အခန်း (၉၁-၉၃)
Vol. 7 Ch. 91-93
အခန်း (၉၁)။
မုရုန်ယန် ရောက်ရှိလာပြီးနောက်၊ သုံးရက်မြောက်နေ့, အစိမ်းရောင်မိုးမခစံအိမ်က လမ်းကြောင်းမှန်ပေါ် ရောက်ရှိလာပါပြီ။ အရာရာကို စနစ်တကျ စီမံဆောင်ရွက်နိုင်ခဲ့ပါ သည်။ စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်းနှင့် ကိုယ်ခံပညာ လေ့ကျင့်ခြင်းများကိုလည်း အစဉ်တကျ ဆောင်ရွက်နိုင်ခဲ့ပါသည်။
ချမ်းသာကြွယ်ဝသော မိသားစုများစွာ၏ စံအိမ်ကြီးများကဲ့သို့ပင်၊ လယ်ကွင်းထဲမှာ အေးအေးဆေးဆေး ဖြတ်သန်းရသည့် ဘဝက လူတစ်ယောက်၏ စိတ်နေစိတ်ထားကို မွေးမြူပေးနိုင်ပြီး ကမ္ဘာကြီး၏ မငြိမ်မသက် အော်ဟစ်သံတွေကို မေ့လျော့သွားခဲ့ပါသည်။ မင်းဆက်အပြောင်းလဲ, စစ်ပွဲတွေ၊ သဘာဝဘေးဒဏ်တွေ၊ ငတ်မွတ်ခေါင်းပါးပြီး အစာရေ စာရှားပါးမူတွေ မရှိသေးသရွေ့ လူတစ်ဦးသည် သာယာသောဘဝဖြင့် ထာဝရ နေထိုင် နိုင်ပုံရပါသည်။
သို့သော် ဟုန်ယွိသည် ကြိုးစားအားထုတ်မူကို လျှော့ချခြင်း မရှိပေ။ ယင်းအစား၊ သူသည် နေ့တိုင်း တင်းကျပ်သည့် အချိန်ဇယားဖြင့် ကုန်ဆုံးခဲ့ပါသည်။ စားသောက်ခြင်းနှင့် အိပ်ခြင်းမှလွဲ၍ သူလုပ်သမျှက သူ့ကိုယ်ခံပညာကို လေ့ကျင့်ခြင်းနှင့် သူ့စိတ်ဝိညာဉ်ကို ကျင့်ကြံခြင်းပင် ဖြစ်သည်။ သူသည် ကျင့်ကြံခြင်းတွင် စိတ်နှလုံးအကြွင်းမဲ့ နှစ်မြုပ်ထားပြီး၊ အချိန်ကို လုံးဝ ဖြုန်းတီးချင်စိတ် မရှိခဲ့ပါ။
သူ ကျင့်ကြံနေချိန်အတွင်းမှာ, သူသည် မြေပဲနှင့် ကန်စွန်းဉချိုခင်းများကို ကြည့်ရှုရန် အနောက်တောင်တန်းသို့ လူအချို့ကို စေလွှတ်ခဲ့သည်။ သူတို့သည် လအနည်းငယ်အတွင်း ဆောင်းဦးရာသီမှာ ရိတ်သိမ်းနိုင်ရန် စောင့်ဆိုင်းနေခဲ့ကြသည်။ ထို့နောက် ဤပစ္စည်း အသစ်များဖြင့် သူသည် သေးငယ်သော ကံကြမ္မာကောင်းတစ်ခုကို ပြုလုပ်နိုင်ပါလိမ့်မည်။
မုရုန်ယန်သည် မြေပဲနှင့် ကန်စွန်းဥချိုများ အကြောင်းကို သိလိုက်ရသောအခါ သူမသည် အလွန် တုန်လှုပ်သွားခဲ့ပါသည်။ ဤသီးနှံနှစ်မျိုး၏တန်ဖိုးကို သူမနားလည်ပုံရပါသည်။ သူမသည် ချက်ချင်းပင် စိတ်ထဲထည့်ကာ ဟုန်ယွိနှင့် ဆွေးနွေးသည်။ သူမသည် သူက ဈေးနှုန်းတစ်ခုဖြင့် ကမ်းလှမ်းကာ သူမနှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်ရန် သူမမျှော်လင့် နေသည်။ ထိုမှသာ, သူမသည် အဆိုပါ သီးနှံလုပ်ငန်းကို စီမံခန့်ခွဲနိုင်မည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ လောဘကြီးသော ဤအမျိုးသမီးသည် သူမကို စီးပွားရေးလုပ်ခွင့် ပေးသရွေ့ ဤသီးနှံနှစ်မျိုးဖြင့် သေချာပေါက် ခွင့်လမ်းကြီးတစ်ခု ဖန်းတီးနိုင်မည်ဟု အခိုင် မာပြောဆိုနေ၏။
မုရုန်ယန်သည် ငွေကြေးနှင့် စီးပွားရေးကို စီမံခန့်ခွဲတတ်သည့် အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း ဟုန်ယွိ သိထားပါသည်။ ထို့ကြောင့် သူက သဘောတူပြီး၊ သူမကို အနာဂတ် အတွက် အစီအစဉ်ခွင့် ပြုခဲ့ပါသည်။
မနက်ခင်း နေရောင်အောက်မှာ, ဟုန်ယွိသည် သစ်ပင်အောက်မှာ ရပ်ပြီး ကောင်းကင်ဘုံ ရစ်ပတ်ခြင်းလက်ဝါးကို လေ့ကျင့်နေပါသည်။ သူသည် ဖြည်းညှင်းစွာ ရွေ့လျားသွားပြီး သူ၏ခန္ဓာကိုယ်သည် နေနှင့်အတူ လှပစွာ လည်ပတ်နေသည်။ သူ ငြိမ်သက်သော ကိုယ်ဟန် အနေအထားသို့ ရောက်သောအခါ သူ့အသက်ရှူသံက မြင့်တက်လာခဲ့သည်။
လေ့ကျင့်ပြီးနောက်၊ ငြိမ်းချမ်းပြီး နှေးကွေးသော အခြေအနေသည် သူ့နှလုံးသားထဲတွင် ကျန်ရှိနေသော်လည်း ဟုန်ယွိသည် မရပ်တန့်ခဲ့ပေ။ သူသည် ရူးသွပ်နေသော နတ်ဆိုးကဲ့သို့ နွားသိုးနတ်ဆိုးခွန်အားလက်သီးပညာရပ်ကို အပြင်းအထန် စတင်လေ့ကျင့်ခဲ့သည်။
"နွားသိုးနတ်ဆိုးခွန်အားလက်သီးပညာရပ်နဲ့ ကောင်းကင်ဘုံရစ်ပတ်ခြင်းလက်ဝါးကို တွဲပြီး လေ့ကျင့်နေတာလား။ ဟုန်ယွိ, နင်က တကယ်ကို ခေါင်းမာတဲ့လူပဲ။ ဒီလက်သီးနည်းစနစ် နှစ်ခုက လုံးဝ ကွဲပြားတယ်။ ဒီလက်သီးနည်းစနစ်နှစ်ခုကို လေ့ကျင့်ပြီးနောက်၊ ဒါက နင့်စိတ်ဝိညာဉ်ကို ဆိုးဆိုးဝါးဝါး အန္တရာယ်ဖြစ်စေလိမ့်မည်။ တစ်ခုကယင်၊ တစ်ခုက ယန်ဖြစ်တဲ့ ဒီနည်းပညာနှစ်ခုကို ပေါင်းစပ်ခြင်းက နင့်ကိုယ်ခံပညာကို အရှိန်အဟုန်နဲ့ တိုးမြှင့်ပေးနိုင်မယ်လို့ ထင်နေတာလား။ ဒါက တကယ့်ကို ဟာသပဲ။ တကယ်လို့, နင် ဒီထူးခြားတဲ့ စွမ်းရည်နှစ်မျိုးကို ပေါင်းစပ်ချင်တယ်ဆိုရင်, အထွတ်အထိပ် ရှင်တန် သိုင်းသခင် ဒါမှမဟုတ်, မဟာဆရာသခင်ဖြစ်မှပဲ ယင်နဲ့ယန်ကို အမှန်တကယ် လိုက်လျော ညီထွေ လုပ်ဆောင်နိုင်လိမ့်မယ်။ နင့်ရဲ့လက်ရှိ ကိုယ်ခံပညာနဲ့တော့, ဒီထူးခြားတဲ့ စွမ်းရည် နှစ်ခုကို ပေါင်းစပ်ဖို့ လုံးဝ မဖြစ်နိုင်ဘူး။ နင် လေ့ကျင့်နေတာကို အမြန်ရပ်လိုက်ပါ။”
ဟုန်ယွိ လေ့ကျင့်နေစဉ်တွင် မိုးမခပင်နောက်ကွယ်မှ မုရုန်ယန်က ရုတ်တရက် ထွက်လာ သည်။
"မုရုန်ယန်, မင်း လေ့ကျင့်နေတာကို ချောင်းကြည့်နေတာလား" ဟုန်ယွိသည် လက်သီး ပညာရပ်နှစ်ခုကို လေ့ကျင့်ပြီးနောက်, သူ့စိတ်သည် အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။ သူသည် အမိတ္တဘဗုဒ္ဓ၏ စစ်မှန်သော အဓိပ္ပါယ်ကို တိတ်တဆိတ် ဖြန့်ကျက်ပြီး၊ စိတ်ဝိညာဉ်ကို တည်ငြိမ်စေရန် အတိုင်းဆမဲ့သက်တမ်းနယ်ပယ်ထဲသို့ ဝင်ရောက်ခဲ့သည်။ အချိန်တိုလေးအတွင်းမှာပင် သူသည် သူ၏ကြည်လင်ပြတ်သားမှုကို အပြည့်အဝ ပြန်လည် ရရှိခဲ့သည်။ သူ့တစ်ကိုယ်လုံး တစ်သားတည်းဖြစ်သကဲ့သို့ လှုပ်ရှားသွားပြီး လွတ်လွတ် လပ်လပ် အသက်ရှူရှိုက်ရင်း သူ့ခန္ဓာကိုယ် အနေအထားက ပန်းဝတ်ရည် သောက်လိုက်ရ သလိုပင်။
ထိုသို့သော အခြေအနေတွင်၊ လက်သီးနည်းစနစ်ကို လေ့ကျင့်ခြင်းသည် အားထုတ်မှု ထက်ဝက်ဖြင့် ရလဒ်နှစ်ဆ ရရှိမည် ဖြစ်သည်။
ဟုန်ယွိသည် ကျားနတ်ဆိုး အရိုးပုံသွင်းခြင်းလက်သီးကို လေ့ကျင့်ရန် ဤအခြေနေကို အခွင့်ကောင်းအဖြစ် ယူတော့မည် ဖြစ်သည်။ သူသည် သိုင်းစစ်သည်တော် နယ်ပယ်သို့ ဝင်ရောက်ခဲ့ပြီး ဖြစ်ကာ၊ နွားသိုးနတ်ဆိုး၏အရေပြားကို ခုနစ်ဆယ်မှ ရှစ်ဆယ်ရာခိုင်နှုန်း အထိ အသက်သွင်းနိုင်ပြီး ဖြစ်သည်။ သူသည် သူ့အဆစ်တွေကို စတင်လေ့ကျင့်နိုင်ပါပြီ။ သို့သော် မုရုန်ယန်က သူ့ကို ဘေးမှချောင်းကြည့်နေခြင်းက လေ့ကျင့်ရန် သူ့အတွက် ခက်ခဲဖြစ်လိမ့်မည်။
