← Chapters

မော့မိသားစုက မင်းတို့ပြန်လာမှာကို စောင့်နေတယ်

Vol. 8 Ch. 105

မော့မိသားစုက မင်းတို့ပြန်လာမှာကို စောင့်နေတယ်

Vol. 8 Ch. 105

လူတိုင်းက ဖမ်းဝမ် သဘောတူလိုက်တာကို မြင်သောအခါ သူတို့အားလုံး သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။

ဖန့်မိသားစုနှင့် ရှဲ့မိသားစုမှ အမျိုးသမီများငည် မော့မိသားစုမှ အမျိုးသမီးများကို နှစ်သိမ့်ရန် အမြန်ပြေးလာခဲ့ကြသည်။ မော့အမျိုးသမီးများသည် သူမတို့မိသားစုထံမှ ကြင်နာမှုနည်းနည်းရခဲ့သော ဖန့်မိသားစုနှင့် ရှဲ့မိသားစုက သူမတို့အလိုအပ်ဆုံးအချိန်တွင် အတူတူရပ်တာ်ပေးကြလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ ဆိုရိုးစကားမှာ စစ်မှန်သော ခံစားချက်များက စကားသက်သက်ဖြင့်မဟုတ် ဆိုသည့်အတိုင်းပင်။ အခုတော့ သူမတို့ရှေ့တွင် လက်တွေ့မြင်တွေ့လိုက်ရပြီဖြစ်၏။

သူမ ကျေးဇူးတင်မိသော်လဲ သခင်မကြီးမော့သည် ယခုအချိန်တွင် မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့၏ လုံခြုံရေးကိုသာ ပိုစိတ်ပူနေမိသည်။

…

ဟဲကျစ်ယန်သည် သူမ မိသားစု၏ အခြေအနေကို စိတ်ပူသောကြောင့် ဤနေရာမှ ထွက်ရန် အလွန်စိတ်အားထက်သန်နေသည်။

ဤနေရာက တောင်ချိုင့်ကြီးဖြစ်သောကြောင့် ထွက်ပေါက်က ဘယ်ဘက်လဲ သူမ မဆုံးဖြတ်နိုင်ပေ။ ထိုအချိန်တွင် အနက်ရောင်ဝတ်လူကို စစ်ဆေးမေးမြန်းတုန်းက ထွက်ပေါက်က ဘယ်နေရာမှာလဲဆိုတာ မေးဖို့ မေ့သွားခဲ့သည့်အတွက် သူမကိုယ်သူမ အလွန် စိတ်ပျက်မိနေသည်။

အခုတော့ ထိုအနက်ရောင်ဝတ် လူများလဲ သေဆုံးသွားပြီဖြစ်သောကြောင့် ဟဲကျစ်ယန်သည် တောင်‌ချိုင့်ထဲတွင်သာ ဟိုစမ်းစမ်း ဒီစမ်းစမ်း သွားလာနေရသည်။

သူမ ရှေ့ဆက်သွားဖို့အတွက် ဆူးပင်နှင့် ခြုံပင်များကို ခက်ခက်ခဲခဲ ဖယ်နေရစဉ် ရုတ်တရတ်ကြီး သူမရှေ့သို့ ကြီးမားသော အကောင်ကြီး တစ်ကောင် ရောက်ရှိလာခဲ့၏။

ထိုအရာက အနက်ရောင်ဝက်ဝံကြီးပင်။

ပထမဆုံး ဟဲကျစ်ယန် တွေးမိသည်မှာ ဒီလိုအဖြစ်မျိုး ကြုံလာပါက ထိပ်တိုက်မတွေ့တာ အကောင်းဆုံး ဖြစ်သည်။ အရင်ဆုံး သစ်ပင်တစ်ပင်ပေါ် တက်ပြီး နောက်မှ လှုပ်ရှားခြင်းက အကောင်းဆုံးပင်။

ဟဲကျစ်ယန်သည် တက်ရန်သင့်တော်သော အပင်မြင့်တစ်ပင်ကို တွေ့ခဲ့သည့်အချိန်တွင် ဝက်ဝံနက်ကြီးက သူမရှိသည့် ဦးတည်ရာသို့ လာနေခြင်း မဟုတ်ကြောင်း တွေ့လိုက်ရသည်။

ဟဲကျစ်ယန်၏ နေရာမှ မီတာတစ်ရာခန့်အကွာတွင် ဆန်းတာ့ကျိုးသည် သူမ၏ ပုံရိပ်လေးကို တွေ့မြင်သွားခဲ့သည်။

