← Chapters

အခန်း (၁၂၃-၁၂၅)

Vol. 10 Ch. 123-125

အခန်း (၁၂၃-၁၂၅)

Vol. 10 Ch. 123-125

အခန်း (၁၂၃)။

ဘုန်း.. ဘုန်း.. ဘုန်း.....

နာနာကျင်ကျင် အော်ဟစ်သံများ၊ ဒေါသတကြီး ဟိန်းဟောက်သံများနှင့်အတူ အသားများကို ရိုက်နှက်နေသည့် အသံများက တန်းလျားအတွင်းရော အပြင်ဘက်ပါ လူတိုင်းကို ထိတ်လန့်စေပါသည်။ စစ်တပ်၏ စည်းမျဉ်း စည်းကမ်းတွေကို သိရှိထားကြသည့် လူတိုင်းက ဤအရာက စစ်တပ်၏ တုတ်ဖြင့် တင်ပါးကို ရိုက်နှက်နေခြင်း ဖြစ်သည်ကို သိကြပါလိမ့်မည်။

ယနေ့ အစိမ်းရောင်တပ်ရင်းမှ တပ်သားများအားလုံး ကြောက်ရွံ့တုန်လှုပ်နေကြ၏။ သူတို့လက်ထဲမှာ လက်နက် တွေကို ကိုင်ထားကြပြီး၊ မတ်တပ်ရပ်လိုက်သည့်အခါ သူတို့ခြေသလုံးတွေနှင့် ဗိုက်ကြောတွေမှာ ကြွက်တက်ပြီး၊ တင်းကျပ်လာကြသည်။ ဤလူငယ် တပ်ရင်းမှူးအသစ်သည် ဤမျှ ကြောက်ဖွယ်ကောင်းနေလိမ့်မည်ဟု မည်သူ မျှ မမျှော်လင့်ထားခဲ့ကြပေ။

ပုံမှန်အတိုင်းဆို ဝမ်းဗိုက်ထွက်နေသည့်အတွက် လမ်းလျှောက်ထွက်လေ့ရှိကာ၊ ဂျင် ၈၀ အလေးချိန်ရှိသော ကျောက်တုံးများဖြင့် ဆော့ကစားလေ့ရှိသည့် ကြီးကျယ်ခမ်းနားပုံရသော ဤစစ်အရာရှိ ငါးဦးသည် တပ်ရင်းမှူး ငယ်၏ အစောင့်များက စစ်တန်းလျားထဲသို့ တဟုန်ထိုး ပြေးဝင်ပြီး၊ ကြက်တွေကို ဖမ်းသုတ်သည့် လင်းယုန် ငှက်များကဲ့သို့ ဖမ်းဆီးကာ၊ အစိမ်းရောင်တပ်ရင်း၏ လေ့ကျင့်ရေး ကွင်ပြင်ဆီသို့ သယ်ဆောင်ပြီး၊ အဝတ်အစား များနှင့် ဘောင်းဘီများကို ချွတ်ကာ အသတ်ခံရတော့မည့် ဝက်တွေ အော်ဟစ်နေသကဲ့သို့ အော်ဟစ်နေသည် အထိ သစ်သားတုတ်ဖြင့် ရိုက်နှက်ခြင်း ခံနေခဲ့ရသည်။

"မနေ့ညက ဒီစစ်အရာရှိငါးဦးဟာ တပ်ရင်းမှူးအသစ်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းအောင်လုပ်ဆောင်ဖို့အတွက် တစ်ယောက်ကို ငွေဒင်္ဂါးငါးရာစီ လက်ခံခဲ့တယ်လို့ ငါ စစ်ဆေးတွေ့ရှိထားတယ်။”

ဟုန်ယွိသည် တန်းလျားများအလယ်ရှိ စားပွဲခုံနောက်တွင် ထိုင်နေကာ၊ ချီဇီယန်က ဝင်လာပြီး စစ်ဆေးမေးမြန်း မှု အကြောင်း ပြောပြသည်ကို နားထောင်နေသည်။

"အဲဒီလိုလား။ ဒါဆို သေချာပြီ။ ငါစစ်တပ်ထဲ ရောက်တာနဲ့ ငါ့ကို စိတ်အနှောင့်ယှက်ဖြစ်အောင် လုပ်ဆောင်နေ တဲ့ လူတစ်ယောက် ရှိနေပြီ။ လူတစ်ယောက်အတွက် ငွေဒင်္ဂါးငါးရာ။ လူငါးယောက်အတွက် ငွေဒင်္ဂါး နှစ်ထောင် ငါးရာ။ ငါ့ဂုဏ်သိက္ခာကို နင်းချေဖို့နဲ့ ငါ့စိတ်အတိုင်းကျ စစ်တပ်ကို အုပ်ချုပ်ဖို့ကနေ တားဆီးဖို့ ငွေဒင်္ဂါး နှစ်ထောင်ငါးရာ ပေးတယ်။ ဘယ်လောက် ရက်ရောလိုက်လဲ။" ဟုန်ယွိက သူ့နှုတ်ခမ်းကို ကိုက်ပြီး ခဏလောက် စဉ်းစားသည်။ "သူတို့ကို ဘယ်သူ ပေးတာလဲ မင်း သိခဲ့လား။”

“မသိသေးဘူး၊ ဒါပေမယ့် သူတို့ကတော့ စစ်တပ်ကို အသားနဲ့ ဟင်းသီးဟင်းရွက်တွေ ပို့ပေးနေတဲ့ ကုန်သည်တွေ လို့ ပြောကြတယ်။” ချီဇီယန်က သူ၏ သွယ်လျသော လက်ချောင်းများဖြင့် ရီဗာသံမဏိဓားကို ကိုင်ထားသည်။ သူ၏ ငွေမှင်ရောင် "ငွေငါးမန်းချပ်ဝတ်" သည် သူ့ကို ရဲရင့်သောအသွင်ကို ဖြစ်ပေါ်စေသည်။ သူသည် သဲလွန်စ မရှိဘဲ ရုတ်တရက် ပေါ်လာပြီး၊ ပျောက်ကွယ်သွားနိုင်သော ဓားသမားတစ်ဦးနှင့်တူနေသည်။ မကြာသေးမီက သူ၏ကိုယ်ခံပညာသည် အလွန် တိုးတက်လာခဲ့ပြီး၊ သူ၏ စိတ်နေ စိတ်ထားကလည်း ပြောင်းလဲလာခဲ့သည်။ တချိန်တုန်းက သူ့မှာရှိနေခဲ့သည့် မြက်ခင်းလွင်ပြင်ဒေသ ယွန်မင်၏ တောရိုင်းအငွေ့အသက်ကို ပိုမိုချုပ်တည်း လာနိုင်ခဲ့ပြီး၊ ထက်မြက်လာခဲ့သည်။ ယခုအခါ သူသည် တော်ဝင်ချန်၏ ပညာရှင်တစ်ဦး၏ အငွေ့အသက်များပင် ရရှိနေပြီ ဖြစ်သည်။ “ကုန်သည်အချို့က ပစိဖိတ်ရေတပ်ကို နေ့စဉ် လတ်ဆတ်တဲ့ အသားတွေ, ဟင်းသီး ဟင်းရွက်တွေကို ပို့ဆောင်ကြတယ်။ အများစုကတော့ ထိုက်ချန်က ကုန်သည်တွေပဲ။ ထိုက်ချန်က ကုန်သည် တွေကို အထွဋ်ထိပ်ကောင်းကင်နယ်မြေနဲ့ တောင်ပိုင်းပြည်နယ် ခုနစ်ခုက မင်းမျိုးမင်းနွယ်တွေက ကျောထောက် နောက်ခံ ပြုထားတယ်။”

"အထွဋ်ထိပ်ကောင်းကင်နယ်မြေရဲ့လက်တံက စစ်တပ်ထဲကိုတောင် ရောက်နေပြီလား။ အနာဂတ်မှာ ငါ အထူး သတိထားရမယ့်ပုံပဲ။" ဟုန်ယွိက မတ်တပ်ရပ်ပြီး "လာ၊ သွားပြီး စကားပြောရအောင်။ ဒီတပ်ရင်းမှာ လူငါးရာ ရှိတယ်။ ဒီလူတွေကို အချိန်တိုအတွင်း သံမဏိတုံးကြီးတစ်ခုအဖြစ် ပေါင်းစည်းရမယ်။ မဟုတ်ရင် သူတို့ဟာ စစ်ပွဲမှာ သေချာပေါက် အားနည်းချက်တွေ ရှိလာလိမ့်မယ်။ ငါ ဟွာနွန်ယင်နဲ့ ဟွာနွန်းယွီတို့ဆီကနေ သတင်းရခဲ့ တယ်။ ဒီတစ်လအတွင်းမှာ ပစိတ်ဖိတ်ရေတပ်ဟာ ဝင်္ကဘာအကွေ့မှာ စခန်းချနေတဲ့ ပင်လယ်ဓားပြပေါင်းများ စွာကို ရှင်းလင်းသုတ်သင်ဖို့ တပ်တွေကို စုစည်းနိုင်ဖွယ်ရှိနေတယ်။”

ဝင်္ကဘာအကွေ့သည် တောင်ပိုင်းပင်လယ်ရှိ လျှို့ဝှက်ဆန်းကြယ်ဆုံး ရေပြင်ဧရိယာ ဖြစ်သည်။ ၎င်းရေပြင်သည် အချင်းဝက် မိုင်ထောင်ပေါင်းများစွာရှိပြီး၊ တော်ဝင်ချန်၏ ပြည်နယ်တစ်ခုထက်ပင် ကြီးမားပါသည်။ မရေမတွက် နိုင်သော ကျွန်းပေါင်းများစွာ ပြန့်ကျဲစွာ တည်ရှိနေခဲ့သည်။ ပင်လယ်ပြင် ရေစီးကြောင်းတွေက လှိုင်းထန်ပြီး၊ မြေမျက်နှာသွင်ပြင်ကလည်း ရှုပ်ထွေးသည်။ တခါတရံတွင် မြူများထူထပ်စွာ ကျဆင်းပြီး၊ လေပြင်းများလည်း တိုက်ခတ်လေ့ရှိသည်။

ထို့အတွက်ကြောင့် ဝင်္ကဘာအကွေ့သည် ရက်စက်ကြမ်းကြုတ်သော ပင်လယ်ဓားပြများ ပုန်းအောင်းရန် နေရာကောင်း တစ်ခု ဖြစ်နေသည်။

ပို၍ ကြောက်စရာကောင်းသည်မှာ ဝင်္ကဘာအကွေ့၏ နက်ရှိုင်းသည့် နေရာတွေမှာ မရေမတွက်နိုင်သည့် ကျွန်းတွေ ရှိနေခြင်း ဖြစ်သည်။ ရေဝဲများအတွင်းမှာ, ရက်စက်ကြမ်းကြုတ်သော ပင်လယ်သားရဲများနှင့် မွန်းစတားများပင် ရှိနေသေးသည်။ ထို့အပြင်, အချို့လျှို့ဝှက်နေရာတွင် အင်မော်တယ် ဆေးပင်များနှင့် ရှေးခေတ် အင်မော်တယ်များ တာအိုကျင့်ကြံသည့် လျှို့ဝှက်နေရာများလည်း ရှိနေတတ်သည်။

အတိုချုပ်ပြောရလျှင်, ဤနေရာသည် အင်မော်တယ်များ၏ ဒဏ္ဍာရီများ၊ မွန်းစတားများ၊ ပင်လယ်ဓားပြများ၊ မွန်းစတားများ၊ အင်မော်တယ် ဆေးပင် စသည်တို့ဖြင့် ပြည့်နှက်နေပါသည်။ ထိုနေရာသည် လျှို့ဝှက်ဆန်းကြယ် သော နေရာ ဖြစ်နေခဲ့သည်။

ပို၍အရေးကြီးသည်မှာ ဝင်္ကဘာအကွေ့သည် တောင်ပိုင်းပင်လယ် ကမ်းရိုးတန်းနှင့် မဝေးလှပေ။ ပင်လယ် လမ်းခရီးဖြင့် ထိုနေရာသို့ ရောက်ရှိရန် နှစ်ရက်သုံးရက်သာ ရွက်လွှင့်ရသည်။ ထိုပင်လယ်ဓားပြများသည် ဝင်္ကဘာအကွေ့တွင် ပုန်းအောင်းရင်း၊ ကုန်းမြေပေါ်တွင် အလွယ်တကူ လုယက်နိုင်သည်။

လုယက်မှု အပြီးတွင်, သူတို့သည် ဝင်္ကဘာအကွေ့တွင် ပုန်းအောင်းနိုင်သည်။ အင်အား တစ်သန်းရှိသည့် တပ်က တောင် သူတို့ကို ဘာမှ မလုပ်နိုင်ကြပေ။

မနေ့ညက ဟုန်ယွိသည် ငွေကုန်သည်များ၏ လျှို့ဝှက်ပင်လယ် မြေပုံများကို အကြမ်းဖျင်း ကြည့်ရှုခဲ့သည်။ ထိုအထဲမှာ ဝင်္ကဘာအကွေ့ မြေပုံလည်း ပါပါသည်။ အတွင်းမြေပြင်က ရှုပ်ထွေးသည်။ ပစိတ်ဖိတ်ရေတပ် တစ်ခု လုံးကို မဆိုထားနှင့်, စစ်သည်အင်အား တစ်သန်းရှိနေရင်တောင် အများကြီး လုပ်နိုင်မှာ မဟုတ်ပါဘူး။

အစိမ်းရောင်တပ်ရင်း၏ လေ့ကျင့်ရေး ကွင်းထဲတွင် တပ်ရင်းတစ်ရင်းလုံးမှ လူပေါင်းရာချီသည် ရောက်ရှိလာကြ ပြီး၊ တန်းစီနေကြသည်။ သို့သော် ဟုန်ယွိသည် သူတို့ကို ကြည့်လိုက်သောအခါတွင် သူ မျက်မှောင်ကြုတ်သွားမိ သည်။

ဤစစ်သား အုပ်စုသည် မျက်နှာတွေက ဖြူဖျော့နေပြီး၊ ခွန်အားပြည့်ဝခြင်းမရှိကြပေ။ သူတို့သည် မြေပိုးကောင် များကဲ့သို့ ကောက်ကွေးသော ကိုယ်နေဟန်ဖြင့် မတ်တပ်ရပ်နေကြသည်ကို တွေ့လိုက်၏။ အကောင်းဆုံး အနေဖြင့်, သူတို့သည် သာမန် ကြံ့ခိုင်သန်မာသော ယောက်ျားများထက် အနည်းငယ်သာ သာလွန်ပါသည်။

ဟုန်ယွိသည် လက်ရွေးစင် စစ်သည်များကို တွေ့ဖူးသည်။ ယခု သူသည် ဤစစ်သားအုပ်စုကို ကြည့်လိုက်တော့, သူ့စိတ်ထဲမှာ စကားလုံးလေးလုံးကိုသာ တွေးတောနိုင်ခဲ့ပါသည် "ကြောင်ကြောင်ကြားကြား အဖွဲ့တစ်စု"။

"စုစုပေါင်း လူဘယ်နှစ်ယောက်ရှိလဲ။ အားလုံး ရောက်လာကြပြီလား။” ဟုန်ယွိက ငါးမန်းသတ်ဓားကို ကိုင်ပြီး၊ စစ်သည်များရှေ့သို့ လျှောက်လှမ်းလာခဲ့ပြီး၊ အာလုံးကို ခြုံငုံကြည့်လိုက်ပါသည်။ သူသည် စိတ်ထဲတွင် နှစ်သိမ့်မှု လှိုင်းလုံးကြီးကို မခံစားရဘဲ မနေနိုင်ခဲ့ပါချေ။

"သူတို့က ငါ့စစ်သည်တွေလား။ ငါ့လက်အောက်ငယ်သားတွေလား။ လွန်ခဲ့တဲ့တစ်နှစ်ကဆို, ငါဟာ မြို့စားဝူဝမ် စံအိမ်မှာပဲ ရှိသေးတယ်။ ငါ့ဘေးအနားမှာ အစေခံတစ်ယောက်မှ မရှိခဲ့သလို ငွေကြေးလည်း မရှိခဲ့ဘူး။ ယခု ငါကိုယ်တိုင်က ထူးခြားတဲ့ပညာရပ်တွေကို ကျွမ်းကျင်နေပြီ။ ငါ့ရဲ့ကြွယ်ဝမူကလည်း တစ်သိန်းမက ရှိနေခဲ့ပြီ။ ငါ့ဘေးမှာ ရှင်တန်သိုင်းသခင်တွေ၊ သိုင်းသခင်တွေ၊ သိုင်းစစ်သည်တော်တွေ ဝိုင်းရံနေကြပြီ။ ငါကိုယ်တိုင်က လည်း ရာနဲ့ချီတဲ့ လူတွေကို ဦးစီးရတဲ့ တပ်ရင်းမှူးတစ်ယောက် ဖြစ်လာခဲ့ပြီ။ ဒါပေမယ့်၊ ကျောက်မိသားစု, မြို့စားဝူဝမ် စံအိမ်ကြီးနဲ့ နှိုင်းယှဉ်ရင်, ဒါတွေက ဘာမှ မပြောပလောက်သေးဘူး။ ငါ့ဩဇာလွှမ်းမိုးမှုကို ချဲ့ထွင် ပြီး၊ ကိုယ်ပိုင်စွမ်းအားကို မြှင့်တင်နိုင်ဖို့ ကြိုးစားရဦးမယ်။ တစ်နေ့၊ ငါဟာ ခမ်းနားထည်ဝါတဲ့ လွှမ်းမိုးမူနဲ့အတူ ဟုန်ရွှန်ကျိနဲ့ ကျောက်မိသားစု ရှေ့မှာရပ်ပြီး ငါ့အမေအတွက် တရားမျှတမှုကို ရှာရမယ်။” ဟုန်ယွိက သူ့ကိုယ်သူ တည်ငြိမ်အောင် မထိန်းနိုင်ခင် ရှေ့ကို နှစ်လှမ်းတိုးလိုက်ပါသည်။

