← Chapters

ညဘက်တွင် ကောင်တီဝန်၏ အိမ်တော်သို့ သွားလည်ခြင်း

Vol. 8 Ch. 109

ညဘက်တွင် ကောင်တီဝန်၏ အိမ်တော်သို့ သွားလည်ခြင်း

Vol. 8 Ch. 109

ဟဲကျစ်ယန်က ပြုံးကာပြောလိုက်သည်။ “အမှန်အတိုင်း ပြောရရင် ကျွန်တော်က ဆွေမျိုးတွေကို သွားတွေ့ဖို့ ဒီမြို့က ဖြတ်သွားရုံလေးပါ။ မနက်ဖြန်ဆို ဒီက ထွက်သွားတော့မှာပါ”

သူမက လျှို့ဝှက်သောအကြည့်ဖြင့် ဘေးပတ်ဝန်းကျင်ကိုကြည့်ကာ တိုးတိုးပြောလိုက်သည်။ “အဘိုး၊ ကျွန်တော် လူတိုင်းပြောနေလို့ ကြားခဲ့ရတာ ကောင်တီဝန်ရဲ့ သား အရိုက်ခံရလို့ဆို ဟုတ်လား”

လူအိုကြီးက သတိရှိသည်။ ဟဲကျစ်ယန်၏ စကားကိုကြားပြီးနောက် သူက ဘေးကို တစ်ချက်ဝေ့ကြည့်ကာ ‌ရှေ့သို့တိုးလာပြီးမှ လျှို့ဝှက်စွာ ပြောလိုက်သည်။

“ညီငယ်လေးက ဒီမြို့ကမဟုတ်တော့ ဒီလူအိုကြီးကပဲ ဖင်းရန်ကောင်တီမှာ ဘာတွေဖြစ်နေလဲဆိုဆဲ့ အခေုအနေကို ပြောပြပေးပါမယ်”

ဟဲကျစ်ယန်သည် အလွန်စိတ်ဝင်စားဟန်ဆောင်ကာ သေချာလေး နားထောင်နေလိုက်သည်။

လူအိုကြီးက ခပ်တိုးတိုး ပြောလိုက်၏။ “ဆန်းကျားပေါင်က ကောင်တီဝန်မိသားစုရဲ့ တစ်ဦးတည်းသောသားပဲ။ ငယ်ငယ်ကတည်းက အလိုလိုက်ခံခဲ့ရတာ၊ သူ့အဖေရဲ့ အာဏာကို သုံးပြီးတော့ ဖင်းရန်ကောင်တီကလူတွေကို အနိုင်ကျင့် ဖိနှိပ်နေတာ။ သာမန်လူတွေကတော့ ဒေါသထွက်ပေမဲ့လဲ မပြောရဲဘူးပေါ့...”

“အဘိုးပြောရမယ်ဆိုရင် ဒီနေ့ သူ့ကိုရိုက်ပြီး တရားမျှတမှုယူပေးသွားတဲ့ အဲ့ဒီ မိန်းကလေးကို တကယ်လေးစားမိတယ်။ သူမက အဘိုးတို့ ဖင်းရန်က လူတွေအစား ရပ်တည်ပေးသွားတာပဲ”

ဟဲကျစ်ယန်က စိတ်ဝင်စားစွာ နားထောင်နေသည်ကို တွေ့သောအခါ လူအိုကြီးက ခဏရပ်ပြီး ဆက်ပြောလိုက်သည်။

“ကောင်တီကို ဝင်တဲ့အခါ တစ်ယောက်ကို ၅ ဝမ် ပေးရတာ မင်းလဲ သတိထားမိမှာပါ။ အဲ့ဒါက ချမ်းသာတဲ့လူတွေအတွက်တော့ ဘာမှမဟုတ်ပါဘူး။ ဒါပေမဲ့ သာမန်လူတွေအတွက်တော့ အဝင်အထွက်လုပ်ဖို့ကို တတ်နိုင်ဖို့ဆိုတာ တကယ်ခက်ခဲပါတယ်။ တစ်ရက်အလုပ်လုပ်ခမှ ၁၅ ဝမ်ပဲရတာ အဲ့ဒါကလဲ မိသားစုကို ထောက်ပံ့နိုင်ရုံလေးပဲ။ လူတစ်ယောက်ကို ၅ ဝမ်နဲ့ ဝင်ကြေးအဖြစ် ယူနေတာက လူတွေရဲ့ အသက်ကို ပါးပါးလှီးနေသလိုပါပဲ”

