ဖင်းရန်ကောင်တီသို့ဝင်ခြင်း
Vol. 8 Ch. 107
ထို့ကြောင့် ဆန်းတာ့ကျိုးသည် ဟဲကျစ်ယန်ထံမှ ဓားကြီးကိုပြန်ယူကာ လတ်ဆတ်သော ဝက်ဝံအသားများကို လှီးဖြတ်ပြီးနောက် သူမဆီမှ သင်ယူပြီး အသားများကို နွယ်ကြိုးဖြင့် ချည်ကာ တောင်ပေါ်သို့ ပြန်သယ်သွားရန် ပြင်လိုက်သည်။
အသားအများကြီး ကျန်နေသေးသည်ကို မြင်သောအခါ ဆန်းတာ့ကျိုး တွန့်ဆုတ်မိနေသည်။ သူသည် အနည်းငယ် ရှက်စရာကောင်းသော တောင်းဆိုချက်ကို လုပ်လိုက်၏။
“ကျွန်တော် မင်းတို့ကိုရှာဖို့ တောင်ပေါ်ကနေ မနက်မလင်းခင်ထဲက ဆင်းလာတာ၊ အခုထိ ဘာမှမစားရသေးဘူး။ ကျွန်တော်တို့ ဒီမှာ ဝက်ဝံသားနည်းနည်းကင်စားပြီး ဗိုက်ပြည့်မှ တောင်ချိုင့်ထဲက ထွက်ကြရင်ရော”
သူ့စကားလုံးများက မမှားပေ။ ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့ကို ရှာဖွေရန် မနေ့ညလည်ခေါင်မှ ဖမ်းဝမ်ဆီက အတည်ပြုချက်ရခဲ့ကာ ထို့တောက် သူ ချက်ချင်း ထွက်လာခဲ့ခြင်း ဖြစ်သည်။ မီးတိုင်ကိုကိုင်ပြီး သူမတို့ ပျောက်ကွယ်သွားခဲ့သည့် လမ်းအတိုင်း တစ်ယောက်ထဲ တောထဲသို့ ဝင်ခဲ့ခြင်း ဖြစ်သည်။
သိပ်မကြာခင်ပင် သူသည် အနက်ရောင်ဝတ်စုံ လူသေများစွာကို တွေ့လိုက်ရသည်။ ချောက်ကမ်းပါးကို သေသေချာချာ ရှာကြည့်ချိန်တွင် သူသေသေချာချာ သတိထားမိလိုက်သည်မှာ ထိုနေရာတွင် လူများစွာ၏ ဖိနပ်ရာများ ရှိနေသည်ကိုပင်။
ချောက်ကမ်းပါးသည် ဤတောင်၏ အဆုံးသတ် ဖြစ်သည်။ နှစ်ယောက်သား ဒီကပြုတ်ကျသွားတာ ဖြစ်ရမည်ဟု သူ ခန့်မှန်းလိုက်သည်။
ထို့နောက် သူ ညတွင်းချင်း တောင်ပေါ်မှဆင်းလာကာ ဤတောင်ချိုင့်ကြီးထဲ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
ဆန်းတာ့ကျိုး မပြောလျှင်ပင် ဤတောင်ချိုင့်ကို ရှာတွေ့ဖို့က အချိန်တော်တော် ကုန်မည်ဖြစ်ကြောင်း သူမ သိထားပေသည်။ အကြာကြီး လမ်းလျှောက်ခဲ့ရသောကြောင့် သူ ဗိုက်ဆာမနေလျှင်သာ ထူးဆန်းနေမည် ဖြစ်သည်။
“ကောင်းပြီ၊ ဝက်ဝံသားကို ဒီမှာကင်ပြီး အပြင်မထွက်ခင် အတူတူ ဗိုက်ဖြည့်ကြတာပေါ့”
ဒဏ်ရာရနေသော ယောက်ျားကြီးနှစ်ယောက်ကို စောင့်ရှောက်ရန်အတွက် ဟဲကျစ်ယန်သည် လက်ဦးမှုယူကာ မီးဖိုလိုက်သည်။
ပုံမှန်အတိုင်းပင် သူမသည် ဝက်ဝံသားများကို သစ်ကိုင်းတွင်ထိုးကာ မီးဖြင့်ကင်လိုက်သည်။
