မဟာအကြီးအကဲ ၏ စကားဝိုင်း
Vol. 7 Ch. 72
စောစောတုန်းက ဓားချင်းခုတ်ကြတော့မလို ဖြစ်နေ တဲ့ နဂါး အသွင်ပြောင်း ရေကန် က ရုတ်တရက် သဟဇာတ ဖြစ် သွား ခဲ့သည်။
လူတိုင်းက သူတို့ရဲ့ နဂါး စွမ်းအင် ကို ထိန်းချုပ် ပြီး အလေးအနက် စုပ်ယူ နေကြသည်။
အချင်းချင်း ကပ် နေရင်တောင် ဘာမှ မငြင်းဆို ကြပေ။
ဒီအရာအားလုံးက ထန်ထျန်း ရဲ့ မျှော်လင့်မထားတဲ့ ရပ် ကြောင့် ပင်။
"သခင်လေးထန် ဒီလိုမျိုး လုပ် ရတာ အတော်လေး တော်တယ့်ပုံပဲ "
ကျင်းဟန် မိုရှောင်ရှောင်း ဘေးကို လာပြီး ညင်ညင်သာသာ ပြုံးကာ "နွေဦးပန်းခြံဘ အလံလု တိုက်ပွဲ၊တောင် ထိပ်ငါးခု ဖလှယ်ရေး အစည်းအဝေး၊ စစ်ဆေးရေး အစည်းအဝေး၊ ဒီနေ့ နဂါး အသွင်ပြောင်း ရေကန်"
"သူ အမြဲတမ်း မျှော်လင့်မထားတာ တွေ လုပ်တတ်တယ်။ ဒါ တွေ ကပဲ အထူးခြားဆုံး ဖြစ်စေ ခဲ့တာ"
မိုရှောင်ရှောင်း သူ့ကို တစ်ချက် ကြည့် လိုက်သည်။ ညင်ညင်သာသာ ပြောသည်။ "ပြောချင်တာ ရှိရင် ပြောလိုက်လေ"
ကျင်းဟန် နှစ်ခါ ပြုံးလိုက် သည်။ သူ က တကယ့် ကို တည့်တိုးသမားပဲ။
"ဒါဆိုရင် ငါ တည့် ပြောမယ်"
"အဲဒီ နေရာ အတွက်... ထခင်လေးထန် မှာ ဘာအတွေးတွေ ရှိလဲ"
မိုရှောင်ရှောင်းက မျက်ခုံးပင့် ကာ "ဘာလဲ။ ရှင် လည်း ကြိုးစား ချင်နေပြီ လား"
ကျင်းဟန်က အလျင်အမြန် လက်ဝှေ့ယမ်း ကာ "ငါ့ မှာ အဲဒီလို အရည်အချင်း ရှိ မှာလဲ"
"အရှေ့ တောင် ထိပ် နေရာ ကို ထိန်းထားရတာ တောင် ငါက တော်တော် ပင်ပန်းနေတာ မင်းတို့နဲ့ ဘယ်လိုလုပ် ယှဉ် နိုင်မှာလဲ"
"ငါက သခင်လေးထန် ရဲ့ နောက် အစီအစဉ်က ဘာလဲ ဆိုတာကို သိချင် တာ။ဒါမှ ကြိုပြင်ဆင်ထားလို့ရမှာပေါ့ "
မိုရှောင်ရှောင်းက နှာခေါင်းရှုတ် ကာ "ဒါဆိုရင် ရှင် ဘာလို့ သူ့ကို တိုက်ရိုက် မမေး တာလဲ"
ကျင်းဟန် ခါးသီးစွာ ပြုံးလိုက် သည်။ တိုက်ရိုက် မေးနိုင် ရင် မင်းကို မေး နေပါ့မလား။
