← Chapters

အခန်း (၉၇-၉၈)

Vol. 7 Ch. 97-98

အခန်း (၉၇-၉၈)

Vol. 7 Ch. 97-98

အခန်း (၉၇)။

"ဒီပျံသန်းနေတဲ့ ကျိုင်းကောင် ဒူးလေးတွေနဲ့ဆို, ငါတို့ရဲ့အင်အားက အများကြီး တိုးမြင့်လာ တယ်။ အနက်ရောင်ဝတ် ခေါင်းဆောင်ကလည်း အားကျမခံ သူ့လက်ထဲမှ ဒူးလေးကို ကစားနေပါသည်။ “ငါတို့ ဒီအလုပ်ပြီးရင်, ဓားပြတိုက်ပြီး အသက်မွေး ဝမ်းကြောင်းပြုတဲ့ အုပ်စုံပေါင်းစုံဆီသွားပြီး စုစည်းကြမယ်။ ငါတို့နေရာနဲ့ လီတစ်ရာအတွင်းမှာရှိတဲ့ ရွာလေး ငါးရွာကလူတွေကို သတ်ပစ်ကြမယ်။”

"ကောင်းပါပြီ, တိတ်တိတ်လေး နေကြဦး။ ဒီအလုပ်က အရသာမရှိမှာ စိုးရတယ်။ မြင်းခွာသံတွေ ကြားရသလောက်ဆို, သူတို့က အလွန် လျင်မြန်ဆန်စွာနဲ့ လာနေကြတယ်။ အကောင်းဆုံး စစ်မြင်းတွေတောင် ဒီလို အမြန်နှုန်းမျိုး မရှိနိုင်ဘူး။

မြေပြင်ပေါ်တွင် တွားသွားဝပ်ကာ နားထောင်နေသော အနက်ရောင်ဝတ်ထားသူ ခေါင်းဆောင်၏ နားရွက်များက ကျားသစ်တစ်ကောင်၏ နားရွက်များကဲ့သို့ အာရုံခံစား မိတဲ့အလား သိမ်မွေ့စွာ လှုပ်ယမ်းသွားပါသည်။ “ငါတို့ရဲ့ အနက်ရောင်သိမ်းငှက် ညီအစ်ကိုခံတပ်ဟာ စစချင်းမှာ လူအများကြီး မရှိခဲ့ဘူး။ အဲဒါက ငါတို့ရဲ့ ကောင်းမွန်တဲ့ အရည်အချင်းတွေကြောင့် ငါတို့လည်း ဝါးမျိုမခံရသေးတာ။ ငါတို့ သတိထားရမယ်။ ငါတို့ လူတွေကို အဆုံးရှုံးမခံနိုင်ဘူး။”

"မိန်းမတွေပါမလား ငါ သိချင်လိုက်တာ။ တကယ်လို့, မိန်းမတွေပါလာရင် ငါတို့ သူတို့ကို သတ်ပစ်လို့မဖြစ်ဘူး။ ငါတို့ညီအစ်ကိုထွေက ငါးမမြည်းရတာ တော်တော်ကြာပြီကွ။” အနက်ရောင်ဝတ် လူတစ်ယောက်က အော်ပြောလိုက်သည်။ သူ့နောက်ကျောတွင် အနီရောင်ချည်မျှင်များဖြင့် ရစ်ပတ်ထားသော သံမဏိဓားတစ်ချောင်း ရှိသည်။ ဓားပေါ်တွင် သွေးစများ ရှိနေပြီး၊ ပွန်းပဲ့ရာအချို့လည်း ရှိနေပါသည်။ သေချာသည်မှာ, ထိုပွန်းပဲ့ရာများသည် ပြင်းထန်သော ခုတ်ချက်ကြောင့် ကျန်ရစ်ခဲ့ခြင်း ဖြစ်ပါလိမ့်မည်။

"နောက်ထပ် ငါးလီ, လူတိုင်း အသက်ရှုသံကို ထိန်းထားကြ။ ပုံရိပ်တစ်ခုကို မြင်ရတဲ့အခါ၊ မြင်းစီးဖို့ ကြိုးကိုဆွဲကြပါ။ ပြီးရင် ဒူးလေးတွေကို ပစ်လွှတ်ကြ။ ငါတို့ ခေါင်းဆောင် သုံးယောက်က သန်မာတဲ့လူတွေကို သတ်ပစ်မယ်။ မင်းတို့ကောင်တွေက အခြေအနေကို ထိန်းချုပ်ပြီး၊ သူတို့ကို ရင်ဆိုင်ကြ။" ထိုအချိန်တွင် မြေပြင်ကို ကပ်နားထောင်နေသော ခေါင်းဆောင်က အသံတိုးတိုးဖြင့် ပြောသည်။ သူသည် ကျောက်တုံးကဲ့သို့ တိတ်ဆိတ် ငြိမ်သက်လျက် မြက်ခင်းပြင်မှာ ဝပ်နေပါသည်။

အနက်ရောင်ဝတ် လူနှစ်ဆယ်မှ သုံးဆယ်ဝန်းကျင်သည်လည်း ဒူးလေးများကို ဆွဲတင်ကာ ဝပ်လျက်ရှိပြီး၊ သတ်ဖြတ်လိုသည့်အငွေ့အသက်က ပတ်ဝန်းကျင် လေထုကို လွှမ်းခြုံသွား ပြီး၊ သစ်တောထဲက အင်းဆက်ပိုးမွှားတွေ အားလုံး တိတ်ဆိတ်သွားပါသည်။

ကဆုန်ပေါက် ပြေးလွှားနေသော မြင်းခွာသံတွေကို ကြားလိုက်ရပြီး၊ အနက်ရောင်ဝတ် လူများက ကြားဖြတ်ပြီး သတ်ဖြတ်လုဆဲဆဲ အခိုက်တန့်တွင်…၊

ဟွမ်နီဂန်တောင်မှာရှိတဲ့ သစ်တောက အရမ်းနက်တယ်။ ဟိုတဘက်ခြမ်းမှာ တောင်တွေ ရှိတယ်။ မြေပြင်က အန္တရာယ်များတယ်။” ဟုန်ယွိက သူ့မြင်းကိုစီးပြီး ဟွမ်နီဂန်တောင်သို့ သွားခဲ့သည်။ သူသည် ဆယ်လီကျော် ခရီးထွက်ပြီးနောက် ဘေးနှစ်ဖက်စလုံးရှိ သစ်တော တွေက ပိုထူထပ်လာသည်။ အချိန်က နေ့ခင်းကြောင်တောင်ချိန် ဖြစ်သော်လည်း နေရောင် အနည်းငယ်သာ လင်းထိန်နေသည်။ လမ်းနှစ်ဘက်ရှိ သစ်ပင်ကြီးများ၏ အရွက်များသည် နေရောင်ခြည်ကို ပိတ်ဆို့ထားသည်။

