ဒီလူတွေက ကိုယ့်ကြောင့်လာတာ
Vol. 7 Ch. 97
ဖမ်းဝမ်၏ စကားများက အကျိုးသက်ရောက်မှုရှိသည်ကို မြင်သောအခါ ဖန့်မိသားစုသည် နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်။
ဖန့်ချွမ်ကျိုးသည် ဟဲကျစ်ယန်ကို သွားရှာလိုက်ပြီး သခင်မကျောက်၏ ကျိုးနေသောအရိုးကို ဆက်ပေးပါရန် အကူအညီတောင်းလာသည်။
တစ်ချိန်တည်းမှာပင် တခြားဖန့်မိသားစုဝင်များသည် မော့ကျိုးယွီရှေ့သို့ ရောက်လာကာ သူ့ကို ဒူးထောက်ဦးချပြီး သခင်မကျောက်၏ အသက်ကို ကယ်ပေးသည့်အတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြသနေကြသည်။
ဟဲကျစ်ယန်သည် ကျွမ်းကျင်စွာပင် သခင်မကျောက်၏ ကျိုးနေသော အရိုးကို ပြန်တည့်ပေးလိုက်ပြီးနောက် သူမ အခုလေးတင်ရှာခဲ့သော တုတ်ချောင်းလေးများစွာဖြင့် ဒဏ်ရာမလှုပ်နိုင်အောင် ချည်ပေးလိုက်သည်။
ဖန့်မိသားစုသည် ဟဲကျစ်ယန်အား ထပ်ခါထပ်ခါ ကျေးဇူးတင်နေကြသည်။
ဖန့်ချွမ်ကျိုးသည် မော့ကျိုးယွီနှင့် ဟဲကျစ်ယန်က သခင်မကျောက်၏ အသက်ကို ကယ်တင်ပေးခဲ့သောသူများ ဖြစ်သည်ဟု သေချာပြောခဲ့ကာ အခုကစပြီး သူတို့နှစ်ယောက်ကို နွားလို မြင်းလို အလုပ်လုပ်ကာ ပြန်လည်ပေးဆပ်ရမည်ဟု ပြောခဲ့၏။
ခဏကြာ နားပြီးနောက် လူတိုင်းသည် ခရီးဆက်ခဲ့ကြပြီး နောက်ဆုံးတွင် တစ်ညတာနားခိုရန်အတွက် တောင်စောင်းတစ်ခုကို တွေ့ရှိခဲ့ကြသည်။
မော့ကျိုးယွီ ဘေးမှာရှိနေလျှင် ဟဲကျစ်ယန်သည် ပတ်ဝန်းကျင်က လုံခြုံလား မလုံခြုံလား စစ်ဆေးနေဖို့ မလိုအပ်ဘဲ အေးအေးဆေးဆေး အနားယူနိုင်သည်။
မရီးများက ညစာပြင်ဖို့ လုပ်နေကြသောကြောင့် ဟဲကျစ်ယန် အချိန်အားနေခဲ့သည်။
တောင်ပေါ်လေများက ကြမ်းတမ်းသည်။ ညစာစားပြီးနောက် လူတိုင်း တဲထဲသို့ ပြန်ဝင်သွားကြ၏။
မော့ကျိုးယွီ ဒီမှာရှိနေသော်လဲ ဟဲကျစ်ယန်သည် ဤကဲ့သို့သော ပတ်ဝန်းကျင်တွင် စိတ်ချလက်ချတော့ အနားမယူဝံ့ပေ။
သူမ၏ အသိစိတ်က နေရာလွတ်ထဲဝင်ကာ နံရံပေါ်ရှိ နာရီကိုကြည့်လိုက်သောအခါ မနက် ၃ နာရီကျော်နေပြီဟု ပြသနေသည်။
အိပ်ရာမထခင် အချိန်အနည်းငယ် လိုသေးသောကြောင့် ဟဲကျစ်ယန်သည် မျက်လုံးကိုပြန်မှိတ်ကာ ခဏပြန်အိပ်ဖို့ ကြံလိုက်သည်။
