← Chapters

အခန်း (၁၀၅-၁၀၆ က-ခ)

Vol. 8 Ch. 105-106A-B

အခန်း (၁၀၅-၁၀၆ က-ခ)

Vol. 8 Ch. 105-106A-B

အခန်း (၁ဝ၅)။

“ဒီဓားမှာ ဒီလိုသမိုင်းကြောင်းမျိုး တကယ် ရှိနေတာလား" ဟုန်ယွိသည် ကျောက်စိမ်းရောင် ယင်ယန်မက်မွန်နတ်ဘုရားဓားကို ကိုင်ထားပြီး ချီဇီယန်၏ ရှင်းပြချက်ကို နားထောင်နေပါသည်။ သူသည် စိတ်မလှုပ်ရှားဘဲ မနေနိုင်ခဲ့ပါချေ။

၎င်းသည် ကြီးကျယ်မြင့်မြတ်သော ကိုယ်ခံပညာနယ်မြေ ခြောက်ခုထဲမှ တစ်ခုဖြစ်သည့် နတ်ဘုရားလေပြည်နယ်, မက်မွန်နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် လျှိုထျန်းယွဲ့၏ဓား ဖြစ်နေသည်။

ယင်ယန်မက်မွန်နတ်ဘုရားဓား၏ ဓားရိုးကို ကိုင်ထားရင်း ဟုန်ယွိသည် ဓား၏ လက်ရာမြောက် လှပသော မျက်နှာပြင်ကိုကြည့်ရင်း သူ၏သွေးကြောများနှင့် ချိတ်ဆက်ထားသကဲ့သို့ ခံစားရ၏။ ယင်းက အံ့ဩစရာကောင်းသည့် ခံစားချက်တစ်ခု ဖြစ်ခဲ့ပါသည်။ ဓားက သူ့ကိုယ်ပိုင်လက်ဖြစ် လာသည့်အလား သူအလိုရှိသလို လှုပ်ရှားနိုင်ပါသည်။

သူသည် သူ၏စိတ်ဝိညာဉ်အား သွေးပုံစံသံမဏိအပ်ထဲသို့ ပို့လွှတ်စဉ်အခါတုန်းကလည်း ထိုတူညီ သော ခံစားချက်မျိုးကို ရရှိခဲ့သည်။

သို့သော် သူ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ကိုပင် မစွန့်ခွာရသေးပါ။ ထိတွေ့ရုံမျှ ဖြင့်ပင် ခံစားနိုင်ခြင်း ဖြစ်သည်။ ဤယင်ယန်မက်မွန်နတ်ဘုရားဓားသည် မည်မျှ မှော်ဆန်လိုက် ပါသနည်း။

အထူးသဖြင့် ဓားကို သူ့လက်ထဲတွင် ဆုပ်ကိုင်ထားစဉ် အဆက်မပြတ် တုန်ခါနေသည်ကို သူ ခံစားနိုင်သည်။ ယင်းက လူတစ်ယောက် အသက်ရှူနေသည့်အတိုင်းပင်။

ဓားက အသက်ရှုနေသည်။

မှန်ပါသည်။ ဟုန်ယွိသည် ဓားက အသက်ရှုကြောင်း ခံစားလိုက်ရသည်။

အသက်ရှူသံက သူ့ကိုယ်ပိုင်အသက်ရူသံနှင့် ပဲ့တင်ထပ်နေသည်။ အကယ်၍, သူသာ အသက် ပြင်းပြင်း ရှူလိုက်မည်ဆိုလျှင်, ဤမှော်ဓားက အလိုအလျောက် ပျံသွားတော့မည့်အတိုင်းပင်။ သူ့စိတ်ဝိညာဉ်က ၎င်းကို ထိန်းချုပ်ရန် မလိုအပ်ပါချေ။

"ဒီမက်မွန်နတ်ဘုရားသစ်သားနဲ့ သွေးပုံစံသံမဏိတွေဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာတွေ ဖြစ်ပြီး အင်မော်တယ် သံမဏိတွေပဲ။ ဒီနှစ်ခုစလုံးက ဂိုဏ်းတွေရဲ့ ရတနာတွေပဲ။ လုပ်တာ ကောင်းလွန်းတယ်။ အထွဋ်ထိပ်ကောင်းကင်နယ်မြေက ပိုပိုပြီး အားကောင်းလာပြီ။ အဲဒီတုန်းက လျှိုထျန်းယွဲ့ဟာ ယွန်မင်ရဲ့ အစောင့်ရှောက် မှော်ဆရာ ဆယ်ယောက်ကျော်ရဲ့ ဝိုင်းရံခြင်းကို ခံခဲ့ရတယ်။ တော်ဝင်နည်းပြဆရာမ ယုဝမ်က သူ့ကို ဒဏ်ရာ အပြင်းအထန်ရအောင် တိုက်ခိုက် ပြီး ဘယ်ဘက်ကိုမှ ဝင်မစွက်ဖက်ဖို့ သတိပေးခဲ့တယ်။ အချိန်အတော်ကြာမှ သူ သေဆုံးသွားတဲ့ သတင်းက ပြန့်နှံ့လာတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အထွဋ်ထိပ်ကောင်းကင်နယ်မြေရဲ့ လူတွေ ကံကောင်းသွားတာ ဖြစ်ရမယ်။ လျှိုထျန်းယွဲ့ဟာ ဒဏ်ရာအပြင်းအထန် ရနေချိန်မှာ, သူတို့က သူ့ကို သတ်ပစ်ပြီး ယင်ယန်မက်မွန်နတ်ဘုရားဓားကို လုယူခဲ့တာ ဖြစ်ရမယ်။ ဒီလိုနဲ့, လျှိုထျန်းယွဲ့ရဲ့ ကောင်းကင်တုန်လှုပ်စေနိုင်တဲ့ ရတနာခုနစ်ပါးထဲ တစ်ပါးအပါဝင်ဖြစ်တဲ့ ဒီဓားက အထွဋ် ထိပ်ကောင်းကင်နယ်မြေရဲ့ လက်ထဲသို့ ကျရောက်သွားတာ ဖြစ်လိမ့်မယ်။" ချီဇီယန်၏ အမူအရာက ပိုလေးနက်လာပါသည်။

" ကောင်းကင်တုန်လှုပ်စေနိုင်တဲ့ ရတနာခုနစ်ပါးထဲက ဘာလဲ။" ဟုန်ယွိက မေးသည်။

“ကောင်းကင်တုန်ခါခြင်းလေး၊ အကန့်အသတ်မဲ့မြှား၊ နတ်ဆိုးငါးမန်းချပ်ဝတ်၊ လိုတရတောင်ဝှေး, အမိတ္တဘသုတ္တန်၊ ယင်ယန်မက်မွန် နတ်ဘုရားဓား၊ နတ်ဘုရားဖြိုခွဲရုပ်သေးတို့ပဲ။" ချီဇီယန်က ခေါင်းမယမ်းခင် ၎င်းတို့ကို တစ်ခုပြီးတစ်ခု ရှင်းပြပါသည်။ "ဒီယင်ယန်မက်မွန်နတ်ဘုရားဓားဟာ အဲဒီရတနာ ခုနစ်ပါးထဲ တစ်ခုအပါဝင်လည်း ဖြစ်တယ်။ ကျန်တဲ့ရတနာတွေကို ငါ တခါမှ မမြင်ဖူး တော့ အဲဒါတွေက ဘာတွေလဲဆိုတာ ငါ မသိဘူး။ အဲဒါတွေပဲ ငါ ကြားပဲကြားဖူးတာ။ အို…၊ ဟုတ်ပြီး၊ ညီအစ်ကိုဟုန် မင်း အဆင်ပြေရဲ့လား။"

"ငါ့စိတ်ဝိညာဉ်က ဒဏ်ရာ တော်တော်လေး ပြင်းထန်တယ်။ ငါ တောင့်မခံနိုင်လုနီးပါးပဲ။ ငါ့စိတ်ဝိညာဉ်ကို ပြန်လည်ကုစားဖို့ ဆိတ်ငြိမ်တဲ့နေရာကို ရှာရမယ်။ ဒါပေမယ့် အဲဒီနတ်ဆိုးမ ကျောက်ဖေးရုန်က ငါ့ထက်ပိုပြီး ဒဏ်ရာပြင်းထန်တယ်။ သူမက စိတ်ဝိညာဉ်ဖြိုခွဲခြင်း မြှား ကြောင့် ပထမဆုံး ဒဏ်ရာရခဲ့ပြီး၊ ယင်ယန်မက်မွန်နတ်ဘုရားဓားထဲက စိတ်ဝိညာဉ်ကလည်း ဖျက်ဆီးခံလိုက်ရတယ်။ သူမရဲ့ တာအိုနည်းစနစ်တွေက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ, သူမက စွမ်းအင်အများကြီး ကုန်ဆုံးနေပြီ။" ဟုန်ယွိသည် ထိုစကားပြောစဉ် သူ့မျက်နှာက ပို၍ပင် ဖြူဖျော့လာပါသည်။

ဟိုင်းယား…၊ ဟိုင်းယား…၊ ဟိုင်းယား…၊ ဟိုင်းယား…၊

ထိုအချိန်တွင် အဝေးတရားဝင်လမ်းမကြီးပေါ်၌ အနက်ရောင် ပိုးသားကြေးခွံသံချပ်ကာများ ဝတ်ဆင်ထားသော မြင်းစစ်သည်တော် ဆယ်ဦးကျော်သည် ရုတ်တရက် ပြေးလွှားလာကြပါ သည်။ မြင်းစစ်သည်တော်များ၏ နောက်တွင် တလမ်းလုံး ပြေးလွှားလာကြသော စစ်ယူနီဖောင်း ဝတ်ထားသည့် စစ်သည်များ ပါလာကြသည်။

"မင်းတို့က ဘယ်သူတွေလဲ။ မင်းတို့ရဲ့ လက်နက်တွေကို ချလိုက်ပါ။ မဟုတ်ရင် အညှာတာမဲ့ သတ်ဖြတ်ခံရလိမ့်မယ်။ အခုနက ကျယ်ကျယ်လောင်လောင် အသံတွေက ဘာတွေလဲ။”

သိပ်မကြာခင်မှာပင် ထိုတပ်ဖွဲ့အုပ်စုက ဟုန်ယွိနှင့် သူ့အဖွဲ့ကို ဝိုင်းထားလိုက်ကြပါသည်။ အနီးနားရှိ စစ်သားများသည်လည်း သူတို့ကို အထပ်ထပ် ဝိုင်းရံထားကြသည်။ သူတို့လက်ထဲမှ လှံတွေကို ထူထပ်သော လှံတောအုပ်တစ်ခုအသွင် ထောင့်ဖြတ်ပုံစံ အပြင်ဘက်သို့ ထိုးထုတ်ထား ကြသည်။

၎င်းတို့ ခင်းကျင်းပြသထားသည့် ဝိုင်းထားသော နည်းဗျူဟာသည် ကောင်းစွာလေ့ကျင့်ထားပြီး၊ အနက်ရောင် သိမ်းငှက်ခံတပ်၏ ဓားပြများထက် များစွာသာလွန်ပါသည်။

"ထိုက်ဇူ၊ သူ့ကို စစ်ဌာနရဲ့ စာတမ်းကို ပြလိုက်ပါ၊" ဟုန်ယွိသည် ဤလူများ ရန်လိုနေသည်ကို မြင်နိုင်သော်လည်း သူ့စိတ်နှလုံးက များစွာ ပြေလျော့သွားပါသည်။ ၎င်းတို့သည် ဝူယွမ်ချန်၏ အစောင့်များ ဖြစ်ကြောင်း သူသိသည်။ တရားဝင်လမ်းမကြီးပေါ်မှ ကျယ်လောင်သော ဆူဆူညံညံ အသံများကို ကြားရသဖြင့်, သူတို့သည် ချက်ချင်းပင် အမြန်ပြေးလာကြခြင်း ဖြစ်သည်။

ဝူယွမ်ချန်သည် အလယ်ပိုင်းပြည်နယ်တွင် ဗျူဟာမြောက်နေရာတစ်ခုကို ဖြစ်ပြီး၊ ခိုင်မာသော စစ်တပ်ရှိ၏။ ထိုအချက်ကို ထိုစစ်သားများ၏ ဝန်းရံမှုမှတဆင့် ဟုန်ယွိ မြင်နိုင်ပါသည်။

ထို့အပြင်, ဟုန်ယွိကို စိတ်အေးလက်အေး ဖြစ်စေခဲ့သည့်အချက်က ဝူယွမ်ချန်၏ စစ်ဆေးရေးမှုး ချုပ်သည် မင်းသားယုကိုယ်တိုင် ထောက်ခံအကြံပြုပေးထားသူ ဖြစ်ပါသည်။ သူတို့သည် တူညီ သော လမ်းကြောင်းပေါ်တွင် ရှိနေခဲ့ကြသည်။

"ဒါဆို စစ်ဌာနချုပ်ကပေါ့။ ကျွန်တော့်ရဲ့ အပြုမူက ရိုင်းဆိုင်းသွားတဲ့အတွက် တောင်းပန်ပါတယ်။ အခုနက ဘာဖြစ်ကြတာလဲ" မြင်းစီးစစ်သည် ခေါင်းဆောင်သည် စစ်ဌာနချုပ်မှ စာရွက်စာတမ်း ကို ကြည့်ကာ ရိုသေစွာ ခေါင်းညိတ်ပြသည်။ သူက မြင်းပေါ်ဆင်းပြီး စာရွက်ကို လက်နှစ်ဖက်ဖြင့် ပြန်ပေးလိုက်ပါသည်။

“ခုနက ငါတို့ကို ကြားဖြတ်ဟန့်တားဖို့ ကြိုးစားတဲ့ နတ်ဆိုးတွေ ရှိတယ်။ ဒါပေမယ့် ငါတို့က သူတို့ကို ချေမှုန်းနိုင်ခဲ့တယ်။ ငါတို့သခင်လေးမှာ မင်းသားယုဆီက စာတစ်စောင် ရှိသေးတယ်။ ပြန်သွားပြီး စစ်ဆေးရေးမှုးချုပ်ကို သတင်းပို့ဖို့ မင်းကိုပ ဒုက္ခပေးရတော့မယ်။"