“မိန်းကလေးဟဲ၊ မြန်မြန်ပုန်းတော့။ ဒီဝက်ဝံကြီးက အရမ်းသန်မာလွန်းတယ်၊ မင်း မထိခိုက်စေနဲ့”

ဆန်းတာ့ကျိုးသည် ဝက်ဝံနက်ကြီးကို ရှောင်ရှားဖို့အတွက် အလွန်လျှို့ဝှက်စွာ သွားနေသောကြောင့် ဖြစ်နိုင်သည်။ ဟဲကျစ်ယနါသည် အစပိုင်းတွင် သူရှိနေသည်ကို လုံးဝ သတိမထားမိခဲ့ပေ။

ရင်းနှီးနေသော အသံကိုကြားပြီးနောက် ဆန်းတာ့ကျိုးသည် ယိမ်းနွဲ့နေသော သစ်ပင်မြင့်ကြီး တစ်ပင်ကို တွယ်တက်နေရင်း သူမကို ခက်ခက်ခဲခဲ လှမ်းအော်နေသည်ကို မြင်လိုက်ရသည်။

ဟဲကျစ်ယန်က ချက်ချင်း သတိပေးလိုက်သည်။ “ရှင့်ရဲ့ သစ်ပင်က ကျိုးကျတော့မယ်။ မလှုပ်လိုက်နဲ့”

ဆန်းတာ့ကျိုး၏ သနားစရာ အခြေအနေအရ သူသည် အချိန်အတော်ကြာအောင် ဤ ဝက်ဝံနက်ကြီး၏ ပစ်မှတ်အဖြစ် သတ်မှတ်ခံနေခဲ့ရကြောင်း သိနိုင်ပေသည်။

ထို့အပြင် ဟဲကျစ်ယန် သေချာသိနေသည်မှာ သာမန်လူတစ်ဦးက ဝက်ဝံနက်ကြီးနှင့် ယှဉ်ချနိုင်မည် မဟုတ်ကြောင်းကိုပင်။

ဆန်းတာ့ကျိုးကို အန္တရာယ် မဖြစ်စေရန် ဟဲကျစ်ယန်သည် သစ်ပင်မြင့်ကြီးကို တက်လိုက်ပြီး သူမ၏ နေရာလွတ်ထဲမှ ဒူးလေးကိုထုတ်ကာ ဝက်ဝံနက်ကြီး၏ မျက်လုံးကို ချိန်ရွယ်ပြီး မြှားတစ်စင်း ပစ်ချလိုက်သည်။

မြှားသည် ပစ်မှတ်ကို သေသေချာချာ ထိမှန်သွားကာ ဝက်ဝံကြီး၏ ဘယ်ဘက်မျက်လုံးကို ထိမှန်သွားသည်။

ဟဲကျစ်ယန်၏ လှုပ်ရှားမှုများက လုံးဝရပ်မသွားပေ။ သူမသည် ဝက်ဝံနက်ကြီး၏ ညာဘက်မျက်လုံးကို ထပ်မံချိန်ရွယ်ပြီး ဒုတိယမြှားကို ထပ်လွှတ်လိုက်သည်။

ဝက်ဝံနက်ကြီးသည် နာကျင်မှုဖြင့် အော်ဟစ်လိုက်ပြီး ချက်ချင်း ရူးသွပ်သွားကာ ဆန်းတာ့ကျိုး ပုန်းအောင်းနေသော သစ်ပင်ကြီးကို ဆုပ်ကိုင်ကာ အပြင်းအထန် လှုပ်ခါလိုက်သည်။

ဆန်းတာ့ကျိုး တက်နေသော သစ်ပင်ဟ ပင်စည်က အနည်းငယ်ကွဲသွားပြီဆိုတာကို မြင်လိုက်ရသောအခါ ဟဲကျစ်ယန်သည် ချက်ချင်းပဲ သစ်ပင်ပေါ်မှ ခုန်ဆင်းလိုက်သည်။ သူမသည် စစ်တပ်သုံး ဘက်စုံဓားကို ထုတ်ကာ ဝက်ဝံနက်ကြီးကို တိုက်ခိုက်ဖို့ ပြေးသွားတော့သည်။

ဝက်ဝံနက်ကြီး၏ အာရုံမှာ ဆန်းတာ့ကျိုးအပေါ်တွင်သာ ရှိသောကြောင့် ထိုအရာက ဟဲကျစ်ယန်ကို အများကြီး အထောက်အကူဖြစ်သွားစေသည်။

ဟဲကျစ်ယန်၏ ဓားက ဝက်ဝံနက်၏ လည်ပင်းကို လျင်မြန်တိကျ ကြမ်းတမ်းစွာ ဖောက်ဝင်သွားခဲ့သည်။

ဝက်ဝံနက်ကြီးသည် ပို၍ သွေးရူးတန်းရူးဖြစ်လာကာ သူ၏ အာရုံခံနိုင်စွမ်းဖြင့် ဟဲကျစ်ယန်ကို တိုက်ခိုက်လိုက်သည်။

ထိုအရာကို မြင်သောအခါ ဆန်းတာ့ကျိုး အလွန်အမင်း ထိတ်လန့်သွားရသည်။ “ဂရု..”