“တင်ပြပါတယ်။ စုစုပေါင်း ၃၃၆ ယောက် ရှိပါတယ်။ အစိမ်းရောင်တပ်ရင်းရဲ့ စစ်သည်အားလုံး ဒီကို ရောက်နေကြပါပြီ။” ဟုန်ယွိက မေးခွန်းထုတ်ရင်း လမ်းလျှောက်နေစဉ်, ခုံတန်းလျားပေါ်မှာ လဲလျောင်းနေသည့် သေလုမျောပါး ဒူတူးတပ်မှူး ငါးယောက်ကို ကြည့်လိုက်ပါသည်။ ထို့နောက်, သူက ချပ်ဝတ်တန်ဆာကို သပ်သပ် ရပ်ရပ် ဝတ်ဆင်ထားသော အနက်ရောင်သိမ်းငှက်ခံတပ် ညီအစ်ကိုသုံးယောက်နှင့် တိမ်ဖြူအကြီးအကဲ ငါးယောက်ကို လှမ်းကြည့်လိုက်သည်။ သူရှေ့ကို လှမ်းပြီး စကားပြောနေချိန်မှာ, သူ့အမူအရာက လုံးဝ ပြောင်းလဲမသွားခဲ့ပါဘူး။

“တပ်ရင်းတစ်ရင်းမှာ အနည်းဆုံး လူငါးရာ လိုတယ်။ ဘာလို့ ၃၃၆ ယောက်ပဲ ရှိတာလဲ။ အားလုံး ဒီမှာ ရှိနေပြီလို့ မင်း မပြောခဲ့ဘူးလား။" ဟုန်ယွိ၏ မျက်လုံးတွေက စစ်သည်တွေကို တစ်ယောက်ချင်းစီ လိုက်ကြည့်နေသည်။ သူ၏ ခက်ထန်သော အကြည့်တွေက စစ်သည်များ၏ ကျောရိုးတွေကို တုန်လှုပ်သွားစေခဲ့သည်။

"တင်ပြပါတယ်။ ကျန်တာတွေက လစ်လပ်နေရာတွေ ဖြစ်ပါတယ်။" တပ်ကြပ်အဆင့် အရာရှိငယ်တစ်ဦးက သတ္တိကို စုစည်းပြီး အရဲစွန့် ပြောလိုက်သည်။

"လစ်လပ်နေရာတွေလား…" ဟုန်ယွိသည် ထိုစကားကို ကြားသောအခါ ခဏလောက်တွေးပြီး နားလည်သွားပါ သည်။

မူလက တပ်ရင်းတစ်ရင်းတွင် လူငါးရာ ရှိပါသည်။ စစ်သည်ငါးရာကို စစ်ဌာနချုပ်က ပေးရသည်။ သို့သော်လည်း လက်တွေ့တွင်မူ အချို့တပ်ရင်းများ၌ လူငါးရာ မရှိပေ။ ထိုအပိုစစ်သည်များ၏ လစာကို “လစ်လပ်နေရာ" ဟု ခေါ်သည်။ ထို "လစ်လပ်နေရာ" လစာများကို များသောအားဖြင့် အရာရှိများက လက်ဝါးကြီး အုပ်ပြီး အိတ်ထဲ ထည့်လေ့ရှိသည်။

ဤအခြေအနေသည် ရှေးယခင် မင်းဆက်များ၏ စစ်တပ်အတွက် အဓိက အားနည်းချက်တစ်ခုလည်း ဖြစ်သည်။ သို့သော် ဖျောက်ဖျက်ရန် နည်းလမ်းမရှိခဲ့ပေ။

ဟုန်ယွိသည် မှတ်တမ်းတွေကို ဖတ်ဖူးပါသည်။ ယခင်မင်းဆက်များတွင် ဗိုလ်ချုပ်ကြီးအချို့သည် ၎င်းတို့၏ ကွပ်ကဲမူအောက်တွင် စစ်သည် ၇၀၀၀၀ မှ ၈၀၀၀၀ မျှသာရှိသော်လည်း၊ အချို့ဆို သူတို့၏ကွပ်ကဲမူအောက်တွင် စစ်သည်တစ်သိန်းရှိသည်ဟုဆိုကာ အင်ပါယာတရားရုံးအတွက် အမည်စာရင်းကို ပြင်ဆင်ပေးသွင်းကြသည်။ လူတစ်ယောက်တည်းကပင် ထိုစစ်သည် ၂၀၀၀၀ ၏ "လစ်လပ်နေရာ" လစာများကို ရယူနိုင်ပါသည်။

"တော်ဝင်ချန်မင်းဆက်မှာ တပ်ဖွဲ့ဝင်တွေ သန်းနဲ့ချီပြီး ရှိနေတယ်။ လစ်လပ်နေရာတွေ ဘယ်လောက်ရှိနေမလဲ ငါမသိဘူး...။" ဟုန်ယွိသည် တပ်ဖွဲ့ဝင်များကို ပထမဆုံးအကြိမ် ဦးဆောင်ခြင်း ဖြစ်ပြီး၊ နောက်ဆုံးတွင် သူသည် တစ်ခုခုကို သဘောပေါက်သွားခဲ့ပါသည်။

"မင်းနာမည် ဘယ်လိုခေါ်လဲ…" ဟုန်ယွိသည် ထိုစစ်သားကို ကြည့်လိုက်သည်။ သူသည် အဝါရောင် သားရေ ချပ်ဝတ်ကို ၀တ်ဆင်ထားပြီး၊ သူ့ခါးတွင် သံမဏိဆေဘာတစ်ချောင်းကို ချိတ်ဆွဲထားသည်။ သူ့စစ်ဝတ်ပစ္စည်း က သာမာန်ဖြစ်ပေမယ့် သူကိုယ်တိုင်ကတော့ စွမ်းအင်တွေ ပြည့်နေသည်။ တင်းကျပ်သော စစ်ဝတ်စုံ အတွင်းမှ ကြံ့ခိုင်သန်မာသော ကြွက်သားများက ပေါ်လွင်နေကာ၊ သူ့အမူအရာက တည်ငြိမ်ပြီး မည်သည့် အပြောင်းလဲမှ မရှိပေ။ သူသည် ပင်ကိုယ်အရည်အချင်းရှိသူတစ်ဦး ဖြစ်သည်။

"အရှင် တပ်ရင်းမှူးကို တင်ပြပါတယ်။ ကျွန်တော့်နာမည်က ရန်ယင်မင်းပါ။ ကျွန်တော်က ငယ်ငယ်ကတည်းက ကိုယ်ခံပညာကို လေ့ကျင့်ခဲ့ပါတယ်။" ထိုစစ်သည် ရန်ယင်မင်းက ကျယ်လောင်စွာ အော်ပြောပြီး၊ သူ့ကိုယ်ရေး အကျဉ်းကို အစီရင်ခံသည် "ကျွန်တော်က တိုက်ပွဲဝင်လက်သီးပုံစံ ဆယ့်သုံးမျိုးကို လေ့ကျင့်ထားပါတယ်။ စစ်တပ်ရဲ့ ကိုယ်ခံပညာခန်းမ စမ်းသပ်မူမှာလည်း သိုင်းစစ်သည်တော်အဆင့်ကို ဖြေဆိုပြီးပါပြီ။"

"တိုက်ပွဲဝင်လက်သီးဂိုဏ်းက တောင်ပိုင်းမှာရှိတဲ့ ကိုယ်ခံပညာဂိုဏ်းတစ်ခုပဲ။ နောက်ပိုင်းမှာ အထွဋ်ထိပ် ကောင်းကင်နယ်မြေက ဖျက်ဆီးပစ်ခဲ့တယ်။ " ချီဇီယန်က ဟုန်ယွိကို ပြောပြသည်။

"ဟင်….။ မင်းက စစ်တပ်ရဲ့ ကိုယ်ခံပညာခန်းမမှာ စမ်းသပ်မူ ဖြေဆိုပြီးပြီဆိုကတည်းက, မင်းအနေနဲ့ သိုင်းစစ်သည်တော်အဆင့်ကို ရောက်နေသင့်ပြီလေ။ ဒါ့အပြင်, မင်းက အနည်းဆုံး ဒူတူးတပ်မှူးတစ်ယောက် ဖြစ်နေသင့်ပြီလေ။ ဘာကြောင့် တပ်ကြပ်အဆင့်ပဲ ရှိသေးတာလဲ။” ဟုန်ယွိ မျက်လုံးပြူးသွားပါသည်။

"ဒီဒူတူးတပ်မှူး ငါးယောက်စလုံးဟာ အရင် တပ်ရင်းမှူးဟောင်း သခင်ဝမ်ရဲ့ ယုံကြည်ရတဲ့ လက်ထောက်တွေ ပါ။ ကျွန်တော် ဝင်ပါလို့ မရပါဘူး။" ရန်ယင်မင်းက ဝန်တိုခြင်းမရှိသလို, မခံမရပ်ဖြစ်သည့် အမူအရာမျိုး မရှိဘဲ ပြောသည်။

"အိုး။" ဟုန်ယွိက ခေါင်းညိတ်လိုက်သည်။ "ငါ နားလည်ပြီ။ မင်းလည်း လျှို့ဝှက်ကြံစည်တတ်သူ တစ်ယောက်လို့ ငါ ထင်တယ်။ အရာရှိအသစ် တစ်ယောက်ဟာ လှည့်ကွက်တွေနဲ့ ပြည့်နှက်နေပြီး ငါနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ကြိုးစားရမယ်ဆိုတာ မင်း သိတယ်။ ကောင်းပြီ၊ ငါ မင်းကို အခွင့်အရေး ပေးမယ်။ အစိမ်းရောင် တပ်ရင်းရဲ့ အထွေထွေ အခြေအနေ အရပ်ရပ်ကို ပြောပြပါ။ စကားလုံးအနည်းငယ်နဲ့ ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်ရင်, ငါ မင်းကို ဒူတူးတပ်မှူးအဖြစ် ရာထူးတိုးပေးမယ်။”

အရာရှိအသစ်တစ်ဦး စတင်တာဝန်ယူသည့်အခါ သူ့ကို မြှောက်ပင့်ပေးမည့်သူတွေ အမြဲရှိနေလိမ့်မည်။ တစ်ချို့က အသိအမှတ်ပြုမူနှင့် ရာထူးတိုးရေး မျှော်လင့်ချက်ဖြင့် သူတို့၏ အရည်အချင်းတွေကို ထုတ်ပြနိုင်ရန် ကြိုးစားကြသည်။ အချို့ကတော့ အရာရှိအသစ်အတွက် အခက်အခဲဖြစ်စေမည့် လျှို့ဝှက်လုပ်ဆောင်သူတွေ လည်း ရှိကြသည်။ လူမျိုးစုံရှိသည်။ ဤလူ၏ ကိုယ်ဟန်အနေအထားကို ကြည့်ခြင်းဖြင့်, ဤရန်ယင်မင်းတွင် စွမ်းရည်အချို့ရှိကြောင်း သိသော်လည်း သူသည် အမြဲတမ်း ဖိနှိပ်ခံခဲ့ရကြောင်း ဟုန်ယွိ သိသည်။ အခုလည်း သူသည် ဤအခွင့်အရေးကို အမိအရ ဖမ်းဆုပ်ပြီး ထုတ်ဖော်ပြသခြင်း ဖြစ်သည်။

"အရှင်က အမြော်မြင်ကြီးပါတယ်။” ရန်ယင်မင်းက ခေါင်းမော့ပြီး ဟုန်ယွိကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ဤတပ်ရင်းမှူးငယ်သည် ဤမျှ စေ့စေ့စပ်စပ် မြင်နိုင်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"ကျွန်တော်တို့ အစိမ်းရောင်တပ် ပစိတ်ဖိတ်ရေတပ်ရဲ့ ထိပ်တန်းတပ်ဖွဲ့တစ်ခု မဟုတ်ပါဘူး။ ဒီတပ်ရင်းကို ဒုတိယအဆင့် တပ်ရင်းတစ်ခုလို့ ယူဆနိုင်ပါတယ်။ ကျွန်တော်တို့တပ်ဖွဲ့မှာ လှေငယ် အစင်း ၃၀ ရှိပါတယ်။ တရားဝင်လှေတစ်စင်းကို လူ ၂၀ လောက်နဲ့ လှော်ခတ်ကြပါတယ်။ သုံးရက်တစ်ကြိမ် လေ့ကျင့်ပြီး၊ ခုနစ်ရက် တစ်ကြိမ် အသားစားရပါတယ်…” ရန်ယင်မင်းက လျင်မြန်စွာ ပြောလိုက်သည်။ စကားအနည်းငယ်ဖြင့် သူက အစိမ်းရောင်တပ်ရင်း၏ အခြေအနေကို ရှင်းရှင်းလင်းလင်း ရှင်းပြပါသည်။

ဟုန်ယွိသည် ပစိတ်ဖိတ်ရေတပ်၏ အခြေအနေကို မေးမြန်းခဲ့သည်။ ဤရန်ယင်မင်းသည် မေးခွန်းအချို့ကို အမှန်တကယ် ဖြေနိုင်ခဲ့သည်။ ယင်းကြောင့် ဟုန်ယွိသည် ပစိတ်ဖိတ်ရေတပ်နှင့် ပတ်သက်သော အချက်အလက် များစွာကို သိခွင့်ရခဲ့သည်။

"ကောင်းပြီ…" မေးမြန်းပြီးနောက်၊ ဟုန်ယွိက သူ့ကို လက်ညှိုးထိုးပြပြီး "အခုချိန်ကစပြီး မင်းက အစိမ်းရောင် တပ်ရင်းရဲ့ စစ်သည်တစ်ရာကို ဦးစီးရတဲ့ ဒူတူးတပ်မှူးပဲ"ဟု ပြောလိုက်သည်။

ထို့နောက် ဟုန်ယွိက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ "ယူလာခဲ့ပါ။"

စစ်သည်များ၏ အကြည့်များအောက်တွင် ရှန်ထိုက်ဇူက စစ်သည်အနည်းငယ်ကို ကြေးနီရောင် သေတ္တာကြီးကို ယူဆောင်လာရန် ညွှန်ကြားခဲ့ပြီး ရုတ်တရက် မြေပြင်ပေါ်တွင် ချထားလိုက်သည်။ ဖွင့်လိုက်သည်နှင့် တပြိုင်နက် တောက်ပနေသော ငွေရောင်က ရောက်ရှိလာသော စစ်သည်သုံးရာကျော်၏ မျက်လုံးများကို ချက်ချင်း မှင်တက် သွားစေပါသည်။

“အိုက်။ ငွေဒင်္ဂါးတွေ အများကြီးပါလား”။

"ဒါတွေအားလုံးက သန့်စင်တဲ့ ငွေသားစစ်စစ်နဲ့ ပြည့်နေတဲ့ ကျောက်စိမ်းမြို့တော်က ငွေဒင်္ဂါးတွေပဲ။ ငွေဒင်္ဂါးနှစ်ပြားက ငါတို့တောင်ပိုင်း ငွေဒင်္ဂါး သုံးပြားတန်တယ်။”

"အားလုံးနားထောင်ပါ၊ ငါက ကျောက်စိမ်းမြို့တော်ကနေ လာခဲ့တာပဲ။ ပစိတ်ဖိတ်ရေတပ်မှာ စစ်တပ်ရဲ့ ကမ္မကုသိုလ်အတွက် တိုက်ပွဲဝင်ပြီး၊ မြင့်မြတ်တဲ့ရာထူးတစ်ခု တိုးမြှင့်ခံရဖို့ ဒီကိုရောက်လာခဲ့တာ။ ငါ့အမိန့် အောက်မှာ မင်းတို့က နေ့ရောညပါ လေ့ကျင့်ပြီး၊ ရန်သူကို သတ္တိရှိရှိ ရဲဝံ့စွန့်စားပြီး တိုက်ခိုက်ရလိမ့်မယ်။ သဘာဝအတိုင်း၊ မင်းတို့အတွက်လည်း အကျိုးကျေးဇူးတွေ ရရှိလိမ့်မည်။ ငါ့မှာ ငွေကြေး အများကြီး ရှိတယ်။ ဒီနေ့, ငါ စည်းကမ်းချက်တစ်ခု ချမှတ်မယ်။ မင်းတို့ တိုက်ပွဲမှာသေရင်တောင် မင်းတိုမိသားစုရဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ငါ ဂရုစိုက်ပေးမယ်။”

ဟုန်ယွိသည် ငွေဒင်္ဂါးပြား လက်တစ်ဆုပ်စာကို ကိုင်လိုက်ပြီး သေတ္တာကြီးထဲသို့ ပစ်ချလိုက်သည်။ ငွေဒင်္ဂါးများ သည် အချင်းချင်း တိုက်မိပြီး လူတို့၏ စိတ်နှလုံးကို လှုပ်ခတ်စေသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံက ရောက်ရှိနေကြသော စစ်သည်များ အားလုံး၏ သွေးများက တဟုန်းဟုန်း လောင်ကျွမ်းလာစေခဲ့ သည်။

“ဒီနေ့ကစပြီး။ တစ်နေ့သုံးကြိမ် လေ့ကျင့်ပြီး၊ အစာစားတိုင်း အသားစားရမယ်။ အာဟာရပြည့်မှီအောင် စားသုံးရမယ်။”

