← Chapters

လီယန်မျိုးစေ့၏ သက်ရောက်မှု...

Vol. 54 Ch. 795

လီယန်မျိုးစေ့၏ သက်ရောက်မှု...

Vol. 54 Ch. 795

" ပြောင်းလဲမှုတော့ သိပ်မရှိဘူး။ " လင်းယွမ်က သူ၏ ခန္ဓာကိုယ်အတွင်းရှိ လီယန်မျိုးစေ့ကိုး​စေ့ကို စောင့်ကြည့်နေသည်။

"ဒါ ငါအရင် မျိုးစေ့ကိုးစေ့ကို ပေါင်းစည်းထားလို့ဖြစ်ရမယ်။ လီယန်မျိုးစေ့တွေ ပျက်ဆီးသွားပေမယ့် ငါ့ရဲ့ နယ်ပယ်က ရှိနေတုန်းပဲ။ ဒါကြောင့် ကိုးစေ့ပြန်ရတော့လည်း ပြောင်းလဲမှုသိပ်မရှိတာဖြစ်ရမယ်။ " လင်းယွမ်က တွေးလိုက်သည်။

" ဒါဆို ဆယ်ခုမြောက် မျိုးစေ့ကို စုစည်းကြည့်တာပေါ့။ " လင်းယွမ်က ဆက်လက်ကျင့်ကြံလိုက်သည်။

လီယန်မျိုးစေ့ ကိုးခုနှင့် ဆယ်ခုကြားကွာခြားချက်က မျိုးစေ့တစ်ခုသာ ဖြစ်သော်လည်း ၎င်းက ကြီးမားသော ကွာခြားချက်ရှိသည်။ ခက်ခဲမှုက အလွန်မြင့်မားလှသည်။ နှစ်နာရီကြာပြီးနောက် ဆယ်ခုမြောက် မျိုးစေ့က ဖြည်းညင်းစွာ ပုံဖော်လာသည်။

" ဒါက " လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

လီယန်မျိုးစေ့ဆယ်ခုက သူ၏ ခန္ဓာကိုယ်အတွင်း ဖြည်းညင်းစွာ လည်ပတ်နေပြီး ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီးနှင့် ပဲ့တင်ထပ်ကာ သိပ်သည်းသော နိယာမလှုပ်ရှားမှုများ ထွက်ပေါ်လာသည်။ ရင်းမြစ်ကမ္ဘာတွင် နိယာမလှုပ်ရှားမှုများက ဖရိုဖရဲဟင်းလင်းပြင်မှ လှုပ်ရှားမှုများနှင့် ကွဲပြားသည်။ ၎င်းက လင်းယွမ်ကို တုန်လှုပ်သွားစေခဲ့သည်။ နိယာမလှုပ်ရှားမှုများက ဆယ်ဆပိုမိုသိပ်သည်းလာပြီး သူ့ကို ဉာဏ်အလင်းပွင့်လုနီးပါး ဖြစ်စေခဲ့သည်။

" ဒါဆို လီယန်မျိုးစေ့ရဲ့ သက်ရောက်မှုက ဒါပဲလား။ " လင်းယွမ်က သူ၏ စိတ်ကို ထိန်းချုပ်လိုက်သည်။

နိယာမလှုပ်ရှားမှုများအပေါ် အာရုံခံစားမှု မြှင့်တင်ခြင်းက နားလည်မှုကို တိုက်ရိုက်မြှင့်တင်ခြင်းမဟုတ်သော်လည်း အလွန်ကြောက်မက်ဖွယ်ကောင်းနေဆဲ ဖြစ်သည်။ နားလည်မှုက ကဏ္ဍအားလုံးကို သက်ရောက်မှုရှိသည်။ ဥပမာ လင်းယွမ်၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းက နိယာမများကို ခံစားရာတွင် အခြားသက်ရှိအားလုံးထက် များစွာသာလွန်ရုံသာမက အရာအားလုံးအပေါ် မယုံကြည်နိုင်လောက်အောင် သက်ရောက်မှုရှိသည်။