ချီဇီယန်က ဆက်ပြောသည်။

ချီဇီယန်က ဟုန်ယွိကို သခင်လေးဟု ခေါ်သံကိုကြားတော့ မုကလေးက ခေါင်းကို မော့လာပြီး တွေးလိုက်သည် "ဒီချီဇီယန်က အစ်ကိုယွိအပေါ် တော်တော်လေး ပြောင်းလဲသွားပြီ။ အခု သူက တကယ် အစောင့်တစ်ယောက် ဖြစ်သွားပုံရတယ်"

"ဟုတ်ကဲ့ပါ။" မြင်းစီးစစ်သည်ခေါင်းဆောင်က တုန်လှုပ်သွားပြီး လက်ကိုဝှေ့ယမ်းကာ "အားလုံး ဒီသခင်တွေကို မြို့ထဲကို ခေါ်ဆောင်သွားကြ။"

"ဟုတ်ကဲ့ဆရာ…"

စစ်သည်များသည် ချက်ခြင်းပင် သံပြိုင်တုန့်ပြန်ပြီး၊ အစုအဖွဲ့သုံးစုမှ ငါးစုအဖြစ် ဖွဲ့စည်းသွားကြ သည်။ သူတို့သည် ခြေလှမ်း ဆယ်လှမ်း၊ ငါးလှမ်းစီ ခြားပြီး တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဟုန်ယွိနှင့် ကျန်လူများကို ကာကွယ်ကာ တောအုပ်တစ်ခုကဲ့သို့ ရှေ့သို့ တွန်းသွားကြသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ပတ်ဝန်းကျင်ကို ဂရုတစိုက် အာရုံစိုက်နေကြပြီး၊ အဝေးမှ ဖြစ်ပျက်နေသည့် လှုပ်ရှားမှုတိုင်းကိုပင် အာရုံစိုက်နေကြသည်။ သူတို့၏ စိတ်ဓာတ်၊ ချီနှင့် စိတ်ဝိညာဉ်တို့သည် လုံးလုံးလျားလျား အာရုံစူးစိုက်နေပြီး စစ်တပ်တစ်ခု၏ ကြီးမြတ်မူကို လူတို့အား ခံစားရစေသည်။

ထိုသို့သော မြင်ကွင်းကြောင့် အနက်ရောင်သိမ်းငှက်ခံတပ်မှ ညီအစ်ကို သုံးဦးသည် ၎င်းတို့၏ အမူအရာများကို ပြောင်းလဲသွားစေခဲ့သည်။

သူတို့သည် ဓားသွားပေါ်မှာ ရှင်သန်နေထိုင်ကြရသည့် ဓားပြများဖြစ်ကြသော်လည်း ရူးရူး မိုက်မိုက် တိုက်ခိုက်ဖို့လောက်သာ သိကြပါသည်။ သူတို့ လက်အောက်ငယ်သားတွေ တိုက်ခိုက် ကြသည့်အခါ, တစ်ယောက်ချင်းစီက အပြင်းအထန် ဒေါသပေါက်ကွဲပြီး၊ တိုက်ခိုက်ကြကာ၊ အမိန့်နာခံမူလည်း မရှိကြပေ။ ယခုတော့ စည်းစနစ်တကျ ကြီးကျယ် ခမ်းနားသော စစ်တပ်ကို မြင်လိုက်ရသဖြင့် အစိုးရနှင့်ပတ်သက်ပြီး ဓားပြများ၏ သဘာဝ ကြောက်ရွံ့မှုနှင့်အတူ သူတို့၏ နှလုံးသားများက တုန်လှုပ်နေကြပြီ ဖြစ်သည်။

သူတို့၏ကိုယ်ခံပညာသည် ထိုစစ်သည်တော်များအနက်မှ ခုနစ်ဦး သို့မဟုတ် ရှစ်ဦးလောက်ကို တိုက်ခိုက်ရန် လုံလောက်သော်လည်း၊ သူတို့သည် ဤခန့်ညားထည်ဝါသော စစ်တပ်၏ လွှမ်းမိုး နိုင်မှုနှင့် စစ်သည်များ၏ စနစ်တကျ ချီတက်ခြင်းများကြောင့် လုံးဝ ကြောက်ရွံ့ခဲ့ရကြပါသည်။

“သူတို့က တကယ့်ကို ရက်စက်တဲ့ စစ်သည်တော်တွေပဲ၊" ဟုန်ယွိက သူ့စိတ်နှလုံးထဲမှာ ခေါင်းညိတ်လိုက်ပါသည်။ သူ စစ်တပ်ထဲ ဝင်ပြီးနောက်, မကြာခင်မှာ ယခုလို လူတစ်စုကို ပိုင်ဆိုင်ရလိမ့်မည်ဟု တွေးလိုက်ပါသည်။ သူ အနည်းငယ် စိတ်လှုပ်ရှားသွားသော်လည်း ဟုန်ရှီ သည် နတ်ဘုရားယန္တရားတပ်ရင်း၏ စစ်သူကြီးဖြစ်ပြီး သူ့လက်အောက်ရှိ စစ်သားများသည် ပို၍ပင် ထိပ်တန်းလက်ရွေးစင်များ ဖြစ်ကြောင်း သတိရမိသည်။ သူ့နှလုံးသားက တဖန် ပြန်လည် လေးလံလာပြန်ပါသည်။

မြို့ထဲသို့ဝင်ပြီးနောက် မြင်းစီးစစ်သည် ခေါင်းဆောင်သည် ဟုန်ယွိနှင့် ကျန်သူများကို ဆက်သွယ်ရေးစခန်း၏ အထက်တန်း အခန်းများတွင် နေထိုင်နိုင်ရန် ချက်ချင်း စီစဉ်ပေးသည်။ အားလုံးကို စီစဉ်ပြီးနောက်, သူသည် အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားခဲ့သည်။

ဝူယွမ်ချန်၏ ဆက်သွယ်ရေးစခန်းသည် အလွန်ကောင်းမွန်စွာ တည်ဆောက်ထားသည်။ အနီရောင် ဆေးသုတ်ထားသည့် အိမ်အမြင့်များ၊ နက်မှောင်နေသော ခြံဝန်းများနှင့် အဝင်ဝတွင် စိတ်အားထက်သန်စွာ ရပ်နေကြသော စစ်သည်များသည် ဤပြည်နယ်၏ စစ်ဆေးရေး မှူးချုပ်၏ ပြောင်မြောက်သော အောင်မြင်မှုများကို ပြသနေပါသည်။

ယခုအချိန်တွင် ဟုန်ယွိသည် ဆက်သွယ်ရေးစခန်းတွင် တည်းခိုနေပါသည်။ ကျောက်စိမ်း မြို့တော်တွင် ကြည့်ရူစစ်ဆေးရသော အရာရှိများကဲ့သို့ပင် အရာအားလုံးက သာလွန် ကောင်းမွန် သော စံနှုန်းများဖြင့် ဆက်ဆံကြသည်။ ဟုတ်ပါသည်။ ဤအရာကလည်း မင်းသားယု၏ ပေးစာကို ယူဆောင်လာခဲ့သည့်အတွက် ဆက်ခံကြခြင်း ဖြစ်သည်။

ဤအရာက စည်းစနစ်နှင့်ဆန့်ကျင်နေသော်လည်း ဟုန်ယွိကတော့ ငြင်းဆန်ခြင်း မရှိပေ။ ယခုလို အသေးအဖွဲ့ကိစ္စများကို သူ ဂရုမစိုက်နိုင်တော့ပေ။ သူ့စိတ်ဝိညာဉ်က ဒဏ်ရာရပြီး ပြန်လည် ကောင်းမွန်ရန် လိုအပ်နေပါသည်။ ထို့ကြောင့် သူသည် အခြေချပြီးသည်နှင့် ပုံရိပ်ဖော်ကျင့်ကြံရန် သူ၏စိတ်ဝိညာဉ်ကို တိတ်တဆိတ် အသုံးပြုခဲ့သည်။

သူသည် အတိတ်ကျမ်းစာ၏ အဓိပ္ပါယ်ကို အသုံးချပြီး၊ နားလည်ရန်ခက်ခဲသော အတွေး အမြင်များကို အမိတ္တဘဗုဒ္ဓသို့ ပေါင်းစပ်ခဲ့သည်။ သူ့အတွေးအမြင်ထဲမှ အမိတ္တဘဗုဒ္ဓက ပို၍ ပြည့်စုံလာပါသည်။

"ပျက်စီးပြီးနောက် တည်ဆောက်ခြင်း၊ ကျရှုံးပြီးနောက် အောင်မြင်ခြင်း၊ မိုးခြိမ်းသံနှင့် လျှပ်စီးတို့က အရာခပ်သိမ်းကို ဖျက်ဆီးခြင်း...”

အတိတ်ဗုဒ္ဓကို ပြီးပြည့်စုံအောင် တွေးတောရင်း, သူ့အတွေးတွေက အလွန်မင်း ပျက်စီးနေသည့် သူ့စိတ်ဝိညာဉ်ကို ပြုစုပျိုးထောင်နေပြီး တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့ပါသည်။ ဟုန်ယွိသည် သူ ပေါက်ကွဲမီးလျှံ နတ်ဘုရားအဆောင်ဓားကို ဖောက်ခွဲလိုက်သည့် အခိုက်အတန့် ကို ရုတ်တရက် တွေးလိုက်မိသည်။

ကျောက်ဖေးရုန်သည် ယင်ယန်မက်မွန်နတ်ဘုရားဓားကို အသုံးပြုသောအခါ ဟုန်ယွိသည် ပေါက်ကွဲမီးလျှံနတ်ဘုရားအဆောင်ဓားကို အသုံးပြုပြီး ၎င်းတို့နှစ်ခုကို ထိပ်တိုက်တွေ့ဆုံရန် အသုံးပြုခဲ့သည်။ အမှန်ဆို, သူသည် ဂုဏ်သိက္ခာမဲ့ အသက်ရှင်ရမည့်အစား အသေခံပြီး အစွမ်းကုန် တိုက်ပွဲဝင်ရန် ဆန္ဒရှိခဲ့သည်။

ဤကဲ့သို့ ပြင်းထန်သော ပေါက်ကွဲမူကြီးအပြီးတွင်, သူ၏စိတ်ဝိညာဉ် ပြန်လည် ရှင်သန်နိုင်မှုက သူ မျှော်လင့်ထားသည်ထက် ကျော်လွန်နေပြီ ဖြစ်သည်။

ယခု သူ ပြန်လည်သက်သာလာချိန်တွင် ဟုန်ယွိသည် ပေါက်ကွဲမှုဖြစ်ပွားသည့် မြင်ကွင်းကို ပြန်လည် အမှတ်ရမိပြန်သည်။

နတ်ဘုရားအဆောင်ဓား ပေါက်ကွဲသွားသည့်အခိုက်တွင်, ဟုန်ယွိသည် ထိုမြင်ကွင်းကို အလွန် ရှင်းလင်းစွာ ခံစားနိုင်ခဲ့သည်။ ပထမဆုံး၊ အကန့်အသတ်မဲ့ အလင်းရောင်သည် သူ့ခန္ဓာကိုယ်ကို ဖြတ်ဖောက် ဝင်ရောက်လာသည်။ အလင်းသည် ကန့်သတ်ချက်အဆုံးအထိ ကျယ်ပြန့်လာပြီး ပေါက်ကွဲသံနှင့်အတူ မမြင်နိုင်သော လှိုင်းလုံးကြီးတစ်ခုက သူ့ယင်စိတ်ဝိညာဉ်ကို အပိုင်းပိုင်း ဖြစ်သည်အထိ ရိုက်ခတ်သွားခဲ့သည်။ ထိုနေ့တုန်းက နွေဦးမိုးခြိမ်းသံထက်ပင် ပိုအားပြင်းပါသည်။

သူ၏ နတ်ဘုရား စိတ်ဝိညာဉ် ပြိုကွဲသွားပြီးနောက်၊ အကန့်အသတ်မဲ့ အမှောင်ထုကြီးတစ်ခု ရှိလာခဲ့ပြီး၊ အမှောင်ထုကြီးသည် လွင့်ပျယ်မသွားနိုင်လောက်အောင် အလွန် သိပ်သည်းပါသည်။ ဟုန်ယွိသည် သူ အမှောင်ထုပင်လယ်ထဲတွင် ရှိနေသည်ဟု ခံစားမိသည်။ သူသည် မတွေးတော နိုင်, မစဉ်းစားနိုင်, မလှုပ်ရှားနိုင်, မလွတ်မြောက်နိုင်သလို မမြင်နိုင်ခဲ့ပါ။ သူ လုပ်နိုင်သည့်အရာ ဘာမှမရှိပေ။ သူ တည်ရှိနေခြင်း ရှိမရှိကိုလည်း သူ မသိတော့ပါဘူး။

ကံကောင်းထောက်မစွာ၊ ဟုန်ယွိသည် မိုးကြိုးပစ်ခံရပြီး အစိတ်စိတ်မွှာမွှာ ပြိုကွဲသွားသည့် အတွေ့အကြုံ ရှိခဲ့ဖူးသည်။ တခဏချင်းမှာပင်, သူသည် သူ့စိတ်နှလုံးကို ထိန်းချုပ်ပြီး အတိတ်ကို တွေးလိုက်ပါသည်။ ထို့ကြောင့်ပင် သူ့စိတ်ဝိညာဉ်အရိပ်ယောင်သည် လုံးလုံးလျားလျား သုတ်သင်ခံရခြင်း မရှိခဲ့ပေ။

