← Chapters

အသင်္ချေဝါးမျိုသူ့အတွေ့အကြုံ နောက်ဆုံးအပိုင်း

Vol. 110 Ch. 1531

အသင်္ချေဝါးမျိုသူ့အတွေ့အကြုံ နောက်ဆုံးအပိုင်း

Vol. 110 Ch. 1531

"ညစ်ပတ်တဲ့ ပိုးကောင် .. မင်းကများ သတ္တိလာကောင်းနေသေးတယ်"

ဧကရာဇ်က သူ့ဝိညာဉ်မီးလျှံကို လွှတ်ရင်း အော်ကာ ပြောလိုက်သည်။

ဝမ်ဝေ့က လှောင်ပြုံးပြုံးလိုက်ပြီး နောက်ထပ် တိုက်ကွက်တစ်ခုကို လွှတ်လိုက်ရာ မီးလျှံအများစုကို မှုတ်ထုတ်ပစ်လိုက်ပြီး သူ မဖြေရှင်းနိုင်သည့် ကျန်ရှိနေသော အစိတ်အပိုင်းများကိုမူ ပိတ်ဆို့လိုက်သည်။

ဒါ မလုံလောက်သေးဘူး …

ဝမ်ဝေ့က အနီရောင်အလင်းတောက်ပနေသည့် မျက်လုံးများဖြင့် တွေးလိုက်မိသည်။ သေမျိုးလူသား အနည်းငယ် ကျန်နေသေးသလို ပိုအရေးကြီးသည်မှာ ကျင့်ကြံသူ မြောက်မြားစွာ ရှိနေသေးသည်။ ဝမ်ဝေ့က ဝိညာဉ်များကို အမြန်ဆုံး အစာချေလိုက်ပြီး နောက်တစ်ဖန် အမဲလိုက်ဖို့ ထွက်ခွာသွားသည်။

ဧကရာဇ်ကမူ ပို၍ပင် ဒေါသထွက်လာပြီး ဝမ်ဝေ့ကို သတ်ရန် နယ်ပယ်တိုက်ကွက်ကို လွှတ်လိုက်သော်လည်း အချည်းနှီးသာ ဖြစ်နေခဲ့၏။

စိတ်စွမ်းအား တိုက်ကွက် တစ်ချက်တည်းဖြင့် ဝမ်ဝေ့က နယ်ပယ်ကို ဆုတ်ဖြဲပစ်လိုက်ပြီး ဝိညာဉ်များကို ဆက်လက်သတ်ဖြတ်ကာ ဝါးမျိုနေခဲ့သည်။ သူက ဤကမ္ဘာပေါ်ရှိ သက်ရှိအားလုံးကို သတ်ဖြတ်ပြီးနောက် ဧကရာဇ်ကို အာရုံစိုက်လိုက်သည်။

"စက်ဆုပ်ဖို့ကောင်းတဲ့ နတ်ဆိုးကောင်"

ဧကရာဇ်က ဝမ်ဝေ့ကို စက်ဆုပ်ရွံရှာသည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ သူက ဝမ်ဝေ့၏ မျက်လုံးနီနီများကို စက်ဆုပ်သလို ပိုအရေးကြီးသည်မှာ အော့နှလုံးနာစရာကောင်းသည့် ကံဝဋ်ကြွေး၏ အနံ့ကို မခံမရပ်နိုင် ဖြစ်နေသည်။

"အခု ခင်ဗျား အလှည့်ပဲ"

ဝမ်ဝေ့က ပြောပြီး အလျင်အမြန် ပြေးဝင်သွားသည်။

ဧကရာဇ်က မိနစ်အနည်းငယ်ကြာ ရုန်းကန်ခဲ့ရသော်လည်း နောက်ဆုံးတွင် သူ့ဒဏ်ရာသည် ယခင်က စွမ်းအားကို ဆက်လက်ထိန်းထားနိုင်ခြင်း မရှိတော့ကြောင်း ပြသနေသည်။

