အခန်း (၉၄-၉၆)
Vol. 7 Ch. 94-96
အခန်း (၉၄)။
"သွေးချီက ယင်စိတ်ဝိညာဉ်ကို ထိန်းချုပ်နိုင်ပေမယ့် သိုင်းသူတော်စင်ရဲ့သွေးက တစ္ဆေအင်မော်တယ်တွေကိုတောင် ထိခိုက်စေနိုင်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။" ဟုန်ယွိနှင့် မုရုန်ယန်တို့ ဆွေးနွေးနေကြစဉ်မှာ၊ သူတို့သည် သူ "ငါးမန်းသတ်" ဓားပေါ်တွင် သူ့သွေးကို သုတ်လိမ်းပြီးနောက်၊ ပြိုင်ဘက်၏ တာအိုပညာရပ် ခဲပြဒါးရွှေခန္ဓာကိုယ်ကို အနည်းငယ် ချိုးဖျက်နိုင်ခဲ့သည်ကို သတိရသွားကြပါသည်။
"သိုင်းသူတော်စင်က သူ့ခြင်ဆီတွေကို သန့်စင်ထားပြီး၊ လူသား အင်မော်တယ်လမ်းစဉ် အတွက် သူ့ရဲ့ယန်ခန္ဓာကိုယ်နဲ့ သူ့သွေးကို အပြန်အလှန် လဲလှယ်ပေးနိုင်တယ်။ သူ့သွေးချီက မယုံနိုင်လောက်အောင် အစွမ်းထက်တယ်။ နင်နဲ့ငါတို့လို ယင်စိတ်ဝိညာဉ် တွေဆို သူ့အရေပြားထဲက သွေးကို ထုတ်ဖို့တောင် မလိုဘူး။ ငါတို့ကို လက်သီးတစ်ချက်နဲ့ ထိုးသတ်နိုင်တယ်။" မုရုန်ယန်က လေးနက်စွာ ပြောသည် "နောက်ပြီး ရှင်တန်သိုင်းသခင် နယ်ပယ်ရဲ့ အထွတ်အထိပ် သိုင်းသခင်တစ်ယောက်ဟာ ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ ခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားပါက, သူ့စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို ပေါင်းစပ်နိုင်တယ်။ သူ့ရဲ့ သွေးချီက အရမ်းအစွမ်းထက်တယ်။ နင်က သွေးပုံစံသံမဏိအပ်ကို အရမ်းမြန်အောင် ပျံသန်းနိုင်ပေမဲ့ ငှက်တစ်ကောင်ထက် နည်းနည်းပဲ ပိုမြန်ဆန်တာပါ။ တကယ်လို့ နင်သာ စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို ပေါင်းစပ်နိုင်တဲ့ ရှန်တန်သိုင်းသခင်တစ်ဦးနဲ့ တွေ့ခဲ့ရင်, သူက နင့်ကို အမိဖမ်းနိုင်လိမ့်မယ်။”
"ဒီလောက် အစွမ်းထက်တာလား" ဟုန်ယွိသည် အနည်းငယ် ထိတ်လန့်သွားသည်။
သူသည် ထိုးဖောက်ရန်အတွက် သူ့စိတ်ဝိညာဉ်ဖြင့် သွေးပုံစံသံမဏိအပ်ကို ထိန်းချုပ်ထား သော်လည်း လက်တစ်ဖက်ဖြင့် တစ်စုံတစ်ဦး၏ ဖမ်းဆီးခံရပြီး မလှုပ်ရှားနိုင်သည့် အဖြစ်ကို စိတ်ကူးကြည့်မိသည်။ ထုံးစံအတိုင်း, သူသည် တုန်လှုပ်သွားပါသည်။
"ဟုတ်ပါတယ်။" ဟုန်ယွိ၏ ထိတ်လန့်သွားသည့် အမူအရာကို မြင်လိုက်ရတော့ မုရုန်ယန် သည် အလွန်ပျော်ရွှင်သွားပုံ ရပါသည်။ သူမက တခစ်ခစ် ရယ်မောပြီး ပြောသည် "နင့်ရဲ့ သွေးပုံစံသံမဏိအပ်က မြှားလောက် မမြန်ဘူး။ မဟာဆရာသခင်တစ်ဦးဟာ မြှားတစ်စင်း ကို လက်ဗလာနဲ့ ဖမ်းဆီးနိုင်သလို လက်ဗလာနဲ့ပဲ ဒူးလေးကနေ ပစ်လွှတ်တဲ့ သံမဏိ မြှားကိုတောင် ဖမ်းဆီးနိုင်တယ်။ ဘယ်လောက် အစွမ်းထက်လဲဆိုတာ စဉ်းစားကြည့်ပါ။ သေချာတာာက, တကယ်လို့, နင်သာ တစ္ဆေအင်မော်တယ်တစ်ပါး ဖြစ်လာခဲ့ရင်၊ နင့်ရဲ့ စိတ်ဝိညာဉ်ကို တိမ်တွေကြားထဲ ပျံသန်းပြီး၊ ယင်စိတ်ဝိညာဉ်ကို သန့်စင်ယင်စိတ်ဝိညာဉ် အဖြစ်ကနေ ယန်စိတ်ဝိညာဉ်ဖြစ်လာဖို့ မိုးကြိုးနဲ့လျှပ်စီးတို့ရဲ့ စွမ်းအားကို အသုံးပြုနိုင် တယ်။ နင်လည်း ချက်ချင်းဆိုသလို သန့်စင်ယန်အင်မော်တယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်လိမ့်မယ်။ လေဟာနယ်ကို ဖြတ်သန်းသွားလာနိုင်တဲ့ လူသားအင်မော်တယ် အထွက်အထိပ် ပုဂ္ဂိုလ်တွေတောင် နင့်ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး။ ဒါပေမယ့် နင် အဲဒီအဆင့်ကို ရောက်နိုင်မယ်လို့ ငါတော့ မထင်ဘူး။”
"သန့်စင်ယန် အင်မော်တယ်ခန္ဓာကိုယ်လား.." ဟုန်ယွိသည် မုရုန်ယန်၏ ပုတ်ခတ် ပြောဆိုမှုကို လျစ်လျူရှုထားသည်။ မုရုန်ယန်ပြောခဲ့သည့် စကားလုံးများ၏ အဓိပ္ပါယ်ကို သူ့စိတ်ထဲ တွင် တစ်နည်းနည်းဖြင့် ချေဖျက်နေခဲ့သည်။
"မိုးကြိုးက အဖျက်စွမ်းအားတစ်ခုပဲ။ တစ်ချိန်တုန်းက ငါ့စိတ်ဝိညာဉ်ဟာ ငါ့အခွံကနေ ထွက်လာခဲ့ပြီးနောက် နွေဦးမိုးခြိမ်းသံကြောင့် ထိတ်လန့်သွား ခဲ့ရတယ်။ ငါ့စိတ်ဝိညာဉ်ကို ပြန်သိပ်သည်းနိုင်ဖို့ ငါ အများကြီး အားထုတ်ခဲ့ရတယ်။ မိုးကြိုးမှာ နှစ်ခြင်းခံပြီးမှ ငါ့စိတ်ဝိညာဉ်က ယန်စိတ်ဝိညာဉ် ဘာလို့ ဖြစ်လာရလဲဆိုတာ ငါ တကယ် နားမလည်နိုင် ဘူး။" ဟုန်ယွိက ထပ်မေးသည်။
"ဘာ..၊ မိုးကြိုးပစ်နေတုန်းမှာ, နင်က နင့်အခွံထဲကနေ ထွက်ဖို့ သတ္တိရှိတယ်ပေါ့။ နင် မသေခဲ့ဘူးလား” မုရုန်ယန်သည် မျက်လုံးပြူးပြီး, သူမသည် မွန်းစတားတစ်ကောင်ကို မြင်နေရသကဲ့သို့ ဟုန်ယွိကို စိုက်ကြည့်နေပါသည်။ "ငါ့နယ်ပယ်က နင့်ထက် နှစ်ဆမြင့်ပေမယ့် မိုးခြိမ်းသံကြောင့် ငါ့အခွံထဲကနေ မထွက်ရဲခဲ့ဘူး။ နင်က……"
“မင်း ငါ့မေးတာကို မဖြေသေးဘူးလား။" ဟုန်ယွိက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
“လျှပ်စီးကြောင်းက သေခြင်းရှင်ခြင်း စွမ်းအားနှစ်ရပ်စလုံးကို ပိုင်ဆိုင်ထားတယ်။ ဒိုဂျိုသခင်တွေ တာအိုအကြောင်း တရားဟောတာကို ငါ ကြားဖူးတယ်။ ကမ္ဘာဦးအစမှာ မြေကြီးက ထူးထူးခြားခြား မြုံနေခဲ့ပြီး အသက်ရှိတွေ မရှိဘူးလို့ ဆိုကြတယ်။ ကောင်းကင်မှ လျှပ်စီးကြောင်းတွေက ပင်လယ်ပြင်းကြီးကို ရိုက်ခတ်လာချိန်ရောက်မှပဲ အသက်ရှိတွေ မွေးဖွားလာကြတာတဲ့။ လူသားတစ်ဦးဟာ ရှင်ခြင်းတရားနဲ့ သေခြင်းတရား တာအိုရဲ့ အသွင်ပြောင်းလဲခြင်းကို နားလည်ပြီးနောက် လျှပ်စီးကြောင်းထဲ ပျံသန်းသွားတဲ့အခါ, သူက သူ့စိတ်ဝိညာဉ်ကို အစစ်မှန် သက်ရှိဘဝပုံစံအဖြစ် ပြောင်းလဲနိုင်ပြီး၊ မူလခေတ်က သက်ရှိတွေရဲ့ မွေးဖွားခြင်း မြင်ကွင်းကို ပြန်လည်ဖန်တီးနိုင်ခဲ့တယ်။ ဒါက ကိုယ်ခံပညာမှာ ဆို, ခြင်ဆီကိုသန့်စင်ပြီး သွေးကိုပြောင်းလဲပြီးနောက် ယန်စိတ်ဝိညာဉ်က ခန္ဓာကိုယ်တစ်ခု ပြန်လည် မွေးဖွားပေးခြင်းနဲ့အတူတူပဲ။ ဒါ့အပြင်, ပြန်လည်မွေးဖွားတဲ့အရာကလည်း လူသားပုံစံအဖြစ် ရှိနေဆဲပဲ။ အဲဒီအရာက အထွတ်အထိပ် ရောက်အောင် လေ့ကျင့်နေချိန်မှာ, ၎င်းက လူသားအဖြစ် ရှိနေဆဲဖြစ်ပေမယ့် ၎င်းရဲ့နောက်မှာ အင်မော်တယ်"ဆိုတဲ့ စကားလုံး ရှိနေပြီ။ တစ်ဖက်မှာတော့, ယန်စိတ်ဝိညာဉ်ဟာ ဘေးချင်းကပ်နေပြီး လူသား ပုံစံနဲ့ ကင်းကွာနေတယ်။ ဒါကြောင့် ယန်စိတ်ဝိညာဉ်ကို အင်မော်တယ်, အင်မော်တယ်, အင်မော်တယ်လို့ ခေါ်ပေမယ့်လည်း သူတို့မှာ လူသားပုံစံမရှိတာပေါ့။”
မုရုန်ယန်သည် ဟုန်ယွိ၏ နှိမ့်ချသော အမူအရာကို မြင်သောအခါ သူမသည် ပို၍ပင် ကျေနပ်သွားသည်။ သူမသည် လှပသောအမြီးကို ထုတ်ဖော်ပြသရင်း ဂုဏ်ယူဝင့်ကြွား နေသော ဒေါင်းတစ်ကောင်ကဲ့သို့ သူမ၏မျက်ခုံးများကို ပင့်ထားပါသည်။