ဟုန်ယွိ ပြောပြီးသည်နှင့် စစ်သည်သုံးရာကျော်က ပြင်းထန်စွာ အော်ကြွေးလိုက်ကြ၏။ ပစိတ်ဖိတ်ရေတပ်သည် ပထမတန်းစား စစ်တပ်ဖြစ်ကြောင်း သိထားရပါမည်။ အမာခံ လက်ရွေးစင်စစ်သည်များသာ အစာစားတိုင်း အသားစားနိုင်ကြသည်။ အစိမ်းရောင်တပ်ရင်းကဲ့သို့ စစ်သည်များအတွက်မူ သုံးရက်လျှင် တစ်ကြိမ် လေ့ကျင့်ရ ပြီး ခုနစ်ရက် တစ်ကြိမ်သာ အသားစားနိုင်ကြသည်။ အသားမစားရဘဲ ပြင်းပြင်းထန်ထန် လေ့ကျင့်လျှင် ခန္ဓာကိုယ်မှာ ပြဿနာတွေ ရှိလာနိုင်သည်။

ဟုန်ယွိက သူ့လက်ကို မြှောက်လိုက်သည်နှင့် စစ်သားများသည် ချက်ချင်းပင် ငြိမ်သက်သွားကြသည်။ သူတို့အားလုံး၏ မျက်လုံးများက သူ့အမူအရာကို ကြည့်နေကြသည်။

"တရားဝင် အရာရှိအသစ်တစ်ဦးအနေနဲ့ ငါ အပြောင်းအလဲသုံးခု လုပ်ဆောင်မယ်။" ဟုန်ယွိသည် ရှေ့သို့ နောက်ထပ် နှစ်လှမ်း လှမ်းလိုက်သည်။ "ငါက တပ်ရင်းမှူးတာဝန်ကို စတင်ထမ်းဆောင်ပြီဆိုတော့ သဘာဝ အတိုင်း မီးမွှေးပေးရမှာပေါ့။ ဒီဒူတူးတပ်မှူး ငါးယောက်က တခြားသူတွေဆီကနေ ငွေကြေးကို လက်ခံပြီး ငါ့အတွက် အခက်အခဲတွေ ဖြစ်အောင် လုပ်ဆောင်ခဲ့တယ်။ ငါ သူတို့ကို သင်ခန်းစာ သင်ပေးရလိမ့်မယ်။ အခုချိန်ကစပြီး ငါ့အတွက် ခက်ခဲအောင် ဘယ်သူမှ လုပ်ဆောင်လို့မရဘူး။ ငါ့အမိန့်ကို မနာခံရင်, ငါ အဲဒီလူတွေရဲ့ အသက်ကို ယူရလိမ့်မယ်။”

ဟုန်ယွိ၏ပါးစပ်မှ သတ်ဖြတ်မည့် စကားများ ထွက်လာပါသည်။ စစ်သည် ၃၃၆ ယောက်၏ နှလုံးများသည် ရုတ်တရက် ခုန်တက်သွားခဲ့သည်။

"ဒီငွေကြေးကို ပေးလိုက်ပါ။ သူတို့ကို ဆုကြေးငွေအဖြစ်ပေါ့။ လူတစ်ယောက် ငွေဒင်္ဂါးနှစ်ပြား။ မင်းတို့ရဲ့ ပိုက်ဆံအိတ်တွေကို ချထားလိုက်ပါ။" ဟုန်ယွိက သူ့လက်ကို ဝှေ့ယမ်းပြီး ရန်ယင်မင်းကို ညွှန်ပြသည်။

"ဟုတ်ကဲ့ပါ" ရန်ယင်မင်းသည် သံမဏိဓားကို ဖိကာ အော်ပြောလိုက်သည်။

သူတို့ကို ငွေဒင်္ဂါးတွေ အမှန်တကယ် ထုတ်ပေးတော့မည်ကို မြင်လိုက်ရသဖြင့် ဤစစ်သားများသည်လည်း မာနကြီးလာပြီး၊ သူတို့၏ ခံ့ညားသော အမူအရာက အလွန်မင်း မြင့်တက်လာခဲ့သည်။

ဟုန်ယွိသည် ဤအရှိန်အဟုန်ကို အခွင့်ကောင်းယူကာ "ဒါတွေက အသေးမွှားလေးတွေပဲ။ မင်းတို့က ငါနဲ့အတူ အပြင်းအထန် လေ့ကျင့်၊ ကမ္မကုသိုလ်အတွက် လုပ်ဆောင်ပြီး၊ ရန်သူတွေကို သတ်ဖြတ်ပစ်ကြ၊ အဖိုးတန် ဓားတွေ၊ သံချပ်ကာနဲ့ ရွှေငွေဆုလာဘ်တွေက ပြဿနာ မဟုတ်ဘူး။ ငါက ငွေကြေးကို ဂရုမစိုက်ဘူး၊ ဒါပေမယ့်, မင်းတို့ကလည်း မင်းတို့အသက်တွေကို ဂရုမစိုက်ရဘူး။”

"အရှင့်ကို အခစားပြုဖို့၊ ကျွန်တော့်အသက်ကို ဂရုမစိုက်ဘူး…" ရန်ယင်မင်းက ဦးဆောင်ပြီး ဟစ်ကြွေးပြန် သည်။ ထို့နောက် တပ်ရင်းတစ်ခုလုံး၏ စစ်သည်များသည်လည်း ဟစ်ကြွေးကြကာ၊ သူတို့အားလုံး ကျောကို ဖြောင့်မတ်စွာ ထားလိုက်ကြ၏။

"ထိုက်ဇူ, မင်းက အနာဂတ်မှာ သူတို့ရဲ့ ဒူတူးတပ်မှူးတစ်ဦး ဖြစ်လာလိမ့်မယ်။ ပြီးတော့ လူအိုကြီးကျန်း, ခင်ဗျားတို့ ငါးယောက်က စာရင်းဇယားနဲ့ ထောက်ပို့ရေးတာဝန် ယူရလိမ့်မယ်။ နေ့တိုင်း အသားတွေနဲ့ ဟင်းသီး ဟင်းရွက်တွေ ဝယ်ဖို့ လူတွေကို ပို့ပေးဖို့ ခင်ဗျားတို့ တာဝန်ပဲ။”

ဟုန်ယွိသည် စစ်တန်းလျား၏ တပ်ရင်းမှူးထိုင်ခုံတွင် ပြန်ထိုင်ပြီးနောက် မူလ ဒူတူးတပ်မှူးငါးဦးကို ဖိနှိပ်ကာ ဒူတူးတပ်မှူးအသစ်တွေကို ခန့်အပ်လိုက်သည်။ ထို့နောက် အကျဉ်းချုပ် မှတ်တမ်းရေးပြီး တပ်ကို တင်ပြသည်။

အရာအားလုံး ပြီးဆုံးသွားတော့ ညအချိန် ရောက်နေပြီ။

ခဏလောက် အနားယူပြီးနောက် ဟုန်ယွိသည် စစ်တန်းလျားနောက်ဘက် တောင်ပေါ်သို့ ရောက်လာခဲ့သည်။ အဝေးမှ လှမ်းကြည့်တော, ပင်လယ်ပြင်မှာ မြင့်တက်လာသည့် လရောင်ကို မြင်လိုက်ရပြီး၊ ပင်လယ် ရေမျက်နှာ ပြင်တစ်ခုလုံး လင်းထိန်နေခဲ့သည်။ ဖော်မပြနိုင်အောင် လှပသည့် မြင်ကွင်းတစ်ခု ဖြစ်သည်။

"ညီအစ်ကိုဟုန်၊ မင်း စစ်သားတွေကို လှုံ့ဆော်ပြီး၊ လေ့ကျင့်ပေးနိုင်မယ်လို့ ငါ မမျှော်လင့်ထားဘူး" ဟုန်ယွိသည် ပင်လယ်ကမ်းစပ်မှ လရောင်ကို ငေးကြည့်နေစဉ်မှာ, ချီဇီယန်က သူ့နောက်တွင် သက်တန့်ထိုးဖောက်လေးကို ကိုင်ကာ ပင်လယ်မှ မြင့်တက်လာသော တောက်ပသောလမင်းကြီးကို ပစ်ခတ်သည်။ သူ အသက် ရှူထုတ်လိုက် သည့်အခါ, ငါးတစ်ကောင် သို့မဟုတ် နဂါးကြီးတစ်ကောင်သည် ၎င်း၏အသက်ရှူသံကို မျိုချလိုက်သကဲ့သို့ပင်။

"ငါ ငယ်ငယ်ကတည်းက မှတ်စုမှတ်တမ်းတွေထဲက စစ်ရေးလေ့ကျင့်နည်း နည်းဗျူဟာတချို့ကို ကူးယူခဲ့တယ်။ ငါ အဲဒါတွေကို သေသေချာချာ လေ့လာခဲ့ပြီး၊ ဒီနေ့လိုနေ့ရက်မျိုး ရောက်လာလိမ့်မယ်လို့ တွေးတောခဲ့ဖူးတယ်" ဟုန်ယွိသည် လရောင်ကို ကြည့်လိုက်သည်။ သူက အေးအေးဆေးဆေး ပြုံးပြပြီး တောင်ပေါ်ရှိ ကျောက်ဆောင် တစ်ခု အောက်မှာ တင်ပျဉ်ခွေ ထိုင်သည်။ သူသည် တောင်ခြေရင်းရှိ လှိုင်းလုံးကြီးများ၏ လှိုင်းတံပိုးများကို လှမ်းကြည့်ရင်း အတွေးထဲတွင် ပျောက်ကွယ်သွားသည်။

အစိမ်းရောင်တပ်ရင်း၏ တည်နေရာသည် ဆယ်မိုင်ရှည်လျားသော ကမ်းရိုးတန်းကို စောင့်ကြပ်ထားသည့် ပစိဖိတ်ရေတပ် ဌာနချုပ်၏ အစွန်းတွင် ဖြစ်သည်။

"အစ်ကိုချီ။ ငါ့ကို ကာကွယ်ပေးထားပါ။ ငါ့ယင်စိတ်ဝိညာဉ်က အခွံထဲက ထွက်လာပြီး ရေအောက်ကို စူးစမ်း ကြည့်ချင်တယ်။”

ဟုန်ယွိသည် ပင်လယ်ပြင်အထက်ရှိ လမင်းကြီးကို ကြည့်လိုက်ရင်း ရုတ်တရက် စိတ်ဝင်စားလာခဲ့ပါသည်။ သူက မျက်လုံးမှိတ်ပြီး ထိုင်ချလိုက်၏။ သူ၏ ယင်စိတ်ဝိဉာဉ်သည် သူ့အခွံမှ ထွက်လာပြီး ချောက်ကမ်းပါး အောက် ပင်လယ်ရေပြင်ဆီသို့ တည့်တည့် ပျံသန်းသွားခဲ့သည်။

"တာအိုနည်းစနစ်တွေက တကယ်ကို ထူးခြားလွန်းတယ်။ ဒါပေမယ့်လည်း ငါက လက်ရှိမှာ ကိုယ်ခံပညာကို လေ့ကျင့်နေပြီး ငါ့စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို ပေါင်းစပ်ရမယ့်လမ်းကြောင်းပေါ် ရောက်ရှိတော့မယ်။ တာအို ပညာရပ်တွေကို လေ့ကျင့်ဖို့ ငါ့အတွက် မသင့်တော်တော့ဘူး။" ချီဇီယန်သည် ရုတ်တရက် ဟုန်ယွိ ထိုင်လိုက် ပြီး၊ အေးစက်သည့် လေပြင်းတစ်ချက်က သူ့ခေါင်းပေါ်မှ တိုက်ခတ်သွားသည်ကို ပေါ်မြင်လိုက်ရ၏။ အေးစိမ့်သည့် လေထဲမှာ လရောင်က စိမ့်ဝင်နေပါသည်။ သေးငယ်သော အလင်းလူသားလေး တစ်ယောက် သည် ပင်လယ်မျက်နှာပြင်ပေါ်သို့ လွင့်ပျံသွားပြီး ခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။ သူသည် တာအို ပညာရပ်များ၏ အံ့ဖွယ်နည်းလမ်းများကို မချီးကျူးဘဲ မနေနိုင်ခဲ့ပါချေ။

"ဘန်း.."

"ယင်စိတ်ဝိညာဉ် ရေထဲကိုဝင်သွားတဲ့အခါ ရေရဲ့ခုခံမူက တကယ်ကို ကြီးမားလွန်းတယ်…" ဟုန်ယွိသည် ပင်လယ်ထဲသို့ ပျံသန်းသွားသည်နှင့် တပြိုင်နက် သူ့ပတ်ဝန်းကျင်က တင်းကျပ်လာသည်ကို ခံစားလိုက်ရ၏။ သူ့တစ်ကိုယ်လုံး ကော်ပြားတွင် ကပ်နေသလို ခံစားရပြီး လှုပ်ရှားဖို့ပင် ခက်ခဲပါသည်။

ကံကောင်းထောက်မစွာ, ယင်စိတ်ဝိညာဉ်သည် ရေထဲတွင်ရှိနေစဉ် လှုပ်ရှားရန် ခက်ခဲရုံမှလွဲ၍ ရုပ်ခန္ဓာကိုယ် ကဲ့သို့ အသက်ရှုရန် မလိုအပ်ပေ။

ရေသည် မည်းနက်နေသော်လည်း ယင်စိတ်ဝိညာဉ်သည် အမှောင်ကို မကြောက်ပေ။ ပိုမှောင်လေ ပိုပြီး ရှင်းရှင်း လင်းလင်း မြင်နိုင်လေပင်။

ပတ်ဝန်းကျင်ရှိ ပင်လယ်ရေသည် သလင်းကျောက်ကဲ့သို့ ကြည်လင်နေသည်။ ငါးများ၊ ရေညှိများ၊ ပုဇွန်များ၊ ကဏန်းများ၊ ဦးခေါင်းအခွံများ၊ ခရုများ၊ ၎င်းတို့အားလုံး ပင်လယ်ကြမ်းပြင်မှာ ရေကူးပြီး မျောနေကြ၏။ ရှုခင်းက ကုန်းမြေပေါ်က မည်သည့်ရူးခင်းများထက်မဆို ဆယ်ဆ၊ မဟုတ်ဘူး၊ အဆတစ်ရာ ပိုလှပပါသည်။

"အရမ်းကို လှပလွန်းတယ်။ သလင်းကျောက်နန်းတော်ကြီးအတိုင်းပဲ" ဟုန်ယွိသည် သူ့စိတ်ဝိညာဉ်စွမ်းအင်ကို ထုတ်လွှင့်ပြီး တဖြည်းဖြည်း ပိုမိုနက်ရှိုင်းစွာ ပျံသန်းလာခဲ့သည်။ ပင်လယ်အောက်ခြေက ရှုမြင်ခင်းတွေကို ကြည့်ရူရင်း သူ့နှလုံးသားက ကြည်နူးမှုအပြည့်နှင့်ပင်။

မိုင်ဆယ်ချီ ခရီးနှင်ပြီးနောက် သူသည် ကမ်းခြေနှင့် ဝေးကွာနေပြီ ဖြစ်သည်။ ရှုခင်းတွေက ပိုပိုပြီးလှလာပါသည်။ နက်ရှိုင်းသည့် ပင်လယ်ကြီးထဲက ရောင်စုံသန္တာကျောက်တန်းကြားမှာ နစ်မြုပ်နေသည့် သင်္ဘောတွေ၊ အရိုးစု တွေ၊ ကြွေထည်တွေ၊ သံချေးတက်နေသည့် ဓားရှည်တွေနှင့် ဆေဘာတွေတောင် ရှိနေသည်ကို ဟုန်ယွိ မြင်နိုင် သည်။

ထိုပစ္စည်းတွေက အရင်တုန်းက နစ်မြုပ်ခဲ့သည့် သင်္ဘောတွေဖြစ်သည်ကို သူသိပါသည်။

သူ ထို့ထက်ပိုပြီး ရှေ့ဆက်သွားလေ, ပင်လယ်ရေပြင်၏ ခုခံမူက ပိုကြီးမားလာလေ ဖြစ်ပြီး၊ ယင်စိတ်ဝိညာဉ် သည်လည်း ပင်လယ်ရေမှ တဖြည်းဖြည်း ညှစ်ထုတ်ခံရလာကာ၊ ရှေ့သို့ ဆက်တိုးရန် ခက်ခဲလာသည်။

သို့သော်, ဟုန်ယွိကတော့ ထိုအရာကို လုံးဝ စိတ်မ၀င်စားပါဘူး။

"အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဘုရားလောင်း။"

အနန္တတန်ခိုးရှင် ကောင်းကင်နဂါး ဘုရားလောင်းသည် မူလကတည်းက သူ့တန်ခိုးတော်ကြောင့် လူသိများ သည်။ ၎င်းကျမ်းကို ပြုစုပျိုးထောင်ပြီးနောက်၊ သူ့ယင်စိတ်ဝိညာဉ်၏ စွမ်းအားသည် အကန့်အသတ် မရှိတော့ ပေ။ သို့ရာတွင်, ၎င်းကျမ်းစာသည် အမိတ္တဘသုတ္တန်နှင့် ကွဲပြားပါသည်။ အတိတ်အမိတ္တဘသုတ္တန်သည် လူတစ်ဦး၏ ယင်စိတ်ဝိညာဉ်အား မပျက်စီးစေရန် သေချာစေပါသည်။ ယင်စိတ်ဝိညာဉ် စွမ်းအင်အရဆို၊ ၎င်းကျမ်းစာသည် ထူးခြားသော အားသာချက်များ မရှိပေ။

သူသည် အနန္တတန်ခိုးရှင် ကောင်းကင်နဂါး ဘုရားလောင်းသုတ္တန်ကို အသက်သွင်းပြီး၊ ပုံရိပ်ဖော်လိုက်ပါသည်။ တန်ခိုးကြီးသော ဘုရားလောင်းသည် သူ့စိတ်ထဲမှာ တည်ရှိလာခဲ့၏။ ဟုန်ယွိသည် သူ့ခွန်အားက အကန့်အသတ် မရှိဟု ချက်ချင်း ခံစားလိုက်ရသည်။ သူသည် ပင်လယ်ရေပြင်ကို ထိုးခွဲပြီး ရှေ့ကို ဆက်သွားခဲ့သည်။