“စိုက်” ဆိုသော စကားလုံး သူ့ပါးစပ်မှ ထွက်မလာခင် ခန္ဓာကိုယ်တစ်ခုလုံး သစ်ပင်ပေါ်မှ ပြုတ်ကျသွားသည်။

ခန္ဓာကိုယ်မှ နာကျင်မှုကို အံတုကာ ဆန်းတာ့ကျိုးသည် သူ့ခါးမှ ဓားကြီးကို ဆွဲထုတ်ပြီး ဝက်ဝဲနက်ကြီးကို ခုတ်ချလိုက်တော့သည်။

ဟဲကျစ်ယန်သည် ဝက်ဝံနက်ကြီးကို ခံမချနိုင်သော်လဲ သူမ၏ အရှောင်အတိမ်း စွမ်းရည်မှာ အလွန်အမင်း တော်နေသည်။

သို့သော် ဆန်းတာ့ကျိုးကတော့ အရမ်းကြီး ကံမကောင်းခဲ့ပေ။

ဝက်ဝံနက်ကြီးက မျက်လုံးမမြင်တော့ပေ။ သူ၏အနံ့ခံနိုင်စွမ်းဖြင့် အနီးဆုံးမှလူကိုသာ တိုက်ခိုက်တော့သည်။

ဟဲကျစ်ယန်က အသက်တစ်ချက်ရှူကာ ဝက်ဝံနက်ကြီးကို ဓားဖြင့် ထပ်ထိုးတော့မည့် အချိန်တွင် ဝက်ဝံနက်ကြီး၏ ကြီးမားသော လက်သည်းကြီးများက ဆန်းတာ့ကျိုး၏ ပုခုံးကို ခြစ်မိသွားခဲ့သည်။

ဆန်းတာ့ကျိုးသည် နာကျင်နေသော်လဲ မရှောင်တိမ်းပေ။

သူ့နှလုံးသားထဲတွင် ရှင်းရှင်းလင်းလင်း သိနေသည်မှာ ဝက်ဝံနက်ကြီး၏ အာရုံကို သူ့ဆီသို့ ဆွဲထားမှသာလျှင် ဟဲကျစ်ယန် လွတ်မြောက်ဖို့ အခွင့်အရေး ရှိမှာ ဖြစ်သည်။

ဝက်ဝံနက်ကြီးက သူ့ကို ဆက်လက် တိုက်ခိုက်နေစဉ် သူ ကျယ်လောင်စွာ အော်လိုက်၏။ “မိန်းပခေးဟဲ၊ ပြေးတော့။ မော့မိသားစုက ခင်ဗျားတို့ ပြန်လာမှာကို စောင့်နေတယ်”

ဒီလိုအချိန်မျိုးမှာ ဟဲကျစ်ယန်က ဘယ်လိုလုပ် ထွက်ပြေးနိုင်ပါ့မလဲ။

ထိုဝက်ဝံနက်ကြီးက နောက်ဆုံး အခြေအနေကို ရောက်နေပြီဖြစ်ကြောင်း သူမစိတ်ထဲ သေသေချာချာ သိရှိနေသည်။ သူမ ဘာမှမလုပ်ရင်တောင် ‌သူ့ဟာသူ သွေးထွက်လွန်ပြီး သေသွားမှာ ဖြစ်သည်။

ဟဲကျစ်ယန်သည် တွန့်ဆုတ်မနေဘဲ သူမ၏ဓားဖြင့် ဝက်ဝံနက်ကြီး၏ ဒဏ်ရာကို ထပ်ခါထပ်ခါ ထိုးချလိုက်သည်။

သွေးများက နေရာအနှံ့ လွင့်စင်သွားကာ သူမ၏ ခန္ဓာကိုယ်ရော မျက်နှာကိုပါ ပေကျံသွားစေသည်။

ဝက်ဝံနက်ကြီး၏ ခေါင်းသည် တစ်ဖက်သို့ ချက်ချင်းကျိုးကျသွားကာ ဆက်လက် တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။

