← Chapters

တောင်ချိုင့်ကနေထွက်ပြီးရင် လမ်းခွဲပြီး သွားကြရအောင်

Vol. 8 Ch. 106

တောင်ချိုင့်ကနေထွက်ပြီးရင် လမ်းခွဲပြီး သွားကြရအောင်

Vol. 8 Ch. 106

ဟဲကျစ်ယန်၏ ခြေလှမ်းများက အလွန်လျင်မြန်သည်။ ဆန်းတာ့ကျိုး မလိုက်လာနိုင်တော့ဘူးဆိုတာ သေချာမှ သူမသည် အနီးနားမှ ဂူထဲကို ဝင်လိုက်ကာ နေရာလွတ်ထဲ လျှပ်တပြတ် ဝင်လိုက်သည်။

မော့ကျိုးယွီသည် သူမ ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် ပေကျံနေသည်ကို မြင်သောအခါ စိတ်ပူလွန်း၍ သူ့နှလုံးသားမှာ အပြင်သို့ထွက်လာတော့မတတ်ပင်။

“မင်း ထိခိုက်မိသွားတာလား၊ ကိုယ် ကြည့်ပေးမယ်”

ထိုအချိန်တွင် သူသည် ရှက်ရွံ့မှုကို သိပ်ဂရုမစိုက်နိုင်တော့ပေ။ ဟဲကျစ်ယန်ကို ခွဲစိတ်ခန်းဆီသို့ ခေါ်သွားကာ သူမ၏ အဝတ်အစားများကို ချွတ်ပြီး စစ်ဆေးဖို့ ပြင်လိုက်သည်။

ဟဲကျစ်ယန်က သူ့ကိုအားဖြင့် ပြန်တားလိုက်၏။

“ကျွန်မ အဆင်ပြေတယ်၊ ဒါ ကျွန်မသွေးတွေ မဟုတ်ဘူး”

သူမ ရှင်းရှင်းလင်းလင်း မရှင်းပြရသေးခင် မော့ကျိုးယွီက ထပ်မေးလာသည်။ “မင်း လူသတ်သမားတွေနဲ့ ထပ်တွေ့ခဲ့သေးတာလား” ဤသည်မှာ သူ ဟဲကျစ်ယန်အတွက် ဘယ်လောက်စိတ်ပူလွန်နေလဲဆိုသည့် သက်သေပင်ဖြစ်သည်။

မော့ကျိုစယွီ စိတ်မပူစေရန်အတွက် ဟဲကျစ်ယန်သည် အလွန်လျင်မြန်စွာ ပြောလိုက်သည်။ “လူသတ်သမား မဟုတ်ဘူး။ အဲ့ဒါ ဝက်ဝံနက်ကြီးတစ်ကောင်ပဲ။

ပြီးတော့ ဆန်းတာ့ကျိုးလဲ တစ်ယောက်ထဲရောက်လာပြီး ကျွန်မကို ရှာတွေ့သွားပြီ။ သူက အခု ဝက်ဝံနက်ကြီးကြောင့် ဒဏ်ရာရနေတာ။ ကျွန်မ သူ့ကို အရမ်းမဝေးတဲ့နေရာမှာ စောင့်ခိုင်းထားတယ်”

ပထမတွင် မော့ကျိုးယွီသည် ဟဲကျစ်ယနါက ဝက်ဝံနက်တစ်ကောင်နှင့် ရင်ဆိုင်ခဲ့ရသည်ဟု ကြားသောအခါ သူ မနေနိုင်ဘဲ စိုးရိမ်သွားမိသော်လဲ ဟဲကျစ်ယန်၏ စွမ်းရည်များကို သိနေသောကြောင့် အရမ်းကြီး မကြောက်လန့်သွားခဲ့ပေ။

သို့သော် ဆန်းတာ့ကျိုး၏ နာမည်ကိုကြားလိုက်ရသောအခါ သူ့နှလုံးသားလေးမှာ ရှာလကာရည်များဖြင့် ပြည့်နှက်လာရသည်။