သူမ အသိစိတ်များ မှုန်ဝါးသွားစဉ် ဘေးနားရှိ မော့ကျိုးယွီက ရုတ်တရတ် ထထိုင်လိုက်သည်ကို ချက်ချင်း ခံစားလိုက်ရသည်။
တစ်ချိန်တည်းပင် သူမလည်း အနီးနားရှိ တောတိုးနေသံများကို ရိပ်မိသွားသညါ။
ဟဲကျစ်ယန် အလိုလို ထထိုင်မိလိုက်ပြီး မော့ကျိုးယွီနှင့် အချင်းချင်း ကြည့်လိုက်မိကြသည်။ သူမတို့နှစ်ယောက်လုံး အန္တရာယ်၏ အငွေ့အသက်ကို တစ်ပြိုင်တည်း ခံစားမိလိုက်ကြ၏။
စုံတွဲသည် အလျင်အမြန် ပြင်ဆင်ပြီး တဲထဲမှထွက်လာကြသည်။
သူတို့ တဲပြင်ထွက်လိုက်ချိန်တွင် အစောင့်အရာရှိနှစ်ယောက်မှာ ရင်ဘတ်ကို မြှားဖြင့် အဆက်မပြတ် အပစ်ခံရပြီး ချက်ချင်း မြေကြီးပေါ် လဲကျသွားကြသည်။
မော့ကျိုးယွီသည် ဟဲကျစ်ယန်ကို သူ့ဘေးသို့ အမြန်ဆွဲလိုက်ပြီး အလွန်လျင်မြန်သော အရှိန်ဖြင့် ပြောလိုက်သည်။
“အဲ့ဒီလူတွေက ကိုယ့်အတွက်လာတာ၊ ဒီမှာပဲနေ မလှုပ်နဲ့။ ကိုယ် သူတို့ကို မျှားခေါ်သွားလိုက်မယ်”
သူစကားပြောပြီးပြီးချင်းပင် ခန္ဓာကိုယ်က လေထဲသို့ ရောက်သွားပြီဖြစ်သည်။ အနည်းငယ် ခုန်ပေါက်ပြီး အနီးနားရှိ တောအုပ်ကြီးထဲ ပြေးဝင်သွားခဲ့သည်။
အနက်ရောင်ဝတ်လူများ တစ်ယောက်ပြီးတစ်ယောက် လူပေါင်းများစွာ ပေါ်လာကြကာ မော့ကျိုးယွီ၏နောက်သို့ နီးနီးကပ်ကပ် လိုက်ပါသွားကြသည်။ ရံဖန်ရံခါ မော့ကျိုးယွီနောက်သို့ မြှားများ ပစ်လွှတ်နေကြသည်။
တစ်ချိန်တည်းပင် ဖမ်းဝမ်နှင့် တခြားအရာရှိများသည်လည်း အပြင်ဘက်မှ ရုန်းရင်းဆန်ခတ်သံများကိုကြားပြီး တစ်ယောက်ပြီးတစ်ယောက် ယောင်ဝါးဝါးဖြင့် ထွက်လာကြကာ အပြင်ဘက်တွင် ဘာဖြစ်နေသလဲ ကြည့်ရှုကြသည်။
သူတို့၏ ရဲဘော်အရာရှိနှစ်ယောက် သွေးအိုင်ထဲတွင် သေဆုံးနေကြသည်ကို မြင်သောအခါ ဖမ်းဝမ်သည် သူ့လူများနှင့် ချက်ချင်းပြေးသွားလိုက်သည်။
ဟဲကျစ်ယန်သည် မော့ကျိုးယွီ၏ ပုံရိပ်လေးက လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို ကြည့်နေခဲ့၏။ သူမ အတွေးထဲတွင် တစ်ခုသာရှိသည်။
သူမလဲ မော့ကျိုးယွီနှင့်အတူ တိုက်ပွဲဝင်ချင်သည်။
ထိုအတွေးကို ဟဲကျစ်ယန်က ချက်ချင်း အကောင်အထည် ဖော်လိုက်သည်။ သူမက ဖမ်းဝမ်အား အော်ပြောလိုက်၏။
“အကိုဖမ်း၊ ဒီကောင်တွေက လုပ်ကြံသူတွေပဲ။ ကျွန်မယောက်ျားကို သွားကူညီလိုက်ဦးမယ်”
