← Chapters

ချင်းတမန်တော်များ....

Vol. 54 Ch. 797

ချင်းတမန်တော်များ....

Vol. 54 Ch. 797

" နင်က သခင်ဟောင်းရဲ့ အမွေအနှစ် အစောပိုင်းအဆင့်ကို ကျွမ်းကျင်သွားရင် ဒီစကြာဝဠာရဲ့ တန်ပြန်မှုကို လုံးဝဖယ်ရှားနိုင်ပြီး နင်ကယ်ချင်နဲ့ သက်ရှိဘယ်လောက်များများ သူတို့ကို ခေါ်သွားနိုင်တယ်။ "

လင်းယွမ်၏ အတွင်းစကြာဝဠာက ဖရိုဖရဲအရှင်သခင်တစ်ပါး၏ အတွင်းစကြာဝဠာနှင့် တူညီသော အဆင့်သို့ ရောက်ရှိခဲ့လျှင် ၎င်းက ပင်မစကြာဝဠာ၏ အဆင့်နှင့် ညီမျှပေလိမ့်မည်။ ထို့ကြောင့် တူညီသော အဆင့်ရှိသည့် စကြာဝဠာ၏ တန်ပြန်မှုကို လျစ်လျူရှုနိုင်သည် သို့မဟုတ် ကာကွယ်ထားနိုင်သည်။

" နားလည်ပြီ။ " လင်းယွမ်က အတွင်းစကြာဝဠာ တည်ဆောက်ခြင်းကို ပြန်လည်စတင်လိုက်သည်။

ရင်းမြစ်ကမ္ဘာ၊ ချင်းဖန်နယ်မြေ၊ တုန်ဖန်မိသားစု။ တုန်ယန်မန်က ​ခြေချိတ်ထိုင်နေပြီး သူမ၏ ခန္ဓာကိုယ်အတွင်း ဆယ်ခုမြောက် လီယန်မျိုးစေ့ကို စုစည်းရန် ကြိုးစားနေသည်။

၎င်းက သူမ၏ ပထမဆုံးအကြိမ် ကြိုးစားခြင်းမဟုတ်ပေ။ ယခင်ကြိုးစားမှုတိုင်းက ကျရှုံးခဲ့သည်။ လီယန်မျိုးစေ့ဆယ်ခုက ယှဉ်ပြိုင်မှုမရှိဘဲ အရှင်ချင်းဖန်၏ လက်အောက်သို့ တိုက်ရိုက်ဝင်ရောက်နိုင်သည်။

ယုမိသားစုမှ ပြိုင်ဘက်ယုရန်ကို ဖယ်ရှားလိုက်ခြင်းက အရှင်ချင်းဖန်၏ လက်အောက်သို့ ဝင်ရောက်ရန် အခွင့်အရေး ပိုများသော်လည်း လီယန်မျိုးစေ့ ကိုးခုနှင့် ဝင်ရောက်ခြင်းက ဆယ်ခုဖြင့် ဝင်ရာက်ခြင်းနှင့် လုံးဝနှိုင်းယှဉ်၍ မရပေ။

အချိန်ဘယ်လောက်ကြာသွားလဲမသိဘတုန်ယန်မန်၏ နဖူးမှ ချွေးများ စီကျလာသည်။ ပူပြင်းသော စွမ်းအားများက တုန်ယန်မန်၏ ခန္ဓာကိုယ်ထဲသို့ ဖြည်းညင်းစွာ စီးဝင်နေကြသည်။ လီယန်မျိုးစေ့ ဆယ်ခုမြောက်အစေ့က ပုံပေါ်လာပြီး နောက်ဆုံးတွင် တည်ငြိမ်သွားသည်။

" ဆယ်ခုမြောက် လီယန်မျိုးစေ့ကို ငါစုစည်းနိုင်သွားပြီလား။ " တုန်ယန်မန်က မှင်သက်နေသည်။ သူမက ဆယ်ခုမြောက် အစေ့ကို စုစည်းရန် ဘယ်နှစ်ကြိမ်ကြိုးစားခဲ့မှန်းမိသတော့ပေ။ သို့သော် ယခုတစ်ကြိမ်တွင် အောင်မြင်ခဲ့သည်။