“အထူးသဖြင့် ဘေးပတ်လည် ရွာလေးတွေကနေ မြို့ကိုတက်လာပြီး အလုပ်လုပ်တဲ့လူတွေပေါ့၊ဝင်ကြေး ၅ဝမ်ကို မပေးနိုင်လို့ ညဘက်ဆို အိမ်မပြန်နိုင်ကြဘူး။ မြို့ရဲ့ လမ်းထောင့်လေးတွေမှာပဲ ညကို ဖြစ်သလိုအိပ်ကြရတယ်”

လူအိုကြီးသည် ကူကယ်ရာမဲ့စွာ ခေါင်းယမ်းပြီး ပြောလိုက်သည်။ “ဒီလောကကြီးက သာမန်လူတွေကို တကယ်ပဲ ကောင်းကောင်းနေခွင့် မပေးဘူးပဲ”

လူအိုကြီးက လက်ဖက်ရည်တစ်ငုံ သောက်ပြီးချိန်တွင် ဟဲကျစ်ယန်က အရေးကြီးဆုံး မေးခွန်းကို မေးလိုက်သည်။

“အဘိုး မြို့ဝင်ကြေးအဖြစ် လူတစ်ယောက်ကို ၅ ဝမ် တောင်းတာက ကောင်တီဝန်ရဲ့ ဆုံးဖြတ်ချက်လား”

လူအိုကြီးက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုကိပြီး ဘေးပတ်လည်ကို တစ်ချက်ကြည့်ကာ တီးတိုးပြောလိုက်သည်။ “ကောင်တီဝန်ကလွဲရင် ဘယ်သူကများ အဲ့လိုဆုံးဖြတ်ချက် လုပ်ရဲမှာတဲ့လဲ”

“အဲ့ဒါဆို ကောက်ထားတဲ့ငွေတွေက ဘယ်ရောက်သွားတာလဲ” ဟဲကျစ်ယန် ဆက်မေးလိုက်သည်။

လူအိုကြီးသည် ခါးသီးစွာ ပြုံးလိုက်၏။ “မင်း ဘယ်လိုထင်လို့လဲ။ အဲ့ဒါတွေ အကုန်လုံး သူတို့ရဲ့ ကိုယ်ပိုင် ဥစ္စာထဲ ရောက်သွားတာပေါ့”

ဟဲကျစ်ယန်သည် ဤအဖြေကို မှန်းဆပြီးသားဖြစ်သော်လဲ ကိုယ်တိုင်ကြားလိုက်ရခြင်းက သူမကို ပိုပြီး ဒေါသထွက်သွားစေသည်။

သူမသဘ် စားပွဲ‌ခုံအောက်တွင် လက်သီးကို ကျစ်နေအောင် ဆုပ်လိုက်ပြီး ဤခေတ်ကာလ၏ မမျှတမှုကြီးကို ပိုပြီးမုန်းတီးလာခဲ့သည်။

သူမ သိချင်သမျှ အရာအားလုံးကို သိရပြီဖြစ်သောကြောင့် ဟဲကျစ်ယနါသည် ဆက်နေဖို့ စိတ်ကူးမရှိတော့ပေ။ သူမသည် မတ်တပ်ရပ်ကာ အဘိုးအိုကို လက်သီးဆုပ်ဂါရဝပြုလိုက်ပြီး လက်ဖက်ရည်ဆိုင်ထဲမှ ထွက်လာခဲ့သည်။

သူမ၏ နေရာလွတ်စွမ်းရည်ကြောင့် တည်းခိုဆောင်ရှာရန် မလိုအပ်ပေ။ ဤအချိန်တွင် ဟဲကျစ်ယန် အလုပ်ချင်ဆုံးအရာမှာ အကျင့်ပျက်သော ကောင်တီဝန်နှင့် ဆိုးသွမ်းမှုများ ပြည့်နှက်နေသော သူ့သားကို အပြစ်ပေးလိုခြင်းသာ ဖြစ်သည်။

ညတာကရှည်လျားပြီး သူမမှာလဲ လုပ်စရာ ထွေထွေထူးထူး ရှိမနေပေ။

ဟဲကျစ်ယန်သည် လျှောက်ပတ်ကြည့်ပြီးနောက် ကောင်တီဝန်၏ အိမ်ယာကို ရှာတွေ့သွားခဲ့သည်။

စောနေသေးသောကြောင့် သူမ နေရာလွတ်ထဲသို့ ပြန်ဝင်ခဲ့လိုက်သည်။

နောက်ဆုံးတော့ ဟဲကျစ်ယန် ပြန်လာသည်ကိုမြင်မှသာ မော့ကျိုးယွီ သက်ပြင်းချလိုက်နိုင်သည်။

