← Chapters

ဘူးသီးခြောက်၏ ပိုင်ရှင်....

Vol. 54 Ch. 791

ဘူးသီးခြောက်၏ ပိုင်ရှင်....

Vol. 54 Ch. 791

" ကျောက်စိမ်းဘူးသီးခြောက်..." လင်းယွမ်က အနည်းငယ် အံ့အားသင့်သွားသည်။

ပြောင်းလဲသွားသော ကျောက်စိမ်းဘူးသီးခြောက်မှ ပေးပို့သော အချက်အလက်များက နားလည်ရန် မခက်ခဲပေ။ အဓိကမှာ လင်းယွမ်က ဘူသီးခြောက်ကို လက်ရှိအခြေအနေကို နိုးထလာစေခဲ့ပြီး အရည်ခုနှစ်မျိုးကို စုပ်ယူကာ အခြေခံအုတ်မြစ်ချခြင်းကို ပြီးမြောက်ခဲ့သည်။

ကျောက်စိမ်ဘူးသီးခြောက်ကို သန့်စင်ရန်အတွက် ဘူးသီးခြောက်အတွင်း ပါဝင်သော ရုန်း ၃၃၃၃ခုကို စကြာဝဠာခေတ်တစ်ခုအတွင်း နားလည်ရမည်ဖြစ်သည်။ ထိုသို့ပြုလုပ်မှသာလျှင် ဘူးသီးခြောက်ကို လုံးဝထိန်းချုပ်နိုင်ပြီး ၎င်းတွင်ပါဝင်သော အကြီးမားဆုံး အကျိုးကျေးဇူးများကို ရရှိမည်​ဖြစ်သည်။

" အရောင်ခုနှစ်မျိုးကို စုပ်ယူပြီး အတွင်းကမ္ဘာရဲ့ ကန့်သတ်ချက်တွေကို ချိုးဖောက်တာက အခြေခံအုတ်မြစ်ချတာလား။ " လင်းယွမ်က စိတ်ထဲမှ တုန်လှုပ်သွားသည်။

သူက ကုမင်ဖရိုဖရဲကုန်းမြေတွင် အချိန်တစ်ခုထိ နေထိုင်ပြီးနောက်မှာပင် အတွင်းကမ္ဘာ၏ ကန့်သတ်ချက်ကို ချိုးဖောက်နိုင်သည့် နည်းလမ်းမျိုးကို မကြားဖူးခဲ့ပေ။

" ဒီဘူးသီးခြောက်က..." လင်းယွမ်က သူ၏ စိတ်ကို ထိန်းချုပ်လိုက်သည်။ သူက ဘူးသီးခြောက်ကို ရရှိချိန်မှစ၍ အမျိုးမျိုးခန့်မှန်းခဲ့သော်လည်း ဤသို့ ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

" ရုန်း ၃၃၃၃ခု..." လင်းယွမ်က ခဏတုန့်ဆိုင်းသွားပြီးနောက် မူလစိတ်ဝိညာဉ်၏ အစိတ်အပိုင်းတစ်ခုကို ဘူးသီးခြောက်ထဲသို့ ဝင်ရောက်စေလိုက်သည်။

ထို့နောက် လင်းယွမ်က ကျယ်ပြန့်သော နေရာတစ်ခုကို ရောက်သွားပြီး ထိုနေရာ၏ လေဟာနယ်ဖိနှိပ်မှုက အလွန်ကြောက်စရာကောင်းလှသည်။ စကြာဝဠာအတွင်း ကြယ်နယ်မြေတစ်ခုကို ဖျက်ဆီးနိုင်သော တိုက်ခိုက်မှုတစ်ခုက ဤနေရာတွင် ကျောက်တုံးတစ်တုံးကိုသာ ဖျက်ဆီးနိုင်သည်။

" အချိန်လေဟာနယ်နဲ့ အခြားအဓိကနိယာမတွေအပြင် ဒီကမ္ဘာရဲ့ ဖွဲ့စည်းပုံက..." လင်းယွမ်၏ အမူအရာက အနည်းငယ် လေးနက်နေသည်။

