← Chapters

ကိုယ်သဘောကျတဲ့လူကိုတွေ့ရင် နှလုံးခုန်သံတွေ မြန်လာတယ်

Vol. 7 Ch. 92

ကိုယ်သဘောကျတဲ့လူကိုတွေ့ရင် နှလုံးခုန်သံတွေ မြန်လာတယ်

Vol. 7 Ch. 92

ဟဲကျစ်ယန်သည် မော့ကျိုးယွီ အမဲလိုက်ထွက်စဉ်က ကြုံတွေ့ခဲ့ရသော ခက်ခဲမှုများကို ကိုယ်တိုင်ကိုယ်ကျ မသိသော်လဲ လက်ရှိ ပတ်ဝန်းကျင်အနေအထားဖြင့် သည်းထန်သော မိုးကြီး ရွာပြီးသည့်နောက် သားကောင်များကို အမဲလိုက်ဖို့က မလွယ်ကူကြောင်း ခန့်မှန်းနိုင်ပေသည်။

မော့ကျိုးယွီက ငြင်းတော့မည်ကို မြင်သောအခါ သူမ အမြန်ဖြတ်ပြောလိုက်သည်။ “ယောက်ျား၊ ဆေးပင်တွေ ကုန်နေပြီ။ ရှင် အမဲလိုက်ထွက်ရင်း အပြန်ကျရင် နည်းနည်းခူးခဲ့လို့ရတာပေါ့”

မော့ကျိုးယွီ၏ သူမအပေါ် နားလည်ထားမှုအရ သူမ၏စကားများက ဆေးပင်များခူးဖို့အတွက်သာ မဟုတ်ကြောင်း တန်းသိလိုက်သည်။

ထို့ကြောင့် သူ ငြင်းဆန်ရန် ပြင်ဆင်ထားသော စကားလုံးများကို ပြန်မျိုချလိုက်ရသည်။

“ကောင်းပြီလေ၊ အခု သွားကြတာပေါ့”

မော့ကျိုးယွီက မငြင်းဆန်ကြောင်း မြင်သောအခါ ဖမ်းဝမ်သည် သူက ဟဲကျစ်ယန်၏စကားကို သဘောတူလိုပ်ပြီဖြစ်ကြောင်း သိလိုက်သည်။

သူသဘ် ဤစုံတွဲကို လုံးဝယုံကြည်နေပြီဖြစ်ပြီး သူတို့ ထွက်ပြေးသွားမည်ကိုလဲ မစိုးရိမ်ပေ။

မော့ကျိုးယွီသည် သူမအား တောင်ပေါ်သို့ လမ်းပြကာ ချောနေသော တောင်ပေါ်လမ်းကို လျှောက်ရသည်မှာ ဟဲကျစ်ယန်လို ကိုယ်ဖော့ပညာမတတ်သောလူအတွက်တော့ အလွန် ခက်ခဲလှသည်။

ကံကောင်းစွာပင် ‌မော့ကျိုးယွီသည် လမ်းတစ်ယောက်လုံး သူမလက်ကို ကိုင်ပေးထားသောကြောင့် ဟဲကျစ်ယန် ချော်မလဲခဲ့ပေ။

ခေတ်သစ်မှ ဟဲကျစ်ယန်သည် လူနှစ်ယောက်ကြား ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုကို သိပ်ဂရုမစိုက်သော်လဲ မော့ကျိုးယွီကတော့ ကွဲပြားသည်။

သူသည် လမ်းလျှောက်နေရင်းနှင့် မျက်နှာမှာ အပူဒဏ်ဖြင့် နီရဲနေကာ နှလုံးခုန်နှုန်းသည်လဲ သူထိန်းချုပ်နိုင်သည်ထက်ပင် ကျော်လွန်နေခဲ့သည်။

မော့ကျိုးယွီသည် ဟဲကျစ်ယန်နှင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုကြောင့် ဤကဲ့သို့ ခံစားရသည်မှာ ဒါကပထမဆုံး မဟုတ်တော့ပေ။ သူသည် ထိုအရာကို အလေးအနက်ထားရမည်ဖြစ်၏။

