← Chapters

မလှုပ်နဲ့၊ ကျွန်မပြောတာ နားထောင်

Vol. 7 Ch. 98

မလှုပ်နဲ့၊ ကျွန်မပြောတာ နားထောင်

Vol. 7 Ch. 98

အနောက်မှ အနက်ရောင်ဝတ်လူများသည် အတန်ငယ် ဝရုန်းသုန်းကား ဖြစ်နေကြသည်။ သို့သော်လဲ သူတို့သည် အရေအတွက်များနေသေးသည်ကို အခွင့်ကောင်းယူထားကာ အခုထိ ဆုတ်ခွာသွားမည့်ပုံ မပြသေးပေ။

မော့ကျိုးယွီသည် ရန်သူများကို သတ်ရုံသာမက ထိုအနက်ရောင်ဝတ်လူများက သူ့ကိုကျော်ကာ ဟဲကျစ်ယန်ကို အန္တရာယ်ပေးမည်ကိုလဲ စိတ်ပူသောကြောင့် သူမအတွက် အလွန်ဂရုစိုက်နေရသည်။ နှစ်ယောက်သား ‌ချောမွေ့စွာ ပူးပေါင်းနေကြ၏။

မထင်မှတ်ထားစွာပင် ဟဲကျစ်ယန်သည် နေရာလွတ်ထဲမှ စက်သေနတ်တစ်ခုကို ထုတ်ဖို့လုပ်လိုက်စဉ် ရုတ်တရတ်ကြီး သူမနောက်တွင် အနက်ရောင်ဝတ် လူသုံးယောက်က ဘယ်နေရာကမှန်းမသိ ပေါ်လာခဲ့သည်။

အနက်ရောင်ဝတ်လူများသည် ဟဲကျစ်ယန်ကို ဝိုင်းထားလိုက်သည်။ ဤအခြေအနေနှင့် ကြုံရသောအခါ ဟဲကျစ်ယန်သည် စက်သေနတ်ဆက်သုံးနေပါက သေလမ်းရှာနေသလိုသာ ဖြစ်ပေမည်။

နည်းဗျူဟာ ပြောင်းလဲရန်အတွက် ဟဲကျစ်ယန်သည် သူမ၏ ‌စက်သေနတ်ကို မော့ကျိုးယွီသုံးနေသော စစ်တပ်သုံးဓားဖြင့် ချက်ချင်းလဲလိုက်သည်။

ကျွမ်းကျင်သော လူသတ်သမားများနှင့် ကြုံရသောအခါ ဟဲကျစ်ယန် လုပ်နိုင်သည်မှာ တတ်နိုင်သမျှ ရှောင်တိမ်းဖို့သာဖြစ်သည်။

မော့ကျိုးယွီသည် သူ့ရှေ့မှ အနက်ရောင်ဝတ်လူများကို ရင်ဆိုင်ပြီး သူမကိုကယ်ဖို့ အမြန်ပြေးလာသည်ကို မြင်လိုက်ရချိန်တွင် ဟဲကျစ်ယန်သည် အနက်ရောင်ဝတ် လူသုံးယောက်ကြောင့် ချောက်ကမ်းပါးအစွန်းသို့ ရောက်နေခဲ့ပြီဖြစ်သည်။

သူမသာ နောက်ထပ် ခြေတစ်လှမ်း ထပ်ဆုတ်ပါက ချက်ချင်း အစိတ်စိတ် အမွှာမွှာ ဖြစ်သွားနိုင်ပေသည်။

အနက်ရောင်ဝတ်လူများကလဲ ဤကဲ့သို့သော အခွင့်အရေးကို လက်လွှတ်မခံပေ။ ဟဲကျစ်ယန်အပေါ် သူတို့၏ တိုက်ခိုက်မှုများမှာ ပိုပြီး ရက်စက်လာခဲ့သည်။

