← Chapters

အခန်း (၉၉-၁၀၁)

Vol. 8 Ch. 99-101

အခန်း (၉၉-၁၀၁)

Vol. 8 Ch. 99-101

အခန်း (၉၉)။

အထွဋ်ထိပ် ကောင်းကင်နယ်မြေဟူသော အမည်က ဟုန်ယွိ၏ စိတ်ထဲမှာ အလွန် ရှင်းလင်းပါနေသည်။ ၎င်းနာမည်သည် သူ့စိတ်ထဲမှာ ဓားတစ်ချောင်းဖြင့် ရေးထွင်းထားသလိုပင်။

အခြားအကြောင်းပြချက် မရှိပါဘူး။ တောင်ဘက်ရှိ ကျောက်မိသားစုသည် အထွဋ်ထိပ် ကောင်းကင်နယ်မြေ အဖွဲ့ဝင် ဖြစ်သောကြောင့် ဖြစ်ပါသည်။ သူ၏ဖခင် ဟုန်ရွှန်ကျိသည် အထွဋ်ထိပ်ကောင်းကင်နယ်မြေမှာ ကိုယ်ခံပညာကို စတင်သင်ယူခဲ့သည်။ သူသည် ထိုဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်ခဲ့ပါသည်။

တောင်ပိုင်းရှိ အထွဋ်ထိပ်ကောင်းကင်နယ်မြေသည် မူလက ကိုယ်ခံပညာဂိုဏ်းတစ်ခု ဖြစ်ပါ သည်။ ၎င်းသည် တောင်ပိုင်းရှိ ထင်ရှားသော မိသားစုများနှင့် အနည်းနှင့်အများ ဆက်စပ်နေသည်။ လွန်ခဲ့သော အနှစ်ခြောက်ဆယ်က ကမ္ဘာကြီးသည် ကမောက်ကမ ဖြစ်ခဲ့ရသည်။ တော်ဝင်ချန် စစ်တပ်သည် ကမ္ဘာကြီးအတွက် တိုက်ပွဲဝင်ခဲ့သည်။ အထွဋ်ထိပ်ကောင်းကင် နယ်မြေသည် တော်ဝင်ချန်စစ်တပ်နှင့် ချည်နှောင်ခဲ့ပြီး ကမ္မကုသိုလ် များစွာ ပြုလုပ်ခဲ့ကြသည်။ နောက်ပိုင်းတွင် အင်ပါယာတရားရုံးသည် ကိုယ်ခံပညာရပ်များကို ပိတ်ပင်ခဲ့ပြီး ဂိုဏ်းခွဲ အမျိုးမျိုးကို ဖျက်သိမ်းခဲ့သည်။ အထွဋ်ထိပ် ကောင်းကင်နယ်မြေသည် လိုက်နာတုံ့ပြန်သည့် အနေဖြင့် ၎င်းတို့၏ အင်အားစုများကို ဖျက်သိမ်းခဲ့သည်။ ထို့ကြောင့် ၎င်းတို့သည် အင်ပါယာတရားရုံး၏ နှစ်သက်မှုကို ရရှိခဲ့သည်။

သို့သော်၊ ဟုန်ယွိသည် မုရုန်ယန်ထံမှ လေ့လာမိသလောက်ဆို, အထွဋ်ထိပ် ကောင်းကင် နယ်မြေသည်, အပေါ်ယံမှာ ဖျက်သိမ်းပြီး၊ ၎င်းတို့၏ လုပ်ငန်းအချို့ကို အင်ပါယာ တရားရုံးသို့ လွှဲပြောင်းပေးကာ၊ ကိုယ်ခံပညာကျောင်းများနှင့် လေ့ကျင့်ရေး ခန်းမများ၊ သူတို့၏ ထောင်နှင့်ချီ သော တပည့်များကိုလည်း ဖျက်သိမ်းလိုက်ကြသည်။ သူတို့သည် တပည့်တွေကို ပြောင်ပြောင် တင်းတင်း လက်မခံတော့သလို ကိုယ်ပိုင်စစ်သည်များ မရှိကြသော်လည်း သူတို့၏ ပင်မခွ န်အားက လုံးဝ ယိမ်းယိုင်မသွားခဲ့ပေ။

ဆန့်ကျင်ဘက်အနေဖြင့် သူတို့၏အခြေခံအုတ်မြစ်က ပိုလို့တောင် ခိုင်မာလာခဲ့ပါသည်။

အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော အနှစ် ၂၀ က အထွဋ်ထိပ်ကောင်းကင်နယ်မြေသည် ဒိုင်ဇင် ဘုရားကျောင်းကို ရှင်းလင်းသုတ်သင်ရာတွင် ပါဝင်ရန် လူများကို စေလွှတ်ခဲ့သည်။ မရေမတွက်နိုင်သော သိုင်းကျမ်းများ၊ နှစ်တစ်ထောင်ချီ သက်တမ်းရှိ ဗုဒ္ဓဘာသာ ကျင့်ကြံရေး ကျမ်းများ၊ မှတ်စုများ၊ ရတနာများ၊ မြင့်မြတ်လက်နက်များနှင့် အခြားအရာများကို လုယူသွားခဲ့ ကြသည်။ ထိုလုယက်ဖျက်ဆီးသည့် လှုပ်ရှားမှုမှ ဩဇာကြီးမားသော အင်မော်တယ်ဂိုဏ်းသည် မည်မျှအကျိုးအမြတ်ရခဲ့သည်ကို မသိနိုင်ကြပေ။

ယခုအချိန်တွင်၊ ထိုကြီးမြတ်သော အင်မော်တယ်ဂိုဏ်းသည် အခြေခံအားဖြင့် သိုင်းပညာ မိသားစု တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ၎င်းသည် သူ့အလိုလို ကိုယ်ထင်ပြခြင်း မရှိတော့သည့် အတွက် တောင်ပိုင်းရှိ သာမန်လူများသည် ယင်းအကြောင်းကို မေ့နေကြပြီ ဖြစ်သည်။ သို့ရာတွင်၊ ၎င်း၏လျှို့ဝှက်စွမ်းအားသည် ပင်လယ်အောက်ခြေရှိ ဧရာမသားရဲ တစ်ကောင်နှင့်တူ၏။ မည်မျှကြီးမားသည်ကို မည်သူမှ မသိခဲ့ကြပါဘူး။

ဟုန်ယွိသည် တောင်ဘက်ရှိ မိသားစုကြီး ခုနစ်စုနှင့် ထင်ရှားသော မိသားစု ဒါဇင်ပေါင်းများ စွာတို့သည် အထွဋ်ထိပ်ကောင်းကင်နယ်မြေနှင့် ဆက်စပ်နေကြောင်း မုရုန်ယန်မှတဆင့် ကြားသိခဲ့ရသည်။

သို့သော်၊ တော်ဝင်ချန် မင်းဆက်သည် ကိုယ်ခံပညာ၊ လက်နက်များနှင့် ဒေသခံလူဆို ဂိုဏ်းများကို ပိတ်ပင်ထားသည်ဟု ဟုန်ယွိ တွေးခဲ့ဖူးသည်။ သိုင်းဂိုဏ်းများသည် ကိုယ်ပိုင် နာမည်ရအောင် မစွမ်းဆောင်နိုင်ကြပေ။ သို့သော်, ယခုပုံစံအရ, ထိုအရာများသည် အမှန်တရား နှင့် ဝေးကွာနေပါသည်။ အပေါ်ယံအားဖြင့် ဤကမ္ဘာကြီးဟာ အေးချမ်း သာယာပြီး ဂိုဏ်းဂဏတွေ လုံးဝ မရှိခဲ့ပါဘူး။ သို့သော် သူတို့အားလုံး ပုန်းအောင်းနေကြပြီး၊ မြေအောက်လောကသို့ ပြောင်းရွှေ့သွားကြသည်။

အထူးသဖြင့်၊ ယခု အထွဋ်ထိပ်ကောင်းကင်နယ်မြေသည် အစိမ်းရောင်တောအုပ်မှ လူများ၏ ပါးစပ်တွင် သန့်စင်သော ကိုယ်ခံပညာနယ်မြေတစ်ခု ဖြစ်လာခဲ့သည်။

သန့်စင်သော ကိုယ်ခံပညာနယ်မြေတစ်ခု၏ သဘောတရားက ဘာလဲ။

၎င်းတို့သည် နှစ်ပေါင်းထောင်ချီသော သမိုင်းကြောင်းရှိခဲ့ပြီး၊ ၎င်းတို့၏ သိုင်းပညာရပ်များသည် လေးနက်ပြီး၊ နားမလည်နိုအောင် ဖြစ်ရသည်။ သူတို့သည် မုန်တိုင်းများစွာကို ပြိုလဲခြင်းမရှိဘဲ ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ကြရသည်။ သူတို့မှာ မရေမတွက်နိုင်သော ကျွမ်းကျင် သူများရှိပြီး လွှမ်းမိုးနိုင် စွမ်း ကြီးမားကြသည်။ သူတို့၏ စကားတစ်ခွန်းဖြင့် ကျင်းဟူလောကရှိ လူပေါင်းများစွာသည် ခေါင်းညွှတ်ပြီး အမိန့်နာခံကြရမည်။ သူတို့သည် ကမ္ဘာကြီး ကမောက်ကမ ဖြစ်နေချိန်မှာ ကြီးကျယ်သည့်အရာတွေ ရရှိနိုင်ဖို့ လူသားဧကရာဇ်ကိုတောင် ကူညီပေးနိုင်ကြပါသည်။ ဤသည်မှာ သန့်စင်သော ကိုယ်ခံပညာ နယ်မြေတစ်ခု ဖြစ်သည်။

"အထွဋ်ထိပ် ကောင်းကင်နယ်မြေရဲ့ အင်အားက ဒီလောက်အဆင့်ထိ ရောက်နေပြီလား။" ဟုန်ယွိသည် တိတ်တဆိတ် ထိတ်လန့်သွားသည်။

"အထွဋ်ထိပ် ကောင်းကင်နယ်မြေက ဒိုင်ဇင်ဘုရားကျောင်းကနေ လျှို့ဝှက်စာအုပ်အချို့ကို လုယူခဲ့ကြတယ်။ သူတို့က ရုတ်တရက် အမွေရသွားတဲ့ သူဌေးတစ်ဦးသာသာပါပဲ။ သူတို့ကို သိုင်းပညာရှင်တွေရဲ့ သန့်စင်တဲ့နယ်မြေလို့ ဘယ်လိုလိုပ် ခေါ်နိုင်မှာလဲ။" ချီဇီယန်က အနက်ရောင် သိမ်းငှက်ငယ်၏ စကားကို ကြားသောအခါ မျက်လုံး ဖွင့်လာပြီး၊ လှောင်ပြောင် ရယ်မောလိုက်ပါသည်။

