အခန်း (၈၈-၉၀)
Vol. 7 Ch. 88-90
အခန်း (၈၈)။
ညဉ့်အချိန်, ကောင်းကင်ယံမှာ ကြယ်များဖြင့် ပြည့်နေပါသည်။
ပြိုးပြိုးပြက်ပြက် တဖျတ်ဖျတ် လင်းလက်နေသော ကြယ်ရောင်အလင်းက မြေပြင်ပေါ်သို့ တည့်မတ်စွာ ဆင်းသက်နေပါသည်။ ငြိမ်သက်ခြင်းနှင့် နက်နက်ရှိုင်းရှိုင်း ခံစားမူတို့က လူတို့အား ငြိမ်းချမ်းသော ပတ်ဝန်းကျင်ကို ပေးစွမ်းနေပြီး၊ စိတ်ဝိညာဉ်ကို စိတ်အေး သက်သာဖြစ်စေပါသည်။ ကျယ်ပြောပြီး ခမ်းနားထည်ဝါသော ကြယ်ရောင်ကောင်းကင် အောက်တွင် လူတိုင်း၏ စိတ်ခံစားချက်များက တည်ငြိမ်သွားပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ညသည် အနားယူရန်နှင့် ပြန်လည်ထူထောင်ရန် အချိန်ဖြစ်သော ကြောင့် ဖြစ်သည်။
သို့သော်လည်း ည၏အေးချမ်းမူက သက်ရောက်မူမရှိဘဲ သတ်ဖြတ်လိုစိတ်များ ပြည့်နှက် နေသော လူတစ်စု ရှိနေခဲ့ပါသည်။
ကျောက်စိမ်းမြို့တော်၏အရှေ့ဘက် မိုင်ငါးဆယ်အကွာတွင် တန်းလျားများနှင့် မြင့်မား သော အိမ်များသည် စစ်ဗိုလ်ချုပ်အလံများကို တလူလူ လွှင့်ထူထားပါသည်။ တန်းလျား များ၏ နောက်ကွယ်တွင် သားရဲပါးစပ်ကဲ့သို့ မည်းမှောင်သော တောအုပ်ကြီးတစ်ခု ရှိသည်။
ဤနေရာသည် ကျောက်စိမ်းမြို့တော်ရှိ ဧကရာဇ်အစောင့်တပ်၏ ပဉ္စမတပ်ရင်းဖြစ်သော နတ်ဘုရားစက်ယန္တရားတပ်ရင်း၏ တန်းလျားများ ဖြစ်ကြပါသည်။
အကယ်၍, ချီကျင့်ကြံခြင်းမှာ ထူးချွန်သော တာအိုပညာရှင်တစ်ယောက်သည် သူ့ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်ကို စွန့်ခွာပြီး တန်းလျားတွေကို အဝေးမှ ကြည့်မည်ဆိုလျှင်၊ တန်းလျားတွေအထက်မှာ သွေးချီအမြောက်အမြားကို တွေ့ရပါလိမ့်မည်။ ထိုသွေးချီသည် အလွန်သိပ်သည်းလွန်းသဖြင့် တစ္ဆေသရဲများနှင့် နတ်ဘုရားများပင် ကြောက်လန့် တုန်လှုပ် သွားစေနိုင်ပါသည်။
၎င်းသည် လူတစ်သောင်းလောက်က နေ့ရောညပါ လေ့ကျင့်နေကြသည့် စစ်တပ်တစ်ခု ဖြစ်ပါသည်။ သူတို့၏စိတ်တွေကို အာရုံစူးစိုက်ပြီး၊ သူတို့စိတ်ထဲမှာ "သတ်” ဆိုသည့် အတွေးတစ်ခုသာ ရှိပါသည်။ ဤမျှကြီးမားသော သတ်ဖြတ်လိုသည့်ဆန္ဒနှင့် သွေးချီသည် အလွန်ကြောက်စရာကောင်းသည်။
ကျောက်စိမ်းမြို့တော်ရှိ ဧကရာဇ်အစောင့်တပ်များတွင် စုစုပေါင်း တပ်ရင်းငါးရင်း ရှိသည်။ ၎င်းတို့ကို နဂါးဘုရင်တပ်ရင်း၊ တောက်ပသောကျားတပ်ရင်း၊ ရွှေတောင်ပံတပ်ရင်း၊ သံမဏိသွေးတပ်ရင်း နှင့် နတ်ဘုရားစက်ယန္တရားတပ်ရင်းဟူ၍ ပိုင်းခြားထားသည်။
တပ်ရင်းတစ်ခုစီတွင် လူတစ်သောင်းကျော်ရှိပြီး၊ ခုနစ်သောင်းမှ ရှစ်သောင်းအထိရှိသော စစ်တပ်တစ်ခုနှင့် ညီမျှသည်။
ဤတပ်ရင်းငါးရင်းကို ထိပ်တန်းစစ်သည်များဖြင့် ဖွဲ့စည်းထားပြီး၊ ၎င်းတို့၏ ကျွမ်းကျင် ပညာရှင်များသည် မယုံနိုင်လောက်အောင် အစွမ်းထက်ကြသည်။ သူတို့သည် တော်ဝင် ချန်မင်းဆက်အတွင်း အမြင့်ဆုံး တိုက်ခိုက်ရေးစွမ်းအားကို ကိုယ်စားပြုသည်။ ဤအင်အား သည် ကမ္ဘာပေါ်ရှိ မငြိမ်သက်မှုများကို နှိမ်နင်းရန်နှင့် တော်ဝင်ချန်မင်းဆက် ကျောက်စိမ်း မြို့တော်၏နှလုံးသားကို ကာကွယ်ရန် လုံလောက်ပါသည်။
တော်ဝင်ချန် မင်းဆက်သည် ကျယ်ပြောလှပြီး အချင်းဝက် မိုင်ဆယ်သန်းနီးပါး ရှိသည်။ တောင်မှမြောက်၊ အရှေ့မှ အနောက်သို့ ရွှေ့ပြောင်းကျက်စားသော ငှက်များပင် မပျံနိုင် လောက်အောင် ကျယ်ပြောလှသည်။ ထိုကဲ့သို့သော ကျယ်ပြန့်သော နယ်မြေတွင် စီရင်စု ထောင်ပေါင်းများစွာ၊ ပြည်နယ်ပေါင်း လေးဆယ့်ကိုးခုနှင့် လူဦးရေ သန်းပေါင်း များစွာ ရှိသည်။ သန်းနှင့်ချီသော တပ်ဖွဲ့များ၊ မြင်းတပ်များ၊ ခြေလျင်တပ်များနှင့် ရေတပ်တို့သည် နိုင်ငံအနှံ့ ပြန့်ကျဲနေခဲ့သည်။ စစ်အုပ်ချုပ်ရေးစနစ်တွင် အရည်အချင်းရှိသူများစွာ ရှိခဲ့သည်။ ထိုအထဲမှာ နယ်ခြားစောင့်တပ်တွေက ပို၍ပင် အတွေ့အကြုံ ကြွယ်ဝကြပါသည်။ သို့သော်လည်း အင်ပါယာအစောင့်တပ် တပ်ရင်းငါးရင်း၏ တိုက်ခိုက်ရေး စွမ်းအားမှာ အထူးချွန်ဆုံး ဖြစ်နေဆဲပင်။
ဝူဝမ်မြို့စား၏ ပထမဇနီးနှင့် မြို့စား၏ အမွေဆက်ခံမည့်သူ သားအကြီးဆုံး ဟုန်ရှီသည် အင်ပါယာအစောင့်တပ်၏ နတ်ဘုရားစက်ယန္တရားတပ်ရင်း၏ တပ်မှူးဖြစ်ပြီး ကျောက်စိမ်း မြို့တော်၏ အရေးပါသော စစ်ရေးအင်အားကို ချုပ်ကိုင်ထားသည့် အစစ်မှန် ဩဇာအာဏာ ရှိသူ ဖြစ်သည်။ ထိုကဲ့သို့ အဆင့်တန်းမျိုးဖြင့် မင်းသားများသည်ပင် သူ့ကို ယဉ်ကျေး ပျူငှာစွာ ဆက်ဆံရမည်။ အဆုံးမှာတော့, အကယ်၍, အနာဂတ်မှာ အနှောက်အယှက် တစ်စုံတစ်ရာ ရှိလာခဲ့ပါက, သူ့လက်ထဲမှ စစ်တပ်ဖြင့် သူသည် ရှင်ခြင်းသေခြင်းကို ထိန်းချုပ်နိုင်လိမ့်မည်။ အထူးသဖြင့် တော်ဝင်ချန်ဗဟိုအာဏာ၏ စစ်တပ်အာဏာ ဖြစ်ပါသည်။
ထိုအချိန်တွင် ဟုန်ရှီသည် တရားဝင်ရာထူးဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့ဆံပင်ကို ချည်နှောင်ပြီး ကျောက်စိမ်းဆံညှပ်ကို သူ့ဆံပင်ထဲမှာ ထိုးထားသည်။ သူသည် စစ်စခန်း၏ အလယ်ဗဟိုရှိ အုပ်ချုပ်ရေးမှူးအိမ်တော်တွင် ထိုင်ကာ စစ်ပညာဆိုင်ရာ စာအုပ်တစ်အုပ် ကို အေးအေးဆေးဆေး ဖတ်နေပါသည်။
သူ့ဘေးတွင် လေးလံသော သံမဏိချပ်ဝတ်ကို ဝတ်ဆင်ထားသည့် လူတစ်ယောက် ရှိနေသည်။ သူသည် မလှုပ်မယှက် ရပ်နေပြီး အသက်ရှူသံတောင် မကြားရပါဘူး။ ထိုလူက သူ၏ သက်တော်စောင့်ဆိုတာ သိသာပါသည်။ သူသည် သက်တော်စောင့် ဆယ်ရှစ်ဖော် ထဲက တစ်ယောက်ဖြစ်ပါသည်။
ကီလိုဂရမ်တစ်ရာကျော် အလေးချိန်ရှိသော ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး၊ တည့်တည့် မတ်မတ် ရပ်တည်နိုင်စွမ်းရှိခြင်း၊ ဤမျှ သိမ်မွေ့စွာ အသက်ရှုနိုင်ခြင်းတို့က, ၎င်းသည် ရှန်တန်သိုင်းသခင်နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်မှာ ထင်ရှားပါသည်။ ရှန်တန်သိုင်းသခင်နယ်ပယ်ကျွမ်းကျင်သူ ဆယ့်ရှစ်ယောက်။ ၎င်းတို့သည် လက်ဗလာဖြင့် ငှက်များကို ဖမ်းနိုင်၊ ဒုန်းဆိုင်းပြေးနေသော မြင်းတစ်ကောင်ကဲ့သို့ လျင်မြန်စွာ လျှောက်လှမ်းနိုင်ကြပြီး၊ ကြီးမားသော ခွန်အားကို ထုတ်ဖော်နိုင်သည့် ရှန်တန် သိုင်းသခင်များ ဖြစ်ကြပါသည်။
လူတစ်ယောက်၏ ကိုယ်ခံပညာသည် ရှန်တန်သိုင်းသခင်နယ်ပယ်ထဲသို့ ဝင်ရောက်လာ သည်နှင့် တစ်ပြိုင်နက်၊ ထိုလူသည် အတွင်းရော အပြင်ရော ပေါင်းစပ်နိုင်မည် ဖြစ်သည်။ ထိုလူသည် ကြေးနီရောင်အရေပြား၊ သံမဏိအရိုးများနှင့် သံမဏိသဖွယ် ကိုယ်တွင်းအင်္ဂါ အစိတ်ပိုင်းများကို ပိုင်ဆိုင်လာမည် ဖြစ်သည်။ သူတို့၏ လှုပ်ရှားမှုတွေက လျှပ်စီး လက်သလို မြန်ဆန်ပြီး၊ သူတို့သည် လင်းယုန်တွေနှင့် ယုန်တွေကိုပင် တခဏချင်း ဖမ်းနိုင်ပါသည်။