တုန်ယန်မန်က အလွန်ဝမ်းသာနေသည်။ အသက်ငါးရာမပြည့်မီ လီယန်မျိုးစေ့ဆယ်ခုကို စုစည်းနိုင်ခြင်းက စိတ်ကူးမယဉ်နိုင်သော အဆင့်အတန်းကို ဆိုလိုသည်။ မကြာမီ တုန်ယန်မန်၏ အောင်မြင်မှုသတင်းက တုန်ယန်ခေါင်းဆောင်ဆီသို့ ရောက်သွားခဲ့သည်။

" ဘာ မန်အာက ဆယ်ခုမြောက်အစေ့ကို စုစည်းနိုင်ခဲ့တာလား။ " တုန်ယန်ခေါင်းဆောင်က မယုံကြည်နိုင်ဖြစ်နေသည်။

သူက သူ၏ မိသားစုဝင်တစ်ယောက် ထိုအဆင့်သို့ ရောက်ရန် နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့သည်။ သို့သော် ၎င်းက စိတ်ကူးယဉ်အိပ်မက်တစ်ခုအဖြစ်သာ ရှိနေခဲ့သည်။ တုန်ယန်မိသားစုမှ အဖွဲ့ဝင်အနည်းငယ်က အသက်ငါးရာမတိုင်မီ လီယန်မျိုးစေ့ ကိုး​စေ့ကို စုစည်းနိုင်ခဲ့သော်လည်း ဆယ်ခုသို့ မရောက်ရှိနိုင်ခဲ့ပေ။

" ကောင်းတယ်.... ကောင်းတယ်...." တုန်ယန်ခေါင်းဆောင်က အလွန်ဝမ်းသာသွားသည်။

သူက တုန်ယန်မန်ကို ရှာဖွေပြီး အကြိမ်ကြိမ် အတည်ပြုပြီးနောက် တာအိုရှာဖွေခြင်းအဆင့် ဘိုးဘေးများဆီသို့ ခေါ်ဆောင်လာခဲ့သည်။ လီယန်မျိုးစေ့များက လူတစ်ယောက်၏ ခန္ဓာကိုယ်အတွင်း တည်ရှိသော်လည်း အပြင်လူများ မမြင်နိုင်ပေ။ လီယန်ရှေးဟောင်းနိုင်ငံမှ ပေးအပ်ထားသော နည်းလမ်းများဖြင့်သာ ၎င်းတို့၏ တည်ရှိမှုကို အတိအကျ စစ်ဆေးနိုင်သည်။

ထို့ကြောင့် တုန်ယန်ခေါင်ဆောင်က တုန်ယန်မန်၏ နှုတ်ဖြင့် အတည်ပြုခြင်းကိုသာ ရရှိခဲ့ပြီး အတိအကျ စစ်ဆေးခြင်းအတွင် တုန်ယန်မိသားစုတွင် ထိုစွမ်းရည်မရှိပေ။

" ဆယ်ခုမြောက် လီယန်မျိုးစေ့ကို စုစည်းနိုင်ခဲ့တာလား။ " တုန်ယန်မိသားစု၏ ဘိုးဘေးများက ဝမ်းသာသွားကြသည်။

" မန်အာ မင်းက ငါတို့ မျိုးနွယ်ရဲ့ ဂုဏ်ယူစရာပဲ။ ဒီကိစ္စကို လုံးဝ လျို့ဝှက်ထားရမယ်။ ချင်းတမန်တော်လာမှ အရာအားလုံး ထွက်ပေါ်လာလိမ့်မယ်။ " တုန်ယန်မိသားစု၏ ဘိုးဘေးတစ်ယောက်က လေးနက်စွာ ပြောလိုက်သည်ယ ထိုကိစ္စက အသေးအဖွဲကိစ္စမဟုတ်ပေ။

" ဘိုးဘေး ကျွန်မက ဆယ်ခုမြောက် လီယန်မျိုးစေ့ကို တကယ်စုစည်းနိုင်ခဲ့ပါတယ်။ " တုန်ယန်မန်က သေချာပြောလိုက်သည်။

