← Chapters

ငါတို့ အခုပြေးကြရအောင်

Vol. 7 Ch. 89

ငါတို့ အခုပြေးကြရအောင်

Vol. 7 Ch. 89

ရွာသူကြီးလျိုက ထပ်တောင်းပန်လာသည်။

“သမားတော်ဟဲ၊ ကျွန်တော် တောင်းဆိုပါတယ်”

ထို့နောက် သူဟည် ဘာဖြစ်သွားလဲ မသိသေးသော ရွာသားများကို တစ်ချက်လှည့်ကြည့်လိုက်သည်။

ဟဲကျစ်ယန်က သတိပေးလိုက်၏။ “ရှင် ဒီပလိပ်ရောဂါအကြောင်း ခဏလောက် လျှို့ဝှက်ထားတာကောင်းမယ်၊ အရမ်းကြီး စိုးရိမ်သွားကြရင် မကောင်းတာတွေပဲ ဖြစ်လာလိမ့်မယ်။

ပြီးတော့ ရှင်လဲ အခု ကူးစက်ထားနိုင်ချေရှိနေတယ်။ အဲ့ဒါမို့ တခြားလူတွေကို ထပ်ကူးက်မှာကို ရှောင်ရှားရမယ်။ အခုကစပြီး ကျွန်မ အမိန့်မပါဘဲ ဘယ်သူမှ ဂူအပြင်မထွက်ရဘူး။

ရှင်တို့ ကျွန်မပြောသလို လုပ်နိုင်ရင်၊ ကျွန်မ ရှင်တို့ကို ကုသပေးမယ်”

ဟဲကျစ်ယန်က သူတို့ကို ကြိုးစားပြီး ကုပေးမယ်ဆိုတာ ကြားလိုက်ရသောအခါ ရွာသူကြီးလျို့သည် မျှော်လင့်ချက်ရောင်စဉ်လေး ဖမ်းလိုက်မိသလိုပင်။

သူက ထပ်ခါထပ်ခါ ခေါက်းငြိမ့်ကာ ကတိပေးလိုက်သည်။ “သမားတော်ဟဲ၊ စိတ်ချပါ။ ကျွန်တော် ဒီကိစ္စကို လုံး ဝမပြန့်စေရပါဘူး”

ရွာသူကြီးလျို၏ ကတိစကားနှင့်အတူ ဟဲကျစ်ယန်သည် လူအများအမြင်မှ ဖုံးကွယ်ကာ သူမ အင်္ကျီလက်ထဲမှ တရုတ်အပ်ကုထုံးအပ် တစ်ထုပ်ကို ထုတ်ယူလိုက်သည်။

လက်ရှိတွင် သူမသည် ပလိပ်ရောဂါကို ကုသရန် ဆေးဝါးများ မပြင်ဆင်နိုင်သေးသောကြောင့် လီထျယ်ကျူး၏ အခြေအနေကို ပိုမဆိုးဝါးသွားဘဲ ယာယီတည်ငြိမ်သွားစေရန် အပ်စိုက်ကုထုံးကိုသာ အသုံးပြုလိုက်သည်။

သူမသည် လီထျယ်ကျူး၏ ခန္ဓာကိုယ်ပေါ်ရှိ နေရာအမှတ်များစွာတွင် အပ်များကို ကျွမ်းကျင်စွာ ထိုးစိုက်လိုက်သည်။

မော့ကျိုးယွီက သူမဘေးတွက် တိတ်ဆိတ်စွာ အဖော်ပြုပေးနေသည်။

ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် လီထျယ်ကျူးသည် နိုးလာမည့် အရိပ်အယောင် မပေါ်သေးသော်လဲ သူ၏ အသက်ရှူသံမှာ ပိုမိုချောမွေ့လာခဲ့သည်။

ဟဲကျစ်ယန်သည် ငွေအပ်များကို ဖယ်လိုက်ကာ လီအမျိုးသမီးအား ပြောလိုက်သည်။ “သူ နာရီဝက်အတွင်း နိုးလာနိုင်ပါတယ်”

လီအမျိုးသမီးသည် သူမအား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေ‌ကာ လီထျယ်ကျူးက အခု ကောင်းသွားပြီဟု ထင်နေခဲ့သည်။

