← Chapters

အခန်း (၁၂၀-၁၂၂)

Vol. 10 Ch. 120-122

အခန်း (၁၂၀-၁၂၂)

Vol. 10 Ch. 120-122

အပိုင်း (၁၂၀)။

"ငွေလအစောင့်ရှစ်ဖော်" ဟုန်ယွိသည် သပ်သပ်ရပ်ရပ် တန်းစီနေသော အသက်နှစ်ဆယ်အောက် မိန်းကလေး ရှစ်ယောက်ကို ကြည့်လိုက်ပါသည်။ သူမတို့၏ ဦးခေါင်းများကို အနည်းငယ် နှိမ့်ထားပြီး၊ ခြေထောက်များကို ဖြောင့်တန်းစွာ တန်းစီထားသည်။ သူ့မျက်လုံးတွေက သူမတို့ကို အချိန်အတန်ကြာ ကြည့်ရူပြီးနောက် သူ့စိတ်ထဲမှာ အရမ်းကျေနပ်သွားပါသည်။

ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့၏ စိတ်ဝိညာဉ်များသည် လက်ရှိတွင် သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း သူ သိသည်။ အတွေးတစ်ချက်ဖြင့်၊ သူသည် သူမတို့၏စိတ်ဝိညာဉ်များကို လွင့်ပျံသွားစေနိုင်သည်။ ထို့ကြောင့်, သူမတို့သည် လှည့်ကွက်များကို မကစားဝံ့ကြပေ။ ထို့ကြောင့် ဤမိန်းကလေး ရှစ်ယောက်စလုံးကို အားကိုးနိုင် သင့်သည်။ အနည်းဆုံးတော့၊ သူမတို့သည် တောင်ပိုင်းပြည်နယ်ရဲ့ အဝယ်ရုံးက ဝယ်ယူနိုင်သည့် မိန်းကလေး တွေထက် အများကြီး ပိုယုံကြည်စိတ်ချနိုင်သလို ပိုတည်ငြိမ်သင့်ပါသည်။

အခုအချိန်မှာ ဟုန်ယွိ အလိုအပ်ဆုံးအရာက လူအင်အားဖြစ်ပါသည်။ အဝတ်လျှော်, ထမင်းဟင်းချက်တာတောင် မှ မုကလေးကိုယ်တိုင် လုပ်ဆောင်ဖို့ လိုအပ်သည်။ မိန်းကလေးအချို့ကို ဝယ်ယူခြင်းဖြင့် စိတ်မသက်မသာ ဖြစ်ရခြင်းက အမှန်ပင် ခက်ခဲလှသည်။

ဤငွေလအစောင့် ရှစ်ဖော်စလုံးသည် အလွန်ကျွမ်းကျင်ကြပြီး အလွန်တင်းကျပ်သော လေ့ကျင့်မှုကို ရရှိထားကြ သည်။ သူမတို့သည် အဝတ်လျှော်, ချက်ပြုတ်နိုင်ရုံသာမက ကိုယ်ရံတော်များအဖြစ်လည်း လုပ်ဆောင်နိုင်ကြ သည်။ သူမတို့သည် မုကလေးအတွက် တာဝန်ထမ်းဆောင်ရန် အသင့်တော်ဆုံး ရွေးချယ်ခံများ ဖြစ်သည်။

"လူရှစ်ဆယ်ပါ သံမဏိကိုယ်ထည်သင်္ဘောပျံ ငါးစင်းက ထိုက်ချန်ရေကန်ဆိပ်ကမ်းမှာ ရှိနေတယ်။" ဟွာနွန်ယင် က ဟုန်ယွိကိုကြည့်ကာ တခဏလောက် တွေးပြီးနောက် "သခင်လေးဟုန်, ကျွန်မတို့ ညီအစ်မတွေနဲ့ တစ်ယောက်တည်း စကားပြောလို့ရမလား။"

"တစ်ယောက်တည်း စကားပြောမလို့လား…။ သေချာပေါက် ရတာပေါ့။”

ဟုန်ယွိက သူ့ဘေးက မုကလေးနှင့် ချီဇီယန်တို့ကို "မင်းတို့ ခဏလောက် အပြင်ထွက်သွားကြပါ။ ငါ ခန်းမ သခင်မ နှစ်ယောက်နဲ့ စကားပြောချင်တယ်။"

မုကလေးက ပြုံးပြီး နို့အင်တုံထဲမှာ ရေချိုးနေသည့် ရွှေပင့်ကူကို ကောက်ယူကာ ထွက်လာခဲ့သည်။ ချီဇီယန် သည် ဟွာနွန်ယင်နှင့် ဟွာနွန်းယွီကို လေးလေးနက်နက် ကြည့်ကာ အပြင်သို့ ထွက်သွားပါသည်။

"သခင်လေးဟုန်၊ ကျွန်မတို့ နောက်ထပ် သဘောတူညီချက်တစ်ခု လုပ်မယ်ဆိုရင်ရော ဘယ်လိုလုပ်မလဲ" ဟွာနွန်ယင်က လက်ခုပ်တီးပြီး၊ ငွေလအစောင့်ရှစ်ဖော်ကို ထွက်သွားခွင့် ပေးလိုက်တယ်။ အခန်းတစ်ခုလုံးတွင် ဟုန်ယွိနှင့် အခြားနှစ်ယောက်သာ ကျန်တော့သည်။

"ဘာသဘောတူညီမူလဲ…" အခန်းထဲတွင် လူသုံးယောက်သာ ကျန်တော့သည်ကို မြင်တော့ ဟုန်ယွိက ကုလားထိုင် ပေါ်ထိုင်ပြီး ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့ကို ကြည့်ရင်း သူ့မျက်လုံးတွေက ဖျတ်ခနဲ လင်းလက် သွားပါသည်။

"သခင်လေးဟုန်၊ သခင်လေးရဲ့ အတွေးတွေက ကျွန်မတို့ညီမနှစ်ယောက်ရဲ့ စိတ်နှလုံးထဲမှာ ရှိနေတာပဲ။ သခင်လေးစိတ်ကို အသုံးပြုသရွေ့ ကျွန်မတို့ ဘာတွေ တွေးနေလဲဆိုတာ သခင်လေး သိမှာ မဟုတ်ဘူးလား။" အဖြေသိပြီးတဲ့ အချိန်ရောက်မှ အကြောင်းရင်းကို မေးလို့ရတာပဲ။ "ဟွာနွန်ယင်လည်း ထိုင်လိုက်ပါသည်။ သူမက သူမလက်ချောင်းပေါ်မှ ကျက်သရေရှိသည့် အဖြူရောင် ကျောက်စိမ်းလက်စွပ်ကို ကစားလိုက်ပါသည်။

"ငါ မင်းတို့ရဲ့ စိတ်နှလုံးထဲကို ချောင်းမကြည့်ဘူး။" ဟုန်ယွိက ခေါင်းမော့လိုက်ပါသည်။

ယောင်ချီဂိုဏ်း၏ လပန်းခန်းမသခင်မနှစ်ဦး၏ စိတ်ဝိညာဉ်များတွင် သူ့အတွေးများကို အသုံးပြုထားခဲ့သည်။ အမှန်ပင်၊ သူသည် သူ့စိတ်ကို အသုံးပြုသရွေ့ ဤအမျိုးသမီးနှစ်ယောက် တွေးနေပုံကို သိနိုင်ပါသည်။

"သခင်လေးဟုန်၊ သခင်လေး နာမည်က ဟုန်ယွိ ဟုတ်တယ်ဟုတ်။ သခင်လေး အဖေက ဝူဝမ်မြို့စား တော်ဝင် နည်းပြဆရာဟုန်။ သခင်လေးက အိမ်မှာ ကောင်းကောင်း ဆက်ဆံမူမခံရဘူး။ ဒါကြောင့် မင်းသားယုကို အားကိုးတယ်။ အခု သခင်လေးက သခင်လေးရဲ့ဘဝသမိုင်း ရေးထိုးပြီး၊ ဩဇာအာဏာ တည်ဆောင်ဖို့အပြင်, တစ်နှစ်တာ စစ်မှုထမ်းပြီး ကမ္မကုသိုလ်နဲ့ အတွေ့အကြုံတွေ ရှာဖွေဖို့အတွက် ထွက်လာခဲ့တယ်။ ဒီနောက်ပိုင်း မှာ သခင်လေးက အင်ပါယာ စာမေးပွဲကို အောင်မြင်ပြီး၊ ရာထူးတိုးခံရမယ်။ ဒါပေမယ့်, သခင်လေးက အလွန် လျှို့ဝှက်စွာ နေထိုင်တတ်သူဆိုတာကို ကျွန်မတို့ မသိခဲ့ကြဘူး။ သခင်လေးက တာအိုပညာရပ်တွေကို တိတ်တ ဆိတ် ကျင့်ကြံခဲ့ပြီး၊ ရုပ်လုံးဖော်ခြင်းနယ်ပယ်ကိုတောင် ရောက်ရှိနေခဲ့ပြီ။ သခင်လေးက ကျောက်ဖေးရုန်ကို သတ်ပြီး၊ ယင်ယန်မက်မွန်နတ်ဘုရားဓားကို ရယူဖို့အတွက် ဝူယွမ်ခရိုင် ဟောင်ချင်းချန်တို့နဲ့တောင် ပူးပေါင်းခဲ့ သေးတယ်။" ဟွာနွန်းယွီက ဟုန်ယွိ၏အမူအရာကို ကြည့်ပြီးနောက် သူ၏ကိုယ်ရေးအချက်အလက် အပိုင်းအစ များကို အသေအချာ ဖော်ထုတ်ပြပါသည်။

"မင်းတို့ ငါ့အကြောင်းကို လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက စုံစမ်းနေတာပေါ့။ မင်းတို့ အသေချာ စုံစမ်းပြီးပြီ မဟုတ်လား" ဟုန်ယွိသည် ထိုအကြောင်းအရာများကို ကြားသော်လည်း ဂရုမစိုက်ပေ။

"သခင်လေးဟုန်၊ မင်းနောက်ကွယ်မှာ တိုင်ရှန်တာအိုဂိုဏ်းက ကျွမ်းကျင်သူတစ်ယောက် ရှိရမယ်။" ဟွာနွန်ယင် က ပြောသည် "မဟုတ်ရင် မင်းရဲ့ တာအိုပညာရပ်တွေက အားကောင်းပေမယ့် ကျောက်ဖေးရုန်ကို သတ်နိုင်မှာ မဟုတ်ဘူး။ ကျောက်ဖေးရုန်က အထွဋ်ထိပ်ကောင်းကင်နယ်မြေက သူတော်စင် မိန်းမပျိုတစ်ဦး ဖြစ်သလို မျိုးဆက်သစ် လူငယ်တွေထဲမှာလည်း အပြောင်မြောက်ဆုံး ပုဂ္ဂိုလ်တစ်ဦးပဲ။ တိုင်ရှန်တာအိုဂိုဏ်းက ဆုမူ၊ ယွန်မင် ကောင်းကင်နဂါးဂိုဏ်းက ရှင်းယုဆန်၊ ကျွန်မတို့ ယောင်ချီဂိုဏ်းက သခင်မလေး ယွဲ့ရှင်း၊ စိတ်နှလုံး လက်သီးဂိုဏ်းက တွန့်လန်၊ ထိုက်ယီဂိုဏ်းက ယွဲ့ချင်းစုန်၊ ကျန်းယီဂိုဏ်းက ကျန်းရူယု၊ ဖန်ရှင်းတာအိုဂိုဏ်းက ရှောင်ချန်းဖန်စတဲ့ မျိုးဆက်သက်ပုဂ္ဂိုလ်နဲ့ အတူတူပဲ။ သူတို့အားလုံးက နောင်အနာဂတ်မှာ, နတ်ဘုရားတွေ, ဒါမဟုတ်, သူတော်စင်တွေ ဖြစ်လာဖို့ အလားလာကောင်းဆုံး ကျွမ်းကျင်သူတွေပဲ။ ကျွန်မတို့ဂိုဏ်းက အကြီးအကဲတွေ သူတို့ကို ဝိုင်းဝန်းသတ်ဖြတ်ရင်တောင်, သူတို့က အချိန်မရွေး ထွက်ပြေးနိုင်ကြတယ်။”

"ငါ့နောက်ကွယ်မှာ တိုင်ရှန်တာအိုဂိုဏ်းက ကျွမ်းကျင်သူ တစ်ယောက်ရှိတယ်..." ဟွာနွန်ယင်၏ ခန့်မှန်းချက်ကို ကြားတော့ ဟုန်ယွိက သူ့စိတ်နှလုံးထဲမှာ လှောင်ရယ်လိုက်ပါသည်။ ဟုန်ယွိသည် ကျောက်ဖေးရုန်ကို သတ်ဖြတ်နိုင်ခြင်း တိုက်ဆိုင်မှု သက်သက်ဖြစ်ကြောင်း ဟွာနွန်ယင် မသိရှာခဲ့ပေ။ အရင်ဦးစွာ၊ သူသည် သိုင်းသူတော်စင်ကိုပင် ဒဏ်ရာရစေပြီး သတ်ဖြတ်နိုင်သော ပေါက်ကွဲမီးလျှံအဆောင်ဓားကို အသုံးပြုပြီး၊ တဖက်လူအား ဒဏ်ရာရစေခဲ့ကာ မက်မွန်နတ်ဘုရားဓားကို ရယူနိုင်ခဲ့သည်။ ထို့နောက်၊ သူသည် သူ့ပြိုင်ဘက် ၏ စိတ်ဝိညာဉ်ကို ဒဏ်ရာရစေရန် မက်မွန်နတ်ဘုရားဓားအတွင်းမှာ သူ့ပြိုင်ဘက်၏ အထင်သေး လျှော့တွက်မှု ကို အသုံးပြုပြီး၊ ဖျက်ဆီးခြင်း မင်စီလာဘုရင်ကို အသုံးပြုခဲ့သည်။ နောက်ဆုံးတွင် သူသည် သူမအား စစ်တပ်နှင့် ဝိုင်းထားပြီး ပျံသန်းနိုင်သော ဓားရှည်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သည်။ ထိုသို့ဆိုလျှင်ပင် သူကိုယ်တိုင် အသက်ဆုံးရှုံးနီးပါး ဖြစ်ခဲ့ရသည်။

သို့သော်, ဟုန်ယွိက ယခုလိုအခြေအနေမျိုးမှာ ထိုအကြောင်းတွေကို အဘယ့်ကြောင့် ပြောပြမည်နည်း။ သူက လျှို့ဝှက်ဆန်းကြယ်ဟန်ဆောင်ကာ ပြုံးလိုက်ပါသည်။

"သခင်လေးရဲ့ နောက်ခံကို စုံစမ်းဖို့ ကျွန်မတို့မှာ ရည်ရွယ်ချက် မရှိပါဘူး။" ဟွာနွန်ယင်က ဆက်ပြောသည် "ဒါပေမယ့် ကျွန်မတို့ညီအစ်မတွေက တခြားသူတွေ လွှမ်းမိုးချုပ်ကိုင်တာကို မခံချင်ကြဘူး။ ဒါကြောင့် ကျွန်မတို့နှလုံးသားထဲက သခင်လေးရဲ့ အတွေးအမှတ်သားကို ပြန်ရုတ်သိမ်းပေးပါ။ ကျွန်မတို့က သခင်လေးကို ငွေဒင်္ဂါးတစ်သန်း၊ လူတစ်ထောင်ဆန့် သံမဏိကိုယ်ထည်သင်္ဘောပျံတစ်စင်း၊ စစ်သည်သုံးရာ၊ စံအိမ်ကြီး ဆယ်လုံးနဲ့ မြေဧကတစ်သိန်း ပေးမယ်။ ပြီးတော့ ကျွန်မတို့က ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မပြောဘူးလို့ ကတိပေးတယ်။ ဘယ်တုန်းကမှ ဘာမှမဖြစ်ခဲ့ဘူးလို့ ကျွန်မတို့ ဟန်ဆောင်နေမယ်။ ဘယ်လိုထင်လဲ။”

“ဒါဆို ဒီအတိုင်း သတ်မှတ်ကြတာပေါ့။ ငွေဒင်္ဂါးတစ်သန်း၊ လူတစ်ထောင်ဆန့် သံမဏိကိုယ်ထည်သင်္ဘော ပျံတစ်စင်း၊ စစ်သည်သုံးရာ၊ စံအိမ်ကြီး ဆယ်လုံး၊ မြေဧကတစ်သိန်း၊ ဒီအခြေအနေက တော်တော်လေး ရက်ရောနေပါပြီ။ ဒါတွေနဲ့ဆို, ငါက တော်ဝင်မိသားစုနဲ့ ယှဉ်နိုင်တဲ့ မြင့်မြတ်သူတစ်ဦး ဖြစ်လာနိုင်တယ်။ ဒါပေမယ့် မင်းတို့ကို ငါ ဘယ်လို ယုံနိုင်မှာလဲ။ ဒါ့ပြင်, မင်းတို့က ငါ့ရဲ့လျှို့ဝှက်ချက် တော်တော်များများကို သိထားတယ်...” ထိုအခြေအနေတွေကို ကြားတော့ ဟုန်ယွိ၏ မျက်လုံးတွေ လင်းလက်သွားသော်လည်း သူ့မျက်နှာက မည်သည့်အမူအရာမှ မပြပေ။

"ကျွန်မတို့ စာချုပ်ချုပ်ဆိုနိုင်ပါတယ်။ ဒါ့အပြင်, ကျွန်မတို့ ယောင်ချီဂိုဏ်းက မင်းသားဟီချင်ကို ပံ့ပိုးပေးပြီး၊ သခင်လေးက မင်းသားယုကို ပံ့ပိုးပေးတယ်။ အခု ကျွန်မတို့က သခင်လေးကို လူတွေပေးပြီး၊ သင်္ဘောပျံ ရောင်းချရုံနဲ့တင် တားမြစ်ချက်ကြီးတစ်ခုကို ကျူးလွန်ပြီးနေပြီ။ တကယ်လို့, ဒီကိစ္စ ပေါက်ကြားသွားတာနဲ့ ကျွန်မတို့ ညီအစ်မဟာ ဒီအကျိုးဆက်ကို အကြီးအကျယ် ခံကြရလိမ့်မယ်။"

ဟွာနွန်းယွီက ခါးသီးစွာ ပြုံးလိုက်ပါသည်။ "သခင်လေးကို ကြည့်ရသလောက်ဆို, သခင်လေးက အနာဂတ်မှာ ကျွန်မတို့နဲ့ စီးပွားရေး လုပ်ရဦးမယ်။ ကျွန်မတို့ လုပ်ငန်းတွေ ပိုလုပ်လေ, ရှုပ်ထွေးလေဖြစ်ပြီး၊ ရိုက်ခတ်မှုတွေက ပိုများလာလိမ့်မယ်။ သခင်လေး၊ မင်းက ဥာဏ်ကောင်းသူတစ်ယောက်ပါလေ..."

