← Chapters

စူးစမ်းခြင်း

Vol. 8 Ch. 103

စူးစမ်းခြင်း

Vol. 8 Ch. 103

ဟဲကျစ်ယန်သည် လက်နှစ်ဖက်အပြည့် တပ်ဆင်ထားသော သူမ ကြိုတင်ပြင်ဆင်ထားသည့် သံလက်သည်းများကို မော့ကျိုးယွီအား ပြလိုက်သည်။

“စိတ်မပူပါနဲ့။ ကျွန်မမှာ အရန်အနေနဲ့ ဒါတွေ ရှိပါသေးတယ်”

သူမ စကားဆုံးပြီးနောက် ဟဲကျစ်ယန်၏ ပုံရိပ်လေးသည် ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။

နေရာလွတ်အပြင်ဘက်တွင် သူမ၏ ခန္ဓာကိုယ်သည် အောက်သို့ လျင်မြန်စွာ ကျဆင်းနေခဲ့သည်။

ဟဲကျစ်ယန်သည် သတိမထားဘဲ မနေရဲပေ။ နေရာလွတ် အပြင်ဘက်တွင် စက္ကန့်၏ တစ်ဝက်လောက်သာ နေပြီး နေရာလွတ်ထဲသို့ ပြန်ဝင်လိုက်သည်။

မော့ကျိုးယွီသည် သူမ၏ ပျောက်သွားလိုက် ပေါ်လာလိုက်၊ နေရာလွတ်ထဲ ဝင်လိုက်ထွက်လိုက်နှင့် အကြိမ်ပေါင်းများစွာ လုပ်နေသည်ကို ကြည့်နေခဲ့သည်မှာ နောက်ဆုံး ဟဲကျစ်ယန် ပြန်မဝင်လာတော့သည်အထိပင်။ သူ့နှလုံးသားမှာ လည်ပင်းမှ ပြန်ထွက်လာမတတ် ကြောက်ရွံ့နေသည်။

ဟဲကျစ်ယန်၏ လှုပ်ရှားမှုများက အလွန်သေသပ်သည်။ သူမ နေရာလွတ်ထဲမှ ထွက်သွားခဲ့သော နောက်ဆုံး အခေါက်တုန်းက သူမသည် မြေပြင်နှင့် ဆယ်မီတာသာ ကွာတော့၏။

သူမသည် သံလက်သည်းများကို သစ်ကိုင်းတစ်ကိုင်းဆီသို့ ချိတ်တွယ်စေလိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ကြိုးဖြင့် မြေပြင်ပေါ်သို့ ကျဆင်းသွားစေသည်။

ဤသည်မှာ အလွန်ရှေးကျသော လေထုအနေအထားနှင့် ချိုင့်ကြီးဖြစ်သည်။

ဟဲကျစ်ယန်ကို စိတ်အနှောင့်အယှက် အပေးဆုံးအရာမှာ လေးဘက်လေးတန် တောင်များ ဝိုင်းရံထားပြီး ထွက်ပေါက် လုံးဝ မရှိသောကြောင့်ပင်။

ဟဲကျစ်ယန်သည် ပတ်ဝန်းကျင်ကို သေချာစူးစမ်းလိုက်ပြီး လမ်းတစ်ခုရှာကာ လျှောက်ကြည့်ဖို့ စီစဉ်ထား၏။

သူမ ခြေလှမ်းလှမ်းတော့မည့်အချိန်တွင် ခြေသံများကို ဆက်တိုက်ကြားလိုက်ရသည်။

အတွေ့အကြုံအရ ပြောရလျှင် ထိုခြေသံများမှာ အနည်းဆုံး သုံးယောက်တော့ ရှိပေမည်။

ဟဲကျစ်ယန်သည် ကျောက်တုံးကြီးနောက်တွင် လျင်မြန်စွာ ပုန်းကွယ်လိုက်ပြီး အသက်ကိုအောင့်လိုက်ကာ ပစ္စတိုတစ်လက်နှင့် မေ့ဆေးသေနတ်တစ်လက်ကိုပါ ထုတ်ယူလိုက်သည်။

ခြေသံများက နီးသထက်နီးလာသည်။ ကျောက်ဆောင်၏ အက်‌ကွဲကြောင်းများမှတစ်ဆင့် အနက်ရောင်ဝတ် အမျိုးသားလေးယောက်က သူမရှိသည့်ဘက်သို့ လာနေသည်ကို မြင်နေရသည်။