“သူ့အသက်ကို ကယ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် သမားတော်ကြီး”

ဟဲကျစ်ယန်သည် သူမအား လီထျယ်ကျူး၏ အခြေအနေက တည်ငြိမ်ရုံသာရှိသေးပြီး လုံးဝအန္တရာယ်မကင်းသေးဘူးဟု ပြောပြချင်ခဲ့သည်။

သို့သော် လီအမျိုးသမီး စိတ်အေးသွားပုံကိုကြည့်ကာ သူမ ထိုစကားကို မပြောဖြစ်တော့ပေ။

ထို့အပြင် ဟဲကျစ်ယန်သည် အခု လူတိုင်းကို သီးခြားခွဲထားဖို့ မလိုအပ်ဘူးဟု ခံစားရသည်။ ထိတွေ့ခဲ့သူများကို ဖော်ထုတ်ပြီးပြီဖြစိသောကြောင့် အကြမ်းအားဖြင့် ပြောရလျှင် အကုန်လုံးသာ အချိန်မှီ ကာကွယ်ဆေး မသောက်နိုင်ပါက လူတိုင်း ပလိပ်ရောဂါ ကူးစက်ခံရဖို့ အခြေအနေများနေပြီဖြစ်သည်။

ဟဲကျစ်ယန်သည် ထရပ်လိုက်ပြီး မော့ကျိုးယွီကို ဂူပေါက်ဝဆီ ဆွဲခေါ်သွားလိုက်သည်။

“ရှင့်အကူအညီလိုတယ်”

မော့ကျိုးယွီသည် အခြေအနေက အရေးကြီးနေမှန်းသိသောကြောင့် သူလုပ်နိုင်သမျှမှာ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်ပေးခြင်းပင် ဖြစ်သည်။

“ကိုယ် ဘာလုပ်ဖို့လိုလဲပဲ ပြောလိုက်ပါ”

ဟဲကျစ်ယန်သည် သူမ၏ အကြံကို မော့ကျိုးယွီနှင့်သူမ နှစ်ယောက်ထဲသာ ကြားနိုင်သောအသံဖြင့် အကြမ်းဖျင်း ရှင်းပြလိုက်သည်။

မော့ကျိုးယွီက ‌တုံ့ဆိုင်းမနေဘဲ ခေါင်းငြိမ့်လိုက်၏။ “ကောင်းပြီ ကိုယ်အခုပဲ အကိုဖမ်းကို သွားပြောလိုက်မယ်”

ဖမ်းဝမ်သည် အရာရှိများဂူသို့ ပြန်ရောက်နေပြီဖြစ်သည်။ မော့ကျိုးယွီလာသည်ကို မြင်သောအခါ သူက ချက်ချက်းမေးလိုက်သည်။” ညီလေး အဲ့ဒီက အခြေအနေတွေ ဘယ်လိုလဲ”

ပလိပ်ရောဂါကြောင့် လူအများကြီးကို ထိတ်လန့်မသွားစေချင်သောကြောင့် မော့ကျိုးယွီသည် ဖမ်းဝမ်ကို သီးသန့်နေရာတစ်ခုသို့ ခေါ်သွားလိုက်သည်။

“အကိုဖမ်း၊ ကျွန်တော့်မိန်းမက ပလိပ်ရောဂါလူနာတစ်ယောက် စစ်ဆေးတွေ့ရှိခဲ့တယ်”

“ပလိပ်” ဆိုသော စကားလုံးနှစ်လုံးကိုကြားလိုက်သည်နှင့် ဖမ်းဝမ်၏ ဦးရေပြားအထိပင် ထုံကျင်သွားရကာ သူတို့လဲ ကူးစက်နေလောက်ပြီဆိုသော ဖြစ်နိုင်ချေကို ချက်ချင်း စဉ်းစားမိလိုက်သည်။

ဖမ်းဝမ်၏ ပုံမှန် တည်ငြိမ်မှုမျိုး မရှိတော့ပေ။ သူသည် မော့ကျိုးယွီကို စေ့စေ့စပ်စပ် စိုက်ကြည့်နေပြီး ဆုံးဖြတ်ချက် အကြီးကြီး တစ်ခု ချနေသည့်ပုံပင်။

“ညီလေး၊ ငါတို့ အခု ပြေးသင့်လား”