ဟဲကျစ်ယန်သည် မော့ကျိုးယွီနှင့်ကြားက အကွာအဝေးကို တွက်ချက်ကြည့်လိုက်သည်။ သူ၏ ထူးချွန်ပြောင်မြောက်သော ကိုယ်ဖော့ပညာနှင့်ပင် သူမကို အချိန်မှီ ကယ်တင်ရန် မလုပ်နိုင်လောက်ပေ။

ထိုအနက်ရောင်ဝတ်လူများဆီမှ ဓားထိုးခံရမည့်အစား သူမသည် ‌ချောက်ကမ်းပါးမှ ခုန်ချဖို့ကိုသာ ရွေးချယ်မည်ဖြစ်သည်။ သူမ၏ နေရာလွတ်ဖြင့် အသက်ရှင်နိုင်ဖို့ အခွင့်အရေးကောင်း ရှိသေးသည်။

သူမ ပြုတ်ကျစဉ်တွင် အောက်မှ တစ်ခုခုဖြင့် ခံထားရန် ဟဲကျစ်ယန်သည် အပြင်ဘက်သို့ ထွက်လိုက်သည်။ ထိုချောက်ကမ်းပါးအစွန်းမှ ခုန်မချခင်လေးတွင် အနက်ရောင်ဝတ်လူတစ်ယောက်သည် သူမ မျက်နှာဆီသို့ ပြေးလာသည်ကို တွေ့လိုက်သော်လဲ သူမ မရှောင်လိုက်ပေ။ စစ်တပ်သုံးဓားဖြင့် ထိုလူ၏ ရင်ဘတ်ကို နက်ရှိုင်းစွာ ထိုးချလိုက်ပြီး သူမခန္ဓာကိုယ်ကတော့ လျင်မြန်စွာ အနောက်သို့ ကျသွားခဲ့သည်။

ထိုအရာကို မြင်သောအခါ မော့ကျိုးယွီ၏ မျက်လုံးများက သွေးနီရောင်လို ရဲတွတ်လာခဲ့သည်။

“မဟုတ်ဘူး ...”

သူ စကားသံဆုံးဆုံးချင်း မော့ကျိုးယွီ၏ ပုံရိပ်လေးသည် အနက်ရောင်ဝတ် လူများကိုကျော်တက်ကာ သူမနောက်မှ လိုက်ခုန်ဆင်းသွားခဲ့သည်။

မော့ကျိုးယွီသည် ခေါင်းကိုအောက်သို့ငုံ့ထားပြီး သူ၏ညာဘက်လက်က ဟဲကျစ်ယန်ဆီ လှမ်းထားကာ အတွင်းအားများကို အဆုံးစွန်ထိ လှည့်ပတ်ထားသည်။ ချောက်ကမ်းပါးပေါ်မှ လုံးဝမပြုတ်ကျမီ သူမကို ဖမ်းမိနိုင်ဖို့‌ မျှော်လင့်ခဲ့သည်။

ဟဲကျစ်ယန်သည် ချောက်ကမ်းပါးမှ ခုန်ချစဉ်တွင် သူမ အကွာအဝေးအနည်းငယ် ကျပြီးသည်နှင့် ထိုအနက်ရောင်ဝတ်လူများက သူမကို မမြင်နိုင်တော့သည့်အချိန်တွင် နေရာလွတ်ထဲသို့ အမြန်ဆုံးဝင်လိုက်မည်ဟု တွေးထားခဲ့သည်။

ထို့နောက် သူမသည် လျှင်မြန်စွာ ဝင်လိုက်ထွက်လိုက် လုပ်နေရင်း မြေပြင်ပေါ်သို့ သူမ လုံလုံခြုံခြုံနှင့် ခုန်ဆင်းနိုင်သည့် အကွာအဝေးသို့ရောက်အောင် ရွေးချယ်မည်ဖြစ်သည်။

မထင်မှန်ထားစွာပင် သူမ နေရာလွတ်ထဲ ဝင်တော့မည့်အချိန်တွင် သူမ မော့ကြည့်လိုက်သောအခါ မော့ကျိုးယွီက သူမနှင့်အခု လိုက်ခုန်ချလာသည်ကို မြင်လိုက်ရသည်။

