← Chapters

လီယန်မျိုးစေ့ ၃၃၃၃ခု....

Vol. 54 Ch. 796

လီယန်မျိုးစေ့ ၃၃၃၃ခု....

Vol. 54 Ch. 796

" ဒါဆို မင်း ယုရန်ကို ပြောတာက..." ယုရှောင်လုံက မျက်ခုံးများပင့်သွားသည်။

" ကျွန်မတို့သားကို နှစ်သိမ့်ပေးနေတာလေ။ " ဝေချီလင်းက ယုရှောင်လုံးကို ကြည့်လိုက်သည်။

" နားလည်ပြီ။ " ယုရှောင်လုံးက ခေါင်းညိမ့်လိုက်သည်။

" နှမြောစရာပဲ။ ရန်အာက လီယန်မျိုးစေ့ကိုးခုကို ပေါင်းစည်းနိုင်ခဲ့တယ်။ သူက ဆယ်ခုမြောက်ကိုသာ ပေါင်းစည်းနိုင်ခဲ့ရင် တုန်ယန်မိသားစုက ပြိုင်ဘက်မဖြစ်နိုင်တော့ဘူး။ သူက အရှင်ချင်းဖန်ရဲ့ လက်အောက်ကို တိုက်ရိုက်ဝင်ရောက်နိုင်လိမ့်မယ်။ " ဝေချီလင်းက သက်ပြင်းချလိုက်သည်။

လီယန်မျိုးစေ့ကိုးခုနှင့် ဆယ်ခုကြား ကွာခြားချက် နက်နဲသည်။ အသက်ငါးရာမတိုင်မီ လီယန်မျိုးစေ့ဆယ်ခုကို ပေါင်းစည်းနိုင်ခြင်းက အရှင်ချင်းဖန်၏ ကြည့်ရှုခြင်းကို ခံရပေလိမ့်မည်။ ထိုသို့သော ပါရမီရှင်တစ်ယောက်ကို လုပ်ကြံခံရလျှင် အရှင်ချင်းဖန်က နောက်ကွယ်ရှိ အင်အားစုကို စုံစမ်းပြီး အပြစ်ပေးပေလိမ့်မည်။

ယုရန်က လီယန်မျိုးစေ့ဆယ်ခုကို ပေါင်းစည်းနိုင်ခဲ့လျှင် သူက တုန်ယန်မိသားစုထဲသို့ ဝင်ရောက်သွားလျှင်တောင် ဒဏ်ရာမရဘဲ ပြန်ထွက်လာနိုင်သည်။

" ယုရန်ကို နှစ်သိမ့်ဖို့ အချိန်နည်းနည်းလိုသေးတယ်။ " ယုရှောင်လုံက တွေးလိုက်သည်။

အမှောင်စွမ်းအား၏ တိုက်စားမှုကြောင့် ယုရန်၏ လီယန်မျိုးစေ့များ ကွဲကြေသွားခဲ့သည်။ ဆယ်စုနှစ်အချို့ကြာသည်အထိ လီယန်မျိုးစေ့အသစ်များကို ပေါင်းစည်းနိုင်ဦးမည်မဟုတ်ပေ။ ယုရှောင်လုံ၏ အမြင်အရ ယုရန်၏ အနာဂတ်အလားအလာက များစွာ ကျဆင်းသွားပေလိမ့်မည်။

" လီယန်မျိုးစေ့ဆယ်ခုလား။ ငါတို့ ချင်းဖန်နယ်မြေမှာ ဒီလိုပါရမီရှင်တစ်ယောက် ဘယ်တုန်းက မွေးဖွားခဲ့တာလဲ။ " ဝေချီလင်းက ခေါင်းခါလိုက်သည်။

ဝေချီမိသားစု အထွတ်အထိပ်သို့ ရောက်ခဲ့သည့်အချိန်က အသက်ငါးရာအောက်တွင် လီယန်မျိုးစေ့ဆယ်ခုကို ပေါင်းစည်းနိုင်သော ပါရမီရှင်တစ်ယောက် မွေးဖွားခဲ့သောကြောင့် ဖြစ်သည်။