သို့သော် နိယာမလှုပ်ရှားမှုများအပေါ် အာရုံခံနိုင်စွမ်းကို တိုက်ရိုက်မြှင့်တင်ပေးနိုင်သည့်စွမ်းရည်များက အလွန်ရှားပါးသည်။ ပင်မစကြာဝဠာတွင် အချို့အထူးသက်ရှိများက နိယာမများအပေါ် ပို၍ အာရုံခံနိုင်စွမ်းရှိသော်လည်း ၎င်းက မွေးရာပါစွမ်းရည်ဖြစ်သည်။

အချို့ရတနာများနှင့် ဆေးဝါးများက အချို့နိယာများကို အာရုံခံနိုင်စွမ်း မြှင့်တင်ပေးနိုင်သော်လည်း ၎င်းတို့က အလွန်တန်ဖိုးကြီးသည့်အပြင် အချိန်ကန့်သတ်ချက်များလည်း ရှိသည်။

သို့သေယ် ယခု လီယန်ရှေးဟောင်းနိုင်ငံအတွင်း မည်သည့်သက်ရှိမဆို လီယန်ကျင့်စဉ်ကို ကျင့်ကြံနိုင်ပြီး အလားတူသက်ရောက်မှုမျိုးကို ခံစားနိုင်ကြသည်။ လီယန်မျိုးစေ့ဆယ်ခုက နိယာမလှုပ်ရှားမှုများကို ဆယ်ဆတိုးမြှင့်ပေးလျှင် လီယန်မျိုးစေ့ ဆယ်ခု သို့မဟုတ် နှစ်ဆယ်ခုဆိုလျှင် ဘယ်လိုနေမလဲ။

" လီယန်မျိုးစေ့က ဒီကောင်းကင်နဲ့မြေကြီး၊ ဒီရင်းမြစ်ကမ္ဘာ..." လင်းယွမ်၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။

လီယန်မျိုးစေ့ဆယ်ခုက သူ၏ ခန္ဓာကိုယ်အတွင်း ပျံဝဲကာ ကောင်းကင်နှင့်မြေကြီးနှင့် သိမ်မွေ့စွာ ဆက်သွယ်နေပြီး နိယာမလှုပ်ရှားမှုမျာကို သိသာထင်ရှားစေသည်။

" လီယန်မျိုးစေ့ဆယ်ခုရဲ့ အထောက်အပံ့နဲ့ဆို ငါ အချိန်လေဟာနယ် သတ္တမအဆင့် အထွတ်အထိပ်ကို နှစ်တစ်ထောင်အတွင်း ရောက်နိုင်လိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

အစတွင် သူက အချိန်လေဟာနယ် သတ္တမအဆင့် အထွတ်အထိပ်ကို ရောက်ရှိရန် အနည်းဆုံး နှစ်ပေါင်းတစ်သောင်းကြာမြင့်ပေလိမ့်မည်။ နှစ်ပေါင်းတစ်သောင်းက အလွန်တိုတောင်းနေပြီဖြစ်သည်။

အလွှာဆယ့်နှစ် လမ်းစဉ်ခွဲထွက်ခြင်းအဆင့် သို့မဟုတ် လွှမ်းမိုးခြင်းအဆင့်ရှိသူများက အချိန်လေဟာနယ် သတ္တမအဆင့် အလယ်အလတ်အဆင့်မှ အထွတ်အထိပ်အဆင့်သို့ တက်လှမ်းရန် စကြာဝဠာခေတ်များစွာ ကြာမြင့်နိုင်သည်။

" ဘာပဲဖြစ်ဖြစ် လီယန်ကျင့်စဉ်မှာ ဖုံးကွယ်ထားတဲ့ အန္တရာယ်တွေ ရှိနေရင်တောင် နိယာမတွေ အာရုံခံနိုင်စွမ်းမြှင့်တင်မှုက စစ်မှန်တယ်။ ငါ လီယန်မျိုးစေ့တွေကို ဆက်ပြီး စုစည်းမယ်။ တစ်ခုခုဖြစ်လာရင် ဒီရုပ်ခန္ဓာကို စွန့်လွှတ်လိုက်ရုံပဲ။ " လင်းယွမ်က ဆုံးဖြတ်ချက်ချလိုက်သည်။