“ရွှမ်တျန်းတာအိုရဲ့ အခြေခံဉပဒေသတွေက တကယ်ကို နားမလည်နိုင်လောက်အောင်ပဲ"
ထိုအချိန်တွင်၊ ဟုန်ယွိ၏စိတ်နှလုံးအတွင်းမှာ ချောက်ချားမူက တုန်လှုပ်ချောက်ချားမူ အဖြစ်သာ ဖော်ပြနိုင်ပါသည်။
မုရုန်ယန်ပြောသည့် စကားသည် သူမ၏ကိုယ်ပိုင်ထင်မြင်ချက် မဟုတ်ဘဲ ဆန်းကြယ် ကောင်ကင်ဘုံခန်းမ၏ ထင်မြင်ချက်ဖြစ်သည်မှာ ထင်ရှားပါသည်။ သူသည် ထိုစကားများကို ယခင်က တစ်ခါမျှ မကြားဖူးသော်လည်း သူ၏ ပင်ကိုယ်အသိဉာဏ်အရ, ဤနိယာမများသည် တာအိုကို ညွှန်ပြပြီး၊ ရှင်ခြင်းတရားနှင့် သေခြင်းတရား၏ အသွင်ကူးပြောင်းမှုကို ရှင်းပြနေသည်ဟု သူ ခံစားခဲ့ရသည်။
သူ့စိတ်ထဲတွင် ဆန်းကြယ်ကောင်ကင်ဘုံခန်းမသည် ပင်လယ်ကြီးကဲ့သို့ နက်ရှိုင်းသည်ဟု ခံစားမိသည်။
“ဒါက တကယ်ကို သန့်စင်တဲ့ မြင့်မြတ်နေမြေ ခြောက်ခုထဲက တစ်ခုပဲ။ တကယ်လို့, ငါသာ ဆန်းကြယ်ကောင်ကင်ဘုံခန်းမကို သွားပြီး အကြီးအကဲတွေ၊ ဒိုဂျိုသခင်တွေနဲ့ ဆွေးနွေးနိုင်ခဲ့ရင် ဘယ်လောက် ကြည်နူးစရာ ကောင်းမလဲ။" ဟုန်ယွိက ခေါင်းခါပြီး ထိုအကြံအစည်ကို စွန့်လွှတ်လိုက်ပါသည်။
"နင့်မှာ ငါ့အတွက် တခြားမေးခွန်းတွေ ရှိလား" မုရုန်ယန်သည် လက်နှစ်ဖက် နောက်ကျော ပစ်ရင်း လမ်းလျှောက်လာသည်။
"ကိုယ်ခံပညာမှာတော့, လူတစ်ယောက်ဟာ ရှင်တန်သိုင်းသခင်နယ်ပယ်ကို ရောက်တဲ့ အခါ, စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို ပေါင်းစည်းလုံးမှုကို အာရုံစိုက်ရတယ်။ နောက်ဆုံးမှာ တော့ ဝိညာဉ်နဲ့ စိတ်ဝိညာဉ်တို့ဟာ တစ်သားတည်း ဖြစ်လာပြီး ခွဲခြားလို့ မရတော့ဘူး။ ဒါပေမယ့် တာအိုဘာသာကို ကျင့်သုံးတဲ့ ငါတို့လို လူတွေအတွက်တော့ ဝိညာဉ်နဲ့ စိတ်ဝိညာဉ်ကို တစ်ခုတည်းအဖြစ် အသုံးချလို့ မရကြဘူး။ မဟုတ်ရင်, ငါတို့အနေနဲ့ ခန္ဓာကိုယ်ကနေ ထွက်သွားလို့ မရနိုင်တော့ဘူး။ ဒါက သိုင်းပညာကို လေ့ကျင့်ဖို့က အထူး ခက်ခဲတယ်လို့ ဆိုလိုတာလား။ လူသားအင်မော်တယ်နဲ့ ယန်စိတ်ဝိညာဉ် နှစ်ခုစလုံးရော ဖြစ်လာနိုင်လား။”
"ဟမ့်၊ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ" မုရုန်ယန်က အထင်သေးစွာ ရယ်မောလိုက်သည်။ "သေခြင်းရှင်ခြင်း နှစ်မျိုးစလုံးကို ကျင့်ကြံဖို့က အရေးကြီးပေမယ့် တာအိုမှော်ပညာနဲ့ ကိုယ်ခံပညာတွေကို လေ့ကျင့်တဲ့သူတွေအတွက်ဆို အဲဒါက အထူးခက်ခဲတယ်။ တာအို မှော်ပညာရှင် ကျွမ်းကျင်ပညာရှင်တွေဟာ ကိုယ်ခံပညာအရာမှာ အလွန် သန်မာခြင်းမရှိ မှာ သေချာတယ်။ ပြီးတော့, စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို ပေါင်းစပ်နိုင်တဲ့ သိုင်းပညာရှင် တွေဟာ ခန္ဓာကိုယ်ကို မစွန့်ခွာနိုင်သလို ဘာတာအိုမှော်ပညာကိုမှ အသုံးချနိုင်မှာ မဟုတ် ဘူး။"
“ဒီကမ္ဘာပေါ်မှာ တစ္ဆေအင်မော်တယ်ရော, သိုင်းသူတော်စင်ပါဖြစ်တဲ့ လူမျိုးတွေလည်း ရှိနေနိုင်တယ်။" ဟာကူဇိယွဲ့အကြောင်း တွေးတောရင်း ဟုန်ယွိ၏ မျက်လုံးများက တောက်ပလာပါသည်။
"ဒီလိုလူမျိုးတွေ ရှိပါတယ်။ ဒါပေမယ့် သူတို့က အရမ်းနည်းတယ်။ ရှင်တန်သိုင်းသခင် နယ်ပယ်အထိ သိုင်းပညာရပ်တွေကို လေ့ကျင့်ပြီးနောက်, တကယ်လို့ စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်က တစ်သားတည်း မဖြစ်ခဲ့ဘူးဆိုရင်, နက်ရှိုင်းဖို့က အရမ်းခက်တယ်။ နင့်ရဲ့ လေ့ကျင့်မူက သိုင်းသူတော်စင် အဆင့်မှာတင် ရပ်တန့်သွားပြီလို့ ယူဆလို့ရတယ်။ ပြီးတော့, တစ္ဆေအင်မော်တယ်အဖြစ်နဲ့ သိုင်းသူတော်စင်ဖြစ်လာသူတွေဟာ သိုင်းသူတော် စင်နယ်ပယ်ရဲ့ ကနဦးအဆင့်မှာပဲ ရှိကြတယ်။ စိတ်ဝိညာဉ်နဲ့ ရုပ်ခန္ဓာကိုယ်ကို ပေါင်းစပ် ထားတဲ့ သိုင်းသူတော်စင်နဲ့ ၎င်းတို့ကို နှိုင်းယှဉ်လို့ မရဘူး။ စိတ်ဝိညာဉ်နဲ့ ရုပ်ခန္ဓာကိုယ်ကို ပေါင်းစပ်ထားပြီးဖြစ်တဲ့ မဟာဆရာသခင်တွေနဲ့တောင် နှိုင်းယှဉ်လို့ မရနိုင်ဘူး။” မူရွှန်ယန် က ဟုန်ယွိကို ကြည့်သည်။ “ကိုယ်ခံပညာ လေ့ကျင့်တဲ့လူတွေဟာ တိုက်ပွဲမတိုက်ရရင် သက်တမ်းနည်းနည်းကြာအောင် ရှင်သန်နေထိုင်နိုင်ကြတယ်။ နောက်ဆုံးတော့ သေခြင်း တရားကနေ လူပြန်ဝင်စားခြင်းကလည်း အရမ်းကို အန္တရာယ်များလွန်းပါတယ်။ ဒါ့အပြင်, နင့်ရဲ့တာအိုပညာရပ်တွေရဲ့ စွမ်းအားက သိမ်မွေ့လေးနက်မှု မရှိခဲ့ရင်, အမိဝမ်းထဲမှာ လူပြန်ဝင်စားတာက စိတ်ရှုပ်ထွေးပြီး မှတ်ဉာဏ်တွေ ဆုံးရှုံးသွားနိုင်တယ်။ ဒါကြောင့်, နင် သိုင်းပညာကို လေ့ကျင့်နိုင်ပေမယ့် အရမ်းကြီး ထဲထဲဝင်ဝင် မလေ့ကျင့်ဖို့ ငါ အကြံပေး ချင်ပါတယ်။”
"ငါ အများကြီး သင်ယူခဲ့ရတယ်။" ဟုန်ယွိက မုရုန်ယန်ကို မေးခွန်းပေါင်းများစွာ မေးခဲ့ပြီး သူ့စိတ်ထဲမှ သံသယများစွာကို တစ်ခုပြီးတစ်ခု ဖယ်ရှားပစ်လိုက်ပါသည်။ သူ့နှလုံးသားထဲ တွင် တိမ်မြူများလွင့်စင်သွားကာ အရာအားလုံး ကြည်လင်လာသည်။
သို့ရာတွင်၊ သူပြန်ရောက်သောအခါ, ကျမ်းစာများ၏ အသိပညာကို ခွဲခြမ်းစိတ်ဖြာကဲ့သို့ ထိုအရာများကို ဂရုတစိုက် ခွဲခြမ်းစိတ်ဖြာရန် လိုအပ်နေသေးသည်။
သူသည် တစ်ခုခုကို လေ့လာလိုက်တိုင်း စာအုပ်တစ်အုပ် ဖတ်သလိုမျိုး ခွဲခြမ်းစိတ်ဖြာခြင်း၊ ဝါးစားခြင်း၊ မြည်းစမ်းခြင်းမျိုးဖြင့် လေ့လာပါသည်။ ဤသည်မှာ ဟုန်ယွိ၏ အလေ့အထ တစ်ခု ဖြစ်လာခဲ့သည်။
"မုကလေး, မင်းရဲ့အဘိုးကို စံအိမ်ကြီးရဲ့ မှတ်တမ်းတွေကို ပြန်စစ်ဆေးခိုင်းလိုက်ပါဦး။ ဒီနှစ်အတွက် ပံ့ပိုးကူညီမူအဖြစ် ရွှေဒင်္ဂါးငါးရာနဲ့ ငွေဒင်္ဂါးသုံးထောင် ပြင်ဆင်ပြီး မင်းသား ယုရဲ့ စံအိမ်ဆီ ပို့ပေးလိုက်ပါ။”
ဟုန်ယွိက ဘေးမှကြည့်နေသော မုကလေးကို ခေါ်လိုက်သည်။
အခုလေးတင်၊ မုရုန်ယန်က အဆောင်တစ်ခုကို ပစ်လွှင့်ပြီး သစ်ပင်ကို မှုတ်ထုတ်ချိန်နှင့်, ရေကိုသူမခန္ဓာကိုယ်အသွင် သိပ်သည်းခဲ့သည်ကိုမြင်ပြီး သူမသည် အကြီးအကျယ် တုန်လှုပ်သွားခဲ့ပါသည်။ မုကလေးသည် ထိုသတင်းကြားပြီးနောက် ပြေးလာခဲ့သည်။
သို့သော်၊ ဤသည်မှာ အစိမ်းရောင်မိုးမခစံအိမ်၏ အတွင်းပိုင်းနေထိုင်ရာ ဖြစ်သောကြောင့် သာမန်လူများ မြင်သွားမည်ကို ကြောက်စရာမလိုပါချေ။ ယခု လောလောဆယ်တွင် အစိမ်းရောင် မိုးမခစံအိမ်၏ အတွင်းပိုင်းကို မုရုန်ယန်၊ သူမ၏စစ်သည်နှစ်ဦး၊ မုကလေး၊ ဟုန်ယွိကိုယ်တိုင်၊ ရှန်ထိုက်ယန်နှင့် ရှန်ထိုက်ဇူတို့က သိမ်းပိုက်ထားပါသည်။ ကျန်သည့် အိမ်အကူတွေနှင့် အိမ်အစေခံတွေ အားလုံး မရှိကြပါဘူး။