အကယ်၍, လူတစ်ယောက်သည် ရှန်တန်သိုင်းသခင်နယ်ပယ် အထွတ်အထိပ်အထိ လေ့ကျင့်နိုင်ပါက, ထိုလူသည် ချက်ချင်းဆိုသလို အန္တရာယ်တွေကို ခံစားသိရှိနိုင်မှာ ဖြစ်ပြီး ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုတွေကို လုံးဝ စိုးရိမ်နေစရာ မလိုတော့ပေ။
"စစ်သူကြီး…"
ထိုအချိန်မှာပင် အုပ်ချုပ်ရေးမှူး အိမ်တော်အပြင်ဘက်ကနေ အစီအရင်ခံမည့် အသံတစ်ခု ထွက်ပေါ်လာပါသည်။
"ဝင်လာပါ။" ဟုန်ရှီက သူ့လက်ထဲမှာ စစ်စာအုပ်ကို ချလိုက်ပြီး၊ မျက်လုံးတွေကို ခတ်လိုက် ပါသည်။ အနက်ရောင်ဝတ်ဆင်ထားသော လူငယ်တပ်မှူးနှစ်ဦးသည် တံခါးဝမှ ဝင်လာပြီး၊ ခြေတဖက် ဒူးထောက်ထိုင်ကာ "စစ်သူကြီး၊ သွေးအေးလင်းယုန် ဆယ့်သုံးဖော်ဟာ မြို့တော်အပြင်ဘက်ရှိ မုရုန်ယန်ရဲ့ လှိုဏ်ခေါင်းကို ရှာဖွေတွေ့ရှိခဲ့တယ်။ သူတို့က အဲဒီ ဝပ်ကျင်းကို တစ်ဟုန်ထိုး ဖျက်ဆီးပြီးနောက် သူမနောက်ကို လိုက်ပါခဲ့ရင်း အနောက်ဘက် တောင်တန်းများဆီသို့ ပြေးဝင်သွားစဉ်မှာ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့တယ်။ ကျွန်တော်တို့ လိုက်ရှာပေးမယ့် ပြာတွေပဲ တွေ့ရတော့တယ်။ သွေးအေးလင်းယုန် ၁၃ ဖော် ဟာ ရှင်းလင်းခံရပြီးနောက် မီးရှို့ခံခဲ့ရကြောင်း ထင်ရှားပါတယ်။”
"ဘာ…" ဟုန်ရှီ၏အမူအရာက ပြောင်းလဲသွားပြီးနောက် သူက အေးစက်စွာ ရယ်မော လိုက်ပြီး "သွေးအေးလင်းယုန် ဆယ့်သုံးကောင်က အမှိုက်တွေပဲ၊ ဒါကြောင့် သူတို့သေသွားတာက ကြီးကြီးမားမား မဟုတ်ပါဘူး။ ယခု ကျောက်စိမ်းမြို့တော်မှာ တစ္ဆေအင်မော်တယ် တွေ ရှိနေတယ်။ ဘယ်နဲ့ညာ, မီးလျှံနတ်ဘုရား တော်ဝင်အစောင့်ရှောက် ဆယ့်ရှစ်ဖော် ထဲက ဟွာယွန်, ဟွာဟွန်နဲ့ ဟွာပိုတို့, မင်းတို့သုံးယောက် ရှေ့ထွက်လာပါ။”
"ဟုတ်ကဲ့ စစ်သူကြီး၊"
သံချပ်ကာဝတ် ရှန်တန်သိုင်းသခင် ကျွမ်းကျင်ပညာရှင်တစ်ယောက်သည် ချက်ချင်း ရှေ့ထွက်လာသည်။ သူ့အရှိန်ဟုန်က မြန်ဆန်လွန်းသဖြင့် သူမည်သို့ ရှေ့ထွက်လာမှန်း တောင် လူတွေ မသိနိုင်ပါဘူး။ သူ ရှေ့ထွက်မလာခင် ခဏလောက်သာ လှုပ်ရှားခဲ့ပုံပင်။
“မင်းတို့က လျှို့ဝှက်စုံစမ်းဖို့ မင်းတို့လူတွေကို ခေါ်သွားလိုက်ပါ။ သွေးအေး လင်းယုန် ဆယ့်သုံးကောင်အကြောင်း အမှန်တရားကို မင်းတို့ ရှာတွေ့ရမယ်။"
"ဟုတ်ကဲ့ စစ်သူကြီး၊"
ဟွာယွန်, ဟွာဟွန်နှင့် ဟွာပိုတို့သည် ဦးညွှတ်ကြပြီး၊ မျက်စိတ်တမှိတ် အတွင်းမှာပင်, သူတို့သည် အုပ်ချုပ်ရေးမှူးအိမ်တော်မှ ထွက်ခွာသွားပြီး သဲလွန်စမရှိဘဲ ပျောက်ကွယ်သွား ကြပါသည်။ သူတို့သည် သံမဏိချပ်ဝတ်ကို ဝတ်ဆင်ထားသော်လည်း ၎င်းတို့၏ သွက်လက်မှုနှင့် လျင်မြန်မူတို့က ကြောင်တစ်ကောင်ပင် မယှဉ်နိုင်သောအရာ ဖြစ်သည်။
"ဒီအမှိုက်ဆယ့်သုံးကောင်အကြောင်း မပြောနဲ့တော့။ မင်းတို့ကို ဟုန်ယွိကို အာရုံစိုက်ဖို့ ငါ ပြောခဲ့တယ်၊ မင်းတို့တွေ ဘာတွေ သတိထားမိလဲ” ဟုန်ရှီက ထပ်မေးသည်။
"စစ်သူကြီး၊ ဟုန်ယွိ စံအိမ်ကနေ ထွက်သွားကတည်းက, သူက ကျောက်စိမ်းမြို့တော် ဘုန်းကြီးကျောင်းမှာ နေခဲ့တာ။ ဒါပေမယ့် မနေ့က ညစာစားဖို့ မင်းသားယုရဲ့ စံအိမ်ကို သွားခဲ့တယ်။ မင်းသားယုက သူ့ကို မိုင် ၇ဝ ဝေးတဲ့ အစိမ်းရောင်မိုးမခရွာက စံအိမ်ကြီးကို လက်ဆောင်ပေးလိုက်တယ်။ သူ အဲဒီကို တစ်ညအတွင်း ပြောင်းရွှေ့သွားခဲ့တယ်။" တပ်မှူးနှစ်ယောက်က ပြန်ဖြေသည်။
"ဘာ၊ မင်းသားယုက သူ့ကို စံအိမ်တစ်လုံး လက်ဆောင် ပေးတယ်။" ဟုန်ရှီ၏ အမူအရာက ပြောင်းသွားပါသည်။ ခဏအကြာတော့ သူက ရယ်မောလိုက်သည်။ "တကယ်ကို၊ သူက ထိန်းမနိုင် သိမ်းမရဖြစ်နေတဲ့ ဝံပုလွေတစ်ကောင်ပဲ။” ရယ်မောပြီးနောက် သူ့စုတ်တံကို ကောက်ယူပြီး စာတစ်စောင် ရေးလိုက်သည်။ “မင်းတို့ နှစ်ယောက် ဒီစာကို စံအိမ်ဆီပို့ပြီး ပထမမဒမ်ကို ကိုယ်တိုင်ကိုယ်ကျ လွှဲပေးလိုက်ပါ။ နားလည်လား။ ဒီစာကို ပို့ပြီးတာနဲ့၊ ပထမမဒမ်က မင်းတို့ကို သဘာဝအတိုင်း ဆုချလိမ့်မယ်။”
"ဟုတ်တယ်၊ စစ်သူကြီး၊”
စာကိုလက်ခံရရှိပြီးနောက် တပ်မှူးနှစ်ဦးသည် ထွက်သွားခဲ့သည်။ ဟုန်ရှီက သူ့လက်ထဲမှာ စစ်စာအုပ်ကို ကောက်ကိုင်လိုက်သော်လည်း သူ့မျက်လုံးများက စာလုံးများကို မကြည့်ပေ။ သူက အေးစက်စက်သာ ရယ်မောနေခဲ့သည်။ "ကောင်စုတ်လေး၊ မင်းက ပတ်ပတ်လည် ခုန်နေတုန်းပေါ့။ မင်း စောင့်နေလိုက်ပါ။ ငါ မင်းကို ရက်အနည်းငယ်လောက် ပျော်ရွှင်စွာ နေထိုင်ခွင့် ပေးမယ်။ မင်းက ခိုင်မာတဲ့ ကျောထောက်နောက်ခံတစ်ခုကို ရှာတွေ့ပြီလို့ ထင်နေတာလား။ မင်းက သေမင်းရဲ့လမ်းကြောင်းအပေါ် ဖြည်းဖြည်းချင်း လျှောက်နေတာပဲ။ တကယ်လို့, မင်းသာ ကိုယ့်နေရာကိုယ်သိပြီး ပညာရှင်တစ်ယောက် ဖြစ်လာရင်, ငါတို့က ညီအကိုတွေဆိုတဲ့ အကြောင်းရင်းကြောင့် မင်းကို ငါ ခွင့်လွတ်ပေးဦးမှာ။ အခုတော့… မင်းက သေခြင်းတရားကို တောင်းဆိုနေတာပဲ။ မင်း ငါ့ကို အပြစ်မတင်နဲ့။”
မြို့စားဝူဝမ်စံအိမ်....။
လင်ဟွန် စာကြည့်တိုက်ထဲတွင် ဟုန်ရွှန်ကျိသည် သူ့စားပွဲရှေ့တွင် ငြိမ်သက်စွာ ထိုင်နေပါသည်။ သူသည် မီးအိမ်ကို ထွန်းမထားပါဘူး။ ပြတင်းပေါက်မှတဆင့် ကြယ်ရောင်များက လင်းလက်နေကာ အခန်းအတွင်းမှာ အရိပ်များဖြင့် ပြည့်နေခဲ့ပြီး ဆန်းကြယ်သော လေထုကို ဖန်တီးပေးထားပါသည်။ ဤတော်ဝင်ချန်မင်းဆက်၏ တော်ဝင်နည်းပြဆရာ, သိုင်း သူတော်စင်သည် မလှုပ်မယှက် ငြိမ်သက်စွာ ထိုင်နေပါသည်။ သူသည် အသက်ရှူနေပုံ မပေါ်သော်လည်း သူ့တစ်ကိုယ်လုံးက ကြယ်ရောင်များနှင့်အတူ အသက်ရှူနေပုံရသည်။
“ဝမ်အာလား၊ ဝင်လာခဲ့ပါ။ ရှီအာက ဟုန်ယွိနဲ့ပတ်သက်ပြီး မင်းဆီ စာပို့ခဲ့တာလား။” ထိုအချိန်တွင် ဟုန်ရွှန်ကျိက ရုတ်တရက် မျက်လုံးပွင့်လာသည်။ မှုန်ဝါးဝါး တိတ်ဆိတ်နေ သော အခန်းသည် လျှပ်စီးများဖြင့် လင်းလက်နေပုံရသည်။
မဒမ်ကျောက်သည် သူမလက်ထဲတွင် စာတစ်စောင်ကိုင်ကာ ဝင်လာခဲ့သည်။
