← Chapters

မဟာအကြီးအကဲ ၏ စကားဝိုင်း

Vol. 7 Ch. 72

မဟာအကြီးအကဲ ၏ စကားဝိုင်း

Vol. 7 Ch. 72

​စောစောတုန်းက ဓားချင်းခုတ်ကြတော့မလို ဖြစ်နေ တဲ့ နဂါး အသွင်ပြောင်း ရေကန် က ရုတ်တရက် သဟဇာတ ဖြစ် သွား ခဲ့သည်။

​လူတိုင်းက သူတို့ရဲ့ နဂါး စွမ်းအင် ကို ထိန်းချုပ် ပြီး အလေးအနက် စုပ်ယူ နေကြသည်။

​အချင်းချင်း ကပ် နေရင်တောင် ဘာမှ မငြင်းဆို ကြပေ။

​ဒီအရာအားလုံးက ထန်ထျန်း ရဲ့ မျှော်လင့်မထားတဲ့ ရပ် ကြောင့် ပင်။

​"သခင်လေးထန် ဒီလိုမျိုး လုပ် ရတာ အတော်လေး တော်တယ့်ပုံပဲ "

​ကျင်းဟန် မိုရှောင်ရှောင်း ဘေးကို လာပြီး ညင်ညင်သာသာ ပြုံးကာ "နွေဦးပန်းခြံဘ အလံလု တိုက်ပွဲ၊တောင် ထိပ်ငါးခု ဖလှယ်ရေး အစည်းအဝေး၊ စစ်ဆေးရေး အစည်းအဝေး၊ ဒီနေ့ နဂါး အသွင်ပြောင်း ရေကန်"

​"သူ အမြဲတမ်း မျှော်လင့်မထားတာ တွေ လုပ်တတ်တယ်။ ဒါ တွေ ကပဲ အထူးခြားဆုံး ဖြစ်စေ ခဲ့တာ"

​မိုရှောင်ရှောင်း သူ့ကို တစ်ချက် ကြည့် လိုက်သည်။ ညင်ညင်သာသာ ပြောသည်။ "ပြောချင်တာ ရှိရင် ပြောလိုက်လေ"

​ကျင်းဟန် နှစ်ခါ ပြုံးလိုက် သည်။ သူ က တကယ့် ကို တည့်တိုးသမားပဲ။

​"ဒါဆိုရင် ငါ တည့် ပြောမယ်"

​"အဲဒီ နေရာ အတွက်... ထခင်လေးထန် မှာ ဘာအတွေးတွေ ရှိလဲ"

​မိုရှောင်ရှောင်းက မျက်ခုံးပင့် ကာ "ဘာလဲ။ ရှင် လည်း ကြိုးစား ချင်နေပြီ လား"

​ကျင်းဟန်က အလျင်အမြန် လက်ဝှေ့ယမ်း ကာ "ငါ့ မှာ အဲဒီလို အရည်အချင်း ရှိ မှာလဲ"

​"အရှေ့ တောင် ထိပ် နေရာ ကို ထိန်းထားရတာ တောင် ငါက တော်တော် ပင်ပန်းနေတာ မင်းတို့နဲ့ ဘယ်လိုလုပ် ယှဉ် နိုင်မှာလဲ"

​"ငါက သခင်လေးထန် ရဲ့ နောက် အစီအစဉ်က ဘာလဲ ဆိုတာကို သိချင် တာ။ဒါမှ ကြိုပြင်ဆင်ထားလို့ရမှာပေါ့ "

​မိုရှောင်ရှောင်းက နှာခေါင်းရှုတ် ကာ "ဒါဆိုရင် ရှင် ဘာလို့ သူ့ကို တိုက်ရိုက် မမေး တာလဲ"

​ကျင်းဟန် ခါးသီးစွာ ပြုံးလိုက် သည်။ တိုက်ရိုက် မေးနိုင် ရင် မင်းကို မေး နေပါ့မလား။

