← Chapters

ရတနာတစ်သောင်းလေလံပွဲ စတင်ခြင်း....

Vol. 54 Ch. 787

ရတနာတစ်သောင်းလေလံပွဲ စတင်ခြင်း....

Vol. 54 Ch. 787

အချိန်လေဟာနယ် အဋ္ဌမအဆင့်က ဖရိုဖရဲအရှင်သခင်တစ်ယောက်၏ နယ်ပယ်ဖြစ်ပြီး အချိန်လေဟာနယ် နဝမအဆင့်က ဖရိုဖရဲမဟာသူတော်စင်တစ်ယောက်၏ နယ်ပယ်ဖြစ်သည်။ ဧကရာဇ်ရွှမ်ဟွမ်က အချိန်လေဟာနယ် နဝမအဆင့်သို့ ရောက်ရှိခဲ့ပြီး ဖရိုဖရဲဟင်းလင်းပြင်တွင် ပြိုင်ဘက်ကင်းခဲ့သည်

" ရတနာတစ်သောင်းလေလံပွဲစတော့မယ်။ " လင်းယွမ်က ကုမင်ဖရိုဖရဲကုန်းမြေဆီသို့ ဦးတည်သွားသည်။

သူ၏ ရည်ရွယ်ချက်မှာ လက်နက်များ၊ ရတနာများကို ရောင်းချပြီး ရတနာတစ်သောင်းလေလံပွဲမှ ရွှေရောင်သေတ္တာကို ဝယ်ယူရန်ဖြစ်သည်။ ရွှေရောင်သေတ္တာတွင် ရွှမ်ဟွမ်မျိုးနွယ်၏ အမှတ်အသားပါဝင်ပြီး သူတို့၏ ရတနာတစ်ခုဖြစ်နိုင်သည်။ ရွှေရောင်သေတ္တာကိုယ်တိုင်က ဖျက်ဆီး၍ မရနိုင်သောကြောင့် ယနေ့ထိ ဆက်လက်တည်ရှိနေပြီး ၎င်း၏ တန်ဖိုးက ဖရိုဖရဲသလင်းကျောက် သုံးသောင်းထက် ကျော်လွန်သည်။

" ဒါပေမယ်..." လင်းယွမ်က ကုမင်ဖရိုဖရဲကုန်းမြေနှင့် နီးကပ်လာသည်နှင့်အမျှ တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားလိုက်ရသည်။

ကုမင်ဖရိုဖရဲကုန်းမြေသို့ ပထမဆုံးရောက်ရှိချိန်နှင့် ယှဉ်လျှင် ယခုအခါ ဖရိုဖရဲကုန်းမြေ၏ လေထုက ပိုမိုတင်းမာနေပြီး ကင်းလှည့်သူအရေအတွက်ကလည်း သိသိသာသာ တိုးလာခဲ့သည်။ ဖရိုဖရဲကုန်းမြေ၏ အလယ်မှ အနက်ရောင်တောင်ထိပ်ကလည်း တစ်စုံတစ်ခုကြောင့် ပျောက်ကွယ်နေခဲ့သည်။

" တစ်ခုခုဖြစ်ခဲ့တာလား။ " လင်းယွမ်က စိတ်ထဲမှ ခန့်မှန်လိုက်သည်။

အရှင်သခင်ကုမင်က ပတ်ဝန်းကျင်ရှိ ဒေသများတွင် နာမည်ကျော်ကြားပြီး ကုမင်ဖရိုဖရဲကုန်းမြေ ထိုကဲ့သို့ ပြောင်းလဲသွားခြင်းက သေးငယ်သော ကိစ္စမဖြစ်နိုင်ပေ။

" ဖရိုဖရဲဟင်းလင်းပြင်က အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်။ ဖရိုဖရဲအရှင်သခင်ဦးဆောင်တဲ့ ဖရိုဖရဲကုန်းမြေတွေတောင် လုံခြုံမှုကို အာမမခံနိုင်ဘူး။ ဖရိုဖရဲကုန်းမြေရဲ့ အပြင်ဘက်ကတော့ ပိုအန္တရာယ်များတယ်။ "