" ဒီအကြောင်းကို ထပ်မပြောတော့နဲ့။ ရန်အာက လီယန်မျိုးစေ့ဆယ်ခုကို မပေါင်းစည်းနိုင်ခဲ့ရင်တောင် သူက ငါတ်ု့သားပဲ။ " ယုရှောင်လုံက ပြောလိုက်သည်။

အချိန်များကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း လအချို့ကြာသွားခဲ့သည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် လီယန်ကျင့်စဉ်ကို ကျင့်ကြံပြီး ၃၆၈၉ခုမြောက် လီယန်မျိုးစေ့ကို ပေါင်းစည်နိုင်သွားပါပြီ။ ]

" လီယန်မျိုးစေ့ ၃၇၀၀...." လင်းယွမ်၏ ခန္ဓာကိုယ်အတွင်း နက်ရှိုင်းသောနေရာတွင် နောက်ထပ် လီယန်မျိုးစေ့တစ်ခု စုစည်းသွားခဲ့သည်။ စကြာဝဠာ၏ နိယာမလှုပ်ရှားမှုများက လှိုင်းလုံးကြီးများသဖွယ် လှုပ်ခါနေသည်။

" ဒါက တော်တော်လွန်တာပဲ။ " လင်းယွမ်က အံ့အားသင့်နေသည်။

ထိုကဲ့သို့ ကြီးမားသော နိယာမလှုပ်ရှားမှုများအောက်တွင် သာမန်လူများပင် အချိန်လေဟာနယ် ဆဋ္ဌမအဆင့်ကို ရောက်နိုင်မည့် အခွင့်အရေးရရှိနိုင်သည်။ ထို့အပြင် ပြည့်စုံသော လမ်းစဉ်တစ်ခုနှင့်ဆိုလျှင် အလွှာဆယ့်နှစ်ကိုပင် ကြိုးစားနိုင်သည်။

" အချိန်လေဟာနယ်..." လင်းယွမ်က များပြားသော နိယာမများထဲတွင် အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ဦးစားပေးခဲ့သည်။

ဖရိုဖရဲနိယာမက မရေတွက်နိုင်သော နိယာမများစွာမှ မွေးဖွားလာခြင်းဖြစ်ပြီး နိယာမများကို မြှင့်တင်ခြင်းက ဖရိုဖရဲနိယာမကို မြှင့်တင်ခြင်းပင်ဖြစ်သည်။

" လီယန်မျိုးစေ့ရဲ့ လုပ်ဆောင်ချက်က နိယာမတွေကို နားလည်မှု မြှင့်တင်ပေးရုံလောက်ပဲတော့မဟုတ်ဘူး။ " လင်းယွမ်က လေးနက်စွာ တွေးလိုက်သည်။

လီယန်မျိုးစေ့ ၃၃၃၃ခုကို စုစည်းပြီးသောအခါ သူ၏ ခန္ဓာကိုယ်အတွင်းမှ လီယန်မျိုးစေ့များအားလုံးက လည်ပတ်နေပြီး အသွင်ပြောင်းလဲမှုတစ်ခုကို ခံယူခဲ့သည်။ ထိုအသွင်ပြောင်းလဲမှုက ခွန်အားသက်သက် မြှင့်တင်ခြင်းမဟုတ်ပဲ နိယာမများ၏ အသွင်ပြောင်းလဲမှုဘက်သို့ ဦးတည်နေခဲ့သည်။

" လီယန်မျိုးစေ့ ၃၃၃၃ခုက အရေးပါတဲ့ နယ်နိမိတ်တစ်ခုပဲ။ "