​သူနဲ့ ထန်ထျန်းက သိပ်မရင်းနှီး ပေ။ ဒီလို စကားမျိုး မေးရင် လူတွေက သူ တစ်ခုခု ကြံစည် နေတယ် လို့ အလွယ်တကူ ထင် စေနိုင် သည်။

​ဒါပေမဲ့ မိုရှောင်ရှောင်း ဘာမှ ဆက်ပြော ချင်ပုံ မပေါ် ပေ။ မတတ်သာ တဲ့အဆုံး ကျင်းဟန် အရိုအသေပေး ပြီး ထွက်သွား ခဲ့သည်။

​ဒါပေမဲ့ သူ ထွက် သွားတဲ့အခါ မိုရှောင်ရှောင်းက ရုတ်တရက် ပြောသည်။ "ထန်ထျန်းက ခန့်မှန်း ရ ခက် တယ်"

​"သူ့ရဲ့ ရည်ရွယ်ချက် က ငါ တို့ အားလုံးနဲ့ မတူ ဘူး "

​"ဒါပေမဲ့ ငါ သေချာ ပြောနိုင် တာက ရှင် သူ့ကို စ မတိုက်ခိုက် ရင် သူက ရှင့် ကို ရန်သူအဖြစ် သတ်မှတ် မှာ မဟုတ်ဘူး"

​ကျင်းဟန် ခြေလှမ်း ရပ်လိုက် သည်။ ခဏတာ စဉ်းစား ပြီးနောက် မိုရှောင်ရှောင်း ကို အရိုအသေပေး ပြီး လှည့်ထွက် သွားသည်။

​တစ်နာရီ က ဖြည်းဖြည်းချင်း ကုန်ဆုံး လာသည်။

​ဒီအချိန် မှာ နဂါး အသွင်ပြောင်း ရေကန် ထဲမှာ လူများစွာက နဂါး စွမ်းအင် အချို့ကို စုပ်ယူ နေကြ ကာ မျက်နှာ ပေါ်မှာ ရွှေရောင် အလင်း တောက်ပ နေပြီး သိသိသာသာပင် အခွင့်အရေး များစွာ ရရှိ ခဲ့ကြသည်။

​တချို့သော လူတွေ တောင် နေရာမှာတင် အဆင့် တက်သွား ခဲ့ကြသည်။

​ဒါပေမဲ့ လူတိုင်း အခွင့်အရေး ရယူ ပြီးနောက် ထန်ထျန်း ဘက် လှည့်ကာ အရိုအသေပေး ပြီး အလေးအနက် စကားတစ်ခွန်း ပြောသည်။

​"ကျွန်တော်တို့ အစ်ကို့ကို ကျေးဇူးတင်ပါတယ်"

​ထန်ထျန်း ခေါင်း ပေါ်မှာ ကြက်သီးများ ထလု နီးပါး စကားမပြော နိုင်တော့ ပေ။

​ငါ့မှာ အဲဒီလို ဝါသနာ မရှိ ဘူး နော်

​"သခင်လေးထန် ကို နောက်တစ်ကြိမ် ကျေးဇူးတင် ပါတယ် "

​နောက်ဆုံး မှာ ပုံမှန် လူတစ်ယောက် ပေါ်လာ ခဲ့သည်။

​လှည့်ကြည့် လိုက်တော့ နီဝူရွှမ်း ဖြစ်နေသည်။

​သူမ ခန္ဓာကိုယ် ပေါ်က အော်ရာ ကို ကြည့်ရတာ ရွှေအူတိုင် အလယ် အဆင့် ကို တက်လှမ်း ခဲ့ပြီ ဖြစ်သည်။

​သူမ ရဲ့ ပါရမီ ကလည်း အလွန် ထူးချွန် သည်။

​ သူ လည်း အခု အားမနည်းတော့ပေ ။

​အနည်းငယ် ခေါင်းညိတ် ပြပြီးနောက် ရုတ်တရက် သူ့ဘေးနား မှာ အားကောင်းတဲ့ အော်ရာ တစ်ခု ရုတ်တရက် ပေါက်ကွဲ ထွက်လာသည်။