ဟုန်ယွိ၏ အမေးကို ရင်ဆိုင်ရသည့်အခါ မုရုန်ယန်က စကားမပြောပေ။ ယင်းအစား သူမက သူမလက်ကို ဝှေ့ယမ်းလိုက်ပါသည်။ ရုတ်တရက် ဟုန်ယွိ၏ အမြင်အာရုံများသည် မည်းမှောင်သွားသည်။ နေရောင်ခြည်အားလုံး သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားပြီး သူ့ရှေ့တွင် အမှောင်ထုကြီးတစ်ခုသာ ရှိနေပါသည်။
သို့သော် ဤအမှောင်ထုသည် အလွန်နူးညံ့သိမ်မွေ့သည်။ အေးချမ်းတိတ်ဆိတ်သည့် ညတစ်ညလိုပင်။ ညမိုးချုပ်ချိန် ရောက်လာစဉ်မှာ, အရာအားလုံးက အေးချမ်းပြီး၊ လူတွေ ကို အေးချမ်းစွာ အိပ်စက်အနားယူချင်အောင် လုပ်ဆောင်နေပုံပင်။
တစ်ချိန်တည်းမှာပင်၊ အမှောင်ထု၏နက်ရှိုင်းသော နေရာထဲမှာ, ဟုန်ယွိသည် တာအိုသခင်တစ်ပါး၏ ရုပ်ပုံကို ယောင်ဝါးဝါး မြင်လိုက်ရသည်။ သူသည် ၎င်း၏မျက်နှာကို သဲသဲကွဲကွဲ မမြင်နိုင်သော်လည်း အမှောင်ထဲတွင် ကောက်ကြောင်းများက အလွန်ရှင်းလင်း သည်။ ၎င်းသည် ကောင်းကင်နှင့် မြေကြီးကြားရှိ အမှောင်ထုတစ်ခုလုံး၏ အရင်းအမြစ် သဖွယ်ဖြစ်ပြီး အရာခပ်သိမ်းကို အနားယူရန် အခွင့်အရေးပေးနေပါသည်။
ထိုပုံရိပ်ကောက်ကြောင်းကို မြင်လျှင် ဟုန်ယွိသည် သူ့နှလုံးသားထဲတွင် အမှောင်ထု၏ စစ်မှန်သော အဓိပ္ပါယ်ကို ခံစားနေပုံရသည်။ ၎င်းသည် အရာရာတိုင်းအတွက် ငြိမ်းချမ်းမှု နှင့် ကျင့်ကြံမူကို ယူဆောင်လာခဲ့သည်။
သူ၏စိတ်ဝိညာဉ်၌ အိပ်ချင်သည့် ခံစားမှုတစ်ခု ရှိလာခဲ့သည်။
"တစ်ရေးတစ်မော အိပ်လိုက်။ တစ်ရေးတမော အိပ်လိုက်ပါ။ မင်းရဲ့ ပင်ပန်းနွမ်းနယ်မှုတွေ ပြေပျောက်သွားလိမ့်မယ်" မုရုန်ယန်၏ အသံသည် သူ့နားထဲတွင် ထွက်ပေါ်လာသည်။
"ဒါက ဘာတာအိုနည်းပညာရပ်လဲ" သို့သော် ဟုန်ယွိသည် အမှောင်ထဲထုတွင် မအိပ်ခဲ့ပေ။ သူ့အသိစိတ်က ရုတ်တရက် ပေါက်ကွဲသွားပြီး၊ သူက သူ့စိတ်ထဲမှာ တိတ်တဆိတ် ရေရွတ်လိုက်သည် "အဆုံးမဲ့အလင်း" ထိုတခဏအတွင်းမှာပင် အဆုံးမဲ့ အလင်းတန်းများ ထွက်ပေါ်လာသည်။ ထာဝရအလင်းသည် အမှောင်ထုကို တွန်းထုတ်လိုက်ပြီး သူ့အသိစိတ် က နိုးကြားလာခဲ့သည်။
"ဟမ်" မုရုန်ယန်သည် နောက်ပြန်ဆုတ်သွားကာ သူမမျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်နေသည်။
"အခုနက မင်း ဘာလုပ်ခဲ့တာလဲ။ အဲဒါက ဆန်းကြယ်ကောင်ကင်ဘုံခန်းမရဲ့ ဝိညာဉ်ရေးရာ ကျင့်ကြံမှု နည်းလမ်းတစ်ခုပဲလား၊ အမှောင်ထုရဲ့အဓိပ္ပါယ်က အရာအားလုံးကို အနားယူရန် အခွင့်အရေး ပေးခြင်းပဲ။ ဆန်းကြယ်ကောင်ကင်ဘုံခန်းမရဲ့ တာအိုပညာရပ်တွေက တကယ်ကို ထူးခြားလွန်းတယ်။ ငါ တကယ် သဘောကျတယ်။” ဟုန်ယွိသည် မုရုန်ယန်ကို ကြည့်ကာ ပြုံးလိုက်သည်။ မုရုန်ယန်၏ အခုနက လုပ်ရှားမှုသည် အန္တရာယ်မရှိဟု သူ ခံစားမိသည်။ သူမသည် သူ့ဝိညာဉ်ရေးရာ စိတ်ဝိညာဉ်ကို တည်ငြိမ်စေရန်အတွက် တာအိုနည်းပညာကို အသုံးပြုလိုခြင်း ဖြစ်ပါသည်။
"ကြည့်ရတာ, မင်က ဆန်းကြယ်ကောင်ကင်ဘုံခန်းမရဲ့ တာအိုနည်းပညာတွေအကြောင်း နက်နက်နဲနဲ နားလည်ပုံရတယ်" မုရုန်ယန်က နောက်ပြန် လှည့်ပြီး အံ့ဩတကြီးဖြင့် ပြောသည် "အခုနက, နင် ဒီဆန့်ကျင်ဘက် လက်သီးနည်းစနစ်နှစ်ခုကို လေ့ကျင့်နေပြီး၊ နင့်စိတ်ဝိညာဉ် ထိခိုက်သွားတာကို မြင်လိုက်ရတော့, ငါက နင့်ကို အနားယူစေချင်တယ်။ ဒါက ဆန်းကြယ်ကောင်ကင်ဘုံခန်းမရဲ့ ဆန်းကြယ်အမှောင် စိတ်ငြိမ်စေခြင်း ပညာရပ် ဖြစ်တယ်။ တကယ်လို့, နင်သာ ဒီအတိုင်း ရှေ့ဆက် အပြင်းအထန် လေ့ကျင့်နေပါက, နင့် ဝိညာဉ်ရေးရာ စိတ်ဝိညာဉ်က အမြဲတမ်း ပျက်စီးနေလိမ့်မယ်။ နင် တခြား စိတ်တည်ငြိမ် ခြင်းပညာရပ်အချို့ကို လေ့ကျင့်ထားသင့်ပေမယ့် အဲဒါက အသုံးမဝင်ဘူး။ အတိုချုပ်ပြောရရင်, နင့်အနေနဲ့ လေ့ကျင့်ဖို့ ကိုယ့်ကိုယ်ကို အတင်းအကြပ် တွန်းအားမပေးသင့်ဘူး။ ငါတို့ဆန်းကြယ်ကောင်ကင်ဘုံခန်းမမှာ လူအများပြားက ဒါကို ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ခဲ့ကြပြီးပြီ။”
"အို, ဆန်းကြယ်ကောင်ကင်ဘုံခန်းမမှာ ဒိုင်ဇင်ဘုရားကျောင်းရဲ့ ကိုယ်ခံပညာတွေ ဘယ်လောက်များများ ရှိလဲ။” ဟုန်ယွိက ရုတ်တရက် မေးလိုက်သည်။
"အများကြီး မဟုတ်ပါဘူး။ နွားသိုးနတ်ဆိုးခွန်အားလက်သီးပညာရပ်တစ်အုပ်ပဲ ရှိတာပါ။ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က၊ ငါတို့ရဲ့ခန်းမသခင်က ဒိုင်ဇင် ဘုရားကျောင်းကို သွားပြီးတော့ အကြီးအကဲ ယင်ဟိုင်နဲ့ သုံးပွဲ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့တယ်။ သူက အဲဒီပညာရပ်ကို အပြင်းထန် လေ့လာသင်ယူခဲ့တယ်။ အဲဒါက ပြီးပြည့်စုံမူမရှိပေမယ့် ခန်းမသခင်ရဲ့ သုတေသန ပြုပြီးနောက်မှာတော့ ပြည့်စုံသွားခဲ့တယ်။ မုရုန်ယန်က ပြောသည် "ဆန်းကြယ်ကောင်ကင်ဘုံ ခန်းမရဲ့ ကိုယ်ခံပညာရပ်တွေက ပျော့ပျောင်းမှု၊ ပုံမှန်မဟုတ်တဲ့ လျှင်မြန်ဖျတ်လတ်မူနဲ့ အမြန်နှုန်းကို အာရုံစိုက်တယ်။ ဒိုင်ဇင်ဘုရားကျောင်းရဲ့ စိတ်နှလုံး သွင်းသုတ္တန်တွေနဲ့ မကိုက်ညီဘူး။ ဒါကြောင့် အသုံးမဝင်ဘူး။ ငါတို့ရဲ့ ကောင်းကင်ဘုံ ရစ်ပတ်ခြင်းလက်ဝါးက နွားသိုးနတ်ဆိုးခွန်အား လက်သီးပညာရပ်နဲ့ ယှဉ်နိုင်ပြီး၊ ကြွက်သား တွေနဲ့ အရေပြားတွေကို သန်မာတဲ့အခြေအနေရောက်အောင် လေ့ကျင့်ပေးနိုင်တယ်။ ဒီနည်းပညာက ငါတို့အတွက် မလိုအပ်ဘူး။”
"မင်းက ယွန်မင်ရဲ့ မြင့်မြတ်တဲ့ သိုင်းပညာနယ်မြေမှာ လေ့ကျင့်ခဲ့ဖူးတယ်။ ဒီကမ္ဘာပေါ်မှာ အကောင်းဆုံး ကိုယ်ခံပညာရပ်တွေ အကြောင်း ငါ ကြားချင်ပါတယ်။" ဟုန်ယွိ၏ စိတ်ဝင်စားမှုက ရုတ်တရက် နိုးထလာပါသည်။
"ကမ္ဘာပေါ်က အကောင်းဆုံး ကိုယ်ခံပညာရပ်တွေလား။ ဒိုင်ဇင်ဘုရားကျောင်း, ဆန်းကြယ်ကောင်ကင်ဘုံခန်းမ, တိုင်ရှန်တာအိုဂိုဏ်း, ယွန်တူးရဲ့ အစစ်မှန်ခုနှစ်စင်ကြယ်ဂိတ်, နတ်ဘုရားလေပြည်နယ် မက်မွန်နတ်ဘုရားဂိုဏ်း, ဟွာလျိုအင်ပါယာရဲ့ အနှစ်သာရ နတ်ဘုရားကျောင်းတို့ပဲ။ အခြေခံ အားဖြင့် ဒီမြင့်မြတ်နယ်မြေခြောက်ခုဟာ ကမ္ဘာပေါ်မှာ နက်ရှိုင်းဆုံး အခြေခံအုတ်မြစ်တွေကို ပိုင်ဆိုင်ထားကြတယ်။ သူတို့ဟာ သိုင်းသူတော်စင် နယ်ပယ်ကို မဟာပြီးပြည့်စုံခြင်းအဆင့်အထိ လေ့ကျင့်နိုင်ကြပြီး လူသားအင်မော်တယ် တစ်ဦး ဖြစ်လာဖို့တောင် မျှော်လင့်ချက်ရှိတယ်။ အခြားဂိုဏ်းတွေရဲ့ ကိုယ်ခံပညာရပ်တွေက ထူးချွန်ပေမယ့် မဟာဆရာသခင်နယ်ပယ်ရဲ့ မဟာပြီးပြည့်စုံခြင်းအဆင့်ထိပဲ ရောက်နိုင်ကြတယ်" မုရုန်ယန် က ဆက်ပြောသည် “ဒါပေမယ့်, ငါက ယွန်တူး.. အစစ်မှန် ခုနှစ်စင်ကြယ်ဂိတ်, နတ်ဘုရားလေ ပြည်နယ်ရဲ့ မက်မွန်နတ်ဘုရားဂိုဏ်းနဲ့ ဟွာလျို အင်ပါယာရဲ့ အနှစ်သာရနတ်ဘုရားကျောင်းက ကိုယ်ခံပညာတွေနဲ့တော့ သိပ်မရင်းနှီးဘူး။ ဒါပေမယ့်၊ ဒိုင်ဇင်ဘုရားကျောင်းရဲ့ နွားသိုးနတ်ဆိုးခွန်အား လက်သီးပညာရပ်နဲ့ ကျားနတ်ဆိုး အရိုးပုံသွင်းခြင်း လက်သီးပညာရပ်, တိုင်ရှန်တာအိုဂိုဏ်းရဲ့ မိုးသောက်ရင်ခွင်စွမ်းရည်, အရိုးမဲ့ပျော့ပြောင်းလက်သီး ဝိညာဉ်လိပ်အသက်ရူခြင်းနည်းစနစ်နဲ့ ကျောက်စိမ်း ချဉ်ဆီလှုံ့ဆော်ခြင်းပညာရပ်တွေ အကြောင်း ငါ ကြားဖူးတယ်။”