"အရှင်၊ အခု ကျွန်တော်တို့က အရှင်တို့လက်ထဲ ရောက်နေပြီ။ ကျွန်တော်တို့ကို ဘာလုပ်မှာလဲ” အနက်ရောင်သိမ်းငှက်ငယ်က ဟုန်ယွိကို ပြောသည် "ကျွန်တော်တို့က အရှင့်ကို ကြားဖြတ်ပြီး လုပ်ကြံသတ်ဖြတ်ရတာက အမိန့်တိုင်း လုပ်ဆောင်ခဲ့ရတာပါ။ အရှင်က ကျွန်တော်တို့ကို သနားကြင်နာပြီး အသက်ရှင်ခွင့်ပေးဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့, ကျွန်အဖြစ်နဲ့ တောင်, ဒီကျေးဇူးကို ဘယ်တော့မှ ပြန်ဆပ်နိုင်မှာ မဟုတ်ပါဘူး။”

"ဟုတ်ပါတယ်၊ အရှင်တို့အနေနဲ့ လမ်းတလျှောက်မှာ အခက်အခဲတွေ အများကြီး ကြုံရလိမ့်မယ်။ ကျွန်တော်တို့ သုံးယောက်က ကျင်းဟူလောကရဲ့ စည်းမျဉ်းတွေကို သိထားပါတယ်။ အစိမ်းရောင် တောအုပ်ရဲ့ ပြဿနာအများပြားကို ကာကွယ်နိုင်ပါတယ်။ ဒါ့ပြင်, နှစ်ပေါင်းများစွာ ကြာလာပြီး တဲ့နောက်မှာ, ကျွန်တော်တို့လည်း စိုးတထိတ်ထိတ်နဲ့ ဓားသွားပေါ်မှာ ရှင်သန်နေထိုင်ရတဲ့ ဓားပြတွေအဖြစ်နဲ့ မရှင်သန်ချင်တော့ပါဘူး။ အရှင်ရဲ့လက်အောက်ငယ်သား စစ်သည်တွေအဖြစ် ကျွန်တော်တို့ကို လွတ်မြောက်ခွင့်ပေးတာက ပိုကောင်းပါတယ်။ ဒါဆို, ကျွန်တော်တို့အတွက် အနာဂတ်တစ်ခု ရှိနေပါဦးမယ်။” ရွှေရောင် သိမ်းငှက်ငယ်က ပြောသည်။

"အရှင်အနေနဲ့, ကျွန်တော်တို့ရဲ့ ရိုးသားမှုကို သံသယဝင်ဖို့ မလိုပါဘူး။ အရင်တုန်းက ကျွန်တော်တို့မှာ ဒီညီအစ်ကိုအုပ်စုကြီး ရှိနေတော့ ခွဲသွားလို့မရခဲ့ဘူး။ အခု သူတို့ သေသွားပြီဆို တော့ အရှင့်နောက်ကို ရဲရဲကြီးကြီး လိုက်နိုင်ပါပြီ။ ကျွန်တော်တို့ရဲ့ ကိုယ်ခံပညာက မဆိုးပါဘူး။ ကျွန်တော်တို့မှာ အတွေ့အကြုံလည်း ရှိပါတယ်။ အရှင်က ကျွန်တော်တို့ကို ဘာမဆို လုပ်ခိုင်းနိုင်ပါတယ်။"

"ကျွန်အဖြစ်နဲ့တောင်လား…. မင်းတို့က ငါ့ကို ဘယ်တော့မှ ကျေးဇူးပြန်ဆပ်နိုင်မှာ မဟုတ်ဘူး ဟုတ်လား" ဟုန်ယွိက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "တောင်တန်းဓားပြတွေ အနေနဲ့, မင်းတို့ဟာ ဒီနှစ်တွေမှာ သာမန်လူတွေကို သတ်ဖြတ်တယ်။ ပစ္စည်းဥစ္စာတွေကို လုယက်ဖျက်ဆီး တယ်။ မုဒိမ်းကျင့်တယ်။ ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်ခဲ့တယ်။ မင်းတို့က ငါ့ကျွန်အဖြစ်နဲ့ မင်းတို့ရဲ့ ရာဇဝတ်မှုတွေကနေ လွတ်မြောက်ဖို့ ကြိုးစားချင်နေသေးတာလား။ ငါ့နောက်လိုက် အားလုံးက ဖြောင့်မတ်ပြီး၊ သူရဲကောင်းဆန်တဲ့ စစ်သည်တော်တွေပဲ။ ဟုန်ယွိက ထိုစကားကို ပြောရင်း ရှန်ထိုက်ဇူနဲ့ သူတို့လည်ပင်းတွေပေါ် ဆေဘာတွေ တင်ထားတဲ့ အစောင့်ငါးယောက်ကို ညွှန်ပြပြီး "သူဆို ကျင်းဟူလောကမှာ အစားအသောက်နဲ့ အပေါ်ပိုင်း အဝတ်မပါဘဲ လှည့်ပတ် သွားနေတဲ့ သိုင်းပညာရှင်တစ်ယောက်ပဲ။ ပြိုကျပျက်စီးနေတဲ့ ဘုရားကျောင်းမှာ အိပ်ခဲ့ရပေမယ့် ဘယ်သူ့ကိုမှ လုယက်ခြင်း မရှိခဲ့ဘူး။ သူက အသက်မွေး ဝမ်းကြောင်းအဖြစ် ဖျော်ဖြေသူ အနုပညာရှင် တစ်ယောက်အနေနဲ့ပဲ သူ့သိုင်းပညာကို အားကိုးခဲ့တယ်။ သူကမှ သိုင်းပညာရှင် တစ်ဦး, အစစ်မှန် ယောင်္ကျားတစ်ယောက် ဖြစ်သင့်တယ်။ ပြီးတော, ဒီလူတွေ, သူတို့က သစ္စာရှိပြီး ရဲရင့်ကြတယ်။ သူတို့က တိုင်းပြည်အတွက် တာဝန်းထမ်းဆောင်ပြီး အငြိမ်စားယူထား တဲ့ စစ်သည်တွေပဲ။ တကယ်လို့, ငါ မင်းတို့ကို ခေါ်သွားမယ်ဆိုရင်, ဒါက သူတို့အတွက် စော်ကားရာ မရောက်ပေဘူးလား။”

"မင်းတို့က မင်းတို့ရဲ့သခင်လေးအတွက် မသေရဲဘူးလား" အစောင့်ငါးယောက်သည် သူတို့က တိုင်းပြည်အပေါ် သစ္စာစောင့်သိပြီး ရဲစွမ်းသတ္တိရှိရှိဖြင့် တာဝန်ထမ်းဆောင်ခဲ့တယ် ဆိုသည့် ဟုန်ယွိ ပြောစကားကို ကြားလိုက်ရသည့်အခါ, သူတို့စိတ်နှလုံးတွေက လှုပ်ရှားသွားကြပြီး၊ တစ်ချိန်တည်းမှာပင် ဟစ်ကြွေးမိကြပါသည်။ တစ်ချိန်တည်းဆိုသလိုပင် သူတို့၏မျက်နှာများ သည် ထိုခေါင်းဆောင်သုံးယောက်ကို အထင်အမြင်သေးပုံ ပေါ်လွင်နေပါသည်။

ဤလူငါးယောက်သည် အနည်းငယ် ပိုသန်မာကာ အတွေ့အကြုံ အနည်းငယ်သာရှိသည့် သာမန် အငြိမ်းစား စစ်သည်များဖြစ်ကြသော်လည်း၊ သိုင်းပညာအရာတွင် ၎င်းတို့သည် အနက်ရောင် သိမ်းငှက်ငယ်, ရွှေရောင်သိမ်းငှက်ငယ်နှင့် ငွေရောင်သိမ်းငှက်ငယ်တို့ထက် များစွာ နိမ့်ကျပါ သည်။ မူလက ဆေဘာတွေကို သူတို့သုံးယောက်၏ လည်ပင်းပေါ်တွင် တင်ထားစဉ်, သူတို့သည့် အနည်းငယ် ရှက်ရွှံ့နေကြပါသည်။ သို့သော် ယခုအခါ, ဟုန်ယွိ၏ စကားများက သူတို့ကို အဆုံးမဲ့ ယုံကြည်မှုများ ပေးလာသောကြောင့် သူတို့လက်ထဲတွင် ရှိသော ဆေဘာများသည် ချက်ချင်းပင် ပို၍တည်ငြိမ်လာပါသည်။

ဟုန်ယွိသည် ထိုစကားအနည်းငယ်ကို ပြောနေစဉ်, သတိမထားမိ သိပ်သည်းလာသော စွမ်းအင်အသွင်တစ်ခုက တိတ်တဆိတ် ဖြစ်ပေါ်လာသည်။

ဟုန်ယွိသည်လည်း ထိုခံစားချက်ကို ရှင်းရှင်းလင်းလင်း ခံစားခဲ့ရပြီး "ဖြောင့်မတ်ခြင်း တရား ဦးဆောင်သည့် နေရာတိုင်းမှာ မကျော်လွှားနိုင်သောအရာ ဘာမှမရှိ" ဟူသော အခြေခံစည်းမျဉ်း ကို ရုတ်တရက် သဘောပေါက်သွားပါသည်။

အခုလေးတင်, သူသည် ထိုစကားများကို ပြောနေစဉ်မှာ, သူသည်လည်း သတိမကပ်ဘဲ ဖြစ်သွားခဲ့ပါသည်။ သူသည် မုဒိမ်းကျင့် လုယက်ဖျက်ဆီးသည့် ဓားပြမျိုးတွေကို သဘာဝအတိုင်း မုန်းတီးခဲ့ပါသည်။ ဤလူသုံးဦး၏ အခြေခံအုတ်မြစ်သည် လုံးလုံးလျားလျား ပျက်စီးသွားခဲ့ပြီး၊ သူ့ကို စိတ်ရင်းမှန်ဖြင့် မှီခိုအားကိုးရန် မဖြစ်နိုင်ကြောင်း သူနားလည် ထားပါသည်။ သူသည် ထိုကဲ့သို့လူများကို သူ၏လက်အောက်ငယ်သားများအဖြစ် မည်သို့ လက်ခံနိုင်မည်နည်း။

အနက်ရောင်သိမ်းငှက်ငယ် ရွှေရောင်သိမ်းငှက်ငယ်နှင့် ငွေရောင်သိမ်းငှက်ငယ်တို့သည် ဟုန်ယွိ၏ အေးစက်သော အမူအရာကို ကြည့်ပြီး ရုတ်တရက် ပြောသည် "ဒီကိစ္စနဲ့ ပတ်သက်ပြီး၊ အရှင်က, ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အာဏာပိုင်တွေဆီ အပ်နှံပေးစေ လိုပါတယ်၊"