သာမန်လူများပင် လီယန်မျိုးစေ့ ဆယ်ခုကို ပေါင်းစည်းပြီးသည်နှင့် နိယာမများကို နားလည်ရာတွင် ပါရမီရှင်များ ဖြစ်လာနိုင်သည်။ ကောင်းကင်ဆန့်ကျင်သော နားလည်နိုင်စွမ်းကို ပိုင်ဆိုင်သော လင်းယွမ်လိုလူမျိုးဆိုလျှင် ပြောစရာပင်မလိုပေ။

လင်းယွမ်က ဆက်လက်ကျင့်ကြံပြီး လီယန်မျိုးစေ့များ ပိုမိုပေါင်းစည်းရန် ပြင်ဆင်နေစဉ် သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

" ရန်အာ ဘယ်လိုနေသေးလဲ။ " အမျိုးသားတစ်ယောက်၏ အသံက ထွက်ပေါ်လာသည်။ သူက ယုရန်၏ ဖခင်၊ ယုမိသားစု၏ ခေါင်းဆောင် ယုရှောင်လုံဖြစ်သည်။ သူက အလွှာဆယ့်တစ်ခွန်အားကို ပိုင်ဆိုင်ပြီး အလွှာဆယ့်နှစ်သို့ အချိန်မရွေး ဝင်ရောက်နိုင်ပြီဖြစ်သည်။

" အဆင်ပြေပါတယ်။ " လင်းယွမ်က မတ်တပ်ရပ်၍ တံခါးဖွင့်လိုက်ရာ ဖခင် ယုရှောင်လုံနှင့် မိခင်တို့နှစ်ယောက်လုံးက စိုးရိမ်သော အမူအရာများနှင့်ရှိနေသည်ကို တွေ့လိုက်ရသည်။

" အဲ့ဒါကောင်းတယ်။ " ယုရှောင်လုံက လင်းယွမ်ကို ကြည့်ပြီး အနည်းငယ် စိတ်သက်သာရာရသွားသည်။ ထို့နောက် သူက ဒေါသတကြီး ပြောလိုက်သည်။ " တုန်ယန်မိသားစုက အဲ့ဒီကောင်မလေးက အရှင်ချင်းဖန်ရဲ့ တပည့်ဖြစ်ဖို့အတွက် ဒီလိုလုပ်ရပ်မျိုးကို လုပ်တာ တကယ်မကောင်းတဲ့ စိတ်ဓာတ်ပဲ။ "

" ဟုတ်တယ်။ " ယုရန်၏ မိခင်ဖြစ်သူက လင်းယွမ်ကို ကြည့်လိုက်သည်။

ယုရန်နှင့် တုန်ယန်မန်တို့၏ ဆက်ဆံရေးကို အခြားမိသားစုဝင်များမပြောနှင့် ယုရှောင်လုံပင်မသိသော်လည်း မိခင်ဖြစ်သူကတော့ ကောင်းကောင်းသိခဲ့သည်။

" အဲ့ဒါတွေအားလုံးက အတိတ်က အရာတွေပဲ။ " လင်းယွမ်က ပြုံးလိုက်သည်။

လင်းယွမ်က ယုရန်၏ ယခင်အဖြစ်အပျက်များကို ဂရုမစိုက်ပေ။ အများဆုံး သူ၏ ခွန်အား လုံလောက်သည်အထိ သန်မာလာလျှင် တုန်ယန်မိသားစုတစ်ခုလုံးကို ရှင်းလင်းလိုက်ရုံသာဖြစ်သည်။

" ဒီကိစ္စကို သားအဘိုးကို ပြောပြီးပြီ။ သူက သားအတွက် တာဝန်ယူပေးလိမ့်မယ်။ " သူ၏ မိခင် ဝေချီလင်းက ပြောလိုက်သည်။