ဖမ်းဝမ်သည် နန်းတွင်းရုံးတော်က ပလိပ်ရောဂါနှင့် ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်ခဲ့လဲ သိနေခဲ့သည် — ကူးစက်သူတစ်ယောက်တောင် မလွတ်စေရဘဲ အကုန်သေဆုံးစေခဲ့သည်။

ထိုအရာကို သူနားလည်ထားသောကြောင့် ဖမ်းဝမ်သည် သူ့အတွေးများကိုပင် ဆုံးရှုံးသွားရလောက်အောင် ကြောက်လန့်သွားတော့သည်။

သူသည် တစ်နေရာတွင် ပိတ်မိနေပြီး သေဖို့ မစောင့်ဆိုင်းနေချင်ပေ။ သူတို့အခု ထွက်ပြေးလျှင် အသက်ရှင်ဖို့ အခွင့်အလမ်းတစ်ခုတော့ ရှိသေးသည်။

မော့ကျိုးယွီသည် ဖမ်းဝမ်ကို လွတ်မြောက်ဖို့အတွက် အကြံတောင်းဖို့ လာခဲ့ခြင်း မဟုတ်ပေ။ ထိုအစား ဟဲကျစ်ယန်၏ တောင်းဆိုမှုကို ပြောပြရန် လာခဲ့ခြင်း ဖြစ်သည်။

“အကိုဖမ်း၊ ကျွန်တော်တို့ ထွက်သွားလို့ မရဘူး”

ဖမ်းဝမ် နားမလည်နိုင်ပေ။ “မင်း ထွက်မသွားဘူးပေါ့၊ မင်း ဒီမှာပဲ သေမှာကို ထိုင်စောင့်နေမလို့လား”

တကယ်တော့ မော့ကျိုးယွီလဲ အလွန်စိတ်လှုပ်ရှားနေခဲ့သည်၊ သူ့မိသားစုလဲ ဒီမှာ ရှိနေသေးသည်လေ။

ပလိပ်ရောဂါသာ ကူးစက်ခံရပါက ဘယ်သူမှ အသက်ရှင်ဖို့ အခွင့်အရေး မရှိပေ။

သို့သော် သူ ဟဲကျစ်ယန်ကို ယုံကြည်ဖို့ လိုလားနေသေးသည်။

“အကိုဖမ်း၊ ကျွန်တော့်မိန်းမပြောခဲ့တာ သူမ ‌ခုနက တောင်ပေါ်တက်လာတုန်းက ပလိပ်ရောဂါကို ကာကွယ်ကုသနိုင်တဲ့ ဆေးပင်မျိုးကို တွေ့မိခဲ့တယ်လို့ပြောတယ်”

ဟဲကျစ်ယန်၏ ဆေးပညာစွမ်းရည်ကို အမှန်တကယ် သိနေသော်လဲ ‌ဖမ်းဝမ်သည် ထိုအရာက တခြားရောဂါများနှင့် ကွာခြားသည့် ပလိပ်ရောဂါအတွက်တော့ မဖြစ်နိုင်ဘူးဟုထင်မိသည်။ ထိုအရာက လျင်မြန်စွာ ကူးစက်တတ်ရုံသာမက သေစေနိုင်ပြီးတော့ ဘယ်ဆေးနဲ့မှလဲ ကုသလို့ မရပေ။

“ညီလေး၊ မင်းက ခိုင်မာတဲ့ယောက်ျားတစ်ယောက်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ မင်းမိသားစုအတွက်လဲ တွေးဦးကွ — တကယ်လို့ မကုနိုင်ရင်ရော။ ငါတို့အားလုံး ဒီမှာပဲ သေကုန်မှာ မဟုတ်ဘူးလား”

မော့ကျိုးယွီသည် ဖမ်းဝမ် ဘာပဲပြောပြော ဟဲကျစ်ယန်ကိုသာ ယုံကြည်ဖို့ ရွေးချယ်ထားပြီး လုံးဝ စိတ်မပြောင်းပေ။