"အဟမ်း" ဟုန်ယွိ၏မျက်လုံးများက ဖျတ်ခနဲ လင်းလက်သွားပါသည်။ “ငါတို့ တော်ဝင်ချန်ရဲ့ သိုင်းသူတော်စင်နှစ်ယောက်ဖြစ်တဲ့ ဟုန်ရွှန်ကျိနဲ့ ယန်တူးတို့က ဆန်းကြယ် ကောင်ကင်ဘုံခန်းမမှာ လေ့လာဖူးကြတယ်။ ငါသိချင်တာက သူတို့လေ့ကျင့်ထားတဲ့ ကိုယ်ခံပညာရပ်တွေက ဘယ်ဂိုဏ်းကလဲ။"
“လူတစ်ယောက်ရဲ့ လက်သီးပညာရပ်က သိုင်းသူတော်စင်နယ်ပယ်ကို ရောက်သွားချိန်မှာ, သူတို့ဟာ အသိပညာ ဗဟုသုတအရာမှာလည်း ပြီးပြည့်စုံတဲ့ အထွတ်အထိပ်ကို ရောက်ရှိသွားကြပြီး၊ ကိုယ်ခံပညာရပ် အမျိုးမျိုးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်ကြတယ်။ ယန်တူးက မူလက တော်ဝင် မိသားစုရဲ့ ကိုယ်ခံပညာကို လေ့ကျင့်ခဲ့တယ်။ နောက်ပိုင်းမှာ, သူက ဒိုင်ဇင်ဘုရားကျောင်းကနေ လုယူထားတဲ့ကျမ်းတွေကို လေ့လာပြီး၊ စစ်မြေပြင်မှာ သူ့ကိုယ်ကို ဂုဏ်ရောင်တောက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်။ သူ့ကိုယ်ခံပညာက လျှို့ဝှက်ဆန်းကြယ်ပြီး လေ့လာရခက်တယ်။ ဒါပေမယ့်, ဟုန်ရွှန်ကျိတော့ မူလက တောင်ပိုင်း ကျောက်မိသားစုကဖြစ်ပြီး၊ အထွဋ်ထိပ်ကောင်းကင်နယ်မြေရဲ့ ကိုယ်ခံပညာ ကို လေ့ကျင့်ခဲ့တယ်။ နောက်ပိုင်းမှာ, သူက တိုင်ရှန်တာအိုဂိုဏ်းရဲ့ ကိုယ်ခံပညာကို သင်ယူခဲ့ပြီး၊ စည်းချက်ညီညီနဲ့ ခုန်ပျံကျော်လွှား တိုးတက်လာခဲ့တယ်။ နောက်ဆုံးမှာ, သူက ဒိုင်ဇင်ဘုရားကျောင်းက ကျပ်းစာအုပ်တွေကို ရယူခဲ့ပြီး၊ စစ်ရေး, တာအိုဝါဒ၊ ဗုဒ္ဓဝါဒနှင့် ကွန်ဖြူးရှပ်အယူဝါဒတို့ကို ပေါင်းစပ်ကာ ကောင်းကင်ဘုံ သေမင်းဘီးကို ဖန်တီးနိုင်ခဲ့တယ်။ ဆရာက အဲဒီလက်သီးပညာရပ်ကို အရင်က မြင်ဖူးခဲ့တယ်။ ဒီပညာရပ်က ကောင်းကင်နဲ့ မြေကြီးရဲ့ နတ်ဘုရားတွေရဲ့ ရှင်ခြင်းသေခြင်းကြမ္မာစက်ဝန်းဘီးလို အရမ်းကို အစွမ်းထက် တယ်။ ဒီပညာရပ်နဲ့ ရင်ဆိုင်ရတဲ့အခါ၊ လူတစ်ယောက်ရဲ့ ရှင်ခြင်းသေခြင်းက အဲဒီလူရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘူး။ ဟုန်ရွှန်ကျိက သူသတိထားရမယ့် လူတွေထဲက တစ်ဦးဖြစ်တဲ့အကြောင်း ဆရာကြီးက ပြောဖူးတယ်။ သူက ကိုယ်ခံပညာကတဆင့် လူသားအင်မော်တယ်တစ်ဦး ဖြစ်လာဖို့ အလားလာရှိဆုံးလူတွေက တစ်ယောက်လည်း ဖြစ်တယ်။”
မုရုန်ယန်၏ စကားကြောင့် ဟုန်ယွိသည် ပို၍ပင် ဖိးအားများ ခံစားလာရသည်။
"မင်းကရော ဘယ်လက်သီးနည်းစနစ်ကို လေ့ကျင့်ထားတာလဲ။ ဟုန်ယွိက ရုတ်တရက် မေးလိုက်သည်။
“ငါက အခု သိုင်းသခင်တစ်ဦးဖြစ်နေပြီဆိုတော့, အသက်ရှူခြင်းနည်းစနစ်ကို စတင် လေ့ကျင့်နေပြီ။ ငါက လက်သီးပညာရပ် သုံးမျိုးကို သင်ယူထား တယ်။ သဘာဝအတိုင်း, အဲဒီပညာရပ်တွေကတော့, ကောင်းကင်ဘုံရစ်ပတ်ခြင်းလက်ဝါး, လိပ်ပြာအကလက်သီးနဲ့ မြွေပုံစံအသက်ရူ ထိန်းချုပ်ခြင်း ပညာရပ်တို့ပဲ။" မုရုန်ယန် ဆက်ပြောသည် "လဝံပုလွေဓားသိုင်းလည်း ရှိသေးတယ်။ ဒီဓားသိုင်းကိုတော့ နင့်ကို ငါ့ဓားပျံနဲ့ လုပ်ကြဖို့ ကြိုးစားတုန်းက နင်မြင်ဖူးပြီးသား မဟုတ်လား။”
"ငါတို့ လက်သီးပညာရပ်တွေ ဖလှယ်ကြရအောင်။ ငါက မင်းရဲ့ လရောင်ဝံပုလွေဓားသိုင်းနဲ့ မြွေပုံစံအသက်ရူထိန်းချုပ်ခြင်းပညာရပ်ကို ကျားနတ်ဆိုး အရိုးပုံသွင်းခြင်း လက်သီးပညာ ရပ် ဝိညာဉ်လိပ်အသက်ရူခြင်းနည်းစနစ်နဲ့ လဲလှယ်မယ်လေ။ မင်း ဘယ်လို သဘောရလဲ။” ဟုန်ယွိ၏မျက်လုံးက လင်းလက်သွားခဲ့သည်။
အခန်း (၉၂)။
"လက်သီးပညာရပ်တွေ လဲလှယ်ဖို့လား။ နင့်မှာ ကျားနတ်ဆိုးအရိုးပုံသွင်းခြင်း လက်သီးပညာရပ် ရှိနေတာလား။ ဝိညာဉ်လိပ်အသက်ရူခြင်း နည်းစနစ်ပါ ရှိနေတာလား။ ဒီပညာရပ်နှစ်ခုက ကမ္ဘာပေါ်ရှိ မရေတွက်နိုင်တဲ့ ဂိုဏ်းတွေနဲ့ သိုင်းပညာရှင် မျိုးနွယ်စုတွေ ရယူလိုတဲ့ အရာတွေဆိုတာ နင် သိသင့်တယ်။ ရှားပါးလွန်းလို့ ငွေကြေးနဲ့ဝယ်ဖို့တောင် ခက်ခဲတယ်။” လက်သီးပညာရပ်တွေ ဖလှယ်ဖို့ ဟုန်ယွိ၏ တောင်းဆိုမှုကို မုရုန်ယန် ကြားလိုက်ရသည့် အခါ, သူမသည် ဟုန်ယွိကိုကြည့်ရင်း ထိတ်လန့်တကြား ဖြစ်သွားပါသည်။
"ဆန်းကြယ်ကောင်ကင်ဘုံခန်းမမှာလည်း ဒီကိုယ်ခံပညာနှစ်ခု ရှိတယ်၊ ငါတို့ ဖလှယ်စရာ မလိုဘူးလို့ ငါ့ကို မပြောနဲ့နော်" ဟုန်ယွိက ပြုံးလိုက်သည်။
"တကယ်လည်း မရှိနိုင်ပါဘူး။ ဆန်းကြယ်ကောင်ကင်ဘုံခန်းမမှာ မစ်ရှင်တွေ ရှိတယ်။ တပည့်တစ်ယောက် ခရီးထွက်တိုင်း, သူတို့လေ့လာခဲ့တဲ့ ကိုယ်ခံပညာရပ်တွေကို မိတ္တူကူးပြီး အကြီးအကဲတွေဆီ ပေးအပ်ရမယ်။ အကြီးအကဲ အဖွဲ့စည်းက မိတ္တူရဲ့တန်ဖိုးကို အကဲဖြတ်ပြီး သူတို့ကို ဆုချလိမ့် မယ်။ ကျားနတ်ဆိုးအရိုးပုံသွင်းခြင်း လက်သီးပညာရပ်နဲ့ ဝိညာဉ်လိပ်အသက်ရူခြနည်းစနစ် ဒီနှစ်ခုစလုံးက ထိပ်တန်းကိုယ်ခံပညာရပ်တွေ ဖြစ်ပြီး အလွန်တန်ဖိုးရှိတယ်။ အကြီးအကဲအဖွဲ့စည်းကလည်း မစ်ရှင်ထုတ်ထားတာ ရှိတယ်။ တကယ်လို့, မင်သားသာ ဒီပညာရပ်တွေကို ပြန်ယူသွားနိုင်ရင်, ရက်ရက်ရောရော ဆုချီးမြှင့်ခံရလိမ့်မယ်။"
မုရုန်ယန်၏ မျက်လုံးများက လင်းလက်သွားပါသည်။
"ဘယ်လိုဆုကြေးမျိုးလဲ။ အဲဒါကို ပြောပြပါဦး။” ဟုန်ယွိ၏ စိတ်ဝင်စားမှုကိုလည်း နိုးဆော်ခံလိုက်ရပါသည်။
"ကောင်းကင်လှေကားသံမဏိနဲ့ ထုလုပ်ထားတဲ့ ဆွဲမက်ဖွယ်ဆေဘာတစ်လက်၊ သံမဏိ သစ်သားမဟူရာအရိုးလေးတစ်စင်း၊ မဟူရာသွေးမြင်း တစ်ကောင်, အဖြူရောင်နွားသိုး ချပ်ဝတ်တစ်ခု။ သုံးလအတွင်း, ဆန်းကြယ်ကောင်ကင်ဘုံခန်းမရဲ့ စာကြည့်တိုက်မှာရှိတဲ့ စာအုပ်အားလုံးကို ဖတ်ပြီး ကူးယူနိုင်လိမ့်မယ်" မုရုန်ယန်က စိတ်လှုပ်ရှားစွာ ပြောသည်။
"ဒါက တကယ်ကို ရက်ရောမူကြီးပါလား" မုရုန်ယန်၏စကားကိုကြားတော့ ဟုန်ယွိက သူမသည် သေချာပေါက် သဘောတူမည်ဖြစ်ကြောင်း သိလိုက်ပါသည်။