ဟုန်ယွိသည် ထိုတာအိုနည်းပညာကို လွှင့်ထုတ်ထားသည်။ သူသည် ကျင့်ကြံရင်းဖြင့် ရှေ့ကို ဆက်လက် လျှောက်လှမ်းနေခဲ့သည်။

ရုတ်တရက်ဆိုသလိုပင်, ပုလွေသံက မည်သည့်နေရာကမှန်းမသိ ထွက်ပေါ်လာပြီး သူ့စိတ်ထဲ ဝင်ရောက်လာပါ သည်။

အခန်း (၁၂၄)။

ပင်လယ်ရေပြင်မှ ထွက်ပေါ်လာသော ပုလွေသံသည် ကျယ်ပြောပြီး သာယာငြိမ့်ညောင်းသည်။ ကောင်းကင်မှာ တောက်ပနေသည့် လမင်းကြီး၏ မြင်ကွင်းနှင့် ယှဉ်တွဲလိုက်ပါက, ၎င်းသည် သန့်ရှင်းပြီး အညစ်အကြေး ကင်းစင်သည့် ခံစားချက်ကို ပေးစွမ်းနေပါသည်။

ဟုန်ယွိ၏ ယင်စိတ်ဝိညာဉ်သည် ပင်လယ်နက်ထဲတွင် ရှိနေသည်။ သူသည် ကောင်းကင်ကို မျှော်ကြည့်လိုက် တော့ လရောင်က အတားအဆီးမရှိ ပင်လယ်ရေပြင်ထဲ သွန်းလောင်းနေပြီး တောက်ပနေသည်ကို မြင်နေရ၏။ အစပိုင်းတွင် ပုလွေသံသည် စွဲမက်ဖွယ်ကောင်းသည်ဟု သူခံစားခဲ့ရသော်လည်း နောက်ပိုင်းတွင် သူ့စိတ်ထဲမှာ ဝေခွဲမရဖြစ်စ ပြုလာသည်။

“ငါ့စိတ်ဝိညာဉ်က ပင်လယ်ထဲ ဝင်ရောက်နေခဲ့ပြီ။ အချိန်အတော်ကြာအောင် ကူးခတ်ပြီးနောက် ကမ်းခြေနဲ့ မိုင်ဆယ်ချီ ဝေးကွာနေပြီ။ အဆုံးမရှိတဲ့ ပင်လယ်ပြင်ကြီးထဲမှာ ပုလွေသံက ဘယ်လိုလုပ် ထွက်ပေါ်လာနိုင်မှာ လဲ။ ဘယ်သူက ပုလွေမှုတ်နေတာလဲ။ ငါ သတိထားရမယ်။”

သူသည် စိတ်ထဲမှာ လျှို့ဝှက်စွာ သတိပေးရင်း၊ အတွေးတစ်ချက်ဖြင့် ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် ပင်လယ် ရေပြင်ထဲမှ ခုန်ထွက်လာခဲ့သည်။ သူသည် လန်းဆန်းသွားပြီး ချုပ်နှောင်မှုအားလုံး ပျောက်ကွယ်သွားသည်ကို ခံစားရသည်။ သူ့စိတ်ဝိညာဉ်သည် လွတ်လွတ်လပ်လပ် လှုပ်ရှားသွားပြီး၊ သူ့ခွန်အားတွေ အများကြီး တိုးလာပုံရ သည်။

ဤသည်မှာ ပင်လယ်ထဲ၌ အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တကျမ်းစာကို ကျင့်ကြံခြင်း၏ အကျိုးဆက်ဖြစ်ကြောင်း သူ သိသည်။

သူသည် ပင်လယ်ထဲတွင် ဤစိတ်ဝိညာဉ် ကျင့်ကြံခြင်း ပညာရပ်ကို ကျင့်ကြံပြီး၊ လှိုင်းလုံးများကို ဖြတ်ကျော်ကာ ရှေ့ဆက် ချီတက်ခဲ့သည်။ ၎င်းသည် လူတစ်ယောက်၏ ခန္ဓာကိုယ်တစ်ခုလုံးအပေါ် လေးလံသော အလေးချိန် တစ်ခုကို တင်ပြီး၊ လှမ်းလျှောက်ခြင်း, ခုန်ခြင်းတို့နှင့် တူညီပေသည်။ ပင်လယ်ရေပြင်ထဲမှ ထွက်လာခြင်းက ခန္ဓာကိုယ်ပေါ်ရှိ ဖိအားတွေကို ဖယ်ထုတ်လိုက်ခြင်းနှင့် ညီမျှသည်။ သဘာဝအတိုင်း၊ သူ့တစ်ကိုယ်လုံးသည် သက်တောင့်သက်သာရှိပြီး ခွန်အားပြည့်နေသည်ဟု ခံစားရသည်။

"ငါ့စိတ်ဝိညာဉ်ကို ပင်လယ်ထဲမှာ ပြုစုပျိုးထောင်ပေးတာက အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တ ကျမ်းစာကို နားလည်အောင် လေ့ကျင့်ဖို့ နည်းလမ်းကောင်းတစ်ခုလို့ ထင်ရတယ်" ဟုန်ယွိသည် သူ့စိတ်ဝိညာဉ် ကို တဖန်ပြန်လည် ပေါင်းစည်းပြီးနောက် သူ့စိတ်နှလုံးထဲတွင် အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တ ကျမ်းအကြောင်းကို တွေးတောနေမိသည်။ ထို့နောက် သူသည် ပုလွေသံ၏ အရင်းအမြစ်ကို ရှာဖွေရန် လှည့်ပတ်ကြည့်လိုက်သည်။

အမှန်တကယ်, အဝေးမှ လှမ်းကြည့်လိုက်တော့, ဟုန်ယွိသည် အဝေးမှ ပင်လယ်ရေ မျက်နှာပြင်ပေါ်တွင် ကောင်းကင်ယံမှ လရောင်ခြည်က ထိုးဆင်းကျရောက်နေသည်ကို မြင်နိုင်ပါသည်။ လရောင်အတွင်းမှာ, လက်သီးစုပ်အရွယ် ရွှေပုတီးစေ့ကြီးတစ်လုံးက ခုန်ပေါက်နေလေသည်။

ထိုလရောင်အောက်မှာပင် လှေတစ်စင်းလောက် ကြီးမားသည့် မည်းနက်သော အရာဝတ္ထုကြီးတစ်ခု ရှိနေပါသည်။

ဟုန်ယွိသည် သူ့အတွေးတွေကို စုစည်းကာ ကြည့်လိုက်၏။ အနက်ရောင် လှေတစ်စင်းပမာ ပင်လယ် ရေမျက်နှာပြင်ပေါ်တွင် လွင့်မျောနေသည့် ထိုကြီးမားသော အရာဝတ္ထုကြီးသည် ကြီးမားသော ဂုံးကောင်ကြီးနှင့် တူနေသည်ကို သူ ယောင်ဝါးဝါး တွေ့ရှိခဲ့ရသည်။

"အိုဘုရားရေ…။ ဒီလောက်ကြီးမားတဲ့ ဂုံးကောင်ကြီးလား။”

ဟုန်ယွိသည် ထိုကောင်ကြီးကို ကြည့်လိုက်ရင်း၊ ဤကိစ္စက အသေးအမွှားကိစ္စ မဟုတ်မှန်း သဘောပေါက်သွား သည်။ လှေလောက်ကြီးသည့် ဂုံးကောင်ကြီးကို မြင်ဖူးရန်မဆိုထားနှင့် ကြားတောင်မကြားဖူးပေ။

၎င်းသည် ၎င်း၏အခွံကို ဖွင့်ထားကာ၊ ကောင်းကင်ယံမှ ထိုးကျနေသော လရောင်အလင်းတန်းကို ခံယူနေသည့် ဂုံးကောင်ကြီး ဖြစ်သည်။ ဂုံးကောင်ကြီးသည် လေထဲသို့ စုပ်ယူနေကာ ကောင်းကင်ယံမှ လရောင်ကို ဆွဲဆောင် နေပုံရသည်။ လရောင်အောက်တွင် ခုန်ပေါက်နေသော ရွှေရောင်ပုတီးစေ့ကြီးသည် ဂုံးကောင်ကြီးထံမှ ဖြစ်ပေါ်လာသော ပုလဲတစ်လုံးနှင့် တူသည်။

"ဒါဆို အဲဒါကြီးက ပုလဲလုံးကို ထွေးထုတ်နိုင်တဲ့ ရှေးဟောင်း ဂုံးကောင်ကြီးပေါ့။ ဒါပေမယ့် ပုလဲအခွံပေါ်က အရောင်တွေက များသောအားဖြင့် ငွေဖြူရောင်ရှိကြတာပါ။ ဒီဂုံးကောင်ကြီးအခွံပေါ်က ပုလဲက…...၊ ပင်လယ် ထဲမှာ အနှစ်တရာ ဒါမှမဟုတ် အနှစ်တစ်ထောင် သက်တမ်းရှိတဲ့ အချို့ဂုံးကောင်တွေဟာ ၎င်းတို့ ဝမ်းဗိုက်ထဲနေ ပုလဲတွေကို ထုတ်လုပ်နိုင်ကြတယ်။ သူတို့က လပြည့်ညတိုင်း ပင်လယ်ပြင်မှာ လွင့်မျောပြီး ပုလဲတွေကို ထွေးထုတ်တတ်တယ်။ ဒါက ပုလဲကို သန့်စင်ဖို့အတွက် လရောင်ကို အသုံးပြုတာ ဖြစ်ပြီး၊ ပုလဲကို ပိုပြီး အပြစ်အနာအဆာ ကင်းစေနိုင်တယ်။”

ဤပုလဲမျိုးသည် လရောင်ဖြင့် နှစ်ပေါင်းမရေမတွက်နိုင်အောင် သန့်စင်ခဲ့ပြီးဖြစ်ကာ၊ ရှေးဟောင်း ဂုံးကောင်ကြီး ၏ သွေးအနှစ်သာရဖြင့် အာဟာရဖြည့်တင်းထားသည်။ ၎င်းပုလဲကို အမှုန့်ဖြစ်အောင် ကြိတ်ပြီးနောက် ဆေးဝါး ဖော်စပ်လုပ်ရာတွင် အသုံးပြုနိုင်သည်။ ၎င်းဆေးလုံးကို စားသုံးပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများ၊ အရိုးများနှင့် ကိုယ်အတွင်းအင်္ဂါများကို အာဟာရ ဖြည့်တင်းပေးနိုင်သည်။ ဤအရာက လူ့ခန္ဓာကိုယ်၏ ခွန်အား ကို မှန်းဆ၍မရနိုင်သည့် အဆင့်တစ်ခုကို ရောက်ရှိသွားစေနိုင်ပါသည်။

"ထိပ်တန်း ဆေးဖက်ဝင်ပစ္စည်းတစ်ရာထဲမှာ ဂျင်ဆင်းပုလဲဟင်းရည်ဆိုတာ ရှိတယ်။ ဒီဟင်းရည်ကို အသက် ရှည်ဖို့အတွက် အသုံးပြုကြတယ်။ အရည်အသွေးမြင့် ဂျင်ဆင်းနဲ့ အပြစ်အနာဆာကင်းပြီး သန့်စင်တဲ့ ပုလဲတွေ ကို တစ်ညလုံး အတူတူပြုတ်ရတယ်။ ပုလဲတွေ ကျောက်တုံးပုံပေါက်တဲ့အထိ ကျိုချက်ပြီးနောက် အနှစ်တွေက ဟင်းရည်ထဲ စိမ့်ဝင်သွားလိမ့်မယ်။ ဒီဟင်းရည်ကို သေခါနီးသူတွေတောင် သူတို့ရဲ့ နောက်ဆုံးထွက်သက် ရောက်နေချိန်မှာ ငုံထားလိုက်ရုံနဲ့ ပြန်ကောင်းလာနိုင်တယ်။”

“အမျိုးသမီးတွေ အသားအရေ မကောင်းဘူးဆိုရင်လည်း ပုလဲတွေကို အမှုန့်ဖြစ်အောင် ကြိတ်ပြီး၊ မျက်နှာပေါ် မှာ လိမ်းပေးလိုက်ရင်, တောက်ပပြီး အပြစ်အနာအဆာကင်းကာ၊ သန့်စင်သွားပါလိမ့်မယ်။”

ဟုန်ယွိသည် ဂုံးကောင်ကြီးက ပုလဲလုံးကို ထွေးထုတ်ရင်း လမင်းကြီးဆီ ဆုတောင်းနေသည့် မြင်ကွင်းကို မြင်လိုက်ရလျှင်, သူသည် ပုလဲ၏ အကျိုးကျေးဇူးများကို ရုတ်တရက် တွေးလိုက်မိပါသည်။

ဤမျှကြီးမားသော ဂုံးကောင်ကြီး ထွေးထုတ်ထားသော ရွှေပုလဲကို မဆိုထားနှင့်, သာမာန်ပုလဲများသည်ပင် အကျိုးကျေးဇူးများစွာ ရရှိနေပြီ ဖြစ်သည်။

“ပင်လယ်ကြီးက တကယ်ကို ရှားပါးဝိညာဉ်ဆေးပင်တွေ သဘာဝရတနာတွေနဲ့ ပြည့်နှက်နေတာပဲ။ တာအို နည်းစနစ်ကို လေ့ကျင့်ကြတဲ့ လူတော်တော်များများဟာ ပင်လယ်ရပ်ခြား ကျွန်းတွေမှာ နေထိုင်ကြတာ အံ့ဩစရာ မရှိတော့ပါဘူး။” ဟုန်ယွိက တွေးပြီးနောက် ပုလဲလုံးထွေးထုတ်နေသည့် အရပ်ဆီ ပျံသန်းသွားခဲ့ သည်။

“အယ်…၊ ဒါဆို ဒီပုလွေသံက ဒီကထွက်ပေါ်လာတာပေါ့။”

ဟုန်ယွိသည် ရုတ်တရက် အနီးသို့ ပြေးသွားကာ ကြီးမားသော ဂုံးကောင်ကြီးနှင့် မနီးမဝေးတွင် အဝါရောင် ၀တ်စုံ ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦးသည် ကျောက်စိမ်းပုလွေပုလွေကို ကိုင်ဆောင်လျက် ပုလွေ မှုတ်နေသည်ကို တွေ့လိုက်ရ၏။

ပို၍ထူးဆန်းသည်မှာ, ထိုမိန်းကလေးသည် ဆင်စွယ်ရောင် ဦးချိုနှစ်ချောင်းပါသည့် အဖြူရောင်သန့်သန့် နွားသိုးကြီးတစ်ကောင်ကို စီးနင်းနေခြင်း ဖြစ်ပါသည်။

နွားဖြူများသည် ယွန်မင်ဒေသမှာ မွေးမြူကြသည်ကို ဟုန်ယွိ သိထားသည်။ ၎င်း၏အရေပြားကို ချပ်ဝတ် ပြုလုပ်ရန် အသုံးပြုကြပြီး၊ ၎င်း၏အရွတ်များကို လေးကြိုးများပြုလုပ်ရန် အသုံးပြုကြပါသည်။ သို့သော် ဤမျှကြီးကျယ်ခမ်းနားသော နွားဖြူကြီးတစ်ကောင်သည် ၎င်း၏ခွာလေးခုက မြေပြန့်တွင် လမ်းလျှောက်နေ သကဲ့သို့ နစ်မြုပ်ခြင်းမရှိဘဲ ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် လမ်းလျှောက်နေသည်ကို သူ တစ်ခါမှ မမြင်ဖူးပါ ချေ။

"ဒီနွားဖြူကြီးက ယင်စိတ်ဝိညာဉ်နဲ့ အသွင်ပြောင်းထားပုံရတယ်…" ဟုန်ယွိသည် အချိန်အတော်ကြာအောင် ကြည့်ပြီးနောက် နောက်ဆုံးတွင် ၎င်းကို သိရှိလိုက်ပါပြီ။ ဤနွားဖြူသည် ယင်စိတ်ဝိညာဉ်ဖြင့် အသွင်ပြောင်း ထားသောကြောင့် ပင်လယ် ရေမျက်နှာပြင်ပေါ်တွင် နင်းလျှောက်ပြီး လူများကို သယ်ဆောင်သွားနိုင်ခြင်း ဖြစ်ပါသည်။

ဂုံးကောင်ကြီး၊ လရောင်၊ ရွှေပုလဲ၊ ကျယ်ပြောလှသော ပင်လယ်ပြင်၊ နွားဖြူပေါ်စီးပြီး ပုလွေမှုတ်နေသည့် အဝါရောင်ဝတ် မိန်းကလေး။

အရာအားလုံးက ကဗျာဆန်နေသလိုပင်။

သို့သော် ယခုအချိန်တွင် ဟုန်ယွိသည် ကဗျာတစ်ပုဒ်ကို ဖန်တီးရန် စိတ်ဆန္ဒမရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အဝါရောင်၀တ်ထားသော မိန်းကလေးသည် ဂုံးကောင်ကြီးထံမှ ရွှေပုလဲကို လုယူနေပုံရသည်ကို သူ မြင်ရသော ကြောင့် ဖြစ်ပါသည်။

သူမ ပုလွေမှုတ်လိုက်တိုင်း လရောင်အောက်မှာ လွင့်မျောနေသည့် လက်သီးစုပ်အရွယ် ပုလဲကြီးက ရုတ်တရက် ခုန်တက်လာပြီး ကောင်မလေးဆီ တဖြည်းဖြည်း ပျံသန်းနေသောကြောင့်ပင်။ တစ်ချိန်တည်းမှာပင် ပင်လယ် ရေမျက်နှာပြင်ပေါ်ရှိ ဂုံးတစ်ကောင်ကြီးက ကျယ်လောင်စွာ ဟစ်ကြွေးပြီး အသက်ပြင်းပြင်း ရှူသွင်းပြန်သည်။ ပင်လယ်ရေပြင်က တုန်ခါနေပြီး ပုလဲကြီးက သူ့ဆီသို့ ပျံသန်းသွားပြန်သည်။