ရှေ့ဆုံးမှ လျှောက်လာသောလူက စိတ်မရှည်စွာ ပြောလိုက်သည်။ “ငါတို့ တစ်ညလုံး ရှာနေကြတာ။ သူတို့တွေ တစ်စစီ ဖြစ်သွားတယ်ဆိုရင်တောင် သဲလွန်စလေး နည်းနည်းတော့ ကျန်ခဲ့ရမှာပဲ”

“ခင်ဗျားဆိုလိုတာ မော့ကျိုးယွီက မသေသေးဘူးပေါ့”

“ဒါတော့ မဖြစ်နိုင်ဘူး။ မော့ကျိုးယွီက အပြင်းအထန် ဒဏ်ရာရထားတာ။ ဒီလောက်မြင့်တဲ့ ချောက်ကမ်းပါးကနေလဲ ခုန်ချသွားသေးတယ်။ သူအသက်ရှင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

အနက်ရောင်ဝတ် လူအနည်းငယ်က လမ်းလျှောက်ရင်း သူမတို့နှစ်ယောက် သေလား ရှင်လား ဆွေးနွေးနေကြစဉ် ချောက်ထဲရှိ တိတ်ဆိတ်နေမှုကို ပြတ်သားသော အသံတစ်ခုက ဖျက်ဆီးသွားခဲ့သည်။

တစ်ချိန်တည်းပင် ရှေ့ဆုံးမှ လျှောက်နေသောလူသည် မြေကြီးပေါ်သို့ လဲကျသွားလေသည်။

ထိူအနက်ရောင်ဝတ်လူများကို အသက်ရှူဖို့ အချိန်ပင် မပေးဘဲ ဟဲကျစ်ယန်သည် နောက်ထပ် တစ်ဆက်တည်း နှစ်ချက် ပစ်ချလိုက်ကာ နောက်ထပ် လူနှစ်ယောက်ကိုပါ ဖြုတ်ချလိုက်သည်။

အသက်ရှင်ကျန်နေသည့် တစ်ယောက်တည်းသော အနက်ရောင်ဝတ်လူသည် တစ်ခုခု မှားနေပြီဟု ခံစားခဲ့ရသည်။ သူသည် ဟဲကျစ်ယန် ပုန်းအောင်းနေသည့် နေရာသို့ ပုန်းရှောင်ကာ ဂဂုတစိုက် သွားလိုက်သည်။ တစ်ချိန်တည်းပင် သူက ဒေါသထွက်စွာ အော်လိုက်၏။ “မော့ကျိုးယွီ ထွက်လာပြီး ငါနဲ့ ဒဲ့တိုက်ခိုက်စမ်းပါ။ လိပ်ခွံထဲ ပုန်းမနေစမ်းနဲ့”

ဟဲကျစ်ယန်က ပြန်မဖြေပေ။ ထိုအစား သူမ၏ အနေအထားကို ပြောင်းလိုက်ကာ လက်ထဲမှ မေ့ဆေးသေနတ်ကိုမြှောက်ပြီး အနက်ရောင်ဝတ်လူကို ပစ်လိုက်သည်။

ထိုလူက ခပ်တိုးတိုးညည်းကာ မြေပေါ်သို့ လဲကျသွားခဲ့သည်။ ဟဲကျစ်ယန်သည် ဤနေရာတစ်ဝိုက်တွင် ဘာအန္တရာယ်မှ မရှိဘူးဆိုတာ သေချာအောင် စစ်ပြီးမှ ကျောက်တုံးကြီးနောက်မှ ထွက်လာခဲ့သည်။

သူမသည် အနက်ရောင်ဝတ်လူ၏ အသက်ရှူလမ်းကြောင်းကို ပထမဆုံး စစ်ဆေးကြည့်ပြီးမှ သူ့အား နေရာလွတ်ထဲသို့ ထည့်လိုက်သည်။

မော့ကျိုးယွီသည် ခွဲစိတ်ခန်းတံခါးရှေ့တွင် ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်ဖြင့် စိတ်ပူနေခဲ့၏။