​လန်ယွီတို့ ညီအစ်မ ပင်

​ဒီကာလ အတွင်းမှာ သူတို့ ရှန့်ထန်း တာအို ကျောက်စိမ်း ကို အသုံးပြု ပြီး ကျင့်ကြံခြင်း ကို အထောက်အကူ ပြုခဲ့ ကြသည်။ ဒီနေ့ နဂါး စွမ်းအင် စုပ်ယူ မှုနဲ့ ပေါင်းစပ် လိုက်တော့ ပါရမီက နောက်ဆုံး မှာ လုံးဝ ပြောင်းလဲ သွားခဲ့သည်။

​ ကိုး လွှာ ပါရမီ ကနေ မွေးရာပါ အဆင့် ကို တက်လှမ်း ခဲ့သည်

​နောက်ထပ် တာအို လမ်းကြောင်း က ပိုပြီး ချောမွေ့လာ လိမ့်မည်။

​လန်ယွီတို့ ညီအစ်မ ပြောင်းလဲ ပြီးနောက် နောက်တစ်ဖက် က လီဟုန် လည်း ချက်ချင်း အနောက်က လိုက်ပါလာ ခဲ့သည်။

​သူ့ခန္ဓာကိုယ် ပတ်ပတ်လည် မှာ ပါရမီ ရှစ်လွှာက ဝန်းရံ နေပြီး သူ့ရဲ့ ကျင့်ကြံခြင်း ကလည်း နောက်ဆုံး မှာ ဝိညာဉ် အသွင်ပြောင်းခြင်း အလယ် အဆင့် ကို တက်လှမ်း ခဲ့သည်။

​လီဟုန် မျက်နှာ တစ်ခုလုံး စိတ်လှုပ်ရှားမှု အပြည့် ပင်။ ထန်ထျန်းက ပြုံးပြ ပြီး ဆက် ကျင့်ကြံ ဖို့ ပြောပြီး နောက်ဆုံး အချိန် ထိ ကျင့်ကြံ ပါ ဟု ဆိုသည်။

​ဒါပေမဲ့ ထန်ထျန်းကို အံ့အားသင့် စေတာက ကုရှောင်းရွှယ် ဒီနဂါး အသွင်ပြောင်း ရေကန် မှာ ဘာမှ မထူးခြားခဲ့ပေ။

​သူမက သာမန် မွေးရာပါ ပါရမီ မျှသာ ဖြစ်ပုံရ သည်။ ကျင့်ကြံခြင်း ကလည်း ဝိညာဉ်အသွင်ပြောင်းခြင်း အထွတ်အထိပ် အဆင့် မှာ ပိုပြီး တည်ငြိမ် နေရုံသာ။

​ထန်ထျန်း ခေါင်းခါလိုက် သည်။ ဒီမိန်းကလေးက အမြဲတမ်း ပုံမှန် မဟုတ် ဘူး။

​နောက်ထပ် အချိန်တချို့ ကုန်လွန် ပြီးနောက် နဂါး အသွင်ပြောင်း ရေကန် က တရားဝင် ပြီးဆုံး ခဲ့သည်။

​မခုခံ နိုင်တဲ့ စွမ်းအား တစ်ခု ကြောင့် လူတိုင်း နဂါး အသွင်ပြောင်း ရေကန် ကနေ ထုတ်ပယ် ခံရပြီး ချောက်ကမ်းပါး ပေါ်ကို ပြန်ရောက်လာ ခဲ့ကြသည်။

​ခုနက ရောက်လာ တာနဲ့ ရှန်းကျဲ့ ချက်ချင်း သူ့ရဲ့ အကြီးအကဲ ကို ရှာတွေ့သွားပြီး ဒေါသတကြီး ဘာတွေ ပြောနေ သည် မသိ ပေ။

​ဒါပေမဲ့ စကားအနည်းငယ် မပြော ရသေးခင်မှာ အကြီးအကဲ ရဲ့ ပြင်းထန်တဲ့ အော်ဟစ် သံ ကြောင့် ရပ်တန့် ခံလိုက်ရပြီး ခြင်္သေ့ ဘုရင်လေး မျက်နှာတစ်ခုလုံး ဝမ်းနည်း နေသည်။

