ခွန်အားအားလုံးကို မစုစည်းနိုင်ခဲ့ပေ။

ဤလေပွေဓားစက်ဝန်းအစီအရင်သည် ထိုးဖောက်၍မရနိုင်ခဲ့ပေ။

ကျန်သည့် သိမ်းငှက်အစောင့် ခြောက်ယောက်သည် ပြန်ကောင်းလာပြီးနောက်, သူတို့သည် နောက်ဆုံးတွင် သူတို့၏ ပြောင်မြောက်သော ဆေဘာစွမ်းရည်ကို ပြသခဲ့ပါ သည်။ သူတို့၏ဆေဘာစွမ်းရည်သည် အလွန်တိကျသဖြင့် ၎င်းတို့၏ဆေဘာများကို ပေါ့ပေါ့ပါးပါး လွှဲယမ်းကာ ယင်တစ်ကောင်၏ အတောင်ပံများကိုပင် ခုတ်ဖြတ်နိုင်ပါသည်။ ဟုန်ယွိ၏ သွေးပုံစံသံမဏိအပ်သည် သေးငယ်သော်လည်း ၎င်းကို ထိမှန်အောင် တိုက်ခိုက် နိုင်ပြီး လမ်းကြောင်းပြောင်းနိုင်ကြပါသေးသည်။

"ဒီလူတွေရဲ့ဆေဘာတွေက တကယ်ကို တိကျတယ်။ ကံမကောင်းစွာပဲ၊ ငါ့ယင်စိတ်ဝိညာဉ် က လုံလောက်အောင် မသန်မာဘူး။ ပျံတက်သွားတဲ့ အပ်ရဲ့အမြန်နှုန်းက ခိုင်မာတဲ့ ဒူးလေး နဲ့ပစ်တဲ့ မြှားတွေလောက် မမြန်ဘူး။ တကယ်လို့, ငါ့ယင်စိတ်ဝိညာဉ်သာ နှစ်ဆ ပိုသန်မာ နေမယ်ဆိုရင်, အပ်ရဲ့စွမ်းအားက လမ်းကြောင်းပြောင်းလဲခံရမှာ မဟုတ်ဘဲ ရန်သူကို တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်လိမ့်မယ်။" ဟုန်ယွိသည် သူ့နှလုံးသားထဲတွင် မြည်တမ်း နေမိပါသည်။

ထိုအချိန်တွင် တိုက်ပွဲကွင်းပြင်းအတွင်းမှာ ရုတ်တရက် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ပြင်းထန်သော ယမ်းနံ့နှင့် ခဲပြဒါး၏ ညှော်နံ့သည် လေထဲသို့ ပြည့်နှက်သွားခဲ့သည်။ ထို့နောက် ကြီးမားသော ငွေရောင်အမျိုးသမီး စစ်သည်တော်တစ်ဦးသည် ခဲပြဒါးအငွေ့ အတွင်းမှာ ဖြစ်ပေါ်လာသည်။

မုရုန်ယန်သည် နောက်ဆုံးတွင် အခွင့်အရေးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ သူမသည် မီးလျှံအဆောင်ရွှေဆေးပြားကို ပစ်ချလိုက်ပြီး သူမ၏စိတ်ဝိညာဉ်သည် သူမ၏အခွံမှ ထွက်လာခဲ့သည်။

"ဘန်း" ထိုငွေရောင်အမျိုးသမီး စစ်သည်တော်ကြီး ထွက်ပေါ်လာသည်နှင့် တပြိုင်နက်, သူမသည် စကားတစ်ခွန်းမှ မပြောဘဲ, လက်သီးတွေကို ဝှေ့ယမ်းကာ အရှိန်ဟုန်ဖြင့် ပြေးထွက်သွားခဲ့သည်။ ကြီးမားသော ရိုက်ခတ်မှုကြောင့် မြေပြင်ပေါ်တွင် နက်ရှိုင်းသော ခြေရာကြီးတစ်ခု ပေါ်လာခဲ့သည်။ ခြေရာအတွင်းမှာ ငွေရောင်မှုန့်အလွှာများ ရှိနေသည်။

ဤအရာက သန့်စင်ပြီး အရိုင်းဆန်သည့် စွမ်းအားတစ်ခု ဖြစ်ပါသည်။ ငွေရောင် အမျိုးသမီး စစ်သည်တော်ကြီးသည် ဆေဘာအစီအရင်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားပြီး၊ ချက်ခြင်းပင် အကြိမ်ပေါင်း ဒါဇင်နှင့်ချီ၍ တိုက်ခိုက်လိုက်ပါသည်။ သူမ၏ ခန္ဓာကိုယ်သည် ငွေရောင် အလင်းတန်းများနှင့်အတူ အမှုန့်အမွှားများက နေရာအနှံ့ ပျံ့လွင့်နေပါသည်။

