အခန်း (၁၀၂-၁၀၄)
Vol. 8 Ch. 102-104
အခန်း (၁ဝ၂)။
ညနေခင်းတွင် လီသုံးရာ ကျယ်ဝန်းသော 'ထိုက်ချန်ရေကန်' သည် မျက်စိအမြင်တဆုံး တဖျပ်ဖျပ် တောက်ပနေပါသည်။ ဟိုးအဝေးက ကန်ရေပြင်ပေါ်မှာ ငါးမျှားပြီး ပြန်လာသည့် ငါးဖမ်းလှေတွေ, ရွက်ဖြူတပ် လှေကလေးတွေ လွင့်မျောနေပါသည်။ အရာအားလုံးသည် အလွန် အေးချမ်းပြီး ငြိမ်းချမ်းနေပုံရသည်။
အင်းအိုင်များ၊ တောင်တန်းများ၊ ရွက်ဖြူတပ်လှေးများ၊ တံငါလှေများ၊ အဆောက်ဦးများ၊ မဏ္ဍပ် များ၊ တဖျပ်ဖျပ် လှုပ်ယမ်းနေသော ထင်းရှူးပင်များနှင့် ထင်းရှူးတောမှ ရံဖန်ရံခါ ပျံသန်းလာကြ သော ကြိုးကြာဖြူများအပြင် အမွေးရောင်နှင့် ငှက်မျိုးစုံများ။ ဤအရာအားလုံးသည် ကောင်းကင် ဘုံက နတ်ဘုံနတ်နန်းတစ်ခုကို သေမျိုးကမ္ဘာသို့ ရွှေ့ပြောင်းထားသည့်အတိုင်း ထူးထူးခြားခြား လှပလွန်းသော ပန်းချီကားတစ်ချပ် ဖြစ်လာခဲ့ပါသည်။
"ဖေးရုန်, မင်း တကယ်ပဲ အလယ်ပိုင်းပြည်နယ်ကို သွားချင်နေတာလား။ ဒီဟုန်ယွိက နယ်ရုပ် လေးတစ်ခုပဲ။ မဒမ်က အထွဋ်ထိပ်ကောင်းကင်လေးအမိန့်တစ်ခု ထုတ်ပေးဖို့ ငါ့တို့ဂိုဏ်းက အကြီးအကဲတွေဆီ စာတစ်စောင်ပေးပို့ခဲ့တယ်။ အလယ်ပိုင်းပြည်နယ်ရဲ့ ပြည်နယ်ဆယ့်သုံးခုက မြေအောက်ကမ္ဘာနဲ့ မြေအောက်ကမ္ဘာအသိုင်းဝိုင်းက ငါတို့ကိုယ်စား သဘာဝအတိုင်း လှုပ်ရှားကြ လိမ့်မယ်။ မင်း ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားဖို့ ထိုက်တန်လို့လား။ မင်းရဲ့ ကြယ်ရောင်စုံယင်ယန် တာအိုက မဟာပြီးပြည့်စုံခြင်းနယ်ပယ်အထိ မကျင့်ကြံရသေးဘူး။ တိုင်ရှန်တာအိုဂိုဏ်းက သူတော်စင်မိန်းမပျို ဆုမူနှင့် တိုက်ပွဲကမှ တကယ့်အရေးကြီးကိစ္စပဲ။”
ရေကန်ဘေးက အဆောက်ဦးတစ်ခုထဲမှာတော့ လွင့်မျောနေသော တိမ်တွေကဲ့သို့ ဖြည်းညှင်းစွာ တောက်လောင်နေသည့် မြက်ခြောက်သီးတွေက လေထဲမှာ လွင့်ပျံနေပါသည်။
အဆောက်ဦးအလယ်တွင် တင်ပျဉ်ခွေထိုင်နေသော ဆံပင်ဖြူဖြူ အရေပြားများတွန့်နေသည့် အဘွားကြီး ငါးယောက်ရှိနေပြီး၊ သူမတို့၏ မျက်လုံးများတွေက လူတစ်ဦးကို အသားတစ်ပိုင်း ချင်းစီ လှီးဖြတ်နိုင်လောက်အောင် ထက်ရှသော ဓါးများကဲ့သို့ စူးရှနေပါသည်။
ဤအမျိုးသမီးငါးဦးသည် အထွဋ်ထိပ်ကောင်းကင်နယ်မြေ၏ အကြီးအကဲများ ဖြစ်ကြောင်း ထင်ရှားပါသည်။
အဘွားကြီးငါးဦး၏ အောက်တွင်, ငန်းဝါရောင်ဝတ်စုံဖြင့် လက်ညှိုးတစ်ချောင်း အရွယ်စား ကျောက်စိမ်းခါးပတ်ကို ပတ်ထားသည့် အမျိုးသမီးတစ်ဦး ထိုင်နေပါသည်။ ဤအမျိုးသမီး၏ လက်ချောင်းများသည် ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေပြီး၊ သွေးရောင် အနည်းငယ်မျှပင် မရှိပေ။
ထိုအမျိုးသမီးအပြင်၊ ငယ်ရွယ်သော အမျိုးသား, အမျိုးသမီး ဆယ်ယောက်ကျော်လည်း ရှိနေကြပြီး၊ သူတို့အားလုံးသည် အချိုးအစားကျနပြီး အရပ်မြင့်ကာ၊ သူတို့၏ မျက်နှာများက သာလွန်ကြီးမြတ်သော အငွေ့အသက်များကို အဆက်မပြတ် ဖော်ပြနေပါသည်။
"ဖေးရုန်၊ မင်းက ငါတို့ အထွဋ်ထိပ်ကောင်းကင်နယ်မြေရဲ့ ထူးချွန်အပြောင်မြောက်ဆုံး ပါရမီရှင် ပဲ။ ဒီတစ်ကြိမ်၊ ငါတို့ဂိုဏ်းက တိုင်ရှန်တာအိုဂိုဏ်းရဲ့ခေါင်းဆောင်ဖြစ်တဲ့ မိုနိုဂါတာရီရဲ့ နေရာကို ခြေရာနိုင်ခံဖို့ အကြီးအကဲဆယ့်ရှစ်ယောက်ကို စေလွှတ်လိုက်ပြီ။ မင်းလည်း သူတို့နောက်ကို လိုက်သွားရလိမ့်မယ်။ အခု မင်းရဲ့တာအိုနဲ့ ကိုယ်ခံပညာက မဟာပြီးပြည့်စုံခြင်းနယ်ပယ်နဲ့ နီးကပ်နေပြီ။ ဒါကြောင့်, မင်းက သူ့ကို ဝိုင်းပြီးသတ်ဖြတ်ရာမှာ ကြီးကြီးမားမား ကူညီပေးနိုင်လိမ့် မယ်။ မင်း ဘာလို့ အလယ်ပိုင်းပြည်နယ်ကို သွားချင်ရတာလဲ။” အဘွားကြီးတစ်ယောက်က စူးရှရှ အသံဖြင့် ပြောသည်။
"ဂျူနီယာ ညီမ၊ ဒီဟုန်ယွိက ပုရွက်ဆိတ်တစ်ကောင်ပဲလေ။ သူ့ကို အခုလို နင်းချေပစ်ဖို့က မင်းအတွက် အရမ်းကို အချိန်ဖြုန်းတီးလွန်းရာ ကျပါတယ်။ ငါတို့ အထွဋ်ထိပ်ကောင်းကင် နယ်မြေရဲ့ ရန်သူက တိုင်ရှန်တာအိုဂိုဏ်း ဖြစ်နေဆဲပဲ။ မင်း ဘာမှ သွားလုပ်စရာ မလိုပါဘူး။ ငါ သွားလိုက်မယ်။ ငါ့ကို အချိန်ဆယ်ရက်ပေး, ဂျူနီယာညီမအတွက် ဒီပုရွက်ဆိတ်ခေါင်းကို ပြန်ယူ လာခဲ့မယ်လို့ ငါ အာမခံတယ်။”
မျက်နှာရှည်ရှည် မျက်လုံးကျဉ်းကျဉ်းနှင့် လူငယ်တစ်ယောက်က မတ်တပ် ထရပ်လိုက်ပါသည်။ သူ့မျက်နှာက အထင်သေး ရှုံ့ချမှုများဖြင့် ပြည့်နှက်နေ၏။ ဖေးရုန်အမည်ရှိ မိန်းကလေးက ခေါင်းညိတ်ပြသည်နှင့်, သူသည် ချက်ချင်း ပျံသန်းပြီး၊ ဟုန်ယွိ၏ ခေါင်းကို ဆုပ်ကိုင်လာတော့ မည့်အတိုင်းပင်။
"ရွှန်ဂျိ၊ မင်းရဲ့ကိုယ်ခံပညာက ရှန်တန်သိုင်းသခင်နယ်ပယ်ကို ရောက်နေပြီ။ အခုချိန်ထိ မင်းက မင်းကိုယ်မင်း မစဉ်းစားနိုင်သေးဘူးလား။ ငါ့ခန္ဓာကိုယ်က မှော်ဆေးဝါးအကူအညီနဲ့ ခုန်ပျံကျော် လွှား စည်းချက်မှန်စွာ တိုးတက်လာပုံရပေမယ့်, ငါ့မှာ ခိုင်မာပြတ်သားပြီး ပြင်းထန်တဲ့ စိတ်သဘောထားမျိုး မရှိသေးဘူး။”
ရုတ်တရက် ဖေးရုန်အမည်ရှိ အမျိုးသမီးက စကားပြောလာသည်။ သူမအသံက အေးစက်နေ သော်လည်း ဆောင်းရာသီ နှင်းတွေအောက်မှာ ပုန်းကွယ်နေသည့်အလား အားမာန်အပြည့် ရှိနေပါသည်။
"အကြီးကဲငါးပါး၊ အကြီးအကဲတို့ ဘာမှ ထပ်ပြောစရာ မလိုတော့ပါဘူး" "ဒီပုရွက်ဆိတ်က ပုရွက်ဆိတ်ဆိုပေမယ့်, သာမန်ပုရွက်ဆိတ်တော့ မဟုတ်ဘူး။ သူက တိုင်ရှန်တာအိုဂိုဏ်းရဲ့ အရင် သူတော်စင်မိန်းမပျို မန်ပိုင်ယွန်ရဲ့သားပဲ။ ဒီပုရွက်ဆိတ်က အားနည်းပေမယ့် သူ့ကိုယ်ရေး လက္ခဏာက ကျွန်မစိတ်ဝင်စားဖို့ လုံလောက်ပါတယ်။ ဒါပေမယ့်, ဒီကိစ္စ အသေးအမွှားလေး အတွက် ကျွန်မ အလယ်ပိုင်းပြည်နယ်ကို သွားတာလို့ အကြီးကဲတို့ထင်နေရင်, အကြီးကဲတို့ အမှားကြီးမှားနေပြီ။ ကျောက်စိမ်းမြို့တော်က အခြေအနေတွေက တဖြည်းဖြည်းနဲ့ စိတ်ဝင်ဖို့ ကောင်းလာပြီ။ ပန်းကြဲပြည့်တန်ဆာရုံက မိန်းမလေး ဆုမူ, ပြီးတော့, ညှို့ငင်မြေခွေးဘုရင်၊ မျောက်ဖြူဘုရင်၊ အသက်မဲ့တာအိုဂိုဏ်းနဲ့ အစစ်မှန်လေဟာနယ်တာအိုဂိုဏ်း၊ ဒါတွေက ကျွန်မ အမှန်တကယ် စိတ်ဝင်စားတဲ့အရာတွေပဲ။ ဒါပေမယ့် ကျောက်စိမ်းမြို့တော် ခရီးက ကီလိုမီတာ ခြောက်ထောင်ကနေ ခုနစ်ထောင်အထိ ဝေးကွာလွန်းတော့ ဒီခရီးက အရမ်းကို အထီးကျန်ရ လိမ့်မယ်။ ဟုန်ယွိလို ပုရွက်ဆိတ်တစ်ကောင် ထွက်ပေါ်လာတဲ့ကိစ္စက အသေးမွှားကိစ္စလေးပဲ။ ပြီးတော့, ကျွန်မက သူနဲ့ အပျင်းပြေကစားနိုင်တာပေါ့။”
"ဒါဆိုလည်း ပြီးရောလေ။ မင်း သွားလို့ရပြီ" အဘွားကြီးငါးယောက်က အကြည့်ချင်း ဖလှယ်ကြ သည်။ "ဒါပေမယ့်, ဒီကောင်စုတ်လေး ဟုန်ယွိက မဒမ်ကျောက်ကို အရမ်းဒေါသထွက်စေခဲ့ တယ်။ မင်း သူ့ကို တတ်နိုင်သမျှ မြန်မြန် ဖယ်ရှားပစ်သင့်တယ်။"
"ဟုတ်ကဲ့ပါ။ ကျွန်မက သူနဲ့ကစားပြီး, ဆုမူနဲ့ ကျွန်မရဲ့တိုက်ပွဲအတွက် ဖိအားတွေကို လျှော့ကျ စေရုံပါ။ ပြီးတာနဲ့, ကျွန်မက သူ့ကို သူ့အမေကို တွေ့ဖို့ လွှတ်လိုက်မှာပါ။ သူ့ကို သူ့အမေနဲ့ မြေအောက်ကမ္ဘာမှာ ပြန်ဆုံတွေ့ခွင့် ပေးလိုက်ပါ့မယ်။”
စကားပြောနေစဉ် ဖေးရုန်အမည်ရှိ အမျိုးသမီးသည် မတ်တတ် ထရပ်လိုက်သည်။ သူမ၏ခါးပေါ် ရှိ ကျောက်စိမ်းခါးပတ်က ကြည်လင်ပြတ်သားသည့် အသံတစ်ချက် ထွက်ပေါ်ပြီးနောက် သူမ သည် ပျောက်ကွယ်သွားခဲ့ပါသည်။
ဟုန်ယွိသည် ကီလိုမီတာ ငါးထောင်မှ ခြောက်ထောင်အကွာဝေးရှိ တောင်ပိုင်းဒေသမှ ဖြစ်ပျက်နေသည်များကို မသိရှိခဲ့ပါ။
ညစာစားပြီးနောက်, သူသည် ရေချိုးပြီး အိပ်ယာပေါ်မှာ သက်တောင့်သက်သာ လှဲနေလိုက်၏။ သူသည် ခေါင်းမော့ပြီး အပြင်ဘက်ရှိ ညကောင်းကင်ယံကို ကြည့်လိုက်ပါသည်။ တောက်ပနေ သော လမင်းကြီးက မေပယ်ပင်များ၏ အကိုင်းအခက်များတွင် ချိတ်ဆွဲနေသော ရေခဲပန်းဆွဲ ပန်းကန်ပြားတစ်ချပ်ကဲ့သို့ပင်။ ညလေက တိုက်ခတ်နေပြီး၊ သူ့ပတ်ဝန်းကျင်ရှိ မေပယ်ပင်တွေက လှုပ်ယမ်းနေပါသည်။ ပတ်ဝန်းကျင်က ကြည်လင်သော စမ်းရေကဲ့သို့ လူတစ်ယောက်၏ စိတ်ထဲ မှ စိတ်ဒုက္ခများကို ဆေးကြောပေးပါသည်။
မေပယ်သစ်တောမြို့…..,
ဟုန်ယွိနှင့် အခြားသူများသည် ဟွမ်နီဂန်တောင်မှ ဆင်းလာသောအခါ၊ ဤမြို့ရှိ တည်းခိုခန်းကြီး တစ်ခုတွင် အထူးခြံဝင်းတစ်ခုကို ကြိုတင်မှာယူထားကြသည်။ သူတို့သည် ခရီးမဆက်မီ ၎င်းတို့၏ စွမ်းအင်နှင့် သက်လုံကို ဖြည့်တင်းရန်အတွက် တစ်နေကုန် အနားယူရန် ပြင်ဆင်ခဲ့ကြ သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း၊ ဟုန်ယွိသည် ကျောက်စိမ်းမြို့တော်မှ ထွက်ခွာလာခဲ့သည်။ သူသည် သုံးရက်တိုင်တိုင် မရပ်နားဘဲ မိုင်တစ်ထောင်နီးပါး ခရီးနှင်ခဲ့သည်။ သူသည် ထိပ်တန်း အမြန်နှုန်းဖြင့် ခရီးနှင်ခဲ့ပြီး၊ ကြားဖြတ်တိုက်ခိုက်ခံရသည်ဟု ဆိုနိုင်ပါသည်။ သူသည် မောပန်း နွမ်းနယ်နေပြီး ခေတ္တအနားယူရန် လိုအပ်နေပြီ။
မေပယ်သစ်တောမြို့သည် ပုံမှန်အတိုင်း ရာသီဉတုကောင်းမွန်သော မြို့ဖြစ်သည်။ မြို့သည် မေပယ်ပင်များ၊ တံတားငယ်များ၊ ကျောက်လမ်းများနှင့် ပြည့်နေ၏။ မြို့သည် ရေမြို့လေး တစ်ခု၏ အငွေ့အသက်တွေ ရှိနေပါသည်။ မြို့၏အခြားတစ်ဖက်မှာ လမ်းပန်းဆက်သွယ်ရေး အချက်အချာ ကျလွန်းပါသည်။ မြို့သည် တောင်ပိုင်းနှင့် မြောက်ပိုင်းပြည်နယ်က ကုန်သည်တွေ ခဏရပ်နားရာ ဖြစ်သည်။ ထို့ကြောင့် ဤနေရာရှိ လူအများစုသည် ၎င်းတို့၏အိမ်များကို ငွေရှာရန် အတွက် တည်းခိုခန်းများ၊ ဈေးဆိုင်များအဖြစ် ပြောင်းလဲခဲ့ကြသည်။
“ရှေ့ဆက်ရမယ့်လမ်းက အန္တရာယ်များတယ်" ဟုန်ယွိသည် ကုတင်ပေါ်တွင် လဲလျောင်းနေ သော်လည်း အိပ်မပျော်ချေ။ ယင်းအစား, သူ ကြားဖြတ်တိုက်ခိုက်ခံရသည့် အကြောင်းကို တွေးရင်း သူ့မျက်လုံးတွေက တောက်ပနေခဲ့၏။
တောင်ပိုင်းပြည်နယ်ရှိ အထွဋ်ထိပ်ကောင်းကင်နယ်မြေက သူ့ကို သတ်ရန် အမိန့်ထုတ်ခဲ့သည်။ ဤအရာက ဟုန်ယွိ မမျှော်လင့်ထားသည့် အရာဖြစ်ပါသည်။ ထို့အပြင်၊ အနက်ရောင်သိမ်းငှက် ခံတပ်၏ ညီအစ်ကိုသုံးယောက်ထံမှ၊ အထွဋ်ထိပ်ကောင်းကင်နယ်မြေသည် အမှန်တကယ်ပင် အစွမ်းထက်ကြောင်းကိုလည်း သူသိခဲ့သည်။ တကယ်ဆို, သူတို့သည် သူတို့ကိုယ်သူတို့ ကိုယ်ခံပညာ၏ သန့်ရှင်းသောနယ်မြေတစ်ခုအဖြစ်ပင် တိုးတိုးတိတ်တိတ် မှတ်ယူကြပါသည်။ ထို့အပြင်၊ ၎င်းတို့သည် အလယ်ပိုင်းပြည်နယ်၏ ပြည်နယ် ၁၃ ခုရှိ မရေမတွက်နိုင်သော မြေအောက်ကမ္ဘာ၊ မရဏကမ္ဘာနှင့် ကျင်းဟူလောကရှိ ပုဂ္ဂိုလ်များ၏ အသိအမှတ်ပြုမှုကို ရရှိထားကြပါသည်။