သို့သော်လည်း ဧကရာဇ်က စံပြဟူသော ဘွဲ့အမည်နှင့် ထိုက်တန်ကြောင်း သက်သေပြခဲ့သည်။ သူ မသေဆုံးမီ ဝမ်ဝေ့ကို နောက်ဆုံး လှောင်ပြောင်သည့် အကြည့်တစ်ချက် ပေးလိုက်ပြီး သူ့ခန္ဓာကိုယ်ကို ဖောက်ခွဲပစ်လိုက်သည်။

"နောက်တစ်ခါ မင်းနဲ့တွေ့ရင် မင်းကို သေအောင်သတ်မယ် … အောက်တန်းစား အပြစ်သား" ဧကရာဇ်၏ နောက်ဆုံးစကားများသည် မိုးမြေကြားတွင် ပဲ့တင်ထပ်သွားသည်။ ဝမ်ဝေ့၏ ဝိညာဉ်က ပျက်စီးယိုယွင်းမှုများကြားမှ ထွက်ပေါ်လာရာ ဝိညာဉ်၏ တစ်ဝက်ကျော် ပျောက်ကွယ်နေခဲ့သည်။

"ကျစ် … ငါ့ရဲ့ ကြိုးစားအားထုတ်မှုတွေ အားလုံး အလဟဿ ဖြစ်သွားပြီ"

သူ ခံစားခဲ့ရသည့် ပြင်းထန်သော ဒဏ်ရာကို ကြည့်ရင်း ကျိန်ဆဲလိုက်သည်။ သူ့ကြိုးစားမှုများ အားလုံး အချည်းနှီးဖြစ်သွားသည်ကို သည်းမခံနိုင်ပေ။ ထို့အပြင် သူ့ဒဏ်ရာဖြင့် ကမ္ဘာဦးဟွင်သွမ်းထဲ ခရီးသွားခြင်းသည် အန္တရာယ်ရှိနေသည်။ သူက ဖြေရှင်းနည်းတစ်ခုကို စဉ်းစားရန် ခဏတာ အချိန်ယူလိုက်သည်။

သူက ဝိညာဉ်များစွာကို မြိုချခဲ့ပြီး သတင်းအချက်အလက်များစွာကို လေ့လာခဲ့ရသည့်အတွက် သူ့အတွက် များစွာ အကျိုးရှိခဲ့သည်။

ငါ့ကို ကမ္ဘာ့အရင်းအမြစ် လိုအပ်တယ် …

သူ တွေးလိုက်သည်။ ယခုအချိန်တွင် သူ ရှာဖွေတွေ့ရှိခဲ့သော အပြာရောင်ရေကန်သည် ဘာလဲဆိုတာ သိလာခဲ့ပြီး ထိုအရာသည် သူ့ဝိညာဉ်ကို တိုးတက်စေသည့် အပြာရောင်အစက်များနှင့် တူညီကြသော်လည်း ပို၍ သိပ်သည်းမှုအားကောင်းကြောင်း သိခဲ့သည်။

ဝမ်ဝေ့က ပျက်စီးသွားသော ကမ္ဘာကို ကြည့်လိုက်သည်။ ဧကရာဇ်၏ နောက်ဆုံး အသည်းအသန် တိုက်ခိုက်မှုသည် ကမ္ဘာကို ပျက်စီးစေခဲ့ပြီး ဟင်းလင်းပြင်ကွဲအက်မှု မြောက်မြားစွာနှင့် ငလျင်နှင့် ဆူနာမီကဲ့သို့သော ကမ္ဘာပျက်သဘာဝဖြစ်စဥ်များ ကျန်ရစ်ခဲ့သည်။ ဝမ်ဝေ့က ဤကပ်ဘေးများကို ကုစားရန် ကြိုးစားနေသည့် စွမ်းအားတစ်ခုကို အာရုံခံလိုက်သည်။