"နောက်တစ်နှစ်…" ဟုန်ယွိက လက်ညှိုး ထောင်ပြလိုက်သည်။ "တစ်နှစ်ကြာပြီးနောက်, ဒီသဘောတူညီချက် ကို အကောင်အထည် ဖော်ပေးမယ်။ အခုတော့ လုပ်လို့မရသေးဘူး။ ဒီတစ်နှစ်အတွင်းမှာ ငါ မင်းတို့နဲ့ စီးပွားရေး လုပ်မှာ မဟုတ်သေးဘူး။ မင်းတို့ စိတ်ချလို့ရတယ်။"

"အဲဒီလိုလည်း အဆင်ပြေပါတယ်။ သခင်လေး နောင်တမရဘူးလို့ ကျွန်မတို့ မျှော်လင့်ပါတယ်။" ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ မတ်တပ် ရပ်လိုက်သည်။

"သေချာပေါက်, ငါ နောင်တရမှာ မဟုတ်ဘူး။" ဟုန်ယွိက သူ့လက်ကို စားပွဲပေါ်တင်ကာ တွေးနေလိုက်သည်။ သူ့မှာ ကိုယ်ပိုင် အစီအစဉ်တွေ ရှိပါသည်။ ထိုမိန်းကလေးနှစ်ယောက်နှင့် ထိုသဘောတူညီချက်က တကယ်ကို ဆွဲဆောင်မှုရှိနေသော်လည်း ဟုန်ယွိကမူ သူ အားနည်းနေသေးသည်ကို ရှင်းရှင်းလင်းလင်း သိထားပါသည်။ သူသည် ငွေဒင်္ဂါးသန်းဆယ်ချီပြီး အရောင်းအဝယ် လုပ်လျှင်, ထားထားနိုင်ဦးမှာ မဟုတ်ပါဘူး။

နောင်တစ်နှစ်အကြာတွင်၊ ဟုန်ယွိ၏ ကျင့်ကြံမှုသည် အဆင့်သစ်တစ်ခုသို့ ရောက်ရှိမည် ဖြစ်သည်။ သူ့မှာ လုံလောက်သည့် ခွန်အားတွေ ရှိလာသည့်အခါ အရာအားလုံးက လွယ်ကူသွားလိမ့်မည်။ အခုအချိန်မှာတော့ သူသည် ထိုမိန်းကလေးနှစ်ယောက်ကို ခေတ္တထိန်းချုပ်ထားရဆဲပင်။

ငါက "အတိတ်အမိတ္တဘသုတ္တန်" ဆိုတဲ့ ဒိုင်ဇင်ဘုရားကျောင်းရဲ့ အမြင့်မြတ်ဆုံး လျှို့ဝှက်ကျမ်းစာကို ကျင့်ကြံ ထားတယ်။ အခု ငါ့မှာ အဖိုးတန် မှော်ဆေးဝါးတွေလည်း အများကြီး ရှိနေပြီ။ ပြီးတော့, ရွှေပင့်ကူရဲ့ အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တကျမ်းစာထဲက နဂါး-ဆင်တံဆိပ်နဲ့ ယင်ယန်မက်မွန်နတ်ဘုရား ဓားကိုလည်း ပိုင်ဆိုင်ထားတယ်။ ဒီအရာတွေနဲ့တောင်, ငါ တစ်နှစ်လောက် ကြိုးစားပြီးမှ တိုးတက်မလာဘူးဆို ရင်, ကိုယ့်ကိုယ်ကို သတ်သေဖို့ပဲ ကောင်းပါတယ်။”

မိန်းကလေးနှစ်ဦးနှင့် ဆွေးနွေးပြီးနောက်၊ ဟုန်ယွိသည် သူ့လက်အောက်ငယ်သားများအား ထုပ်ပိုးပြီး ထိုက်ချန် ရေကန်ရှိ ဆိပ်ကမ်းသို့ ထွက်ခွာရန် အမိန့်ပေးခဲ့သည်။

ညကောင်းကင်ယံအောက်တွင် ကျယ်ပြောလှပြီး၊ အကန့်အသတ်မရှိသော ရေကန်ကြီးသည် အလွန်ငြိမ်သက် နေလေသည်။ ညလေက ရေခိုးရေငွေ့များကို မှုတ်ထုတ်နေပြီး၊ ရေကန်သည် လရောင်အလင်းဖြင့် ရောင်ပြန် ဟပ်နေကာ အေးချမ်းသာယာပြီး ကြည်နူးစရာကောင်းသည့် မြင်ကွင်းတစ်ခုကို ဖန်တီးပေးနေလေသည်။

ဆိပ်ကမ်းဘေးတွင် အနက်ရောင် သင်္ဘောငါးစင်းက ငြိမ်သက်စွာ ရပ်ထားသည်။

ဟုန်ယွိသည် ၎င်းတို့ကို မြင်သောအခါ ဤသင်္ဘောငါးစင်းသည် ဖလိုင်းဝှီးတပ် သံချပ်ကာသင်္ဘောငယ်များ ဖြစ်ကြောင်း သူ သိလိုက်သည်။ ၎င်းတို့သည် သင်္ဘောငယ်များ ဖြစ်သော်လည်း လူ ရှစ်ဆယ် ထိုင်နိုင်ပြီး အလွန် ကြီးမားပါသည်။ ၎င်းတို့သည် သာမန်ငါးဖမ်း လှေသင်္ဘောများထက် အနည်းဆုံး ငါးဆမှ ခြောက်ဆအထိ ကြီးမားသည်။ လှေသင်္ဘောဘေးနှစ်ဖက်ကို သံပြားများဖြင့် တင်းတင်းကျပ်ကျပ် အုပ်ထားပါသည်။

သင်္ဘောပေါ် တက်လိုက်သည့်အခါ, ဟုန်ယွိသည် သူ့ခြေထောက်တွေ အရမ်းတောင့်တင်းသွားသည်ကို ခံစားလိုက်ရ၏။ သူသည် သင်္ဘောနံဘေးကို လက်ချောင်းများဖြင့် ခေါက်ကြည့်ရာ သံတုံးကဲ့သို့ အသံမျိုး ထွက်လာသည်။ သင်္ဘောတစ်ခုလုံးကို သံမဏိဖြင့် ပြုလုပ်ထားပုံရပါသည်။

ကုန်းပတ်နှင့် သင်္ဘောနံဘေးတွင် အကာအကွယ်ပြားများ ရှိသည်။ ၎င်းတို့သည် မြှားများ ပစ်ခတ်ခြင်းမှ ကာကွယ်ရန် သိသာထင်ရှားသည်။

သင်္ဘောကုန်းပတ်အောက်တွင် ထိုင်ခုံနှစ်တန်း ရှိ၏။ ထိုင်ခုံများအောက်တွင် ခြေဖြင့်နင်းကာ လည်ပတ်ရသည့် နင်းခြေများ ရှိသည်။ သန်မာသော သင်္ဘောသားများသည် ၎င်းတို့အပေါ်တွင် ထိုင်ကာ၊ နင်းခြေကိုနင်းရန် သူတို့ ခြေထောက်ကို အသုံးပြုကြသည်။ သင်္ဘော၏တစ်ဖက် တစ်ချက်စီတွင် သံမဏိဘီးတပ် လှော်တက်များက လျင်မြန်စွာ လည်ပတ်ပြီး၊ လှေကို ရှေ့သို့ တွန်းပို့နိုင်သည်။ ၎င်းသည် သာမန်လှော်ခတ်ကာ မောင်းရသည့် လှေ သင်္ဘောများ၏ အရှိန်ထက် နှစ်ဆပိုမြန်သည်။

“လှေသင်္ဘောတစ်စင်းကို ထိန်းကျောင်းဖို့ သင်္ဘောသား အင်အား နှစ်ဆယ်လိုတယ်။ အခန်းရဲ့အခြားတစ်ဖက် မှာ၊ ရေချို၊ အစားအစာ၊ ဆေးဝါး၊ လက်နက်တွေ၊ လေးမြှားတွေ သိုလှောင်ဖို့ နေရာတစ်ခု ရှိတယ်။” ဟွာနွန်းယွီ နှင့်အတူ ဟုန်ယွိသည် လှေပေါ်တက်ပြီး၊ သူမက ဟုန်ယွိကို သင်္ဘောပေါ်ရှိ အရာအားလုံးကို တစ်ခုပြီးတစ်ခု မိတ်ဆက်ပေးတယ်။ "ဒီလှေက မယုံနိုင်လောက်အောင် ကြံ့ခိုင်တယ်။ ပင်လယ်ထဲမှာ သာမန် တော်ဝင်ချန် စစ်သင်္ဘောတွေနဲ့ ကြုံတွေ့ခဲ့ရင်, တစ်ချက်မှ ပစ်ခတ်စရာမလိုဘဲ၊ ဖြတ်တိုက်သွားရုံနဲ့ ချက်ချင်း ကွဲထွက်သွား လိမ့်မယ်။”

"လူရှစ်ရာပါတဲ့ သင်္ဘောကြီးဆိုရင်, ပိုပြီတော့တောင် ပြည့်စုံသေးတယ်။ ပင်လယ်ထဲမှာ လနဲ့ချီ, ဒါမှမဟုတ်, တစ်နှစ်ခွဲလောက် ရွက်လွှင့်နိုင်ပြီး၊ သင်္ဘောကြီးပေါ်မှာ ဟင်းသီးဟင်းရွက်တွေတောင် စိုက်လို့ရတယ်။ ဒီလှေ သင်္ဘောငယ်တွေက အဲဒီသင်္ဘောကြီးတွေကို ကာကွယ်ဖို့ အသုံးပြုကြတယ်။ တချို့အရာတွေ မပြည့်စုံသလို သိုလှောင်ဖို့နေရာလည်း အများကြီး မပါဘူး။ ဒီလှေသင်္ဘောငယ်တွေက ခရီးရှည်သွားချင်ရင်တော့ မလုံလောက် ဘူး။” ဟွာနွန်ယင်က လှေသင်္ဘောကိုယ်ထည်ကို ကြည့်ပြီး ပြုံးသည်။

"ငါတို့အနေနဲ့, ဒီလှေသင်္ဘောငါးစင်းကို ရွက်လွှင့်ချင်ရင်, အနည်းဆုံး သန်မာတဲ့ သင်္ဘောသား တစ်ရာ လိုမယ်ပေါ့။ ဟုန်ယွိက လှေသင်္ဘောကို ကိုင်ကြည့်လိုက်သည်။ ကုန်းပတ်ပေါ်တွင် ကြံ့ခိုင်သန်မာသော အမျိုးသားများ ရှိနေကြပြီး၊ အားလုံးက ရှေ့တည့်တည့်ကို ကြည့်နေကြသည်။ သူတို့အရေပြားတွေက ကြေးဝါရောင် သမ်းနေပြီး၊ ပေါက်ကွဲထွက်နိုင်သော စွမ်းအားများနှင့် ပြည့်နေ၏။ ထိုအချက်မှတဆင့် ထိုအဖွဲ့သားများသည် သာမန်လူတွေ မဟုတ်မှန်း သူ သိလိုက်သည်။

"အားထိုက်, မင်း သခင်လေးဟုန်ကို လင်ဟိုင်ပြည်နယ် ကျင်းဟိုင်ရေတပ်စခန်းကို ပို့ပြီးတာနဲ့ လှေပြန်ထွက်ပြီး ချက်ချင်း ပြန်လာခဲ့ပါ။ မကြာစေနဲ့။ ပြီးတော့ ဘယ်သူမှလည်း မမြင်တွေ့စေနဲ့။” ဟွာနွန်ယင်က လှေပေါ်ရှိ သင်္ဘောသား ကပ္ပတိန်ကို အမိန့်ပေးသည်။

"ဟုတ်ကဲ့ပါ သခင်မလေး။" အားထိုက်ဟုခေါ်သော ကပ္ပတိန်က ခေါင်းညိတ်လိုက်သည်။

“သခင်လေးဟုန်, ကျေးဇူးပြုပြီး, ကျွန်မတို့ တစ်နှစ်အတွင်း ပြန်ဆုံကြမယ်။ အဲဒီအခါမှာ သခင်လေးအနေနဲ့, ကျွန်မတို့ရဲ့ သဘောတူညီချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ မျှော်လင့်ပါတယ်။" ဟွာနွန်ယင်က ပြောလိုက်သည်။ ဟွာနွန်းယွီသည် ဟုန်ယွိကို လေးလေးနက်နက် ကြည့်ပြီးနောက် ကမ်းပေါ်သို့ ပြန်တက်လာခဲ့သည်။

"ရွက်လွှင့်ကြရအောင်။"

ဟုန်ယွိက အမိန့်ပေးပြီး မုကလေးနှင့်အတူ ကုန်းပတ်ပေါ်ကို ပြန်လာခဲ့သည်။ ကုန်းပတ်ပေါ်တွင် လူနှစ်ဆယ် ထိုင်နိုင်သည့် ပိုမြင့်သော အခန်းတစ်ခု ရှိသည်။ လူတွေအတွက် သီးသန့်အခန်းတစ်ခုလိုပင်။ ကုတင်၊ စောင်နှင့် လက်ဖက်ရည်စားပွဲတို့ပါ ရှိနေခဲ့သည်။ သို့သော် အလှဆင်ခြင်းမျိုးမရှိသောကြောင့် ပုံစံက ရိုးရှင်းသည်။

အမိန့်ပေးပြီးနောက် ဖလိုင်းဝှီးတပ်သံချပ်ကာ လှေသင်္ဘောငါးစင်းသည် မြှားများကဲ့သို့ ရေစီးသံနှင့်အတူ ထိုက်ချန်ရေကန်၏ ရေနက်ပိုင်းဆီသို့ ရွက်လွှင့်သွားကြပါသည်။

ထိုအချိန်တွင်၊ ဝူယွမ်ခရိုင် အစိုးရစံအိမ်ကြီးထက် ဆယ်ဆပိုကြီးပြီး ပိုခမ်းနားသည့် ရွှေ့ယန်စံအိမ်၏ နောက်ဖေးရှိ လေ့ကျင့်ရေးကွင်းတွင် အမျိုးသားတစ်ဦးသည် သူ၏လက်သီးပညာရပ်ကို လေ့ကျင့်နေပါသည်။ သူသည် ရွှေရောင်မြှားပုံစံ ဝတ်စုံလက်မောင်းတွင်နှင့် အဖြူရောင်၀တ်စုံကို ဝတ်ဆင်ထားပြီး ခါးပတ်နေရာတွင် ခရမ်းရောင် ရွှေခါးပတ်ကို ဝတ်ဆင်ထားသည်။ သူ့တွင် အသားရေစိုပြေသော မျက်နှာနှင့် အပေါ်နှုတ်ခမ်းပေါ် တွင် နှုတ်ခမ်းရှိနေသည်။ သူ့အရပ်က ရှစ်ပေမြင့်ပြီး သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းက အချိုးအစားကျပါသည်။

ထိုလူ၏ လက်သီးစွမ်းရည်က အလွန်ထက်မြက်သည်။ သူ လှုပ်ရှားနေသည့် အချိန်တိုင်း, ရေပြင်ကိုဖြတ်ကာ ပျံသန်းနေသော ပျံလွှားတစ်ကောင်ကဲ့သို့ လျင်မြန်သည်။

သို့သော်, သူ့လက်သီးပညာရပ်၏ စွမ်းအားက တုနှိုင်းမရလောက်အောင် ခိုင်မာပြီး ပြင်းထန်ပါသည်။ သူ ထိုးထုတ်လိုက်သည့်အခါတိုင်း စူးရှသော လေတိုးသံတစ်ချက် ထွက်ပေါ်လာသည်။ သူသည် လက်သီးချက် ရာဂဏန်းလောက် ထိုးပြီးနောက်၊ ခြေလှမ်းသုံးထောင် ပတ်ပတ်လည်ရှိသော လေ့ကျင့်ရေးကွင်း တစ်ခုလုံးသည် လေထဲတွင် စူးရှသော လေတိုးသံများဖြင့် ပြည့်နှက်နေသည်။

“မေရုတောင်ဘီး”။ (Sumeru သည် ဟိန္ဒူနှင့် ဗုဒ္ဓဘာသာ စကြာဝဠာဗေဒတို့တွင် မြင့်မြတ်သော၊ ဒဏ္ဍာရီလာပါ ရှိသော Meru တောင်သည် စကြဝဠာ၏ဝင်ရိုး သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာနှင့် နာမ်လောကအားလုံး၏ ဗဟိုချက် ဖြစ်သည်။)

သူသည် လှုပ်ရှားနေစဉ်တွင် အသံတိုးတိုးဖြင့် ဟစ်အော်လိုက်ပါသည်။ သူ့ခန္ဓာကိုယ်က လှုပ်ခါပြီး ခြေလှမ်း နှစ်ဆယ်အကွာအဝေးကို တခဏအတွင်း လွှမ်းခြုံသွားခဲ့သည်။ ထို့နောက် လက်သီးဖြင့် ထိုးထုတ်လိုက်ပါသည်။

ဘုန်း…။

လက်သီးချက်က ကိုယ်ခံပညာလေ့ကျင့်ရေးကွင်း ဘေးတွင် ရှိနေသည့် လူတစ်ယောက်ခါးလောက်ထူထပ်သော သစ်သားတိုင်ကြီးကို ထိမှန်သွားပါသည်။ ၎င်းသည် ဖောက်ခွဲရေးပစ္စည်း ထိမှန်သွားအလား ပေါက်ကွဲသွားကာ၊ ချက်ချင်းပင် လေထဲ၌ သစ်သားစများ လွင့်ပျံသွားပါသည်။

သို့တိုင်, သူက ရပ်တန့်ခြင်း မရှိပါဘူး။ သူက နောက်ထပ် အကြိမ် အနည်းငယ် လက်သီးချက်များကို ထိုးထုတ်လိုက်ပြီး၊ ထူထဲသည့် သစ်သားတိုင်များသည် တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားပါသည်။

"ဗာဂျရာဘီး…!"