မော့ကျိုးယွီ၏ သိုင်းပညာစကေးနှင့်ပင်လျှင် ထိုကဲ့သို့သော အမြင့်နေရာမှ သတိလက်လွတ် ခုန်ချလိုက်ခြင်းမှာ သူ့အတွက် အသက်ရှင်နိုင်ဖို့ ရာခိုင်နှုန်းနည်းကြောင်း ဟဲကျစ်ယန် သေသေချာချာ သိနေသည်။

သူက သူ့ကိုယ်သူ သတ်သေဖို့ ကြိုးစားနေတာလား။

သူ့အကြောင်း တွေးနေဖို့အချိန် မရှိတော့ဘဲ မော့ကျိုးယွီ အသက်ရှင်ဖို့ရာအတွက် သူ၏ လှမ်းထားသောလက်ကို ဆွဲမိချိန်တွင် ဟဲကျစ်ယန်သည် အတွေးများကို‌ရွှေ့ကာ နှစ်ယောက်လုံးကို သူမ၏ နေရာလွတ်ထဲသို့ ဆွဲသွင်းလိုက်သည်။

မြင်ကွင်းသည် ချက်ချင်းပဲ ပြောင်းလဲသွား၏။ မော့ကျိုးယွီသည် ချက်ချင်း နိုးနိုးကြားကြား ရှိလာပြီး တိုက်ခိုက်ဖို့ပင် အဆင်သင့်ပြင်ထားသည်။

သို့သော် ဟဲကျစ်ယန်က သူ့ရှေ့တွင် ရှိနေသည်ကိုမြင်သောအခါ ချက်ချင်းပင် ပုံစံအနေအထားကို ပြန်ရုတ်သိမ်းလိုက်သည်။

နေရာတစ်ခုလုံးက နိုင်ငံ့ဘဏ္ဍာတိုက်ထဲမှ ပစ္စည်းများနှင့် သူ မမြင်ဖူးသော အရာများ ပြည့်နှက်နေသည်ကိုကြည့်ကာ မော့ကျိုးယွီသည် ဘာမေးရမလဲဆိုတာတောင် မသိတော့ပေ။

ဟဲကျစ်ယန်သည် သူ့အား နေရာလွတ်ထဲသို့ ခေါ်လာရန် ရွေးချယ်ပြီးဖြစ်သောကြောင့် သူမ၏နေရာလွတ်သည် သူ့အတွင် လျှို့ဝှက်ချက် ဆက်မဖြစ်နိုင်တော့ကြောင်း သိထားပြီးသားပင်။

သူမသည် မော့ကျိုးယွီအား ကိစ္စများကို ဘယ်လိုရှင်းပြရမလဲဟု တွေးနေစဉ်မှာပင် ထိုလူသည် ဝမ်းဗိုက်ကိုလက်ဖြင့်ဖိထားပြီး သွေးတစ်လုတ် အန်လိုက်သည်ကို မြင်လိုက်ရ၏။

မော့ကျိုးယွီ၏ ခန္ဓာကိုယ်သည် နောက်သို့ ပက်လက်လန်ကာ လဲကျသွားခဲ့သည်။

ဟဲကျစ်ယန်သည် ချက်ချင်းပင် သူ့အား ဆွဲလိုက်သည်။

ဒေါက်တာတစ်ယောက်၏ အတွေ့အကြုံအရ သူ့ဒဏ်ရာများက ပြင်းထန်ကြောင်း သူမ သိနေသည်။

အတွေးလွန်နေဖို့ အချိန်မရှိပေ။ ဟဲကျစ်ယန်သည် ဘာကြောင့်မှန်းမသိ နီရဲနေသော မျက်လုံးများကို မွတ်လိုက်ကာ မော့ကျိုးယွီ၏ ဒဏ်ရာများကို ခွဲစိတ်ကုသရန် ပြင်ဆင်တော့သည်။