သို့သော် မော့ကျိုးယွီသည် ဤအချိန်က ချဉ်နေရမည့်အချိန်မဟုတ်မှန်း သေချာသိပေသည်။

“ဆန်းတာ့ကျိုး သံသယမဖြစ်အောင် အခုပဲ အပြင်ထွက်ကြစို့”

“ရှင့် အဝတ်အစားတွေက စုတ်ပြဲနေတုန်းပဲ။ ကျွန်မရှင့်ကို ဆင်တူတဲ့ တစ်စုံ ဝယ်ပေးမယ်။ ရှင် လဲပြီးရင် ကျွန်မတို့ အပြင်ထွက်ကြမယ်”

ပြောပြီးနောက် ဟဲကျစ်ယန်သည် ဖုန်းထဲရှိ ထောင်းပေါင်ကိုဖွင့်ကာ မော့ကျိုးယွီအား အနက်ရောင်ဝတ်စုံ တစ်စုံ ဝယ်ပေးလိုက်သည်။

အဝတ်အစားများက သစ်လွန်းနေသည်။ ဆန်းတာ့ကျိုး သံသယဝင်ခြင်းကို ကာကွယ်ရန် ဟဲကျစ်ယန်သည် နေရာလွတ်ထဲမှ ဖုန်မှုန့်အနည်းငယ်ကို တမင်တကာထုတ်ကာ အဝတ်အစားကို သုတ်လိုက်သည်။

ထိုသို့ဆိုလျှင် ဘယ်သူပဲဖြစ်ဖြစ် တစ်ခုခု မှားနေကြောင်း သတိထားမိတော့မှာ မဟုတ်ပေ။

အချိန်က အရေးကြီးနေသည်။ သူမတို့နှစ်ယောက်လုံး ကြာနေလို့ မရပေ။ ဟဲကျစ်ယန်သည် သူမ ကိုယ်တိုင် သူ့အား အဝတ်အစား ကူလဲပေးပြီး အတူတူ နေရာလွတ်ထဲမှ ထွက်လိုက်ကြသည်။

မော့ကျိုးယွီ၏ ဒဏ်ရာများကို ဟဲကျစ်ယန် အသိဆုံး ဖြစ်သည်။ ဤအချိန်တွင် သူ လမ်းအကြာကြီး‌ လျှောက်လို့ မရပေ။ သူ့ခြေလှမ်းများကို ခပ်ဖြေးဖြေးသာ လှမ်းနိုင်သည်။ မဟုတ်ပါက သေချာပေါက် ဒဏ်ရာပြန်ပွင့်သွားပေမည်။

ထို့ကြောင့် ဟဲကျစ်ယန်သည် မော့ကျိုးယွီကို ခေါ်ထုတ်ခဲ့ခြင်းမှာ ဆန်းတာ့ကျိုး မြင်စေချင်သောကြောင့်သာ ဖြစ်သည်။

ဟဲကျစ်ယန်သည် မော့ကျိုးယွီကို တွဲရင်း ဆန်းတာ့ကျိုး၏ နေရာဆီသို့ တစ်လှမ်းချင်း ခပ်ဖြေးဖြေး သွားလိုက်သည်။

ထိုအချိန်တွင် ဆန်းတာ့ကျိုးက မတ်တပ်‌ရပ်‌ပြီး ဝက်ဝံနက်ကြီးကိုကြည့်ကာ သူ့စိတ်ထဲ ဒေါသများ ထွက်နေခဲ့သည်။

ဤအကောင်ကြီး ပေါ်လာသောကြောင့်သာ မဟုတ်ပါက သူလဲ ဒဏ်ရာရမည်မဟုတ်ပေ။ နောက်ဆုံးတွင်တော့ သူ့အသက်ကို ကယ်လိုက်သောလူက ဟဲမိန်းကလေးဖြစ်နေဆဲပင် ...။

သူ အတွေးထဲ နစ်မျောနေစဉ် ဟဲကျစ်ယန်သည် မော့ကျိုးယွီကိုတွဲရငိး သူ့အနား ရောက်လာပြီဖြစ်သည်။

“အရာရှိကျိုး၊ ကျွန်မယောက်ျားက ပြင်းပြင်းထန်ထန် ထိခိုက်ထားလို့ အဝေးကြီး လမ်းမလျှောက်နိုင်ဘူး”