သူသည် ဟဲကျစ်ယန်၏ အရည်အချင်းများကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ဖူးပြီးဖြစ်သော်လဲ အပြင်ဘက်တွင် သူမ အန္တရာယ်တွေ့မည်ကို စိတ်ပူနေဆဲ ဖြစ်သည်။

“မင်း ဘာတွေရှာတွေ့ခဲ့လဲ” မော့ကျိုးယွီက စိတ်ပူစွာ မေးလိုက်၏။

ဟဲကျစ်ယန်သည် မော့ကျိုးယွီအား လူအိုကြီး ပြောပြသမျှ အကုန်လုံးကို ပြန်ပြောပြကာ သူမ၏ အကြံကိုပါ ထုတ်ပြောလိုက်သည်။

“ညသန်းခေါင်ကျော်ရင် ကောင်တီဝန်ရဲ့ စံအိမ်ထဲကို ကျွန်မသွားလည်ဖို့ စီစဉ်ထားတယ်”

မော့ကျိုးယွီသည် သူ့ခြေထောက်ဖြင့် စဉ်းစားလျှင်ပင် ဟဲကျစ်ယန် ဘာလုပ်မည်ကို ခန့်မှန်းနိုင်ပေသည်။

သူသည် ခန္ဓာကိုဆန့်လိုက်ပြီး ဖြောင့်မတ်နေအောင်ပြင်လိုက်ကာ သူ့တွင် ဘာအတားအဆီးမှ မရှိသည့်ပုံ လုပ်ပြလိုက်သည်။

“ကိုယ် မင်းနဲ့အတူ လိုက်ခဲ့မယ်”

“မရဘူး၊ ရှင့်မှာ ဒဏ်ရာတွေ ရှိသေးတယ်။ ကျွန်မတစ်ယောက်ထဲ ကိုင်တွယ်နိုင်ပါတယ်” ဟဲကျစ်ယန်က ပြတ်ပြတ်သားသား ငြင်းပယ်လိုက်ကာ မော့ကျိုးယွီကို ငြင်းခုံခွင့်ပင် မပေးခဲ့ပေ။

သာမန် ကောင်တီဝန်လေးရဲ့ အိမ်ယာလောက်ကိုတောင် သူမ မကိုင်တွယ်နိုင်လျှင် အနာဂတ်တွင် ဘာအရှုပ်မှ လုပ်နိုင်တော့မည်မဟုတ်ပေ။

ဤအားနေသော အချိန်လေးကို အသုံးချကာ ဟဲကျစ်ယန်သည် မီးဖိုချောင်ထဲသို့ ကိုယ်တိုင်ဝင်သွားပြီး နှစ်ယောက်စာအတွက် အရသာရှိသော အစားအသောက်များ ချက်လိုက်သည်။

ထိုအထဲမှတစ်ခုမှာ သူမ မျှော်လင့်နေခဲ့သော ဝက်ဝံလက်ပေါင်း ဖြစ်သည်။

ပေါင်းအိုးသည် အရသာနယ်ထားသော ဝက်ဝံလက်ကို အိသွားသည်အထိ ပေါင်းပေးကာ နူးညံ့ပြီး အရသာ ရှိသွားစေသည်။ အိုးထဲက ထွက်လာသည်နှင့် အနံ့က လေထုထဲသို့ ပျံ့နှံ့သွားခဲ့သည်။

ထို့အပြင် သူမသည် တခြားအရံဟင်းများကိုလဲ ချက်လိုက်သေးသည်။

မော့ကျိုးယွီသည် ဟဲကျစ်ယန်၏ ဟင်းချက်လက်ရာကို အဆက်မပြတ် ချီးကျူးနေခဲ့သည်။ အရင်ကနှင့်မတူစွာ အစားအသောက်အပေါ် စိတ်လှုပ်ရှားမှုကို ဖော်ပြလာခဲ့သည်။

“မင်းရဲ့ ဟင်းချက်အရည်အချင်းနဲ့ စားသောက်ဆိုင်သာ ဖွင့်ရင် သေချာပေါက်ကို အောင်မြင်မှာပဲ”

ဟဲကျစ်ယန်သည် သူမ၏ ဟင်းချက်စကေးကို အယုံအကြည် မရှိသော်လဲ နေရာလွတ်ထဲရှိ ဟင်းခတ်အမွှေးအကြိုင်များကိုတော့ အတော်လေး ယုံကြည်ချက် ရှိသည်။

