← Chapters

အမှောင်ဆင်းသက်ခြင်းစွမ်းအား...

Vol. 54 Ch. 786

အမှောင်ဆင်းသက်ခြင်းစွမ်းအား...

Vol. 54 Ch. 786

" တုန်ယန်မန်..." လင်းယွမ်၏ စိတ်ထဲတွင် ထင်ရှားသော ပုံရိပ်တစ်ခုက ပေါ်လာသည်။

အရှင်ချင်းဖန်၏ တပည့်နေရာအတွက် ယုမိသားစုနှင့် တုန်ယန်မိသားစုကြား ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးကာလတွင် ယုမိသားစုမှ မျှော်လင့်ချက်အရှိဆုံးမှာ သူဖြစ်ပြီး တုန်ယန်မိသားစုမှ တုန်ယန်မန်ဖြစ်သည်။

အမှန်တော့ အရင်ခန္ဓာကိုယ်ပိုင်ရှင်နှင့် တုန်ယန်မန်တို့ပ လျို့ဝှက်စွာ ဆက်ဆံရေးကောင်းမွန်ခဲ့ပြီး ယခင်ခန္ဓာကိုယ်ပိုင်ရှင်က တုန်ယန်မန်ကိုပင် သဘောကျနေခဲ့သည်။ မိသားစုနှစ်ခုကြား ပြိုင်ဆိုင်မှုပြင်းထန်နေချိန်တွင် ယခင်ခန္ဓာကိုယ်ပိုင်ရှင်က မတော်တဆမှုများ မဖြစ်ရန် မိသားစုအတွင်း၌ ပုန်းအောင်းနေသင့်သည်။

သို့သော် တုန်ယန်မန်က သူ့ကို ဆက်သွယ်ခဲ့ပြီး တွေ့ဆုံလိုကြောင်းနှင့် မိသားစုနှစ်ခုကြား တင်းမာမှုများကို လျှော့ချရန် နည်းလမ်းရှိသည်ဟု ပြောဆိုခဲ့သည်။

" ဒါဆို မင်းရဲ့ နည်းလမ်းက ငါ့ကို ရှင်းပစ်ဖို့ပေါ့။ " လင်းယွမ်က တွေးလိုက်သည်။

တုန်ယန်မန်က တွေ့ဆုံလိုကြောင်းပြောသောအခါ ယခင်ခန္ဓာကိုယ်ပိုင်ရှင်က အစေခံ အဘိုးအိုတစ်ယောက်ကို ခေါ်ပြီး မိသားစုအတွင်းမှ လျို့ဝှက်စွာ ထွက်လာခဲ့သည်။ တုန်ယန်မန်နှင့် တွေ့ဆုံချိန်တွင် စကားများကို လျို့ဝှက်ထားရန်အတွက် သူက အစေခံအဘိုးအိုကိုပင် အဝေးသို့ သေလွှတ်ခဲ့သည်။

သို့သော် အရိပ်ထဲတွင် ပုန်းအောင်းနေသော တုန်ယန်မိသားစုမှ အစွမ်းထက်သူက သူ့ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့သည်။ သူက အသက်ကယ်နည်းလမ်းများကို မဆောင်ထားဘဲ အစေခံအဘိုးအိုသာ နောက်ကျခဲ့လျှင် သူ လုံးဝ သေဆုံးသွားမည်ဖြစ်သည်။

" ငါ့ရဲ့ ရုပ်ခန္ဓာနဲ့ စိတ်ဝိညာဉ်က..." လင်းယွမ်က သူ၏ လက်ရှိအခြေအနေကို ခံစားလိုက်ရသည်။

ယခုအချိန်တွင် သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က အမှောင်စွမ်းအားများဖြင့် တိုက်စားခြင်းခံနေရပြီး လျင်မြန်စွာ အာနည်းလာနေသည်။ ထိုအခြေအနေအတိုင်း ဆက်လက်ဖြစ်ပျက်နေလျှင် သူက အသက်ရှူချိန်ငါးကြိမ်အတွင်း လုံးဝသေဆုံးသွားပေလိမ့်မည်။