"မင်းတို့ကို အာဏာပိုင်တွေဆီ လွှဲပေးရမှာလား" ဟုန်ယွိ၏ မျက်လုံးများက လင်းလက် သွားပါသည်။ သူက ရှေ့ခြေနှစ်လှမ်း လှမ်းပြီး ရုတ်တရက် မေးသည် "မင်းတို့ခံတပ်က ဘယ်မှာလဲ။ လူ ဘယ်နှစ်ယောက် ရှိလဲ။”

"ကျွန်တော်တို့ခံတပ်က ဒီကနေ လီ ၅ဝ လောက်ဝေးတဲ့ တောင်ကုန်းပေါ်မှာ ရှိပါတယ်။ ဒီတခေါက်မှာတော့ ကျွန်တော်တို့က အင်အားအပြည့်နဲ့ ထွက်လာပြီး ခံတပ်ကိုစောင့်ဖို့ လူအနည်းငယ်ပဲ ကျန်ပါတော့တယ်။" အနက်ရောင်သိမ်းငှက်ငယ်က ပြန်ဖြေသည်။

"မင်းတို့ အသက်ရှင်ချင်တယ်ဆိုရင်, ဒါက မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ငါတို့ကို မင်းတို့ ခံတပ်ဆီကို ခေါ်သွားပါ။" ဟုန်ယွိက ပြောသည် “ဒီလူသုံးယောက်ကို မြင်းပေါ်တင်ပြီး အလောင်းတွေကို လမ်းဘေးမှာ စုပုံပြီး သင်္ဂြိုဟ်လိုက်ကြ။ သူတို့က ဓားပြတွေဖြစ်ပေမဲ့ သူတို့ အလောင်းတွေကို တောထဲမှာ ပစ်ထားခဲ့ဖို့က အဆင်မပြေဘူး။ သူတို့ရဲ့ ဒူးလေးတွေနဲ့ မြှားကျည်တွေကို စုဆောင်းပါ။”

ဟုန်ယွိ၏အမိန့်ကြောင့် အစောင့်ငါးယောက်သည် ချက်ချင်း လှုပ်ရှားကြသည်။

စုစုပေါင်း ပျံသန်းနေသော ကျိုင်းကောင်ဒူးလေး ၂၄ ခုနှင့် ရာနှင့်ချီသော မြှားကျည်များ ရှိနေသည်။ ၎င်းတို့ကို စုစည်းကာ ထုပ်ပိုးပြီး၊ ဟုန်ယွိထံသို့ ပို့လိုက်ကြသည်။ ဟုန်ယွိသည် ဒူးလေးတွေထဲမှ တစ်လက်ကို ကောက်ကိုင်လိုက်ပြီး လက်ရာမြောက်လှသော ဒူးလေး ယန္တရားနှင့် မြှားကျည်များကို ကြည့်လိုက်သည်။ သူက ခေါင်းယမ်းပြီး “မင်းတို့ ငါးယောက်၊ တစ်ယောက် တစ်လက်စီ ယူထားကြ။ ကျန်တာကို သိမ်းထားလိုက်။"

ဤစစ်သားငါးဦး၏ သိုင်းပညာသည် အားကောင်းခြင်း မရှိသော်လည်း အဆက်မပြတ် ပစ်ခတ်နိုင်သော ပျံသန်းနေသော ကျိုင်းကောင်ဒူးလေးကို တညီတညွတ်တည်း ပစ်ခတ်ပါက ၎င်းတို့၏သတ်ဖြတ်နိုင်စွမ်းသည် ဆယ်ဆတိုးလာပါလိမ့်မည်။

အလောင်းများကို မြှုပ်နှံပြီး၊ အခင်းဖြစ်ပွားရာနေရာအား သန့်ရှင်းရေးလုပ်ပြီးနောက် လူတိုင်း သည် ၎င်းတို့၏မြင်းများကို လက်ဖြင့်ပုတ်ကာ အနက်ရောင်သိမ်းငှက်ခံတပ်ဆီသို့ ပြေးသွားကြ သည်။ လီ ၅၀ ခရီးသည် နာရီဝက်သာ ကြာပါသည်။

အနက်ရောင် သိမ်းငှက်ငယ်ခံတပ်သည် အမှန်တကယ်ပင် တောင်ပေါ်တွင် ရှိနေပါသည်။ ၎င်းသည် ကြီးမားသော သစ်သားခြံစည်းရိုးဖြင့် ဝန်းရံထားသော စွန့်ပစ်ဘုရားကျောင်း တစ်ခု ဖြစ်ပါသည်။ ၎င်းစွန့်ပစ်ဘုရားကျောင်းသည် တောပုန်းဓားပြတွေအတွက် ခိုအောင်းရာ နေရာ တစ်ခု ဖြစ်လာခဲ့သည်။ ချီဇီယန်သည် တောင်ပေါ် ရောက်ရောက်ချင်း သစ်သားတံခါးကို လက်ဖဝါးတစ်ချက် ရိုက်ချလိုက်သည်။ ကျန်အစောင့်များသည် တုံ့ပြန်ရန်ပင် အချိန်ပင်မရှိဘဲ မြေပြင်ပေါ်သို့ လဲကျသွားပါသည်။

“သူတို့ရဲ့ သိုလှောင်ခန်းကို ရှာဖွေကြစမ်း။" ဟုန်ယွိက အမိန့်ပေးသည်။ ချက်ခြင်းပင် အစေခံ ငါးယောက်သည် ဝံပုလွေနှင့် ကျားတွေကဲ့သို့ ပြေးဝင်လာကြပါသည်။ သူတို့သည် အိမ်တစ်အိမ် ကို ဝင်ရောက်စီးနင်းသည့်အလား နေရာတိုင်းကို လိုက်ရှာကြပါသည်။ များမကြာခင်မှာပင် အိမ်အောက်ခန်းအတွင်း ကြေးနီသော့ခတ်ထားသော သံသေတ္တာကြီး ကို တွေ့ရှိခဲ့သည်။

သံသေတ္တာကြီးကို ဗိမာန်တော်ရှေ့ ရင်ပြင်ပေါ်သို့ ရွှေ့လာကြသည်။ ရှန်ထိုက်ဇူသည် ကြေးနီသော့ကို သူ၏ဆေဘာဖြင့် ခုတ်ပိုင်းပြီး သံသေတ္တာကြီးကို ဖွင့်လိုက်ပါသည်။ ပေါက်ကွဲသံနှင့်အတူ၊ အတွင်းမှ ရွှေငွေများသည် တောက်လောင်နေသော နေရောင် အောက်တွင် လူတိုင်း၏ မျက်လုံးများကို ပြာဝေသွားစေပါသည်။

အခန်း (၁၀၀)။

“အာ…”။

ဟုန်ယွိ မုကလေးနှင့် ရှန်ထိုက်ဇူတို့သည် ဤကမ္ဘာနှင့် အမြဲတမ်း ထိတွေ့ဆက်ဆံဖူးကြ သော်လည်း၊ တောက်လောင်နေသော နေရောင်အောက်တွင် ဤမျှကြီးမားသော ရွှေငွေ သံသေတ္တာကြီး၏ စူးရှလင်းလက်နေသော တောက်ပမှုတို့ကြောင့် မျက်လုံးများ ပြာဝေ သွားကြဆဲပင်။ အစေခံငါးယောက်ဆို အံ့ဩတကြီး အော်ဟစ်လိုက်ပါသည်။

သံသေတ္တာကြီးအတွင်းမှာ တံဆိပ်ပုံစံ ရွှေတုံးတွေ ရှိနေပါသည်။ ၎င်းတို့သည် စတုရန်းပုံ ဖြစ်ပြီး နှစ်ဆယ်ခန့် ရှိသည်။ ဤရွှေတုံးများသည် ရွှေမဟုတ်သော်လည်း ရတနာအရောင် တောက်ပနေ သည်။ တကယ်တော့ ၎င်းတို့က သန့်စင်ရွှေစစ်စစ် ဖြစ်ပါသည်။

တံဆိပ်တုံးနှင့်တူသော သန့်စင်ရွှေ အတုံးနှစ်ဆယ်သည် အမှန်တကယ်တော့ မများလှပါ။ ၎င်းတို့သည် ခက်တီ လေးဆယ်ကောင်ခန့်, သို့မဟုတ် ရွှေဒင်္ဂါးခြောက်ထောင်မှ ခုနှစ် ထောင်ခန့်သာ ရှိပါသည်။ (တစ်ခက်တီလျှင် ရွှေဒင်္ဂါး ဆယ့်ခြောက်ခု ခန့်ရှိသည်။) သို့သော် ဤရွှေတုံးများကို ဤနေရာတွင် ပုံထားလိုက်သောအခါ, ယင်းက လူတို့အား ပြင်းထန်သော လှုံ့ဆော်မှု ပေးစွမ်းနိုင်ပါသည်။

ဟုန်ယွိသည် တွေ့ရာ သန့်စင်ရွှေတုံးတစ်ခုအား ကောက်ယူလိုက်ရာ ၎င်းသည် အမှန်ပင် တံဆိပ်တစ်ခုဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ ထွင်းထုသည့်ဟန်က ထူးထူးခြားခြား လက်ရာ မြောက်လှသည်။ ၎င်းသည် ခြင်္သေ့တံဆိပ် သို့မဟုတ် ချီလင်တံဆိပ် ဖြစ်သည်။ တံဆိပ်များ၏ အောက်တွင် "ပညာရှင်ထာဝရနွေဦး", "ပညာရှင်ယွန်မင်", "ပညာရှင် မိုးမခပင်ငါးခု"အစရှိသော နာမည်အများပြား ရေးထွင်းထားပါသည်။

“ဒီနာမည်တွေက အင်ပါယာနန်းတွင်းက အဆင့်မြင့် အရာရှိတချို့ရဲ့ ဂုဏ်သိက္ခာကြီးမား တဲ့ ဘွဲ့တံဆိပ်တွေပဲ..." ဟုန်ယွိက ၎င်းတို့ကို ကြည့်ကာ သန့်စင်ရွှေတုံးတံဆိပ်များသည် အင်ပါယာနန်းတွင်းရှိ အရာရှိအချို့၏ အသိမှတ်တံဆိပ်တုန်းများ ဖြစ်ကြောင်း သိလိုက်ရပါ သည်။ တံဆိပ်တုံးပေါ်ရှိ ဘွဲ့တံဆိပ်များသည် ကျော်ကြားပြီး ဂုဏ်သိက္ခာကြီးမားသော အရာရှိအချို့၏ အဆင့်တန်းမြင့်မားသော ဘွဲ့များပင် ဖြစ်ပါသည်။

