← Chapters

လီယန်ရှေးဟောင်းနိုင်ငံ၏ ဘိုးဘေး...

Vol. 54 Ch. 789

လီယန်ရှေးဟောင်းနိုင်ငံ၏ ဘိုးဘေး...

Vol. 54 Ch. 789

ပြင်ပစွမ်းအားကြောင့် အချိန်မတိုင်မီ ပျက်ဆီးခြင်းက လင်းယွမ်သာ ကြိုမပြောခဲ့လျှင် သူတို့က ကြီးမားသော ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရပေလိမ့်မည်။

အရေးကြီးဆုံးအချက်မှာ လူသားများကို ရွှေ့ပြောင်းရန် အချိန်ရခြင်းဖြစ်သည်။ စကြာဝဠာပျက်ဆီးနေချိန်အတွင်း ကြီးမြတ်သူများက သူတို့၏ အတွင်းစကြာဝဠာထဲမှ အချိန်မြစ်ထဲသို့ လူသားမျိုး၏ အသက်အနှစ်သာရများကို ထည့်သွင်းနိုင်သည်။ သို့သော် ၎င်းက အချိန်ယူရသည်။

ထို့အပြင် စကြာဝဠာက ကျယ်ပြောလှပြီး ရင်းမြစ်ဂြိုလ်များနှင့် လျို့ဝှက်နယ်မြေ များစွာ ပါဝင်သည်။ ၎င်းတို့ကို ဖြည်းဖြည်းချင်း အသုံးချခြင်းက အကောင်းဆုံးဖြစ်သော်လည်း စကြာဝဠာပျက်ဆီးခြင်းက နီးကပ်နေလျှင် အရာအားလုံးကို ထုပ်ပိုးပြီး ထွက်ခွာသွားရပေလိမ့်မည်။

စကြာဝဠာပျက်ဆီးခြင်းက တားဆီးမရလျှင် သူတို့ အကောင်ဆုံးလုပ်နိုင်သည်မှာ ဆုံးရှုံးမှုများကို လျှော့ချရန်ဖြစ်သည်။

" စကြာဝဠာပျက်ဆီးခြင်းသာ တကယ်ဖြစ်လာရင် အရင်းအမြစ်လိုအရာတွေက ပြဿနာမဟုတ်ဘူး။ အဲ့ဒါတွေက သက်မဲ့အရာတွေဆိုတော့ ဘယ်နေရာမှာမဆို သိမ်းဆည်းထားနိုင်တယ်။ ဒါပေမယ့် ငါတို့လူသားတွေက..." ကြီး​မြတ်သူရွှမ်ယွမ်က အနည်းငယ် စိုးရိမ်နေသည်။

အသက်အနှစ်သာရလွှဲပြောင်းခြင်းက လွယ်ကူသော အလုပ်တစ်ခုမဟုတ်ပေ။ လူသားမျိုးနွယ် ကြီးမြတ်သူကိုးယောက်၏ အတွင်းစကြာဝဠာများက အလင်းနှစ်ပေါင်းများစွာကျယ်ဝန်းပြီး လင်းယွမ်၏ အတွင်းစကြာဝဠာကိုပါ ထည့်ပေါင်းလိုက်လျှင် လူဦးရေများစွာကို ရွှေ့ပြောင်းရန် လုံလောက်မည်ဖြစ်သည်။

သို့သော် စကြာဝဠာပျက်ဆီးနေချိန်အတွင်း ကြီးမြတ်သူတစ်ယောက်က သူတို့၏ အတွင်းစကြာဝဠာအတွင်း အသက်များပို၍ သယ်ဆောင်လာလျှင် သူတို့ခံရမည့် ဖိအားက ပို၍ ပြင်းထန်မည်ဖြစ်သည်။ သူတို့က မူလရင်းမြစ်၏ ဖိအားအပြည့်အဝကို ခံစားရမည်ဖြစ်ပြီး စကြာဝဠာမူလရင်းမြစ်က ဖရိုဖရဲအရှင်သခင်၏ အသက်အနှစ်သာရနှင့် ညီမျှလေသည်။