သူက စွမ်းအား၏ ဇစ်မြစ်နောက်သို့ လိုက်သွားခဲ့သည်။ ယခင်အတွေ့အကြုံ သူ ရရှိခဲ့သည့် အသိပညာအသစ်များနှင့် သူ့ပင်ကိုအသိစိတ်တို့ဖြင့် အောင်မြင်မည်ဟု ယုံကြည်စိတ်ချနေခဲ့သည်။ သို့သော် သူ အဝေးသို့ မသွားမီ ကောင်းကင်အထက်၌ ကြီးမားသော မျက်လုံးကြီးတစ်လုံး ပေါ်လာခဲ့သည်။

ကောင်းကင်တာအိုလား …

ဝမ်ဝေ့က ကျင့်ကြံသူ တစ်ဦး၏ မှတ်ဉာဏ်များကို ပြန်လည်စစ်ဆေးရင်း တွေးလိုက်သည်။

ငါ အပြစ်ပေးခံရတော့မှာလား …

သူက လှောင်ပြုံးပြုံးလိုက်မိသည်။ အကြောင်းမှာ ဤသည်မှာ ပြီးပြည့်စုံသော အခွင့်အရေးဖြစ်သောကြောင့် ဖြစ်၏။ ကောင်းကင်တာအို သည် အချိန်မဖြုန်းဘဲ အနက်ရောင်လျှပ်စီးကြောင်းများ ထုတ်လွှတ်တော့သည်။ ဝမ်ဝေ့က လက်လျှော့မနေဘဲ ထိုမျက်လုံးကို သူ့မိသားစုနှင့် ချစ်ရသူများအား သတ်ခဲ့သူအလား သဘောထားကာ တိုက်ခိုက်ခဲ့သည်။

ထိုသို့သော လုပ်ရပ်သည် ပုံမှန်အားဖြင့် သူ့ကို ချက်ချင်း သေဆုံးစေမည် ဖြစ်သည်။

ကံကောင်းစွာဖြင့် ဤကမ္ဘာသည် ဟွင်သွမ်းကမ္ဘာထဲတွင် အနိမ့်ဆုံးအဆင့်ရှိပြီး မျိုးဆက်တိုင်းတွင် စံပြတစ်ဦးတည်းသာ မွေးဖွားပေးနိုင်သည်။

မြင့်မြတ်မီးလျှံစံပြအရှင်သည် ဤကမ္ဘာ၏ ၁၂၀ ယောက်မြောက် စံပြဖြစ်ပြီး အခြားသူများအားလုံးက သူတို့၏ ကျင့်ကြံရေးကို ဆက်လက်ပြုလုပ်ရန် ပိုမိုအစွမ်းထက်သော ဟွင်သွမ်းကမ္ဘာများကို ရှာဖွေရန် ထွက်ခွာသွားခဲ့ကြသည်မှာ ကြာမြင့်လှပြီဖြစ်၏။ ထို့ကြောင့် ထိုသူ သေဆုံးပြီးနောက် ဤကမ္ဘာသည် ထိခိုက်လွယ်နေခဲ့သည်။

ဝမ်ဝေ့က ကောင်းကင်တာအိုကို ဆုတ်ဖြဲပစ်လိုက်ပြီး သူ့ဇစ်မြစ်နောက်သို့ လိုက်ကာ ကမ္ဘာအမြုတေ တည်ရှိရာကို ရှာဖွေခဲ့သည်။

သူက ကောင်းကင်တာအို၏ ကျန်ရှိနေသေးသော အသိစိတ်ကို အဆုံးသတ်လိုက်ပြီးနောက် ကမ္ဘာ့အရင်းအမြစ်များအားလုံးကို လောဘတကြီး စုပ်ယူလိုက်ရာ သူ့ဒဏ်ရာကို ကုစားနိုင်ခဲ့သည်။

ဤတစ်ကြိမ်တွင် ဝမ်ဝေ့က သတိမလစ်တော့ဘဲ ဤကမ္ဘာကြီး ပြိုကွဲပျက်စီးသွားသည်ကို အေးဆေးစွာ ကြည့်ရှုနေခဲ့သည်။

