လီယန်ကျင့်စဉ်၊ လီယန်မျိုးစေ့...
Vol. 54 Ch. 794
ရုန်းအားလုံးအတွင်းရှိ စကြာဝဠာဖွဲ့စည်းပုံများကို ပေါင်းစည်းပြီးမှသာ အတွင်းစကြာဝဠာက အသွင်ပြောင်းလဲသွားပြီး ကျောက်စိမ်းဘူးသီးခြောက်ကို သန့်စင်နိုင်မည်ဖြစ်သည်။
" စိတ်မပူနဲ့။ အချိန်ကန့်သတ်ချက်မရှိဘူး။ ဖြည်းဖြည်းလုပ်လို့ရတယ်။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ရှင်းပြလိုက်သည်။
ကျောက်စိမ်းဘူးသီးခြောက်၏ ပိုင်ရှင် ချန်ထားခဲ့သော စံနှုန်းများအရ ရုန်းများကို နားလည်ခြင်းက စကြာဝဠာခေတ်တစ်ခုအတွင်း ကန့်သတ်ထားသော်လည်း ရုန်းများကို အတွင်းကမ္ဘာထဲသို့ ပေါင်းစည်းခြင်းက ထိုသို့သော ကန့်သတ်ချက်များမရှိပေ။
" နင် ကျောက်စိမ်းဘူးသီးခြောက်ကို မသန့်စင်ရသေးပေမယ့် နင့်ရဲ့ အတွင်းစကြာဝဠာထဲကို ငါ့ကို ပို့ပြီး စကြာဝဠာဖွဲ့စည်းပုံကို ဘယ်လိုမြန်မြန် ပေါင်းစည်းရမလဲဆိုတာ လမ်းညွှန်ပေးနိုင်တယ်။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ပြောလိုက်သည်။
စကြာဝဠာဖွဲ့စည်းခြင်းက မယုံနိုင်လောက်အောင် ကျယ်ပြန့်ပြီး ရှုပ်ထွေးသည်။ အနည်းငယ် ပြောင်းလဲသွားခြင်းက စကြာဝဠာတစ်ခုလုံး ပြိုလဲခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ သို့သော် ရုန်းအားလုံးကို နားလည်ပြီးနောက် လင်းယွမ်က ပုံစံခွက်တစ်ခုကို ရရှိသကဲ့သို့ ဖြစ်ပြီး ရုန်းများ၏ ဖွဲ့စည်းပုံများအတိုင်း ပြောင်းလဲနေသရွေ့ မတော်တဆမှုများ ဖြစ်လာမည်မဟုတ်ပေ။
" ပြဿနာမရှိဘူး။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
သူက အနီရောင်ဝတ်စုံနှင့် မိန်းကလေးကို သတိထားရန် မလိုအပ်ပေ။ ကျောက်စိမ်းဘူးသီးခြောက်၏ ပိုင်ရှင်က သူ့ကို အမှန်တကယ် သတ်ချင်ခဲ့လျှင် ထိုမျှရှုပ်ထွေးနေရန် မလိုအပ်ဘဲ အတွေးတစ်ခုတည်းဖြင့် ဖိနှိပ်နိုင်သည်။
သို့သော် အလွှာဆယ့်သုံး အချိန်သက်ရှိတစ်ယောက်ပင် သူ့ကို သတ်နိုင်မည်မဟုတ်ပေ။ အကြောင်းမှာ ရင်းမြစ်ကမ္ဘာသို့ ဆင်းသက်ခြင်းက သူ၏ မူလစိတ်အသိကို အသုံးပြုထားသောကြောင့် ဖရိုဖရဲဟင်းလင်းပြင်မှ မူလခန္ဓာကိုယ်နှင့် ကိုယ်ပွားအားလုံး သေဆုံးလျှင်တောင် ရင်းမြစ်ကမ္ဘာမှာ ခန္ဓာကိုယ်က ထိခိုက်မှုရှိမည်မဟုတ်ပေ။