သူမက ဟင်းချက်ရာမှာ ညံ့ဖျင်းလျှင်တောင် ဤကဲ့သို့သော ဟင်းခတ်အမွှေးအကြိုင်များဖြင့် အရသာရှိသော ဟင်းလျာက်ု ချက်ပြုတ်နိုင်ပေသည်။

အထူးသဖြင့် သယံဇာတ ရှားပါးသော ဤရှေးခေတ်အချိန်တွင် လူအများ စားနေကြသော ဟင်းလျာများမှာ ဘာမှ မပါဝင်ပေ။ ဟင်းလျာက ကွဲထွက်နေပြီး ကောင်းမွန်သော အရသာအသစ်ကို ပေးစွမ်းနိုင်သရွေ့ သေချာပေါက် အရသာရှိကျော်ကြားလာမှာပင်။

သို့ဟော် ဟဲကျစ်ယန်၏ စိတ်နေစိတ်ထားအရ စားသောက်ဆိုင်ဖွင့်ဖို့ စိတ်မဝင်စားပေ။ သူမ ဆိုင်ဖွင့်ဖြစ်ခဲ့လျှင်တောင် အနောက်က ငွေသိမ်းသည့်အလုပ်သာ လုပ်ချင်သည်။

လင်မယားနှစ်ယောက်သား စားသောက်ဗိုက်ဖြည့်ပြီးနောက် ခဏတာ စကားထိုင်ပြောကြသည်။ ဟဲကျစ်ယန်သည် မော့ကျိုးယွီကို အနားယူဖို့ လိုသေးသည်ဟု အကြောင်းပြကာ အိပ်ခန်းထဲတွင် အရင်း နားစေလိုက်သည်။

သူမသည် ညဘက်ဝတ်စုံကို ပြောင်းဝတ်ပြီး နေရာလွတ်ထဲမှ လှစ်ခနဲ ထွက်လာခဲ့လိုက်သည်။

သူမ ပေါ်လာသောနေရာသည် ကောင်တီဝန်အိမ်တော်၏ ဘေးတံခါး‌ပေါက်ဖြစ်သည်။ သူမသည် အရင်ကတည်းက ဤနေရာကို သေချာကြည့်ရှုခဲ့ပြီး လူအများကြီး မရှိသော နေရာဖြစ်သောကြောင့် ဝင်ထွက်ဖို့ လွယ်ကူမည်ဟု ခန့်မှန်းခဲ့သည်။

ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရှုပြီးနောက် အန္တရာယ်မရှိကြောင်း သိရသောအခါ ဟဲကျစ်ယန်သည် နေရာလွတ်ထဲမှ ဒရုန်းတစ်ခုကို ထုတ်ယူကာ တစ်ချိန်တည်းပင် သူမလက်ထဲတွင် ထိန်းညှိစက်လေးကို ကိုင်ထားလိုက်သည်။

သူမသည် ထိန်းညှိစက်ကို ဖွင့်ပြီး ဒရုန်းကို လေထဲသို့ တစ်ဖြည်းဖြည်းချင်း တက်သွားစေလိုက်သည်။

ဟဲကျစ်ယန်သည် ဒရုန်းကို ရီမုဖြင့် ထိန်းနေပြီး ကောင်တီဝန်၏ အိမ်ယာဝန်းထဲမှ တည်နေရာများကို မော်နီတာမှတစ်ဆင့် ကြည့်နေသည်။

အကြမ်းဖျင်းကြည့်ပြီးနောက် သူမသည် အမြန်ပြေးကာ ကောင်တီဝန်အိမ်တော်၏ နံရံကို ကျော်တက်လိုက်သည်။

ကြည့်ရသည်မှာ အစောင့်များအားလုံးသည် ဆန်းကျားပေါင်ကို ရိုက်နှက်ခဲ့သည့်လူကို ရှာဖို့ထွက်သွားကြသည့်ပုံပင်။ ယနေ့တွင် ကောင်တီဝန်၏ အိမ်တော်ထဲ၌ အစောင့်နှစ်ယောက်သာ ရှိနေသည်။

ထို အစောင့်နှစ်ယောက်သည်လည်း အလုပ်ကြိုးစားသည့်လူများ ဖြစ်ပုံ မပေါ်ပေ။ ထိုအချိန်သည် သူတို့သည် ထောင့်တစ်နေရာ၌ ငိုက်မြည်းနေကြသည်။