ကျင့်ကြံရေး လောကက ရက်စက်တယ်။ ငါ့မှာ ခွန်အားမရှိရင် သေမယ်၊ ဒါမှမဟုတ် ပိုဆိုးတာက လွတ်လပ်ခွင့် ဆုံးရှုံးမယ်။ ငါ ဒါကို ခွင့်မပြုနိုင်ဘူး။ ငါ ပိုပြီး ခွန်အားလိုတယ် …

သူ့မျက်လုံးထဲရှိ အနီရောင်သည် ပိုမို ပြင်းထန်လာခဲ့ပြီး ကမ္ဘာကြီး လုံးဝ ပြိုကွဲသွားသောအခါ ဝမ်ဝေ့က ထွက်ခွာကာ ကမ္ဘာသစ်တစ်ခုကို ရှာဖွေခဲ့သည်။

သူ ရှာဖွေနေသည့်အရာကို မကြာမီ တွေ့ရှိခဲ့သော်လည်း မြင့်မြတ်မီးလျှံစံပြအရှင်ထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက် တစ်ခုထက်မက ခံစားမိသောအခါ သူ ထွက်ပြေးခဲ့သည်။ အမှန်မှာ ထိုအငွေ့အသက်များသည် သူ့ကို သတိထားမိပြီး ခဏတာ လိုက်လံခဲ့ကြသေးသည်။

ထို့နောက်မှစ၍ ဝမ်ဝေ့က သူ့ရှာဖွေမှုများကို ဗျူဟာကျကျ လုပ်ဆောင်ခဲ့ရာ အားနည်းသော ဟွင်သွမ်းကမ္ဘာများကိုသာ ပစ်မှတ်ထားခဲ့သည်။ သူက သူ့ပစ်မှတ်ကို တွေ့ရှိသည်နှင့် ကမ္ဘာပေါ်ရှိ သက်ရှိအားလုံးကို ဖျက်ဆီးပြီးနောက် သူတို့၏ မူလဇစ်မြစ်ကို စုပ်ယူလေ့ရှိသည်။

အချိန်ကြာလာသည်နှင့်အမျှ ဝမ်ဝေ့ပေါ်ရှိ အနုတ်လက္ခဏာ ကံဝဋ်ကြွေးများသည် သူ့စိတ်ကို ထိခိုက်စေသည့် အမှတ်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။ သူ မသိလိုက်ဘဲ သတိလစ်သွားပြီး သူ့လောဘနှင့် ပင်ကိုအသိစိတ်ပေါ်တွင်သာ မှီခိုကာ မိမိကိုယ်ကို ဘေးကင်းအောင် ထိန်းထားခဲ့သည်။ သူက သူ့ထက် အားနည်းသည့် မည်သည့်အရာကိုမဆို သတ်ဖြတ်ပြီး သူ့ဖျက်ဆီးခြင်းလမ်းကြောင်းကို ဆက်လက်လုပ်ဆောင်ခဲ့ရာ အသင်္ချေဝါးမျိုသူဟူသော ဘွဲ့ကို ရရှိခဲ့သည်။

အချိန်တစ်ခုတွင် ဝမ်ဝေ့က သူ့သတိကို ယာယီနိုးထစေသော အော်သံတစ်ခုကို ကြားလိုက်ရသည်။ သူ့ပတ်ဝန်းကျင်တွင် မရေမတွက်နိုင်သော မကျေနပ်ချက်များ၊ အငြိုးတရားများ ဝိုင်းရံနေသည်ကို တွေ့ရှိသောအခါ သူ တုန်လှုပ်သွားလေသည်။ သူ သတ်ခဲ့သည့် လူအားလုံးသည် သူ့စိတ်နှင့် ဝိညာဉ်ကို ဖယ်ရှားရန် ကြိုးစားရင်း အငြိုးတရားများအသွင် ဖော်ဆောင်နေကြသည်။ ဝမ်ဝေ့က ထိုကဲ့သို့သော ကံကြမ္မာကို လက်မခံနိုင်သဖြင့် ထိုအရာများကို အသည်းအသန် တိုက်ခိုက်ခဲ့သည်။