ကုမင်ဖရိုဖရဲကုန်းမြေက စကြာဝဠာခေတ်ရာချီ၍ တည်ရှိခဲ့ပြီး အရှင်သခင်ကုမင်၏ ကာကွယ်မှုအောက်တွင် ဘေးအန္တရာယ်များစွာကို ဖြတ်ကျော်နိုင်ခဲ့သည်။

" ဘယ်လိုကိစ္စပဲဖြစ်ဖြစ် ငါနဲ့မဆိုင်ဘူး။ အဲ့ဒီရွှေရောင်သေတ္တာကို ယူပြီး ချက်ချင်း ထွက်သွားရလိမ့်မယ်။ " လင်းယွမ်က တွေးရင်းဖြင့် ကုမင်ဖရိုဖရဲကုန်းမြေသို့ ဝင်ရောက်လာခဲ့သည်။

မကြာမီ ကိုယ်ပွားနှစ်ခု ပေါင်းစည်းပြီး မင်ချွမ်မြို့၏ ကုန်သွယ်ရေးနေရာသို့ သွားကာ လက်နက်နှင့် ရတနာများကို ရောင်းချခဲ့သည်။

" ဖရိုဖရဲသလင်းကျောက် ၄၂၀၀၀..." လင်းယွမ်က သူ၏ အခန်းသို့ ပြန်လာပြီး စိတ်အေးသွားသည်။

ဖရိုဖရဲသလင်းကျောက် ၄၂၀၀၀ဖြင့် ထိုရွှေရောင်သေတ္တာကို ဝယ်ယူရန် ပြဿနာမရှိပေ။ ရွှေရောင်သေတ္တာ၏ စတင်စျေးနှုန်းက ဖရိုဖရဲသလင်းကျောက် သုံးသောင်းဖြစ်သော်လည်း ၎င်း၏ မူလဇစ်မြစ်ကို မသိသောကြောင့် ဖရိုဖရဲအရှင်သခင်တစ်ယောက်ပင် ဖရိုဖရဲသလင်းကျောက် သုံးသောင်းကို ဂရုစိုက်မည်မဟုတ်ပေ။

ဖရိုဖရဲအရှင်သခင်များက ဖရိုဖရဲဟင်းလင်းပြင်မှ ဖရိုဖရဲသလင်းကျောက်များကို စုစည်းနိုင်သော်လည်း ၎င်းက ကြိုးစားအားထုတ်မှုကို လိုအပ်သည်။ ဖရိုဖရဲအရှင်သခင်တစ်ပါးအတွက် ဖရိုဖရဲသလင်းကျောက် သုံးသောင်းက မများသော်လည်း ဘာမှန်းမသိသော အရာတစ်ခုကို ဝယ်ယူမည်မဟုတ်ပေ။

" ရွှေရောင်သေတ္တာကို ဝယ်ပြီးလို့ ဖရိုဖရဲသလင်းကျောက်တွေ ကျန်သေးရင် အခြားရတနာအချို့ကို ဝယ်ရမယ်။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။

မကြာမီ မင်ချွမ်မြို့တွင် ရတနာတစ်သောင်းလေလံပွဲက စတင်ခဲ့သည်။

" အလွှာဆယ့်နှစ်တွေ အများကြီးပဲ။ " လင်းယွမ်က လေလံပွဲကျင်းပရာနေရာသို့ ရောက်လာခဲ့သည်။

အများစုက လမ်းစဉ်ခွဲထွက်ခြင်းအဆင့်များသာ ဖြစ်ပြီး လွှမ်းမိုးခြင်းအဆင့်အနည်းငယ်နှင့် ဖရိုဖရဲအဆင့် မရှိပေ။ ဖရိုဖရဲအရှင်သခင်တစ်ပါးက ဖရိုဖရဲကုန်းမြေကို တစ်ခါတစ်ရံ ဖြတ်သွားနိုင်သော်လည်း တစ်ခါတစ်ရံမှသာဖြစ်သည်။