​အမြဲတမ်း ချစ်ခင် ခဲ့တဲ့ သူ့ရဲ့ အကြီးအကဲ ရုတ်တရက် ဘာလို့ ပုံစံ ပြောင်းလဲ သွားရတာလဲ ဆိုတာကို နားမလည် သည့်ပုံပင်။

​ထန်ထျန်း ဒီအရာတွေ ကို ဂရုမစိုက် ပေ။ ဂုဏ်ထူးဆောင်တပည့် များအတွက် သီးသန့် နေရာ ကို ပြန်သွား ခဲ့သည်။

​"သခင်လေးထန် ရဲ့ ရက်ရောမှု အတွက် ကျေးဇူးတင်ပါတယ်"

​ကျင်းဟန် နဲ့ ကွမ်းမုန့် တို့က အရိုအသေပေး ပြီး ကျေးဇူးတင် ကြသည်။ လုချန်းကျီ တို့က လည်း ပြုံးပြ သည်။

​ဘယ်လိုပဲ ဖြစ်ဖြစ် ထန်ထျန်း ဒီနေ့ သူတို့ကို ကူညီ ခဲ့ပြီး သူတို့ကို မျက်နှာသာ အများကြီး ပေး ခဲ့သည်။

​အရင်က ရန်ငြိုး ရှိခဲ့ရင်တောင် ဒီအချိန် မှာ မထုတ်ပြ သင့်ပေ။

​ထန်ထျန်း တစ်ဦးချင်းစီ ပြန် ဖြေ ခဲ့ပြီး နောက် မိုရှောင်ရှောင်း ဘေးကို ပြန်သွား ခဲ့သည်။

​"ကျွန်မ ရှင့်ကို ပြန် ပေးဖို့ နည်းလမ်း ရှာလိုက်ပါ့မယ်"

​မိုရှောင်ရှောင်း က ဆိုသည်။

​ထန်ထျန်း လက်ဝှေ့ယမ်း ကာ "ကိစ္စသေးသေးလေး လုပ်ခဲ့တာပါ စိတ်ထဲ မထား ပါနဲ့"

​"ဒီလူတွေက ဘာဖြစ် နေတာလဲ။ အေးခဲ နေတဲ့ ခရမ်းချဉ်သီး တွေလို ပဲ ဖြစ်နေ ကြတာ။ ဆိုးဆိုးရွားရွားလည်း မလုပ်ခဲ့ပါဘူး ။ ငါ သူတို့ကို နဂါး စွမ်းအင် တချို့ တောင် ခွဲပေး ခဲ့သေးတာလေ"

​ထန်ထျန်း ပင်မ တပည့် ဘက်က အကြီးအကဲ တွေ ကို ကြည့်ပြီး နားမလည်နိုင်ပဲ မေးသည်။

​မိုရှောင်ရှောင်းက ရယ် ကာ "မဟာအကြီးအကဲ ဆူတာ ခံရလိုက်တာလေ နောက် အစည်းအဝေး သွားရင် ဆူပူ ကြိမ်းမောင်း ခံရ ဦးမှာ"

​"ခုနက ချောက်ကမ်းပါး ပေါ်မှာ ဖြစ် ခဲ့တာ တော်တော် စိတ်ဝင်စား ဖို့ကောင်း တယ်"

​ထန်ထျန်း အံ့အားသင့် သွားပြီး ဆက် မေး ဖို့ လုပ်နေ တုန်း ယွင်ခုံး လျှောက်လာ သည်ကို တွေ့လိုက်ရ သည်။

​မိုရှောင်ရှောင်းက အဝေးကို ထွက်သွားပြီး ယွင်ခုံးက လျှောက်လာ ရင်း သက်ပြင်းချ သည်။ "သခင်လေးထန်က ဒီနေ့ လူတိုင်း ကို အံ့အားသင့် သွားစေ ခဲ့တယ်"