ထို့နောက် သူက နောက်တဖန် ထပ်အော်ပြန်သည်။ သူသည် လေ့ကျင့်ရေးကွင်းအတွင်းမှာ ကြီးမားသော ခြေသုံးချောင်းထောက်ရှိ သံမဏိနံ့သာတိုင်အိုးကြီးကို ကန်ထုတ်လိုက်ရာ၊ ၎င်းသည် ပုစဉ်းတစ်ကောင်ကဲ့သို့ မြေပြင်ပေါ်မှာ လှည်ပတ်သွားခဲ့သည်။ ထို့နောက် ထပ်မံ ကန်ထုတ်လိုက်ရာ ကီလိုဂရမ်နှစ်ရာခန့်လေးသော သံမဏိနံ့သာတိုင်အိုးကြီးသည် ရော်ဘာဘောလုံးကဲ့သို့ လွင့်ပျံသွားလေသည်။

သံမဏိနံ့သာတိုင်အိုးကြီးကို လေထဲသို့ ကန်ထုတ်လိုက်ချိန်မှာ, ၎င်းသည် ပြုတ်ကျလုနီး ဖြစ်လာပုံရပါသည်။ သို့သော်, သူက ချက်ချင်း လက်တစ်ဖက်ဖြင့် ဖမ်းကာ မြေပြင်ပေါ်တွင် ညင်သာစွာ ချထားလိုက်သည်။ မြေပြင် က လှုပ်ခါခြင်းပင် မရှိပါဘူး။

ထိုအရာအားလုံးကို ပြုလုပ်ပြီးနောက် သူသည် မောပန်းနွမ်းနယ်ခြင်းပင် မရှိခဲ့ပါဘူး။ သူ့မျက်လုံးတွေက အလင်းရောင်ဖြင့် တဖျပ်ဖျပ် တောက်ပနေပြီး ကန်ရေပြင်ကဲ့သို့ ငြိမ်သက်နေပါသည်။ ထိုအနေထားက သူသည် မည်မျှ လိမ္မာပါးနပ်ပြီး၊ မည်မျှ အန္တရာယ်ကြီးလဲဆိုသည်ကို ပြသနေပါသည်။

"ကောင်းလိုက်တာ၊ ကောင်းလိုက်တာ၊ ကောင်းလိုက်တာ၊ ကောင်းလိုက်တာ၊ သခင်ခမ်းရဲ့ လက်သီးပညာက မဟာဆရာသခင်အဆင့်တောင် ရောက်နေပြီပဲ။ နတ်ဘုရားစက်ယန္တရားတပ်ရင်းရဲ့ စစ်သူကြီးဖြစ်တဲ့ သခင်လေး ရှီတောင် လေ့ကျင့်မှုအရဆို သခင်ခမ်းထက် ပိုနှေးတယ်လို့ ကျွန်မ ထင်တယ်။"

သူ ရပ်လိုက်စဉ်တွင် အစိမ်းရောင် ပိုးထည်ဝတ်စုံနှင့် သူမခါးတွင် ကျောက်စိမ်းခါးပတ်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် လေ့ကျင့်ရေးကွင်းဆီသို့ လျှောက်လာခဲ့သည်။ သူမသည် ကျောက်ဖေးရုန်နှင့် ခပ်ဆင်ဆင် တူသည်။

"တကယ်လို့ ငါသာ မက်မွန်နတ်ဘုရားဂိုဏ်းရဲ့ လျှို့ဝှက်ကျမ်းနဲ့ ယင်ယန်ကျမ်းရဲ့ အသက်ရှုနည်းစနစ်ကို ယင်ယန်သဟဇာတဖြစ်ခြင်းနယ်ပယ်ထဲ ဝင်ရောက်အောင် မလေ့ကျင့်နိုင်ခဲ့ဘူးဆိုရင် ငါ့ရဲ့ စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို မြန်မြန်ဆန်ဆန် ပေါင်းစပ်ပြီး မဟာဆရာသခင်နယ်ပယ်ထဲ ဝင်ရောက်နိုင်မှာ မဟုတ်ဘူး။"

ဤလူငယ်သည် ဟုန်ယွိ၏ ဖအေတူ မအေကွဲ အစ်ကိုဖြစ်သူ, မဒမ်ကျောက်၏ ဒုတိယသား၊ ရွှေ့ယန်ပြည်နယ် စစ်ဆေးရေးမှူး ဟုန်ခမ်းမှ လွဲ၍ အခြားသူ မဟုတ်ပေ။ သူသည် အသက်ဆယ့်ငါးနှစ်တွင် စစ်သင်တန်းတက်ရန် စေလွှတ်ခံရသည်။ ငါးနှစ်ကြာပြီးနောက် အသက်နှစ်ဆယ်တွင် ဗိုလ်ချုပ်တစ်ဦး ဖြစ်လာခဲ့သည်။ နောက်ထပ် ငါးနှစ်ကြာပြီးနောက်၊ သူသည် အသက်နှစ်ဆယ့်ငါးနှစ်တွင် စစ်ဝန်ကြီးဌာန၏ လက်ထောက်ဝန်ကြီး ဖြစ်လာခဲ့ ပြီး၊ အသက်နှစ်ဆယ့်ခြောက်နှစ်တွင် ရွှေ့ယန်ပြည်နယ် စစ်ဆေးရေးမှူးချုပ် ဖြစ်လာခဲ့သည်။ သူသည် ငယ်ရွယ်သေးသော်လည်း အုပ်ချုပ်ရေးပိုင်းတွင် ဆယ်နှစ်ကျော် အတွေ့အကြုံရှိခဲ့ပါသည်။ အခုတော့ သူသည် ဒေသတစ်ခု၏ အဆင့်မြင့် အရာရှိတစ်ဦး ဖြစ်နေပါပြီ။

သို့သော်လည်း ၎င်းသည် သူ၏ ထင်ရှားကျော်ကြားသော မိသားစုနောက်ခံနှင့် တောင်ပိုင်းရှိ ကျောက်မိသားစု၏ နက်ရှိုင်းသော သြဇာလွှမ်းမိုးမှုကြောင့်လည်း ဖြစ်ပါသည်။

ဟုန်ခမ်းက တိတ်တဆိတ် မတ်တပ်ရပ်လိုက်သည်။ သူသည် ငယ်ရွယ်သော်လည်း သူ့နှုတ်ခမ်းအထက် မုတ်ဆိတ်များက သူ့ကို ပို၍ သိက္ခာရှိစေသည်။ သူ့ပုံစံက အသက်သုံးဆယ်ကျော်အရွယ် အရည်အချင်း ပြည့်ဝ ပြီး၊ လိမ္မာပါးနပ်သော အရာရှိတစ်ဦးနှင့်တူပြီး၊ ၎င်းသည် သူ၏ရင့်ကျက်ပြီး ထက်မြက်သော စိတ်ထားကိုလည်း တိုးမြှင့်ပေးသည်။

သူသည် ဟုန်ရှီထက် အသက်ပိုကြီးပုံရသော်လည်း ဤရွှေ့ယန်ပြည်နယ် အုပ်ချုပ်ရေးမှူးသည် အကယ်၍, သူ့မုတ်ဆိတ်မွေးတွေကို ရိတ်လိုက်မည်ဆိုလျှင်, သူ့ထက် ဆယ်နှစ်လောက် ပိုငယ်လိမ့်မည်ဆိုသည်ကို ပိုင်းခြား သိမြင်သည့် မျက်လုံးရှိသူတိုင်း မြင်နိုင်ပါသည်။

"ဖေးရန်, မင်း တိကျတဲ့ သတင်းတစ်ခုခုကို ရပြီလား။ ဘာဖြစ်တာလဲ.." ဟုန်ခမ်းက အမျိုးသမီးကို ကြည့်ပြီး၊ သူ့လက်နှစ်ဖက်ကို နောက်ကျောပစ်ကာ၊ တစ်ချက်လေးတောင် မလှုပ်ပါဘူး။

"တိကျတဲ့ သတင်းပါ။ ဖေးရုန်က အသတ်ခံရပြီ။ ဒါပေမယ့် သူမခန္ဓာကိုယ်က ပြိုကွဲသွားပြီလား။ ဒါ့အပြင်, သူမရဲ့ စိတ်ဝိညာဉ်က ပျက်ဆီးသွားပြီးလားဆိုတာ ကျွန်မ မသိသေးပါဘူး။ ဒါပေမယ့် မင်းညီငယ် ဟုန်ယွိဟာ အဲဒီ နေ့က ဝူယွန်ခရိုင်မှာ ရှိနေခဲ့တာကို ကျွန်မ သိခဲ့ရပြီး၊ သူက တိမ်ဖြူစံအိမ်ကို တိုက်ခိုက်ရာမှာလည်း ပါဝင်ခဲ့ တယ်။ သူ ဒီနေ့ ရွှေ့ယန်ပြည်နယ်မှာ ရှိသင့်တယ်လို့ ကျွန်မ ခန့်မှန်းထားတယ်။”

"ဟုန်ယွိလား.. သူသည် သေးငယ်သော ဇာတ်ကောင်တစ်ယောက် ဖြစ်ပြီး လှိုင်းလုံးကြီးတွေကို မဖန်တီးနိုင်ပါ ဘူး။ ဖေးရုန်ရဲ့ ကိုယ်ခံပညာက အလွန်အစွမ်းထက်တယ်။ ငါတောင် သူမပြိုင်ဘက် မဟုတ်ဘူး။ သူမအတွက် ဟုန်ယွိကို သတ်ဖြတ်ဖို့ဆိုတာ ပုရွက်ဆိတ်ကို သတ်သလို အလွန်လွယ်ကူပါတယ်။ ဒီတစ်ကြိမ် ဒီအဖြစ်ပျက်ကြီး က နောက်ကွယ်မှာ တိုင်ရှန်တာအိုဂိုဏ်းက တစ်ယောက်ယောက် လုပ်ဆောင်နေတာ ဖြစ်ရမယ်။ အဖေက ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားချင်ပေမယ့် အိမ်ရှေ့စံမင်းသားက ခွင့်မပြုခဲ့ဘူး။ ဒါပေမယ့်၊ ဟုန်ယွိက သူ့အစ်ကို ရှိတဲ့ ရွှေ့ယန်ကို ရောက်ရှိလာတယ်ဆိုတော့, သူ့အစ်ကိုတစ်ယောက်အနေနဲ့ ငါက သူ့ကို ကောင်းကောင်း ဖျော်ဖြေပေးရမှာပေါ့။" ဟုန်ခမ်းက သူ့လက်ကို ဝှေ့ယမ်းပြီး အော်ခေါ်လိုက်ပါသည်။ "အစောင့်တွေ”။

ဘန်း…။

စည်းစနစ်ကျသည့် ခြေလှမ်းသံတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာပြီးနောက်၊ ခါးတွင် ဓားရှည်များ ချိတ်ဆွဲထားသည့် သံချပ်ကာဝတ် အစောင့်တစ်စုသည် ကိုယ်ခံပညာလေ့ကျင့်ရေးကွင်းထဲသို့ ဝင်ရောက်လာကြ သည်။

"မင်းတို့ သံမဏိသိမ်းငှက်အစောင့်တွေက အောက်က မြို့တွေ မြို့နယ်တွေကို စုံစမ်းဖို့ အမိန့်ထုတ်လိုက်ပါ။ ဟုန်ယွိရဲ့ သတင်းကြားတာနဲ့ သူ့ကို ငါ့ကိုတွေ့ဖို့ ချက်ခြင်း ဖိတ်ခေါ်လာခဲ့။"

"ဟုတ်ကဲ့ပါ…"

သံချပ်ကာဝတ်စုံသံများ ကြားရပြီးနောက်, ထိုလူများသည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

ဟုန်ခမ်းသည် ထိုလူတွေကို စုံစမ်းခိုင်းနေချိန်မှာ ဟုန်ယွိသည် ရေလမ်းကြောင်းမှ ဖြတ်၍ ရွှေ့ယန်ပြည်နယ်ကို ဖြတ်ကျော်သွားခဲ့ပါပြီ။ ဒုတိယနေ့နံနက်တွင် သံချပ်ကာတပ် လှေသင်္ဘောငါးစင်းသည် ကျင်းဟိုင်ရေတပ် ပင်မစခန်း အပြင်ဘက်ရှိ လင်းဟိုင်ပြည်နယ်ပင်လယ်သို့ ရောက်ရှိလာခဲ့သည်။

အခန်း (၁၂၁)။

ပင်လယ်ပြင်သည် မြူခိုးများဖြင့် ထူထပ်စွာ လွှမ်းခြုံနေပါသည်။ ခြေဆယ်လှမ်းအတွင်း မှုန်ဝါးဝါး အရိပ်ယောင်မျှ သာ မြင်နိုင်ကြ၏။ မြူခိုးများကြားတွင် ပင်လယ်၏ ထူးခြားသော ဆားငန်အနံ့ကို ခံစားနိုင်ပါသည်။

ဟုန်ယွိသည် သင်္ဘောကုန်းပတ်ပေါ်တွင် ရပ်နေပြီး၊ ချီဇီယန်တစ်ယောက် သင်္ဘောလေးကိုင်းပေါ်တွင် ထိုင်ကာ ချီလေ့ကျင့်ခန်း လေ့ကျင့်နေသည်ကို စောင့်ကြည့်နေပါသည်။

ချီဇီယန် အသက်ရှုသွင်းလိုက်တိုင်း သူ့ဝမ်းဗိုက်က ဖောင်းကာလာကာ၊ တဂွိဂွိအသံများ မြည်ဟီးလာပါသည်။ ထို့နောက် အသက်ရူချိန် ၃ ကြိမ်စာလောက် ထိန်းထားပြီးမှ ရှူထုတ်လိုက်ပါသည်။ လက်ရှိ လေစီးကြောင်းက ချွန်ထက်သော ဓားတစ်လက်ကဲ့သို့ ဖြစ်နေပြီး၊ ထူထဲသော မြူခိုးများမှတဆင့် ချက်ချင်း ထိုးဖောက် ဝင်ရောက် ကာ ရှည်လျားပြီး ပွင့်လင်းမြင်သာသော အမှတ်အသားတစ်ခုကို ချန်ထားရစ်ခဲ့ပါသည်။

"သူ့ရဲ့ကိုယ်ခံပညာက မကြာသေးခင်ကမှ တော်တော်ကို တိုးတက်လာခဲ့တယ်။ သူ့စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို ဘယ်အချိန်မှာ ပေါင်းစည်းနိုင်မလဲဆိုတာ ငါ သိချင်မိသား။ ရှန်တန်သိုင်းသခင်နယ်ပယ်ရဲ့ အထွတ်အထိပ်အထိ ဝင်ရောက်နိုင်မလား။ နောက်ဆုံး, သူက မဟာဆရာသခင်နယ်ပယ်ထဲ ဝင်ရောက်သွားနိုင်တယ်။ ကံမကောင်း စွာပဲ, ငါက ကိုယ်ခံပညာကို တစ်နှစ်ကျော်လောက်ပဲ လေ့ကျင့်ခဲ့ရတာ သနားစရာ။ ငါရော နောက်နှစ်မှာ ရှန်တန် သိုင်းသခင်နယ်ပယ်ထဲ ရောက်နိုင်ပါ့မလား…။”

ဟုန်ယွိက ချီဇီယန် လေ့ကျင့်နေသည်ကို ကြည့်ပြီး သူ့ကိုယ်သူ တွေးနေခဲ့ပါသည်။

ထိုအချိန်တွင် မုကလေးသည် ငါးဟင်းရည် ပန်းကန်လုံးနှင့် ထွက်လာသည်။ မွှေးရနံ့က သူ့နှာခေါင်းထဲကို စိမ့်ဝင်သွား၏။ ရွှေပင့်ကူက သူမနောက်မှ လိုက်ပါလာခဲ့သည်။ သူမ၏ ရွှေရောင် အသားအရည်က တွန့်သွားပြီး၊ ပျင်းရိငြီးငွေ့စွာ သမ်းဝေသည်။

"အစ်ကို ယွိ, ငါးဟင်းစားပါဦး။ ဒီမနက် ပင်လယ်ထဲက ကျွန်မ ဖမ်းထားတဲ့ ငွေရောင်ပန်းငါးတွေ။ အသားက နူးညံ့ပြီး မွှေးနေတာပဲ။ ပင်လယ်ကြီးက အရမ်းပျော်စရာကောင်းတယ်။ မြူတွေ ပျောက်ကွယ်သွားရင် ဘယ်လို ဖြစ်မလဲလို့ ကျွန်မ တွေးနေမိတယ်။ ကျွန်မ ပင်လယ်ကို တစ်ခါမှ မမြင်ဖူးဘူး။”

မုကလေးက ငါးဟင်းချိုကို ဟုန်ယွိကို ပေးသည်။ ထို့နောက် သူမသည် မြူခိုးများကို လက်ထဲတွင် ဆုပ်ကိုင် ထားလိုသည့်အလား စိတ်လှုပ်ရှားစွာ လက်ဖြင့် မြူခိုးများကို ထိလိုက်ပါသည်။

"မုကလေး, မင်း ဘာလို့ ဟင်းချက်နေတာလဲ။ မင်းကို ပြုစုဖို့ ငွေလအစောင့်ရှစ်ဖော် မရှိဘူးလား။ ဟုန်ယွိက ငါးဟင်းရည်ကို ယူပြီး တစ်လုတ်သောက် လိုက်သည်။ အမှန်လည်း, ငါက လန်းဆန်းပြီး နူးညံ့သည်။ သူ့ဗိုက်က ပူနွေးသလို ခံစားလိုက်ရပြီး၊ သူ့ပါးစပ်ထဲမှာ ငါးမွှေးရနံ့တွေ စွဲထင်နေ၏။

"ကျွန်မက အပြုစုခံရတာ အလေ့ကျင့်မရှိဘူး။ မုကလေးက မြူခိုးများကို ဖမ်းဆုပ်ရန် လက်ကို ဝှေ့ယမ်းလိုက်၏။ ထို့နောက် ပင်လယ်မြူ၏ အေးမြမှုကို ခံစားနိုင်ရန် နှာခေါင်းဖြင့် အသက်ရှူသွင်းလိုက်ပါသည်။

"အသားမကျတာ ဘာများရှိလို့လဲ။ ရိုရန်နန်းတော်မှာဆို ငါ့ကို နေ့စဉ်နေ့တိုင်း ရာနဲ့ချီတဲ့ အစေခံတွေ ပြုစုကြ တယ်။ ငါလုပ်ချင်တာမှန်သမျှ သူတို့ လုပ်ပေးကြတယ်။ မင်း အသားမကျရင် ငါ့ကို ပြုစုခိုင်းလိုက်ပါ။ မြန်မြန်, နို့လက်ဖက်ရည် ယူလာခဲ့တော့၊ ငါ ရေချိုးတော့မယ်” နောက်မှ ရွှေပင့်ကူက အသံကျယ်ကျယ်ဖြင့် ပြောသည်။

"ဟမ့်။" မုကလေးက ရွှေပင့်ကူကို ကြည့်ကာ အေးစက်စွာ နှာခေါင်းရှုံ့သည်။

"မုကလေး" ဟုန်ယွိက ခေါ်ပြီး "ဒီနေ့စပြီး, ဒီငွေလအစောင့်ရှစ်ဖော်ဟာ မင်းရဲ့ အစေခံတွေ, မင်းရဲ့ ယုံကြည်ရတဲ့ လူယုံတွေ ဖြစ်လာကြလိမ့်မယ်။ မင်းက သူမတို့ကို ကိုယ်ခံပညာ လေ့ကျင့်ဖို့ မကြာခဏ ခေါ်ရမယ်။ စည်းမျဉ်း အရ သူမတို့ကို လစဉ် ငွေကြေးပေးရမယ်။ မင်းကလည်း သူမတို့ စိတ်နှလုံးကို အနိုင်ယူနိုင်ရမယ်။"