သို့သော်၊ ဤသည်မှာ တာအိုဂိုဏ်းများ၏ စိတ်ဝိညာဉ်ကိုယ်ထင်ပြခြင်း၏ ပညာရပ် ဖြစ်ပါသည်။ ၎င်းသည် အကန့်အသတ်မဲ့ ခွန်အားများကို ပိုင်ဆိုင်ထားပြီး၊ ဓားနှင့်လှံများပင် ထိုးဖောက်နိုင်ခြင်း မရှိပေ။ ၎င်း၏ခန္ဓာကိုယ်တွင် မည်သည့်အားနည်းချက်မှ မရှိပေ။ ၎င်းသည် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် စစ်သည်တော်များကဲ့သို့ မဟုတ်ပေ။ ခေါင်းမှခြေဖျားအထိ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော စစ်သည်တော်တစ်ဦး ဖြစ်နေလျှင်ပင် ဓားဖြင့်ထိုးနိုင်သည့် ချို့ယွင်းချက်များ ရှိနေပါသေးသည်။ သို့သော်၊ ယင်စိတ်ဝိညာဉ် ကိုယ်ထင်ပြခြင်း ပညာရပ်သည် အားနည်းချက် လုံးဝ မရှိပါဘူး။

ဘန်း...၊

ငွေရောင်အမျိုးသမီး စစ်သည်တော်သည် ဆေဘာအစီအရင်ထဲသို့ ပြေးဝင်ကာ ဆေဘာ ဒါဇင်ပေါင်းများစွာကို ခုခံနိုင်ခဲ့သည်။ သူမသည် အနက်ရောင်ဝတ်အမျိုးသားတစ်ဦး၏ ပခုံးကို လက်သီးဖြင့် ထိုးလိုက်ပြီး၊ ထိုလူကို ခြေခုနစ်လှမ်း, ရှစ်လှမ်းအကွာအထိ လွင့်ပျံ သွားစေခဲ့ပါသည်။ ထို့နောက် သူမ၏ လက်သီးများက လေထဲတွင် ကခုန်နေသည်။ သူမသည် ရက်စက် ကြမ်းကြုတ်သော လက်သီးနည်းစနစ်မျိုးစုံကို ထုတ်ဖော်ပြသခဲ့ပြီး၊ ဆေဘာအစီအရင်ကို လုံးလုံးလျားလျား ဖြိုခွဲနေပါသည်။

ထိုအချိန်မှာပင် ဟုန်ယွိက အခွင့်အရေးကို ဆုပ်ကိုင်လိုက်ပါသည်။ ဘန်း, ဘန်း. ဘန်း.. တခဏအတွင်းမှာပင် နောက်ထပ် လူလေးယောက်၏ ဦးခေါင်းများသည် ထိုးဖောက်ခံ လိုက်ရပါသည်။

အနက်ရောင်ဝတ် ကျန်လူနှစ်ယောက်သည် အခြေအနေမကောင်းသည်ကို မြင်နိုင်ကြ သည်။ သူတို့သည် အော်ဟစ်ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ကြသည်။ သူတို့သည် ငှက်ကြီးများကဲ့သို့ ခုန်တက်ပြီး ထွက်ပြေးရန် ကြံရွယ်နေကြသည်။

သို့သော် သူတို့၏ ထွက်ပြေးမှု အမြန်နှုန်းသည် ပျံသန်းနေသော အပ်ထက် နှေးကွေးနေပါ သည်။ ဟုန်ယွိ ပြောင်းလဲထားသော အနီရောင်မျဉ်းကြောင်းက သူတို့၏ကျောတွေကို ထိုးဖောက်သွားကြသည်။ မြေပေါ်သို့ ပစ်လဲကျသော အသံတွေနှင့်အတူ သူတို့သည် မြေပြင်ပေါ် ပစ်လဲကျပြီး ရုန်းကန်နေပါသည်။ သို့သော် သူတို့၏နှလုံးများ ဖောက်ထွက်ကာ သွေးကြောများ ပေါက်ပြဲသွားခဲ့ပြီ။ သူတို့မှာ လှုပ်ရှားရန် ခွန်အားတွေ ဆုံးရှုံးသွားပါပြီ။