"ဒီဂုံးကောင်ကြီးက ကျားတစ်ကောင်လား၊ ဒါမှမဟုတ် တခြားတစ်ခုခုများလား။"

ဂုံးကောင်ကြီး၏ ဟိန်းဟောက်သံကို ကြားတော့ ဟုန်ယွိသည် ကျားဟိန်းဟောက်သံလို ခံစားရ၏။

"ဒီမိန်းကလေးကရော ဘယ်သူလဲ။ သူမရဲ့ တာအိုနည်းစနစ်တွေက နားမလည်နိုင်အောင်ပဲ။ အဝေးကနေ တောင် အဲဒီနေ့က ကျောက်ဖေးရုန်ကို ရင်ဆိုင်ရတဲ့ ခံစားချက်ကို ခံစားနေရတယ်။” ဟုန်ယွိက နွားဖြူစီးသည့် မိန်းကလေး၏ ခွန်အားကို တိတ်တဆိတ် မှန်းဆပြီး သူ့အတွေးတွေက လွင့်စင်သွားခဲ့သည်။ သူမ၏စွမ်းအား သည် မက်မွန်နတ်ဘုရားဓားအတွင်းမှ မက်မွန်နတ်ဘုရား၏ ဝိညာဉ်ကဲ့သို့ အားကောင်းသည်ကို သူ တွေ့ရှိခဲ့ သည်။

"မင်းက ဘယ်သူလဲ။ မင်း ငါ့ကိုစူးစမ်းဖို့ ဒီကို ရောက်လာတာလား။ မင်း ဒီဂုံးကောင်ကြီးရဲ့ ပါးစပ်ကနေ ယွမ်ယန်ကောင်းကင်ပုလဲကို လုယူဖို့ ကြိုးစားမလို့လား။ ငါ့ပုလွေသံနဲ့ ဒီဂုံးကောင်ကြီးကို ပင်လယ်နက်ထဲကနေ ခက်ခက်ခဲခဲ ဆွဲခေါ်ခဲ့ရတယ်။ မင်းက အခွင့်ကောင်းယူဖို့ ကြိုးစားနေတာလား။” ဟုန်ယွိသည် ပင်လယ်နက်မှ ပျံထွက်လာသည်နှင့် အဝါရောင်ဝတ် မိန်းကလေးက သတိထားမိသွားပုံရပါသည်။ သို့သော် သူမသည် ဂရုမစိုက်ခဲ့ပေ။ သို့သော် ဟုန်ယွိသည် သူမနှင့်ပတ်သက်လာသည့် သူ့အတွေးများကို ရှင်းရှင်းလင်းလင်း သိလာရသောအခါတွင် သူမသည် စိတ်မရှည်ဖြစ်လာပုံရသည်။ သူမသည် ပုလွေမှုတ်ခြင်းကို ရပ်လိုက်ပြီး တစ်ချိန်တည်းတွင် မေးခွန်းတစ်ခု မေးလိုက်ပါသည်။ တစ်ချိန်တည်းဆိုသလိုပင် သူမလက်ကိုလည်း ဝှေ့ယမ်းလိုက်သည်။

ဟုန်ယွိသည် ချက်ချင်းပင် လရောင်က ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရပြီး ပင်လယ်ကြီးသည် တိမ်မည်းများဖြင့် ဖုံးလွှမ်းသွားသည်။ ထို့နောက် မိုးကြိုးနှင့် လျှပ်စီးများ လင်းလက်လာသည်။ ဂျိန်း.. ဂျိန်း…၊ မြေကြီးပြိုကျသည့် မိုးခြိမ်းသံနှင့်အတူ မိုးကြိုးနှင့် လျှပ်စီးကြောင်းများက ဆက်တိုက် ရိုက်ခတ်လာကာ၊ ပင်လယ်ရေများ ပျံတက်သွားပြီး၊ ကောင်းကင်နှင့် မြေကြီး ပြိုကွဲသွားပုံရပါသည်။ မိုးကောင်းကင်က အမျက်ထွက်ပြီး ကမ္ဘာကြီးကို မှောက်လှန်ပစ်ချင်နေသည့် အတိုင်းပင်။

"ကောင်းလိုက်တဲ့ ပုံရိပ်ယောင်ပညာရပ်။ ဒါက ဘယ်လို ပုံရိပ်ယောင် ပညာရပ်မျိုးလဲ။ ဒီပညာရပ်က တကယ်ကို လျှပ်စီးလက်သလို ပြောင်းလဲနိုင်တာလား။ မိုးကောင်းကင်ရဲ့ ဖြစ်စဉ်အဟုန်ကိုတောင် ပြောင်းလဲပစ်နိုင်တယ်။” ဟုန်ယွိသည် ကောင်းကင်ပြင်ကြီး ရုတ်တရက် ပြောင်းလဲသွားပြီး၊ ကောင်းကင်ယံတွင် တိမ်စိုင်တိမ်မည်းများ ဖုံးလွှမ်းနေကာ၊ မိုးခြိမ်းသံနှင့် လျှပ်စီးများ လင်းလက်လာသည့်အခိုက်တွင် နားလည်သွားခဲ့ပါသည်။ ထိုမိန်းကလေး လက်တစ်ဖက် ဝှေ့ယမ်းမူနှင့်အတူ ဖန်တီးထားသည့် ထင်ယောင်ထင်မှား ပုံရိပ်ယောင်များသည် တကယ်ကို မိုးခြိမ်းသံနှင့် လျှပ်စီးကြောင်းတွေ ဖြစ်နေခဲ့ပါသည်။

ဂျိန်း…၊ ဂျိန်း….။

၎င်းသည် ထင်ယောင်ထင်မှား ပုံရိပ်ယောင်တစ်ခု ဖြစ်ခဲ့သော်လည်း၊ ပုံရိပ်ယောင်အတွင်းမှ မိုးခြိမ်းသံနှင့် လျှပ်စီးများသည် ဟုန်ယွိ၏ စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေခဲ့သေးသည်။ ထိုနေ့က သူသည် နွေဦးမိုးခြိမ်းသံ ကြောင့် တုန်လှုပ်သွားသကဲ့သို့ ခံစားလိုက်ရ၏။

သူ့စိတ်ဝိညာဉ်သည် လွင့်စင်သွားတော့မည်ဟု ခံစားရပြီးနောက်၊ ကောင်းကင်တွင် လျှပ်စီးလက်ကာ မိုးရွာနေ သည့်အတွက် ဟုန်ယွိသည် သူ့အတွေးများကို ပြန်လည်း ရုတ်သိမ်းပြီး သူ့နှလုံးထဲတွင် ဝှက်ထားလိုက်ပါသည်။ ထို့နောက် သူသည် အတိတ်ကျမ်းစာကို အသက်သွင်းခဲ့ပြီး သူ့စိတ်နှလုံးက တောက်ပလာခဲ့သည်။ ချက်ချင်းဆို သလို၊ သူသည် လျှပ်စီးကြောင်း ပုံရိပ်ယောင်ကြောင့် သက်ရောက်မှုဒဏ်ကို မခံစားရတော့ပေ။

သို့သော် သူသည် ထင်ယောင်ထင်မှား ပုံရိပ်ယောင်ဒဏ်ကို မခံခဲ့ရသော်လည်း ပတ်ဝန်းကျင်မှာ ပျောက်ကွယ် သွားခြင်း မရှိပေ။ ယင်းအစား ပိုပိုပြီး ပြင်းထန်လာပါသည်။

ပင်လယ်ထဲမှာ လေပြင်းတွေက တိုက်ခတ်နေပြီး၊ လှိုင်းတံပိုးတွေက ကောင်းကင်ယံတိုင် တဟုန်းဟုန် မြင့်တက် နေလေ၏။ လျှပ်စီးတွေက တဖျပ်ဖျပ် လင်းလက်နေကာ မိုးခြိမ်းသံတွေက ကောင်းကင်ယံကို တုန်လှုပ်စေ၏။

“ယုတ္တိကျကျပြောရရင်, ငါ့အတွင်းစိတ်နှလုံးကို ထိန်းချုပ်ထားနိုင်ရင် ဒီထင်ယောင်ထင်မှား ပုံရိပ်ယောင်တွေက ချက်ချင်း ပျောက်သွားသင့်တယ်။ ဘာလို့ ပိုပြင်းထန်လာတာလဲ။ ငါ့ကို မထိခိုက်ပေမယ့် ငါလည်း အလျင်စလို ရုန်းမထွက်နိုင်ဘူး။ ဒါ့အပြင်, ဒီအခြေအနေက ကျောက်ဖေးရုန် ငါ့ကို ကြယ်စင်စုဝဲဂယက်ထဲ ပိတ်လှောင်ထား တဲ့အချိန်နဲ့အတူတူပဲ။ ငါ ဒဏ်ရာမရအောင် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ပေမယ့် သူမနည်းစနစ်တွေကို မချိုးဖျက်နိုင်ဘူး။ သူမရဲ့ တာအိုပညာရပ်တွေက အစွမ်းထက်လွန်းတယ်။”

"ငါတို့ တွေ့တွေ့ချင်း, မင်း ငါ့ကို ဘာလို့တိုက်ခိုက်တာလဲ။ မင်းရဲ့လျှပ်စီးကရော အတုလား။ မင်း ငါ့ကို ဘာလုပ် နိုင်မှာလဲ။ ဟုန်ယွိအပေါ် သက်ရောက်မူမရှိသော်လည်း ပုံရိပ်ယောင်တွေက ပျောက်ကွယ်သွားခြင်း မရှိပေ။ သူ ပို၍ပင် အံ့ဩနေမိသည်။ ရုတ်တရက်, သူသည် တစ်ခုခုကို တွေးမိပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"အယ်…" မင်းက ငါ့ရဲ့ မုန်တိုင်းတိမ်တိုက်လှုပ်ရှားမှုကို တကယ် ခံနိုင်ရည်ရှိခဲ့တယ်ပေါ့။ မင်းရဲ့စိတ်ဝိညာဉ်က ပျောက်ကွယ်မသွားဘူးလား…”။

ဤအခိုက်အတန့်တွင် ပင်လယ်ပြင်ပေါ်ရှိ နွားဖြူစီးနေသော အဝါရောင်ဝတ် မိန်းကလေးသည် ပုလွေကို ဖယ်ရှားလိုက်သည်။ သူမသည် လက်ညှိုးဖြင့် စက်ဝိုင်းတစ်ခုကို ဖန်တီးကာ ဟုန်ယွိကို ကြည့်လိုက်သည်။ သူမ၏လက်ချောင်း စက်ဝိုင်းအတွင်းမှာ ဟုန်ယွိသည် မိုးကြိုးများ၊ လျှပ်စီးများနှင့် တဟုန်းဟုန်း လှိမ့်တက်နေ သော လှိုင်းလုံးများကြားတွင် လုံးဝ မလှုပ်ရှားဘဲ ကျယ်လောင်စွာ ရယ်မောနေသည်ကို သူမ တွေ့လိုက်ရပါ သည်။ အတွေးတစ်ချက်ဖြင့်, သူမသည် သူမလက်ချောင်းများကို ဖြန့်ကြဲလိုက်သည်။

သူမလက်ချောင်းများ ဖြန့်ကြဲသွားသည့် အခိုက်တွင် ဟုန်ယွိသည် သူ့ရှေ့ရှိ တိမ်စိုင်တိမ်မည်းများ, မိုးခြိမ်းသံနှင့် လျှပ်စီးကြောင်းများ တဖြည်းဖြည်း ပြန်လည်ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရပြီး၊ ကောင်းကင်ကြီးသည် တောက်ပသောလမင်း ပင်လယ် လေပြေလေညင်းနှင့် ပျော့ပျောင်းညင်သာသော လှိုင်းခတ်သံတွေနှင့်အတူ မှန်တစ်ချပ်ပမာ လက်တွေ့ကမ္ဘာသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

"ဘယ်လောက် ကံကောင်းလိုက်လဲ.." ဟုန်ယွိသည် သူ့အမြင်အာရုံတွေ ပြန်မြင်ရသည့်အခါ ထိုအမျိုးသမီးက ပုံရိပ်ယောင်များကို ဖယ်ရှားရန် လှည့်ကွက်တစ်ခုကို အသုံးပြုခဲ့သည်ကို သူ သိလိုက်သည်။ ထိုသို့မဟုတ်လျှင်၊ ထိုပုံရိပ်ယောင်သည် သူ့ကို မထိခိုက်စေနိုင်သော်လည်း သူသည် ရုန်းထွက်သွားနိုင်စွမ်း မရှိခဲ့ပါဘူး။

"မင်း ဘယ်သူလဲ…" အဝါရောင်ဝတ် မိန်းကလေးက ပုံရိပ်ယောင်ကို ဖယ်ရှားလိုက်သည်။ သူမသည် ပင်လယ် ရေမျက်နှာပြင်ပေါ်ရှိ ဧရာမဂုံးကောင်ကြီးကို အာရုံစိုက်နေစဉ် ဟုန်ယွိကို စိုက်ကြည့်နေသည်။

ထိုမှသာ ဟုန်ယွိသည် ဂုံးကောင်ကြီးကို ကျားတစ်ကောင်ကဲ့သို့ အစင်းကြောင်းများဖြင့် ဖုံးလွှမ်းထားကြောင်း သတိထားမိသည်။ အလွှာအထပ်ထပ် ရှိနေကာ၊ ဂုံးခွံအလွှာ အစွန်းနှစ်ခုသည် ပွင့်လာသည်နှင့် အတွင်းမှ ရွှေရောင်အသား သွေးများကို ပေါ်လွင်စေသည်။

အဝါရောင်ဝတ် မိန်းကလေးက ဟုန်ယွိနှင့် စကားပြောနေစဉ်မှာ ဂုံးကောင်ကြီးက နောက်ထပ် မြေကြီး အက်ကွဲ လောက်သည့်အသံဖြင့် ဟိန်းဟောက်လိုက်သည်။ ပင်လယ်ပေါ်မှာ လှိုင်းလုံးကြီးတွေက ရုတ်တရက် မြင့်တက် လာခဲ့သည်။ ဟုန်ယွိသည် ဂုံးကောင်ကြီးထံမှ ရွှေရောင်အလင်းတန်းတစ်ခု လွင့်ထွက်သွားသည်ကို မြင်လိုက် ရပြီး၊ ၎င်းသည် ကြီးမားသော ရွှေကျားတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်း၏ အစွယ်များသည် ခက်ထန်ပြီး ၎င်း၏ သတ်ဖြတ်ခြင်း အငွေ့အသက်သည် မြေကြီး ပြိုကွဲသွားစေနိုင်ပါသည်။ ၎င်းသည် ပါးစပ်ကို ဖွင့်ပြီး အဝါရောင်ဝတ် မိန်းကလေးကို မျိုချဖို့ ကြိုးစားလာပါသည်။

"မင်းက သေချင်နေတာလား။ မင်းရဲ့ဝိညာဉ်က အခွံထဲမှာ ပုန်းနေတယ်။ မင်းရဲ့ ကြံ့ခိုင်သန်မာတဲ့ သွေးချီ အကာအကွယ်ကြောင့် ငါ့အနေနဲ့ မင်းကိုသတ်ဖို့ မလွယ်ခဲ့ဘူး။ ဒါပေမယ့် အခု မင်းက အသွင်ပြောင်းပြီး၊ ထွက်လာချင်တာလား။ ဒါက မင်း သေလမ်းကို ရှာနေတာ မဟုတ်ဘူးလား။” အဝါရောင်ဝတ် မိန်းကလေးက လက်ဝှေ့ယမ်းပြီးနောက် ရုတ်တရက် ပင်လယ်ရေပြင်က ပေါက်ကွဲသွားသည်။ လွင့်ပျံနေသော ပင်လယ်ရေတွေ က ရွှေကျားကြီး ပတ်ပတ်လည်မှာ တောက်ပပြီး ကြည်လင်သော ရေကုလားကာအဖြစ် တင်းတင်းကြပ်ကြပ် ထုပ်ပိုးသွားပါသည်။ ၎င်းသည် ကြီးမားသော သလင်းကျောက်တုံးကြီးနှင့် တူပြီး၊ အတွင်းမှာ ရွှေကျားကြီးကို ထုပ်ပိုးထားသည်။ လရောင်၏ အလင်းရောင်အောက်တွင် ၎င်းသည် ကောင်းကင်နှင့်မြေကြီး၏ အံ့ဖွယ်ဖန်တီးမှု တစ်ခုအဖြစ် ထင်ရှားသည်။

"ပေါက်ကွဲစမ်း…"

အဝါရောင်ဝတ် မိန်းကလေးသည် သူမလက်ကို ညှစ်လိုက်၏။ ဒိုင်း…၊ ရေဘောလုံးကြီးသည် ပေါက်ကွဲပြီး၊ အတွင်းမှ ရွှေကျားကြီးသည် မရေမတွက်နိုင်အောင် အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားခဲ့သည်။ ထို့နောက် ရွှေရောင်မြူခိုးများက ကောင်းကင်နှင့် မြေကြီးကြားတွင် လွင့်ပျံသွားခဲ့ပါသည်။

"သနားစရာကောင်းလိုက်တာ…။ ဒီဂုံးကောင်ကြီးဟာ ဝိညာဉ်ကို အမှန်တကယ် ပိုင်ဆိုင်ထားပြီး၊ စိတ်ဝိညာဉ်ကို လည်း ကျင့်ကြံထားတယ်။ ပြီးတော့ သူ့ကျင့်ကြံမှုကလည်း မနိမ့်ကျဘူး။ အနည်းဆုံးတော့, နေ့လမ်း လျှောက်ခြင်းနယ်ပယ်မှာ ရှိနေတယ်။ အခုတော့ သူ့ဝိညာဉ်က ဒီလိုပုံစံမျိုးနဲ့ ပျက်စီးသွားခဲ့ရပြီ။”