ဤသည်မှာ စံအိမ်ကြီး၏ သခင်တစ်ဦးအတွက် သင့်လျော်သော စည်းကမ်းတစ်ခုတော့ မဟုတ်ပေ။ ယုတ္တိဗေဒအရ၊ ဤကဲ့သို့သော ကြီးမားသော စံအိမ်ကြီးသည် အိမ်အကူများ, အစောင့်ကြပ်များ အစေခံကျွန်များ, သုံးဆယ်မှ လေးဆယ်အထိ လိုအပ်မည် ဖြစ်သည်။
သို့သော် ဟုန်ယွိသည် သူယုံကြည်စိတ်ချရသော လူများကိုသာ အသုံးချလိုသောကြောင့် လိမ္မာပါးနပ်သော အိမ်ဖော်အချို့ကို ဝယ်ရန် ကျောက်စိမ်းမြို့တော်သို့ မသွားဖြစ်ခဲ့ပေ။
မိသားစုကြီးများအတွက် အိမ်အကူများကို ရောင်းဝယ်ကြသည့် လူကုန်ကူးသူများသည် အခြေခံအားဖြင့် တောင်ပိုင်းမှဖြစ်ပြီး၊ တောင်ပိုင်းဒေသသည် ကျောက်ကလန်၏ နယ်မြေဖြစ်ကြောင်း သူသိသည်။ အစေခံဝယ်ယူရေးရုံးကိုလည်း ကျောက်ကလန်မှ စီမံဆောင်ရွက်သည်။ အကယ်၍, သူသည် အပျော်ပါးစည်းစိမ်ခံဖို့အတွက် လောဘကြီးပြီး ကျောက်ကလန်၏ သူလျှိုတွေကို ခိုးဝင်ခွင့်ပြုလိုက်ပါက, ကြောက်စရာကောင်းလိမ့်မည်။
အခုချိန်မှာ သူက ကျောက်မိသားစု၏ ဆူးတစ်ချောင်း ဖြစ်နေခဲ့ပြီ။ ထို့ကြောင့်, သူ သတိထားရပါမည်။
“ရွှေဒင်္ဂါးငါးရာ၊ ငွေဒင်္ဂါးသုံးထောင်လား။” ဟုန်ယွိ၏အမိန့်ကို မူရွှန်ယန် ကြားသည့်အခါ သူမ၏အမူအရာက ပြောင်းလဲသွားပါသည်။ သို့သော်, ထိုငွေကြေးက သူမငွေကြေး မဟုတ်ဟု တွေးထင်မိပြီး ဝင်မစွက်ဖက်ခဲ့ပါဘူး။ သို့တိုင်, သူမက ပြောလိုက်ပါသေးသည် “မင်းသားယုက စံအိမ်ကို နင့်ကို ပေးခဲ့တာဆိုတော့ ဒါက နင်ပိုင်တဲ့ပစ္စည်းပဲလေ။ လက်ဆောင်ပေးနေစရာ မလိုပါဘူး။ ဒါ့အပြင်, မင်းသားယုကလည်း ဒီလောက်ကြီး ငွေကြေးမချို့တဲ့ပါဘူး။”
"လူတစ်ယောက်ဟာ အဆင့်အတန်း မြင့်မားလေ, ငွေကြေးများများရလေ ဖြစ်ပြီး၊ ရရှိတဲ့ ငွေကြေးကလည်း ဘယ်တော့မှ ဖြုန်တီးဖို့မလောက်လေပဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ စစ်ဆေးကြည့်ပြီးပြီ။ မင်းသားယုမှာ အိမ်ခြံမြေ ရာဂဏန်းကျော်လောက်ပဲ ရှိပြီး သူ့ တစ်နှစ်ဝင်ငွေက သိပ်မများလှဘူး။ အိမ်ရှေ့စံမင်းသား မပြောနဲ့၊ မင်းသားဟီကို မှီဖို့တောင် အဝေးကြီးလိုသေးတယ်။ အခုလောလောဆယ်မှာ သူက ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ကို စီမံကွပ်ကဲနေပြီး၊ သူ့ရဲ့ဂုဏ်သတင်းအတွက် အရာရှိတွေထံမှ လာဘ်ငွေရယူခြင်းမျိုးကို ထိန်းချုပ်ထားရပြီး၊ မူလစစ်သည်တွေကိုလည်း ချီးမြှင့်ထောက်ပံ့ပေးရတယ်။ အဲဒါက အောက်ခြေမဲ့ တွင်းနက်ကြီးတစ်ခုဖြစ်ပြီး၊ ဖြည့်တင်းရမယ့် ငွေပမာဏက အရေတွက် မရှိဘူး။ ငါက ငါ့အတွက် လုံလောက်စွာ သိမ်းဆည်းထားပြီး ကျန်ငွေတွေကို သူ့ထံ ပေးပို့ရမယ်။”
"မှန်ပါတယ်။" မုရုန်ယန်က ခေါင်းညိတ်ပြပြီး ဟုန်ယွိကို သတိထားကာ စိုက်ကြည့်နေပြီး "နင် ငါ့နဲ့ပတ်သက်ပြီး ဘာအကြံအစည်မှ မရှိခဲ့ဘူး။ ငါ နင့်ကို ရွှေဒင်္ဂါးတစ်ထောင် ပေးထား ပြီးပြီ။ ဒါက စမ်းသပ်ဖို့အတွက် ရေထဲကို ကျောက်ခဲပစ်ပေါက်တာနဲ့ ညီမျှတယ်။ ငါ ဘာ အကျိုးအမြတ်မှ မတွေ့ရသေးခင်, ငါ နင့်ကို ထပ်မပေးနိုင်တော့ဘူးနော်။"
"ငါက မင်းအပေါ် ဘာလို့ တစ်ခုခုလုပ်ချင်ရမှာလဲ" ဟုန်ယွိက မုရုန်ယန်ကို ထူးဆန်းစွာ ကြည့်ပြီး ပြောလိုက်ပါသည် "မင်း ထောက်ပံ့ထားတဲ့ ရွှေဒင်္ဂါးတစ်ထောင်က မင်းအတွက် စားစရာသောစရာနဲ့၊ အဲဒီခြင်္သေ့ဘုရင်တွေရဲ့ အစားအသောက်ကတင် တစ်ဝက်လောက် ယူသွားပြီးပြီ။ တကယ်လို့, ငါသာ ကိုယ့်အုတ်ဂူ ကိုယ်တိုင်မတူးချင်ဘူးဆိုရင်, ဒီအကြောင်း ကို ငါ မေ့ထားရမယ်။" (မတ်စတက်ဖ်ခွေးများကို ခြင်္သေ့ဘုရင်တွေဟု ခေါ်ဆိုခြင်း ဖြစ်ပါသည်။)
“နင် သိထားတာ ကောင်းပါတယ်” ဟု မုရုန်ယန်က ဂုဏ်ယူစွာ ပြောသည်။
မင်းသားယုစံအိမ်။
"မင်းသား၊ မင်းသားရဲ့ ညွှန်ကြားချက်ကို လိုက်နာပြီး၊ တောင်ပိုင်းရေတပ်ဗိုလ်ချုပ် ချိုင်းနဲ့ သူ့မိသားစုကို ကျောက်စိမ်းမြို့တော်ဆီ ခေါ်လာခဲ့တယ်။ သူ့မိသားစုကို အိမ်တစ်လုံးနဲ့ မြေဧကသုံးဆယ်ကို ငါ ဆုချီးမြှင့်ပေးခဲ့တယ်။ သူက စာတစ်စောင်ရေးပြီး မင်းသားကို ကျေးဇူးတင်ကြောင်းနဲ့ သူ့မိသားစုက အခြေချပြီး အနာဂတ်အတွက် စိတ်ပူစရာ မလိုတော့ ဘူးလို့ သူက ပြောခဲ့ပါတယ်။ သူကတော့ ရှေ့တန်းမှာ တော်ဝင်ချန်အတွက် တိုက်ခိုက် နိုင်ခဲ့ပါတယ်။"
ကြည်လင်သော ရေကန်ထဲမှ ကြာပန်းကဲ့သို့ လှပသော အမျိုးသမီး ယွန်ချန်းသည် မင်းသားယု၏ ဘေးတွင် ရပ်နေသည်။
ဟင်း..၊၊ အင်ပါယာ တရားရုံးရဲ့ ပင်စင်နဲ့ လစာက မနည်းပေမယ့် အလွဲသုံးစားမှုတွေ အဆင့်ဆင့် ထပ်များလာရင် အများကြီး ကျန်တော့်မှာ မဟုတ်ဘူး။ ငါက စစ်တိုက်ဖို့ စစ်သည်တွေကို ဦးဆောင်ဖူးပြီး စစ်မြေပြင်မှာ သေဆုံးသွားတဲ့အတွက် မိဘမဲ့ဖြစ်သွားတဲ့ သားသမီးတွေ မုဆိုးမတွေရဲ့ နမူနာဖြစ်ရပ်တွေကို ငါ မြင်ဖူးတယ်။ သူတို့ မိသားစုတွေက တည်တည်ငြိမ်ငြိမ်နဲ့ အခြေချနိုင်ကြလို့လား"။ ငါ့တို့အတွက်နဲ့ ဘယ်သူကရော သူတို့ အသက်ကို စွန့်ချင်မှာလဲ။ မင်းသားယုက လေးလံစွာ သက်ပြင်းချလိုက်ပြီး ပြောသည် “ဒါပေမယ့် မင်းသားတွေ အားလုံးထဲမှာ ငါ့အိမ်က အနိမ့်ဆုံးပဲ။ ငွေကုန်သည်တွေရဲ့ ပံ့ပိုး ကူညီမှုရှိတဲ့ အဋ္ဌမမြောက် ညီတော်လောက်တောင် မကောင်းဘူး။ အိမ်ရှေ့စံမင်းသားက လည်း ဒိုင်ဇင်ဘုရားကျောင်းကို ဖျက်ဆီးခဲ့ပြီး မရေမတွက်နိုင်တဲ့ ငွေကြေးတွေကို သိမ်းဆည်းနိုင်ခဲ့တယ်။ သူက တောင်ပိုင်း မင်းမျိုးမင်းနွယ်တွေရဲ့ ငွေကြေးပံ့ပိုးမှုကိုလည်း ရရှိထားတယ်။ လူတွေရဲ့ စိတ်နှလုံးသားကို ဝယ်ယူတဲ့နေရာမှာ သူက ငါ့ထက် အများကြီး သာတယ်။ ဒီနှစ်ဝင်ငွေက နည်းနည်း ခက်ခဲတယ်။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းမှာ ငါက အခွန်နဲ့ဘဏ္ဍာရေး ဝန်ကြီးဌာနကို တာဝန်ယူခဲ့ပြီး၊ ဒီကမ္ဘာရဲ့ငွေကြေးနဲ့ စားနပ်ရိက္ခာ စီမံခန့်ခွဲခဲ့ရတယ်။ ဒီဌာနက အဆီဖြိုးနိုင်တဲ့ ရာထူးတစ်ခုလို့ ထင်ရပေမယ့် တကယ်တော့ အောက်ခြေမရှိတဲ့ တွင်းနက်ကြီးတစ်ခုပဲ။ ခမည်းတော်က စောင့်ကြည့်နေပြီး တခြား အရာရှိတွေကလည်း စောင့်ကြည့်နေကြတယ်။ တကယ်လို့, သူတို့သာ သူတို့လက်တံတွေ ကို ဆွဲဆန့်ထုတ်လိုက်မယ်ဆိုရင်, လှိုင်းလုံး အကြီးကြီးတွေ ထွက်ပေါ်လာလိမ့်မည်။ မင်းသားကြီးရဲ့ စံအိမ်ကလည်း သူ့ကိုထောက်ပံ့ဖို့ မင်းရဲ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုအပေါ် အားကိုးနေရတယ်။ မင်းအတွက် ခက်သွားပြီ။”
“ဒီနှစ်ဝင်ငွေက အရင်နှစ်တွေလောက် မများဘူး။ မင်းသား၊ မင်းသားက ဒီဆုချီးမြှင့်မူတွေ ကို အာရုံစိုက်ရမယ်။" ယွန်ချန်းက ခေါင်းခါပြလိုက်ပါသည်။ "ဒါပေမယ့်, ဒီနေ့, အစိမ်းရောင်မိုးမခစံအိမ်က ပေးပို့လာတဲ့ နှစ်စဉ်ဝင်ငွေက ယခင်နှစ်တွေထက် နှစ်ဆပို များတယ်။"