ယခုလို သတ်ဖြတ်ခြင်းအမိန့်ဖြင့် ရင်ဆိုင်ရချိန်မှာ ဟုန်ယွိသည် တောင်ပိုင်း ပစိဖိတ်ရေတပ်သို့ ချောမွေ့စွာ ရောက်ရှိနိုင်ပါ့မလားဟုပင် သံသယဝင်လာမိသည်။
သူသည် မင်းသားယုထံမှ စာတစ်စောင်နှင့် စစ်ဌာနမှ စာရွက်စာတမ်းတစ်ခုရှိကာ၊ ဆက်သွယ်ရေး စခန်းတစ်ခုတွင် နေနိုင်ပြီး အစိုးရထံမှ အကာအကွယ် ရယူနိုင်ပါသည်။ သို့သော် တောင်ပိုင်း ဒေသသို့ သွားသော လမ်းသည် ကီလိုမီတာထောင်ပေါင်းများစွာ ရှည်လျား၏။ အချို့ နေရာများ တွင် တောတောင်များထူထပ်ပြီး အစိုးရ၏အာဏာ လက်လှမ်း မမီနိုင်သော နေရာများ ရှိနေပါ သည်။ ထို့ထက် ပိုအရေးကြီးသည်မှာ အစိုးရနှင့်စစ်တပ် ဆက်သွယ်ရေး စခန်းများသည် မင်းသား ယုနှင့် ပတ်သက်သည့်စခန်းများတင် မဟုတ်ဘဲ အိမ်ရှေ့စံမင်းသားနှင့် ပတ်သက်သည့် နေရာ အချို့လည်း ရှိနေပါသည်။
"ငါ့ခွန်အား တိုးပွားလာအောင် ကျင့်ကြံတာက ပိုကောင်းပါတယ်လေ။ ငါ့စိတ်ဝိညာဉ် ကျင့်ကြံမူ က အရာဝတ္ထုတွေကို ထိန်းချုပ်နိုင်တဲ့အဆင့်ကို ရောက်ရှိနေခဲ့ပြီး၊ ငါ့ကိုယ်ခံပညာကလည်း သိုင်းစစ်သည်တော်နယ်ပယ်ထဲ ရောက်ရှိနေပြီ။ ချီဇီယန်က ရှန်တန်သိုင်းသခင်တစ်ဦးဖြစ်ပြီး၊ သူ့မှာ သက်တန့်ထိုးဖောက်လေးလည်း ရှိတယ်။ စိတ်ဝိညာဉ်ဖြိုခွဲခြင်းမြှားက ယင်နတ်ဘုရားကို တောင် သတ်ပစ်နိုင်တယ်။ ဒါက ငါ့အင်အားကို အလွန်တိုးမြင့်စေတယ်။ ငါလည်း သူ့နှလုံးသား ကို အောင်မြင်ခဲ့ပြီ။ နောင်ပိုင်း, ယွန်မင်အင်ပါယာက တော်ဝင်ချန်ကို တိုက်ခိုက်ချိန်မှာ ကျွမ်းကျင် ပညာရှင်တစ်ဦး လျှော့နည်းသွားပြီး၊ ဒါက ထိုက်တန်ပါလိမ့်မယ်။”
ဟုန်ယွိသည် သက်တန့်ထိုးဖောက်လေးကို ချီဇီယန်အား ပေးခဲ့သည်။ တစ်ဖက်မှာတော့, သူကိုယ်တိုင်က ဤနတ်ဘုရားလေးကို အသုံးမပြုနိုင်သောကြောင့်ဖြစ်ပြီး၊ ချီဇီယန်ကို ပေးလိုက် ခြင်းက ၎င်းကို အကောင်းဆုံး အသုံးချနိုင်မည် ဖြစ်သည်။ တစ်ဖက်တွင်မူ, ချီဇီယန်သည် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ အဆုံးတွင်, ဤသခင်ချီဇီယန်သည် ယွန်မင်၏ လူတစ်ဦး ဖြစ်သည်။ နောင်အနာဂတ်တွင်၊ ယွန်မင်နှင့် တော်ဝင်ချန်တို့ တိုက်ခိုက်ကြချိန်မှာ, အကယ်၍, သူသာ စစ်တပ်ထဲ ဝင်ရောက်ခဲ့ပါက, ကြီးမားသော ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာမည်မှာ သေချာပါသည်။ ထို့ကြောင့် ဟုန်ယွိသည် သူ့နှလုံးသားကို အနိုင်ယူရန် ရတနာများနှင့် ဖြောင့်မတ်သော စကားလုံးများကိုသာ အသုံးပြုနိုင်ပါသည်။
ယင်းက ကျောက်ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ကို ပစ်သတ်ခြင်းဟု ပြော၍ရပါသည်။
ထိုအကြောင်းကို တွေးပြီး ဟုန်ယွိ၏စိတ်နှလုံးက အနည်းငယ် ငြိမ်သက်သွားသည်။ သူက ပုံရိပ်ဖော်ခြင်းပညာရပ်ကို အသက်သွင်းကာ သူ့စိတ်ဝိညာဉ်ကို သူ့ခန္ဓာကိုယ်ထဲမှ စွန့်ခွာလိုက်ပါ သည်။ လရောင်အတွင်းမှာ နှစ်မြုပ်နေရင်း, သူသည် အမိတ္တဘသုတ္တန်၏ စိတ်ဝိညာဉ် ကျင့်ကြံ ခြင်း နည်းစနစ်ကို စတင် ကျင့်ကြံလိုက်ပါသည်။
သူ၏ စိတ်ဝိညာဉ်သည် တဖြည်းဖြည်း သန်မာလာခဲ့သည်။
အခန်း (၁ဝ၃)။
"အတိတ်ဘဝ, အတိတ်အလင်းရောင်, အတိတ်ပုံသဏ္ဌာန်, လေဟာနယ်ထဲမှာ ထာဝရတည်ရှိမူ, အင်မော်တယ်ဖြစ်ပြီးသူ, အတိတ်က အတိုင်းအဆမရှိဘူး, ဖြစ်ပျက်ပြီးတဲ့ အရာမှန်သမျှကို ဘာမှော်စွမ်းအားကမှ မပြောင်းလဲနိုင်ဘူး။"
ဟုန်ယွိသည် သူ့စိတ်ဝိညာဉ်ကို သူ့အခွံမှ ထုတ်လွှတ်ပြီး၊ ပျော့ပျောင်းသော ပြဒါးကဲ့သို့ လရောင်ထဲ နှစ်မြုပ်နေချိန်မှာ, သူ့စိတ်ထဲမှ အတွေးများက "အတိတ်" ဟူသော စကားလုံး၏ အဓိပ္ပါယ်ကို တွေးတောနေခဲ့မိပါသည်။
“အတိတ်” ၏ အဓိပ္ပါယ်ကို ဖွင့်ဆိုထားသော အမိတ္တဘသုတ္တန်၌ လှပသော စကားလုံးများသည် လေးနက်သော အတွေးအမြင်များပါဝင်နေခဲ့ပြီး၊ သူ့စိတ်နှလုံးကို တုန်လှုပ်ချောက်ချားသွားစေ၏။ ဤလေးနက်သော အတွေးအမြင်သည် သူ့စိတ်ဝိညာဉ်အတွင်းမှာ ရစ်ပတ်သွားခဲ့ပြီး၊ မြတ်ဗုဒ္ဓ၏ ထာဝရမပြောင်းလဲခြင်း သဘာဝအနှစ်သာရထဲသို့ နက်ရှိုင်းစွာ နစ်မြုပ်သွားကာ တစ်သားတည်း ဖြစ်လာခဲ့ပြီး၊ မခွဲခွာနိုင်တော့ပေ။
အမိတ္တဘသုတ္တန်တွင် “အတိတ်” ဟူသော စကားလုံး၏ အဓိပ္ပါယ်ကို မထင်မှတ်ဘဲ နားလည်ခဲ့ သည့်နေ့မှ စ၍ သူ၏စိတ်ဝိညာဉ်ကို သိပ်သည်းမူကျင့်ကြံခြင်းက ပို၍ ခိုင်မာလာသည်ဟု ခံစားရ သည်။
အတိတ်တုန်းက, သူသည် အမြင့်မြတ်ဆုံးဖြစ်သော ဤဗုဒ္ဓကျမ်းဂန်ကို ကျင့်ကြံသောအခါ၊ အတိတ်ဗုဒ္ဓ၏ ထာဝရမပြောင်းလဲခြင်း သဘာဝအနှစ်သာရ ရုပ်ရည်အသွင်အပြင် အစစ်မှန် အဓိပ္ပါယ်၏ တစ်စိတ်တစ်ပိုင်းကိုသာ နားလည်ခဲ့ပါသည်။
စိတ်ဝိညာဉ်အတွင်း၌ ထိုရုပ်ရည်အသွင်အပြင်ကို သိမ်းဆည်းထားခြင်းဖြင့်, ၎င်းသည် မြတ်ဗုဒ္ဓ၏ ထာဝရမပြောင်းလဲခြင်း သဘာဝအနှစ်သာရကို သိမ်းဆည်းထားနိုင်ရာ ရောက်ပြီး၊ အကယ်၍, စိတ်ဝိညာဉ်သည် လျှပ်စီးကြောင်းနှင့် ကြုံတွေ့ရလျှင်ပင်, လွင့်ပျယ်သွားနိုင်မည် မဟုတ်ပေ။ သို့သော်, သူသည် ထို ထာဝရ မပြောင်းလဲခြင်း အခြေအနေနှင့် အဝေးကြီး လိုနေပါသေးသည်။
ယခုမူကား ကျမ်းဂန်ပါ 'အတိတ်' အပိုင်း၏ နက်နဲမှုကို နားလည်သဘောပေါက်လာသဖြင့် သူသည် ဤကျမ်းဂန်၏ အတွေးအမြင်များကို သူ၏နတ်ဘုရား စိတ်ဝိညာဉ်အတွင်း၌ သိမ်းဆည်း နိုင်ခဲ့သည်။ ဟုန်ယွိသည် အမိတ္တဘသုတ္တန်ထဲမှာ အတိတ်ဗုဒ္ဓကို ဖူးမျှော်ကြည့်သောအခါ, ရုတ်တရက်ဆိုသလို သူသည် ပို၍ပင် ပြီးပြည့်စုံသွားသည်ဟု ခံစားရပါသည်။
ချက်ချင်းဆိုသလို, ဟုန်ယွိသည် သူ့စိတ်ဝိညာဉ်က ဖန်သားကဲ့သို့ ကြည်လင်နေပုံရပြီး၊ ဖုန်မှုန့် အမှုန်အမွှားများ ကင်းစင်နေသော မှန်တစ်ချပ်ကဲ့သို့ ခံစားရ၏။
ကောင်းကင်ယံမှ လရောင်သည် အဆက်မပြတ် တဖျပ်ဖျပ် လင်းလက်ပြီး ကျဆင်းနေကာ စိတ်ဝိညာဉ်ပေါ်သို့ ကျရောက်နေလေသည်။
ဤလရောင်သည် မူလကတည်းက မမြင်နိုင်အရာတစ်ခု ဖြစ်ပြီး၊ ဟုန်ယွိ၏ နှလုံးသားသည် ဖုန်မှုန့်အမှုန်အမွှားများ ကင်းစင်နေသည့် ရောင်စုံဖန်သားကဲ့သို့ ဖြစ်နေခဲ့ပါသည်။ သူ့ခန္ဓာကိုယ် ပေါ်သို့ ကျရောက်လာသော လရောင်သည် နူးညံ့ချောမွေ့သော ပိုးထည်နှင့်တူသည်ဟု သူခံစားမိ သည်။ လရောင်က သူ့ခန္ဓာကိုယ်ပေါ် ကျဆင်းလာသောအခါ၊ ၎င်းကို သူ၏အတွေးအမြင်များက တွန်းပို့ခဲ့ပြီး၊ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်နှင့် ရောနှောသွားခဲ့သည်။ သူ့တစ်ကိုယ်လုံး ပြည့်နေသ ကဲ့သို့ ခံစားရ၏။
လရောင်က စွမ်းအားတစ်မျိုး ဖြစ်နေပုံရသည်။
ဒီအချိန်မှာ….။
ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် ထွင်းဖောက်မြင်နိုင်သည့် အချည်းနှီး ဖန်ခွက်တစ်ခုလိုပင်။ ကောင်းကင်ယံမှ လရောင်သည် ပြဒါးကဲ့သို့ တဖျပ်ဖျပ် လင်းလက်ကာ၊ ဖန်ခွက်ထဲကို အဆက် မပြတ် ကျဆင်းနေပြီး၊ ဖန်ခွက်ကို ဖြည့်ပေးနေပါသည်။
"လရောင်ဘုရင်ခန္ဓာကိုယ်၊ အတိုင်းဆမဲ့အသက်။" ဟုန်ယွိ၏ စိတ်နှလုံးထဲတွင် သူ နားမလည်နိုင် သော အမိတ္တဘသုတ္တန်၏ စာပိုဒ်တစ်ပိုဒ် ပေါ်လာခဲ့ပြီး၊ ၎င်းဘေးတွင် လက်သည်းအရွယ် ခမ်းနားထည်ဝါသည့် ဗုဒ္ဓပုံတော်တစ်ခု ရှိနေပါသည်။
အမိတ္တဘသုတ္တန် ဤပုရပိုက်ပေါ်မှာ ရုပ်ပုံများစွာပါရှိပြီး၊ စာပိုဒ်တိုင်းလိုလိုတွင် သေးငယ်သော ရုပ်ပုံတစ်ပုံစီ ပါရှိနေသည်။ အမှန်စင်စစ်, အကြီးမားဆုံးသော ရုပ်ပုံမှာ အတိတ်ဗုဒ္ဓ၏ ထာဝရ မပြောင်းလဲခြင်း သဘာဝအနှစ်သာရရုပ်ပုံ ဖြစ်ပါသည်။
ဟုန်ယွိသည် ပုံရိပ်ဖော်ပြီး ကျင့်ကြံခဲ့စဉ်တုန်းက, သူသည် သူကြားဖူးနားဝရှိသည့် ကျမ်းစာ၏ ပထမပိုင်း ယေဘုယျ အကြမ်းဖျင်းလောက်ကိုသာ လေ့လာခဲ့သည်။ သူသည် ကျမ်းစာ၏ အခြား အသေးအဖွဲ့ ရုပ်ပုံများကို ဂရုမစိုက်ခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် အမိတ္တဘသုတ္တန်သည် လေးနက်ပြီး နားလည်ရခက်သောကြောင့် ဖြစ်ပါသည်။ အကယ်၍, သူသာ အတင်းအကြပ် ကျင့်ကြံမည်ဆိုလျှင်, သူသည် ဒုက္ခရောက်ပြီး အဆုံးသတ်သွားရလိမ့်မည်။
ယခုမူ ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် လရောင်အတွင်းမှာ နှစ်မြုပ်ထားပြီး၊ တဖျပ်ဖျပ် တောက်ပနေ သော လရောင်ကို ခံစားကာ၊ သူ့အတွေးများက ထိမိသွားချိန်မှာ, ပြည့်ပြည့်ဝဝ အာရုံခံစားမှု တစ်ခု ရှိလာခဲ့ပြီး၊ ကျမ်းစာပိုဒ်၏ အဓိပ္ပါယ်ကို ရုတ်တရက် နားလည်လာခဲ့သည်။ ထိုကျမ်းပိုဒ် သည် ကျင့်ကြံခြင်းနည်းတစ်ခုအကြောင်း ဖြစ်နေခဲ့သည်။
ဤကျင့်ကြံခြင်း နည်းလမ်းသည် အရာဝတ္တုများကို ထိန်းချုပ်ခြင်းမှ ရုပ်လုံးဖော်ခြင်းအထိ ယင်ဝိညာဉ်ကို သိပ်သည်းစေနိုင်သည့် မဟာနည်းလမ်းကြီးတစ်ခု ဖြစ်နေခဲ့ပါသည်။ ၎င်းနည်းလမ်းကို ကျွမ်းကျင်ပြီးနောက် စိတ်ဝိညာဉ်ကို လေ့ကျင့်ရန် လရောင်၏ စွမ်းအားကို စုဆောင်းနိုင်ပါသည်။ အကယ်၍, ထိုနည်းလမ်းကို ကြီးမားသော အောင်မြင်မှုအထိ လေ့ကျင့် ထားနိုင်ပါက, စိတ်ဝိညာဉ်သည် အခွံမှထွက်လာပြီးနောက် အတွေးတစ်ချက်ဖြင့် လရောင်ကို သိပ်သည်းကာ၊ တာအိုပညာရပ်၏ ခဲပြဒါးရွှေငွေကိုယ်ထည်ကို အသုံးပြုစရာမလိုဘဲ တူညီသော အနန္တခွန်အားဖြင့် ခန္ဓာကိုယ်ကို ထင်ရှားပေါ်လွင်စေနိုင်ပါသည်။ ထို့အပြင်, ထိုခန္ဓာကိုယ်က ပို၍ ပြုပြင်ပြောင်းလဲလွယ်ပါသည်။
လရောင်မှတဆင့် ထင်ရှားပေါ်လွှင်ပြီးနောက် ထိုစိတ်ဝိညာဉ်မျိုးကို "လရောင်ဘုရင်ခန္ဓာကိုယ်" ဟု ခေါ်သည်။
၎င်းနည်းလမ်းကို ကျွမ်းကျင်ပြီးနောက်၊ စိတ်ဝိညာဉ်သည် ရောင်စုံဖန်သားကဲ့သို့ပင် ဖြစ်နိုင်ပြီး၊ နေရောင်ခြည်ကို စုစည်းကာ၊ တစ်ကိုယ်လုံးက တောက်ပစွာ လင်းလက်လာပြီး၊ တာအိုဝါဒီများ၏ မီးလျှံကြယ်နတ်ဘုရား ရုပ်လုံးဖော်ခြင်းကဲ့သို့ မီးတောက်များက ပျံသန်းလာမည် ဖြစ်သည်။
"လရောင်ကို အတွေးဖြင့် ပေါင်းစည်းခြင်း နည်းလမ်းက နေရောင်ခြည်ကို စုစည်းဖို့အတွက် လုံးဝိုင်းသည့် ပုလဲတစ်လုံးကို အသုံးပြုခြင်းနှင့်ပြီး၊ ထိုပုလဲလုံးက သစ်ပင်တွေကို လောင်ကျွမ်းစေ နိုင်ပါသည်။"
