← Chapters

သူတော်စင် နတ်ဖီးနစ်ခန္ဓာ

Vol. 7 Ch. 80

သူတော်စင် နတ်ဖီးနစ်ခန္ဓာ

Vol. 7 Ch. 80

​ဂိုဏ်း ပင်မ တောင်ထိပ် ကနေ ဆင်း လာပြီးနောက် ထန်ထျန်း ခရမ်းရောင် ဝါးခြံဝင်း ထဲကို ပြန်ရောက်လာ ခဲ့သည်။

​ဂိုဏ်း ရဲ့ သမိုင်းကြောင်း ကို သိရှိ ပြီးနောက် ဒီငြိမ်သက် အေးချမ်းတဲ့ ခြံဝင်း ကို ကြည့်ရင်း အနည်းငယ် စိတ်မကောင်း ဖြစ်မိ သည်။

​သူ လက်ရှိ သိထားတဲ့ အချက်အလက် တွေအရ ဝါးတော တာအို ဆရာ က သေချာပေါက် ကြင်နာတဲ့ လူ ဖြစ်သည်၊ ပဋိပက္ခကို မနှစ်သက် ပေ ​ ၊ နူးညံ့ တဲ့ စိတ်ထား ရှိတဲ့ ကျင့်ကြံသူ လူအိုကြီး ဖြစ်သည်။

​ဒါပေမဲ့ ဒီလိုလူ မျိုးတောင် ရက်စက်တဲ့ သွေးစွန်း တဲ့ အာဏာ လု ပွဲ မှာ ပါဝင် ပတ်သက် ပြီး နောက်ဆုံး သေဆုံး ခဲ့ရသည်။

​ဒီကမ္ဘာ မှာ ဘယ်တော့မှ စစ်မှန်တဲ့ ငြိမ်းချမ်းမှု မရှိပေ။

​ကိုယ်တိုင် အမြဲတမ်း ကြိုးစား ပြီး ခွန်အား က တကယ့် ထိပ်တန်း ကို ရောက်ရှိ တဲ့အခါ ကမ္ဘာ ရဲ့ ထိပ်ဆုံးမှာ ရပ်တည် တဲ့အခါ မှသာ တကယ့်ကို ဘာကိုမှ မကြောက် ဘဲ လုပ်ချင်ရာ လုပ်နိုင် မည်။

​"သွားရမယ့် လမ်း က အရှည်ကြီး ရှိသေး တယ် "

​"ကြိုးစားထား ကောင်လေး"

​ထန်ထျန်း သက်ပြင်းချ ပြီး ကျင့်ကြံခန်း ထဲကို ပြန်သွား ခဲ့သည်။

​ဘီလီယံ ခြောက်ဆယ်ကျော် သုံးစွဲမှုအမှတ်များ က သူတော်စင် အဆင့် ခန္ဓာ ကို လဲလှယ် ဖို့ လုံလောက် သည်။

​သိပ်မတွန့်ဆုတ် ဘဲ စနစ် ကို ချက်ချင်းဖွင့် ပြီး လဲလှယ်မှု ကို ရွေးချယ် ခဲ့သည်။

​အင်မော်တယ် အဆင့် ခန္ဓာ - သုံးစွဲမှုအမှတ် ၁၀ ဘီလီယံ

​ မသေနိုင်သော နတ်ဖီးနစ် ခန္ဓာ ကို ရရှိသည်။

​ရင်းနှီးတဲ့ ခံစားချက် က တစ်ကိုယ်လုံး ကို နောက်တစ်ကြိမ် ဖြတ်သန်းသွား ခဲ့သည်။

​ဒီခံစားချက် က နဂါး အသွင်ပြောင်း ရေကန် မှာ နဂါး စွမ်းအင် စုပ်ယူ တာနဲ့ ဆင်တူ ပေမဲ့ အကွာအဝေးက ဝေးလံလှသည်။

​တစ်ခုက ရေစီး သေးသေးလေး လို ဖြစ်ပြီး နောက်တစ်ခုက လှိုင်းထန်တဲ့ သမုဒ္ဒရာ ကြီး လို ပင်။