ဘန်း.. ဘန်း…။

သင်္ဘောကုန်းပတ် ကြမ်းပြင်အောက် အခန်းတွင်းမှ အသံများ ထွက်ပေါ်လာသည်။ ရောက်ရှိလာသူက ငွေလ အစောင့်ရှစ်ဖော်ထဲမှ ငွေလ ဖြစ်သည်။ သူမ အပေါ်ရောက်သည်နှင့် ဟုန်ယွိကို မော့ကြည့်ပြီးနောက် ခေါင်းငုံ့ကာ ပြေသည် "သခင်လေး၊ ပစိဖိတ်ရေတပ်ရဲ့ ရေတပ်ပင်မစခန်းက ရှေ့လီသုံးဆယ်လောက်ဆို ရောက်မယ်လို့ ခန့်မှန်းရပါတယ်။ ပတ်ပတ်လည်တွင် ကင်းလှည့်သင်္ဘောတွေ ရှိနေပြီး၊ နေထွက်ပြီး နှစ်နာရီအကြာလောက်ဆို မြူတွေလည်း ပျောက်ကွယ်သွားဖွယ်ရှိတယ်။ တကယ်လို့, ကျွန်မတို့အနေနဲ့ အခုချိန်မှာ ပစိဖိတ်ရေတပ်ထဲ အလောတကြီး ဝင်သွားမယ်ဆိုရင်၊ ကျွန်မတို့ကို ဘယ်သူမှ အလွယ်တကူ မမြင်နိုင်တဲ့အတွက် နားလည်မူ လွဲမှားစရာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ကျွန်မတို့ ရှေ့ဆက်သင့်လား..။"

"ရှေ့ဆက်ဖို့ မလိုဘူး။ ဆိုက်ကပ်ဖို့ နေရာကောင်းတစ်ခု ရှာလိုက်ပါ။" ချီဇီယန်တစ်ယောက် ဖြည်းညင်းစွာ အသက်ရှူထုတ်ပြီး၊ သူ၏ချီလေ့ကျင့်မူကို အဆုံးသတ်ပြီးနောက် မတ်တပ်ထလိုက်သည်ကို မြင်လိုက်ရသော အခါ ဟုန်ယွိ၏ မျက်လုံးများက တောက်ပလာသည်။ ထို့နောက် သူက ချက်ချင်း အမိန့်ပေးလိုက်သည် “ချီဇီယန်, အနက်ရောင် သိမ်းငှက်ညီအကို သုံးယောက်နဲ့ တိမ်ဖြူ အကြီးအကဲ ငါးယောက်ကို သင်္ဘောတွေ စောင့်ခိုင်းလိုက် ပါ။ မုကလေး, ထိုက်ဇူ မင်းတို့နှစ်ယောက်က ငွေလအစောင့်ရှစ်ဖော်ကို ခေါ်ပြီး၊ လင်းဟိုင်မြို့ကို သွား။ မြို့ထဲမှာ, နေထိုင်ဖို့အတွက် ခြံဝင်းတစ်ခုဝယ်ဖို့ ငွေအနည်းငယ် အသုံးပြုလိုက်။ ပြီးရင် ရွှေငွေအိတ်တွေကို သိမ်းဆည်း ထားပါ။ အားလုံးစီစဉ်ပြီးတာနဲ့ ငါက ငါ့ရဲ့ကိုယ်ရံတော် ငါးယောက်ကို ခေါ်ပြီး၊ ပစိတ်ဖိတ်ရေတပ်ကို တိုက်ရိုက် သတင်းပို့မယ်။"

"ငါ သိပါပြီ။" ချီဇီယန်သည် ဟုန်ယွိက သူ့အင်အားကို အခြားသူများအား မမြင်စေလိုကြောင်း သူ့စိတ်ထဲမှာ သိလိုက်ပြီး၊ ခေါင်းညိတ်ပြပါသည်။

ဟုန်ယွိ၏ လက်ရှိ အင်အားသည် အသေးဖွဲ့ မဟုတ်ပေ။

သံမဏိကိုယ်ထည် သံချပ်ကာတပ် လှေသင်္ဘောငါးစင်းဖြင့် ပင်လယ်ပြင်ကို အတားအဆီးမရှိ သွားလာနိုင်သည်။ ၎င်းတို့ထဲတွင် ရှန်တန်သိုင်းသခင်ဖြစ်သည့် ချီဇီယန် ရှန်ထိုက်ဇူနှင့် မုကလေးတို့လည်း ပါဝင်သည်။ သိုင်းသခင် အဆင့် ကျွမ်းကျင်သူများလည်း ရှိနေသေးသည်။ တိမ်ဖြူအကြီးအကဲငါးဦးသည် ပို၍ပင် အစွမ်းထက်သည့် ထိပ်တန်း သိုင်းသခင်များ ဖြစ်ကြပါသည်။ ထို့အပြင်, ရွှေပင့်ကူ, ငွေလအစောင့်ရှစ်ဖော် အနက်ရောင်သိမ်းငှက် ညီအကိုသုံးယောက် မတ်စတက်ဖ်ခွေးဘုရင်နှစ်ကောင်နှင့် အငြိမ်းစားကိုယ်ရံတော် အစောင့်ငါးယောက်‌လည်း ရှိနေသေး၏။ သူတို့အထဲတွင် မည်သူမျှ အားနည်းသူများ မဟုတ်ကြပေ။

ငွေဒင်္ဂါးတစ်သိန်းကျော်၊ မှော်ဆေးဝါးတွေ၊ အဖိုးတန်မြင်းတွေ၊ လေးမြှားတွေ၊ အဖိုးတန်ဓားတွေ၊ အခြား လက်နက်တွေနှင့် ချပ်ဝတ်များလည်း ပါ၀င်သည်။

ဤအင်အားနှင့် အရင်းအမြစ်များသည် ကျွမ်းကျင်ပညာရှင်များကို စစ်တပ်သို့ခေါ်ဆောင်လာသော မှူးမတ်များ နှင့် မင်းမျိုးမင်းနွယ် တပည့်များအောက် မနိမ့်ကျပေ။

"သင်္ဘောကို ဆိုက်ကပ်လိုက်ပါ။"

အမိန့်ပေးသောအခါ သင်္ဘောသည် ဖြည်းညှင်းစွာ လှည့်လာသည်။ မထင်မှတ်ပဲ၊ သင်္ဘောက မြူခိုးများအတွင်း မှာ, ဦးတည်ရာအရပ်ကို တိကျစွာ ဆုံးဖြတ်နိုင်ခဲ့ပြီး ကမ်းစပ်ဆီသို့ ရွက်လွှင့်သွားခဲ့သည်။

"နှမြောစရာကောင်းလိုက်တာ၊ ဒီသင်္ဘောသားတွေအားလုံးက သင်္ဘောကို ထိန်းကျောင်းရာမှာ တကယ်ကို ကျွမ်းကျင်သူတွေပဲ။ စောစောကသာ ငါ ကြိုသိခဲ့ရင်၊ ဟွာနွန်ယင်နဲ့ ဟွာနွန်းယွီတို့ကနေ သူတို့ကို ဒီမှာဆက်ထား ဖို့ ငါ တောင်းဆိုမိမှာ" ဟုန်ယွိသည် လှည့်ပတ်နေစဉ် သင်္ဘော၏ တည်ငြိမ်မှုကို ခံစားနိုင်ပြီး၊ ယင်းက သင်္ဘောသားများ၏ လက်ရာမြောက် ကျွမ်းကျင်မှုကို ပြသနေသည်။ သူ့စိတ်ထဲတွင်, သူသည် တွက်ချက်မှု အနည်းငယ် လွဲသွားသည်ဟု ခံစားမိသည်။

သံမဏိကိုယ်ထည် သံချပ်ကာတပ် လှေသင်္ဘောပျံငါးစင်း၊ တစ်စီးချင်းစီသည် ပျံသန်းနေသကဲ့သို့ ချီတက်နိုင်ရန် ကြံ့ခိုင်သန်မာသော လူနှစ်ဆယ် လိုအပ်၏။ တစ်ချိန်တည်းမှာပင် အတွေ့အကြုံရှိ ပဲ့ကိုင်တစ်ဦးစီလည်း လိုအပ်ပါသည်။

အခု ဤလူအုပ်ကြီးသည် ကမ်းကပ်ပြီးသွားသည်နှင့် ပြန်သွားရတော့မည်။ သူသည် အနာဂတ်တွင် သင်္ဘောများကို ရွက်လွှင့်နိုင်ရန် လူသစ်ရှာရပေမည်။

"ဒါပေမယ့်, ဒီအတွက် ကောင်းကျိုးရော ဆိုးကျိုးတွေပါ ရှိပါတယ်လေ။ ဒီလူတွေကို ငါ ထိန်းထားခဲ့ရင်, သူတို့ အတွက် အစားအသောက်နဲ့ တည်းခိုဖို့ စီစဉ်ပေးရလိမ့်မယ်။ လူတွေအများကြီးဆိုတော့ စကားပြောရတာလည်း အဆင်မပြေဘူး။ ကုန်ကျစရိတ်လည်း များမယ်။"

ကြံ့ခိုင်သန်မာသော သင်္ဘောသား တစ်ရာကျော်, သူတို့၏ နေ့စဉ် အစားသောက်ကိစ္စနှင့်၊ လစာများကလည်း ကြီးမားသော ကုန်ကျစရိတ်များ ဖြစ်သည်။ ဟုန်ယွိအနေဖြင့် အခုချိန်မှာ သူတို့ကို ထောက်ပံ့ပေးမည်ဆိုလျှင်, တစ်နှစ်ကျော် ထောက်ပံ့နိုင်ဖို့တောင် သူ့အတွက် ခက်ခဲပါလိမ့်မည်။

ထိုသင်္ဘောသားတွေ၏ လစာက မနည်းပါဘူး။ ယောင်ချီဂိုဏ်းက သူတို့ကို တစ်လလျှင် အနည်းဆုံး ငွေဒင်္ဂါး နှစ်ဆယ်ပေးရကြောင်း ဟုန်ယွိ သိထားပါသည်။ ပဲ့ထိန်းများဆို တစ်လလျှင် ငွေဒင်္ဂါးငါးဆယ်တောင် ပေးရသည်။

လူတစ်ရာအတွက် တစ်လလျှင် ငွေဒင်္ဂါးနှစ်ထောင်မှ သုံးထောင်အထိ ပေးရသည်။ သူတို့အတွက် နေစရာ အိမ်တွေ, ချက်ပြုတ်စားသောက်ဖို့ စသည်တို့ကိုလည်း စီစဉ်ပေးရမည်။ ကုန်ကျစရိတ်တွေက အရမ်းကို များလွန်းပါသည်။

သင်္ဘောက ကမ်းခြေကို ဆိုက်ရောက်ခါနီးနေပြီ။ ဟုန်ယွိသည် ငါးမန်းသတ်ဓားကို ကိုင်ကာ၊ အပြင်ဘက်တွင် အဖြူရောင်နွားသိုးချပ်ဝတ်နှင့် အတွင်းဘက်မှာတော့ ငွေငါးမန်းချပ်ဝတ်ကို ဝတ်ဆင်ထားပြီး၊ လျှပ်စီးဖမ်းမြင်း ကိုစီးကာ၊ သံမဏိသစ်သားမဟူရာအရိုးလေး မြှားကျည်တောက်နှင့် နတ်ဆိုးသတ် ယင်ယန်မက်မွန် နတ်ဘုရား ဓားတို့ကို မြင်းကျောပေါ်တွင် ဝှက်ထားသည်။ လက်နက် အပြည့်အစုံဖြင့် သူသည် သက်တော်စောင့်ငါးဦးကို ခေါ်ဆောင်ကာ ပစိတ်ဖိတ်ရေတပ်၏ ပင်မစခန်းသို့ ဦးတည်သွားခဲ့သည်။

သက်တော်စောင့် ငါးဦးသည် အဖြူရောင်နွားသိုးချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ပျံသန်းနေသောကျိုင်းကောင် ဒူးလေးများနှင့် ငွေရောင်သံမဏိဓားများကို ကိုင်ဆောင်ထားကြသည်။ သူတို့သည် အဝါရောင်ကော့ထ်စ် ရတနာ မြင်းပျိုများကို စီးကြသည်။ သူတို့သည်လည်း လက်နက်ကိုင်ဆောင်ထားကြပြီး၊ အစွမ်းထက်လှသည်။

မြင်းခြောက်ကောင်သည် တစ်နာရီခန့်ကြာအောင် ဒိုင်းစိုင်းပြေးကြသည်။ နေထွက်လာပြီးနောက် မြူများလည်း လွင့်ပျယ်စပြုလာပြီ။ အဝေးတွင် မိုင်ပေါင်း ဆယ်ဂဏန်းမှ ရာနှင့်ချီ၍ ရှည်လျားသော တောင်တန်းများ ရှိသည်။ ခမ်းနားထည်ဝါသော တန်းလျားများနှင့် ပင်လယ်ခံတပ်စခန်းများသည် ဟုန်ယွိ၏ မျက်လုံးများရှေ့တွင် ပေါ်လာ ပါသည်။

၎င်းသည် တောင်ပိုင်းပင်လယ်ဒေသတွင် အင်ပါယာတရားရုံးက တပ်စွဲထားသည့် ပစိတ်ဖိတ်ရေတပ်၏ အဓိက ပင်မစခန်း ဖြစ်သည်။

"ဘယ်လောက် အစွမ်းထက်ပြီး ကြီးကျယ်ခမ်းနားလိုက်လဲ!"

စစ်စခန်းအတွင်း မိုင်ပေါင်း ဆယ်ဂဏန်းမှ ရာနှင့်ချီ ရှည်လျားသော စစ်တန်းလျားများနှင့် ပင်လယ်ခံတပ် စစ်စခန်းများကို ကြည့်ရင်း ပင်လယ် လေညှင်း၏ တိုက်ခတ်မူအောက်တွင် မရေမတွက်နိုင်သော အလံများက တဖျပ်ဖျပ် လွင့်ပျံနေ၏။ ပင်လယ်ရေမျက်နှာပြင်ပေါ်၌ မရေမတွက်နိုင်သော သင်္ဘောများက အပြန်ပြန် အလှန်လှန် သွားလာနေကြသည်။ စစ်သင်္ဘော အော်သံများက ကောင်းကင်ကို တုန်လှုပ်စေပြီး၊ မရေမတွက်နိုင် သော စစ်သည်များ၏ လေ့ကျင့်ရာတွင် ဟစ်ကြွေးသံများနှင့် အော်ဟစ်သံများက ကောင်းကင်၌ တိမ်များကိုပင် လှုပ်ခါသွားစေနိုင်ပါသည်။

သူသည် စခန်းသို့ မရောက်သေးဘဲ အဝေးမှကြည့်နေရုံဖြင့်ပင်, ဟုန်ယွိသည် သူ့မျက်နှာသို့ ရိုက်ခတ်လာနေ သည့် လွှမ်းမိုးနိုင်စွမ်းကြီးမားပြီး ယောက်ျားပီသသည့် ပြင်းထန်သော သတ်ဖြတ်ခြင်းအငွေ့အသက်ကို ခံစားရ ပြီး အသက်ရှူကြပ်သွားသလို ခံစားရ၏။

"ဒီနေရာက စစ်တပ်အတွက် အရေးကြီးတဲ့ နေရာတစ်ခုပဲ။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဝူယွန်ပြည်နယ်ရဲ့ တပ်ရင်း ရှစ်ရင်းက ဘာမှမဟုတ်တော့ဘူး။"

"သခင်လေး ပြောတာ မှန်ပါတယ်။ ပစိဖိတ်ရေတပ်မှာ စစ်သားတစ်သိန်းနဲ့၊ မြင်းတွေ၊ စစ်သင်္ဘောတွေ ရှိပါတယ်။ သူတို့ရဲ့ စွမ်းအားတွေက တောင်ပိုင်းပြည်နယ်ရဲ့ ပင်လယ်ပြင်တွေကို လှုပ်ခတ်သွားစေနိုင်ပါတယ်။ ဒါက တော်ဝင်ချန်တစ်ခုလုံးရဲ့ ထိပ်တန်းစစ်စခန်း ဆယ်ခုထဲက တစ်ခုအဖြစ် အဆင့်သတ်မှတ်ခံထားရပါတယ်။ အသားတွေ၊ ဟင်းသီးဟင်းရွက်ခြောက်တွေ၊ ဆန်တွေ၊ ဂျုံမှုန့်တွေနဲ့ အခြားကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ အဆိုပါ လှည်းတွေကို ကြည့်လိုက်စမ်းပါ။ သူတို့က တစ်နေ့တာလုံး အဆုံးမရှိစီးဆင်းနေတဲ့ စမ်းချောင်းတစ်ခုလို တဖွဲဖွဲ ရောက်လာကြတယ်။ လုံးဝ ရပ်သွားခြင်းမျိုး မရှိဘူး။” ကိုယ်ရေးကိုယ်တာ အစောင့်ငါးယောက်က တညီတညွတ် ပြောသည်။

ပစိတ်ဖိတ်ရေတပ်၏ စခန်းပတ်ပတ်လည်တွင် လမ်းများအားလုံးကို တည်ဆောက်ထားသည်။ ရိက္ခာပို့ဆောင် ရန် အထူးလမ်းများ၊ တပ်များ စေလွှတ်ရန် လမ်းများ၊ အင်ပါယာအမိန့်စာ ပေးပို့ရန် လမ်းများနှင့် အရာရှိများ အတွက် အဝင်အထွက်လမ်းများ ရှိသည်။ လမ်းတိုင်းကို စစ်သားများက စောင့်ကြပ်နေကြသည်။ ခြေလှမ်း တစ်ရာတိုင်းတွင် ကင်းသမားတစ်ဦး၊ ခြေလှမ်းငါးရာတိုင်းတွင် ကင်းစောင့်တစ်ဦးနှင့် ခြေလှမ်းတစ်ထောင်တိုင်း တွင် စစ်ဆေးရေးဂိတ် တစ်ခုစီ ရှိသည်။

ဟုန်ယွိသည် အဝေးကို လှမ်းကြည့်လိုက်ပါသည်။ သေချာပါသည်။ အဝေးကလမ်းတွေပေါ်မှာ ဂျုံအိတ်တွေ, ဝက်တွေ၊ ကြက်တွေ၊ ဘဲတွေ၊ ပဲပုပ်တွေ၊ ဟင်းသီးဟင်းရွက်ခြောက်တွေ၊ ဟင်းသီးဟင်းရွက်အစိုတွေနှင့်အတူ တခြားပစ္စည်းတွေ တင်ဆောင်ထားသည့် လှည်းတွေ အများကြီး ရှိနေပါသည်။ ၎င်းတို့သည် မိုင်ဒါဇင်ပေါင်း များစွာကြာအောင် တန်းစီနေရပြီး၊ အဆုံးမရှိ စီးဆင်းနေသော စမ်းချောင်းများသဖွယ် စစ်တန်းလျားများဆီသို့ ပို့ဆောင်နေကြသည်။

ကြီးမားသော စစ်စခန်းကြီးသည် ဘယ်တော့မှ မပြည့်နိုင်သည့် ဧရာမ ဘီလူးကြီးနှင့် တူပြီး၊ သူ ဝါးမြိုနိုင်သည့် အရာအားလုံးကို အဆက်မပြတ် ဝါးမြိုနေလေသည်။