၈၀ ရာခိုင်နှုန်းက ရွှေ, ၉၀ ရာခိုင်နှုန်းက ခရမ်းရောင်ရွှေ, ၁၀ ရာခိုင်နှုန်းက သန့်စင်ရွှေ။ သန့်စင်ရွှေသည် ဈေးကြီးလွန်းသောကြောင့်၊ ငွေနှင့် လဲလှယ်သောအခါ ရွှေထက် နှစ်ဆပို၍ ပိုတန်ဖိုးရှိပါသည်။ ထို့အပြင်, ၎င်းရွှေသည် အဖိုးမဖြတ်နိုင်ပေ။

ထိုသန့်စင်ရွှေတံဆိပ်များအပြင်, သံမဏိသေတ္တာကြီးအတွင်း၌ သေးငယ်သော သံမဏိ သေတ္တာတစ်ခုလည်း ရှိနေပါသည်။ သံမဏိသေတ္တာလေးကို ဖွင့်လိုက်တော့ အထဲမှာ ကျောက်မျက်ရတနာမျိုးစုံ၊ လက်စွပ်၊ ကြောင်မျက်လုံးကွင်း၊ မြ၊ မီးအမြုတေကျောက်၊ အစိမ်းရောင်ပုတီးစေ့ စသဖြင့် အမျိုးစုံ ရှိနေပါသည်။ ထိုလက်ဝတ်ရတနာ သေတ္တာလေးက သန့်စင်ရွှေတံဆိပ်တုံးတွေထက်တောင် ပိုတန်ဖိုးကြီးပါသည်။ အကယ်၍, ရောင်းလိုက်မည် ဆိုလျှင်, အနည်းဆုံး ငွေဒင်္ဂါးတသောင်းဖိုး ရှိပါလိမ့်မည်။

ထိုရွှေတံဆိပ်များနှင့် လက်ဝတ်ရတနာ သေတ္တာငယ်အပြင် သပ်ရပ်စွာ ထုပ်ပိုးထားသော ငွေစက္ကူအမြောက်အမြားလည်း ရှိနေသေးသည်။ ဟုန်ယွိသည် ၎င်းကို ကောက်ယူပြီး နန်ဂျီပြည်နယ် ထိုက်ချန်ငွေစုဌာနမှ ငွေဒင်္ဂါးတစ်ရာဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ ငွေစက္ကူများ တွင် ငွေစက္ကူအတုများကို တားဆီးနိုင်သည့် ရေစာများ၊ သင်္ကေတများနှင့် တံဆိပ်များ ထူထပ်စွာ ရေးထွင်းထားပါသည်။ တစ်ချက်ကြည့်ရုံဖြင့် ၎င်းတို့ကို အစစ်အမှန် ဟု ပြောနိုင်ပါသည်။

ရွှေတံဆိပ်တုံးများ၊ လက်ဝတ်ရတနာများနှင့် ငွေစက္ကူများအပြင် လေးပေရှည်သော သံသေတ္တာ တစ်ခုလည်း ရှိနေပါသေးသည်။ ၎င်းကို ဖွင့်ကြည့်လိုက်တော့, အထဲမှာ လေးတစ်စင်း ရှိနေပါ သည်။ လေးသည် အစွန်းနှစ်ဖက်တွင် အစိမ်းနုရောင်ရှိပြီး ကျောက်စိမ်းဖြင့် ပြုလုပ်ထားပုံရသည်။ ပတ်ပတ်လည်မှာ နှင်းဖြူရောင်ကြိုးတစ်ချောင်း ရစ်ပတ်ထားသဖြင့် ထိလိုက်တိုင်း အေးစိမ့်သွား သလို ခံစားလိုက်ရသည်။ လေးညှို့ကို ဆွဲလိုက်ချိန်မှာ သတ္တုသံ ထွက်လာပါသည်။

ထိုလေးညို့ကြိုးကို သံမဏိသစ်သား မဟူရာအရိုးလေးနှင့် တူညီစွာ ကျောက်ကျော ပယင်းနှင့် အရည်သွေးတူညီသည့် အဝါရောင်တောက်တောက် ချည်မျှင်ဖြင့် ပြုလုပ်ထားပါ သည်။ သို့သော်၊ အရောင်က သံမဏိသစ်သား မဟူရာအရိုးလေးထက် ပိုမိုတောက်ပပြီး ၎င်းသည် နှစ်ဆပိုထူပါ သည်။

လေး၏ဘေးမှာ အရိုးနှင့်ပြုလုပ်ထားပုံရသည့် အဖြူရောင်မြှားသုံးချောင်း ရှိနေသည်။ မြှားခေါင်းများသည် မရေမတွက်နိုင်သော လူများ၏ သွေးများဖြင့် စွန်းထင်းနေသကဲ့သို့ သွေးများဖြင့် စွန်းထင်းနေခဲ့သည်။

"ဒါက ဘယ်လိုလေးအမျိုးစားလဲ။ မြှားတွေကရော" ဟုန်ယွိက လေးကို ကောက်ကိုင်လိုက် ပါသည်။ လေးက သူ့လက်ထဲမှာ အရမ်းကို လေးလံနေပါ သည်။ သူသည် လေးကြိုးကို ဆွဲထုတ် ရန် ကြိုးစားသော်လည်း တောင့်တင်းနေခဲ့သည်။ သူသည် သူ့ခွန်အားအားလုံးကို အသုံးပြုခဲ့သော် လည်း လေးညှို့ တစ်ဝက်လောက်ကိုသာ ဆွဲထုတ်နိုင်ခဲ့ပါသည်။

"ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ လေးလဲ။ အနည်းဆုံး ကျောက်ခုနစ်လုံး၊ ရှစ်လုံးလောက် အစွမ်းထက်တယ်" ဟုန်ယွိက ထိတ်လန့်စွာ အော်ပြောလိုက်သည်။ (ကျောက်တစ်လုံးသည် ကီလိုဂရမ်တစ်ရာရှိကြောင့် ရှေ့မှာတုန်းက ရေးသားပြီးပါပြီ)

"သက်တန့်ထိုးဖောက်လေးလား…. စိတ်ဝိညာဉ်ဖြိုခွဲခြင်းမြှားလား...." ဟုန်ယွိက လေးကို စမ်းသပ်နေစဉ်မှာ ချီဇီယန်က ရုတ်တရက် ထအော်ပါသည်။

"ဘာမှားလို့လဲ" ဟုန်ယွိသည် ခေါင်းလှည့်ကာ ချီဇီယန်ကို ကြည့်လိုက်သည်။ ချီဇီယန်သည် မုရုန်ယန်၏ အမိန့်ကိုနာခံပြီး၊ ဟုန်ယွိနောက်ကို လိုက်လာပြီးကတည်းက သူသည် စိတ်ညှို့ ခံထားရအလား အမြဲတမ်း အေးစက်စက် အမူအရာ ရှိနေခဲ့ပါသည်။ သူ့အမူအရာအရ ယခုလို သိသာထားရှားသည့် ပြောင်းလဲမူကြီးက သူ့စရိုက်နှင့် မကိုက်ညီပါဘူး။

"တကယ်လို့, ငါမမှားဘူးဆိုရင်, ဒီလေးကို သက်တန့်ထိုးဖောက်လေးလို့ ခေါ်တယ်။ လေးရဲ့ ကိုယ်ထည်ကို နက်ဖရိုက်တ် မျှော့သံမဏိနဲ့ ထုလုပ်ထားပြီး၊ ၎င်းရဲ့မာကြောမှုက ဘယ်သစ်သား ထက်မဆို သာလွန်တယ်။ လေးကြိုးကိုလည်း ဆယ်နှစ်ကျော်ကြာ ကော်ထဲမှာစိမ်ထားတဲ့ သက်တမ်းတစ်ရာကျော် အကြွေစေ့ပုံစံကွက်ပါ စပါးအုံးမြွေရဲ့ အရွတ်နဲ့ ပြုလုပ်ထားတယ်။ လေးကို အကြိမ်ပေါင်း သောင်းနဲ့ချီပြီး ဆွဲပေမယ့်လည်း လေးရဲ့သန်မာမူက နည်းနည်းလေးမှ အားနည်းသွားမှာ မဟုတ်ဘူး။ ဒီလေးက သံမဏိသစ်သားမဟူရာအရိုးလေးနဲ့ မတူဘူး။ သံမဏိသစ်သားမဟူရာအရိုးလေးက ကောင်းမွန် ပေမယ့်လည်း အကြိမ်ပေါင်း ထောင်ဂဏန်း ကြာ ဆွဲပြီးနောက် လေးရဲ့အစွမ်းက အသုံးမ ဝင်တဲ့တိုင်အောင် တဖြည်းဖြည်း အားပျော့သွား လိမ့်မယ်။” ချီဇီယန်၏ မျက်လုံးများက တောက်ပလာပြီး "ကမ္ဘာပေါ်မှာ နာမည်ကြီး ထိပ်တန်းလေးဆယ်စင်းထဲက နေခွင်းလေး၊ လမင်းရင်ခွင်လေးနဲ့ ကြယ်ချွေလေးတို့အပြင်၊ ဒီသက်တန့်ထိုးဖောက်လေးက အဆင့်လေးမှာ ရှိတယ်။ ခြေလှမ်း ၈၀၀ အကွာမှ လူတစ်ယောက် ကို ထိုးဖောက်နိုင်တယ်။”

"ဒီလေးကို နက်ဖရိုက်တ်မျှော့သံမဏိနဲ့ သွန်းလုပ်ထားတာလား။" ဟုန်ယွိလည်း အံ့ဩသွား သည်။ နက်ဖရိုက်တ်မျှော့သံမဏိသည် ထုတ်ကုန်မဟုတ်ဘဲ၊ ၎င်းကို ဝက်သံ၊ သံထည်၊ ကာဗွန်မှုန့်နှင့် အခြားပစ္စည်းများကို အသုံးပြု၍ မာစတာအဆင့် ပန်းပဲဆရာက ထုရိုက် ခြင်း အပူပေးခြင်းတို့ကို ပြုလုပ်ရပါသည်။ ၎င်းကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပုံသွင်းခြင်း၊ ထုက်ရိုက်ခြင်းနှင့် အပူပေးခြင်းတို့ကို ပြုလုပ်ပြီးနောက်၊ ၎င်းကို အလွန်မာ ကျောပြီး ပျော့ပျောင်း သော သံမဏိအဖြစ် ထုလုပ်ကြပါသည်။ ၎င်းသံမဏိသည် ဒဏ္ဍာရီလာ သွေးပုံစံ သံမဏိလောက် မကောင်းမွန်သော်လည်း၊ ၎င်းသည် အလွန်အဖိုးတန် နေပါသေးသည်။ ဤသံမဏိမျိုးကို လှံများ၊ သံတုတ်များနှင့် လေးများအတွက် အကောင်း ဆုံး အသုံးပြုကြပါသည်။