" ငါဘာလုပ်သင့်လဲ။ " လင်းယွမ်က အနည်းငယ် စိတ်ပျက်သွားမိသည်။

ဆင်းသက်လာပြီးနောက် မကျင့်ကြံရသေးဘဲ အမှောင်စွမ်းအားကို ခုခံနိုင်စွမ်းမရှိပေ။ စိတ်စွမ်းအားကို အသုံးပြုရန် သန်မာသော ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို လိုအပ်ပြီး စိတ်စွမ်းအားကလည်း အမှောင်စွမ်းအား၏ တိုက်စားမှုကို တိုက်ရိုက်ခုခံနိုင်စွမ်းမရှိပေ။

" အခု " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။

သူက ရွေးချယ်စရာနှစ်ခုရှိသည်။ တစ်ခုမှာ ဆင်းသက်မှုကို လက်လျှော့ပြီး စိတ်အသိက ပင်မစကြာဝဠာမှ မူလခန္ဓာကိုယ်ဆီသို့ ပြန်သွားရန်ဖြစ်သည်။ သို့သော် ထိုသို့ပြုလုပ်ခြင်းက ဆင်းသက်မှုအခွင့်အရေးကို ဖြုန်းတီးလိုက်ခြင်းနှင့် တူသည်။

သူက ရင်းမြစ်ကမ္ဘာသို့ ဆင်းသက်ရန် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို အသုံးမပြုခဲ့သော်လည်း သူက နောက်တစ်​ကြိမ် ဆင်းသက်ရန် နှစ်ပေါင်းသုံးရာကျော် စောင့်ရပေလိမ့်မည်။

ဒုတိယရွေးချယ်စရာမှာ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို အသုံးပြုပြီး အမှောင်စွမ်းအားကို ခုခံရန်ဖြစ်သည်။ သူက အမှောင်စွမ်းအားကို လုံးဝ ဖျက်ပစ်ရန် မလိုအပ်ပေ။ သူက ယုမိသားစုထိ ရောက်အောင် ခုခံရုံသာလိုအပ်ပြီး ယုမိသားစုမှ အစွမ်းထက်သူများက သူ့ကို ကယ်တင်ပေးမည်ဖြစ်သည်။

" ဒီအမှောင်စွမ်းအားကို ယာယီခုခံဖို့ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားမျှင် တစ်ရာလိုအပ်တယ်။ " မျက်စိတ်စမှိတ်အတွင်း လင်းယွမ်၏ အတွေးများက လှုပ်ရှားနေသည်။

" ထားလိုက်တော့။ ဒီတစ်ကြိမ် ငါဆင်းသက်လာတဲ့ အထောက်အထားက မဆိုးလောက်ဘူး။ အစောပိုင်းကာလမှာ ကျင့်ကြံမှုအရင်းအမြစ်တွေအတွက် စိတ်ပူစရာမလိုလောက်ဘူး။ " လင်းယွမ်က ဆုံးဖြတ်ချက်ချလိုက်သည်။

ယုမိသားစု၏ အထူးချွန်ဆုံး တပည့်ဖြစ်သည့်အပြင် သူ၏ မိဘများကလည်း ယုမိသားစုအတွင်း၌ မြင့်မားသော အခွင့်အာဏာရှိသောကြောင့် ထိုသို့သော စတင်မှုက အမှန်တကယ် ကောင်းပေသည်။

" ဘာပဲဖြစ်ဖြစ် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားမျှင် တစ်ရာပါပဲ။ " လင်းယွမ်က ဆုံးဖြတ်လိုက်သည်နှင့် မမြင်ရသော စွမ်းအားတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲတွင် ထွက်ပေါ်လာသည်။

ထိုစွမ်းအားက တိုက်စားနေသော အမှောင်စွမ်းအားကို လျင်မြန်စွာ ဖိနှိပ်ကာ လင်းယွမ်၏ အသက်ကို ဆွဲဆန့်ပေးသွားသည်။ အရေးကြီးဆုံးအချက်မှာ ထိုစွမ်းအားက သူ၏ ခန္ဓာကိုယ်အတွင်း မည်သည့်သဲလွန်စမှ မချန်ခဲ့သောကြောင့် အခြားသူများကလည်း သိနိုင်မည်မဟုတ်ပေ။