ထိုအခါမှသာ ဆန်းတာ့ကျိုးသည် မော့ကျိုးယွီကို ကြည့်လိုက်မိ၏။ သူက အတော်လေး စိတ်ကြည်နေပုံပေါ်သော်လဲ ဖြူဖျော့နေသော မျက်နှာက အရာအားလုံးကို ရှင်းပြပေးနေသလိုပင်။

ထို့အပြင် မော့ကျိုးယွီကို ကြည့်ရသည်မှာ မတ်မတ်ပင် မရပ်နိုင်ပေ။ သူ့ဒဏ်ရာများက တကယ်ပင် ပြင်းထန်ခြင်း ဖြစ်ပေမည်။

“အာ ကျွန်တော် သတိမထားဘဲ ဝက်ဝံဆီက တိုက်ခိုက်ခံလိုက်ရလို့။ မဟုတ်ရင် သူ့ကို ကျွန်တော်သယ်သွားပြီး အရှိန်တင်လို့ရတယ်”

ဤအခြေအနေနှင့် ကြုံတွေ့ရသောအခါ ဆန်းတာ့ကျိုး အလွန်အမင်း အကူအညီမဲ့သလို ခံစားလိုက်ရသည်။

သေးငယ်တဲ့ ဟဲကျစ်ယန်က အရပ်ရှည်ပြီး လူကောင်ကြီးတဲ့ မော့ကျိုးယွီကို ဘယ်လိုလုပ် သယ်နိုင်မှာလဲ။

ထို့အပြင် မော့ကျိုးယွီ၏ ဝမ်းဗိုက်တွင် ဒဏ်ရာရှိနေသေးသည်။ တစ်ယောက်ယောက်က သူ့ကို သယ်မည်ဆိုပါက ဒဏ်ရာကို မထိမိအောင် ဂရုစိုက်ဖို့ လိုအပ်ပေသည်။

ဆန်းတာ့ကျိုးမှာ တစ်ခဏတာ ကြံရာမရဖြစ်သွားသည်။

ထိူအရာကို မြင်သောအခါ ဟဲကျစ်ယန်သည် သူမ အရင်ကတည်းက တွေးထားခဲ့သော အကြံကို ထုတ်ပြောလိုက်သည်။

“အရာရှိကျိုး၊ ကျွန်မယောက်ျားရဲ့ လက်ရှိအခြေအနေကို ကြည့်ပါဦး။ ကျွန်မတို့ ဒီချိုင့်ဝှမ်းက ထွက်နိုင်မယ်ဆိုရင်တောင် သူ ပြည်နှင်ဒဏ်အဖွဲ့နဲ့အတူ ခရီးမှီအောင်လိုက်နိုင်မယ်လို့ မထင်ဘူး”

ဆန်းတာ့ကျိုးလဲ မငြင်းပေ။ “မှန်တယ်။ ကျွန်တော်တို့ရဲ့ ခရီးစဉ်ကလဲ ရက်အတော်ကြာနှောင့်နှေးနေခဲ့တာ။‌ ကျန်တဲ့ခရီးစဉ် တစ်လျှောက်လုံး မြန်မြန်သွားရမယ်လို့ ကျွန်တော်ထင်တယ်”

ဟဲကျစ်ယန်သည် တမင်တကာ အတွေးလွန်နေသည့်ပုံစံမျိုး လုပ်ပြလိုက်သည်။

အချိန်အတော်ကြာပြီးမှ သူမက ပြောလိုက်၏။ “အရာရှိကျိူး၊ ကျွန်မ နည်းလမ်းတစ်ခု စဉ်းစားမိတယ်။ အလုပ်ဖြစ်မလား နားထောင်ကြည့်ပေးပါလား”

ဆန်းတာ့ကျိုး မျက်ခုံးပင့်လိုက်သည်။ “မင်းမှာ အကြံကောင်းရှိလို့လား။ ပြောလေ”

“ကျွန်မယောက်ျားက တောင်ပေါ်လမ်းကို မလျှောက်နိုင်ဘူးဆိုတာ သိသာနေတာပဲ။ ရှင်နဲ့ အကိုဖမ်းသာ ကျွန်မတို့ကိုယုံရင် ကျွန်မယောက်ျားကို တောင်ကိုပတ်ပြီးမှ ခေါ်သွားချင်တယ်”