ရင်းမြစ်ကမ္ဘာက မတူညီသော ဒိုင်မန်ရှင်းများတွင် တည်ရှိပြီး အလွှာဆယ့်သုံး အချိန်သက်ရှိများအတွက်ပင် ဖြတ်ကျော်ရန် ခက်ခဲသည်။ သူတို့၏အဆင့်က ဒိုင်မန်းရှင်းများကို ရှာဖွေနေဆဲ အဆင့်တွင်သာရှိသည်။
လင်းယွမ်က ကျောက်စိမ်းဘူးသီးခြောက်ကို အနည်းငယ် ထိန်းချုပ်ပြီး အနီရောင်ဝတ်စုံနှင့် မိန်းကလေးကို သူ၏ အတွင်းစကြာဝဠာထဲသို့ ဝင်ခွင့်ပြုလိုက်သည်။ သူမက ဘူးသီးခြောက်ထဲမှ ထွက်ခွာပြီး ပြင်ပလေထုကို ခံစားလိုက်ရချိန်တွင် စိတ်သက်သာရာရသော အမူအရာ ပေါ်လာသည်။
" အသက်အဆင့်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့်မှာပဲ။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက လင်းယွမ်၏ အသက်အဆင့်ကို ခံစားလိုက်ရသည်။ ကျောက်စိမ်းဘူးသီးခြောက်၏ စိတ်ဝိညာဉ်အနေဖြင့် သူမ၏ အာရုံခံမှုက ဖရိုဖရဲမဟာသူတော်စင်အချို့ထက်ပင် သာလွန်နိုင်သည်။
" လမ်းစဉ်ခွဲထွက်ခြင်းအဆင့် " မိန်းကလေးက ခဏတိတ်ဆိတ်သွားမိသည်။ လမ်းစဉ်ခွဲထွက်ခြင်းအဆင့်နှင့် ရုန်းများအားလုံးကို တစ်နှစ်အတွင်း နားလည်ခဲ့သည်။ ထို့နောက် သူမက လင်းယွမ်၏ အတွင်းစကြာဝဠာထဲသို့ ဝင်ရောက်သွားသည်။
" အလင်းနှစ် ရှစ်သန်းနီးပါး..." အနီရောင်ဝတ်စုံနှင့် မိန်းကလေးက အနည်းငယ် အံ့အားသင့်သွားပြန်သည်။
လမ်းစဉ်ခွဲထွက်ခြင်းအဆင့်နှင့် အတွင်းစကြာဝဠာ အလင်းနှစ်ရှစ်သန်းက အလွန်ရှားပါးလှသည်။ ကျောက်စိမ်းဘူးသီးခြောက်၏ အရည်ခုနှစ်မျိုးဖြင့် အုတ်မြစ်ချထားသော်လည်း ခိုင်မာသော အခြေခံလိုအပ်သည်။
သို့သော် ဖရိုဖရဲဟင်းလင်းပြင်က ကျယ်ပြန့်လှသည်။ အချိန်သွေးမျိုးဆက်ပိုင်ဆိုင်သော ထူးခြားသည့် သက်ရှိများက မွေးဖွားချိန်ကတည်းက အလွန်ကျယ်ပြန့်သော အတွင်းစကြာဝဠာများကို ပိုင်ဆိုင်ခဲ့ကြသည်။ လမ်းစဉ်ခွဲထွက်ခြင်းအဆင့်ဖြင့် အလင်းနှစ် ရှစ်သန်းနီးပါးရှိသော အတွင်းစကြာဝဠာကို ပိုင်ဆိုင်ရန် မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
အတွင်းစကြာဝဠာနှင့် ယှဉ်လျှင် အနီရောင်ဝတ်စုံနှင့် မိန်းကလေးကို အံ့အားသင့်စေသည်မှာ လင်းယွမ်၏ နားလည်နိုင်စွမ်းဖြစ်သည်။
" ငါစမ်းကြည့်လိုက်မယ်။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်၍ မျက်လုံးများမှိတ်ပြီး ခဏအာရုံခံကာ နေရာတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။ " အဲ့ဒီကနေစလိုက်ပါ။ "
