ကိုယ်ဝန်ရှိခြင်း
Vol. 7 Ch. 73
မဟာအကြီးအကဲက ထန်ထျန်း ရဲ့ တောင်းဆိုချက် ကို သဘောတူ ခဲ့သည်။
ထန်ထျန်းက အလျင်အမြန် ရှန့်ထန်း တာအို ကျောက်စိမ်း တစ်ခု ထုတ်ပေးလိုက် သည်။မဟာ အကြီးအကဲ အတွင်းမှာ ထူးခြားတဲ့ အမှတ်အသား တစ်ခု ထွင်းထု စေခဲ့သည်။
ဒီအမှတ်အသား ကို အင်မော်တယ်အဆင့် အောက် ကျင့်ကြံသူများ ရှာဖွေတွေ့ရှိ ဖို့ လုံးဝ မဖြစ်နိုင် ပေ ။ ထန်ထျန်း လည်း အမှတ်အသား ရဲ့ လမ်းညွှန်မှု အရ ဒီရှန့်ထန်း တာအို ကျောက်စိမ်း ဘယ်ကို ရောက်သွား တယ် ဆိုတာကို သိ နိုင်ပေ သည် ။
သူ ဆန္ဒရှိရင် ၎င်းကို အတင်းအကျပ် ပြန်ခေါ် နိုင်သည် ။
ဒီလုပ်ဆောင်ချက် ကို တစ်ကြိမ်တည်း သာ အသုံးပြု နိုင် ပေမဲ့ အခြေခံအားဖြင့် လုံလောက် သည်။
"မဟာအကြီးအကဲ ကို ကျေးဇူးတင်ပါတယ်"
ထန်ထျန်း ကျေးဇူးတင်လိုက် သည်။
မဟာအကြီးအကဲက "ကိစ္စမရှိပါဘူး။ ကိစ္စသေးသေး လေး ပါ"
"မင်း ဒီလိုလုပ် တဲ့ ရည်ရွယ်ချက် ကို ငါ မမေး တော့ဘူး။ သို့ပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် မင်း ဂိုဏ်း ထဲမှာ မကောင်းတာ မလုပ် ရဘူး"
ထန်ထျန်းက အလျင်အမြန်ပင် ဟုတ်ကဲ့ ဟု ပြောလိုက်သည်။
တကယ်တော့ သူ ကျုံးယန် ဆီမှာ နောက်ထပ် နည်းလမ်း တစ်ခု ချန်ထား ချင်ရုံ သာ ဖြစ်သည်။ ကျုံးယန် သွေးဆောင်မှု ကို ခံနိုင်ရည် ရှိရင် လုံးဝ အသုံးမဝင် တော့ပေ။
ဒါပေမဲ့ သူ တကယ် ခံနိုင်ရည် ရှိပါ့မလား။
ထန်ထျန်း နှုတ်ခမ်း ထောင့်မှာ သိပ်မသိသာ တဲ့ အပြုံး တစ်ခု ပေါ်လာ ခဲ့သည်။
"ဒါနဲ့ "
မဟာအကြီးအကဲ ရုတ်တရက် ပြောသည်။ "မင်း အခု ဂိုဏ်း ရဲ့ အတွင်းစည်း တပည့် ပဲ ဖြစ်နေ သေးတယ် မဟုတ်လား"
"ပင်မ တပည့် အဖြစ် အဆင့်တက် ဖို့ တွေးထား လား"
ထန်ထျန်း စဉ်းစား ပြီးနောက် ခေါင်းခါ သည်။ "လောလောဆယ်တော့ အဲ့လိုအတွေး မရှိပါဘူး"
"ကျွန်တော် ဂုဏ်ထူးဆောင်တပည့် မို့ ဒီအဆင့်အတန်းက သိပ်မလို ပါဘူး"