အစေခံအဘိုးအိုက လင်းယွမ်ကို ခမ်းနားသော စံအိမ်တစ်ခုသို့ ခေါ်ဆောင်လာခဲ့သည်။

" ဘာဖြစ်တာလဲ။ " အမျိုးသားတစ်ယောက်ပေါ်လာပြီး အစေခံအဘိုးအိုကို ကြည့်ကာ အသက်စွမ်းအားအနည်းငယ်သာ ကျန်သော လင်းယွမ်ကို သတိပြုမိသွားသည်။

" ရန် " အမျိုးသား၏ အမူအရာက ပြောင်းလဲသွားပြီး လက်မြှောက်လိုက်သည်နှင့် ပတ်ဝန်းကျင်က ပြောင်းလဲသွားပြီး လင်းယွမ်နှင့် အစေခံအဘိုးအိုတို့က အိမ်၏ အနက်ရှိုင်းဆုံးသို့ ရောက်ရှိသွားသည်။

ထိုနေရာတွင် အဘိုးအိုများက ခြေချိတ်ထိုင်နေကြပြီး သူတို့၏ အော်ရာများက လျို့ဝှက်ဆန်းကြယ်ပြီး နက်ရှိုင်းလှသည်။ သူတို့က တစ်ပြိုင်နက် မျက်လုံးများ ဖွင့်လိုက်ကြပြီး အမျိုးသားကို ကြည့်လိုက်သည်။

" အကြီးအကဲတို့ ကျွန်တော့်သားကို ကယ်တင်ပေးပါဦး။ " အမျိုးသားက လင်းယွမ် ဒဏ်ရာရခဲ့သည့်အကြောင်းရင်းကို မမေးပေ။

" ဒါ တုန်ယန်မိသားစုရဲ့ လက်ချက်ပဲ။ "

" တုန်ယန်မိသားစုက ငါတို့ ယုမိသားစုက လူကို တိုက်ခိုက်ရဲတာ တကယ်ရဲတင်းလွန်းတယ်။ "

နက်ရှိုင်းသော အော်ရာများနှင့် အကြီးအကဲများက မျက်နှာပျက်သွားကြပြီး လင်းယွမ်၏ ခန္ဓာကိုယ်ထဲမှ တိုက်စားနေသော အမှောင်စွမ်းအားကို ရပ်တန့်လိုက်ကြသည်။

" သူအချိန်မီပြန်ရောက်လာတာ ကံကောင်းတာပဲ။ အသက်ရှူချိန်အနည်းငယ်သာ နောက်ကျရင် တကယ်ပြဿနာဖြစ်လိမ့်မယ်။ " ခေါင်းဆောင်အကြီးအကဲက ပြောပြီး အမျိုးသားကို ကြည့်လိုက်သည်။

" တကယ်ဘာတွေဖြစ်ခဲ့တာလဲ။ "

" ခေါင်းဆောင်၊ အကြီးအကဲတို့..." အစေခံအဘိုးအိုက လင်းယွမ်အဆင်ပြေကြောင်းမြင်မှ အဖြစ်အပျက်များကို ပြောပြလိုက်သည်။

" အရှင်ချင်းဖန်ရဲ့ တပည့်ဖြစ်လာဖို့အတွက် တုန်ယန်မိသားစုက တကယ်လောဘကြီးတာပဲ။ " အမျိုးသားက ပြောလိုက်သည်။

" အရှင်ချင်းဖန်ရဲ့ တပည့်ဖြစ်လာတာက ကောင်းကင်ကို တက်မယ့်အခွင့်အရေးပဲ။ ဘယ်သူက နောက်ဆုတ်မှာလဲ။ " ခေါင်းဆောင်အကြီးအကဲက မကျေနပ်သော လေသံနှင့် ပြောလိုက်သည်။