"အစိမ်းရောင်မိုးမခစံအိမ်လား။ ငါ ဟုန်ယွိကို မပေးခဲ့ဘူးလား။ ဝင်ငွေဘယ်လိုလုပ် ရရှိနိုင်မှာလဲ။ ပြီးတော့ နှစ်ဆပိုများတာလား "မင်းသားယုက တခဏ စကားပြော ရပ်သွားပါသည်။
"ငါလည်း ဒီထူးဆန်းမူကို တွေ့မိပါတယ်။ ဟုန်ယွိက မြို့စားဝူဝမ်စံအိမ်ကနေ ထွက်လာ ပြီးတဲ့ နောက်မှာ သူ့မှာ စုဆောင်းငွေတွေ အများကြီး မရှိသင့်ဘူး။ သူလည်း ငွေလိုတယ်၊ ဒါဆို နှစ်စဉ် အခွန်ဆောင်ငွေကို ဘာလို့ ပေးတာလဲ။ ပြီးတော့, အများကြီး။ မင်းသား, နင် ငါ့ကို စစ်ဆေးစေချင်လား။" ယွန်ချန်းက ပြောသည်။
"မလိုပါဘူး၊ သူက ငါ့ကို သူ့ရပ်တည်ချက်ကို ထုတ်ဖော်ပြသဖို့ ပိုက်ဆံ ပို့လိုက်တာ။ ငါက လူတစ်ယောက်ကို ဘယ်တုန်းကမှ သံသယမရှိခဲ့ဖူးသလို, တစ်ခါမှလည်း သံသယမဝင်ခဲ့ ဘူး။ ငါ ဘာကြောင့် သူ့ကို စစ်ဆေးရမှာလဲ"။ မှန်တယ်၊ အခု သူက အထက်တန်း ပညာရှင် တစ်ဦး ဖြစ်နေပြီဆိုတော့, ငါလည်း သူ့ကို အကြံပြုနိုင်တယ်။ ဒါ့အပြင်, သူက လေးပစ်နဲ့ မြင်းစီးမှာ အလွန်ကျွမ်းကျင်တယ်။ တိုက်ဆိုင်စွာပင်၊ တောင်ပိုင်းပင်လယ်မှာ ပင်လယ် ဓားပြတွေ ထကြွသောင်းကျန်းလာပြန်တယ်။ ငါ သူ့ကို စစ်သူကြီးယန်ရဲ့ အမိန့်အောက်ကို လွှတ်ပေးလိုက်မယ်။ တိုက်ပွဲအနည်းငယ်ကြာပြီးနောက် သူလည်း စစ်ဘက်ဆိုင်ရာ အကျိုး ကျေးဇူးအချို့ကို ရရှိနိုင်မယ်။ ဒါက လာမယ့်နှစ် အင်ပါယာစာမေးပွဲတွေ စတင်တဲ့အခါ, သူ စာမေးပွဲတွေကို အောင်မြင်နိုင်မယ်။ ခမည်းတော် ဧကရာဇ်ကလည်း သူ့အောင်မြင်မှုတွေ ကို မှတ်သားမိလိမ့်မယ်။ နောင်နှစ်အနည်းငယ်ကြာတဲ့အခါမှာ သူက တရားရုံးမှာ တော်ဝင် နည်းပြဆရာဟုန်ကို ထိန်းချုပ်ရာမှာ အကူညီပေးနိုင်လိမ့်မယ်။”
မင်းသားယုက လက်ခုပ်တီးလိုက်ပြီး သူ့စိတ်ထဲမှာ ဆုံးဖြတ်ချက် ချလိုက်ပါသည်။ သူက အော်ပြောလိုက်သည် "အစိမ်းရောင်မိုးမခ စံအိမ်ကိုသွားပြီး ဟုန်ယွိကို ဖိတ်ခေါ်လိုက်ပါ၊"
အခန်း (၉၅)။
"မင်းသားက ကျွန်တော့်ကို တောင်ပိုင်းမှာရှိတဲ့ ပစိဖိတ်ရေတပ်နဲ့ လေ့ကျင့်ဖို့ အကြံပြုချင် တာလား။
ဟုန်ယွိသည် မင်းသားယု၏ စံအိမ်တွင် ထိုင်ပြီး ဦးညွှတ်သည်။ သူ့စိတ်နှလုံးက ကမောက်ကမ ဖြစ်နေပါသည်။ သူသည် သူ့စိတ်ခံစားချက်တွေကို တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။ သူသည် မင်းသားယု၏စံအိမ်ထံမှ ဖိတ်ကြားချက်ကို လက်ခံရရှိချိန်တွင် အစိမ်းရောင် မိုးမခစံအိမ်တွင် သိုင်းပညာကို လေ့ကျင့်နေခဲ့သည်။ သူသည် စံအိမ်သို့ အမြန်သွားပြီး ဝင်ထိုင်ခဲ့သည်။ ယုယန်ချန်က သူ့အား တောင်ဘက်ရှိ ပစိဖိတ်ရေတပ်နှင့်အတူ လေ့ကျင့်ပြီး ပင်လယ်ဓားပြတွေကို သုတ်သင်ရန် စိတ်ကူးရှိမရှိ မေးမြန်းလိုသည်ဟု သူ ကြားထားပါသည်။
မင်းသားယု၏ မေးခွန်းကိုကြားတော့ ဟုန်ယွိက သဘာဝအတိုင်း သဘောတူလိုက်သည်။ သူသည် အတွေ့အကြုံတွေရရှိရန် စစ်တပ်ထဲ ဝင်ချင်နေသည်မှာ ကြာလှပါပြီ။ မဟုတ်ပါက သူသည် ကိုယ်ခံပညာကို တက်ကြွစွာ လေ့ကျင့်နေခဲ့မည် မဟုတ်ပေ။
"မှန်ပါတယ်။ ကျင်းဟိုင်တပ်မှာ လက်ရှိတပ်မှူးက ယန်ရှောင်ပေါင်, ယန်ယူဇီတို့ရဲ့သား ယန်ကျန်းပဲ။ အဲ့တုန်းက သူနဲ့ငါဟာ ကြိုးကြာဝါတောင်ရဲ့ သံကြိုးကွင်းဆက်ဆယ့်နှစ်ခု ဆိပ်ကမ်းမှာ ပင်လယ်ဓားပြ ထောင်ပေါင်းများစွာကို သုတ်သင်ရှင်းလင်းဖို့ အတူတူ လုပ်ဆောင်ခဲ့ကြတယ်။ အခုက တောင်ပိုင်းပင်လယ်ပြင်မှာ ပင်လယ်ဓားပြတွေ ထကြွ သောင်းကျန်းလာတာက ကံကြမ္မာကောင်းတွေ စုစည်းဖို့ အချိန်ကောင်းပဲ။ တကယ်လို့, မင်း သွားမယ်ဆိုရင်, ငါက သူ့ဆီ စာတစ်စောင်ရေးပြီး မင်းအတွက် စစ်သားတစ်ရာရဲ့ အကြီးအကဲရာထူးအတွက် စီစဉ်ပေးမယ်။"
ယုယန်ချန်သည် ဟုန်ယွိကိုကြည့်ကာ ဖြည်းညင်းစွာ ပြောသည်။
“ကျွန်တော် မင်းသားကို သေချာပေါက် အထင်သေးမခံစေရပါဘူး" ဟုန်ယွိက မတ်တပ် ရပ်လိုက်သည်။
တော်ဝင်ချန်၏ အထက်တန်း ပညာရှင်တစ်ဦးသည် အရာရှိတစ်ဦး ဖြစ်လာနိုင်သော်လည်း အရေးပါသူ တစ်ဦးတစ်ယောက်ထံမှ ထောက်ခံချက်တစ်ခု လိုအပ်နေပါသေးသည်။ ဤသည်မှာ နည်းလမ်းတစ်ခု ဖြစ်သည်။ အင်ပါယာစာမေးပွဲများမှ တစ်ဆင့် အရာရှိတစ်ဦး ဖြစ်လာခြင်းကမှ တကယ့်နည်းလမ်း ဖြစ်ပါသည်။
အကယ်၍, ဟုန်ယွိသည် အခုချိန်မှာ အရာရှိတစ်ဦး ဖြစ်ချင်သည်ဆိုလျှင်, သူသည် နောက်နှစ် အင်ပါယာ စာမေးပွဲတွေအောင်မြင်ပြီးသည်အထိ စောင့်ရပါဦးမည်။ ယခုမူ မင်းသား၏ ထောက်ခံချက်ဖြင့် သူသည် အထက်တန်း ပညာရှင်တစ်ဦးအဖြစ်မှ အရာရှိ တစ်ဦး ဖြစ်လာနိုင်ပြီ ဖြစ်သည်။ ဤအရာက ချမ်းသာကြွယ်ဝပြီး ဩဇာကြီးမားသည့် ပုဂ္ဂိုလ်တွေကို မှီခိုရခြင်း၏ အကျိုးကျေးဇူးများ ဖြစ်ပါသည်။
“ကောင်းပြီ, အဲဒီမှာ တစ်နှစ်လောက် လေ့ကျင့်ပြီး၊ ကမ္မကုသိုလ်အချို့ ပြုလုပ်လိုက်ဦး။ မင်း အင်ပါယာ စာမေးပွဲအတွက် ပြန်လာတဲ့အခါ, မင်းရဲ့အဆင့်တန်းက အဲဒီအထက်တန်း ပညာရှင်တွေထက် ပိုပြီးလွှမ်းမိုနိုင်စွမ်း ရှိနေလိမ့်မယ်။ အချိန်တန်ရင်, မင်းက အင်ပါယာ စာမေးပွဲအတွင်းမှ ကျင်းရှီတစ်ဦး ဖြစ်လာလိမ့်မယ်။ တရားရုံး စာမေးပွဲတွေကနေ မင်းက ကမ္ဘာကြီးကို အံ့အားသင့်စေပြီး၊ အံ့မခန်းအောင်မြင်မှုတွေကို ရရှိနိုင်လိမ့်မယ်။ မကြာခင် မှာ မင်းအမေကို မဒမ်ဘွဲ့နဲ့သခင်မဘွဲ့ အပ်နှင်းခံရလိမ့်မယ်။" ယုယန်ချန်လည်း သဘောတူပါသည်။ "ဒါပေမယ့် တောင်ပိုင်း အခြေအနေတွေက ရှုပ်ထွေးနေတယ်။ မင်း သတိထားရမယ်။”
"တောင်ပိုင်းပြည်နယ်ခုနစ်ခုရဲ့ အခြေအနေတွေက ရှုပ်ထွေးနေတယ်ဆိုတာ ကျွန်တော် သေချာပေါက် နားလည်ထားပါတယ်။" ဟုန်ယွိက စဉ်းစားရင်း ခေါင်းညိတ်လိုက်သည်။
တောင်ဘက်ရှိ ပြည်နယ်ခုနစ်ခုသည် ကျောက်မိသားစုနှင့် အိမ်ရှေ့စံမင်းသားတို့၏ နယ်မြေ ဖြစ်သည်။ မဒမ်ကျောက်၏ ဒုတိယသား ဟုန်ခမ်းသည် တောင်ပိုင်းတွင် အရေးအကြီးဆုံး ပြည်နယ်တစ်ခုဖြစ်သည့် ရွှေ့ယန်ပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ်သည်။
တောင်ပိုင်းပြည်နယ် ခုနစ်ခု၏ အုပ်ချုပ်ရေးမှူးအဖြစ် စစ်တပ်နှင့် အရပ်ဘက်ရေးရာ တာဝန်ခံ ဝေတိုင်ကန်ကိုလည်း အိမ်ရှေ့စံမင်းသားက ရာထူးတိုးပေးခဲ့ခြင်း ဖြစ်သည်။
သို့သော် ဟုန်ယွိသည် တောင်ပိုင်းသို့ သွားချင်နေသည်မှာ ကြာလှပါပြီ။ ကျောက်မိသားစု သည် တောင်ပိုင်းတွင် မည်မျှ ဩဇာကြီးမားပြီး၊ ၎င်းတို့သည် မည်မျှ အမြစ်တွယ်နေမည်ကို သူ မြင်ချင်မိသည်။ အကယ်၍, သူသည် သူ့အမေအတွက် လက်စားချေချင်သည်ဆိုလျှင်, ရန်သူ၏အင်အားကို စုံစမ်းရမည်။