အရင်က အလံလု တိုက်ပွဲ မှာ ပါဝင် ခဲ့တာ တကယ်တော့ ခဏတာ စိတ်ဝင်စားမှု ကြောင့် သာ ဖြစ်သည်။
သိပ်မအရေးကြီးတဲ့ ကိစ္စ ပင်။
ဒါပေမဲ့ မဟာ အကြီးအကဲ ညင်သာစွာ သက်ပြင်းချ ကာ "မင်း ပါ သင့်တယ်"
"အခု ဂိုဏ်း ထဲက အခြေအနေ ကို မင်း မြင် ခဲ့သားပဲ "
"ရှန်းကျဲ့၊ ပါရမီ ရှိနေ ပေမယ့် စိတ်လိုက်မာန်ပါ၊ ဒေါသကြီး၊ မာနကြီး တဲ့ ပုံစံ ဖြစ်အောင် ပြုစုပျိုးထောင် ခံရတယ်"
"သူ ပါရမီ ရှိရင် ပြိုင်ဘက်ကင်းတယ် လို့ ထင်နေတာ "
"ဂိုဏ်း ထဲမှာ သူနဲ့ ဆင်တူတဲ့ တပည့် နည်းနည်း ရှိတယ်။ ဒါကြောင့် ငါ မင်းကို တစ်ခါ လုပ် စေချင်တယ် သူတို့ကို သတိပေး ဖို့ ပေါ့ "
"နောက် ဂိုဏ်း ကနေ ထွက်သွား ရင် မောက်မာ တဲ့အတွက် အသက်ဆုံးရှုံး မှာ စိုးရိမ် ရတယ်"
ထန်ထျန်း အံ့အားသင့် သွားသည်။ မဟာအကြီးအကဲ ဒီလို ပြောလိမ့်မယ် လို့ မထင် ခဲ့ပေ။
ဆန္ဒ က သိပ်မပြင်းထန် သေးပေမယ့် ခုနက သူ့ကို တစ်ကြိမ် ကူညီ ခဲ့တာ ဖြစ်သည်။ ဒီလို သေးငယ်တဲ့ ကိစ္စ လုပ်ပေးသင့်လေသည်။
တစ်ခုခုပြန်လုပ်ပေးသင့်သည်။
"ကောင်းပါပြီ။ ဒါဆိုရင် မဟာ အကြီးအကဲ ပြောတဲ့အတိုင်း နာခံ ပါ့မယ်"
ထန်ထျန်း က "သို့ပေမယ့် လုပ် ရင် အစွမ်းကုန် လုပ် ပါ့မယ်"
ဒီနေ့ အထိ သူ သူ့ရဲ့ စစ်မှန်တဲ့ ခွန်အား အချို့ ကို ပြ ထားပြီး ဝှက်ဖဲ တချို့ ချန်ထား ရုံ သာ လိုလေသည်။
မဟာအကြီးအကဲ ပြုံး ကာ "ဒီလိုဆိုရင် အရမ်း ကောင်းတာပေါ့ "
"ပြင်းပြင်းထန်ထန် သင်ခန်းစာ ပေးမှ သူတို့ရဲ့ မောက်မာ တဲ့ အရှိန်အဝါ ကို ထိန်းချုပ် နိုင်မှာ"
ထန်ထျန်း လည်း ပြုံး ပြီး မဟာ အကြီးအကဲ ပြဿနာ ကို ကြည့် တဲ့ ရှုထောင့် က အမြဲတမ်း ဒီလို ကွဲပြား နေသည်။
ထို့နောက် သူတို့ နှစ်ဦး ဘာမှ ဆက်မပြော တော့ပေ ။ ထန်ထျန်း နှုတ်ဆက် ပြီး ထွက်လာ ခဲ့သည်။
တောင် ထိပ်ပေါ် ကနေ ဆင်းလာ တဲ့အခါ လီဟုန် တို့ ဒီနေရာမှာ စောင့်ဆိုင်း နေကြသည်။
ထန်ထျန်း ပြန်လာ သည်ကို တွေ့ တော့ သူတို့ ချက်ချင်း ဒူးထောက် လိုက်သည်။
