← Chapters

ထန်ထျန်း၏ ခံယူချက်

Vol. 7 Ch. 71

ထန်ထျန်း၏ ခံယူချက်

Vol. 7 Ch. 71

​"ဒါက... နည်းနည်း မသင့်တော် ဘူး ထင်တယ်"

​နဂါး အသွင်ပြောင်း ရေကန် ထဲမှာ ဖြစ်နေ တဲ့ အခြေအနေ ကို တွေ့ တဲ့အခါ ပင်မ တပည့် ဘက်က အကြီးအကဲ တချို့ ချက်ချင်း မျက်မှောင်ကြုတ် သွားကြသည်။

​သူတို့ ထန်ထျန်း ရုတ်တရက် ပေါက်ကွဲ လာတဲ့ ခွန်အား ကို အံ့အားသင့် ခဲ့ကြပေမယ့် မင်း နဂါး စွမ်းအင် အကုန်လုံး ကို ယူသွား ရင် အခြားသူတွေ ဘာလုပ် ရတော့မှာ လဲ။

​"အကြီးအကဲလီ၊ ဒါ ကို ဘယ်လိုလုပ် ရမလဲ..."

​သူတို့ မဟာ အကြီးအကဲ ကို အမူအရာ ပြသည်။

T/N အကြီးအကဲ ကြီးမှ မဟာ အကြီးအကဲ ဖြစ်ပြောင်းသုံးသွားမယ် တောင်းပန်ပါတယ်ဗျ

​ဒီဝင်ခွင့် တွေ အတွက် သူတို့ အလွန် များပြားတဲ့ တန်ဖိုး ပေးဆပ် ခဲ့ကြသည်။ အခုတော့ ထန်ထျန်း တစ်ဦးတည်း လုယူ သွားတာ တွေ့ နေရတော့ ဘယ်လိုလုပ် သည်းခံ နိုင်မှာလဲ။

​သို့သော် မဟာ အကြီးအကဲ က သူတို့ကို ပေါ့ပေါ့ပါးပါး တစ်ချက် ကြည့် လိုက်ရုံသာ။

​"ဘယ်လိုလဲ ဟုတ်လား "

​"ဘာတွေ မသင့်တော် လို့လဲ"

မဟာ​အကြီးအကဲ အေးစက်စွာ ပြောသည်။ "စည်းမျဉ်း က စည်းမျဉ်းပဲ အခြေအနေ ထူးခြား တာနဲ့ပဲ ဘယ်လိုလုပ် စိတ်တိုင်းကျ ပြောင်းလဲ နိုင်မှာလဲ"

​"အကုန်လုံးက ကိုယ့် စွမ်းရည် ပေါ်မှာ မူတည် တယ်။ ထန်ထျန်း နဂါး စွမ်းအင် ဘယ်လောက် ယူသွား နိုင်မလဲ ဆိုတာက သူ့ရဲ့ စွမ်းရည် ပဲ။ဘာ ပြောစရာ လိုသေးလို့ လဲ"

​"ခုနက ရှန်းကျဲ့က ထန်ထျန်း ရဲ့ နဂါး စွမ်းအင် ကို တမင်တကာ လုယူ တုန်းက မင်းတို့ ဘာလို့ စကားမပြော ကြတာလဲ။ အခုတော် ထွက် လာကြတယ်ပေါ့ "

​"လူတိုင်းက အသက် ရာချီ နေပြီ မင်းတို့ အချိန်ဖြုန်းခဲ့ ကြတာ လားကွ "

မဟာ​အကြီးအကဲ တကယ် ဒေါသထွက် နေလေသည်။

​ခုနက ယွင်ခုံး အခုတော့ ဒီအကြီးအကဲ အုပ်စု က သူ့ကို အလွန် စိတ်ပျက် စေ ခဲ့သည်။

​"ဟုတ်တယ်"

​ဒီအချိန် မှာ လုချန်းကျီ ညင်သာစွာ ပြောသည်။ "အဲဒီတုန်းက လင်းလျို နတ်သမီး နဂါး အသွင်ပြောင်း ရေကန် မှာ ပါတုန်းကလည်း ဒီနေ့လို ပဲ ဖြစ်ခဲ့တာ တစ်ယောက် တည်းနဲ့ နဂါး စွမ်းအင် အကုန်လုံး သိမ်းပိုက် သွားတာလေ "

