← Chapters

ကြောက်စရာကောင်းသော နားလည်နိုင်စွမ်း...

Vol. 54 Ch. 793

ကြောက်စရာကောင်းသော နားလည်နိုင်စွမ်း...

Vol. 54 Ch. 793

" ဒီစကြာဝဠာ ပျက်ဆီးတော့မယ်။ " လင်းယွမ်က ပြောလိုက်သည်။

" စကြာဝဠာပျက်ဆီးတော့မယ်။ " လင်းချောင်ချန်နှင့် လုချုံးတို့က အနည်းငယ် ကြောင်သွားကြသည်။

" ပြင်ပစွမ်းအားတွေကြောင့် စကြာဝဠာပျက်ဆီးမှာပဲ။ ခဏနေရင် ကျွန်တော် အဖေနဲ့အမေကို ကျွန်တော်ရဲ့ အတွင်းစကြာဝဠာထဲ ပို့ပေးမယ်။ အဲ့ဒီမှာ ကန်လန်ကြယ်က ဘဝနဲ့ အများကြီး မကွာခြားပါဘူး။ " လင်းယွမ်က ပြောလိုက်သည်။

သူ၏ အတွင်းစကြာဝဠာက လက်ရှိတွင် အလင်းနှစ် ရှစ်သန်းနီးပါး ရောက်နေပြီဖြစ်ပြီး လူသားမျိုးနွယ်၏ နိုင်ငံသား အများစုအတွက် အလင်းနှစ် ရှစ်သန်းက ကြယ်စကြာဝဠာနှင့် များစွာကွာခြားမည်မဟုတ်ပေ။

" အကို စကြာဝဠာပျက်ဆီးမှာကို အကိုလည်း တားဆီးလို့မရဘူးလား။ " လင်းယိက တိုးညှင်းစွာ ပြောလိုက်သည်။

သူမက ရှမိသားစုထံမှ စကြာဝဠာပျက်ဆီးခြင်းနှင့် ပက်သက်သော အချက််အလက်များကို ကြားခဲ့ရသည်။ လင်းယွမ်ကိုယ်တိုင် ပြောသည်ကို ကြားသောအခါ သူမက အံ့အားသင့်သွားသော်လည်း လျင်မြန်စွာဖြင့် ပြန်လည်အသိဝင်လာသည်။

" တားဆီးလို့မရဘူး။ " လင်းယွမ်က ခေါင်းခါပြီး ပြေလိုက်သည်။

ယခု သူက ဖရိုဖရဲမဟာသူတော်စင်နှစ်ပါး၏ ရှေ့တွင် အလွန်အားနည်းနေပုံရသည်။ သူတို့သာမက အရိပ်နတ်ဆိုးမဟာသူတော်စင်နှင့် နဝမဖီးနစ်မဟာသူတော်စင်တို့၏ တိုက်ပွဲက စကြာဝဠာများစွာကို အချိန်မတိုင်မီ ပျက်ဆီးစေပေလိမ့်မည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၊ ကျောက်စိမ်းဘူးသီးခြောက်အတွင်း၌ လင်းယွမ်က ရုန်းတစ်ခုကို ယူပြီး သေချာလေ့လာလိုက်သည်။ စကြာဝဠာပျက်ဆီးခြင်းက မကြာမီ ရောက်ရှိလာပြီး လူသားမျိုးနွယ်၏ ၉၉ ရာခိုင်နှုန်းက သေဆုံးရန် ကံကြမ္မာနှင့် ရင်ဆိုင်ရတော့မည့်အချိန်တွင် ရုန်း ၃၃၃၃ခုက လင်းယွမ်ကို မျှော်လင့်ချက်ပေးခဲ့သည်။