"ရွှန်ကျိ, ဒီစာကိုကြည့်စမ်း။ မန်ပိုင်ယွင်ရဲ့သားက အခု တကယ်ကို ကိုယ်ပိုင်နာမည် ရနေပြီ။ သူက တကယ်ပဲ မင်းသားယုကို အားကိုးနေတာ။ ဟီး..၊ ဟီး..၊ အခုလို ငယ်ငယ် ရွယ်ရွယ်နဲ့ သူ့စိတ်က အရမ်းကို ရက်စက်တတ်နေပြီ။ သူက ထီးနန်းတိုက်ပွဲတွေမှာ ပါဝင်ချင်နေတယ်။ သူ့ကိုယ်ပိုင် နာမည်တစ်ခုရအောင် လုပ်ဆောင်နေတယ်။ တကယ်ကို နာမည်တစ်ခုရအောင် လုပ်ဆောင်နေခဲ့တယ်။ ကျောက်ဟန်က သေသွားခဲ့ပြီ။ ကျွန်မ သူ့ကို မေးကြည့်ပြီးပြီ။ သူက အချက်အလက်တချို့ ပေါက်ကြားသွားခဲ့တယ်။ သူက မန်ပိုင်ယွင်ရဲ့ကိစ္စအကြောင်းကို ဒီခွေးကောင်လေးကို ပြောပြခဲ့မိတယ်။ ဒီခွေးကောင်လေး က တကယ်ပဲ တိတ်တဆိတ် ခံနိုင်ရည်ရှိခဲ့တယ်။ ဟီး..၊ ဟီး..၊ ဟီး..၊ ဟီး..။ သူက နေ့တစ်ဝက် မပြည့်ခင်မှာပဲ ကျောက်ဟန်ကို အပြစ်ပေးပြီး ထောင်ထဲပို့လိုက်တယ်။ သူက ကျန်းနန်မင်းသမီး, ဧကရာဇ်ကိုယ်လုပ်တော်တို့နဲ့ မိတ်ဖွဲ့ခဲ့တယ်။ လအနည်းငယ်အတွင်း မှာ သူက မင်းသားကို အားကိုးနေပြီ။ ရွှန်ကျိ, ရှင်လည်း ရှင့်ရဲ့သားကို လျှော့တွက်လွန်းနေ ပြီ။ သူက မင်းသားယု နန်းတက်ပြီးရင် ငါတို့အိမ်တွေကို သိမ်းယူချင်နေတာများလား၊ ဒါမှမဟုတ် ဘာလဲ။”
မဒမ်ကျောက်က သူမလက်ထဲရှိ စာတစ်စောင်ကို စားပွဲပေါ် ပစ်ချလိုက်ပြီး ပြင်းပြင်း ထန်ထန် အော်ပြောလိုက်သည်။
"မင်းသားယုက နန်းတက်နိုင်မှာ မဟုတ်ဘူး။" ဟုန်ရွှန်ကျိက တိတ်တဆိတ် ပြောလိုက်ပါ သည် "အိမ်ရှေ့စံမင်းသားက တိုင်းပြည်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ တရားဝင် အမွေဆက်ခံ သူ ဖြစ်တယ်။ တကယ်လို့, သူက အကြီးကို ဖယ်ရှားပြီး ငယ်ရွယ်သူနဲ့ အစားထိုးမယ်ဆိုရင် အနာဂတ်မှာ အဆုံးမဲ့ဒုက္ခတွေ ကြုံတွေ့လာရလိမ့်မယ်။ အရှင်မင်းကြီးက ဒါကို ကောင်းကောင်း သိတယ်။ ဟုန်ယွိက ထီးနန်းတိုက်ပွဲတွင် ပါဝင်ချင်နေတယ်။ အဲဒါက သူ့ကိုယ်ပိုင် နာမည်ရအောင်လုပ်တာ မဖြစ်နိုင်ဘူး။ တခဏတာ စိတ်လွတ်သွားလို့ ဖြစ်မယ်။ စိတ်မပူပါနဲ့၊ ငါကိုယ်တိုင် သူ့ကို ဂရုစိုက်လိုက်မယ်။ မင်း အခု ထွက်သွားလို့ရပြီ ငါလေ့ကျင့်တော့မယ်။"
"ဒီနှစ်တွေတစ်လျှောက်လုံးမှာ ရှင်က အမြဲတမ်း ယုံကြည်မှုရှိပြီး အမှားတစ်ခုမှ မလုပ်ဖူးဘူး။ ဒါပေမယ့် ဒီတစ်ခါတော့ အဆင်မပြေဘူး။ တစ်ခုခုတော့ ဆိုးဝါးတာ ဖြစ်လိမ့်မယ်လို့ ငါ့စိတ်ထဲမှာ ခံစားနေမိတယ်။ မဒမ်ကျောက်က မျက်မှောင်ကြုတ်ပြီး “ကောင်းပြီလေ, ရှင် အေးအေးဆေးဆေး လေ့ကျင့်ပါ။ ကျွန်မ ရှင့်ကို မနှောင့်ယှက်တော့ ဘူး။"
"မန်ပိုင်ယွင်၊ မင်းရဲ့သားက အမှန်တရားကို သိသွားပြီလား။ အဲဒါက ကြီးကြီးမားမားတော့ မဟုတ်ပါဘူးလေ။” မဒမ်ကျောက် ထွက်သွားပြီးနောက် ဟုန်ရွှန်ကျိသည် ဟုန်ရှီ၏စာကို မကြည့်တော့ပေ။ သူသည် ပန်းချီကားမရှိတော့သည့် နံရံကိုသာ စကားပြောနေပါသည်။
"ဟုန်ယွိ၊ တစ်လခွဲပဲ ရှိသေးတယ်၊ မင်းမှာ ဒီလိုလုပ်ငန်းကြီးတစ်ခု ရှိနေပြီလား။ ဒါက အံ့ဩစရာပဲ။”
အစိမ်းရောင်မိုးမခစံအိမ်အတွင်းမှာ, မုရုန်ယန်နှင့် သူမ၏ စစ်သည်နှစ်ယောက်ဖြစ်သော အာမွန်, အန်ကျင်းတို့ကို ဟုန်ယွိက ခေါ်ဆောင်လာခဲ့ပြီး ဖြစ်သည်။ သူတို့အားလုံး လက်ဖက်ရည်သောက်ပြီး ခန်းမထဲမှာ ထိုင်နေကြပါသည်။
မုရုန်ယန်သည် စံအိမ်အတွင်းသို့ ဝင်လာချိန်မှာ အစိမ်းရောင်မိုးမခစံအိမ်၏ အငွေ့အသက် ကို သူမခံစားရပါသည်။ သူမသည် စိတ်ထဲတွင် တိတ်တဆိတ် ချီးကျူးမိသည်။ သူမသည် ယွန်မင်၏ မင်းမျိုးမင်းနွယ်ဝင်တစ်ဦးလည်း ဖြစ်သည်။ ဥစ္စာပစ္စည်း စီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး သူမသည် တခြားသူတွေထက် ပိုလိမ္မာကျွမ်းကျင်ပါသည်။
"ဟုန်ယွိ၊ နင် ဒီနေ့ ငါ့အသက်ကို ကယ်ခဲ့တယ်။ ငါ သေချာပေါက် ဒါကို မှတ်ထားမယ်။ နင့်ရဲ့ ကြင်နာမှုကို ငါ ပြန်ဆပ်ချင်တယ်။ ငါ့မှာ ဒီထက်ပြောစရာ မရှိဘူး၊ နင် ဘာလိုချင်လဲ။ ငွေကြေးလား, လူလား…။”
မုရုန်ယန်က အဆုံးအစွန်ထိ ပြောပြီးသောအခါ သူမသည် ရုတ်တရက် စကားရပ်သွားပြီး၊ သူမမျက်နှာက နီမြန်းသွားခဲ့သည်။
"စိတ်မပူပါနဲ့, ယွန်မင်မှာ စစ်သည်တစ်ယောက်က မိန်းကလေးတစ်ယောက်ကို ကယ်တင် ရင် တစ်ဖက်လူက သူ့ကို သူမတို့ခန္ဓာကိုယ်နဲ့ ပြန်ပေးဆပ်ဖို့ တောင်းဆိုနိုင်တဲ့ ထုံးစံစဉ်လာ ရှိခဲ့ပေမဲ့, ငါတို့တော်ဝင်ချန်က ကျင့်ဝတ်သိက္ခာရှိတဲ့ နိုင်ငံတစ်ခုပါ။ ငါက သိက္ခာရှိတဲ့ ပညာတတ်တစ်ယောက်ဖြစ်တယ်။ ဒါကြောင့်, ငါက မင်းကို ပြန်ပေးဆပ်ဖို့ အတင်းအကြပ် မခိုင်းပါဘူး။" ဟုန်ယွိ၏ မျက်နှာက လုံးဝ မပြောင်းလဲပေ။ သူ့လေသံက တည်ငြိမ်လွန်း တယ် "ဒီနေ့, ငါက မင်းဆိုတဲ့ သခင်မလေး မုရုန်ကို ငါ့အိမ်ကို ဖိတ်ရတဲ့အကြောင်းရင်းက မင်းနဲ့ စီးပွားရေးလုပ်ချင်လို့ပဲ။ ကျောက်စိမ်းမြို့တော်ရှိ ရတနာစံအိမ်က ငွေကုန်သည် လုပ်ငန်းတစ်ခုဖြစ်ပေမယ့်, ယွန်မင်ရဲ့ မင်းမျိုးမင်းနွယ်ဝင်တွေရဲ့ အကျိုးအမြတ်တွေ အဲဒီမှာ တိတ်တဆိတ် ပါဝင်နေမယ်ဆိုတာ ငါ သေချာပြောနိုင်တယ်။”
"မှန်ပါတယ်။ ရတနာအိမ်က ငွေကုန်သည် လုပ်ငန်းဖြစ်ပေမဲ့ ဒီလုပ်ငန်းကို စတင် တည်ထောင်ကတည်းက ငါတို့မုရုန်မိသားစုရဲ့ ရင်းနှီးမြုပ်နှံမှုတွေ ပါဝင်ခဲ့တယ်။" မုရုန်ယန် က သူမမျက်လုံးတွေကို ပင့်လိုက်ပါသည်။ သူမသည် မြက်ခင်းလွင်ပြင်မှ အမျိုးသမီးတစ်ဦး ဖြစ်သောကြောင့် သူမတွင် ကျင့်ဝတ်စည်းကမ်းများ တားမြစ်ထားခြင်း မရှိပေ။ ဟုန်ယွိ၏ စကားတွေက သူမကို ပြုံးစေပါသည်။
ငွေကုန်သည်များသည် တော်ဝင်ချန်၏ ယင်ပြည်နယ်မှ ကုန်သည်များအတွက် ယေဘုယျ အမည် ဖြစ်ပါသည်။ တော်ဝင်ချန်နိုင်ငံ၏ ယင်ပြည်နယ်သည် ကုန်သည်ကြီးများကို မွေးထုတ်ပေးပါသည်။ သူတို့သည် တော်ဝင်ချန်နိုင်ငံ တစ်ဝှမ်းလုံးတွင် စီးပွားရေးလုပ်ငန်း များ ရှိရုံသာမက ၎င်းတို့၏ မြင်းလှည်းတန်းများသည် ယွန်တူး, ဟွာလျို, ရှန်ဖန်, ယွန်မင်နှင့် အခြားနေရာများသို့လည်း လုပ်ငန်းလည်ပတ်နေကြပါသည်။ နိုင်ငံအများ အပြားသည် ပိုးထည်၊ ကြွေထည်နှင့် အခြားကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ရန် အတွက် ကုန်းကြောင်းနှင့် ရေကြောင်း လမ်းကြောင်းနှစ်သွယ်ကို အသုံးပြုပြီး ရွှေနှင့် ရှားပါးရတနာများစွာဖြင့် လဲလှယ်ကြပါသည်။
တော်ဝင်ချန်နိုင်ငံတွင် အချမ်းသာဆုံးသူများသည် မှူးမတ်များ, ဝန်ကြီးများနှင့် မင်းမျိုး မင်းနွယ်များ မဟုတ်ကြဘဲ ယင်ပြည်နယ်၏ ကုန်သည်ကြီးများ ဖြစ်သည်။
ယင်ပြည်နယ်မှ ကုန်သည်ကြီးများသည် ၎င်းတို့မိသားစုများ၏ သိုလှောင်ခန်းများတွင် ငွေကြေးတစ်စုံတစ်ရာကိုမှ သိမ်းဆည်းထားခြင်း မရှိဟု ဆိုကြပါသည်။ လူတွေ ခိုးယူ လုယက်ခြင်းမှ ကာကွယ်နိုင်ရန် ရွှေငွေဒင်္ဂါးပြားများကို အရည်ကျိုပြီး၊ ဆောင်းရာသီ ဖရဲသီး အကြီးကြီးထဲသို့ သွန်းလောင်းပစ်ကြသည်။ သူတို့ကိုယ်တိုင်ပင် ၎င်းတို့ကို မရွေ့နိုင်ကြပေ။