ဝေချီမိသားစုက ချင်းဖန်နယ်မြေတွင် ပထမအဆင့် မိသားစုတစ်ခုဖြစ်ပြီး သူတို့က ဆုတ်ယုတ်နေသော်လည်း သိသာထင်ရှားသော ​ဩဇာလွှမ်းမိုးမှုရှိနေဆဲ ဖြစ်သည်။

တုန်ယန်မိသားစုက သူတို့၏ ရည်မှန်းချက်များ အောင်မြင်ရန်အတွက် ယုရန်ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့သည်။ ထိုသတင်းက အရှင်ချင်းဖန်ဆီသို့ ရောက်ရှိခဲ့လျှင် တုန်ယန်မိသားစု၏ ဝင်ခွင့်ကို ရုတ်သိမ်းပစ်နိုင်ခြေရှိသည်။ ၎င်းက ယုမိသားစုလုပ်နိုင်သော တစ်ခုတည်းသော အရာဖြစ်သည်။

တုန်ယန်မိသားစုက ယုရန်ကို လုပ်ကြံခဲ့သောကြောင့် သူ၏ လီယန်မျိုးစေ့များ ကွဲကြေသွားခဲ့ပြီး အတွင်းဒဏ်ရာများစွာလည်း ရရှိခဲ့သောကြောင့် ဆယ်စုများစွာကြာအောင် ပြန်လည်ကုသရပေလိမ့်မည်။ ထိုအခြေအနေတွင် အရှင်ချင်းဖန်၏တပည့်နေရာအတွက် ယှဉ်ပြိုင်ရန် အရည်အချင်းမပြည့်မီ​တော့ပေ။

အရှင်ချင်းဖန်က တုန်ယန်မိသားစု၏ ဝင်ခွင့်ကို ထုတ်ပယ်ခဲ့လျှင်တောင် လင်းယွမ်ကို လက်ခံမည်မဟုတ်ပေ။

" တုန်ယန်မိသားစုနဲ့ ပက်သက်တဲ့ ကိစ္စတွေကို ငါတို့ကိုင်တွယ်လိုက်မယ်။ သား မင်းက ကျန်းမာရေးသက်သာအောင်ပဲ အာရုံစိုက်ပါ။ " ယုရှောင်လုံက ပြောလိုက်သည်။

တုန်ယန်မိသားစုက ပထမအဆင့် မိသားစုဖြစ်မလာသေးသောကြောင့် ယုမိသားစုက အခွင့်အရေးယူပြီး တိုက်ခိုက်မည်ဖြစ်သည်။

" တကယ်တော့ တုန်ယန်မိသားစုနဲ့ တိုက်ခိုက်ဖို့ မလိုဘူး။ " လင်းယွမ်က ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။

ယုမိသားစုနှင့် တုန်ယန်မိသားစုတို့က ဒုတိယအဆင့် မိသားစုများဖြစ်ကြပြီး အင်အားကလည်း တူညီကြသည်။ တုန်ယန်မိသားစုကို တိုက်ခိုက်ခြင်းက ယုမိသားစုကိုလည်း ထိခိုက်စေပေလိမ့်မည်။

လင်းယွမ်၏ အမြင်အရ ထိုသို့ လုပ်ရန် မလိုအပ်ပေ။ သူ၏ တိုးတက်မှုနှုန်းနှင့် သူက မကြာခင် တုန်ယန်မိသားစုကို ကျော်လွန်သွယးပေလိမ့်မည်။ ထိုအချိန်ကျလျှင် တုန်ယန်မိသားစုကို ရှင်းလင်းရန် အတွေးတစ်ခုသာ လိုအပ်သည်။ လင်းယွမ်က ယုရန်၏ မှတ်ဉာဏ်များကို ရရှိထားခြင်းဖြစ်ပြီး ယုမိသားစုအပေါ် ခံစားချက်များရှိနေသောကြောင့် သူတို့ကို အဓိပ္ပါယ်မရှိဘဲ သေဆုံးမည်ကို မလိုလားပေ။

" တုန်ယန်မိသားစုနဲ့ တိုက်ခိုက်ဖို့မလိုဘူးလား။ "