ဒရုန်းဖြင့် ရိုက်ကူး၍ရမိခဲ့သော အချက်အလက်များအရ ဟဲကျစ်ယန် ပထမဆုံးရောက်နေသည့်နေရာမှာ ကြီးသော ခြံဝန်းတစ်ခု ဖြစ်သည်။

ညည့်နက်နေပြီဖြစ်သော်လဲ ခြံဝန်းတစ်ခုလုံး လင်းနေအောင် မီးများထွန်းထား၏။

ဟဲကျစ်ယန်သည် နံရံကိုတွယ်တက်လိုက်ပြီး ပင်မအိမ်တော်ကြီး၏ ခေါင်မိုးပေါ်သို့ ခုန်ချလိုက်သည်။ သူမသည် အုပ်ကြွပ်တစ်ချပ်ကို အသာအယာခွာကာ အိမ်အတွင်းသို့ ကြည့်လိုက်သည်။

အသက်ငါးဆယ်ခန့်ရှိပြီး ခေါင်းကြီးကြီး နားရွက်ကြီးကြီးနှင့် လူကြီးတစ်ယောက်သည် လက်များကို ကျောနောက်တွင် ယှက်ထားကာ ရှေ့လျှောက်လိုက် နောက်လျှောက်လိုက် လုပ်နေသည်။

အခန်းတွင်းတွင် အသက်ရွယ်တူခန့်ဖြစ်သော ခပ်ဝဝ အမျိုးသမီးတစ်ယောက်သည် ကုတင်ဘေးတွင် မတ်တပ်ရပ်ကာ မျက်ရည်များ သုတ်နေခဲ့သည်။

အိပ်ယာပေါ် လှဲနေသူမှာ သံသယဝင်ဖို့ မလိုအောင်ပင် ဆန်းကျားပေါင်သာ ဖြစ်တော့သည်။

ဆန်းကျားပေါင်၏ မျက်နှာသည် ဖက်ထုပ်လို ဖူးယောင်ကားနေကာ အိပ်‌ယာပေါ်တွင် ဟိုလှိမ့်ဒီလှိမ့် လုပ်နေသည်။

“အဖေ ကျွန်တော် ဂရုမစိုက်ဘူး။ အဲ့ဒီမိန်းမကို ရအောင် ဖမ်းပေးရမယ်။ ကျွန်တော် အဲ့ကောင်မကို နာကျင်အောင် လုပ်ပစ်မှာ”

အမျိုးသမီးသည် ဆန်းကျားပေါင်၏ ခန္ဓာကိုယ်ကို ခပ်ဖွဖွ ပုတ်ပေးကာ ပြောလိုက်သည်။ “သားလေး စိတ်ချပါ။ မင်းအဖေက အရာရှိတွေ လွှတ်ပြီးတော့ ရှာဖွေနေပါပြီ။ မင်းကို ထိခိုက်စေခဲ့တဲ့ အဲ့ဒီလူကို အလွတ်မပေးပါဘူး”

ဆန်းလင်းသည်လည်း လမ်းလျှောက်နေသည်ကို ရပ်လိုက်ကာ ပြောလိုက်သည်။ “ဖင်းရန်ကောင်တီမှာ ငါ့သားကို ထိရဲတဲ့ ဘယ်သူမဆို သေတာထက် ဆိုးတဲ့ ဘဝမျိုး ကြုံစေရမယ်”

သူ စကားပြောပြီးနောက် အစေခံဝတ်စုံများ ဝတ်ဆင်ထားသော အမျိုးသမီးအိုကြီး နှစ်ယောက်သည် ပန်းကန်တစ်လုံးစီ သယ်ကာ ဝင်လာကြသည်။

အမျိုးသမီးကြီးသည် ပန်းကန်ကို ကိုယ်တိုင် ယူလိုက်ပြီး ဆန်းကျားပေါင်ကို ဆေးသောက်ဖို့ ချော့မော့လိုက်၏။

ဟဲကျစ်ယန်သည် ထိုအချိန်တွင် ပျင်းလာသောကြောင့် သူမ၏ နေရာလွတ်ထဲမှ မေ့‌ဆေးအမွှေးတိုင်ကိုထုတ်ကာ ထွန်းလိုက်ပြီး ခေါင်မိုးအပေါက်ထဲမှ ထိုးထည့်လိုက်သည်။

သိပ်မကြာခင်တွင် အခန်းထဲရှိ အစေခံအိုကြီးများအပါအဝင် အကုန်လုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြတော့သည်။

***

All Chapters