သူ စစ်စခန်းထဲတွင် ရှိနေစဉ်က လက်ထပ်ပြီးသား အိမ်ထောင်သည် သူငယ်ချင်းများ ပြောကြသည်မှာ သူတို့ သဘောကျသော မိန်းကလေးကို တွေ့လျှင် နှလုံးခုန်သံ မြန်လာသည်ဟု ဆိုပေဟည်။

သူက ဟဲကျစ်ယန်ကို သဘောကျမိနေတာများလား။

မော့ကျိုးယွီသည် ထိုခံစားချက်ကို မငြင်းပယ်ဘဲ ဆန့်ကျင်ဘက် အနေနှင့် သူက သဘောတောင်ကျမိသေးသည်။

ထိုအတွေးကြောင့် သူသည် မသိလိုက်ပါဘဲ ဟဲကျစ်ယန်၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိသည်။

မော့ကျိုးယွီ၏ မျက်နှာကို မမြင်ရသောကြောင့် ဟဲကျစ်ယန်သည် သူ့လှုပ်ရှားမှုက သူမကို ကာကွယ်ဖို့ ပိုကောင်းဖို့အတွက်သာဟု ရိုးရိုးရှင်းရှင်း တွေးလိုက်၏။

အနည်းငယ် စိုးရိမ်နေသော်လဲ သာယာနေသော စိတ်ကလေးဖြင့် မော့ကျိုးယွီသည် ဟဲကျစ်ယန်ကို ကျယ်ဝန်းသော နေရာတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။

သူနှင့်လိုက်လာသော ဟဲကျစ်ယန်၏ အဓိကရည်ရွယ်ချက်မှာ ဆေးပင်များခူးဖို့ မဟုတ်ကြောင်း သိပေသည်။

သူမက ရပ်ဖို့ စိတ်ကူးမရှိသည်ကို တွေ့သောအခါ မော့ကျိုးယွီ ငြင်ငြင်သာသာ မေးလိုက်သည်။ “မင်း ဘယ်သွားချင်တာလဲ”

ဘယ်သွားရမှာလဲ။

ဟဲကျစ်ယန်၏ စိတ်ထဲတွင် အတိအကျ သွားချင်သည့် နေရာမျိုး မရှိပေ။ မော့ကျိုးယွီနှင့်အတူ လိုက်လာရခြင်းမှာ ထောင်းပေါင်တွင် ပစ္စည်းများ ဝယ်ချင်သောကြောင့်သာ ဖြစ်သည်။

ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ အတော်လေး သာယာသည်ကို တွေ့လိုက်ရသည်။

မနေ့ညက သည်းထန်စွာ ရွာသွန်းထားသော မိုးကြောင့်၊ သို့မဟုတ် သူမတို့က ပြည်နှင်ဒဏ်အကျဉ်းသား ဖြစ်နေသောကြောင့်သာ မဟုတ်ပါက ဟဲကျစ်ယန်သည် ဤနေရာတွင် အကြာကြီးထိုင်ကာ သဘာဝအလှများကို ခံစားချင်မိသည်။

သို့သော် အခုကတော့ သူမ လက်တွေ့ကျမှရမည်ဖြစ်သည်။

သူမသည် မော့ကျိုးယွီကို အများကြီး ဖုံးကွယ်မထားတော့သော်လဲ လင်းထိန်နေသော နေ့ခင်းအချိန်တွင် မော့ကျိုးယွီရှေ့၌ နေရာလွတ်ထဲမှ ပစ္စည်းများကို မျက်လှည့်ပြသလို ထုတ်ယူနေလို့မရပေ။

“ရှင် လျှောက်သွားပြီး သားကောင်တွေရှာရင်ရော ဘယ်လိုလဲ။ ကျွန်မ ဒီမှာနေခဲ့ပြီး ပြင်ဆင်နေမယ်လေ၊ ပြီးရင် ရှင့်ကို အော်ခေါ်လိုက်မယ်။ ဘယ်လိုလဲ”

မော့ကျိုးယွီကို သားကောင်များ ရှာခိုင်းခြင်းက ဆင်ခြေသက်သက် ဖြစ်သည်။ သူမတို့ လမ်းတစ်လျှောက်လုံး သားကောင်ခြေရာကို မတွေ့ခဲ့ကြပေ။ ဟဲကျစ်ယန်သည် သူ့ကို အဝေးသို့ ပို့လိုက်ရန် အကြောင်းပြချက်အဖြစ်သာ သုံးလိုက်ခြင်းဖြစ်သည်။