ဖမ်းဝမ်သည် သူမကို တားချင်ခဲ့သော်လဲ ဟဲကျစါယန်သည် ချက်ချင်းပင် ခပ်ဝေးဝေးသွားရောက်သွားပြီ ဖြစ်သောကြောင့် သူ လက်လျှော့လိုက်ရပြီး သူ့အဖော်များနှင့်သာ ကိစ္စများ ဆက်လက်ကိုင်တွယ်ရတော့သည်။
အခုလေးပင် မော့ကျိုးယွီသည် တိုပ်ခိုက်သူများကို ဝေးသထက်ဝေးအောင် ဆွဲခေါ်သွားခဲ့သည်။
ဟဲကျစ်ယန်က လိုက်မမှီပေ။
ကံကောင်းစွာပင် သူမ၏ အကြားအာရုံက အလွန်ကောင်းမွန်သောကြောင့် သူအသည် အသံများ၏ ဦးတည်ရာကို ခွဲခြားနိုင်ပေသည်။
ဟဲကျစ်ယန်သည် ပြေးလိုက်နေရင်း သူမ၏အသိစိတ်က နေရာလွတ်ထဲသို့ ဝင်သွားလိုက်သည်။
ဤကဲ့သို့သော အရေးကြီးသည့်အချိန်တွင် သူမ ထပ်ဂရုမစိုက်နိုင်တော့ဘဲ နေရာလွတ်ထဲမှ လက်နက်များထဲမှ အားအပြင်းဆုံး စက်သေနတ်ကြီးကို ထုတ်ယူလိုက်တော့သည်။
တစ်ချိန်တည်းပင် ဤအရေးပေါ်အခြေအနေတွင် သူမခေါင်းကို ပေါ်စေလို့ မရပေ။
ရှေးခေတ်တွင် ဤကဲ့သို့သော အဆင့်မြင့်လက်နက်ကြီးကို အသုံးပြုခြင်းမှာ တိုက်ခိုက်သူ အားလုံး သေဆုံးသွားလျှင်တော့ ပြဿနာမရှိသော်လဲ တစ်စုံတစ်ယောက်ကသာ လွတ်မြောက်သွားပြီး သတင်းပို့လိုက်ပါက ထိုအရာသည် ဧကရာဇ်ရွှင်းဝူကို သတိပေးလိုပ်သလို ဖြစ်သွားမှာပင်။
သူမ၏ မိသားစုကို အန္တရာယ်ဖြစ်စေမှာ စိတ်ပူမိသည်။
ထို့ကြောင့် ဟဲကျစ်ယန်သည် သူမခေါင်ူကို တင်းကြပ်စွာ ပတ်ထားရန် ခေါင်းပတ်တစ်ခုကိုလဲ ပြတ်ပြတ်သားသား ဝယ်ချလိုက်သည်။
စက်သေနတ်ကို ဆုပ်ကိုင်ရင်း သူမသည် မော့ကျိုးယွီ၏ တည်နေရာတိတိကျကျကို ရှာဖွေရန် တိုက်ခိုက်သူများ၏ အလောင်းများကို ခြေရာခံကာ လိုက်လာခဲ့သည်။
ဟဲကျစ်ယန်သည် နောက်ဆုံးတွင် အနက်ရောင်ဝတ်စုံ တိုက်ခိုက်သူများနှင့် မော့ကျိုးယွီတို့ ချောက်ကမ်းပါးအစွန်းတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။
ထိုအချိန်တွင် မော့ကျိုးယွီ၏ လက်နှစ်ဖက်လုံးရှိ မြှားများကို အသုံးပြုပြီးပြီဖြစ်သည်။ ယခုသူသည် ရန်သူများကို လက်ချည်းသက်သက်ဖြင့် ရင်ဆိုင်ဖို့ ကြံရွယ်နေသညါ။
တိုက်ခိုက်သူများ၏ အာရုံစိုက်မှုက မော့ကျိုးယွီအပေါ် အလုံးစုံကျရောက်နေသည်ကို အခွင့်ကောင်းယူကာ ဟဲကျစ်ယန်သည် အလွန်ကောင်းမွန်သော အနေအထားကို ယူလိုက်သည်။
တိတ်ဆိတ်ပြီး ရှင်းလင်းနေသော ချိုင့်ဝှမ်းထဲတွင် စက်သေနတ်သံများ တရစပ်ထွက်ပေါ်လာခဲ့သည်။