"လမ်းတစ်လျှောက် ဘာမှတော့ မဖြစ်ဘူး”

ရှန်ထိုက်ဇူ သက်ပြင်းတစ်ချက် ချလိုက်သည်။

သူပြောပြီးသည်နှင့် သူ့နောက်လိုက်နေသော ခြင်္သေ့ဘုရင်နှစ်ကောင်က ရုတ်တရက် ရပ်တန့်သွားသည်။ သူတို့၏သားမွှေးများသည် အဆုံးထိ ထောင်နေသော်လည်း မအော်ကြ ပေ။ ယင်းအစား သူတို့သည် မြေပြင်ကို ပြင်းထန်စွာ ယက်ပြီး အဝေးက ချုံပုတ်တွေဆီကို လှမ်းကြည့်ကြသည်။

“ဟိုမှာ ချုံခိုတိုက်ခိုက်ဖို့ တစ်ခု ရှိနေတယ်။ သတိထားကြပါ။" ချီဇီယန်က ထိုမြင်ကွင်းကို မြင်တော့ သူမြင်းကို ရပ်လိုက်ပြီးနောက် ကိုးယောက်စလုံးကို တားလိုက်ပါသည်။

"ဟမ့်, တကယ်ပဲ ခြုံခိုတိုက်ခိုက်ဖို့ ရှိနေတာလား။ ဘယ်သူက ဒီလောက် အတင့်ရဲရတာ လဲ။” ဟုန်ယွိသည် ထိတန်လန့်သွားပါသည်။ သူသည် မြင်းပေါ်မှာ ရပ်နေသော်လည်း၊ သူ့စိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲကနေ ထွက်ခွာပြီး ပျံတက်သွားခဲ့သည်။

ဟုတ်ပါသည်။ ဟုန်ယွိ၏စိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်မှ ထွက်ခွာပြီး၊ ရှေ့ကို ပျံသန်းသွား သည်နှင့် သူသည် မြက်ခင်းပြင်မှာ အနက်ရောင် အရိပ်များစွာကို ယောင်ဝါးဝါး မြင်လိုက်ရ ပါသည်။ တစ်ချိန်တည်းမှာပင်, ဟုန်ယွိသည် သူတို့လက်ထဲမှာ ပျံသန်းနေသော ကျိုင်းကောင် ဒူလေးများကိုပါ တွေ့လိုက်ရပါသည်။

"ပျံသန်းနေသော ကျိုင်းကောင်ဒူလေးတွေလား။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ ဒီလိုအရာ မျိုး ဘယ်လိုလုပ် ပေါ်လာနိုင်မှာလဲ။

ဟုန်ယွိ၏စိတ်ဝိညာဉ်က သူ့အခွံထဲက ထွက်ခွာပြီး မကြာခင် သူ့ခန္ဓာကိုယ်ထဲကို ချက်ချင်း ပြန်ရောက်သွားခဲ့သည်။ ထို့နောက်, သူက သူ့လက်ကို မြောက်ပြီး အသံတိုးတိုးဖြင့် ပြောသည် “လူတိုင်း သတိထားပါ။ သူတို့မှာ ဒူးလေးတွေ ရှိတယ်။ အဲဒီဒူးလေးတွေက ခြေလှမ်းတစ်ရာ အကွာဝေးအတွင်း ပစ်ခတ်နိုင်တဲ့ ပျံသန်းနေတဲ့ ကျိုင်းကောင်ဒူလေး တွေပဲ။ မုကလေး, ထိုက်ဇူ ငါ့နောက်ကို လိုက်ခဲ့။"

သူ အော်ပြောပြီးသည်နှင့်, ဟုန်ယွိက ရုတ်တရက် သူမြင်းကို ရှေ့သို့ ပြေးသွားရန် လှုံ့ဆော် လိုက်ပါသည်။ ခွပ်.. ခွပ်.. ခွပ်..၊ သူ ခြေလှမ်းသုံးရာခန့် အကွာဝေးကို ရောက်သည့်အခါ, သူ့ မြင်းကို ရပ်ခိုင်းလိုက်သည်။ သူသည် သံမဏိသစ်သားမဟူရာအရိုးလေးကို ထုတ်ကာ လင်းယုန်ငှက်မွေးမြှားကို တပ်ပြီး ပစ်လွှတ်ပေးလိုက်သည်။ ရွှီး…။

မြှားတစ်စင်းက ပျံထွက်သွားပါပြီ။

လင်းယုန်ငှက်မွေးမြှားသည် ခြေလှမ်းသုံးရာ အကွာအဝေး ခရီးကို နှင်ခဲ့ပြီး မြက်ခင်းပြင် တွင် ဝပ်နေသော အနက်ရောင်ဝတ် လူတစ်ယောက်၏ ခန္ဓာကိုယ်ကို ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။

အနက်ရောင်ဝတ် အမျိုးသားသည် မြှားအပစ်ခံရပြီး ပြင်းထန်စွာ အော်ဟစ်လိုက်ပါသည်။ သူသည် အမြင့်သုံးပေအထိ ခုန်လိုက်မိပြီး၊ ဘန်းဟူသောအသံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ပါသည်။

ထိုအော်သံက လူတိုင်းကို ချက်ချင်း အချက်ပေးသွားခဲ့သည်။

“သတ်” သူတို့ ဖော်ထုတ်ခံရကြောင်းကို သိရှိပြီးနောက် အနက်ရောင်ဝတ် ခေါင်းဆောင် သုံးဦသည် ခုန်တက်လာကြသည်။ ကျန်သည့် အနက်ရောင်ဝတ်လူတွေလည်း နောက်က နေ ခုန်တက်လာကြသည်။ သူတို့သည် သူတို့လက်ထဲက ဒူးလေးတွေကို ဟုန်ယွိထံ ဦးတည်ထားပြီး၊ မြားတွေက ကျိုင်းကောင်တွေအလား ထူထပ်စွာ ပျံတက်သွားခဲ့သည်။