​"အင်မော်တယ် အဆင့် ခန္ဓာ က ဝူဒင် ကောင်းကင် နန်းတော် မှာတောင် အရမ်း ရှားပါးတယ် "

​ထန်ထျန်း ပြုံး ပေမယ့် ဘာမှ မပြော ခဲ့ပေ။

​ခွန်အား အချို့ ဖော်ထုတ် ပြီးသား ဖြစ်ပေမယ့် သူ တိကျတဲ့ အချက်အလက် အားလုံး ကို အခြားသူတွေ ကို ပြောပြ ရလောက်အောင်အထိ သူ မရူးပေ။

​ထန်ထျန်း စကားမပြော ချင်တာ ကို တွေ့တော့ ယွင်ခုံးက ပြောသည်။ "မဟာအကြီးအကဲ မင်း ကို တွေ့ ချင်နေ တယ်။ သူက ဂိုဏ်းချုပ် အနောက်ခန်းမ မှာ စောင့်နေတယ် "

​"မင်း တခြား လုပ်စရာ ကိစ္စ ရှိသေး လား"

​ထန်ထျန်း အနည်းငယ် အံ့အားသင့် သွားသည်။ ယွင်ခုံး ပြောတဲ့ မဟာ အကြီးအကဲ ကတော့ ဂိုဏ်း မဟာ အကြီးအကဲ ပင်။

​အဲဒါက လက်ရှိ ဂိုဏ်းချုပ် ပြီးရင် ဒုတိယ အာဏာအရှိဆုံးပင်။ သူက ဘာလို့ ငါ့ကို တွေ့ ချင်တာလဲ။

​စဉ်းစား ပြီးနောက် ထန်ထျန်း က "လောလောဆယ်တော့ တခြား ကိစ္စ မရှိ ပါဘူး"

​ဒီလို အဆင့် ခေါင်းဆောင်ကြီး တွေ့ ဖို့ ခေါ်ရင် ငြင်း ဖို့ သေချာပေါက် မဖြစ်နိုင် ပေ။

​"ကောင်းပြီ။ ဒါဆိုရင် ငါနဲ့အတူ လိုက်ခဲ့ ပါ"

​ယွင်ခုံးက ပြောသည်။

​ခဏ အကြာ တွင် ထန်ထျန်း နဲ့ ယွင်ခုံး ဂိုဏ်းချုပ်ခန်းမ အနောက်က ပန်းခြံ တစ်ခု ကို ရောက်ရှိလာ ခဲ့ကြသည်။

မဟာ​အကြီးအကဲ အဆောက်အအုံ အောက်မှာ ထိုင်နေ သည်။ လူကို ခေါ်လာ ပြီးနောက် ယွင်ခုံး အရိုအသေပေး ပြီး ထွက် သွားလေ သည်။

​"တပည့် ထန်ထျန်း၊ မဟာအကြီးအကဲ ကို အရိုအသေပေး ပါတယ်"

​ထန်ထျန်း အရိုအသေပေး သည်။

​"အင်း"

မဟာ​အကြီးအကဲက ထန်ထျန်းကို စစ်ဆေး ကာ လက်ဝှေ့ယမ်း ပြီး "ထိုင်ပါ"

​ထိုင်ပြီးနောက် မဟာ အကြီးအကဲ တိုက်ရိုက် မေးသည်။ "မင်း အရင်က ဘာလို့ ဂုဏ်ထူးဆောင်တပည့် ဖြစ်ဖို့ ရွေးချယ် ခဲ့တာလဲ"

​ထန်ထျန်း အနည်းငယ် တွေဝေ သွားပြီး နောက် ပြန်ဖြေ သည်။ "အဲဒီတုန်းက ကျွန်တော် ဂိုဏ်း စည်းမျဉ်း တွေ ကို သိပ်နားမလည် သေးပါဘူး။ လုံခြုံရေး သေချာစေဖို့ အတွက် ဂုဏ်ထူးဆောင်တပည့် ဒီအဆင့်အတန်း ကို ရွေးချယ် ခဲ့တာပါ"