မော့ကျိုးယွီသည် ဟဲကျစ်ယန်၏ နေရာလွတ်ကို လုံးဝနားလည်နေပြီဖြစ်သည်။ သူမ အသားကင်သောအခါ နေရာလွတ်ထဲမှ ဟင်းခတ်အမွှေးအကြိုင်တချို့ကို ထုတ်သုံးကြောင်း သူ သိလိုက်သည်။
ဆန်းတာ့ကျိုး ဘာမှ မရိပ်မိသွားစေရန်အတွက် မော့ကျိုးယွီသည် သူ့ကို ဘေးသို့ဆွဲခေါ်ကာ သူ့မိသားစုအခြေအနေကို မေးမြန်းလိုက်သည်။
ဟဲကျစ်ယန်သည် ဤအခွင့်အရေးကို အရယူကာ နေရာလွတ်ထဲမှ အရသာ မပြင်းသော ဟင်းခတ်အမွှေးအကြိုင်များကို ထုတ်ယူကာ ဝက်ဝံသားပေါ်သို့ ဖြူးလိုက်သည်။
မကြာခင်ပင် ဝက်ဝံသားကင်က အဆင်သင့်ဖြစ်သွားခဲ့ဟည်။ သုံစယောက်သားသည် မီးပုံကို ပတ်ပတ်လည် ထိုင်လိုက်ကြပြီး အတူတူ မထွက်ခွာခင် ဗိုက်ပြည့်အောင် စားလိုက်ကြသည်။
ဆန်းတာ့ကျိုးက ရှေ့မှ လမ်းပြပြီး ဟဲကျစ်ယန်က မော့ကျိုးယွီကိုတွဲကာ နောက်မှ လိုက်လာသည်။
လမ်းလျှောက်သည့် အရှိန်က နှေးသောကြောင့် သုံးယောက်သား တောင်ချိုင့်ထဲမှ ထွက်နိုင်ဖို့ နေ့လည်အထိ အချိန်ယူခဲ့ကြရသည်။
သူမတို့ ရောက်နေသော နေရာကို မရင်းမနှီး မဖြစ်နေပေ။ ဤနေရာမှာ သူမတို့ နွားဦးချိုတောင်ကို စတက်ခဲ့သည့် နေရာအတိအကျပင်ဖြစ်သည်။
ဆန်းတာ့ကျိုးသည် ကောင်းကင်ကိုကြည့်ကာ ဦးတည်ရာတစ်ခုသို့ လက်ညှိုးထိုးပြီး ပြောလိုက်သည်။ “မင်းတို့ ဒီလမ်းအတိုင်းသွားရင် နှစ်နာရီလောက်ဆို ဖင်းရန်ကောင်တီကို ရောက်နိုင်တယ်”
ဟဲကျစ်ယန်သည် ဤနေရာက သူမတို့ လမ်းခွဲရမည့်နေရာဖြစ်ကြောင်း သိလိုက်သည်။ ဆန်းတာ့ကျိုးကို စိတ်အေးရအောင် သူမက ထပ်ပြီး ကတိပေးလိုက်သည်။
“အရာရှိကျိုး၊ စိတ်ချပါ။ ကျွန်မတို့ နောက်မကျစေရဖို့ အာမခံပါတယ်။ ဤကိစ္စတွေကို အကိုဖမ်းကို ရှင်းပြပေးဖို့ ရှင်းကိုပဲ ဒုက္ခပေးရတော့မယ်။ ပြီးတော့ ကျွန်မတို့မိသားစုကိုရောပဲ။ ကျွန်မရော ကျွန်မယောက်ျားရော လုံးဝလုံခြုံပြီး သူတို့နဲ့ ရက်အနည်းငယ်အတွင်း ဆုံပါမယ်ဆိုတာလေး ပြောပေးပါ”
ဆန်းတာ့ကျိုးက ခေါင်းငြိမ့်လိုက်သည်။ “စိတ်မပူပါနဲ့။ ကျွန်တော် မင်းပြောတာကို သေသေချာချာ ပြန်ပြောလိုက်ပါမယ်။ လမ်းမှာ ဂရုစိုက်ပါ”
ဒီလိုနှင့် လမ်းခွဲကာ သွားလိုက်ကြသည်။ သူတို့သည် ဆန်းတာ့ကျိုး၏ ပုံရိပ်က မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ လမ်းလျှောက်ခဲ့ကြပြီးနောက် ဟဲကျစ်ယန်သည် မော့ကျိုးယွီကို လုံခြုံသည့် နေရာတစ်ခုရှာကာ နေရာလွတ်ထဲသို့ ပြန်ဝင်စေလိုက်သည်။