ဟဲကျစ်ယန်က အသက်မဲ့နေပုံပေါ်သော အနက်ရောင်ဝတ်လူကို သယ်လာသည်ကို မြင်သောအခါ သူ ချက်ချင်းမေးလိုက်သည်။ “အပြင်ဘက်မှာ တခြား လုပ်ကြံသူတွေ ရှိသေးသလား”

ဟဲကျစ်ယန်သည် အနက်ရောင်ဝတ်လူကို ကြမ်းပေါ်သို့ ပစ်ချလိုက်သည်။

“ကျွန်မ သူ့ဆီကနေ နည်းနည်း အသုံးဝင်တဲ့ သတင်းလေးများ ရနိုင်မလားလို့ မေ့ဆေးသေနတ်နဲ့ ပစ်ပြီး ခေါ်လာခဲ့တာ”

အနက်ရောင်ဝတ်လူက မေ့နေခြင်းသာဖြစ်ကြောင်း မော့ကျိုးယွီ ကြားသောအခါ သူသည် ထိုလူ၏ရှေ့တွင် မြန်မြန်ထိုင်လိုက်ကာ အနက်ရောင်မျက်နှာဖုံးကို ဆွဲချွတ်လိုက်သည်။

ထို့နောက် တူတစ်ချောင်းကိုရှာကာ ထိုလူ၏ ပါးစပ်ကို ဖွင့်လိုက်ပြီး အတွင်းထဲမှ အဆိပ်အိတ်ကလေးကို ထုတ်ယူလိုက်သည်။

ဟဲကျစ်ယန်က‌လဲ မော့ကျိုးယွီနှင့်အတူ ထိုလူကို ကြိုးချည်ရန် ကြိုးများ ရှာနေခဲ့သည်။

အချိန်ကုန် သက်သာရန်အတွက် ဟဲကျစ်ယန်သည် လူများကို နိုးကြားစေသော ဆေးကိုရှာကာ အနက်ရောင်ဝတ်လူ၏ ကိုယ်ထဲ ထိုးသွင်းလိုက်သည်။

မကြာခင်ပင် ထိုလူ နိုးလာခဲ့သည်။

သူ့ဘေးပတ်လည်မှ လုံးဝ မရင်းနှီးသော ပတ်ဝန်းကျင်ကို မြင်သောအခါ အနက်ရောင်ဝတ်လူသည် ဘာကြောင့်မှန်းမသိ ထိတ်လန့်သွားသည်။

“ဒါက ဘယ်နေရာကြီးလဲ”

“ဒီနေရာက ဘယ်နေရာလဲ စိတ်ပူနေစရာ မလိုဘူး။ ငါမေးတာတွေကို လိမ်လိမ်မာမာလေးဖြေရင် အရမ်းကြီး မနာကျင်စေရဘဲ သတ်ပေးမယ်” ဟဲကျစ်ယန်က မှုန်ကုပ်ကုပ်ဖြင့် ပြောလိုက်သည်။

ထိုအခါမှ အနက်ရောင်ဝတ်လူသည် သူ့အနောက်ဘကိကို သတိထားမိသွား၏။

သူသည် ပုခုံးကိုကေတာ်ပြီး လှည့်ကြည့်လိုက်သောအခါ မော့ကျိုးယွီကို မြင်လိုက်ရသည်။

“မော့ကျိုးယွီ၊ မင်း တကယ်ပဲ မသေသေးဘူးပေါ့”

မော့ကျိုးယွီသည် ဟိုဟိုသည်သည်ပြောနေဖို့ အလွန်ပျင်းနေသောကြောင့် အေးစက်စွာ မေးလိုက်သည်။ “ပြောစမ်း။ ငါ့ကိုသတ်ဖို့ မင်းတို့ကို ဘယ်သူ လွှတ်လိုက်တာလဲ”

အနက်ရောင်ဝတ်လူက မဲ့လိုက်သည်။ “ငါ မင်းကိုပြောပြမယ်လို့ ထင်နေတာလား”

သူပြောပြီးနောက် သူ့ပါးစပ်ထဲမှ အဆိပ်အိတ်ကိုကိုက်ကာ သတ်သေဖို့ လုပ်လိုက်သည်။

သို့သော် သူ့လျှာဖြင့် ပါးစပ်အနှံ့ လိုက်ရှာခဲ့ပါသော်လဲ ထိုအဆိပ်အိတ်ကို မတွေ့နိုင်ဟု ဘယ်သူက ထင်ပါ့မလဲ။