ထို့ကြောင့် အလွှာဆယ့်နှစ် ကြီးမြတ်သူတစ်ယောက်၏ အတွင်းစကြာဝဠာက လုံလောက်စွာ ကြီးမားသော်လည်း ၎င်းတို့သယ်ဆောင်နိုင်သော အသက်အရေအတွက်က ကန့်သတ်ထားသည်။

" ကျွန်တော် လက်ရှိ လူသားမျိုးနွယ် လူဦးရေရဲ့ တစ် ရာခိုင်နှုန်းကို ခေါ်သွားနိုင်တယ်။" လင်းယွမ်က ခဏစဉ်းစားပြီး ပြောလိုက်သည်။

" တစ် ရာခိုင်နှုန်းလား။ " ကြီးမြတ်သူရွှမ်ယွမ်က သူငယ်အိမ်များ ကျုံ့သွားသည်။

ယခင် အထွတ်အထိပ်မျိုးနွယ်ဆယ့်နှစ်ခုထဲမှ တစ်ခုအနေဖြင့် လူသားမျိုးနွယ်၏ လူဦးရေက ကြီးမားလွန်းလှသည်။ တစ်ရာခိုင်နှုန်းသာ ဖြစ်သော်လည်း ထရီလီယံပေါင်းများစွာ အရေအတွက် ကြီးမားလှသည်။

" လင်းယွမ် လူသားမျိုးနွယ်ကို အများဆုံး ရွှေ့ပြောင်းနိုင်တာက အရေးကြီးပေမယ့် မင်းရဲ့ ဘေးကင်းမှုက ပိုအရေးကြီးတယ်။ မင်းရှိနေသရွေ့ လူသားမျိုးနွယ်က တည်ရှိနေလိမ့်မယ်။ " ကြီးမြတ်သူရှချင်က အနည်းငယ် စိုးရိမ်စွာ ပြောလိုက်သည်။

လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်တစ်ယောက်က ပုံမှန်အားဖြင့် စကြာဝဠာပျက်ဆီးခြင်းကို ဘေးကင်းစွာ ကျော်ဖြတ်နိုင်ပြီး သယ်ဆောင်သော အသက်အရေအတွက်ကတော့ ကန့်သတ်ချက်ထက် ကျောလွန်၍ မရပေ။

သို့သော် လက်ရှိလူသားမျိုးနွယ်၏ တစ်ရာခိုင်နှုန်းက ကန့်သတ်ချက်ထက် များစွာ ကျော်လွန်နေသည်။ လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်တစ်ယောက်ပင် ထိုမျှများပြားသော အသက်ကို သယ်ဆောင်သွားရဲလျှင် စကြာဝဠာ၏ နောက်ဆုံးပစ်မှတ်ထား ဖျက်ဆီးခြင်းကို ​ခံရပေလိမ့်မည်။

အခြားကြီး​မြတ်သူများကလည်း လင်းယွမ်ကို ကြည့်လိုက်ကြသည်။ သူတို့က လူသားများ ပိုမိုအသက်ရှင်နိုင်ရန် မျှော်လင့်ကြသော်လည်း စကြာဝဠာပျက်ဆီးခြင်းတွင် လင်းယွမ်ကို မတော်တဆ မဖြစ်စေလိုပေ။

" စိတ်ချပါ။ ငါ့မှာ အကြံရှိပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

သူ၏ အတွင်းစကြာဝဠာက အချိန်တိုင်း ကြီးထွားနေသည်။ နှစ်ပေါင်းများစွာအတွင်း အလင်းနှစ် ရှစ်သန်းသို့ ရောက်ရှိလာပေလိမ့်မည်။ ထိုသို့သော အတွင်းစကြာဝဠာအပြင် လင်းယွမ်၏ နည်းလမ်းများစွာနှင့် ပေါင်းစပ်လျှင် စကြာဝဠာပျက်ဆီးခြငလး၌ အန္တရာယ်ကို ကာကွယ်ခြင်းက ပြဿနာမရှိလောက်ပေ။