ဆန်းတာ့ကျိုးသာ အနီးနားတွင် မရှိတော့ပါက ဟဲကျစ်ယန်သည် မော့ကျိုးယွီအား ဤမျှ အကွာအဝေးကို လမ်းဆက်လျှောက်ခိုင်းဖို့ လုံးဝ မဖြစ်နိုင်ပေ။
အခု သူ့ဒဏ်ရာက ပြန်ပွင့်သွားလောက်ပြီဟု သူမ ခန့်မှန်းမိသည်။
သူမ ပထမဆုံးလုပ်သည့်အရာမှာ မော့ကျိုးယွီ၏ ဒဏ်ရာများကို စစ်ဆေးပေးခြင်း ဖြစ်သည်။
ဟဲကျစ်ယန်သည် သူမ သယ်လာသော ကြီးမားသည့် ဝက်ဝံလက်များနှင့် သည်းခြေအိတ်ကို နေရာလွတ်ထဲရှိ တစ်နေရာရာတွင် ချထားလိုက်သည်။ နေရာလွတ်ထဲတွင် တာရှည်ခံသည့် လုပ်ဆောင်ချက်မျိုး ရှိသောကြောင့် ဝက်ဝံအသားများ ပုပ်သိုးသွားမည်ကို စိတ်ပူစရာ မလိုပေ။
အခုလေးတင်ပဲ မော့ကျိုးယွီသည် သူ့ဒဏ်ရာမှ အနည်းငယ် မသက်မသာ ခံစားရသောကြောင့် နာနာခံခံဖြင့် ဟဲကျစ်ယန်ကို စစ်ဆေးခွင့်ပြုလိုက်သည်။
စစ်ဆေးကြည့်ပြီးမှ ဟဲကျစ်ယန် သက်ပြင်းချလိုက်နိုင်သည်။
မော့ကျိုးယွီ၏ အခြေအနေမှာ သူမ ထင်ထားသည်ထက် ပိုကောင်းမွန်သည်။ သူ၏ ဝမ်းဗိုက်အောက်ခြေမှ ဆိုးရွားလွန်းသော ဒဏ်ရာမှလွဲလျှင် သူ့ခန္ဓာကိုယ်တစ်ဝိုက်ရှိ အခြားသော ပြတ်ရှဒဏ်ရာများမှာ ပြဿနာ မရှိတော့ပေ။
ကံကောင်းစွာပင် ချုပ်ထားတာက ပြန်ပွင့်သွားသည့် လက္ခဏာမရှိနေပေ။ ကြည့်ရသည်မှာ သူ လှုပ်ရှားမှုများသွားဟောကြောင့် ဒဏ်ရာက ပွတ်တိုက်မှု ဖြစ်ပေါ်လာခြင်း ဖြစ်နိုင်ပေသည်။
ဟဲကျစ်ယန်သည် မော့ကျိုးယွီကို ဆေးထည့်ပေးပြီး သေသေချာချာ ပတ်တီးပြန်စည်းပေးလိုက်ကာ စိတ်အားထက်သန်စွာ ပြောလိုက်သည်။
“ရှင် အခု နေရာလွတ်ထဲမှာ နေခဲ့ဦး။ ကျွန်မ တစ်ယောက်တည်းဆို ပိုပြီး မြန်မြန်သွားလို့ ရပြီ။ အဲ့ဒါဆို ညမမှောင်ခင် ဖင်းရန်ကောင်တီကို ဝင်လို့ရလောက်တယ်”
မော့ကျိုးယွီသည် သူ၏ လက်ရှိအခြေအနေကို သေချာနားလည်ထားသောကြောင့် သူမနှင့်အတူ လိုက်ပါခြင်းက သူမကိုသာ ပိုပြီး ဒုက္ခပေးသလိုဖြစ်နေသောကြောင့် သူလဲ မငြင်းလိုက်တော့ပေ။
“ကောင်းပြီ၊ လမ်းမှာ ဂရုစိုက်ပါ”
“အမ်း” ဟဲကျစ်ယန်က အသံပြုလိုက်ပြီး နေရာလွတ်ထဲမှ ထွက်သွားလိုက်သည်။
ခရီးစဉ်က ချောချောမွေ့မွေ့ပင်။ သူမသည် ဖင်းရနါကောင်တီကို နေမဝင်ခင် ရောက်နိုင်ခဲ့သည်။
တခြားကောင်တီများနှင့် မတူဘဲ ဤမြို့ကို ဝင်ရသည့်အတွက် မြို့ဝင်ကြေး လိုအပ်ပေသည် ...