"ဟမ့်, ပျံသန်းမှု အဆုံးသတ်မှာ ရောက်နေတဲ့ မြားတစ်စင်းက ပိုးထည်ကိုတောင် မထိုး ဖောက်နိုင်ဘူး။ ဒီဒူးလေးတွေက ခြေလှမ်းတစ်ရာအတွင်း ပြင်းထန်ပေမယ့် ဒီအကွာဝေးက ခြေလှမ်းသုံးရာ အကွာအဝေး ဖြစ်တယ်။ တကယ်လို့, ဒီဒူးလေးက နတ်လက်နက်ဒူးလေး ဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့်, တကယ်လို့ ဒီလူတွေသာ နတ်လက်နက် ဒူးလေးကို ဖွင့်နိုင်ခဲ့ရင်, အနည်းဆုံးတော့ သူတို့က သိုင်းသခင်နယ်ပယ်မှာ ရှိနေကြလိမ့် မယ်။ ငါ့ကိုသတ်ဖို့ သိုင်းသခင် အယောက်နှစ်ဆယ်ကျော်နဲ့ ကြိုးစားခဲ့ကြတာဆိုတော့, ငါ့သေသွားရင်တောင် အချည်းနှီးဖြစ်မှာ မဟုတ်တော့ဘူး။”

မျှော်လင့်ထားသလိုပင်, ကျိုင်းကောင်များကဲ့သို့ ထူထပ်သော မြားများသည် ခြေလှမ်း တစ်ရာငါးဆယ်ခန့်တွင် အရှိန်လျှော့ကျလာကြသည်။ ခြေလှမ်းနှစ်ရာကျော် ပြီးနောက် တွင် ၎င်းတို့သည် လေသံများနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး၊ ဟုန်ယွိဆီကို လုံးဝ မရောက်နိုင်ခဲ့ကြပေ။ ရှေ့ဆုံးမှ တဟုန်ထိုး ပြေးသွားနေသော ခေါင်းဆောင် သုံးဦးသည် လျှင်မြန်ပြီး၊ အလွန်လျှင်မြန်စွာ နီးကပ်လာသော်လည်း၊ မြှားများသည် ဟုန်ယွိဆီသို့ ရောက်ရုံသာသာ ဖြစ်ပါသည်။ မြားများသည် ဟုန်ယွိ၏ခန္ဓာကိုယ်ကို ထိသွားသောအခါ၊ ၎င်းတို့ကို သူ့ချပ်ဝတ်က ပိတ်ဆို့ထားပြီး မြေပေါ်သို့ ပြုတ်ကျသွားကြပါသည်။

ဒူးလေးများသည် အစွမ်းထက်သော်လည်း ၎င်းတို့သည် အရမ်းကို ဝေးကွာလွန်းပြီး သံမဏိ သစ်သားမဟူရာအရိုးလေးနှင့် မနှိုင်းယှဉ်နိုင်ကြောင်း ဟုန်ယွိ သိထားသည်။ ဟုတ်ပါသည်, အကယ်၍, သူသာ ခြေလှမ်းတစ်ရာအတွင်းမှာ ရှိနေမည်ဆိုလျှင်, ဟုန်ယွိသည် ပျားအုံ သဖွယ် ဖြစ်သွားပါလိမ့်မည်။

ရွှီး...၊ ရွှီး....၊ ရွှီး...၊ ရွှီး...၊ ရွှီး...။

ဟုန်ယွိက သူ့လေးဆွဲပြီး နောက်ထပ် မြှားငါးစင်းကို ပစ်လိုက်ပါသည်။ မြှားတစ်ချောင်းစီ က အနက်ရောင်ဝတ် လူတစ်ယောက်ချင်းစီ၏ ခန္ဓာကိုယ်များကို ထိုးဖောက်သွားကြပါ သည်။ ထိုနောက်မှာတော့, သူက မြင်းဇက်ကြိုးကို ဆွဲပြီး ပြန်လှည့်လိုက်ပါသည်။ ဤအလှည့်တွင်၊ သူ့ခန္ဓာကိုယ်သည် မြင်းပေါ်၌ အပေါ်အောက် ပြန်ပြန်လှန်လှန် စီးနင်းပြီး လျှပ်စီးဖမ်းမြင်းသည် ရှေ့သို့ တဟုန်ထိုး ပြေးသွားလေသည်။ တခဏအတွင်းမှာပင်, သူသည် အနက်ရောင်ဝတ် လူအုပ်စုထဲသို့ အရှိန်ဟုန်ဖြင့် ပြေးဝင်သွားလေသည်။

လျှပ်စီးဖမ်းမြင်း၏ အမြန်နှုန်းသည် ရှန်တန်သိုင်းသခင်တတစ်ဦးထက် အနည်းငယ် ပိုမြန်ပါသည်။ ဟုန်ယွိသည် မြင်း၏အမြန်နှုန်းကို အသုံးပြုကာ၊ ရှောင်တိမ်းနေခဲ့ပြီး၊ သူ၏ အရှိန်ဟုန်မှာ အလွန်မင်း မြန်ဆန်ပါသည်။ ခြေလျှင်ဖြစ်နေသည့် ထိုလူအုပ်စုသည် သူ့ကို မမှီခဲ့ပါဘူး။

သူသည် အကွာအဝေးကို ခြေလှမ်းသုံးရာအတွင်း ထိန်းသိမ်းထားပါသည်။

ဟုန်ယွိသည် သူ့လေးကို နောက်တစ်ကြိမ် ဆွဲထုတ်ပြီး၊ နောက်ထပ် မြားသုံးချောင်းကို ပစ်လိုက်သည်။ ဤမြားသုံးစင်းသည် အနက်ရောင်ဝတ် လူသုံးယောက်၏ ရင်ဘတ်ကို ထိုးဖောက်သွားပါသည်။ ထိုအနက်ရောင်ဝတ် လူများသည် ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်မထားကြပေ။

တခဏအတွင်းမှာပင်, ဟုန်ယွိသည် လူကိုးယောက်ကို သတ်ပစ်လိုက်ပါသည်။ မြှားကိုးစင်း အသုံးပြုပြီးနောက် ဟုန်ယွိသည် သူ၏လေးအား ထပ်မံ ဆွဲလိုက်ပြန်သည်။ သူ့လက်မောင်း တွေက ထုံကျင်နေပြီး၊ သူခွန်အားအားလုံး အကုန်အသုံးပြုပြီးဖြစ်သည်ကို သူ သိပါသည်။ လေးကို ထပ်မံဆွဲရန်ပင် သူ့အတွက် ခက်ခဲပါသည်။ အကယ်၍, သူသည် လေးကို ဆွဲနိုင်လျှင်ပင်, သူ၏တိကျမှုကို မထိန်းထားနိုင်တော့ပါဘူး။