မော့ကျိုးယွီသည် သူမအတွေးများကို သဘောပေါက်၏။

“ကောင်းပြီ၊ ကိုယ် သွားလိုက်မယ်။ မင်း အန္တရာယ် တစ်ခုခုနဲ့ ကြုံရင် အော်သာအော်လိုက်နော်”

“ကောင်းပြီ၊ စိတ်မပူပါနဲ့။ အန္တရာယ်ရှိရင် ကျွန်မ ရှင့်ကို သေချာပေါက် အော်ခေါ်ပြီး လာကယ်ခိုင်းမှာပါ”

မော့ကျိုးယွီသည် တောင်ပေါ်သို့ ဆက်တက်သွားကာ သူ့ခေါင်းက်ု သုံးကြိမ်လောက် လှည့်ကြည့်နေသည်မှာ ဟဲကျစ်ယန်က သူ့ကို နေခဲ့ဖို့ ခေါ်စေချင်နေသည့်ပုံပင်။

သို့သော် ဟဲကျစ်ယန်က သူ့ကို နေခဲ့ဖို့ မပြောခဲ့ပေ ...

မော့ကျိုးယွီ၏ ပုံရိပ် ပျောက်ကွယ်သွားမှသာ ဟဲကျစ်ယန်သည် သစ်ပင်ထူထပ်သော နေရာဆီသို့ ရောက်လာပြီး နေရာလွတ်ဆီသို့ အလျင်အမြန် ဝင်ရောက်သွားသည်။

သူမ၏ ဖုန်းကိုထုတ်ကာ ထိုလူများအတွက် တစ်ရက်စာ ဆေးပင်များ ဝယ်လိုက်သည်။

ထို့အပြင် မော့ကျိုးယွီ အမဲလိုက်ရာတွင် ကူညီရန်အတွက် ရှင်နေသော ယုန်ဆယ်ကောင်ကိုလဲ ဝယ်လိုက်၏။

တောကြက်များသည် အနာဂတ်တွင် ထိန်းသိမ်းခံရသော မျိုးစိတ်များဖြစ်လာသောကြောင့် ထိုအကောင်များကို ထောင်းပေါင်တွင် မရောင်းပေ။ သို့သော် တောကြက်ဥများတော့ ရနိုင်သည်။

တောကြက်ဥများသည် ပုံမှန်ကြက်ဥများထက် ဈေးပိုကြီးသော်လဲ သူတို့ကို ဝယ်ယူနိုင်ပေသည်။

အကုန်လုံး ပြင်ဆင်ပြီးနောက် ဟဲကျစ်ယန်သည် မော့ကျိုးယွီထွက်သွားသော ‌ဦးတည်ရာဘက်ကို လှမ်းအော်လိုပ်သည်။

“မော့ကျိုးယွီ၊ ကျွန်မ အဆင်သင့်ဖြစ်ပြီ။”

သူမ နှစ်ကြိမ်အော်လိုက်သော်လဲ ပြန်ထူးသည့်အသံ မကြားရပေ။

ဟဲကျစ်ယန်သည် စိတ်ပူသွားကာ သူ့ကိုရှာရန် တောင်ပေါ်သို့ တက်လာလိုက်သည်။

သူမ မီတာတစ်ရာခန့် လမ်းလျှောက်ပြီးချိန်တွင် ရင်းနှီးနေသော ပုံရိပ်လေးကို တွေ့လိုက်ရသည်။

မော့ကျိုးယွီသည် တောင်ဆိတ်ကြီးကို ပုခုံးပေါ်တင်ထားရင်း သူမရှိရာသို့ လျှောက်လာနေသည်။

ဟဲကျစ်ယန်၏ ခေါ်သံကို သူကြားသော်လဲ တောင်ဆိတ်ကို ဖမ်းဖို့ ကြံနေတုန်း ဖြစ်သောကြောင့် အသံပြုလိုက်ပါက ထွက်ပြေးသွားမည်ကို စိတ်ပူကာ ချက်ချင်း မဖြေနိုင်ခဲ့ပေ။