​ထိတ်လန့် စွာနဲ့ ထန်ထျန်း ဗလာ နယ်မြေ တစ်ခု ကို ရောက်ရှိသွားခဲ့ပြီး မီးခိုးရောင် ဥ တစ်လုံး အဖြစ် ပြောင်းလဲသွား ခဲ့သည်။

​အချိန်အတော်ကြာ ပြီးနောက် ဥရဲ့ မျက်နှာပြင် ရုတ်တရက် အက်ကွဲလာ ခဲ့သည်။

​နောက်တစ် ခဏ တွင် နတ်ဖီးနစ် တစ်ကောင် ပေါ်ထွက် လာသည်။ အတောင်ပံ နှစ်ဖက် က ဗလာနယ်မြေ ကို ဖရိုဖရဲ ဖြစ်စေ ပြီး မျက်စိတမှိတ် အတွင်း ပျောက်ကွယ် သွားသည်။

​အချိန်အတော်ကြာ ပြီးနောက် ထန်ထျန်း ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာ ခဲ့သည်။

​"နတ်ဖီးနစ် လျှို့ဝှက်ကျင့်စဉ် ..."

​"ငါ ဥ တစ်လုံး အဖြစ် ပြောင်းလဲ သွားမှာ မဟုတ်ဘူး လား"

​ထန်ထျန်း နှုတ်ခမ်းမဲ့သွား သည်။ ခုနက အတွေ့အကြုံ မှာ သူ အားကောင်းတဲ့ တာအို ကျင့်စဉ် ဘာမှ မတွေ့ရ ပေ။ ထိုအစား အဲဒီ မီးခိုးရောင် ဥ ကို အလွန် သတိထားမိ ခဲ့သည်။

​ဒါပေမဲ့ သူ့ရဲ့ လက်ရှိ ခန္ဓာကိုယ် က ကြီးမားစွာ ပြောင်းလဲ သွားပြီ ဆိုတာကို သူ ရှင်းရှင်းလင်းလင်း ခံစား နိုင်သည်။

​သွေးကြော တိုင်း က အဆုံးမဲ့ အသက်ဓာတ် နဲ့ ပြည့်နေ သည်။

​စဉ်းစား ပြီးနောက် ထန်ထျန်း လက်ချောင်းနှစ်ချောင်း ပူးလိုက် သည်။ ပြင်းထန်တဲ့ ဓား အော်ရာ တစ်ခု ထုတ်လွှတ် လိုက်သည်။

​ထို့နောက် သူ အခြား လက်မောင်း ကို ဖြည်းဖြည်းချင်း လှီး ချလိုက် သည်။

​ချက်ချင်း နာကျင်မှု က ပေါ်လာ ခဲ့ကာ အနီရောင် သွေး ကြောင်း တစ်ခု သူ့ရဲ့ လက်မောင်း ပေါ်မှာ ပေါ်လာ ခဲ့သည်။

​ဒါပေမဲ့ ထန်ထျန်း မမျှော်လင့်ထား တာက ဒဏ်ရာ ပေါ်လာ ပြီးနောက် မျက်စိနဲ့ မြင်နိုင်တဲ့ အမြန် နှုန်းနဲ့ လျင်မြန်စွာ ပြန်လည် ကောင်းမွန် သွားသည်။ အသက်ရှူချိန် အနည်းငယ် အတွင်း မူလ အခြေအနေ ကို ပြန်ရောက် သွားခဲ့ပြီး ဒဏ်ရာရ တဲ့ ပုံစံ လုံးဝ မတွေ့ရ ပေ။

​"နတ်ဖီးနစ် လျှို့ဝှက်ကျင့်စဉ် ရဲ့ လုပ်ဆောင်ချက် က ကုသ ခြင်း လား"