သူနဲ့ ထန်ထျန်းက သိပ်မရင်းနှီး ပေ။ ဒီလို စကားမျိုး မေးရင် လူတွေက သူ တစ်ခုခု ကြံစည် နေတယ် လို့ အလွယ်တကူ ထင် စေနိုင် သည်။
ဒါပေမဲ့ မိုရှောင်ရှောင်း ဘာမှ ဆက်ပြော ချင်ပုံ မပေါ် ပေ။ မတတ်သာ တဲ့အဆုံး ကျင်းဟန် အရိုအသေပေး ပြီး ထွက်သွား ခဲ့သည်။
ဒါပေမဲ့ သူ ထွက် သွားတဲ့အခါ မိုရှောင်ရှောင်းက ရုတ်တရက် ပြောသည်။ "ထန်ထျန်းက ခန့်မှန်း ရ ခက် တယ်"
"သူ့ရဲ့ ရည်ရွယ်ချက် က ငါ တို့ အားလုံးနဲ့ မတူ ဘူး "
"ဒါပေမဲ့ ငါ သေချာ ပြောနိုင် တာက ရှင် သူ့ကို စ မတိုက်ခိုက် ရင် သူက ရှင့် ကို ရန်သူအဖြစ် သတ်မှတ် မှာ မဟုတ်ဘူး"
ကျင်းဟန် ခြေလှမ်း ရပ်လိုက် သည်။ ခဏတာ စဉ်းစား ပြီးနောက် မိုရှောင်ရှောင်း ကို အရိုအသေပေး ပြီး လှည့်ထွက် သွားသည်။
တစ်နာရီ က ဖြည်းဖြည်းချင်း ကုန်ဆုံး လာသည်။
ဒီအချိန် မှာ နဂါး အသွင်ပြောင်း ရေကန် ထဲမှာ လူများစွာက နဂါး စွမ်းအင် အချို့ကို စုပ်ယူ နေကြ ကာ မျက်နှာ ပေါ်မှာ ရွှေရောင် အလင်း တောက်ပ နေပြီး သိသိသာသာပင် အခွင့်အရေး များစွာ ရရှိ ခဲ့ကြသည်။
တချို့သော လူတွေ တောင် နေရာမှာတင် အဆင့် တက်သွား ခဲ့ကြသည်။
ဒါပေမဲ့ လူတိုင်း အခွင့်အရေး ရယူ ပြီးနောက် ထန်ထျန်း ဘက် လှည့်ကာ အရိုအသေပေး ပြီး အလေးအနက် စကားတစ်ခွန်း ပြောသည်။
"ကျွန်တော်တို့ အစ်ကို့ကို ကျေးဇူးတင်ပါတယ်"
ထန်ထျန်း ခေါင်း ပေါ်မှာ ကြက်သီးများ ထလု နီးပါး စကားမပြော နိုင်တော့ ပေ။
ငါ့မှာ အဲဒီလို ဝါသနာ မရှိ ဘူး နော်
"သခင်လေးထန် ကို နောက်တစ်ကြိမ် ကျေးဇူးတင် ပါတယ် "
နောက်ဆုံး မှာ ပုံမှန် လူတစ်ယောက် ပေါ်လာ ခဲ့သည်။
လှည့်ကြည့် လိုက်တော့ နီဝူရွှမ်း ဖြစ်နေသည်။
သူမ ခန္ဓာကိုယ် ပေါ်က အော်ရာ ကို ကြည့်ရတာ ရွှေအူတိုင် အလယ် အဆင့် ကို တက်လှမ်း ခဲ့ပြီ ဖြစ်သည်။
သူမ ရဲ့ ပါရမီ ကလည်း အလွန် ထူးချွန် သည်။
သူ လည်း အခု အားမနည်းတော့ပေ ။
အနည်းငယ် ခေါင်းညိတ် ပြပြီးနောက် ရုတ်တရက် သူ့ဘေးနား မှာ အားကောင်းတဲ့ အော်ရာ တစ်ခု ရုတ်တရက် ပေါက်ကွဲ ထွက်လာသည်။