သို့သော်လည်း ထိုအချိန်တွင် ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးဘဲ အမိတ္တဘဗုဒ္ဓ၏ အဆုံးမရှိသော အလင်းတန်းများက အကန့်အသတ်မဲ့ အမှောင်ထု အတွင်းကနေ ပေါက်ကွဲမထွက်နိုင်သေးပေ။ အဘယ်ကြောင့်ဆိုသော် ထိုစိတ်ဝိညာဉ်သည် သနားစရာကောင်းလောက်အောင် အားနည်းနေသောကြောင့် ဖြစ်သည်။

သို့သော်၊ အမှောင်ထဲတွင် သူသည် မုရုန်ယန် စိတ်ပိုင်းဆိုင်ရာ ပြုပြင်ဖန်တီးမှုပညာရပ်ကို အသုံးပြုခဲ့သည့်နေ့ကို ရုတ်တရက် သတိရသွားခဲ့သည်။ အမှောင်ထုသည် ငြိမ်သက်ပြီး အေးချမ်းနေ၏။ အမှောင်ထု၏ အနက်ရှိုင်းဆုံး နေရာတွင် တာအို၏ မရေရာသော ပုံရိပ်တစ်ခု ရှိနေသည်။ ထို့ကြောင့် အမှောင်ထဲတွင် သူသည် ထိတ်လန့်ခြင်းမျိုး မရှိခဲ့ပေ။ ယင်းအစား, သူသည် သူ့အမေ၏ ရင်ခွင်ထဲမှာ တိတ်ဆိတ်ငြိမ်သက်စွာ အနားယူရင်း ခွန်အားတွေ စုဆောင်းခဲ့ ဖူးသည့် တိတ်ဆိတ်သောညကို ပြန်လည်ရောက်သွားရှိရန် သူ့ကိုယ်သူ စိတ်ကူးယဉ်ခဲ့သည်။ သူ့စိတ်ဝိညာဉ်က တဖြည်းဖြည်း သန်မာလာသည်။ အနည်းငယ် ပိုအားကောင်းလာသောအခါ၊ ၎င်းက အမှောင်ထုကို ဖြိုခွင်းပစ်ပြီး အကန့်အသတ်မဲ့ အလင်းတန်းများက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ သူ့စိတ်ဝိညာဉ်သည် တစ်ဖန် သိပ်သည်းသွားပြီး နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်သို့ ပြန်သွားနိုင်ခဲ့သည်။

ဟုန်ယွိသည် အမိတ္တဘသုတ္တန်နှင့် ဆန်းကြယ်ကောင်ကင်ဘုံခန်းမ၏ ကြီးမြတ်သော တာအိုကို သူကိုယ်တိုင်နားလည်မှုကြောင့် ပေါက်ကွဲခြင်းမှ ရှင်သန်လွတ်မြောက်နိုင်သည်ဟု ဆိုနိုင်သည်။ အများစုမှာ၊ သူသည် ထိုနေ့တုန်း နွေဦးမိုးခြိမ်းသံကြောင့် သူ၏စိတ်ဝိညာဉ်များ ပြိုကွဲသွားသည့် အတွေ့အကြုံကို အားကိုးအားထားပြုခဲ့ရသည်။

ယခု ထိုအခိုက်အတန့်ကို ပြန်သတိရသောအခါတွင်၊ ဟုန်ယွိသည် သူက ကောင်းကင်နှင့်မြေကြီး ဖန်ဆင်းမူကို ကြုံတွေ့ရပြီး၊ မိုးကြိုးနှင့် မီးလျှံများဖြင့် ရေချိုးပြီးနောက် သူသည် ပြန်လည် မွေးဖွားသည်ဟု ခံစားခဲ့ရပါသည်။

မီးလျှံအဆောင်ဓား၏ စွမ်းအားသည် အစစ်မှန် ကောင်းကင်မိုးကြိုးနှင့် နှိုင်းယှဉ်မရနိုင်သော် လည်း၊ လေထဲတွင် ပေါက်ကွဲခြင်းက မိုးခြိမ်းသံလေးတစ်ခုနှင့် ညီမျှပါသည်။

ထိုကဲ့သို့ပင် ဟုန်ယွိသည် သူ၏ အစစ်မှန် သဘာဝအနှစ်သာရကို စွဲကိုင်မိသွားခဲ့သည်။ သူ့စိတ်ထဲမှာ, သူသည် အခုနက မိုးကြိုးနှင့် မီးလျှံများဖြင့် ရေချိုးပြီး ပြန်မွေးဖွားလာသည့် မြင်ကွင်းနှင့် အလင်းနှင့်အမှောင် ကူးပြောင်းသွားသည့် မြင်ကွင်းကို အမှတ်ရနေခဲ့ပါသည်။

သူ ပြန်သတိရမိတိုင်း သူ့အတွေးတွေက ကြံ့ခိုင်သန်မာလာပြီး သူ့စိတ်ဝိညာဉ်က ပိုပိုပြီး သိပ်သည်းလာသည်ဟု ခံစားရ၏။

ကောင်းကင်ယံက တဖြည်းဖြည်း မှောင်လာခဲ့ပြီး၊ လမင်းကြီးက ထွက်ပေါ်လာခဲ့ပြီ။ ဟုန်ယွိသည် နောက်ဆုံးတွင် ပြန်လည်ကုသမှုကို ပြီးမြောက်ခဲ့သည်။ သူသည် ခွန်အားနှင့် ပြည့်နေခဲ့ပြီး သူ့ခန္ဓာကိုယ်မှ ထွက်သွားလိုစိတ် ပြင်းပြနေ၏။ ရုတ်တရက် သူသည် ပုံရိပ်ဖော်ပြီး ခုန်ထွက်စရာ မလိုတော့ဘဲ အလိုလို ထွက်ခွာလာပါသည်။

လရောင်သည် ရေကဲ့သို့ ဖြန်းခနဲ ကျရောက်လာပါသည်။ အတွေးတစ်ခုဖြင့် ဟုန်ယွိသည် အရပ်ရပ်မှ လရောင်များကို သူ့ခန္ဓာကိုယ်ထဲသို့ စုစည်းကာ သူ့ယင်စိတ်ဝိညာဉ်ဆီ တွန့်ပို့လိုက်ပါ သည်။

လရောင်အောက်တွင် အညစ်အကြေး သဲလွန်စကင်းစင်ပြီး ဖန်သားကဲ့သို့ ကြည်လင်သော ပုံသဏ္ဍာန်တစ်ခု ရှိနေပါသည်။ ၎င်းသည် ဟုန်ယွိနှင့် အရပ်တူသည်။ ယင်းက အစစ်မှန် လရောင်ဘုရင်ခန္ဓာကိုယ် ဖြစ်ပါသည်။

ဘန်း၊

ဟုန်ယွိသည် သူ၏ လရောင်ဘုရင်ခန္ဓာကိုယ်ကို ကြည့်ပြီး၊ သူ့ဒေါသက တောက်လောင်လာပါ သည်။ သူသည် ရုတ်တရက် လေထဲသို့ ပျံသန်းပြီး သစ်ပင်ကြီးတစ်ပင်ကို တိုက်ချလိုက်ပါသည်။

ဖျစ်…။ ထိုသစ်ပင်ကြီးသည် လေးလံသော ကျောက်တုံးကြီးဖြင့် ထိမှန်သွားပုံရသည်။ အခေါက် က လုံးဝ ကွဲအက်သွားပြီး ပင်စည်ထံမှ ကွဲအက်သံများ ထွက်ပေါ်နေသည်။

ဤပြင်းထန်သော တိုက်ခိုက်မှုကို ခံရပြီးနောက်၊ ဟုန်ယွိ၏ သိပ်သည်းထားသော လရောင်ဘုရင် ခန္ဓာကိုယ်သည်လည်း ကွဲအက်သွားခဲ့သည်။ လရောင်ဘုရင်ခန္ဓာကိုယ်သည် ရေခဲများကဲ့သို့ ကွဲအက်နေသော အသံကို ထုတ်လွှတ်သည်။ ထို့နောက် ရေခဲများ အငွေ့ပျံသွားသကဲ့သို့ သဲလွန်စ မရှိဘဲ မြေပြင်ပေါ်တွင် ပျောက်ကွယ်သွားခဲ့သည်။ သဲလွန်စ လုံးဝ မကျန်ရစ်ခဲ့ပေ။

"ငါ ငါ့စိတ်ဝိညာဉ်ကို ငါ့ခန္ဓာကိုယ်ကနေ ပုံရိပ်ဖော်စရာမလိုဘဲ စွန့်ခွာသွားနိုင်ပြီ။ ဒါက အရာဝတ္ထု မောင်းနှင်ခြင်းနယ်ပယ်ရဲ့ ကြီးမားသော အောင်မြင်မှုရဲ့ လက္ခဏာပဲ။ စိတ်ဝိညာဉ်ကို အနည်းငယ် ပိုမို ခိုင်မာအောင်လုပ်ဆောင်ပြီးတာနဲ့ ရုပ်လုံးဖော်ခြင်းနယ်ပယ် ဖြစ်လာလိမ့်မယ်။ အဲဒီအခါ, လရောင်ဘုရင်ခန္ဓာကိုယ်က အမှန်တကယ် ပြီးမြောက်သွားပြီး အခုလို ကွဲအက်သွားမှာ မဟုတ်တော့ဘူး။”

ဟုန်ယွိ၏ စိတ်ဝိညာဉ်က ပြန်ပေါ်လာပါသည်။ မိုးကြိုးနှင့် မီးလျှံထဲတွင် နှစ်ခြင်းခံပြီးနောက် သူသည် ပြန်လည်မွေးဖွားလာကြောင်း သူသိခဲ့ပြီး၊ သူ၏ တာအိုနည်းစနစ်များလည်း အလွန် တိုးတက်လာခဲ့သည်။ သူသည် အရာဝတ္ထုကိုမောင်းနှင်ခြင်းနယ်ပယ်၏ ကြီးမားသော အောင်မြင်မှုနှင့်၊ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ် ခွဲထွက်ခြင်းတို့ကို ရရှိခဲ့သည်။

အရာဝတ္ထုကို မောင်းနှင်ခြင်းနယ်ပယ်၏ ကြီးမားသော အောင်မြင်မှုအဆင့်ကို ရောက်ရှိပြီး နောက်၊ ရုပ်လုံးဖော်ခြင်းနယ်ပယ်သို့ ခြေလှမ်းစတော့မည်ဆိုလျှင်, အကြီးမားဆုံးသော လက္ခဏာ မှာ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို လုံးဝ ခွဲခွာထားနိုင်ခြင်းပင် ဖြစ်သည်။ စိတ်ဝိညာဉ်သည် ပုံရိပ်ဖော်စရာမလိုတော့ဘဲ ခန္ဓာကိုယ်ထဲမှ ခုန်ထွက်လာနိုင်သည်။

အရင်တုန်းကဆို, ပို၍ ဒုက္ခများပါသည်။ ခန္ဓာကိုယ်မှ ထွက်ခွာရန် ဦးစွာ စိတ်တည်ငြိမ်အောင် ထားရပြီး၊ ယင်စိတ်ဝိညာဉ် ခုန်ထွက်နိုင်ရန် စေတီပုံရိပ်ဖော်ခြင်း ပညာရပ်ကို အသုံးပြု၍ စိတ်ကို အာရုံပြုထားရန် လိုအပ်ပါသည်။

အန္တရာယ်များသည့် အချိန်ခါမျိုး, သို့မဟုတ် ကြီးမားသော ဖိအားများအောက်တွင်, လူတစ်ဦး၏ စိတ်နှလုံးသည် မတည်ငြိမ်နိုင်ပေ။ ထို့သို့ဖြစ်လျှင်, ထိုလူသည် သူ့ခန္ဓာကိုယ်ကို မစွန့်ခွာနိုင်ကြ ပေ။

ယခုတော့ ဟုန်ယွိသည် စိတ်ကူးပုံဖော်စရာမလိုဘဲ ရုပ်ခန္ဓာကိုယ်ထဲမှ ထွက်ခွာနိုင်ပြီဖြစ်ရာ သူသည် ရုပ်လုံးဖော်ခြင်းနယ်ပယ်သို့ ခြေတစ်လှမ်းတစ်ဝက် ဝင်ရောက်နေပြီဟု ဆိုနိုင်သည်။

“ယင်ယန်မက်မွန်နတ်ဘုရားဓားရဲ့ ထူးခြားချက်က ဘာလဲ။ ဓားက တကယ် အသက်ရှင်နေသလို မျိုး ကိုယ်ပိုင်အသက်ရှူမှုလည်း ရှိနေတယ်။ ငါ့စိတ်ဝိညာဉ်နဲ့ ဓားထဲဝင်ရောက်ပြီး၊ ဓားကို ထိန်းချုပ်ဖို့ ကြိုးစားရမှာလား။ သွေးပုံစံသံမဏိအပ်က ကောင်းပေမယ့် ဓားလောက်တော့ အစွမ်းမထက်ဘူး။”

ဟုန်ယွိသည် ဒူးပေါ်တင်ထားသည့် စိမ်းပုပ်ရောင် ယင်ယန်မက်မွန်နတ်ဘုရားဓားကို ကြည့်လိုက် သည်။ ရုတ်တရက် အတွေးတစ်ချက်ဖြင့် သူ့စိတ်ဝိညာဉ်က ဓားကို လှမ်းကိုင်လိုက်သည်။

သွေးပုံစံသံမဏိအပ်ကဲ့သို့ပင်၊ သူ၏စိတ်ဝိညာဉ်သည် ဓားကို ဖမ်းဆုပ်၍မရဘဲ ဓား၏ ကိုယ်ထည် ထဲသို့ ဝင်ရောက်သွားခဲ့သည်။