အနက်ရောင်ဝတ်လူသည် ချက်ချင်းပင် ချွေးအေးများ ထွက်လာခဲ့သည်။

“မော့ကျိုးယွီ၊ မင်းက စက်ဆုပ်စရာပဲ”

မော့ကျိုးယွီကတော့ အမူအရာမပြောင်းပေ။

“တကယ်စက်ဆုပ်စရာကောင်းတဲ့လူက မင်းတို့နောက်ကွယ်ကကောင်ပဲ”

အနက်ရောင်ဝတ်လူက တစ်ခုခု ပြောတော့မည့်အချိန်တွင် ဟဲကျစ်ယန်သည် ဆေးထိုးအပ်တစ်ချောင်းကိုယူကာ သူဘာမှ မပြောနိုင်ခင် သူ့လက်မောင်းထဲသို့ ဆေးများ ထိုးသွင်းလိုက်သည်။

အနက်ရောင်ဝတ်လူမှာ အလွန်ထိတ်လန့်သွားရသည်။

“မင်းတို့ ငါ့ကိုဘာလုပ်လိုက်တာလဲ”

သူ ရုန်းကန်လိုက်သော်လဲ ခြေလက်များအားလုံးကို တင်းတင်းကြပ်ကြပ် ချုပ်နှောင်ထားသောကြောင့် လုံးဝ လှုပ်လို့ မရပေ။

ဟဲကျစ်ယန်က လှောင်လိုက်သည်။ “ရှင် သိပ်မကြာခင်ပဲ သိလာမှာပေါ့”

သူမ ထိုလူ၏ လက်မောင်းထဲသို့ ထိုးသွင်းလိုက်သောအရာမှာ နိုင်ငံတစ်ခုမှ အထူးထုတ်လုပ်ထားသည့် ထောင်သားများကို ကိုင်တွယ်ရန် ဆေးတစ်မျိုး ဖြစ်သည်။

အသုံးပြုခံရသူသည် အစပိုင်းတွင် စိတ်လှုပ်ရှားလာပြီးနောက် ငါးမိနစ်အကြာတွင် ခန္ဓာကိုယ်တစ်ခုလုံး မရေမတွက်နိုင်သော ပုရွတ်ဆိတ်များက ပိုက်ခဲနေသလို နာကျင်မှုကို ခံစားရပေမည်။

နာကျင်မှုမှာ ပို၍ပို၍တိုးလာပြီး သေခြင်းတရား၏ တံခါးဝသို့ပင် ရောက်ရှိသွားမည်ဖြစ်သည်။

ပိုဆိုးသည်မှု ဤဆေးထိုးလိုက်သည်နှင့် ခန္ဓာကိုယ်က ဘယ်လေုက်ပဲ တုံ့ပြန်မှုကောင်းနေပါစေ မေ့သွားဖို့မဖြစ်နိုင်ပေယ သတိရှိလျက်နှင့် သည်းခံနေရမှာဖြစ်သည်။

သေချာပေါက်ပင် အနက်ရောင်ဝတ်လူမှာ အစပိုင်း စိတ်လှုပ်ရှားနေပြီး မကြောက်ရွံ့သော ပုံစံကို ပြသနေသည်မှာ သူ့အသားကို ဓားဖြင့် အစိမ်းသက်သပ် ခွာချလိုက်လျှင်တောင် သူ့နောက်ကွယ်က ဘယ်သူလဲဆိုတာ လုံးဝ ထုတ်မပြောမည့်ပုံစံပင်။

အချိန်တရွေ့ရွေ့ ကုန်လာသည်နှင့်အမျှ အနက်ရောင်ဝတ်လူ၏ မျက်နှာမှာ တစ်ဖြည်းဖြည်း ပုံပျက်ပန်းပျက် ဖြစ်လာသည်။

အစပိုင်းတော့ သူ အံကိုကြိတ်ကာ သည်းခံ‌ခဲ့သေးသည်။

မမျှော်လင့်ထားစွာပင် နာကျင်မှုက ပို၍ပို၍တိုးလာကာ သူ့ခေါင်းကိုသာ နံရံနှင့်တိုက်ပြီး သေပစ်ချင်စိတ် ပေါက်ဘာစေသည်။