“အကိုဖမ်း၊ ကျွန်တော်တို့ကို အချိန်နည်းနည်းပဲပေးပါ။ ကျွန်တော့်မိန်းမနဲ့ အတူတူ ဆေးသွားခူးပါမယ်။ တောင်အောက်မှာ အခု ရေကြီးနေတာလေ။ ကျွန်တော်တို့ ဒီနေရာက လွတ်ချင်တယ်ဆိုရင်တောင် မဖြစ်နိုင်တော့ဘူး။ ဘာဖြစ်လို့ ကျွန်တော့်မိန်းမကို ကြိုးစားခွင့်မပြုရမှာလဲ”

တောင်အောက်မှ ရေကြီးမှုအကြောင်း တွေးမိသွားသောအခါ ဖမ်းဝမ်သည် သုတို့ ဒီနေရာကနေ လုံးဝ ထွက်သွားလို့ မရနိုင်မှန်း နားလည်သွားတော့သည်။

ထို့နောက် အသက်ရှင်သန်ရန်အတွက် မျှော်လင့်ချက်မှာ ဟဲကျစ်ယန်ထံတွင်သာ ရှိတော့သည်။

“ကောင်းပြီ၊ မြန်မြန်လုပ်ပြီး အန္တရာယ်ကင်းအောင်လုပ်ခဲ့။ အန္တရာယ်ကင်းဖို့ သေချာဂရုစိုက်” သူပြောပြီးနောက် ဖမ်းဝမ်သည် ဝါးခမောက်နှစ်ခုကိုဆွဲယူကာ မော့ကျိုးယွီကို ပေးလိုက်သည်။

မော့ကျိုးယွီသည် ဖမ်းဝမ်အား စိတ်ချထားဖို့ ကြည့်လိုက်ပြီး ဝါးခမောက်ကိုယူကာ ထွက်သွားငည်။

ဟဲကျစ်ယန်သည် အခုလေးတင် မော့ကျိုးယွီကို အကူအညီတောင်းချိန်တွင် သူမ၏ လျှို့ဝှက်ချက်ကို သူ့ရှေ့မှာ နောက်တစ်ကြိမ် ဖော်ထုတ်ဖြစ်မှာ ကြိုတင်ခန့်မှန်းပြီးသားပင် ဖြစ်သည်။

သူမက မော့ကျိုးယွီ၏ ပင်ကိုယ်စရိုက်ကို ယုံတာ မယုံတာ ကိစ္စမရှိပေ။ ယခု ပလိပ်ရောဂါ ဘေးအန္တရာယ်ကျရောက်နေသည့် အသက်ပေါင်းများစွာနှင့် ရင်ဆိုင်ရလျှင် သူမ၏ လျှို့ဝှက်ချက်ကို ဒုတိယနေရာတွင်သာ ထားရပေမည်။

အရင်လမ်းအတိုင်း လျှောက်သွားကာ နှစ်ယောက်သား ဝါးဦးထုပ်များ ဆောင်းပြီး အမြန်ပျောက်ကွယ်သွားကြသည်။

မှောင်မဲနေပြီး လမ်းများကလဲ ချောနေသောကြောင့် ဟဲကျစ်ယန်၏ လုံခြုံရေးအတွက် မော့ကျိုးယွီသည် သူမလက်ကို လုံးဝ မလွှတ်ပေ။

ဟဲကျစ်ယန်က တွေးလိုက်သည် — ငါ့ရဲ့ လျှို့ဝှက်ချက်တွေက နည်းနည်းပေါ်တော့မှာပဲဟာ။ အဲ့ဒီတော့ တခြားလူတွေက်ု စပ်စုချင်စိတ်ဖြစ်လာဖို့ တခြားဟာလေးတွေလဲ ပြရမှာပေါ့။

ထို့နောက် သူမသည် နေရာလွတ်ထဲမှ နိုင်ငံ့ဘဏ္ဍာတိုက် အဆင့်မြင့်ဆုံး ညလင်းပုလဲ တစ်လုံးကို ထုတ်ယူလိုက်သည်။

ညပုလဲ ပေါ်လာသည်နှင့် ဘေးပတ်ပတ်လည်မှာ ချက်ချင်းပင် လင်းထိန်သွားတော့သည်။

မော့ကျိုးယွီသည် ညပုလဲကို တစ်ချက်ကြည့်ကာ ဒီကမ္ဘာပေါ်က ဘယ်ဆီကနေများ သူမ ဒါကို ထုတ်လိုက်သလဲဟု မေးချင်စိတ်ကို ထိန်းလိုက်ရသည်။