သွေးအေးလင်းယုန်ဆယ့်သုံးဖော် အားလုံး ဖျက်ဆီးခံလိုက်ရပါသည်။

တာအိုဆရာနှစ်ဦး၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် တိုက်ပွဲအတွေ့ကြုံ ရင့်ကျက်သော သိုင်းသခင် ၁၃ ဦးသည် တခဏချင်း ပျက်သုဉ်းသွားခဲ့သည်။

"သခင်မလေး...၊ ဒါက။"

မုရုန်ယန်၏ဘက်မှ စစ်သည်နှစ်ဦးမှာလည်း အလွန်လိမ္မာပါးနပ်ကြသည်။ သူတို့သည် ပြင်းပြင်းထန်ထန် ခုန်ထွက်ပြီး ရုန်းကန်နေဆဲ အနက်ရောင်ဝတ်လူများ၏ လည်ပင်းတွေ ကို ရက်စက်စွာ ခုတ်ဖြတ်ပြီး သေအောင်သတ်ဖြတ်လိုက်ကြပါသည်။

ထိုအခိုက်တွင်၊ သွေးအစင်းရောင်ရှိသော အပ်တစ်ချောင်းသည် အနီရောင်မျဉ်းကြောင်း အဖြစ်သို့ ပြောင်းလဲသွားပြီး သစ်တော၏အဆုံးတွင် ပျောက်ကွယ်သွားခဲ့သည်။

မမြင်နိုင်သော အနီရောင်အမျှင်တန်းကို မြင်လိုက်ရသဖြင့် စစ်သည်နှစ်ဦးသည် စိတ်ရှုပ်ထွေးပြီး ခေါင်းကုတ်လိုက်ကြသည်။

အသက်ရူချိန် အနည်းငယ် ကြာပြီးနောက် ငွေရောင်စစ်သည်တော်သည် ငွေမှုန့်အပုံကြီး အဖြစ်သို့ ပြောင်းလဲသွားပြီး မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်။ မုရုန်ယန်၏ စိတ်ဝိညာဉ် သည် သူမခန္ဓာကိုယ်ထဲသို့ ပြန်ဝင်လာခဲ့သည်။ သူမသည် မျက်လုံးဖွင့်ကာ မတ်တပ် ထရပ် ပြီး ခြေလှမ်းပေါင်း ထောင်ချီဝေးသော တောအုပ်ကို လှမ်းကြည့်လိုက်သည်။

မြင်းခွာသံတွေကို ကြားနေရသည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် သူတို့ လက်ထဲတွင် ဓားရှည်များနှင့် လေးကိုယ်စီကို ကိုင်ဆောင်ထားကာ ပြေးထွက်လာပြီး၊ ခြေလှမ်းနှစ်ရာအကွာမှာ ရပ်တန့်လိုက်ပါသည်။

"ဟုန်ယွိ၊ တကယ်ကို နင်ပါလား" မုရုန်ယန်သည် မြင်းပေါ်ရှိ ယောက်ျားနှင့် မိန်းမကို ကြည့်လိုက်သည်။ သူမက ရှုပ်ထွေးသော အမူအရာဖြင့် ခေါင်းညိတ်သည်။ “သွေးအစင်း ကြောင်း အပ်တစ်ချောင်း ပျံနေတာကိုမြင်တော့ နင်ပဲဆိုတာ ငါ သိတယ်။ နင် ငါ့အသက်ကို ကယ်တင်ဖို့ ငါ မမျှော်လင့်ထားဘူး။ ဒါပေမယ့် ဒီလူတွေက နင်တို့မင်းဆက်ရဲ့ တော်ဝင် အစောင့်တွေ ဖြစ်တယ်။ သူတို့ကို သတ်တာက အရာရှိတစ်ယောက်ကို သတ်ဖြတ်တာ ဖြစ်ပြီး၊ ဒါက ပုန်ကန်မှုနဲ့ ညီမျှတယ်။ နင် ငါ့ကို ကယ်တင်ဖို့ ဘာလို့ ဒီလောက် စွန့်စားရတာ လဲ။”

"အခုနက သူတို့စကားပြောတာကို ငါ ကြားရတယ်။ သူတို့က အကြင်နာမဲ့တယ်။ တော်ဝင် ချန်မင်းဆက်က စစ်သည်တွေအနေနဲ့ လူတွေကို ဖမ်းဆီးသတ်ဖြတ်တာက ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့က မုဒိမ်းကျင့်ပြီး လုယက်ချင်နေတယ်။ သဘာဝ အတိုင်း သူတို့က သေဖို့ ထိုက်တန်ပါတယ်။ ဒါက တော်ဝင်ချန် ဒါမှမဟုတ် ယွန်မင်နဲ့ ဘာမှ မဆိုင်ပါဘူး။ ဒါက လူသားတွေရဲ့ ဖြောင့်မတ်မှုနဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ တရားမျှတမှု အတွက် ဖြစ်တယ်။”