လေးသမားတစ်ယောက်အတွက် အရေးကြီးဆုံး အရာက ခွန်အားဖြစ်ပါသည်။ ဟုန်ယွိ၏ လက်ရှိခွန်အားဖြင့် သံမဏိသစ်သား မဟူရာအရိုးလေးကဲ့သို့ သန်မာသောလေးနှင့် မြှားကိုးစင်းကို ဆက်တိုက် ပစ်ခတ်ပြီး၊ ၎င်း၏တိကျမှုကို ထိန်းသိမ်းထားနိုင်ခြင်းကပင် အံ့ဖွယ်တစ်ခု ဖြစ်နေပါပြီ။

သို့သော် ဟုန်ယွိ ရပ်တန့်သွားသောအခါ သူ့ဘေးနားမှ လေးညှို့သံများ ထွက်ပေါ်လာပါ သည်။ ရှန်ထိုက်ဇူနှင့် မုကလေးတို့သည် လေးများကို ဆွဲလိုက်ကြပါသည်။ နှစ်ယောက် စလုံးသည် မြားတွေကို တပ်လိုက်ကြ၏။ လွှတ်…၊ တခဏအတွင်းမှာပင် သူတို့မြှားတွေက ခြေလှမ်းနှစ်ရာ လောက်ဝေးမှ လူခုနစ်ယောက်ကနေ ရှစ်ယောက်ကို ထိုးဖောက် ဝင်ရောက်သွားခဲ့ပါသည်။

ရှန်ထိုက်ဇူသည် သူ့လေးအား ဆယ်ကြိမ်ဆက်တိုက် ဆွဲတင်ပစ်ခတ်ခဲ့ပြီး၊ သူ့ခွန်အား မလုံလောက်သောအချိန်မှာ တဟုန်ထိုး ပြေးဝင်လာသူ အနက်ရောင်ဝတ် ခေါင်းဆောင် သုံးဦးသာ ကျန်ပါတော့သည်။

ဤခေါင်းဆောင်သုံးဦးသည် ကိုယ်ခံပညာတွင် အလွန်ကျွမ်းကျင်ကြသည်။ ရှန်ထိုက်ဇူနှင့် မုကလေးတို့ ပတ်ခတ်ခဲ့သော တိကျမှုမရှိသည့် နောက်ဆုံးမြှားတွေကို ရှောင်တိမ်းသွား ကြပါသည်။

"ဒါ.. ချီဇီယန်၏ မျက်လုံးများ ပြူးသွားသည်။ သူ့ရှေ့တွင် ခြုံခိုတိုက်ခိုက်မူတစ်ခု ရှိနေသည် ကို သူ သတိပြုမိပြီး၊ ရှင်းလင်း ပြတ်သားစွာ မြင်နိုင်စေရန် အာရုံပြုလိုခဲ့ပါသည်။ သူသည် တစ်ဖက်လူ၏ ခြုံခိုတိုက်ခိုက်ခြင်းကို သတိပြုမိပြီးနောက် အယောက်နှစ်ဆယ်ကို တစ်ယောက်တည်း တိုက်ခိုက်ပြီး သူ့စွမ်းရည်ကို ပြသလိုခဲ့သည်။ သို့သော် ဟုန်ယွိသည် စကားတစ်ခွန်းမှ မပြောဘဲ အမြန်ထွက်သွားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူတို့ သုံးယောက်သည် မြားသုံးစင်းကို အလှည့်ကျပစ်ခတ်ပြီးနောက် လူသုံးယောက်သာ ကျန်ပါတော့သည်။

ဤအဖြစ်ပျက်သည် အသက်ရှူချိန် အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့ခြင်း ဖြစ်ပါသည်။

"အစ်ကိုချီ၊ သူတို့ကို ဖမ်းထားလိုက်ပါ။ ကျွန်တော် သူတို့ကို အသက်ရှင်စေချင်တယ်" ဟုန်ယွိက ရုတ်တရက် အော်ပြောလိုက်သည်။

ချီဇီယန်သည် သတိပေးသံကို ကြားပြီးနောက်၊ သူသည် မြင်းပေါ်မှ ရုတ်တရက် ခုန်ဆင်း ကာ၊ ယုန်တစ်ကောင်ကို ထိုးသုတ်မည့် လင်းယုန်ငှက်ကဲ့သို့ ကျန်ခေါင်းဆောင်သုံးဦးကို တိုက်ခိုက်လိုက်ပါသည်။ တစ်ချိန်တည်းမှာပင် ခြင်္သေ့ဘုရင်နှစ်ကောင်သည်လည်း အစာရှာ ထွက်သည့် ကျားသစ်များကဲ့သို့ တူညီသော လှုပ်ရှားမှုများဖြင့် ရှေ့သို့ ခုန်ဝင်လာခဲ့သည်။

အခန်း (၉၈)။

"အစ်ကိုကြီး၊ အခြေအနေက တင်းမာနေတယ်၊ နောက်ဆုတ်ကြရအောင်"

"သွားကြရအောင်၊"

“မင်းတို့ကောင်တွေ မြန်မြန်ထွက်သွားကြ။ ငါ မင်းကို ကာကွယ်ပေးထားမယ်။ တောထဲကို မြန်မြန်ဝင်လိုက်တော့။ မြင်းတွေက အမီလိုက်နိုင်မှာ မဟုတ်ဘူး။”

ထိုအချိန်တွင် အနက်ရောင်ဝတ် ခေါင်းဆောင် အမျိုးသားသုံးဦးလည်း သူတို့အသိအာရုံများ ပြန်ရလာကြပါသည်။ သူတို့သည် ရုတ်တရက် ရပ်သွားကာ ကျယ်လောင်သော အော်ဟစ်သံများ ထွက်ပေါ်လာပါသည်။ အခုနက အရာအားလုံးက မြန်လွန်းလှပါသည်။ ထူးဆန်းသော လူနှစ်ဆယ်ကျော်သည် ၎င်းတို့၏တာဝန်ကို တစ်ဝက်တစ်ပျက်သာ ထမ်းဆောင်နိုင်ခဲ့ကြပါသည်။ အသက်ဆယ်ရှိုက် ရူချိန်အတွင်း သူတို့အားလုံး သုတ်သင်ခံ လိုက်ရပါသည်။ လူတိုင်း အချိန်မီ တုံ့ပြန်ကြသည်။