သို့သော် သူမ၏ ညပုလဲကို ရုတ်တရက် ထုတ်လိုက်ခြင်းက သူမ မီးသွေးနှင့် တခြားပစ္စည်းများ ထုတ်သည်နှင့် ဘာမှမထူးခြားဘူးဟု ပြန်တွေးလိုက်သည်။

သူမ ကိုင်ဆောင်ထားသည့် မှော်အိတ်လိုအရာမျိုး ရှိလိမ့်မည်ဟု သူခန့်မှန်းလိုက်သည်။ မဟုတ်လျှင် မော့ကျိုးယွီလဲ တခြားသင့်တော်သော အကြောင်းပြချက်မျိုး မတွေးနိုင်တော့ပေ။

ဤအရာက ဟဲကျစ်ယန်သည် မော့ကျိုးယွီရှေ့တွင် နေရာလွတ်ကို ပြောင်ပြောင်တင်းတင်း အသုံးပြုသည့် ပထမဆုံးအကြိမ်ဖြစ်ပြီး ပစ္စည်းသေးသေးလေးတွေကို ဖွက်လိုက်ထုတ်လိုက်လုပ်ခြင်းနှင့် အများကြီး ကွဲပြားပေသည်။

သူမစိတ်ထဲ ထူးထူးဆန်းဆန်း ခံစားလိုက်ရသော်လဲ မော့ကျိုးယွီ နောက်ထပ် မေးမြန်းလာဖို့ အခွင့်အရေးမပေးဘဲ ခပ်ဝေးဝေးရှိ မြေပြင်ကို လက်ညှိုးထိုးပြလိုက်သည်။

“အဲ့ဒီကိုသွားရအောင်”

မော့ကျိုးယွီသည် ခေါင်းငြိမ့်ကာ လမ်းပြပေးရန် ရှေ့မှသွားလိုက်သည်။

နှစ်ယောက်သား နေရာသို့ရောက်သောအခါ ‌ဟဲကျစ်ယန် ပြသည့်နေရာတွင် စစ်ဘက်သုံးတဲအိမ်တစ်ခုက ပါးလွှာသော လေထုထဲမှ ထွက်ပေါ်လာခဲ့သည်။

ဤသည်က ထိပ်တန်းအဆင့် စစ်ဘက်သုံးတဲအိမ်ဖြစ်ပြီး ဟဲကျစ်ယန်၏ ဆေးရုံလေးထဲတွင် ရှိနေခြင်း ဖြစ်သည်။ အထဲရော အပြင်ရော အရည်အသွေးက အကောင်းဆုံးပင်။

မော့ကျိုးယွီက ကြောင်အစွာ စိုက်ကြည့်နေစဉ်တွင် ဟဲကျစ်ယန်သည် သူ့အား တဲအိမ်ထဲသို့ ဆွဲသွင်းလိုက်သည်။

မိုးရေများ မထိတော့သောကြောင့် ချက်ချင်းပင် သက်တောင့်သက်သာ ဖြစ်သွားရသည်။

ဖြတ်သွားသော တခြားလူများနှင့် တစ်ခုခု မူမမှန်သည်များကို ကာကွယ်ရန် ဟဲကျစ်ယန်သည် တဲအိမ်ထဲရောက်သည်နှင့် ညပုလဲကို နေရာလွတ်ထဲသို့ ပြန်ထည့်လိုက်သည်။

“ကျွန်မ နန်းတော်ထဲက ဘဏ္ဍာတွေကို သိမ်းထားတဲ့နေရာမှာ ဆေးပစ္စည်းတွေ ရှိနေတယ်။ သံသယမဝင်အောင်လို့ ကျွန်မတို့ ပြန်မသွားခင် ဒီမှာ တစ်နာရီလောက် နေကြရအောင်”

မော့ကျိုးယွီ ခေါင်းငြိမ့်လိုက်သည်။ “ကောင်းပြီ”

မော့ကျိုးယွီက လိမ္မာပါးနပ်စွာ ပြုမူနေသည်ကို မြင်သောအခါ ဟဲကျစ်ယန်သည် နေရာလွတ်ထဲမှ ထိုင်ခုံ နှစ်လုံးကို ဆွဲထုတ်လိုက်ပြန်သည်။

***

All Chapters