ဟုန်ယွိသည် မြင်းပေါ်မှ ကျယ်လောင်စွာ ပြောလိုက်သည်။

“မုဒိမ်းမှု” ဟူသော စကားလုံးကို ကြားလိုက်ရတော့ မုရုန်ယန်၏ မျက်နှာက နီရဲလာပြီး သူမ၏မျက်လုံးများသည် အမုန်းမီးများဖြင့် တောက်ပလာသည်။ အမှန်လည်း ဟုန်ယွိ ကြောင့်သာ မဟုတ်ပါက, သူမကံကြမ္မာက သေသည်ထက်ပင် ပိုဆိုးသွားပါလိမ့်မည်။

"အာမွန်, အန်ကျင်း, ငါတို့လူတွေရဲ့ အလောင်းတွေကို ရှင်းလင်းပြီး မီးရှို့လိုက်ပါ။ သွားကြရ အောင်။” မုရုန်ယန်က ခေါင်းငုံ့ပြီး ပခုံးတွန့် ပြသည်။ ဟုန်ယွိ၏ မြှားဖြင့် ပစ်ခတ်ခြင်းခံရ သော သူမ၏ပခုံးသည် လုံးဝ ပျောက်ကင်းခြင်း မရှိသည်မှာ ထင်ရှားသည်။

"မုရုန်ယန်, မင်း ထွက်သွားမလို့လား" ဟုန်ယွိ ရုတ်တရက် ပြောလိုက်သည်။

"နင် ဘာလိုချင်လို့လဲ" ထိုစကားကို ကြားသောအခါ မုရုန်ယန်၏ မျက်နှာက တင်းကြပ် သွားပါသည်။ သူမက ခေါင်းမော့ပြီး ဟုန်ယွိကို ကြည့်လိုက်သည်။

"မင်းအသက်ကို ငါ ကယ်ခဲ့တယ်။ မင်း ငါ့ကို ကျေးဇူးပြန်မဆပ်ချင်ဘူးလား။ ဒီအတိုင်း ထွက်သွားတော့မှာလား။" ဟုန်ယွိက ပြောသည်။

“ဘာ" မုရုန်ယန်သည် ဟုန်ယွိကို အံ့ဩစွာ ကြည့်သည်။ သူမသည် ဟုန်ယွိကို အခုမှ ပထမဆုံးအကြိမ် မြင်တွေ့ဖူးသည့်အတိုင်း ကြက်ဥမျိုကျလောက်သည်အထိ ပါးစပ်ကို ကျယ်ကျယ် ဖွင့်ထားသည်။ သူမသည် တစ်စုံတစ်ခုကို ပြောချင်သည့်အတိုင်း နှုတ်ခမ်းစူ လိုက်ပါသည်။ သူမက ရုတ်တရက် ပြောသည် “နင်က ပညာရှင်တစ်ယောက်ပါ။ ကျေးဇူး တစ်ခုကို ပြုလုပ်ပြီးရင် ဘာကိုမှ ပြန်မမျှော်လင့်ဘူးလို့ နင် မပြောခဲ့ဘူးလား"

"ဘယ်လိုဟာသမျိုးလဲ၊ ပညာရှင်တစ်ယောက်က သူ့ကျေးဇူးကို ပြုပေးတဲ့အခါမှာ ဘာကိုမှ ပြန်မမျှော်လင့်ဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ တကယ်လို့, ဘာကိုမှ ပြန်မ မျှော်လင့်ဘူးဆိုရင် လောကကြီးမှာ ဘယ်သူက ကျေးဇူးပြုတော့မှာလဲ။ တကယ်လို့, မင်းအနေနဲ့ ဘာကိုမှ ပြန်မမျှော်လင့်ဘူးဆိုရင်, မင်းက ကြောင်သူတော်နဲ့ ကျေးဇူးကန်းသူ ဖြစ်လာလိမ့်မယ်။ ရှေးခေတ် ပညာရှိတွေဟာ, သူတို့ ကျေးဇူးပြုတဲ့အခါ စံပြအနေနဲ့ တစ်စုံတစ်ရာကို ပြန်လက်ခံတတ်ကြတယ်။ ငါက နှစ်ပေါင်းများစွာ စာပေလေ့လာနေခဲ့ တယ်။ ငါက ဒီသင်ခန်းစာကို ဘယ်လိုလုပ် နားမလည်ဘဲနေမှာလဲ။" ဟုန်ယွိက ခေါင်းမော့ပြီး၊ အပြုံးမဟုတ်သည့် အပြုံးဖြင့် ပြောလိုက်ပါသည်။