​"အဲဒီတုန်းက ဘယ် အကြီးအကဲ မှ မကန့်ကွက် ခဲ့ကြတာကို ကျွန်တော် မှတ်မိသေး တယ်"

​"ကျွန်တော်တို့ အကုန်လုံး လည်း ဒီရလဒ် ကို လက်ခံ ခဲ့ကြတယ်"

​"နေရာလည်း ပြောင်း သွားရော ခင်ဗျား တို့က ဘယ်လိုလုပ် မခံမရပ်နိုင် ဖြစ်သွားရတာလဲ"

​ပြောပြီးနောက် အခြားသူတွေ လည်း ဒီကိစ္စ ကို ပြန်သတိရ သွားကြသည်။

​အဲဒီတုန်းက ပင်မ တပည့် ကိုယ်စားပြု လင်းလျို နတ်သမီး က တစ်ဦးတည်း ထူးချွန် ခဲ့သည်။ အဲဒီအကြီးအကဲ တွေ တော်တော် မောက်မာ ခဲ့ကြတာပင် ဂုဏ်ထူးဆောင်တပည့် တွေနဲ့ ဧည့်သည် တွေ ကို လှောင်ပြောင် တဲ့ စကားလုံးတွေ သုံး ခဲ့ကြသည်။

​အခုတော့ သူတို့ ပြန်ပေးဆပ် ရမယ့် အချိန် ရောက်ပြီ။

မဟာ​အကြီးအကဲ ရဲ့ ပြစ်တင်ရှုတ်ချမှု နဲ့ လုချန်းကျီ ရဲ့ လှောင်ပြောင် တဲ့ စကားလုံး တွေကြောင့် အကြီးအကဲ တွေရဲ့ မျက်နှာ က ဒယ်အိုးဖင် လို မည်းမှောင် သွား ကြ သည်။

​ဒီလို နှိုင်းယှဉ် ကြည့်ရင် သူတို့ အမှန်တကယ် သိမ်ငယ် ခဲ့ကြရသည်။

မဟာ​အကြီးအကဲ အေးစက်စွာ နှာခေါင်းရှုတ်ကာ "နဂါး ရေကန် ပြီးရင် အကုန်လုံး ဂိုဏ်းချုပ် ခန်းမ ကို လာခဲ့ ကြ"

​"ဒီနှစ် အခြေအနေတွေ ကို ကောင်းကောင်း ပြုပြင် ဖို့လိုနေပြီ "

​စစ်မှန်တဲ့ မဟာ​အကြီးအကဲ ဒေါသထွက် တဲ့အခါ လူတိုင်း တိတ်ဆိတ် သွားကြသည်။ ယွင်ခုံး တောင် ဘာမှ မလုပ်ရဲပေ။

​လုချန်းကျီ တို့က အနည်းငယ် ပိုပြီး စိတ် သက်သာရာ ရသည်။

​နဂါး ရေကန် ထဲမှာ သူတို့ရဲ့ လက်အောက်ငယ်သား တွေ ရှိနေ ပေမယ့် သူတို့ ဒီလို ပါရမီရှင် အနည်းငယ် ကို မလိုအပ် ပေ။

​ယှဉ် ကြည့်ရင် ပြိုင်ဘက် ပေါ်မှာ ပြင်းထန်စွာ လက်စားချေ နိုင်တာ အလွန် ရှားပါးတဲ့ ကိစ္စ ဖြစ်လေသည်။

​ဒီအရာအားလုံး အတွက် ထန်ထျန်း ကို ကျေးဇူးတင် ရမည်။ သူက အကုန်လုံးကို ဒီလောက် ကြီးမားတဲ့ အံ့အားသင့်မှု ပေးခဲ့ တာပင်။

​နဂါး အသွင်ပြောင်း ရေကန် ထဲတွင်

​အစားကြူး လျှို့ဝှက်ကျင့်စဉ် အသုံးပြု ပြီးနောက် အကုန်လုံး ရှင်းရှင်းလင်းလင်း ဖြစ်သွား ခဲ့သည်။

​အုံကြွ နေတဲ့ နဂါး စွမ်းအင် ကို ကြည့်ပြီး ထန်ထျန်း စဉ်းစား မိသည်။ လက်ညှိုးထိုး ပြီး အဲဒီထဲက နဂါး စွမ်းအင် လေးခု ခွဲထုတ် ကာ လီဟုန် တို့ အနားသို့ ပို့ ပေးခဲ့သည်။