သူမသည် မော့ကျိုးယွီ၏ အပြင်ဘက်အဝတ်အစားအားလုံးကို ချွတ်လိုက်သည်။ အတွင်းဝတ် အဖြူရောင်ဝတ်စုံမှာ သွေးများဖြင့် ရဲပတောင်းခတ်နေသည်။ ဟဲကျစ်ယန်သည် တုံ့ဆိုင်းမနေတော့ဘဲ မော့ကျိုးယွီ၏ အဝတ်အစားများ အားလုံးကို ချွတ်လိုက်တော့သည်။ သူမ၏ အတိတ်ဘဝတွင် မရေမတွက်နိုင်သော ဒဏ်ရာများနှင့် လူများကို ‌ဘယ်လောက်ပင် တွေ့ဖူးစေကာမူ မော့ကျိုးယွီ၏ ခန္ဓာကိုယ်မှ ဒဏ်ရာများကို မြင်သောအခါ သူမ မထိတ်လန့်မိဘဲ မနေနိုင်ပေ။

သူ့ခန္ဓာကိုယ်သည် ပြင်ပဒဏ်ရာလေးများသာရှိပြီး အတွင်းအင်္ဂါများ မထိထားဘဲ အဆင်ပြေသည့် ပုံပေါ်နေခဲ့သော်လဲ။

သူ့ဝမ်းဗိုက်တွင် အရေပြားနှင့် အသားများ ကွဲထွက်နေရုံသာမက ကိုယ်တွင်းအင်္ဂါများကိုပင် ခပ်ရေးရေး မြင်နေရပြီဖြစ်သည်။

ဟဲကျစ်ယန်၏ နှလုံးသားမှာ ရှင်းမပြနိုင်စွာ အရှိန်အဟုန်ဖြင့် နာကျင်နေခဲ့သည်။

ဒီလောက်ဆိုးဝါးတဲ့ ဒဏ်ရာကြီးကို သူ ဘယ်လိုလုပ် ခံနိုင်ရည်ရှိနေသေးတာလဲ။

ပြီးတော့ သူမကို ကယ်ဖို့အတွက်နဲ့ ထျောက်ကမ်းပါးပေါ်က ခုန်ချခဲ့သေးတယ် .. ဒါက သေဖို့လမ်းရှာနေတာပဲ မဟုတ်ဘူးလား။

ခံစားချက်တွေ ပြင်းထန်နေဖို့ အချိန်မရှိပေ။ ဟဲကျစ်ယန်သည် နီရဲနေသော မျက်လုံးကို ပွတ်လိုက်ပြီး မော့ကျိုးယွီ၏ ဒဏ်ရာများကို ချုပ်ရန်ပြင်တော့သည်။

သုံးနာရီကြာပြီးနောက် ဟဲကျစ်ယန်သည် မော့ကျိုးယွီ၏ ဝမ်းဗိုက်ရှိ အပြင်းထန်‌ဆုံးသော ဒဏ်ရာကြီးကို ကုသပြီးသွားခဲ့သည်။ ထို့နောက် သူက မေ့နေသေးသည်ကို အခွင့်ကောင်းယူကာ ကျန်နေသေးသော ဒဏ်ရာများကိုလဲ ချုပ်ပေးလိုက်ပြီး အကြောဆေးတစ်လုံး သွင်းပေးလိုက်၏။

မော့ကျိုးယွီ၏ ခန္ဓာကိုယ်တွင် သွေးများစွန်းပေနေသည်ကို မြင်လိုက်သဖြင့် ဟဲကျစ်ယန်သည် သူ့ကို လုံးဝသန့်ရှင်းသွားအောင် ကူညီပေးခဲ့သည်။

သူမ၏ ယခင်ဘဝတွင် မရေမတွက်နိုင်သော အမျိုးသားလူနာများဖြင့် တွေ့ခဲ့ရဖူးသောကြောင့် လူတိုင်းက အတူတူပဲဟာ သတ်မှတ်ထားခဲ့ကာ ဘာမှမခံစားခဲ့ရပေ။