မြို့တံခါးအနီးတွင် လေးထောင့်ပုံ စားပွဲခုံတစ်လုံးရှိနေပြီး စားပွဲထက်တွင်တော့ အလွန်ထင်ရှားသော သစ်သားသေတ္တာလေး တစ်လုံး ရှိသည်။
မြို့ကိုဝင်သည့် လူတိုင်းက ကြေးဒင်္ဂါးပြားအချို့ကို ထိုသေတ္တာထဲသို့ ထည့်ကြ၏။
ဟဲကျစ်ယန်၏ နားလည်ထားမှုအရ ဤကဲ့သို့သော ဖြစ်ရပ်မှာ အများသူငှာ သာမန်ပြည်သူများကို အမြတ်ထုတ်ရန် အခြေအမြစ်မရှိသော အကြောင်းရင်းများရှာနေသည့် လောဘကြီးသော အရာရှိများကြောင့်သာ ဖြစ်သည်။
မလိုအပ်သော ပြဿနာများကို ရှောင်ရှားရန်အတွက် ဟဲကျစ်ယန်လည်း တခြားလူများလုပ်သလို ကြေးဒင်္ဂါးပြားငါးပြားကို သေတွတာလေးထဲသ့်ု ထည့်လိုက်သည်။
ထို့နောက် မြို့ထဲဝင်ဖို့ ပိုက်ဆံပေူရသော ပြည်သူများမှာ သူတို့ မကျေနပ်သော်လဲ ဘာမှမပြောနိုင်ဟူသည့် အမူအရာမျိုး ဖြစ်နေကြကြောင်း တွေ့လိုက်ရသည်။
မြို့ထဲသို့ဝင်ရန် ငွေပေးရခြင်းကို မကျေမနပ်ဖြစ်နေကြသည်မှာ ထင်ရှားပေသည်။
သူမ တစ်ယောက်ယောက်ကိုရှာကာ ဘာတွေဖြစ်နေလဲ အသေးစိတ်မေးဖို့ ပြင်လိုက်စဉ်တွင် ကျယ်လောင်သော အသံတစ်ခုက ရုတ်တရတ် ထွက်ပေါ်လာခဲ့သည်။
“လမ်းဖယ်ကြ လမ်းဖယ်ကြ။ ငါ့မြင်းက လန့်နေတာ။ မသေချင်ရင် လမ်းဖယ်ထားကြ”
ဟဲကျစ်ယန်လည်း လမ်းဘေးသို့ တိမ်းလိုက်သည်။ အသံလာရာသို့ ကြည့်လိုက်သောအခါ ဟော့ဟော့ရမ်းရမ်း ဝတ်ဆင်ထားသော သခင်လေးတစ်ဦးသည် ဒေါင်ကောင်းသော မြင်းတစ်ကောင်ကို မြို့လမ်းမဆီသို့ မဆင်မခြင် စီးနင်းလာသည်ကို တွေ့လိုက်ရသည်။
လမ်းဘေးဈေးဆိုင်များစွာကို တိုက်ချိုးပြီး နောက်ဆုံး ငြိမ်သက်သွားသောအခါ ထိုမြင်းသည် ဟဲကျစ်ယန်အနားတွင် ရပ်သွားခဲ့သည်။
သခင်လေးသည် ပါးစပ်က အဆက်မပြတ် ကျိန်ဆဲနေကာ ဟဲကျစ်ယန်ဘေးသို့ ဆင်းလိုက်၏။
“ထွက်သွားစမ်း။ ဒီသခင်လေးရဲ့ လမ်းကို လာပိတ်ရဲတာ သေချင်နေလို့လား”
ပြောရင်းနှင့်ပင် ထိုသခင်လေးသည် ခြေထောက်ကိုမြှောက်ကာ ဟဲကျစ်ယန်ကို ကန်ဖို့ လုပ်လိုက်သည်။
သို့သော် သူခြေထောက်ကို မြှောက်လိုက်သည့် အချိန်တွင် သူ့မျက်လုံးများမှာ ဟဲကျစ်ယန်၏ မျက်နှာထက်သို့ ရောက်ရှိသွားသည်ာ