" ရုန်းတွေကဘယ်မှာလဲ။ " လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

ဘူးသီးခြောက်မှ ရရှိသော အချက်အလက်များအရ သူက ဘူးသီးခြောက်အတွင်းမှ ကမ္ဘာထဲသို့ ဝင်ရောက်ပြီး သင်္ကေတများကို နားလည်ရမည်ဖြစ်သည်။

ထိုအချိန်တွင် ကမ္ဘာ၏ စွမ်းအားများက စုစည်းလာပြီး ပုံရိပ်တစ်ခုပေါ်လာသည်။ ပုံရိပ်က တိတ်ဆိတ်စွာ ရပ်နေပြီး ၎င်း၏ ပတ်ပတ်လည်တွင် အချိန်မြစ်ချောင်းရာချီက စီးဆင်းနေသည်။ သူ​၏ ဆံပင်များကလည်း အဆုံးမဲ့ အချိန်လေဟာနယ်ကို ပေါင်းစည်းထားသကဲ့သို့ ဖြစ်နေပြီး ရိုးရှင်းသော ပုံရိပ်တစ်ခုသာ ဖြစ်သော်လည်း အရာအားလုံးကို ဖျက်ဆီးနိုင်သော အော်ရာတစ်ုကို ထုတ်လွှတ်နေသည်။

" ငါ ဘယ်လောက်ကြာအောင် နေထိုင်ခဲ့လဲဆိုတာ မမှတ်မိတော့ဘူး။ ပျော်စရာကောင်းတဲ့ ဘဝတစ်ခုပဲ။ " ပုံရိပ်က ပြောလိုက်သည်။ " တစ်နေ့မှာ ငါ ဒီဒိုင်မန်းရှင်းအတွက် တစ်ခုခုချန်ထားသင့်တယ်လို့ ရုတ်တရက် ခံစားခဲ့ရတယ်။ ငါက ဒီမှာ မွေးခဲ့တာဖြစ်လို့ ဘာမှမချန်ခဲ့တာက မသင့်တော်ဘူး။ "

" ဒီဒိုင်မန်းရှင်း..." လင်းယွမ်က အံ့အားသင့်သွားသည်။

ဖရိုဖရဲဟင်းလင်းပြင်က အဆုံးမဲ့ပြီး ကျယ်ပြောလှသော်လည်း ဒိုင်မန်းရှင်း၏ အစိတ်အပိုင်းမျှသာ ဖြစ်သည်။ ယခင် လင်းယွမ် ဆင်းသက်ခဲ့သော ကမ္ဘာများက အခြားဒိုင်မန်းရှင်းများမှ ဆင်းသက်လာခြင်းဖြစ်သည်။

" သေချာစဉ်းစားပြီးတဲ့နောက်မှာ ငါ ကျောက်စိမ်းဘူးသီးခြောက် ၃၃ခုကို ဖန်တီးပြီး နေရာအနှံ့ပစ်ချခဲ့တယ်။ အဲ့ဒါကို ကံပါတဲ့သူတွေရလိမ့်မယ်။ ကျောက်စိမ်းဘူးသီးခြောက်တွေမှာ ငါ့ရဲ့ တာအို၊ ငါရဲ့ နိယာမတွေ၊ ငါ့ရဲ့ အခြေခံအုတ်မြစ်၊ ငါ့ရဲ့ အနှစ်သာရတွေပါဝင်တယ်။ "

" ပြီးတော့ ဒီကျောက်စိမ်းဘူးသီးခြောက်က ငါ့ရဲ့ အခြေခံအုတ်မြစ်ကို ကိုယ်စားပြုတယ်။ အခြေခံအုတ်မြစ်က အရမ်းအရေးကြီးတယ်လို့ ငါယုံကြည်ခဲ့တယ်။ ခိုင်မာတဲ့ အခြေခံအုတ်မြစ်သာရှိရင် ကျင့်ကြံတဲ့ တာအိုတွေ နိယာမတွေ နည်းနည်းအားနည်းနေရင်တောင် အခြေခံအုတ်မြစ်က ဖြည့်ဆည်းပေးနိုင်တယ်။ ခိုင်မာတဲ့ အခြေခံအုတ်မြစ်က သက်ရှိတွေအတွက် အရာအားလုံးကို ပိုမိုလွယ်ကူစေတယ်။ " ပုံရိပ်က ပြုံး၍ ပြောလိုက်သည်။