ဤအချက်က အနက်ရောင်ဝတ် ဤလူတစ်စုသည် တိုက်ပွဲအတွေ့ကြုံ ကြွယ်ဝသော လက်ရွေးစင်များ မဟုတ်ကြောင်း သွယ်ဝိုက် ဖော်ပြနေပါသည်။

အင်ပါယာတရားရုံး၏ ထိပ်တန်းစစ်သည်များသည် အလွန်လျင်မြန်သော တုံ့ပြန်မှုများ ရှိကြပါသည်။ အခုနက အခိုက်အတန့်မျိုးတွင် သူတို့သည် တစ်ခုခုမှားနေပြီမှန်း သိကြပြီး၊ ဟုန်ယွိ၏မြင်းကို အသုံးမပြုနိုင်အောင် ကြိုတင်တားဆီးသည့်အနေဖြင့် တောအုပ်ထဲသို့ အလျင်အမြန် ပြန်ဆုတ် သွားကြလိမ့်မည်။ အထူးသဖြင့် တိုက်ပွဲကွင်းပြင်ထဲရှိ လက်ရွေးစင် စစ်သားများအနေဖြင့် ဤကဲ့သို့ လှုပ်ရှားကြလိမ့်မည်။ ၎င်းတို့အားလုံးသည် မြှားများ ထိုးဖောက်မခံရအောင် ခိုင်ခံ့သော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားကြလိမ့််မည်။

အကယ်၍, ထိုအတိုင်းသာ လုပ်ဆောင်ခဲ့ပါက, ဟုန်ယွိ, ရှန်ထိုက်ဇူနှင့် မုကလေးတို့၏ မြားပစ်ချက်တွေက တစ်ဖက်လူတွေကို လုံးလုံးလျားလျား ပျက်ဆီးအောင်လုပ်ဖို့ မပြောနဲ့။ လူတော်တော် များများကို ထိခိုက်ဒဏ်ရာရစေမှာတောင် မဟုတ်ပါဘူး။

ထိုအချက်ကြောင့် ဟုန်ယွိသည် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့ပါသည်။ သူ့ကို ကြားဖြတ် တိုက်ခိုက်ကြသည့် ဤလူများသည် ကြောင်တောင်တောင် လူတွေသာ ဖြစ်ကြ ပါသည်။ ၎င်းတို့မှာ ပျံသန်းနေသော ကျိုင်းကောင်ဒူးလေးများ တပ်ဆင်ထားကြသော် လည်း၊ သူတို့သည် ကောင်းမွန်စွာ လေ့ကျင့်ထားသော နည်းဗျူဟာများ မရှိကြပေ။ ထို့ကြောင့်, သူ့အဖွဲ့အား ခြိမ်းခြောက်မှု မပြုလုပ်နိုင်ခဲ့ပေ။

“ငါ့ရန်သူတွေက ငါ့ကို ချုံခိုတိုက်ခိုက်ဖို့ အင်ပါယာတရားရုံးရဲ့ လက်ရွေးစင်တွေကို ပြောင်ပြောင်တင်းတင်း စေလွှတ်ဝံ့မှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်။ သူတို့က ဒီဓားပြတွေကိုပဲ မက်လုံးပေးပြီး စေခိုင်းနိုင်ကြတယ်။ ငါရဲ့လက်ရှိခွန်အားနဲ့ ငါ့အဖွဲ့က အရမ်းကြီး အားနည်းမှာ မဟုတ်ဘူးလို့လည်း ငါ မမျှော်လင့်ထားဘူး။”

အနက်ရောင်ဝတ် ခေါင်းဆောင် အမျိုးသားများ၏ စူးစူးဝါးဝါး အော်ဟစ်သံများကို ဟုန်ယွိ ကြားလိုက်ရသည်။ သူတို့သည် တောထဲသို့ အလျင်အမြန် ဆုတ်ခွာသွားသည်ကို သူ မြင်နေရသော်လည်း၊ ချီဇီယန်သည် ၎င်းတို့ကို အမှီလိုက်ပြီး ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်။ သူတို့ မလွတ်မြောက်နိုင်ဘူးဆိုသည်ကို သူ သိထားသည်။

ချီဇီယန်သည် ရှင်တန်သိုင်းသခင် ကျွမ်းကျင်သူ ဖြစ်သည်။ ထို့အပြင်၊ သိုင်းသခင်များနှင့် ယှဉ်နိုင်သော ခြင်္သေ့ဘုရင် နှစ်ကောင်လည်း ရှိနေသေးသည်။ လေးသမားများ၏ ခြိမ်းခြောက်မှုလည်း ရှိနေခဲ့သည်။ ထို့အပြင်၊ ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် အချိန်မရွေး သူ့အခွံမှ ထွက်လာနိုင်ပြီး၊ သွေးပုံစံသံမဏိအပ်ကို အသုံးပြုပြီး ၎င်းတို့ကို ထိုးနှက် တိုက်ခိုက်ရန် အသင့်ရှိနေသည်။ အကယ်၍, သူတို့သုံးယောက်သည် ရှင်တန်သိုင်းသခင် အဆင့် ကျွမ်းကျင်သူတွေ ဖြစ်နေလျှင်ပင်, သူတို့အနေဖြင့် လွတ်မြောက်ရန် ခက်ခဲပါလိမ့် မည်။

ထို့ကြောင့် ဟုန်ယွိက လုံးဝ မစိုးရိမ်ပါ။ ချီဇီယန်က ထိုလူသုံးယောက်ကို ဖမ်းမိပြီး စစ်ဆေး မေးမြန်းနိုင်ရန်သာ သူစောင့်နေပါသည်။

အဆက်မပြတ် ပတ်ခတ်နိုင်သည့် ပျံသန်းနေသော ကျိုင်းကောင်ဒူးလေးများကို မြင်ပြီး နောက်၊ သူသည် ဤကိစ္စ၏အမှန်တရားကို ယောင်ဝါးဝါး သိနေသော်လည်း အသေးစိတ် အချက်အလက်များကို မေးခြင်းက ပိုကောင်းပါသည်။