ချင်းဖန်နယ်မြေ၏ သက်ရှိအများစုက လီယန်မျိုးစေ့၏ ကန့်သတ်ချက်များကို အစေ့တစ်ခု၊ အစေ့ဆယ်ခု၊ အစေ့တစ်ရာ စသည်ဖြင့် ခွဲခြားထားသည်။ သို့သော် လင်းယွမ်က လီယန်မျိုးစေ့ ၃၃၃၃ခုကို စုစည်းခဲ့ပြီး အဆုံးစွန်သော ဦးတည်ချက်သို့ ပြောင်းလဲနေခဲ့သည်။

လင်းယွမ်က ထိုအသွင်ပြောင်းလဲမှု၏ ဆုံးမှတ်ကို မသိသေးသော်လည်း မကောင်းသည့်အရာမဟုတ်သည်ကို သိထားသည်။

" ရုပ်ခန္ဓာအသွင်ပြောင်းလဲမှုကို ဘေးဖယ်ထားရင်တောင် အချိန်လေဟာနယ်အပေါ် လက်ရှိနားလည်မှုက သတ္တမအဆင့် အထွတ်အထိပ်ကို ရောက်နေပြီး အများဆုံးတစ်နှစ်အတွင်း အဆင့်တက်နိုင်လိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

" ဒါပေမယ့် အစေ့အသစ်တွေကို စုစည်းတာက အရင်ထက် အများကြီး ပိုခက်ခဲလာတယ်။ "

လီယန်မျိုးစေ့ ၃၃၃၄ခုမြောက်မှစ၍ အစေ့တစ်ခုစီကို စုစည်းရသည့် ခက်ခဲမှုက များစွာ တိုးလာခဲ့သည်။

" နောက်ထပ် ကန့်သတ်ချက်က ၃၃၃၃၃ခုဖြစ်လိမ့်မယ်။ အဲ့ဒါက ဘယ်လိုပြောင်းလဲမှုမျိုးပေးမလဲမသိဘူး။ "

လက်ရှိအခြေအနေအရ လီယန်မျိုးစေ့ ၃၃၃၃ခုက သေးငယ်သော စက်ဝန်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ထို့နောက် လီယန်မျိုးစေ့ ၃၃၃၃၃ခုက ကြီးမားသော စက်ဝန်းကို ဖြစ်ပေါ်နိုင်ပေလိမ့်မည်။

လီယန်မျိုးစေ့ကို စုစည်းခြင်းက နားလည်မှုကို စမ်းသပ်ခြင်းဖြစ်ပြီး အစေ့တစ်ခုစီက အလွန်ရှုပ်ထွေးလှသည်။

" ဒါပေမယ့် လီယန်ကျင့်စဉ်ကို ဒီရင်းမြစ်ကမ္ဘာမှာပဲ ကျင့်ကြံလို့ရတယ်။ "

ဖရိုဖရဲဟင်းလင်းပြင်ရှိ သူ၏ ကိုယ်ပွားက လီယန်မျိုးစေ့ကို စုစည်းရန် ကြိုးစားခဲ့သည်။ သို့သော် ရလဒ်က အံ့ဩစရာမရှိဘဲ ကျရှုံးခဲ့သည်။ အမှန်တကယ် ကျရှုံးခြင်းမဟုတ်ဘဲ လီယန်မျိုးစေ့ကို စုစည်းနိုင်ခဲ့သော်လည်း ၎င်းတို့က ရင်းမြစ်ကမ္ဘာမှ လီယန်မျိုးစေ့များနှင့် ကွဲပြားပြီး နိယာမများ နားလည်မှုကို မြှင့်တင်ပေးသော သက်ရောက်မှုလည်း မရှိပေ။

" အဲ့ဒါက လီယန်ဘိုးဘေးကြောင့်လား။ ဒါမှမဟုတ် ထာဝရနေကြောင့်လား။ " လင်းယွမ်က ကောင်းကင်ကို မော့ကြည့်လိုက်သည်။ အဆုံးမဲ့အလင်းနှင့် အပူကို ထုတ်လွှတ်နေသော ထာဝရနေကို ကြည့်ပြီး သူ၏ အတွေးများက လှုပ်ရှားနေသည်။