" နားလည်ပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ သူက ထိုနေရာကို ထိန်းချုပ်ပြီး ပထမဆုံး ရုန်းအတွင်းစကြာဝဠာ၏ ပုံစံခွက်ကို အသုံးပြု၍ စတင်ပေါင်းစည်းလိုက်သည်။
အတွင်းစကြာဝဠာတစ်ခုလုံးက သေးငယ်သော တုန်ခါမှုတစ်ခုပျံ့နှံ့သွားပြီး လင်းယွမ်က မျက်မှောင်ကြုတ်၍ သူ၏ လုပ်ဆောင်မှုများကို ရပ်တန့်လိုက်သည်။
" ဘယ်လိုလဲ။ နင့်ရဲ့အတွင်းစကြာဝဠာ ပြိုလဲတော့မယ်လို့ ခံစားရတယ်မလား။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ပြုံး၍ ပြောလိုက်သည်။
" ဟုတ်တယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
" ဒါက ပုံမှန်ပါပဲ။ စကြာဝဠာဖွဲ့စည်းပုံကို ပြောင်းလဲတာက စကြာဝဠာတစ်ခုလုံးကို သက်ရောက်မှုရှိတယ်။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ပြောလိုက်သည်။ " ဒါပေမယ့် အခြားသူတွေက စကြာဝဠာဖွဲ့စည်းပုံကို ပြောင်းလဲရင် သူတို့ရဲ့ အတွင်းစကြာဝဠာက လုံးဝ ပြိုလဲသွားနိုင်တဲ့ အန္တရာယ်ရှိပေမယ့် နင်ကတော့ စိတ်ပူစရာမလိုဘူး။ "
ရုန်းများအားလုံးကို အပြည့်အဝ နားလည်ထားသော လင်းယွမ်အတွက် စကြာဝဠာဖွဲ့စည်းပုံကို ပြောင်းလဲခြင်းက ရိုးရှင်းသည်။ လင်းယွမ်က တိတ်ဆိတ်စွာ နားထောင်နေသည်။
" ငါ ဆက်လုပ်မယ်။ " လင်းယွမ်က သူ၏ အတွင်းစကြာဝဠာ ဖွဲ့စည်းပုံ ပြောင်းလဲခြင်းတွင် တစ်ဖန် နစ်မြှုပ်သွားပြန်သည်။
အစပိုင်းတွင် လင်းယွမ်၏ စကြာဝဠာဖွဲ့စည်းပုံ ပြောင်းလဲမှုအရှိန်က အတော်လေးနှေးကွေးခဲ့သည်။ အကြောင်းမှာ သူက အလွန်သတိထားနေသောကြောင့် ဖြစ်သည်။ သို့သော် ဆက်လက်ပြောင်းလဲလာသည်နှင့်အမျှ လင်းယွမ်က လျင်မြန်စွာ ကျွမ်းကျင်လာပြီး ပြောင်းလဲမှုအရှိန်က မြင့်တက်လာသည်။
" ဒီကောင်..." အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ဘေးမှကြည့်နေသည်။
အစပိုင်းတွင် သူမက လင်းယွမ်ကို ဘယ်နေရာဘယ်လမ်းကြောင်းအား ပြောင်းလဲရမည်ကို လမ်းညွှန်နေသော်လည်း တဖြည်းဖြည်းနှင့် သူမက နောက်ထပ် လမ်းညွှန်မှုမပေးနိုင်ကြောင်း တွေ့ခဲ့ရသည်။