အကယ်၍ ဖရိုဖရဲအရှင်သခင်တစ်ယောက်ရောက်လာလျှင် အရှင်သခင်ကုမင်ပင် ထွက်လာပြီး ကိုယ်တိုင်နှုတ်ဆက်ရပေလိမ့်မည်။ လင်းယွမ်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ် အော်ရာအနည်းငယ်ကို ထုတ်လွှတ်ပြီး ခန်းမထဲသို့ ဝင်ရောက်သွားသည်။ လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ကလည်း လွှမ်းမိုးခြင်းအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာလိုသောကြောင့် အင်အားကြီးသည်ဟု ယူဆနိုင်သည်။

" အဲ့ဒီတစ်ယောက်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ဖြစ်ရမယ်။ "

" သူတို့က လွှမ်းမိုးခြင်းအဆင့်ကို တက်လှမ်းဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ သူတို့နဲ့ပြဿနာဖြစ်လို့မရဘူး။ "

အလွှာဆယ့်နှစ်များက ပြောဆိုနေကြသည်။ ဖရိုဖရဲဟင်းလင်းပြင်တွင် ခွန်အားကိုသာ လေးစားကြသည်။ ဖရိုဖရဲကုန်းမြေများမှလွဲ၍ နေရာတိုင်းက တောတွင်းဥပဒေသာဖြစ်သည်။ ထို့ကြောင့် အလွှာဆယ့်နှစ်များက အသက်ရှင်နိုင်ရန် အလွန်သတိထားရသည်။

လင်းယွမ်က ခန်းမထဲတွင် နေရာတစ်ခု၌ ထိုင်လိုက်သည်။ ခန်းမက အလွန်ကျယ်ဝန်းပြီး လူတစ်ယောက်စီအတွက် သီးသန့်အခန်းတစ်ခု ရှိနေသည်။

" ငါ့ရဲ့ ခွန်အားနဲ့ဆို ရတနာတွေကို ကာကွယ်ဖို့ ဘာပြဿနာမှမရှိဘူး။ " လင်းယွမ်က တွေးလိုက်သည်။

ဖရိုဖရဲကုန်းမြေတွင် ရတနာဝယ်ယူထားသူများက အရှင်သခင်ကုမင်၏ ကာကွယ်မှုအောက်တွင် ဘယ်သူမှပြဿနာမရှာရဲကြပေ။ သို့သော် သူတို့က ဖရိုဖရဲဟင်းလင်းပြင်မှ ထွက်သွားလျှင် ထိုသို့ ဖြစ်လာတော့မည်မဟုတ်ပေ။

ထို့ကြောင့် လင်းယွမ်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတိအထ်ခွန်အားကို ရည်ရွယ်ချက်ရှိရှိ ပြသခဲ့ခြင်းဖြစ်သည်။ ထိုသေတ္တာကို ဝယ်ယူပြီးလျှင် အခြားသူများ၏ အာရုံကို ဆွဲဆောင်နိုင်သည်။ သို့သော် လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ဆိုလျှင် သူတို့က ရတနာကို တန်ဖိုးရှိမရှိ စဉ်းစားရန် လိုအပ်ပေလိမ့်မည်။

လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်တစ်ယောက်ကို တိုက်ခိုက်လုယက်ရန် လွှမ်းမိုးခြင်းအဆင့်ကို အနည်းဆုံး လိုအပ်သည်။

အချိန်များကုန်လွန်လာပြီး ရတနာတစ်သောင်းလေလံပွဲကို မကြာမီ စတင်ခဲ့သည်။ လင်းယွမ်က အတွင်းခန်းထဲတွင် နေပြီး ရတနာများကို လေ့လာနေသည်။