ထိုစာပိုဒ်ကို နားလည်ပြီးနောက် ဟုန်ယွိသည် သူ၏အတွေးများကို မောင်းနှင်ရန်အတွက် သူ့ခွန်အားအားလုံးကို အသုံးပြုကာ သူ့ခန္ဓာကိုယ်ပေါ်သို့ ရေကဲ့သို့ စီးဆင်းနေသော လရောင်ကို စုစည်းလိုက်ပါသည်။ တခဏအကြာတွင် ဟုန်ယွိသည် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အဖြစ်မှန်ကို ရုတ်တရက် တွေ့ရှိခဲ့ရသည်။ သူ့စိတ်ဝိညာဉ်သည် လရောင်၏ အလင်းရောင်အောက်တွင် အရိပ် မမြင်နိုင်လုနီးပါး ဖြစ်နေခဲ့သော်လည်း, ယခုအခါ မှိန်ဖျော့ဖျော့ အရိပ်တစ်ခု ရှိနေပါသည်။
"ဘာတွေ ဖြစ်နေတာလဲ….၊ ယင်စိတ်ဝိညာဉ်တွေမှာ အရိပ်မရှိပါဘူး။” ထိုတွေ့ရှိချက်ကြောင့် ဟုန်ယွိသည် အနည်းငယ် မှင်သက်သွားခဲ့ရသည်။ ထိုရုတ်တရတ် ရှာဖွေတွေ့ရှိမှုက သူ့အတွေး များကို လွင့်စင်သွားစေကာ လရောင်ကို စုစည်းနေသော သူ့စွမ်းအားက ချက်ချင်း လွင့်ပျယ် သွားသည်ကို ခံစားလိုက်ရပြီး မြေပြင်ပေါ်ရှိ အရိပ်လည်း သဲလွန်မရှိ ပျောက်ကွယ်သွားခဲ့သည်။
ပြန့်ကျဲသွားသော အတွေးနှင့်အတူ, ဟုန်ယွိသည် သူ့စိတ်ဝိညာဉ်က သူ လရောင်ကို သိပ်သည်း ချိန်မှာ သူ့စွမ်းအား အားလုံးကို အသုံးချခဲ့ရသည့်အလား မကြုံစဖူး အားနည်းသွားသည်ကို ခံစားလိုက်ရပါသည်။
“လရောင်က စိတ်ဝိညာဉ်ကို အန္တရာယ်ဖြစ်စေခဲ့ပြီ။ ညလမ်းလျှောက်ခြင်းနယ်ပယ် ကျင့်ကြံသူ တွေဟာ တောက်ပနေတဲ့ လရောင်အောက်မှာ လှည့်လည်သွားလာဖို့ မဝံ့ရဲကြဘူး။ ငါက လရောင်ကို သိပ်သည်းဖို့ ငါ့ရဲ့အတွေးတွေကို အသုံးပြုခဲ့တယ်။ ဒါက မီးနဲ့ကစားသလိုပဲ။ ဒါက ငါ့ ခန္ဓာကိုယ်ကို သေချာပေါက် လောင်ကျွမ်းစေနိုင်တယ်။ မထူးဆန်းတော့ပါဘူး။"
ဟုန်ယွိ၏ စိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားပြီးနောက်၊ ပြန်လည်ကုစားရန် အမိတ္တဘသုတ္တန်ကို ပြန်လည်အသက်သွင်းပြီး တခဏအကြာမှာတော့ စွမ်းအင်တွေ ပြန်လည် ပြည့်ဝလာပါသည်။
သူ့စိတ်နှလုံးထဲတွင်, သူသည် ပုံရိပ်ဖော်ရန် သူ့စိတ်ဝိညာဉ်ကို တိတ်တဆိတ် အသုံးပြုပြီး၊ အမိတ္တဘသုတ္တန်၏ အဓိပ္ပါယ်ကို နားလည်ဆင်ခြင်ကာ သန်းခေါင်ယံတိုင်အောင် ကျင့်ကြံ အားထုတ်ခဲ့သည်။ အပြင်ဘက်တွင် ခေါင်းလောင်းသံက ဒုတိယနာရီအထိ မြည်လာပြီးနောက် တွင် ဟုန်ယွိသည် သူ့စိတ်ဝိညာဉ်ကို ပြန်လည်ရုတ်သိမ်းခဲ့သည်။ သူ့စိတ်ထဲတွင် ဗုဒ္ဓ၏ အတိုင်း အဆမဲ့ အလင်းတန်းနှင့် အတိုင်းဆမဲ့အသက်ကို တွေးတောရင်း, သူ၏စိတ်ဝိညာဉ်သည် အတိတ်၌ ရှိနေသကဲ့သို့၊ မပြောင်းလဲနိုင်, လှုပ်ခါ၍မရနိုင်သည်ကို အမှန်ပင် ခံစားခဲ့ရသည်။
ဒုတိယနာရီပြီးနောက် တတိယနာရီတွင် ဟုန်ယွိသည် နိုးထလာခဲ့သည်။ အိပ်ရာထ, ရေချိုးပြီး နောက်, ကောင်းကင်ကြီး မတောက်ပသေးခင် မနက်ခင်း အေးမြလတ်ဆတ်သည့် လေကို ရူသွင်းပြီး သိုင်းပညာကို စတင်လေ့ကျင့်ပါသည်။
သူသည် နှစ်နာရီမျှသာ အိပ်ခဲ့သော်လည်း သူ၏ ကြံ့ခိုင်မှု သို့မဟုတ် စိတ်ဝိညာဉ်သည် အထွတ်အထိပ်သို့ ပြန်လည်ကောင်းမွန်လာခဲ့သည်။
စင်စစ်အားဖြင့်, သူသည် အမိတ္တဘသုတ္တန်ကို စတင်ကျင့်စဉ်ကတည်းက, သူ အိပ်မပျော်ခင် အချိန်တိုင်း သူ့စိတ်ဝိညာဉ်က အမိတ္တဘဗုဒ္ဓ၏ ထာဝရအတွေးအမြင်၌ နစ်မြုပ်နေကာ၊ သူသည် "သူတော်စင်တွေက ကြီးမြတ်ပြီး ညဉ့်အခါ အိပ်မက်မရှိ" ဟူသော စံနှုန်းများအတိုင်း ငြိမ်းချမ်းစွာ အိပ်မောကျပြီး နှက်နှက်ချိုက်ချိုက် အိပ်စက်ခြင်း အခြေအနေသို့ ဝင်ရောက်နိုင်ပါသည်။
ဤကဲ့သို့သော နှစ်နာရီအိပ်စက်ခြင်းသည် သာမန်လူတစ်ဦးအတွက် ဆယ်နာရီမှ ဆယ့်နှစ်နာရီ ထက် မနည်းသော အိပ်စက်ခြင်းမျိုးဖြစ်ပြီး အကျိုးသက်ရောက်မှုက ပို၍ပင် ကောင်းမွန်ပါသည်။
ယင်းကြောင့် ဟုန်ယွိသည် သာမန်လူတစ်ဦး၏ ကိုယ်ခံပညာကို လေ့ကျင့်ရန်၊ တာအိုပညာရပ်ကို ကျင့်ကြံရန်နှင့် နေ့တိုင်း စာအုပ်များဖတ်ရန် အချိန်နှစ်ဆကျော် ရရှိစေခဲ့သည်။
ဤအရာကလည်း တစ်နှစ်ခွဲနီးပါးအတွင်းမှာ သူသည် သိုင်းစစ်သည်တော်အဆင့်အထိ လေ့ကျင့်နိုင်ခဲ့သည့် အကြောင်းရင်း ဖြစ်ပါသည်။ တကယ်တော့ ကျင့်ကြံချိန်နှင့် ယှဉ်ရင်, သူသည် သိုင်းစစ်သည်တော်အဆင့်ကို ရောက်ရှိရန် အချိန်နှစ်နှစ်ကနေ သုံးနှစ်ထက်မနည်း ကုန်ဆုံးရလိမ့် မည်။
"ဟေ့…..၊ ညီအစ်ကိုချီ၊ မင်းလည်း ကိုယ်ခံပညာ လေ့ကျင့်နေတာလား။”
ဟုန်ယွိက ကိုယ်နေဟန်တစ်ခုဖြင့် လေ့ကျင့်တော့မည့် အချိန်မှာပင်, သူ့ဘေးနားအိမ်ထဲမှ လူတစ်ယောက်သည် လေးကိုဆွဲကိုင်ပြီး ဆွဲဖို့ကြိုးစားရင်း အိမ်ထဲကနေ ထွက်လာခဲ့ပါသည်။ ထိုလူကတော့ ချီဇီယန် ဖြစ်ပါသည်။
သူသည် အသစ်ရရှိထားသော နတ်ဘုရားလေးဖြစ်သည့် "သက်တန့်ထိုးဖောက်လေး" ကို အသုံးပြုရန် ကြိုးစားနေပါသည်။ သူသည် မြင်းစီးနေသည့် ကိုယ်နေဟန်ကို ထုတ်ဖော်ထားရင်း၊ သူ့ခွန်အားကို သူ့လက်မောင်းအနှံ့ စီးဆင်းစေကာ၊ ကျောက်တုံးခုနစ်လုံးပါ ခိုင်ခံ့ပြီး၊ အလွန် သန်မာသော လေးကို ရုတ်တရက် ဆွဲတင်လိုက်ပါသည်။ ထို့နောက်, သူသည် လေးညှို့ကို ပေါ့ပေါ့ပါးပါး လွှတ်လိုက်ပြီး၊ ပယင်းကဲ့သို့ ထွင်းဖောက်မြင်ရသော လေးညို့ကြိုးသည် ရုတ်တရက် ပြန်ကန်ထွက်လာကာ ကျယ်လောင်သော အသံနှင့်အတူ လေထုတ်ကို ဖြတ်တောက် လိုက်သည်။
ပျော့ပျောင်းသော ကျောက်စိမ်း, မျှော့သံမဏိဖြင့် ထုလုပ်ထားသည့် လေးသည်ပင် နဂါး တစ်ကောင် ဟိန်းဟောက်သံကဲ့သို့ အဝေးမှ အသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် လူတို့၏ ကြွက်သားများနှင့် အရိုးများကို လှုပ်ယမ်းကာ ၎င်းတို့၏ အရိုးများအတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
"ကောင်းလိုက်တဲ့ လေး။ ကောင်းလိုက်တဲ့လေး။ တကယ့်ကို နတ်ဘုရားလေးတစ်လက်ပဲ။” ချီဇီယန်က လေးကို သဘောကျစွာ နမ်းလိုက်သည်။ ဟုန်ယွိက ထိုလူငယ်ကို ဒုတိယအကြိမ် စကားထပ်ပြောမှသာ သူ့အသိစိတ်က သတိထားမိပြီး၊ သူ့မျက်နှာတွင် နွေးထွေးသော အပြုံး တစ်ခု ပေါ်လာသည်။ "ဒီတော့, ညီအစ်ကိုဟုန်ပေါ့။ ငါ ဒီလေးနဲ့ တစ်ညလုံး ကစားနေတာ။ ဒီလေးက တကယ်ကို နတ်ဘုရား ရတနာတစ်ခုပဲ။"
"ညီအစ်ကိုချီလည်း ငယ်ငယ်ကတည်းက ကိုယ်ခံပညာကို စလေ့ကျင့်ခဲ့တာ မဟုတ်လား။ ဒါပေမဲ့ ညီအစ်ကိုချီ၊ မင်း အဲဒီဓားပြသုံးယောက်ကို မင်းရဲ့ကျွန်အဖြစ် ခေါ်သွားတဲ့အခါ သတိထားသင့် တယ်။” ဟုန်ယွိက ခေါင်းမော့လိုက်ပါသည်။
“သူတို့က နတ်ဆိုးဝံပုလွေတွေပဲ။ ဒါပေမယ့်, ငါ့လက်ထဲမှာတော့, သူတို့ဟာ နာခံတတ်တဲ့ သိုးငယ်လေးတွေ ဖြစ်လာကြလိမ့်မယ်။ နတ်ဆိုးလင်းယုန်ငှက်တွေဆိုရင်လည်း သိမ်မွေ့တဲ့ ငှက်ကလေးတွေ ဖြစ်လာလိမ့်မယ်။" ချီဇီယန်က ရယ်မောလိုက်သည်။ “ဟုတ်ပြီ၊ ညီအစ်ကိုဟုန် က ဘယ်လို သိုင်းပညာမျိုးကို လေ့ကျင့်ထားလဲ။ ညီအစ်ကိုဟုန်ရဲ့ ကိုယ်ခံပညာက သိုင်းစစ်သည် တော်နယ်ပယ်မှာပဲ ရှိနေတာကို ငါ မြင်နိုင်ပါတယ်။ ဒါပေမယ့်, ညီအစ်ကိုဟုန်က သံမဏိ သစ်သားမဟူရာအရိုးလေးကို အမှန်တကယ်အသုံးပြု၍ ဆက်တိုက် ပစ်ခတ်နိုင်တယ်။ ဒါဟာ သိုင်းသခင်တစ်ယောက်ရဲ့ စွမ်းအားဆိုတာ ထင်ရှားပါတယ်။ ညီအစ်ကိုဟုန်ရဲ့ ခန္ဓာကိုယ်က တကယ်ကို ထူးရှားရမယ်။ မင်းရဲ့ကျွန် ရှန်ထိုက်ဇူထက်တောင် ပိုကောင်းသေးတယ်။”
ထိုမေးခွန်းနှင့် ရင်ဆိုင်ရပြီး၊ ယင်းက ဟုန်ယွိအနေဖြင့် လူတွေကို အံ့အားသင့်စေခဲ့သည့် ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ မုရုန်ယန်သည် အံ့အားသင့်ခဲ့သော်လည်း, သူသည် တိုက်ရိုက် အဖြေမပေးခဲ့ပေ။ သူက ပြောပြရုံသာ ပြောပြပါသည် "ငါက ဒိုင်ဇင်ဘုရားကျောင်းရဲ့ နွားသိုးနတ်ဆိုး ခွန်အားလက်သီးပညာရပ်နဲ့ ကျားနတ်ဆိုးအရိုးပုံသွင်းခြင်းလက်သီးပညာရပ်ကို လေ့ကျင့်နေပါတယ်။ အဆင့်တစ်ခုကို ရောက်နေပါပြီ။ ညီအစ်ကိုချီ၊ မင်းကရော ငါးနဂါး အသွင်ကူးပြောင်းခြင်းကိုးသွယ်ကို လေ့ကျင့်နေတာလား။
"ဟမ်…၊ မင်းက ငါးနဂါးအသွင်ကူးပြောင်းခြင်းကိုးသွယ်ကိုတောင် သိတာလား။" ချီဇီယန် အံ့ဩသွားပါသည်။
"ငါက ကိုယ်ခံပညာရပ်တွေနဲ့ ရင်းနှီးတယ်။ ဒါကြောင့် ငါ အများကြီး သိတယ်။ ဒါပေမယ့် တကယ့် တိုက်ပွဲအတွေ့အကြုံက အားနည်းနေတယ်။ ငါတို့ ဘာလို့ ဒီမှာ ရက်အနည်းငယ်လောက် နေပြီး၊ ကိုယ်ခံပညာကို မလေ့ကျင့်တာလဲ။"
"ကောင်းပြီလေ" ချီဇီယန် ရယ်မောလိုက်ပါသည်။
"ဒီလိုဆိုမှတော့ စလိုက်ကြရအောင်" ဟုန်ယွိက သူ့လက်ထဲမှ "ငါးမန်းဖြတ်ဓား" ကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး "ကောင်းကင်ဝံပုလွေလရောင်ဟိန်းဟောက်" ဟူသော လှုပ်ရှားမှုဖြင့် ချီဇီယန် ကို ခုတ်ပိုင်းလိုက်သည်။
သူအသုံးပြုခဲ့သော သိုင်းကွက်မှာ မူရွှန်ယန်ထံမှ သူသင်ယူခဲ့သော "လဝံပုလွေဓားသိုင်း" ဖြစ်သည်။
"ကောင်းလိုက်တဲ့ဆေဘာ…"
ချီဇီယန်သည် ဤအရေးကြီးသော အခိုက်အတန့်တွင် အမှန်တကယ် တုံ့ပြန်နိုင်ခဲ့သည်။ သူသည် ရုတ်တရက် ရှောင်ထွက်သွားပြီး နောက်ပြန်ရိုက်ချက်ဖြင့် ဟုန်ယွိ၏ လက်ကောက်ဝတ်ကို ရေကူးငါးတစ်ကောင်လို ဖမ်းဆုပ်လိုက်သည်။
ဟုန်ယွိသည် လက်ကောက်ဝတ် ထုံကျင်သွားသည်ကို ခံစားလိုက်ရပြီး ဆေဘာက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
"ဒါက ဘယ်လိုနည်းပညာမျိုးလဲ"
"ဒါက ငါးပျံခုန်ကျော်ခြင်းနဲ့ လက်ဗလာဖြင့် ဓားလုယူခြင်းပဲ”
"နောက်တစ်ကြိမ်…"
"ဟုတ်ပြီ။"
"ဒါက ဘယ်လိုနည်းပညာမျိုးလဲ"
“ဟဲဟဲ၊ ဒါက နဂါးပျံရဲ့ ခြေသည်း။ အယ်…..၊ မင်းရဲ့ ဒီလှုပ်ရှားမှုက အရမ်း ဉာဏ်ကောင်းလွန်းပါ တယ်။ မင်း နွားသိုးနတ်ဆိုးခွန်အားလက်သီးပညာရပ်ကို ကောင်းကင်ဘုံရစ်ပတ်ခြင်းလက်ဝါးနဲ့ ဘယ်လို ပေါင်းစပ်ခဲ့တာလဲ။”
“သိချင်လား? ဟား၊ ဟား…၊ နောက်ထပ် အကြိမ်အနည်းငယ် စမ်းကြည့်ပြီး ကိုယ်ဘာသာ အဖြေရှာကြည့်ပါ။ မင်းလည်ပင်းကို ငါ ခုတ်ပိုင်းမယ် စောင့်ကြည့်နေပါ။"
“မင်း လှည့်စားနေတာ မဟုတ်လား။ မင်းက ငါ့ခါးပတ်ကို ဖြတ်ဖို့ ကြိုးစားနေတာ ထင်ရှားတယ်။”
"ဟား…၊ ဟား…၊ စစ်ပွဲမှာ အားလုံးက တရားမျှတတယ်။ ညီအစ်ကိုချီ…, မင်း ငါ့ကို မယုံနဲ့တော့။ မဟုတ်လို့, မင်းရဲ့ ဘောင်းဘီကို ဖြတ်တောက်မိသွားရင် မကောင်းဖြစ်မယ်။" ဟုန်ယွိ၏ လှုပ်ရှားမှုတွေက အန္တရာယ်များလွန်းပါသည်။ သူက ကျယ်လောင်စွာ ရယ်မောပြီး နောက်ထပ် ထူးဆန်းသည့် တိုက်ခိုက်မှုကို စတင်လိုက်ပြန်သည်။
"ဟမ့်…."