လင်းယွမ် စကြာဝဠာဖွဲ့စည်းပုံကို ပြောင်းလဲရန် အသုံးပြုသည့် နည်းလမ်းများက သူမသိထားသည်ထက်ပင် ပိုမိုကောင်းမွန်နေခဲ့သည်။ အတွင်းစကြာဝဠာတစ်ခုစီက မတူညီသောကြောင့် အနီရောင်ဝတ်စုံနှင့် မိန်းကလေးက အထွေထွေလမ်းကြောင်းများကိုသာ နားလည်ထားသည်။ သူမက လင်းယွမ်၏ အတွင်းစကြာဝဠာကို နားလည်ရာတွင် သူ့ကို ယှဉ်နိုင်မည်မဟုတ်ပေ။
ရင်းမြစ်ကမ္ဘာ၊ ချင်းဖန်နယ်မြေ၊ ယုမိသားစု။ လင်းယွမ်က ထိုင်နေပြီး သူ၏ အော်ရာကို နက်ရှိုင်းစွာ ဖုံးကွယ်ထားသည်။
" သိုင်းတာအိုကို ပြောင်းလဲတာ အတော်လေး ချောမွေ့နေပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
မူလ ယုရန်က ပင်မစကြာဝဠာတွင် အလွှာရှစ် သို့မဟုတ် အလွှာကိုးနှင့် ညီမျှပြီး သူ၏ ခန္ဓာကိုယ်အတွင်း ကြီးမားသော ယွမ်စွမ်းအားပမာဏကို စုပ်ယူထားသည်။ လင်းယွမ်က သိုင်းတာအိုကို ပြန်လည်ကျင့်ကြံရာတွင် ယွမ်စွမ်းအားများကို အားဖြည့်ရန်အတွက် အသုံးပြုခဲ့သည်။
" လီယန်ရှေးဟောင်းနိုင်ငံ။ " လင်းယွမ်က ကောင်းကင်ရှိ ထာဝရနေကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။
" လီယန်ကျင့်စဉ်..." လင်းယွမ်၏ စိတ်ထဲတွင် ကျင့်စဉ်တစ်ခု ပေါ်လာသည်။
လီယန်ကျင့်စဉ်က ခန္ဓာကိုယ်အတွင်း လီယန်မျိုးစေ့ကို စုစည်းခြင်းဖြစ်သည်။ လီယန်မျိုးစေ့က ရုပ်ခန္ဓာကို အားဖြည့်ခြင်း၊ စိတ်နှင့် စိတ်ဝိညာဉ်ကို စောင့်ရှောက်ခြင်း စသည်ဖြင့် အသုံးပြုမှုများစွာ ပါဝင်သည်။ လီယန်ရှေးဟောင်းနိုင်ငံမှ မွေးဖွားသူတိုင်းက အခြေခံအုတ်မြစ်တည်ဆောက်ရန်အတွက် လီယန်ကျင့်စဉ်ကို ချီးမြှင့်ခြင်း ခံရသည်။
" ဒီလီယန်ကျင့်စဉ်က လီယန်ဘိုးဘေးဆီကနေ ဆင်းသက်လာပြီး လီယန်ရှေးဟောင်းနိုင်ငံအတွင်း ပျံ့နှံ့စေတာကလည်း သူ့ရဲ့ ဆန္ဒအရပဲ။ " လင်းယွမ်က တွေးလိုက်သည်။
လီယန်ကျင့်စဉ်က လွယ်ကူရာမှ ခက်ခဲရာသို့ တိုးတက်သည်။ လီယန်မျိုးစေ့တစ်ခုကို ပေါင်းစည်းရန် လွယ်ကူသော်လည်း မျိုးစေ့ဆယ်ခု၊ မျိုးစေ့တစ်ရာကို ပေါင်းစည်းရန် အလွန်ခက်ခဲသည်။ ဤကမ္ဘာတွင် လမ်းစဉ်ခွဲထွက်ခြင်းအဆင့်ကို တာအိုရှာဖွေခြင်းအဆင့်ဟုခေါ်ပြီး သဘောတရားက မိမိ၏ လမ်းကြောင်းကို ဖောက်ထွင်းခြင်းဖြစ်သည်။
" ငါ သိုင်းတာအိုနဲ့ ပေါင်းစည်းလို့ရမရ သိဖို့ နည်းနည်း ကျင့်ကြံကြည့်ရမယ်။ " လင်းယွမ်က တွေးလိုက်သည်။
