← Chapters

နေရာလွတ်ထဲက ဘဝ ( ၁ )

Vol. 8 Ch. 101

နေရာလွတ်ထဲက ဘဝ ( ၁ )

Vol. 8 Ch. 101

ဟဲကျစ်ယန် ပြန်ရောက်လာသောအခါ မော့ကျိုးယွီသည် သူ့ခန္ဓာကိုယ်ကို တံတောင်ဆစ်ဖြင့် အားပြုကာ ထနေသည်ကို တွေ့လိုက်ရသည်။

သူမက အမြန်သွားလိုက်သည်။ “ကျွန်မ ရှင့်ကို ထလို့မရသေးဘူးလို့ ပြောထားတယ်လေ၊ ဘာလို့ ထနေတာလဲ”

မော့ကျိုးယွီ၏ မျက်နှာမှာ အနည်းငယ် နီနေကာ တစ်ခုခုကို ပြောချင်သော်လဲ တုံ့ဆိုင်းနေသည့် မျက်နှာထားမျိုး ဖြစ်နေသည်။

“ကိုယ် ..ကိုယ် သန့်စင်ခန်းသွားချင်လို့ ..”

ဟဲကျစ်ယန်သည် မော့ကျိုးယွီ၏ ခန္ဓာကိုယ်ကို တွေးကြည့်လိုက်မိပြီး သူမမျက်နှာသည်လည်း ချက်ချင်းပင် နီရဲသွားရသည်။

မော့ကျိုးယွီသည် သူမ၏ ရှက်ရွံ့မှုကို သတိထားမိပြီး မသိစိတ်ဖြင့် သူ့ခေါင်းကို ငုံ့ထားမိကာ သူ့မျက်နှာသည် မျောက်ဖင်နီလို ဖြစ်နေခဲ့သည်။

ဟဲကျစ်ယန်သည် ဤကဲ့သို့သော ရှက်ရွံ့မှုမျိုးကို ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သော်လဲ မော့ကျိုးယွီ၏ လက်ရှိခန္ဓာကိုယ်အခြေအနေကို တွေးကြည့်ကာ အများကြီး မတွေးရန် သူမကိုယ်သူမ သတိပြန်ပေးလိုက်သည်။

သူမသည် မော့ကျိုးယွီအတွက် စတိုးဆိုင်မှ ပေါ့ပေါ့ပါးပါး ဝမ်းဆက် တစ်စုံနှင့် ယောက်ျားလေး အတွင်းခံ တစ်စုံကို ဝယ်ပေးလိုက်သည်။

“ရှင့် အဝတ်အစားတွေက စုတ်ပြဲကုန်ပြီ။ ဒါလေး အရင်ဝတ်ထားလိုက်”

ပြောပြီးနောက် ဟဲကျစ်ယန်သည် အိမ်နေရင်းဝတ်စုံ၏ အင်္ကျီကိုယူကာ မော့ကျိုးယွီကိုယ်ပေါ် စွပ်ပေးလိုက်သည်။

အတွင်းခံနှင့် ဘောင်းဘီတို့အတွက်ကတော့ သူမတို့နှစ်ယောက်ကြားရှိ အရှက်တရားကို တွေးတောကာ ဟဲကျစ်ယန်သည် ၎င်းတို့ကို ဘယ်လိုဝတ်ရမလဲ အတိုချုံး ရှင်းပြလိုက်ကာ မော့ကျိုးယွီကိုသာ ဝတ်စေလိုက်တော့သည်။

တစ်ချိန်တည်းပင် သူ့ဒဏ်ရာများကို သတိထားဖို့လဲ ပြောလိုက်သည်။

ဤအိမ်နေရင်း အဝတ်အစားများအတွက်တော့ မော့ကျိုးယွီသည် အရမ်းကြီး ထူးဆန်းသည်ဟု မခံစားခဲ့ရပေ။ ဒီဇိုင်းနှင့် အသားက သူ အမြဲတမ်း ဝတ်နေကျများနှင့် အနည်းငယ် ကွဲပြားနေရုံသာ ဖြစ်သည်။