“တပ်သားတစ်သိန်းရှိတဲ့ စစ်စခန်းကြီးအတွက် တစ်နေ့ အသားတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ရိက္ခာတွေက ဘယ်လောက် ကုန်မလဲ။ လစာကရော ဘယ်လောက်ကုန်မလဲ။ ဒါတွေအားလုံးဟာ သာမန်ပြည်သူတွေရဲ့ သွားကြားထဲကနေ ညှစ်ထုတ်ထားတဲ့အရာတွေပဲ။ တကယ်လို့, ကမ္ဘာကြီးသာ ထာဝရငြိမ်းချမ်းနေမယ်ဆိုရင်, ဓားတွေ လှံတွေကို သိမ်းဆည်းထားရမယ်။ မြင်းတွေကို လွတ်လွတ်လပ်လပ် လွှတ်ပေးပြီး စစ်သားတွေလည်း အိမ်ပြန်နိုင်ပြီ။ ဒါဆို ဘယ်လောက်ကောင်းလိုက်မလဲ။ ကံမကောင်းစွာပဲ၊ ငြိမ်းချမ်းတဲ့နေ့ဆိုတာ ဘယ်တော့မှ ရှိလာမှာ မဟုတ်ပါဘူး။ ဒီစစ်သားတွေဟာ သာမန်ပြည်သူတွေ ကျွေးတဲ့ အစားစာကို စားပြီး၊ တစ်နေ့မှာ သာမန် ပြည်သူတွေကို သူတို့ရဲ့ ဓားတွေ လှံတွေနဲ့ မချိန်ဖို့ပဲ ငါ မျှော်လင့်ပါတယ်လေ။”

ဟုန်ယွိက သက်ပြင်းရှည်ကြီး ချလိုက်မိပါသည်။ လွန်ခဲ့သော အနှစ်ခြောက်ဆယ်က မဟာကျိုးမင်းဆက် ဖျက်ဆီးခံရပြီး၊ တော်ဝင်ချန်မင်းဆက် နန်းတက်လာသောအခါ တောင်ပိုင်းဒေသ စစ်ပွဲသည် အထူးသဖြင့် ပြင်းထန်ခဲ့သည်ကို သူ သတိရမိသည်။ အခု အနှစ်သုံးဆယ် ပြည့်တော့မည်။ တော်ဝင်ချန်စစ်တပ်သည် မြို့များစွာကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး လူပေါင်းများစွာကို သတ်ဖြတ်ကာ၊ တောရိုင်းထဲမှာ အရိုးတွေ ပစ်ထားခဲ့သည်။ မိုင်ထောင်ချီအကွာဝေးတိုင် ကြက်အော်သံပင် မရှိတော့။ သွေးတွေက မြစ်တွေလို စီးဆင်းနေ ၏။ သို့သော်, အသေအပျောက် အများဆုံးကတော့ အပြစ်မဲ့ပြည်သူတွေ ဖြစ်ကြပါသည်။

"သခင်လေး…၊ တစ်ယောက်ယောက် လာနေပါတယ်။"

သက်တော်စောင့်၏ သတိပေးချက်မရှိသည့်တိုင် ဟုန်ယွိသည် ၎င်းကို မြင်ပြီး ဖြစ်သည်။ အပေါ့စား မြင်းတပ်သား တစ်စုသည် သူ့ရှေ့သို့ ရုတ်တရက် ပြေးဝင်လာကြသည်။ သူတို့သည် ခြေဆယ်လှမ်းခန့် အကွာ တွင် ရပ်ကာ အော်မေးလိုက်သည် “မင်းတို့က ဘယ်သူလဲ။ စစ်စခန်းရဲ့ လမ်းမကြီးမှာ ဘာလို့ လမ်းလျှောက်နေ တာလဲ။”

ဟုန်ယွိက သူ့သက်တော်စောင့်တစ်ယောက်ကို စစ်ဌာနချုပ်မှ စာရွက်စာတမ်းကို လွှဲပြောင်းပေးရန် ပြောလိုက် သည်။ မြင်းတပ်ခေါင်းဆောင်က ၎င်းကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်၏။ သူက မြင်းပေါ်မှ မဆင်းဘဲ “ဒါဆို မင်းတို့က မြို့တော်က လာတာပေါ့။ ငါ့နောက်ကို လိုက်ခဲ့" ဟု ပြောသည်။

လူအုပ်စုသည် ရှည်လျားသော လမ်းမကြီးကို ဖြတ်သန်း၍ စစ်ဆေးရေးဂိတ် ဒါဇင်ပေါင်းများစွာကို ဖြတ်ကျော် ကာ မြင့်မားသော စစ်တန်းလျားများရှေ့သို့ ရောက်ရှိလာကြသည်။ မြင်းစီးစစ်သည် ခေါင်းဆောင်က ဟုန်ယွိကို စစ်တန်းလျားတစ်ခု၏ ဘေးက အခန်းတစ်ခုဆီ ခေါ်သွားပြီး ပြောသည် "မင်းတို့အားလုံးဟာ မြို့တော်က လာပေမယ့် ငါတို့ရဲ့ဗိုလ်ချုပ်ကြီးက ဒီမနက်မှာ စစ်တန်းလျား တပ်ရင်းမှူးတွေကို စစ်ရေးကိစ္စ တိုင်ပင်နွေးဆွေး ဖို့ စုစည်းထားတယ်။ အစည်းအဝေးက အခုထိ မပြီးသေးဘူး။ ပြီးသွားရင်တောင်မှ ဗိုလ်ချုပ်ကြီးက နေ့ခင်းဘက် တစ်ရေးတစ်မောအိပ်ပြီး၊ စစ်တပ်တပ်ရင်းတွေကို လှည့်လည်စစ်ဆေးဦးမယ်။ သူ့မှာ ဒီနှစ်ရက်သုံးရက်အတွင်း အချိန်အားမှာ မဟုတ်ဘူး။ ဒါကြောင့်, မင်းတို့ ဒီမှာ သုံးရက်လောက် နေရဦးမယ်။”

ဟုန်ယွိ၏ အနားက သက်တော်စောင့်ဖြစ်သည့် လူအိုကြီးကျန်းက ပြုံးပြီး ပြောသည် "စစ်တပ်မှာ မင်းရဲ့ရာထူး က ဘာလဲလို့ မေးလို့ရမလား။"

"ဘာလို့လဲ…။ ငါက ဗိုလ်ချုပ်ကြီးရဲ့ ကိုယ်ရံတော် သွေးငါးမန်းအစောင့်တပ်ရဲ့ တပ်မှူးပဲ”။ ထိုတပ်သား ခေါင်းဆောင်က လှမ်းကြည့်သည်။

"ကျွန်ုပ်တို့ သခင်လေးမှာ မင်းသားယုဆီက ဗိုလ်ချုပ်ကြီးယန်ကို ကိုယ်တိုင်ကိုယ်ကျ ပေးခိုင်းလိုက်တဲ့ စာတစ်စောင် ရှိပါတယ်။ သူ့ကို အသိပေးဖို့ အခွင့်အရေး ရှာချင်ရုံပါ။ ဗိုလ်ချုပ်ကြီးယန်က ကျွန်ုပ်တို့ကို သဘာဝ အတိုင်း တွေ့ဆုံပါလိမ့်မယ်။" သက်တော်စောင့် လူအိုကြီးကျန်းက ဟုန်ယွိ၏ အမူအရာကို မြင်ပြီး သူ့ရင်ခွင်ထဲမှ အိတ်တစ်လုံးကို ထုတ်ယူလိုက်၏။ သူသည် ထိုမြင်းစီးစစ်သည် ခေါင်းဆောင်ထံ ထိုအိတ်ကို ပေးလိုက်သည်။

မြင်းစီးစစ်သည် ခေါင်းဆောင်က အိတ်ကို ကိုင်ပြီး ချိန်ဆကြသည့်။ ထိုအိတ်သည် ငွေဒင်္ဂါးအိတ် ဖြစ်သည်ကို သူ သိသော်လည်း မယူခဲ့ပေ။ သူက လှောင်ရယ်ရဘ်ပြီး ငွေအိတ်ကို စားပွဲပေါ်တင်လိုက်သည်။ "မင်းသားယုက, ဗိုလ်ချုပ်ကြီး ယန်ကျန်းအတွက် စာတစ်စောင်ရှိတယ်ဆိုမှတော့, ငါ ချက်ခြင်း အစီရင်ခံပေးပါ့မယ်။ ဘယ်နဲ့ညာ၊ ဒီသခင်တွေအတွက် လက်ဖက်ရည် စီမံပေးပါ။”

ထိုသို့ပြောပြီးနောက် သူက လက်ခုပ်တီးကာ ပြောသည် “သခင်၊ ကျေးဇူးပြုပြီး ဒီမှာ ခဏစောင့်ပါဦး” သူသည် ဆေဘာကို လက်မှာကိုင်ပြီး ရှေ့သို့လှမ်းကာ ထွက်လာခဲ့သည်။

"ပစိတ်ဖိတ်ရေတပ်က တကယ်ကို အစွမ်းထက်တယ်။ ဒူတူးတပ်မှူးလေး တစ်ယောက်ကိုတောင် အရမ်းကို တည်ငြိမ်အောင် ဖွဲ့စည်းထားနိုင်တယ်။ သူတို့က ငွေကြေးကို လက်မခံဘူး။" ဟုန်ယွိက ပြောလိုက်သည် “လူအိုကြီး ကျန်း… ငွေအိတ်ကို ပြန်သိမ်းထားလိုက်ပါ။ လက်ဖက်ရည် သောက်ရအောင်။ “

လက်ဖက်ရည်သောက်ရင်း, သူသည် ဘေးပတ်ဝန်းကျင်ကို ကြည့်နေမိသည်။ အမွှေးတိုင်သုံးချောင်း ထိန်းညှိချိန် ကြာပြီးနောက် မြင်းတပ်ခေါင်းဆောင်က ပြန်ရောက်လာပြီး သူ့လက်ကို ဝှေ့ယမ်းပြသည်။ "ဗိုလ်ချုပ်ကြီးက မင်းကို ဖိတ်လိုက်တယ်။"

သူတို့သည် ဘေးဘက်ခန်းမကို ဖြတ်၍၊ နောက်ထပ် မိုင်အနည်းငယ်ကြာ လမ်းလျှောက်ကာ၊ ပုန်းကွယ်ကာ စောင့်ကြပ်နေကြသည့် ကင်းသမားအများပြားကို ဖြတ်သန်းလာခဲ့သည်။ နောက်ဆုံးတွင် သူတို့သည် ပစိတ်ဖိတ် ရေတပ်ဌာနချုပ်၏ ဗိုလ်ချုပ်ကြီး၏ စခန်းသို့ ရောက်ရှိလာခဲ့သည်။

ဗိုလ်ချုပ်ကြီး၏ စစ်စခန်းရှေ့တွင် ကြီးမားသော စတုရန်းရင်ပြင်တစ်ခု ရှိသည်။

ရင်ပြင်ပေါ်တွင် ဗိုလ်ချုပ်ကြီး၏ အလံက တဖျပ်ဖျပ် လွင့်ပျံနေ၏။ ထိုအလံပေါ်တွင် "ယန်" ဟူသော စာလုံးကို စာလုံးအကြီးကြီးဖြင့် ရေးထားသည်။ စာလုံးကြီးက သတ်ဖြတ်ခြင်း အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။

ထို့အပြင်, ရင်ပြင်၏အစွန်းတွင်၊ ခြေသုံးလှမ်း အကွာဝေးတိုင်းမှာ ချပ်ဝတ်အပြည့်နှင့် စစ်သားတစ်ဦးသည် သံချောင်းကဲ့သို့ မြေပြင်ပေါ်တွင် ရပ်နေပြီး သူ၏ဆေဘာကို ဖြောင့်တန်းစွာ ကိုင်ထားသည်။ ထိုကဲ့သို့ စစ်သည် တန်းက ဗိုလ်ချုပ်ကြီး၏ စခန်းတိုင် ဖြောင့်တန်းစွာ ရှိနေပြီး၊ လေထုက အေးစိမ့်ပြီး ကြောက်မက်ဖွယ်ကောင်း သော အငွေ့အသက်များက ဖြစ်ပေါ်နေသည်။

"ကောင်းလိုက်တာ၊ ဒီမှာရှိတဲ့ လူအားလုံးက အနည်းဆုံး သိုင်းစစ်သည်တော်တွေပဲ။ သံချပ်ကာဝတ်ပြီး ခေါင်းပေါ်မှာ ဖဲကြိုးနီဝတ်ထားတဲ့ လူတွေက သိုင်းသခင်တွေ။ ဒီရင်ပြင်ပေါ်မှာတင် သိုင်းစစ်သည်တော် ရာကျော်နဲ့ သိုင်းသခင် ဒါဇင်ပေါင်းများစွာ ရှိနေပြီ။ ဒီစံအိမ်ကြီးထဲမှာ ပုန်းကွယ်နေတဲ့ ပိုပြီး အစွမ်းထက်တဲ့ ကျွမ်းကျင်သူတွေ ရှိနေဦးမယ်ဆိုတာ ပြောစရာတောင်မလိုဘူး။ ခိုင်ခံ့တဲ့လေးတွေ, ဒူလေးတွေရဲ့ ဝန်းရံမူ အောက်မှာ သိုင်းသူတော်စင်တစ်ဦးဆိုရင်တောင် စစ်သည်တစ်သိန်းထံကနေ ဗိုလ်ချုပ်ကြီးတစ်ဦးရဲ့ ခေါင်းကို ယူနိုင်ဖို့ ခဲယဉ်းလိမ့်မယ်။ ဒါပေမယ့်, တာအိုပညာရပ် ကျွမ်းကျင်သူတစ်ယောက်ဆိုရင်တော့, ပျံသန်းနိုင်တဲ့ ဓားနဲ့ လုပ်ကြံသတ်ဖြတ်တာ။ ဒါမှမဟုတ် သူ့ကိုယ်သူ စိတ်ဝိညာဉ်အဖြစ် ရုပ်လုံးဖော်ကာ သေချာပေါက် အောင်မြင်စွာ စွမ်းဆောင်နိုင်လိမ့်မယ်။”

မြင်းစီးစစ်သည်ခေါင်းဆောင်က ဟုန်ယွိသည် ရင်ပြင်ပေါ်ကို တည်ငြိမ်သော အမူအရာဖြင့် လျှောက်သွားသည် ကို ကြည့်နေပါသည်။ သူသည် အနည်းငယ် အထင်ကြီးသွားသည်။

သို့သော် ယခုအခါ ဟုန်ယွိသည် အစောင့်များ၏ အင်အားနှင့်၊ တာအိုသခင်တစ်ဦး အနေဖြင့် ဗိုလ်ချုပ်ကြီး တစ်ဦးအား လုပ်ကြံသတ်ဖြတ်ရန် ဖြစ်နိုင်ချေရှိသည်ကို ခန့်မှန်းနေမှန်း သူ မသိခဲ့ပေ။

ရှည်လျားသော ရင်ပြင်ကြီးကို ဖြတ်လျှောက်၍ ဗိုလ်ချုပ်ကြီး၏စခန်းသို့ ဝင်ရောက်ပြီးနောက်၊ ဟုန်ယွိသည် အစည်းအဝေးခန်းမ အကျယ်ကြီးထဲတွင် ဘေးနှစ်ဖက်စလုံးမှာ အနက်ရောင်တောက်တောက် သံမဏိချပ်ဝတ် နှင့် သံမဏိခမောက်များကို ဆောင်းထားကြသည့် အရာရှိများဖြင့် ပြည့်နေသည်ကို မြင်လိုက်ရ၏။ သူတို့သည် မလှုပ်မယှက် ဖြစ်နေပြီး သံမဏိလူသားများ အတိုင်းပင်။

အစည်းအဝေး ခန်းမရှေ့တွင် သံမဏိစားပွဲကြီးတစ်လုံး ရှိသည်။ စားပွဲပေါ်တွင် ရွှေတံဆိပ်များ၊ မြှားများ၊ တပ်မှူးတံဆိပ်၊ ကျား တံဆိပ်နှင့် နီညိုရောင်စုတ်တံများ ရှိနေသည်။

သံမဏိစားပွဲနောက်ဘက် နံရံပေါ်တွင် ကြီးမားသော "ဝေ" ဟူသည့် စာလုံးကြီးလည်း ရှိနေ၏။

ခန်းမတစ်ခုလုံးရှိ ခမ်းနားထည်ဝါပြီး အံ့ဩထိတ်လန့်ဖွယ်ကောင်းသော အငွေ့အသက်သည် ရင်ပြင်၏ အပြင်ဘက်ထက်ပင် ပိုမိုအားကောင်းနေပါသည်။

"နှုတ်ခွန်းဆက်ပါ ဗိုလ်ချုပ်ကြီး"

ဟုန်ယွိသည် ခန်းမထဲသို့ဝင်ကာ လက်နှစ်ယှက်၊ ဦးညွှတ်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူ့အသံက မိုးခြိမ်းသံကဲ့သို့ တဟုန်ထိုး တုန်ခါသွားပြီး၊ ပတ်ဝန်းကျင်ရှိ သံချပ်ကာဝတ် အရာရှိများကို အနည်းငယ် ထိတ်လန့်သွားစေခဲ့သည်။ ဟုန်ယွိသည် စင်မြင့်ပေါ်မှာ ကြောက်ရွှံ့ခြင်းမရှိဘဲ ဤမျှ သတ္တိကောင်းလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပါဘူး။

သူတို့၏ ခန္ဓာကိုယ်များသည် ကုလားထိုင်များပေါ်တွင် လှုပ်ရှားသွားကာ သတ္တုသံချပ်ကာများကလည်းး တုန်ခါသွားသည်။

သံမဏိစားပွဲ အလယ်တွင် အနက်ရောင် ပိုးထည်ကို တင်းကျပ်စွာ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး ထိုင်နေသည်။ သူ့ဆံပင်တွေကို ကျောက်စိမ်းဆံထိုးဖြင့် ချည်နှောင်ထားသည်။ သူ့မျက်နှာက ဓားဖြင့် ရေထွင်း ထားသကဲ့သို့ အမာရွတ်များဖြင့် ပြည့်နေခဲ့ပြီး၊ သူ့ပခုံးနှစ်ဘက်က တောင်ကြီးကဲ့သို့ ကျယ်ဝန်း၏။ ထိုနေရာတွင် ထိုင်နေရုံဖြင့်ပင် သူသည် ပင်လယ်ကဲ့သို့ နက်ရှိုင်းသော ခံစားချက်ကို လူများအား ခံစားရစေခဲ့သည်။ သို့သော်, အကယ်၍, ဤလူသာ လှုပ်ရှားမည်ဆိုပါက, သူသည် ပင်လယ်ပြင်ပေါ် တိုက်ခတ်နေသည့် မုန်တိုင်းတစ်ခုကဲ့သို့ ခုခံသူအားလုံးကို အမှုန့်ဖြစ်အောင် ဖြိုခွဲပစ်မည်မှာ သံသယမရှိပါဘူး။