ရင်းမြစ်ကမ္ဘာ၏ ထာဝရနေက ပင်မစကြာဝဠာရှိ ဂြိုလ်တစ်လုံးနှင့်မတူဘဲ ကွဲပြားခြားနားလေသည်။ ကောင်းကင်ရှိ ထာဝရနေက စည်းမျဉ်းများ သတ်မှတ်ထားသကဲ့သို့ ဖြစ်နေပြီး မည်သည့်အရာကမှ မတားဆီးနိုင်သကဲ့သို့ ဖြစ်သည်။

" အရင်ဆုံး လီယန်မျိုးစေ့တွေကို ထပ်ပြီး စုစည်းရမယ်။ " လင်းယွမ်က သူ၏ အတွေးများကို စုစည်းလိုက်သည်။

ဤကာလများတွင် သူက သိုင်းတာအိုကို ပြန်လည်ကျင့်ကြံခြင်း၊ လီယန်မျိုးစေ့များကို စုစည်းခြင်းနှင့် ရင်းမြစ်ကမ္ဘာများ၏ နိယာမများကို လေ့လာခြင်းတို့ကို လုပ်​ဆောင်ခဲ့သည်။ ဤရင်းမြစ်ကမ္ဘာ၏ နိယာမလှုပ်ရှားမှုများက ဖရိုဖရဲဟင်းလင်းပြင်နှင့် ကွဲပြားသည်။

ပင်မစကြာဝဠာ၊ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် လင်းယွမ်က ထိုင်နေသည်။ သူ၏ ခန္ဓာကိုယ်ထဲရှိ အတွင်းစကြာဝဠာက နှစ်တစ်ရာကျော် ပြုပြင်မှုများ ပြုလုပ်ပြီးနောက် ကြောက်စရာကောင်းသော ပြောင်းလဲမှုများကို ကြုံတွေ့ခဲ့ရသည်။ ရင်းမြစ်ကမ္ဘာတွင် လအနည်းငယ်သာ ကုန်လွန်ခဲ့သော်လည်း ပင်မစကြာဝဠာတွင် နှစ်ပေါင်းတစ်ရာကျော်ကြာမြင့်ခဲ့သည်။

သူ၏ ခန္ဓာကိုယ်အတွင်းမှ အတွင်းစကြာဝဠာ၏ နေရာလွတ်တိုင်းက အစွန်းရောက် အချိန်လေဟာနယ် ဖိအားကို ထုတ်လွှတ်နေသည်။

" ငါ့ရဲ့ အတွင်းစကြာဝဠာ..." လင်းယွမ်၏ စိတ်အသိက အတွင်းစကြာဝဠာထဲသို့ ဆင်းသက်သွားသည်။

သူ၏ အတွင်းစကြာဝဠာက ပြန်လည်တည်ဆောက်ခြင်းမပြုမီ အလင်းနှစ် ရှစ်သန်းနီးပါး ကျယ်ပြန့်နေခဲ့သည်။ လက်ရှိ အတွင်းစကြာဝဠာက အလင်းနှစ် ဆယ်သန်းနီးပါး ကျယ်ဝန်းလာခဲ့သည်။ ၎င်းက အနည်းငယ်သာ ဖြစ်သော်လည်း အတွင်းစကြာဝဠာ၏ အခြေခံအနှစ်သာရနှင့် အရည်အသွေး နှစ်ခုလုံးက အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။

" ဒါက အစပဲရှိသေးတယ်။ နင် ကျောက်စိမ်းဘူးသီးခြောက်ကို သန့်စင်ပြီး သခင်ဟောင်းချန်ခဲ့တဲ့ အမွေအနှစ်ရဲ့ အစောပိုင်းအဆင့်ကို နားလည်ပြီးသွားရင် နင့်ရဲ့ အတွင်းစကြာဝဠာက နောက်ထပ် အသွင်ပြောင်းလဲမှုတစ်ခုကို ခံယူလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် နင့်ရဲ့ အတွင်းစကြာဝဠာက ဖရိုဖရဲအဆင့်ရဲ့ အတွင်းစကြာဝဠာနဲ့တောင် ရင်ဘောင်တန်းနိုင်လိမ့်မယ်။ "