" အခြေခံအုတ်မြစ်...." လင်းယွမ်က စဉ်းစားလိုက်သည်။

ထိုပုံရိပ်က မည်သည့်အခြေခံအုတ်မြစ်ကို ရည်ညွှန်းမှန်းမသိသော်လည်း ၎င်းက ဘူးသီးခြောက်နှင့် အဆင့်မြှင့်ခဲ့သော အတွင်းကမ္ဘာ သို့မဟုတ် အတွင်းစကြာဝဠာနှင့် ဆက်စပ်နေပေလိမ့်မည်။ ထိုသို့သာ ဖြစ်လျှင် ထိုပုံရိပ်၏ စကားက တကယ်မှန်ကန်ပေသည်။

အလွှာဆယ့်နှစ်သို့ မရောက်မီကပင် လင်းယွမ်၏ အတွင်းကမ္ဘာက အခြားသူများထက် များစွာ ကျော်လွန်ခဲ့သည်။ နိယာမကို နားလည်မှုက မနက်ရှိုင်းလျှင်တောင် ကျယ်ပြန့်သော အတွင်းကမ္ဘာ၏ အကြွင်းမဲ့စွမ်းအားက နိယာမများအားလုံးကို ချိုးဖျက်နိုင်ပေလိမ့်သည်။ သို့သော် ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းကြောင့် လင်းယွမ်၏ အသန်မာဆုံးကဏ္ဍက နိယာမများကို နားလည်ခြင်းသာဖြစ်သည်။

" မလောနဲ့။ ကျောက်စိမ်းဘူးသီးခြောက်ကို သန့်စင်နိုင်မှ မင်းက ငါချန်ထားခဲ့တာတွေကို ရရှိလိမ့်မယ်။ ကျောက်စိမ်းဘူးသီးခြောက်ကို သန့်စင်ဖို့အတွက် စကြာဝဠာခေတ်တစ်ခုအတွင်း ငါချန်ခဲ့တဲ့ ရုန်း ၃၃၃၃ခုကို မင်းနားလည်ရလိမ့်မယ်။ "

" မင်းက ဒီရုန်း ၃၃၃၃ခုကို နားမလည်ခဲ့ရင် ဒါမှမဟုတ် အချိန်ယူတာက စကြာဝဠာခေတ်တစ်ခုထက် ကျော်လွန်ခဲ့ရင် မင်းက ငါ့ရဲ့ အခြေခံအုတ်မြစ်လမ်းစဉ်နဲ့ မကိုက်ညီဘူးလို့ အဓိပ္ပါယ်ရတယ်။ "

" အဲ့ဒီအချိန်ကျရင် ကျောက်စိမ်းဘူးသီးခြောက်က ပျောက်ကွယ်သွားလိမ့်မယ်။ ပြီးရင် ဒီဒိုင်မန်းရှင်းရဲ့ နေရာတစ်ခုမှာ ပေါ်လာပြီး နောက်ထပ် ကံပါတဲ့သူကို စောင့်နေလိမ့်မယ်။ " ပုံရိပ်က ပြုံး၍ ပြောပြီးနောက် သင်္ကေတများစွာအဖြစ် ပြောင်းလဲသွားခဲ့သည်။

" ငါနားမလည်ရင် ကျောက်စိမ်းဘူးသီးခြောက်က ပျောက်ကွယ်သွားမှာလား။ " လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။