ဟုန်ယွိနှင့် အခြားသူများသည် မေပယ်သစ်တောမြို့၌ ငါးရက်ပြည့်အောင် နေထိုင်ခဲ့ကြသည်။
ဤငါးရက်အတွင်း ဟုန်ယွိနှင့် ချီဇီယန်သည် စိတ်နှလုံးအကြွင်းမဲ့ဖြင့် လေ့ကျင့်ခဲ့ကြပြီး၊ တစ်ယောက်နှင့်တစ်ယောက် လေ့လာသင်ယူခဲ့ကြသည်။ နေ့ဘက်မှာတော့, သူတို့သည် နိုးထပြီး ညသန်းခေါင်ယံတိုင် သိုင်းပညာကို လေ့ကျင့်ကြသည်။ ညဘက်ဆို အိပ်ရာဝင်ကြသည်။
ချီဇီယန်သည် ကိုယ်ခံပညာတွင် ရှင်တန်သိုင်းသခင်တစ်ဦး ဖြစ်သည်။ သူသည် ရာနှင့်ချီသော တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ဖူးပြီး အတွေ့အကြုံ ကြွယ်ဝသူ ဖြစ်သည်။ သူသည် သိုင်းပညာရပ် ဒါဇင်ပေါင်းများစွာကိုလည်း ကျွမ်းကျင်ထားပါသည်။ လက်ရည်စမ်းသည့် ဤငါးရက်အတွင်းမှာ ဟုန်ယွိသည် သူကျွမ်းကျင်ဆုံးဖြစ်သည့် ဂန္တဝင်ဆန်ဆန် "ငါးနှင့်နဂါး အသွင်ပြောင်းခြင်း" သိုင်းပညာကို သင်ယူခဲ့သည်။ ထို့အပြင် သူလေ့ကျင့်ခဲ့သည့် ကိုယ်ခံပညာကို လည်း ကျွမ်းကျင်ခဲ့သည်။ သူသည် သိုင်းသခင်တစ်ဦး ဖြစ်လာတော့မည့် အရိပ်အယောင်များပင် ရှိလာခဲ့ပြီ။
အဘယ်ကြောင့်ဆိုသော် ဟုန်ယွိသည် သူလေ့ကျင့်ချိန်တိုင်းတွင် သူ၏အရိုးများက ပူနွေးပြီး ယားယံလာသည်ဟု ခံစားမိသောကြောင့် ဖြစ်သည်။ ဤအချက်က သူ့အရိုးတွေ မာကြောလာ သည်ဆိုသည့် လက္ခဏာပင်။
ချီဇီယန်အတွက်လည်း အများကြီး အကျိုးရှိခဲ့ပါသည်။ ဟုန်ယွိ ကျွမ်းကျင်သော ကိုယ်ခံပညာ အားလုံးသည် ထိပ်တန်း ကိုယ်ခံပညာများ ဖြစ်ပြီး၊ သူသည်လည်း ၎င်းတို့ကို သင်ယူခဲ့သည်။
ထို့အပြင်၊ ဟုန်ယွိသည် ယန်ယွဲ့မှတ်သားထားသော သိုင်းပညာဆိုင်ရာ ကောက်နှုတ်ချက်များကို ဖတ်ကြားပေးခဲ့သည်။ သူနှင့် စကားပြောချိန်မှာ, ချီဇီယန်သည် သူအချိန်အတော်ကြာ ပဟေဠိ ဖြစ်နေခဲ့သော ကိုယ်ခံပညာဆိုင်ရာ ပြသာနာများကို ဖြေရှင်းရန်အတွက် ယန်ယွဲ့၏ ထင်မြင်ချက် ကို မကြာခဏ အသုံးပြုခဲ့ပြီး၊ ဝမ်းသာအားရ ကခုန်လုနီးပါးပင် ဖြစ်နေခဲ့ပါသည်။
ဘုန်းတော်ကြီးယန်ယွဲ့သည် လူသားအင်မော်တယ်နယ်ပယ်သို့ ခြေလှမ်းတဝက်ခန့် ဝင်ရောက် နိုင်ခဲ့သည့် ပြိုင်ဘက်ကင်း ပညာရှင်တစ်ဦး ဖြစ်ပါသည်။ သူ၏အမြင်များနှင့် သီအိုရီများသည် အားကောင်းပြီး၊ စနစ်တကျကာ၊ လေးနက်သည်။ သာမန်မဟာဆရာသခင်တစ်ဦး သို့မဟုတ် သိုင်းသူတော်စင်တစ်ဦးပင်လျှင် သူနှင့်မနှိုင်းယှဉ်နိုင်ပါ။
တစ်ချိန်တည်းမှာပင်၊ မုကလေးနှင့် ရှန်ထိုက်ဇူတို့သည်လည်း ဟုန်ယွိ ချီဇီယန်ထံမှ အကြံဉာဏ် တောင်းခံနေသည်ကို ကြည့်ရှုနားထောင်ရင်း အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။
နေ့ခင်းဘက်တွင် သူသည် ကိုယ်ခံပညာကို စိတ်နှလုံးအကြွင်းမဲ့ လေ့ကျင့်ခဲ့ပြီး၊ ညဘက်တွင် အနားယူကာ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ကို လေ့ကျင့်ခဲ့သည်။ ဤသည်မှာ ဟုန်ယွိ၏ ငါးရက်တာ နေထိုင်မူ ဖြစ်ပါသည်။
ငါးရက်မြောက်နေ့၏အဆုံး, ညဘက်တွင် လရောင် ထွန်းလင်းတောက်ပလာသောအခါ, သူသည် လရောင်ကို သိပ်သည်းပြီး မှိန်ဖျော့ဖျော့ အရိပ်တစ်ခုကို ဖန်ဆင်းနိုင်ခဲ့ပါသည်။ သို့သော် ဤအရာ က ရုပ်လုံးဖော်ခြင်းနယ်ပယ် မဟုတ်ကြောင်း သူ သိပါသည်။ ယင်းက ရုပ်လုံးဖော်ခြင်း နယ်ပယ် ဖြစ်ဆဲသာ ဖြစ်ပါသည်။ (ရုပ်လုံးဖော်ခြင်းနယ်ပယ် မဟုတ်ဘဲ, ပညာရပ်တစ်ခုကို အသုံးပြု၍ ဖြစ်ပေါ်လာသော ပုံရိပ်ဖြစ်ပါသည်။ ထို့ကြောင့် ယင်းကိုပင် ရုပ်လုံးဖော်ခြင်းနယ်ပယ်ကဲ့သို့ ယူဆ၍ ရပါသည်။)
အမိတ္တဘသုတ္တန်ထဲမှ အစစ်မှန် လရောင်ဘုရင် ခန္ဓာကိုယ်သည် အတွေးတစ်ခုဖြင့် လူတစ်ယောက်၏ နတ်ဘုရား စိတ်ဝိညာဉ်ကို ကြည်လင်နေသည့် ခန္ဓာကိုယ်တစ်ခုအဖြစ် ပြောင်းလဲပေးနိုင်ပါသည်။
၎င်းခန္ဓာကိုယ်သည် ကြည်လင်ပြတ်သားပြီး အပြစ်ကင်းစင်သည်။ ဓား, သို့မဟုတ် ဆေဘာများ ဖြင့် ခန္ဓာကိုယ်ကို ခုတ်ပိုင်းလျှင်ပင်, ဗာဂျရာကြွေထည်ခန္ဓာကိုယ်ကို ခုတ်ပိုင်းသလို ဖြစ်သွားလိမ့် မည်။ မီးပွားမီးလျှံများ ပေါက်ထွက်ရုံအပြင်, လုံးဝ ပျက်စီးသွားမည် မဟုတ်ပေ။
ပို၍အရေးကြီးသည်မှာ လရောင်ဘုရင်ခန္ဓာကိုယ်ကို ကျွမ်းကျင်ပြီးနောက် ဗာဂျရာကြွေထည် ခန္ဓာကိုယ်ကဲ့သို့ မာကြောသော်လည်း၊ ၎င်းသည် လျင်မြန်ပေါ့ပါးပြီး ပျော့ပြောင်းသွက်လက်ပါ သည်။ ၎င်းသည် တာအိုဆရာများ၏ ခဲပြဒါးရွှေငွေခန္ဓာကိုယ်ထက် များစွာပို၍ ပျော့ပြောင်းသည်။ အဘယ်ကြောင့်ဆိုသော် လရောင်သည် ခဲပြဒါးလောက် မလေးဘဲ ပေါ့ပါးသောကြောင့် ဖြစ်သည်။
ထို့အပြင်, လရောင်ဘုရင်ခန္ဓာကိုယ်သည် ညဘက်မှာသာမက နေ့ဘက်မှာပါ အသုံးပြုနိုင်ပါ သည်။ ယင်းကလည်း အမိတ္တဘသုတ္တန်တွင် "လရောင်က နေရောင်ဖြစ်သည်" ဟူသော စာကြောင်းတစ်ကြောင်း ရှိနေသောကြောင့် ဖြစ်သည်။ ထိုစာကြောင်းကို ဟုန်ယွိ ဖတ်လိုက်ချိန် မှာ, လရောင်သည်လည်း နေရောင်ခြည်ဖြစ်သည်ဟု ဆိုလိုမှန်း သူသိပါသည်။
တာအိုဘုန်းတော်ကြီးများသည်လည်း ထိုကဲ့သို့ ကျင့်ကြံခြင်းပညာရပ်များကို ပိုင်ဆိုင်ထားကြပါ သည်။ သို့သော်၊ နေနှင့်လ၏အလင်းကို နတ်ဘုရား စိတ်ဝိညာဉ် ပတ်ပတ်လည်မှာ ရစ်ပတ်စုစည်း ရခြင်းက နတ်ဘုရား စိတ်ဝိညာဉ်ကို အများကြီး ဆုံးရှုံးစေပါသည်။ နတ်ဘုရား စိတ်ဝိညာဉ်သည် မြင့်မြတ်သော ဝိညာဉ်၏ အရင်းမြစ်ဖြစ်ပြီး အလိုအလျောက် ပျက်စီးသွားခွင့် မပြုနိုင်ပါချေ။ အတိတ်အမိတ္တဘသုတ္တန်သည်သာလျှင် မြင့်မြတ်သော ဝိညာဉ်၏ အရင်းအမြစ် ဖြစ်သည်။ အတိတ်အမိတ္တဘသုတ္တန်ကို ကျင့်ကြံထားမှ တစ်စုံတစ်ယောက်သည် မည်သည့်အနှောင့်ယှက်မှ မရှိဘဲ လရောင်ဘုရင်ခန္ဓာကိုယ်ကို လေ့ကျင့်နိုင်ပါမည်။
နတ်ဘုရား စိတ်ဝိညာဉ်က လရောင်ကို စုစည်းပြီး၊ မထင်မရှား အရိပ်တစ်ခုအသွင်ကို ဖန်တီး နိုင်ခြင်းက ကြီးမားသည့် တိုက်ခိုက်ရေးစွမ်းအားတစ်ခုအဖြစ် သတ်မှတ်၍ မရနိုင်သော်လည်း, ဟုန်ယွိသည် သွေးပုံစံသံမဏိအပ်ကို ထိန်းချုပ်သောအခါတွင်၊ သူသည် ပို၍ သွက်လက်ပြီး၊ ပိုမိုအားကောင်းကာ ပိုမိုမြန်ဆန်လာသည်ကို ခံစားခဲ့ရသည်။
စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်မှ ထွက်ခွာပြီး လက်နက်ကိုတစ်ခုကို အသုံးမပြုနိုင်သော ချီဇီယန်ကဲ့သို့ သော ကျွမ်းကျင်ပညာရှင်တစ်ဦးပင်လျှင်, ကိုယ့်ရန်သူက သွေးပုံစံသံမဏိအပ်ကို အသုံးပြု၍ ထိုးဖောက်လာပါက, ပျာယာခတ်နေသည့် အခြေအနေမျိုးတွင် ရှိနေမည်ဖြစ်သည်။
ယင်းက ဟုန်ယွိ၏ ရုပ်လုံးဖော်ခြင်းနည်းလမ်းသည် ရှန်တန်သိုင်းသခင်တစ်ဦးကိုပင် သတ်ပစ်နိုင် သည်ဟု ဆိုနိုင်ပါသည်။
ငါးရက်ကြာ ကျင့်ကြံပြီးနောက်၊ ဟုန်ယွိသည် စွမ်းအင်ပြည့်ဝနေပြီး သူ့ခန္ဓာကိုယ်ထဲတွင် စွမ်းအားများ အဆုံးမရှိဟု ခံစားခဲ့ရသည်။ ယင်းက သူသည် ပြန်လည်မွေးဖွားလာသည့် အတိုင်းပင်။
"တစ်လအတွင်း, ငါ တောင်ပိုင်းဒေသမှာရှိတဲ့ တိတ်ဆိတ်ခြင်းပင်လယ်ကို အရောက်သွားရမယ်။ အဲဒီအချိန်မှာ ငါ့ရဲ့သိုင်းပညာက သိုင်းသခင်နယ်ပယ်ကို ရောက်နေလောက်ပြီ။ ငါ့စိတ်ဝိညာဉ်က ရုပ်လုံဖော်ခြင်းနယ်ပယ်အထိ ကျင့်ကြံနိုင်နေမှာ စိုးရတယ်။ ငါ လရောင်ဘုရင် ခန္ဓာကိုယ်ကို လေ့ကျင့်ရမယ်။ လရောင်ဘုရင်ခန္ဓာကိုယ်က မဟာပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိသွားတာနဲ့, ငါ့ရဲ့ နတ်ဘုရား စိတ်ဝိညာဉ်က မဟာဆရာသခင်တစ်ဦးနဲ့တောင် နှိုင်းယှဉ်နိုင်နိုင်လိမ့်မယ်။ မဟုတ်ဘူး၊ အဲဒါက မဟာဆရာသခင်တစ်ဦးထက်တောင် ပိုအစွမ်းထက်နိုင်တယ်။”
ဟုန်ယွိသည် မြင်းစီးပြီး ရှေ့ဆက်သွားရသွားမည့်လမ်းကို ကျေနပ်စွာ ကြည့်လိုက်ပါသည်။
ရှေ့ဆက်သွားရမည့် လမ်းခရီးက အန္တရာယ်ရှိမှန်း သူသိသော်လည်း, ငါးရက်ကြာ လေ့ကျင့်ပြီး နောက်, သူ့ခွန်အားနှင့် စိတ်ဝိညာဉ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်ခဲ့ပြီ။ လမ်းခရီးကို နတ်ဘုရား တွေ, ဗုဒ္ဓတွေ ပိတ်ဆို့ထားရင်တောင်, သူ နည်းနည်းလေးမှ ကြောက်ရွှံ့နေမှာ မဟုတ်ပါဘူး။
အကယ်၍, နတ်ဘုရား, ဗုဒ္ဓတွေက, နှောင့်ယှက်လာမည်ဆိုလျှင်, သူသည် နတ်ဘုရား, ဗုဒ္ဓတွေကို သတ်ပစ်ရလိမ့်မည်။
မြင်း ၁၂ နှစ်ကောင်နှင့် လူ ၁၂ ယောက်တို့သည် လမ်းခရီးတစ်လျှောက် မြင်းတွေကို ဒုန်းဆိုင်း မောင်းနှင်နေကြသည်။ အနက်ရောင်သိမ်းငှက်ခံတပ်၏ ညီအစ်ကို သုံးယောက်သည်လည်း မြင်းကောင်းသုံးကောင်ကို ဝယ်ပြီးနောက် ချီဇီယန်နောက်သို့ လိုက်ပါလာခဲ့ကြပါသည်။ သူတို့သည် ခြေတစ်လှမ်းမှ မခွာဝံ့ဘဲ, ခေါင်းငုံ့ပြီး လမ်းခရီးတစ်လျှောက် အမြန် မောင်းနှင်နေကြ ၏။ သူတို့သည် သိမ်မွေ့လွန်းသဖြင့် သူတို့တွင် ရက်စက်ကြမ်းကြုတ်သော ဓားပြများ၏ ပုံစံများ မရှိတော့ပေ။ သူတို့သည် အလွန်နာခံသော ကျေးကျွန်များကဲ့သို့ပင်။ ချီဇီယန်က သူတို့ကို ယခုလို အပြုအမူမျိုးဖြစ်ပေါ်လာအောင် မည်သို့မည်ပုံ လုပ်ဆောင်ခဲ့သည်ကို မည်သူမှ မသိပါဘူး။
မေပယ်သစ်တောမြို့ကို ဖြတ်ကျော်ပြီးနောက်, သူတို့သည် အခြားလမ်းမကြီးတစ်ခုသို့ ရောက်ရှိလာကြသည်။
၎င်းတို့ထဲတွင် မည်သူတစ်ဦးတစ်ယောက်မျှ အနည်းငယ်မျှပင် တုန့်ဆိုင်းမနေဘဲ အရှိန်ဟုန် ပြင်းပြင်းဖြင့် မောင်းနှင်နေကြသည်။ သူတို့သည် အစွမ်းကုန် အရှိန်အဟုန်တင်ပြီး မောင်းနှင်ကြ သည်။ သူတို့သည် နေ့ခင်းဘက်အချိန်မှာ တရားဝင် လမ်းမကြီးပေါ်သို့ ရောက်ရှိနေပြီ။ ဓားပြတွေ မည်မျှပင် သန်မာနေပါစေ, သူတို့သည် အပြင်ထွက်ပြီး သတ်ဖြတ်ဝံ့မှာ မဟုတ်ပါဘူး။ သူတို့မှာ မင်းသားက ထောက်ခံပေးထားသည့် စစ်ဌာနတစ်ခုမှ တရားဝင်စာရွက်စာတမ်းတွေ ရှိကြသည်။
တော်ဝင်ချန် မင်းဆက်သည် ရွှေခေတ်မှာပင် ရှိနေပါသေးသည်။ ဥပဒေတွေက တင်းကျပ်ပြီး၊ တရားဝင် လမ်းမပေါ်မှာ ဓားပြတွေ ရောက်လာနိုင်သည်အထိ မပုပ်ဆွေးသေးပါဘူး။