" လွှမ်းမိုးခြင်းအဆင့် လေးဆယ်ကျော်ရှိတယ်။ " လင်းယွမ်က တွေးလိုက်သည်။ ထိုလေးဆယ်ကျော်ထဲတွင် သုံးယောက်က လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်လုနီးပါး ဖြစ်နေခဲ့သည်။

" လူကြီးမင်းတို့...." ခန်းမ၏ အလယ်တွင် ငွေရောင်ဆံပင်နှင့် အမျိုးသမီးတစ်ယောက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် မှိန်ဖျော့သော နဂါးကြေးခွံရှိနေပြီး မြင့်မြတ်သော သွေးမျိုးဆက်ရှိသည်မှာ ထင်ရှားသည်။

" လွှမ်းမိုးခြင်းအဆင့်..." လင်းယွမ်၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။

ငွေရောင်ဆံပင်နှင့် အမျိုးသမီးက သူမ၏ အော်ရာကို ဖုံးကွယ်ထားသော်လည်း လွှမ်းမိုးခြင်းအဆင့် ဖြစ်သည်မှာ သေချာသည်။

" ကျွန်မက ဒီလေလံပွဲကို ဦးဆောင်ဖို့ တာဝန်ယူပါမယ်။ " ငွေရောင်ဆံပင်နှင့် အမျိုးသမီးက စကားအနည်းငယ်ပြောပြီး လက်ကောက်ရတနာတစ်ခုကို တိုက်ရိုက်ထုတ်ယူလိုက်သည်။

" လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ် ကာကွယ်ရေးရတနာတစ်ခု။ ခန္ဓာကိုယ်မှာ ဝတ်ဆင်ထားရင် အန္တရာယ်ရှိချိန်မှာ အလိုအလျောက် အသက်ဝင်လာပြီး လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ် တိုက်ခိုက်မှုဆယ်ခုကို ကာကွယ်နိုင်ပါတယ်။ "

အမျိုးသမီးက လက်ကောက်အကြောင်း ရှင်းပြပြီး ဆက်ပြောလိုက်သည်။ " စတင်စျေးနှုန်းကတော့ ဖရိုဖရဲသလင်းကျောက် တစ်ရာ။ တစ်ကြိမ်တိုးမြှင့်ရင် ဖရိုဖရဲသလင်းကျောက် ဆယ်ခုအောက် နည်းလို့မရပါဘူး။ "

လမ်းစဉ်ခွဲထွက်ခြင်းအဆင့် ရတနာတစ်ခု၏ ပုံမှန်စျေးနှုန်းက ဖရိုဖရဲသလင်းကျောက် ဆယ်ဂဏန်းမှ ရာဂဏန်းထိ ရှိသည်။ ဖရိုဖရဲသလင်းကျောက် တစ်ရာနှင့် စတင်ခြင်းမှာ ပထမ အရည်အသွေးကောင်းမွန်ပြီး ဒုတိယ ရတနာတစ်သောင်းခန်းမက အာမခံပေးထားသောကြောင့် ဖြစ်သည်။

ရတနာတစ်သောင်းခန်းမက ဖရိုဖရဲကုန်းမြေတွင် တရားဝင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရတနာများကို သင့်လျော်သော အာမခံချက် ပေးထားသည်။ ထို့ကြောင့် ရတနာတစ်သောင်းခန်းမ၏ ရတနာများက စျေးနှုန်းပိုများသော်လည်း ယုံကြည်စိတ်ချရပေသည်။

" ဖရိုဖရဲသလင်းကျော် ၁၂၀။ "

" ဖရိုဖရဲသလင်းကျော် ၁၅၀။ "

" ဖရိုဖရဲသလင်းကျောက် ၁၈၀။ "

မကြာမီ လက်ကောက်ရတနာက ဖရိုဖရဲသလင်းကျောက် နှစ်ရာ စျေးနှုန်းသို့ ရောက်ရှိသွားခဲ့သည်။ ဖရိုဖရဲသလင်းကျောက် နှစ်ရာက လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ် ရတနာအဆင့်သို့ ရောက်နေပြီဖြစ်ပြီး လေလံဆွဲသူ နည်းသွားခဲ့သည်။ မကြာမီ လက်ကောက်ရတနာက ဖရိုဖရဲသလင်းကျောက် ၂၁၀ဖြင့် ရောင်းချခဲ့သည်။