(တောင်အောက်ဆင်း၊ တောင်ကိုတစ်ကွေ့တစ်ပတ်ကြီးပတ်)

ဆန်းတာ့ကျိုးသည် ထိုအကြံကို ကြားသောအခါ မျက်မှောင်ကြုံ့သွားရသည်။

တွေးကြည့်လျှင်တော့ ဒီနည်းက‌လွဲပြီး တခြားနည်း မရှိပေ။ သို့သော် ဤနည်းလမ်းက မသင့်တော်ဘူးဟု သူထင်မိနေသည်။

“မင်းသိလား။ တောင်ကိုပတ်သွားဖို့ဆိုတာ ၇ ရက် ၈ ရက်လောက်ကြာမှာ။ ပြီးတော့ ကျွန်တော်တို့ အဖွဲ့ကြီးကလဲ ရပ်စောင့်မနေနိုင်ဘူး။ လူတိုင်းရဲ့ အရှိန်ကို ဘယ်လိုမှီအောင် လိုက်မလဲ”

ဤအရာမှာ ဆန်းတာ့ကျိုးအတွက်တော့ မဖြစ်နိုင်သလောက်ပဲဟု ခံစားမိသော်လဲ တခြားပိုကောင်းသော နည်းလမ်းကိုလဲ သူမတွေးမိပေ။

ဟဲကျစ်ယန်က ပြုံးကာ ပြောလိုက်သည်။ “အရာရှိကျိုး စိတ်ချပါ။ ဒီတောင်ချိုင့်က ထွက်ပြီးရင် ကျွန်မ မြို့မှာ လှည်းတစ်လုံးငှားဖို့ စဉ်းစားထာစတယ်။ အဲ့ဒါဆို ကျွန်မနဲ့ ကျွန်မယောက်ျားလဲ ဆက်ရှိနေနိုင်ရုံသာမကဘူး အရှိန်လဲ အများကြီး ပိုမြင့်သွားမယ်”

ဆန်းတာ့ကျိုးသည် ထိုစကားကြောင့် အတွေးထဲနစ်သွားရသည်။

သူ၏ ပြည်နှင်ဒဏ်ပေးအရာရှိ သက်တမ်းတစ်လျှောက်အတွင်း ဤကဲ့သို့သော အခြေအနေမှာ ပထမဆုံး ဖြစ်သည်။

အတိတ်တုန်းကဆိုလျှင် အကျဉ်းသားများကို တစ်ကိုယ်ထဲ ခရီးထွက်ခိုင်းဖို့မပြောနှင့်၊ သူတို့ အလွန်အမင်း ဖျားနာနေလျှင်တောင် အထူးတလည် ကုသပေးတာမျိုး မရှိပေ။ ထိခိုက်နေသူများသည်လဲ တခြားလူများနှင့် အရှိန်အတူတူ လိုက်ရသည်သာ ဖြစ်သည်။

အသက်မရှင်ချင်တော့သော လူများမှလွဲ၍ ဘယ်သူကမှ ထိုကဲ့သို့သော တောင်းဆိုမှုမျိုး မလုပ်ရဲကြပေ။

သို့သော် အခု တောင်းဆိုမှု ပြုနေသောလူမှာ တခြားလူမဟုတ်၊ တွေ့လိုက်တိုင်း သူ့နှလုံးသားကို အခုန်မြန်အောင် လုပ်နိုင်နေသည့် အမျိုးသမီး ဖြစ်သည်။

ယခုအချိန်တွင် ဆန်းတာ့ကျိုးသည် ဟဲကျစ်ယန်၏ ဂရုစိုက်မှုနှင့် စိတ်ပူမှုများ တစ်ပုံတစ်ပင် ရရှိထားသော မော့ကျိုးယွီကို အလွန် မနာလိုဖြစ်မိသည်။