ဟုန်ယွိသည် ရက်ပေါင်းများစွာ လျှောက်လှမ်းခဲ့ပြီးနောက် ဤအချက်ကို ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။
“တရားဝင်လမ်းမကြီးက မိုင်နှစ်ရာ ရှည်တယ်။ ငါတို့ရှေ့မှာ အလယ်ပိုင်းပြည်နယ်ရဲ့ တောင်ပိုင်း တာဝန်ခံ ဝူယွမ်ချန် ရှိတယ်။”
“ငါတို့ မမှောင်ခင် မြို့ထဲကို မြန်မြန်ဝင်ရမယ်။ ညဘက် ကောင်းကောင်း အနားယူနိုင်ပြီး၊ ရိက္ခာခြောက်တွေ ဝယ်ရတယ်။ ခြင်္သေ့ဘုရင်တွေကို အသားကျွေးပြီး နွားနို့သောက်ခွင့် ပေးရ မယ်။ မနက်ဖြန် ငါတို့ ခရီးဆက်ကြမယ်။ ဆယ်ရက်အတွင်း အလယ်ပိုင်းပြည်နယ်ကို ဖြတ်ကျော် ပြီး တောင်ပိုင်းဒေသကို ဝင်နိုင်မယ်လို့ ငါ ခန့်မှန်းထားတယ်။ ဝူယွမ်ချန်က မင်းသားယု ထောက်ခံပေးထားတဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတစ်ဦးပဲ။ ငါ သူနဲ့တွေ့ဖို့ လိုသေးတယ်။ အဲဒီမှာ အရမ်းလုံခြုံတယ်။” ဟုန်ယွိသည် ကောင်းကင်မှ တံလျှပ်များကဲ့သို့ မည်းမှောင်ပြီး မြင့်မားသော မြို့ရိုးများကို ညွှန်ပြလိုက်သည်။
သူ့လက်ထဲမှာ ကြွာပွတ်မပါပါဘူး။ လျှပ်စီးဖမ်းမြင်းသည် သူနှင့် အလွန်ရင်းနှီးနေပြီး ကြာပွတ် မလိုအပ်တော့ပေ။
“သွား..”။
ရှိနေကြသည့် လူတိုင်း ဟုန်ယွိ၏အသံကို ကြားကြပြီး၊ သူ့အသံ ပြိုကျသွားသည်နှင့် အားလုံးက တညီတညွတ်တည်း သူတို့၏ မြင်းမောင်းကြာပွတ်များကို လွှဲယမ်းလိုက်ကြသည်။ သူတို့သည် မြင်းတွေ၏ တင်ပါးကို ရိုက်ချပြီး အရှိန်ဟုန် ပြင်းပြင်းဖြင့် ရှေ့ကို ပြေးထွက်သွားကြပါသည်။
ကောင်းကင်ကြီးက တဖြည်းဖြည်း မှောင်မည်းလာပါပြီ။ ညနေစောင်းချိန် ဖြစ်၍ တရားဝင် လမ်းမကြီးပေါ်၌ လူအနည်းငယ်သာ ရှိပါတော့သည်။
ရုတ်ချည်းဆိုသလို…..,
ခြင်္သေ့ဘုရင်နှစ်ကောင်သည် ရုတ်တရက် ရပ်သွားကာ သူတို့၏ကိုယ်ပေါ်ရှိ အမွေးများ အားလုံး ထောင်မတ်သွားကြသည်။ သူတို့သည် တစ်စုံတစ်ခုကို အာရုံခံစားမိပြီး ၎င်းတို့၏ စွမ်းအားကို ပြသတော့မည့်ပုံ ပေါက်သော်လည်း နောက်ပိုင်းတွင် ကြောက်ရွံ့မှုကြီးတစ်ခုကို ခံစားရပုံပေါ် သည်။ သူတို့သည် ရုတ်တရက် ပြားပြားဝပ်သွားပြီး၊ သူတို့ကိုယ်ပေါ်မှ သားမွေးတွေက တုန်ခါနေ သည်။
"ရပ်"
ချီဇီယန်၏ အမူအရာက ပြောင်းသွားပါသည်။ သူသည် ခြင်္သေ့ဘုရင်များကို လေ့ကျင့် သင်ကြားခဲ့ သူဖြစ်ပြီး၊ ဤခြင်္သေ့ဘုရင်နှစ်ကောင်သည် မြက်ခင်းပြင်၌ မည်သည့်အရာကိုမျှ မကြောက်ခဲ့ဖူး ကြောင်း သူ သိထားပါသည်။ အကယ်၍, ၎င်းတို့သည် ဝံပုလွေများနှင့် ရင်ဆိုင်ရမည်ဆိုလျှင်ပင်, ကြောက်ရွံ့နေမှာ မဟုတ်ပါဘူး။ ၎င်းတို့သည် ခြင်္သေ့များနှင့်၏။ ဟိန်းဟောက်သံနှင့်အတူ အရက်စက်ဆုံး ဝံပုလွေအုပ်စုကိုပင် ခြိမ်းခြောက်နိုင်ကြသည်။
ခြင်္သေ့ဘုရင်များသည် မြက်ခင်းပြင်၏ဘုရင်များဟု ဆိုနိုင်သည်။
ယခုမူကား သူတို့သည် အလွန် ထိတ်လန့်သွားကြသည်။ သူတို့ရှေ့မှာ ကြောက်စရာကောင်းသည့် မည်သည့်အရာများ ရှိနေပါသလဲ။
ခြင်္သေ့ဘုရင်များ၏ အနေထားကို မြင်လျှင် မြင်းများအားလုံး ရပ်တန့်သွားကြပါသည်။
အကြောင်းတစ်ခုခုကြောင့် ရှည်လျားသော လမ်းမပေါ်တွင် အခြားမည်သူမျှ မရှိတော့ပေ။ အချိန်တွေက မြန်ဆန်လာပုံရပြီး၊ ကောင်းကင်ကြီးကလည်း အလျင်မြန် မည်းမှောင်သွားသည်။
သို့သော် သူတို့ရှေ့တွင် ကိုယ့်လက်ချောင်းကိုပင် မမြင်နိုင်လောက်သည့် မည်းမှောင်ခြင်းမျိုး မဟုတ်ပေ။ ယင်းအစား၊ ကြယ်တွေနှင့် ပြည့်နှက်နေသည့် ညအချိန် အမှောင်ထုမျိုး ဖြစ်ပါသည်။ ကောင်းကင်ယံ၌ ကြယ်များက မှိတ်တုတ်မှိတ်တုတ်ဖြင့် လင်းလက်နေပြီး၊ ဥက္ကာပျံတွေက လေဟာနယ်ကို ဖြတ်ကျော်သွားကြသည်။ ၎င်းသည် ကြီးကျယ်ခမ်းနားသည့် ကြယ်ရောင် လွှမ်းထားသော ညတစ်ည ဖြစ်နေခဲ့ပါသည်။
"ဘာလို့ ဒီလောက် မြန်မြန်မှောင်လာတာလဲ။ ညနက်နေပြီလား။ မကောင်းတော့ဘူး။" ချီဇီယန်က ခမ်းနား ထည်ဝါသော ကြယ်ရောင်စုံ ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြီး ဝေခွဲမရ ဖြစ်သွားခဲ့သည်။ ရုတ်တရက် သူသည် သတိပြန်ဝင်လာသည်။ သူတို့အဖွဲ့သည် ကောင်းကင်ကို မော့ကြည့်ကာ ကိုယ်စီ ဝေခွဲမရဖြစ်နေ ကြသည်။
"မွန်းစတား…."
ရုတ်တရက် ဟုန်ယွိ၏ ဒေါသတကြီး ဟိန်းဟောက်သံက လူတိုင်း၏ နားထဲသို့ ရောက်ရှိလာ သည်။ လူတိုင်း၏ခေါင်းထဲတွင် ရွှေရောင်အလင်းတန်းတစ်ခုကို ခံစားလိုက်ရပြီး၊ သူတို့စိတ်ထဲမှာ အတွေးများစွာ ပေါ်လာသည်။ သူတို့ရှေ့က ကြယ်ရောင်စုံ ကောင်းကင်ကြီးက ရုတ်တရက် မှုန်ဝါးပြီး ပျောက်ကွယ်သွားခဲ့သည်။ နေမင်းကြီးက ကောင်းကင်မှာ တည်ငြိမ်စွာ ရှိနေခဲ့ပြီး၊ တရားဝင် လမ်းမကြီးကလည်း တရားဝင်လမ်းမကြီးအဖြစ် ဖြစ်နေတုန်းပင်။ ညနက်မိုးချုပ်ခြင်း သို့မဟုတ် ခမ်းနားထည်ဝါသော ကြယ်ရောင်စုံ ကောင်းကင်ယံလို အရာမျိုး မရှိခဲ့ပါဘူး။
အခုနက မြင်ကွင်းသည် ထင်ယောင်ထင်မှား ပုံရိပ်ယောင်မြင်ကွင်း ဖြစ်နေခဲ့ပါသည်။
လူတိုင်း မူးဝေရာမှ နိုးထလာချိန်မှာ အဝါရောင်ဝတ်စုံ ဝတ်ထားသည့် အမျိုးသမီးတစ်ဦးသည် တရားဝင် လမ်းမကြီးပေါ် ခြေလှမ်း ခုနစ်ရာ သို့မဟုတ် ရှစ်ရာခန့်အကွာတွင် ရှိနေသည်ကို တွေ့လိုက်ရပါသည်။ သူမမျက်နှာကို သဲသဲကွဲကွဲ မမြင်ရသော်လည်း သူမ၏ ပုံသဏ္ဍာန်တစ်ခု တည်းကြောင့်ပင် အသက်ရှူကြပ်သွားလောက်ပါသည်။
အခန်း (၁ဝ၄)။
“မင်း ဘယ်သူလဲ။ မင်း ငါတို့လမ်းကို ဘာလို့ တားတာလဲ။ ပြီးတော့ ငါတို့ကို နတ်ဆိုးပညာတွေနဲ့ လျှို့ဝှက် ကြံစည်နေတာလား။”
ချီဇီယန်သည် ခြေလှမ်းခုနစ်ရာ ရှစ်ရာအကွာတွင် ရပ်နေသော ထူးဆန်းသည့် ထိုအမျိုးသမီးကို ကြည့်လိုက်သည်။ သူက မြင်းခေါင်းကို ထိန်းချုပ်ထားပြီး အော်မေးလိုက်ပါသည်။ သူသည် အဆင်ခြင်မဲ့ ကမူးရှူးထိုး မပြုမူခဲ့ပေ။ ကောင်းကင်နှင့်မြေကြီး၏ ရုတ်ချည်း ပြောင်းလဲသွားခြင်း နှင့် ကြယ်ရောင်စုံ ကောင်းကင်ကြီး၏ ခမ်းနားထည်ဝါသော နည်းလမ်းများက သူ့ကို ကြောက်ရွံ့ ထိတ်လန့်စေခဲ့သည်။ အခု ခြင်္သေ့ဘုရင်နှစ်ကောင်၏ ထိတ်လန့်တုန်လှုပ်သော အမူအရာများကို မြင်လိုက်ရတော့ အဝေးကအမျိုးသမီးသည် အသေးအဖွဲ့ မဟုတ်မှန်း သူ သိလိုက်သည်။
"ဟီး…၊ ဟီး…၊ မင်းတို့လူတွေကြားထဲမှာ ကျွမ်းကျင်ပညာရှင် တစ်ယောက် ရှိနေတာပဲ။ မင်းက တကယ်ကို ငါ့ရဲ့ ကြယ်ရောင်စုံယင်ယန်မဟာတာအိုပညာရပ်ကို ဖြတ်ကျော်နိုင်တယ်။"
လမ်းမှာရပ်နေသည့် အမျိုးသမီးက စကားပြောသည်။ သူမ၏အသံသည် ကျယ်လောင်ခြင်း မရှိသော်လည်း လူတိုင်းသည် ၎င်းတို့၏စိတ်နှလုံးထဲတွင် ရစ်ပတ်နေသကဲ့သို့ ပြတ်ပြတ် သားသား ကြားနိုင်သည်။
"နတ်ဆိုးမ၊ မင်း နေ့ခင်းကြောင်တောင် တရားဝင်လမ်းမကြီးပေါ်မှာ နတ်ဆိုးပညာရပ်ကို ဘယ်လိုလုပ် အသုံးပြုဝံ့တာလဲ။”
ဟုန်ယွိသည် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး၊ ချီဇီယန် နောက်ထပ် စကားပြောမည်ကို တားမြစ် လိုက်ပါသည်။ ထို့နောက် သူက အဝေးမှ အမျိုးသမီးကို လက်ညှိုးထိုးပြီး၊ သူ၏ အဆုတ်နှင့် လည်ချောင်းကို မြှင့်ကာ နက်ရှိုင်းပြီး ကျယ်လောင်သောအသံကို ဖျစ်ညှစ်ထုတ်ဖော်လိုက်ပါ သည်။
တစ်ချိန်တည်းမှာပင် သူသည် အဝေးမှ ထူးဆန်းသော အမျိုးသမီး၏ မျက်နှာကို ရှင်းရှင်း လင်းလင်း မြင်လိုဟန်ဖြင့် သူ့မျက်လုံးအမြင်ကို တိုးမြှင့်လိုက်ပါသည်။ သို့သော်လည်း တစ်ဖက်လူ၏ မျက်နှာသည် မြူများဖြင့် ဖုံးလွှမ်းနေပြီး ၎င်းကို လုံးဝ ရှင်းလင်းစွာ မမြင်နိုင်ပေ။
ယခု သူ့တွင် စစ်ဝန်ကြီးဌာန၏ စာရွက်စာတမ်းများ ရှိနေပြီး၊ သူသည် အင်ပါယာတရားရုံး၏ အရာရှိတစ်ဦးအဖြစ် သတ်မှတ်၍ရနိုင်ပါသည်။ အင်ပါယာတရားရုံးမှ တာဝန်ရှိသူတစ်ဦးကို ကြားဖြတ် ဖမ်းဆီးခြင်းသည် တော်ဝင်ချန် ဥပဒေတွင် ကြီးမားသည့် ရာဇဝတ်မှုတစ်ခု ဖြစ်ပါသည်။
"နတ်ဆိုးမလား… ဟင့်….၊” ထူးဆန်းသော အမျိုးသမီးက ရုတ်တရက် အေးစက်စက် အသံဖြင့် နှာခေါင်းရှုံ့သည်။ ဤအေးစက်စက် နှာခေါင်းရှုံ့သည် လူတိုင်းကို ထိတ်လန့်စေပါသည်။ ယင်းက သူတို့၏ စိတ်ဝိညာဉ်များသည် လျှပ်စီးကြောင်းဖြင့် တိုက်ခိုက်ခံရပြီး သူတို့ခေါင်းများ တဝီဝီလည် နေသကဲ့သို့ ဖြစ်စေပါသည်။
"ဉပဒေစကား.." ဟုန်ယွိသည် အမိတ္တဘသုတ္တန်ကို ကျင့်ကြံထားပြီး ထိုအေးစက်စက် နှာခေါင်းရှုံ့ သံက သဘာဝအတိုင်း သူ့ကို မထိခိုက်ပေ။ သို့သော် သူ့စိတ်ထဲတွင် ပို၍ကြောက်ရွှံ့လာပါသည်။ သူတို့၏ ကိုယ်ပိုင်တာအိုကို လေးနက်သည့် အဆင့်အထိ ကျင့်ကြံထားကြသူများသည် စကားလုံး တိုင်းဖြင့် တဖက်လူ၏ စိတ်ဝိညာဉ်အပေါ် ကြီးမားသည့် ဖိအားတွေ ရောက်ရှိစေနိုင်ပါသည်။ သူတို့သည် တဖက်လူ၏ စိတ်တွေကို ရှုပ်ထွေးသွားအောင် အထူးပုံရိပ်ဖော်ခြင်း ပညာရပ်တွေကို အသုံးပြုရန် မလိုအပ်တော့ပေ။ သို့သော်၊ ဤအဆင့်သို့ရောက်ရန်၊ အနည်းဆုံး ခန္ဓာကိုယ် သိမ်းပိုက်ခြင်းအဆင့်သို့ ရောက်ရှိနေရပါမည်။
တစ်နည်းအားဖြင့်ပြောရလျှင်, သူတို့ရှေ့မှာ ဤထူးဆန်းသော အမျိုးသမီးသည် အနည်းဆုံး သူမ၏တာအိုကို ခန္ဓာကိုယ် သိမ်းပိုက်ခြင်းအဆင့်အထိ ကျင့်ကြံထားသော ကျွမ်းကျင် ပညာရှင် တစ်ဦး ဖြစ်ပါသည်။ ဤတာအိုနည်းစနစ်၏ အဆင့်သည် လက်သီးပညာရပ်၏ မဟာဆရာ သခင်အဆင့်နှင့် ညီမျှပါသည်။ ထို့အပြင်၊ ၎င်းသည် ခြင်ဆီကို အခုမှ စတင်လေ့ကျင့်သည့် အစောပိုင်း မဟာဆရာသခင်တစ်ဦး မဟုတ်ပေ။ ယင်းအစား၊ ၎င်းသည် သွေးများကို စတင် ပြောင်းလဲပြီး သိုင်းသူတော်စင်နယ်ပယ်ဆီသို့ ချီတက်နေပြီဖြစ်သော ထိပ်တန်း မဟာဆရာသခင် တစ်ဦး ဖြစ်သည်။