အကယ်၍ နက်ဖရိုက်တ် မျှော့သံမဏိဖြင့်ပြုလုပ်ထားသည့် လှံဖြစ်ပါက၊ ထိုလှံ လှုပ်ခါသော အခါ, စွမ်းအားကို သိမ်းဆည်းထားနိုင်လိမ့်မည်။ ၎င်းစွမ်းအား ပေါ်လာပြီး၊ ပျောက်ကွယ် သွားနိုင်သည့် ဆန်းကြယ်သည့် စွမ်းအားတစ်ခုကာ၊ ၎င်းလှံ၏စွမ်းအားသည် အလွန် တိုးမြင့်လာမည် ဖြစ်သည်။ သံတုတ်များအတွက်လည်း အလားတူပင်။ ခွန်အားကြီးမားသူ တစ်ဦးသည် ထိုသံမဏိတုတ်များ ကို စက်ဝိုင်းဖြစ်သည်အထိပင် ကွေးနိုင်ပါသည်။ ထို့နောက်, ၎င်းကို ပြင်းပြင်းထန်ထန် တွန်းထုတ် ပစ်နိုင်သည်။ သံတုံးကြီးတစ်တုံးဆိုရင် တောင် ပေါက်ကွဲလိမ့်မည်။

နက်ဖရိုက်တ်မျှော့ သံမဏိဖြင့်ပြုလုပ်ထားသော သံတုတ်များသည် တုတ်နှင့်လှံများကို အသုံးပြုသော ကိုယ်ခံပညာရှင်များအတွက် အကောင်းဆုံးလက်နက်များ ဖြစ်ကြပါသည်။ သူတို့ကို "လိုတရကြိမ်လုံး" ဟု ခေါ်ကြသည်။ (စိတ်ဆန္ဒရှိသလို ကွေးနိုင်ဆန့်နိုင်သောကြောင့် wishful Rods ကို လိုတရကြိမ်လုံးဟု ပြန်ဆိုလိုက်ပါသည်။)

သို့သော်လည်း ဤနက်ဖရိုက်တ်မျှော့ သံမဏိမျိုးသည် ရွှေထက်ပင် ပိုအဖိုးတန်ပြီး သွန်းလုပ် သည့် နည်းလမ်းများမှာလည်း ပျောက်ဆုံးသွားခဲ့ပြီ။ ငွေကြေးတတ်နိုင်ရင်တောင် ဝယ်ယူဖို့ ခက်ခဲပါသည်။

"အစွမ်းထက်တဲ့ အရာက ဒီလေးမဟုတ်ဘူး၊ အဲဒါ ဒီစိတ်ဝိညာဉ်ဖြိုခွဲခြင်း မြှားသုံးစင်းပဲ။" ချီဇီယန်က ပြောသည် "ဒီစိတ်ဝိညာဉ်ဖြိုခွဲခြင်း မြှားသုံးစင်းက နတ်ဘုရား စိတ်ဝိညာဉ်တွေကို သတ်ဖြတ်ဖို့ အထူးအသုံးပြုထားတာ။ အဲဒါက ရှေးဟောင်းပစ္စည်းတစ်ခုပဲ။”

"နတ်ဘုရား စိတ်ဝိညာဉ်တွေကို သတ်ဖြတ်နိုင်တဲ့ ရှေးဟောင်းပစ္စည်းလား။" ဟုန်ယွိ အံ့ဩသွား သည်။

"ဒါ့အပြင်၊ နတ်ဘုရား စိတ်ဝိညာဉ်တွေကို သတ်ဖြတ်နိုင်တဲ့ ဒီမြှားတွေပေါ်မှာ စုစည်းနေတဲ့ အလွန်မင်း ပြင်းထန်တဲ့ သတ်ဖြတ်လိုတဲ့ဆန္ဒကို ငါ ခံစားနိုင်တယ်။ ဒါက လုပ်ကြံ သတ်ဖြတ်သူ အများအပြားက နှစ်ပေါင်းများစွာ ကိုးကွယ်ထားတဲ့ မြှားတွေ ဖြစ်သင့်တယ်။" ချီဇီယန်က ပြောသည်။

"ဒီလိုလား…" ဟုန်ယွိသည် သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ကို သူ့အခွံထဲမှ တိတ်တဆိတ် ထွက်ခွာ ခွင့် ပြုလိုက်ပါသည်။ ဟုတ်ပါသည်။ သူ့အခွံမှ စွန့်ခွာပြီးသည်နှင့်, သူသည် မြှားတစ်ဝိုက်မှာ ရစ်ပတ်နေသည့် အတွေးမျှင်ပေါင်းများစွာကို သူခံစားလိုက်ရသည်။ ၎င်းတို့သည် အော်ဟစ် ငိုကြွေးပြီး ရုန်းကန်နေကြသည်။ ဟုန်ယွိသည် ဗုဒ္ဓဘာသာ ကျမ်းများတွင် မှတ်တမ်း တင်ထားသည့်အတိုင်း ငရဲကိုးထပ်၏ အဝင်ဝသို့ ရောက်ရှိသွားသလို ခံစားရပါသည်။ ဤမြှားဖြင့် ထိုးဖောက်ခံရပြီး ပျက်ဆီးသွားသည့် နတ်ဘုရား စိတ်ဝိညာဉ်များ မည်မျှများပြား မည်ကို တွေးကြည့်နိုင်ပါသည်။

နတ်ဘုရား စိတ်ဝိညာဉ်သည် ပုံသဏ္ဍာန်မဲ့ကာ၊ မမြင်နိုင်သော အတွေးတစ်ခု ဖြစ်သည်။ ဓားသည် မည်မျှ ထက်ရှနေပါစေ, ၎င်းကို ဓားက မထိခိုက်စေနိုင်ပါ။ ထို့ကြောင့် ကျင့်ကြံသူ တစ်ဦးသည် ပျံသန်းနိုင်သောဓားဖြင့် သတ်ဖြတ်သောအခါ, ၎င်းသည် သိုင်းပညာရှင်တစ်ဦး အပေါ် ကြီးမားသော အားသာချက်ကြီးတစ်ခု ဖြစ်လာခဲ့ပါသည်။ ဥပမာအားဖြင့်၊ ဟုန်ယွိကဲ့သို့ ကိုယ်ခံပညာရှင်ငယ်လေးတစ်ဦးသည် သိုင်းသခင်အဆင့် အထွတ်အထိပ်ရှိ သွေးအေးလင်းယုန် ၁၃ ဖော်ကို ထိုးဖောက်ပြီး သတ်ဖြတ်နိုင်ခဲ့သည်။

အလွန်ပြင်းထန်သော ယန်သွေးချီအပြင်, နတ်ဘုရား စိတ်ဝိညာဉ်ကို ထိခိုက်စေနိုင်ရန်၊ ရှေးဟောင်းပစ္စည်းတစ်ခုလည်း ရှိနေပါသေးသည်။

ဟုန်ယွိသည် ထိုအကြောင်းကို အလွန်ရှင်းရှင်းလင်းလင်း သိပါသည်။ ထိုအချိန်တုန်းက သူသည် အရိုသေပေးခြင်းခြံဝန်း၌ ရှိနေစဉ် သူ့စိတ်ဝိညာဉ်သည် ရှေးခေတ်ပညာရှင်များ၏ ရုပ်ထုများကို စစ်ဆေးကြည့်ရန် သူ့ခန္ဓာကိုယ်မှ ထွက်ခွာသွားစဉ်, ရုပ်ထုများမှ ကြီးမားသည့် ဖြောင့်မတ်ခြင်း စိတ်ဆန္ဒကို ခံစားခဲ့ရသည်။ သူစိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ကို မစွန့်နိုင်သည်အထိ ဖိနှိပ်ခံခဲ့ရ သည်။ ဤသည်မှာ ရှေးခေတ်ပညာရှင်များစွာ၏ စိတ်ဆန္ဒ ဖြစ်ပါသည်။ ရုပ်ထုများကို နှစ်ပေါင်းများစွာ ကိုးကွယ်ပြီးသည့်နောက်၊ သူတို့၏ စိတ်နှလုံးသည် ရိုသေမှု အပြည့်နှင့်အတူ နှစ်ပေါင်း မရေမတွက်နိုင်သော ကိုးကွယ်မှုတို့က သူတို့၏ စိတ်ဆန္ဒကို ခိုင်မာစေပါသည်။

နတ်ဘုရား စိတ်ဝိညာဉ်သည် အတွေးများစုစည်းရာ ဖြစ်ပါသည်။

ရှေးဟောင်းပစ္စည်းများကို သန့်စင်ခြင်းသည်လည်း တူညီသောနိယာမ ဖြစ်သည်။

"ဒါက တရားမဝင် နည်းလမ်းနဲ့ရလာတဲ့ ဉစ္စာတွေပဲ ငါ သိမ်းယူသင့်လား၊ မယူသင့်ဘူးလား" ဟုန်ယွိက သူ့စိတ်ထဲမှာ တွေးလိုက်မိသည်။

"မင်းတို့မှာ ဘာလို့ ဒီလိုအရာတွေ ရှိနေတာလဲ" ခဏလောက် စဉ်းစားပြီးနောက်၊ ဟုန်ယွိက ခေါင်းလှည့်ပြီး မြေပြင်မှာကြိုးချည်ထားသည့် အနက်ရောင် သိမ်းငှက်ငယ်ကို မေးလိုက်ပါသည် "ဒီသံမဏိသေတ္တာကြီးက အနည်းဆုံး ငွေဒင်္ဂါး ငါးသောင်းတန်တယ်။ ဒီပစ္စည်းတွေကို ပိုင်ဆိုင်ထားတာတောင်, မင်းတို့က လူတွေကို လုယက်ချင်နေသေးတာလား။”

“လွန်ခဲ့တဲ့ နှစ်နှစ်လောက်က အလယ်ပိုင်းပြည်နယ် ပြည်နယ် ၁၃ ခုက ပင်လယ်နဲ့ ရေကြောင်းဆိုင်ရာ ကျွမ်းကျင်သူတွေက ဒီပစ္စည်းတွေကို အိမ်ရှေ့စံမင်းသားကို ပေးအပ်ခဲ့တာပါ။ ကျွန်တော်တို့က ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်ကို အခွင့်ကောင်းယူပြီး၊ ဒီရတနာ သေတ္တာကြီးကို သိမ်းယူနိုင်ခဲ့ကြတယ်။ ဒါပေမယ့် ဒီရတနာတွေကို ရောင်းလို့မရဘူး။ ငွေဒင်္ဂါးစက္ကူ တစ်သောင်း ကတော့ အရှင်ရဲ့အသက်ကို ဝယ်ယူဖို့အတွက် ကျွန်တော်တို့ကို ပေးခဲ့တဲ့ ငွေကြေးတွေပါ" အနက်ရောင်သိမ်းငှက်ငယ်က ဆိုသည်။