သွေးပုံစံသံမဏိအပ်ထဲသို့ ဝင်ခဲ့စဉ်ကနှင့် မတူသည့်အချက်က ဟုန်ယွိသည် ဓားကိုယ်ထည်ထဲကို ဝင်လိုက်သည်နှင့် သူ့ပတ်ဝန်းကျင်တစ်ခုလုံး စိမ်းစိုနေသလို ခံစားရ၏။ ထို့အပြင်, စိမ်းစိုနေသည့် အလယ်ဗဟိုမှာ မရပ်မနား ခုန်နေသည့် ကြီးမားသော စွမ်းအားတစ်ခု ရှိနေပုံပင်။ ထိုအရာက လူ့နှလုံးကို ရိုက်နှက်နေသလိုမျိုး ဖြစ်နေသလို ကြီးမားသည့် အတွေးတစ်ခုလိုမျိုးလည်း ဖြစ်နေပါ သည်။

ဤအတွေးသည် အလွန်အားကောင်း၏။ ဟုန်ယွိသည် အကန့်အသတ်မဲ့ နတ်ဘုရားစွမ်းအားကို ပိုင်ဆိုင်ထားသော ဧရာမသတ္တဝါကြီးတစ်ကောင်ကို ရင်ဆိုင်ရသကဲ့သို့ ခံစားရပါသည်။

"ဒါက ကြီးမားတဲ့ ဝိညာဉ်ကြီးလား၊ ဒါက နတ်ဘုရားလား၊” ဤမျှကြီးမားသော အတွေးကို ရင်ဆိုင်နေရသော ဟုန်ယွိသည် သူ့နှလုံးသားထဲတွင် အတွေးတစ်ခုသာ ရှိပါတော့သည်။ ထိုမျှ ကြီးမားသော အတွေးမျိုးကို ပိုင်ဆိုင်ထားသောအရာမှာ လူသားမဟုတ်၊ နတ်ဘုရားတစ်ပါး ဖြစ်သည်မှာ သေချာပါသည်။

အကြောင်းမှာ လူသားတစ်ဦး၏ စိတ်ဝိညာဉ်သည် ဤမျှကြီးမားသော အတွေးမျိုး မဖြစ်ပေါ်စေနိုင်ပေ။

"အယ်..၊ ဒီအတွေးက ဘာကြောင့် ဒီလောက် ဖြူစင်ရတာလဲ။ မွေးကင်းစ ကလေးလိုပါပဲလား။"

ဟုန်ယွိသည် သတိထားမိပြီး၊ ရုတ်တရက် သူသည် ဤကြီးမားသော အတွေးနှင့် ရစ်ပတ်သွား ခဲ့သည်။ ဤကြီးမားသော အတွေးသည် သူ့ကို လုံးဝ မဆန့်ကျင်ဘဲ ဟုန်ယွိ၏ အတွေးနှင့် ချက်ချင်း ဆက်စပ်သွားပါသည်။

ဟုန်ယွိသည် မိုးပျံပူဖောင်းတစ်ခုကဲ့သို့ သူ့စိတ်ဝိညာဉ်က ဖောင်းကားလာသည်ကို ရုတ်တရက် ခံစားလိုက်ရပြီး စွမ်းအား၏ ခံစားချက်က သူ့ခန္ဓာကိုယ်ကို လျင်မြန်စွာ ဝန်းရံထားသည်။

သူ၏စိတ်ဝိညာဉ် စွမ်းအားသည် ဤကြီးမားသော အတွေးထံမှ ငှားရမ်းယူနိုင်ပြီး ချက်ခြင်းဆိုသ လို အဆတစ်ရာ၊ အဆတစ်ထောင်အထိ တိုးလာသည်။

ဟုန်ယွိ ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသည်။

“ဒီဓားက နတ်ဘုရားတစ်ပါးပဲ။ ဒီနတ်ဘုရားရဲ့ အတွေးတွေက အလွန်သန့်စင်တယ်။ တာအို နည်းစနစ်ကို ကျင့်ကြံထားသူတိုင်း, ဓားထဲသို့ ဝင်ရောက်ချိန်မှာ, ဒီနတ်ဘုရားတန်ခိုးကို ချေးငှား နိုင်တယ်။ အဲဒီအချိန်ကစပြီး, ဓားကို မောင်းနှင်တဲ့အခါ မြေကြီးဖြိုခွင်းနိုင်တဲ့ စွမ်းအားမျိုးကို ပိုင်ဆိုင်လိမ့်မယ်။”

ကျောက်ဖေးရုန်သည် ယင်ယန်မက်မွန် နတ်ဘုရားဓားကို မောင်းနှင်ချိန်မှာ၊ ဓားအရိပ်တွေက ကောင်းကင်မှာ ပြည့်နေခဲ့ပြီး၊ စွမ်းအားတွေ လွှမ်းခြုံနေသည့်မြင်ကွင်းကို သူ ပြန်တွေးမိပါသည်။ ထိုအရာက လူသားတစ်ယောက်အနေဖြင့် ခံနိုင်ရည်ရှိသည့်အရာ မဟုတ်ပါဘူး။ ယခုအခါ, သူ နားလည်သွားခဲ့ပြီး၊ တစ်ချိန်တည်းမှာပင် ဤဓားကို မက်မွန်ဓားဟု အဘယ်ကြောင့် ခေါ်ဆိုရ ကြောင်းကိုပါ သူနားလည်ခဲ့ပြီ။

အဘယ့်ကြောင့်ဆိုသော်, ဓားထဲမှာ နတ်ဘုရားတစ်ပါး ရှိနေသောကြောင့်ပင်။

“မိုးကြိုးပစ်ခြင်းကို အကြိမ်ပေါင်းများစွာ ကြံ့ကြံ့ခံပြီး၊ နှစ်တစ်ထောင် သက်တမ်းရှိတဲ့ ကျောက်စိမ်း မက်မွန်ပင်တစ်ပင်ဟာ သူ့ရဲ့နှလုံးသားထဲမှာ ဒီလိုနတ်ဘုရားမက်မွန်သစ်သားမျိုး မွေးဖွားပေးနိုင်လိမ့် မယ်။ သက်တမ်း ၁၀၀၀ဝ, ကျော်ရှိတဲ့ ကျောက်စိမ်းမက်မွန်သစ်ပင်ဟာ လူသားအသွင်အပြင် အဖြစ်သို့ တဖြည်းဖြည်း ကြီးထွားလာလိမ့်မယ်။”

“လျှပ်စီးက ရှင်သန်ခြင်းရဲ့ တန်ခိုးဖြစ်သလို သေခြင်းရဲ့ တန်ခိုးလည်း ဖြစ်တယ်။"

ဟုန်ယွိသည် ချီဇီယန်၏ စကားလုံးများနှင့် ဆန်းကြယ်ကောင်ကင်ဘုံခန်းမ၏ ကျမ်းဂန်များထဲမှ မုရုန်ယန်၏ ရှင်းလင်းချက်များကို တွေးတောနေမိပါသည်။

ရုတ်တရက်၊ ဟုန်ယွိသည် မိုးကြိုးကပ်ဘေးဒုက္ခပြီးနောက် ဖြစ်ပေါ်လာမည့် ယန်စိတ်ဝိညာဉ်၏ စွမ်းအားကို ယောင်ဝါးဝါး ခံစားမိလိုက်ပုံရသည်။

အခန်း (၁၀၆)။ (A)

သူ့စိတ်ဝိညာဉ်နှင့်အတူ ပေါင်းစပ်ပြီး အတူတကွ ချည်နှောင်လိုက် သည်နှင့်, ဟုန်ယွိသည် သူက တကယ့် နတ်ဘုရားတစ်ပါး ဖြစ်လာ သလို ခံစားရ၏။ သူသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ရပ်တည်နေပြီး သက်ရှိအားလုံးကို ငုံ့ကြည့်နေသည့်အလား သူ့ခန္ဓာကိုယ်က အနှိုင်းမဲ့ကြီးမားလာသည်။

သူ၏ခွန်အားများ ရုတ်ချည်း တိုးမြင့်လာသည့် ခံစားချက်က ဟုန်ယွိ၏ နှလုံးသားထဲတွင် မြင့်တက်လာခဲ့သည်။

ဤစွမ်းအားကြောင့် သူ့အား ကျောက်စိမ်းမြို့တော်သို့ ချက်ခြင်း ပြန်လှည့်ပြီး၊ မြို့စားဝူဝမ်စံအိမ်သို့ ပြေးသွားကာ မဒမ်ကျောက်ကို သတ်ဖြတ်ပြီး၊ ဟုန်ရွှန်ကျိကို စစ်ဆေးမေးမြန်းချင်စိတ်ပင် ဖြစ်ပေါ် လာခဲ့သည်။

သို့သော် သူသည် ဖြစ်ပေါ်လာသော စိတ်အားထက်သန်မူကို ငြင်းဆန်ခဲ့သည်။ ဤစွမ်းအားသည် သူ့ကိုယ်ပိုင် မဟုတ်ဘဲ မက်မွန် နတ်ဘုရားဓား၏ ဝိညာဉ်စွမ်းအားမှ ငှားရမ်းထားသည်ကို သူ သိပါ သည်။

သစ်ပင်တွေမှာ ဝိညာဉ်တွေ ရှိနိုင်ပါသည်။ ၎င်းတို့၏ ဝိညာဉ်များ သည် ပြန့်ကြဲသွားခြင်းမရှိဘဲ လျှပ်စီးကြောင်းများကို ခံနိုင်ရည်ရှိခြင်း ဖြင့် နတ်ဘုရားများ ဖြစ်လာကြခြင်း ဖြစ်သည်။ ၎င်းတို့သည် တာအို ပညာရပ်၏ အစစ်မှန် ယန်စိတ်ဝိညာဉ်နှင့် မနှိုင်းယှဉ်နိုင်သော်လည်း၊ တစ္ဆေအင်မော်တယ် စိတ်ဝိညာဉ်များနှင့် တန်းတူဖြစ်ပါသည်။

ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် ယခုအခါ သစ်ပင်၏ ဝိညာဉ်ထံမှ စွမ်းအားကို ငှားယူထားခဲ့ပြီ ဖြစ်သည်။ တစ်နည်းဆိုရသော်၊ မက်မွန်နတ်ဘုရားဓားထဲတွင်၊ သူ၏စိတ်ဝိညာဉ်ရေး စွမ်းအားသည် အစွမ်းထက်သော တစ္ဆေအင်မော်တယ်များနှင့် တန်းတူဖြစ်ပါသည်။ သစ်ပင်၏ ဝိညာဉ်က အလွန်ဖြူ စင်သာ လွဲမှားသည့် မည်သည့်အတွေးတောမှုမှ မရှိနိုင်တော့ပေ။ ယင်းက လူတစ်ယောက်၏ အတွေးတွေကို ပေါင်းစပ်စေနိုင်ပြီး သူ၏ကြီးမားသော စွမ်းအားကို ချေးငှားစေနိုင်ပါသည်။

"တစ္ဆေအင်မော်တယ်တစ်ပါးရဲ့ စိတ်ဝိညာဉ်စွမ်းအားက ဒီလိုပါလား"

အတွေးတစ်ချက်ဖြင့် ဟုန်ယွိ၏ စိတ်ဝိညာဉ်စွမ်းအားသည် မက်မွန်နတ်ဘုရားဓားထဲမှ ပျံထွက်သွားခဲ့ သည်။ ချက်ခြင်းပင် ပျော့ညံ့ပြီး အားနည်းသော ခံစားချက်က သူ့အတွေးများထဲမှာ ပြည့်နှက်သွား သည်။

အရင်က သူသည် ဆင်တစ်ကောင်လို ခံစားရပြီး၊ နောက်အခိုက်တန့်မှာပင် ပုရွက်ဆိတ်တစ်ကောင် လို ခံစားရသည်။

ယင်းက အလွန်မင်း စိတ်ပျက်စရာကောင်းပြီး၊ လူတစ်ယောက်၏ စိတ်နှလုံးကို ပြာအဖြစ်သို့ပင် ပြောင်းလဲသွားစေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ရုတ်တရက် အင်အားမဲ့သွားသည့် ခံစားချက်ကို မည်သူမှ ခံနိုင်ရည်မရှိသောကြောင့် ဖြစ်ပါသည်။

"ငါ နားလည်ပြီ။ ငါ နားလည်ပြီ။ ယင်စိတ်ဝိညာဉ်က ဓားထဲ ဝင်ရောက်သွားတဲ့အခါ၊ ၎င်းက မက်မွန်နတ်ဘုရားဓားရဲ့ ကြီးမားတဲ့ ဝိညာဉ်ရေးစွမ်းအားကို ငှားရမ်းနိုင်တယ်။ ဒါပေမယ့် ဓားဝိညာဉ် က ဓားနဲ့တစ်သားတည်း ဖြစ်နေတဲ့အတွက် ခွဲခြားလို့ မရနိုင်ဘူး။ ဒါကြောင့် အပြင်ကို ထုတ်ယူလို့ မရနိုင်ဘူး။”

ဟုန်ယွိသည် ချက်ချင်း နားလည်သွားပါသည်။

မက်မွန်နတ်ဘုရားဓား၏ ကြီးမားသော ဝိညာဉ်ရေးစွမ်းအားကို ဓားထဲသို့ ဝင်ရောက်ခြင်းဖြင့်သာ ငှားယူနိုင်ပါသည်။ အပြင်သို့ ထုတ်ယူ၍ မရနိုင်ပါ။

မဟုတ်ပါက၊ တာအိုကို ကျင့်ကြံကြသည့် မည်သူမဆို ဤဓားကိုရယူပြီး ၎င်းတို့၏နတ်ဘုရား စိတ်ဝိညာဉ်ကို ဤသန့်ရှင်းသော ဝိညာဉ်နှင့် ပေါင်းစပ်ထားသရွေ့၊ ၎င်းတို့သည် တစ္ဆေ အင်မော်တယ် အဆင့်တွင် ပြိုင်ဘက်ကင်း တာအိုသခင်တစ်ဦး ဖြစ်လာမည် ဖြစ်ပါသည်။