ထိုအပြင် လင်းယွမ်က နောက်ထပ် ရာစုနှစ်အနည်းငယ်အတွင်း လွှမ်းမိုးခြင်းအဆင့်သို့ ရောက်မည်ဖြစ်ပြီး သူ၏ အတွင်းစကြာဝဠာကလည်း ထပ်မံပြောင်းလဲသွားပေလိမ့်မည်။

သို့သော် လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်မှ လွှမ်းမိုးခြင်းအဆင့်သို့ တက်လှမ်းရန် သူ၏ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်နှင့် အတွင်းစကြာဝဠာ အားလုံးက သူ၏ ကန့်သတ်ချက်အထိ တိုးမြှင့်ရန် လိုအပ်သည်။

" အဲ့ဒါ ကောင်းတယ်။ " ကြီးမြတ်သူရွှမ်ယွမ်က အခြားကြီးမြတ်သူများဘက်သို့ လှည့်လိုက်သည်။ " ဒါဆို ငါတို့ အရင်ထွက်သွားပြီး လာမယ့်ကိစ္စတွေအတွက် စီစဉ်ရအောင်။ "

" ကောင်းပြီ။ " အားလုံးက ပြောလိုက်ကြသည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် လင်းယွမ်က အရေးတကြီး ခံစားလိုက်ရသည်။ အရာအားလုံးအဆင်ပြေနေသော်လည်း စကြာဝဠာပျက်ဆီးခြင်းက နီးကပ်လာသောကြောင့် လူသားမျိုးနွယ်၏ ၉၉ ရာခိုင်နှုန်းက သေဆုံးရပေလိမ့်မည်။ လင်းယွမ်က ကံကောင်းပြီး စကြာဝဠာပျက်ဆီးခြင်းမတိုင်မီ လွှမ်းမိုးခြင်းအဆင့်ကို ရောက်နိုင်ခဲ့လျှင်တောင် လူဦးရေဆယ်ဆ ပိုမိုသယ်ဆောင်နိုင်သွားရုံသာရှိပြီး လူသားမျိုးနွယ်၏ ကိုးဆယ်ရာခိုင်နှုန်းက သေဆုံးရဦးမည်ဖြစ်သည်။

" ငါက အားနည်းနေတုန်းပဲ။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။

သူသာ ဖရိုဖရဲမဟာသူတော်စင်ဖြစ်လျှင် အရိပ်နတ်ဆိုးမဟာသူတော်စင်နှင့် နဝမဖီးနစ်မဟာသူတော်စင်တို့၏ တိုက်ပွဲက သူကာကွယ်လိုသော နေရာကို လှုပ်ခါနိုင်မည်မဟုတ်ပေ။ မဟာသူတော်စင်နှစ်ပါး၏ တိုက်ပွဲသက်ရောက်မှုက အရှင်သခင်ကုမင်ကဲ့သို့ ဖရိုဖရဲအရှင်သခင်တစ်ယောက်ကို ဆုတ်ခွာစေနိုင်သော်လည်း အဆင့်တူ ဖရိုဖရဲမဟာသူတော်စင်များအတွက်မူ အဓိပ္ပါယ်မရှိပေ။

လင်းယွမ်က နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်နှင့် ဧကရာဇ်ရွှမ်ဟွမ်တို့အဆင့်ရှိလျှင် အရိပ်နတ်ဆိုးမဟာသူတော်စင်နှင့် နဝမဖီးနစ်မဟာသူတော်စင်တို့က မည်မျှရန်ငြိုးကြီးမားစေကာမူ လင်းယွမ်၏ နယ်မြေအနီး ဖြတ်သွားချိန်တွင် တိုက်ခိုက်ရန်မပြောနှင့် စကားပင် ကျယ်ကျယ်ပြောရဲမည်မဟုတ်ပေ။