"မှန်တယ်၊ ဒီပစ္စည်းတွေက ရောင်းရခက်တယ်။" ဟုန်ယွိသည် သန့်စင်ရွှေတုံးတံဆိပ်နှင့် လက်ဝတ်ရတနာများကို ကြည့်ကာ "အထူးသဖြင့် အိမ်ရှေ့စံ မင်းသားကို ဆက်သတဲ့ ပစ္စည်းတွေကို လုယက်ခြင်းက ကြီးမားတဲ့ ရာဇဝတ်မှုကြီး ဖြစ်တယ်။"

"အိမ်ရှေ့စံမင်းသားရဲ့ ပူဇော်သက္ကာကို လုယက်ဖို့က အထွဋ်ထိပ်ကောင်းကင်နယ်မြေရဲ့ အမိန့်ပဲ လား။" ဟုန်ယွိက ရုတ်တရက် မေးသည် "အထွဋ်ထိပ်ကောင်းကင်နယ်မြေက အိမ်ရှေ့စံ မင်းသား ရဲ့လူပဲ။ သူတို့က အိမ်ရှေ့စံမင်းသားရဲ့ ပူဇော်သက္ကာကို ဘာလို့ လုယက်တာလဲ။”

“မဟုတ်ဘူး, လွန်ခဲ့တဲ့ သုံးနှစ်က သက်ရောက်မှုတွေက အရမ်းကို ကြီးမားတယ်။ ကျွန်တော်တို့ လည်း ရတနာတွေ ခိုးယူပြီးတဲ့နောက်မှာ စကားတောင် မဟရဲတော့ဘူး။”

“အမ်…. ဒါဆို ဒီလိုပေါ့။ ထိုမှသာ ဟုန်ယွိလည်း နားလည်သွားသည်။ ယင်ပြည်နယ်မှ ကုန်သည်ကြီးများသည် အိမ်ရှေ့စံမင်းသားအား လက်ဆောင်ဆက်သကြပြီး၊ မင်းသားက သူ့လူတွေကို လုယက် သတ်ဖြတ်ရန် လျှို့ဝှက်စေလွှတ်ခဲ့သည်။ ယင်းက ပွင့်လင်းမြင်သာပြီး၊ လျှို့ဝှက် ရုန်းရင်းဆန်ခတ် အဖြစ်ပျက်တစ်ခု ဖြစ်ပွားခဲ့သည်။ လှိုင်းလေထန်ပြီး ဤမျှ အတိုင်းအတာအထိ ကျယ်ပြန့်သွားခဲ့သည်။

“ဒါပေမယ့်, အိမ်ရှေ့စံမင်းသားကို ရွှေ၊ ငွေ၊ ရတနာတွေနဲ့ ဆက်သတာက ပုံမှန်ပါပဲ။ စိတ်ဝိညာဉ် ဖြိုခွဲခြင်းမြှားကကော ဘယ်လိုလဲ။ သက်တန့်ထိုးဖောက်ခြင်း လေးကရော။ ဒါတွေကို ဘာအတွက် အသုံးပြုမှာလဲ။" ဟုန်ယွိက မျက်မှောင်ကြုတ်လိုက်သည်။

"သေချာတာက, ဒါတွေက တာအိုသခင်တွေရဲ့ လုပ်ကြံသတ်ဖြတ်မှုကို တားဆီးဖို့ပဲ၊" ချီဇီယန်က ပြောသည် "တော်ဝင်ချန်ကို လွန်ခဲ့တဲ့ အနှစ်ခြောက်ဆယ်က တည်ထောင်ခဲ့တာ။ ထိုက်ဇူက အနှစ်သုံးဆယ် စိုးစံခဲ့ပြီး၊ လက်ရှိဧကရာဇ်က အနှစ်နှစ်ဆယ် အုပ်ချုပ်ခဲ့တယ်။ ထိုက်ကျုံးနဲ့ ကောင်းကျုံးတို့က အုပ်စိုးခဲ့တာ ဆယ်နှစ်ပဲ ရှိခဲ့တယ်။ ဧကရာဇ် မျိုးဆက်နှစ်ခုဟာ သက်တမ်းတိုလွန်းတယ်"

"ထိုက်ကျုံးနဲ့ ကောင်းကျုံးတို့ဟာ လုပ်ကြံခံရတာများ ဖြစ်နိုင်မလား။ သမိုင်းမှတ်တမ်းတွေမှာ သူတို့ဟာ နာမကျန်းဖြစ်ခဲ့တယ်လို့ ဆိုထားတာ အံ့ဩစရာ မရှိတော့ဘူး။ တော်ဝင်ချန် မင်းသားတွေ အားလုံးက သူတို့ရဲ့ခန္ဓာကိုယ်တွေ ကြံ့ခိုင်သန်မာဖို့ ကိုယ်ခံပညာတွေ လေ့ကျင့်ထားကြတယ်။ သူတို့က ဘယ်လိုလုပ် မကျန်းမမာ ဖြစ်နိုင်မှာလဲ။ ဘယ်သူက သူတို့ကို လုပ်ကြံခဲ့တာလဲ။ ဆန်းကြယ်ကောင်ကင်ဘုံခန်းမက အရှင်သခင်များ ဖြစ်နိုင်မလား။” ဟုန်ယွိ အံ့ဩသွားပါသည်။ သို့သော်, ဤကိစ္စက အသေးအမွှားကိစ္စ မဟုတ်ပါဘူး။

“ဒါက ဆန်းကြယ်ကောင်ကင်ဘုံခန်းမက မဟုတ်ဘူး။" ချီဇီယန်က ခေါင်းခါပြီး ပြောသည် "တော်ဝင်ချန်က ဂိုဏ်းတစ်ခုရဲ့ သခင်တစ်ယောက် ဖြစ်ရမယ်။ ဒါပေမယ့် ဒါက လျှို့ဝှက်ချက် ဖြစ်ပြီး အမှန်တရားကို ဘယ်သူမှ သိနိုင်မှာ မဟုတ်ဘူး။”

အခန်း (၁၀၁)။

တော်ဝင်ချန်၏ ထိုက်ကျုံးနှင့် ကောင်းကျုံးတို့သည် အမှန်တကယ် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရ သည်။ ဤသည်မှာ ကမ္ဘာမြေကြီး အစိပ်စိပ်မွှာမွှာ ပြိုကွဲသွားနိုင်သည့် လျှို့ဝှက်ချက်ဟု ဆိုနိုင်သော်လည်း ဟုန်ယွိသည် သူ့ခေါင်းက ချာချာလည်နေသည်ဟု ခံစားရပါသည်။ သူ့အတွေးတွေက မြူခိုးတွေနှင့် ပြည့်နှက်နေခဲ့သည်။

အင်ပါယာဩဇာအာဏာသည် အမြင့်ဆုံးဖြစ်ပြီး ဧကရာဇ်သည် စကြာဝဠာကို ထိန်းချုပ်ထား သည်။ သူ၏စကားတစ်ခွန်းသည် ရွှေနှင့်ကျောက်စိမ်းကဲ့သို့ ဖြစ်သလို သူ၏စကားသည် ဥပဒေ ဖြစ်သည်။

အင်ပါယာမြို့တော်ရှိ လုံခြုံရေးသည် အလွန်တင်းကျပ်ပြီး ကမ္ဘာပေါ်တွင် မည်သူကမှ ၎င်းကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ဟု ဆိုနိုင်ပါသည်။ တစ်စုံတစ်ယောက်သည် ဧကရာဇ် မင်းမြတ်အား ခိုးဝင်ပြီး လုပ်ကြံသတ်ဖြတ်ရန် စီမံနိုင်ခဲ့သည်လား။ ထို့အပြင်, သူသည် ဧကရာဇ်နှစ်ပါးကို တပြိုင်နက် လုပ်ကြံသတ်ဖြတ်ခဲ့ပါသည်။ ထိုနတ်ဘုရားဓားပညာရပ် မည်သည့်အဆင့်သို့ ရောက်ရှိနေမည်နည်း။ (ဤနေရာ၌ ဧကရာဇ်နှစ်ပါး အတူတူ စိုးစံဟန်ဖြင့် ရေးသားထားပြီး၊ ပါသည်အတိုင်း ပြန်ဆိုထားပါသည်)။

ဟုန်ယွိသည် မခန့်မှန်းနိုင်တော့ဘဲ ခေါင်းယမ်းလိုက်မိပါသည်။ ဤကိစ္စသည် သူ ဝင်ရောက် စွက်ဖက်နိုင်သော အရာမဟုတ်ဟု ခံစားခဲ့ရသည်။ အနည်းဆုံးတော့ အခုချိန်မှာ သူ စုံစမ်းနိုင်သည့်အရာ မဟုတ်သေးပေ။ သူ့စိတ်ထဲတွင် ဤအကြောင်းကို သိထားရုံသာ တတ်နိုင်ပါသည်။

"ညီအစ်ကိုချီ၊ မင်းက တစ်ချက်ကြည့်ရုံနဲ့ စိတ်ဝိညာဉ်ဖြိုခွဲခြင်းမြှားကို မှတ်မိပြီး၊ မြှားပေါ်က သတ်ဖြတ်လိုစိတ်ကို ခံစားနိုင်တယ်။ မင်း အရင်က စိတ်ဝိညာဉ်တာအို နည်းစနစ်တွေကို ကျင့်ကြံခဲ့တာများ ဖြစ်နိုင်မလား။ အဲဒီပညာရပ်ကလည်း အလွန်လေးနက်ပုံရတယ်။" ဟုန်ယွိက ခေါင်းလှည့်ပြီး ချီဇီယန်ကို မေးလိုက်ပါသည်။

"ငါက သိုင်းနည်းစနစ်တွေပဲ လေ့ကျင့်ထားပြီး၊ တာအိုနည်းစနစ်တွေကို မလေ့ကျင့်ဖူးဘူး။ ငါ့ခန္ဓာကိုယ်ထဲကနေ ထွက်ခွာဖို့ ငါ့စိတ်ဝိညာဉ်ကို ဘယ်တုန်းကမှ အသုံးမပြုခဲ့ဖူးဘူး။" ချီဇီယန်က ခေါင်းခါလိုက်ပြီး ပြောသည် "ဒါပေမယ့် တာအိုပညာရပ်တွေ အကြောင်း ငါ အများကြီး သိထားတယ်။ ဒီလိုစိတ်ဝိညာဉ်ဖြိုခွဲခြင်း မြှားတွေကို ငါ အရင်က တွေ့ဖူးတယ်။ နောက်ပြီး ငါ့ကိုယ်ခံပညာက ရှန်တန်နယ်ပယ်ကို ရောက်ရှိနေပြီး ငါ့ရဲ့ စိတ်ဝိညာဉ်ရေးရာ အာရုံတွေက အရမ်းတိုးမြှင့်လာပြီ။ ငါ ထိလွယ်ရှလွယ်တဲ့ အရာတချို့ကို ခံစားရတယ်။"