ဟုန်ယွိသည် ရွှေကျားကြီးကို ကြည့်ရင်း၊ ၎င်းသည် ဂုံးကောင်ကြီး၏ ဝိညာဉ်က ဖန်ဆင်းထားခြင်း ဖြစ်ကြောင်း သိလိုက်သည်။ ယခုအခါ အဝါရောင်ဝတ် မိန်းကလေးသည် ဂုံးကောင်ကြီးကို ပင်လယ်ရေဖြင့် ပိတ်ဖမ်းရန် တာအိုနည်းပညာကို အသုံးပြုခဲ့သည်။ ထို့နောက် ပြင်းထန်စွာ ဖောက်ခွဲခဲ့သဖြင့် ၎င်း၏ဝိညာဉ်သည် ပျောက်ကွယ်သွားခဲ့ရပြီ။

ဟုန်ယွိ၏ စိတ်နှလုံးထဲမှ သနားစာနာမူကို ခံစားမိပုံရပြီး၊ လရောင်ထဲတွင် လွင့်မျောနေသော ရွှေပုလဲကြီးသည် ရုတ်တရက် ပျံတက်လာပြီး ဟုန်ယွိဆီသို့ ပျံသန်းနေသော ဓားထက် ဆယ်ဆပိုမြန်သော အရှိန်ဟုန်ဖြင့် ပျံသန်းသွားပါသည်။

ဟုန်ယွိသည် မသိစိတ်က သူ့လက်ကို ဆန့်ထုတ်ပြီး လက်သီးစုပ်အရွယ် ရွှေပုလဲကြီးကို သူ့လက်ထဲတွင် ဆုပ်ကိုင်လိုက်မိသည်။ သူသည် သန့်စင်သော ကလေးတစ်ယောက်၏ သွေးသားလုံးကို ဆုပ်ကိုင်မိသည့်အလား ချက်ချင်းပင် နွေးထွေးမှုကို ခံစားလိုက်ရ၏။

"ဂုံးကောင်ကြီးရဲ့ ဝိညာဉ်အပိုင်းစတွေ လွင့်ပျယ်သွားချိန်မှာ ပုလဲလုံးကြီးကို ပေးဖို့အတွက် သူ့ရဲ့နောက်ဆုံး ခွန်အားကို အသုံးပြုခဲ့တာပဲ" ဟုန်ယွိသည် ထူးဆန်းသော ပုလဲကြီးကို လက်ခံရရှိချိန်တွင် အမှန်တရားကို ခံစားလိုက်ရသည်။

"သွား…"

ဟုန်ယွိ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး သူ၏စိတ်ဝိညာဉ်က လှုပ်ရှားသွားသည်။ ရုတ်တရက် သူသည် ပုလဲလုံးကို လက်ထဲမှာ ကိုင်ထားရင်း မိုင်ပေါင်းများစွာ အကွာဝေးကို ချက်ချင်း ပျံသန်းသွားခဲ့ပါသည်။

အခန်း (၁၂၅)။

"မင်းက သေမင်းကို ရှာနေတာပဲ…."

ဒေါသတကြီး ဟိန်းဟောက်သံနှင့်အတူ ပင်လယ်ရေ မျက်နှာပြင်ပေါ်တွင် လျင်မြန်စွာ ပျံသန်းနေသော ဟုန်ယွိသည် သူ့အောက်က ပင်လယ်ရေပြင်က တစ်စုံတစ်ခုနှင့် တွယ်ကပ်သွားသည့်အတိုင်း ရုတ်တရက် ပြင်းထန်စွာ လှုပ်ခါသွားသည်ကို ခံစားလိုက်ရပြီး၊ ကြီးမားသော ရေတိုင်လုံးကြီးတစ်ခုသည် ပြင်းထန်စွာ ခုန်ထွက်လာခဲ့သည်။

ကြည်လင်ပြတ်သားသည့် ဧရာမ ရေတိုင်လုံးကြီးသည် လေထုအလယ်တွင် အနည်းငယ် ပြောင်းလဲသွားကာ၊ နောက်ဆုံးတွင် ချွန်ထက်သော နတ်ဆိုးလက်သည်းအဖြစ်သို့ ပြောင်းလဲသွားပါသည်။ သူ့ရှေ့တွင် ထိုလက်သည်းကြီးက ကာဆီးထားပြီး၊ ထောင်ချောက်ထဲသို့ တည့်တည့် တိုးဝင်လာလာရန် စောင့်ဆိုင်းနေပါ သည်။

"ဘယ်လောက်အစွမ်းထက်တဲ့ ပညာရပ်လဲ" ဟုန်ယွိသည် သူ့ရှေ့တွင် ပေါ်လာသော လက်သည်းကြီးကို မြင်ပြီး၊ မျက်နှာချင်းဆိုင်တွင် ရုတ်တရက် ရပ်လိုက်ရသည်။ ဤလက်သည်းကြီးသည် လက်ချောင်းလေးချောင်းသာ ရှိပြီး၊ ချွန်ထက်သော လင်းယုန်ခြေသည်းများနှင့် အလွန်တူကြောင်း သူ မြင်နိုင်သည်။ လက်လေးချောင်းသာ ရှိသော်လည်း လက်ချောင်းများသည် ချိတ်ကောက်များနှင့် တူ၏။ ပင်လယ်ရေပြင်သည် အေးခဲသွားပုံရပြီး လက်သည်းကြီး၏ အရေပြားပေါ်တွင် အကြေးခွံများ ဖြစ်ပေါ်လာသည်။ ယင်းက သူ့လမ်းကို ပိတ်ဆို့နေသည့် ထိုလက်သည်းကြီး၏ အငွေ့အသက်ကို ပိုလို့တောင် ပြင်းထန်စေပါသည်။

နွားဖြူစီးပြီး ပုလွေမှုတ်နေသည့် အဝါရောင်ဝတ် အမျိုးသမီး၏ တာအိုနည်းစနစ်များသည် ကျောက်ဖေးရုန် ထက်ပင် ပိုလေးနက်ကြောင်း ဟုန်ယွိ သိလိုက်ပါပြီ။ ပင်လယ်ရေမှ ဖြစ်ပေါ်လာသော ဤဧရာမ နတ်ဆိုး လက်သည်းကြီးသည် သူမထံမှ အတွေးတစ်ချက်ဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သူမသည် သူမ၏ စိတ်ဝိညာဉ်ဖြင့် သိမ်းပိုက်ဖို့တောင် မလိုအပ်ပါဘူး။

အတွေးတစ်ချက်ဖြင့် သူမသည် ပင်လယ်ရေပြင်ကို ဖိနှိပ်နိုင်ပြီး သူ့လမ်းကို ပိတ်ဆို့နိုင်ခဲ့သည်။

"စုပ်ယူစမ်း.." အဝါရောင်ဝတ် အမျိုးသမီး၏ ခံစားချက်မဲ့သည့် အသံက အဝေးမှ ထွက်ပေါ်လာသည်။ ပင်လယ် ရေထဲက ထိုနတ်ဆိုးလက်သည်းကြီးက ဟုန်ယွိ၏ ယင်စိတ်ဝိညာဉ်ကို ရင်ဆိုင်ပြီး သူ့ခန္ဓာကိုယ်ကို ဖမ်းဆုပ်လိုက်၏။

ဟုန်ယွိသည် သူ့ယင်စိတ်ဝိညာဉ်က တင်းကျပ်လာသည်ကို ခံစားလိုက်ရသည်။ မရေမတွက်နိုင်သော သံမဏိ ကြိုးများဖြင့် ချည်နှောင်ထားသကဲ့သို့ ပင်လယ်ရေဖြင့် ဝန်းရံခံထားရသည်။ သူသည် လုံးဝ မလွတ်မြောက်နိုင်သ လို အသွင်ပြောင်းပြီး ခုန်ထွက်နိုင်ဖို့ သူ့ယင်စိတ်ဝိညာဉ်ကိုလည်း အသုံးချနိုင်စွမ်း မရှိတော့ပေ။

ယင်စိတ်ဝိညာဉ်သည် မူလကတည်းက ပုံစံမဲ့ အတွေးမျှင်တစ်ခု ဖြစ်သည်။ ၎င်းကို ပင်လယ်ရေ မဆိုထားနှင့်၊ သံမဏိတံတိုင်းတစ်ခုကတောင် မတားဆီးနိုင်ပါဘူး။ ယခုမူ၊ လက်သည်းကြီးအဖြစ်သို့ ပြောင်းလဲဖြစ်ပေါ်လာ သော ပင်လယ်ရေသည် အဝါရောင်ဝတ် အမျိုးသမီး၏ စိတ်ဝိညာဉ်နှင့် ရောနှောသွားခဲ့ပြီး၊ မမြင်နိုင်သော ကြိုးတစ်ချောင်းကဲ့သို့ ဟုန်ယွိ၏ ယင်စိတ်ဝိညာဉ်အား လွင့်ပျယ်ပြီး အသွင်ပြောင်းခြင်းမှ တားဆီးနေခဲ့သည်။

"အံ့ဩစရာပဲ…၊ အပြင်ထွက်ပြီး ငါကိုယ့်ငါတောင် အသွင်မပြောင်းနိုင်တော့ဘူး ဆိုမှတော့, အကြမ်းဖက် ဖြိုခွင်းရတော့မှာပေါ့။ အတွေးလေးတစ်ခုနဲ့ မင်းက ရုပ်လုံးဖော်ခြင်းနယ်ပယ် ယင်စိတ်ဝိညာဉ်ကို ထောင်ချောက် ဆင်နိုင်မယ်လို့ ငါ မယုံဘူး။”

ဟုန်ယွိသည် ထောင်ချောက်ထဲ ပိတ်မိနေပြီး မလှုပ်ရှားနိုင်ပေ။ သူသည် တဟုန်ထိုး ပျံ့နှံ့လာသော ရက်စက် ကြမ်းကြုတ်မှုနှင့်အတူ ရဲရင့်မှု အရှိန်အဟုန်ကို မခံစားရဘဲ မနေနိုင်ခဲ့ပါချေ။

“မြတ်ဗုဒ္ဓ တရားဟောချိန်မှာ…. နတ်ဆိုးတွေနဲ့ မိစ္ဆာအယူရှိတွေ အများပြား ထွက်ပေါ်လာခဲ့တယ်။ သူတို့ကို ဘယ်လိုနည်းနဲ့ နှိမ်နင်းနိုင်မလဲ။ ဆင်ခြင်တုံ တရားလည်း မဟုတ်ဘူး။ ကုသိုလ်တရားလည်း မဟုတ်ဘူး။ သနားကရုဏာလည်း မဟုတ်ဘူး။ ကိုယ့်ကျင့်သီလလည်း မဟုတ်ဘူး။ စွမ်းအားပဲ။ ဆူးတွေနဲ့ ကြိုးတွေကို ဖြတ်တောက်ပစ်နိုင်တဲ့ ခွန်အားပဲ..." အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တကျမ်းစာ၏ စာပိုဒ်တစ်ခုက ဟုန်ယွိ၏ စိတ်ထဲသို့ ချက်ချင်း စီးဆင်းသွားသည်။

"အနန္တတန်ခိုးရှင် ကောင်းကင်နဂါး။ ဘန်း…၊ ဘန်း….၊ ဘန်း….၊”

ဟိန်းဟောက်သံနှင့်အတူ၊ တန်ခိုးကြီးသော ကောင်းကင်နဂါး ဘုရားလောင်း၏ ပုံရိပ်ကြီးသည် ဟုန်ယွိ၏ စိတ်ထဲတွင် ပေါ်လာပြန်သည်။ သူသည် ယွမ်ယန်ကောင်းကင်ပုလဲကို ကိုက်ပြီး လက်သီးတွေကို ကျစ်ကျစ် ပါအောင် ဆုပ်လိုက်သည်။ မရေမတွက်နိုင်သည့် လရောင်အလင်းစက်များ တဟုန်ထိုး ပျံ့နှံ့လာခဲ့ပြီး၊ သူ့လက်ထဲတွင် ဧရာမ သုံးမြှောင့်မှိန်းကြီး တစ်ခုအဖြစ် ပေါင်းစပ်သွားပါသည်။

ယခုတစ်ကြိမ်၊ ဧရာမ သုံးမြှောင့်မှိန်းကြီးသည် မူရင်းအရွယ်အစားထက် သုံးဆဖြစ်သည်။

ဟုန်ယွိသည် လရောင်ကို စုစည်းနေချိန်၌ ယွမ်ယန်ကောင်းကင်ပုလဲမှ အလွန်သန့်စင်သော လရောင်စီးကြောင်း များ လွင့်စင်လာခဲ့ပြီး၊ မကောင်းဆိုးဝါးမှိန်း၏ စွမ်းအားကို များစွာ ကြွယ်ဝစေသည်ကို ဟုန်ယွိပင် ခံစားနိုင်သည်။

"ချိုးဖျက်စမ်း…"

လက်နှစ်ဖက်ဖြင့် ဧရာမ မှိန်းကြီးကို ကိုင်ဆောင်ကာ ရှေ့ကို ထိုးစိုက်ကာ ပြင်းပြင်းထန်ထန် တွန်းလှန်ရင်း၊ အားကုန်အသုံးပြုကာ လှည့်လိုက်သည်။

ဘန်း…၊ ဘန်း…၊ ဘန်း…။ မရေမတွက်နိုင်သော ရေစက်များသည် ကောင်းကင်ယံသို့ လွင့်ပျံပြီး၊ ပင်လယ်ထဲသို့ ကျဆင်းကုန်သည်။

ထိုနတ်ဆိုးလက်သည်းကြီးသည် ဟုန်ယွိ၏ သုံးမြှောင့်မှိန်းကြီးကြောင့် ပြိုကွဲသွားပြီး ရေအဖြစ်သို့ ပြန်လည် ပြောင်းသွားခဲ့သည်။

"ဒါက အတွေးလေးတစ်ခုပဲလေ။ ငါ့ကို တားလို့မရဘူး။ သွားကြစို့”။

မှော်စွမ်းအားကို ချိုးဖျက်ပြီးနောက်၊ ဟုန်ယွိသည် ရပ်တန့်မနေခဲ့ပေ။ ယင်းအစား သူသည် ကမ်းရိုးတန်းဆီသို့ အရှိန်အဟုန်ဖြင့် အရှိန်မြှင့်ကာ၊ သူ့စိတ်ဝိညာဉ်စွမ်းအား အားလုံးကို အသုံးပြုပြီး လျှပ်စီးပမာ, လေထုထဲ ထိုးဖောက်သွားသော မြှားတစ်စင်းပမာ အသည်းအသန် ပျံသန်းသွားခဲ့သည်။ ဝှီး…၊ ဝှီး…..၊ ဝှီး…၊ သူသည် နောက်ထပ် မိုင်အနည်းငယ် ခရီးနှင်ခဲ့သည်။

ထိုကဲ့သို့ အသည်းအသန် ပျံသန်းမှုနှင့်အတူ ယွမ်ယန်ကောင်းကင်ပုလဲသည် ယင်စိတ်ဝိညာဉ်နှင့်အတူ လေထဲ တွင် ရှည်လျားသော ရွှေရောင်ကြိုးတန်းတစ်ခုကို ဆွဲငင်သွားလေသည်။ အဝေးမှကြည့်လျှင်, ၎င်းသည် ရွှေရောင် ဥက္ကာပျံတစ်ခု ပင်လယ်ပြင်ကို ဖြတ်ပြီး ပျံသန်းနေသည့်အတိုင်းပင်။ ယင်းက ကြီးကျယ်ခမ်းနားသော မြင်ကွင်း ပင်။

အကယ်၍, ယင်စိတ်ဝိညာဉ်သည် လေထဲတွင် လျင်မြန်စွာ ပျံသန်းနေပြီး၊ ၎င်း၏ ကန့်သတ်ချက်ထက် ကျော်လွန်သွားပါက, လေဖြင့် လွင့်မျောသွားကာ၊ ယင်စိတ်ဝိညာဉ်သည် ပြန့်ကျဲ ပျက်စီးသွားမည် ဖြစ်သည်။ သို့သော် ဟုန်ယွိသည် အတိတ်အမိတ္တဘသုတ္တန်ကို ကျင့်ကြံခြင်း၏ အားသာချက်ကို အားကိုးခဲ့သည်။ သူ့စိတ်ဝိညာဉ်သည် ပျက်စီးသွားခြင်း မရှိသလို သူ့အတွေးတွေကလည်း ခိုင်မာပါသည်။ ဤလျင်မြန်သော ပျံသန်းမှုသည် သူ့တာအိုပညာရပ် ခွင့်ပြုနိုင်သည့် အမြင့်ဆုံး အမြန်နှုန်းသို့ ရောက်ရှိနေခဲ့သော်လည်း ၎င်းကို ဆက်လက်ထိန်းထားနိုင်သည်။

"ထွက်ပြေးဖို့ ကြိုးစားနေတာလား.."