ယွန်မင်အင်ပါယာ၏ ဆွဲမက်ဖွယ်ဆေဘာသည် အရှည်ခုနစ်ပေရှိပြီး၊ အကျယ်လေးလက်မ ရှိကာ၊ အလွန်မင်း ထက်ရှသည်။ ၎င်းသည် မြင်းတပ်သားများ အတွက် ဆေဘာတစ်လက် ဖြစ်တယ်။ ၎င်းဆေဘာသည် တဟုန်ထိုး ပြေးလွှားရင်း, ရန်သူစစ်သားများနှင့် မြင်းများကို ထက်ပိုင်း ဖြတ်တောက်နိုင်ပါ သည်။ ဤဆေဘာကို ကောင်းကင်လှေကားသံမဏိဖြင့် ပြုလုပ်ထားသည်ဟူသော အချက်ကိုတော့ ဖော်ပြစရာပင် မလိုတော့ပေ။ ယွန်မင် အင်ပါယာ သည် ကောင်းကင်လှေကားသံမဏိကို မထုတ်လုပ်နိုင်သော်လည်း ချာရာဒေသနှင့် အခြားသဲကန္တာရနိုင်ငံများအားလုံးက ငြိမ်းချမ်းရေးအတွက် မြက်ခင်း လွင်ပြင်ပေါ်ရှိ ကျယ်ပြောလှသော အင်ပါယာတစ်ခုအား ဂုဏ်ပြုဆက်သရမည် ဖြစ်ပါသည်။ ထို့အပြင်, ယွန်မင်၏ပန်းပဲဆရာများသည် ကမ္ဘာတစ်ဝှမ်း တွင် ထင်ရှားကျော်ကြားသည်။ ထင်ရှားကျော်ကြားသော ယွန်မင်ပန်းပဲဆရာများ၏ လက်ထဲတွင်၊ သာမန်သံမဏိ အပိုင်းအစတစ်ခုပင် ကာဘူရိဇင် ပြုလုပ်ခြင်း၊ လေမှုတ်ခြင်းစသည်ဖြင့် ပန်းပဲထုလုပ်ခြင်း နည်းများကြောင့် ထက်ရှလာနိုင်ပါသည်။
ထိုဆေဘာ၏တန်ဖိုးသည် ဟုန်ယွိ၏ “ငါးမန်းသတ်ဓား" တန်ဖိုးနှင့် ညီမျှသည်။ သို့မဟုတ် ထိုထက်မကပင် မြင့်မားနိုင်ပါသည်။ ၎င်းဆေဘာသည် သိုင်းပညာရှင်တိုင်း အိပ်မက် မက်ခဲ့ရသည့် အရာတစ်ခု ဖြစ်ပါသည်။
"ဒါပေမယ့်, နင့်မှာ ဂိုဏ်းကပေးမယ့် ဘာဆုလာဘ်မှ မရှိဘူးလေ။ နင် ဘာလို့ လက်သီး ပညာရပ်ချင်း လဲလှယ်ချင်ရတာလဲ။ တာအိုမှော်ပညာကို လေ့လာလိုက်စားတဲ့ ငါတို့လို လူတွေက စိတ်ဝိညာဉ် ကျင့်ကြံမူအပေါ် အာရုံစိုက်သင့်တယ်။ တကယ်လို့, စိတ်ဝိညာဉ်သာ တစ္ဆေအင်မော်တယ် ဖြစ်လာပါက၊ ခန္ဓာကိုယ်ပျက်စီးသွားရင်တောင်, ငါတို့အနေနဲ့ လူပြန် ဝင်စားနိုင်တယ်။ ကိုယ်ခံပညာနယ်ပယ်မှာတော့, သိုင်းသူတော်စင်အဆင့်ကို ရောက်ပြီး လူသားအင်မော်တယ်တစ်ယောက် ဖြစ်လာရင်တောင်မှ အနည်းဆုံး အနှစ် ၁၅၀ မှ ၁၆၀ အထိ အသက်ရှင်နိုင်ပြီး၊ အနှစ် ၂၀၀ ထက် မပိုဘူး။ ငါတို့အနေနဲ့ လူသားအင်မော်တယ်ရဲ့ အနှိုင်းမဲ့နယ်ပယ်ကို မရောက်ရှိခဲ့ဘူးဆိုရင်၊ မိုးကောင်းကင်နဲ့ တစ်သားတည်း ဖြစ်လာဖို့၊ နောက်ထပ် ခြေတစ်လှမ်း လှမ်းနိုင်ပြီး၊ အထွက်အထိပ်ဖြစ်လာကာ လေဟာနယ်ကို ဖြိုခွဲ နိုင်လိမ့်မယ်။ ဒါပေမယ့် ရှေးခေတ်ကတည်းက လူသားအင်မော်တယ်ရဲ့ အနှိုင်းမဲ့ နယ်ပယ်ကို မဆိုထားနဲ့။ လူသားအင်မော်တယ်တွေကိုတောင် တွေ့ရခဲတယ်။ ကိုယ်ခံပညာလမ်း ကြောင်းကို လျှောက်လှမ်းပြီး အဓိပတိ ဖြစ်လာဖို့ဆိုတာကလည်း လျှောက်လှမ်းတဲ့လူတွေဟာ မျှော်လင့်ချက်မဲ့ပြီး စိတ်ပျက်အားငယ်စွာနဲ့ လျှောက်လှမ်းနေကြရတယ်” မုရုန်ယန်၏ မျက်နှာက တည်ငြိမ်နေပါသည်။
"သိုင်းပညာရဲ့လမ်းကြောင်းက ခက်ခဲပြီး၊ အင်မော်တယ်လမ်းကြောင်းကလည်း ပိုကောင်း နေတာတော့ မဟုတ်ဘူး။ ရှေးခေတ်ကတည်းက မိုးကြိုး ကပ်ဘေးဒုက္ခကို ကျော်ဖြတ်ပြီး ယန်စိတ်ဝိညာဉ်ဖြစ်လာတဲ့ အင်မော်တယ်တွေဟာ ဒဏ္ဍာရီတွေထဲမှာပဲ ရှိတော့တယ်။ ဒါကလည်း လျှောက်လှမ်းရ ခက်တဲ့ လမ်းကြောင်းပဲ။" ဟုန်ယွိသည် နွေဦးရာသီတုန်းက ကြုံတွေ့ခဲ့ရသည့် မိုးခြိမ်းသံ၏စွမ်းအားနှင့် သူ့စိတ်ဝိညာဉ်များ ချက်ချင်း ပြန့်ကျဲသွားသည် ကို ပြန်သတိရမိပါသည်။ အင်မော်တယ်လမ်းကြောင်းသည် ပို၍ ခက်ခဲသည့်လမ်းကြောင်း ဖြစ်ကြောင်းကို သူနားလည်ခဲ့ပါသည်။
"မေ့လိုက်ပါ၊ ဒီလဲလှယ်မှုမှာ ငါ နင့်အပေါ် အခွင့်ကောင်းယူနေရတယ်။ တခြားသူတွေ အပေါ် အခွင့်ကောင်းယူရတာကို ငါမုန်းတယ်။ ဆန်းကြယ် ကောင်ကင်ဘုံခန်းမက ဆုကြေးတစ်ဝက်ကို ငါ နင့်ကို ပေးမယ်။ နင့်မှာ ငါးမန်းသတ်ဓားနဲ့ လျှပ်စီးဖမ်းမြင်းတို့ ရှိနေပြီဆို တော့ သံမဏိသစ်သားမဟူရာ အရိုးလေးနဲ့ အဖြူရောင်နွားသိုးချပ်ဝတ်ကို ငါပေးမယ်။ ငါတို့ဆန်းကြယ်ကောင်ကင်ဘုံခန်းမရဲ့ စာကြည့်တိုက်ထဲဝင်ပြီး စာအုပ်ဖတ်ဖို့ကတော့ မေးခွန်း ထုတ်စရာ မလိုဘူးထင်တယ်။ နင်က အပြင်လူဆိုတော့။" မုရုန်ယန်က ရက်ရောစွာ ပြောသည်။
"မင်းက ရက်ရောလှချေလား" မုရုန်ယန်သည် ကပ်ဆေးနှဲသူတစ်ဦး ဖြစ်ကြောင်း ဟုန်ယွိ သိသည်။ သူမသည် သူ့လက်ထဲက သွေးပုံစံသံမဏိ အပ်ကြောင့် ရက်ရောနေခြင်း ဖြစ်ပါ သည်။
သို့သော်လည်း သူသည် ယွန်မင်၏ သံမဏိသစ်သားမဟူရာအရိုးလေးကို အသုံးပြုနိုင် တော့မည်။ ၎င်းသည် လေးပစ်ဆရာသခင်များသာ ပြုလုပ်နိုင်သည့် အထူးလေး ဖြစ်သည်။ ၎င်းကို တော်ဝင်ချန်မှာ မထုတ်လုပ်နိုင်ပါဘူ။ "ထိုးဖောက်ခြင်းကြွက်" ကဲ့သို့သော ဆိုင်ကြီး တစ်ဆိုင်မှာပင်လျှင် ကြိုတင် စာရင်းသွင်းထားရသည်။ ထို့အပြင်, ဈေးနှုန်းက အရမ်းကို မြင့်မားသည့်အတွက် ဝယ်ရတာ မတန်ပါဘူး။
ဤလေးကို သံမဏိသစ်သား၊ အနက်ရောင်အရိုး၊ ကြေးနီရောင်အရေခွံငါးကော်, စပါးအုံးအရွတ်တို့ဖြင့် ပြုလုပ်ထားပါသည်။ ၎င်းသည် သံမဏိကဲ့သို့ ခိုင်ခံ့ပြီး ကြာရှည်စွာ အသုံးပြုနိုင်သည်။ ၎င်းလေးသည် ခြေလှမ်းငါးရာအထိ ပစ်နိုင်သော်လည်း ကျောက်တုံး လေးလုံး ခွန်အားရှိရန်လည်း လိုအပ်ပါ သည်။ ထိပ်တန်းသိုင်းသခင်တစ်ဦးသာ ၎င်းကို ဆွဲနိုင်ခဲ့သည်။ သို့သော် ယခုအခါ ဟုန်ယွိသည် ယင်နှင့်ယန်တာအိုကို နားလည်ထားသည်။ သူသည် သူ့ခန္ဓာကိုယ်အတွင်းမှာရှိသည့် အားနည်းချက်အားလုံးကို ဖယ်ရှားနိုင်ခဲ့သည်။ သူသည် သဘာဝအတိုင်း ထိုစွမ်းရည်မျိုးကို ပိုင်ဆိုင်ထားပါသည်။ ရှန်ထိုက်ဇူကဲ့သို့ပင်, သူသည် သိုင်းစစ်သည်တော်အဆင့်မှာ ရှိနေလျှင်ပင် သိုင်းသခင်များသာ အသုံးပြုနိုင်သော လေးကို ဆွဲတင်နိုင်ပါသည်။
အခု သူအသုံးပြုနေသော လေးသည် သစ်သားဖြူလေး ဖြစ်ပါသည်။ ၎င်းသည် ကြံ့ခိုင်သော လေးတစ်စင်းဖြစ်သော်လည်း ခြေလှမ်းနှစ်ရာအထိသာ ပစ်ခတ်နိုင်ပါသည်။ ထိုလေးသည် တဖြည်းဖြည်းနှင့် သူ့အတွက် မလုံလောက်တော့ပါဘူး။
"ကောင်းပြီးလေ, လဲလှယ်ကြရအောင်” မုရုန်ယန်က ခေါင်းညိတ်လိုက်သည်။