"ကောင်းလိုက်တာ၊ သခင်မလေးမုရုန်က, ရတနာတစ်ခုကို အလောင်းစားလုပ်ဖို့ စိတ်ဝင် စားလား ငါ သိချင်ပါတယ်။" ဟုန်ယွိ သူ့လက်ကို ကုလားထိုင်ပေါ် တင်လိုက်သည်။
"ရတနာတစ်ခုကို အလောင်းစားလုပ်မှာလား။ ဘာရတနာလဲ။" မုရုန်ယန်က ဟုန်ယွိကို ထူးထူးခြားခြား ကြည့်နေသည်။
"အနာဂတ်မှာ တော်ဝင်ချန်နိုင်ငံရဲ့ ထီးနန်းကို ဆက်ခံဖို့ လောင်းကြေးထပ်နိုင်တဲ့ ရတနာ တစ်ခု" ဟုန်ယွိက ခေတ္တရပ်ပြီး မုရုန်ယန်ကို စိုက်ကြည့်ရန် သူ့မျက်လုံးများကို မော့ကြည့် သည်။ သူ့အကြည့်တွေက စူးရှပြီး ထိုးဖောက်နိုင်စွမ်းရှိနေပါသည်။
အခန်း (၈၉)။
ဟုန်ယွိ၏ စကားလုံးများက ဆုံးဖြတ်ချက် ပြတ်သားမှု အပြည့်ရှိနေပါသည်။ သူ၏ စူးစူးရှရှ အကြည့်တွေကြောင့် မူရွှန်ယန်သည် သူမနှလုံးသားကို ဓားနှင့်ထိုးသလို ခံစားလိုက်ရပါ သည်။ ဤအခိုက်အတန့်တွင်၊ ဤဆယ့်ခြောက်နှစ် သို့မဟုတ် ဆယ့်ခုနစ်နှစ်အရွယ် အထက်တန်း ပညာရှင်တစ်ဦးသည် ရိုးရှင်းသော လူတစ်ယောက် မဟုတ်ဟု နောက်ဆုံး တွင် သူမ ခံစားခဲ့ရသည်။ သူသည် ပျော့ညံ့ပြီး အားနည်းသော ပညာရှင်တွေထဲက လူတစ်ယောက် မဟုတ်ပေ။ သူသည် ရည်မှန်းချက် ကြီးမားပြီး သူ၏ လုပ်ဆောင်ချက်များ တွင် ပြတ်သားသူ ဖြစ်သည်။ သူ့နှလုံးသားထဲမှာ နဂါးကို သတ်ဖြတ်နိုင်သည့် ပညာရပ်မျိုး ရှိနေပါသည်။ သူ့နှလုံးသားထဲမှာ ဧကရာဇ်တာအို ရှိနေသည်။ သူက ဧကရာဇ်ကို ကူညီပြီး ကြီးကျယ်ခမ်းနားသည့် အရာတွေကို အောင်မြင်ချင်ပါသည်။
“အခုလို အသက်ငယ်ငယ်လေးနဲ့, သူ့မှာ ဒီလိုနည်းလမ်းတွေ အကြံဉာဏ်တွေ ရှိနေခဲ့ပြီ။ ယွန်မင်နိုင်ငံရဲ့ မင်းမျိုးမင်းနွယ် မျိုးဆက်သစ် လူငယ်ကြားမှာတောင် သူနဲ့နှိုင်းယှဉ်နိုင်သူ အများအပြား မရှိနိုင်ဘူး။ ငါက သူ့ထက် လေးနှစ်ငါးနှစ်လောက် အသက်ကြီးပြီး ကျော်ကြားတဲ့ ဆရာတစ်ယောက်ရဲ့ လမ်းညွှန်မှုကို ခံယူထားပေမယ့် အခြေအနေအရပ်ရပ်ကို ထိန်းချုပ်ရာမှာ သူနဲ့ ယှဉ်လို့မရသေးဘူး။” မုရုန်ယန်သည် အခြားအရာတစ်ခုကို တွေးတောရင်း အတွေးထဲတွင် ပျောက်ဆုံးသွားခဲ့သည်။
“မုရုန်ယန်၊ မင်း ဘယ်လိုထင်လဲ" ဟုန်ယွိသည် မုရုန်ယန်တစ်ယောက် စကားပြောနေရင်း အတွေးကမ္ဘာထဲ ပျောက်ဆုံးသွားသည်ကို မြင်လိုက်သဖြင့် သူသည် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။ သူက သူ့ကိုယ်သူ တွေးလိုက်ပါသည် “ဒီအမျိုးသမီးက မြင့်မြတ်တဲ့ အသိုင်းကလာပြီး၊ နက်ရှိုင်းတဲ့ တာအိုနည်းစနစ်တွေ ပိုင်ဆိုင်ထားကာ၊ ကိုယ်ခံပညာရပ် တွေမှာ အလွန်ကျွမ်းကျင်ပေမယ့်လည်း ကိုယ့်ကိုယ်ကို တွေးတောကြံဆမှုမျိုး မရှိဘူးပဲ။ သူမက ရောက်တဲ့နေရာတိုင်းမှာ ပန်းပွင့်ထိုးထားတဲ့ ခေါင်းအုံးအဖြစ် ဒါမှမဟုတ် အသုံးချခံ ကစားစရာပစ္စည်းဖြစ်တဲ့အဆင့်အထိ မရောက်သေးပေမယ့် သေချာတာကတော့ သူမဟာ သိပ်ပြီး ဉာဏ်မမီဘူး။”
မုရုန်ယန်နှင့် အကြိမ်အနည်းငယ် ဆက်ဆံပြီးနောက် ဟုန်ယွိသည် ဤအမျိုးသမီး၏ စရိုက်ကို တဖြည်းဖြည်း နားလည်လာခဲ့သည်။ သူမသည် မာနကြီးပြီး၊ ကိုယ့်ကိုယ်ကို အထင်ကြီးကာ ငွေကို လောဘကြီးသူ ဖြစ်သည်။ သူမစိတ်က စေ့စေ့စပ်စပ် မရှိသလို၊ စိတ်ထဲလည်း သိပ်မထားပေ။ သူမသည် မြင့်မြတ်သော မိသားစုမှဖြစ်ပြီး ငယ်စဉ်ကတည်း က ဇိမ်ကျကျ နေထိုင်လာခဲ့သူဖြစ်ကြောင်း ထင်ရှားပါသည်။ သူမသည် လေ့ကျင့်မှုများစွာ ဖြတ်သန်းခဲ့ရသော်လည်း ပါးလွှာသော အရေပြားမျှလောက်သာ တိုးတက်ခဲ့ပါသည်။
ထို့အတွက်ကြောင့် ဟုန်ယွိသည် မုရုန်ယန်ကို ထိန်းချုပ်ရလွယ်ကူသည်ဟု ခံစားခဲ့ရသည်။ ထို့ကြောင့် သူမနှင့် စာချုပ်ချုပ်ရန် အဆိုပြုခဲ့သည်။
မုရုန်ယန်မှာ ကြွယ်ဝချမ်းသာမှုနှင့် လျှို့ဝှက်ဆက်သွယ်မှုများ များစွာရှိသည်။ ဤသည်မှာ ဟုန်ယွိ ချို့တဲ့နေသောအချက် ဖြစ်သည်။
"တကယ်လို့, ငါမှတ်မိတာ မှန်ကန်နေရင်, ဒီအစိမ်းရောင် မိုးမခစံအိမ်က မင်းသားယုရဲ့ ပိုင်ဆိုင်မှုပဲလေ။ အခု နင်ပိုင်နေပြီဆိုတော့, နင်က မင်းသားယုရဲ့ ညွှန်ကြားမှုအောက်မှာ သူ့ရဲ့ကြီးကျယ်ခမ်းနားတဲ့ ကိစ္စတွေမှာ သူ့ကို စေတနာအပြည့်နဲ့ ကူညီချင်နေတဲ့ ကျော်ကြားတဲ့ ပညာရှင်တစ်ဦး ဖြစ်နေမှာကို ငါ စိုးရိမ်နေမိတယ်။ နင်က ငါ့ကို လောင်းကြေးထပ်ဖို့ ရှာချင်တာလား။ နင်က ငါ့ကို မင်းသားယုအပေါ် လောင်းကြေး ထပ်စေချင်တာလား။” မုရုန်ယန်သည် သူမ၏အာရုံများဆီသို့ ပြန်လည်ရောက်ရှိလာပြီး သူမ၏တည်ငြိမ်မှုကို ပြန်လည်ရရှိသွားသည်။ သူမသည် ပတ်ပတ်လည်ကို လှမ်းကြည့်ကာ တော်ဝင်ချန်၏ သတင်းအချက်လက်များကို သူမလက်ဖမိုးကဲ့သို့ သိနေသည့်အလား ပြုံးလိုက်ပါသည်။
"မင်းရဲ့ သတင်းအချက်လက် စုဆောင်းနိုင်စွမ်းက တကယ်ကို အစွမ်းထက်တယ်။"
ဟုန်ယွိ၏ နှလုံးက တစ်ချက်ခုန်သွားပါသည်။ သူ့လက်တွေက အနည်းငယ် တုန်ခါသွားပြီး သူ့မျက်လုံးတွေက အံ့ဩဟန် အရိပ်အမြွက်ကို ဟန်ဆောင် ဖော်ပြလိုက်ပါသည်။ တစ်ချိန်တည်းမှာပင် သူ့မျက်နှာပေါ်မှာလည်း ဖုံးကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားနေပါ သေးသည်။
မုရုန်ယန်သည် ဤအသေးစိတ်အချက်ကို သဘာဝကျကျ သတိထားမိသည်။ သူမက စိတ်ထဲတွင် ပြုံးကာ အနည်းငယ် ကျေနပ်သွားသည်။ "နောက်ဆုံးတော့, သူက လူငယ်လေးပဲ ရှိပါသေးတယ်။ ငါဘယ်လောက် အစွမ်းထက်တယ်ဆိုတာ သူ မသိနိုင်ဘူး။ တကယ်လို့, သူက ပိုပြီး အလေးနက်ထားရင်, ငါ သူနဲ့ ကစားနိုင်ပြီး၊ အကျိုးကျေးဇူး အများကြီးတောင် ရနိုင်လောက်တယ်။ ဒါက ငါ့မျိုးနွယ်စုထဲမှာ ငါ့ရဲ့ရာထူးကို ခိုင်မာအောင် ဖို့ အရမ်းကို အကျိုးရှိလိမ့်မယ်။"
"ရင်သားသေးသလို, ဦးနှောက်လည်း သေးတယ်။"
ဟုန်ယွိကလည်း မုရုန်ယန်ကို စကားလုံးလေးလုံးဖြင့် အကဲဖြတ်ထားပါသည်။ မုရုန်ယန် ကဲ့သို့ အမျိုးသမီးတစ်ဦးသည် ငွေကို လောဘကြီးပြီး ဂုဏ်ယူဝင့်ကြွားတတ်သူ ဖြစ်ကြောင်း သူသိသည်။ ထို့အပြင်, သူမသည် အလွန်သန်မာပြီး စေ့စပ်သည့်ပုံလည်း ပုံမပေါ်ပေ။ မဟုတ်ရင်, သူမကို သံသယဖြစ်စေပြီး အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်ဖို့ ခက်ခဲပါလိမ့် မည်။
"တော်ဝင်ချန်တရားရုံးရဲ့ အရေးကိစ္စတွေကို ငါ့လက်ဖမိုးလိုပဲ ငါ သိထားတယ်" မုရုန်ယန် က ဂုဏ်ယူစွာ ပြောသည်။
“တရားရုံးမှာ မင်းသားတွေရဲ့ ရာထူးနဲ့ ပတ်သက်ပြီး သခင်မလေးမုရုန်က ဘယ်လို မြင်မိလဲ ငါ သိချင်ပါတယ်။ ပြီးတော့, အိမ်ရှေ့စံမင်းသားရဲ့ ရာထူးကရော, ငါ ကြားရဖို့အတွက် စိတ်အားထက်သန်နေပြီ။" ဟုန်ယွိက သူ့လက်နှစ်ဖက်ကို ယှက်ကာ ပြောလိုက်ပါသည်။