ဟုန်ယွိသည် တဟုန်ထိုး ပျံသန်းနေချိန်တွင် ကမ်းရိုးတန်း၊ စစ်တန်းလျားများ၊ ချောက်ကမ်းပါးများနှင့် ချောက်ကမ်းပါးပေါ်တွင် ရပ်ကာ၊ သူ့လေးကိုဆွဲနေသော ချီဇီယန်၏ အသွင်အပြင်ကိုပင် ယောင်ဝါးဝါး မြင်နေရ သည်။ ရုတ်တရက် သူ့နားရွက်နားတွင် ကောင်းကင်ဘုံ ဗုံသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ် လာသည်။

ထို့နောက် သူ့ရှေ့က ပင်လယ်ရေပြင်သည် ရုတ်တရက် မြင့်တက်လာပြီး လက်သီးစုပ်အရွယ် တောက်ပြောင် သော ရေစက်တစ်စက်က တဟုန်ထိုး မြင့်တက်လာခဲ့သည်။

ထိုရေစက်သည် သေးငယ်သော်လည်း ဟုန်ယွိ၏ မျက်လုံးထဲသို့ ရောက်ရှိလာသည့်အခါ ဂျင်တစ်ထောင် လေးလံသည်ဟု ခံစားရ၏။ ၎င်းတို့သည် ပြဒါးထက်ပင် ပိုလေးပါသည်။ ဤအရာက အလိုလိုသိသည့် ခံစားမှု တစ်ခု ဖြစ်ပါသည်။

"ဒါက ပင်လယ်ရေ အဆမတန် သိပ်သည်းသွားပြီးနောက် အပြင်းအထန် ပေါက်ကွဲတော့မယ့် အဖြစ်ပျက်ပဲ။ မကောင်းတော့ဘူး။ ဒါက ရေမိုးကြိုးတာအိုပညာရပ်တစ်ခုပဲ" သူသည် စိတ်ထဲတွင် နားလည်သွားသော်လည်း နောက်ကျသွားပါပြီ။ ထိုရေစက်သည် အလွန်လျင်မြန်ပြီး ဟုန်ယွိ၏ ဦးခေါင်းနှင့် ချက်ချင်း တိုက်မိသွားသည်။ နှစ်ယောက်သား အပြင်းအထန် တိုက်မိသောအခါတွင် ယမ်းစည်ကြီး ပေါက်ကွဲကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

ရေစက်က ပေါက်ကွဲပြီးနောက် ပြင်းထန်သော လေလှိုင်းတွေက ပေါက်ကွဲမူအတွင်းမှာ ထွက်ပေါ်လာသည်။ ထို့နောက် ရေစက်လေးတွေ ပေါက်ကွဲပြီး မိုးရေစက်များအသွင် ပြောင်းသွားပါသည်။ ရေစက်လေးသည် လက်သီးစုပ် အရွယ်မျှသာ ရှိသည်မှာ ထင်ရှားသော်လည်း ယခုအခါ ပြန့်ကျဲသွားပြီးနောက် ၎င်းသည် ရေကန်ငယ် တစ်ဝက်နီးပါး ရှိနေပုံပင်။ တခဏတာ အချိန်လေးအတွင်းမှာ, ထိုရေစက်လေးအတွင်း မည်မျှ စိမ့်ဝင်နေသည်ကို မြင်နိုင်ပါသည်။

တာအိုပညာရပ်တွေထဲမှာ ရေမိုးကြိုးသည် ရေကိုရစ်ပတ်ပြီး ပြင်းပြသော စိတ်ဆန္ဒကို အသုံးပြုကာ၊ ၎င်းအား အစွမ်းကုန် ဖိသွင်းပြီးနောက် ရုတ်တရက် လွှတ်ချရခြင်း ဖြစ်သည်။ ရေစက်က ပေါက်ကွဲကာ ကျယ်ပြန့်လာကာ၊ ယမ်းမှုန့်ကဲ့သို့ အကျိုးသက်ရောက်မှုကို ဖန်တီးသည်။

ထိုကဲ့သို့ ရေမိုးကြိုးကို ဖန်တီးနိုင်သည့် တာအိုကျွမ်းကျင်သူများသည် တစ္ဆေအင်မော်တယ်အဆင့်သို့ ရောက်နေ ရမည်။

ဤရေမိုးကြိုး၏ စွမ်းအားသည် ပေါက်ကွဲမီးလျှံ အဆောင်ဓားထက် အဆပေါင်းများစွာ နိမ့်ကျသော်လည်း၊ ၎င်းသည် တာအိုပညာရှင်များ၏ သာမန် ယမ်းမှုန့်မိုးကြိုးအဆောင်များထက် များစွာပို၍ အားကောင်းပါသည်။ ဟုန်ယွိ၏ ယင်စိတ်ဝိညာဉ်သည် ထိုတိုက်ခိုက်မှုကြောင့် ထိမှန်သွားခဲ့ပြီး၊ ပေါက်ကွဲစွမ်းအားများက ချက်ချင်း ပြန့်ကြဲသွားကာ၊ သူ့စိတ်ဝိညာဉ်လည်း ပျောက်ကွယ်သွားခဲ့သည်။

ယွမ်ယန်ကောင်းကင်ပုလဲသည် ၎င်း၏ထောက်မမှု ပျောက်ဆုံးသွားကာ၊ ရွှေရောင် အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲပြီး၊ ပင်လယ်ထဲသို့ ကျဆင်းသွားပါသည်။

"နောက်ဆုံးတော့ သေသွားပြီလား…၊ သူက ရုပ်လုံးဖော်ခြင်းနယ်ပယ် ကျင့်ကြံသူလေးပဲလေ။ တွေးကြည့်ရင်, သူ့ကိုသတ်ဖို့အတွက် ငါ ရေမိုးကြိုး အစစ်မှန်စွမ်းအားကို သိပ်သည်းဖို့ ငါ့ရဲ့ စိတ်စွမ်းအားဖြင့် အရာဝတ္ထုကို ရွှေ့လျာခြင်း တာအိုပညာရပ်ရဲ့စွမ်းအားကို သုံးဆယ်ရာခိုင်နှုန်းအထိ အသုံးခဲ့ရတယ်။ ဒါက မယုံနိုင်စရာပဲ။”

ဟိုးအဝေးက ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် နွားဖြူစီးနေသည့် အဝါရောင်ဝတ် အမျိုးသမီးက ရေမိုးကြိုး ပေါက်ကွဲမူကြောင့် ဟုန်ယွိ လွင့်စင်သွားသည်ကို တွေ့မြင်နေရ၏။ သူမ၏ မျက်နှာပေါ်တွင် အံဩဟန်နှင့်အတူ ဝေခွဲမရသည့် အမူအရာ ပေါ်လာသည်။

“ခုနက ငါ သူ့ကို ပိတ်လှောင်ဖို့ ရေနတ်ဆိုးလက်သည်းကို သိပ်သည်းခဲ့ပေမယ့် သူလွတ်မြောက်နိုင်ခဲ့တယ်။ အဲဒီစွမ်းအားက အလွန်ပြင်းထန်ပြီး၊ လရောင်ကနေ သိပ်သည်းထားတဲ့ သံမဏိမှိန်းကြီးလည်း ရှိသေးတယ်။ အဲဒါ ဗုဒ္ဓဝါဒီတို့ရဲ့ တာအိုပညာရပ်တစ်ခု ဖြစ်ပုံပဲ။ ငါ သူ့ကို ဒီလောက်မြန်မြန်ဆန်ဆန် မသတ်ပစ်သင့်ဘူး။ သူ့ကို ဖမ်းပြီး စစ်ဆေးမေးမြန်း ကြည့်သင့်တယ်။ ယုတ္တိကျကျ ပြောရရင်, ဒီနေရာက တော်ဝင်ချန် ပစိတ်ဖိတ်ရေတပ် ရဲ့ အဓိကစခန်းကြီးဖြစ်တယ်။ ဒီနေရာမှာ ဗုဒ္ဓတာအိုနည်းစနစ်ကို ကျင့်ကြံသူ ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ။”

"ဒါပေမယ့် ဒီကောင်လေး။ ငါ တကယ်ကို ခက်ခက်ခဲခဲနဲ့ ဆွဲထုတ်ခဲ့ရတဲ့ ဒီယွမ်ယန်ကောင်းကင်ပုလဲကို သူ တကယ်ကို လုယက်ရဲတယ်။ သူ့အတွက် ဘာကောင်းလဲဆိုတာ သူ အမှန်တကယ် မသိဘူး။ ဒီယွမ်ယန် ကောင်းကင်ပုလဲက ငါ့ဂျိဒန် ပြန်လည်မွေးဖွားအတွက် အဓိက ပါဝင်ပစ္စည်း ဖြစ်နေတယ်။ ငါ့ဂျိဒန် ပြန်လည် မွေးဖွားပြီးတာနဲ့ သိုင်းသူတော်စင်နယ်ပယ်ရောက်အောင် တဟုန်ထိုး တက်လှမ်းနိုင်တဲ့အထိ ငါခန္ဓာကိုယ်ကို ကျင့်ကြံနိုင်တော့မယ်။”

အဝါရောင်ဝတ် အမျိုးသမီးသည် ဟုန်ယွိ ပျောက်ကွယ်သွားသည့် နေရာကို လှမ်းကြည့်လိုက်သည်။ ယွမ်ယန် ကောင်းကင်ပုလဲက အောက်သို့ ကျဆင်းနေစဉ်မှာ, သူမလက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။ အလင်းလှိုင်း များက လှိမ့်တက်လာခဲ့ပြီး၊ ရွှေရောင်ပုလဲကို ပတ်ပတ်လည်မှ ရစ်ပတ်ကာ သူမဆီသို့ ဖြည်းညှင်းစွာ ပျံသန်း သွားလေသည်။

“မမီမမီဟွာ….၊ အနန္တတန်ခိုးရှင် ကောင်းကင်နဂါး။”

ထိုအခိုက်အတန့်တွင် ဟုန်ယွိ ပျောက်ကွယ်သွားသော နေရာမှ ပြင်းထန်သိပ်သည်းသော အလင်းတန်းတစ်ခုက ရုတ်တရက် အလယ်ဗဟိုဆီသို့ ပေါင်းစည်းသွားခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပဲ အဖြူရောင် ဖန်သားကဲ့သို့ ပုံသဏ္ဍာန်တစ်ခု ခုန်ထွက်လာပါသည်။

ဟုန်ယွိသည် သတ်၍မရသည့် သတ္တဝါတစ်ကောင်ဖြစ်ပုံရပြီး၊ ချက်ချင်းပင် တဖန် သိပ်သည်းသွားခဲ့သည်။ သူက သံမဏိမှိန်းကို ကိုင်ထားပြီး၊ မှိန်းဖြင့် ပင်လယ်ရေထဲမှ ယွမ်ယန်ကောင်းကင်ပုလဲကို ရစ်ပတ်လိုက်သည်။ ဘန်း..။ ပင်လယ်ရေက ပြန့်ကျဲသွားပြီး ပုလဲက သူ့လက်ထဲ ပြန်ကျသွားသည်။

ပုလဲလုံးကြီးကို သူပြန်ရပြီးနောက်, ဟုန်ယွိသည် အဝါရောင်ဝတ် အမျိုးသမီးအား တာအိုနည်းစနစ်ကို အသုံးပြုရန် နောက်ထပ် အခွင့်အရေး မပေးတော့ပေ။ သူသည် ပုလဲကို ကိုင်ပြီး သူ့အတွေးတွေကို ပြန်ရုတ်သိမ်း လိုက်ပါသည်။ တစ်ဖန် သူသည် အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဘုရားလောင်း၏ တန်ခိုးအစွမ်းကို အသက် သွင်း၍ ထွက်ပြေးလေ၏။ တခဏအတွင်းမှာပင် သူသည် အဝေးက ချောက်ကမ်းပါးပေါ်သို့ ရောက်ရှိလာခဲ့ သည်။ ယင်စိတ်ဝိညာဉ်သည်လည်း သူ့ခန္ဓာကိုယ်ဆီသို့ ပြန်လည်ပျံသန်းသွားကာ၊ အစစ်မှန် စိတ်ဝိညာဉ်သည် သူ့အခွံဆီသို့ ပြန်ရောက်သွားခဲ့သည်။

"ပင်လယ်ထဲမှာ ဘာတွေဖြစ်နေတာလဲ။ မိုးခြိမ်းသံလိုအသံတွေ ကြားနေရတယ်။”

ချီဇီယန်သည် စိတ်လှုပ်ရှားသွားသည်။ သူသည် ပင်လယ်ပြင်မှာ တောက်ပနေသည့် လမင်းကြီးကို မျက်နှာမူပြီး လေးကိုဆွဲကာ ပစ်ခတ်သည်။ သူ့ခန္ဓာကိုယ်မှာ စုစည်းထားသည့် ခွန်အားအားလုံး ပြန့်ကျဲသွားစဉ် အလွန်မင်း သက်တောင့်သက်သာဖြစ်မူကို ခံစားရ၏။ လှုပ်ခါလိုက်သည်နှင့် သူ့တစ်ကိုယ်လုံးရှိ ကြွက်သားများ၊ အရိုးများနှင့် အရေပြားများသည် မြွေတစ်ကောင်၏ အရေခွံများ တွန့်သွားသကဲ့သို့ သို့မဟုတ် သင်းခွေချပ်၏ အကြေးခွံများ လှုပ်ခါသကဲ့သို့ တရှီးရှီးအသံများ မြည်ဟီးနေသည်။ ဤရက်အနည်းငယ်အတွင်း သူသည် သူ၏ငါးနဂါး အသွင်ပြောင်းခြင်း ကိုးသွယ်ကို အပြည့်အဝ ကျွမ်းကျင်လာတော့မည်ဖြစ်ကာ၊ သူ၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ် ပေါင်းစပ်မှုသည် ထောင့်စွန်းတစ်ဝိုက်တွင် ရောက်ရှိနေပြီကို သူ သိပါသည်။

ဤအခိုက်အတန့်တွင် အဝေးက ပင်လယ်ပြင်ရေပြင်မှ ထွက်ပေါ်လာသော ခပ်အုပ်အုပ် ပေါက်ကွဲအသံတစ်ခုက သူ့ကို သူ့သိုင်းတာအိုနယ်ပယ်ထဲ ဝင်ရောက်နေရာမှ ပြန်လည်ဆွဲထုတ်သွားခဲ့သည်။

သူသည် အဝေးက ပင်လယ်ပြင်မှ ပေါက်ကွဲသံနှင့်ပတ်သက်ပြီး တွေးတောနေစဉ်, ရုတ်တရက်ဆိုသလိုပင် ရွှေရောင် အလင်းတန်းတစ်ခုက ပျံတက်သွားပြီး သူ မတုံ့ပြန်နိုင်လောက်အောင် အရှိန်အဟုန်ဖြင့် သူ့ရှေ့က ချောက်ကမ်းပါးပေါ်သို့ ကျရောက်သွားခဲ့သည်။

"ဘာလဲဟ…."

ချီဇီယန်သည် ရွှေရောင်အလင်းတန်းကို ထိုးဖောက်ရန် မြှားတစ်စင်းကို ပစ်သတ်တော့မည် ဖြစ်သည်။ သို့သော်, သူသည် ရုတ်တရက် ဟုန်ယွိ၏အသံကို ကြားလိုက်ရ၏။ "ရန်သူရောက်လာပြီ။ အသေးအမွှားကိစ္စ မဟုတ်ဘူး။ ဒီပုလဲကို ကောင်းကောင်း ထိန်းထားပါ။ ရန်သူကို ငါတိုက်မယ်။”

ချီဇီယန်၏ မျက်လုံးများက မြေပြင်ပေါ်ရှိ လက်သီးစုပ်အရွယ် ရွှေရောင်ပုလဲတစ်လုံးကို မြင်လိုက်ရသည်။ မြင်မြင်ချင်းမှာပင်, သူက အံ့အားတသင့် ရေရွတ်သည် “ဒါက အနှစ်တစ်ထောင် သက်တမ်းရှိတဲ့ ဂုံးကောင်ကြီး က သူ့ကိုယ်ပိုင်သွေးချီကို အသုံးပြုပြီး ပြုစုပျိုးထောင်ထားတဲ့ ပုလဲကြီးပဲ။ အရမ်းကြီးတယ်။ ဒီပုလဲကြီးကို လရောင်နဲ့ သန့်စင်ထားတာ သိသာတယ်။ ဒီပုလဲကို ရေစိမ်ပြီး သောက်ပြီးရင်တောင် ပြန်လည် မွေးဖွားနိုင် တယ်။ ဒီပုလဲက ဒိုင်ဇင်ဘုရားကျောင်းက မှော်ဆေးဝါးတွေထက် အဆတစ်ရာ ပိုကောင်းတယ်။ မင်း ဘယ်လို ရရှိခဲ့တာလဲ။ မင်း ပင်လယ်ထဲကနေ ဆွဲထုတ်လာခဲ့တာလား။ ဒါပေမယ့် အနှစ်တစ်ထောင် သက်တမ်းရှိတဲ့ ဂုံးကောင်ကြီးတွေဟာ ပင်လယ်ကြီးရဲ့ နက်ရှိုင်းတဲ့အရပ်မှာရှိတဲ့ ကတုတ်ကျင်းတွေမှာ နေထိုင်ကြပြီး တစ္ဆေ အင်မော်တယ်တွေတောင် အောက်အထိရောက်အောင် ဆင်းဖို့ မလွယ်ဘူး။ ဒါ့အပြင်၊ ဂုံးကောင်ကြီးရဲ့ သွေးနဲ့ချီက သိုင်းသူတော်စင်တွေရဲ့ သွေးချီတွေလို အလွန်ပြင်းထန်တယ်။ ထွေးထုတ်နိုင်တဲ့ ရေမြှားတွေနဲ့ ချွဲကျိတွေကလည်း လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကို ထိခိုက်စေနိုင်တယ်။ မင်း ဘယ်လိုရခဲ့တာလဲ။”

ချီဇီယန်သည် စကားအများကြီး ပြောနေသော်လည်း ချီဇီယန်၏ လျင်မြန်ဖြတ်လတ်မူကို သူ တစ်ခါမှ မမြင်ဖူး ကြောင်း သဘောပေါက်လိုက်ပါသည်။ သူသည် မြေပြင်ပေါ်ရှိ ပုလဲလုံးကို ဆုပ်ကိုင်ပြီး သူ့ဝတ်စုံ လက်မောင်းထဲ တွင် သိမ်းထားလိုက်ပါသည်။ ထို့နောက် ပုလဲလုံးကြီး ချော်မကျစေရန် သူ့ဝတ်စုံလက်မောင်း၏ လက်ကောက် ဝတ်နေရာတွင် ချည်နှောင်လိုက်သည်။