"ဒီလောက်ဆို လုံလောက်ပြီ..၊ ဒီလောက်ဆို လုံလောက်ပါပြီလေ။ ဟုန်ယွိက တီးတိုးရေရွတ်သည် "နောက်ဆုံးတော့, ဒါက မင်းရဲ့ ကိုယ်ပိုင် စွမ်းအား မဟုတ်ဘူး။ ဒီစွမ်းအားကို ငှားရမ်းလို့ ရနေတာနဲ့ တင် ကံကောင်းနေပါပြီ။ မစိုက်ပျိုးဘဲ ရိတ်သိမ်းဖို့ မကြိုးစားချင်ပါနဲ့။"

ဤနတ်ဘုရားဓား၏ တန်ခိုးနှင့် မူလအစကို နားလည်ပြီးနောက်၊ ဟုန်ယွိသည် သူ၏စိတ်ကို တည်ငြိမ်စေပြီး၊ ဗုဒ္ဓ သို့မဟုတ် တာအိုဘိုးဘေးကို ကိုးကွယ်ယုံကြည်သူ တစ်ဦးကဲ့သို့ စိတ်ရင်းမှန်ဖြင့် ထိုနတ်ဘုရားဓားကို ကိုးကွယ်ခဲ့ပါသည်။

တဖြည်းဖြည်းဖြင့်၊ ထိုကိုးကွယ်ခြင်း လုပ်ငန်းစဉ်တွင်၊ ဟုန်ယွိသည် သူ့အတွေးနှင့် ဓားကြားတွင် သိမ်မွေ့သော ဆက်သွယ်မူတစ်ခု ရှိလာကြောင်း ခံစားခဲ့ရသည်။ သူသည် အောင်မြင်စွာ သန့်စင်နိုင်ခဲ့ ပြီကို သိပါသည်။

ဤသည်မှာ နတ်ဘုရားဓားကို ရန်သူတွေ လုယူမသွားစေရန် သေချာသော နည်းလမ်းတစ်ခု ဖြစ်သည်။ ၎င်းကို အင်မော်တယ်ပညာရပ်များတွင် သွေးသန့်စင်ခြင်းဟုလည်း လူသိများသည်။

ယဇ်ပူဇော်ခြင်းသည် မြေကြီးအား ကိုးကွယ်ဖို့ ယဇ်ပူဇော်ခြင်း၊ ဓားကို ကိုးကွယ်ခြင်းနှင့် သူ၏ အတွေးများကို ဓား၌ ထည့်ထားခြင်းတို့ ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူ၏ အတွေးများ သည် ပိုမိုနက်ရှိုင်းလာကာ ဓားဖြင့် တစ်ထပ်တည်း ဖြစ်လာပါလိမ့်မည်။

ဟုန်ယွိ အသုံးပြုခဲ့သော သွေးပုံစံသံမဏိအပ်ကို ကျောက်ဖေးရုန်မှ အတင်းဖိနှိပ်ပြီး သူမ၏ နတ်ဘုရား စိတ်ဝိညာဉ်တန်ခိုးဖြင့် အတင်းအကျပ် ညှစ်ထုတ်ကာ သွေးပုံစံသံမဏိအပ်ကို သိမ်းပိုက် လိုက်သော်လည်း ဟုန်ယွိသည် သူ ဤဓားကို ထိန်းချုပ်သည့်အချိန်၌ သူမတွင် တူညီသော ထိုစွမ်းရည်မျိုး ရှိနေဦးမည်ဟု ဘယ်သောအခါမှ ယုံကြည်မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် သူ၏စိတ်ဝိညာဉ်နှင့် မက်မွန်နတ်ဘုရားဓား၏ ဝိညာဉ်တို့ ပေါင်းစပ်ထား သည့်ချိန်မှာ သူသည် နတ်ဘုရားတစ်ပါးပင် ဖြစ်ပေသည်။ မြင့်မားသော ကျင့်ကြံခြင်း အဆင့်ရှိသည့် တစ္ဆေအင်မော်တယ်တစ်ပါးပင်လျှင် သူ့ကို တွန်းလှန်နိုင်မည် မဟုတ်ပေ။

"ဒီသဘောတရားက ကျောက်ဖေးရုန်အတွက်လည်း အတူတူပါပဲ။ ဒါပေမယ့် သူမဟာ ပေါက်ကွဲ မီးလျှံနတ်ဘုရား အဆောင်ဓားနဲ့ ရင်ဆိုင်တွေ့လိုက်ရပြီး၊ ဓားထဲက သူမရဲ့ နတ်ဘုရား စိတ်ဝိညာဉ်က ပေါက်ကွဲသွားခဲ့တာ သနားစရာပဲ။ ပေါက်ကွဲမီးလျှံနတ်ဘုရား အဆောင်ဓားက အရမ်းကို အစွမ်းထက် လွန်းတယ်။ အနာဂတ်မှာ ငါ သတိထားရမယ်။ လေဟာနယ်တာအိုဂိုဏ်းနဲ့ အသက်မဲ့ တာအိုဂိုဏ်းက ဟုန်ရွှန်ကျိကို ဖောက်ခွဲတိုက်ခိုက်ဖို့ ဒီဓားကို အသုံးပြုခဲ့တာ အံ့ဩစရာ မဟုတ်တော့ဘူး။ အမှန်တကယ်လည်း၊ တကယ်လို့, သူတို့သာ အောင်မြင်ခဲ့ရင်, သိုင်းသူတော်စင်တစ်ပါးလို တန်ခိုးကြီးသူတစ်ဦးတောင် ပျက်သုဉ်းသွားရလိမ့်မယ်။”

ပေါက်ကွဲမီးလျှံနတ်ဘုရားအဆောင်ဓားကြောင့်သာ မဟုတ်ပါက, သူသည် ကျောက်ဖေးရုန်ထံမှ မက်မွန်နတ်ဘုရားဓားကို လုယူနိုင်မှာ မဟုတ်ပါဘူး။ ထို့ကြောင့် သူမသည် ဤမျှလောက် ရဲရင့်စွာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။

"ဒီဓားဟာ အကန့်အသတ်မဲ့ တန်ခိုးရှိတယ်။ အနာဂတ်မှာ, ငါ တာအိုနည်းပညာကျွမ်းကျင်သူတွေနဲ့ တိုက်ခိုက်မယ်ဆိုရင်တောင်, သူတို့ရဲ့ ဓားတွေနဲ့ ထိပ်တိုက် တွေ့ဆုံတဲ့အခိုက်မှာ ဓားကို သူတို့ဆီကို ပျံသန်းခိုင်းပြီး၊ သူတို့ကို ဖြိုခွဲပစ်နိုင်လိမ့်မယ်။ အထွဋ်ထိပ်ကောင်းကင်နယ်မြေ…..၊ အထွဋ်ထိပ် ကောင်းကင် နယ်မြေ…..၊ မင်းတို့ ဒီနှစ်တွေအတွင်း အင်အား ဘယ်လောက်များများ စုစည်းထားလဲ။" ဟုန်ယွိက အိပ်ပျော်နေသည့် ကလေးတစ်ယောက်ကို နမ်းရှိုက်သည့်အလား သူ့ဒူးပေါ်မှ ကျောက်စိမ်း ရောင် နတ်ဘုရားဓားကို နမ်းလိုက်ပါသည်" ငါ့အတွက် တရားမျှတမှုရှာဖွေဖို့ မင်းကို အားကိုးရမယ်။

“ယင်ယန်မက်မွန်နတ်ဘုရားဓား။ ဒီနာမည်က မကောင်းဘူး။ ငါ မင်းကို နာမည်ပြောင်းပါရစေ။ လူတစ်ယောက်ရဲ့ စိတ်နှလုံးက မဖြောင့်မှန်ရင်, ဒါက နတ်ဆိုးပဲ။ လူတစ်ယောက်မှာ နှလုံးသား မရှိဘူးဆိုရင်လည်း နတ်ဆိုးပဲ။ လူတစ်ယောက်ရဲ့ စိတ်နှလုံးက မဖြောင့်မှန်ရင်, ဒါက နတ်ဆိုးပဲ။ လူတစ်ယောက်မှာ နှလုံးသား မရှိဘူးဆိုရင်လည်း နတ်ဆိုးပဲ။ လူတစ်ယောက်ရဲ့ စိတ်နှလုံးက မဖြောင့်မှန်ရင်, ဒါက နတ်ဆိုးပဲ။ လူတစ်ယောက်မှာ နှလုံးသား မရှိဘူးဆိုရင်လည်း နတ်ဆိုးပဲ။”

ဟုန်ယွိက မျက်လုံးမှိတ်ပြီး စိတ်ထဲမှာ သက်ပြင်းချလိုက်ပါသည်။ တစ်ဖန်၊ သူသည် သူ့အဖေ ဟုန်ရွှန်ကျိကို မေးခွန်းထုတ်ရန် ကျောက်စိမ်းမြို့တော်သို့ ပြန်လိုသည့် ပြင်းထန်သော စိတ်ဆန္ဒကို ငြင်းဆန်ခဲ့သည်။

ဤဓားဖြင့် သူ၏ခွန်အားများ ကြီးကြီးမားမား တိုးမြင့်လာသော်လည်း သူ့အမေအတွက် တရားမျှတမှု ကို ရှာဖွေရန် မလုံလောက်သေးကြောင်း သူ သိသည်။ သူသည် ခွန်အားကို ဆက်လက်စုဆောင်းပြီး တာအိုနည်းစနစ်နှင့် ကိုယ်ခံပညာ နည်းစနစ်များကို ဂရုတစိုက် လေ့ကျင့်ရန် လိုအပ်နေသေးသည်။

"ငါ့မှာသာ ဟာကူဇိယွဲ့ရဲ့ ဒဏ္ဍာရီလိုမျိုး ရှိခဲ့မယ်ဆိုရင် လုံလောက်ပါပြီ" ဟုန်ယွိက သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

ထိုအချိန်တွင် ခြံအပြင်ဘက်မှ တံခါးခေါက်သံ ကြားလိုက်ရသည်။

"ဟင်…၊ အထဲဝင်ခဲ့ပါ။”

ဟုန်ယွိသည် တံခါးခေါက်သံကြားတော့ သူက အသံထွက်ပြီး ပြောလိုက်ပါသည်။ တိတ်တဆိတ်၊ ခြံတံခါးကို တွန်းဖွင့်ပြီး လူနှစ်ယောက် ဝင်လာခဲ့ပါသည်။ သူတို့ထဲမှ တစ်ယောက်က ခံ့ညား ထည်ဝါသော ရုပ်ရည်ရှိပြီး၊ သူ့မျက်ခုံးများက သက်တောင့်သက်သာ လဲလျောင်းနေသော ပိုးစာကောင်ကဲ့သို့ အစိမ်းရောင်ဖြစ်ပြီး၊ ဝိုင်းလည်းမဝိုင်း လေးထောင့်လည်းမကျပေ။ သူ့မျက်နှာပေါ် ရှိ အမူအရာက လုံးဝ မပြောင်းပါဘူး။ သူသည် ရိုးရှင်းသော အစိမ်းရောင်ဝတ်စုံကို ဝတ်ထားသော် လည်း သူ့ထံမှ အခွင့်ထူးခံ ဩဇာအာဏာပိုင်လူတစ်ဦး၏ အရိပ်အယောင်ကို ခံစားရသေး၏။

အခြားအမျိုးသားတစ်ဦးကတော့ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပါသည်။ သူ့နောက်ကျောကို အနည်းငယ် ကုန်းထားပြီး ဘေးမှာ ရပ်နေ၏။ သို့သော် သူသည် အစေခံတစ်ယောက်ကဲ့သို့ မဟုတ်ပေ။ ယင်းအစား သူက အကြံပေးတစ်ယောက်နှင့် ပိုတူပါသည်။

"ညီငယ်ဟုန်၊ ဒါက ငါတို့ရဲ့ စစ်ဆေးရေးမှုးချုပ်ပဲ။ ငါက သူ့အကြံပေးပါ။ ဒီနေ့တော့ စစ်ဆေးရေးမှုး ချုပ်က မင်းကို အထူး လာတွေ့တာပါ။"

ခြံဝင်းထဲသို့ လူနှစ်ယောက် လျှောက်လာစဉ် အနက်ရောင် ဝတ်ထားသော အမျိုးသားက လျင်မြန်စွာ ဖြတ်လျှောက်လာသည်။ ဟုန်ယွိကိုတွေ့တော့ သူက ချက်ချင်း ပြောလိုက်သည်။

"ဘာ…၊ စစ်ဆေးရေးမှူးချုပ်လား" ဟုန်ယွိလည်း ထိတ်လန့်သွားပါသည်။ သူက အမြန်ထရပ်ပြီး ခြံဝင်းအလယ်မှာ အစိမ်းရောင် မျက်ခုံးမွှေး၊ အစိမ်းရောင်ဝတ်စုံနှင့် ခမ်းနားထည်ဝါ သော ထိုအမျိုးသားကို ကြည့်လိုက်ပါသည်။ ဤလူသည် ဝူယွမ်ခရိုင်၏ လူဖြစ်သည်ကို ရှင်းရှင်းလင်းလင်း သိရသည်။ စစ်တပ်နှင့် အရပ်ဘက်ရေးရာများကို ခရိုင်မှူးက တာဝန်ယူရ၏။ သူသည် စစ်မှန်သော အာဏာကို ချုပ်ကိုင်ထားသည့် ဒုတိယအဆင့် အရာရှိတစ်ဦး ဖြစ်သည်။ (ရှေ့မှာတုန်းက ဝူယွန်ချန်ဟု ရေးသားခဲ့ပါသည်။ ဝူယွန်ခရိုင်ဟု ပြောင်းလဲရေးသားပါမည်။)

ဝူယွမ်ခရိုင်၏ စစ်ဆေးရေးမှူးချုပ်ကို ဟောင်ချင်းချန် ဟုခေါ်သည်။ သူသည် ကျင်းရှီစစ်စစ် တစ်ဦး လည်း ဖြစ်သည်။ ခရိုင်တရားသူကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ မင်းသားယုသည် ဓားပြများကို နှိမ်နင်းရန် သူ၏တပ်များကို ဦးဆောင်သောအခါတွင် ရိက္ခာများပေးကာ မြေပုံကို စစ်တမ်းကောက်ယူခဲ့သည်။ သူသည် ထူးထူးခြားခြား အလုပ်တစ်ခုကို လုပ်ခဲ့ပြီး၊ ဝူယွမ်ခရိုင်သည် ယခုသူရှိရာသို့ ရောက်အောင် ကူညီပေးခဲ့သည်။