"ညီအစ်ကိုချီရဲ့ ကိုယ်ခံပညာက ရှန်တန်သိုင်းသခင် အထွတ်အထိပ်အဆင့်ကို ရောက်နေပြီ လားလို့ ငါ သိချင်ပါတယ်။" ဟုန်ယွိက စိတ်ဝင်တစား မေးသည်။

လူတစ်ယောက်၏ လက်သီးပညာရပ်သည် ရှန်တန်သိုင်းသခင်အဆင့် အထွတ်အထိပ်သို့ ရောက်သောအခါ, ထိုလူ၏စွမ်းရည်သည် ထူးထူးခြားခြား ကြောက်စရာကောင်းလာခဲ့ပြီ။ အကယ်၍, ရှန်တန်သိုင်းသခင်တစ်ဦးသည် လူဆယ်ယောက်ကို တိုက်ခိုက်နိုင်သည်ဆိုလျှင်ပင်, စိတ်ဝိညာဉ် ဖြိုခွဲခြင်းမြှားကို ကိုင်ဆောင်ထားသော အထွတ်အထိပ် တစ်ယောက်သည် အယောက်တစ်ရာကို တိုက်ခိုက်နိုင်ပါသည်။

"အဲဒါတော့ မမှန်ဘူး။ စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို ပေါင်းစည်းဖို့, ငါ့စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ် တစ်သားဖြစ်ဖို့အတွက်, ကြီးမားတဲ့ ဇွဲလုံ့လ၊ ဉာဏ်ပညာနဲ့ စိတ်ဝိညာဉ်တွေ လိုအပ်တယ်။ ငါ ရှန်တန်သိုင်းသခင်တစ်ဦး ဖြစ်လာတာ တစ်နှစ်တောင် မပြည့်သေးဘူး။ ငါက အလယ်လတ် ရှန်တန်နယ်ပယ် တစ်ယောက်ပဲလေ။ အထွတ်အထိပ် ရောက်ဖို့တောင် အရမ်းကို ခက်ခဲနေပြီ။ ဒါပေမယ့်, တကယ်လို့, စိတ်ဝိညာဉ်ကို ကျင့်ကြံထားတဲ့ တာအိုပညာရပ် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေမယ်ဆိုရင်၊ ရှန်တန်သိုင်းသခင်အဆင့်ကို ချိုးဖြတ်ပြီး၊ မဟာဆရာသခင်နယ်ပယ်ကို ဝင်ရောက်ဖို့က ပိုပြီးတော့တောင် ခက်ခဲလိမ့်မယ်။ မဖြစ်နိုင်သလောက် နီးပါးပဲ။ ဒါ့အပြင်, ငါသိသလောက်ကို အခြေခံပြီးပြောရရင်, ငါ လေးစားတဲ့လူ အနည်းငယ်တော့ ရှိတယ်။" ချီဇီယန်က ခေါင်းယမ်းလိုက်ပါသည်။

စိတ်ဝိညာဉ်ကို ကျင့်ကြံကြသော ကျွမ်းကျင်သူများသည် ရှန်တန်နယ်ပယ်သို့ ရောက်ရှိသော အခါ, စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ပေါင်းစည်းနိုင်စွမ်း မရှိသောကြောင့် အဆင့်ဖြတ်ကျော်ရန် ပို၍ပင် ခက်ခဲပေလိမ့်မည်။ အကယ်၍ သူတို့သည် ပါရမီရှင်များ မဟုတ်ပါက၊ သို့မဟုတ်, ကံကောင်းမူ, သို့မဟုတ် ဝိညာဉ်ဆေးဝါးများ မရရှိပါက၊ ၎င်းတို့သည် ရှန်တန်နယ်ပယ်တွင်သာ ရပ်တန့်သွားမည် ဖြစ်ပါသည်။

ဟုန်ယွိလည်း ထိုအကြောင်းကို သိထားပြီး၊ သူမှာ အရေးကြီးအာရုံစိုက်ရမည့် ကိစ္စများ ရှိနေသဖြင့် ချီဇီယန်နှင့်အတူ သိုင်းပညာအကြောင်းကို မဆွေးနွေးလိုတော့ပေ။

"ညီအစ်ကို ယွိ၊ ဒီရတနာသေတ္တာက ဘာလဲ။" ချီဇီယန်က မေးသည်။

"ငွေဒင်္ဂါးတစ်သောင်းကတော့ ငါတို့အသက်တွေကို ဝယ်ဖို့ ငွေကြေးပဲ။ မုကလေး၊ အဲဒါကို ယူထားလိုက်ပါ။ ကျန်တဲ့ရတနာတွေကလည်း တရားမဝင်တဲ့ ရတနာတွေ ဖြစ်ပြီး၊ အိမ်ရှေ့စံ မင်းသားက ပိုင်ဆိုင်တယ်။ ထိုက်ဇူ, အရင်တုန်းက, အိမ်ရှေ့မင်းသားက မင်းရဲ့ ချန်မိသားစုကို သွေးကြွေးတင်နေတယ်။ ဒီရတနာသေတ္တာကြီးက နည်းနည်း စိတ်ဝင်စားစရာ ကောင်းတယ်။ ငါ အရင်ယူထားလိုက်မယ်။ အချိန်တန်ရင်, ငါ အတိုးနဲ့ပြန်ပေးမယ်။” ဟုန်ယွိက အေးစက်စွာ ပြောသည်။

အိမ်ရှေ့စံမင်းသား၏ လူများသည် ရှန်မိသားစုမှ လူများကို သတ်ဖြတ်ပြီး၊ ဓားပြများအဖြစ် ပြောင်းလဲကာ ၎င်းတို့၏ အရာရှိဦးထုပ်များကို စိမ်ရန် လူ့သွေးကို အသုံးပြုခဲ့သည်။ ထိုကဲ့သို့ အပြုအမူမျိုးကို မိုးကောင်းကင်က လက်မခံပါဘူး။ ဟုန်ယွိသည် မင်းသားယုကို အားမကိုးဘဲ တရားမျှတမှုကို ရှာဖွေရန် စိတ်ကူးထားပါသည်။ မဟုတ်ရင်, ရှန်ထိုက်ဇူနှင့် ရှန်ထိုက်ယန်တို့ကို သူ ခေါ်ထားမှာ မဟုတ်ပါဘူး။

"ကောင်းပါပြီ၊" ရှန်ထိုက်ဇူက ကျယ်လောင်စွာ ပြောသည်။

"ညီအစ်ကိုချီ၊ ဒီလေးနဲ့ မြှားသုံးချောင်းကို မင်းကို ငါ ပေးမယ်။ ဒီမှာ...၊ ညီအစ်ကိုချီက ရှန်တန် သိုင်းသခင်နယ်ပယ်ထဲ ဝင်ရောက်ခဲ့ပြီး၊ ခွန်အားကလည်း သက်တန့်ထိုးဖောက်လေးကို ဆွဲထုတ်နိုင်တယ်။" ဟုန်ယွိက သက်တန့်ထိုးဖောက်လေးကို ကောက်ယူပြီး ချီဇီယန်ကို ပေးလိုက်ပါသည်။

"ငါ့ကို ပေးတာလား" ချီဇီယန်သည် တခဏမျှ အသက်မဲ့မျက်လုံးဖြင့် စိုက်ကြည့်ပြီးနောက် သူ့မျက်လုံးများက အံ့ဩဖွယ် အလင်းရောင်များဖြင့် လင်းလက်လာပါသည်။ သူသည် ယွန်မင်၏ လူများထဲမှတစ်ဦးဖြစ်ပြီး မြင်းစီးလေးပစ်ခြင်း၌ ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ သို့သော် သူ့တွင် သင့်တော်သော လေးတစ်စင်း မရှိသောကြောင့်, သူသည် လေးကို အသုံးမပြုခဲ့ပေ။ ယွန်မင်၏ အကောင်းဆုံးလေးက သံမဏိသစ်သား မဟူရာအရိုးလေး ဖြစ်ပေမယ့်, ထိုလေးက သူလို ရှန်တန်သိုင်းသခင်အတွက်တော့ အနည်းငယ် အားနည်းနေပါပြီ။

ယွန်မင်အင်ပါယာတွင် သံမဏိသစ်သား မဟူရာအရိုးလေးထက် သာလွန်သောလေးများ ရှိသော်လည်း ၎င်းတို့အားလုံးသည် အဖိုးမဖြတ်နိုင်သော ရတနာများဖြစ်သည်။ ၎င်းတို့ကို ပြုလုပ်ရန် ကျွမ်းကျင်သော လက်သမားဆရာတစ်ဦး လိုအပ်ပြီး အစုလိုက်အပြုံလိုက် မထုတ်လုပ်နိုင်ပေ။ သူ့လက်ကို ကိုင်ဖို့လည်း ခက်တယ်။

“မဆိုးပါဘူး မင်းကို ငါ ပေးမယ်။" ဟုန်ယွိက "ဒါပေမယ့် နောင်အနာဂတ်မှာ ယွန်မင်နဲ့ တော်ဝင်ချန် စစ်ပွဲတွေဖြစ်လာခဲ့ရင်, အစ်ကိုချီက ငါ့ရဲ့ တော်ဝင်ချန်လူနဲ့ စစ်သားတွေကိုသတ်ဖို့ ဒီလေးကို မသုံးပါနဲ့၊ ဒီလေးလေးဟာ အစ်ကိုချီရဲ့လက်ထဲ ကျရောက်ခဲ့ရင်တော့ ဒါဟာ ကရုဏာ တရားနဲ့ ဖြောင့်မတ်ခြင်းလေးကို မျှော်လင့်ပါတယ်၊ အပြစ်ကင်းတဲ့ ဝိညာဉ်တွေကို မညှိုးနွမ်းစေ ပါဘူး။"

"ကရုဏာတရားနဲ့ ဖြောင့်မတ်ခြင်းတရားလေး... အပြစ်မဲ့သူတွေကို သတ်သလိုမျိုး သဘာဝ အတိုင်း ငါလုပ်မှာ မဟုတ်ဘူး" ချီဇီယန်၏အမူအရာမှာ လေးနက်သွားကာ လက်ဖဝါးကို မြှောက်လိုက်ပြီး "အပြစ်မဲ့ပြည်သူတွေနဲ့ စစ်သားတွေကို သတ်ဖို့ ဒီလေးကို သုံးလိုက်ရင် ငါ့နှလုံးသားကို မြှားတစ်ထောင်နဲ့ အသေခံလိမ့်မယ်"