တစ်ခုတည်းသောအရာမှာ အတွင်းခံပင် ဖြစ်သည်။ ဟဲကျစ်ယန်၏ ရှင်းပြချက်ကို နားထောင်ပြီး ဒါက ဘာအတွက် သုံးတာလဲ သူ သိလာခဲ့သည်။

အနည်းငယ် ရှက်ရွံ့နေခဲ့သော်လဲ သူမ ပြောသည့်အတိုင်း ဝတ်ခဲ့သည်။

သူ့ကို အံ့အားသင့်စေသည့်အရာမှာ ထို အတွင်းခံဟု ခေါ်သည့်အရာက ဝတ်လိုက်သောအခါ အလွန် သက်တောင့်သက်သာရှိနေခြင်းပင် ...

အချိန်အတော်ကြာပြီးနောက် မော့ကျိုးယွီသည် သူ၏ ရှုပ်ထွေးနေသော အတွေးများကို ပြန်စုစည်းကာ ပြောလိုက်သည်။ “ကိုယ် ဝတ်ပြီးသွားပြီ”

ထိုအခါမှသာ ဟဲကျစ်ယန်သည် လှည့်လာပြီး သူ့ကို ခွဲစိတ်စားပွဲပေါ်မှ ကူချပေးကာ သန့်စင်ခန်းဆီသို့ ဖြေးဖြေးချင်း လျှောက်သွားကြသည်။

ထိုအချိန်တွင် လူနှစ်ယောက်၏ နှလုံးသားထဲတွင် ကြောက်ရွံနေသော သမင်များ ရှိနေသလိုပင်၊ နှလုံးခုန်သံများကို တိတ်ဆိတ်နေသော ဤနေရာတွင် ရှင်းရှင်းလင်းလင်း ကြားနေကြရသည်။

ထို့ကြောင့်ပင် နေရာလွတ်ထဲမှ လေထုမှာ ပိုပြီးရှက်စရာကောင်းလာသည်။

မော့ကျိုးယွီကို ခွဲစိတ်ခန်းထဲမှ ကူတွဲပေးပြီးနောက် သူမတို့သည် သန့်စင်ခန်းတံခါးဝသို့ ရောက်လာကြသည်။

ဟဲကျစ်ယန်က နောက်ဆုံးတွင် တိတ်ဆိတ်နေမှုကြီးကို ဖြိုခွဲလိုက်၏။

“ဒါက သန့်စင်ခန်းပဲ။ ကိုယ့်ကိုယ်ကို သေချာ ဂရုစိုက်ဦး”

“ကောင်းပြီ”

မော့ကျိုးယွီသည် ပုံမှန်အတိုင်း ပြောလိုက်ကာ တံခါးဖွင့်ပြီး လျှောက်ဝင်သွားသည်။

အချိန်အတော်ကြာသည်အထိ ဟဲကျစ်ယန်သည် အထဲမှ ဘာလှုပ်ရှားသံကိုမှ မကြားရပေ။

သူမ တံခါးခေါက်လိုက်သည်။

“ဘယ်လိုလဲ။ ရှင် အဆင်ပြေရဲ့လား”

စက္ကန့်သုံးဆယ်လောက် ကြာသည်အထိ မော့ကျိုးယွီ၏ ပြန်ပြောသံကို မကြားရသေးပေ။ ဟဲကျစ်ယန်သည် သူတစ်ခုခုဖြစ်နေပြီထင်ပြီး တံခါးကိုဖျက်ဝင်တော့မည့် အချိန်တွင် မော့ကျိုးယွီက နောက်ဆုံးတော့ စကားပြောလာခဲ့သည်။ “မင်း ခဏလောက် .. ဝင်လာလို့ ရမလား”

ဟဲကျစ်ယန်သည် မော့ကျိုးယွီ၏ ခန္ဓာကိုယ်တွင် ပြဿနာတစ်ခုခုရှိနေပြီဟု ထင်လိုက်၏။

ဟဲကျစ်ယန်သည် ချက်ချင်းပင် သန့်စင်ခန်းတံခါးကိုဖွင့်ကာ လျှောက်ဝင်သွားလိုက်သည်။

မော့ကျိုးယွီသည် ထိုနေရာတွင် တောင့်တောင့်မတ်မတ်ကြီး ရပ်နေသည်ကို မြင်လိုက်ရသော်လဲ သူ့အမူအရာမှာ ဝမ်းချုပ်နေသ‌ယောင်ပင်။