နတ်ဘုရား စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်သိမ်းပိုက်ခြင်း နယ်ပယ်အထိ ကျင့်ကြံပြီးသောအခါ, ၎င်းသည် အသွေးအသား အမျိုးမျိုးနှင့် အံဝင်ခွင်ကျ ဖြစ်နိုင်ပါသည်။ နတ်ဘုရား စိတ်ဝိညာဉ်က သိမ်းပိုက်နိုင်ပြီး၊ ၎င်း၏ခန္ဓာကိုယ်ကို အလိုအလျောက် ပုံသွင်းနိုင်ပါသည်။ တစ္ဆေ အင်မော်တယ် နယ်ပယ်၏ သိမ်းပိုက်ခြင်းနှင့် လူဝင်စားခြင်းသည် ခြေတလှမ်းသာ ကွာခြားပါသည်။
ထိုနေ့တုန်းက ဟာကူဇိယွဲ့သည် ဟုန်ရွှေ့ကျောင်း, ကျင်းယုရှင်းနှင့် အခြားသူများကို ခြောက်လှန့် သောအခါ, သူသည် သူ၏စိတ်ဝိညာဉ်များကို မတ်စတက်ဖ်ခွေးများတွင် ပူးကပ်ရန် သိမ်းပိုက်ခြင်း ပညာရပ်ကို အသုံးပြုခဲ့သည်။ ယင်းက ကာကွယ်ရန် မဖြစ်နိုင်သည့် အံ့မခန်း ပညာရပ်တစ်ခု ဖြစ်ပါသည်။
“ဟား…၊ ဟား…၊ ဟား…၊ ဟား…၊ ဟား…။" ထူးဆန်းသော အမျိုးသမီးက အေးစက်စွာ နှာခေါင်း ရှုံ့ပြီးနောက်တွင် ကြောင်ကြီးတစ်ကောင်က ကြွက်ကို ကျီစားနေသကဲ့သို့ လှောင်ပြောင် ရယ်မောလိုက်ပါသည်။ “အင်ပါယာတရားရုံးက အရာရှိတစ်ယောက်ကို ကြားဖြတ်နှောင့်ယှက် တာလား။ မှန်တယ်၊ ငါ မင်းကို ကြားဖြတ်နှောင့်ယှက်တယ်။ နှောင့်ယှက်ရုံတင်မကဘူး, ဒီနေ့ ငါ မင်းတို့ကို သတ်ပစ်ဦးမယ်။ မင်း ဘယ်လိုသဘောရလဲ။”
"အိုး? မင်းက ငါ့ကိုသတ်ဖို့ ဒီကိုရောက်လာတာလား။” ဟုန်ယွိက ကျယ်လောင်စွာ ရယ်မောလိုက် ပြီး သူ့မျက်နှာက အေးစက်သွားကာ "မင်းက ဘယ်ဂိုဏ်းကလဲ။ ငါ့ကို သတ်ဖို့ ကြိုးစားမှာဆို တော့, ဥပဒေ မရှိတော့ဘူးလား။"
"ဥပဒေလား..၊ ဟား…၊ ဟား…၊ ဟား... " သူမစကားပြောချိန်မှာ ထူးဆန်းသော အမျိုးသမီး၏ ကျောက်စိမ်းကြာပန်း ခါးပတ်က ချိုမြိန်သည့် လေတိုးသံကဲ့သို့ လေထဲမှာ တရွှင်ရွှင် တီးခတ်နေ သည်။ သူသည် ရယ်စရာပြက်လုံးတစ်ခုကို ကြားလိုက်ရဟန်တူပြီး လှလှပပ ရယ်မောနေလေ သည်။ ပိုးမွှားလေး၊ ဥပဒေက ဘာလဲဆိုတာ မင်း ငါ့ကို မပြောတော့ဘူးလား။”
"ကောင်းပြီလေ၊ နတ်ဆိုးမ၊ သေချာနားထောင်။ တော်ဝင်ချန်ဉပဒေက ဘာလဲဆိုတာ ငါ ပြောပြ မယ်။” ဟုန်ယွိသည် သူ၏သတိကို အမြင့်ဆုံးအထိ မြှင့်တင်လိုက်ပါသည်။ သူသည် သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ကို ကြိုတင်ကာကွယ်ထားပြီး၊ အံတင်းတင်းကြိတ်ကာ သူ့ဒန်တန်နှင့် ဝမ်းဗိုက်ထံမှ စကားလုံးအချို့က ခုန်ထွက်လာပါသည် "တော်ဝင်ချန်ဉပဒေ - အကယ်၍, နတ်ဆိုး တစ်ကောင်ကို ဖမ်းမိပါက, သူ သို့မဟုတ် သူမကို မြေအောက်ခန်းထဲတွင် သုံးရက်တိုင်တိုင် နှစ်မြှုပ်ထားရမည် ဖြစ်ပြီး၊ သူ သို့မဟုတ် သူမ၏ မှော်ပညာက ကျိုးပျက်သွားလိမ့်မည်။ ထို့နောက်, သူ, သို့မဟုတ် သူမ၏အဝတ်အစားတွေကို ချွတ်ပစ်ရမည်။ သူ သို့မဟုတ် သူမကို စံနမူနာအဖြစ်ထားကာ လူထုမြင်နိုင်ရန် မျှော်စင်ပေါ်မှာ ချိတ်ဆွဲထားရမည်။ အဆုံးသတ်မှာ တော့ အင်ပါယာတရားရုံးမှ အရာရှိတစ်ဦးကို ကြားဖြတ်နှောင့်ယှက်ခြင်းက ကွပ်မျက်ခံရမည်။”
"ကောင်းတယ်… ကောင်းတယ်… ကောင်းတယ်၊" ဟုန်ယွိ၏စကားကို ကြားတော့ ထူးဆန်းသည့် ထိုအမျိုးသမီးက သုံးကြိမ် ဆက်တိုက် ကောင်းတယ်ဟု ပြောလိုက်ပါသည်။ လူတိုင်း၏ နတ်ဘုရား စိတ်ဝိညာဉ်ထဲတွင်၊ ကောင်းကင်ကြီးသည် မှောင်မိုက်သွားသည်ကို ချက်ချင်း ခံစားလိုက်ကြပြီး ခမ်းနားသော ကြယ်ရောင်စုံ ကောင်းကင်ကြီး ပေါ်လာပါသည်။ သို့သော် ယခုတစ်ကြိမ်တွင် ကြယ်ရောင်စုံ ကောင်းကင်ယံမှ ကြယ်များနှင့် နဂါးငွေ့တန်းများ သည် ပြင်းထန်စွာ လည်ပတ်နေပြီး အောက်သို့ ဖိနှိပ်လာပါသည်။ ဝဲဂယက်တစ်ခုနှင့်တူသော နဂါးငွေ့တန်းသည် သူတို့၏ ဦးခေါင်းထိပ်ပေါ်သို့ ဖိနှိပ်လာခဲ့ပြီး၊ ကောင်းကင်ကြီးသည် ထူးထူး ခြားခြား နိမ့်ဆင်းလာပါသည်။
လူတိုင်းက ကောင်းကင်နှင့် မြေကြီး လည်ပတ်နေသလို ခံစားရပြီး၊ သူတို့ ဘယ်ရောက်နေမှန်း မသိကြပါဘူး။
မှန်ပါသည်။ ကောင်းကင်နှင့် မြေကြီးက လည်ပတ်နေပြီး၊ ကြယ်တွေကလည်း ရွေ့လျားနေသည်။
ဘန်း…၊ ဘန်း…။
အစေခံငါးယောက်၊ အနက်ရောင်သိမ်းငှက်ငယ် ညီအကို သုံးယောက်နှင့် သူတို့မြင်းတွေ အားလုံး မြေပြင်ပေါ်သို့ ပစ်လဲကျပြီး သတိလစ်သွားကြပါသည်။
ဟုန်ယွိ, ရှန်ထိုက်ဇူ, မုကလေးနှင့် ချီဇီယန်သာလျှင် ကောင်းကင်နှင့် မြေကြီး လည်ပတ်နေပြီး ကြယ်များ ရွေ့လျားနေသည့် ခံစားချက်ကြောင့် ထိခိုက်ခြင်းမရှိခဲ့ပေ။
ဟုန်ယွိသည် သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ကို အချိန်ကြာမြင့်စွာကတည်းက သတိထားပြီး ကာကွယ်ထားသောကြောင့်, သူသည် မှော်ပညာရပ်ဖြင့် လှည့်စားခံရမည်ကို မကြောက်ခဲ့ပေ။ ဆန်းကြယ်ကောင်ကင်ဘုံခန်းမ၏ တပည့်တစ်ဦးအနေဖြင့်, ချီဇီယန်သည် မှော်ပညာရပ်များ၏ အစွမ်းကို ကောင်းစွာသိရှိထားပြီး၊ မှော်ပညာရပ်များဖြင့် လှည့်စားခံရခြင်းမှ သူ့ကိုယ်သူ ကာကွယ်နိုင်ရန် နည်းလမ်းများစွာ ရှိပါသည်။ ရှန်ထိုက်ဇူ, မုကလေး, မဟူရာသွေးမြင်းသုံးကောင် နှင့် လျှပ်စီးဖမ်းမြင်းတို့အတွက်မူ၊ သူတို့သည် ၎င်းတို့၏ ခိုင်မာသော စိတ်စွမ်းအားနှင့် သန်မာ သော သွေးချီတို့ကို အားကိုးကာ ထိန်းထားနိုင်ခဲ့ပါသည်။ သို့သော် သူတို့၏မျက်နှာများသည် ဖြူဖျော့နေဆဲဖြစ်ပြီး၊ မြင်းခွာများ ပေါက်ကာ ဝရုန်းသုန်းကား ဖြစ်နေကြပါသည်။
ကောင်းကင်နှင့် မြေကြီး လည်ပတ်နေသည့် ခံစားချက်က ကောင်းမွန်သည့် ခံစားချက်တစ်ခု တော့ မဟုတ်ခဲ့ပါဘူး။
"ဟုန်ယွိ၊ ငါ မင်းနဲ့အတူ အချိန်ကြာကြာ ဆော့ကစားချင်ပေမယ့် မင်းက ဒီလောက် ငြီးငွေ့စရာ ကောင်းတဲ့ လူတစ်ယောက် ဖြစ်နေမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ကြည့်ရတာ, ငါ မင်းကို မင်းသွားရမယ့် လမ်းကို ပို့ပေးရတော့မယ့်ပုံပဲ။ ဒါပေမယ့် မင်းမသေခင်, ငါက အထွဋ်ထိပ် ကောင်းကင်နယ်မြေကနေ လာရောက်ပြီး မင်းကို သေခွင့်ပြုသူဆိုတာ သိခွင့်ပြုလိုက်ပါ့မယ်။ ငါ့မျိုးရိုးနာမည်က ကျောက်၊ ငါ့နာမည်က ဖေးရုန်တဲ့။ မင်း သေပြီးရင်, မြေအောက်ကမ္ဘာမှာ မန်ပိုင်ယွန်နဲ့ ပြန်ဆုံနိုင်ပြီပေါ့။ မင်းကိုသတ်ခဲ့တဲ့လူက ငါဆိုတာ သူ့ကိုပြောဖို့ မမေ့နဲ့ဦး, ဟီး.. ဟီး.. ဟီး… ဟီး…။”
ထိုစူးရှသော အသံလှိုင်းအဆင့်ဆင့်ကြားမှာ ဟုန်ယွိသည် အေးစက်သော လေပြင်းတစ်ချက် ရုတ်တရက် တိုက်ခတ်လာသည်ကို တွေ့လိုက်ရပြီး၊ တရားဝင်လမ်းမကြီးပေါ်ရှိ ဖုန်မှုန့်များသည် လေထဲသို့ လွင့်စင်သွားပါသည်။ အသက်ရူချိန် အနည်းငယ်အတွင်းမှာ, ဖုန်မှုန့်များသည် လေထဲ သို့ လွင့်စင်သွားခဲ့ပြီး၊ ရုတ်တရက် အဝါရောင်သဲများနှင့် ဖုန်မှုန့်များ အားလုံးသည် အစိမ်းရောင် မျက်နှာ, ချွန်ထက်သောသွားများနှင့်အတူ ဧရာမမျက်နှာကြီးတစ်ခု အဖြစ်သို့ ပေါင်းစပ်သွားကြ ပါသည်။ ဧရာမမျက်နှာကြီးသည် ၎င်း၏ သွေးစွန်းနေသော ပါးစပ်ကြီးကို ဖွင့်လိုက်သည်နှင့် ၎င်း၏ချွန်ထက်သော သွားများက ရုတ်တရက် အောက်သို့ ထိုးသုတ်လာပြီး ဟုန်ယွိနှင့် အခြား သူများကို မျိုချပါတော့သည်။
ထိုလှုပ်ရှားမှုက သူတို့ကို စိတ်ရှုပ်ထွေးစေရုံ သက်သက်မဟုတ်တော့ဘဲ, သူတို့ကို အမှန်တကယ် သတ်ပစ်ဖို့ ဖြစ်သည်။
ကောင်းကင်မှ ထိုးသုတ်လာသော ဧရာမ လူသားမျက်နှာကြီးသည် မီးခိုးရောင်သဲများမှ ဖြစ်ပေါ် လာပုံရသော်လည်း တာအိုနည်းစနစ်များသည် နက်နဲပြီး၊ သဲနှင့် ကျောက်မှုန်များသည်ပင် သံမဏိကဲ့သို့ မာကျောနိုင်ကြောင်း ဟုန်ယွိ သိထားပါသည်။ အကယ်၍, ထိုဧရာမ လူသား မျက်နှာကြီးသာ သူတို့ကို ဝါးမျိုလိုက်မည်ဆိုလျှင်, ၎င်းသည် လူနှင့်မြင်းများကို အသားပြားဖြစ်သို့ ပြောင်းလဲပေးမည့် အသားကြိတ်စက်ကဲ့သို့ ဖြစ်မည်မှာ သေချာပါသည်။
"လျှပ်စီးဖမ်းမြင်း, ရှောင်တိမ်းပါ။ မြှားတွေကို အသုံးပြုကြ။"
ဤမျှထိတ်လန့်စရာကောင်းပြီး အန္တရာယ်များသည့် အခြေအနေမျိုးနှင့် ရင်ဆိုင်နေရသော ဟုန်ယွိက ကျယ်လောင်စွာ ဟစ်အော်လိုက်ပါသည်။ သူသည် မြင်းကို ခုန်ပေါက်လိုက်ပြီး၊ မြင်းက ခြေလှမ်း သုံးဆယ်မှ လေးဆယ်အထိ လျင်မြန်စွာ ခုန်လွှားသွားကာ ထိုလူသားမျက်နှာကြီး၏ မျိုချလာသည့် အကွာအဝေးမှ လွတ်မြောက်သွားခဲ့ပါသည်။
ချွင်..၊ ချီဇီယန်၏ မြင်းစီးပညာရပ်က ဟုန်ယွိထက်ပင် ပို၍ ထူးကဲကောင်းမွန်ပါသည်။ သူ့ ခြေထောက်အောက်မှ မြင်းသည် ရှေ့သို့ ခြေလှမ်းငါးဆယ် ခုန်ကျော်သွားကာ၊ ထိုခဏမှာပင် ကုန်းနှီးပေါ်ရှိ နေရာတစ်ခုမှ "သက်တန့်ထိုးဖောက်လေး" အလိုလို ဆွဲထုတ်လိုက်လေသည်။ ထို့နောက် သူက လှည့်ပတ်ကာ မြင်းဝမ်းဗိုက်အောက်၌ တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားသော မြှားကျည်တောက်မှ အရိုးထိတိုင် နက်နက်ရှိုင်းရှိုင်း ထွင်းဖောက်နိုင်သော "စိတ်ဝိညာဉ်ဖြိုခွဲခြင်း မြှား" သုံးစင်းစလုံးကို ဆွဲထုတ်လိုက်ပါသည်။
ထိုလှုပ်ရှားမှုက မှော်ဆန်လွန်းလှသည်။ သူ၏လှုပ်ရှားမှုများသည် မျက်စိဖြင့် လိုက်ပါကြည့်ရူရန် ပင် အလွန်လျင်မြန်လွန်းပြီး၊ ဟုန်ယွိကဲ့သို့ မြင်းစီးကျွမ်းကျင်သူပင် ချီဇီယန်က လေးကို မည်သို့ ဆွဲယူပြီး၊ မြှားကို ဆွဲတင်လိုက်သည်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပေ။
ထို့အပြင် ချီဇီယန်သည် မြင်းပေါ်၌ လေးနှင့်မြှားတို့ကို ကောင်းစွာ ဝှက်ထားခဲ့သည်။ တစ်ချက် ကြည့်ရုံဖြင့် မြင်းပေါ်မှ လေးနှင့်မြှားတို့ကို မမြင်နိုင်ပေ။