"ငါ နင့်ကို ပြန်မဆပ်ရင်ရော..." ဟုန်ယွိ၏စကားကြောင့် မုရုန်ယန် အံ့ဩသွားသည်။ ထို့နောက် သူမက အရှက်မဲ့စွာ ပြောသည်။

"ဒါဆို မင်းက ကျေးဇူးကန်းတဲ့သူပေါ့။ လူတိုင်းမှာ မင်းကို အပြစ်ပေးပိုင်ခွင့် ရှိတယ်။” ဟုန်ယွိက ရုတ်တရက် အော်ပြောလိုက်သည်။ သူက ဓားကိုင်ထားကာ မြင်းကို အချိန်မရွေး အပြေးအလွှား မောင်းနှင်တော့မည့်အတိုင်းပင်။ ယင်းကြောင့် မုရုန်ယန်၏အနားရှိ စစ်သည်များကို ကြောက်ရွံ့စေခဲ့သည်။ အနီရောင်မျဉ်းကြောင်းနှင့် နတ်ဘုရားအပ်သည် မည်မျှအစွမ်း ထက်သည်ကို သူတို့ သိကြသည်။ သူတို့သည် ထိုအပ်အတွက် ပြိုင်ဘက် မဖြစ်နိုင်ပါဘူး။

"နင်က အစွမ်းထက်ပါတယ်။ ငါ နင့်ကို အနိုင်မယူနိုင်ဘူး။" မုရုန်ယန်၏ မျက်နှာပေါ်တွင် ခိုကိုးရာမဲ့သည့် အမူအရာ ပေါ်လာသည်။ "ဒါပေမယ့်, ဒီနေ့ ငါ့အသက်ကို ကယ်တင်ပေး ခြင်းက နင် တကယ်ပဲ ငါ့ကို ကြီးကြီးမားမား ကူညီပေးခဲ့တယ်။ နင် ငါ့ကို ဘယ်လို ပြန်ပေးဆပ်စေချင်လဲ။”

“မင်း အမဲလိုက်ခံနေရတာကို ငါ မြင်နိုင်တယ်။ အခု မင်းမှာ ယာယီနေစရာ နေရာမရှိမှာ ငါ ကြောက်မိတယ်။ မင်း ဘာလို့ ငါနဲ့အတူ လိုက်မနေတာလဲ။ မင်းနေဖို့နေရာ ငါ စီစဉ်ပေးနိုင် မယ်။ အဲဒီနေရာက အရမ်းကို လျှို့ဝှက်တယ်။" ဟုန်ယွိက ခဏလောက် တွေးလိုက်ပါ သည်။ "မင်းပဲ ငါ့နဲ့ စီးပွားရေးလုပ်ချင်တယ်လို့ ပြောတယ်၊ ငါလည်း ဒီအတွေးမျိုး ရှိတယ်။ ငါ မင်းနဲ့ ဆွေးနွေးချင်တယ်။ ဒီနေရာက စကားပြောဖို့ကောင်းတဲ့ နေရာမဟုတ်ဘူး။”

"နင်က ငါ့ကို နင်နဲ့အတူ လိုက်စေချင်တာလား။ အဆင်ပြေပါတယ်။ ငါ့မှာလည်း နေစရာ နေရာ မရှိသေးဘူး။” မုရုန်ယန်သည် ဟုန်ယွိကို ကြည့်ရင်း မျက်လုံးများကို ပုတ်ခတ်ကာ သဘောတူလိုက်သည်။

"အာမွန်, အန်ကျင်း၊ သွေးအေးလင်းယုန်တွေရဲ့ ဆေဘာတွေကို သိမ်းဆည်းပြီး သူတို့ရဲ့ သားရေချပ်ဝတ်တန်ဆာကို ချွတ်ပြီး ယူလာပါ။ ဒါတွေအားလုံးဟာ အဖိုးတန်ပစ္စည်းတွေပဲ။ အလောင်းတွေကို မီးရှို့ခဲ့။ အစအန မကျန်စေနဲ့။”

မုရုန်ယန်က လှည့်ပြီး အမိန့်ပေးသည်။

"အစ်ကိုယွိ၊ ဒီမိန်းမက သနားစရာပဲ။" မုကလေးသည် ဟုန်ယွိ၏ နားအနားကပ်ကာ တိုးတိုးလေး ပြောသည်။

All Chapters