“အယ်? ဒီဓားပြတွေရဲ့ ကိုယ်ခံပညာက တကယ်တော့ မဆိုးပါဘူး။” ကွင်းပြင်အတွင်းမှ တိုက်ပွဲကို ကြည့်လိုက်ရင်း ဟုန်ယွိသည် ကွင်းအတွင်းရှိ တိုက်ပွဲကို ကြည့်နေပါသည်။ ချီဇီယန်က သူတို့သုံးယောက်ကို ချက်ချင်း ဖမ်းဆီးနိုင်မည်ဟူသည့် သူစိတ်ကူးထားသည့် အတိုင်း ဖြစ်မလာခဲ့ပါဘူး။ ယင်းအစား၊ အနီးကပ်တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာခဲ့ပါသည်။

အနက်ရောင်ဝတ် ခေါင်းဆောင်အမျိုးသား သုံးဦးသည် ၎င်းတို့၏ နောက်ကျောမှ ဆေဘာ ရှည်နှင့်တူသော ချွန်ထက်သော လက်နက်များကို အမှန်တကယ် ထုတ်လိုက်ကြပါသည်။ သူတို့သည် ထိုလက်နက်များကို အပေါ်အောက် ဝှေ့ယမ်းလိုက်သောအခါတွင် ၎င်းတို့၏ ဆေဘာပညာများသည် ထူးဆန်းပြီး လက်ရာမြောက် လှပသည်။ ၎င်းတို့သည် သိမ်းငှက်ငယ်တစ်ကောင် တောအုပ်အတွင်းမှ ထိုးဖောက်နေသောကဲ့သို့ အပေါ်အအောက် ဝှေ့ယမ်းကာ ချီဇီယန်ကို ဖုံးအုပ်လာသည့် ဆေဘာပိုက်ကွန်တစ်ခုအသွင် ဖြစ်ပေါ်လာပါ သည်။

မတ်စတက်ဖ်ခွေးနှစ်ကောင်မှာ သူတို့လက်ထဲတွင် မည်သည့်လက်နက်မှ မပါသောကြောင့် စက်ဝိုင်းထဲမှ ဆုတ်သွားရုံသာ တတ်နိုင်ပါသည်။ ချီဇီယန်သည် သူ့အစွမ်းကို ပြသပြီး၊ လက်သီးထိုးသည့် ကိုယ်နေဟုန်ဖြင့် ရင်ဆိုင်နေသော်လည်း ချွန်ထက်သော ဆေဘာများ ကို ထိပ်တိုက် ရင်မဆိုင်ရဲပေ။

"သိမ်းငှက်ငယ်ရဲ့ ဗာဂျရာလက်သီးလား.." ရှန်ထိုက်ဇူသည် အနက်ရောင်ဝတ် ခေါင်းဆောင် သုံးဦး၏ ဆေဘာပညာရပ်ကို ကြည့်ပြီး အံ့ဩတကြီး ရေရွတ်လိုက်ပါသည် "ဒါက ဒိုင်ဇင်ဘုရားကျောင်းကနေ ဆင်းတက်လာတဲ့ လက်သီးနည်းစနစ်တစ်ခုပဲ။ သူ့တို့ရဲ့ လှုပ်ရှားမှုတွေက မြန်ဆန်ပြီး ခန့်မှန်းလို့ မရဘူး။ လက်သီးချက်တွေက ကောင်းကင်ကို ဖြတ်ပျံနေတဲ့ စာငှက်လေးတစ်ကောင်လို, လျှပ်စီးလက်သလို မြန်ဆန်တယ်။ ဒီလက်သီး နည်းစနစ်ကို ဆေဘာပညာရပ်နဲ့ ပေါင်းစပ်လိုက်ချိန်မှာ ပိုလို့တောင် အစွမ်းထက်လာ တယ်။ ဒါပေမယ့်, ညီအစ်ကိုချီရဲ့ ကိုယ်ခံပညာက နားလည်ရခက်ခဲတယ်။ သူက အခြေအနေကို သူ ထိန်းချုပ်ထားပြီးသား။ သူတို့ကို မဖမ်းနိုင်ခင် အချိန်တစ်ခုလောက်ပဲ လိုလိမ့်မယ်။”

ကွင်းပြင်ထဲမှာ ချီဇီယန်က လက်ဗလာဖြင့် တိုက်ခိုက်နေပါသည်။ သူသည် လက်ဗလာကို သာ အသုံးပြုပြီး၊ ဆေဘာအလင်းတန်းများကို မကြာခဏ တားဆီးရင် လျင်မြန်စွာ လှုပ်ရှားနေခဲ့ပါသည်။ သူ့လှုပ်ရှားမှုတွေက တစ္ဆေတစ်ကောင်လိုပင်။ သူ့ပြိုင်ဘက်များ သည် လက်နက်များကို ကိုင်ဆောင်ထားကြသော်လည်း, သူတို့သည် သူ့ကို လုံးလုံး မထိခိုက်စေနိုင်ခဲ့ပါဘူး။ ပိုပြီး အထင်ကြီးစရာ ကောင်းသည်မှာ သူတို့ သုံးယောက်သည် အချိန်တိုင်း ထွက်ပြေးချင်နေကြခြင်း ဖြစ်ပါသည်။ သို့သော် ချီဇီယန်ကြောင့် သူတို့သည် ထွက်မပြေးနိုင်ကြပေ။

"ဒါက ရှန်တန်ကျွမ်းကျင်ပညာရှင် တစ်ဦးလား" ဟုန်ယွိသည် ချီဇီယန်၏ လှုပ်ရှားမှုများကို ကြည့်လိုက်သည်။ သူသည် ရေထဲတွင် ကူးခတ်နေသော ငါးတစ်ကောင်ကဲ့သို့ ဆေဘာ အလင်းများကို လူးလွန့်ဖြတ်သန်းနေပါသည်။ ဟုန်ယွိသည် တိတ်တဆိတ် အံ့ဩသွားမိ သည်။ အနက်ရောင်ဝတ် ခေါင်းဆောင်သုံးယောက်၏ ကိုယ်ခံပညာသည် သိုင်းသခင် အဆင့်တွင် ရှိနေသင့်သည်။ အကယ်၍, တစ်ဦးချင်း တိုက်ခိုက်မည်ဆိုလျှင်, ဟုန်ယွိက သူတို့ကို ရင်ဆိုင်နိုင်မည်ဟု ယုံကြည်ပါသည်။ သို့သော်, အကယ်၍, သူသာ လက်ဗလာ ဖြစ်နေခဲ့လျှ‌င်, ဟုန်ယွိသည် ကျိန်းသေပေါက် ရှုံးပါလိမ့်မည်။ လက်နက်ရှိခြင်းနှင့် လက်နက်မရှိခြင်းကြား ကွာခြားချက်က အလွန်ကြီးမားပါသည်။