"မြွေပုံစံအသက်ရူထိန်းချုပ်ခြင်း ပညာရပ်က အရေးတကြီး လုပ်ဆောင်ချက်နှင့် အမြန်နှုန်း ကို အာရုံစိုက်ရတယ်။ အသက်ရှူခြင်းက မြားတစ်စင်း ပစ်လွှတ်လိုက်သလိုပဲ။ လူတစ်ဦး အသက်ရှုချိန်မှာ ပုလဲကြိုးသဖွယ် သွယ်တန်းနေရမယ်။ ပြတ်သွားလို့မရဘူး။ အဲဒါကြောင့် ဒီပညာရပ်ကို အသက်ရှူနည်းစနစ်လို့ ခေါ်တာ။ ဒီပညာရပ်မှာ စုစုပေါင်း ကိုယ်နေဟန် ရှစ်မျိုး ပါရှိတယ်။ ဒါပေမယ့် ဒီအသက်ရှူနည်းစနစ်က အလွန်ပြင်းထန်တယ်။ မှန်မှန် ကန်ကန် မလေ့ကျင့်နိုင်ပါက ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်ပျက်စီးစေနိုင်တယ်။ ဒါကြောင့် နင် မလေ့ကျင့်ခင်မှာ နင့်ကိုယ်အတွင်းအင်္ဂါတွေကို အာဟာရ ဖြည့်တင်းဖို့ သုံးရက်တစ်ကြိမ် ဆေးဝါးတွေကို အသုံးပြုပေးရမယ်။ ဒီနည်းစနစ်ကို အမြန်အောင်မြင်ဖို့ အလျင်စလို လေ့ကျင့်လို့မရဘူး။ အမွှေးတိုင်တစ်ချောင်း ထွန်းညှိချိန်ကြာ တစ်ရက် တစ်ကြိမ် လေ့ကျင့်ပေးတာ အကောင်းဆုံးပဲ။”
“ဝိညာဉ်လိပ် အသက်ရှူခြင်းပညာရပ်က မြွေပုံစံအသက်ရူထိန်းချုပ်ခြင်း ပညာရပ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်။ ဒီပညာရပ်က လက်ဖြစ်စေ, ဘာမှမရှိခြင်း နတ္ထိသဘောကို ဖြစ်စေ၊ အကန့်သတ်မရှိ အာရုံစိုက်ထားလို့ရတယ်။ ဒီအသက်ရှုနည်းစနစ်က ချက်ကြိုးကို ကာကွယ်ပေးထားပြီး၊ အလွန်သိမ်မွေ့သော အခြေအနေတစ်ခုထဲသို့ ဝင်ရောက်သွားစေနိုင် တယ်။"
သုံးရက်လုံးလုံး ဟုန်ယွိနှင့် မုရုန်ယန်တို့သည် လက်သီးနည်းစနစ်များကို အပြန်အလှန် ဖလှယ်ခဲ့ကြသည်။
နောက်နှစ်ရက်အကြာတွင်၊ သူသည် မြွေပုံစံအသက်ရူထိန်းချုပ်ခြင်းပညာရပ်၏ အသေး စိတ် အချက်အားလုံးကို နောက်ဆုံးတွင် မှတ်မိခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ မုရုန်ယန် သည် အမျိုးမျိုးသော ရုပ်ပုံများကို ဆွဲပြကာ မှတ်ဉာဏ်ထဲမှ စိတ်ဝိညာဉ် ကျင့်ကြံခြင်း နည်းလမ်းများကို ရေးသားပေးပါသည်။ သူမသည် ၎င်းကို စာအုပ်ငယ်တစ်အုပ်ဖြင့် ရေးပေး ခြင်းဖြစ်ပါသည်။
ဟုန်ယွိအနေဖြင့်မူ၊ သူသည် ဝိညာဉ်လိပ်အသက်ရှုခြင်းပညာရပ်နှင့် ကျားနတ်ဆိုး အရိုး ပုံသွင်းခြင်းလက်သီးပညာ၏ ရုပ်ပုံများနှင့် စကားလုံးများကို တူးယူထားပြီး ဖြစ်သည်။ သူသည် ၎င်းတို့အား လျှို့ဝှက်စွဲစာအုပ်တွင် ကူးယူကာ လဲလှယ်ပေးခဲ့သည်။
"ကောင်းလိုက်တာ, မုကလေးက လိပ်ပြာအကလက်သီးကို ခုနစ်ဆယ်မှ ရှစ်ဆယ် ရာခိုင်နှုန်းအထိ ကျွမ်းကျင်နေပြီ။ သူမခန္ဓာကိုယ်ရှိ အဆစ်တွေက မာကြောပြီး ပေါ့ပါးနေပြီ။ သူမအနေနဲ့ လအနည်းငယ်ကြာအောင် ငြိမ်းချမ်းစွာ ကျင့်ကြံနိုင်တယ်။ သူမ သိုင်းသခင်နယ်ပယ်ရဲ့ မဟာပြီးပြည့်စုံခြင်း အဆင့်ကို ရောက်တဲ့အခါ, သူမက အသက်ရှု နည်းစနစ်တစ်ခုကို စတင်သင်ယူနိုင်ပြီ။ ငါ့ဝိညာဉ်လိပ်အသက်ရူခြင်း ပညာရပ်က သူမနဲ့ မသင့်လျော်ဘူး။ ဒီမြွေပုံစံအသက်ရူထိန်းချုပ်ခြင်းပညာရပ်က ဆန်းကြယ်ကောင်ကင်ဘုံ ခန်းမရဲ့ စစ်မှန်တဲ့ပညာရပ်တစ်ခုပဲ။”
ဟုန်ယွိသည် မုရုန်ယန် ကူးယူပေးသည့် လျှို့ဝှက်စာအုပ်ကို သိမ်းဆည်းပြီးနောက်, သူသည် မုကလေးကို လျှို့ဝှက်လေ့လာနိုင်ရန် ချက်ခြင်း ပေးပို့လိုက်ပါသည်။
"ငါ ကျားနတ်ဆိုးအရိုးပုံသွင်းခြင်းလက်သီးပညာရပ်ကို အာရုံစိုက် လေ့ကျင့်ပြီး၊ သိုင်းသခင် နယ်ပယ်ရဲ့ မဟာပြီးပြည့်စုံခြင်းအဆင့် ရောက်အောင် ကြိုးစားသင့်တယ်။ ဒါပေမယ့်, တကယ်လို့, ငါသာ ကျားနတ်ဆိုးအရိုးပုံသွင်းခြင်း လက်သီးပညာရပ်နဲ့ လိပ်ပြာအက လက်သီးတို့ကို အတူတူ လေ့ကျင့်ပါက ဘာဖြစ်လာမလဲ ငါ မြင်ချင်မိသား..။”
ထိုညတွင် ဟုန်ယွိသည် သူ့စိတ်ဝိညာဉ်ကို ကျင့်ကြံပြီးနောက် ရုတ်တရက် အကြံတစ်ခု ရလာခဲ့ပါသည်။ ကျားနတ်ဆိုးအရိုးပုံသွင်းခြင်း လက်သီးပညာရပ်ကို လေ့ကျင့်ပြီးနောက်၊ သူသည် သူ့စိတ်လှုပ်ရှားမှုများ တည်ငြိမ်သွားစေရန် မစောင့်တော့ဘဲ လိပ်ပြာအက လက်သီးကို လေ့ကျင့်ခဲ့ပါသည်။
မျှော်လင့်ထားသည့်အတိုင်း ဆိုးရွားသော သက်ရောက်မှုများ ထပ်မံ ဖြစ်ပေါ်ခဲ့သည်။
လိပ်ပြာအကလက်သီး လေ့ကျင့်မှု မပြီးဆုံးခင်မှာ, ဟုန်ယွိက သူ့ခေါင်းမှာ ကွဲအက်နေသည့် နာကျင်မှုကို ခံစားခဲ့ရပါသည်။ ထိုနာကျင့်မူက သူ့ခေါင်းမှာရှိနေသည့် မာကျောသည့် အသားစိုင်ကြီးက ပွင့်ထွက်တော့မည့်အတိုင်းပင်။
သူ့အမြင်အာရုံ မှောင်မိုက်သွားပြီး၊ သူ့ဟန်ချက်က လုံးဝ ပျက်သွားခဲ့သည်။ ဟုန်ယွိသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး သတိလစ်လုနီးပါး ဖြစ်ခဲ့သည်။
ကျားနတ်ဆိုး၏ ကြမ်းတမ်းခက်ထန်သော အတွေးများနှင့် လိပ်ပြာအကလက်သီး၏ ကျက်သရေရှိလှသော အတွေးများက သူ့စိတ်ဝိညာဉ်၌ ပြင်းထန်စွာ ရိုက်ခတ်သွားပြီး ၎င်းစိတ်ဝိညာဉ်ကို ပျက်စီးစေသည်။
ဟုန်ယွိသည် အမိတ္တဘကျမ်းကို အလျင်အမြန် ပုံဖော်လိုက်ပါသည်။ ဤတစ်ကြိမ်တွင် သူသည် နှစ်နာရီပတ်လုံး တရားရှုမှတ်ခြင်း အခြေအနေသို့ ဝင်ရောက်ပြီး ပုံရိပ်ဖော် ကျင့်ကြံနေခဲ့သည်။ ထိုမှပင် သူသည် ပျက်စီးသွားသော စိတ်ဝိညာဉ်ကို ပြန်လည်ကုစားနိုင် ခဲ့ပါသည်။
သူ့စိတ်ကို ရှင်းထုတ်ပြီးနောက် ဟုန်ယွိသည် အလွန် ပေါ့ပါးပြီး ပျံသန်းနိုင်သလို ခံစားရပါ သည်။ တစ်ချိန်တည်းမှာပင် သူသည် နွားသိုးနတ်ဆိုး ခွန်အားလက်သီး ပညာရပ်နှင့် ကောင်းကင်ဘုံရစ်ပတ်ခြင်းလက်ဝါးတို့ကို လေ့ကျင့်စဉ်ထက်ပင် သူ့အခြေအနေက ပိုကောင်းလာပါသည်။
တစ်ချိန်တည်းမှာပင် ဟုန်ယွိသည် အတိတ်၏ အဓိတ္တဘကျမ်းကို ပိုမိုနက်ရှိုင်းစွာ နားလည် လာခဲ့သည်။
“စကြာဝဠာထဲက အရာအားလုံးကို ပြောင်းလဲနိုင်တယ်။ အတိတ်တစ်ခုပဲ ပြောင်းလဲလို့ မရတာ။ ငါ့ရဲ့အစစ်အမှန်ငါက အတိတ်ကအတိုင်းပဲ။ ဆင်းရဲ ဒုက္ခတွေနဲ့ ကပ်ဘေးတွေ ဘယ်လောက်ပဲ များပြားနေပါစေ လုံးဝ မပြောင်းလဲဘူး။ အတိတ်မှာ ဖြစ်ခဲ့တဲ့အရာတွေကို မှော်ပညာက မပြောင်းလဲနိုင်သလို အစစ်မှန်ငါကိုယ်တိုင်ကလည်း မပြောင်းလဲနိုင်ဘူး။”
စိတ်ဝိညာဉ်သည် အတိတ်နှင့်တူပြီး၊ မပြောင်းလဲနိုင်၊ မလှုပ်ခါနိုင်၊ ဖျက်ဆီး၍ မရနိုင်, နောက်ပြန်လည်း မဆုတ်နိုင်ပေ။
အခန်း (၉၃)။
"မုရုန်ယန်, ကိုယ်ခံပညာ, တာအိုနည်းစနစ်တို့နဲ့ ပတ်သက်ရင် ဘယ်အရာက သာလွန် တယ်လို့ မင်း ထင်လဲ။"
အစိမ်းရောင်မိုးမခစံအိမ်၏ လေ့ကျင့်ရေးကွင်းတွင် ဟုန်ယွိသည် အနက်ရောင်လေးကို ကိုင်ဆောင်ထားသည်။ လေး၏အစွန်းနှစ်ဖက်တွင် ဦးချိုများပါရှိပြီး လေးပတ်ပတ်လည်မှာ ဖဲကြိုးများဖြင့် ရစ်ပတ်ထားသည်။ လေးကြိုးသည် ပယင်းကဲ့သို့ တောက်ပနေပြီး အဝါရောင် ဖြစ်သည်။
လေးကို ခွန်အားအပြည့်ဖြင့် ဆွဲလွှတ်ပြီးနောက် " ရွှီး.." ဟူသော ရှည်လျားပြီး စူးရှသော အသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။ ၎င်းအသံသည် လေထဲဖြတ်သန်းသွားသည့် မြှားသံ ဖြစ်ပါသည်။