"ဒါဆို, ဒီမင်းသားက စာတစ်စောင် ရေးပေးမယ်။ မင်း ယူပြီးရင် ပြန်သွားပြီး ပြင်ဆင်လိုက် ပါ။ မင်း သုံးရက်အတွင်း ခရီးထွက်ရမယ်။ ယုံကြည်ရတဲ့ လက်ထောက် အနည်းငယ်ကို မင်းနဲ့အတူ လမ်းတစ်လျှောက်မှာ ဂရုစိုက်နိုင်အောင်လို့ ခေါ်ဆောင်သွားပါ” ယုယန်ချန် လည်း ထရပ်လိုက်သည်။ သူတို့နှစ်ယောကသည်် စာကြည့်ခန့်သို့ ဝင်သွားပြီးနောက် ထိုင်ကာ, ဟုန်ယွိယူဆောင်သွားရန် စာတစ်စောင် ရေးလိုက်ပါသည်။
ဟုန်ယွိသည် ယုယန်ချန်၏ လက်ရေးစာတစ်စောင်ကို လက်ခံရရှိပြီးနောက် မင်းသားယု၏ နေအိမ်မှ ထွက်မှာပြီး အစိမ်းရောင်မိုးမခစံအိမ်သို့ ပြန်သွားခဲ့သည်။
"ထိုက်ဇူ၊ မင်းရဲ့ပစ္စည်းတွေကို ထုပ်ပိုးထားလိုက်ပါ။ မြင်းတွေ၊ အဝတ်စားတွေ၊ လေးတွေ၊ မြှားတွေ၊ မင်းနဲ့အတူ လေ့ကျင့်နေတဲ့ အိမ်စောင့်ကျွန်ငါးယောက်ကို ခေါ်ဆောင်လိုက်ပါ။ သုံးရက်အတွင်း ငါတို့ တောင်ပိုင်းကို ထွက်ခွာမယ်။"
ဟုန်ယွိသည် အစိမ်းရောင်မိုးမခစံအိမ်သို့ ပြန်လာသောအခါ၊ သူသည် လူများကို ချက်ချင်း စုရုံးပြီး၊ ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ ယခုတစ်ကြိမ်တွင် ရှန်ထိုက်ဇူနှင့် လက်ထောက် ငါးဦးကို သူနှင့်အတူ ခေါ်ဆောင်ရန် စီစဉ်ထားသည်။ ၎င်းတို့သည် ချန်လီမြို့စားငယ်လေးမှ အနိုင်ရခဲ့သော အငြိမ်းစားစစ်သားများ ဖြစ်သည်။
ဟုတ်ပါသည်၊ ထိုစစ်သားများသည် ကျွမ်းကျင်သူတွေ မဟုတ်ကြပါဘူး။ အများစုအနေဖြင့်, သူတို့သည် ရုပ်ပိုင်းဆိုင်ရာ သန်မာပြီး၊ ကိုယ်ခံပညာများကို တတ်မြောက်သူများသာ ဖြစ်ကြပါသည်။ မဟုတ်ရင်, သူတို့သည် အငြိမ်းစားယူပြီးနောက် ပျင်းရိသူတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။ သို့သော် ၎င်းတို့သည် ကျွမ်းကျင်သူများ မဟုတ်ကြသော်လည်း ယခင်က စစ်တပ်တွင် ပါဝင်ခဲ့ဖူးပြီး စစ်တပ်၏ အခြေအနေနှင့် ပတ်သက်၍ အလွန် ရင်းနှီးကြသည်။ မြင်းတွေကို ဂရုစိုက်ပြီး၊ ဝေယျာဝစ္စပြုလုပ်ပေးခြင်းကလည်း သူတို့အတွက် အဆင်ပြေပါ သည်။
ဤတစ်ကြိမ်တွင်၊ ဟုန်ယွိသည် အရာရှိတစ်ဦးဖြစ်ပြီး၊ စစ်သည်တစ်ဦး မဟုတ်ပေ။ ထို့ကြောင့် သူနှင့်အတူ အကူအညီအချို့ ယူဆောင်လာရန် အလွန်သင့်လျော်ပါသည်။
လက်တွေ့တွင် ဩဇာအာဏာကြီးသော မိသားစုများ၏ သားသမီးများသည် ကမ္မကုသိုလ် များတွက် တာဝန်ထမ်းဆောင်ရန် စစ်တပ်သို့ သွားသောအခါတွင် ၎င်းတို့၏ လက်ထောက် များ၊ မိသားစုအမွေအနှစ် ချပ်ဝတ်တန်ဆာများ၊ မြင်းများ, ရတနာဓားများနှင့် အဖိုးတန် ပစ္စည်းများကို ယူဆောင်လာကြသည်။ တစ်ချို့ဆို, သူတို့ကို ကာကွယ်ပေးရန်အတွက် သူတို့မိသားစုက ကျွမ်းကျင်ပညာရှင်တွေကိုပင် ခေါ်ဆောင်လာကြပြီး၊ ကမ္မကုသိုလ် ဝန်ဆောင်မူများကို ဖြည့်ဆည်းပေးကြရပါသည်။
ဟုန်ရှီ ပထမဆုံးအကြိမ် တပ်ထဲဝင်တုန်းကဆို ဟုန်ရွှန်ကျိက သူ့ကို ကာကွယ်ဖို့အတွက် အိမ်တော်ထိန်းဝူကို စံအိမ်ကနေ စေလွှတ်ပေးခဲ့သည်။
တပ်ထဲမှာ ရာထူးနည်းနည်းရှိသည့် အရာရှိတိုင်းမှာ သူတို့ကို တာဝန်ထမ်းဆောင်ရန် ကျွန်တွေ ရှိကြပါသည်။ နှစ်စဉ်နှစ်တိုင်း၊ အကျဉ်းသား သုံးထောင်ကျော်ကို ပြည်နှင်ဒဏ် ပေးကြပြီး၊ သူတို့သည် သံချပ်ကာဝတ်လူတွေအတွက် ကျွန်များ ဖြစ်လာကြပါသည်။ သူတို့ အားလုံးသည် ထိုအရာရှိများအတွက် အဝတ်လျှော်ခြင်း၊ ချက်ပြုတ်ခြင်း၊ မြင်းစာကျွေးခြင်း၊ သန့်ရှင်းရေးစသည့် တာဝန်များအားလုံး ထမ်းဆောင်ရန် စေလွှတ်ခြင်းခံရလေသည်။ သူတို့အားလုံးသည် ကျွန်တွေကို လိုအပ်ပါသည်။
သူ့ဘေးမှာ ကျွမ်းကျင်ပညာရှင်တစ်ယောက်မှ ရှိမနေခြင်းက ဟုန်ယွိအတွက် သနားစရာ ပင်။ မဟုတ်ရင်, သူသည် သူတို့ကို ခေါ်ဆောင်လာမည်မှာ သေချာပါသည်။ နောက်ဆုံး တွင်, စစ်ဘက်ရေးရာ ကိစ္စတွေမှာ အန္တရာယ်ရှိပါသည်။ ထိုကျွမ်းကျင်ရှင်များဖြင့်ဆိုပါက, လူတစ်ယောက်၏အသက်ကို ကယ်တင်ပေးပြီး၊ ကမ္မကုသိုလ် လုပ်ဆောင်ရခြင်းက ပိုလွယ်ကူပါသည်။
"အစ်ကို ယွိ၊ ငါလည်း လိုက်ချင်တယ်” အနားတွင် ငြိမ်သက်စွာ ထိုင်နေသော မုကလေးက ဟုန်ယွိ ခရီးရှည်ကြီး ထွက်မည့်အကြောင်းကို ကြားသောအခါ ပြောလိုက်ပါသည်။
"အမျိုးသမီးတွေကို စစ်တပ်ထဲ ဝင်ခွင့်မပေးဘူး။ မင်းလိုက်လို့ မသင့်တော်မှာ ငါ စိုးရိမ်မိ တယ်။" ဟုန်ယွိသည် မုကလေးကို ကြောင်တက်တက် အမူရာဖြင့် ကြည့်ပြီး မုရုန်ယန်ကို ကြည့်လိုက်သည်။ သူသည် အမှန်တကယ်ပင် မုကလေးကို သူနှင့်အတူ ခေါ်ဆောင်ချင်ခဲ့ ပါသည်။ ပထမအချက်အနေဖြင့်, မုကလေး၏ ကိုယ်ခံပညာသည် အစွမ်းထက်သည်။ ဒုတိယအချက်မှာမူ မုရုန်ယန်သည် မုကလေးကို လုယူမည့်စိတ်ကူး ရှိနေမည်ကို သူ ကြောက်ရွံ့နေခဲ့သည်။ သို့သော်လည်း အမျိုးသမီးများကို စစ်တပ်ထဲသို့ ခေါ်ဆောင်လာခွင့် ကို တားမြစ်ထားသည်။ ဟုန်ယွိသည် မင်းသားယုကို ကျောထောက် နောက်ခံပြုထားသော် လည်း အခြားသူများက သူ့အပေါ် တစ်စုံတစ်ခုတွေးလာမည်ကို စိုးရွံ့နေဆဲ ဖြစ်သည်။
“ရှပ်....၊ တော်ဝင်ချန်ရဲ့ စစ်တပ်ထဲမှာ ထိပ်တန်းတပ်ဖွဲ့ဝင် အနည်းငယ်ကလွဲပြီး ဘယ်သူ ကရော ဒီစည်းမျဉ်းကို ဂရုစိုက်နေမှာလဲ။ ကျောက်စိမ်းမြို့တော်က မင်းမျိုးမင်းနွယ်တွေရဲ့ သားသမီးတွေဟာ ကမ္မကုသိုလ်အတွက် ထမ်းဆောင်ဖို့ စစ်တပ်နဲ့ ပူပေါင်းကြတဲ့အခါ, သူတို့ကို ပြုစုဖို့ အမျိုးသမီးသုံးလေးယောက် မရှိကြဘူးလား။" မုရုန်ယန်သည် ဘေးနားမှ နားထောင်ပြီး နှုတ်ခမ်းကို ပွတ်သပ်လိုက်ပါသည်။ "ဒါ့အပြင်, သူမရဲ့ခန္ဓာကိုယ်က အရွယ် မရောက်သေးဘူး။ တကယ်လို့, သူမသာ ယောက်ျားတစ်ယောက်လို ရုပ်ဖျက်လိုက်မယ်ဆို ရင်, ဟီး…၊ ဟီး….။ သူမကို သတိထားမလားဆိုတာ ပြောဖို့ခက်ပါတယ်။"
သူမသည် ထိုစကားကို ပြောနေချိန်မှာ, မုရုန်ယန်၏ မျက်လုံးများသည် မုကလေး၏ ရင်ဘတ်ပေါ်ကို စိုက်ကြည့်လာသည်။ မုကလေးသည် ကလေးမတစ်ယောက် ဖြစ်ပြီး အရွယ်မရောက်သေးပါဘူး။ အမှန်တော့၊ သူ့ကိုယ်သူ ယောက်ျားအဖြစ် ရုပ်ဖျက်ခြင်းက အမှားအယွင်း မရှိနိုင်ပေ။
"အဆင်ပြေတယ်။" ဟုန်ယွိသည် ထိုအကြောင်းကို တွေးပြီး မှန်ကန်သည်ဟု ခံစားရ၏။ မုကလေးသည် ချက်ခြင်းပင် ရွှင်မြူးသါားပြီး မုရုန်ယန်ကို အပြင်းအထန် စိုက်ကြည့်သည်။