" လွှမ်းမိုးခြင်းအဆင့်..." လင်းယွမ်က တွေးလိုက်သည်။

လမ်းစဉ်ခွဲထွက်ခြင်းအဆင့်ရှိသူများအတွက် လွှမ်းမိုးခြင်းအဆင့်သို့ တက်လှမ်းရန် အခက်အခဲဆုံး အပိုင်းမှာ နိယာမများစွာကို နားလည်ခြင်းနှင့် စိတ်စွမ်းအားတို့ဖြစ်သည်။

သို့သော် လင်းယွမ်က ထိုလိုအပ်ချက်အားလုံးကို ပြည့်မီနေပြီဖြစ်သည်။ သူ၏ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်နှင့် အတွင်းစကြာဝဠာတို့က အထွတ်အထိပ်သို့ ရောက်ရှိပြီးနောက် အဆင့်တက်နိုင်ပေလိမ့်မည်။

ရင်းမြစ်ကမ္ဘာ၊ ချင်းဖန်နယ်မြေ၊ ယုမိသားစုတွင် လင်းယွမ်က ထိုင်နေသည်။

" ဒဏ်ရာတွေအားလုံးနီးပါး ပြန်ကောင်းသွားပြီ။ " လင်းယွမ်က သူ၏ ခန္ဓာကိုယ်အတွင်း စစ်ဆေးလိုက်ပြီး ဒဏ်ရာကိုးဆယ်ရာခိုင်နှုန်းက ပြန်လည်ကောင်းမွန်သွားပြီဖြစ်သည်။

" ရင်းမြစ်ကမ္ဘာရဲ့ကျင့်ကြံခြင်းစနစ်က..." လင်းယွမ်၏ စိတ်ထဲတွင် အချက်အလက်များစွာ ပေါ်လာသည်။

ယုမိသားစု၊ တုန်ယန်မိသားစုနှင့် အရှင်ချင်းဖန်တို့အပါအဝင် သူတို့၏ ကျင့်ကြံခြင်းလမ်းစဉ်က လီယန်ရှေးဟောင်းနိုင်ငံမှ ဆင်းသက်လာခြင်းဖြစ်သည်။ လီယန်ရှေးဟောင်းနိုင်ငံက ယုရန် ကလေးဘဝကတည်းက ကြားဖူးခဲ့သော ကြီးမားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကောင်းကင်ရှိ ထာဝရနေမင်းက သူတို့၏ ဘိုးဘေးဖြစ်သည်ဟု ဆိုကြသည်။

" ထာဝရနေမင်းလား။ " လင်းယွမ်က မော့ကြည့်လိုက်သည်။

အချိန်လေဟာနယ်က ပိုင်းခြားထားသော်လည်း လင်းယွမ်က ထာဝရနေမင်း၏ ကြောက်မက်ဖွယ်ရာ အော်ရာကို ခံစားနေရဆဲ ဖြစ်ပြီး အရှင်သခင်ကုမင်၏ ဖရိုဖရဲကုန်းမြေထက်ပင် သာလွန်သည်။

" ဒီထာဝရနေက တကယ် လီယန်ရှေးဟောင်းနိုင်ငံရဲ့ ဘိုးဘေးသာဆိုရင် သူက ဘယ်အဆင့်မှာ ရှိနေမလဲ။ ဖရိုဖရဲမဟာသူတော်စင်အဆင့်လား။ ဒါမှမဟုတ် အလွှာဆယ့်သုံး အချိန်သက်ရှိလား။ " လင်းယွမ်ကတွေးလိုက်သည်။

ဧကရာဇ်ရွှမ်ဟွမ်၊ နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်တို့ ချန်ခဲ့သော ပုံရိပ်များနှင့် ယှဉ်လျှင် ထာဝရနေမင်းက ပိုမိုအစွမ်းထက်ပုံရသည်။