"မင်းသားတွေထဲမှာ ထီးနန်းအမွေ ဆက်ခံနိုင်ခြေ အရှိဆုံးကတော့ သဘာဝအတိုင်း အိမ်ရှေ့စံမင်းသားပဲ။ အဲဒီနောက်မှာတော့ အဋ္ဌမမင်းသားနဲ့ အခြားမင်းသားတွေပဲ။ စတုတ္ထမင်းသားဖြစ်တဲ့ မင်းသားယုကတော့ တတိယမြောက် လိုက်သူပေါ့။ ကျန်တဲ့ တတိယမင်းသား, မင်းသားနင်၊ နဝမမင်းသား, မင်းသားယုန်နဲ့ ဒသမမင်းသား, မင်းသားရီ တို့ကတော့ မျှော်လင့်ချက် အများကြီးမရှိဘူး။ အစကတည်းကနေ သူတို့က ဒီမင်းသား သုံးပါးကိုပဲ အားကိုးနိုင်တယ်။ ဒါပေမယ့် ချန်ဧကရာဇ်က အခုချိန်မှာ သူ့ရဲ့ အထွက်အထိပ် ရောက်နေပြီး၊ သူက ကိုယ်ခံပညာမှာ ကျွမ်းကျင်ကာ ရှည်လျားတဲ့သက်တမ်းကိုလည်း ပိုင်ဆိုင်ထားတယ်။ ငါစိုးရိမ်တာက, သူ အုပ်ချုပ်ဖို့ ဆယ်စုနှစ်အနည်းငယ် ကျန်နေဦးမှာကိုပဲ။ ဒီအချိန်ကာလ အတွင်းမှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ လက်ရှိ အခြေအနေက ရှုပ်ယှက်ခတ်နေတယ်။”
မုရုန်ယန်သည် စကားလုံးတစ်လုံးစီကို ရှင်းလင်းစွာ ဖော်ပြနိုင်သည်။ စကားလုံး အနည်းငယ်ဖြင့် တရားရုံးအတွင်းမှ အာဏာခွဲဝေမှုကို ကွက်ကွက်ကွင်းကွင်း ပြတ်ပြတ် သားသား ဖော်ပြနိုင်ခဲ့သည်။
“လက်ရှိအခြေအနေအရ မင်းသားယုမှာ အခွင့်အရေး ဘယ်လောက်ရှိလဲ။" ဟုန်ယွိက ရိုးသားမှုအပြည့်ဖြင့် မုရုန်ယန်ကို ကြည့်လိုက်သည်။
မုရုန်ယန်သည် သူ့အကြည့်ကို မြင်သောအခါ သူမသည် ပို၍ပင် ကျေနပ်သွားပါသည်။ "ဒီလူငယ်က သူ့လက်အောက်ငယ်သားတွေကို မေးမြန်းရမှာ မရှက်ဘူး။ သူက လူအထင်ကြီးအောင် လုံးဝ မလုပ်ဆောင်ဘူး။”
"တကယ်လို့, မမျှော်လင့်တဲ့အရာ ဘာတစ်ခုမှ ဖြစ်မလာခဲ့ဘဲ ဒီအတိုင်း ဆက်သွားမယ်ဆို ရင်တော့, မင်းသားယုမှာ အခွင့်အရေးတစ်ခုမှ မရှိဘူး။" မုရုန်ယန်၏စကားများက ထိတ်လန့်စရာကောင်းပါသည်။
"မင်း ဘာကိုဆိုလိုတာလဲ" ဟုန်ယွိသည် မုရုန်ယန်၏စိတ်ထဲမှ အကြောင်းအရာကို ပြောခွင့်ပေးလိုက်ပါသည်။
"အိမ်ရှေ့စံမင်းသားက အားနည်းသူမဟုတ်သလို၊ အရည်အချင်း မရှိတဲ့လူလည်း မဟုတ် ဘူး။ ဆန့်ကျင်ဘက်အနေနဲ့, သူက သတ်ဖြတ်ရာမှာ ပြတ်သားပြီး၊ မြင့်မားတဲ့ ကိုယ်ခံပညာ ကို ပိုင်ဆိုင်ထားသလို, ရူထောင့်ပေါင်းစုံကနေ စဉ်းစားတွေးခေါ်တတ်သူ ဖြစ်တယ်။ သူက တိုင်းပြည်ရဲ့နယ်မြေကို ချဲ့ထွင်မယ့် ဧကရာဇ်မျိုးပဲ။ ဒီအချက်နဲ့ပတ်သက်ပြီး၊ တရားရုံးရှိ အရာရှိအများစုက အိမ်ရှေ့စံမင်းသားဟာ အနာဂတ်မှာ ကျော်ကြားတဲ့ အုပ်စိုးရှင်တစ်ဦး ဖြစ်လာမယ်လို့ တိတ်တဆိတ် သဘောတူထားပြီး ဖြစ်တယ်။ သူ့အဆင့်အတန်းအပြင်, တကယ်လို့, မထင်မှတ်တဲ့ အဖြစ်ပျက်မျိုး ဖြစ်မလာခဲ့ရင်, သူက ထီးနန်းကို သဘာဝ အတိုင်း အမွေဆက်ခံရလိမ့်မယ်။”
ဟုန်ယွိက မုရုန်ယန်၏ စကားကို သဘောတူပြီး ခေါင်းညိတ်လိုက်သည်။
သူသည် အိမ်ရှေ့စံမင်းသားကို နားမလည်သော်လည်း အိမ်ရှေ့စံမင်းသား၏ ခွင့်ပြုချက် ကြောင့် ရှန်ထိုက်ယန်နှင့် ရှန်ထိုက်ဇူတို့၏ ရှန်မိသားစု ပျက်သုဉ်းသွားသည်ကို ဟုန်ယွိ နားလည်ထားသည်။ အိမ်ရှေ့စံမင်းသားသည် အရေးပါဆုံးအရာများကိုသာ ဂရုစိုက်ပြီး၊ ကရုဏာနှင့် ဖြောင့်မတ်ခြင်းအကြောင်း မပြောဘဲ ရက်စက်ကြမ်းကြုတ်ပြီး အညှာတာ ကင်းမဲ့သူ ဖြစ်ကြောင်း သူသိသည်။
"ဒါပေမယ့်, အကြောင်းအရင်းက အိမ်ရှေ့စံမင်းသားက အစွမ်းထက်လွန်းပြီး၊ ချန်ဧကရာဇ် ရဲ့ ကျန်းမာရေးကလည်း ကောင်းမွန်နေတာပဲ။ တကယ်လို့ ဒီအတိုင်းသာ ဆက်သွားနေ မယ်ဆိုရင်, ချန်ဧကရာဇ် ကွယ်လွန်ပြီး နောင်အနှစ်ငါးဆယ်, ခြောက်ဆယ်ကြာတဲ့ အခါကြ မှ အိမ်ရှေ့စံမင်းသားက ထီးနန်းကို ဆက်ခံရမှာလား။ ဒါဆို အတော်အိုသွားလိမ့်မယ်။ အိမ်ရှေ့စံမင်းသားရဲ့ လက်ရှိခွန်အားနဲ့ဆို, သူ မစောင့်နိုင်လောက်ဘူး။ ဒါပေမယ့် ဒါက ဖြစ်နိုင်ချေမရှိတဲ့ အရာတစ်ခုပဲ။ ချန်ဧကရာဇ်က ထီးနန်းမစွန့်သလို အိမ်ရှေ့စံမင်းသားကို လည်း ထီးနန်းမအပ်နိုင်ဘဲ အငြိမ်းစား ဧကရာဇ်ဖြစ်လာမယ်။ တစ်ချိန်တည်းမှာပဲ, သူက မစောင့်နိုင်တော့ဘဲ အာဏာသိမ်းမယ့် အိမ်ရှေ့စံမင်းသားကို ခုခံကာကွယ်ရမယ်။ အခုချိန်မှာ, သားအဖနှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် စောင့်ကြည့်နေကြပြီး၊ အချင်းချင်း ထိန်းချုပ်မူတွေ ရှိနေကြတယ်။ ဒါက တခြားမင်းသားတွေကို အခွင့်အရေးပေး လိမ့်မယ်။”
“အခြေအနေက တကယ်ကို ဒီအတိုင်းပဲ။ သားအဖကြားက သံသယတွေဟာ တိုင်းပြည်ရဲ့ ကံကြမ္မာ မဟုတ်ပေမယ့် ဧကရာဇ်မိသားစုက အကြင်နာကင်းမဲ့တယ်။ ဒါက မကူညီနိုင်တဲ့ အရာတစ်ခုပဲ။" ဟုန်ယွိက ခေါင်းညိတ်လိုက်သည်။
"မင်းသားယုက သူ့ရဲ့ ပြောင်မြောက်တဲ့ စစ်ရေးအောင်မြင်မှုတွေကို အားကိုးပြီး စစ်ရေးရာ မှာ သူ့ရဲ့ဂုဏ်သိက္ခာက တော်ဝင်နည်းပြဆရာဟုန်ပြီးရင် ဒုတိယပဲ။ မင်းသားဟီကတော့ နန်းတွင်း နိုင်ငံရေးရာမှာ ရင်းနှီးပြီး စာပေပညာမှာ ထူးချွန်တယ်။ သူက ရေကြောင်း ထိန်းသိမ်းမှု၊ လယ်ယာမြေ၊ လူဦးရေနဲ့ အခြားကိစ္စရပ်တွေကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင် တယ်။ နောင်အနာဂတ်မှာ, သူ ဧကရာဇ်ဖြစ်လာချိန်, သူကလည်း တိုင်းပြည်ကို အုပ်ချုပ် ရာမှာ ကျွမ်းကျင်သူတစ်ဦး ဖြစ်လာလိမ့်မ။"
မုရုန်ယန်သည် သူမ၏အသိပညာကို ပြသခဲ့ပြီး၊ ဟုန်ယွိ၏ရှေ့မှာ သူမ၏ ဂုဏ်ယူဝင့်ကြွားမူ ကို ပြသခဲ့ပါသည်။ ဟုန်ယွိသည် သူ့စိတ်နှလုံးထဲမှာ သူမအား နှစ်သိမ့်မှုများစွာ ပေးရင်း အထပ်ထပ်အခါခါ ခေါင်းညိတ်နေလိုက်သည်။
"မင်းက မင်းသားယုကို ထီးနန်းအတွက် တိုက်ပွဲဝင်ဖို့ ကူညီပေးရမယ်။ အချိန်၊ ပထဝီဝင်နဲ့ လူတွေက လစ်ဟင်းလို့ မရဘူး။”
"အချိန်အခါ၊ ပထဝီဝင်နဲ့ လူဆိုတာက ဘာတွေလဲ။" ဟုန်ယွိက ထပ်မေးသည်။
“အချိန်ဆိုတာက အိမ်ရှေ့စံမင်းသားရဲ့ စိတ်တွေ ရှုပ်ထွေးပြီး၊ မစောင့်နိုင်တော့ဘဲ စတင် ပုန်ကန်ကာ သူ့ခမည်းတော်ကိုသတ်ပြီး နန်းတက်မယ့် အချိန်ပဲ။ ပထဝီဝင်ဆိုတာက ကျောက်စိမ်းမြို့တော်ရဲ့ အဓိကမဏ္ဍိုင်ကြီးကို ထိန်းချုပ်ဖို့ပဲ။ ပြီးတော့ လူဆိုတာက ဟုန်ရွှန်ကျိပဲ။ တကယ်လို့, ဟုန်ရွှန်ကျိသာမရှိရင်, စစ်တပ်အတွင်းမှာ မင်းသားယုရဲ့ အဆက်သွယ်တွေကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။”
မုရုန်ယန်၏ အမူအရာက, သူမသည် တိုင်းပြည်ကို ထောက်ပြနေသူတစ်ဦးကဲ့သို့ သူမ ကိုယ်သူမ အလွန် ဂုဏ်ယူနေပါသည်။