လီယန်မျိုးစေ့ ဆယ်ခုက သူမ၏ ခန္ဓာကိုယ်အတွင်း ပျံဝဲနေပြီး ထင်ရှားသော နိယာမလှုပ်ရှားမှုများကို ခံစားနေရသည်။ ထိုခံစားချက်က ဟန်ဆောင်၍ မရနိုင်သော ခံစားချက်တစ်ခုဖြစ်သည်။

" အဲ့ဒါကောင်းတယ်။ " တုန်ယန်မိသားစု၏ ဘိုးဘေးက ပြုံးလိုက်သည်။ " ငါတို့တုန်ယန်မိသားစုက မင်းကြောင့် မြင့်မားတဲ့ အဆင့်အတန်းကို ရောက်ရှိနိုင်လိမ့်မယ်။ "

" မိသားစုရဲ့ ထောက်ပံ့မှုသာမရှိရင် တုန်ယန်မန်ဆိုတာ ရှိလာမှာမဟုတ်ပါဘူး။ " တုန်ယန်မန်က ပြန်ဖြေလိုက်သည်။ သူမက မိသားစုအပေါ် ကျေးဇူးတင်မှုမှာ စစ်မှန်သည်။

" ကောင်းပြီ။ အခု မင်းအနားယူသင့်တယ်။ ချင်းတမန်တော်က လအနည်းငယ်အတွင်း ရောက်လာလိမ့်မယ်။ အဲ့ဒီအချိန်အတွင်းမှာ လီယန်မျိုးစေ့ ဆယ်ခုကို တည်​ငြိမ်အောင်လုပ်ပါ။ " တုန်ယန်မိသားစု၏ ဘိုးဘေးက နူးညံ့စွာ ပြောလိုက်သည်။

ချင်းတမန်တော်က အရှင်ချင်းဖန်၏ တမန်တော်ဖြစ်ပြီး ချင်းဖန်နယ်မြေကို လှည့်လည်သွားလာနေခဲ့သည်။ တုန်ယန်မိသားစုနှင့် ယုမိသားစုနှစ်ခုလုံးက အရှင်ချင်းဖန်၏ တပည့်ဖြစ်လာရန် ကြိုးစားနေကြပြီး ၎င်းကို ချင်းတမန်တော်မှ ဆုံးဖြတ်မည်ဖြစ်သည်။ လိုအပ်ချက်နှင့် ကိုက်ညီသူများကို ရွေးချယ်မည်ဖြစ်သည်။

" နားလည်ပါပြီ။ " တုန်ယန်မန်က ခေါင်းညိမ့်လိုက်သည်။

သူမက ဆယ်ခုမြောက် လီယန်မျိုးစေ့ကို စုစည်းနိုင်ခဲ့သော်လည်း ၎င်းကို တည်ငြိမ်စေရန် အချိန်လိုအပ်သည်။

တုန်ယန်မန် ထွက်သွားပြီးသောအခါ တုန်ယန်မိသားစု၏ ဘိုးဘေးများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာများတွင် ဂုဏ်ယူမှုများနှင့် ပြည့်နှက်နေခဲ့သည်။

" တုန်ယန်မိသားစုရဲ့ တိုးတက်မှုက ရှောင်လွှဲလို့မရတော့ဘူး။ " တုန်ယန်မိသားစု၏ ဘိုးဘေးတစ်ယောက်က စိတ်လှုပ်ရှားစွာ ​ပြောလိုက်သည်။

လီယန်မျိုးစေ့ ကိုးခုက မိသားစုကို ပထမအဆင့် မိသားစုအဖြစ် တိုးတက်စေနိုင်လျှင် လီယန်မျိုးစေ့ဆယ်ခုက ထိုသို့သော မိသားစုကို အထွတ်အထိပ်သို့ ပို့ဆောင်နိုင်ပေလိမ့်မည်။

" ဘိုးဘေး အခုဘာလုပ်ရမလဲ။ မန်အာ ဆယ်ခုမြောက် လီယန်မျိုးစေ့ကို စုစည်းနိုင်ခဲ့တဲ့အကြောင်း ကြေညာသင့်လား။ " တုန်ယန်ခေါင်းဆောင်က စိတ်လှုပ်ရှားနေသည်။ တုန်ယန်မိသားစုတိုးတက်လာသည်နှင့်အမျှ သူ၏ အဆင့်အတန်းကလည်း မြင့်တက်သွားပေလိမ့်မည်။