"သခင်လေး ရဲ့ ကြင်နာ မှု အတွက် တာအိုဆန္ဒ နဲ့ ကျိန်ဆို ပြီး ဘယ်တော့မှ မမေ့ ပါဘူး"
ကျေးဇူးတင် တဲ့ စိတ်ခံစားချက်က အပြင်ကို လျှံထွက် လာသည်။
နဂါး အသွင်ပြောင်း ရေကန် ခရီးစဉ် က သူတို့အားလုံးကို ကြီးမားတဲ့ အခွင့်အရေး ရရှိ စေခဲ့ကာ လုံးဝ ပြောင်းလဲစေခဲ့ သည်။
ထန်ထျန်း ပြုံး ပြီး သူတို့ကို ထူမ ပေး သည်။ "ဒီလိုလုပ် ဖို့ မလို ဘူး လို့ အရင်ကတည်းက ပြောထားတယ်နော် "
"ကောင်းကောင်း ကျင့်ကြံ ကြပေါ့ "
ကျိန်ဆိုမှု တွေ အတွက် ထန်ထျန်း မတောင်းဆို ခဲ့ပေ။ သူ လုပ် တဲ့ ကိစ္စတိုင်းက ကိုယ်ပိုင် ရည်ရွယ်ချက် ရှိသည်။
"ပြန်ကြမယ်"
သူတို့ တောင်အောက် ကို ဆင်း သွား ကြသည်။
လမ်းမှာ ထန်ထျန်းက အဆင့်မြင့် အကြီးအကဲ တွေ အလျင်အမြန် တောင်ထိပ်ပေါ် ကို တက် နေ သည်ကို မြင်တွေ့ ခဲ့ကာ မျက်နှာ က မကောင်းကြပေ။ ဘာဖြစ် ခဲ့သည် မသိချင်ပေ။
ခဏ အကြာ တွင် သူတို့ ခရမ်းရောင် ဝါးခြံဝင်း ကို ပြန်ရောက် ခဲ့ကြသည်။
ထန်ထျန်းက မန်ကျည်းပင်အို အောက်မှာ ထိုင် ရင်း စဉ်းစား ပြီးနောက် ကုရှောင်းရွှယ် ကို ခေါ်လိုက် သည်။
စကားတချို့ ပြောဆို ပြီးနောက် ထန်ထျန်း ကိစ္စအားလုံး ကို သူမအား ပြောပြ ခဲ့သည်။
ရှောင်ရွှယ်က ရိုးသား ပေမယ့် မ အ ပေ ။ မကြာခင် အတွင်းမှာ အဓိက အချက်များ ကို နားလည် သွားသည်။
"ရှင် ပြောတာက စီနီယာ အစ်မ တကယ်တော့ ကျွန်မကို သက်တော်စောင့် လုပ်ဖို့ တမင်တကာ ပို့ ခဲ့တာ လား"
ကုရှောင်းရွှယ် အသံတိုးတိုး နဲ့ မေးသည်။
ထန်ထျန်းက ညင်သာစွာ သက်ပြင်းချ ကာ "ငါ စုံစမ်း ခဲ့တယ်။ မွေးရာပါ ပါရမီ က အတိဒုက္ခဖြတ်ကျော်ခြင်း အဆင့် မတိုင်ခင်ထိ အဆင့် တက်ဖို့ ဘယ်လို ဆေးလုံး အကူအညီ မှ မလို ဘူး"
"ငါ့ အထင် မင်းရဲ့ စီနီယာအစ်မ ဒီကိစ္စ ကို သိ နိုင်တယ် "
"သို့ပေမယ့် ဒီဖြစ်နိုင်ချေ ကို ဖယ်ထား လို့ မရဘူး"
ကုရှောင်းရွှယ် ခေါင်းငုံ့ ကာ ခဏတာ တိတ်ဆိတ်သွား ပြီးနောက် ညင်သာစွာ ပြောသည်။ "ကျွန်မ နားလည် သွားပြီ"