“ရှင် ဘာဖြစ်လို့လဲ” ဟဲကျစ်ယန်က မေးလိုက်သည်။

မော့ကျိုးယွီ၏ စကားလုံးများမှာ အနည်းငယ် ဗလုံး‌ဗထွေး ဖြစ်နေသည်။

“ကိုယ် .. ကိုယ် အိမ်သာက ဘယ်မှာလဲဆိုတာ ရှာမတွေ့ဘူး ...”

ဟဲကျစ်ယန် ...

သူမ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်လိုက်သည်။

ရှေးခေတ်လူတစ်ယောက်ကို သန့်စင်ခန်းထဲ လွှတ်လိုက်လျှင် အကုန်လုံးကို ကြိုရှင်းပြထားခဲ့သင့်သည်ပင်။

သူမသည် မော့ကျိုးယွီကိုဖြတ်ကာ အဖြူရောင်ကြွေဘိုထိုင်အိမ်သာဆီ သွားလိုက်ပြီး အဖုံးကို ငြင်သာစွာ မ,တင်လိုက်သညါ။

“ကြည့် ဒါက ဒီလို ...”

မော့ကျိုးယွီသည် အပြစ်ကင်းသော မျက်နှာလေးဖြင့် ကြွေအိမ်သာကို ကြောင်ကြည့်နေခဲ့သည်။

“အဲ့ဒါက အဲ့လိုဆိုတာ သေချာလို့လား”

ဟဲကျစ်ယန်သည် ရွေးချယ်စရာမရှိတော့ဘဲ သူမကိုယ်တိုင် လက်တွေ့သရုပ်ပြရတော့သည်။

သူမသည် အိမ်သာသန့်စင်ဆေး တစ်ပုလင်းကို ဆွဲယူကာ အိမ်သာခွက်ထဲ လောင်းချလိုက်ပြီးနောက် ရေဆွဲချလိုက်သည်။

မော့ကျိုးယွီသည် အပြာရောင်အရည်များက သန့်စင်သွားသည်ကို သူ့မျက်လုံးဖြင့် မြင်လိုက်ရပြီးမှ အလုပ်လုပ်ပုံကို နားလည်သွားခဲ့သည်။

အိမ်သာ၏ မှော်ဆန်မှုကြီးကို အံ့ဩနေရင်း သူက ဟဲကျစ်ယန်ကို အပြင်ထွက်ခိုင်းလိုက်သည်။

ဤတစ်ကိ့မ်တွင် ဟဲကျစ်ယန် အကြာကြီး စောင့်နေစရာ မလိုလိုက်ပေ။ ရေဆွဲချသံကြားရပြီးနောက် သန့်စင်ခန်းတံခါးက ပွင့်လာခဲ့သည်။

မော့ကျိုးယွီလဲ ထနေပြီးသား ဖြစ်သောကြောင့် ဟဲကျစ်ယန်သည် နေရာလွတ်ထဲမှ မော်ဒန်ပစ္စည်း အများအပြား၏ ရည်ရွယ်ချက်နှင့် အသုံးပြုပုံကို သူ့ကို ဂရုတစိုက် ရှင်းပြပေးလိုက်သည်။

ထိုအချိန်တွင် မော့ကျိုးယွီသည် ကမ္ဘာကြီးကို မမြင်ဖူးသည့် ကျေးတောသားလေးလိုပင်ဖြစ်သည်။ ဟဲကျစ်ယန်က ရှင်းပြသောအခါ သူသည် အမျိုးစုံသော မေးခွန်းများစွာ လျှောက်မေးနေမိသည်။

သူကိုယ်တိုင်ပင် စမ်းသပ်ကြည့်ချင်ခဲ့သေးသည်။

သို့သော် ထိုအချိန်တွင် ဟဲကျစ်ယန်၏ ဗိုက်မှ အသံထွက်လာခဲ့၏။

သူမသည် ထိုအခါမှသာ သူမရော မော့ကျိုးယွီပါ တစ်ရက်လုံး ဘာမှ မစားရသေးကြောင်း သတိရသွားသည်။