"စိတ်မပူပါနဲ့, နင်, နောက်တစ်နှစ် ပြန်လာတဲ့အခါ, မင်းရဲ့ အစိမ်းရောင် မိုးမခစံအိမ်ကြီး ကြီးပွားတိုးတက်စေရမယ်။ တစ်နှစ်မှာ ငွေဒင်္ဂါး ခုနှစ်ထောင် ရှစ်ထောင်လောက်ပဲ ဝင်ငွေရှိတဲ့ စံအိမ်ကြီးတစ်ခု မဖြစ်စေရဘူးဆိုတာ ငါ အာမခံတယ်။ ဟမ့်, မြေပဲ, ကန်စွန်းဉ ချိုတွေနဲ့ဆို, တစ်နှစ်မှာ ငွေဒင်္ဂါး ခုနှစ်ထောင် ရှစ်ထောင်လောက်ကို မပြောနဲ့၊ တကယ်လို့, ငါသာ ကောင်းကောင်း စီမံခန့်ခွဲလိုက်ရင် တစ်နှစ်ကို ငွေဒင်္ဂါးခုနစ်ထောင် ရှစ်ထောင်ဆိုတာ အသာပေးပဲ။” မုရုန်ယန်သည် သူမကိုယ်တိုင်က အစိမ်းရောင် မိုးမခစံအိမ်၏ အိမ်တော် သခင်တစ်ဦးအလား ပေါ့ပေါ့ပါးပါး အမူအရာဖြင့် ပြောသည်။
“ကောင်းလိုက်တာ”။
ဟုန်ယွိသည် ရုတ်တရက် အော်ဟစ်လိုက်ပြီး စားပွဲကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက် သည်။ ဤရုတ်တရက် လုပ်ရပ်က မုရုန်ယန်ကို ကြောက်လန့်ပြီး သူမကို တုန်လှုပ်သွားစေ ပါသည်။ သူမသည် သူမရင်ဘတ်ကို အုပ်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"နင် ဘာလို့ ငါ့ကို ဒီလိုကြည့်နေတာလဲ" မုရုန်ယန်သည် သူမအား စိုက်ကြည့်နေသော ဟုန်ယွိကို မြင်ပြီး အသက်ပြင်းပြင်းရူပြီး မေးလိုက်သည်။
"ငါ မင်းကို ငါ့ရဲ့အစိမ်းရောင် မိုးမခစံအိမ်ကို ဂရုစိုက်ခွင့် ပေးလိုက်မယ်။ မြေပဲနဲ့ ကန်စွန်းဥ ချိူတွေကနေရတဲ့ ဝင်ငွေရဲ့ နောက်ထပ် ၃၀ ရာခိုင်နှုန်းကို ငါ မင်းကို ပေးနိုင်တယ်။ ခွဲဝေမူ ပြီးရင်တော့ ၇၀ ရာခိုင်နှုန်းနဲ့ ၃၀ ရာခိုင်နှုန်းစီ ရနိုင်မယ်။ ဟုန်ယွိက ပြောသည် “ဒါ့အပြင် တစ်နှစ်အတွင်း ငါပြန်လာတဲ့အခါ မင်းကို သွေးပုံစံသံမဏိအပ်ကိုလည်း ငါ ပေးမယ်။"
"ဘာ..၊ နင် ငါ့ကို သွေးပုံစံသံမဏိအပ်ကို ပေးမှာလား။ တစ်နှစ်ပြီးရင်လား” ထိုစကားကို ကြားပြီးနောက် မုရုန်ယန်သည် ရုတ်တရက် ခုန်တက်လာသည်။ သခင်မလေးဆိုသည့် သူမ၏ ပုံရိပ်ကိုပင် ဂရုမစိုက်တော့ဘဲ သူမမျက်နှာက သူ့မျက်နှာအနားထိ ပိုမိုကပ်လာခဲ့ သည်။ "နင် ငါ့ကို လှည့်စားနေတာ မဟုတ်လား။"
"ငါ မင်းကို လှည့်စားနေပုံ ပေါက်နေလို့လား။ ငါတို့ သဘောတူညီချက်တစ်ခု လုပ်ရမယ်။” ဟုန်ယွိက သူ့လက်ကို ဝှေ့ယမ်းပြီး မုရုန်ယန်၏ မျက်နှာကို ရှောင်လိုက်ပါသည်။
“ဘယ်လို သဘောတူညီမူမျိုးလဲ” မုရုန်ယန်က ကမန်းကတန်း မေးလိုက်သည်။
“ဒါက အရမ်းကို ရိုးရှင်းပါတယ်။ ပထမဆုံးအနေနဲ့ လက်ရာမြောက် ချုပ်ထားတဲ့ အဖြူရောင်နွားသိုး ချပ်ဝတ်ခုနစ်စုံ၊ သံမဏိသစ်သားမဟူရာအရိုးလေး နှစ်စင်း၊ လင်းယုန် ငှက်မွေးမြှား သုံးရာ၊ မဟူရာသွေးမြင်းနှစ်ကောင် ပြင်ဆင်ပေးပါ။ ပြီးတော့, မင်း မိသားစု ဆီပြန်သွားတဲ့အခါ မင်းရဲ့ဘေးကင်းမှုကို ကာကွယ်ဖို့ ကျွမ်းကျင်ပညာရှင်ကြီး နှစ်ယောက် ရှိတယ်လို့ မင်း ပြောခဲ့တယ် မဟုတ်လား။ နှစ်ယောက်ထဲက တစ်ယောက်ကို ငါ့အတွက် တစ်နှစ်ငှားပေးပါ။”
ဟုန်ယွိက တည်ငြိမ်စွာ ပြောသည်။
သူသည် မုကလေး ရှန်ထိုက်ဇူနှင့် အခြားစစ်သားငါးဦးတို့ကို စစ်ရေး ကမ္မကုသိုလ် ရရှိစေ ရန် တောင်ပိုင်းသို့ ခေါ်ဆောင်သွားမည်။ သူ့အနေဖြင့်, ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်ရန်မှလွဲပြီး ရွေးချယ်စရာ မရှိတော့ပါဘူး။ မုကလေးနှင့် ရှန်ထိုက်ဇူတို့သည် ယခုအခါ သိုင်းသခင်များ ဖြစ်လာကြသောကြောင့် သံမဏိသစ်သားမဟူရာအရိုးလေးတွေ ကို အသုံးပြုနိုင်ကြပြီ။ ယွန်မင်၏ မဟူရာသွေးမြင်းများသည် မီးလျှံတိမ်တိုက်မြင်းများ ကဲ့သို့ ကျော်ကြားသည့် မြင်းများဖြစ်ကြပါသည်။ ၎င်းကိုစီးနင်းပြီးနောက်၊ ၎င်းမြင်းများ သည် သာမန်စစ်မြင်းများထက် နှစ်ဆသုံးဆ ပိုမြန်ပါသည်။ ဤအရာအားလုံးက လိုအပ်နေသည့် အရာတွေ ဖြစ်ပါသည်။
ထိုအပြင်၊ သူမမိသားစုမှ မုရုန်ယန်ထံ ပို့ဆောင်ပေးမည့် မဟာပညာရှင်ကြီးများသည် နောက်နှစ်ရက်အတွင်း ရောက်ရှိလာမည်ကို သူ သိထားပါသည်။ ၎င်းတို့ထဲမှ တစ်ဦးမှာ မဟာဆရာသခင်တစ်ဦးဖြစ်သည့် သူမ၏ နတ်ဘုရားဦးလေးဖြစ်ပြီး၊ ကျန်တစ်ဦးမှာလည်း ရှန်တန်သိုင်းသခင်တစ်ဦးဖြစ်သည့် ချီဇီယန် ဖြစ်သည်။ ထိုနှစ်ယောက်တွင် တစ်ယောက် ကို သူ့ဘေးအနားမှာ တစ်နှစ်လောက် ထားရှိခြင်းက တခြားအရာတွေထက် ပိုကောင်းပါ သည်။
အခန်း (၉၆)။
"တစ်နည်းပြောရရင်, ငါက နင့်ကို ရွှေဒင်္ဂါးသုံးထောင်၊ သံမဏိသစ်သားမဟူရာအရိုးလေး နှစ်စင်း။ လင်းယုန်ငှက်မွေးမြှား သုံးရာ၊ မဟူရာသွေးမြင်းနှစ်ကောင်၊ အဖြူရောင်နွားသိုး ချပ်ဝတ်ခုနစ်စုံနဲ့ မင်းနောက်ကို တစ်နှစ်စာ ကျွမ်းကျင် ပညာရှင်တစ်ယောက် လိုက်ပါ စောင့်ရှောက်ခွင့် ပေးရမယ်ပေါ့။ တစ်နှစ်ပြီးရင် နင် ငါ့ကို သွေးပုံစံသံမဏိအပ်ကို ပေးမှာလား။ ဒါပေမယ့် ငါ နင့်ကို ဘယ်လိုယုံနိုင်မှာလဲ။ နင် ငါ့ကို ယုံကြည်စိတ်ချတဲ့ တစ်ခုခုကို ကြိုပေးထားစေချင်တယ်။ တစ်နှစ်ကြာပြီးရင် ဘာမဆိုဖြစ်သွားနိုင်တယ်မလား။”
မုရုန်ယန်သည် တွေးနေရင်း သူမလက်ချောင်းတွေက ရောယှက်လိုက်ပါသည်။
"ဒါဆို, မင်းစေလွှတ်လိုက်တဲ့ ကျွမ်းကျင်ပညာရှင်က ငါ့ကို ကာကွယ်ပေးပြီး၊ ငါ့ကို မျက်လုံး ထောင့်ထောက် စောင့်ကြည့်နေမှာပဲလေ” ဟုန်ယွိက ပြုံးပြီး မုရုန်ယန်ကို ထိုစကားလုံးများ ဖြင့် သတိပေးလိုက်ပါသည်။ “အဲဒါကြောင့်။
"ဟုတ်ပြီလေ, ပြေလည်သွားပြီ။" ဟုန်ယွိ၏ စကားကြောင့် မုရုန်ယန်၏ သံသယများလည်း ပျောက်ပျယ်သွားခဲ့သည်။ "အာမွန်, မနက်ဖြန်, ရတနာစံအိမ်ဆီ တိတ်တဆတ် သွားပြီး၊ ဒီအရာတွေပြင်ဆင်ထားဖို့ ဖန်းတိုင်ကို ပြောလိုက်ပါ။ တစ်ချိန်တည်းမှာပဲ ချီဇီယန်က ဘယ်အချိန် ရောက်လာမှာလဲ ဦးလေးကို မေးခိုင်းလိုက်ဦး။"
"ငါ မတ်စတက်ဖ်ခွေးဘုရင် နှစ်ကောင်ကိုလည်း ငှားသွားချင်တယ်" ဟုန်ယွိတွေးပြီး ပြောလိုက်သည်။
"မင်း နေတိုင်း အသားနဲ့ နို့ကျွေးနေသရွေ့ အဲဒါ ပြဿနာ မဟုတ်ဘူး" မုရုန်ယန်က ပြုံးပြီး "ဒါပေမယ့် နင့်ရဲ့အမိန့်ကို သူတို့က နားမထောင်ဘူး။ ငါ့စကားကိုပဲ နားထောင်တယ်။ ဒါပေမယ့် နင့်နောက်ကို လိုက်ဖို့ ငါ ချီဇီယန်ကို လွှတ်ပေးလိုက်မယ်။ အဲဒီမတ်စတက်ဖ်ခွေးတွေကို သူ ပြုစုရှောင့်စောက်ခဲ့တာ။ သူက မင်းဆန္ဒအတိုင်း သူတို့ကို အမိန့်ပေးနိုင်တယ်။"
"အဲဒါဆိုရင်တော့ ပြဿနာ မရှိဘူး။”
ဟုန်ယွိသည် တောင်ပိုင်းဒေသမှ ရေ၏အနံ့အသက်ကို ရူရှိုက်မိသကဲ့သို့ သက်ပြင်းရှည်ကြီး ချလိုက်မိပါသည်။
…….။
"ဘာ…၊ မင်းသားယုက တောင်ပိုင်းပစိတ်ဖိတ်ရေတပ်ဆီ အဲဒီခွေးကောင်လေးကို သွားဖို့ အကြံပြုခဲ့တာလား။" မြို့စားဝူဝမ်စံအိမ်အတွင်းမှာ ဟုန်ရှီသည် အောက်တွင် ထိုင်နေပြီး မဒမ်ကျောက်က အထက်တွင် ထိုင်နေပါသည်။ သူမမျက်လုံးတွေက အေးစက်နေခဲ့ပြီး၊ ကြောက်စရာကောင်းလှ၏။