လန်ယွီတို့ ညီအစ်မ ပင်
ဒီကာလ အတွင်းမှာ သူတို့ ရှန့်ထန်း တာအို ကျောက်စိမ်း ကို အသုံးပြု ပြီး ကျင့်ကြံခြင်း ကို အထောက်အကူ ပြုခဲ့ ကြသည်။ ဒီနေ့ နဂါး စွမ်းအင် စုပ်ယူ မှုနဲ့ ပေါင်းစပ် လိုက်တော့ ပါရမီက နောက်ဆုံး မှာ လုံးဝ ပြောင်းလဲ သွားခဲ့သည်။
ကိုး လွှာ ပါရမီ ကနေ မွေးရာပါ အဆင့် ကို တက်လှမ်း ခဲ့သည်
နောက်ထပ် တာအို လမ်းကြောင်း က ပိုပြီး ချောမွေ့လာ လိမ့်မည်။
လန်ယွီတို့ ညီအစ်မ ပြောင်းလဲ ပြီးနောက် နောက်တစ်ဖက် က လီဟုန် လည်း ချက်ချင်း အနောက်က လိုက်ပါလာ ခဲ့သည်။
သူ့ခန္ဓာကိုယ် ပတ်ပတ်လည် မှာ ပါရမီ ရှစ်လွှာက ဝန်းရံ နေပြီး သူ့ရဲ့ ကျင့်ကြံခြင်း ကလည်း နောက်ဆုံး မှာ ဝိညာဉ် အသွင်ပြောင်းခြင်း အလယ် အဆင့် ကို တက်လှမ်း ခဲ့သည်။
လီဟုန် မျက်နှာ တစ်ခုလုံး စိတ်လှုပ်ရှားမှု အပြည့် ပင်။ ထန်ထျန်းက ပြုံးပြ ပြီး ဆက် ကျင့်ကြံ ဖို့ ပြောပြီး နောက်ဆုံး အချိန် ထိ ကျင့်ကြံ ပါ ဟု ဆိုသည်။
ဒါပေမဲ့ ထန်ထျန်းကို အံ့အားသင့် စေတာက ကုရှောင်းရွှယ် ဒီနဂါး အသွင်ပြောင်း ရေကန် မှာ ဘာမှ မထူးခြားခဲ့ပေ။
သူမက သာမန် မွေးရာပါ ပါရမီ မျှသာ ဖြစ်ပုံရ သည်။ ကျင့်ကြံခြင်း ကလည်း ဝိညာဉ်အသွင်ပြောင်းခြင်း အထွတ်အထိပ် အဆင့် မှာ ပိုပြီး တည်ငြိမ် နေရုံသာ။
ထန်ထျန်း ခေါင်းခါလိုက် သည်။ ဒီမိန်းကလေးက အမြဲတမ်း ပုံမှန် မဟုတ် ဘူး။
နောက်ထပ် အချိန်တချို့ ကုန်လွန် ပြီးနောက် နဂါး အသွင်ပြောင်း ရေကန် က တရားဝင် ပြီးဆုံး ခဲ့သည်။
မခုခံ နိုင်တဲ့ စွမ်းအား တစ်ခု ကြောင့် လူတိုင်း နဂါး အသွင်ပြောင်း ရေကန် ကနေ ထုတ်ပယ် ခံရပြီး ချောက်ကမ်းပါး ပေါ်ကို ပြန်ရောက်လာ ခဲ့ကြသည်။
ခုနက ရောက်လာ တာနဲ့ ရှန်းကျဲ့ ချက်ချင်း သူ့ရဲ့ အကြီးအကဲ ကို ရှာတွေ့သွားပြီး ဒေါသတကြီး ဘာတွေ ပြောနေ သည် မသိ ပေ။