"သခင်မလေးမုရုန်ရဲ့ ခွဲခြမ်းစိတ်ဖြာမှုက ငါ့ကို ဉာဏ်အလင်းပွင့်စေပါတယ်။” မုရုန်ယန်၏ ဂုဏ်ယူဝင့်ကြွားနေသော အမူအရာကို မြင်လိုက်ရတော့ ဟုန်ယွိက သူ့ကို အမှန်ပင် ချီးမွမ်းလိုက်သည်။
မုရုန်ယန်၏ အမူအရာမှာ ပို၍ပင် တက်ကြွလာကာ၊ သူမသည် သူမ၏ မျက်ခုံးကြားမှ အပြုံးကို မဖုံးကွယ်နိုင်ခဲ့ပေ။ "ဒီလောက်အကြာကြီး ပြောပြီးမှတော့, နင် ငါ့ကို မင်းသားယု အပေါ် လောင်းကြေးထပ်ခိုင်းချင်သေးလား။ ဒါက ငါ့အတွက် အကျိုးမရှိဘူး မဟုတ်လား။"
"အခု အကျိုးမရှိသေးဘူးလား။ မုရုန်ယန်၊ တကယ်လို့ မင်း ကျောက်စိမ်းမြို့တော်မှာ လည်ပတ်မယ်ဆိုရင် မင်းကို အချိန်တိုင်း ဝိုင်းရံပြီး လိုက်ဖမ်းကြလိမ့်မယ်။ တကယ်လို့, မင်း ဒီမှာ နေမယ်ဆိုရင်, မင်း အဆင်ပြေနေလိမ့်မယ်။ ဒါက မင်းသားယုရဲ့ စံအိမ်လေ။ ဘယ်သူ က လာစုံစမ်းရဲမှာလဲ။” ဟုန်ယွိက တည်ငြိမ်စွာ ပြောသည် "သခင်မလေး မုရုန်၊ မင်းက မင်းတို့မိသားစုရဲ့ တတိယမြောက် သခင်မလေးပဲ၊ ပထမအစ်ကို၊ ဒုတိယအစ်ကို စသဖြင့် ရှိသေးတယ်လို့ ငါ ယုံကြည်တယ်။ ဒါပေမယ့် မင်းတို့ယွမ်မင်လူမျိုးတွေရဲ့ ဓလေ့ထုံးတမ်း အရ အမျိုးသမီးက အိမ်ထောင်ကို ဦးဆောင်ရတယ်။ သခင်မလေး မုရုန်၊ ကြက်သွေးရောင် မီးလျှံမြို့စားဘွဲ့ကို ဆက်ခံဖို့ နည်းနည်းလေးမှ စိတ်ကူးမရှိဘူးလား။”
ယွန်မင်နိုင်ငံတွင် အမျိုးသမီးများသည် မြင့်မြတ်သောဘွဲ့ကို အမွေဆက်ခံနိုင်သည်။ ယင်းက တော်ဝင်ချန်နိုင်ငံနှင့် မတူပေ။
"မင်းမှန်တယ်။" မုရုန်ယန်က မပြောခင် တခဏကြာအောင် တွေးနေသည် "ဒါဆို ဘယ်လို လဲ။ ငါ အခြေအနေအရ အရင်စမ်းကြည့်မယ်။ ပထမချက်အနေနဲ့ ငါ့အသက်ကို ကယ်ခဲ့တဲ့ နင့်ရဲ့ကျေးဇူးကို ပြန်ဆပ်ဖို့၊ ဒုတိယချက်အနေနဲ့, နေထိုင်စရာ နေရာတစ်ခုရဖို့ ငါ နင့်ကို အားကိုးနေရလို့ပဲ။ နတ်ဘုရားစက်ယန္တရားတပ်ရင်းရဲ့ သွေးအေးလင်းယုန် ဆယ့်သုံးဖော်က မြို့တော်ရဲ့ဆင်ခြေဖုံးမှာရှိတဲ့ ငါ့နေအိမ်တွေထဲမှ တစ်ခုကို ဖျက်ဆီးပစ်ခဲ့တယ်။ ငါ သူတို့ကို သတ်ခဲ့ပေမဲ့၊ အဓိကတာဝန်ရှိသူကတော့ စစ်သေနာပတိ ဟုန်ရှီပဲ။ ငါ လက်စား ချေချင်တယ်၊”
"ကောင်းပြီ။"
ဟုန်ယွိက ပြုံးလိုက်ပါသည်။ သူတို့နှစ်ယောက်သား လက်ကို ဆန့်တန်းပြီး၊ အချင်းချင်း လက်ဝါးရိုက်လိုက်ပါသည်။
"သခင်မလေး မုရုန်က မြို့တော်မှာ ဘယ်လောက်အထိ စည်းရုံးထားနိုင်မလဲလို့ ငါ သိချင် မိတယ်။ မင်းမှာ ပညာရှင် ဘယ်လောက်ရှိလဲ။” ဟုန်ယွိက လက်ဝါးချင်းရိုက်ပြီးနောက် မေးလိုက်ပါသည်။
အခန်း (၉ဝ)။
"ဟမ့်၊ ဒီစံအိမ်ကြီးမှာ ငွေကြေးနဲ့ လူအင်အား တကယ်ကို ချို့တဲ့နေတယ်လို့ ငါ မြင်တယ်။ ငါက တည်ငြိမ်တဲ့အထိ ဒီမှာ နေနေရဦးမယ်။ ဒါကြောင့် ငါ့ဘေးကင်းရေးအတွက် တစ်ယောက်ယောက်တော့ လိုဦးမယ်။ အပြင်မှာ လေ့ကျင့်ထားတဲ့ ကျွန်ဆယ်ယောက်ပဲ ရှိတယ်။ တကယ်လို့ ကျွမ်းကျင်ပညာရှင်တစ်ဦးက စံအိမ်ကြီးကို လာရောက်စူးစမ်းရင်, သူတို့က အိမ်အလှဆင်ထားတာနဲ့ ထူးမခြားနားဘူး။"
မုရုန်ယန်သည် ဟုန်ယွိ၏မေးခွန်းကို ကြားပြီး သူမကိုယ်သူမ ရေရွတ်လိုက်သည်။ ထို့နောက် သူမက ခေါင်းညိတ်လိုက်ပြီး ပြောသည် "အာမွန်, ရတနာစံအိမ်က ဖန်းတိုင်ထံ လျှို့ဝှက်စာတစ်စောင် ပို့လိုက်ပါ။ အဲဒီစာကို ယွန်မင်သို့ တိတ်တဆိတ် ပေးပို့ပြီး ဦးလေးဂန် ကို ဖိတ်ခေါ်ခိုင်းလိုက်ပါ။ တစ်ချိန်တည်းမှာပဲ ဦးလေးဂန်ကို သူ့တပည့်အကြီးဆုံး အမည်ကို ပြောပြပြီး၊ ဦးလေးဂန်ကို သူ့တပည့်အကြီးဆုံး ချီဇီယန်ကို ခေါ်ခိုင်းလိုက်ပါ။ သူက ငါ့အတွက် အလုပ်လုပ်ချင်တယ်လို့ အမြဲပြောနေခဲ့တာ မဟုတ်ဘူးလား။”
"ဟုတ်ကဲ့, သခင်မလေး။"
စစ်သည်တော် အာမွန်သည် ချက်ချင်း ထရပ်လိုက်သည်။
"ဦးလေးဂန်က မုရုန်မိသားစုရဲ့ အိမ်တော်ထိန်းအဟောင်းတွေထဲက တစ်ဦးဖြစ်တယ်။ သူက သူ့ရဲ့ ချဉ်ဆီသန့်စင်ခြင်းမြူနှင်းလက်သီးကို ရှစ်ဆယ် ရာခိုင်နှုန်းအထိ ကျွမ်းကျင်ခဲ့ပြီး၊ မဟာဆရာသခင်နယ်ပယ်ထဲ ဝင်ရောက်လာခဲ့တာ။ သူ့တပည့် ချီဇီယန်ကလည်း သူရဲ့ စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို ပေါင်းစပ်ထားပြီးဖြစ်တဲ့ ရှန်တန်သိုင်းသခင်နယ်ပယ် အထွက်အထိပ် ကျွမ်းကျင်ပညာရှင်တစ်ဦး ဖြစ်တယ်။ ဒီလူနှစ်ယောက်က ကျောက်စိမ်း မြို့တော် မှာ ငါ့ကို အကာအကွယ်ပေးထားမယ်ဆို, ငါ ဘာမှ ကြောက်စရာ မရှိတော့ဘူး။" မုရုန်ယန်က လှည့်ပြီး ဟုန်ယွိကို ရှင်းပြသည်။ သူမရဲ့စကားတွေက သူမရဲ့ ပြောင်မြောက် တဲ့သိုင်းပညာ အစွမ်းကို ပြောနေသလိုပင်။
“မုရုန်မိသားစုရဲ့ နောက်ခံဟာ မခန့်မှန်းနိုင်အောင်ပဲ။ မုရုန်ယန်က တတိယမြောက် သခင်မလေး တစ်ဦးဖြစ်ပေလည်း သူမက ရှန်တန်သိုင်းသခင်အဆင့် ကျွမ်းကျင်သူ တစ်ဦးကို အမှန်တကယ် စည်းရုံးနိုင်တယ်။ ပြီးတော့ ထိပ်တန်း မဟာဆရာသခင်အဆင့်ရော” ဟုန်ယွိသည် တိတ်တဆိတ် တုန်လှုပ်သွားပါသည်။
မဟာဆရာသခင်အဆင့် ကျွမ်းကျင်သူတစ်ဦးသည် သိုင်းသူတော်စင်လောက် မကျော်ကြား သော်လည်း တော်ဝင်ချန်မင်းဆက်တွင် သူသည် အလွန်အစွမ်းထက်သော ဇာတ်ကောင်တစ်ဦး ဖြစ်သည်မှာ သေချာပါသည်။ သူသည် လူတစ်ရာကို အမှန်တကယ် အနိုင်ယူနိုင်သည်။ တော်ဝင် အစောင့်တပ်ရင်း၏ စစ်သူကြီးငါးဦးတောင်မှ အများကြီး မလုပ်နိုင်ပါဘူး။
သို့သော် ဟုန်ယွိသည် သူ့စိတ်ထဲမှာသာ တုန်လှုပ်သွားခြင်း ဖြစ်ပြီး သူ့မျက်နှာပေါ်တွင် ဖော်မပြခဲ့ပေ။
သူသည် မဟာဆရာသခင်အဆင့် ကျွမ်းကျင်သူတစ်ယောက်၏ စွမ်းအားကို တစ်ခါမှ မမြင်ဖူးပါဘူး။ သူ့အဖေ၊ သိုင်းသူတော်စင်နယ်ပယ်ရှိ ဟုန်ရွှန်ကျိနှင့် ဟာကူဇိယွဲ့တို့၏ ကိုယ်ခံပညာတွေကို သူမြင်ဖူးသော်လည်း အပေါ်ယံလောက်သာ သူ နားလည်ခဲ့ပါသည်။ သို့သော် ဤလူများသည် အလွန် ကြောက်စရာကောင်းသည်ဟု သူ တွေးကြည့်နိုင်သည်။ သူတို့သည် သရဲတစ္ဆေများကဲ့သို့ ဖြစ်ကြပြီး၊ အကန့်အသတ်မဲ့ ခွန်အားများကို ပိုင်ဆိုင်ထား ကြပါသည်။
“ငွေကြေးအရ ပြောရရင်, အခု ငါစုဆောင်းနိုင်တဲ့ အများဆုံးပမာဏက ရွှေဒင်္ဂါးတသောင်း လောက်ရှိတယ်။ အဲဒါက ငါ့ရဲ့သီးသန့်သိမ်းဆည်းထားတဲ့ ငွေကြေးလည်း ဖြစ်တယ်။ တကယ်လို့, နင့်မှာ ငွေကြေးမရှိဘူးဆိုရင်, ငါ နင့်ကို ရွှေဒင်္ဂါးတစ်ထောင် ပေးနိုင်တယ်။ ဒီထက် ပိုမပေးနိုင်ဘူး။” ငွေကြေးအကြောင်း ပြောသည့်အချိန်တွင် မုရုန်ယန်၏ မျက်နှာက အနည်းငယ် နာကျင်နေသည့် အမူအရာ ဖော်ပြနေပါသည်။ "ဒါပေမယ့်, တကယ်လို့, နင်သာ ငါ့ဆီ သွေးပုံစံသံမဏိအပ်ကို ရောင်းဖို့ စိတ်ကူးထားရင်တော့ အဲဒါက မတူတော့ ဘူး။"