​နဂါး စွမ်းအင် က တကယ် ထူးခြား ပေမယ့် ရိုးရိုးသားသား ပြောရရင် ထန်ထျန်း အတွက် သိပ်မအရေးကြီး လှပေ။

​အလားအလာ လား။ ပါရမီ လား။

​သူ ဒီလို အရာတွေ အများဆုံး ရှိသည်။

​ အစားကြူး လျှို့ဝှက်ကျင့်စဉ် နောက်မှာ ပိုပြီး စွမ်းအားကြီးတယ့် တည်ရှိမှု များစွာက သူ့ကို လဲလှယ် ဖို့ စောင့် နေကြ သည်။

​တစ်ယောက် တည်း သိမ်းယူ မယ့်အစား လီဟုန် တို့ကို ပေးတာ ပိုကောင်း သည်။ သူတို့ကို မှီခို ပြီး ဝူဒင် နန်းတော် ကို ဝင် ဖို့ လိုသေး သည် မဟုတ်ပါလား။

​ကြီးမားတဲ့ နဂါး စွမ်းအင် စီးဝင် လာသည်ကို ခံစား ပြီးနောက် လီဟုန် တို့ အလျင်အမြန် ထိန်းချုပ် ၍ ကျင့်ကြံလိုက်ကြ သည်။ ဒီလို ရှားပါးတဲ့ ရတနာ ကို အစွမ်းကုန် စုပ်ယူ နေကြ သည်။

​သူတို့ အကုန်လုံး နေရာထဲ ပို့ ပြီးနောက် ထန်ထျန်း ပတ်ပတ်လည် ကြည့် ပြီး သူ့ရဲ့ အကြည့် ကို နီဝူရွှမ်း အပေါ်မှာ ကျသွား သည်။

​တောင် တောင် ထိပ် မိုရှောင်ရှောင်း၊ ချန်စစ်ရို ခေါ်လာသော စုစုပေါင်း ခြောက်ယောက် က သိပ်မဝေး ကြပေ။

​သူက တောင် တောင်ထိပ် တွင် နေထိုင်နေကာ နှစ်ဉီး နှစ်ဖက် ဆက်ဆံရေး ကလည်း အတော်လေး ဖော်ရွေလှ သည်။ ဒါကြောင့် ကူညီ သင့်ပေသည်။

​ဒီအကြောင်း စဉ်းစား ပြီး ထန်ထျန်း နောက်တစ်ကြိမ် နဂါး စွမ်းအင် တစ်ခု ခွဲထုတ်ကာ နီဝူရွှမ်းတို့ ခြောက်ယောက် ရှိတဲ့ နေရာ ကို ပို့ ပေးလိုက်သည်။

​လူတစ်စု ချက်ချင်း အံ့အားသင့် သွားပြီး ထန်ထျန်း ရဲ့ ရည်ရွယ်ချက် ကို သေချာ သိသွား ပြီးနောက် ချက်ချင်း ကျေးဇူးတင် လိုက်ကြ သည်။

​"သခင်လေးထန် ရဲ့ ကြင်နာမှု ကို ကျေးဇူးတင် ပါတယ်"

​အနာဂတ် ကိစ္စ နဲ့ သက်ဆိုင် တာကြောင့် ဘယ်သူမှ ငြင်းဆန် လို့ မဖြစ်ပေ။

​နီဝူရွှမ်း လည်း ကျေးဇူးတင် တဲ့ မျက်ဝန်းတွေနဲ့ အနည်းငယ် ကိုင်းညွတ် ပြီး ကျေးဇူးတင် ကြောင်း ပြလေ သည်။ ထို့နောက် အခွင့်အရေး ကို အမြန်ဆုံး ယူပြီး ကျင့်ကြံလိုက်ကြ သည်။

​သူတို့ တောင် နဂါး စွမ်းအင် ရရှိ နိုင်သည်ကို တွေ့ ပြီး ဘေး မှ အခြား တပည့် တွေ အကုန်လုံး မနာလို ခဲ့ကြသည်။