နွမ်းဖတ်နေသော ပိတ်ကြမ်းအဝတ်များဖြင့် ဖုံးကွယ်ထားလျှင်တောင် သူမ၏ အလှအပမှာ မှေးမှန်မသွားပေ။
သခင်ငယ်လေးက ချက်ချင်းပဲ တန့်သွားသည်။ သူ၏ မြှောက်ထားသော ခြေထောက်ကို အကြောင်းပြချက်မသိ ပြန်ချလိုက်မိသည်။
“မင်းက ဘယ်မိသားစုရဲ့ သမီးလဲ။ ဒီသခင်လေးဆီလာပြီး အတူတူ ဘာလို့ မပျော်ရမှာလဲ”
ဤကဲ့သို့သော လူမျိုးနှင့် ရင်ဆိုင်ရသောအခါ ဟဲကျစ်ယန်သည် ရွံရှာမှု လှိုင်းလုံးကြီးကို ခံစားလိုက်ရသည်။
“ဖယ်စမ်း။ နင့်ရဲ့ ချို့တဲ့နေတဲ့ ဂုဏ်သိက္ခာကိုသာ သေသေချာချာ ပြန်ကြည့်”
ထိုသို့ပြောပြီးနောက် ဟဲကျစ်ယန်က ထွက်သွားဖို့ ပြင်လိုက်သည်။
ပြဿနာများကို ရှောင်ဖို့သာ မဟုတ်ပါက ဤကဲ့သို့သော လူများနှင့်တွေ့လျှင် သူမ သေချာပေါက် ရိုက်နှက်ပစ်မှာပင်။
ထိုပေါ်ကြော့ သခင်လေးသည် အလွန်ကောက်ကျစ် ယုတ်မာသောလူ ဖြစ်သည်။ သူက ဟဲကျစ်ယန်ကို ဘယ်လိုလုပ် ဒီလိုလေးနဲ့ ထွက်သွားခွင့်ပြုနိုင်မှာလဲ။
ဟဲကျစ်ယန် ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက် ထိုသခင်လေးဆီမှ လမ်းပိတ်ခံရလိုက်ရသည်။
“အိုး ဒီမိန်းမငယ်လေးက အတော်ဒေါသကြီးတာလဲ။ ငါ ကြိုက်တယ်”
ထိုသို့ပြောရင်း သခင်လေးသည် ဟဲကျစ်ယန်၏ ပုခုံးကိုဖက်ရန် လက်ဆန့်လိုက်သည်။
ဟဲကျစ်ယန်သည် ဤ အရှက်မရှိသောလူကို ဒေါသထွက်နေပြီဖြစ်သည်။ သူမသည် မျက်စိတစ်မှိတ်အတွင်း သူ့လက်ကို ဆွဲယူကာ လှလှပပလေး ကိုင်ပေါက်ပစ်လိုက်တော့သည်။
“အားးးး....”
သခင်ငယ်လေး၏ သနားစရာ အော်ဟစါသံနှင့်အတူ သူ့ခန္ဓာကိုယ်တစ်ခုလုံး မြေကြီးပေါ်သို့ အားရပါးရ ပြုတ်ကျသွားလေသည်။ နာကျင်မှုကြောင့် သူ့မျက်နှာသည် အလွန်အမင်း ရှုံ့တွသွားရ၏။
နာကျင်မှုကို အံကြိတ်ပြီးသည်းခံလိုက်ကာ သူသည် ဟဲကျစ်ယန်ကို လက်ညှိုးထိုးရင်း ကျယ်လောင်စွာ ဆဲဆိုတော့သည်။ “နင် ဈေးပေါတဲ့အပျက်မ။ ဒီသခင်လေးက ဘယ်သူလဲဆိုတာ နင်သိလား။ ငါ စကားတစ်ခွန်း ပြောလိုက်တာနဲ့ နင့်ကို ဒီကမ္ဘာကြီးထဲက ပျောက်ကွယ်သွားအောင် လုပ်လို့ရတယ် ပြီးတော့ နင့်ရဲ့ မိသားစုကိုရောပဲ - နင်တို့ တစ်မိသားစုလုံး တစ်ယောက်တောင် ကျန်ခဲ့မယ်မထင်နဲ့”
***