ဟဲကျစ်ယန်သည် အနက်ရောင်ဝတ် တိုပ်ခိုပ်သူ လေးငါးဦးကို အောင်မြင်စွာ သတ်နိုင်ခဲ့သည်။
တစ်ချိန်တည်းပင် သူမသည် လူတိုင်း၏ အာရုံစိုက်မှုကိုလဲ ဆွဲဆောင်လိုက်နိုင်သည်။ အနက်ရောင်ဝတ်လူအားလုံးသည် သူမရှိရာသို့ လှည့်ကြည့်လာကြသည်။
မော့ကျိုးယွီသည် သူမ၏ ပုံရိပ်လေးကို ရှာတွေ့ပြီးပြီဖြစ်သည်။ ဘာပဲဖြစ်ပါစေ၊ ဒီမိန်းကလေးက အမှန်တကယ်ပင် သူ့နောက်လိုက်လာရဲလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
မော့ကျိုးယွီသည် သူမကိုရှောင်နေရန် ဘာမှမပြောနိုင်သေးခင် ဟဲကျစ်ယန်သည် စက်သေနတ်ကြီးကို ထပ်ဆွဲလိုက်ပြန်သည်။
ဤလုပ်ကြံသူများသည် ကိုယ်ခံပညာအလွန်ကျွမ်းကျင်သူများ ဖြစ်ကြ၏။ အရှေ့တွင် သင်ခန်းစာရှိပြီးဖြစ်သောကြောင့် သူတို့က ပိုပြီး သတိထားလာကြသည်။
သူတို့က ကျည်ဆန်များကို စနစ်တကျ ရှောင်တိမ်းလိုက်ကြသည်။
လူအနည်းငယ်က အောင်အောင်မြင်မြင် မရှောင်တိမ်းနိုင်ခဲ့သော်လဲ အများစုက အသက်ရှင်နေဆဲပင်။
အနက်ရောင်ဝတ် လူအနည်းငယ်သည် အချင်းချင်း တိတ်တဆိတ် စိုက်ကြည့်လိုက်ကြပြီး ချက်ချင်းပင် ပိုစနစ်ကျလာကြသည်။
ဟဲကျစ်ယန်သည် အနက်ရောင်ဝတ်လူများကို ပစ်နေရင်း သူမ၏ လှုပ်ရှားမှုများကလဲ ရပ်တန့်မသွားပေ။
သူမ၏ အတားအဆီးကြောင့် မော့ကျိုးယွီအပေါ် ဖိအားများ လျော့နည်းသွားရသည်။
မော့ကျိုးယွီသည် ထိုအခွင့်အရေးကို အရယူကာ သူမဘေးသို့ သွားလိုက်သည်။
အနက်ရောင်ဝတ်လူများက ဟဲကျစ်ယမ်နှင့် နီးသထက်နီးလာသည်ကို မြင်လိုက်ရသောအခါ သူသည် စကားတစ်လုံးအျွက်တောင် အချိန်ဖြုန်းမနေတော့ပေ။ မော့ကျိုးယွီသည် သူမအား သူ့ရင်ခွင်ထဲထည့်ကာ ကိုယ်ဖော့ပညာဖြင့် ပြန်ဆုတ်လိုက်သည်။
ဟဲကျစ်ယန်သည်လည်း အခွင့်အရေးကိုအရယူကာ အနက်ရောင်ဝတ် လူများကို ထပ်ပစ်လိုက်သည်။
အနက်ရောင်ဝတ်လူအရေအတွက်မှာ သိသိသာသာကို လျော့နည်းသွားခဲ့သည်။ အားလုံး အသတ်ခံလိုက်ရပြီဟု ထင်းပြီး ဤလုပ်ကြံမှုကြီး အဆုံးသတ်သွားပြီဟု ထင်လိုက်မိသော်လဲ မထင်မှတ်ထားသော အခြေအနေတစ်ခု ပေါ်လာခဲ့သည်။
သူမတို့ အံ့ဩသွားရလောက်အောင်ပင် အနက်ရောင်ဝတ် လူအနည်းငယ်သည် သူမတို့နောက်မှ ထပ်ကြပ်မကွာ လိုက်နေကြဆဲဖြစ်ကာ ပြဿနာများ ထပ်ပေါ်လာခဲ့သည်။