"သူက ယွန်မင်ရဲ့ကျွမ်းကျင်တစ်ဦးလို့ ခေါ်ဆိုထိုက်ပါတယ်။ လေးနဲ့ မြှားတွေကို ဖုံးကွယ်ထားတဲ့ ဒီနည်းလမ်းနဲ့ လေးဆွဲတင်ပြီး မြှားလွှတ်တဲ့နည်းလမ်းက ငါတောင် ပြိုင်ဘက်မဖြစ်နိုင်ဘူးလို့ မျှော်လင့်မထားမိဘူး။ ကံကောင်းစွာပဲ၊ ငါ့တို့မှာ သက်တန့်ထိုးဖောက်လေးနဲ့ ယင်နတ်ဘုရားကို သတ်ဖြတ်နိုင်တဲ့ မြှားသုံးစင်း ရှိနေတယ်။ မဟုတ်ရင် ငါ ဒီနေရာမှာ ကျရှုံးရလိမ့်မယ်။” ချီဇီယန်က မြှားကိုတပ်ပြီး လွှတ်လိုက်သည်ကို ဟုန်ယွိက စောင့်ကြည့်နေသည်။ ကြီးမားသော လူသား မျက်နှာကြီး၏ ပါးစပ်ထဲသို့ အဖြူရောင် အရိပ်တစ်ခုက ပြင်းထန်စွာ ထိုးဖောက် ဝင်ရောက်သွား ခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်းပင်၊ စိတ်ဝိညာဉ်ထိုးဖောက်ခြင်းမြှား၏ စွမ်းအားသည် ထူးကဲလှ၏။ ထိုးဖောက်ဝင်သွားသည်နှင့် တပြိုင်နက် လူသားမျက်နှာကြီးထံမှ ဒေါသကြီးစွာ ကျယ်လောင်စွာ ဟိန်းဟောက်သံ ထွက်ပေါ်လာသည်ကို သူ ကြားလိုက်ရသည်။ အဝါရောင်သဲများက ပြိုကျသွား ပြီး၊ အစိုင်အခဲပုံစံအဖြစ်သို့ မစုစည်းနိုင်တော့ဘဲ ပေါက်ကွဲသွားခဲ့ပါသည်။
အဝါရောင်သဲတွေက ကောင်းကင်ယံမှာ ပြည့်နှက်နေကာ၊ ဖုန်မှုန့်တွေက ဖုန်မှုန့်မိုးတွေ ရွာချသည့်အတိုင်း လေထုကို ပြည့်နှက်စေပါသည်။
နတ်ဘုရား စိတ်ဝိညာဉ်ကို ပျက်စီးစေနိုင်သည့် စိတ်ဝိညာဉ်ထိုးဖောက်ခြင်းမြှား၏ စွမ်းရည်က ဟုန်ယွိ နက်နက်ရှိုင်းရှိုင်း သတိပြုမိခဲ့သည့်အရာ ဖြစ်ပါသည်။ သူ့လက်ရှိ ယင်စိတ်ဝိညာဉ်ဖြင့်ဆို၊ မြှားတစ်စင်းက သူ့ကိုသတ်ပစ်ရန် လုံလောက်ပေလိမ့်မည်။ အမိတ္တဘသုတ္တန်တောင်မှ ပြန်လည် ကုစားရန် ခက်ခဲပေလိမ့်မည်။
ဝှီး.…။
လေးညို့ကြိုး ရိုက်ခတ်သံက နောက်တဖန် ထွက်ပေါ်လာပြန်ပါသည်။ ချီဇီယန်သည် မြှားကို ပစ်ပြီးနောက်၊ သူ့မျက်လုံးတွေက တစ်ခုခုကို ခံစားမိသည့်အလား တောက်ပလာပါသည်။ နောက်ထပ် မြှားတစ်စင်းက အလျားလိုက် ပစ်လွှတ်ပြန်သည်။ ယခုတစ်ခါမှာတော့ လေးကို အပြည့်ဆွဲပြီး လေး၏ခွန်အားကို အမြင့်ဆုံးအထိ ဆွဲထုတ်လိုက်ပါသည်။
ဝှီး…၊ မြှားတစ်စင်းက အဝါရောင်သဲတွေကို ထိုးဖောက်သွားခဲ့ပြီ။ ယင်းမြှားက ခြေလှမ်း ခုနစ်ရာမှ ရှစ်ရာအကွာရှိ ကျောက်ဖေးရုန်၏ ခန္ဓာကိုယ်ကို ပစ်မှတ်ထားသည်။
ယခုတစ်ကြိမ်မှာတော့ ချီဇီယန်၏ ရက်စက်မှုက ထွက်ပေါ်လာပါသည်။ သူသည် နတ်ဘုရား စိတ်ဝိညာဉ်ကို မြှားတစ်စင်းဖြင့် ပစ်လွှတ်ပြီးနောက် နောက်ထပ် မြှားတစ်စင်းကို ပစ်လွှတ်ခြင်း ဖြစ်သည်။ သူသည် ပြိုင်ဘက်၏ ခန္ဓာကိုယ်ကို ဖျက်ဆီးရန် ဤအခွင့်အရေးကို အရယူချင်နေခဲ့ သည်။ ထို့အပြင်၊ သူ၏ဤမြှားသည် သက်တန့်ထိုးဖောက်လေးနှင့် လုံးဝ လိုက်ဖက်သော လင်းယုန်ငှက်မွေးမြှား ဖြစ်သည်။ ၎င်းမြှားသည် ခြေလှမ်းရှစ်ရာကျော်အထိ ဖြတ်သန်းသွားနိုင်ပါ သည်။ အကယ်၍ ၎င်းသည် စိတ်ဝိညာဉ်ထိုးဖောက်ခြင်းမြှား ဖြစ်ပါက၊ သူသည် ဤမျှအကွားဝေး အထိ ပစ်လွှတ်နိုင်မည် မဟုတ်ပေ။ (စိတ်ဝိညာဉ်ဖြိုခွင်းခြင်းမြှားနှင့် စိတ်ဝိညာဉ်ထိုးဖောက်ခြင်း မြှားက အတူတူပင် ဖြစ်ပါသည်။ ပါရှိသည့်အတိုင်း ပြန်ဆိုလိုက်ခြင်း ဖြစ်ပါသည်။)
ယခုတစ်ကြိမ်မှာတော့, သူသည် မြှားတွေကို လေးတစ်လက်ကနေ အခြားလေးတစ်လက်အဖြစ် ပြောင်းလဲသွားသည့်အလား အထွတ်အထိပ် မြှားပစ်ပညာကို အပြည့်အဝ ပြသခဲ့ပါသည်။
"သူမ သေသွားပြီလား" ဟုန်ယွိက အေးစက်စွာ ရယ်မောလိုက်သည်။ ရုတ်တရက် သူ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်မှ ထွက်သွားပြီး သွေးပုံစံသံမဏိအပ်က ပျံထွက်သွား လေသည်။ ဤထိုးဖောက်နိုင်သော တိုက်ခိုက်မူနှစ်ခုနှင့်အတူ, သူ၏ပြိုင်ဘက်သည် မည်မျှပင် ထူးခြားဆန်းပြားသော တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားသည်ဖြစ်စေ, သူ့ပြိုင်ဘက်သည် ပွဲချင်းပြီး အသတ်ခံရမည်ဟု သူ ယုံကြည်ထားပါသည်။
နက်ရှိုင်းသော တာအိုနည်းစနစ်များကို ပိုင်ဆိုင်ထားသည့် လူတစ်ဦးကို မသတ်နိုင်ဟု မဆိုလိုပါ။ သူတို့မှာလည်း အားနည်းချက်တွေ ရှိနေတုန်းပင်။ အကယ်၍၊ လူတစ်ယောက်သည် ထိုအားနည်း ချက်ကို ရှာတွေ့နိုင်လျှင် သတ်ပစ်နိုင်ပါသည်။
"စိတ်ဝိညာဉ်ထိုးဖောက်ခြင်းမြှားလား..၊ မင်းမှာ ဒီလိုအရာမျိုး တကယ်ရှိနေတာလား။ ခြေလှမ်း ခုနစ်ရာအကွာဝေးထိ လှမ်းပစ်နိုင်တဲ့ နတ်ဘုရားလေးလား။ မင်း….၊ မင်း….၊ မင်းက တကယ်ကို သေချင်နေတာလား။ မင်းက သေခြင်းတရားကို အမှန်ကန် တောင်းခံနေတာလား။” ဟုန်ယွိ သည် အပြင်သို့ ပျံသန်းခါနီးတွင် ရုတ်တရက် အသံတစ်ခု ကြားလိုက်ရသည်။ ထိုအသံက သူ့ကို ဖမ်းဆီးရာမှာ ကျရှုံးခဲ့သည့်အတွက် အရှက်တကွဲဖြစ်ပြီး အမျက်ဒေါသတွေနှင့် ပြည့်နေခဲ့သည်။
အဝါရောင်သဲများ ပြိုကျလာသည်နှင့်အမျှ ဟုန်ယွိသည် ကျောက်ဖေးရုန်၏ ရှေ့သို့ ပျံသန်းသွားခဲ့ သည်။ ကျောက်ဖေးရုန်၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့သွားသည်ကို သူ မြင်လိုက်ရသည်။ ရုတ်တရက်၊ ကျောက်စိမ်းရောင် ရတနာဓားတစ်လက်က သူမအနားမှ ပျံထွက်လာသည်။
ထို့နောက်, လင်းယုန်ငှက်မွေးမြှားလည်း နှစ်ခြမ်း ကွဲသွားခဲ့သည်။
ထိုလင်းယုန်ငှက်မွေးမြှားသည် ကျောက်ဖေးရုန်ကို မသတ်နိုင်ခဲ့ပေ။ မြှားသည် အဖိုးတန်ဓားဖြင့် ပိတ်ဆို့ခံရပြီး ကျိုးသွားခဲ့သည်။
"ဒီစိတ်ဝိညာဉ် ထိုးဖောက်ခြင်းမြှားက သူမရဲ့ ယင်စိတ်ဝိညာဉ်ကို ရှင်းရှင်းလင်းလင်း သတ်ပစ်ခဲ့ပါ တယ်။ သူမရဲ့စိတ်ဝိညာဉ် မပျက်ဆီးခဲ့ရင်တောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသင့်တယ်။ ဒါပေမယ့် သူမက ဒဏ်ရာအနည်းငယ်ပဲ ရသွားခဲ့တယ်" ဟုန်ယွိ အံ့ဩသွားပါသည်။ ဤကိစ္စက အသေးအမွှားကိစ္စ မဟုတ်ပါဘူး။ သို့သော်လည်း ယခုအချိန်က အရေးကြီးသော အခိုက်အတန့် ဖြစ်ကြောင်း သူနားလည်ခဲ့သည်။ သူသည် တုံ့ဆိုင်းမနေနိုင်ပါချေ။ သူသည် ကျောက်ဖေးရုန်၏ မျက်လုံးများဆီသို့ ရက်စက်စွာ ထိုးဖောက်လိုက်ပါသည်။
“သွေးပုံစံသံမဏိအပ်လား။ သွေးပုံစံသံမဏိအပ်ပါလား" ကျောက်ဖေးရုန် အံ့အားသင့်နေစဉ်မှာ သွေးပုံစံသံမဏိအပ်က သူမဆီသို့ ပစ်ဝင်လာသည်ကို တွေ့လိုက်ရ၏။ ရုတ်တရက် ကျောက်စိမ်း ရောင် ဓားရှည်က သွေးပုံစံသံမဏိအပ်၏ ထိုးဖောက်ဝင်ရောက်လာမူကို ပါးပါးနပ်နပ် ပိတ်ဆို့လိုက်ပါသည်။
ချွင်..။
ကျောက်တုံးနှင့် သတ္တုတွေကိုပင် ထိုးဖောက်နိုင်သော သွေးပုံစံသံမဏိအပ်သည် အမှန်တကယ် ပင် ထိုဓားကို မထိုးဖောက်နိုင်ခဲ့ပါဘူး။ ထို့အပြင် ဓားပေါ်မှာ အမာရွတ်ပင် မကျန်ရစ်ခဲ့ပေ။
ထို့အပြင်၊ ဟုန်ယွိသည် ဤတိုက်မိမှုတွင် သွေးပုံစံသံမဏိအပ်က ပြင်းထန်စွာ လှုပ်ခါသွားသည် ကို ခံစားသိရှိနိုင်ပြီး၊ အပ်၏ရွေ့လျားမှုကို နှေးကွေးသွားစေခဲ့သည်။
“မင်း ဒီလိုရတနာကို အသုံးပြုနေတာ နတ်ဘုရားပေးတဲ့လက်ဆောင်ကို ဖြုန်းတီးနေတာပဲ။ အဲဒါကို လွှဲပေးလိုက်စမ်း။”
ထိုနှေးကွေးနေသည့် အခိုက်အတန့်တွင် ကျောက်ဖေးရုန်သည် လက်ကို ဆန့်ထုတ်ပြီး၊ သွေးပုံစံ သံမဏိအပ်ကို တိကျစွာ ညှပ်ဖမ်းလိုက်သည်။ ဟုန်ယွိသည် သွေးပုံစံသံမဏိအပ်ကို ပြင်းထန် သော စွမ်းအားတစ်ခုက ချုပ်နှောင်ထားပုံပေါ်ကြောင်း ချက်ချင်း ခံစားလိုက်ရသည်။ ၎င်းသည် အပြင်းအထန် ရုန်းကန်သော်လည်း မလွတ်မြောက်နိုင်ပေ။
“ဒီကျောက်ဖေးရုန်ရဲ့ ကိုယ်ခံပညာက တကယ်ကို အစွမ်းထက်တယ်။ သူမရဲ့တာအို နည်းစနစ်က သူမရဲ့စိတ်ဝိညာဉ်နဲ့ သူမဓားကို ထိန်းချုပ်ထားနိုင်ပြီး၊ တစ်ချိန်တည်းမှာ သူမရဲ့ခန္ဓာကိုယ်ကို လည်း အမှန်တကယ် ထိန်းချုပ်ထားနိုင်တယ်။ ဒါက လူတစ်ယောက် တစ္ဆေအင်မော်တယ် ဖြစ်လာတော့မှာ ဖြစ်ပြီး၊ ခန္ဓာကိုယ်သိမ်းပိုက်ခြင်း ပညာရပ်တွေကို ကျွမ်းကျင်လာတဲ့အခါ အသုံးပြုနိုင်တဲ့ နည်းပညာတစ်ခုပဲ။”
ဤအခိုက်အတန့်တွင် ခြေခုနစ်လှမ်း ရှစ်လှမ်းအကွာမှ မြားသုံးစင်းက ဆက်တိုက် ထိုးဖောက် ဝင်ရောက်လာသည်။ ကျောက်ဖေးရုန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ ကျောက်စိမ်းဓားက အလိုအလျောက် ပျံသန်းသွားပြီး မြှားများကို တိကျစွာ ပိတ်ဆို့လိုက်သည်။ ဤတစ်ကြိမ်တွင်၊ ပိတ်ဆို့မူ၏အရှိန်ဟုန်က ပို၍မြန်ပြီး၊ ချွန်ထက်သော အရိပ်ယောင်တစ်ခုပင် ဖြစ်ပေါ်လာပါသည်။ ရွှတ်..၊ မြှားသုံးစင်းက ခုနစ်ပိုင်း ရှစ်ပိုင်းခန့် ကွဲထွက်သွားပါသည်။
ထို့နောက် သူမလက်ကို တွန်းထုတ်လိုက်သည်။
ဖျစ်…၊
သွေးပုံစံသံမဏိအပ်ထဲတွင် တည်ရှိနေသော သူ၏စိတ်ဝိညာဉ်သည် အမှန်တကယ်ပင် မမြင်နိုင် သော စွမ်းအားတစ်ခုကြောင့် အပြင်းအထန် ညှစ်ထုတ်ခံလိုက်ရသည်ကို ဟုန်ယွိ သတိပြုမိသည်။ နောက်ဆုံးတွင်၊ သွေးပုံစံသံမဏိအပ်သည် သူ့ထိန်းချုပ်မှု ဆုံးရှုံးသွားခဲ့ပြီး အခြားတစ်ယောက်၏ လက်ထဲမှ အရာဝတ္ထုတစ်ခု ဖြစ်လာခဲ့သည်။ သွေးပုံစံသံမဏိအပ်သည် ထိုကဲ့သို့ပင် လုယူခံလိုက် ရပါသည်။
တဖက်လူက သူ့ကို တွန်းထုတ်ဖို့ သူမစိတ်ဝိညာဉ်ကို ပြင်းပြင်းထန်ထန် အသုံးချသွားခဲ့သည်။
ဟုန်ယွိသည် သွေးပုံစံသံမဏိအပ်ကို ဆုံးရှုံးလိုက်ရပြီး သူ့စိတ်နှလုံးက အေးစက်သွားပါသည်။ သို့သော်, သူသည် ချက်ချင်းပင် တည်ငြိမ်သွား၏။ ထိုအမျိုးသမီး၏ တာအိုနည်းစနစ်တွေက အရမ်းမြင့်မားသည်ကို သူ သိပါသည်။ သူသည် အခုလေးတင် အသာစီးရထားသော်လည်း၊ ယင်းက သူမသည် သူတို့ကို လုံးဝ အလေးအနက် မထားခဲ့သောကြောင့် ဖြစ်ပါသည်။ ယခုမူ သူသည် သနားစဖွယ် ရှုံးနိမ့်ရသည်။
"မြန်မြန် နောက်ပြန်ဆုတ်၊" အကယ်၍, အခုချိန်မှာ သူ နောက်ပြန် မဆုတ်ဘူးဆိုရင်, သူ့စိတ်ဝိညာဉ်က ပျက်စီးသွားမည်ကို ဟုန်ယွိ သိပါသည်။ သူသည် ချက်ချင်း ဆုတ်ခွာပြီး အမြန် ပြန်ပြေးသွားသည်။
"မင်း ငါ့စိတ်ဝိညာဉ်ကို ထိခိုက်စေနိုင်ရုံနဲ့တင် ဂုဏ်ယူလို့ရပြီ။ အခု မင်းကိုသတ်ဖို့ မင်းက ငါ့ကို ယင်ယန်မက်မွန်နတ်ဘုရားဓားကို အသုံးပြုဖို့ ဖိအားပေးနိုင်ခဲ့တယ်။ မင်းလည်း မရဏနိုင်ငံထဲမှာ ကြွားလုံးထုတ်နိုင်ပါပြီ" ဟုန်ယွိ ဆုတ်ခွာသွားသည်နှင့် ကျောက်ဖေးရုန်၏အသံကို ထပ်မံ ကြားလိုက်ရပါသည်။