ဘန်း..။
ရှည်လျားသော မြားတစ်စင်းသည် ခြေလှမ်း ၄၀၀ အကွာဝေးရှိသော လေဟာနယ်ကို ဖြတ်သွားကာ သားရေပစ်မှတ်၏ နွားမျက်လုံးကို ထိမှန်သွားပါ သည်။ မြှားသည် မာကြော သောသားရေကို ထိုးဖောက်ပြီး၊ ၎င်း၏ ကြီးမားသော အဖျက်စွမ်းအားကို ပြသခဲ့သည်။
"လင်းယုန်ငှက်မွေးမြှားက မျှော်လင့်ထားသလိုပါပဲလား။ ပျံသန်းပြီးတာတောင်မှ ဘေးကို သွေဖည်သွားခြင်းမျိုး မရှိခဲ့ဘူး။ ဒီသံမဏိသစ်သား မဟူရာအရိုးလေးကလည်း ယွန်မင်ရဲ့ သမိုင်းကြောင်း, ယှဉ်ကျေးမူနဲ့ ဆက်စပ်နေတဲ့ လက်နက်တစ်ခု ဖြစ်တယ်။ ဒီလေး, ဒီမြားနဲ့ဆို, မြင်းတပ်သားတွေ ဟာ ကမ္ဘာအနှံ့ ဖြန့်ကျက်ကြီး၊ မြက်ခင်းပြင်တွေတစ်လျှောက် အတားအဆီးမဲ့ ရွေ့လျားနိုင်ဖို့ လုံလောက်တယ်။ ဒါကြောင့်လည်း သူတို့က လုယူဓားပြ တိုက်ဖို့ တော်ဝင်ချန်ရဲ့နယ်မြေတွေဆီ အကြိမ်ကြိမ် လာခဲ့ကြတာပေါ့။”
လေးဆွဲပြီး မြားပစ်သူမှာ ဟုန်ယွိ ဖြစ်ပါသည်။ သူသည် အဖြူရောင်ရှပ်အင်္ကျီ၊ အဖြူရောင် ဒူးကာ၊ အဖြူရောင် တံတောင်ဆစ်အကာတို့ကို ဝတ်ထားပါသည်။ အကာကွယ် ဦးထုပ်ကို ဆောင်းမထားသော်လည်း သူ့ခန္ဓာကိုယ်၏ အရေးကြီးသော အစိတ်အပိုင်းတွေကို အကာအကွယ် ပေးထားပါသည်။ ဤသည်မှာ ယွန်မင်၏ အထူးပြုချုပ်လုပ်ထားသည့် အဖြူရောင် နွားသိုးချပ်ဝတ် ဖြစ်ပါသည်။ ၎င်းသည် အရောင်ဖျော့နေပြီး၊ ထုရိုက်ခြင်း၊ ဖိညှစ်ခြင်း၊ ဆွဲခြစ်ခြင်း, ချုပ်ရာအသီးသီးရှိနေပါသည်။ ၎င်းသည် ပါးလွှာသော သံမဏိ ချပ်ဝတ်နှင့် ယှဉ်နိုင်ပြီး၊ အလွန်အားကောင်းသော ခုခံမှုတစ်ခု ပါရှိပါသည်။ အထူးသဖြင့် ၎င်းသည် ပေါ့ပါးပြီး၊ ၅ ခပ်တီမှ ၆ ခပ်တီလောက်သာ အလေးချိန်ရှိပါသည်။ (catties - သည် အရှေ့တောင် အာရုတွင် အသုံးပြုသော အလေးချိန်ယူနစ်တစ်ခု ဖြစ်ပြီး၊ အစဉ်အလာ အားဖြင့် တစ်ပေါင်ခွဲခန့်နှင့် ညီမျှသော်လည်း တရုတ်ပြည်မကြီးတွင် 0.5 ကီလိုဂရမ်၊ ထိုင်ဝမ်နှင့် ထိုင်းနိုင်ငံတို့တွင် 0.6 ကီလိုဂရမ်နှင့် ဟောင်ကောင်၊ မလေးရှားနှင့် စင်ကာပူတို့တွင် 0.605 ကီလိုဂရမ်ခန့်ဟုယူကြသည့် အလေးချိန်ယူနစ်တစ်ခု ဖြစ်သည်။)။
သူ့လက်ထဲတွင်ရှိသော သံမဏိသစ်သားမဟူရာအရိုးလေးသည် ကျောက်တုံး သုံးလုံးမှ လေးလုံးအထိ ခွန်အားရှိသော လေးတစ်လက် ဖြစ်ပါသည်။ (ကျောက်တုံးတစ်လုံးသည် ကီလီဂရမ်တစ်ရာရှိကြောင်း ရှေ့မှာ ပြဆိုပြီးပါပြီ)။
ပစ်လွှတ်လိုက်သော မြှားသည် ယွန်မင်၏ လင်းယုန်ငှက်မွေးမြှား ဖြစ်ပါသည်။ ဤမြားမျိုး သည် လင်းယုန်ငှက်ကြီးများ၏ အမွေးများမှ ဖန်တီးထားခြင်း ဖြစ်သည်။ မြှားပစ်လွတ်ပြီး နောက် လေပြင်းတိုက်ခတ်နေရင်တောင် သွေဖည်သွားခြင်း မရှိပါဘူး။ ၎င်းသည် ထိပ်တန်း မြှားတစ်စင်း ဖြစ်ခဲ့ပါသည်။
တော်ဝင်ချန်နိုင်ငံ၏ မြှားများသည် အားလုံး ငန်းဘဲငှက်မွေးမြှားများ ဖြစ်ကြပြီး၊ လင်းယုန် ငှက်မွေးမြှားများထက် နိမ့်ကျပါသည်။
ဟုန်ယွိသည် သမိုင်းနှင့် စစ်ပညာရပ်များကို ကောင်းစွာ တတ်မြောက်သူ ဖြစ်သည်။ ယွန်မင်၏ မြင်းစီးပြီး လေးပစ်မှုသည် လျင်မြန်ပြီး ပြင်းထန်ကြောင်း သူသိသည်။ ကြောက်စရာ အကောင်းဆုံးမှာ လေးလံသော သံမဏိဗုဒ္ဓမြင်းတပ် မဟုတ်ဘဲ အမှောင် သွေးမြင်းပေါ် စီးနင်းပြီး၊ သံမဏိသစ်သား မဟူရာအရိုးလေးကိုကိုင်ဆောင်ကာ၊ အဖြူရောင် နွားသိုးချပ်ဝတ်ကို ဝတ်ဆင်ထားသည့် လျင်မြန်ဖျတ်လတ်သော အပေါ့စားမြင်းတပ်များ ဖြစ်ပါသည်။
ဤကဲ့သို့ ပေါ့ပါးသော မြင်းတပ်သည် ရောက်လာပြီး လေကဲ့သို့ ထွက်သွားကြပါသည်။ မြင်းစီးရင်း သူတို့သည် ရှန်တန်သိုင်းသခင်တစ်ဦး၏ လျင်မြန်မှုနှင့် ရွှေ့လျားနိုင်စွမ်းကို ပိုင်ဆိုင်ထားကြပါသည်။ သူတို့ နယ်စပ်ကို လာရောက်လုယက်ကြသည့်အခါ, စစ်တပ်က ကြားဖြတ်တားဆီးရန် စုစည်းဖို့ပင် မဖြစ်နိုင်ခဲ့ပေ။ သူတို့သည် မြို့ငယ်လေးများကို လုယက်သည့်အခါတိုင်း တဟုန်ထိုး မောင်းနှင်ထွက်ပြေးကြသည်။ ကိုယ့်ကိုယ်ကို ကာကွယ်ရန် တံတိုင်းမြင့်ကြီး ဆောက်ဖို့ကလွဲပြီး၊ တော်ဝင်ချန် စစ်တပ်လည်း သူတို့ကို ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။
သို့သော်လည်း နယ်နိမိတ်သည် ကျယ်ပြောလှပြီး နေရာတိုင်းတွင် တံတိုင်းကြီးများ တည်ဆောက်ရန်မှာ မဖြစ်နိုင်ပေ။ ရလာဒ်အနေဖြင့် မင်းဆက်တစ်လျှောက်လုံး နယ်စပ် ဒေသခံများသည် အလွန် ဒုက္ခရောက်ခဲ့ကြရသည်။
ယခု ဟုန်ယွိသည် လေးကိုင်ပြီး၊ မြှားတစ်စင်းကို ပစ်ကာ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထား ပြီး၊ ယင်းက မည်မျှ အစွမ်းထက်ကြောင်းကို နက်နဲစွာ နားလည်လာခဲ့သည်။
“ဒီလွင်ပြင်ဒေသရဲ့ကျားတွေဟာ သူတို့ရဲ့မြားပစ်မှုမှာ တကယ့်ကို ကြောက်မက်ဖွယ် ကောင်းပြီး၊ အထူးသဖြင့် သူတို့ရဲ့ လုယူနိုင်တဲ့ စွမ်းရည်ပဲ။ ဒါက သူတို့ရဲ့ အရိုးထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီး မပြောင်းလဲနိုင်တော့ဘူး။ တကယ်လို့, သူသာ သူတို့ကို လုံးဝ အနိုင်ယူနိုင်ဖို့ နည်းလမ်းတွေ တွေးတောနိုင်မယ်ဆိုရင်, ဒါက ကောင်းတဲ့ အရာတစ်ခု ဖြစ်လိမ့်မယ်။ မင်းဆက်တွေနဲ့ ပညာရှင်မျိုးဆက်တွေ တစ်လျှောက်လုံး ဘယ်သူမှ မစွမ်းဆောင်နိုင်ခဲ့တာ သနားစရာပဲ။ အခု ငါက မုရုန်ယန်နဲ့ အလုပ်တွဲလုပ်နေ တော့ာ ရန်သူအကြောင်း ငါ့ကိုယ်ငါသိသလို သိနိုင်ပြီလို့ ပြောလို့ရတယ်။ အနာဂတ်မှာ, တကယ်လို့, ငါသာ စစ်တပ်ကိုပံ့ပိုးပြီး ယွန်မင်နဲ့ ရင်ဆိုင်ရင် အောင်မြင်ဖို့ အခွင့်အလမ်း ပိုများလာလိမ့်မယ်။"
ဤရက်များတွင်, ကိုယ်ခံပညာ ဖလှယ်ခြင်းအပြင်, ဟုန်ယွိသည် မုရုန်ယန်နှင့် တစ်ခါတစ်ရံ စကားပြောလေ့ရှိသည်။ သူသည် ယွန်မင်အင်ပါယာ၏ စစ်တပ်၊ ၎င်း၏ ဓလေ့ထုံးစံများ၊ မင်းမျိုးမင်းနွယ်များနှင့် လက်ရှိအခြေအနေတို့ကို အနည်းငယ် လေ့လာခဲ့သည်။ သူ့စိတ်နှလုံးထဲမှာ အကြောင်းအရာများစွာကို တဖြည်းဖြည်း နားလည်လာခဲ့သည်။
ယွန်မင်နိုင်ငံအကြောင်း ပိုမိုနားလည်သဘောပေါက်ခြင်းသည် အနာဂတ်တွင် သူ တပ်ထဲသို့ ဝင်ရောက်သောအခါတွင် သူ့အတွက် များစွာ အကျိုးရှိလိမ့်မည်။
"သေချာပေါက်, တာအိုနည်းစနစ်တွေက အစွမ်းထက်တာပေါ့”။