ဒါပေမဲ့ စကားအနည်းငယ် မပြော ရသေးခင်မှာ အကြီးအကဲ ရဲ့ ပြင်းထန်တဲ့ အော်ဟစ် သံ ကြောင့် ရပ်တန့် ခံလိုက်ရပြီး ခြင်္သေ့ ဘုရင်လေး မျက်နှာတစ်ခုလုံး ဝမ်းနည်း နေသည်။
အမြဲတမ်း ချစ်ခင် ခဲ့တဲ့ သူ့ရဲ့ အကြီးအကဲ ရုတ်တရက် ဘာလို့ ပုံစံ ပြောင်းလဲ သွားရတာလဲ ဆိုတာကို နားမလည် သည့်ပုံပင်။
ထန်ထျန်း ဒီအရာတွေ ကို ဂရုမစိုက် ပေ။ ဂုဏ်ထူးဆောင်တပည့် များအတွက် သီးသန့် နေရာ ကို ပြန်သွား ခဲ့သည်။
"သခင်လေးထန် ရဲ့ ရက်ရောမှု အတွက် ကျေးဇူးတင်ပါတယ်"
ကျင်းဟန် နဲ့ ကွမ်းမုန့် တို့က အရိုအသေပေး ပြီး ကျေးဇူးတင် ကြသည်။ လုချန်းကျီ တို့က လည်း ပြုံးပြ သည်။
ဘယ်လိုပဲ ဖြစ်ဖြစ် ထန်ထျန်း ဒီနေ့ သူတို့ကို ကူညီ ခဲ့ပြီး သူတို့ကို မျက်နှာသာ အများကြီး ပေး ခဲ့သည်။
အရင်က ရန်ငြိုး ရှိခဲ့ရင်တောင် ဒီအချိန် မှာ မထုတ်ပြ သင့်ပေ။
ထန်ထျန်း တစ်ဦးချင်းစီ ပြန် ဖြေ ခဲ့ပြီး နောက် မိုရှောင်ရှောင်း ဘေးကို ပြန်သွား ခဲ့သည်။
"ကျွန်မ ရှင့်ကို ပြန် ပေးဖို့ နည်းလမ်း ရှာလိုက်ပါ့မယ်"
မိုရှောင်ရှောင်း က ဆိုသည်။
ထန်ထျန်း လက်ဝှေ့ယမ်း ကာ "ကိစ္စသေးသေးလေး လုပ်ခဲ့တာပါ စိတ်ထဲ မထား ပါနဲ့"
"ဒီလူတွေက ဘာဖြစ် နေတာလဲ။ အေးခဲ နေတဲ့ ခရမ်းချဉ်သီး တွေလို ပဲ ဖြစ်နေ ကြတာ။ ဆိုးဆိုးရွားရွားလည်း မလုပ်ခဲ့ပါဘူး ။ ငါ သူတို့ကို နဂါး စွမ်းအင် တချို့ တောင် ခွဲပေး ခဲ့သေးတာလေ"
ထန်ထျန်း ပင်မ တပည့် ဘက်က အကြီးအကဲ တွေ ကို ကြည့်ပြီး နားမလည်နိုင်ပဲ မေးသည်။
မိုရှောင်ရှောင်းက ရယ် ကာ "မဟာအကြီးအကဲ ဆူတာ ခံရလိုက်တာလေ နောက် အစည်းအဝေး သွားရင် ဆူပူ ကြိမ်းမောင်း ခံရ ဦးမှာ"
"ခုနက ချောက်ကမ်းပါး ပေါ်မှာ ဖြစ် ခဲ့တာ တော်တော် စိတ်ဝင်စား ဖို့ကောင်း တယ်"
ထန်ထျန်း အံ့အားသင့် သွားပြီး ဆက် မေး ဖို့ လုပ်နေ တုန်း ယွင်ခုံး လျှောက်လာ သည်ကို တွေ့လိုက်ရ သည်။
မိုရှောင်ရှောင်းက အဝေးကို ထွက်သွားပြီး ယွင်ခုံးက လျှောက်လာ ရင်း သက်ပြင်းချ သည်။ "သခင်လေးထန်က ဒီနေ့ လူတိုင်း ကို အံ့အားသင့် သွားစေ ခဲ့တယ်"