"ဟုတ်ပါတယ်၊ ဒါက စစ်ဌာနချုပ်မှာတွေ့ခဲ့ရတဲ့ နောက်ဆုံး စာရွက်စာတမ်းပဲ။ ကျွန်တော် အဲဒါကို တစ်စုံတစ်ယောက်ကို ကူးယူခိုင်းခဲ့တာ။ ကျောက်စိမ်းမြို့တော်ရဲ့ မင်းသားတွေနဲ့ ဝန်ကြီးအဖွဲ့တစ်ဖွဲ့ကို စစ်တပ်မှာ တာဝန်ထမ်းဆောင်ဖို့ အကြံပြုထားတာ တွေ့ခဲ့ရတယ်။ အဲဒီမှာ ဟုန်ယွိရဲ့ နာမည်လည်း ပါတယ်။ ဟုန်ရှီက စားပွဲပေါ်ရှိ လက်ရေးစာရွက်ကို ညွှန်ပြသည်။ စာရွက်ပေါ်တွင် ကိုယ်ရေးရာဇဝင်များနှင့် အမည်များ ပြည့်ကျပ်နေပါသည်။ သူက ဟုန်ယွိ၏ နာမည်ကို ထောက်ပြထားသည်။
"ဒါပေမယ့်, အမေ စိတ်မပူပါနဲ့။ ဟုန်ယွိ ဘာမှမတတ်နိုင်ဘူးဆိုတာ ကျွန်တော် သေချာပါ တယ်။ အခန်းထဲမှာပဲ အထီးကျန်စွာ စာပေလေ့လာနေပြီး အပြင်မထွက်ဖူးတဲ့ သူလို လူတစ်ယောက်က စစ်တပ်ရဲ့အန္တရာယ်တွေကို ဘယ်လိုလုပ် သိနိုင်မှာလဲ။ ပြီးတော့, အခုတစ်ကြိမ်က တောင်ဘက်ဒေသမှာ ပင်လယ်ဓားပြတွေ သောင်းကျန်းနေကြတာ။ သူတို့က ဒိုင်ဇင်ဘုရားကျောင်းရဲ့ အကြွင်းအကျန်တွေတောင် ဖြစ်နေနိုင်ဖွယ် ရှိတယ်။ သူတို့က မဟာကျိုးမင်းဆက်ရဲ့ လူငယ်လူရွယ်တွေကို ထောက်ပံ့ပေးပြီး တော်ဝင်ချန်ကို ပုန်ကန်လိုကြတယ်။ တောင်ပိုင်းပင်လယ်ပြင်မှာ, အမြင်အာရုံ မှားလောက်တဲ့ မြစ်လမ်း ကြောင်းအကွေ့တွေ, မဟူရာငါးမန်းစိမ့်စမ်းတောတွေ ရာနဲ့ချီတဲ့ ကျွန်းတွေ၊ မိုင်ပေါင်း သောင်းနဲ့ချီပြီးရှိနေတဲ့ အကန့်အသတ်မဲ့ပင်လယ်ကြီး။ ပြီးတော့ အံ့ဩဘနန်း ကျွမ်းကျင် ပညာရှင်တွေ။ သူက အဲဒီနေရာမှာ အသက်မွေးဝမ်းကြောင်းတစ်ခု တည်ဆောက်ဖို့ သွားမယ်လို့ ပြောတာထက် သူက သေခြင်းတရားကို ရှာဖွေဖို့ သွားမယ်လို့ ပြောတာက ပိုကောင်းပါ။”
“ဒီခွေးကောင်လေးကို မထင်မသေးမိစေနဲ့။" မဒမ်ကျောက်က ခေါင်းခါလိုက်သည်။ " ကျောက်ဟန်လည်း သိုင်းသခင်တစ်ယောက်ပဲ။ ဒါပေမယ့် သူ အပြင်ထွက်သွားတာနဲ့ ချက်ချင်း သူ့ကို သတ်ပစ်လိုက်တယ်။ ဒီခွေးကောင်လေးက တော်တော်ကို ကောက်ကျစ် တယ်။ ဒါ့အပြင် သူ့အနားတွင် ကျွမ်းကျင်သူများစွာ ရှိနေတယ်။”
"ဘာကျွမ်းကျင်ပညာရှင်လဲ။ သူတို့က ကျင်းဟူလောက ဖျော်ဖြေသူ သာသာလောက်ပါပဲ” ဟုန်ရှီ၏လေသံသည် အလွန်တည်ငြိမ်၏။ ကျောက်ဟန်က သတိလက်လွတ် ဖြစ်နေလို့ပဲ။ ပြီးတော့ သူရဲ့ကိုယ်ခံပညာ စွမ်းရည်က သာမန်ပဲဖြစ်ပြီး၊ အတွေ့အကြုံ အားနည်းတယ်။ အဲဒါကြောင့် သူက သူ့ထောင်ချောက်ထဲ ကျဆင်းသွားခဲ့ရတာ။ တကယ်လို့, သူသာ စစ်တပ်ရဲ့ ကမ္မကုသိုလ်တစ်ခု တည်ဆောက်ချင်ရင် ဒီလူနည်းစုကို သူနဲ့အတူ ခေါ်လာလိမ့် မယ်။”
“ဒီလိုဆိုရင်တောင်, ငါ သူ့ကို ဘယ်လိုလုပ် တောင်ပိုင်းဒေသကို ထွက်သွားခွင့် ပေးနိုင်မှာ လဲ။ ဟမ့်, သူမြို့စားစံအိမ်ကနေ ထွက်သွားပြီး ကျောက်စိမ်းဘုရားကျောင်းမှာ နေထိုင်တဲ့ အတွက် ငါ ဘာမှ မလုပ်နိုင်ခဲ့ဘူး။ အခု သူက အစိမ်းရောင်မိုးမခရွာကို ပြောင်းရွေ့ပြီး ကျောထောက်နောက်ခံကို ရှာတွေ့သွားတဲ့အတွက် ဘာမဆို လုပ်ရကိုင်ရ ပိုခက်လာတယ်။ ဒီတစ်ခါတော့ သူက တောင်ပိုင်းဒေသကို သွားတော့မယ်။ ကျောက်စိမ်းဘုရားကျောင်းက နေ တောင်ပိုင်းဒေသအထိ မိုင်ငါးထောင်ကနေ ခြောက်ထောင်အထိ ရှိပြီး၊ စီရင်စု ဆယ်ခု ကျော်ရှိတယ်။ ထို့အပြင် အချို့နေရာတွေမှာ တရားဝင်လမ်းတွေ ပျက်ဆီးနေတာကြောင့်, သူက လမ်းသေးလမ်းခွဲတွေကနေ သွားဖို့ လိုအပ်ပါတယ်။ တစ်ခုခု ဖြစ်ပျက်သွားရင်တောင် ဒါက အံ့ဩစရာ မဟုတ်ဘူး။" မဒမ်ကျောက်၏ မျက်နှာက ပြင်းထန်သော သတ်ဖြတ်လို စိတ်များ ဖော်ပြနေပါသည်။
"အမေကိုယ်တိုင်လား၊ အမေ ဘာလုပ်ချင်လို့လဲ” ဟုန်ရှီက လှုပ်လှုပ်ရွရွှ ဖြစ်သွားပါသည်။
"ဟုတ်တယ်၊ ဒီခွေးကောင်လေးရဲ့ အတောင်ပံတွေက ပိုကြီးသထက် ပိုကြီးလာနေပြီ။ သူက အနာဂတ်မှာ ကြီးမားတဲ့ ခြိမ်းခြောက်မှုကြီး ဖြစ်လာလိမ့်မယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး၊ မင်း ဘာမှ လုပ်စရာ မလိုဘူး။ ငါတို့ရဲ့ကျောက်မိသားစုက အထွဋ်ထိပ် ကောင်းကင်နယ်မြေu အစောပိုင်းနှစ်တွေကတည်းက ကျင်းဟူလောကနှင့် မြေအောက် ကမ္ဘာက လူအချို့နဲ့ တွေ့ဆုံခဲ့ပြီးပြီ။ စကားကိုသာ ဖြန့်လိုက်ပါ..”
မဒမ်ကျောက်က သူမလက်ကို သုံးပြီး လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်ပါသည်။ သောက်ပြီးနောက် သူမသည် ပြင်းပြင်းထန်ထန် ပေါက်ခွဲပစ်လိုက်သည်။
"သွား…၊ သွား…၊ သွား…။”
နေရောင်က မီးလျှံကဲ့သို့ ပူပြင်းနေပါသည်။ ကျယ်ပြန့်သော တရားဝင်လမ်းမပေါ်ရှိ မြေဆီလွှာသည် နှင်းဖြူရောင်အဖြစ်သို့ ပြောင်းလဲနေပါသည်။ ခြေလှမ်းတိုင်းတွင် မီးခိုးရောင် တွင်းပေါက်တစ်ခု ဖြစ်ပေါ်လာလိမ့်မည်။ မြင်းခွာသံများက ဖုန်မှုန့်များကို လွှင့်ထုတ်နေပါသည်။
လူကိုးယောက်၊ မြင်းကိုးကောင်က တစ်ခဏလေးမျှပင် မရပ်နားဘဲ လျှပ်စီးလို အမြန်နှုန်း ဖြင့် ကဆုန်ပေါက် ပြေးလွှားနေကြပါသည်။ ရှေ့ဆုံးကလူက သဘာဝအတိုင်း ဟုန်ယွိ ဖြစ်ပါသည်။ သူသည် မီးလျှံတိမ်တိုက်ပုံစံရှိသည့် လျှပ်စီးဖမ်းမြင်းပေါ် စီးနင်းနေပါသည်။ သူ့အနားတွင် ရှန်ထိုက်ဇူနှင့် မုကလေးတို့ ရှိနေပါသည်။ နှစ်ယောက်စလုံးက အမြင့်ပေး ဆယ်ပေနှင့် ရှစ်ပေရှိသည့် ကြံ့ခိုင်သည့်မြင်းကိုယ်စီကို စီးနင်းကြပါသည်။ မြင်းများသည် လုံးဝ အနက်ရောင်ဖြစ်ပြီး အနက်ရောင် နဂါးကြီးများနှင့်ပင် တူနေပါသည်။
ထိုမြင်းများသည် ယွန်မင်၏ အကောင်းဆုံးမြင်းများဖြစ်သည့် အမှောင်သွေးမြင်းများ ဖြစ်ကြပါသည်။
အမှောင်သွေးမြင်းပေါ်မှာ စီးနေသည့် အစိမ်းရောင်ဝတ် လူငယ်တစ်ယောက်လည်း ရှိနေပါသေးသည်။ သူ့မျက်နှာက အေးစက်သော အမူအရာ ရှိသည်။ သူ့မြင်းဘေးမှာ, ခြင်္သေ့ဘုရင် နှစ်ကောင် ရှိနေပါသည်။ ထိုခြင်္သေ့ဘုရင်တွေကလည်း အရမ်းကို မြန်ပါသည်။ ၎င်းတို့သည် ပြေးသောအခါတွင် မြင်းတစ်ကောင်ကဲ့သို့ အမြန်နှုန်းနှင့် ခံနိုင်ရည်ရှိသည်။ သို့သော် သူတို့၏ခန္ဓာကိုယ်များသည် ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ယခင်ကလို အဖြူရောင် မဟုတ်တော့ပါဘူး။ ယင်းက ၎င်းတို့ကို မီးခိုးရောင် ခွေးနှစ်ကောင်နှင့် တူစေပါ သည်။ (ခြင်္သေ့ဘုရင်များဟူသည် မတ်စတက်ဖ်ခွေးဘုရင်များ ဖြစ်ပါသည်)။
သို့သော် ဤအရာကလည်း အကျိုးရှိခဲ့ပါသည်။ ၎င်းတို့သည် အခြားလူများ၏ အာရုံကို ဆွဲဆောင်နိုင်မှာ မဟုတ်တော့ပါဘူး။ ထိုသို့မဟုတ်လျှင်, လည်ပင်းမှာ ရွှေရောင်အမွှေးနှင့်, နှင်းဖြူရောင် ခွေးနှစ်ကောင်က အလွန်တရာမှ မျက်လုံးဖမ်းစားနိုင်စွမ်း ရှိနေပါလိမ့်မည်။