ယခုမူ ချီဇီယန်သည် သုံးယောက်ကို လက်ဗလာဖြင့် တိုက်ခိုက်နိုင်ရုံသာမကဘဲ ၎င်းတို့ကို အရှင်လတ်လတ် ဖမ်းဆီးရမည် ဖြစ်ပါသည်။ သူသည် သူတို့သုံးယောက်ကို ထွက်ပြေး လွတ်မြောက်ခွင့်တောင် ပေး၍မရပါဘူး။ ထိုအခက်အခဲက သူတို့သုံးယောက်ကို သတ်ဖြတ် ခြင်းထက် ဆယ်ဆနီးပါး ပိုခက်ခဲပါသည်။

"ဒါက ဆန်းကြယ်ကောင်ကင်ဘုံခန်းမရဲ့ ကိုယ်ခံပညာဖြစ်တဲ့ ငါးနဂါးအသွင်ကူးပြောင်း ခြင်း ကိုးသွယ်ပဲ။" ဟုန်ယွိသည် ချီဇီယန်၏ လှုပ်ရှားမှု ပညာရပ်ကို ကြည့်လိုက်သည်။ ရုတ်တရက် လှုပ်ရှားမှုတစ်ခုသည် သိုင်းကျမ်းထဲတွင် ဘုန်းတော်ကြီး ယန်ယွဲ့၏ မှတ်ချက်နှင့် တစ်ခုနှင့်တစ်ခု တိုက်ဆိုင်နေပါသည်။ ချီဇီယန်သည် ဆန်းကြယ်ကောင်ကင်ဘုံ ခန်းမ၏ လျှို့ဝှက်ဆန်းကြယ်သော လှုပ်ရှားမှု ပညာရပ်သည့် ငါးနဂါးအသွင်ကူးပြောင်းခြင်း ကိုးသွယ်ကို အသုံးပြုနေကြောင်း သူ သိပါသည်။

ဤလှုပ်ရှားမှုပညာရပ်သည် ရေကူးနေသော ငါးတစ်ကောင်ကဲ့သို့ သွက်လက်သည်။ သို့သော် ပြောင်းလဲသွားချိန်မှာ နဂါးတစ်ကောင်ကဲ့သို့ ခက်ထန်လာသည်။

ဘန်း...၊ ဘန်း..၊ ဘန်း...။

ဟုန်ယွိ တွေးတောနေစဉ်မှာပင်, အဝေးတိုက်ပွဲဧရိယာမှ ကျယ်လောင်သော အသံသုံးခု ထွက်ပေါ်လာသည်။ အနက်ရောင်ဝတ် လူသုံးယောက်၏ ဆေဘာများသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပါသည်။ သူတို့သည် ခြေဆယ်လှမ်းအကွာအထိ လွင့်ပျံသွားပြီး၊ မြေပြင်ပေါ် ပြင်းထန်စွာ ပစ်ကျသွားပါသည်။ သူတို့သည် ပြန်ထရန် အသည်းအသန် ရုန်းကန်နေခဲ့ကြ သည်။

"ညီအစ်ကိုဟုန်၊ မင်း သူတို့ကို မေးမြန်းနိုင်ပြီ။" ချီဇီယန်က သူတို့ သုံးယောက်ကို လွင့်ပျံ အောင် တိုက်ခိုက်ပြီးနောက် ပြန်ဆုတ်သွားခဲ့သည်။ သူ့ရလာဒ်ကို သူ ကျေနပ်ပုံမပေါ်ပေ။ သူက ခေါင်းယမ်းရင်း ပြိုင်ဘက်၏ လက်သီးချက်နှင့် ဆေဘာနည်းစနစ်များကို တွေးတော နေမိတော့သည်။

ဟုန်ယွိသည် ချီဇီယန်၏ပုံစံကို မြင်သောအခါ၊ သူသည် ပညာရှင်တစ်ယောက်ထက် ပို၍ပင် လုံ့လဝီရိယ ရှိနေခဲ့သည်။ သူသည် တိတ်တဆိတ် သဘောကျသွားခဲ့ပါသည်။ အနာဂတ် တွင် ချီဇီယန်၏ အောင်မြင်မှုများသည် အကန့်အသတ် မရှိနိုင်ပေ။

ချွင်..၊ ချွင်.. ချွင်..။

တိုက်ပွဲ ပြီးဆုံးသွားသည်ကို မြင်လိုက်ရသဖြင့် ဟုန်ယွိ၏ နောက်လိုက် ငါးယောက်သည် လည်း စစ်သားများ၏ အရည်အသွေးများကို ပြသတော့သည်။ သူတို့သည် ဆေဘာများကို ခါးမှဆွဲထုတ်ပြီး ခေါင်းဆောင်သုံးဦး၏လည်ပင်းပေါ်တွင် တင်ထားကြသည်။

"ပြောစမ်း၊ ဘယ်သူက မင်းတို့ကို ဒီကို လွှတ်လိုက်တာလဲ။ မင်းတို့ ငါ့ကို ဘာလို့ သတ်ချင်တာလဲ။ မင်းတို့နာမည် ဘယ်လိုခေါ်လဲ။ ငါ့ကို ပြောစမ်း။” အခြေအနေက သူ့ထိန်းချုပ်မူအောက် ရောက်နေသည်ကို မြင်လိုက်ရသဖြင့် ဟုန်ယွိသည် အနက်ရောင် ဝတ် အမျိုးသားတစ်ဦး၏ နံဘေးသို့ လျှောက်သွားသည်။ သူ၏နောက်လိုက်တစ်ဦးသည် ထိုလူ၏မျက်နှာပေါ်ရှိ မျက်နှာဖုံးကို ဖယ်ရှားရန် ဆေဘာကို ချက်ချင်း အသုံးပြုကာ ထိုခေါင်းဆောင်၏ မျက်နှာကို ထုတ်ဖော်လိုက်ပါသည်။ ထိုလူသည် မျက်နှာရှည်ပြီး၊ သိမ်းငှက်သဖွယ် မျက်လုံးများကို ပိုင်ဆိုင်ထားပြီး၊ သူ့ပုံစံက အတော်လေး အရည်အချင်း ရှိပုံရပါသည်။