"ဟုန်ယွိက ခေါင်းဆောင်ဟောင်ကို အရိုသေပေးပါတယ်။" သူသည် ထိတ်လန့်သွားသော်လည်း ဟုန်ယွိသည် အသိအာရုံ ပြန်ကောင်းလာပါသေးသည်။ သူက အပြင်ထွက်ပြီး လေးလေးနက်နက် ဦးညွှတ်လိုက်ပါသည်။ ဟုန်ယွိသည် ယခုအခါ အထက်တန်းပညာရှင်တစ်ဦး ဖြစ်သည်။ သူသည် ခရိုင်တရားသူကြီးကို သူ့အစ်ကိုအဖြစ်သာ မိတ်ဆက်နိုင်ပါသည်။ သူသည် ဒုတိယအဆင့် အရာရှိ တစ်ဦး၏ ရှေ့တွင် ဦးညွှတ်ခဲ့ရသေးသည်။

"ဟောင်ချင်းချန်က ဘာလို့ ငါ့ကို ကိုယ်တိုင်ကိုယ်ကျ လာတွေ့တာလဲ။ ငါ့မှာ မင်းသားယုဆီက စာတစ်စောင်ရှိပေမဲ့ ငါတို့ရဲ့ အဆင့်အတန်းချင်းက ကွာခြားလွန်းတယ်။ သူ့အနေနဲ့ ငါ့ကို တွေ့ဖို့ လက်အောက်ငယ်သား တစ်ယောက်ကို စေလွှတ်လိုက်ရုံပေါ့။ သူက ရိုးရိုးအဝတ်အစားနဲ့ ငါ့ကို တွေ့ဖို့ ဆက်သွယ်ရေးစခန်းကို ဘာလို့ လာရတာလဲ။”

ဟုန်ယွိသည် ဦးညွှတ်လိုက်ချိန်မှာ, သူ့နှလုံးသားက သံသယများဖြင့် ပြည့်နှက်နေသည်။

"ညီငယ်ဟုန်က ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး။ ပထမချက်အနေနဲ့ ရိုးရိုးအ၀တ်အစားနဲ့ မင်းကိုတွေ့ဖို့ လာခဲ့တာက ဒါက တရားဝင် တွေ့ဆုံမှု မဟုတ်ဘူး။ နောက်တစ်ချက်က ငါတို့ နှစ်ယောက်စလုံးက မင်းသားရဲ့လူတွေပါ။ ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး။" ဟောင်ချင်းချန် က သူ့လက်ကို အလျင်အမြန် မြှောက်ပြလိုက်သည်။ ဟုန်ယွိသည် လက်ဝှေ့ယမ်းပြသည်ကို မြင်လျှင် သူ့နောက်ကျောကို တည့်တည့် မတ်မတ် ပြန်ပြင်ရင် "အိမ်ထဲမှာ စကားပြောရအောင်"

သုံးယောက်သား အိမ်ထဲသို့ ဝင်လာပြီး ထိုင်ကြသည်။ ဟောင်ချင်းချန်က ဟုန်ယွိ စကားပြောဖို့ မစောင့်ခဲ့ပါဘူး။ “ညီငယ် မင်း ဒီမှာ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုတွေနဲ့ ကြုံတွေ့ခဲ့သလား”ဟု မေးသည်။

"မှန်တယ်။" ဟုန်ယွိက ခေါင်းညိတ်လိုက်သည်။

"ဘယ်သူလဲ….၊ မင်း… သိလား" ဟောင်ချင်ချန်းက ဆက်မေးသည်။

"အဲဒါက အမျိုးသမီးတစ်ဦးပဲ။ သူမက ကိုယ့်ကိုယ်ကို အထွဋ်ထိပ်ကောင်းကင်နယ်မြေက ကျောက်ဖေးရုန်လို့ ပြောခဲ့တယ်။" အမှန်အတိုင်း ပြောနေစဉ် ဟုန်ယွိ၏ မျက်လုံးများက တောက်ပလာသည်။

"အထွဋ်ထိပ်ကောင်းကင်နယ်မြေ ကျောက်ဖေးရုန်လား" ဤအမည်နှစ်ခုကို ကြားလိုက်ရသည်နှင့် အသက်ပြင်းပြင်းရှူရမည့် လူက ဟောင်ချင်းချန်၏အလှည့် ဖြစ်သွားပါသည်။ သူ့လက်များက ကုလားထိုင်ကို တင်းတင်းဆုပ်လိုက်ပြီး၊ ကွဲအက်သံများ ထွက်ပေါ်နေသည်။ သူက ဟုန်ယွိကို စိုက်ကြည့်သော်လည်း သူ့စိတ်ထဲတွင် သံသယ အရိပ်အယောင်များ ပေါ်နေပါသည်။ "ကျောက်ဖေးရုန်၊ ငါလည်း ကြားဖူးတယ်။ သူမဟာ အထွဋ်ထိပ်ကောင်းကင်နယ်မြေရဲ့ အထူးချွန်ဆုံး အမျိုးသမီးတပည့်တစ်ဦးပဲ။ သူမဟာ ဒီကမ္ဘာကြီးရဲ့ တာအိုဂိုဏ်းခေါင်းဆောင်တွေနဲ့ ပုခုံးချင်းယှဉ် ရပ်တည်နိုင်တဲ့ သူတော်စင် မိန်းမပျိုတစ်ယောက်ပဲ။"

"သခင်ဟောင်၊ သံသယမဖြစ်ပါနဲ့၊ ကျွန်တော့်အနားမှာလည်း ကျွမ်းကျင်သူတွေ ရှိပါတယ်။ နောက်ပြီး, ကျွန်တော့်မှာလည်း ကျွန်တော့်အသက်ကို ကာကွယ်ဖို့ နည်းလမ်းတွေ ရှိပါတယ်။ အဲဒီနတ်ဆိုးမ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ၊ သူမက ကျွန်တော့်ကို သူမမျက်လုံးထဲ ထားမထားခဲ့ဘူး။ ဒါပေမယ့် သူမက ဒဏ်ရာကြီးကြီးမားမားနဲ့ ပြန်ထွက်ပြေးရတုန်းပါပဲ။" ဟုန်ယွိသည် ဟောင်ချင်းချန်၏ နှလုံးသားထဲမှ သံသယများကို ချက်ချင်း မြင်လိုက်ရသည်။

"ကောင်းလိုက်တာ…၊ ညီငယ်ဟုန်ရဲ့ ခွန်အားက တကယ်ကို မခန့်မှန်းနိုင်အောင်ပါပဲ။ အရှင်မင်းသားက မင်းကို ကမ္မကုသိုလ်တွေ လုပ်ဆောင်နိုင်ဖို့ စစ်တပ်ကို အကြံပေးတာ အံ့ဩစရာ မဟုတ်တော့ပါဘူး။ နောင်လာမယ့်နှစ်မှာ မင်းက ကမ္မကုသိုလ်တွေနဲ့ ပြန်သွားပြီး ကျင်းရှီတစ်ဦး ဖြစ်လာတဲ့အခါ၊ ငါတို့က အရာရှိတွေ အတူတူ ဖြစ်လာကြလိမ့်မယ်။ အဲဒီအခါ တစ်ယောက်ကို တစ်ယောက် ပံ့ပိုးပေးရမယ်နော်။”

"သခင်ဟောင်၊ သခင်ဟောင်က ကျွန်တော့်ကို မြှောက်ပင့်နေပါပြီ။" ဟုန်ယွိက ကျိုးနွံစွာ ပြောသည်။

"အထွဋ်ထိပ်ကောင်းကင်နယ်မြေ…၊ အထွဋ်ထိပ်ကောင်းကင်နယ်မြေ… ဟမ့်" ဟောင်ချင်းချန် ၏ မျက်နှာက ရုတ်တရက် အေးစက်သွား၏။ သူက ဟုန်ယွိကို အေးစက်စွာ ဟစ်အော်ရင်း ခဏလောက် ရပ်လိုက်သည်။ "သူတို့က အလယ်ပိုင်းပြည်နယ် ပြည်နယ်ဆယ့်သုံးခုကို လျှို့ဝှက် သိမ်းပိုက်ထားပြီးသား။ ဘာပဲဖြစ်ဖြစ်, အထွဋ်ထိပ်ကောင်းကင်တံဆိပ် ထုတ်ဖော်လိုက်တာနဲ့၊ မရေမတွက်နိုင်တဲ့ မြေအောက်ကမ္ဘာက လူတွေက သူတို့အတွက် အလုပ်လုပ်ကြလိမ့်မယ်။ ငါက တောင်ပိုင်းပြည်နယ်ခုနစ်ခုရဲ့ နယ်နိမိတ် နယ်စပ်ဒေသမှာရှိတဲ့ အလယ်ပိုင်း ပြည်နယ် တောင်ပိုင်းဒေသရဲ့ ပြည်နယ်စစ်ဆေးရေးမှူးပဲ။ အထူးသဖြင့် ဒါက ခက်ခဲလွန်းတယ်။ ညီငယ်ဟုန်, မင်း နားလည်လား။”

"ဘန်း.." ဟုန်ယွိသည် စားပွဲပေါ်ကို လက်သီးဖြင့် ပုတ်လိုက်ပြီး သူ့မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်ယောင်တစ်ခု ပေါ်လာပါသည်။ "အထွဋ်ထိပ်ကောင်းကင်နယ်မြေဆီက ညွှန်ကြားချက်တွေ ရထားတဲ့ မြေအောက်ကမ္ဘာက လူတွေက အစိုးရကို ဆန့်ကျင်ဝံ့သေးတယ်လို့ မပြောနဲ့နော်။ သူတို့က သခင်ဟောင်ရဲ့ အမိန့်ကိုပါ တားဆီချင်ကြတာလား။ ဓားပြတွေက အရာရှိတွေနဲ့ မတိုက်ခိုက်ရဘူး။ သူတို့မှာ အဲဒီလိုလုပ်ဖို့ သတ္တိရှိနေလား။”

အပိုင်း (၁၀၆)။ (B)

ဟုန်ယွိသည် ချက်ချင်းဆိုသလို စားပွဲပေါ်သို့ လက်သီးဖြင့် ရိုက်လိုက်ရာ သူ့မျက်လုံးများတွင် ထူးဆန်းသော အရိပ်အယောင်ကို မြင်လိုက်ရတော့ ဟောင်ချင်းချန် လန့်သွားသည်။ ထို့နောက် စိတ်ထဲမှာ ခေါင်းညိတ်သည်။ "ဒီကောင်လေးက အလွန်အထင်ကြီးစရာကောင်းတာပဲ"

"မင်းဆက်တွေတစ်လျှောက်မှာ ဗဟိုအစိုးရက ဘယ်လောက်ပဲ ချုပ်ကိုင်ထားပါစေ အစိုးရဟာ ပြည်သူ အားလုံးကို ထိန်းချုပ်ဖို့ မဖြစ်နိုင်ဘူး။ မြေအောက်ကမ္ဘာက လူတွေ၊ ကျင်းဟူလောကနဲ့ ပြင်ပကလူတွေ အမြဲရှိနေခဲ့တယ်။ ဒီမင်းဆက်က တော်တော်လေး ကောင်းတယ်လို့ ယူဆလို့ ရနေတုန်းပဲ။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ငါတို့က ဒိုင်ဇင်ဘုရားကျောင်းကို သုတ်သင်ခဲ့ပြီး အဲဒီသိုင်းပညာတွေနဲ့ ဂိုဏ်းအဖွဲ့စည်းတွေကို ပိတ်ပင်ထားတယ်။ အဲဒီအရာအားလုံးက ဗဟိုအစိုးရရဲ့ အင်အားနဲ့ ထိန်းချုပ်မူနိုင်ပြီလို့ ပြောလို့ရတယ်။ အခု အိမ်ရှေ့စံ မင်းသားရဲ့ ပံ့ပိုးမှုဖြင့် အထွဋ်ထိပ် ကောင်းကင်နယ်မြေက တဖြည်းဖြည်း မောက်မာလာတယ်။ သူက အလယ်ပိုင်း ပြည်နယ်ရှိ အချို့နေရာတွေကို ကြိုးကိုင်ထားခဲ့။ သူ့ခြေသည်းတွေနဲ့ သွားတွေကလည်း အလွန်မောက်မာကြတယ်။ အခုလည်း သူက လမ်းတွေကို ပိတ်ဆို့ပြီး တရားရုံးက အရာရှိတွေကို သတ်ပစ်နေ တယ်။”

ဟောင်ချင်းချန်သည် အကျယ်တဝင့် ပြောလာသော်လည်း သူ့လေသံက ပိုမိုအေးစက်လာသည်။ နောက်ဆုံးတော့ သူ့အသံက သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်လာခဲ့သည်။

"ညီလေး၊ ကြီးကြီးကျယ်ကျယ် အလုပ်ကြီးတစ်ခုခု လုပ်ဖို့ စိတ်ဝင်စားလား"