"အင်မော်တယ် အဆင့် ခန္ဓာ က ဝူဒင် ကောင်းကင် နန်းတော် မှာတောင် အရမ်း ရှားပါးတယ် "
ထန်ထျန်း ပြုံး ပေမယ့် ဘာမှ မပြော ခဲ့ပေ။
ခွန်အား အချို့ ဖော်ထုတ် ပြီးသား ဖြစ်ပေမယ့် သူ တိကျတဲ့ အချက်အလက် အားလုံး ကို အခြားသူတွေ ကို ပြောပြ ရလောက်အောင်အထိ သူ မရူးပေ။
ထန်ထျန်း စကားမပြော ချင်တာ ကို တွေ့တော့ ယွင်ခုံးက ပြောသည်။ "မဟာအကြီးအကဲ မင်း ကို တွေ့ ချင်နေ တယ်။ သူက ဂိုဏ်းချုပ် အနောက်ခန်းမ မှာ စောင့်နေတယ် "
"မင်း တခြား လုပ်စရာ ကိစ္စ ရှိသေး လား"
ထန်ထျန်း အနည်းငယ် အံ့အားသင့် သွားသည်။ ယွင်ခုံး ပြောတဲ့ မဟာ အကြီးအကဲ ကတော့ ဂိုဏ်း မဟာ အကြီးအကဲ ပင်။
အဲဒါက လက်ရှိ ဂိုဏ်းချုပ် ပြီးရင် ဒုတိယ အာဏာအရှိဆုံးပင်။ သူက ဘာလို့ ငါ့ကို တွေ့ ချင်တာလဲ။
စဉ်းစား ပြီးနောက် ထန်ထျန်း က "လောလောဆယ်တော့ တခြား ကိစ္စ မရှိ ပါဘူး"
ဒီလို အဆင့် ခေါင်းဆောင်ကြီး တွေ့ ဖို့ ခေါ်ရင် ငြင်း ဖို့ သေချာပေါက် မဖြစ်နိုင် ပေ။
"ကောင်းပြီ။ ဒါဆိုရင် ငါနဲ့အတူ လိုက်ခဲ့ ပါ"
ယွင်ခုံးက ပြောသည်။
ခဏ အကြာ တွင် ထန်ထျန်း နဲ့ ယွင်ခုံး ဂိုဏ်းချုပ်ခန်းမ အနောက်က ပန်းခြံ တစ်ခု ကို ရောက်ရှိလာ ခဲ့ကြသည်။
မဟာအကြီးအကဲ အဆောက်အအုံ အောက်မှာ ထိုင်နေ သည်။ လူကို ခေါ်လာ ပြီးနောက် ယွင်ခုံး အရိုအသေပေး ပြီး ထွက် သွားလေ သည်။
"တပည့် ထန်ထျန်း၊ မဟာအကြီးအကဲ ကို အရိုအသေပေး ပါတယ်"
ထန်ထျန်း အရိုအသေပေး သည်။
"အင်း"
မဟာအကြီးအကဲက ထန်ထျန်းကို စစ်ဆေး ကာ လက်ဝှေ့ယမ်း ပြီး "ထိုင်ပါ"
ထိုင်ပြီးနောက် မဟာ အကြီးအကဲ တိုက်ရိုက် မေးသည်။ "မင်း အရင်က ဘာလို့ ဂုဏ်ထူးဆောင်တပည့် ဖြစ်ဖို့ ရွေးချယ် ခဲ့တာလဲ"
ထန်ထျန်း အနည်းငယ် တွေဝေ သွားပြီး နောက် ပြန်ဖြေ သည်။ "အဲဒီတုန်းက ကျွန်တော် ဂိုဏ်း စည်းမျဉ်း တွေ ကို သိပ်နားမလည် သေးပါဘူး။ လုံခြုံရေး သေချာစေဖို့ အတွက် ဂုဏ်ထူးဆောင်တပည့် ဒီအဆင့်အတန်း ကို ရွေးချယ် ခဲ့တာပါ"