​ထန်ထျန်း လျှို့ဝှက်ကျင့်စဉ် ရဲ့ မိတ်ဆက် ကို ကြည့်လိုက်သည်။

​သူ့ရဲ့ နောက်မှာ စာလုံးသေးသေးလေး တစ်ကြောင်း ရှင်းရှင်းလင်းလင်း ရေးထား သည်။

​"ဤ အမွေအနှစ် လျှို့ဝှက်ကျင့်စဉ် သည် သူတော်စင် အဆင့် ဉာဏ်အလင်းပွင့်ခြင်း ကို အသုံးပြု ၍ အဆင့်မြှင့်တင် နိုင်၏"

​သူတော်စင် အဆင့် ဉာဏ်အလင်းပွင့်ခြင်း တစ်ကြိမ် - သုံးစွဲမှုအမှတ် ၁၀ ဘီလီယံ

​ခဏတာ စဉ်းစား ပြီးနောက် ထန်ထျန်း သူတော်စင် အဆင့် ဉာဏ်အလင်းပွင့်ခြင်း ကို ချက်ချင်း လဲလှယ် ပြီး နတ်ဖီးနစ် လျှို့ဝှက်ကျင့်စဉ် ပေါ်မှာ သုံးလိုက် သည်။

​ချက်ချင်း သူ့ရဲ့ ခန္ဓာကိုယ် နောက်တစ်ကြိမ် ကြီးမားစွာ ပြောင်းလဲသွား ခဲ့သည်။

​ပြောင်းလဲမှု ပြီးဆုံး သည်အထိ ထန်ထျန်း ဓား စွမ်းအင် ကို နောက်တစ်ကြိမ် ထုတ်လွှတ် ပြီး လက်မောင်း ပေါ်မှာ အနာ တစ်ခု ဖန်တီး စေခဲ့သည်။

​ဒီတစ်ကြိမ် အနီရောင် သွေး ကြောင်း တစ်ခဏတာ သာ ပေါ်လာ ခဲ့ပြီး မျက်တောင်တစ်ခတ် အတွင်း လုံးဝ ပြန်လည် ကောင်းမွန် သွားသည်။

​စဉ်းစား ပြီးနောက် ထန်ထျန်း ဓား စွမ်းအင် ကို ဝှေ့ယမ်းပြီး လက်ချောင်း တစ်ချောင်း ကို တိုက်ရိုက် ဖြတ်ချ လိုက်သည်။

​ထို့နောက် သူ့ရဲ့ ထိတ်လန့် နေတဲ့ အကြည့် အောက်မှာ ဖြတ်ထားတဲ့ နေရာကနေ သွေးမှုန် တစ်ခု ထွက်ပေါ် လာကာ မကြာခင် အချိန် အတွင်းမှာ လက်ချောင်း အသစ် တစ်ခု ပြန် ပေါက်လာ ခဲ့ပြီး အရင်ကနဲ့ လုံးဝ တူညီ သည်။

​"ဖြတ်တောက်ထားတဲ့ အင်္ဂါ ပြန် ပေါက်ဖွား ခြင်း လား"

​ထန်ထျန်း အံ့အားသင့် သွားသည်။

​ဒီလို ကိစ္စမျိုး က တကယ်တော့ ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့် အထက် ကျင့်ကြံသူများ အသက် တာအို နဲ့ သက်ဆိုင်တဲ့ တာအို ကျင့်စဉ် အချို့ကို ကျင့်ကြံ ပြီးနောက် လုပ် နိုင်ကြ သည်။

​ဒါပေမဲ့ ဒီလို နည်းလမ်းမျိုး က ကျင့်စဉ် ဘယ်လောက် ပဲ ကောင်းမွန် ပါစေ အသက် ရင်းမြစ် တစ်ခု ကို ဆုံးရှုံး စေလိမ့်မည်။

​သို့သော် နတ်ဖီးနစ် လျှို့ဝှက်ကျင့်စဉ် ကတော့ အနည်းငယ် မျှ မဆုံးရှုံး ပေ။ လုံးဝ သဘာဝအတိုင်း ပေါက်ဖွား လာခြင်း ဖြစ်သည်။

​"စတင်ခြင်း အဆင့်မှာ ဒီလို စွမ်းရည် ရှိတယ် ဆိုရင် နောက်ပိုင်း အဆင့် မှာဆိုရင်..."