အနီးမှ အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ထိုင်၍ ပြောလိုက်သည်။

" အစောပိုင်းအဆင့်မှာ ဖရိုဖရဲအဆင့်ရဲ့ အတွင်းစကြာဝဠာနဲ့တောင် ယှဉ်နိုင်ပြီလား။ " လင်းယွမ်က အနည်းငယ် အံ့အားသင့်သွားသည်ယ

အနီရောင်ဝတ်စုံနှင့် မိန်းကလေး၏ စကားအရ စကြာဝဠာ၏ ဖွဲ့စည်းပုံများ ပါဝင်သော ရုန်းတိုင်းကို သူ၏ အတွင်းစကြာဝဠာထဲသို့ ပေါင်းစည်းလိုက်သည်နှင့် ၎င်းက ဖရိုဖရဲအဆင့်၏ အတွင်းစကြာဝဠာသို့ နီးကပ်သွားပေလိမ့်မည်။

" သခင်ဟောင်းရဲ့ ကြီးမြတ်မှုတွေက နင်စိတ်ကူးနိုင်တာထက် ကျော်လွန်တယ်။ " အနီရောင်ဝတ်စုံနှင့်မိန်းကလေးက ဂုဏ်ယူစွာ ပြောလိုက်သည်။

လွန်ခဲ့သော ရာစုနှစ်အတွင်း လင်းယွမ်က သူ၏ အတွင်းစကြာဝဠာကို ပြန်လည်တည်ဆောက်နေချိန်တွင် သက်ရောက်မှုကြီးမားသောကြောင့် သူမက ကျောက်စိမ်းဘူးသီးခြောက်၏ စိတ်ဝိညာဉ်အနေဖြင့် လူပိုတစ်ယောက်ကဲ့သို့ ခံစားခဲ့ရသည်။

ကျောက်စိမ်းဘူးသီးခြောက်၏ ပိုင်ရှင်က သူ၏ ရုန်းများကို နားလည်ရန် စကြာဝဠာခေတ်တစ်ခုအဖြစ် ကန့်သတ်ထားသော်လည်း ပြန်လည်တည်ဆောက်ရန်အတွက် သတ်မှတ်ထားသော စံနှုန်းများမထားခဲ့ပေ။

အတွင်းစကြာဝဠာကို ပြုပြင်ခြင်းက အချိန်အလွန်ကုန်သောကြောင့် ဖြစ်သည်။ သို့သော် လင်းယွမ်က ရာစုနှစ်တစ်ခုအတွင်း ပြန်လည်ပြုပြင်ခြင်းက ၉၀ ရာခိုင်နှုန်းကျော် ပြီးမြောက်သွားခဲ့သည်။

" ငါ့ရဲ့ လက်ရှိအတွင်းစကြာဝဠာနဲ့ စကြာဝဠာပျက်ဆီးခြင်းကနေ သက်ရှိဘယ်လောက်ကို ကာကွယ်နိုင်မလဲ။ " လင်းယွမ်က မေးလိုက်သည်။

ယခင်နှစ်များတွင် လင်းယွမ်က သူမနှင့် စကြာဝဠာပျက်ဆီးမည့်အကြောင်းကို ဆွေးနွေးခဲ့ကြသည်။ ဖရိုဖရဲမဟာသူတော်စင်နှစ်ပါး၏ တိုက်ခိုက်မှုကြောင့် စကြာဝဠာက အချိန်မတိုင်မီ ပျက်ဆီးရပေလိမ့်မည်။

" ရှစ်ဆယ်ကနေ ကိုးဆယ်ရာခိုင်နှုန်းလောက် ဖြစ်နိုင်တယ်။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ပျင်းရိစွာ ပြောလိုက်သည်။

All Chapters