နေရာလွတ်ထဲတွင် ချက်ပြုတ်စရာ ပစ္စည်ျးမားစွာ ရှိနေသော်လဲ ဟံကျစ်ယန်သည် တစ်နေပုန်အလုပ်ရှုပ်ပြီးနောက် ပင်ပန်းနေပြီဖြစ်သည်။ ထို့ကြောင့် သူမသည် ကိုယ်တိုင်ဟင်းချက်မည့် အကြံကို စွန့်လွှတ်လိုက်တော့သည်။

သူမ ဖုန်းကိုယူလိုက်ကာ ထောင်းပေါင်စာမျက်နှာကို ဖွင့်လိုက်သည်။

ပေါ်လာသော လေးထောင့်ကွက် အသိပေးချက်လေးက သူမကို ပျော်ရွှင်သွားစေသည်။ လွန်ခဲ့သည့် ရက်များအတွင်း သူမ၏စတိုးဆိုင်လေးမှ ပစ္စည်းနှစ်ခု နောက်ထပ် ရောင်းထွက်သွားကာ အကောင့်ထဲသို့ ယွမ် ၁.၁၂ သန်း ဝင်လာခဲ့သည်။

ဤကဲ့သို့ များပြားလှသော ဝင်ငွေများကြောင့် ဟဲကျစ်ယန်သည် နည်းနည်းလေးမှ စိတ်မပူဘဲ သူမ၏အိမ်မက်အစားအသောက် လွတ်လပ်မှုကို ထောင်းပေါင်တွင် အပြည့်အဝ အသုံးချလိုက်သည်။

အစားအသောက်များ ဝယ်သောအခါ ဈေးနှုန်းကို လုံးဝ ကြည့်စရာ မလိုပေ။ အရသာရှိပြီး အာဟာရရှိလျှင်၊ သူမ စားချင်လျှင်၊ နောက်ထပ် ကြိုက်သလောက် ဝယ်လို့ ရပေသည်။

မော့ကျိုးယွီသည် သူမနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး သူ့ရှေ့က စားပွဲလေးပေါ်သို့ လေးထောင်ပုံးလေးများ အဆက်မပြတ် ကျလာသည်ကို ကြည့်နေရသည်။ ထို့နောက် အကြီးကြီး တစ်ခုလဲ ပေါ်လာခဲ့သည်...။

အချိန်ခဏလေးအတွင်း ထမင်းစားစားပွဲသည် အထုပ်များဖြင့် ပြည့်နှက်သွားကာ တောင်ငယ်လေးတစ်လုံးဟု ခေါ်လျှင်ပင် ချဲ့ကားရာကျမည် မဟုတ်ပေ။

ဤပစ္စည်းများသည် မော့ကျိုးယွီအတွက်တော့ အလွန်ဆန်းသစ်နေပြီး သူ့မျက်လုံးများသည် ထိုလတ်ဆတ်သော အစားအစာများကို အကဲခတ်နေခဲ့သည်။

ထောင်းပေါင်တွင် ကောက်လိုက် ရွေးလိုက်လုပ်ပြီးနောက် ဟဲကျစ်ယန်သည် အစားအစာများ ဝယ်လို့ပြီးသွားခဲ့သည်။

သူမသည် မော့ကျိုးယွီရှေ့တွင် တစ်ခုပြီး တစ်ခု ဖွင့်ပြလိုက်၏။

ကြက်ဥကိတ်များ၊ ဒူးရင်းပေါင်မုန့်များ၊ ပြင်သစ် အသေးစား ဝက်သားလွှာများ၊ အသင့်စားခေါက်ဆွဲ၊ အမဲသား တောက်တောက်စဉ်း၊ အစပ်ချောင်းများ၊ ဆီသွပ်ဘူးများနှင့် ဘယ်မုန့်မျိုးမဆို အကုန်ဝယ်ခဲ့သည်။