" ငါသား သူတို့ မင်းကို လုပ်ခဲ့တဲ့အရာအတွက် သူတို့ ပြန်ပြီး ပေးဆပ်ရလိမ့်မယ်။ " ယုရှောင်လုံက ပြောလိုက်သည်။ " ဒီကိစ္စကို ဘိုးဘေးတွေနဲ့ ပြောပြီးသွားပြီ။ "

ထိုစကားကို ကြားသောအခါ လင်းယွမ်က ဆက်လက်တားဆီးခြင်းမပြုတော့ပေ။ သူက မကြာမီ တုန်ယန်မိသားစုကို ဖျက်ဆီးနိုင်သည်အထိ သန်မာလာမည်ဟု ဘယ်လိုမှ ထုတ်ပြောနိုင်မည်မဟုတ်ပေ။ ယုရှောင်လုံအတွက် ၎င်းက အရူးအိပ်မက်ကဲ့သို့ ဖြစ်နေပေလိမ့်မည်။ ယုမိသားစုနှင့်တုန်ယန်မိသားစုက နှစ်ပေါင်းများစွာကြာအောင် တူညီသော အဆင့်တွင် ရှိနေခဲ့ကြသည်။

" ကျွန်တော် ကျင့်ကြံဖို့အတွက် အရင်းအမြစ်တွေ လိုအပ်တယ်။ " လင်းယွမ်က ပြောလိုက်သည်။

သိုင်းတာအိုကို ကျင့်ကြံခြင်းက အရင်းအမြစ်များစွာ လိုအပ်ပြီး ယုမိသားစု၏ အရင်းအမြစ်များကို အားကိုးခြင်းဖြင့် လင်းယွမ်က အစောပိုင်းအဆင့်များတွင် သူဘာသာသူ စုဆောင်းရန် မလိုတော့ပေ။ သူ၏ ခွန်အား အချို့ပြန်လည်ရရှိလာပြီး သူ့ကိုသူ ကာကွယ်နိုင်လျှင် အရင်းအမြစ်များအတွက် စိတ်ပူရန် မလိုတော့ပေ။

" အရင်းအမြစ်တွေ... ပြဿနာမရှိဘူး။ " ယုရှောင်လုံက ခဏအံ့အားသင့်သွားပြီး ခေါင်းညိမ့်လိုက်သည်။

" ဒါဆို ငါသွားတော့မယ်။ မင်းလိုအပ်တာရှိရင် ပြောသာပြောပါ။ " ယုရှောင်လုံနှင့် ဝေချီလင်းတို့က ထွက်ခွာသွားကြသည်။

ထို့နောက် လင်းယွမ်က လီယန်မျိုးစေ့များ ပေါင်းစည်းခြင်းကို ပြန်လည်စတင်လိုက်သည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် လီယန်ကျင့်စဉ်ကို ကျင့်ကြံပြီး နှစ်ဆယ်ခုမြောက် လီယန်မျိုးစေ့ကို ပေါင်းစည်းသွားပါပြီ။ ]

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် လီယန်ကျင့်စဉ်ကို ကျင့်ကြံပြီး သုံးဆယ်ခုမြောက် လီယန်မျိုးစေ့ကို ပေါင်းစည်းသွားပါပြီ။ ]

ယုရှောင်လုံနှင့် ဝေချီလင်းတို့ကို မျက်နှာချင်းဆိုင်ထိုင်နေကြသည်။

" ဒီကိစ္စကို အရှင်ချင်းဖန်ဆီ ရောက်ဖို့ ဝေချီမိသားစုက ယုံကြည်မှုရှိလား။ " ယုရှောင်လုံက မေးလိုက်သည်။

" ငါတို့ သေချာတယ်။ အရှင်ချင်းဖန်မသိရင်တောင် သူ့လက်အောက်က တစ်ယောက်ယောက် သိလိမ့်မယ်။ ဒါပေမယ့် အဲ့လိုသိခဲ့ရင်တောင် သူတို့က တုန်န်မိသားစုကို အများကြီး လုပ်မှာမဟုတ်ဘူး။ " ဝေချီလင်းက ခေါင်းခါလိုက်သည်။

All Chapters