သူက ဤမကျေနပ်ချက်များကို တစ်ခုပြီးတစ်ခု ဖယ်ရှားရန် သူ့ဝိညာဉ်တိုက်ကွက်နှင့် စိတ်စွမ်းအားကို ထပ်ခါတလဲလဲ အသုံးပြုခဲ့သည်။ သူက ထိုအရာတစ်ခုချင်းစီကို သတ်ဖြတ်ရန် ယွမ်ခေတ်ကာလ မည်မျှကြာအောင် အချိန်ကုန်ခဲ့သည်ကို မသိပေ။ သို့သော် သူ သိသည်မှာ ဤမကျေနပ်ချက်များကို တိုက်ခိုက်နေရုံဖြင့် အချိန်များစွာ ကုန်ခဲ့သည်ဟူ၍ ဖြစ်သည်။

ဒီအချက်က ငါ့ရဲ့ စိတ်စွမ်းအား ဘာလို့ ၉၀% ကျော်အထိ ရောက်သွားလဲဆိုတာ ရှင်းပြနေတာပဲ …

ဝမ်ဝေ့က မှတ်ဉာဏ်ကို ခေတ္တရပ်လိုက်ရင်း တွေးလိုက်သည်။ သူက သတိလစ်သွားပြီးနောက် သုံးဖက်မြင် ရှုထောင့်မှ အရာများကို မြင်တွေ့ရန် မှတ်ဉာဏ်ကို ပြန်ရစ်ခဲ့ရသည်။ သူက မတော်တဆ လျှို့ဝှက်ချက်အချို့ကို သိခဲ့ရခြင်း ရှိ၊ မရှိ သိလိုခဲ့ပြီး အချို့နည်းလမ်းများဖြင့် သိခဲ့ရသည်။ သူ သတ်ခဲ့သည့် လူအားလုံး၏ မှတ်ဉာဏ်များသည် အဖိုးတန်သော်လည်း သူ့ယခင်ကိုယ်သည် ထိုအရာများကို စစ်မှန်စွာ အစာမချေခဲ့ပေ။ သူက ဤအခွင့်အရေးကို ယူကာ ထိုမှတ်ဉာဏ်များကို နောက်မှ ဖတ်ရှုရန် သလင်းကျောက်များ အဖြစ် စုစည်းခဲ့သည်။

ဝမ်ဝေ့က မှတ်ဉာဏ်ကို ဆက်လက်ကြည့်ရှုခဲ့သည်။ အသင်္ချေဝါးမျိုသူ ပြန်လည်နိုးထလာသောအခါ သူ လုပ်ခဲ့သည့် အရာ၏ ကြောက်မက်ဖွယ်ရာများသည် သူ့အပေါ် သက်ရောက်လာခဲ့သည်။ ကံကောင်းထောက်မစွာ ဝမ်ဝေ့၏ စိတ်စွမ်းအားသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ သူ့ဆုံးဖြတ်ချက်ကို တတ်နိုင်သမျှ အမြန်ဆုံး လက်ခံနိုင်စေခဲ့သည်။

"ဒါပေမဲ့ အခု ဘာလုပ်မလဲ"

သူ စုဆောင်းမိခဲ့သော အနုတ်လက္ခဏာ ကံဝဋ်ကြွေး မည်မျှရှိကြောင်းကို ယခု မြင်နိုင်ပြီ ဖြစ်သည်။ ကျင့်ကြံသူ အများစုသည် သူ့ကို မြင်ပြီးနောက် ရှောင်ရှားကြလိမ့်မည် သို့မဟုတ် လိုက်လံဖမ်းဆီးကြမည်ဖြစ်ရာ ဘဝသစ်ဝင်စားခြင်းသည် မဖြစ်နိုင်တော့ပေ။ သူ့အတွက် မည်သည့်ကံကြမ္မာက စောင့်ကြိုနေမလဲ သိနေခဲ့သည်။ သူက ကံကြွေးကို ဆပ်ရန် ငရဲသို့ ပို့ခံရပြီး ညှဉ်းပန်းနှိပ်စက်ခံရလိမ့်မည် သို့မဟုတ် ကံကောင်းထောက်မ၍ ဘဝသစ်ဝင်စားခွင့်ရလျှင်ပင် မိစ္ဆာမျိုးနွယ် သို့မဟုတ် အသူရာသာ ဖြစ်နိုင်ပေသည်။