တောင်ဆိတ်ကို မိပြီးသောအခါ မော့ကျိုးယွီသည် အချိန်မဆွဲတော့ပေ။ သူသည် ဆိတ်ကို ပုခုံးပေါ်တင်လိုက်ပြီး ဟဲကျစ်ယန်ရှိသည့် ဦးတည်ရာသို့ ချက်ချင်းလာခဲ့သည်။

မော့ကျိုးယွီ၏ ပုခုံးပေါ်မှ တောင်ဆိတ်ကို မြင်သောအခါ ဟဲကျစ်ယန်သည် အနည်း‌ငယ် နောင်တရမိသွား၏။

သူ တောင်ဆိတ်ကို ဖမ်းမည်ဟု သူမ ကြိုသိခဲ့လျှင် သူမ ထောင်းပေါင်မှ တောင်ဆိတ်တစ်ကောင် ဝယ်လိုက်မှာပင်။

မော့ကျိုးယွီက သူမနှင့် နီးလာပြီဖြစ်သည်။ အနည်းငယ် ချီတုံချီချဖြစ်နေသော်လဲ ဟဲကျစ်ယန်သည် တည်ငြိမ်ချင်ယောင်ဆောင်ကာ လက်ကို ဆုပ်လိုက်သည်။

“သွားကြစို့”

ယုန်အရှင်များကို မြင်လိုက်ရသောအခါ မော့ကျိုးယွီ အံ့ဩသွားရသည်။

သူ၏ ကျွမ်းကျင်မှုနှင့်ပင် ဤမျှများ ပြားသော တောယုန်များကို ရှာမတွေ့နိုင်ခဲ့ပေ။ အဲ့ဒါကို ဟဲကျစ်ယန်က ဘယ်လိုလုပ်လိုက်တာလဲ။

ဒီယုန်တွေကလဲ သူမရဲ့ မှော်သေတ္တာထဲကများ ဖြစ်နိုင်မလား။

သို့သော် မကြာမီပင် သူသည် သူ၏အရင်လက်သုံးစကားအတိုင်း ဖော်လို့မရတဲ့ လျှို့ဝှက်ချက်တွေ ရှိတယ်ဟု တွေးလိုက်ကာ ကိုယ့်ကိုယ်ကို ဖြေသိမ့်လိုက်သည်။

သူ့အတွေးများက်ု ခွဲခြမ်းစိတ်ဖြာရင်း မော့ကျိုးယွီသည် တုတ်ချောင်းအနည်းငယ်ကိုရှာကာ နွယ်ပင်များဖြင့် ချည်လိုက်ပြီး ဖောင်လေးတစ်ခုအဖြစ် လုပ်လိုက်သည်။

နှစ်ယောက်သား ပစ္စည်းများပြည့်နေသော ဖောင်လေးကို ပြန်ဆွဲကာ ဂူသို့ပြန်လာခဲ့ကြသည်။

ဖမ်းဝမ်သည် ထိုပစ္စည်းများကို မြင်သောအခါ မျက်လုံးများ ဝင်းပသွားရ၏။။

“ညီလေး၊ ခယ်မလေး၊ မင်တို့ အရမ်းကြိုးစားခဲ့ကြတာပဲ။ ဒီလို အထူးအခြေအနေကြီးမှာတောင် လူတိုင်း ဗိုက်မဆာရတာ မင်းတို့ကျေးဇူးကြောင့်ပါကွာ”

အော့ကျိုးယွီရော ဟဲကျစ်ယန်ပါ ချီးကျူးစကားကို စိတ်ထဲမထားပေ။ သူမတို့၏ အဓိက မျှော်လင့်ချက်မှာ တစ်မိသားစုလုံး အန္တရာယ်ကင်းကင်းနှင့် အနောက်မြောက်အရပ်သို့ ရောက်နိုင်ဖို့သာ ဖြစ်သည်။

“အကိုကြီးဖမ်း၊ အရမ်းယဉ်ကျေးလွန်းနေပါပြီ။ ဒါက ကျွန်တော်တို့ နည်းနည်းအားထုတ်ထားတာလေးပါ”

မော့ကျိုးယွီသည် ယဉ်ကျေးစွာ စကားဖလှယ်လိုက်ပြီး တောင်ဆိတ်ကြီး၊ ယုန်နှစ်ကောင်နှင့် တောကြက်ဥများကိုယူကာ ‌ဟဲကျစ်ယန်၏လက်ကိုဆွဲရင်း ထွက်သွားလေသည်။