​ဒါက သူ အရင်ကတည်းက စဉ်းစားထား တဲ့ အဖြေ ပင်။

မဟာ​အကြီးအကဲ ကြားပြီးနောက် ညင်သာစွာ သက်ပြင်းချ လိုက်သည်။ "ဂိုဏ်း က သာမန် တပည့် တွေ ကို နောက်ဆုံး မှာ လျစ်လျူရှု ခဲ့တာပဲ"

​"ဒီနှစ်တွေ အတွင်းမှာ မင်းလို တပည့် တွေ အများကြီး ရှိခဲ့ တယ်။ ပါရမီ ကောင်းနေ ပေမယ့် အကြောင်းအမျိုးမျိုး ကြောင့် လမ်းမှား ရောက်ခဲ့ ကြတယ်"

​"မင်း ရုတ်တရက် ချမ်းသာလာ ခဲ့ရင် သာမန် တပည့် ထဲမှာ ထာဝရ မြှုပ်နှံ့ ခံရလိမ့်မယ်"

​ထန်ထျန်း တိတ်ဆိတ် သွားသည်။ တကယ်ပဲ ဒီလို အခြေအနေ ရှိနေတာကိုး

​ချင်းယွဲ့ ဂိုဏ်းက အရမ်း ကြီးမား ပြီး အမြဲတမ်း ပါရမီရှင် အချို့ လွတ်သွား နိုင်သည်။ ထူးချွန်တဲ့ တပည့် တစ်ဦး ကို ဆုံးဖြတ် တဲ့ စံနှုန်း က ပါရမီ တစ်ခုတည်း မဟုတ် ပေ။

​ဒါပေမဲ့ မဟာ အကြီးအကဲ ရဲ့ နောက်ဆုံး စကားလုံး က တစ်ခုခု ရည်ရွယ် နေတာလား။

​စဉ်းစား ပြီးနောက် ထန်ထျန်း ပြောသည်။ "ကျွန်တော် မတော်တဆ အခွင့်အရေး တစ်ခု ရရှိ ခဲ့..."

​သို့သော် သူ မပြော ရသေးခင် မဟာ အကြီးအကဲ က လက်မြှောက် ပြီး စကား ဖြတ် လိုက်သည်။

​"မင်း ဘာရ ခဲ့တယ် ဆိုတာကို ငါ့ကို ပြောပြ ဖို့ မလို ဘူး"

​"ဂိုဏ်း က တပည့် ရဲ့ အခွင့်အရေး ကို မမက်မော ဘူး။ မင်း ဂိုဏ်း စည်းမျဉ်း ကို လိုက်နာ ပြီး ချင်းယွဲ့ ဂိုဏ်း ရဲ့ တပည့် ဖြစ်နေ ဖို့ ပဲ လို တယ်"

​"ဒီနေ့ မင်း ကောင်းကောင်း လုပ် ခဲ့တယ်။ လူတွေ အတွက် စံနမူနာကောင်း တစ်ခု ဖြစ်စေ ခဲ့တယ်"

​"လူတွေက လျင်လျင်မြန်မြန် ဖွံ့ဖြိုးတိုးတက် တဲ့ လမ်းကြောင်း ပေါ်မှာ သူတို့ရဲ့ မူလ ရည်ရွယ်ချက် က တဖြည်းဖြည်း ပျောက်ကွယ် သွားခဲ့တယ်"

​ထန်ထျန်း တိတ်ဆိတ် သွားသည်။ ဒီလို ခေါင်းဆောင်ကြီးရဲ့ ပြဿနာ ကို ကြည့်တဲ့ ရှုထောင့် က သာမန်လူ နဲ့ တကယ့် ကို ကွဲပြားလှ သည်။

​ဒါပေမဲ့ သူက သူ့ရဲ့ စိတ်ထဲမှာ အမြဲတမ်း ရှိနေ တဲ့ မေးခွန်း ကို မမေး ဘဲ မနေနိုင် ခဲ့ပေ။