သူစကားပြောနေစဉ်တွင် ဟုန်ယွိသည် မလှုပ်မယှက် ထိုင်နေသေးသည်။ သူ့ဘေးနားမှာ နတ်ဆိုးသတ်မက်မွန် နတ်ဘုရားဓားက လွင့်ပျံနေပြီ။ ဝှီး….၊ သူသည် ဓားကို ငွေရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲပြီး လျှပ်စီး ကြောင်းကဲ့သို့ ပစ်လွှတ်လိုက်သည်။ ဓားသည် လှည့်ပတ်နေသော ငွေရောင်မြွေတစ်ကောင်ကဲ့သို့ ပြောင်းသွားခဲ့ ပြီး၊ သူ့ဆီသို့ ဘေးချင်းကပ်ကာ ချဉ်းကပ်လာသော ရေစက် (၃) စက်ကို အတိအကျ ထိမှန်သည်။

ဘန်း….၊ ဘန်း….၊ ဘန်း…။

ရေစက်သုံးစက်သည် ဓားကို ထိမှန်သွားသည်နှင့် ပြင်းထန်သည့် ပေါက်ကွဲသံကို ဖြစ်ပေါ်စေပါသည်။ အသံက ချောက်ကမ်းပါးကို လှုပ်ခါစေပြီး၊ ကျောက်တုံးတွေ တဖြုတ်ဖြုတ် ပြုတ်ကျကြသည်။

ပြင်းထန်သော ပေါက်ကွဲသံကြောင့် နတ်ဆိုးသတ် မက်မွန်နတ်ဘုရားဓားသည်လည်း ပြန်ကန်သွားခဲ့သည်။ ဓားပေါ်တွင် လိမ်းကျံထားသော ငွေရောင်ဆေးတွေလည်း ကျွတ်ကုန်ပြီး အစိမ်းနုရောင် အသားရေနှင့်တူသော ဓားကိုယ်ထည်ကို ပေါ်လွင်စေသည်။

"ဘယ်လောက်တောင် တန်ခိုးကြီးလိုက်လဲ။ နက်ရှိုင်းတဲ့ တာအိုပညာရပ်တွေကို ပိုင်ဆိုင်ထားတဲ့ ဆန်းကြယ် ကောင်းကင်စံအိမ်ရဲ့ အကြီးအကဲတွေတောင် အောင်မြင်အောင် လုပ်ဆောင်ဖို့ အခက်တွေ့လိမ့်မယ်။ နောက်ပြီး၊ တစ်ကြိမ်တည်းနဲ့ ရေစက်သုံးစက်တောင်, ဒီလူရဲ့ သဘာဝလွန် စွမ်းအား ... ညီအစ်ကိုဟုန် ဒီတစ်ခါရော ဘယ်သူတွေကို စော်ကားခဲ့ပြန်လဲ။”

ချီဇီယန်သည် ထိုရုတ်တရက် အပြောင်းလဲကြောင့် ထိတ်လန့်သွားသည်။ သို့သော် သူသည် ရပ်မနေဘဲ သူ့နောက်ကျော မြှားကျည်တောက်ထဲမှ မြှားတစ်စင်းကို ချက်ချင်း ထုတ်လိုက်သည်။ သူသည် စိတ်ဝိညာဉ် ဖြိုခွဲခြင်းမြှားကို ထုတ်ယူပြီး သက်တန့်ထိုးဖောက်လေးမှာ တပ်ဆင်လိုက်ပါသည်။ လေးကို လပြည့်ဝန်း အနေထားအထိ ဆွဲတင်ကာ လေဟာနယ်ထဲကို ချိန်ရွယ်ထားသည်။ အကယ်၍, မူမမှန်သည့်အရာ တစ်ခုခု ဖြစ်သည်နှင့် သူသည် ချက်ချင်း ပစ်လွှတ်လိမ့်မည်။

"အိုး….။ လျှိုထျန်းယွဲ့ရဲ့ ယင်ယန်မက်မွန် နတ်ဘုရားဓားက အထွဋ်ထိပ်ကောင်းကင်နယ်မြေရဲ့ လက်ထဲမှာ မဟုတ်လား။ မင်းလက်ထဲမှာ ဘာလို့ ရှိနေတာလဲ။ မင်းက ဘယ်သူလဲ…။”

ဟုန်ယွိသည် ရေစက်များ လွင့်စင်သွားစဉ် အားကောင်းသည့် စွမ်းအားတစ်ခုက မက်မွန်နတ်ဘုရားဓား၏ ကိုယ်ထည်မှတဆင့် ရုတ်တရက် ဆင်းသက်လာခဲ့ပြီးနောက်၊ နွားဖြူစီးပြီး ကျောက်စိမ်းပုလွေကို ကိုင်ဆောင် ထားသော အဝါရောင်ဝတ် မိန်းကလေး၏ ရုပ်အသွင်က ထွက်ပေါ်လာပါသည်။

ရှင်းနေသည်မှာ၊ ဤလျှို့ဝှက်ဆန်းကြယ်သော မိန်းကလေးသည် ကျောက်ဖေးရုန်၏ စံနမူနာကို အတုလိုက်ပြီး၊ ဓားကိုယ်ထည်ထဲသို့ ဝင်လာသည်မှာ ထင်ရှားပါသည်။

"အခွင့်ကောင်းပဲ။ ဒီမက်မွန်နတ်ဘုရားဓားကို ကျွမ်းကျင်သူတွေကို ဆွဲဆောင်ပြီး သတ်ဖြတ်ဖို့အတွက် ထောင်ချောက်တစ်ခုအဖြစ် အသုံးပြုနိုင်တယ်။ ဒါက အောင်မြင်ဖို့သေချာတဲ့ နည်းလမ်းတစ်ခုပဲ။” ဟုန်ယွိသည် လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်၀တ် မိန်းကလေးက ဓားကိုယ်ထဲသို့ ဝင်လာသည်ကို ခံစားမိပြီးနောက်, သူ အရမ်းပျော်သွားပါသည်။

နောက်ဆုံးတွင် သူသည် မက်မွန်နတ်ဘုရားဓား၏ အစွမ်းကို နားလည်ထားပါသည်။ ဤဓားကိုမြင်သော တာအို ပညာ ကျွမ်းကျင်သူတိုင်းသည် ထိုဓားကို လုယူရန် အထဲသို့ဝင်ရောက်လိုစိတ်ကို တွန်းလှန်နိုင်မည် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့်, သူတို့သည် ထောင်ချောက်ထဲသို့ ချက်ချင်း ကျရောက်သွားလိမ့်မည်။

ကျောက်ဖေးရုန်သည် ထောင်ချောက်ထဲသို့ ကျရောက်ခဲ့ရသည်။ ယောင်ချီဂိုဏ်း၏ လပန်းခန်းမမှ ခေါင်းဆောင် နှစ်ဦးဖြစ်သည့် ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့သည် ထောင်ချောက်ထဲသို့ ကျရောက်ခဲ့ရပြန်သည်။ အခုတဖန် ဤလျှို့ဝှက်ဆန်းကြယ်သော အဝါရောင်၀တ် အမျိုးသမီးသည် ထောင်ချောက်ထဲသို့ ကျရောက်လာပြန်သည်။

ဟုန်ယွိသည် ထိုအမျိုးသမီး၏ နတ်ဘုရား စိတ်ဝိညာဉ် ဝင်လာသည်ကို မြင်သောအခါ စကားတစ်ခွန်းမှ ပြောမနေဘဲ၊ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ရှိသော အသုရာနတ်ဆိုးဘုရင်အဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားသည်။ သူသည် ရုတ်တရက် ထရပ်လိုက်ပြီး၊ အဝါရောင်၀တ် အမျိုးသမီးကို သူ့လက်ထဲမှာ ဖမ်းဆုပ်လိုဟန်ဖြင့် သူ့လက်သည်းတွေကို ဖိချလိုက်ပါသည်။

"မင်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ မက်မွန်နတ်ဘုရားဓားထဲ ဝင်လာပြီးမှတော့ မင်းအနေနဲ့ ပြန်ထွက်ဖို့ ခက်ခဲသွားပြီ။”

ဟုန်ယွိ၏ ရက်စက်ကြမ်းကြုတ်သော အတွေးအမြင်များမှ ဖန်တီးဖြစ်ပေါ်လာသော အသုရာနတ်ဆိုးဘုရင်သည် အပေါ်မှ ငုံ့ကြည့်နေစဉ် ထူးဆန်းသော ရယ်မောသံဖြင့် ရယ်မောလိုက်သည်။ သူ့လက်ကို ဆုပ်ကိုင်မူနှင့်အတူ, ယင်းက အခြေအနေအားလုံးကို လုံးဝ ထိန်းချုပ်နိုင်ပါသည်။

"အသုရာနတ်ဆိုးဘုရင်လား…." အဝါရောင်ဝတ် မိန်းကလေးက သူမအပေါ်ကို ဖိထားသည့် လက်သည်းကြီး တွေကို မကြောက်မရွံ့ ကြည့်နေလေသည်။ သူမမျက်လုံးတွေက ဖျတ်ခနဲ လင်းလက်သွားပါသည်။ "မင်းရဲ့ တာအိုနည်းစနစ်က နည်းနည်းတော့ အားနည်းနေသေးတယ်။ လျှိုထျန်းယွဲ့ဆိုရင်တော့, သူ ငါ့ကို ထောင်ချောက်ဆင်နိုင်လိမ့်မယ်”။

စကားစမြည်ပြောရင်း သူမက လက်ကို ဝှေ့ယမ်းလိုက်ပါသည်။ ထူထဲသော လျှပ်စီးကြောင်းများက လေထဲတွင် ပေါ်လာသည်။ လျှပ်စီးကြောင်းများသည် သံကြိုးအလွှာများကဲ့သို့ ယှက်နွယ်ပြီး အသုရာနတ်ဆိုးဘုရင်ကို ချည်နှောင်ကြသည်။

"ငါချန်ယင်းရှာက အနှစ် ၇၀ လောက် ကျင့်ကြံခဲ့ပြီး၊ အလောင်းကောင်ကနေ လူသားတစ်ယောက်အဖြစ် ပြောင်းလဲနိုင်ခဲ့တယ်။ ငါက အစစ်မှန်ရေမိုးကြိုးနည်းလမ်းငါးသွယ်ကို ကျွမ်းကျင်ခဲ့တယ်။ ငါက အစစ်မှန် ကောင်းကင်လျှပ်စီး ဘေးဒုက္ခကို မကျော်ဖြတ်နိုင်ပေမယ့် မင်းကိုတော့ အလွယ်တကူ ကိုင်တွယ်နိုင်ပါသေး တယ်။ မင်းမှာ ယင်ယန်မက်မွန်ဓားရှိနေတော့ရော ဘာဖြစ်လဲ။ မင်းအနေနဲ့ မက်မွန်နတ်ဘုရားရဲ့ ဝိညာဉ်ကို အပြည့်အဝ အသုံးမပြုနိုင်ဘူး။ မင်းက ငါ့အတွက် ဘယ်လိုလုပ် ပြိုင်ဘက် ဖြစ်နိုင်မှာလဲ။”

အဝါရောင်ဝတ် မိန်းကလေးက အေးစက်စွာ ရယ်မောလိုက်ပါသည်။ "ဒါက အမှန်တရားပဲ၊ ငါ မင်းကို မသတ်ချင် ဘူး။ ငါ မင်းကို မေးချင်တယ်။ မင်းရဲ့ တာအိုပညာရပ်ကို ဘယ်ကနေ သင်ယူခဲ့တာလဲ။ ဒီပညာရပ်အားလုံးကို ဒိုင်ဇင်ဘုရားကျောင်းကနေ သင်ယူခဲ့တာလား။ မင်းရဲ့စိတ်ဝိညာဉ် ပျက်စီးပြီးနောက် ဘယ်လိုလုပ် ပြန်လည် ပေါင်းစည်းနိုင်သေးတာလဲ။”

"ဒီမိန်းကလေးရဲ့ စိတ်ဝိညာဉ်စွမ်းအားက ကျောက်ဖေးရုန်ထက် တကယ်ကို မြင့်မားတယ်။ သူမက ဘယ်သူလဲ” ဟုန်ယွိသည် ထူထဲသော လျှပ်စီးကြောင်းများဖြင့် ချည်နှောင်ခံထားရသော အသုရာနတ်ဆိုးဘုရင်ကို ခံစားနိုင် သည်။ သူလှုပ်ရှားလိုက်သည်နှင့် သူ့တစ်ကိုယ်လုံး ထုံကျင်သွားသည်။ သူသည် မခြောက်ခြားဘဲ မနေနိုင်ခဲ့ပေ။ "မင်းကရော ဘယ်သူလဲ။ မင်းမှာ ဒီလို အစွမ်းထက်တဲ့ မှော်အစွမ်းတွေ ပိုင်ဆိုင်ထားမှတော့, ကျားဂုံးကောင်ပုလဲ ကို ဘာလုပ်ဖို့ ခိုးယူချင်သေးတာလဲ။ ချန်ယင်းရှာ၊ ဟုတ်လား။ ငါ ဒီနာမည်ကို တစ်ခါမှ မကြားဖူးဘူး။”

"ကျားဂုံးကောင်ပုလဲက ငါ့ကို သိုင်းသူတော်စင်နယ်ပယ်ရောက်အောင် လေ့ကျင့်ဖို့ ကူညီပေးနိုင်တယ်။ ငါ သိုင်းသူတော်စင် ပြီးလာနောက်၊ ငါ့ခန္ဓာကိုယ်ဟာ နောက်ထပ် အနှစ် ၁၅၀ အထိ အသက်ရှင်နိုင်ပြီး၊ ကောင်းကင် လျှပ်စီးကပ်ဘေးဒုက္ခကို ထပ်မံ ဖြတ်သန်းဖို့ မလိုအပ်တော့ဘူး။ ဒီအနှစ် ၁၅၀ အတွင်းမှာ, ငါက လျှပ်စီးကြောင်း ရဲ့ အစွန်းမှာ လမ်းလျှောက်နိုင်ပြီး၊ လျှပ်စီးကြောင်းကနေ စွမ်းအားအချို့ကို စုပ်ယူနိုင်လိမ့်မယ်။ ဒီလိုဆို, ငါလည်း ပထမဆုံး ကောင်းကင်လျှပ်စီး ကပ်ဘေးဒုက္ခကို ကျော်ဖြတ်နိုင်ပြီ။ ငါက သန့်စင်သောယန်ချီ တစွန်းတစ ရရှိအောင် ငါ့စိတ်ဝိညာဉ်ကို လေ့ကျင့်ပေးနိုင်ပြီ။ ဒီနည်းလမ်းနဲ့ ငါဟာ ခန္ဓာကိုယ်အသွင်ပြောင်းဖို့ သားအိမ် အတွင်းမှာ ပြန်ဝင်စားရတဲ့ လျှို့ဝှက်ဆန်းကြယ်မူမျိုးတွေ ရှိတော့မှာ မဟုတ်ဘူး။”

ချန်ယင်းရှာဟု ခေါ်သော အဝါရောင်ဝတ် မိန်းကလေးသည် အခြေအနေကို လုံး၀ ထိန်းချုပ်နိုင်ခဲ့သကဲ့သို့ တခစ်ခစ် ရယ်မောနေလေသည်။

"ပထမဆုံး ကောင်းကင်လျှပ်စီးကပ်ဘေးဒုက္ခလား…။ သန့်စင်သောယန်ချီကို တစွန်းတစ ကျင့်ကြံနိုင်ပြီလား။" ဟုန်ယွိက မေးသည်။ "ကောင်းကင်လျှပ်စီး ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီးနောက်၊ လူတစ်ယောက်က ယန် နတ်ဘုရား ဖြစ်လာမယ်လေ။ ကောင်းကင်လျှပ်စီး ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီးတဲ့နောက်မှာ ငါတို့က ကောင်းကင်လျှပ်စီး ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ဖို့ လိုအပ်သေးတယ်လို့ မင်း ဘာကြောင့် ပြောရတာလဲ။”

"မင်း ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာလား။ ဒါပေမယ့် ဒါတွေက သာမာန်အသိပါပဲ။ မင်းကို ပြောပြရင်လည်း ပြဿနာမရှိပါဘူး။" ချန်းယင်ရှာက တိုက်ခိုက်ဖို့ အလျင်လိုနေခြင်း မရှိပေ။ "ယန်စိတ်ဝိညာဉ် ဖြစ်လာဖို့ ဘယ်လို လုပ် ဒီလောက် လွယ်ကူနိုင်မလဲ။ မင်းအနေနဲ့ ကောင်းကင်လျှပ်စီးကပ်ဘေးဒုက္ခကို အနည်းဆုံး အဆင့် ကိုးဆင့် ဖြတ်သန်းရမယ်။ ထိုနည်းအားဖြင့် သင်သည် ယင်စိတ်ဝိညာဉ် အကြွင်းအကျန် အားလုံးကို သန့်စင်စေပြီး၊ သန့်စင်သော ယန်ခန္ဓာကိုယ်နဲ့ ရှေးဟောင်း စိတ်ဝိညာဉ် ဖြစ်လာနိုင်မယ်။ ဟုတ်ပါပြီ။ မင်းက စိတ်ဝိညာဉ် ပျက်စီးသွားတာတောင် မင်းရဲ့စိတ်ဝိညာဉ်ကို ပြန်လည်ပေါင်းစည်းနိုင်ခဲ့တယ်။ ဒါက တကယ်ကို အံ့ဩစရာပဲ။ အဲဒီနည်းလမ်းကို ငါ့ကို မြန်မြန် ပြောပြပါ၊ ငါ့ရဲ့ စိတ်ရှည်မှုက အကန့်အသတ် ရှိတယ်။”

All Chapters