"ဟွမ်နီဂန်တောင်က ငါတို့ရှေ့မှာ ရှိသင့်တယ်။ ဟွမ်နီဂန်တောင်ကို ရောက်ပြီးတဲ့နောက်၊ ဟွမ်နီဂန်တောင်က မိုင် ၅၀ လောက် ရှည်လျားပြီး၊ ထူထပ်တဲ့ သစ်တောတွေ ဝန်းရံထား တယ်။ ငါတို့ သတိထားရမယ်။ ဒါပေမယ့် ဟွမ်နီဂန်တောင်ကို ကျော်ဖြတ်ပြီးရင်တော့ မိုင် ၃၀ လောက်ဝေးတဲ့ မေပယ်သစ်တောမြို့ကို ရောက်လိမ့်မယ်။ ငါတို့ မြို့ကနေ ထွက်လာခဲ့ တာ သုံးရက်ရှိသွားခဲ့ပြီး၊ အရေးပေါ်အခြေအနေမျိုးနဲ့ ငါတို့ဟာ တစ်ရက်ကို မိုင်သုံးရာ လောက် ခရီးနှင်ခဲ့ကြတယ်။ ကျောက်စိမ်းမြို့တော်ကနေဆို ငါတို့ဟာ မိုင်တစ်ထောင် ခရီးကို ရောက်ရှိလာခဲ့ပြီ။
သူတို့ရှေ့က တရားဝင်လမ်းမကြီးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး၊ လမ်းသေး လေးများဖြင့် အစားထိုးလာခဲ့ပါသည်။ သူတို့ရှေ့မှာတော့ အနက်ရောင် သစ်တောကြီး တစ်ခု ရှိနေပါသည်။ တောထဲကို ကျယ်ကျယ် ပြန့်ပြန့် သွားလို့မရသည့် ဖုန်ထူထူလမ်း လေးတစ်ခုသာ ရှိနေပါသည်။
ထိုကဲ့သို့ အခြေအနေမျိုးမှာ ရှေ့က လူကိုးယောက်နှင့် မြင်းကိုးကောင်က ရပ်သွားပါသည်။
ရှန်ထိုက်ဇူသည် မျက်စိမြင်နိုင်သလောက် ပြူးရင်း သူ့ရှေ့မှ မည်းမှောင်မဲနေသော တောအုပ်ကြီးကို လှမ်းကြည့်လိုက်ပြီး၊ တောထဲသို့ ဝင်ရောက်နိုင်သော လမ်းကိုလည်း ကြည့်လိုက်ပါသည်။ သူသည် မြင်းပေါ်မှ ရုတ်တရက် ခုန်ချလိုက်သည်။
"အယ်…" ဟုန်ယွိသည် သူ့မျက်ခုံးများကို လက်နှစ်ဖက်ဖြင့် အုပ်ကာ လှည့်ကြည့်လိုက် သည်။ ဟွမ်နီဂန်တောင်တန်းက တောင်မြင့်တွေ ပေါပြီး တောကလည်း ထူထပ်တယ်။ တောအုပ်ထဲမှာ မည်းမှောင်နေတယ်။ ဒါပေမယ့် မေပယ်သစ်တောမြို့ကို သွားတဲ့လမ်းက လည်း ဒီတစ်လမ်းပဲရှိတယ်။ အခုက တိုင်းပြည်အေးချမ်းတဲ့ အချိန်အခါပဲ။ တိုင်းပြည်က လည်း လက်သီးပညာရပ်နဲ့ တုတ်သိုင်းပညာရပ်တွေကို တားမြစ်ထားတယ်။ ဒါ့အပြင်, ရာသီဥတုကလည်း ကောင်းတယ်။ တောင်တန်းဓားပြတွေနဲ့ လုယက်ဖျက်ဆီးသူတွေ ဒီမှာ ပေါ်လာဖို့က မဖြစ်နိုင်ပါဘူး။"
ဟုန်ယွိက ပြုံးပြီး သမိုင်းမှတ်စုထဲက အကြောင်းတွေကို စဉ်းစားလိုက်ပါသည်။ သန်မာ သော တောင်တန်းဓားပြများသည် သစ်တောများ၊ တောင်ကုန်းများနှင့် ဤကဲ့သို့ တစ်လမ်း သွား လမ်းငယ်များတွင် ပေါ်လာတတ်ကြပါသည်။ “သေချာပေါက်တော့ မဟုတ်ပေ။”
“ကျွန်တော့်အဖေနဲ့ ကျွန်တော်က ကျင်းဟူလောကမှာ ခရီးထွက်ခဲ့တာ နှစ်အတော်ကြာပြီ။ ကျွန်တော် ဓားပြတွေအကြောင်း နည်းနည်းသိတယ်။ ကျွန်တော်တို့က ကျောက်စိမ်း မြို့တော်နဲ့ မိုင်တစ်ထောင်လောက် ဝေးကွာနေပြီ။ ဒီနေရာက ဖန်ယန်ပြည်နယ် ပိုင်နက် ဖြစ်တယ်။ ဒီနယ်မြေက အသီးနှံတွေ စိုက်ပျိုးရန် ခက်ခဲပြီး၊ တောတောင်တွေက ထူထပ် တယ်။ မသိနိုင်တဲ့နေရာတွေမှာ ဓားပြတွေက အမြဲရှိနေတတ်တယ်။ မနှစ်က ဒီလိုအချိန်မျိုး မှာ ယင်ကျိုးက ကုန်သည်တွေတောင် သတ်ဖြတ်ခံလိုက်ရတယ်။" ရှန်ထိုက်ဇူသည် ကျင်းဟူလောကမှာ ခရီးထွက်ဖူးသူတစ်ဦး ဖြစ်ပါသည်။ သူသည် နေရာအမျိုးမျိုးမှ အခြေအနေအမျိုးမျိုးကို အများကြီး သိထားပါသည်။
"အယ်..၊ ယင်ကျိုးက ကုန်သည်တွေက ကမ္ဘာပေါ်တွင် အချမ်းသာဆုံးလူတွေပဲ။ ဒီလို မတော်တဆ အဖြစ်အပျက်မျိုးက ကျောက်စိမ်းမြို့တော်မှာ ပျံ့နှံ့သွားသင့်တယ်။ ငါ ဘာလို့ ဒီသတင်းကို မကြားမိတာလဲ” ဟုန်ယွိ ကြက်သေသေ ဖြစ်သွားရသည်။ တော်ဝင်ချန် မင်းဆက်သည် တည်ငြိမ်သော အုပ်ချုပ်မှု ရှိနေသည်ဟု သူ မူလက ထင်ထားခဲ့ပါသည်။ လက်နက်တွေနှင့် လူတွေကို ထိခိုက်စေနိုင်သည့်အရာတွေကို တားမြစ်ထားသည့်အပြင် နေရာအမျိုးမျိုးတွင် စစ်ပွဲများမရှိပေ။ ရာသီဥတုကလည်း ကောင်းမွန်သင့်ပါသည်။
"အခုက ပြည်နယ်တွေမှာရှိတဲ့ အဖြစ်အပျက် အားလုံးကို ဖုံးဖိထားပြီး၊ အင်ပါယာ တရားရုံး ကို မတင်ပြကြဘူး။ တော်ဝင်ချန်မင်းဆက်က ကျောက်စိမ်းမြို့တော်မှာပဲ ချမ်းသာတယ် လို့ မထင်ဘူးလား။ တကယ်တော့ ဒါက အဖြူရောင်ဆေးဆိုးထားတာပဲ။" မြင်းပေါ်က လူငယ်က လှောင်ပြောင်ပြောသည်။
ထိုလူငယ်က မုရုန်ယန်ဆီမှ ဟုန်ယွိ တောင်းခံလာသည့် ချီဇီယန် ဖြစ်ပါသည်။ သူ၏ သိုင်းပညာက နက်ရှိုင်းလွန်းပြီး၊ ရှန်တန်သိုင်းသခင် နယ်ပယ်ထဲသို့ ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။
"မင်းဆက်တိုင်းမှာ အဖြူရောင်ဆေးသုတ်ထားတဲ့ ငြိမ်းချမ်းမှုဆိုတာမျိုးပဲ ရှိခဲ့တယ်။ တော်ဝင်ချန် မင်းဆက်က ကြီးမားကျယ်ပြန့်လွန်းတယ်။ တောင်ကနေမြောက်, အရှေ့က နေ အနောက်ကို သွားလာဖို့ နှစ်ဝက်လောက် အချိန်ယူရတယ်။ ဗဟိုအုပ်ချုပ်မူစနစ်က အရာရာကို ဂရုစိုက်ဖို့ မဖြစ်နိုင်ဘူး။” ဟုန်ယွိက မြင်းကို လှုပ်ယမ်းလိုက်ပါသည်။ သူသည် ထိုသို့ပြောလိုက်သော်လည်း တိတ်တဆိတ် သတိထားနေမိပါသည်။ “ငါတို့မှာ လူတွေ အများကြီးရှိပြီး၊ မြင်းတွေကလည်း သန်မာကြတယ်။ အစ်ကိုချီက ရှန်တန်သိုင်းသခင် အဆင့် ကျွမ်းကျင်သူပဲ။ ဓားပြငယ်လေးတွေအကြောင်း ပြောမနေနဲ့။ ငါတို့ကို သတ်ချင်တဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့ တွေ့ရင်တောင် အသေးဖွဲ့လေးပဲ။ သွားကြစို့။ မဟုတ်ရင် မှောင်သွားလိမ့်မယ်။”
"ညီအစ်ကိုဟုန်က, မင်းက ငါ့ကို မြောက်ပင့်နေပါပြီ။” ချီဇီယန်သည် ဟုန်ယွိ၏ ချီးမွမ်းသံ ကို ကြားရလျှင်, အနည်းငယ် စိတ်မသက်မသာ ခံစားခဲ့ရသည်။ သူက နှိမ့်ချစွာ ပြန်ဖြေ သည်။
လူကိုးကောင်နှင့် မြင်းကိုးကောင်သည် ဟွမ်နီဂန်တောင်ပေါ်သို့ ခုန်တက်ကာ တောထဲသို့ ဝင်သွားကြပါသည်။
"သူတို့ ဒီကို ရောက်လာပြီလား.."
ထိုအချိန်တွင် အနက်ရောင်ဝတ် အုပ်စုတစ်စုသည် တောနက်ကြီးထဲတွင် ပုန်းအောင်းနေ ကြသည်။ သူတို့ခေါင်းတွေကိုတောင် ဖုံးအုပ်ထားကြပါသည်။
ဦးဆောင်သူတစ်ဦးက မြေပြင်ပေါ်တွင် ပျပ်ဝပ်နေပြီး မည်သည့်လှုပ်ရှားမှုကိုမဆို နားထောင်နေပါသည်။
"ငါတို့ ဒီတစ်ခါ ဘယ်သူကို သတ်ရမှာလဲ။ တစ်စုံတစ်ယောက်က ဒီအတွက် ငွေဒင်္ဂါး တစ်သောင်းကို တကယ်ကြီး သုံးစွဲထားတော့ ငါတို့ ကျရှုံးမှာကို စိုးရိမ်နေမိတယ်။ သူတို့က ငါတို့ဆီ အဲဒီအရာကို တကယ်ကြီး ပေးပို့ခဲ့တယ်။ အဲဒါက ပျံသန်းနေတဲ့ကျိုင်းကောင် ဒူးလေးတွေပဲ။ အင်ပါယာ တရားရုံးရဲ့ ထိပ်တန်းတပ်သား အများစုလောက်ပဲ ဒီလိုအရာမျိုး ကို ပိုင်ဆိုင်ကြတာ။ ဒါက ရွှေဒင်္ဂါးတစ်ရာတန်ပြီး လိုချင်သလို မရနိုင်ဘူး။ ရှန်တင် သိုင်းသခင်တွေ တောင် မြှားငါးချောင်းကို ဆက်တိုက် တားဆီးဖို့ ခက်ခဲလိမ့်မယ်။"
အခြားခေါင်းဆောင် တစ်ဦးကလည်း သူ့လက်ထဲမှ ပြောင်လက်တောက်ပသော ဒူးလေးနှင့် ကစားနေပါသည်။