​ပြင်းပြတဲ့ အကြည့် နဲ့အတူ ထန်ထျန်း ကျန်တဲ့ သုံးစွဲမှုအမှတ် ၃၀ ဘီလီယံ အကုန်လုံး ကို သူတော်စင် ဉာဏ်အလင်းပွင့်ခြင်း လဲလှယ် ဖို့ သုံးလိုက် သည်။

​နတ်ဖီးနစ် လျှို့ဝှက်ကျင့်စဉ် - ကျွမ်းကျင်မှု အဆင့်

​ထန်ထျန်း ဒီအဆင့် ရောက်ပြီးနောက် ဒဏ်ရာ များ တစ်ခဏတာ အတွင်း ပြန်လည် ကောင်းမွန် သွားသည် ကို တွေ့ရှိ ခဲ့ပြီး ဖြတ်တောက်ထားတဲ့ အင်္ဂါ ပြန်လည် ပေါက်ဖွားမှု နှုန်း လည်း အများကြီး ပိုမြန် လာသည်။ လက်မောင်း တစ်ချောင်းလုံး ဖြတ်တောက် ခံရရင်တောင် လက်ဖက်ရည်တစ်ခွက် သောက်ချိန် အတွင်း လုံးဝ လက်ချောင်း အသစ် တစ်ချောင်း ပြန်ပေါက် နိုင်သည်။

​ဒါ့အပြင် သူ့ရဲ့ အတွင်းပိုင်း ကိုယ်တွင်းအင်္ဂါ၊ သွေးကြော နဲ့ ဒန်ထျန် အားလုံး လည်း တူညီတဲ့ စွမ်းရည် ရှိခဲ့သည်။

​နှလုံး ပျက်စီးရင်တောင် ပြန်လည် ကောင်းမွန် နိုင်သည်။အသည်းကွဲတာတော့ မပါပေ😢

​ဒန်ထျန် ပေါက်ကွဲရင်တောင် ပြန်လည် ဖွဲ့စည်း ပြီး ကောင်းမွန် နိုင်သည်။

​"ဆက်လုပ်"

​ထန်ထျန်း လဲလှယ်မှု ကို နောက်တစ်ကြိမ် ရွေးချယ် ခဲ့သည်။

​နတ်ဖီးနစ် လျှို့ဝှက်ကျင့်စဉ် - တစ်ဖက်ကမ်းခပ် ကျွမ်းကျင် သော အဆင့်

​ဒီတစ်ကြိမ် အရင်က စွမ်းရည်များ အကုန်လုံး ပိုပြီး အားကောင်းလာ သည် အပြင် ထန်ထျန်း သူ့ရဲ့ ဝိညာဉ် ကလေး နဲ့ ဝိညာဉ်က လည်း ကြီးမားစွာ ပြောင်းလဲ သွားသည် ။

​ဒါတွေက ကျင့်ကြံသူ များအတွက် အရေးကြီးဆုံး တည်ရှိမှု ဖြစ်သည်။ ဝိညာဉ် ကလေး ပျက်စီးသွားရင် ဖြစ်စေ ဝိညာဉ် ပျက်စီးသွားရင် ဖြစ်စေ အလွန် ရှုပ်ထွေးတဲ့ ကိစ္စ ဖြစ်ပြီး အချိန်အတော်ကြာ အနားယူ ပြီးမှ ပြန်လည် ကောင်းမွန် နိုင်သည်။

​လက်ရှိ ထန်ထျန်း အတွက် ဒီအရာတွေ က လုံးဝ ပြဿနာ မဟုတ်တော့ ပေ။

​သူ ဝိညာဉ် ကလေး ကို ထုတ်ယူ ပြီး အခြားသူများ ကို ပစ်ပေါက် ကစား လို့တောင် ရသည်။

​သက်ပြင်းချ ပြီး ထန်ထျန်း နောက်ဆုံး သူတော်စင် အဆင့် ဉာဏ်အလင်းပွင့်ခြင်း ကို အသုံးပြု ခဲ့သည်။