ရုန်းအားလုံး၏ စကြာဝဠာဖွဲ့စည်းပုံများကို ပေါင်းစည်းခြင်းက လူသားမျိုးနွယ်ကို ပိုမိုရှင်သန်နိုင်ရုံသာမက လင်းယွမ်၏ ခွန်အားကလည်း ကြီးမားစွာ မြင့်တက်သွားပေလိမ့်မည်။ လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ် ဖရိုဖရဲအဆင့်နှင့် နီးစပ်သော အတွင်းစကြာဝဠာ။ ဖရိုဖရဲအရှင်သခင်နှင့် ယှဉ်နိုင်သည်ဟု မဆိုနိုင်သော်လည်း အနည်းဆုံးတော့ လွှမ်းမိုးခြင်းအဆင့်တွင် သူ့ကို ဘယ်သူမှ ယှဉ်နိုင်မည်မဟုတ်ပေ။

" စကြာဝဠာဖွဲ့စည်းပုံ..." လင်းယွမ်၏ စိတ်တစ်ခုလုံးက နစ်မြှုပ်နေခဲ့သည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် လျို့ဝှက်ဆန်းကြယ်သော ရုန်းများကို လေ့လာပြီး စကြာဝဠာဖွဲ့စည်းမှုအပေါ် နားလည်မှုက မြင့်တက်လာပါပြီ။ ]

လင်းယွမ်၏ စိတ်ထဲတွင် အသိအမြင်များက ဆက်တိုက် ထွက်ပေါ်လာပြီး ပြည့်စုံသော စကြာဝဠာဖွဲ့စည်းပုံတစ်ခုက သူ၏ စိတ်ထဲတွင် ပေါ်လာသည်။

သိပ်မဝေးသော နေရာတွင် အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ကျောက်တုံးဘေးတွင် လဲလျောင်းပြီး လင်းယွမ်ကို လှမ်းကြည့်နေသည်။

" အရမ်းပျင်းတယ်။ တစ်ယောက်ယောက်နဲ့ စကားပြောချင်တယ်။ " သူမက စိတ်ပျက်နေသည်။

လင်းယွမ်က သူမနဲ့ စကားပြောခြင်းမရှိဘဲ ရုန်းများကို လေ့လာခြင်းတွင်သာ နစ်မြှုပ်နေခဲ့သည်။ သို့သော် ထိုသို့ပြုလုပ်ခြင်းကလည်း ရုန်းများလေ့လာခြင်းကို အနှောက်အယှက်ဖြစ်စေမည်ကို သူမ သိလေသည်။

" သည်းခံလိုက် သူ့ကို မနှောက်ယှက်တာ ပိုကောင်းတယ်။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက လင်းယွမ်နှင့် စကားပြောရန် ကြိုးစားခြင်းကို လက်လျှော့လိုက်သည်။

" ပထမဆုံးရုန်းက အလွယ်ဆုံးပဲ။ ပုံမှန်ဆိုရင် အဲ့ဒါကို နားလည်ဖို့ နှစ်တစ်သန်းကြာလိမ့်မယ်။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက လင်းယွမ်၏ ရှေ့တွင် ပျံဝဲနေသော ရုန်းကို ကြည့်ပြီး တွေးလိုက်သည်။

သို့သော် ထိုခဏတွင် လင်းယွမ်၏ ရှေ့မှ ရုန်းက ဖြည်းညင်းစွာ ပျောက်ကွယ်သွားခဲ့သည်ယ။ အနီရောင်ဝတ်စုံနှင့် မိန်းကလေးက အံ့အားသင့်သွားသည်။ သူမ၏ သခင်ဟောင်းချန်ခဲ့သော ရုန်းများကို အပြည့်အဝ နားလည်မှသာ ပျောက်ကွယ်သွားမည်ဖြစ်သည်။

လင်းယွမ်က ပထမဆုံး ရုန်းကို နားလည်သွားတာလား။ အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ရုတ်တရက် နားလည်သွားပြီး မယုံကြည်နိုင်ဖြစ်နေသည်။

" ဒါက တိုက်ဆိုင်တာပဲ ဖြစ်ရမယ်။ သူ့ရဲ့ ပင်မစကြာဝဠာမှာ အဲ့ဒါနဲ့တူတဲ့ စကြာဝဠာဖွဲ့စည်းပုံရှိတာဖြစ်လိမ့်မယ်။ "