မုရုန်ယန်သည် ဟုန်ယွိ လေးကိုဆွဲပြီး မြှားပစ်နေသည်ကို ကြည့်နေပါသည်။ သူမသည် အနည်းငယ် လှုပ်ရှားသွားသော်လည်း အံ့ဩတကြီး မဖြစ်ခဲ့ပေ။ ဤသံမဏိသစ်သား မဟူရာအရိုးလေးကို သိုင်းသခင်များသာ ဆွဲနိုင်သော်လည်း, ဟုန်ယွိ၏ လက်ရှိ ကိုယ်ခံ ပညာနယ်ပယ်ဖြင့် ၎င်းကို ဆွဲနိုင်ခြင်းသည် ပုံမှန်မြင်ကွင်းမျိုး မဟုတ်ပေ။ သို့သော်လည်း ယွန်မင်အင်ပါယာတွင် ကြီးမားသော ခွန်အားဖြင့် မွေးဖွားလာကြသော စစ်သည်များစွာ ရှိပါသည်။ သူတို့သည် သိုင်းစစ်သည်တော်အဆင့်မှာပင် လေးကိုဆွဲနိုင်ကြပါသည်။ ထို့ကြောင့်, ဤကိစ္စက ကြီးကြီးမားမားကိစ္စ မဟုတ်ခဲ့ပါဘူး။
သူမသည် သူမစကားတွေကို ပြန်မရုတ်သိမ်းခဲ့ပေ။ လက်သီးနည်းစနစ်များ ဖလှယ်ပြီး နောက်, ဒုတိယနေ့တွင် သူမလက်အောက်ရှိ စစ်သည်များအား ရတနာစံအိမ်သို့ တိတ်တဆိတ် စေလွှတ်ကာ ဟုန်ယွိအတွက် လေးနှင့် သံချပ်ကာကို ယူဆောင်ရန် အမိန့်ပေးခဲ့သည်။
သူမသည် လက်သီးနည်းစနစ်များကို ဆန်းကြယ်ကောင်ကင်ဘုံခန်းမသို့ ပြန်မပို့သေးသလို ဂိုဏ်းထဲမှ ဆုကြေးငွေကို ရယူနိုင်စွမ်း မရှိသေးသော်လည်း, သူမသည် အရင်းအမြစ်များစွာ ကို ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ပါသည်။ ရတနာစံအိမ်တွင် လေးနှင့်ချပ်ဝတ်တစ်ခု ရှိနေသော ကြောင့် ဟုန်ယွိအတွက် ကြိုတင်ယူပေးခြင်းက ကြီးကြီးမားမားကိစ္စတစ်ခု မဟုတ်ပါဘူး။
သို့သော်လည်း ဟုန်ယွိသည် တိတ်တဆိတ် သတိထားနေခဲ့သည်။ မုရုန်ယန်သည် ထိန်းချုပ်သော ကျောက်စိမ်းမြို့တော်၏ ရတနာစံအိမ်တွင် လေးနှင့် သံချပ်ကာတစ်ခု ရှိနေခဲ့သည်။ အကယ်၍, ၎င်းတို့ကို ပမာဏ အနည်းငယ်သာ စုဆောင်းထားသည်ဆိုလျှင်, ဤအရာက ကြီးကြီးမားမား ကိစ္စ မဟုတ်ပါဘူး။ အကယ်၍, ဒါဇင်ပေါင်းများစွာ သို့မဟုတ် ရာနှင့်ချီပြီး ရှိနေမည်ဆိုလျှင်, သူမ အရေးပေါ်အခြေအနေ ကြုံလာသည့်အခါ, အင်အား အများကြီး ပေးနိုင်ပါလိမ့်မည်။
မုရုန်ယန် ကျောက်စိမ်းမြို့တော်ကို လာရသည့် အခြားရည်ရွယ်ချက် ရှိနေသေးသည်ဟု သူ ခံစားမိသော်လည်း, ဟုန်ယွိက ထိုအရာကို ဖော်မပြခဲ့ပါဘူး။ သူသည် တိတ်တဆိတ်သာ အာရုံစိုက်နေခဲ့သည်။ မည်သို့ပင်ဆိုစေ, ယခုအခါ, သူတို့သည် ပူးပေါင်းဆောင်ရွက်မှု၏ ပျားရည်စမ်းကာလတွင်သာ ရှိနေကြသေးပြီး၊ လူတိုင်းတွင် ကိုယ်ပိုင်လျှို့ဝှက်ချက်များ ရှိကြပါသည်။
ထို့အပြင်, ရတနာစံအိမ်သည် ကျောက်စိမ်းမြို့တော်တွင် ကြီးမားသော ဈေးဆိုင် ဖြစ်ပါ သည်။ ၎င်းတွင် အပေါင်လုပ်ငန်း, ရွှေငွေ, လက်ဝတ်ရတနာ, ပိုးထည်နှင့် အခြားလုပ်ငန်း များ ပါဝင်သည်။ ၎င်းသည် ရွှေရောင်ခန်းမပြီးရင် ဒုတိယနေရာမှာ ရှိနေပါသည်။ ၎င်းသည် အင်ပါယာနန်းတွင်းရှိ မင်းသားများ, မင်းမျိုးမင်းနွယ်များနှင့်လည်း အဝင်ထွက် ရှိနေခဲ့ သည်။ မရှင်းလင်းသော ပါဝင်ပတ်သက်မှုကြောင့် ဟုန်ယွိအနေဖြင့် ရူးသွပ်စွာ စုံစမ်း စစ်ဆေးရန် မကောင်းလှပေ။ သူသည် အခြေအနေကို စောင့်မျှော်ကြည့်ရှုနေရုံသာ တတ်နိုင်ပါသည်။
"တာအိုပညာက အစွမ်းထက်တယ် ဟုတ်လား။ ဒါပေမယ့် အဲဒီနေ့က၊ မင်း ငါတို့ကို ခိုးဝင် တိုက်ခိုက်ပြီး မုကလေးကို ပြန်ပေးဆွဲတဲ့အခါတုန်းက, မင်း ဘာလို့ ငါ လေးနဲ့မြှားပစ်တာကို ခံရတာလဲ။” ဟုန်ယွိက ပြုံရင်း ပြောလိုက်ပါသည်။
ဟုန်ယွိသည် ကိုယ်ခံပညာနှင့် တာအိုပညာများကြား ထိပ်တိုက် ရင်ဆိုင်မှုတွင် မည်သူက သာလွန်သည်ကို အမြဲ ရှာဖွေလိုခဲ့သည်။ ထိုမှသာ, အနာဂတ်တွင် ရန်သူနှင့် ရင်ဆိုင်ရသော အခါ, သူသည် အကြံအစည်တစ်ခု ချမှတ်နိုင်မည် ဖြစ်ပါသည်။ သူကိုယ်တိုင် ကျင့်ကြံထား ပြီးဖြစ်သော်လည်း နားမလည်နိုင်ခြင်းက သနားစရာပင်။ ယခုမူ မုရုန်ယန်သည် သူ့အနားတွင် ရှိနေသောကြောင့် ထိုအကြောင်းကို ဖော်ထုတ်နိုင်ရန် ပစ်မှတ်ကောင်း ဖြစ်ခဲ့သည်။
"ဟမ့်၊ အဲဒီနေ့က, ငါက သတိလက်လွတ် ဖြစ်သွားခဲ့လို့။ ပြီးတော့, နင်က တာအိုပညာရပ် ကိုလည်း ကျင့်ကြံထားမယ်လို့ ငါ မမျှော်လင့်ထားမိဘူး။ ဒါ့အပြင်, နင်က ငါ့ရဲ့ မဟူရာ နတ်ဆိုးကျီးကန်း အစီအရင်ကို မကြောက်ဘူးလို့ ငါ မမျှော်လင့်မိဘူး။ အခု ငါ နင်နဲ့ ယှယ်ပြိုင်မယ်ဆိုရင်, နင့်ရဲ့မြှားက ငါ့ကို သေချာပေါက် မထိခိုက်နိင်တော့ဘူး။ ဒါ့အပြင်, ငါ့တာအိုပညာရပ်က အပေါ်ယံဖြစ်နေဆဲ ဖြစ်ပြီး၊ ငါကိုယ်တိုင်ကလည်း ရုပ်လုံးဖော်ခြင်း အဆင့်ကို ရောက်ခါစပဲ ရှိသေးတယ်။ တကယ်လို့, ငါ့စိတ်ဝိညာဉ်သာ ဒီထက် အနည်းငယ် ပိုနက်ရှိုင်းပြီး၊ ရုပ်လုံးဖော်ခြင်းအဆင့် အဆင့်မြင့်အဆင်ထိ ရောက်ရှိနေပါက, အဆောင် တစ်ခုနဲ့တင် နင့်ကို သေတဲ့အထိ တိုက်ခိုက်နိုင်တယ်။ ဂျိဒန်နဲ့ပုံရိပ်ဖော်ဖို့ လုံးဝ မလိုအပ် ဘူး။” ထိုနေ့က အဖြစ်ပျက်အကြောင်း ဟုန်ယွိ ပြောလာသည်ကို မုရုန်ယန် ကြားရသည့် အခါက သူမက မျက်ခုံးပင့်သွားပါသည်။
"အဆောင်တစ်ခုကပင် ငါ့ကို သေစေနိုင်တာလား။ မင်း ဘာကြောင့် ဒီလိုပြောတာလဲ။" ဟုန်ယွိက မေးသည်။
မုရုန်ယန်က ဘာမှ ပြန်မပြောပေ။ ယင်းအစား, သူမသည် သူမရင်ခွင်ထဲက အဆောင် တစ်ခုထုတ်ပြီး မျက်လုံးများကို မှိတ်လိုက်ပါသည်။ အဆောင်သည် ပျံထွက်သွားပြီး ခြေလှမ်းတစ်ရာအကွာရှိ မိုးမခပင်တစ်ပင်ပေါ်တွင် သူ့ကိုယ်သူ ချည်နှောင်လိုက်ပါသည်။ ထို့နောက် အမြောက်ဖြင့် ပစ်ခတ်လိုက်သကဲ့သို့ ပေါက်ကွဲသွားခဲ့သည်။ သစ်ပင်၏ အခေါက်ကြီးများသည် လွင့်ထွက်သွားပြီး သစ်ပင်ပေါ်ရှိ ငှက်များကို ထိတ်လန့်တုန်လှုပ်စေ ကာ ပျံသန်းသွားစေသည်။
အဆောင်ပေါက်ကွဲပြီးနောက်၊ မုရုန်ယန်သည် သူမ၏မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။
"ဒီစွမ်းအားက မီးရှူးမီးပန်းစွမ်းအားနဲ့ ညီမျှတယ်။ လူတွေကို ထိခိုက်အောင် လုပ်နိုင်ပေမယ့် လူသေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ နောက်ပြီး ပျံသန်းတဲ့အရှိန်က အရမ်းနှေးတယ်။ ကျွမ်းကျင်မူအနည်းငယ်ရှိတဲ့ လူတစ်ယောက်ဟာ ဒီပေါက်ကွဲမှုကြောင့် ဘယ်လိုလုပ် ထိခိုက်နိုင်မှာလဲ။”
ဟုန်ယွိက သူ့မျက်လုံးတွေကို ပင့်လိုက်သည်။