ထို့အပြင် ဟဲကျသ်ယန်သည် အရသာရှိသော အသီးအမျိုးအသားများ အများအပြားကိုလဲ ဝယ်ယူခဲ့သည်။

စပျစ်သီးများ၊ ရေပျားရည်မက်မွန်သီး၊ ပန်းသီး၊ စတော်ဘယ်ရီသီး၊ ချယ်ရီသီး၊ နာနတ်သီး၊ ငှက်ပျောသီးနှင့် သူမ အကြိုက် ဒူးရင်းသီးတို့ ဖြစ်သည်။

နောက်ဆုံးတွင် သူမသည် အကြီးဆုံး အထုပ်ကို ဖောက်လိုက်၏။

ထိုအရာသည် အသားကင် ညစာအစုံ ဖြစ်သည်။

ဤအစုံလိုက်ပွဲထဲတွင် ပါဝင်နေသော အရာများမှာ များပြားလှသည်။

အမဲသား၊ သိုးသား၊ ဝက်ဗိုက်သား အားလုံးကို အရသာနှပ်ထားသည်။

ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ မှိုများနှင့် ပင်လယ်စာ အသေးလေးများလဲ ပါဝင်ကြသည်။

အရေးကြီးဆုံးမှာ ရောင်းချသူသည် အစုံလိုက်ထဲတွင် အသားကင်ဖို့အိုးပါ ထည့်ပေးခြင်းဖြစ်ပြီး ဆော့စ်သည်လည်း အစပ်နှင့် အချိုနှစ်မျိုး ပါရှိသည်။

ဟဲကျစ်ယန်သည် ပါဝင်ပစ္စည်း အကုန်လုံးကို ထုတ်ပြီးနောက် မော့ကျိုးယွီ၏ မျက်လုံးနှင့်ပင် မဆန့်တော့ပေ။

သူမသည် အစားအစာများကို သေချာရှင်းပြလိုက်ပြီး မုန့်များနှင့် အသီးများကို ဘေးဘက်သို့ ရွှေ့ထားလိုက်ကာ သူမတို့၏ အသားကင် ညစာစားပွဲကြီးကို စတင်တော့သည်။

ဟဲကျစ်ယန်သည် အသားကင်အိုးကို သန့်ရှင်းအောင် ဆေးလိုက်ပြီး မီးပလပ်ထိုးကာ ဆော့စ်အတွက် ကြွေခွက်သေးသေးလေးတွေ ပြင်လိုက်သည်။

မော့ကျိုးယွီရှေ့တွင် ဟဲကျစ်ယန်သည် ကျွမ်းကျင်စွာ အသားစကင်တော့သည်။

တရှဲရှဲမြည်သံများက နေရာလွတ်ထဲက တိတ်ဆိတ်နေမှုကို ချိုးဖောက်သွားသည်။

မကြာခင်ပင် အသားကင်နံ့က နှစ်ယောက်အနီးသို့ ပျံ့လွင့်လာခဲ့သည်။

ဟဲကျစ်ယန်သည် အမဲသား တစ်ပိုင်းကိုညှပ်ကာ မော့ကျိုးယွီ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။

“ပန်းကန်ထဲက ဆော့စ်နဲ့ တို့လိုက်။ အဲ့ဒါက တကယ်ကို မွှေးနေတာပဲ မြန်မြန်စားတော့”

မော့ကျိုးယွီသည် အသားကင်နံ့ကြောင့် အကြာကြီး ဆွဲဆောင်ခံနေရပြီး အခု အလွန်ဗိုက်ဆာနေပြီဖြစ်သည်။

ပန်းကန်ထဲမှ အမဲသားကို ယူလိုက်ပြီး ပူနေသေးသည်ကိုပင် ဂရုမစိုက်နိုင်တော့ပေ။ ဟဲကျစ်ယန်ပြောသလို ဆော့စ်ထဲ နှစ်လိုက်သည်။

ထိုအသားက သူ့ပါးစပ်ထဲ ဝင်လာသည့်အချိန်တွင် မော့ကျိုးယွီသည် ထိုအရသာကို အမှန်တကယ်ပင် သဘောကျမိသွားတော့သည်။

***

All Chapters