ရုန်း ၃၃၃၃ခုကို ကျောက်စိမ်းဘူးသီးခြောက်၏ ပိုင်ရှင်က ဖန်တီးခဲ့ခြင်းဖြစ်သော်လည်း ဖရိုဖရဲဟင်းလင်းပြင်မှ မရေတွက်နိုင်သော စကြာဝဠာများထဲတွင် ဖွဲ့စည်းပုံတူညီနေသော စကြာဝဠာများလည်း ရှိပေလိမ့်မည်။

အကယ်၍ လင်းယွမ်က ထိုသို့သော စကြာဝဠာတွင် မွေးဖွားခဲ့ခြင်းဖြစ်လျှင် ပထမရုန်းကို နားလည်ခြင်းက လက်ခံနိုင်ပေသည်။ အနီရောင်ဝတ်စုံနှင့် မိန်းကလေးက လင်းယွမ်ကို ဆက်လက် ကြည့်ရှုနေသည်။

တစ်နာရီကြာပြီးနောက် ဒုတိယရုန်းက ပျောက်ကွယ်သွားခဲ့သည်။ အနီရောင်ဝတ်စုံနှင့် မိန်းကလေးက တိတ်ဆိတ်သွားသည်။ လင်းယွမ်၏ ကံက ထိုမျှ ကောင်းနေသည်လား။

နှစ်နာရီကြာပြီးနောက် တတိယရုန်းပျောက်ကွယ်သွားသည်။ ငါးနာရီကြာပြီးနောက် စတုတ္ထရုန်း ပျောက်ကွယ်သွားသည်။

တစ်ရက်ကြာပြီးသောအခါ ၅၈ ခုမြောက် ရုန်းက ပျောက်ကွယ်သွားခဲ့သည်။ တစ်လကြာပြီးသောအခါ ၃၆၂ ခုမြောက် ရုန်းက ပျောက်ကွယ်သွားသည်။ နှစ်ဝက်ကြာပြီးသောအခါ ၂၀၀၀ မြောက် ရုန်းက ပျောက်ကွယ်သွားသည်။ တစ်နှစ်ကြာပြီးနောက် ၃၃၀၀ မြောက် ရုန်းက ပျောက်ကွယ်သွားခဲ့သည်။

အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ကျောက်တုံးကို မှီပြီး လင်းယွမ်ကို လေးနက်စွာ ကြည့်နေသည်။ သူမက ရုန်းတစ်ခုစီ လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို ကြည့်နေခဲ့သည်။ မူလက ကောင်းကင်နှင့် မြေပြင် ပြည့်နှက်နေသော ရုန်းများက ပျောက်ကွယ်သွားခဲ့ပြီး ရုန်းအနည်းငယ်သာ ကျန်နေခဲ့သည်။

" တစ်နှစ်..." အနီရောင်ဝတ်စုံနှင့် မိန်းကလေးက အချိန်ကို တွက်ချက်လိုက်သည်။

ကျောက်စိမ်းဘူးသီးခြောက်၏ ပိုင်ရှင် သတ်မှတ်ခဲ့သော စံနှုန်းက စကြာဝဠာခေတ်တစ်ခုဖြစ်သော်လည်း လင်းယွမ်က ၎င်းကို တစ်နှစ်အတွင်း နားလည်ခဲ့သည်။

နောက်ဆုံးရုန်းပျောက်ကွယ်သွားချိန်တွင် လင်းယွမ်က မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်သည်။ ဤအချိန်တွင် ကျောက်စိမ်းဘူးသီးခြောက်အတွင်း ဘာမှမရှိတော့ပေ။

" စကြာဝဠာဖွဲ့စည်းပုံ ၃၃၃၃ မျိုး..." လင်းယွမ်၏ စိတ်ထဲတွင် ရုန်းသင်္ကေတများ၏ အသေးစိတ်အချက်အလက်များ ပေါ်လာခဲ့သည်။