ဒါက သူ အရင်ကတည်းက စဉ်းစားထား တဲ့ အဖြေ ပင်။
မဟာအကြီးအကဲ ကြားပြီးနောက် ညင်သာစွာ သက်ပြင်းချ လိုက်သည်။ "ဂိုဏ်း က သာမန် တပည့် တွေ ကို နောက်ဆုံး မှာ လျစ်လျူရှု ခဲ့တာပဲ"
"ဒီနှစ်တွေ အတွင်းမှာ မင်းလို တပည့် တွေ အများကြီး ရှိခဲ့ တယ်။ ပါရမီ ကောင်းနေ ပေမယ့် အကြောင်းအမျိုးမျိုး ကြောင့် လမ်းမှား ရောက်ခဲ့ ကြတယ်"
"မင်း ရုတ်တရက် ချမ်းသာလာ ခဲ့ရင် သာမန် တပည့် ထဲမှာ ထာဝရ မြှုပ်နှံ့ ခံရလိမ့်မယ်"
ထန်ထျန်း တိတ်ဆိတ် သွားသည်။ တကယ်ပဲ ဒီလို အခြေအနေ ရှိနေတာကိုး
ချင်းယွဲ့ ဂိုဏ်းက အရမ်း ကြီးမား ပြီး အမြဲတမ်း ပါရမီရှင် အချို့ လွတ်သွား နိုင်သည်။ ထူးချွန်တဲ့ တပည့် တစ်ဦး ကို ဆုံးဖြတ် တဲ့ စံနှုန်း က ပါရမီ တစ်ခုတည်း မဟုတ် ပေ။
ဒါပေမဲ့ မဟာ အကြီးအကဲ ရဲ့ နောက်ဆုံး စကားလုံး က တစ်ခုခု ရည်ရွယ် နေတာလား။
စဉ်းစား ပြီးနောက် ထန်ထျန်း ပြောသည်။ "ကျွန်တော် မတော်တဆ အခွင့်အရေး တစ်ခု ရရှိ ခဲ့..."
သို့သော် သူ မပြော ရသေးခင် မဟာ အကြီးအကဲ က လက်မြှောက် ပြီး စကား ဖြတ် လိုက်သည်။
"မင်း ဘာရ ခဲ့တယ် ဆိုတာကို ငါ့ကို ပြောပြ ဖို့ မလို ဘူး"
"ဂိုဏ်း က တပည့် ရဲ့ အခွင့်အရေး ကို မမက်မော ဘူး။ မင်း ဂိုဏ်း စည်းမျဉ်း ကို လိုက်နာ ပြီး ချင်းယွဲ့ ဂိုဏ်း ရဲ့ တပည့် ဖြစ်နေ ဖို့ ပဲ လို တယ်"
"ဒီနေ့ မင်း ကောင်းကောင်း လုပ် ခဲ့တယ်။ လူတွေ အတွက် စံနမူနာကောင်း တစ်ခု ဖြစ်စေ ခဲ့တယ်"
"လူတွေက လျင်လျင်မြန်မြန် ဖွံ့ဖြိုးတိုးတက် တဲ့ လမ်းကြောင်း ပေါ်မှာ သူတို့ရဲ့ မူလ ရည်ရွယ်ချက် က တဖြည်းဖြည်း ပျောက်ကွယ် သွားခဲ့တယ်"
ထန်ထျန်း တိတ်ဆိတ် သွားသည်။ ဒီလို ခေါင်းဆောင်ကြီးရဲ့ ပြဿနာ ကို ကြည့်တဲ့ ရှုထောင့် က သာမန်လူ နဲ့ တကယ့် ကို ကွဲပြားလှ သည်။
ဒါပေမဲ့ သူက သူ့ရဲ့ စိတ်ထဲမှာ အမြဲတမ်း ရှိနေ တဲ့ မေးခွန်း ကို မမေး ဘဲ မနေနိုင် ခဲ့ပေ။