​နတ်ဖီးနစ် လျှို့ဝှက်ကျင့်စဉ် - အသေးစား အောင်မြင်မှု အဆင့်

​လဲလှယ်မှု ပြီးဆုံး ပြီးနောက် ထန်ထျန်း ခန္ဓာကိုယ် အတွင်းပိုင်း၊ အနက်ရှိုင်းဆုံး အသက်ဓာတ် အရင်းအမြစ် က လျင်မြန်စွာ ပြောင်းလဲ နေသည် ကို သာ ခံစား ရသည်။

​အရင်က စွမ်းရည် တွေက သဘာဝအတိုင်း ဖြစ်ပေါ် လာတာ ဖြစ်သည် ဟု ဆိုနိုင် ရင်*။

​အခုတော့ အသက်ဓာတ် အရင်းအမြစ် နဲ့ အားလုံး ချိတ်ဆက် ပြီး တစ်ခုတည်းသော အစုအဝေး ဖြစ်ပေါ် စေခဲ့သည်။

​ဒါ့အပြင် သူ့ရဲ့ အသက်ဓာတ် အရင်းအမြစ် က ကောင်းကင် တာအို နဲ့ မမြင်နိုင်တဲ့ နေရာမှာ ချိတ်ဆက် နေသလို ပင်။

​ကောင်းကင် တာအို မပျက်စီး သရွေ့ အရင်းအမြစ် မပျက်စီး အေ

​ဆိုလိုသည်မှာ တစ်စုံတစ်ဦး က လက်ရှိ ထန်ထျန်း ကို လုံးဝ သတ်ပစ်ချင် ရင် ကောင်းကင် နိယာမ တွေ ကိုပါ ဖျက်ဆီး နိုင်မှ ရမည်။

​မဟုတ်ရင် တစ်နေ့နေ့ တော့ ထန်ထျန်း အသက်ဓာတ် အရင်းအမြစ် ကို ပြန်လည် ဖြည့်တင်း နိုင်မည် ဖြစ်ပြီး လေထဲကနေ ပြန်လည် မွေးဖွား လာနိုင် မည်။

​"ဒါက..."

​"အရမ်း ကို ကောင်းကင် ကို ဆန့်ကျင်နေ တာပဲ"

​ထန်ထျန်း အကြည့်များ တောင့်တင်း သွားသည်။

​ဒါက အသေးစား အောင်မြင်မှု အဆင့် နတ်ဖီးနစ် လျှို့ဝှက်ကျင့်စဉ် မျှသာ ဖြစ်သည်။ နောက်မှာ အကြီးစား အောင်မြင်မှု အဆင့် နဲ့ လျှို့ဝှက်ကျင့်စဉ် အတွက် သီးသန့် အမွေအနှစ် အဆင့် ရှိသေးသည်။

​ဒီအဆင့် ရောက်ရင် နတ်ဖီးနစ် လျှို့ဝှက်ကျင့်စဉ် ဘယ်လို ပြောင်းလဲ သွားမလဲ ဆိုတာကို စိတ်ကူး ဖို့ ခက် သည်။

​"ငါ... နောက်ဆုံးတော့ အပြင်ထွက် လို့ရပြီ ထင်တယ်"

​ထန်ထျန်း ရေရွတ် လိုက်သည်။

​ကူးပြောင်း ခဲ့တဲ့ နေ့ကနေ စပြီး ပထမဆုံး ကျင်းယွီ ခန်းမ အပြင် ထန်ထျန်း ချင်းယွဲ့ ဂိုဏ်း ကနေ ခြေတစ်လှမ်း မျှ မထွက် ခဲ့ပေ။

​ဂိုဏ်း အတွင်းပိုင်း မှာတောင် ဝေးလံတဲ့ နေရာတွေကို မသွား ခဲ့ပေ။ ပင်မ တောင်ထိပ် အချို့ ကြားမှာ သာ လှည့်ပတ် နေခဲ့သည်။