" ကြေညာဖို့လား။ ဘာလို့ကြေညာရမှာလဲ။ " တုန်ယန်မိသားစု၏ ဘိုးဘေးက လေးနက်စွာ ပြောလိုက်သည်။

" မကြေညာရဘူးလား။ " တုန်ယန်ခေါင်းဆောင်က ခဏတိတ်ဆိတ်သွားပြီးနောက် နားလည်သွားသည်။

လီယန်မျိုးစေ့ဆယ်ခုကို စုစည်းနိုင်ခြင်းက ချင်းဖန်နယ်မြေတွင် ကောင်းကင်ကိုဆန့်ကျင်သော ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ယုမိသားစုက တုန်ယန်မိသားစုတွင် ထိုသို့သော ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာသည်ကို သိခဲ့လျှင် သူတို့က ပြင်းထန်စွာ တုန့်ပြန်လာနိုင်သည်။

" အခု တုန်ယန်မိသားစုက ချင်းတမန်တော် ရောက်လာတာကို အေးအေးဆေးဆေး စောင့်နေဖို့ပဲ လိုတယ်။ ကျန်တာ ဘာမှလုပ်ဖို့ မလိုဘူး။ " တုန်ယန်မိသားစု၏ ဘိုးဘေးက အလွန်သတိထားပြီး မလိုအပ်သော ရှုပ်ထွေးမှုများကို ရှောင်ရှားရန် ဆုံးဖြတ်လိုက်သည်။

အချိန်များကုန်လွန်လာပြီး ခြောက်လကြာသွားခဲ့သည်။ တစ်နေ့တွင် တုန်ယန်မိသားစု စံအိမ်၏ အပြင်၌ ပုံရိပ်သုံးခုပေါ်လာသည်။ ထိုပုံရိပ်သုံးခုတွင် တစ်ယောက်က အရပ်ရှည်ပြီး နှစ်ယောက်က ပုကြသည်။ သူတို့က အော်ရာများကို ဖိနှိပ်ထားကြသော်လည်း သူတို့၏ ပတ်ဝန်းကျင်ရှိ အချိန်နှင့် လေဟာနယ်ကို သိမ်မွေ့စွာ ဖိနှိပ်ထားသည်။

" ဒီဒေသရဲ့ တုန်ယန်မိသားစုနဲ့ ယုမိသားစုက အရှင်ရဲ့ တပည့်ဖြစ်ဖို့ အရည်အချင်း ပြည့်မီတဲ့ လူငယ်နှစ်ယောက် ထွက်ပေါ်လာတယ်။ " ဘေးမှ အရပ်ပုသော လူက ပြေလိုက်သည်။

လီယန်မျိုးစေ့ ကိုးခုကို စုစည်းထားသူများကြားတွင့် အရည်အချင်းနှင့် ပါရမီများက ကွဲပြားသည်။ တုန်ယန်မိသားစုနှင့် ယုမိသားစုမှ လူငယ်နှစ်ယောက်က လီယန်မျိုးစေ့ကိုးခုကို ပိုင်ဆိုင်သော ပါရမီရှင်များထဲတွင်ပါဝင်ကြသည်။

" ယုမိသားစုက ပါရမီရှင်ကို တုန်ယန်မိသားစုက လုပ်ကြံခဲ့တယ်လို့ကြားတယ်။ " ညာဘက်မှလူက ရေရွတ်လိုက်သည်။ သူက ထိုသတင်းကို ဝေချီမိသားစုမှ ရရှိခဲ့ခြင်းဖြစ်သည်။

" ဟမ်း အဲ့ဒီဒုတိယအဆင့် မိသားစုတွေကြား ယှဉ်ပြိုင်မှုနဲ့ ပဋိပက္ခတွေက တကယ်ရယ်စရာကောင်းတယ်။ " ဘယ်ဘက်မှလူက ရယ်မောလိုက်သည်။ " ဒါပေမယ့် အဲ့ဒါကလည်း အလုပ်ဖြစ်တဲ့ ဗျူဟာတစ်ခုပဲ။ "