ခန္ဓာကိုယ်ကြီးက အကြိမ်အနည်းငယ်မျှ လှုပ်ယမ်းသွားကာ မြေပြင်ပေါ်သို့ ဗုန်းခနဲ လဲကျသွားခဲ့သည်။

ဝက်ဝံနက်ကြီး လဲကျသွားသည်ကို မြင်သောအခါ ဆန်းတာ့ကျိုး၏ ခြေထောက်များလဲ ပျော့ကျသွားပြီး မြေပေါ်သို့ လဲကျသွားကာ အသက်ကို ရှိုက်နေရသည်။

ထိုအခြေအနေ‌မှာတောင်မှ သူသည် ဟဲကျစ်ယန်ကို မေးမြန်းဖို့ မမေ့လျော့ခဲ့ပေ။

“မင်း ဘယ်လို‌နေသေးလဲ၊ တစ်ခုခု ထိခိုက်မိသွားသေးလား”

ဟဲကျစ်ယန်က လက်ကိုဝေ့ယမ်းပြလိုက်သည်။ “ကျွန်မ အဆင်ပြေတယ်”

တစ်ဖက်တွင် ဟဲကျစ်ယန်သည် ဆန်းတာ့ကျိုး၏ ဝက်ဝံလက်သည်းများဖြင့် အပုတ်ခံလိုက်ရသည်ကို သူမကိုယ်တိုင် မြင်ခဲ့သည်ဖြစ်သည်။ သူ့ဒဏ်ရာက သေးသေးလေးဖြစ်မည်ဟုတော့ သူမ မထင်ပေ။

“ရှင့် လက်မောင်းကို လှုပ်ရှားကြည့်ပါဦး”

သူမ ပြောသည့်အတိုင်း လုပ်ရင်း ဆန်းတာ့ကျိုးမှာ နာကျင်မှုကြောင့် ချက်ချင်း မဲ့ရွဲ့သွားရသည်။

ထိုအခါမှသာ ဝက်ဝံနက်ကြီး၏ ရိုက်ချက် တစ်ချက်က အလွန်ပြင်းထန်ကြောင်း သူ သတိထားမိလိုက်သည်။

ဟဲကျစ်ယန်သည် ဆန်းတာ့ကျိုး၏ အရိုးများ ထိခိုက်သွားလိမ့်မည်ဟု ခန့်မှန်းလိုက်၏။

သူမသည် ရှေ့သို့ လျှောက်သွားကာ ထိခိုက်ထားသော နေရာတစ်ဝိုက်ကို အင်္ကျီပေါ်မှ စမ်းလိုပ်သည်။

“ရှင် အဆစ်‌နည်းနည်းလွဲသွားတယ်။ ဒါပေမဲ့ အဆင်ပြေပါတယ် တစ်နေရာလေးပါပဲ”

ထိုအရာက ဟဲကျစ်ယန် ခန့်မှန်းထားသလောက် မပြင်းထန်ပေ။ ဝက်ဝံနက်ကြီးက ထိခိုက်ထားသောကြောင့် အားလျော့သွားခြင်းဖြစ်မည်ဟု သူမ ခန့်မှန်းလိုက်သည်။ မဟုတ်ပါက ထိုရိုက်ချက်တစ်ချက်ဖြင့် ဆန်းတာ့ကျိုး အရိုးကျိုးသွားနိုင်တာ သေချာသည်။

ဟဲကျစ်ယန်နှင့် ဤမျှ နီးကပ်နေသောကြောင့် ဆန်းတာ့ကျိုး၏ နှလုံးသားလေးမှာ အဆက်မပြတ် ခုန်ပေါက်နေခဲ့သည်။

သူ၏ အတွေးများကို ဖုံးကွယ်ထားရန် တစ်ချိန်လုံး ခေါင်းကိုသာ ငုံ့ထားခဲ့၏။

ဟဲကျစ်ယန်ကတော့ ဆန်းတာ့ကျိုး၏ အတွေးများကို သတိမထားမိပေ။ သူ သတိမရှိသည်ကို အခွင့်ကောင်းယူကာ သူမသည် သူ့အရိုးကို အားဖြင့် တစ်ချက်တည်း ဖိလိုက်ပြီး မူလနေရာ ပြန်ရောက်သွားအောင် တည့်ပေးလိုက်သည်။