“ကျွန်တော်က တခြားသူတွေရဲ့ ပိုက်ဆံတွေကို ယူပြီး သူတို့ရဲ့ပြဿနာတွေကို ဖယ်ရှားဖို့ ကူညီပေးရသူပါ။ ကျွန်တော့်နာမည်က အနက်ရောင်သိမ်းငှက်ငယ်ပါ။ သူတို့နှစ်ယောက်က တော့ ကျွန်တော့်နဲ့ ကျမ်းသစ္စာကျိန်ဆိုထားတဲ့ ညီအကိုတွေ ဖြစ်ကြပြီး၊ ရွှေရောင်သိမ်းငှက် ငယ်နဲ့ ငွေရောင်သိမ်းငှက်ငယ်တို့ ဖြစ်ပါတယ်။ ကျွန်တော်တို့က အနက်ရောင်သိမ်းငှက် တောင်တန်းခံတပ်ကပါ။ ကျွန်တော်တို့က သင့်ကို ခြုံခိုတိုက်ခိုက်ပြီး သတ်ဖြတ်ဖို့ အလယ်ပိုင်းပြည်နယ်, ပြည်နယ်ဆယ့်သုံးခုရဲ့ ကုန်းမြေနဲ့ ရေတပ်မှူးတွေဆီကနေ အမိန့်ရ ထားလို့ပါ။ အခု ကျွန်တော်တို့က သင့်လက်ထဲ ကျရောက်သွားခဲ့ပြီ။ အသင် စိတ်ဆန္ဒရှိသ လို ကျွန်တော်တို့ကို လုပ်ဆောင်နိုင်ပါတယ်။”

အနက်ရောင်သိမ်းငှက်ငယ်သည် ဟုန်ယွိ၏မေးခွန်းကို ကြားသောအခါ၊ သူသည် ချက်ချင်း ပင် အရာအားလုံးကို ပြောပြပါသည်။ ထိုရိုးသားမှုမျိုးက ဟုန်ယွိကို အံ့ဩစေပါသည်။ ဤလူတွေ စကားပြောလာစေရန် လှည့်ကွက်တချို့ အသုံးပြုရမည်ဟု သူ ထင်ခဲ့သည်။

“ပြည်နယ်ဆယ့်သုံးခုရဲ့ ကုန်းမြေနဲ့ ရေတပ်မှူးတွေဆီကလား" ဟုန်ယွိသည် မျက်မှောင် ကြုတ်လိုက်ပါသည်။

“အခု လောလောဆယ်တော့ ဒီနေရာက အလယ်ပိုင်းပြည်နယ်ရဲ့ ပိုင်နက်ပဲ။ ပြည်နယ် ဆယ့်သုံးခုရဲ့ ကုန်းမြေနဲ့ရေမှူးတွေ အကုန်လုံးက အစိမ်းရောင်တောအုပ်က လူတွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတယ်။ တာဝန်ခံကိုတော့ ကုန်းမြေသခင်လို့ ခေါ်သည်။ ရှန်ထိုက်ဇူက ရှင်းပြသည်။

“အယ်.. တိုကုန်းမြေသခင် ဘယ်သူလဲ။” ဟုန်ယွိက မေးသည်။

“ကျွန်တော် မသိပါဘူး။ နောက်ဆုံးတော့၊ အင်ပါယာတရားရုံးက ဒေသခံလူဆိုးဂိုဏ်းတွေ ကို တားမြစ်ထားပါတယ်။ ဒီအစိမ်းရောင်တောအုပ်က လူတွေကလည်း သူတို့ကိုယ်သူတို့ နာမည် မဖော်ဝံ့ကြဘူး။ သူတို့က အမှောင်ထဲမှာပဲ လည်ပတ်နေကြတာ" ရှန်ထိုက်ဇူက ပြောသည်။

"ဟမ့်၊ ဘာ ကုန်းမြေသခင်လဲ။ သူတို့က ငါနဲ့ ဘာရန်ငြိုးမှ မရှိဘူး။ သူတို့က ဘာလို့ ငါ့ကို ခြုံခိုတိုက်ခိုက်တာလဲ။ မင်း တခြားဘာသိထားသေးလဲ။ ငါ့ကို ပြောပြပါ။” ဟုန်ယွိက ခေါင်းကို မော့လိုက်ပါသည်။

"သန့်စင်တဲ့ ကိုယ်ခံပညာနယ်မြေဖြစ်တဲ့ အထွဋ်ထိပ်ကောင်းကင်နယ်မြေက အထွဋ်ထိပ် ကောင်းကင်အမိန့်ကို တိတ်တဆိတ် ထုတ်ပြန်ခဲ့တဲ့ကြောင်း ကျွန်တော် ကြားသိရတယ်။ ပြည်နယ်ဆယ့်သုံးခုရဲ့ ကုန်းမြေနဲ့ရေခေါင်းဆောင်အားလုံးက သဘာဝအတိုင်း အဲဒီအမိန့် ကို နာခံကြရပါတယ်။" အနက်ရောင်သိမ်းငှက်ငယ်က ဟုန်ယွိကို ကြည့်ကာ သက်ပြင်းချ လိုက်ပါသည်။

"သန့်စင်တဲ့ သိုင်းပညာနယ်မြေ အထွဋ်ထိပ်ကောင်းကင်နယ်မြေလား။ အထွဋ်ထိပ် ကောင်းကင်အမိန့်လား” ဟုန်ယွိ၏ မျက်လုံးများက ကျဉ်းသွားခဲ့သည်။ "မုရုယန် ပြောပြခဲ့ တဲ့ ကြီးကျယ်ခမ်းနားတဲ့ သန့်စင်သော သိုင်းပညာနယ်မြေ ခြောက်ခုက, ဒိုင်ဇင်ဘုရား ကျောင်း၊ တိုင်ရှန်တာအို ဂိုဏ်း ဆန်းကြယ်ကောင်ကင်ဘုံခန်းမ၊ မက်မွန်နတ်ဘုရားဂိုဏ်း, အစစ်မှန်ခုနှစ်စင်ကြယ်ဂိတ်နဲ့ အနှစ်သာရနတ်ဘုရားကျောင်းပဲ။ အထွဋ်ထိပ် ကောင်းကင် နယ်မြေက ဘယ်အချိန်ကတည်းက သန့်စင်တဲ့ သိုင်းပညာနယ်မြေတစ်ခု ဖြစ်လာတာလဲ။”

All Chapters