ကျန်ရှိသည့် သားကောင်များကိုတော့ ဖမ်းဝမ် စီစဉ်ပေလိမ့်မည်။

မရီးများက သားကောင်ကို ကိုင်တွယ်ဖို့ အစပြုခဲ့ကြသည်ာ သူမတို့ အနည်းငယ် မဝံ့မရဲဖြစ်နေသေးသော်လဲ ကြိုးစားပြီး လုပ်ကိုင်ကြသည်။

နဝမ မတ်လေးနဲ့ နဝမ ယောင်းမလေးက လူတိုင်းအတွက် ဒီလောက်ကြိုးစားပေးထားပြီဖြစ်ရာ သူမတို့ကလဲ ထိုဒုက္ခကို အကောင်းဆုံး ကြိုးစားပြီး ဝန်ကို ကူထမ်းယူရမှာပဲဖြစ်သည်။

ဖမ်းဝမ်သည် တခြားမိသားစုများနှင့် ရွာသားများကို အစားအစာမျှဝေပေးရန် တာဝန်ရှိသည်။ မော့မိသားစုလောက် အစားအစာ မများသော်လဲ ဘယ်သူကမှ မကျေမနပ် မဖြစ်ကြပေ။ ဤကဲ့သို့ဆသာ အချိန်မျိုးတွင် အစာငတ်ပြီးမသေအောင် ဖျားနာပြီး မသေအောင် လုပ်ပေးသည့် မော့မိသားစု၏ ဇနီးမောင်နှံကို ကျေးဇူးတင်ရမည်ဖြစ်သည်။ သူတို့ မှန်မှန်ကန်ကန် ဖော်ပြကာ ကျေးဇူးတင်ခဲ့ကြ၏။

မော့ကျိုးယွီအပေါ် မကျေမချမ်း မုန်းတီးနေသော ဟယ်မိသားစုပင်လျှင် သူတို့၏ အာဃာတများကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်ခဲ့သည်။ ‌ဟယ်ကျီယွမ်သည် မော့ကျိုးယွီအား ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်စကား လာပြောခဲ့သည်။

ဟဲကျစ်ယန်ရော မော့ကျိုးယွီပါ ပြောနိုင်သည်မှာ ဟယ်ကျီယွမ်သည် သူမတို့အား ဖော်ရွေသည့် ရည်ရွယ်ချက် ရှိနေပြီဖြစ်ကြောင်းပင်။ သို့သော် ယုံကြည်မှုကို တစ်ညတည်းနှင့် တည်‌ဆောက်၍ မရနိုင်ပေ၊ သူမတို့ကလဲ လူတိုင်းနှင့် သူငယ်ချင်း မလုပ်နိုင်ပေ။

မော့ကျိုးယွီသည် အသိအမှတ်ပြုသည့်အနေဖြင့် ရိုးရိုးရှင်းရှင်း ခေါင်းငြိမ့်ပြလိုက်ပြီး ဟယ်ကျီယွမ်၏ ကျေးဇူးတင်မှုကို လက်ခံလိုက်ကာ သူနှင့် နောက်ထပ်တော့ အဆက်အသွယ် မလုပ်တော့ပေ။

တစ်နာရီခန့် အလုပ်ရှုပ်ကြပြီးနောက် အိမ်တော်တွင်းမှ တခြားအမျိုးသမီးများနှင့် သခင်မကြီးမော့တို့သည် မော့ကျိုးယွီ ပြန်ယူလာသည့် သားရိုင်းကောင်ကို ပြင်ဆင်ပြီးသွားကြပြီ ဖြစ်သည်။

မော့ကျိုးယွီသည် နေရာခပ်ကျယ်ကျယ် တစ်ခုတွင် မီးဖိုထားပြီးဖြစ်၏။ ဤကဲ့သို့သော ပတ်ဝန်းကျင်အခြေအနေတွင် အသားကို ကင်စားခြင်းကသာ သင့်တော်သော ချက်ပြုတ်နည်းပင်။

သူတို့ အရသာကောင်းကောင်း စားချင်လျှင် ဟဲကျစ်ယန်၏ အချက်အပြုတ်စကေးကိုတော့ သေချာပေါက် လိုအပ်ပေသည်။

***

All Chapters