​ဒီအချိန် မှာ သူတို့ စိတ်ထဲမှာ နောင်တ ရနေ ခဲ့ကြသည်။ သူတို့ ဘာလို့ တောင် တောင်ထိပ် ကလူ မဖြစ် ရတာလဲ ဟု တွေးမိ ကြလေသည်။

​ထန်ထျန်း လူတိုင်း ရဲ့ ပုံစံ ကို ကြည့်ပြီး ခေါင်းခါကာ သက်ပြင်းချ လိုက်သည်။

​"တော်ပြီ"

​"မင်းတို့ အကုန်လုံးက သခင်လေး လက်အောက်ခံ ဖြစ်နေတော့ ငါတို့က တစ်ဖက်တည်း ပဲ "

​" နဂါး အသွင်ပြောင်း ရေကန် ထဲ ခက်ခက်ခဲခဲ ဝင် ခဲ့ရတာ လက်ဗလာနဲ့ ပြန်သွား ဖို့ မသင့်တော် ဘူး မဟုတ် လား"

​"ယူသွား ကြ ပါ"

​ပြောပြီးနောက် သူ လက်ဝှေ့ယမ်း ကာ နဂါး စွမ်းအင် များစွာ က ရွှေ နဂါး များစွာ ပေါ် လာပြီး သူတို့ရဲ့ သက်ဆိုင်ရာ နေရာ တွေမှာ ရစ် ခွေ နေကြသည်။

​လူတိုင်း ကျေးဇူးတင် တဲ့ ပုံ က အပြင်ကို လျှံထွက် လာသည်။

​"သခင်လေးထန် ရဲ့ ခံယူချက် က တကယ့် ကို အံ့ချီးဖွယ် ပါပဲ "

​"ကျေးဇူးတင်ပါတယ် သခင်လေး။ ကျွန်တော် ဒီနေ့ရဲ့ ကျေးဇူး ကို လုံးဝ မမေ့ပါဘူး"

​"သခင်လေးထန် ရဲ့ ကျေးဇူး ကို ကျေးဇူးတင် ပါတယ်"

​လူတိုင်း ဆက်တိုက် ကျေးဇူးတင်နေ ကြသည်။

​ထန်ထျန်း လက်ဝှေ့ယမ်း ကာ ဘာမှ မဟုတ် ကြောင်း ပြလေ သည်။

​အမှန်တကယ် မှာ... ဘာမှ မဟုတ်ပါပေ။

​နဂါး စွမ်းအင် အရမ်း များပြား ပြီး အကုန် အသုံးမပြု နိုင်ပေ။ ဒီအရာကို အပြင် ယူသွား လို့လည်း မရဘူး လေ...

​ခဏ အကြာ တွင် ဂုဏ်ထူးဆောင်တပည့် ဘက်က လူတွေ အကုန်လုံး ကျင့်ကြံနေကြ ပြီး နဂါး စွမ်းအင်ကို စုပ်ယူ နေကြသည်။

​ဒီအခြေအနေ က ပင်မ တပည့် ဘက်က လူတွေ မနာလို ဖြစ်စေ ခဲ့ ပေမဲ့ ဘာမှ လုပ် နိုင်စွမ်း မရှိပေ။

​ဘာလို့လဲဆိုတော့ တိတိကျကျ ပြောရရင် သူတို့နဲ့ ထန်ထျန်း က ဆန့်ကျင်ဘက် ရန်ဘက်တွေပင်။

​ဒါပေမဲ့ အမြဲတမ်း ပထမဆုံး ကဏန်း စား ဖို့ ရွေးချယ် သူတွေလည်း ရှိသည်။

​"အစ်ကိုကြီး ၊ အစ်ကိုကြီး"

​"အစ်ကိုထန်၊ ကျွန်တော် ခေါ်နေ တာ "

​လူငယ် တစ်ဦးက လူတိုင်း ရှေ့ကို ကူးခတ် လာသည်။

​ထန်ထျန်း အနည်းငယ် အံ့အားသင့် သွားကာ ရင်းနှီးတဲ့ လူတစ်ဦး ဖြစ်နေ ပြန်သည်။

​အလံလု တိုက်ပွဲ မှာ သူ့ကို လှည့်စား ဖို့ ကြိုးစား ခဲ့ ပေမဲ့ ပြန်လည် တိုက်ခိုက် ခံခဲ့ရသည်။ ပြီးတော့ အစောင့် တစ်ဦး အဖြစ် သူ ခဏတာ ခိုင်းစေ ခဲ့တဲ့ လူငယ် ကုန်းချီ ပင်။