"ငါက အဲဒီအဆင့်ကို မရောက်သေးဘူးလို့ ငါပြောပြီးသားပါပြီ။ ဒီအဆောင်က ဂျိဒန်ကို အရည်ပျော်ရာမှာ အသုံးပြုတဲ့ မီးလျှံအဆောင်တစ်ခုပဲ။ တကယ့် ပေါက်ကွဲမီးလျှံအဆောင် မဟုတ်ဘူး။ တကယ့်ပေါက်ကွဲမီးလျှံအဆောင် ပျံထွက်သွားတဲ့အခါ သစ်ပင်တွေကိုတောင် ဖောက်ကွဲပစ်နိုင်တယ်။ ဒီထက်ပိုပြီး အံ့ဩစရာကောင်းတာက အိမ်တွေ၊ တောင်ကုန်းငယ်လေးတွေကိုတောင် ဖျက်စီးပစ်နိုင်တယ်။ ဒီစွမ်းအားက ကောင်းကင်နဲ့ မြေကြီးကို ခွဲခြမ်းပစ်ဖို့ လုံလောက်တယ်။ ဆယ်ကျန်း အချင်းဝက်အတွင်းရှိ အရာအားလုံး ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားလိမ့်မယ်။ လူတစ်ယောက်ဟာ ဘယ်လောက်ပဲ ကျွမ်းကျင်နေ ပါစေ, လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့်, ယခု ငါက အဲဒီလိုအဆောင်မျိုးကို အသုံးမပြုနိုင်သေးဘူး။ မဟုတ်ရင်, ငါ့စိတ်ဝိညာဉ်ပါ ဖျက်ဆီးခံရလိမ့်မယ် ဒါ့အပြင်, တကယ်လို့, ငါသာ ရုပ်လုံးဖော်ခြင်းအဆင့်ကို အဆင့်မြင့်အဆင့်အထိ ကျင့်ကြံနိုင်ခဲ့ပါက, ငါက ငါ့စိတ်ဝိညာဉ်ကို သိပ်သည်းနိုင်မှာဖြစ်ပြီး၊ အဆောင်တွေ ဒါမဟုတ် ဂျိဒန်တွေ လုံးဝ မလိုအပ်တော့ဘူး။”
မုရုန်ယန်၏ စကားကိုကြားတော့ ဟုန်ယွိသည် သူ၏ ပေါက်ကွဲမီးလျှံနတ်ဘုရား အဆောင် ဓားကို တွေးလိုက်မိပါသည်။ ၎င်းဓားသည် မည်မျှ အစွမ်းထက်သည်ကို သူ မသိပေ။
မုရုန်ယန်က သူမဘေးက ရေကန်ကို လက်ညှိုးထိုးပြပြီး ပြောသည် “ရုပ်လုံးဖော်ခြင်း အဆင့်မြင့်အဆင့်ထိ ရောက်ရှိသွားတဲ့ သူတွေဟာ အတွေးတစ်ချက်နဲ့တင် သူတို့ရဲ့ စိတ်ဝိညာဉ်တွေဟာ ပျံထွက်သွားနိုင်ပြီး ပုံသဏ္ဍာန်တစ်ခုဖန်တီးဖို့ ရေ, မီးနဲ့ မြေဆီလွှာကို အသုံးပြုနိုင်တယ်။”
ထိုစကားကို ပြောပြီးနောက် သူမသည် မျက်လုံးမှိတ်သွားပြန်သည်။ ဟုန်ယွိသည် သူ့ပတ်ဝန်းကျင်မှ အေးစိမ့်သော လေပြင်းတစ်ချက် တိုက်ခတ်မူကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရပြီး အဝေးမှ ရေကန်ပြင်ဆီသို့ လွှင့်ထုတ်သွားပါသည်။ ထို့နောက် ရေမျက်နှာပြင်ပေါ်တွင် ရုတ်တရုတ် ဖျန်းခနဲ အသံတစ်ချက် ထွက်ပေါ်လာပါသည်။ ပက်ဖျန်းသွားသော ရေများက မုရုန်ယန်နှင့်တူသည့် လူသားတစ်ဦးအသွင်သို့ ဖြည်းဖြည်း ချင်း ပေါင်းစပ်သွားပါသည်။ ရုတ်တရက်ဆိုသလို ထိုရေပုံရိပ်သည် ရေကန်ထဲက ခုန်တက် ပြီး ဟုန်ယွိကို လက်သီးဖြင့် ထိုးသည်။
ပြင်းထန်သော လက်သီးလေလှိုင်းနှင့်အတူ ရောနှောနေသော ရေငွေ့သည် သူမျက်နှာကို လွင့်ထုတ်၏။
တွေးမနေတော့ဘဲ, ဟုန်ယွိသည် လက်သီးတစ်ချက် ထိုးထုတ်လိုက်ပါသည်။ သူတို့လက်သီးနှစ်ခု အပြင်းအထန် ထိပ်တိုက်ရင်ဆိုင်မိသောအခါ ရေပုံရိပ်၏ ဦးခေါင်း သည် ချက်ချင်း ပြန့်ကျဲသွားပါသည်။ ရေစက်များက နေရာတိုင်းမှာ ပြန့်ကျဲသွားသော် လည်း စွမ်းအားက ပြင်းထန်ခြင်း မရှိပေ။
"ပုံရိပ်ဖော်ဖို့ ရေကိုအသုံးပြုတာက ခဲပြဒါးချီကို အသုံးပြုသလို အစွမ်းထက်နိုင်မှာ မဟုတ်ဘူး။ အမှန်တော့, ခဲပြဒါးက လေးလံပြီး၊ ရေက ပေါ့ပါးတယ်။ တကယ်လို့, မင်း အလျင်အမြန် လှုပ်ရှားမယ်ဆိုရင်, မင်းမှာ လုံလောက်တဲ့ စွမ်းအင်မရှိတော့ဘူး။" ဟုန်ယွိက ရယ်မောလိုက်သည်။
“မှန်ပါသည်။” ရေပုံရိပ် ပြန့်ကျဲသွားချိန်မှာ, လေ့ကျင့်ရေးကွင်းပြင်က စိုစွတ်နေပါသည်။ မုရုန်ယန်က သူမစိတ်ဝိညာဉ်ကိုကို ပြန်လည်ဆုတ်ခွာပြီး သူမမျက်လုံးတွေကို ဖွင့်ကာ ပြောသည် "ဒါပေမယ့် ဒါက မီးပုံရိပ်ဖြစ်နေရင် နင် ဘယ်လိုလုပ်မလဲ။ နင် ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်ဝံ့လား။ အဲဒီမီးလျှံပုံရိပ်က နင့်ဆီကို လက်သီးတစ်ချက် ထိုးလိုက်ရုံနဲ့ နင် အဆုံးသတ်သွားလိမ့်မယ်။ ဒါ့အပြင်, မီးက အလေးချိန်မရှိတဲ့အပြင် ရေထက်လည်း ပေါ့ပါး တယ်။ မီးက လျှပ်စီးကြောင်းကဲ့သို့ လျင်မြန်စွာ မြန်စွာရွေ့လျားနိုင်ပြီး ရှောင်တိမ်းလို့ မရနိုင်ဘူး။"
“ပုံရိပ်ဖော်ဖို့ မီးကိုအသုံးပြုပြီး၊ စိတ်ဝိညာဉ်ကို ဒဏ်ရာရစေနိုင်တာလား” ဟုန်ယွိက ပြောသည်။
"မှန်တယ်။ ဒါပေမယ့်, တကယ်လို့, ငါသာ တစ္ဆေအင်မော်တယ်တစ်ပါး ဖြစ်လာခဲ့ရင်, ငါက ဒီရေကန်ရဲ့ ရေတစ်ဝက်ကို စုပ်ပြီး ရေဘီလူးကြီးအဖြစ် သိပ်သည်းနိုင်တယ်။ ငါက နင့်ကို တိုက်ခိုက်နေစရာတောင် မလိုဘူး။ ငါ နင့်ကို ချေမွပြီး ရေနစ်သတ်ပစ်နိုင်တယ်" မုရုန်ယန်က အထင်သေးစွာ ပြောသည်။
"မှန်ပါတယ်။" ဟုန်ယွိက သူမနှင့် အငြင်းအခုံ မလုပ်ခဲ့ပါဘူး။ ရုတ်တရက် သူက မျက်မှောင် ကြုတ်ပြီး ပြောသည် “တကယ်လို့, ငါ့သိုင်းပညာသာ သိုင်းသူတော်စင်ရဲ့ သွေးပြောင်းလဲခြင်းအဆင့်ကို ရောက်နေခဲ့မယ်ဆိုရင်, ငါ ဘာပညာရပ်ကိုပဲ အသုံးပြုပြု, ငါ့စိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်နဲ့ အနီးကပ်နိုင်မှာ မဟုတ်ဘူးမလား။”
ဟုန်ယွိသည် ဟုန်ရွှန်ကျိ၏ သွေးချီကို တွေးမိသွားပါသည်။ ၎င်းသည် ဆက်သက်လာသော နေတစ်စင်းလိုပဲ။ အခုချိန်မှာ သူ့ယင်စိတ်ဝိညာဉ်က ပြီးပြည့်စုံနေပြီဆိုရင်တောင် သူ့ခန္ဓာကိုယ် အနီးသို့ ကပ်နိုင်မှာ မဟုတ်ပါဘူး။
ထိုနေ့တုန်းက, အသက်မဲ့ တာအိုဂိုဏ်းနှင့် အစစ်မှန်လေဟာနယ် တာအိုဂိုဏ်းက ယင်စိတ်ဝိညာဉ်ကို ထိန်းချုပ်သူ ကျွမ်းကျင်သူ နှစ်ဦးသည် ပျံသန်းနေသော ဓားများဖြင့် သူ့ကို သတ်ရန် ကြိုးစားခဲ့ကြသည်။ သို့သော်, သူ့ခန္ဓာကိုယ် အနီးသို့ မကပ်နိုင်ခင်မှာ, သူတို့သည် ပြင်းထန်သော ခုခံမှုတွေနှင့် ရင်ဆိုင်ခဲ့ရပါသည်။ ဟုန်ရွှန်ကျိသည် ပျံသန်းနေ သော ဓားရှည်များကို အလွယ်တကူ ဆုပ်ကိုင်ကာ ၎င်းတို့၏ ခန္ဓာကိုယ်များကို သတ်ပစ်ပြီး၊ ယင်စိတ်ဝိညာဉ်တွေကို ဖျက်ဆီးကာ သူတို့၏ဝိညာဉ်များကို ဖျက်ဆီးပစ်လိုက်သည်။
"အဲဒီလို အခြေနေမျိုးက ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ စိတ်ဝိညာဉ် သန်မာတဲ့ တစ္ဆေ အင်မော်တယ်တွေက အတင်းအကြပ် ဖြတ်ကျော်နိုင်လောက် ပါတယ်။" မုရုန်ယန်က ပြောသည် “အဲဒီအဆင့်တိုက်ပွဲကို ငါကိုယ်တိုင် တစ်ခါမှ မမြင်ဖူးဘူးဆိုတော့ စိတ်ကူးနဲ့ ပြောလို့ မရဘူး။ ဒါပေမယ့် သိုင်းသူတော်စင်ရဲ့ သွေးချီက သန်မာတယ်။ တကယ်လို့, သူ့သွေးပူတွေသာ တစ္ဆေအင်မော်တယ်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို စွန်းထင်းသွားခဲ့မယ် ဆိုရင်၊ တစ္ဆေအင်မော်တယ်ကို ကြီးကြီးမားမား ပျက်စီးစေလိမ့်မယ်။ တကယ်လို့, လူသား အင်မော်တယ်တစ်ဦးရဲ့ ယန်သွေးတစ်စက်ကို သူ့ခန္ဓာကိုယ်အတွင်းမှ အစိုင်အခဲအဖြစ် ထုတ်လွှတ်ပြီး၊ သူ့မြင့်မြတ်သော စိတ်ဝိညာဉ်ကို ထိမှန်သွားမယ်ဆိုရင်, ဒဏ်ရာ ပြင်းပြင်း ထန်ထန် ခံစားရလိမ့်မယ်။”