"ဘာကြီးလဲ?" ဟုန်ယွိက ခေါင်းမော့ပြီး ဟောင်ချင်းချန်ကို ကြည့်လိုက်သည်။

"အထွဋ်ထိပ်ကောင်းကင်နယ်မြေ သူတော်စင်မိန်းမပျို ကျောက်ဖေးရုန်က ညီငယ်ဟုန်ကို ကြားဖြတ်တိုက်ခိုက်ပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားခဲ့တဲ့အတွက် သူမက အခုချိန်မှာ ပြန်လည် ကုစားနေလောက်တယ်။ ဒါပေမယ့် သူမအနေနဲ့ ဝူယွမ်ခရိုင်ကနေ ထွက်မခွာသေးဘူးဆိုတာ သေချာတယ်။ ဒီပြည်နယ်မှာ နဂိုကတည်းက အင်မော်တယ်ဂိုဏ်းတွေရဲ့ လျှို့ဝှက် စံအိမ်တွေ အမျာကြီးရှိနေလို့ပဲ။ ငါ သူတို့ကို စောင့်ကြည့်ဖို့ လူတွေ အများကြီး စေလွှတ်ထားခဲ့တာ ကြာလှပြီ။ သဲလွန်စ နည်းနည်းတွေ့တာနဲ့ ငါ ချက်ချင်း မင်းဆီ သတင်းပို့မယ်။ ညီလေး၊ မင်း ငါနဲ့ ရက်အနည်းငယ်လောက် နေပါဦး။ ငါတစ်ခုခုကို တွေ့ပြီးတာနဲ့ နတ်ဆိုးမ ပုန်းနေတဲ့ စံအိမ်ကြီးကို သုတ်သင်ဖို့ စစ်တပ်ကို ချက်ချင်းလွှတ်ပြီး ကူညီပေးမယ်။ အဲဒီနတ်ဆိုးမကို အရှင်လတ်လတ် ဖမ်းလိုက်ပါ။”

ဟောင်ချင်းချန်၏ စကားများက ရက်စက်ကြမ်းကြုတ်ပြီး၊ ပြတ်သားကာ၊ သတ်ဖြတ်လို စိတ်များဖြင့် ပြည့်နှက်နေပြီး ပြည်နယ်စစ်ဆေးရေးမှူးချုပ်တစ်ဦး၏ မခံမရပ်နိုင်ဖြစ်နေသော ပုံစံကို ပြသနေပါသည်။

"မင်းသားယု လက်ထဲက ဇာတ်ကောင်တစ်ယောက်က မျှော်လင့်ထားသလိုပဲ။ သူက ပြည်နယ် စစ်ဆေးရေးမှူးချုပ် ဖြစ်လာနိုင်တာ အံ့ဩစရာ မရှိတော့ပါဘူးလေ။" ဟုန်ယွိက ဟောင်ချင်းချန် လုပ်ဆောင်လိုသည့်အရာကို ချက်ချင်း သဘောပေါက်သွားပါသည်။ သူသည် ကျောက်ဖေးရုန်ကို ဖမ်းဆီရန်နှင့် ဝူယွမ်ခရိုင်ရှိ အထွဋ်ထိပ်ကောင်းကင်နယ်မြေ တပ်ဖွဲ့ဝင်များကို ဖယ်ရှားရန် ဤအခွင့်အရေးကို ရယူလိုခဲ့သည်။

အထွဋ်ထိပ်ကောင်းကင်နယ်မြေသည် လက်ရှိအချိန်တွင် တောင်ပိုင်းဒေသမှာ ရှိနေသော်လည်း မကြာသေးမီ နှစ်များအတွင်းက, သူတို့သည် အလယ်ပိုင်းပြည်နယ်များတွင် သူ၏လက်များကို လျှို့ဝှက်ထားခဲ့သည်။ သူသည် အလယ်ပိုင်းပြည်နယ်၏ မြေနှင့်ရေကို ထိန်းချုပ်ထားသည့် အပြင် မြေအောက်ကမ္ဘာကိုပါ ထိန်းချုပ်ထားသည်။ သူတို့သည် အစိုးရကို ထိန်းချုပ်နိုင်ရန် အိမ်ရှေ့စံ မင်းသား၏ ဩဇာအာဏာကို မှီခိုအားထားခဲ့သည်။

"ယခုအချိန် နန်းတွင်းထဲမှာ အိမ်ရှေ့စံမင်းသားရဲ့ ဩဇာအာဏာက အလွန်ကြီးမားလာတာကြောင့် ဧကရာဇ်တောင် စိတ်မသက်မသာ ခံစားလာရတယ်။ မင်းသားဟီနဲ့ မင်းသားယုတို့က အင်အာချိန်ခွင်လျှာ ထိန်းညှိနိုင်ဖို့ လိုအပ်နေတယ်။ ခွဲခြားသိမြင်နိုင်တဲ့ မျက်လုံးရှိသူတိုင်းက ဒီအချက်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။ ဒါ့အပြင် ဧကရာဇ်က တာအိုဂိုဏ်းတွေ၊ မြေအောက် ကမ္ဘာက ဂိုဏ်းအဖွဲ့စည်းတွေနဲ့ တိုင်းတစ်ပါးတို့ရဲ့ တန်ခိုးအာဏာကိုလည်း ကြောက်နေရတယ်။ တကယ်လို့, ဟောင်ချန်ချင်းသာ ကျောက်ဖေးရုန်ကို ဖမ်းဆီးနိုင်ပြီး၊ သက်သေတွေနဲ့အတူ သူမကို အစောင့်ကြပ်နဲ့ ဧကရာဇ်မင်းမြတ်ရှိရာ မြို့တော်ကို ခေါ်ဆောင်သွားပါက, မျက်မြင်သက်သေ, ပစ္စည်းအထောက်အထားတွေနဲ့ဆို, ဧကရာဇ်မင်းမြတ်က အထွဋ်ထိပ်ကောင်းကင်နယ်မြေကို ဘယ်တော့မှ နလန်ပြန်မထနိုင်တော့တဲ့အထိ ချေမှုန်းပစ်နိုင်တယ်။ ဒါက ဧကရာဇ်မင်းမြတ်ရဲ့ မျက်နှာသာပေးမူ သဘောကျမူကိုလည်း ရရှိနိုင်တယ်။ ဧကရာဇ်မင်းမြတ်က အိမ်ရှေ့စံမင်းသား အင်အားပျော့သွားစေဖို့အတွက် အထွဋ်ထိပ် ကောင်းကင်နယ်မြေရဲ့ခွန်အားကို ချိနဲသွားစေဖို့ စိတ်အားထက်သန်နေတယ်ဆို သိထားရလိမ့်မယ်။ ဒါ့ပေမယ့်, ပထမဆုံးအချက်က အိမ်ရှေ့စံမင်းသားက သူ့အတားအဆီး ဖြစ်နေတယ်။ ဒုတိယအချက်တော့၊ ဟုန်ရွှန်ကျိက အထွဋ်ထိပ်ကောင်းကင်နယ်မြေက ဖြစ်တယ်ဆိုတဲ့ အချက်က သူ့ကို ဟန့်တားထားတယ်။ တတိယအချက်အနေနဲ့ အထွဋ်ထိပ်ကောင်းကင် နယ်မြေရဲ့ ကမ္မကုသိုလ် ထောက်ပံ့ပေးမှုတွေက သူ့ကို ကာဆီးထားပြန်တယ်။ စတုတ္ထအချက်က သူ့မှာ ဆင်ခြေပြစရာ သက်သေမရှိဘူး။ တရားရုံးမှာ အထွဋ်ထိပ်ကောင်းကင်နယ်မြေကို ထိဝံ့တဲ့ ဝန်ကြီးမရှိဘူး။ တကယ်လို့, ဒီဟောင်ချင်းချန်သာ သူ့ကိုယ်သူ နာမည်တပ်ဝံ့ပါက, သူ့အနာဂတ် က အကန့်အသတ်မဲ့ပဲ။ အနာဂတ်မှာ သူက အလယ်ပိုင်းပြည်နယ် ပြည်နယ်ဆယ့်သုံးခုရဲ့ အုပ်ချုပ်ရေးမှူးတောင် ဖြစ်လာနိုင်တယ်။ ဒါ့မှမဟုတ် အစစ်မှန် ပဒေသရာဇ်အရာရှိတစ်ဦးတောင် ဖြစ်လာနိုင်လောက်တယ်။”

သူ့စိတ်ထဲတွင် ဟောင်ချင်းချန် တွေးနေသည့်အရာကို ခန့်မှန်းနိုင်သည်။

"ဒီအရေးကြီးတဲ့ကိစ္စအတွက်လား။ သေချာပေါက် ကျွန်တော် သခင်ဟောင်ကို ကူညီပေးပါ့မယ်။ သခင်ဟောင်၊ လွတ်လွတ် လပ်လပ် စုံစမ်းပါ။ ကျွန်တော်တို့ ဆက်သွယ်ရေးစခန်းမှာ နှစ်ရက် သုံးရက်လောက် စောင့်ပါ့မယ်။ သတင်းရပြီးတာနဲ့ ကျွန်တော့်ကို အကြောင်းကြားဖို့ တစ်ယောက်ယောက် လွှတ်လိုက်ပါ။ ဒါပေမဲ့ အထွဋ်ထိပ်ကောင်းကင်နယ်မြေရဲ့ ကျောက်ဖေးရုန် ဟာ တာအိုနည်းစနစ်နဲ့ ကိုယ်ခံပညာရပ်တွေမှာ နားမလည်နိုင်လောက်အောင် နက်ရှိုင်းသူပဲ။ တကယ်လို့, ကျွန်တော်တို့သာ, သူမကိုဖမ်းဖို့ ကျရှုံးသွားခဲ့ရင်တော့ အနာဂတ်မှာ အဆုံးမရှိ ဒုက္ခတွေ ဖြစ်ပေါ်စေလိမ့်မယ်" ဟုန်ယွိ၏ မှတ်ဉာဏ်ထဲမှ ကျောက်ဖေးရုန်၏ သဘာဝလွန် စွမ်းအားများ အကြောင်းက သူ့စိတ်ထဲတွင် ဆန်းသစ်နေဆဲ ဖြစ်သည်။

"ညီလေး၊ မင်း ဒီကိစ္စကို စိတ်ပူနေစရာ မလိုပါဘူး။ သူမ ဝူယွမ်ခရိုင်မှာ ရှိနေသရွေ့, ငါ သူမကို ထောင့်တစ်နေရာ ရောက်တဲ့ အထိ သဘာဝအတိုင်း တွန်းပို့ပေးနိုင်မှာပါ။ သူမ ကြွက်တစ်ကောင် အဖြစ် ပြောင်းသွားရင်တောင် အသုံးမဝင်ပါဘူး။" ဟောင်ချင်းချန်က မတ်တပ် ထရပ်လိုက်သည်။ "အထွဋ်ထိပ် ကောင်းကင်နယ်မြေက ကျွမ်းကျင်သူတွေနဲ့ ပြည့်နေတယ်။ ခရိုင်စစ်ဆေးရေးမှူးချုပ် တစ်ယောက်အနေနဲ့ ငါ့မှာလည်း ကျွမ်းကျင်ပညာရှင် အနည်းငယ် ရှိပါတယ်။ သူတို့ ဘယ်လောက်ပဲ အားကောင်းနေပါစေ အစိုးရကို ပြောင်ပြောင်တင်းတင်း မတိုက်ခိုက်ဝံ့ဘူးလို့ ငါ ယုံကြည်တယ်။"

ထို့အတူ, ဟောင်ချန်ချန်းက ဟုန်ယွိကို သူ အရင်ဆုံး ထွက်သွားသင့်ကြောင်း လက်ဟန်ပြရင်း ခေါင်းညိတ်လိုက်ပါသည်။ "ညီငယ်၊ ငါ့ကို လိုက်ပို့စရာ မလိုဘူး။ မင်းလည်း ဒဏ်ရာရသွားတယ်လို့ ငါကြားတယ်။ စောစော အနားယူပါ။ ကျောက်ဖေးရုန်, သူမက ပြိုင်ဘက်ကင်း ကျွမ်းကျင်သူတစ်ဦး ဖြစ်ပြီး၊ အစိုးရရဲ့ စွမ်းအားက အထင်မြင်သေးစရာလို့ သူမ ထင်နေတယ်။ ငါ သူမကို ဘယ်တော့မှ မမေ့နိုင်တဲ့ သင်ခန်းစာတစ်ခု သေချာပေါက် သင်ပေးရလိမ့်မယ်"

"ကျောက်ဖေးရုန်ကို ဖမ်းဆီးမယ်။" ဟောင်ချင်းချန် ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးနောက် ဟုန်ယွိက "အပြစ်ပေးဓား”ဟု အမည်ပေးထားသည့် မက်မွန်နတ်ဘုရားဓားကို အမှတ်တမဲ့ ကိုင်ဆောင်လိုက်ပါသည်။ သူက ဓားကို ကုတင်ပေါ်က ခေါင်းအုံးအောက်မှာ ဖိထားလိုက်၏။" ကျောက်ဖေးရုန်၊ မင်း ငါ့ကိုသတ်ဖို့ ဒီဓားကို အသုံးပြုချင်ခဲ့မှတော့, ငါ မင်းကိုဖမ်းဖို့ ဒီဓားကို ပြန်အသုံးပြုလိမ့်မယ်လို့ မင်း မမျှော်လင့်ထားဘူး မဟုတ်လား။"

"ဂျူနီယာ ညီမ၊ မင်း ဒဏ်ရာရလာတာလား"

“တိမ်ဖြူစံအိမ်" အိမ်တော်သခင် လျူဘိုင်ယွန်သည် ကျောက်ဖေးရုန်၏ ဖြူဖျော့ဖျော့ မျက်နှာကို မြင်လိုက်ရသောအခါ ထိတ်လန့်သွားသည်။

"လျူဘိုင်ယွန်၊ ဟုန်ယွိနဲ့ သူ့အဖွဲ့ မြို့ထဲကို ဝင်သွားပြီလား ငါ့အတွက် စုံစမ်းကြည့်စမ်း။ သူတို့ရဲ့ ဦးတည်ရာလမ်းကြောင်းကို စောင့်ကြည့်ပြီး၊ ငါ့အတွက် တိတ်ဆိတ်တဲ့ အခန်းတစ်ခု စီစဉ်ပေး။ ငါ ပြန်လည် ကုစားဖို့ လိုတယ်။ နှစ်ရက်ကြာ ဒဏ်ရာတွေ ပြန်လည်သက်သာလာတဲ့အခါ မက်မွန် နတ်ဘုရားဓားကို ငါကိုယ်တိုင် ပြန်ယူမယ်။" ကျောက်ဖေးရုန်သည် ယခင်ကဲ့သို့ပင် သန့်စင်နေသေး သည်။ သူမ၏အဝတ်အစားများနှင့် အသုံးအဆောင်ပစ္စည်းများသည် အနည်းငယ်မျှ ရှုပ်ပွနေခြင်း မရှိပေ။