" စမ်းသပ်မှုကို အောင်မြင်ဖို့ ရုန်း ၃၃၃၃ခုလုံး နားလည်ဖို့ လိုတာ အံ့ဩစရာမဟုတ်ဘူး။ " လင်းယွမ်က တွေးလိုက်သည်။

ရုန်း ၃၃၃၃ခုလုံးကို နားလည်ပြီးနောက် စကြာဝဠာဖွဲ့စည်းပုံများက တစ်ခုနှင့် တစ်ခု ဖြည့်စွက်ပေးနေသည်ကို လင်းယွမ်က နားလည်ခဲ့သည်။ နောက်ဆုံး စကြာဝဠာဖွဲ့စည်းပုံက မယုံကြည်နိုင်လောက်အောင် မြင့်မားသွားပေလိမ့်မည်။

" ဒါက အခြေခံအုတ်မြစ် စစ်မှန်တဲ့ အခြေခံအုတ်မြစ်ပဲ။ " လင်းယွမ်က အံ့ဩနေသည်။ လမ်းစဉ်ခွဲထွက်ခြင်းအဆင့်၏ အတွင်းစကြာဝဠာက ဖရိုဖရဲအဆင့်၏ အတွင်းစကြာဝဠာနှင့် ယှဉ်နိုင်သည်ကို ဘယ်သူမှ ယုံကြည်မည်မဟုတ်ပေ။

လင်းယွမ်က ကောင်းကင်ကို ဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ကြိုးစားအားထုတ်ပြီး ရုန်းများ၏ အတွင်းရှိ လျို့ဝှက်ချက်များကို နားလည်နိုင်ခဲ့သည်။

သို့သော် ကျောက်စိမ်းဘူးသီးခြောက်၏ ပိုင်ရှင်ကဲ့သို့ လေထဲတွင် စကြာဝဠာ၏ ဖွဲ့စည်းပုံများကို ရုန်းများအဖြစ် ဖန်တီးနိုင်ရန် ဝေးကွာနေဆဲ ဖြစ်သည်။ အဓိကအကြောင်းရင်းမှာ သူ၏ အသက်အဆင့်က မလုံလောက်သောကြောင့် သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းကလည်း ကန့်သတ်ထားခြင်းဖြစ်သည်။

" အဲ့ဒါက အလွှာဆယ့်သုံး အချိန်သက်ရှိလား။ လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။

သူရရှိထားသော အချက်အလက်များကို စဉ်းစားကြည့်လျှင် ကျောက်စိမ်းဘူးသီးခြောက်၏ ပိုင်ရှင်ကို ဖရိုဖရဲမဟာသူတော်စင်များပင် ယှဉ်နိုင်မည်မဟုတ်ပေ။

လင်းယွမ်က ရုန်းများကို နားလည်ရာတွင် နစ်မြှုပ်နေချိန်တွင် အနီရောင်ဝတ်စုံနှင့် မိန်ကလေးက သူ၏ ရှေ့တွင် ပေါ်လာသည်။

" နင် အရင်က ဒီရုန်းတွေကို တွေ့ဖူးတာလား။ " သူမ​က မနေနိုင်တော့ဘဲ မေးလိုက်သည်။

ကျောက်စိမ်းဘူးသီးခြောက်အတွင်းရှိ ရုန်းများက ၎င်း၏ ပိုင်ရှင် ဖန်တီးခဲ့ခြင်းဖြစ်ပြီး ယေဘုယျအားဖြင့် ဘယ်သူမှမသိနိုင်ပေ။ အများဆုံး ရုန်းတစ်ခုနှစ်ခုက အခြားစကြာဝဠာဖွဲ့စည်းပုံများနှင့် တူညီနေနိုင်သည်။