အကိုကြီးဖမ်းက မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့ကို ကောင်းကောင်းဆက်ဆံသည်ဆိုတာ သူသ်သော်လဲ သူတို့နှစ်ယောက်ထဲ ခရီးထွက်ခိုင်းဖို့ကိစ္စမှာ အလွန်ကြီးမားသော ကိစ္စဖြစ်သောကြောင့် သူ ဘယ်လိုတုံ့ပြန်ရမလဲ မသိတော့ပေ။

တစ်ခုခုသာ မှားယွင်းသွားပါက သူ ဆန်းတာ့ကျိုး တစ်ယောက်ထဲ ပြဿနာဖြစ်မည်မဟုတ်ဘဲ ပြည်နှင်ဒဏ်ပေး အရာရှိ တစ်ဖွဲ့လုံး ပြင်းပြင်းထန်ထန် အပြစ်ပေးခံရကာ အလုပ်ကိုပင် ဆုံးရှုံးသွားရနိုင်သည်။

တခြားသူများအတွက် တွေးပေးစရာ မလိုပါက ဆန်းတာ့ကျိုးသည် တုံ့ဆိုင်းမနေဘဲ ချက်ချင်း သဘောတူလိုက်မှာပင်။

တခြားအတွက်မဟုတ်ဘဲ ဟဲကျစ်ယန်ကို ခက်ခဲနေသော အနေအထားမှာ မတွေ့လိုခြင်းသာ ဖြစ်သည်။

ဟဲကျစ်ယန်သည် ဆန်းတာ့ကျိုးက ထိုအရာကြောင့် အခက်တွေ့နေသည်ကို တွေ့လိုက်သည်။ သူ့ကို ကြည့်ပြီးနောက် သူမ၏ မျက်လုံးများသည် ဝက်ဝံနက်ကြီးဆီသို့ ကျရောက်သွားသည်။

ဝက်ဝံနက်တစ်ကောင်လုံးသည် ရတနာသိုက်ကြီး ဖြစ်သည်။ အရိုး၊ အသား၊ လက်သည်း၊ အဆီ၊ သွေး နှင့် ဦးနှောက်ခြင်ဆီအားလုံးကို ဆေးပညာတွင် အသုံးပြုနိုင်သည်။

သူမ၏ ယခင်ဘဝတွင် တော‌ရိုင်းကောင်များကို အမဲလိုက်ခြင်းအား ပြင်းပြင်းထန်ထန် တားမြစ်ထားခဲ့သည်။ ဤအရာအားလုံးသည် လူသားများ ဆု‌မတောင်းရဲလောက်အောင် အဖိုးတန်သော အရာများ ဖြစ်သည်။

ယခု ဤရတနာများက သူမ မျက်စိရှေ့သို့ ရောက်နေပြီဖြစ်သည်။ ဟဲကျစ်ယန်သည် ဤအခွင့်အရေးကို လက်မလွှတ်ပေ။

သူမသည် ဆန်းတာ့ကျိုး၏ မျက်လုံးအောက်တွင် ဝက်ဝံနက်တစ်ကောင်လုံးကို ယူသွားလို့ မရသော်လဲ အနည်းဆုံးတော့ အဖိုးတန် အစိတ်အပိုင်းတချို့ကို သူမ သိမ်းထားနိုင်ပေသည်။

ထို့ကြောင့် သူမသည် ဆန်းတာ့ကျိုး၏ ဓားကြီးကိုငှားကာ ဝက်ဝံ၏ လက်သည်းနှင့် သည်းခြေ စသည်တို့ကို ဖြတ်ထုတ်ယူလိုက်သည်။

ဟဲကျစ်ယန်သည် ၎င်းတို့ကို တွယ်ပင်များဖြင့် တွဲချည်လိုက်၏။

“အရာရှိကျိုး၊ ကျန်တာတွေကတော့ များသောအားဖြင့် အသားတွေပဲ။ ရှင် သယ်နိုင်သလောက် ယူသွားလေ”

ဆန်းတာ့ကျိုးကလဲ အခမ်းအနားဆွင် အပေါက်စောင့် လုပ်မနေပေ။ သူသည် ဝက်ဝံသားကို တစ်ခါမှမစားဖူးသော်လဲ အရသာက အတော်လေး‌ ကောင်းမွန်သည်ဟု ကြားခဲ့ဖူးသည်။

***

All Chapters