"ကောင်းပြီ။" ဟုန်ယွိက လက်ခုပ်တီးပြီး "အစ်ကိုချီဟာ ယွန်မင်ရဲ့ ယောက်ျား တစ်ယောက် ဖြစ်ပေမယ့် သတ္တိရှိပြီး ရဲရင့်တဲ့ သူရဲကောင်းလည်း ဖြစ်ပါတယ်။ သူရဲကောင်းတစ်ယောက်ကို နတ်ဘုရားလေးတစ်လက် ပေးသင့်ပါတယ်။ သူရဲကောင်းတစ်ယောက်က သက်တန်းထိုးဖောက် ခြင်းလေးကို ပိုင်ဆိုင်နိုင်တယ်စွမ်းရှိတယ်လို့ ပြောလို့ရပါတယ်။”

ဤဖလှယ်မှုအပြီးတွင်၊ ဟုန်ယွိနှင့် ချီဇီယန်တို့က အကြားအကွာအဝေးသည် ပိုမို နီးကပ်လာ သည်ကို ခံစားခဲ့ရပါသည်။ အရင်တုန်းကဆို, ချီဇီယန်သည် မုရုန်ယန်က အမိန့်ပေးခဲ့သော ကြောင့် သူ့ကို ကာကွယ်ခဲ့ခြင်းဖြစ်ပြီး၊ ယခုအခါ သူတို့နှစ်ယောက်သည် တကယ်ကို သူငယ်ချင်း ဖြစ်သွားခဲ့ပြီလေ။

"ဒီသန့်စင်တဲ့ ရွှေတံဆိပ်တုံးတွေ၊ ငွေစက္ကူတွေနဲ့ ကျောက်မျက်ရတနာတွေကို အိတ်ထဲမှာ တင်းတင်းကျပ်ကျပ် ထုပ်ပိုးပြီး ငါတို့နဲ့အတူ ယူလာခဲ့ပါ။" ဟုန်ယွိက အမိန့်ပေးသည်။

"ဒါဆို ဒီလူသုံးယောက်ကိုကော။ ငါတို့ သူတို့ကို သတ်ပစ်သင့်သလား။ ချီဇီယန်က မေးသည်။

"အရှင်၊ ကျွန်တော်တို့ကို မသတ်ပါနဲ့။ တကယ်လို့, ကျွန်တော်တို့က ကျွန်တော်တို့ခံတပ်ကို အရှင်တို့ကို ခေါ်ဆောင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ကို အသက်ရှင်ခွင့်ပေးမယ်လို့ ကတိပေးခဲ့ တယ်လေ။” အနက်ရောင်သိမ်းငှက်ငယ်, ရွှေရောင်သိမ်းငှက်ငယ်နှင့် ငွေရောင်သိမ်းငှက်ငယ် တို့သည် ကမန်းကတန်း အော်ပြောလိုက်ကြသည်။ ယခုလို ရှင်ခြင်းသေခြင်း အခိုက်တန့်တွင်, သူတို့သည် ကြောက်ရွံ့စွာ အော်ဟစ်ရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။

"မှန်တယ်…. ငါ ဒီစကားတွေ ပြောခဲ့တယ်။ သေချာပေါက်.. ငါက ငါ့စကားကို ပြန်ရုတ်သိမ်းမှာ မဟုတ်ဘူး။” ဟုန်ယွိက ရှေ့ကို နှစ်လှမ်းလှမ်းပြီး ခဏလောက် တွေးတောရင်း "ဒါပေမယ့်… အခု မင်းတို့ကို လွှတ်ပေးလိုက်ရင် ငါ့အတွက် ပြဿနာတွေ အများကြီး ယူဆောင်ရာ ရောက်လိမ့်မယ်။"

"အရှင်ရဲ့အကြောင်းကို မပြောဖို့ ကျွန်‌တော်တို့ ကျိန်ဆိုပါ့မယ်။ ကျွန်တော်တို့ရဲ့ အထောက် အထားတွေကို ဖုံးကွယ်ပြီး အသက်ရှင်ဖို့ နည်းလမ်းရှာပါ့မယ်" ဟု ရွှေရောင် သိမ်းငှက်ငယ်က ပြောသည်။

“ကျွန်တော်တို့ ဘယ်လို အသက်ရှင်နိုင်မလဲ၊ တကယ်တော့ ဒီတစ်ကြိမ်မှာ ကျွန်တော်တို့ရဲ့ မစ်ရှင်ကို မပြီးမြောက်နိုင်ခဲ့ဘူးဆိုရင်, ကုန်းလမ်းရော ရေလမ်းကြောင်းကပါ ကျွန်တော်တို့ကို လွှတ်ထားမှာ မဟုတ်ဘူး" အနက်ရောင်သိမ်းငှက်ငယ်က ရုတ်တရက် ပြောလိုက်ပါသည်။

"အရှင်…, အရှင်ရဲ့လက်အောက်ငယ်သားတွေ အားလုံးဟာ ဖြောင့်မတ်တဲ့ သူရဲကောင်းတွေပါ။ ကျွန်တော်တို့မှာ အရှင်ရဲ့ကျေးကျွန်တွေဖြစ်ဖို့ အရည်အချင်းတွေ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က အရှင်စစ်သည်တွေရဲ့ ကျေးကျွန်တွေ ဖြစ်နိုင်ပါသေးတယ်။ တော်ဝင်ချန်ရဲ့ ဥပဒေထဲမှာ ကျေးကျွန်တွေကို စုစည်းနိုင်တဲ့ သံချပ်ကာဝတ် လူတွေလည်း ရှိပါသေးတယ်" ငွေရောင်သိမ်းငှက်ငယ်က ပြောသည်။

"ကောင်းပြီ၊ အစ်ကိုဟုန်က မင်းတို့ကို ကျွန်တွေအဖြစ် မယူဘူးဆိုမှတော့, မင်းတို့ကို ငါ့ကျွန်တွေ အဖြစ် ယူလိုက်မယ်။ ငါ့မှာ လမ်းတစ်လျှောက် လက်ဖက်ရည်တည်, အဝတ်လျှော်၊ မြင်းစာကျွေး ဖို့လူတွေ မရှိသေးဘူး။ မင်းတိုးရဲ့ အရည်အချင်းတွေက မဆိုးပါဘူး။ ငါ မင်းတို့ကို ယူလိုက်မယ်။ မြက်ခင်းပြင်မှာဆို, ငါက အရက်စက်ဆုံး မြင်းစီးဓားပြတွေကိုတောင် နှိမ်နင်းခဲ့သူဆိုတော့, မင်းတို့လို သူခိုးလေးတွေကို ငါ ဂရုမစိုက်ဘူး။ တကယ်လို့, မင်းတို့မှာ ဆိုးညစ်တဲ့ အတွေးတွေ ရှိနေနိုင်တယ်။ ဒါပေမယ့်, မင်းတို့ကိုယ်တိုင်က သေခြင်းတရားကို ရှာဖွေချင်ဖို့ ဆန္ဒရှိနေရင်တော့ ငါ့ကို အပြစ်မတင်နဲ့။" ချီဇီယန်က ရုတ်တရက် ပြောလိုက်ပြီး၊ သူ့မျက်နှာက အေးစက်ပြီး အုံ့မှိုင်းသွားကာ၊ လူတွေကို တုန်လှုပ်သွားစေပါသည်။

"တကယ်လို့, အစ်ကိုချီသာ သူတို့ကို ထိန်းချုပ်နိုင်ရင်, သဘာဝအတိုင်း အကောင်းဆုံးပဲပေါ့" ဟုန်ယွိက ခေါင်းညိတ်ပြပြီး “မြင်းပေါ်တက်ကြ။ ဒီနေ့ ငါတို့ အနားယူဖို့ မေပယ်သစ်တောမြို့ကို သွားမယ်။ မနက်ဖြန်တစ်ရက် အနားယူမယ်။ ဒီသုံးရက်လုံးလုံး ငါတို့ ဒုန်းဆိုင်းမောင်းနှင်ခဲ့ရ တယ်။ လီတစ်ထောင်ပြေးနိုင်တဲ့ မြင်းတစ်ကောင်တောင် အနားယူဖို့ လိုတယ်။"

ထိုအဖွဲ့သည် မြင်းကို အပြင်းထန် မောင်းနှင်သွားကြပါသည်။

……….

တောင်ပိုင်းနယ်မြေတွင်…။

ရွှေ့ယန်ပြည်နယ်, ရှုမြင်ကွင်းက အလှပဆုံးချိန်။ လီသုံးရာရှိသော ထိုက်ချန်ရေကန်ကို မျက်နှာမူ ထားသည့် ရွှေ့ယန်တောင်ထိပ်တွင် လှပစွာ တည်ဆောက်ထားသော စင်မြင့်များစွာ ရှိနေပါ သည်။ ၎င်းတို့သည် ဘုရားကျောင်းတွေ မဟုတ်ကြသလို တာအိုဝါဒီဘုရားကျောင်းများလည်း မဟုတ်ကြပေ။ ယင်းအစား၊ ၎င်းသည် သီးသန့်စံအိမ်ကြီးတစ်ခုနှင့် တူနေသည်။

တောင်အောက်ခြေတွင် ဓားကိုင်ထားသော တပည့်ငယ်များ ကင်းလှည့်စောင့်ကြပ်နေပါသည်။

ရုတ်တရက်၊ ဒါဇင်နှင့်ချီသော အဖြူရောင် စာပို့ခိုများသည် အဝေးကနေ ပျံဝဲလာကြပြီး အဆောက်ဦးတစ်ခုပေါ် ဆင်းသက်လာသည်။

ကျောက်စိမ်းကဲ့သို့ လှပသော အဖြူရောင်လက်တစ်ဖက်သည် အဆောက်ဦးထဲမှ ထွက်လာကာ စာပို့ခိုတစ်ကောင်ကို ပေါ့ပေါ့ပါးပါ့း ဆုပ်ကိုင်လိုက်ရင်း "အလယ်ပိုင်းပြည်နယ်, ပြည်နယ် ဆယ့်သုံးခုက လုပ်ကြံသတ်ဖြတ်ရေး မစ်ရှင်က မပြီးသေးဘူးလား"။

ဤလက်ပိုင်ရှင်သည် ခိုသယ်ဆောင်လာသော စာကို ဖတ်ပြီးနောက် တိုးတိုးလေး ပြောရင်း မတ်တပ် ထရပ်လိုက်ပါသည်။

All Chapters