လီယန်ကျင့်စဉ်က လီယန်ဘိုးဘေးမှ ဆင်းသက်လာခြင်းဖြစ်ပြီး ဖုံးကွယ်ထားသော အန္တရာယ်များ ရှိမရှိ မသေချာသော်လည်း ဤခန္ဓာကိုယ်နှင့် ကျင့်ကြံလျှင် အဆိုးဆုံးအနေဖြင့် ဤဆင်းသက်မှုကို စွ့န်လွှတ်လိုက်ရုံသာဖြစ်သည်။
" အရင်ယုရန်က လီယန်မျိုးစေ့ ကိုးခုကို ပေါင်းစည်းဖို့ နှစ်ပေါင်းရာချီအချိန်ယူခဲ့ရတယ်။ "
တုန်ယန်မိသားစုမှ တုန်ယန်မန်ကလည်း လီယန်မျိုးစေ့ ကိုးခုကို ပေါင်းစည်းနိုင်ခဲ့ပြီး သူမနှင့် ယုရန်တို့က အရှင်ချင်းဖန်၏ တပည့်များအဖြစ် လျာထားခြင်းခံခဲ့ရသည်။
" ကံမကာင်းတာက အဲ့ဒီလီယန်မျိုးစေ့ ကိုးခုက တုန်ယန်မိသားစု လုပ်ကြံသတ်ဖြတ်တုန်းက သုံးခုက ပျက်ဆီးသွားပြီး သိုင်းတာအိုကို ပြောင်းလဲလိုက်တော့ ခြောက်ခုကလည်း ပြိုကွဲသွားခဲ့တယ်။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
လီယန်ကျင့်စဉ်က အမွေအနှစ်လည်းမဟုတ် တာအိုလည်းမဟုတ်ပဲ ကျင့်ကြံမှုကို အထောက်အကူပြုသော နည်းလမ်းတစ်ခုနှင့်ပိုတူပြီး ခန္ဓာကိုယ်အတွင်း မျိုးစေ့များကို ပေါင်းစည်းခြင်းဖြင့် အခြေခံအရည်အသွေးများကို တိုးမြှင့်ပေးသည်။
" စမယ်။ " လင်းယွမ်၏ အတွေးများက စုစည်းလာပြီး လီးယန်ကျင့်စဉ်ကို စမ်းကြည့်လိုက်သည်။
ကောင်းကင်နှင့် မြေကြီးကြားမှ ပူပြင်းသော အငွေ့အသက်များက လင်းယွမ်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီး ဖြည်းညင်းစွာ စုစည်းလာသည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် လီယန်ကျင့်စဉ်ကို ကျင့်ကြံပြီး ပထမဆုံးလီယန်မျိုးစေ့ကို ပုံဖော်နိုင်သွားပါပြီ။ ]
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် လီယန်ကျင့်စဉ်ကို ကျင့်ကြံပြီး တတိယလီယန်မျိုးစေ့ကို ပုံဖော်နိုင်သွားပါပြီ။ ]
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် လီယန်ကျင့်စဉ်ကို ကျင့်ကြံပြီး ပဉ္စမလီယန်မျိုးစေ့ကို ပုံဖော်နိုင်သွားပါပြီ။ ]
နေ့တစ်ဝက်ကြာပြီးနောက် လင်းယွမ်က လီယန်မျိုးစေ့ ကိုးစေ့ကို စုစည်းနိုင်ခဲ့သည်။ သူက မူလခန္ဓာကိုယ်ပိုင်ရှင် နှစ်ပေါင်းများစွာ ကြိုးစားပြီးမှ ရောက်ရှိခဲ့သော အဆင့်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။