ဒီ ကောင်းကင်ဘုံနတ်ဆိုးအဖွဲ့ချုပ်ကို ငါ ဝင်လိုက်ရမလား …

ဝမ်ဝေ့က တွေးလိုက်သည်။ သူ ယခင်အခြေအနေတွင် ရှိနေစဉ် တစ်စုံတစ်ယောက်က သူ့ထံ ချဉ်းကပ်လာပြီး ဒဏ္ဍာရီလာ အစစ်အမှန်မိစ္ဆာဂိုဏ်း၏ လက်အောက်ခံဖြစ်သည်ဟု ဆိုသော ကောင်းကင်ဘုံနတ်ဆိုးအဖွဲ့ချုပ်သို့ ဝင်ရောက်ရန် ကမ်းလှမ်းခဲ့သည်။ ဝမ်ဝေ့က ထိုလူကို မတိုက်ခိုက်ရဲဘဲ ထွက်ပြေးခဲ့သော်လည်း ထိုသူကလည်း သူ့နောက် လိုက်မလာခဲ့ဘဲ ထွက်ပြေးခွင့်ပေးခဲ့သည်။

မိစ္ဆာကျင့်ကြံသူ ဖြစ်ရတာ စံပြလမ်းကြောင်းကောင်းတော့ မဟုတ်ဘူး၊ ဒါပေမဲ့ စမှတ်တစ်ခုပဲ …

ဝမ်ဝေ့ တွေးလိုက်သည်။

"သဘောတူညီမှုတစ်ခုဆိုရင် ဘယ်လိုလဲ" နှစ်သိမ့်ဖွယ် အသံတစ်ခုက ရုတ်တရက် ပြောလိုက်သည်။ ထိုအသံသည် အမျိုးသားတစ်ဦးဖြစ်ကြောင်း ဝမ်ဝေ့ ပြောနိုင်ခဲ့သော်လည်း ထိုမျှသာ သူ ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သည်။

"ဘယ်သူလဲ" ဝမ်ဝေ့က ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ မရှိပေ။

"ကြည့်စရာမလိုပါဘူး။ မင်း ငါ့ကို ရှာလို့ မတွေ့နိုင်ဘူး။ ဘယ်လိုလဲ … ငါနဲ့ သဘောတူညီမှု ယူဖို့ စိတ်ဝင်စားလား"

"ဘယ်လို သဘောတူညီမှုမျိုးလဲ"

"မင်းရဲ့ အခြေအနေကို မင်း နားလည်သင့်တယ်။ ဘဝသစ်ဝင်စားရာမှာ ပြဿနာမရှိဘဲ မင်းရဲ့ ပြဿနာကို ငါ ဖြေရှင်းပေးမယ်။ ကံကောင်းခြင်းတွေပါ မင်းကို ပေးသနားပေးမယ်"

"ဒါပေမဲ့ …" ဝမ်ဝေ့က မေးလိုက်သည်။

"လောကမှာ အလကားရတဲ့ နေ့လယ်စာဆိုတာ မရှိဘူး"

"မှန်တယ်"

ထိုအသံက သဘောတူလိုက်သည်။

"မင်း တစ်နေ့ကျရင် ငါ့အဆင့်ကို ရောက်လာနိုင်မယ်ဆိုရင် ငါ့အတွက် တစ်ခုခု လုပ်ပေးဖို့ လိုအပ်တယ်"

"ခင်ဗျားရဲ့ အဆင့် … ပြီးတော့ ခင်ဗျားကို ဘာလုပ်ပေးဖို့ လိုအပ်တာလဲ"

"သိပ်စိတ်မပူပါနဲ့။ မင်းရဲ့ တာဝန်က ဘာလဲဆိုတော့ မင်း အရာတစ်ခုကို အခက်အခဲအားလုံးကို ကျော်လွှားပြီး ကာကွယ်ပေးဖို့ လိုတယ်"