ထို့နောက် ရတနာများ တစ်ခုပြီးတစ်ခုကို လေလံတင်ရောင်းချခဲ့သည်။ လင်းယွမ်က ရွှေရောင်သေတ္တာပေါ်လာသည်အထိ ဖရိုဖရဲသလင်းကျောက် အားလုံးကို ချွေတာပြီး လှုပ်ရှားခြင်းမရှိခဲ့ပေ။

လွှမ်းမိုးခြင်းအဆင့် ရတနာများကို လေ့လံတင်ခြင်းက လျင်မြန်စွာ ပြီးဆုံးသွားခဲ့သည်။ ထို့နောက် ဖရိုဖရဲအဆင့် ရတနာများကို လေလံတင်သော အလှည့်သို့ ရောက်လာသည်။ ချက်ချင်းပင် အင်အားကြီးသူများစွာက သတိထားလာကြသည်။

" ရွှေရောင်သေတ္တာ... အတွင်းမှာ ဖရိုဖရဲအဆင့် အော်ရာပါဝင်ပြီး ဖရိုဖရဲအဆင့်ရတနာလို့ သံသယရှိတယ်။ စျေးနှုန်း ဖရိုဖရဲသလင်းကျောက် သုံးသောင်း။ " ငွေရောင်ဆံပင်နှင့် အမျိုးသမီးက အစွန်းအထင်းများနှင့် ရွှေရောင်သေတ္တာတစ်လုံးကို ထုတ်လိုက်သည်။

ခန်းမတစ်ခုလုံးက ခဏတိတ်ဆိတ်သွားသည်။ သာမန်လမ်းစဉ်ခွဲထွက်ခြင်းအဆင့်များက ရွှေရောင်သေတ္တာကို စူးစမ်းလိုကြသော်လည်း ဖရိုဖရဲသလင်းကျောက် မတတ်နိုင်ကြပေ။

လွှမ်းမိုးခြင်းအဆင့်များကလည်း သူတို့၏ ပစ်မှတ်က နောက်မှ ဖရိုဖရဲအဆင့် ရတနာများ ဖြစ်သောကြောင့် ရွှေရောင်သေတ္တာကို အနည်းငယ်သာ စိတ်ဝင်စားကြသည်။

" ဒီရွှေရောင်​သေတ္တာကို ထူးခြားတဲ့ ပစ္စည်းနဲ့ ပြုလုပ်ထားပြီး ဖရိုဖရဲအဆင့် သာမန်တိုက်ခိုက်မှုတွေနဲ့ ဖျက်ဆီးလို့မရပါဘူး။ " ငွေရောင်ဆံပင်နှင့် အမျိုးသမီးက အကြောင်းအရာများကို ဆက်လက်ရှင်းပြခဲ့သည်။

" စိတ်ဝင်စားတဲ့သူမရှိဘူးလား။ " သူမက စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

ရွှေရောင်သေတ္တာကို ယခင်လေလံပွဲများတွင်လည်း အကြိမ်များစွာ ပြသခဲ့ပြီး ၎င်း၏ စျေးနှုန်းက ဖရိုဖရဲသလင်းကျောက် တစ်သိန်းမှ သုံးသိန်းအထိ ကျဆင်းသွားခဲ့သည်။

ငွေရောင်ဆံပင်နှင့် အမျိုးသမီးက နောက်ထပ်ရတနာတစ်ခုကို ရောင်းချရန်အတွက် ရွှေရောင်သေတ္တာကို သိမ်းဆည်းတော့မည်အချိန်တွင် တုန့်ဆိုင်းနေသော အသံတစ်သံထွက်ပေါ်လာသည်။

All Chapters