"တကယ်လို့, မင်း ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို လုပ်နိုင်ခဲ့ရင်, အဲဒီအပ်ကို ငါ မင်းကို ပေးလိုက်မယ်ဆိုရင်ရော ဘယ်လိုလဲ။"
ဟုန်ယွိ ရယ်မောလိုက်သည်။
"တကယ်လား" မုရုန်ယန်သည် လောဘကြီးသော ကြောင်တစ်ကောင်လို ခုန်ဆင်းကာ သူမ၏ခန္ဓာကိုယ်ကို ကွေးညွတ်လိုက်သည်။ သူမမျက်လုံးတွေက ဟုန်ယွိကို စိုက်ကြည့်ရင်း သူမအသက်ရှူသံက အနည်းငယ် ကြမ်းတမ်းလာသည်။
"ဘာလို့ တကယ် မဟုတ်ရမှာလဲ။ တကယ်လို့, ငါသာ, မင်းရဲ့အာဏာကို ငှားရမ်းပြီး အောင်မြင်ခဲ့ရင်, အဲဒီအပ်ကို ငါ မင်းကို သဘာဝအတိုင်း ပေးမှာပါ။ ငါဟုန်ယွိဟာ ကိုယ့်စကားကို တည်တဲ့လူတစ်ယောက်ပဲ။ ငါ့စကားကို ဘယ်တော့မှ ပြန်မရုတ်သိမ်းဘူး။” ဟုန်ယွိက ဝင့်ကြွားစွာ ပြောသည်။
"ကောင်းပြီ, ဒါဆို သဘောတူညီမှု ရပြီ။"
မုရုန်ယန်သည် ဟုန်ယွိက သူ့စကား ပြန်ရုတ်သိမ်းသွားမည်ကို ကြောက်ရွှံ့နေသည့်အလား လက်ခုပ်တီးလိုက်သည်။ ဟုန်ယွိက သူမကို ထောင်ဖမ်းရန် ရနံ့မွှေးသည့် ငါးစာတစ်ခု ထည့်ထားကြောင်း သူမ သိသော်လည်း ဤငါးစာသည် မွှေးလွန်းသဖြင့် သူမ ကိုက်ရလေ တော့သည်။
ထိုညတွင် မုရုန်ယန်သည် အစိမ်းရောင်မိုးမခစံအိမ်တွင် တည်းခိုခဲ့သည်။
သုံးရက်မြောက်သောနေ့ နံနက်စောစောတွင် ဟုန်ယွိသည် တစ်စုံတစ်ဦးကို ကျောက်စိမ်း မြို့တော်ရှိ ရတနာစံအိမ်သို့ စေလွှတ်ခဲ့သည်။ မူရုန်ယန်ထံမှ တံဆိပ်ပြားနှင့်အတူ လက်ရေးစာတန်းတစ်ခုကြောင့် သူသည် ရွှေဒင်္ဂါးတစ်ထောင် ရရှိခဲ့သည်။ တစ်ချိန်တည်း မှာပင်၊ ရတနာစံအိမ်ရှိ ဆိုင်ရှင်အိုကြီး ဖန်းတိုင်က နှင်းဖြူရောင်နှင့် လည်ပင်းတစ်ဝိုက်တွင် ရွှေရောင်အမွေး အဝိုင်းပတ်များပါရှိသော မတ်စတက်ဖ်ခွေးကြီး ငါးကောင်ကိုလည်း ပြင်ဆင်ထားပါသည်။ ၎င်းတို့ပုံစံက ခြင်္သေ့များနှင့်တူပြီး၊ သူသည် ၎င်းတို့ကို စံအိမ်သို့ ခေါ် ဆောင်ရန်အတွက် လူတွေကို စေလွှတ်ပေးဖို့ တောင်းဆိုလိုက်ရပါသည်။
အဖြူရောင် မတ်စတက်ဖ်ခွေးများကို စံအိမ်သို့ ခေါ်ဆောင်လာချိန်မှာ ဟုန်ယွိက ကိုယ်ခံပညာကို လေ့ကျင့်နေပြီး၊ မုရုန်ယန်သည်လည်း သူမ၏ခန္ဓာကိုယ်ကို အပျင်းကြော ဆွဲကာ ဆန့်တန်းနေသည်။ ထိုကဲ့သို့ မတ်စတက်ဖ်ခွေးတစ်ကောင်ကို မြင်လိုက်ရတော့ ဟုန်ယွိ အံ့အားသင့်သွားပါသည်။
"ဒါက ဘယ်လို မတ်စတက်ဖ်ခွေး အမျိုးအစားလဲ"
မတ်စတက်ဖ်ခွေးများသည် စံအိမ်ကြီးများကို စောင့်ကြပ်ရသည့် မြင့်မြတ်သော တိရိစ္ဆာန် များ ဖြစ်ကြောင်း ဟုန်ယွိ သိထားပါသည်။ တော်ဝင်ချန် မင်းမျိုးမင်းနွယ်များ၏ စံအိမ်ကြီး များတွင် မတ်စတက်ဖ်ခွေးတွေ အများကြီး ရှိပါသည်။ ထိပ်တန်းအမျိုးစားတစ်ခုက နှင်းဖြူရောင် မတ်စတက်ဖ်ခွေးများ ဖြစ်ပြီး၊ ဒုတိယအမျိုးတစ်ခုကတော့ အနက်ရောင် မတ်စတက်ဖ်ခွေးများဖြစ်ကာ တတိယကတော့ မီးခိုးရောင်မတ်စတက်ဖ် ခွေးများ ဖြစ်ကြပါသည်။ ထိပ်တန်းအဆင့် နှင်းဖြူရောင် မတ်စတက်ဖ်ခွေးများသည် ခြင်္သေ့များနှင့် ကျားများကိုတောင် တိုက်ခိုက်နိုင်ပါသည်။ သူတို့သည် ငွေဒင်္ဂါး ထောင်ပေါင်းများစွာ တန်ဖိုးရှိပြီး အဖိုးမဖြတ်နိုင်သော အရာများဖြစ်သည်။
ဟုန်ယွိသည် အနောက်ဘက်တောင်တန်းတွင် ဟုန်ရွှေ့ကျောင်းကို နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်တုန်းက မင်းသမီးရုန်ချွန်းသည် အမဲလိုက်ရန် အနက်ရောင် မတ်စတက်ဖ် ခွေးများကိုသာ အသုံးပြုခဲ့ပြီး နှင်းဖြူရောင် မတ်စတက်ဖ် ခွေးများ မဟုတ်ပေ။
ယခုမူ၊ ဤမတ်စတက်ဖ်ခွေး ငါးကောင်သည် အဖြူရောင်ဖြစ်ရုံသာမက၊ ၎င်းတို့၏ လည်ပင်းတစ်ဝိုက်တွင် ရွှေရောင်အမွှေးများ ပါရှိနေသည်။ ယခုလိုမျိုး မတ်စတက်ဖ်ခွေး သူ တစ်ခါမှ မမြင်ဖူးပါဘူး။
သို့သော်၊ အကြည့်သက်သက်ဖြင့် ဆိုပါက, ဤမတ်စတက်ဖ်ခွေးများ အားလုံးသည် ပျင်းရိ သော အမူအရာများ ရှိနေကြသော်လည်း၊ ၎င်းတို့တွင် သဘာဝအတိုင်း ကျက်သရေရှိသော အသွင်အပြင်မျိုး ပိုင်ဆိုင်ထားကြောင်း ဟုန်ယွိ ပြောနိုင်ပါသည်။ ၎င်းတို့သည် မတ်စတက်ဖ်ခွေးများ၏ ဘုရင်များဖြစ်နေသကဲ့သို့ပင်။ ထို့အပြင်, ၎င်းတို့ လမ်းလျှောက် သောအခါတွင် အသံအနည်းငယ်မျှ မကြားရပေ။ နွားပေါက်များထက်ပင် ကြီးမားသော သူတို့၏ခန္ဓာကိုယ်များသည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ရွေ့လျားနိုင်ပြီး၊ အပျိုစင်များကဲ့သို့ တိတ်ဆိတ်နေသည်။
"ဒါက မတ်စတက်ဖ်ခွေးဘုရင်ပဲ။ ထိပ်တန်း နှင်းဖြူရောင် မတ်စတက်ဖ်ခွေး အကောင် ၁၀၀ တိုင်းမှာ မတ်စတက်ဖ်ခွေးဘုရင် တစ်ကောင်ကို ဖန်တီးနိုင်ဖို့ အခွင့်အလမ်း ရှိတယ်။ ဒီမတ်စတက်ဖ်ခွေးဘုရင်တွေက ဉာဏ်ကောင်းပြီး ထောင်နဲ့ချီတဲ့ နွားတွေနဲ့ သိုးတွေကို ပြုစုစောင့်ရှောက်နိုင်တယ်။ ဝံပုလွေတစ်အုပ် ရောက်လာရင်တောင်မှ ဝံပုလွေတွေဟာ သူ့ဆီက ဟိန်းဟောက်သံကြောင့် ချဉ်းကပ်မလာရဲတော့ဘူး။ ၎င်းတို့ကို ယွန်မင်တော်ဝင် မိသားစုတွေမှာပဲ ထားရှိကြတယ်။ ဒီ မတ်စတက်ဖ်ခွေးဘုရင် ငါးကောင်စလုံးက ရတနာ တွေဖြစ်ပြီး၊ သူတို့ ငါ့လက်ထဲရောက်ဖို့ ငါ ငွေအများကြီးသုံးခဲ့ရတယ်။ လူတွေနဲ့ တိုက်ဖို့ လည်း သူတို့ကို လေ့ကျင့်ပေးထားတယ်။ သိုင်းသခင်တစ်ဦးတောင်မှ သူတို့ကို အနိုင်ယူနိုင် မှာ မဟုတ်ဘူး။”
မုရုန်ယန်က ဂုဏ်ယူစွာ ပြောလိုက်ပြီး မတ်စတက်ဖ်ခွေးဘုရင် ငါးကောင်ထဲက တစ်ကောင် ကို ပြောလိုက်ပါသည် "ကျင်းအာ, မင်းရဲ့ ရွှေခွဲလက်သီးကို ငါ့ကို ပြစမ်းပါဦး။”
ထိုမတ်စတက်ဖ်ခွေးဘုရင်သည် မုရုန်ယန်၏ စကားကိုကြားတော့ ၎င်းသည် ရှေ့ထွက် လျှောက်လာပြီး အသံတိုးတိုးဖြင့် ဟိန်းဟောက်သည်။ အသံက ခပ်အုပ်အုပ် မိုးခြိမ်းသံကဲ့ ထွက်ပေါ်လာပြီး၊ လူများ၏နားစည်ကို လှုပ်ခါကာ နားစည်ကို နာကျင်စေသည်။
ဤဟိန်းဟောက်သံသည် အိမ်ကွင်းလေ့ကျင့်ရေးကွင်းရှိ သာမန်မြင်းအချို့ကို တုန်လှုပ်စေ ခဲ့သည်။ လျှပ်စီးဖမ်းမြင်းတစ်ကောင်သာ ထိုက်တောင်ကဲ့သို့ တည်ငြိမ်စွာ ရှိနေသည်။
ထို့နောက် ဟုန်ယွိ၏ မယုံကြည်နိုင်လောက်သော မျက်လုံးများရှေ့တွင် မတ်စတက်ဖ်ခွေး ဘုရင်၏ ခန္ဓာကိုယ်ပေါ်ရှိ အမွေးများသည် ဖြူကောင်ကဲ့သို့ တည့်မတ်စွာ ထောင်လာခဲ့ သည်။ ၎င်း၏တစ်ကိုယ်လုံး ပိုကြီးလာပုံရသည်။ သူသည် ကိုယ့်နောက်ခြေထောက်ဖြင့် မတ်တပ်ရပ်နေသည့် ဝက်ဝံတစ်ကောင်လို့ ခက်ထန်စွာ မတ်တပ်ရပ်လိုက်၏။