သို့သော် မော့ကျိုးယွီနှင့် မျက်နှာချင်းဆိုင်ရသောအခါ ဘာကြောင့်မှန်း မသိသော်လဲ သူမသည် ရှက်သွေးများဖြာနေပြီး နှလုံးခုန်လဲ မြန်နေခဲ့သည်။ သူမ၏ မျက်လုံးများသည် အချို့သော နေရာများကို ရည်ရွယ်ချက်ရှိရှိ ရှောင်တိမ်းနေခဲ့သည်။

အလုပ်ရှုပ်ပြီးနောကိ မသိလိုက်ပါဘဲနှင့် အချိန် ၅ နာရီ ကြာမြင့်သွားခဲ့ပြီဖြစ်သည်။

မော့ကျိုးယွီလဲ တစ်ဖြည်းဖြည်းချင်း သတိပြန်လည်လာပြီဖြစ်သည်။

သူ မျက်လုံးဖွင့်လိုက်သောအခါ ပထမဆုံး မြင်လိုက်ရသည်မှာ ခေါင်းမူးလောက်အောင် လင်းနေသော မျက်နှာကျက် အလင်းရောင်နှင့် စင်ပေါ်မှ ပုလင်းအကြည်လေးများဖြစ်သည်။

ဟဲကျစ်ယန်သည် ရေမြန်မြန်ချိုးရန် ရေချိုးခန်းထဲ ဝင်သွားခဲ့သည်။ ယခု မော့ကျိုးယွီ နိုးလောက်ပြီဟု ထင်သောကြောင့် သူ့ကို စစ်ဆေးရန် ပြန်ရောက်လာ၏။

မော့ကျိုးယွီသည် အနည်းငယ် အားနည်းနေသေးသည်။ သူ့နှုတ်ခမ်းများကို ခက်ခက်ခဲခဲ ဖွင့်နေ‌ရသော်လဲ မျက်လုံးများကတော့ သူမ အပေါ်တွင်သာရှိနေ‌သည်။

ဟဲကျစ်ယန်သည် သူ့စိတ်ထဲ ဘာတွေးနေလဲ သိပေသည်။ ဤနေရာက ဘယ်နေရာလဲဆိုတာ သိချင်သည်ကလွဲပြီး တခြားဟာ မဖြစ်နိုင်ပေ။

မော့ကျိုးယွီကို ဒီထဲခေါ်လာဖို့ ဆုံးဖြတ်ပြီးပြီဖြစ်သောကြောင့် သူမသည် အမှန်တရားတစ်ချို့ကို ပွင့်ပွင့်လင်စလင်း ပြောပြဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

“ရှင့်ရဲ့ဒဏ်ရာတွေက ပြင်းထန်တယ်။ မလှုပ်ရှားနဲ့။ ကျွန်မပြောတာနားထောင်”

မော့ကျိုးယွီသည် သူမကို ဆက်ပြောပြရန် မျက်တောင်ခတ်ကာ အချက်ပြလိုက်သည်။

“ဒါက ကျွန်မငယ်ငယ်တုန်းက မထင်မှတ်ဘဲ ရခဲ့တဲ့ နေရာလွတ်ပဲ။ အစတုန်းကတော့ ကျွန်မ အရမ်းကြောက်သွားခဲ့တာ ဒါပေမဲ့ ဒါနဲ့ တစ်ဖြည်းဖြည်းရင်းနှီးလာပြီးတော့ ဒီနေရာက ကောင်းကင်ဘုံကို အလွန်အမင်းကို ဆန့်ကျင်နေ‌တယ်ဆိုတာ သိလိုက်ရတာပဲ ...”