​"မင်း ထွက်လာ ရဲ သေးတာ လား"

​ထန်ထျန်း ရယ်မော မရ ငိုမရ ဖြစ်နေသည်။ ဒီကောင် က အရည်ထူလိုက်တာ နော်။

​ကုန်းချီ မျက်နှာပြုံးပြုံး နဲ့ ပြောသည်။ "အစ်ကိုထန်၊ ကျွန်တော်တို့ မတိုက်ခိုက် ဘဲ အချင်းချင်း သိခဲ့ကြမှာ မဟုတ်ဘူးလေ "

​"တစ်နေ့ ဂျူနီယာ ဖြစ်ရင် တစ်သက်လုံး ဂျူနီယာ ပါပဲ "

​"ကျွန်တော် အစ်ကို့ကို အစောင့် လုပ်ပေး ခဲ့တဲ့ မျက်နှာနဲ့ ကျွန်တော့်ကို နဂါး စွမ်းအင် နည်းနည်း ခွဲပေး ပါနော် "

​"အစ်ကို၊ အဆင်ပြေတယ် မဟုတ်လား"

​ထန်ထျန်း ရယ်မော မရ ငိုမရ ဖြစ်နေသည်။ ကုန်းချီ ဒီအချိန် မှာ ထွက် လာမယ် လို့ သူ တကယ် မတွေး ထားခဲ့ပေ။

​နဂါး စွမ်းအင် များစွာ ရှိသေး ပေမဲ့ သူ ဒီပင်မ တပည့် တွေကို အလွယ်တကူ မပေး ချင်ပေ။

​ဒါပေမဲ့...

​ဘယ်သူက သူ့ကို အစ်ကို လို့ တစ်ခွန်း ခေါ် လို့လဲ။

​"ကောင်းပြီ ကောင်းပြီ နောက်ဆုံး တော့ မင်းက တောင် တောင်ထိပ် တပည့် ပဲ လေး "

​"ယူသွား လိုက်"

​ထန်ထျန်း လက်ဝှေ့ယမ်း ပြီး နဂါး စွမ်းအင် တစ်ခု ပစ်ပေး လိုက်သည်။

​ကုန်းချီ ချက်ချင်း အပျော်လွန် သွားပြီး ဆက်တိုက် ပြောသည်။ "ကျွန်တော် အစ်ကို့ကို ကျေးဇူးတင်ပါတယ်"

​"အခုကစပြီး ကျွန်တော်က အစ်ကို့ရဲ့ သစ္စာအရှိဆုံး ညီလေး ဖြစ်ပေး ပါ့မယ်"

​ထန်ထျန်း ခေါင်းခါ ပြီး စိတ်ထဲ မထား ခဲ့ပေ။

​ကုန်းချီ အောင်မြင်စွာ နဂါး စွမ်းအင် ရရှိ ပြီး စုပ်ယူ နေသည်ကို တွေ့ တော့ ကျန်တဲ့ ပင်မ တပည့် တွေလည်း နောက်ဆုံး မှာ ထိုင်မနေနိုင် တော့ပေ။

​ခဏ အကြာ တွင် ပင်မ တပည့် အချို့ ရှေ့ကို ရှက်ရွံ့စွာ လျှောက်လာ ကြပြီး ပါးစပ် ဟ လိုက် သည်။ နောက်ဆုံး မှာ စကားလုံး တစ်လုံး တည်း ပြောထွက် လာသည်။

​"အစ်ကိုကြီး ..."

​ထန်ထျန်း ချက်ချင်း လက် နဲ့ နဖူး ကို ဖိထား လိုက်ပြီး ခန္ဓာကိုယ် ပေါ်မှာ ကြက်သီးများ ထလာ သည်။

​ကုန်းချီ အစ်ကို လို့ ခေါ်တာ နဲ့ မင်းတို့ လည်း ခေါ်ကြ တာလားဟ

​တကယ် ကုန်းချီက အစ်ကို လို့ ခေါ်လို့ နဂါး စွမ်းအင် ရ ခဲ့တာ လို့ ထင်နေ ကြတာလား။

​ထန်ထျန်း ဒီကောင်တွေ ရဲ့ စိတ် ဘယ်လို ဖြစ်နေ လဲ ဆိုတာကို ခွဲခြမ်းစိတ်ဖြာ ဖို့ ပျင်းတာကြောင့် လက်ဝှေ့ယမ်း ပြီး သူတို့ကို လည်း နဂါး စွမ်းအင် နည်းနည်းလေး ခွဲပေး လိုက်သည်။