ဟဲကျစ်ယန်သည် နေရာလွတ်ထဲမှ စစ်တပ်သုံး ဘက်စုံဓားတိုတစ်ချောင်းကို မော့ကျိုးယွီအား ပေးလိုက်ကာ သူမကတော့ ထိုအနက်ရောင်ဝတ် လူများကို ထပ်ပစ်လိုက်သည်။
အခုလေးတင် လူနှစ်ယောက်သည် ကျောချင်းကပ်လျက် အနေအထားဖြင့် ချောမွေ့စွာ ပူးပေါင်းဆောင်ရွက်နေကြသည်။
ဟဲကျစ်ယန်သည် စက်သေနတ်ဖြင့် ကျန်နေသေးသော အနက်ရောင်ဝတ် လူအနည်းငယ်ကို ပစ်ချလိုက်ပြီး မော့ကျိုးယွီသည် ဆန့်ကျင်ဘက်အရပ်မှ ထွက်လာသော မြှားများကို ဓားဖြင့်ခုခံလိုက်သည်။
ကံကောင်းစွာပင် ဟဲကျစ်ယန်သည် မကြာခင်ဘဲ သူမဘေးမှ အနက်ရောင်ဝန်လူအားလုံးကို ရှင်းထုတ်လိုက်နိုင်သည်။ သူမ နောက်သို့လှည့်လိုက်သောအခါ မော့ကျိုးယွီက သူမကိုကာပြီး ရပ်လိုက်သည်။
“ကိုယ့်နောက်မှာပဲနေ၊ ထွက်မလာနဲ့”
ဟဲကျစ်ယန်က ကူညီဖို့ ရောက်လာခြင်းဖြစ်ရာ သူ့စကားများကို နာခံနေဖို့ အချိန်မရှိပေ။
သူမသည် နေရာလွတ်ထဲသို့ အသိစိတ်ကို မြန်မြန်ပို့လိုက်ပြီး ဒိုင်းကြီးနှစ်ခု ဝယ်လိုက်ကာ သူမရှေ့နှင့် မော့ကျိုးယွီရှ့တွင် ကာထားလိုက်သည်။
တစ်ချိန်တည်းပင် နှစ်ယောက်သားသည် အတွဲညီစွာ နောက်ဆုတ်သွားကြပြီး ထိုတိုက်ခိုက်သူများ ထွက်လာအောင် မျှားခေါ်နေကြသည်။
ပစ်မှတ်တစ်ခု ရှိနေသောကြောင့် မော့ကျိုးယွီ၏ အနီးကပ်တိုက်ခိုက်ခြင်းရော ဟဲကျစ်ယန်၏ အဝေးမှပစ်ခတ်ခြင်းပါ ပိုပြီးအာရုံစိုက်လာကြသည်။
နှစ်ယောက်က ဆယ်မီတာ အကွာအဝေးလောက် ဆုတ်ပြီးချိန်တွင် ထိုအနက်ရောင်ဝတ်လူများ ထွက်လာခဲ့ကြ၏။
ဟဲကျစ်ယန်၏ လက်ထဲတွင် ကျည်များအပြည့်ရှိနေသော စက်သေနတ်တစ်ခုကိုကိုင်ကာ ထိုလူများရှိရာသို့ ပစ်လိုက်သည်။
မော့ကျိုးယွီသည် ဟဲကျစ်ယန်က ဘာလက်နက်ကို သုံးနေမှန်း သူ မသိသော်လဲ သူမ၏ လက်နက်က အဝေးမှပစ်ခတ်ခြင်းများအတွက် သင့်တော်ကြောင်း သိပေသည်။ အနက်ရောင်ဝတ်လူအျားသည် ဟဲကျစ်ယန်ကို ခြိမ်းခြောက်နိုင်လောက်အောင် နီးကပ်လာပါက ထိုစွမ်းအားသည် လျော့နည်းသွားမည်ဖြစ်သည်။
ထိုအနက်ရောင်ဝတ်လူများ ဟဲကျစ်ယန်အနီးသို့ နီးကပ်လာမည်ကို ကာကွယ်ရန်အတွက် မော့ကျိုးယွီသည် သူမကို ဒိုင်းကာနောက်တွင် ထားခဲ့ကာ ထိုလူများနှင့် တိုက်ရိုက်ရင်ဆိုင်ရန် သူ့ကိုယ်ဖော့ပညာနှင့် သွားလိုက်သည်။
***