ဤလူသည် တပ်ဖွဲ့ဝင်တစ်သိန်းနှင့် သင်္ဘောများကို အမိန့်ပေး ကွပ်ကဲနိုင်သည့် ပစိတ်ဖိတ်ရေတပ်၏ စစ်ဦးစီး ချုပ် ဗိုလ်ချုပ်ကြီး ယန်ကျန်းဖြစ်သည်ကို ဟုန်ယွိ သိထားပါသည်။ သူ့အလံကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် မရေမတွက်နိုင်သော ဦးခေါင်းများ မြေပြင်ပေါ်သို့ ပြုတ်ကျသွားရမည်။ သူသည် ဧကရာဇ်တရားရုံး၏ အငယ်တန်း ဝန်ကြီးချုပ် ယန်ယူဇီ၏သား ဖြစ်သည်။ (အငယ်တန်း ဝန်ကြီးချုပ်ဟူသည် _ အစိုးရအဖွဲ့ဝင် အဆင့်အောက် အစိုးရရာထူးကို ကိုင်ဆောင်ထားသည့် ဥပဒေပြုအဖွဲ့တစ်ခု၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး၊ ဝန်ကြီးချုပ် သို့မဟုတ် အကြီးအကဲမဟုတ်ဘဲ ဌာနတစ်ခု၏ အကြီးအကဲထံ အစီရင်ခံ တင်ပြရသူ ဖြစ်သည်။)

ဧကရာဇ်တရားရုံး၏ အငယ်တန်းဝန်ကြီးချုပ် ယန်ယူဇီသည် ပထမဦးဆုံး ဘိုးဘေးနောက်သို့ လိုက်ပါခဲ့သော ဝန်ကြီးဟောင်းတစ်ဦးလည်း ဖြစ်သည်။ သူသည် ယခုအခါ အသက် ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ရှိပြီ ဖြစ်ပြီး၊ မင်းဆက်လေးဆက်အတွက် အမှုတော်ထမ်းခဲ့သည်။ စီနီယာအရ ယှဉ်ရင် မည်သူမှ သူ့ကို မယှဉ်နိုင်ပါဘူး။ တော်ဝန်ချန် ဧကရာဇ်ကြီးပင် သူ့ကိုတွေ့သောအခါ၌ပင် သူ့ကို နေရာပေးကာ သူ့ကို ယန်ရှောင်ပေါင်ဟု ခေါ်ဆိုလေသည်။ (ရှောင်ပေါင် - ဟူသည် ချစ်လှစွာသော၊ ရတနာလေး ဖြစ်သည်။ ချစ်ခင်ကြင်နာတတ်သူ၊ စိတ်ရှည်သူ၊ ယုံကြည်ထိုက်သူ၊ နူးညံ့သိမ်မွေ့သူဟု ဆိုလိုပါသည်။)

"ဟုန်ယွိ၊ မင်းကို အရှင်မင်းသားယုက အကြံပြုထားပြီး၊ စစ်ဌာနချုပ်ကနေ စာရွက်စာတမ်း ပေးပို့ထားပေမယ့်၊ အတွေ့အကြုံရဖို့ ငါတို့စစ်တပ်ကို ရောက်လာကြတဲ့ မှူးမတ်မတ်ရာတွေရဲ့ သားတော်တွေ အများကြီး ရှိတယ်။ တကယ်လို့, ငါသာ မင်းကို မြင့်မားတဲ့ရာထူးတစ်ခုကို ကြုံရာကျပန်း ပေးလိုက်ရင်, မင်းအနေနဲ့ လူထုကို စည်းရုံးနိုင်မှာ မဟုတ်ဘူး။ တကယ်လို့, မင်းအနေနဲ့ တပ်ဖွဲ့တစ်ခုကို ဦးဆောင်လိုပါက စစ်တပ်ရဲ့ ကိုယ်ခံပညာ ခန်းမမှ စမ်းသပ်မှုကို ဖြေဆိုရပါမယ်။”

ယန်ကျန်း၏အသံက ဟုန်ယွိ၏နားထဲမှာ ထွက်ပေါ်လာပါသည်။ ဤပစိဖိတ်ရေတပ်၏ ဗိုလ်ချုပ်ကြီးသည် နားမလည်နိုင်သည့် ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်ကြောင်း ဟုန်ယွိ သိလိုက်ပါပြီ။

အခန်း (၁၂၂)။

"ဟုတ်ကဲ့ပါအရှင်…" ဟုန်ယွိက ထပ်အော်ပြောသည်။

တော်ဝင်ချန် အင်ပါယာတရားရုံး၏ တပ်တိုင်းတွင် "ကိုယ်ခံပညာခန်းမများ" ရှိကြသည်။ ၎င်းတို့ကို ပထမဦးစွာ ဗိုလ်ချုပ်များနှင့် စစ်သည်များ၏ ကိုယ်ခံပညာကို စမ်းသပ်ရန် အသုံးပြုကြသည်။ ဒုတိယအနေဖြင့် ကျွမ်းကျင်သူများကို စုဆောင်းကာ ကိုယ်ခံပညာအမျိုးမျိုး၊ စစ်ရေးဗျူဟာများနှင့် လက်နက်အမျိုးမျိုးကို လေ့လာရန် အသုံးပြုကြပါသည်။ တတိယအချက်မှာ အရည်အချင်းပြည့်မှီပြီး ကမ္မကုသိုလ် ထည့်ဝင်နိုင်ကြသည့် ဗိုလ်ချုပ်များနှင့် စစ်သည်အချို့တို့ လေ့လာသင်ယူနိုင်သည့် ကျောင်းတစ်ကျောင်း ဖြစ်သည်။

ဤ "ကိုယ်ခံပညာခန်းမများ" သည် စစ်တပ်ရှိ အင်ပါယာကောလိပ်နှင့် ညီမျှသည်။ ကိုယ်ခံပညာကို သင်ယူဖို့ သက်သက်သာ အသုံးပြုကြသည်။ စစ်ပညာကို တတ်မြောက်ပြီး၊ စစ်ပညာကို သင်ကြားပေးသည့် ဆရာတွေ လည်း ရှိကြသည်။

အကဲဖြတ်ဖို့အတွက် ယန်ကျန်းက သူ့ကို "ကိုယ်ခံပညာခန်းမ" မှာ စာမေးပွဲဖြေဖို့ လိုလားသည်ကို ဟုန်ယွိ မအံ့ဩပါဘူး။ ဤသည်မှာ အဓိပ္ပါယ်ရှိသော မေးခွန်းတစ်ခု၏ မှန်ကန်သောအဖြေ ဖြစ်သည်။ စစ်တိုက်ရန် တပ်ဖွဲ့ဝင်တွေကို ဦးဆောင်သည့်အခါ, ပထမဆုံး ခြေလှမ်းက အခွင့်အာဏာထူထောင်ရန်နှင့် အခြားသူများကို လွှမ်းမိုးနိုင်ရန်အတွက် သမာသမတ်ကျဖို့ လိုအပ်ပါသည်။ သို့မှသာ လူတစ်ဦးသည် ကိုယ့်ဂုဏ်သိက္ခာကို မြှင့်တင်နိုင်မည် ဖြစ်သည်။

"သွေးငါးမန်းအစောင့်တွေ၊ ဟုန်ယွိကို စမ်းသပ်ဖို့ ကိုယ်ခံပညာခန်းမဆီ ခေါ်သွားပါ။" ဟုန်ယွိက ဦးညွှတ်ပြီး နည်းနည်းလေးမှ အားနည်းချက်မပြဘဲ အားမာန်အပြည့်နှင့် ပြောနေသည်ကို မြင်ရတော့, ပစိဖိတ်ရေတပ်၏ ဗိုလ်ချုပ်ကြီး ယန်ကျန်းက ကျေနပ်စွာ ခေါင်းညိတ်သည်။ သူက သံမဏိစားပွဲပေါ်မှ တံဆိပ်ပြားတစ်ခုကို ကောက်ယူကာ၊ သူ့ဘေးနားရှိ သံချပ်ကာဝတ် အစောင့်နှစ်ယောက်ထံ ပေးလိုက်သည်။

သံချပ်ကာဝတ် အစောင့်နှစ်ယောက်သည် ဟုန်ယွိရှေ့သို့ စက်ရုပ်သဖွယ် လျှောက်လာပြီး "ကျေးဇူးပြု၍" ဟု ပြောလိုက်ပါသည်။ ထို့နောက်, သူတို့သည် လမ်းကို ဦးဆောင်ပြီး ရှေ့မှ လျှောက်သွားကြသည်။

"ဒါတွေက ယန်ကျန်းရဲ့ ကိုယ်ရံတော်တွေဖြစ်တဲ့ သွေးငါးမန်းအစောင့်တွေလား” မျှော်လင့်ထားသလိုပဲ၊ သူတို့ အားလုံးဟာ ဝူဝမ်မြို့စားရဲ့ မိုဆေဘာအစောင့်တပ်ဖွဲ့၊ ဒူးလေးအစောင့်တပ်ဖွဲ့တို့အောက် မနိမ့်ကျဘူး။”

ဟုန်ယွိသည် သံချပ်ကာဝတ် အစောင့်နှစ်ယောက် နောက်သို့ လိုက်သွားခဲ့သည်။ ၎င်းတို့သည် ပစိတ်ဖိတ် ရေတပ်၏ နာမည်ကျော် သွေးငါးမန်းအစောင့်တပ်ဖွဲ့ဝင်များဖြစ်ပြီး၊ နာမည်ကြီး ကိုယ်ရံတော်များ ဖြစ်ကြောင်း သူ သိသည်။

အစောင့်နှစ်ယောက်သည် ဂျင်တစ်ရာကျော် အလေးချိန်ရှိသော အနက်ရောင်သံမဏိ လေးလံသော ချပ်ဝတ် တန်ဆာကို ဝတ်ဆင်ထားကြသည်။ သူတို့၏ လှုပ်ရှားမှုများက နှေးကွေးခြင်း မရှိပေ။ သူတို့၏ မျက်လုံးများသည် ရှေ့တည့်တည့်ကို စိုက်ကြည့်နေကာ၊ စံအိမ်သခင်များကဲ့သို့ ခမ်းနားနေလေသည်။ သူတို့သည် ရှားပါးသည့် ကျွမ်းကျင်သူများ ဖြစ်ကြောင်း ပြောနိုင်ပါသည်။

ဟုန်ယွိ ထွက်သွားပြီးနောက်၊ ပစိဖိတ်ရေတပ်၏ ဗိုလ်ချုပ်ကြီး၏ စံအိမ်ကြီးအတွင်း၌…..။

"အားလုံးပဲ၊ မင်းသားယု အကြံပြုထားတဲ့ ဒီဟုန်ယွိကို မင်းတို့ရော ဘယ်လိုထင်လဲ။ စစ်သူကြီး ဖန်း, မင်းရော ဘယ်လိုထင်လဲ။” ယန်ကျန်းသည် အနက်ရောင် သံမဏိစားပွဲပေါ်ကို လက်ချောင်းဖြင့် ခေါက်ရင်း၊ လူတစ်ယောက် နှလုံးခုန်သံကဲ့သို့ တဒေါက်ဒေါက်အသံက ထွက်ပေါ်သည်။

"အားမာန်အပြည့်၊ ထူးကဲတဲ့ ကိုယ်ခံပညာစွမ်းရည်၊ ရဲစွမ်းသတ္တိနဲ့ ထိုးထွင်းသိမြင်မှု၊ ပျိုးပင်ကောင်းတစ်ပင်ပဲ" သူ့ရှေ့မှာထိုင်နေသည့် စစ်သူကြီးတစ်ယောက်က ရုတ်တရတ် ထရပ်ပြီး ကဗျာတစ်ပုဒ် ရွတ်နေသကဲ့သို့ စကားလုံး ဆယ့်ခြောက်လုံးကို ဆက်တိုက် ပြောလိုက်ပါသည်။ သူပြောပြီးသည်နှင့် ပြန်ထိုင်သည်။ သတ္တု ချပ်ဝတ်က ကုလားထိုင်နှင့် တိုက်မိပြီး ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။

“ဗိုလ်ချုပ်ကြီး၊ ဒီလူဟာ လက်ရှိ တော်ဝင်နည်းပြဆရာ ဟုန်ရွှန်ကျိရဲ့သားပါ။ သူက မင်းသားယုထံ ဘာကြောင့် ခိုလှုံရတာလဲ။ ဒီနောက်ကွယ်က လျှို့ဝှက်ဆန်းကြယ်မှုတွေက စဉ်းစားရကျိုးနပ်ပေမယ့် သူ့ကို အရေးပါတဲ့ ရာထူးမှာ ထည့်ထားနိုင်မယ်လို့ ကျွန်တော် မထင်ဘူး။”

နောက်ထပ် စစ်သူကြီးတစ်ယောက်က မတ်တပ်ရပ်ပြီး ပြောလိုက်သည်။

"မင်းသားယုက သူ့စာထဲမှာ အားလုံးကို ရှင်းရှင်းလင်းလင်း ရှင်းပြထားတယ်။" ယန်ကျန်းက ပြောသည် "မင်းတို့ သူ့ကို လျှော့မတွက်နဲ့။ ဒီဟုန်ယွိက အထက်တန်း ပညာရှင်တစ်ယောက်။ ဒီနှစ်နွေဦးရာသီ၊ ကျောက်စိမ်း မြို့တော်ရဲ့ မြို့ပြနဲ့ကျေးလက် စာမေးပွဲတွေမှာ သူက အမှတ်များဆုံးနဲ့ ပထမရခဲ့တာ။”

"အမှတ်အများဆုံးနဲ့ ပထမလား။" ရောက်ရှိနေကြသော စစ်သူကြီးများသည် အချင်းချင်း အကြည့်ချင်း ဖလှယ် ကာ ကြည့်နေကြ၏။ သူတို့၏မျက်လုံးများတွင် လေးစားမှု အပြည့်ရှိနေ၏။ တော်ဝင်ချန် အင်ပါယာ တရားရုံး တွင်၊ ပညာရှင်များကို ပိုမိုအာရုံစိုက်သည့် ယဉ်ကျေးမှု ထွန်းကားပြီး၊ ကိုယ်ခံပညာအပေါ် နည်းပါးသည်။ အင်ပါယာတရားရုံးသည် စစ်မူထမ်းခြင်းထက် အရပ်ဘက်ဆိုင်ရာ အမူထမ်းများကို အလေးပေး လုပ်ဆောင်နေ ပြီး၊ အင်ပါယာစာမေးပွဲများတွင် အမှတ်အများဆုံးဖြင့် ပထမခဲ့သော ဟုန်ယွိသည် နောင် အင်ပါယာစာမေးပွဲများ ကို ဖြေဆိုနိုင်မည်မှာ သေချာသလောက်နီးပါး ရှိနေသည်။

"ဒါဆို ဗိုလ်ချုပ်ကြီးက သူ့အတွက် ဘယ်လို စီစဉ်ပေးမှာလဲ"

"ဟုတ်ပါတယ်, ငါ့မှာ ကိုယ်ပိုင်အစီအစဉ် ရှိတယ်" ယန်ကျန်းက ပြုံးပြီး စုတ်တံကို ကောက်ကိုင်လိုက်၏။ သူက စာရွက်တစ်ရွက်ပေါ်တွင် အမိန့်စာတစ်စောင် ချရေးခဲ့သော်လည်း ထုတ်မပြခဲ့ပေ။ ယင်းအစား သူက အော်ပြော လိုက်ပါသည် “အစည်းအဝေး သိမ်းပြီ။ မင်းတို့ ကိုယ့်တပ်ကို ပြန်ကြတော့”။

"ဟုတ်ကဲ့ပါ ဗိုလ်ချုပ်" ထိုယုံကြည်ရသော စစ်ဗိုလ်ချုပ်များအားလုံး မတ်တပ်ထရပ်ကာ ဖိုင်တစ်ခုစီ ကိုယ်စီ ယူပြီး ထွက်သွားကြပါသည်။

"ဒါက ကိုယ်ခံပညာခန်းမလား။" ဟုန်ယွိသည် သွေးငါးမန်းအစောင့် နှစ်ယောက်နောက်မှ လိုက်ပါလာခဲ့ရင်း, သူသည် အခြား တန်းလျားရှေ့သို့ ရောက်ရှိလာခဲ့သည်။ ဤတန်းလျားများသည် အလွန်မြင့်မားသော်လည်း၊ ၎င်းတို့၏ပုံစံသည် အေးစက်စက်ရှိသည့် သတ်ဖြတ်ခြင်း စစ်စခန်းများနှင့် အလွန်ကွာခြားပါသည်။ နေရာတိုင်း တွင် လူသားရုပ်ပုံသဏ္ဍာန်မျိုးစုံကို ချိတ်ဆွဲထားပြီး၊ နံရံများတွင် 'ကိုယ်ခံပညာ'၊ 'ခွန်အား'၊ 'လက်သီး' နှင့် 'ဆန္ဒ' စသည့် စကားလုံးများကို ရေးထားပါသည်။ ၎င်းတို့ပေါ်တွင် ပညာရပ်ဆိုင်ရာ အငွေ့အသက်များ ရှိနေခဲ့သည်။

“ကိုယ်ခံပညာခန်းမ”

တန်းလျားတံခါးဝတွင် ဆိုင်းဘုတ်ကြီးတစ်ခု ချိတ်ဆွဲထားသည်။

ထိုတံခါးကို ဖြတ်ပြီးနောက်, နောက်ထပ် ကြီးမားကျယ်ပြန့်သည့် လေးထောင့်ကွင်းကြီးတစ်ခု ရှိနေသည်။ ဤကွင်းကြီးသည် အခြားလေ့ကျင့်ရေး ကွင်းများထက် များစွာ ကျယ်ဝန်းသည်။ သို့သော်, ထိုကွင်းကြီးကို ကြီးမားသော သစ်သားစည်းရိုးများဖြင့် အပိုင်းများစွာ ပိုင်းခြားထားသည်။ အပိုင်းတိုင်းတွင် စစ်သားများနှင့် အရာရှိများက ကိုယ်ခံပညာကို လေ့ကျင့်နေကြသည်။ သင်တန်းဆရာတွေလည်း အပိုင်းတိုင်းမှာ အများပြား ရှိနေပါသည်။

ဟုန်ယွိသည် အာရုံခံစားမူ အလွန်ကောင်းမွန်ပြီး၊ ကိုယ်ခံပညာခန်းမများမှ ဆရာအချို့သည် ချီဇီယန်နှင့် ယှဉ်နိုင်ပြီး၊ ပုံမှန်မဟုတ်သည့် ပြင်းထန်သော အငွေ့အသက်များကို ပိုင်ဆိုင်ထားကြောင်း ချက်ချင်း တွေ့ရှိခဲ့ သည်။ အမှန်တကယ်ပင် သူတို့သည် ရှင်တန်သိုင်းသခင်တွေ ဖြစ်ကြပါသည်။

ရှင်တန်သိုင်းသခင်များသည် အလွန်သန်မာကြသည်။ သူတို့၏ ရုပ်ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် ပြေးနေသော မြင်းတစ်ကောင်နှင့် ယှဉ်နိုင်ပါသည်။ သူတို့၏ကိုယ်ခန္ဓာကို ကြေးနီဖြင့် ပြုလုပ်ထားပုံရပြီး၊ အရိုးများကိုတော့ သံမဏိဖြင့် ပြုလုပ်ထားပုံရပါသည်။ သူတို့သည် လူဒါဇင်ပေါင်းများစွာ သို့မဟုတ် ရာပေါင်းများစွာကို တိုက်ခိုက် နိုင်ကြသည်။

သွေးငါးမန်းအစောင့် နှစ်ယောက်သည် ဟုန်ယွိကို ခြံစည်းရိုး ကာထားသော လေ့ကျင့်ရေးကွင်းတစ်ခုသို့ ခေါ်ဆောင်လာခဲ့သည်။ ဤကွင်းသည် လေးပစ်ပစ်ကွင်း ဖြစ်သည်။ ခြေလှမ်းနှစ်ရာ အကွာတွင် ရာနှင့်ချီသော သားရေပိုင်း ပစ်မှတ်များကို စိုက်ထူထားသည်။ တစ်ချိန်တည်းမှာပင် လူရာပေါင်းများစွာက လေးနှင့်မြှားများကို ကိုင်ဆောင်ထားကြသည်။ အမိန့်တစ်ခုတည်းဖြင့် လေးညှို့သံများက အဆက်မပြတ် ထွက်ပေါ်လာသည်။ မြှားများသည် ကျိုင်းကောင်များကဲ့သို့ လေထဲသို့ ထိုးဖောက်ဝင်ရောက်ကာ လူတစ်ယောက်၏ ဦးရေပြားကို ထုံကျင်စေပြီး ခုခံနိုင်စွမ်း ကင်းမဲ့စေသည်။

"မြှားပစ်ဆရာယွမ်၊ အကဲဖြတ်ဖို့ တစ်စုံတစ်ယောက် ရောက်လာတယ်.."