ကျောက်ဖေးရုန်သည် သူတို့ကို အဝေးမှ အေးစက်စွာ ကြည့်နေသည်ကို သူ မြင်လိုက်ရသည်။ သူမသည် သူတို့ ထွက်ပြေးသွားမည်ကို စိုးရိမ်ပုံမပေါ်ပါဘူး။ သူမက ဖြည်းညှင်းစွာ ပြောလာ သည်။ ရုတ်တရက် သူမလက်ကို မြှောက်လိုက်သည်နှင့် သူမပတ်ဝန်းကျင်ရှိ ကျောက်စိမ်းရောင် ဓားသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့သည်။ နဂါးတစ်ကောင်ကဲ့သို့ပင်, ၎င်းသည် လေထဲတွင်ပျံဝဲကာ မရေမတွက်နိုင်သော ကျောက်စိမ်းဓားအရိပ်များကို သယ်ဆောင်လာသည်။ ယင်းက ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းထားသော ဓားလိုက်ကာတစ်ချပ်နှင့် တူ၏။
ဓားချီသည် လေထဲသို့ ထိုးဖြတ်သွားခဲ့သည်။ ၎င်းသည် လေထုကို ဖြတ်တောက်သွားပြီး မရေမတွက်နိုင်သော ထက်ရှသော လေတိုးသံများကို ဖန်တီးသွားခဲ့သည်။
ဤဓားနည်းစနစ်ကို ကျယ်ပြန့်သော အင်မော်တယ်ဓားဟု ခေါ်သည်။ နှိုင်းယှဉ်ကြည့်လျှင်, ဟုန်ယွိ၏ သွေးပုံစံသံမဏိအပ်သည် ဤဓားပညာရပ်ရှေ့တွင် အလွန်အားနည်းပါသည်။
သူ့အား လွှမ်းခြုံလာသော ကြီးမားကျယ်ပြန့်သော ဓားအငွေ့အသက်ကို ရင်ဆိုင်ရသည့်အခါ၊ ဤဓားအငွေ့အသက်ကို မည်သည့်အရာကမျှ မတားဆီးနိုင်သလို သူ မလွတ်မြောက်နိုင်တော့ မှန်းလည်း ဟုန်ယွိ သိလိုက်သည်။
ချီဇီယန်၏ မျက်လုံးများက မျဉ်းတစ်ကြောင်းအလား ကျဉ်းသွားခဲ့သည်။ သူသည် တည်ငြိမ်နေ သော်လည်း သူ့မျက်လုံးထဲတွင် စိတ်ပျက်လက်ပျက် ဖြစ်လျက် ရှိနေသည်။
ဤအခိုက်အတန့်တွင် ဟုန်ယွိက အော်ပြောလိုက်သည် "မင်းတို့အားလုံး မြန်မြန် ပြန်ဆုတ်ကြ၊" ထို့နောက်, သူသည် မြင်းပေါ်မှာ လှုပ်ရှားမူကို ရပ်တန့်လိုက်ပါသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ သေတ္တာ တစ်ခုက ရုတ်တရက် ပွင့်လာပြီး၊ ဓားမြှောင်သေးသေးလေးတစ်ချောင်း ထွက်ပေါ်လာသည်။ ၎င်းသည် လျှပ်စီးသဖွယ် အမြန်နှုန်းဖြင့် ကောင်းကင်ယံမှာ ကျောက်စိမ်းရောင် ဓားလိုက်ကာကို တွေ့ဆုံလိုက်ပါပြီ။
တစ်ချိန်တည်းမှာပင်၊ သူ့အောက်ရှိ လျှပ်စီးဖမ်းမြင်းသည် ဟုန်ယွိ၏ ခန္ဓာကိုယ်ကို တင်ဆောင် ကာ ပြေးထွက်သွားခဲ့သည်။
"ဒီဓားမြှောင်လေးက ငါ့ကို တားဆီးနိုင်မယ်လို့ မင်း ထင်နေလား။ ဟမ်..၊ ဒါက၊ မကောင်းတော့ ဘူး။"
အပြင်းထန် တိုက်မိသည့်အရှိန်ဟုန်က လျှပ်စီးလက်သလိုပင်။ ၎င်းတို့သည် တခဏအတွင်းမှာ အပြင်းအထန် တိုက်မိသွားကြသည်။ ဟုန်ယွိ၏ ယင်စိတ်ဝိညာဉ်က ပေါက်ကွဲမီးလျှံနတ်ဘုရား အဆောင်ဓားကို ကိုင်ဆောင်ထားသည်။
ကောင်းကင်ယံမှ ကျောက်စိမ်းဓားအရိပ်နှင့် အပြင်းအထန် တိုက်မိသွားသည့်အခါ ဟုန်ယွိသည် သူ့ယင်စိတ်ဝိညာဉ်က အပိုင်းပိုင်း ဖြတ်တောက်သွားသလို ခံစားရ၏။ ထိုမက်မွန်နတ်ဘုရားဓား က အထဲမှာ သွေးတွေရှိနေပုံပင်။ ဓားသည် ရုပ်ခန္ဓာကိုယ်ကို သတ်ဖြတ်နိုင်ရုံသာမက စိတ်ဝိညာဉ် ကိုပါ ထိခိုက်စေနိုင်သည်။
"တိုက်ခိုက်စမ်း။" ဟုန်ယွိ၏ အတွေးများက ပေါက်ကွဲမီးလျှံနတ်ဘုရားအဆောင်ဓားထဲသို့ ထည့်သွင်းကာ အသက်သွင်းလိုက်ပါသည်။
ဘုန်း..၊ ဘုန်း…၊ ဘုန်း.။
ကောင်းကင်မှာ မိုးကြိုးပစ်သလိုပဲ။ တစ်ချိန်တည်းမှာပင် ကျောက်စိမ်းဓားအရိပ်၏ အလယ်တွင် အနီရောင်နှင့် အနက်ရောင် မှိုတိမ်တိုက်ကြီးတစ်ခုအဖြစ် ပေါက်ကွဲသွားခဲ့သည်။ မြေပြင်က ပြင်းထန်စွာ တုန်ခါသွားပြီး၊ မြင်းသုံးကောင်သည် အလွန်ထိတ်လန့်သွားကာ မြေပြင်ပေါ်တွင် တွားသွားဝပ်လိုက်ကြသည်။
ကျောက်စိမ်းဓားအရိပ်သည် လွင့်စင်သွားကာ မြေပြင်ပေါ်သို့ ကျဆင်းလာသည့် အစိမ်းရောင် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပါသည်။
တစ်ချိန်တည်းမှာပင် ခြေလှမ်း ၈၀၀ အကွာဝေးရှိ ကျောက်ဖေးရုန်သည် နှလုံးချေမွခံရသည့် အတိုင်း စူးစူးဝါးဝါး အော်ဟစ်လိုက်ပါသည်။
“ညီအစ်ကိုဟုန်.." ချီဇီယန်လည်း ဟစ်အော်သည်။
"ခွေးမ၊ မင်းရဲ့စိတ်ဝိညာဉ်က ဆိုးဆိုးရွားရွား ဒဏ်ရာရနေပြီ။ မင်း ဘာလုပ်နိုင်လဲ ကြည့်ရအောင်။ မင်းကိုသတ်ပြီး ညီအစ်ကိုဟုန်အတွက် လက်စားချေမယ်။" ချီဇီယန်တစ်ယောက် ရူးသွပ်သွားခဲ့ ပြီ။ ထိုပေါက်ကွဲမှုကြောင့် ဟုန်ယွိ၏ ယင်စိတ်ဝိညာဉ်သည် ပျက်ဆီးနိုင်ဖွယ်ရှိကြောင်း သူ သိသည်။ "ငါ သူ့ကို မကာကွယ်နိုင်ခဲ့ဘူး။ တကယ်တော့ သူက ငါ့ကို ကာကွယ်သွားခဲ့တယ်။"
သူက လေးကိုဆွဲထုတ်ပြီး မြှားတွေကို ပစ်လွှတ်လိုက်ပါသည်။
မြှားတစ်စင်းက လေထဲသို့ ထိုးဖောက်ဝင်ရောက်ပြီးနောက် အဝေးမှ ကျောက်ဖေးရုန်ဆီသို့ ပစ်ဝင်သွားသည်။
"ဟမ့်၊ မင်းတို့ကောင်တွေက ရက်စက်လွန်းတယ်။ မင်းတို့မှာ တကယ်ကို ခရမ်းရောင်မိုးကြိုး ယမ်းမှုန့်အဆောင်ဓားတစ်လက် ရှိနေတယ်။ ဒါပေမယ့် ဒီဟုန်ယွိက ကိုယ့်သေလမ်းကိုရှာဖို့ ကြိုးစားနေတာ။ ဒါကြောင့်, ငါ့အချိန်တွေကို ဖြုန်းနေစရာ မလိုတော့ဘူး။” မြှားတွေကို ရင်ဆိုင် ရချိန်မှာ ကျောက်ဖေးရုန်ထံက အသံထွက်တယ်ဆိုရုံလေး ထွက်ပေါ်လာပါသည်။ သူမလက်ထဲ က သွေးပုံစံသံမဏိအပ်က ပြင်းထန်စွာ အပေါ်ကို ပျံထွက်လာသည်။ သူမသည် အပ်ကို အလျား လိုက် ကိုင်ပြီး မြှားကို ပြင်းပြင်းထန်ထန် ထိလိုက်သည်။ မြှားသည် ပြန်ကန်ထွက်သွားပြီးနောက် သူမ၏ ခန္ဓာကိုယ်သည် ဖျတ်ခနဲ လှုပ်ရှားသွားကာ အဝေးသို့ ပြေးထွက်သွားခဲ့သည်။
ချီဇီယန်ကရော သူမကို မည်သို့ ထွက်သွားခွင့် ပြုမည်နည်း။ သူက သူ့မြင်းကို တွန်းအားပေးပြီး ပြေးထွက်သွားသည်။ သူသည် “စိတ်ဝိညာဉ်ဖြိုခွဲခြင်းမြှား" ကို တပ်ဆင်ပြီး ကျောက်ဖေးရုန်၏ နောက်ကျောဘက်သို့ ပစ်လွှတ်လိုက်သည်။
ကျောက်ဖေးရုန်၏ သွေးပုံစံသံမဏိအပ်က လွှင့်ပျံလာပြီး စိတ်ဝိညာဉ်ဖြိုခွဲခြင်းမြှားကို ထိမှန်သွား ပါသည်။ ထိုအပြင်းအထန် ထိပ်တိုက်တွေ့ဆုံမူနှင့်, မြှားရောအပ်ပါ နှစ်ချောင်းစလုံး မြေပြင်ပေါ် ပြုကျသွားခဲ့သည်။ ၎င်းတို့အပေါ်မှာ ရစ်ပတ်ထားသည့် စိတ်ဝိညာဉ်တွေလည်း လုံးဝ ပျက်စီးသွား ခဲ့ပြီ။ ကျောက်ဖေးရုန်သည် သွေးပုံစံသံမဏိအပ်ကို ကောက်ယူရန် ဂရုမစိုက်နိုင်ခဲ့ပေ။ သူမ၏ ခန္ဓာကိုယ်သည် ဖျတ်ခနဲ ဖျတ်ခနဲ လင်းလက်ပြီး ထွက်ပြေးသွားပါသည်။ သူမသည် လမ်းငယ် လေး တစ်ခုကို ယူပြီးနောက်, မြင်းကို လှုပ်ခါလိုက်ပါသည်။ ထို့နောက် သူမသည် တောအုပ်ထဲသို့ လျှပ်တပြက်ဝင် ရောက်ကာ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
"ဒီမိန်းမက အရမ်းကြောက်စရာကောင်းတယ်။ သူမစိတ်ဝိညာဉ်က အရမ်းကို သန်မာတယ်။" ချီဇီယန်က သွေးပုံစံသံမဏိအပ်နှင့် စိတ်ဝိညာဉ်ဖြိုခွဲခြင်းမြှားကို ကောက်ယူခဲ့သည်။ သူသည် သေချင်စိတ်ပေါက်သည်အထိ ဝမ်းနည်းသွားခဲ့သည်။ သူသည် သူ့မြင်းကို အလျင်စလို ပြန်မောင်း လာခဲ့သည်။
"ညီအစ်ကိုဟုန်..၊ မင်း၊"
သူပြန်လာသောအခါ၊ ချီဇီယန်သည် ဟုန်ယွိတစ်ယောက် မြင်းပေါ်တွင် ထိုင်နေသေးသည်ကို တွေ့လိုက်ရတော့ အံ့ဩသွားပါသည်။ သို့သော် သူ့မျက်နှာက ဖြူဖျော့နေပြီး အားနည်းနေပုံရ သည်။ သူ့လက်ထဲမှာ မြေပြင်ပေါ်ထိုးကျနေသည့် ယင်ယန်မက်မွန်နတ်ဘုရားဓား ရှိနေပါသည်။
"ဒီဓားနဲ့ချိတ်ဆက်ထားတဲ့ ကျောက်ဖေးရုန်ရဲ့ နတ်ဘုရားစိတ်ဝိညာဉ်က လွင့်ပျယ်သွားခဲ့ပြီ။ သူမက ခန္ဓာကိုယ်သိမ်းပိုက်ခြင်းနယ်ပယ်အထိ ကျင့်ကြံထားခဲ့ရင်တောင်, အခု သူမကိုယ်သူမ ကိုယ်ထင်ပြဖို့ မဖြစ်နိုင်တော့မှာ စိုးရတယ်။ နောက်တစ်ခါ ငါ သူမတွေ့ရင် သေချာပေါက် သတ်ပစ်မယ်။”
ဟုန်ယွိသည် သူ့လက်ထဲတွင်ရှိနေသော ယင်ယန်မက်မွန်နတ်ဘုရားဓားကို ကြည့်လိုက်သည်။ ဓားက လုံးဝ မပျက်စီးကြောင်း သူတွေ့ ရှိခဲ့သည်။
"ဒါက ဘာဓားလဲ"
"ဒါက နတ်ဘုရားလေပြည်နယ်ရဲ့ ကျောက်စိမ်းမက်မွန်သစ်ပင်ပဲ။ အကြိမ်ပေါင်းများစွာ မိုးကြိုး ပစ်ခံရပြီးနောက်, သစ်ပင်ရဲ့နှလုံးသားက ဒီလိုမွက်မွန်နတ်ဘုရားသစ်သား အမျိုးအစားကို မွေးထုတ်ပေးနိုင်တယ်။ ဒီလိုမွက်မွန်နတ်ဘုရားသစ်သား အမျိုးအစားဟာ နတ်လက်နက်တွေ တောင် ထိတွေ့လို့မရဘူး။ ဒဏ္ဍာရီအရဆို, နှစ်ပေါင်း တစ်သောင်းကျော်ကြာ မိုးကြိုးပစ်ခံရပြီးတဲ့ နောက်, ကျောက်စိမ်းမက်မွန်သစ်ပင်ရဲ့ နှလုံးသားသစ်သားဟာ လူသားတစ်ယောက်ရဲ့ အသွင်အပြင်အဖြစ် တဖြည်းဖြည်း ရှင်သန်ကြီးထွားလာနိုင်တယ်တဲ့။ လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်က အဲဒီနှလုံးသားသစ်သားထဲမှာ နေထိုင်နိုင်တယ်။ ဒါက ရုပ်ခန္ဓာကိုယ်ထက် ပိုလုံခြုံ ပြီး အဆတစ်ရာ ပိုအားကောင်းတယ်။ ဒါပေမယ့်, ဒါက ဒဏ္ဍာရီတစ်ခုမျှသာဖြစ်တယ်။ ဘယ်သူမှ မမြင်ဖူးဘူး။ ဒီကမ္ဘာပေါ်မှာ စိတ်ဝိညာဉ်တွေကို ထိန်းချုပ်နိုင်တဲ့ ကြီးမြတ်ဆုံး အရာနှစ်ခု ရှိတယ်။ တစ်ခုက သွေးပုံစံသံမဏိနှင့် အခြားတစ်ခုကတော့ မွက်မွန်နတ်ဘုရား သစ်သားအမျိုးအစားပဲ။ ဒီဓားက လူသားတစ်ယောက်ရဲ့ သားသွေးအသွင်အထိ ကြီးထွားပြီးနေပြီ။ ဒီဓားက မက်မွန် နတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် လျှိုထျန်းယွဲ့ရဲ့ ပျံသန်းနိုင်သောဓား ဖြစ်သင့်တယ်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က လျှိုထျန်းယွဲ့ဟာ ငါတို့ယွန်မင်စစ်တပ်နဲ့ ပင်လယ်ပြင်မှာ တိုက်ခိုက်ခဲ့ တယ်။ သူက ကျွမ်းကျင်ပညာရှင်များစွာ ဝန်းရံခံခဲ့ရတယ်။ ဒီပရမ်းပတာ အခြေအနေအတွင်းမှာ ဓားရဲ့တည်နေရာက ပျောက်ဆုံးသွားခဲ့တယ်။ ဓားက အဲဒီစုန်းမ ကျောက်ဖေးရုန်လက်ထဲ အမှန်တကယ် ကျရောက်သွားမယ်လို့ ဘယ်သူက ထင်မိမှာလဲ။”
ချီဇီယန်က ဟုန်ယွိ၏ လက်ထဲက ဓားကို ကြည့်လိုက်သည်။ သူ စကားတစ်ခွန်းမှ မပြောခင် သူ့မျက်လုံးတွေက အချိန်အတော်ကြာအောင် စူးစိုက်ကြည့်နေခဲ့ပါသည်။