ယခုအချိန်တွင် ကျောက်စိမ်းဘူးသီးခြောက်ကို ထားခဲ့သူက အလွှာဆယ့်သုံး အချိန်သက်ရှိ ဖြစ်နိုင်ကြောင်း သူနားလည်သွားသည်။ အချိန်သက်ရှိတစ်ယောက် ချန်ထားခဲ့သော ရတနာတစ်ခုက ဖရိုဖရဲမဟာသူတော်စင်များကိုပင် မနာလိုဖြစ်စေနိုင်ပြီး သူတို့က ၎င်းအတွက် သေဆုံးသည်အထိ တိုက်ခိုက်ကြပေလိမ့်မည်။ သူက ဖြစ်နိုင်လျှင် ကျောက်စိမ်းဘူးသီးခြောက် ပျောက်ကွယ်သွားသည်ကို မလိုချင်ပေ။

" စကြာဝဠာခေတ်တစ်ခုကို အချိန်သတ်မှတ်ထားတာဆိုတော့ ဒီရုန်းတွေကို နားလည်ဖို့က မယုံကြည်နိုင်လောက်အောင် ခက်ခဲလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

လင်းယွမ်က ကောင်းကင်နှင့် မြေပြင်တွင် ပျံဝဲနေသော ရုန်းများကို ကြည့်လိုက်သည်။ ရုန်းတစ်ခုစီက လက်သီးအရွယ်အစားသာရှိသော်လည်း ကိုယ်ပိုင်စကြာဝဠာတစ်ခု တည်ရှိနေသကဲ့သို့ ဖြစ်သည်။

" ရုန်းတစ်ခုစီက စကြာဝဠာတစ်ခုနဲ့ ညီမျှတာလား။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။

ရုန်း ၃၃၃၃ခုက စကြာဝဠာ ၃၃၃၃ ခုနှင့် ညီမျှပြီး ဖရိုဖရဲအရှင်သခင်အဆင့် ၃၃၃၃ ယောက်ဟုလည်း ဆိုလိုသည်။

" စကြဝဠာတစ်ခု အတိအကျတော့ မဟုတ်ဘူး။ " လင်းယွမ်က ရုန်းတစ်ခုစီကို ဂရုတစိုက် လေ့လာလိုက်သည်။

ရုန်းတစ်ခုစီက စကြာဝဠာတစ်ခု၏ ထူးခြားသော ဖွဲ့စည်းပုံတစ်ခုကို ကိုယ်စားပြုပြီး ရုန်း ၃၃၃၃ခုက စကြာဝဠာ ၃၃၃၃ခု၏ ဖွဲ့စည်းပုံကို ရှင်းပြထားသည်။ စကြာဝဠာအတွင်းရှိ မူလရင်းမြစ်က အတူတူပင်ဖြစ်သော်လည်း ဖွဲ့စည်းပုံများက ကွဲပြားသည်။

" စကြာဝဠာတွေမှာလည်း ဖွဲ့စည်းပုံအများကြီးရှိတာလား။ " လင်းယွမ်က ရုန်းများကို ကြည့်ရင်း စိတ်ထဲတွင် အံ့အားသင့်နေသည်။ မည်သည့်ဖွဲ့စည်းပုံဖြစ်စေ စကြာဝဠာက လင်းယွမ်နေထိုင်သော ပင်မစကြာဝဠာထက် များစွာ သာလွန်နေသည်။

" ဘာလို့ပထမဆုံးရုန်းကို မလေ့လာတာလဲ။ ဘာလို့တုန့်ဆိုင်းနေတာလဲ။ " ထိုနေရာတွင် ကျစ်ဆံမြီးနှစ်ခုနှင့် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကလေးဆန်သည့် မိန်းကလေးတစ်ယောက် ပေါ်လာပြီး လင်းယွမ်ကို ပျင်းရိစွာ ပြောလိုက်သည်။

" မင်းက ဘယ်သူလဲ။ " လင်းယွမ်က အနီရောင်ဝတ်စုံနှင့် မိန်းကလေးကို ကြည့်လိုက်သည်။

ယခင် ကြောက်စရာကောင်းသော ပုံရိပ်နှင့်ယှဉ်လျှင် ထိုမိန်းကလေးက သက်ရှိတစ်ယောက်နှင့် ပိုတူသည်။