"ဂျူနီယာ ညီမလေး" လျူဘိုင်ယွန်က အော်ခေါ်လိုက်ပါသည်။

"မလိုအပ်တဲ့မေးခွန်းတွေ မမေးနဲ့။ ငါပြောတဲ့အတိုင်း လုပ်ပါ။ ဟုန်ယွိက ငါ့လက်ချက်နဲ့ သေဆုံးသွားပြီ။ ဒါပေမယ့် သူ့ဘေးမှာ နည်းနည်းပါးပါး ဒုက္ခပေးနိုင်မယ့်လူတွေ ရှိနေတယ်။" ကျောက်ဖေးရုန်က သူမလက်ကို ဝှေ့ယမ်းလိုက်သည်။

"ကောင်းပြီ။” လျူဘိုင်ယွန်က ပြန်ဖြေသည်။ "လာကြစမ်း…။

တိမ်ဖြူစံအိမ်သည် ဝူယွမ်ချန်မှ မိုင် ၁၃၀ ခန့်ဝေးသော ကြီးမားသော စံအိမ်ကြီးတစ်ခု ဖြစ်သည်။ ၎င်းသည် "အစိမ်းရောင်မိုးမခစံအိမ်" ထက် ဆယ်ဆပိုကြီးသည်။ ၎င်းသည် ကြွယ်ဝသော နယ်မြေသခင် တစ်ဦး ဖြစ်သည်။ အိမ်တော်သခင် လျူဘိုင်ယွန်သည် အထက်တန်းပညာရှင်တစ်ဦး ဖြစ်သည်။ သူသည် အနှစ် ၃၀ ကျော် သိုင်းပညာကို လေ့လာခဲ့သည်။ ဝူယွမ်ခရိုင်တစ်ခုလုံးတွင် သူသည် ကျော်ကြားသော မင်းမျိုးမင်းနွယ်တစ်ဦး ဖြစ်သည်။

သို့သော် ဤစံအိမ်ရှင်သခင်သည် အလယ်ပိုင်းပြည်နယ် တိုက်ကြီး၏ ပြည်နယ်ဆယ့်သုံးခုတွင် အရေးပါသော လျှို့ဝှက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း မည်သူမျှ မသိခဲ့ကြပေ။ သူသည် လက်ရှိ ဥစ္စာများကို တိတ်တဆိတ် ခွဲဝေထားပြီး၊ သူ့၀င်ငွေမှာ ငွေဒင်္ဂါး သိန်းပေါင်းများစွာ ရှိသည်။

တစ်ချိန်တည်းမှာပင်၊ လျူဘိုင်ယွန်သည် အထွဋ်ထိပ်ကောင်းကင်နယ်မြေ၏ အထူးချွန်ဆုံး တပည့်တစ်ဦးလည်း ဖြစ်သည်။ သူသည် အလယ်ပိုင်းပြည်နယ်တွင် အထွဋ်ထိပ်ကောင်းကင် နယ်မြေက ချထားသည့် အရေးကြီးသော စစ်တုရင်အပိုင်းတစ်ခု ဖြစ်သည်။

တိမ်ဖြူစံအိမ် တစ်ခုလုံးသည် အလွန်မင်း ချမ်းသာကြွယ်ဝသည်။ အရိပ်ထဲမှာ ပုန်းအောင်းနေသည့် ပညာရှင်တွေ အများကြီး ရှိပါသည်။ အပေါ်ယံတွင် ရာနှင့်ချီသော စံအိမ်အစောင့်အကြပ်များ ရှိနေသည်။ သူတို့သည် နှစ်တိုင်း ငှားခကောက်ခံဖို့ ကျေးလက်ဒေသများသို့ သွားကြရသည်။ စာရင်းကိုင်တွေ ရာနှင့်ချီပြီး ရှိနေသည်။ ဤသည်မှာ ကြွယ်ဝသော နယ်မြေသခင်တစ်ဦး၏ ဂန္တဝင်ဥပမာတစ်ခု ဖြစ်သည်။

“ဟုန်ယွိမှာ ခရမ်းရောင်ယမ်းမှုန့်နဲ့ ပြုလုပ်ထားတဲ့ နတ်ဘုရားအဆောင်ဓား တစ်လက်ရှိမယ်လို့ ငါ မထင်ထားခဲ့ဘူး။ တိုင်ရှန်တာအိုဂိုဏ်းရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ မိုနိုဂါတာရီကလွဲပြီး အခုလို အဆောင်မျိုးကို ရေးဆွဲနိုင်ဖို့ ယမ်းမှုန့်စွမ်းအားကို အသုံးပြုနိုင်တဲ့ လူတစ်ယောက်ကတော့ ဖန်ရှင်းတာအိုဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် ရှောင်အန်းရန်ပဲ။ သူ့အပြင်, ကမ္ဘာပေါ်ရှိ ဂိုဏ်းတွေအားလုံးမှာတောင် ဒီလိုလုပ်ဆောင်နိုင် သူ ၂၀ ထက်မနည်းပဲ ရှိလိမ့်မယ်။ သူ့အတွက် ဒီလက်နက်ကို ဖန်တီးပေးခဲ့သူက ဘယ်သူလဲ။ ဒါ့အပြင်, သူက ငါနဲ့အတူတူ ပျက်သုဉ်း ဖို့ ကြိုးစားခဲ့တဲ့အထိကို ရက်စက်ကြမ်းကြုတ်လွန်းလှတယ်။ ဒါပေမယ့်၊ သူလို ပုရွက်ဆိတ်လေး တစ်ကောင်က ငါ့ရဲ့ နတ်ဘုရားစွမ်းရည်တွေကို ဘယ်လိုလုပ် ခန့်မှန်းနိုင်မှာလဲ။”

တိမ်ဖြူစံအိမ်၏ နောက်ဘက် တောင်ထိပ်တွင် ထူးထူးခြားခြား ဆိတ်ငြိမ်သော အဆောက်ဦးတစ်ခုမှာ ထပ်ခိုးခန်းတစ်ခု ရှိသည်။ အနီရောင် သစ်သား၏ သင်းရနံ့က လေထဲသို့ ပျံ့နှံ့စိမ့်ဝင်သွားသည်။ ထိပ်ဆုံးထပ်ခိုးခန်းမှာ ရပ်ပြီး ပြတင်းပေါက်ကို ဖွင့်လိုက်သည်နှင့် မိုင်ဒါဇင်နှင့်ချီသည့် အကွာအဝေးကို မြင်နိုင်ပါသည်။ ဤနေရာက အမြင့်ဆုံးအမှတ် ဖြစ်ပါသည်။

တောင်ပေါ်ရှိ လျှို့ဝှက်နေရာတိုင်းတွင် လျှို့ဝှက်ရဲတိုက်များ၊ ကင်းမျှော်စင်များနှင့် ကျွမ်းကျင် ပညာရှင်များက နေရာတိုင်းတွင် စောင့်ကြပ်နေပါသည်။

ကျောက်ဖေးရုန်သည် အဆောက်အဦးငယ်၏ ထိပ်တွင် ရပ်နေပြီး သူမ၏ နတ်ဘုရား စိတ်ဝိညာဉ်ကို တိတ်တဆိတ် ကျင့်ကြံနေပါ သည်။ တစ်ချိန်တည်းမှာပင် သူမရင်ခွင်မှ ကျောက်စိမ်းအဖြူဖြင့် ထွင်းထုထားသည့် သေတ္တာလေးတစ်ခုကို ထုတ်ယူလိုက်သည်။ သူမသည် သေတ္တာကို ဖွင့်ကြည့် လိုက်တော့ အထဲမှာ လက်တစ်ချောင်းအရွယ်စား အလျားသုံးလက်မလောက်ထူသည့် မြေနံ့သာ အမွှေးတိုင် ကိုးချောင်း ရှိနေခဲ့သည်။

အမွှေးတိုင်ကို မီးထွန်းပြီးနောက် ထွက်ပေါ်လာသည့် မီးခိုးတွေက တကယ်ကို ချိုင့်ဝှမ်းရှိ နံနက်ခင်းမြူခိုးများကဲ့သို့ အစိမ်းဖျော့ဖျော့ အရောင် ဖြစ်နေပါသည်။

ဤသည်မှာ "စိတ်ငြိမ်အမွှေးနံ့သာတိုင်" ဖြစ်သည်။ အကယ်၍, သာမာန်လူတစ်ယောက်သည် အနံ့ခံလိုက်သည်နှင့် လန်းဆန်းမူကို ခံစားမှာဖြစ်ပြီး၊ သူတို့၏ အတွေးတွေက ဖြူစင်သွားပါလိမ့်မည်။

သို့သော်၊ ကျင့်ကြံသူများအတွက်၊ ဤ "စိတ်ငြိမ်အမွှေးနံ့သာတိုင်" သည် နတ်ဘုရား စိတ်ဝိညာဉ်ကို ပြန်လည်ကုသရန် အကောင်းဆုံး ဝိညာဉ်ရေးဆေးတစ်မျိုး ဖြစ်သည်။ ဤအမွှေးနံ့သာတိုင်သည် ယခင်က ဒိုင်ဇင်ဘုရားကျောင်း၏ လျှို့ဝှက်ဆေး ဖြစ်သည်။ ဆေးပညာနှင့် တာအိုပညာရပ်များကို တတ်ကျွမ်းသော ဘုန်းတော်ကြီး မျိုးဆက်များက မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကြာအောင် ပြုပြင်မွမ်းမံခဲ့ကြသည်။

ကျောက်ဖေးရုန်သည် အမွှေးတိုင်သုံးချောင်းကို ထွန်းညှိလိုက်သည်။ သူမ အသက်ရှုသွင်းလိုက်သည်နှင့် သူမ၏ခန္ဓာကိုယ်မှ ကြယ်ရောင် အလင်းများကဲ့သို့ ခပ်ဖျော့ဖျော့ အလင်းတန်းများ ထွက်ပေါ်လာ သည်။ ၎င်းတို့သည် သူမ၏ခန္ဓာကိုယ်ကို လှည့်ပတ်ကာ ကြယ်ရောင် ဖဲကြိုးတစ်ခုအဖြစ် တဖြည်းဖြည်း ပေါင်းစပ်သွားကြသည်။ အဆုံးတွင်၊ တောက်ပသော ကြယ်ရောင်များသည် တဟုန်ထိုး မြင့်တက်လာသော ဒီရေလှိုင်းလုံးများကဲ့သို့ လှိုင်းထလာသည်။

"ရှေးဟောင်း စိတ်ဝိညာဉ်ကြယ်အလင်းကိုယ်ခန္ဓာ!"

ရုတ်တရက် မျက်လုံးဖွင့်လာချိန်မှာ ကျောက်ဖေးရုန်၏ ဖြူဖျော့သော မျက်နှာက ပျောက်ကွယ်သွား ပါပြီ။

“မက်မွန်နတ်ဘုရားဓား ပြန်ယူဖို့ အချိန်တန်ပြီ။ ဒီဓားက ကောင်းကင်တုန်လှုပ်စေတဲ့ ခုနစ်ပါးထဲက တစ်ခုဖြစ်ပြီး၊ သူ့ရဲ့စွမ်းအားက နတ်ဘုရားဖြိုခွဲရုပ်သေးရုပ်ထက် ဒုတိယနေရာမှာ ပဲ။ ပြန်ယူပြီးရင်, ငါ့နှလုံးသားက မက်မွန်နတ်ဘုရားဓားနဲ့ လိုက်လျောညီထွေ ဖြစ်လိမ့်အောင် ရက်ပေါင်း ၃၀၀ တိတိ ကျိန်းသေပေါက် ကိုးကွယ်ပြီး လေ့ကျင့်ရမယ်။ ငါနှလုံးသာက မက်မွန်နတ်ဘုရားဓားနဲ့ လိုက်လျော ညီထွေ ဖြစ်သွားခဲ့ရင် ဘယ်သူမှ လုယူလို့မရတော့ဘူး။” ကျောက်ဖေးရုန် မတ်တပ် ထရပ်လိုက်ပြီး သူမနှုတ်ခမ်းထောင့်များက အေးစက်သော အပြုံးဖြင့် ကွေးကောက်သွားသည်။

"ဟမ်..။ အဲဒါဘာလဲ?"

ကျောက်ဖေးရုန် မတ်တပ်ထရပ်လိုက်စဉ်မှာ တဖျပ်ဖျပ် လွင့်လူနေ သော အလံများ၊ ကြေးခွံကဲ့သို့ သံချပ်ကာဝတ်စုံများ၊ တောအုပ် သဖွယ် ထူထပ်သော ဓားများနှင့် လှံများ၊ နဂါးများကဲ့သို့ သံချပ်ကာ ဝတ် မြင်းနက်များသည် မိုင်ပေါင်းများစွာ ဝေးကွာသောအရပ်မှ ၎င်းတို့ဆီသို့ လှိမ့်တက်လာ နေသည် ကို တွေ့လိုက်ရသည်။

တစ်ချိန်တည်းမှာပင် အခြားလေးဘက် လေးတန်မှလည်း အလားတူတပ်များ ရောက်ရှိလာခဲ့သည်။

တစ်ဖက်စီမှာ အနည်းဆုံး စစ်သည်တစ်ထောင် ရှိပါသည်။ တိမ်ဖြူ စံအိမ်ဆီသို့ စစ်သည်တော် စုစုပေါင်း လေးထောင်ကျော် ရောက်ရှိလာသည်။ သူတို့က တိမ်ဖြူစံအိမ်ကို ဝိုင်းရံထားပြီးသား ဖြစ်နေပြီ။

All Chapters