ဟုန်ယွိ ရောက်ရှိလာသောအခါ သွေးငါးမန်းအစောင့် နှစ်ယောက်သည် ဘေးနားတွင် လေးပစ်ပညာ သင်ကြားပေးနေသော အရာရှိတစ်ဦးအား ပြောလိုက်သည်။

"အိုး.." ဤအရာရှိ၏လက်များသည် မျောက်ဝံကဲ့သို့ အလွန်ရှည်လျား၏။ ဟုန်ယွိကို တွေ့တော့, သူက လှမ်းအော် ပြောလိုက်သည်။ “ရပ်” အနီးနားရှိ လေးပစ်လေ့ကျင့်ရေး တပ်သားများသည် ချက်ချင်း ရပ်ပြီး ဘေးတဘက်သို့ ဆုတ်ခွာသွားကြသည်။

"အလေးချိန် ဘယ်နှစ်ကီလိုဂရမ်လောက် ဆွဲချင်လဲ" မြားပစ်ဆရာယွမ်ဟု ခေါ်သည့် ထိုအရာရှိက မေးသည်။

"ခင်ဗျားမှာ ကျောက်တုံးလေး ဘယ်နှစ်တုံးလောက် အလေးချိန်ရှိလဲ" ဟုန်ယွိက ပြန်မေးသည်။

"ကီလိုဂရမ် ၆၀ ၊ ကီလိုဂရမ် ၈၀ ၊ ကီလိုဂရမ် ၁၂၀ " မြားပစ်ဆရာယွမ်သည် ဟုန်ယွိကို အပေါ်အောက် ငုံ့ကြည့် သည် "မင်းရဲ့ခန္ဓာကိုယ်က အချိုးစားကျပြီး၊ မင်းရဲ့လက်သီးပညာရပ်ကလည်း မဆိုးဘူး။ မင်းက ကီလို ၁၂၀ ရှိတဲ့ နွားဖြူလေးကို ဆွဲနိုင်တယ်။"

"ဒီလေးရဲ့ ကြံ့ခိုင်မူက အားနည်းလွန်းတယ်။ ခင်ဗျားမှာ ကီလိုလေးရာရှိတဲ့ သံမဏိသစ်သားမဟူရာအရိုးလေး မရှိဘူးလား" ဟုန်ယွိက ခေါင်းယမ်းပြီး၊ သူ့လက်လေးချောင်းတွေကို ဆန့်ထုတ်လိုက်ပါသည်။

"ဟမ့်၊ လူငယ်လေး၊ ကိုယ့်ကိုယ်ကို အတင်းကြပ် တွန်းအားမပေးပါနဲ့။ ငါ့မှာ သံမဏိသစ်သားမဟူရာအရိုးလေး ရှိပါတယ်။ ဒါပေမယ့် မင်းဆွဲနိုင်ရင်တောင် ဆက်တိုက် မပစ်ခတ်နိုင်မှာ ငါ ကြောက်မိတယ်။" မြှားပစ်ဆရာ ယွမ်၏ မျက်ခုံးများက လှုပ်ယမ်းသွားပါသည်။

"ယူခဲ့ပါ။" ဟုန်ယွိက သူ့လက်ကို ဆန့်လိုက်၏။

"သွား၊ ငါ့ရဲ့ငှက်အရိုးလေးကို ယူလာခဲ့ပါ။" မြှားပစ်ဆရာယွမ်က ဟာသတစ်ခုကို ကြည့်ရတော့မည်ဟု တွေးနေ သည့်အလား တဟားဟား ရယ်မောနေသည်။ သူ့အနောက်က အစောင့်တစ်ယောက်က တန်းလျားထဲကို ချက်ချင်း ပြေးဝင်ပြီး အနက်ရောင် လေးတစ်ချောင်းကို ထုတ်ယူလာပါသည်။

"ငန်းဘဲငှက်မွေးမြှားက လင်းယုန်ငှက်မွေး မြှားလောက် မကောင်းပေမယ့် ခြေလှမ်းနှစ်ရာအတွင်းမှာတော့ ကွဲပြားမူရှိမှာ မဟုတ်ပါဘူး။" ဟုန်ယွိက လေးကိုတင်ပြီး မြှားကို စမ်းသပ်လိုက်၏။ သူက လေးကို လက်နှစ်ဖက် ဖြင့် ပေါ့ပေါ့ပါးပါး ဆွဲလိုက်သည်။ သူသည် ပစ်ကယ်လေးရာ ခိုင်ခံ့သော လေးကို ချက်ချင်း ဆွဲတင်လိုက်ပါသည်။ ထို့နောက် မြှားကိုလွှတ်လိုက်သည်နှင့် မြှားသည် လေးပေါ်တွင် ပျောက်ကွယ်သွားပုံရပြီး၊ ခြေလှမ်းနှစ်ရာ အကွာ မှ အဖြူရောင်နွားသာရေ ပစ်မှတ်ပေါ်မှာ ပေါ်လာသည်။

ဘန်း…။ ပေါက်ကွဲသံနှင့်အတူ ပင်လယ်ရေထဲမှာ စိမ်ထားသည့် အလွန်မာကြောသော အဖြူရောင်နွားသာရေ ပစ်မှတ်သည် ဖောက်ထွင်းခံလိုက်ရသည်။

ဟုန်ယွိ၏ လှုပ်ရှားမှုတွေက ကြောင်တစ်ကောင်ကဲ့သို့ သွက်လက်လျင်မြန်နေသည်ကို မြင်ရသောအခါ မြားပစ်ဆရာယွမ်၏ မျက်လုံးများက တောက်ပလာသည်။ သို့သော် ဟုန်ယွိ၏ နောက်ဆက်တွဲ အပြုအမူများက သူ့မျက်လုံးများကို ပို၍ပင် ပြူးကျယ်သွားစေခဲ့သည်။

ဟုန်ယွိက ရပ်တန့်ခြင်း မရှိပါဘူး။ သူက သူ့နောက်ကျောမှ မြှားကိုဆွဲထုတ်ပြီး၊ တခဏအတွင်း မြှားနှစ်ဆယ် ကျော်ကို ပစ်လွှတ်လိုက်သည်။ ဘန်း.. ဘန်း.. ဘန်း….ဘန်း... လေးညှို့သံတွေက မြှားတွေနှင့်အတူ လေထဲသို့ ထိုးဖောက်ဝင်ရောက်စဉ်၊ မြှားနှစ်ဆယ်မှ တစ်ချောင်းစီက အဖြူရောင်နွားသာရေ ပစ်မှတ်ကို ထိုးဖောက်သွားကြ သည်။

"ခွန်အားကောင်းတယ်။ တိကျမူ ကောင်းတယ်။ ခံနိုင်ရည်ကောင်းတယ်။ ခန္ဓာကိုယ်အနေထား ကောင်းတယ်။" ဟုန်ယွိ ပြီးဆုံးသွားသည်ကို မြင်တော့ မြှားပစ်ဆရာယွမ်က ချက်ချင်း လက်ခုပ်တီးပြီး၊ သူ့မျက်နှာက အံ့ဩခြင်း များဖြင့် ပြည့်နေပါသည်။ “ပစ်ကယ်လေးရာရှိတဲ့ လေးနဲ့ မြှားနှစ်ဆယ်ကို ရှေ့ဆင့်နောက်ဆင့် ပစ်ခတ်နိုင်တယ်။ မြှားတစ်စင်းချင်းစီကလည်း တိကျတယ်။ ဒီလိုကြံ့ခိုင်မူမျိုးက ရှင်တန်သိုင်းသခင်နယ်ပယ် ကျွမ်းကျင်သူတွေပဲ စွမ်းဆောင်နိုင်တယ်။ မင်း ရှင်တန်သိုင်းသခင် နယ်ပယ်ကို ရောက်နေပြီ မဟုတ်လား။"

"ဘာ…။ ရှင်တန်သိုင်းသခင်နယ်ပယ်လား”။

"သူက ရှင်တန်သိုင်းသခင်လား…။ အဲဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။”

မြားပစ်ဆရာယွမ်၏ အကဲဖြတ်သံကို ကြားသောအခါတွင် မြှားပစ်နည်းကို သင်ယူနေသော အရာရှိများနှင့် စစ်သည်များသည် ထိတ်လန့်စွာ ဟစ်အော်မိကြသည်။

"ငါ့ရုပ်ခန္ဓာကိုယ်ခွန်အားက နှစ်ဆတိုးလာခဲ့တယ်။ ကြည့်ရတာ, အတွေးမရှိငြိမ်သက်မူ အခြေအနေနဲ့အတူ ဒိုင်ဇင်ဘုရားကျောင်းက ဝိညာဉ်ဆေးတွေက ငါ့ခန္ဓာကိုယ် လုံးလုံးလျားလျား တိုးတက်စေပုံရတယ်။" ဟုန်ယွိက သက်ပြင်းချလိုက်သည်။ သူ့အရည်အချင်းကို ကြည့်ပြီး သူ ကျေနပ်နေမိသည်။

လမ်းမှာတုန်းက သူသည် အနက်ရောင်သိမ်းငှက်ခံတပ်ကို ဖြိုခွင်းရန်အတွက် သံမဏိသစ်သားမဟူရာအရိုးလေး ကို အသုံးပြုခဲ့ဖူးသည်။ သူသည် မြှားကိုးချောင်းကို ပစ်ခတ်ပြီးနောက် သူ့လက်များက အနည်းငယ် ထုံကျင်သွား ကာ၊ ကောင်းစွာ မချိန်နိုင်တော့ဘဲ ပစ်မှတ်ပျောက်ဆုံးသွားခဲ့သည်။ ယခုမူကား သူသည် မြှားနှစ်ဆယ်ကို ဆက်တိုက် ပစ်ခတ်နိုင်နေပြီ။ သူ၏ ကိုယ်ခံပညာစွမ်းရည်များ အလွန်တိုးတက်လာသည်မှာ ထင်ရှားသည်။

သူ့အပေါ် မြှားပစ်ဆရာယွမ်၏ အကဲဖြတ်ချက်ကို ကြားတော့, လက်ရှိတွင် သူသည် သိုင်းသခင်နယ်ပယ်တွင် ရှိနေသော်လည်း၊ သူ့ကိုယ်တွင်းအင်္ဂါတွေက လုံလောက်အောင် ကြံ့ခိုင်မှုမရှိသေးပေ။ သူသည် ထိပ်တန်း သိုင်းသခင် သို့မဟုတ် ရှင်တန်သိုင်းသခင်နယ်ပယ်သို့ ခြေလှမ်းတစ်ဝက် ဝင်ရောက်နေသည့် ကျွမ်းကျင်သူများ နှင့် ခြားနားခြင်းမရှိဟုသာ ပြောနိုင်ပါသည်။

"ဒီမှာ မင်းအတွက် စမ်းသပ်ဖို့ မလိုတော့ဘူး။" မြားပစ်ဆရာယွမ်က ပြန်လှည့်ပြီး ဟုန်ယွိ၏ ကိုယ်ရေး မှတ်တမ်း တွင် စကားလုံး အနည်းငယ် ရေးလိုက်ပါသည်။ ထို့နောက် သူ့လက်ဗွေကို ပြင်းပြင်းထန်ထန် နှိပ်လိုက်သည်။

"ဒါဆို, အကဲဖြတ်ဖို့အတွက် ဆေဘာခန်းမကို သွားရမယ့် အချိန်ရောက်ပြီ။ ဒီစမ်းသပ်မူပြီးရင် မင်း သွားပြီး၊ အနားယူလို့ ရပြီ။ ငါ ဗိုလ်ချုပ်ကြီးကို သတင်းပို့လိုက်မယ်။ နက်ဖြန်၊ ဗိုလ်ချုပ်ကြီးရဲ့ စစ်မိန့် ထွက်လာလိမ့်မယ်။” သွေးငါးမန်းအစောင့်နှစ်ယောက်က ပြောသည်။

"ကျေးဇူးပြုပြီး လမ်းပြပေးပါ။" ဟုန်ယွိက သူတို့နောက်ကနေ အေးအေးဆေးဆေး လိုက်ပါလာခဲ့သည်။ စစ်တန်းလျား အနည်းငယ်ကို ဖြတ်သန်းပြီးနောက်၊ သူသည် ကိုယ်ခံပညာခန်းမအတွင်းရှိ ဆေဘာခန်းမသို့ ရောက်ရှိလာခဲ့သည်။

နာမည်ပေးထားသည့်အတိုင်း ဆေဘာခန်းမသည် ဆေဘာနှင့် တိုက်ခိုက်ရေးစွမ်းရည်ကို စမ်းသပ်ခြင်း ဖြစ်သည်။

ဟုန်ယွိ ခန်းမထဲကို ရောက်သည်နှင့် အတွင်းထဲမှာ ဆေဘာချင်း ထိတွေ့သံကို ကြားလိုက်ရ၏။ သူ့နားတွေက လှုပ်ယမ်းသွား၏ "ဆေဘာကိုင်ထားတဲ့ အဲဒီလူက ကျွမ်းကျင်သူတစ်ဦးပဲ။"

သူ လျှောက်သွားလိုက်သည်နှင့် ဆေဘာခန်းမရှိ ထိုင်ခုံတန်းတစ်ခုပေါ်တွင် ဆေဘာဆရာ ဒါဇင်ပေါင်းများစွာ ထိုင်နေသည်ကို သူ တွေ့လိုက်ရသည်။ အလယ်တွင် လူငယ်တစ်ဦးသည် လေးပေရှည်သော သံမဏိဆေဘာကို ကိုယ်ဟန်အနေအထားဖြင့် ကိုင်ဆောင်ထား၏။ သူက စမ်းသပ်မူဖြေဆိုသူဆိုတာ သိသာပါသည်။

ထိုလူငယ်၏ ဆေဘာလှုပ်ရှားမူတွေက လျင်မြန် သွက်လက်၏။ သူက အစပိုင်းတွင် သူ့ဆေဘာကို ပြေးလွှားနေ သော မြွေတစ်ကောင်ကဲ့သို့, ဝှေ့ယမ်း လှုပ်ရှားနေသော တောရိုင်းမြက်ပင်များကဲ့သို့ အကြိမ် အနည်းငယ် ခုတ်ပိုင်းသည်။ ထို့နောက် ဆေဘာက လင်းလက်သွားပြီး၊ သူ့ခန္ဓာကိုယ်ကို လှည့်ပတ်ကာ "မဟူရာညလမ်း ရှစ်သွယ်”ဟုခေါ်သည့် လှုပ်ရှားမှုကို အသုံးပြုခဲ့သည်။ ဆေဘာအလင်းက သူ့ခန္ဓာကိုယ်ပေါ် ရစ်ပတ်လွှမ်းခြုံ နေခဲ့ပြီး၊ သူသည် ငွေရောင်ဘောလုံးကြီးမှာ ကခုန်နေသကဲ့သို့ ချက်ခြင်း ပျောက်သွားသွားခဲ့သည်။ လေနှင့် မိုးရေစက်များပင် သူ့ခန္ဓာကိုယ်ထဲသို့ မဝင်ရောက်နိုင်။

ထိုအခိုက်တွင်၊ ဆေဘာဆရာများသည် ရေပုံးတစ်ပုံးကို ယူလာခဲ့ပြီး၊ ထိုလူငယ်အား ပက်ဖြန်းလိုက်လေသည်။ သို့သော် ရေစက်များသည် ဆေဘာကြောင့် လွင့်စင်ကုန်ပြီး၊ မြေပြင်သည် ချက်ချင်းပင် စိုစွတ်သွားလေသည်။ ထိုလုလင်သည် သူ့ဆေဘာကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပါပြီ။ သူ့ကိုယ်အပေါ်တွင် ရေတစ်စက်မျှ မရှိပေ။

ဆေဘာဆရာများသည် ထိုမြင်ကွင်းကို မြင်တော့ အားလုံး အံ့ဩသွားကြသည်။

လုလင်သည် သူ့ဆေဘာကို ဓားအိမ်ထဲ ထည့်ပြီးနောက်၊ ၎င်းကို ပစ်ပေးလိုက်ပြီး၊ ဆေဘာလေ့ကျင့်ကွင်း စင်မြင့်ပေါ်မှ ဖြည်းဖြည်းချင်း တည်တည်ငြိမ်ငြိမ်ဖြင့် ဆင်းလာခဲ့သည်။ ထို့နောက် သူက မည်သည့်စကားမှ မပြောပေ။ သူ အပြင်ထွက်လာချိန်မှာ, သူ့မျက်လုံးတွေက ဖျတ်ခနဲ ကြည့်လိုက်ပြီး၊ ဟုန်ယွိအပေါ်မှာ ရပ်တန့် သွားသည်။ ထိုနောက်တော့ သူ ထွက်သွားခဲ့ပါသည်။