"ဂိုဏ်းက ဒီလို လုပ်နေ ရင် ရည်ရွယ်ချက် ရှိတဲ့ လူတွေ အသုံးပြု ပြီး သစ္စာဖောက် လာမှာကို မကြောက် ဘူး လား"
ဒီမေးခွန်း ကို ကြား တဲ့အခါ မဟာ အကြီးအကဲ ချက်ချင်း ပြုံးမိ သည်။
"မင်း ငါတို့ လို လူအိုကြီး တွေက အလကား နေ နေကြတာ လို့ ထင်နေ တာလား"
"တကယ် ဒီလို ကိစ္စမျိုး ဖြစ်ခဲ့ ရင် ဒါက ငါတို့ရဲ့ တာဝန် ပျက်ကွက်မှု ပဲ။ ဒီနေရာ ကို အခြားသူတွေ အစားထိုး ဖို့ အချိန်ရောက်နေပါ ပြီလေ"
"သိပ်မတွေး နဲ့။ မင်း ကိုယ်တိုင် စိတ်ထဲမှာ အပြစ် မရှိရင် နတ်ဆိုး ဖမ်းသူ ကို ကြောက်ဖို့ မလို ဘူး"
ထန်ထျန်း ခေါင်းညိတ် လိုက်ပြီး စိတ်သက်သာရာ ရသွား သည်။
စဉ်းစားကြည့် လေ ပြည့်စုံတဲ့ ဂိုဏ်း တစ်ခု က တကယ် ကို နိုင်ငံ တစ်ခုနဲ့ တူ တယ်။ လူတိုင်းမှာ ကိုယ်ပိုင် တာဝန် ရှိပြီး ဒီ စက်ကြီး ကို ချောချောမွေ့မွေ့ လည်ပတ် စေတယ်လေ။
အတွင်း ပြဿနာ တွေ သေချာပေါက် ရှိ ပေမဲ့ အားလုံး ခွင့်ပြုထားတဲ့ အကွာအဝေး အတွင်း မှာပဲပေါ့။
စည်း ကျော်သွား ရင် ဖျက်စီး ခံရမယ်။
"ဆက် ကြိုးစားကွာ ။ အင်မော်တယ် အဆင့် ခန္ဓာ ရရှိ ဖို့ အရမ်း ခက်ခဲ တယ်။ အလကား မဖြစ်စေ နဲ့"
မဟာအကြီးအကဲ က "ငါ ယွင်ခုံး ပြောတာ ကြား တယ်။ မင်း ဆဋ္ဌမ တောင် ထိပ် တည်ဆောက်မှု အတွက် ငွေကြေး အကုန်လုံး ကို ထောက်ပံ့ ခဲ့တယ် ဆိုတာကိုပေါ့ ။ ငါ ဂိုဏ်း ကိုယ်စား မင်းကို ကျေးဇူးတင် ပါတယ်"
"နောင် အခါ ဘာကိစ္စ ပဲရှိရှိ ငါနဲ့ တိုက်ရိုက် ဆွေးနွေး လို့ရပါတယ်"
ထန်ထျန်းက ချက်ချင်းပင် ဒါက သူ လုပ်သင့်တဲ့ အရာ ဟု ပြောလေ သည်။
ဒါပေမဲ့ ရုတ်တရက် သူ ကိစ္စတစ်ခုကို သတိရ သွားသည်။
"မဟာ အကြီးအကဲ က ကျွန်တော့်ရဲ့ ရှန့်ထန်း တာအို ကျောက်စိမ်း ပေါ်မှာ အမှတ်အသား တစ်ခု လုပ်ပေး ဖို့ ပေးလို့ ရမလား... ဟင်"
"လူတွေ မတွေ့နိုင်တဲ့ အမှတ်အသား မျိုး ပေါ့ "
ကျုံးယန် ကိစ္စ အတွက် အရင်ဆုံး ပြင်ဆင်ထား တာ ပိုကောင်း သည် ။