"စီနီယာအစ်မက အရင် ဂိုဏ်းတစ်ရာ တိုက်ပွဲ မှာ ရှုံးနိမ့် ပြီးတော့ အကြီးအကဲ ဦးလေး က သူမကို အနည်းငယ် လျစ်လျူရှု ခဲ့တယ်"
ထန်ထျန်း တိတ်ဆိတ်သွား သည်။
ဒီကောင်မလေးက လိမ္မာပါးနပ် သည်။ တချို့သော အချိန်တွေ မှာ မမိုက်မဲ ပေ, မမြင်ချင်ယောင် ဆောင် ထားရုံသာ။
"မင်းတို့ ကြားက ကိစ္စ ကို ငါ ဝင်မစွက်ဖက် တော့ဘူး။ မင်း ကိုယ်တိုင် ဖြေရှင်း ပါ"
"ဒါပေမဲ့ ကျုံးယန်က ငါ့ကိုလည်း ဆွဲထည့်ထား တယ်။ ငါ ပြင်ဆင်မှု အချို့ လုပ် ဖို့ လိုတယ်"
ထန်ထျန်း ပြောသည်။
ကုရှောင်းရွှယ် ခေါင်းညိတ် ကာ "ဒါဆိုရင် ရှင် ဘယ်လိုလုပ် ဖို့ စီစဉ် ထားလဲ"
"ကျွန်မ ဘာလုပ်ပေး ဖို့ လိုလဲ"
ထန်ထျန်း စဉ်းစား ပြီးနောက် တွေဝေစွာ ပြောသည်။ "အင်း... ငါ့မှာ အစီအစဉ် တစ်ခု ရှိပြီးသား ဒါပေမဲ့ ဒီအစီအစဉ် က..."
"မင်းရဲ့ အရာတစ်ခု ကို စွန့်လွှတ် ဖို့ လိုလိမ့်မယ်..."
ကုရှောင်းရွှယ် အနည်းငယ် တွေဝေ သွားကာ "ဘာလဲ"
ထန်ထျန်း သူမကို လက်ပြ သည်။ ထို့နောက် သူမရဲ့ နားနားကပ် ပြီး တိုးတိုး ပြောသည်။
ကြားပြီးနောက် ကုရှောင်းရွှယ် ရဲ့ မျက်နှာမှ ချက်ချင်း လည်ပင်းအထိ နီရဲ သွားသည်။ ဒီလို ရှက်ရွံ့တဲ့ ပုံစံ က ထန်ထျန်း တောင် အပြစ်ရှိ သလို ခံစားရ စေခဲ့သည်။
"ဒါပေမဲ့ ကျွန်မ... ကျွန်မက အသက် ဆယ့်ငါးနှစ် ပဲ ရှိသေး တာ... နှစ်လ နေမှ ဆယ့်ခြောက်နှစ် ပြည့်မှာ..."
သူမရဲ့ အသံ က ခြင်အသံ လို သေးငယ်နေ သည်။
ထန်ထျန်း ချောင်းဟန့် ကာ "နေရာသေးသေးလေး အတွင်းမှာ ပဲ ဖြန့်ဝေ ဖို့လိုတာ အဓိက ကတော့ ကျုံးယန် ကို ဒီသတင်း ကြားစေ ဖို့ ပဲ"
"တကယ်လို့ မင်း မကြိုက် ရင် ငါ အစီအစဉ် ကို ပြန် ဆွဲ လိုက်မယ်"
ကုရှောင်းရွှယ်က အချိန်အကြာကြီး တိတ်ဆိတ် နေသည်။ ထန်ထျန်း တစ်ကိုယ်လုံး မသက်မသာ ဖြစ်ပြီး လက်လျှော့ ဖို့ ပြင်လိုက် တဲ့အချိန်မှာ သူမ အသံတိုးတိုး နဲ့ ပြောသည်။
"ကိစ္စမရှိပါဘူး"
"ကျွန်မ လုပ် မယ်..."