"ဒီလူက ဘယ်သူလဲ။ သူလည်း အတွေ့အကြုံရဖို့ စစ်တပ်ထဲ ရောက်လာတဲ့ မင်းမျိုးမင်းနွယ်ဝင် တစ်ယောက် ဖြစ်ပုံရတယ်။ ဒါပေမယ့်, သူက အခုနက ငါ့ကို စိုက်ကြည့်သွားသေးတယ်။ တိတ်တဆိတ် ရန်ငြိုးများ ထားနေ လား။ သူ ဘယ်သူလဲဆိုတာ ငါ သိမှဖြစ်မယ်။" ဟုန်ယွိက ခဏလောက် စဉ်းစားသည်။ သူသည် ဆေဘာခန်းမထဲ ကို ၀င်သွားပါသည်။ သူသည် သံမဏိဆေဘာကို ကောက်ယူပြီး၊ ဟုန်ရွှေ့ကျောင်းထံမှ သင်ယူခဲ့သော ကောင်းကင်လမ်းညွှန် ဆေဘာပညာရပ်ကို အသုံးပြုခဲ့သည်။

ဤဆေဘာပညာရပ်သည် ထင်ရှားပေါ်လွင်ပြီး၊ အပေါ်ယံပညာရပ်မျိုးလည်း မဟုတ်ပေ။ ဤပညာရပ်သည် သာလွန်ကောင်းမွန်သော်လည်း ထိပ်တန်းအဆင့် မဟုတ်သောကြောင့်, သဘာဝအတိုင်း, သူသည် ဆေဘာ ဆရာအများအပြား၏ ချီးကျူးမှုကို မရရှိခဲ့ပေ။ ထုံးစံအတိုင်း သူသည် သူ့ကိုယ်ရေးမှတ်တမ်းတွင် ထောက်ခံချက် ရယူပြီး ထွက်လာခဲ့သည်။

စစ်တန်းလျား၏ ဘေးဘက်ခန်းမသို့ ပြန်ရောက်ပြီးနောက် ဟုန်ယွိသည် နေ့တစ်ဝက်ခန့် အနားယူခဲ့သည်။ ထို့နောက် သူသည် သွေးငါးမန်းအစောင့်တွေထံမှတဆင့် ဗိုလ်ချုပ်ကြီး ယန်ကျန်းထံမှ အမိန့်တစ်ခုကို လက်ခံ ရရှိခဲ့သည်။

“ငါ့ကို အဓိကစစ်တပ်ဖြစ်တဲ့ အစိမ်းရောင်တပ်ဖွဲ့ရဲ့ တပ်ရင်းမှူးလုပ်ဖို့ အမိန့်ပေးလိုက်တာလား။ ငါ မနက်ဖြန် ရုံးတက်ရမယ်ပေါ့။” ဟုန်ယွိက အမိန့်နှင့် တပ်ရင်းမှူးတံဆိပ်ကို ကြည့်ပြီး၊ သူ အနည်းငယ် အံ့ဩသွား၏။

လူငါးရာပါသော တပ်ရင်းတစ်ရင်းကို တပ်ရင်းမှူးက ဦးဆောင်ရသည်။ သူသည် စစ်တပ်တွင် အလယ်အလတ် အဆင့်ရှိ အရာရှိတစ်ဦးဟု ဆိုနိုင်သည်။ အကယ်၍ သူသည် အဆင့်တစ်ဆင့် တိုးမြင့်လာပါက၊ သူသည် လူတစ်ထောင်ကို ဦးစီးရသည့် စစ်ဗိုလ်ချုပ်တစ်ဦး ဖြစ်လာလိမ့်မည်။ ဟုန်ယွိက သူဒီကိုလာစဉ်တုန်းက လူတစ်ရာကို ဦးစီးရသည့် ဒူတူးတပ်မှူးတစ်ဦးသာ ဖြစ်နိုင်မည်ဟု ခန့်မှန်းထားခဲ့သည်။ ပထမဆုံး စတင်သည့် အနေဖြင့်, သူသည် လူတစ်ရာကို ဦးစီးရသည့် ဒူတူးတပ်မှူးတစ်ယောက်သာ ဖြစ်နိုင်ပါသည်။ ယခုမူ, သူသည် မမျှော်လင့်ဘဲ လူငါးရာကို ဦးစီးရသည့် တပ်ရင်းမှူးတစ်ဦး ဖြစ်လာခဲ့သည်။

"လူအိုကြီးကျန်း, ခင်ဗျားနဲ့ လူအိုကြီးဝမ်က အပြင်ထွက်ပြီး ချီဇီယန်နဲ့ တခြားသူတွေကို ဆက်သွယ်လိုက်ပါ။ သူတို့ အဆင်ပြေတယ်ဆိုရင်, မနက်ဖြန်မနက်မှာ ငါနဲ့လာတွေ့ပြီး တပ်တွေကို အမိန့်ပေးဖို့အတွက် အစိမ်းရောင် တပ်ရင်းကို အတူတူ သွားကြမယ်။”

ဟုန်ယွိသည် ၎င်းအမိန့်စာကို ဖတ်ပြီးနောက် တပ်ရင်းမှူးတံဆိပ်နှင့် အမိန့်ကို သိမ်းဆည်းကာ အမိန့်ပေးလိုက် သည်။

တစ်ချိန်တည်းမှာပင် ပစိတ်ဖိတ်ရေတပ်မှ ဆယ်မိုင်ကျော်ဝေးသော အခြားစခန်းတစ်ခုတွင်….။

ဟုန်ယွိနှင့် ဆုံတွေ့ဖူးသည့် ထိုလူငယ်သည် သစ်သားခုံ တန်းလျားပေါ်မှာ ငြိမ်သက်စွာ ထိုင်နေပါသည်။ အမျိုးသမီးတစ်ဦးက သူနှင့်ဆန့်ကျင်ဘက် ကုလားထိုင်တစ်ခုပေါ်တွင် ထိုင်နေ၏။ ထိုအမျိုးသမီးမှာ ကျောက်ဖေးရန် ဖြစ်ပြီး၊ ရွှေ့ယန်ပြည်နယ် အုပ်ချုပ်ရေးမှူး၏ စံအိမ်တွင် ဟုန်ခမ်းနှင့် တွေ့ဆုံခဲ့သည့် အမျိုးသမီး ဖြစ်သည်။

“ဝေလဲ့။ မင်း ဒီနေ့ ကိုယ်ခံပညာခန်းမမှာ ဟုန်ယွိကို တွေ့ခဲ့တယ်လို့ ပြောလိုက်တာလား။" ကျောက်ဖေးရန်က လူငယ်ကို ပြောသည်။

"ဟုတ်တယ်။" ဝေလဲ့က ပြောသည် “အဲဒီနောက်, ငါ သူ့ရဲ့ကိုယ်ရေးအကျဉ်းကို ကြည့်ခွင့်ရဖို့ တစ်စုံတစ်ယောက် ကိုတောင် လာဘ်ထိုးခဲ့သေးတယ်။ သူက မြှားပစ်ခန်းမမှာ လေးပစ်စမ်းသပ်မှုကို ခံယူခဲ့ပြီး၊ သံမဏိသစ်သား မဟူရာအရိုးလေးကို ကိုင်ဆောင်ခဲ့တယ်။ သူက မြှားနှစ်ဆယ်ကို ဆက်တိုက် ပစ်ခတ်ခဲ့ပြီး အားလုံးကလည်း ပစ်မှတ်ကို ထိမှန်ခဲ့တယ်။ သူ့ကိုယ်ခံပညာက သိုင်းသခင်နယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်ရှိနေခဲ့ပြီ။ သူက ရှင်တန်သိုင်းသခင်နယ်ပယ်နဲ့ ခြေတစ်လှမ်းလောက်ပဲ ဝေးတော့တယ်။ ဒါ့အပြင်, သူ့ကို မင်းသားယုက မိတ်ဆက်ပေးခဲ့တာ။ အခု, သူက အစိမ်းရောင်တပ်ရဲ့ တပ်ရင်းမှူးအဖြစ် ဗိုလ်ချုပ်ကြီးက ခန့်အပ်လိုက်ပြီ။”

"တကယ်လား? သူ့မှာ အရည်အချင်းတစ်ချို့ ရှိနေတာပဲ။ ဟုန်ခမ်းက သူ့ကို ရွှေ့ယန်ပြည်နယ်မှာ တားဆီးဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ လင်းဟိုင်ပြည်နယ်ကို သူ ဘယ်လိုရောက်သွားမှန်းတောင် မသိလိုက်ဘူး။” ကျောက်ဖေးရန်က ဝေလဲ့ဟုခေါ်သော လူငယ်ကို ကြည့်ကာ ပြုံးလိုက်ပါသည်။ "ဒါပေမယ့်, မင်းလည်း တပ်ရင်းမှူးအဖြစ် ခန့်အပ်ခံရတယ်လေ။ မကြာခင် ရက်အနည်းငယ်အတွင်းမှာ, ဝင်္ကဘာကွေ့မှာ ခိုအောင်းနေ တဲ့ ပင်လယ်ရေဓားပြတွေကို ချေမှုန်းဖို့ တပ်တွေ စေလွှတ်လိမ့်မယ်။ အဲဒီအချိန်မှာ ကမ္မကုသိုလ်တွေ ပြုလုပ်ဖို့ အခွင့်ကောင်းပဲ။ မင်းကိုယ်တိုင် သူ့သိုင်းပညာက ကောင်းတယ်လို့ ပြောထားမှတော့, မင်းအနေနဲ့ သူ့ကို မင်းရဲ့ ကောင်းချီးဂုဏ်သတင်းတွေကို ခိုးယူမသွားစေနဲ့နော်။"

"ငါ့လက်အောက်မှာ ကျွမ်းကျင်သူတွေ အများကြီး ရှိတယ်။ ဆင်းရဲမွဲတေနေတဲ့ အနှိမ်ခံတစ်ယောက်က ငါ့ရဲ့ ဂုဏ်သတင်းကို ဘယ်လို ခိုးယူနိုင်မှာလဲ။ တကယ့်ကို ဟာသပဲ။” ဝေလဲ့က အေးစက်စွာ ပြောလိုက်သည်။ “ဒါ့အပြင် သူ့သိုင်းပညာက အရမ်းကောင်းနေရင်တောင် သူ့ပတ်ဝန်းကျင်မှာ လူဘယ်နှစ်ယောက် ရှိနိုင်မှာလဲ။ သူ့မှာ ငွေကြေးဉစ္စာ ဘယ်လောက်ရှိလဲ။ အစိမ်းရောင်တပ်ရင်းရဲ့ ကျိုးပျက်နေတဲ့ စစ်သင်္ဘောတွေက ပင်လယ် ပြင်မှာ ကွဲလုမတတ် ဖြစ်နေလိမ့်မယ်။ သူတို့က စစ်တပ်ရဲ့ ဖင်နောက်ကွယ်ကနေ ဖုန်မှုန့်တွေလောက်ပဲ စားနိုင် တယ်။ စကားမစပ်၊ မင်း, ရုတ်တရက် ငါ့ကို ဘာလို့ လာရှာလာလဲ။ ဒီကိစ္စကြောင့်လား။”

"ဒီကိစ္စကြောင့်ပဲဆိုပါတော့။ ဓားပြတွေကို နှိမ်နှင်းတဲ့အခါမှာ, ရံဖန်ရံခါ အမှားလုပ်မိတတ်တယ်။ ငါက မင်းကို သူ့ကို လူလွှတ်ပြီး သတ်ပေးဖို့ တောင်းဆိုချင်တယ်။ ပြည်နယ်ခုနစ်ခုရဲ့ ဘုရင်ခံတစ်ပါးရဲ့ သားဆိုတဲ့ မင်းရဲ့ အဆင့်တန်းနဲ့ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း လုပ်နိုင်တယ်။ ဘယ်သူမှ မင်းကို သံသယရှိမှာ မဟုတ်ဘူး။ သူက မင်းကို ဘယ်လို ရင်ဆိုင်နိုင်မှာလဲ။" ကျောက်ဖေးရန်က သူမလက်ကို ဝှေ့ယမ်းပြီး၊ ထိုသတ်ဖြတ်ခြင်း အကြောင်း ပြောနေစဉ်မှာ လက်ဖက်ရည် သောက်နေသကဲ့သို့ အေးဆေး တည်ငြိမ်နေ၏။

ဤဝေလဲ့သည် တောင်ပိုင်း ပြည်နယ်ခုနစ်ခု၏ ဘုရင်ခံ ဝေတိုင်ကန်၏သား ဖြစ်သည်။

"အဲဒါက လွယ်တယ်။ ငါ ဘာအကျိုးကျေးဇူးတွေ ရနိုင်မလဲ။" ဝေလဲ့က ကျောက်ဖေးရန်ကို စိုက်ကြည့်ရင်း သူ့ပါးစပ်ထောင့်စွန့်က တွန့်သွားပါသည်။

"အိမ်ရှေ့စံ မင်းသားရှေ့မှာ မင်းအတွက် ငါ စကားကောင်းကောင်း ပြောပေးမယ်။" ကျောက်ဖေးရန်က ရယ်မော လိုက်သည်။ “အခု မင်းရဲ့အစ်ကိုကြီး ဝေလီဟာဆိုရင် တန်ခိုးကြီး နတ်ဘုရားဘုရင်ရဲ့ လက်အောက်မှာ စစ်သူကြီးတစ်ဦး ဖြစ်နေပြီ။ သူက နယ်ခြားစောင့်တပ်မှာ တပ်သားငါးသောင်းကို ဦးစီးညွှန်ကြားရပြီး၊ မကြာသေးခင်ကမှ ပေးပို့လာတဲ့ တန်ခိုးကြီး နတ်ဘုရားဘုရင်ရဲ့ မှတ်တမ်းတွေထဲမှာ မင်းအစ်ကိုကြီးရဲ့ ကမ္မကုသိုလ်တွေကို ချီးမွှမ်းထားတယ် ... မင်း ဘယ်လိုထင်လဲ။”

"ကောင်းပြီလေ။" 'အိမ်ရှေ့စံမင်းသား' ဟူသော စကားလုံးနှစ်လုံးကို ကြားတော့ ဝေလဲ့၏ မျက်လုံးတွေက မှေးဆင်းသွားပါသည်။

"အဲဒီလူငယ်က တောင်ပြည်နယ်ခုနစ်ခုရဲ့ ဘုရင်ခံ ဝေတိုင်ကန်ရဲ့ အငယ်ဆုံးသား ဝေလဲ့ပဲ။ ဒီတောင်ပိုင်း ပြည်နယ်ခုနစ်ရဲ့ ဘုရင်ခံကလည်း အိမ်ရှေ့စံ မင်းသားရဲ့ လူပဲ" နောက်နေ့ နံနက်စောစောတွင် ဟုန်ယွိသည် သူ့လူများနှင့် မြင်းများအားလုံးကို စုဝေးစေခဲ့သည်။ သူသည် တပ်ရင်းမှူးတံဆိပ်နှင့် အမိန့်စာကို ကိုင်ဆောင်ကာ ပထမဆုံးနေ့အဖြစ် တာဝန်ထမ်းဆောင်ရန် အစိမ်းရောင်တပ်ရင်း၏ စစ်တန်းလျားဆီသို့ သွားရောက်ခဲ့သည်။

လမ်းတစ်လျှောက်တွင် ဟုန်ယွိနှင့် ချီဇီယန်တို့သည် စကားစမြည် ပြောဆိုကြသည်။ ဆေဘာခန်းမတွင် သူတွေ့ ခဲ့သည့် လူငယ်၏ အမည်နှင့် အချက်လက်များကို သူ မေးမြန်းထားပြီး ဖြစ်သည်။

တဖက်လူ၏ ကိုယ်ရေးအချက်လက်နှင့် ဩဇာအာဏာကို လျှော့မတွက်သင့်ပေ။ ဟုန်ယွိသည်လည်း လျှို့ဝှက်စွာ စောင့်ကြည့်နေပါသည်။

သူတို့အဖွဲ့သည် အစိမ်းရောင်တပ်ရင်း၏ တန်းလျားအဝင်ဝသို့ ရောက်ရှိလာခဲ့ပြီး၊ သူတို့၏ တပ်ရင်းမှူး တံဆိပ်ကို ရိုက်နှိပ်ကာ ဝင်လာကြသည်။ ဟုန်ယွိသည် တပ်ရင်းမှူး၏ ထိုင်ခုံတွင် ထိုင်ကာ ဘယ်ညာ ကြည့်လိုက်သည်။ မထင်မှတ်စွာပင်, စစ်တပ်က အရာရှိတစ်ယောက်မှ ရောက်မလာသည့်အတွက် သူ့ဘေးမှာ ရပ်နေသည့် အစောင့်တပ်သားကို မေးလိုက်ပါသည် "ဒီအစိမ်းရောင် တပ်ရင်းမှာ လူငါးရာနဲ့ တပ်မှူးငါးယောက် ရှိတယ်ဆို။ သူတို့ ဘယ်မှာလဲ။"

“သတင်းပို့ပါတယ် သခင်။ တပ်မှူးငါးဦးစလုံ ဖျားနာပြီး၊ ခွင့်ယူထားတာကြောင့် မခေါ်နိုင်ခဲ့ပါဘူး။” အစောင့် တပ်သားက ပြန်ဖြေသည်။

"သူတို့က ဖျားနာနေကြတာလား။ ဒါက သွေးထိုးလှုံ့ဆော်မှု တစ်ခုခုရော မဖြစ်နိုင်ဘူးလား။ အဖော်ကောင်း တွေပဲ။” ဟုန်ယွိက ခဏလောက် စဉ်းစားပြီးနောက် တစ်ယောက်ယောက်က သူ့ကို အခက်တွေ့အောင် လုပ်ဆောင်ဖို့ ကြိုးစားနေမှန်း သိလိုက်ပါပြီ။ ဒီနေ့က သူ၏ ပထမဆုံး တာဝန်ထမ်းဆောင်သည့် နေ့ဖြစ်ပါသည်။ သူ့လက်အောက်က တပ်မှူးအရာရှိ ငါးယောက်စလုံး နေမကောင်းသည့်အတွက် မလာနိုင်ဘူးဆိုလျှင်, သူသည် စစ်တပ်ကို မည်သို့စည်းရုံးပြီး၊ မည်သို့ တိုက်ခိုက်နိုင်မည်နည်း။

"ချီဇီယန်, မင်းနဲ့အတူ လူအနည်းငယ် ခေါ်ပြီး၊ အမိန့်ပေးတံဆိပ်ကို ယူဆောင်သွား။ ငါ့အတွက် အဲဒီတပ်မှူးငါးဦး ကို တစ်ယောက်ပြီးတစ်ယောက် ဖမ်းလာခဲ့စမ်း။” သူ့ထိုင်ခုံမှ တံဆိပ်ပြားကို ဆွဲထုတ်ရင်း ဟုန်ယွိ၏ မျက်လုံး များက တောက်ပလာခဲ့သည်။ "သူတို့ကို ထုတ်ပယ်ပြီး ငါ့ကိုယ်ပိုင် လူတွေနဲ့ အစားထိုးဖို့ အခွင့်အရေးကို ငါ ရှာမတွေ့သေးဘူး။"

All Chapters