​ခွန်အားမရှိ ဘဲ ပိုက်ဆံအများကြီး သယ် ထား တာက မူလ အပြစ်တစ်ခု ဖြစ်သည်။

​သူက အခြားသူများ ရဲ့ ကိုယ်ကျင့်တရား အောက်ခြေ စည်း ကို စိန်ခေါ် ပြီး သူ့ကိုယ်သူ အသက်အန္တရာယ် ထဲကို မထည့် နိုင်ပေ။

​ဒါပေမဲ့ နတ်ဖီးနစ် လျှို့ဝှက်ကျင့်စဉ် အသေးစား အောင်မြင်မှု ရပြီးနောက် ဒီလို စိုးရိမ်မှု မရှိတော့ ပေ။

​လက်ရှိ ထန်ထျန်း ဟာ အချို့သော သဘောတရားအရ. အင်မော်တယ် အဆင့် ကို ရောက်ရှိ ခဲ့သည်။

​ခဏတာ စဉ်းစား ပြီးနောက် ထန်ထျန်း ရုတ်တရက် ခေါင်းခါ ပြီး သူ့ရဲ့ စိတ်ထဲက အတွေးများ ကို ဖယ်ရှား လိုက်သည်။

​"အရမ်း စိတ်မလော သင့်ဘူး"

​"လျှို့ဝှက်ကျင့်စဉ် အသေးစား အောင်မြင်မှု ရလို့ သတ်ဖြတ်ခံ ရရင်တောင် တစ်နေ့နေ့ ပြန်လည် ရှင်သန် နိုင်ပေမယ့် ဘယ်လောက်ကြာကြာ စောင့်ရမလဲ မသိဘူး။"

​"ဒါ့အပြင် ဒီလို ပြန်လည် ရှင်သန် ပြီးရင် ဘာမှ မကျန် တော့ဘူး။ အကုန်လုံး အစမှတ် ကို ပြန်ရောက် သွားမှာပေါ့ ။"

​"အာမခံချက် အနည်းငယ် ပိုထား သင့်တယ်။"

​ထန်ထျန်း တဖြည်းဖြည်း စိတ်ငြိမ် လာသည်။

​နတ်ဖီးနစ် လျှို့ဝှက်ကျင့်စဉ် မှာ အခြား အဆင့် နှစ်ခု ကျန်သေးသည်။ သုံးစွဲမှုအမှတ် ၂၀ ဘီလီယံ သာ လိုနေ သည်။

​ဆဋ္ဌမ တောင် ထိပ် မှာ နောက်ဆက်တွဲ တည်ဆောက်မှု အစီအစဉ် ရှိသေးသည်။ အခြား ပင်မ တောင်ထိပ် တွေ လည်း ဖွံ့ဖြိုးတိုးတက်မှု လိုအပ် တယ်။ သုံးစွဲမှုအမှတ်တွေ ရရှိ ဖို့ အခွင့်အရေး တွေ ရှိသေးတယ်။

​ဒါ့အပြင် ချီယွမ် နဲ့ ဆက်ဆံရေး ကိုလည်း ပိုမို တိုးမြှင့် နိုင်သည်။

​ယွင်ခုံး ပြောတာကို ကြားရတာ သူက အင်မော်တယ် တစ်ပိုင်း အဆင့် တဲ့လေ

​အပြင်ထွက် ရင် ဒီလို ကိုယ်ရံတော် တစ်ဦး လိုက်ပါ လာနိုင် ရင် အနည်းဆုံး ချင်းယွဲ့ ဂိုဏ်း ဧရိယာ အတွင်းမှာ ကြီးမားတဲ့ ပြဿနာ ပေါ်လာ မှာ မဟုတ်ဘူး ဆိုတာကို သေချာ သည်။

​"တည်တညိငြိမ်ငြိမ် လုပ် ရမယ်"

​"မကြာခင်ပေါ့ကွာ ..."

​ထန်ထျန်း စဉ်းစား နေသည်။

All Chapters