သူက တုန်ယန်မိသားစုကို ဒေါသထွက်နေခြင်းမဟုတ်ဘဲ ယုရန်ကို ဖြစ်သည်။ မိသားစုနှစ်ခုကြား ပြိုင်ဆိုင်မှုပြင်းထန်နေသည့်အချိန်တွင် သူက တုန်ယန်မန်နှင့် တွေ့ဆုံရန် အပြင်ထွက်သွားခဲ့သည်။

" အကြီးအကဲပြောတာမှန်ပါတယ်။ " အမျိုးသားက ဘေးမှပြန်ဖြေလိုက်သည်။

၎င်းက သူ၏ သား အပြစ်ဖြစ်သည်ကို သူသိလေသည်။ ယုရန်ကသာ တုန်ယန်မန်နှင့် တွေ့ဆုံခြင်းကို အခွင့်ကောင်းယူပြီး ယုမိသားစုမှ အစွမ်းထက်သူများနှင့် တန်ပြန်တိုက်ခိုက်ခဲ့လျှင် ယခုကဲ့သို့ ဒဏ်ရာအပြင်းအထန် ရမည်မဟုတ်ပေ။

ထို့နောက် တုန်ယန်မန် သေဆုံးသွားလျှင် ယုရန်က အရှင်ချင်းဖန်၏ တပည့်ဖြစ်လာရန် အခွင့်အရေးက သိသိသာသာ တိုးလာမည်ဖြစ်ပြီး ယုမိသားစုကလည်း ထိပ်တန်းမိသားစုတစ်ခု ဖြစ်လာပေလိမ့်မည်။

" အကြီးအကဲ အခုကျွန်တော်သားက..." အမျိုးသားက သတိထားပြီး မေးလိုက်သည်။

" သူ့အသက်ကိုတော့ ကယ်နိုင်ခဲ့ပြီ။ ဒါပေမယ့် အပြည့်အဝ ပြန်ကောင်းလာဖို့ဆိုရင် ဆယ်စုနှစ်အချို့ ကြာလိမ့်မယ်။ ပြီးတော့ လာမယ့်တစ်နှစ်အတွင်း ချင်းဖန်မြို့ကို သွားရမယ့်အချိန် ရောက်လာပြီ။" အကြီးအကဲက ပြောလိုက်သည်။

ယုရန်က ပြန်လည်ကောင်းမွန်ခြင်းမရှိလျှင် တုန်ယန်မန်နှင့် ယှဉ်ပြိုင်ရန် အခွင့်အရေးမရှိတော့ဘဲ အရှင်ချင်းဖန်၏ တပည့်နေရာကို လက်လျှော့လိုက်ရပေလိမ့်မည်။

" ဒါဆို တော်ပါသေးတယ်။ " အမျိုးသားက သက်ပြင်းချပြီး ပြောလိုက်သည်။ " ကျွန်တော် ပြန်ပြီး ယန်အာကို ကောင်းကောင်းသင်ပေးလိုက်ပါမယ်။ "

ထို့နောက် သူက လင်းယွမ်၊ အစေခံအဘိုးအိုတို့နှင့်အတူ လျင်မြန်စွာ ထွက်ခွာသွားသည်။

" နောက်ဆုံးတော့ ဖြတ်ကျော်နိုင်သွားပြီ။ " လင်းယွမ်က သူ့ကိုသူ ထိန်းချုပ်လိုက်သည်။ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားက အလွန်အံ့ဩစရာကောင်းပြီး မမြင်နိုင် မထိတွေ့နိုင်ဘဲ လင်းယွမ်တစ်ယောက်သာ ခံစားနိုင်သည်။

" ယုမိသားစုရဲ့ အဲ့ဒီအကြီးအကဲတွေက အလွှာဆယ့်နှစ် ခွန်အားရှိကြတာလား။ " လင်းယွမ်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

လမ်းစဉ်ခွဲထွက်ခြင်းအဆင့်သာ ဖြစ်သော်လည်း အလွှာဆယ့်နှစ်ဖြစ်နေဆဲ ဖြစ်သည်။ ယုမိသားစုက ချင်းဖန်နယ်မြေတွင် ဒုတိယတန်းစား မိသားစုတစ်ခုသာ ဖြစ်သော်လည်း လမ်းစဉ်ခွဲထွက်ခြင်းအဆင့် ဘိုးဘေးများက ဦးဆောင်နေသည်။ ပထမတန်းစားမိသားစုများ သို့မဟုတ် ချင်းဖန်နယ်မြေတစ်ခုလုံး၏ အရှင်သခင်ချင်းဖန်လည်း ရှိနေသည်။