မတ်တပ်ရပ်ပြီးသောအခါ မတ်စတက်ဖ်ခွေးဘုရင်သည် ရှေ့သို့ ပြင်းထန်စွာ ခုန်ပေါက် လိုက်အါသည်။ ၎င်း၏နောက်ခြေထောက်များသည် ပြင်းထန်စွာ ကန်ထုတ်ခဲ့ပြီး ၎င်း၏ တစ်ကိုယ်လုံးသည် လျှပ်စီးကဲ့သို့ ခြေလှမ်းဆယ်လှမ်းကျော် ရှေ့သို့ ခုန်တက်သွားခဲ့သည်။ ၎င်း၏ရှေ့ခြေသည်းများသည် ပုဆိန်တစ်လက်ကဲ့သို့ လေ့ကျင့်ရေးကွင်းထဲမှ ကျောက်တုံး တစ်တုံးကို ပြင်းထန်စွာ ခုတ်ပိုင်းသွားသည်။
ဘန်း…။
ကျောက်တုံး အပိုင်းအစများသည် နေရာတိုင်းသို့ ပျံ့လွင့်နေပြီး ကီလိုဂရမ် ရာနှင့်ချီ အလေးချိန်ရှိသော ကျောက်တုံးကြီးသည် ဘောလုံးတစ်လုံးကဲ့သို့ အဝေးသို့ လှိမ့်သွားခဲ့ပါ သည်။ တစ်ချိန်တည်းမှာပင် ကျောက်တုံးပေါ်တွင် နက်ရှိုင်းသော လက်ဖဝါးပုံသဏ္ဍာန် တွင်းနက်တစ်ခု ပေါ်လာပါသည်။
မတ်တပ်ထရပ်လိုက်၊ ခုန်တက်လိုက်၊ ခုတ်ပိုင်းလိုက်ဖြင့် မတ်စတက်ဖ်ခွေးဘုရင်သည် လျှပ်စီးလက်သလို လွင့်ပျံနေသည်။၎င်းသည် ကျားသစ်ကဲ့သို့ သွက်လက်သည်။ ခုန်တက်ပြီးနောက် သူ့အမူအရာက လုံးဝ မလှုပ်မယှက် ဖြစ်နေသကဲ့သို့ တည်ငြိမ်သွား သည်။ ၎င်းသည် ကိုယ်ခံပညာကျွမ်းကျင်သူ တစ်ယောက်လိုပင်။ ကိုယ်ခံပညာ ကျွမ်းကျင် သူများသည် လက်ခြေလေးဖက်ဖြင့် ပြေးနိုင်သော ကိုယ်ဟန်အနေအထား မရှိသော်လည်း၊ ဤမတ်စတက်ဖ်ခွေးဘုရင်၏ အငွေ့အသက်သည် ကိုယ်ခံပညာ ကျွမ်းကျင်သူများ၏ အငွေ့အသက်နှင့် အမှန်တကယ်ပင် တူညီပါသည်။
"ဘယ်လိုလဲ၊ ဟုန်ယွိ, နင်, အဲဒီလက်ဖဝါးရဲ့ ခွန်အားနဲ့ အရှိန်ဟုန်ကို မခုခံနိုင်ဘူး မဟုတ်လား။”
ဟုန်ယွိသာမက မုကလေး၏ အံ့အားသင့်နေသော အကြည့်များကို သူမမြင်လိုက်ရသော အခါ မုရုန်ယန်က ပြုံးလိုက်ပါသည်။
“ဒီလိုခွန်အားမျိုးနဲ့ဆို, သူတို့ထဲက ဘယ်ကောင်မဆို ကျားနဲ့ခြင်္သေ့ ၂ ကောင် သုံးကောင်ကို တောင် ရင်ဆိုင်နိုင်တယ်။ ဒါပေမယ့် လူသားတွေရဲ့ ကိုယ်ခံပညာနဲ့ယှဉ်ရင် သူတို့က လိုက်လျောညီထွေမဖြစ်ဘဲ စွယ်စုံရမဖြစ်မှာကို ငါ စိုးရိမ်မိတယ်။" ဤတိရိစ္ဆာန်များသည် ဉာဏ်ရည်ထက်မြက်သည်ကို ဟုန်ယွိ သိပါသည်။ သူတို့၏ ရုပ်ပိုင်းဆိုင်ရာ အားသာချက် များနှင့် လူတွေ၏ လေ့ကျင့်မှုကြောင့်, သူတို့ ကိုယ်ခံပညာကို သိနေခြင်းက မထူးဆန်းပါ ဘူး။
"ဒါတော့ မှန်တယ်။" မုရုန်ယန်က သူမမျက်လုံးတွေကို ပင့်ကြည့်ရင်း "သူတို့ ခြေထောက် တွေက အသားတွေနဲ့ ထူထပ်နေပြီး၊ ခြေသည်းတွေက အသားထဲမှာ ကွယ်နေတယ်။ သူတို့ရဲ့အစွမ်းက သံလိုမာကျောပြီး သူတို့ရဲ့ ခြေသည်းတွေက ချိတ်တွေလိုပဲ။ သူတို့က လူသားတွေထက် အများကြီး ပိုအစွမ်းထက်တယ်။ နောက်ပြီး သူတို့မှာ အထူးပြုထားတဲ့ ကိုယ်ခံပညာရပ်ကို လေ့ကျင့်မှုလည်း ရထားတယ်။ သူတို့က လူသားတွေလောက် လိုက်လျောညီထွေ မရှိပေမယ့်, သိုင်းကွက်အများကြီး လှုပ်ရှားနေဖို့ မလိုဘူး။ တကွက် လှုပ်ရှားရုံနဲ့ ကမ္ဘာကြီးကို လွှမ်းမိုးနိုင်ဖို့ လုံလောက်ပါတယ်။ ဒါ့အပြင်, သူတို့က တစ္ဆေသရဲနဲ့ စိတ်ဝိညာဉ်တွေကို မြင်နိုင်ကြတယ်။ ပိုအရေးကြီးတာက သူတို့ရဲ့ နိုးကြားမှုနဲ့ အနံ့ခံအာရုံ က ရှန်တန်သိုင်းသခင်ထက်တောင် ပိုအာရုံခံစားမူ ကောင်းကြတယ်။ သူတို့ တစ်ခုခု မှားယွင်းနေတာကို တွေ့တာနဲ့ ချက်ချင်း အော်ခေါ်လိမ့်မယ်။ ငါ သူတို့ကို ခြံစောင့်ဖို့ ဒီကို ခေါ်လာခဲ့တာပဲ။"
"ခွေးနှာခေါင်းက သဘာဝအတိုင်း လူသားတွေထက် အဆတစ်ရာပိုပြီး အာရုံခံစားမူ ကောင်းကြတယ်။ လူတစ်ယောက်ရဲ့ ကိုယ်ခံပညာဟာ ရှန်တန်သိုင်းသခင်အဆင့်ထိ လေ့ကျင့်ထားရင်တောင်, နှာခေါင်းနဲ့ နိုးကြားမှုက ၎င်းတို့လောက် မကောင်းမွန်နိုင်ပေ။ တကယ်လို့, တစ်စုံတစ်ယောက်သာ စံအိမ်သို့ လာလည်ပါက, သဘာဝအတိုင်း သူတို့ကို အဝေးကနေ ရှာဖွေတွေ့ရှိနိုင်လိမ့်မယ်။ ရှန်တန်သိုင်းသခင်တွေတောင် ရှာဖွေတွေ့ရှိခံရ လိမ့်မယ်။” ဟုန်ယွိက ခေါင်းညိတ်လိုက်သည်။ စံအိမ်ထဲမှာ ဤမတ်စတက်ဖ်ခွေးဘုရင် ငါးကောင်ဖြင့်ဆိုပါက, အလည်ရောက်လာမည့် မည်သည့်ကျွမ်းကျင်သူကိုမှ ကြောက်နေစ ရာ မလိုတော့ပေ။
သို့သော် ဤမတ်စတက်ဖ်ခွေးဘုရင်များသည် အနည်းငယ် ဈေးကြီးလွန်းပါသည်။ သာမာန် နှင်းဖြူရောင် မတ်စတက်ဖ်ခွေးများသည် ငွေဒင်္ဂါးတစ်ထောင် တန်သည်။ ဤမတ်စတက်ဖ် ခွေးဘုရင်များသည် ဆယ်ဆ ပိုဈေးကြီးသည်ဟု ယူဆနိုင်ပါသည်။
“ဒါပေမယ့် သူတို့စားတဲ့ အစားအစာနဲ့ပတ်သက်ပြီးတော့လည်း ထူးခြားတယ်။ နေ့စဉ် နေ့တိုင်း, သူတို့ထဲက တစ်ကောင်ဟာ လတ်ဆတ်တဲ့အသား ဆယ်ကီလိုဂရမ်ကို စားကြပြီး၊ နူးညံ့နေရမယ်။ သူတို့ရဲ့ ကြံ့ခိုင်မှုကို ထိန်းသိမ်းဖို့အတွက် နို့ကိုလည်း သောက်ကြလိမ့်မယ်။ ဒါပေမယ့်, ငါ နင့်ကို ရွှေဒင်္ဂါးတစ်ထောင် ထောက်ပံ့ပေးပြီးပြီဆိုတော့, နင် သူတို့ကို ပြုစု ပျိုးထောင်ဖို့ တတ်နိုင်ပါတယ်။"
မုရုန်ယန်က တဟားဟား ရယ်မောလိုက်သည်။
မုရုန်ယန်သည် သူမချစ်သောခွေးများကို စံအိမ်သို့ ခေါ်ဆောင်လာရခြင်း၏ အကြောင်းရင်း မှာ ၎င်းတို့နှင့် ခွဲခွာနေရခြင်းက အသေးမွှား အကြောင်းပြချက်ဖြစ်ပြီး၊ သူမသည် ရွှေဒင်္ဂါး တစ်ထောင်နှင့် ခွဲရမည်ကို သည်းမခံနိုင်ခြင်းကြောင့် ဖြစ်ကြောင်း ဟုန်ယွိ နားလည်သွားခဲ့ သည်။ သူမကိုယ်တိုင်က သူတို့ကို ပြုစုပျိုးထောင်ပေးချင်သည်။ ဤမတ်စတက်ဖ်ခွေး ဘုရင်ငါးကောင်သည် နေ့စဉ် လတ်ဆတ်သောအသား ကီလိုဂရမ်ရာနှင့်ချီ၍ စားသောက် ပြီး၊ နွားနို့သောက်ကြသည်။ ယင်း သန်မာသော လူတစ်ရာကျော်၏ အစားအစာများနှင့် ညီမျှနေပါပြီ။
အိမ်ပိုရှင်ငယ်တစ်ဦးသည် ဤမတ်စတက်ဖ်ခွေး ဘုရင်ငါးကောင်ကို လဝက်လောက် မွေးမြူထားရင်တောင် ဆင်းရဲသွားပါလိမ့်မည်။ မုရုန်ယန်သည် ရွှေဒင်္ဂါးတစ်ထောင်ကို ထုတ်ပေးကာ ဤမတ်စတက်ဖ်ခွေးဘုရင်တွေကို ဤနေရာသို့ ယူဆောင်လာခဲ့သည်။ တကယ်တော့ သူမသည် မည်သည့်ဆုံးရှုံးမှုကိုမှ ခံစားချင်စိတ် မရှိသည့်အတွက် သူမ ချစ်ရသည့် ခွေးတွေကို ပြုစုပျိုးထောင်ရန် သူ့ငွေကြေးကို ပြန်ယူနေခြင်း ဖြစ်သည်။
မုရုန်ယန်၏ အတွေးများကို နားလည်ပြီးနောက် ဟုန်ယွိသည် ရယ်ရမလား ငိုရမလား မသိတော့။ ဤအမျိုးသမီးသည် ငွေကြေးနှင့်ပတ်သက်လာရင် တကယ်ကို တွက်ဆလွန်း သည်။
သို့သော်, ဒါကလည်း ထိုက်တန်ပါသည်။ အနည်းဆုံးတော့ ဤမတ်စတက်ဖ်ခွေးဘုရင် ငါးကောင်သည် အလွန်မင်း နိုးကြားပြီး တက်ကြွမှုရှိကြပါသည်။ သူတို့သည် တစ္ဆေတွေ စိတ်ဝိညာဉ်တွေကိုတောင် မြင်နိုင်ကြပါသည်။ အကယ်၍, ရှန်တန်သိုင်းသခင်တစ်ဦး ဝင်ရောက်လာပါက သူတို့သည် အနံ့ခံနိုင်ကြသည်။ ယခုအချိန်မှစ၍ အစိမ်းရောင် မိုးမခစံအိမ်သည် လာရောက်လည်ပတ်မည့် မည်သည့်ပညာရှင်ကိုမျှ မကြောက်တော့ပေ။