​"ဂိုဏ်းက ဒီလို လုပ်နေ ရင် ရည်ရွယ်ချက် ရှိတဲ့ လူတွေ အသုံးပြု ပြီး သစ္စာဖောက် လာမှာကို မကြောက် ဘူး လား"

​ဒီမေးခွန်း ကို ကြား တဲ့အခါ မဟာ အကြီးအကဲ ချက်ချင်း ပြုံးမိ သည်။

​"မင်း ငါတို့ လို လူအိုကြီး တွေက အလကား နေ နေကြတာ လို့ ထင်နေ တာလား"

​"တကယ် ဒီလို ကိစ္စမျိုး ဖြစ်ခဲ့ ရင် ဒါက ငါတို့ရဲ့ တာဝန် ပျက်ကွက်မှု ပဲ။ ဒီနေရာ ကို အခြားသူတွေ အစားထိုး ဖို့ အချိန်ရောက်နေပါ ပြီလေ"

​"သိပ်မတွေး နဲ့။ မင်း ကိုယ်တိုင် စိတ်ထဲမှာ အပြစ် မရှိရင် နတ်ဆိုး ဖမ်းသူ ကို ကြောက်ဖို့ မလို ဘူး"

​ထန်ထျန်း ခေါင်းညိတ် လိုက်ပြီး စိတ်သက်သာရာ ရသွား သည်။

​စဉ်းစားကြည့် လေ ပြည့်စုံတဲ့ ဂိုဏ်း တစ်ခု က တကယ် ကို နိုင်ငံ တစ်ခုနဲ့ တူ တယ်။ လူတိုင်းမှာ ကိုယ်ပိုင် တာဝန် ရှိပြီး ဒီ စက်ကြီး ကို ချောချောမွေ့မွေ့ လည်ပတ် စေတယ်လေ။

​အတွင်း ပြဿနာ တွေ သေချာပေါက် ရှိ ပေမဲ့ အားလုံး ခွင့်ပြုထားတဲ့ အကွာအဝေး အတွင်း မှာပဲပေါ့။

​စည်း ကျော်သွား ရင် ဖျက်စီး ခံရမယ်။

​"ဆက် ကြိုးစားကွာ ။ အင်မော်တယ် အဆင့် ခန္ဓာ ရရှိ ဖို့ အရမ်း ခက်ခဲ တယ်။ အလကား မဖြစ်စေ နဲ့"

မဟာ​အကြီးအကဲ က "ငါ ယွင်ခုံး ပြောတာ ကြား တယ်။ မင်း ဆဋ္ဌမ တောင် ထိပ် တည်ဆောက်မှု အတွက် ငွေကြေး အကုန်လုံး ကို ထောက်ပံ့ ခဲ့တယ် ဆိုတာကိုပေါ့ ။ ငါ ဂိုဏ်း ကိုယ်စား မင်းကို ကျေးဇူးတင် ပါတယ်"

​"နောင် အခါ ဘာကိစ္စ ပဲရှိရှိ ငါနဲ့ တိုက်ရိုက် ဆွေးနွေး လို့ရပါတယ်"

​ထန်ထျန်းက ချက်ချင်းပင် ဒါက သူ လုပ်သင့်တဲ့ အရာ ဟု ပြောလေ သည်။

​ဒါပေမဲ့ ရုတ်တရက် သူ ကိစ္စတစ်ခုကို သတိရ သွားသည်။

​"မဟာ အကြီးအကဲ က ကျွန်တော့်ရဲ့ ရှန့်ထန်း တာအို ကျောက်စိမ်း ပေါ်မှာ အမှတ်အသား တစ်ခု လုပ်ပေး ဖို့ ပေးလို့ ရမလား... ဟင်"

​"လူတွေ မတွေ့နိုင်တဲ့ အမှတ်အသား မျိုး ပေါ့ "

​ကျုံးယန် ကိစ္စ အတွက် အရင်ဆုံး ပြင်ဆင်ထား တာ ပိုကောင်း သည် ။

All Chapters