" ထားလိုက်ပါတော့။ ဒါတွေကို စဉ်းစားဖို့မလိုသေးဘူး။ " လင်းယွမ်က သူ၏ အတွေးများကို ထိန်းချုပ်ပြီး အချိန်လေဟနယ်ကို လေ့လာလိုက်သည်။

" ဒီရင်းမြစ်ကမ္ဘာရဲ့ အချိန်လေဟာနယ်က ပင်မစကြာဝဠာ၊ ဖရိုဖရဲဟင်းလင်းပြင်တို့နဲ့ မတူညီတဲ့ လမ်းကြောင်းတွေ ရှိနေတာပဲ။ " လင်းယွမ်က အချိန်လေဟာနယ်၏ အသေးစိတ်အချက်အလက်များကို လေ့လာနေသည်။

အသိအမြင်များက သူ၏ စိတ်ထဲသို့ အဆက်မပြတ် ဝင်ရောက်လာပြီး အချိန်လေဟာနယ်အပေါ် သူ၏ နားလည်မှုက လျင်မြန်စွာ တိုးတက်လာသည်။ နေ့တစ်ဝက်အတွင်း လင်းယွမ်၏ အချိန်လေဟာနယ် သတ္တမအဆင့်နားလည်မှုက စဦးအဆင့်မှ အလယ်အလတ်အဆင့်သို့ မြင့်တက်သွားခဲ့သည်။

" ဒါအရမ်းကောင်းတယ်။ " လင်းယွမ်က ဝမ်းသာနေသည်။

သာမန် လွှမ်းမိုးခြင်းအဆင့်များက အချိန်လေဟာနယ် သတ္တမအဆင့်၏ စဦးအဆင့်မှ အလယ်အလတ်အဆင့်သို့ တက်လှမ်းရန် စကြာဝဠာခေတ်များစွာ ကြာမြင့်သည်။

လင်းယွမ်ပင် အလွှာဆယ့်နှစ်သို့ တက်လှမ်းပြီးနောက် ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့်ပင် အောင်မြင်ရန် နှစ်ပေါင်းထောင်ချီ ကြာလိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် ယခု နေ့တစ်ဝက်သာ ကြာမြင့်ခဲ့သည်။

" အလွှာဆယ့်သုံး အချိန်သက်ရှိတွေက အခြားဒိုင်မန်းရှင်းကမ္ဘာတွေကို အသည်းအသန် စူးစမ်းနေကြတာ အံ့ဩစရာမရှိဘူး။ " လင်းယွမ်က တွေးလိုက်သည်။

မတူညီသော ဒိုင်မန်းရှင်းကမ္ဘာများ၏ နိယာမများ၏ ရှုထောင့်များက ကွဲပြားနိုင်ပြီး မိမိနားလည်ထားသော နိယာမများကို အဆင့်မြှင့်တင်ရာတွင် အလွန်အရေးပါလှသည်။

အချိန်သက်ရှိနှင့် ပြည့်စုံသော အချိန်သက်ရှိတို့ကြား ကွာခြားချက်က ပြည့်စုံခြင်းပင် ဖြစ်သည်။ ပြည့်စုံသော အချိန်သက်ရှိများက ကဏ္ဍတိုင်းတွင် ပြည့်စုံကြသည်။ သူတို့ နားလည်ထားသော နိယာမများ၊ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်များ အားလုံးဖြစ်သည်။

လင်းယွမ် ယခင်ဆင်းသက်ခဲ့သော ဒိုင်မန်းရှင်းကမ္ဘာများက ပင်မစကြာဝဠာ၏ ဒိုင်မန်းရှင်းအောက်တွင်ရှိသည်။ အင်မော်တယ်ကမ္ဘာက ပင်မစကြာဝဠာနှင့် အဆင့်တူနီးပါး ဖြစ်သော်လည်း ဖရိုဖရဲဟင်းလင်းပြင်ထက် နိမ့်ကျနေဆဲ ဖြစ်သည်။

All Chapters