" မဟုတ်ဘူး။ ငါ ဒီရုန်းတွေကို မြင်ဖူးတာ ပထမဆုံး အကြိမ်ပဲ။ ဒါတွေက တကယ်အံ့ဩစရာကောင်းတယ်။ " လင်းယွမ်က ခေါင်းခါပြီး ပြောလိုက်သည်။ ထိုရုန်းများကို နားလည်ပြီးမှသာ ၎င်းတို့ကို ဖန်တီးရန် မည်မျှခက်ခဲကြောင်း သူသိခဲ့ရသည်။

" နင်က အံ့ဩစရာကောင်းတယ်။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ခဏတိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။

ကျောက်စိမ်းဘူးသီးခြောက်၏ ပိုင်ရှန်က အတိတ်နှင့် အနာဂတ်ကို မြင်နိုင်ပြီး မရေတွက်နိုင်သော စကြာဝဠာများ၏ ပျက်ဆီးခြင်းနှင့် မွေးဖွားခြင်းတို့ကို မြင်တွေ့နိုင်သော အချိန်သက်ရှိဖြစ်သောကြောင့် စကြာဝဠာဖွဲ့စည်းပုံများစွာကို ပုံဖော်နိုင်ခဲ့ခြင်းဖြစ်သည်။

အနီရောင်ဝတ်စုံနှင့် မိန်းကလေးက လင်းယွမ်၏ အဆင့်ကို သေချာမသိသော်လည်း အလွှာဆယ့်သုံးမပြောနှင့် ဖရိုဖရဲအဆင့်ပင် မရောက်သေးသည်မှာ သေချာသည်။ ထိုသို့သော လူတစ်ယောက်က ရုန်းအားလုံးကို တစ်နှစ်အတွင်း နားလည်နိုင်ခဲ့သည်။

" ငါ အခုဘာလုပ်ရမှာလဲ။ " လင်းယွမ်က မေးလိုက်သည်။

" နင်က ရုန်းအားလုံးကို နားလည်သွားပြီဆိုတော့ ကျောက်စိမ်းဘူးသီးခြောက်ကို သန့်စင်လို့ရပြီ။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ပြောလိုက်သည်။

လင်းယွမ်က ရုန်းများကို အလွန်လျင်မြန်စွာ နားလည်ခဲ့သောကြောင့် ကျောက်စိမ်းဘူးသီးခြောက်ကို သန့်စင်ရန် အရည်အချင်း ပြည့်မီသည်ထက် ပိုသည်။ ကျောက်စိမ်းဘူးသီးခြောက်ကို သန့်စင်ပြီးမှသာ သူက ပြည့်စုံသေယ အခြေခံအုတ်မြစ် အမွေအနှစ်ကို ရရှိမည်ဖြစ်သည်။

" ကျောက်စိမ်းဘူးသီးခြောက်ကို သန့်စင်ရမယ်။ " လင်းယွမ်က သူ၏ အတွင်းစကြဝဠာမှ စွမ်းအားများကို ဘူးသီးခြောက်အတွင်း ပို့လွှတ်လိုက်သော်လည်း ကျောက်စိမ်းဘူးသီးခြောက်၏ မူလရင်းမြစ်ကို ထိတွေ့နိုင်ခြင်းမရှိပေ။

" နင့်ရဲ့ လက်ရှိ အတွင်းစကြာဝဠာရဲ့ စွမ်းအားနဲ့ ကျောက်စိမ်းဘူးသီးခြောက်ကို သန့်စင်ဖို့ မဖြစ်နိုင်သေးဘူး။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ပြောလိုက်သည်။ " နင် အရင်ဆုံး ရုန်း ၃၃၃၃ ခုမှာ ပါဝင်တဲ့ စကြာဝဠာဖွဲ့စည်းပုံတွေကို နင့်ရဲ့ အတွင်းစကြာဝဠာထဲမှာ ပေါင်းစည်းရမယ်။ အဲ့ဒါက ကျောက်စိမ်းဘူးသီးခြောက်ကို သန့်စင်နိုင်လိမ့်မယ်။ "

All Chapters