"အခက်အခဲအားလုံးကို ကျော်လွှားပြီး ကျုပ်အသက်ကိုပါ ပေးရမှာလား" ဝမ်ဝေ့က မေးလိုက်သည်။

"ကောင်းပြီလေ။ အခက်အခဲအားလုံးကို ကျော်လွှားပြီးဆိုတာ နည်းနည်းတော့ လွန်တာပေါ့။ ဘာပဲဖြစ်ဖြစ် မင်းရဲ့ အစွမ်းအစ အကောင်းဆုံးနဲ့ ကာကွယ်ပေးဖို့ပဲ လိုအပ်တယ်"

"ဒီကတိကဝတ်က မရှင်းမလင်းဖြစ်နေတာကို သိပ်မကြိုက်ပေမဲ့ ခင်ဗျားရဲ့ ကမ်းလှမ်းမှုက ကျုပ်ကို စိတ်ဝင်စားစေတယ်။ ခင်ဗျား ကတိပေးတဲ့အတိုင်း လုပ်နိုင်တယ်ဆိုရင်ပေါ့"

စာလိပ်တစ်ခုက ဝမ်ဝေ့ရှေ့တွင် ပေါ်လာပြီး သူတို့၏ သဘောတူညီချက်ကို အကျဥ်းချုပ် ရှင်းပြထားသည်။ သူက ထိုအရာကို စစ်ဆေးပြီး လက်မှတ်ထိုးရန် တွန့်ဆုတ်နေရင်း မိနစ်အနည်းငယ်ကြာ ပြန်လည်ပြောဆိုနေခဲ့သည်။

ငါ့မှာ ရွေးချယ်စရာ ရှိသေးလား … ဒီလူက ငါ့ကို မသိစေဘဲ ဆက်သွယ်နိုင်တယ်ဆိုရင် သူ ပိုဆိုးတာတွေ လုပ်နိုင်တယ် …

ဝမ်ဝေ့ ခွဲခြမ်းစိတ်ဖြာလိုက်ပြီးနောက် အံ့ကြိတ်ကာ စာချုပ်ကို လက်မှတ်ထိုးလိုက်သည်။

သူ ယခု လိုအပ်နေသည်မှာ ဘဝသစ်နှင့် သင့်တော်သော ကျင့်ကြံရေး လေ့ကျင့်မှုသာ ဖြစ်သည်။ သူ ခွန်အားလုံလောက်မှသာ ဤကဲ့သို့သော အခြေအနေများကို ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်သည်။

စာလိပ်သည် ရွှေရောင်အလင်းအဖြစ် ပြောင်းလဲကာ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

ကံဝဋ်ကြွေးများ အားလုံးသည် သူ့ဝိညာဉ်အနက်ပိုင်းထဲတွင် ဖုံးကွယ်ထားသော အနီရောင်သတ္တုလုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်ကို သူ မြင်လိုက်ရသည်။ ထို့အပြင် သူ့ခေါင်းပေါ်တွင် ခရမ်းရောင် နဂါးတစ်ကောင် ကူးခတ်နေသည်ကိုလည်း မြင်လိုက်ရသည်။

ဒါ ငါ့ရဲ့ ကံကောင်းခြင်းလား …

ဝမ်ဝေ့က တွေးလိုက်သည်။ သို့သော် ထိုလှပသော နဂါးကို အားကျဖို့ အချိန်မရလိုက်ဘဲ သူ့ဘေးတွင် မုခ်ပေါက်တစ်ခု ထွက်ပေါ်လာသည်။

"ငါ မင်းကို ထပ်တွေ့ဖို့ မျှော်လင့်ပါတယ်" နှစ်သိမ့်ဖွယ်အသံက ပြောလိုက်သည်။

ဝမ်ဝေ့က ခေါင်းညိတ်ပြပြီးနောက် ဂိတ်ပေါက်ထဲ ဝင်ရောက်သွားတော့သည်။

All Chapters