ရုတ်တရတ် နာကျင်သွားမှုကြောင့် ဆန်းတာ့ကျိုး အော်ညည်းမိလိုက်သညိ။

တစ်ချိန်တည်းပင် သူ့မျက်နှာ အမူအရာသည်လည်း မထင်မှတ်ထားသော နာကျင်မှုကြောင့် ရှုံ့မဲ့သွားကာ အနည်းငယ် ကြောက်စရာကောင်းနေသလိုပင်။

ဆန်းတာ့ကျိုး၏ အမူအရာကို မြင်သောအခါ ဟဲကျစ်ယန်၏ စိတ်ထဲတွင် မော့ကျိုးယွီ အပြင်းအထန် ထိခိုက်တုန်းက ပုံစံကို ချက်ချင်း ပြန်မြင်ယောင်လာမိသည်။

သူ့ဝမ်းဗိုက်သည် ထိုမျှ ကြီးမားစွာ အဖြဲခံထားရသည်ကိုတောင် မျက်နှာတစ်ချက် မပျက်ဘဲ သူမနှင့်အတူ ချောက်ကမ်းပါးအောက်သို့ ခုန်ဆင်းခဲ့သေးသည်။

နှစ်ယောက်သား နေရာလွတ်ထဲသို့ အချိန်မှီ ဝင်ရောက်နိုင်ခြင်းကြောင့်သာ မဟုတ်ပါက မော့ကျိုးယွီသည် မြေပြင်ပေါ်မှာပင် သူမ၏ လုံခြုံရေးစိတ်ချရဖို့မတွက် သူ့အသက်ကိုပင် အဆုံးရှုံးခံပြီး တိုက်ခိုက်ပေလိမ့်မည်။

ထို့အပြင် သူ သတိမလစ်ခင်အချိန်အတွင်း တစ်ချက်လေးတောင် မျက်နှာပျက်သွားခြင်း မရှိခဲ့ပေ။

ထိုအရာကို တွေးကြည့်မိသောအခါ ဟဲကျစ်ယန်သည် ဘာကြောင့်မှန်း မသိသော်လဲ သူမ၏ မျက်နှာ ပူလာသလို ခံစားလိုက်ရသည်။

သူမ၏ ကိုယ်ပိုင်အတွေးထဲ နစ်မြုပ်နေစဉ်တွင် ဆန်းတာ့ကျိုးက စကားပြောလာသည်။

“မော့ကျိုးယွီက မင်းနဲ့ အတူတူ ဘာဖြစ်လို့ ရှိမနေတာလဲ”

ဟဲကျစ်ယန် ချက်ချင်းပဲ ပြန်တည်ငြိမ်သွားရသည်။

“သူက ဒဏ်ရာရနေတာ အရမ်းမလှုပ်ရှားနိုင်ဘူး။ သူ့ကို ခေါ်ထုတ်မလာခင် ထွက်ပေါက်ကို အရင်ရှာဖို့ စီစဉ်ထားတာ”

ထိုအရာကို ကြားသောအခါ ဆန်းတာ့ကျိုးသည် အားစိုက်ထုတ်ကာ ခက်ခက်ခဲခဲ ထရပ်လိုက်၏။

“ကျွန်တော် ထွက်ပေါက်ကိုသိတယ်။ သူ့ကို အတူတူ တွဲခေါ်ပေးမယ်လေ”

မော့ကျိုးယွီက နေရာလွတ်ထဲတွင်သာ ရှိသေးသောကြောင့် ဟဲကျစ်ယန်သည် ဆန်းတာါကျိုးကို သူမနောက် လိုက်လာဖို့ ခွင့်မပြုနိုင်ပေ။

“ရှင်လဲ ဒဏ်ရာရထားတာပဲ။ ရှင့်ဒဏ်ရာကို အရင် သက်သာအောင်နေပါ။ သူ့ကို ကျွန်မဘာသာ သွားခေါ်လိုက်ပါမယ်”

ပြောပြီးနောက် ဟဲကျစ်ယန်သည် ချက်ချင်းပဲ လှည့်ထွက်လိုက်ကာ သစ်ကိုင်း ခပ်ညီညီများရရန် သစ်ပင်ကြီးများကို ရှာလိုက်သည်။ သူမသည် နွယ်ပင်များကို အသုံးပြုကာ ဆန်းတာ့ကျိုး ဒဏ်ရာရထားသော နေရာကို စိတ်ချရအောင် ချည်ပေးလိုကိသည်။

အကုန်ပြီးသွားသောအခါ ဆန်းတာ့ကျိုးကို သူမနောက် လိုက်မလာစေရန် ဟဲကျစ်ယန်သည် သူမလာခဲ့သော လမ်းကြောင်းအတိုင်း အမြန်ပြန်သွားလိုက်၏။

***

All Chapters