ထန်ထျန်း သက်ပြင်းအရှည်ကြီး ချလိုက် သည်။
ခုနက အချိန် က တကယ့် ကို ဆင်းရဲဒုက္ခ ပင်။
အတည်ပြု တဲ့ အဖြေ ရရှိ ပြီးနောက် ထန်ထျန်း သူမကို အမြန်ဆုံး အခန်း ထဲကို ပြန်ပို့ ခဲ့သည်။
ကောင်မလေး ပြန်သွား တဲ့ လမ်းမှာ မျက်နှာတစ်ခုလုံး နီရဲ နေသည်။
အသက်ပြင်ပြင်းရှုလိုက် ပြီး ထန်ထျန်း သူ့ရဲ့ စိတ်ခံစားချက် ကို တည်ငြိမ် စေကာ လီဟုန် ကို ခေါ်လိုက် သည်။
"ငါ မင်းကို သတင်းတစ်ခု ဖြန့် စေချင်တယ်"
သူက သူ့ရဲ့ စီစဉ်မှု ကို လီဟုန် ကို ပြောပြ သည်။
လီဟုန် အနည်းငယ် တွေဝေ သွားကာ "တကယ် လား"
ထန်ထျန်း မျက်နှာ မည်းသွား ကာ "တကယ်တော့ အစစ် မဟုတ် ဘူး။ မင်း ဘာတွေ တွေးနေ တာလဲ"
"ငါ ကျုံးယန် ကို လက်ဆောင် ပေးဖို့ အကြောင်းပြချက် ရှာချင် ရုံ လေးပဲ "
"ဟူး၊ ရှောင်းရွှယ် ကို ပဲ နစ်နာ စေနိုင်ပြီးတော့ သူမရဲ့ ဂုဏ်သတင်း ထိခိုက်နိုင် တယ်"
"မှတ်ထားနော် ကျုံးယန် ကြားဖို့ ပဲ လိုတာ အကျယ် မဖြန့် နဲ့"
လီဟုန် ခေါင်းညိတ် ပြီး နောက် ပြုံး လျက် "တကယ်တော့ သခင်လေး စိတ်ပူ လွန်း နေတာ"
"သခင်လေး ရဲ့ အပြင်ဘက် က ဂုဏ်သတင်း အရဆို ရှောင်းရွှယ်က သခင်လေး ဘေးကို စေလွှတ် ခံရတာနဲ့ အဲဒီလို ကိစ္စ ဖြစ်သွား ပြီ လို့ လူတွေ ထင် ပြီးသား ပဲလေ "
ထန်ထျန်း နှုတ်ခမ်းမဲ့ ကာ "ဒါပေမဲ့ အမှန် မှ မဟုတ် တာ"
"ဒီလိုပဲလုပ် တော့။ သတိထား "
လီဟုန် သဘောတူ ပြီးနောက် ခရမ်းရောင် ဝါးခြံဝင်း ကနေ ထွက်လာ ခဲ့သည်။
ထန်ထျန်း ထိုင်ခုံ ပေါ်မှာ မှီ ကာ အဝေးကို မျှော်ကြည့် ပြီး သူ့ရဲ့ အကြည့် တည်ငြိမ် သွားသည်။ ဘာတွေ စဉ်းစား နေသည် မသိ ပေ။
နှစ်ရက် အကြာ တွင် ကျုံးယန် ကုသိုလ် ခန်းမ ကို သွားတဲ့ လမ်းမှာ မတော်တဆ သတင်းတစ်ခု ကြားလိုက် ရသည်။
ကုရှောင်းရွှယ် ကိုယ်ဝန်ရှိ နေပြီ။
အနည်းငယ် တွေဝေသွား ပြီးနောက် သူ့နှုတ်ခမ်း ထောင့်မှာ ညင်သာတဲ့ အပြုံး တစ်ခု ပေါ်လာ ခဲ့သည်။
"ကောင်းတယ်"
" အကြီးအကဲ ဟန်ဟိုင် ပြန် ထွက်လာမယ့် အချိန်ရောက် တော့မှာ လား"
"ဟားဟား..."
ကျုံးယန် ပေါ့ပါးတဲ့ ခြေလှမ်းတွေ နဲ့ ကုသိုလ် ခန်းမ ကို ဝင် သွား ခဲ့သည်။