" ဒါက ရင်းမြစ်ကမ္ဘာပဲ။ " လင်းယွမ်က တွေးလိုက်သည်။ ကမ္ဘာအဆင့်အတန်းအရ ရင်းမြစ်ကမ္ဘာက ဖရိုဖရဲဟင်းလင်းပြင်အောက် မနိမ့်ကျပေ။

" အခုအရေးကြီးတာက ငါ့ရဲ့ ရုပ်ခန္ဓာနဲ့ စိတ်ဝိညာဉ်က ဒဏ်ရာတွေ ကုသဖို့ပဲ။ " လင်းယွမ်က သူ့ကိုသူ စတင်စစ်ဆေးလိုက်သည်။

သူ၏ ခန္ဓာကိုယ်အတွင်း တိုက်စားနေသော အမှောင်စွမ်းအားကို လုံးဝ ဖယ်ရှားပြီးဖြစ်သော်လည်း ဒဏ်ရာများက ကျန်ရှိနေဆဲ ဖြစ်ပြီး ပြန်လည်ကောင်းမွန်ရန် အလွန်ခက်ခဲသည်။ ပြင်ပစွမ်းအားများက သက်ရောက်မှုမရှိဘဲ သူ၏ မူလရင်းမြစ်ကိုသာ အားကိုး၍ တဖြည်းဖြည်း ပြသရမည်ဖြစ်သည်။

" ဆယ်စုနှစ်အချို့လား။ " လင်းယွမ်က ခေါင်းခါလိုက်သည်။ ယခင်ယုရန်ဆိုလျှင် ပြန်လည်ကောင်းမွန်ရန် ဆယ်စုနှစ်များ ကြာနိုင်သော်လည်း လင်းယွမ်အတွက်မူ ထိုမျှကြာအောင် မလိုအပ်ပေ။

ပင်မစကြာဝဠာတွင် လင်းယွမ်က ခြေချိတ်ထိုင်နေသည်။

" ရင်းမြစ်ကမ္ဘာက အခြေအနေတွေကတော့ တည်​ငြိမ်သွားပြီ။ " လင်းယွမ်က ပြုံးလိုက်သည်။ " အခု ရင်းမြစ်ကမ္ဘာမှာ တိုးတက်လာတာကို စောင့်ရုံပဲလိုတော့တယ်။ "

သူရရှိထားသော အချက်အလက်များအရ ရင်းမြစ်ကမ္ဘာက ကြီးမားကျယ်ပြန့်လှပြီး လီယန်ရှေးဟောင်းမြို့ကလည်း အမှန်ပင်နက်ရှိုင်းလှသည်။

ကုမင်ဖရိုဖရဲကုန်းမြေ၏ အပြင်ဘက်တွင် လင်းယွမ်၏ ကိုယ်ပွားက ပေါ်လာသည်။

" ဒီတစ်​ကြိမ်က အများကြီး ပိုမြန်လာတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

သူက ကုမင်ဖရိုဖရဲကုန်းမြေသို့ ပထမဆုံး လာခဲ့စဉ်က အလွှာဆယ့်တစ်သာ ရှိသေးပြီး ရောက်ရှိရန် လေးငါးလအချိန်ယူခဲ့ရသည်။ သို့သော် ယခု ပင်မစကြာဝဠာမှ ထွက်ခွာပြီး ရက်အနည်းအတွင်း ရောက်လာခဲ့သည်။

" တကယ်လို့ ငါက အချိန်လေဟာနယ် အဋ္ဌမအဆင့်ကို ရောက်ခဲ့ရင် ကုမင်ဖရိုဖရဲကုန်းမြေကို ရောက်ဖို့ အသက်ရှူချိန် နည်းနည်းပဲ ကြာလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

All Chapters