" ငါက ဘယ်သူလဲ။ နင်က စမ်းသပ်မှုအောင်မြင်ရင် ငါ့ရဲ့ သခင်ဖြစ်လာပြီး သခင်ဟောင်းရဲ့ အမွေအနှစ်ကို ကျင့်ကြံရာမှာ ငါနင့်ကို ကူညီပေးမယ်။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက လင်းယွမ်ကို ကြည့်လိုက်သည်။ " နင်တစ်ယောက်တည်း လမ်းညွှန်မှုမရှိဘဲ သခင်ဟောင်းချန်ခဲ့တဲ့ အမွေအနှစ်ကို ကျင့်ကြံနိုင်မယ်ထင်နေတာလား။ "

" အဲ့လိုကိုး။ " လင်းယွမ်က နားလည်သွားသည်။

မိန်းကလည်း လမ်းညွှန်သူတစ်ယောက်ကဲ့သို့ ဖြစ်ပြီး ဘူးသီးခြောက်ကို ချန်ခဲ့သော တည်ရှိမှုက အမွေအနှစ်ကို ကျင့်ကြံရန်အတွက် လမ်းညွှန်ပေးရန် ချန်ထားခဲ့ခြင်း ဖြစ်သည်။

" ငါ့ရဲ့ သခင်ဟောင်းက ဘယ်လောက်တောင် ကြီး​မြတ်လဲ။ သူချန်ခဲ့တဲ့ အခြေခံအမွေအနှစ်ကတောင် ကောင်းကင်ကို တက်သလိုမျိုး ကျင့်ကြံဖို့ ခက်ခဲတယ်။ ငါနင့်ကို လမ်းညွှန်မပေးရင် မျှော်လင့်ချက် ပိုနည်းသွားလိမ့်မယ််။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ဂုဏ်ယူစွာ ပြောလိုက်သည်။

" နားလည်ပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

" နင်က ငါ့ရဲ့ အရေးပါမှုကို နားလည်တာ ကောင်းတယ်။ " အနီရောင်မိန်းကလေးက ဆက်ပြောလိုက်သည်။ " ဒီရုန်း ၃၃၃၃ခုက စကြာဝဠာ နိယာမဖွဲ့စည်းပုံ ၃၃၃၃ခုကို ကိုယ်စားပြုတယ်။ "

" အသုံးပြုပုံကတော့... အဲ့ဒါတွေကို နင့်ရဲ့ အတွင်းစကြာဝဠာထဲ ပေါင်းစည်းပြီး ဒီစကြာဝဠာ နိယာမဖွဲ့စည်းပုံ ၃၃၃၃ခုရဲ့ အားသာချက်အားလုံးကို ပိုင်ဆိုင်ဖို့ပဲ။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ရှင်းပြသည်။

" အတွင်းစကြာဝဠာ...." လင်းယွမ်ကလည်း ထိုအချက်ကို တွေးမိသည်။

အရွယ်အစားတူညီသော အတွင်းစကြာဝဠာတစ်ခု၏ အရည်အသွေးကို စကြာဝဠာဖွဲ့စည်းပုံက ဆုံးဖြတ်ပေးသည်။ စကြာဝဠာဖွဲ့စည်းပုံက ပိုမိုပြည့်စုံလျှငခ အတွင်းစကြာဝဠာ၏ အခြေခံအုတ်မြစ်က ပို၍ နက်ရှိုင်းပေလိမ့်မည်။

သို့သော် အတွင်းစကြာဝဠာ၏ ဖွဲ့စည်းပုံများက မယုံကြည်နိုင်လောက်အောင် ရှုပ်ထွေးပြီး နားလည်ရန် အလွန်ခက်ခဲသည်။ စကြာဝဠာ၏ ဖွဲ့စည်းပုံနည်းလမ်းများက အကန့်အသတ်မဲ့သောကြောင့် ကျောက်စိမ်းဘူးသီးခြောက်ကို ချန်ခဲ့သူက စကြာဝဠာခေတ်တစ်ခုကို အချိန်ပေးသည့် အကြောင်းရင်းဖြစ်သည်။

All Chapters