​ပင်မ တပည့် တွေ ဆက်တိုက် ကျေးဇူးတင် ကြပြီး အရင်က ထန်ထျန်း နဲ့ ပြဿနာ ဖြစ် ခဲ့တဲ့ ဟွမ်ချုံး တောင် ထန်ထျန်းကို ကြည့်တဲ့ အကြည့်တွေ ပြောင်းလဲ သွားသည်။

​ဒီအဆင့် မှာ လူတိုင်း နဂါး စွမ်းအင် ရရှိ ခဲ့ကြသည်။

​ရှန်းကျဲ့ မှလွဲလို​ပေါ့

​ထန်ထျန်း သူ့ကို ထပ်မံ ခွဲပေး ဖို့ မဖြစ်နိုင် တော့ပေ။ အဘိုး လို့ ခေါ်ရင်တောင် အသုံးမဝင် ပေ။

​အခြားသူတွေ ခွဲပေး တဲ့ နဂါး စွမ်းအင် ပမာဏ ကလည်း မတူညီ ပေ။

​လီဟုန် တို့ အပြည့် ရရှိ ခဲ့ပြီး နီဝူရွှမ်း တို့ခြောက်ယောက်လည်း လုံလောက်တဲ့ ပမာဏ ရ ခဲ့သည်။ ဂုဏ်ထူးဆောင်တပည့် ဘက်က လူတွေ အနည်းငယ် လုံလောက်သလို ရ ခဲ့သည်။ ပင်မ တပည့် ဘက်က လူတွေ အတွက် ကတော့.....

​ ရ တာနဲ့ပဲ ကျေနပ် ကြ တော့

​ဒီအရာတွေ လုပ် ပြီးနောက် ထန်ထျန်း ကျန်တဲ့ နဂါး စွမ်းအင် စ စုပ်ယူ တော့ သည်။

​နောက်ဆုံး မှာ တစ်ကြိမ် လာခဲ့ တာ လက်ဗလာနဲ့ ပြန်သွား ဖို့ မဖြစ်နိုင် ပေ။

​နဂါး အသွင်ပြောင်း ရေကန် ထဲမှာ ဖြစ် တဲ့ အရာအားလုံး ကို အပြင် ကလူ တွေ မြင် ခဲ့ကြသည်။

​ထန်ထျန်း ရဲ့ လုပ်ရပ် က လူတွေ အားလုံး ချီးကျူး စေသည်။

​အမြဲတမ်း တည်ငြိမ်တဲ့ မဟာ အကြီးအကဲ တောင် သူ့ရဲ့ အမူအရာ အနည်းငယ် ပြောင်းလဲ သွားသည်။

​"ဘယ်လောက် ကျယ်ပြောလိုက်တဲ့ ခံယူချက် လဲ"

​"ဒီလို တပည့် မျိုး ပိုင်ဆိုင် ခွင့် ရတာ ငါ တို့ ချင်းယွဲ့ ဂိုဏ်း ရဲ့ ကံကောင်းခြင်း ပဲ"

​"မင်းတို့ လူတွေ က သူနဲ့ ယှဉ် ရင် အရမ်း ဝေးလွန်း တယ်"

မဟာ​အကြီးအကဲ နောက်တစ်ကြိမ် အဲဒီအကြီးအကဲ အုပ်စု ကို မဆူမဆဲပဲ မနေနိုင် ခဲ့ပေ။ ထို့နောက် ယွင်ခုံး ကို ပြောသည်။ "ပြီးရင် မင်း ထန်ထျန်း ကို ခေါ် ပြီး ဂိုဏ်းချုပ် အနောက် ခန်းမ ဆီ ခေါ် လာခဲ့"

​"ငါ သူနဲ့ လူ ကိုယ်တိုင် တွေ့ ချင်တယ်"

​ယွင်ခုံး အလျင်အမြန် လက်ခံ လိုက်သည်။

All Chapters