ဟဲကျစ်ယန်သည် အလိမ်အညာများနှင့် စတင်လိုက်ပြီး မော့ကျိုးယွီအား သူမ၏နေရာလွတ်နှင့်ပက်သက်သည့် အသုံးပြုပုံများ အကျိုးကျေးဇူးများကို ဆက်ရှင်းပြလိုက်သည်။

“ကျွန်မရဲ့ ဆေးပညာစွမ်းရည်တွေလဲ ဒီထဲမှာ သင်ယူခဲ့တာပဲ။ နိုင်ငံ့ဘဏ္ဍာတိုက်ထဲက ပစ္စည်းတွေ ခိုးတုန်းကလဲ အဲ့ပစ္စည်းတွေကို ဒီထဲပို့ထားခဲ့တာပဲ။

ပြီးတော့ ဒီနေရာလွတ်ထဲမှာ ဆဲလ်ဖုန်းလို့ခေါ်တဲ့ ပစ္စညါးတစ်ခုလဲရှိသေးတယ်၊ အဲ့ဒါက ပြင်ပမှာမရနိုင်တဲ့ ပစ္စည်းတွေကို ဝယ်လို့ရတယ်...”

ဟဲကျစ်ယန် အဆက်မပြတ် ပြောပြနေသည်။ အတိုချုပ်ဆိုရသော် သူမက ကူးပြောင်းလာသောသူဖြစ်သည်ဆိုသော အချက်မှလွဲလျှင် အခြေခံအားဖြင့် နေရာလွတ်ထဲမှ လျှို့ဝှက်ချက်ဟုထင်ရသော အရားအားလုံးကို မော့ကျိုးယွီအား ပြောပြခဲ့သည်။

မော့ကျိုးယွီသည် အစကတော့ အံ့ဩသွားခဲ့‌သည်။ သူမပြောပြနေသော အရာများမှာ အလွန်ထူးခြားဆန်းကျယ်လွန်းလှသည်။

သို့သော် သူ ပထမဆုံးဝင်ရောက်လာတုန်းက မြင်ခဲ့ရသော နိုင်ငံ့ဘဏ္ဍာတိုက်ထဲမှ ပစ္စညါးများကြောင့် သူ အလျင်အမြန်ပဲ လက်ခံလိုက်ရသည်။

သူမမှာ ထိုကဲ့သို့ ကောင်းကင်ကို အံတုနိုင်လောက်သော စွမ်းရည်သာ မရှိခဲ့ပါက သူမက ဘယ်လိုလုပ် နိုင်ငံ့ဘဏ္ဍာတိုက်ကြီးကို ခိုးနိုင်မှာတဲ့လဲ။

ပြောနိုင်သည်မှာ ဤကျယ်ပြောလှသော ကမ္ဘာကြီးတွင် မဖြစ်နိုင်တာမရှိဟူ၍ပင်။

ဟဲကျစ်ယန်၏ ရှင်းပြချက် အကုန်လုံးကို နားထောင်ပြီးနောက် မော့ကျိုးယွီက စကားပြောလိုက်သည်။ “မင်းရဲ့ နေရာလွတ်က ကောင်းကင်ဘုံကို တကယ်ဆန့်ကျင်လွန်းနေတယ်။ အနာဂတ်မှာ မင်းကိုမင်း ကာကွယ်နိုင်ဖို့အတွက် ဘယ်သူ့ကိုမှ ဒီအကြောင်း ပေးသိလို့ မရဘူးနော်”

ဟဲကျစ်ယန်သည် “သူခိုးရွှေရ တစ်ပြပြ” ဆိုသော စကားပုံမျိုးကို နားလည်ပေသည်။ မော့ကျိုးယွီကို ဒီထဲသို့ ခေါ်လာရသည်မှာ အကြောင်းနှစ်ခုရှိပေသည်။ ပထမတစ်ခုမှာ သူ့အသက်ကို ကယ်တင်ဖို့ပင်။

ဒုတိယတစ်ခုမှာ မော့ကျိုးယွီသည် ချောက်ကမ်းပါးပေါ်မှ သူမကြောင့် ခုန်ချခဲ့ချိန်တွင် သူ၏စစ်မှန်သော ခံစားချက်များကို မြင်ခဲ့ရကာ သူမအပေါ် မော့ကျိုးယွီ၏ သဘောထားအစစ်အမှန်ကိုလဲ မြင်တွေ့ခဲ့ရသောကြောင့်ပင်။

***

All Chapters