" အရှင်က ရလဒ်ကိုပဲ တန်ဖိုးထားတယ်။ ယုမိသားစုက အဲ့ဒီလူငယ်က တကယ်မသန်မစွမ်းဖြစ်သွားတယ်ဆိုရင် သူက အရှင်ရဲ့ တပည့်ဖြစ်ဖို့ အရည်အချင်မပြည့်မီဘူးလို့ ဆိုလိုတာပဲ။ " အလယ်မှလူက အေးစက်စွာ ပြောလိုက်သည်။

" အထဲကိုသွားကြမယ်။ " သူတို့က တုန်ယန်မိသားစုအတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားကြသည်။

" တုန်ယန်မိသားစုက ချင်းတမန်တော်သုံးယောက်ကို အရိုအသေပေးပါတယ်။ " တုန်ယန်မိသားစု၏ တာအိုရှာဖွေခြင်းအဆင့် ဘိုးဘေးများက အနည်းငယ် ဦးညွှတ်လိုက်ကြပြီး အခြားမိသားစုဝင်များကလည်း ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။

" လူကို ခေါ်လာခဲ့။ " အရပ်ရှည်သော ပုံရိပ်က ပြောလိုက်သည်။

ချင်းဖန်နယ်မြေတွင် တုန်ယန်မိသားစုနှင့် အဆင့်တူသော မိသားစုများ မရေတွက်နိုင်အောင်ရှိပြီး သူက ဤနေရာတွင် အချိန်မဖြုန်းလိုပေ။

" နားလည်ပါပြီ။ " တုန်ယန်မိသားစု၏ ဘိုးဘေးက ခေါင်းညိမ့်လိုက်သည်။

မကြာမီ တုန်ယန်မန်က ရှေ့ထွက်လာသည်။

" ဒါဆို မင်းပေါ့။ " အရပ်ရှည်သော လူက တုန်ယန်မန်ကို တစ်ချက်ကြည့်လိုက်သည်။

ဘယ်ဘက်မှ အရပ်ပုသော လူက အနီရောင်မှန်တစ်ချပ်ကို ထုတ်ပြီး ၎င်းအပေါ်တွင် နေတစ်စင်ပုံ ထွင်းထုထားသည်။ သူက မှန်ကို တုန်ယန်မန်၏ ရှေ့တွင် ထားလိုက်ချိန်တွင် မှန်၏ မျက်နှာပြင်က စတင်တုန်ခါလာသည်။ ထို့နောက် သေးငယ်သော နေများက တစ်ခုပြီးတစ်ခု ပေါ်လာပြီး ဆယ်ခုတွင် ရပ်တန့်သွားသည်။

" လီယန်မျိုးစေ့ဆယ်ခု..." အရပ်ပုသော လူက အံ့အားသင့်သွားပြီး အရပ်ရှည်သော လူကို ကြည့်လိုက်သည်။

" ကောင်းတယ် အရမ်းကောင်းတယ်။ " အရပ်ရှည်သော လူက ခဏရပ်တန့်သွားပြီး ချီးကျူးစကားပြောလိုက်သည်။

လီယန်မျိုးစေ့ဆယ်ခုနှင့် အရှင်ချင်းဖန်၏ လက်အောက်သို့ ဝင်ရောက်ခဲ့လျှင် ထိုလူက ချင်းဖန်နယ်မြေတွင် ကျော်ကြားသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာမည်မှာ သေချာသည်။

ချင်းတမန်တော်၏ အတည်ပြုစကားကို ကြားမှ တုန်ယန်မိသားစုမှ ဘိုးဘေးများ၏ စိုးရိမ်မှုများက ပျောက်ကွယ်သွားခဲ့သည်။ ချင်းတမန်တော်က အတည်ပြုလိုက်ပြီဖြစ်သောကြောင့် တုန်ယန်မန်က လီယန်မျိုးစေ့ဆယ်ခုကို အမှန်တကယ် စုစည်းနိုင်ခဲ့သည်မှာ သေချာသွားသည်။

All Chapters