အချိန်ကျပြီဟု တွေ့လိုက်သောကြောင့် ဟဲကျစ်ယန်သည် နောက်ဆုံး ပြောလိုက်၏။ “ငါ သေသေချာချာ အာမခံပေးတယ်၊ တကယ်လို့ မပြောသေးဘူးဆိုရင် နင် တစ်သက်လုံး ဒီလိုနာကျင်မှုမျိုးနဲ့ပဲ နေထိုင်သွားရမယ်ဆိုတာကို”

အနက်ရောင်ဝတ်လူ၏ နီရဲနေသော မျက်လုံးများသည် ဟဲကျစ်ယန်ကို စူးစိုက်ကြည့်နေပြီး စကားလုံး တစ်လုံးချင်းစီ လေးပင်စွာ ပြောလိုက်သည်။ “ဘယ်လောက်တောင် ရက်စက်ပြီး ကြမ်းတမ်းလိုက်တဲ့ မိန်းမလဲ”

ဟဲကျစ်ယန်က ဂရုမစိုက်ပေ။

“ငါလဲ မငြင်းပါဘူး။ ရည်ရွယ်ချက်တစ်ခုအတွက် ဒီလိုအရာကို မဆိုင်းမတွ လုပ်တယ်ဆိုတာ ငါလို မိန်းမပဲ လုပ်နိုင်တဲ့အရာလေ”

“မင်း ...” အနက်ရောင်ဝတ်လူသည် ဒေါသဖြင့် ရှူးရှူးရှားရှားဖြစ်နေသည်။

သို့သော် သူ့ခန္ဓာကိုယ်က ခံစားနေရသော နာကျင်မှုသည် သူ့ကို ပိုပြီးသည်းမခံနိုင်တော့အောင် ဆိုးဝါးလာသည်။

နောက်ဆုံးတွင် အနက်ရောင်ဝတ်လူက အံကိုကြိတ်ကာ ပြောလိုက်သည်။ “ငါတို့က လူသတ်ပေးဖို့ ပိုက်ဆံယူပြီးလုပ်တဲ့ ကြေးစားတွေပဲ။ မင်းတို့ကို ဘယ်သူက သေစေချင်တာလဲဆိုတာ ငါ မသိဘူး”

ဟဲကျစ်ယန်ရော မော့ကျိုးယွီပါ ထိုလူ၏စကားပို မယုံကြည်ပေ။ သူ့ကိုခိုင်းတဲ့လူက ဘယ်သူလဲဆိုတာ မသိလျှင် အစကတည်းက မသိဘူးဟု ပြောခဲ့မှာဖြစ်သည်။ အခုအချိန်လောက်ထိ တောင့်ခံနေဖို့မလိုအပ်ပေ။

အမှန်အတိုင်း သိရဖို့အတွက် ဟဲကျစ်ယန်သည် နောက်ထပ် ဆေးတစ်ချောင်း ထပ်ယူလိုက်သည်။ အပ်ကို အနက်ရောင်ဝတ်လူ၏ လက်မောင်းဆီ ချိန်ထားရင်း သူမက အေးစက်စွာ ပြောလိုက်သည်။

“ရှင့်ရဲ့ပုံစံကိုကြည့်ရတာ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အတော်လေးကို ခံနိုင်ရည်အားကောင်းပုံပဲ။ ဘာလို့ နောက်ထပ် ဆေးနည်းနည်းလောက် ထပ်မပေးရမှာလဲ”

အနက်ရောင်ဝတ်လူသည် ဟဲကျစ်ယန်လက်ထဲတွင် ဘာကိုင်ထားလဲ ချက်ချင်း သတိပြုမိသွားသည်။ ထိုအရာက သူ့ကို သေသည်ထက် ဆိုးဝါးစွာ ခံစားစေရသည့် ခုနက ထိုးသွင်းလိုက်သော ဆေးပင်။

သူသာ နောက်ထပ် တစ်ချက် ထိုးခံရလျှင် နာကျင်လွန်းသဖြင့် သေသွားမည်ကို စိတ်ပူလာမိသည်။

အပ်ဖျားက သူ့လက်မောင်းကို ထိတော့မည့်အချိန်တွင် အနက်ရောင်ဝတ်လူက အော်ပြောလိုက်သည်။ “အဲ့ဒါ မင်းသားဟန်ပါ။ ငါတို့အားလုံးက သူ့ရဲ့ အသေခံတပ်သားတွေပါ”

***

All Chapters