← Chapters

လိုအပ်ချက်သုံးခုထဲမှ တစ်ခု

Vol. 110 Ch. 1533

လိုအပ်ချက်သုံးခုထဲမှ တစ်ခု

Vol. 110 Ch. 1533

ဝမ်ဝေ့က အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်ရသည်။ ယခုရှေ့ဆက်ရမည့်လမ်းကြောင်းက ရှင်းလင်းနေပြီဖြစ်သည့်အတွက် သူ့ဆုံးဖြတ်ချက်အပေါ် အခိုင်အမာ အာရုံစိုက်ထားနိုင်ပြီ ဖြစ်၏။ သူက ငယ်ရွယ်သေးဟန်ပေါ်သည့် မိဘများကို နောက်ဆုံးအနေဖြင့် တစ်ချက်ကြည့်လိုက်သည်။ ဝမ်ဝေ့က သူ့ဘဝတလျှောက်ကို ဆက်လက်ကြည့်ရှုလိုက်ရင်း ပြုံးလိုက်မိ၏။ ထို့နောက် သူက အချိန်ဆက်နွယ်မှုဖြစ်ရပ်များကို ရှာဖွေနေမိသည်။

ဝမ်ဝေ့က ထိုဖြစ်စဉ်ကို ရှေ့ကျော်ရစ်ကြည့်ခဲ့သော်လည်း အရာအားလုံးကို သေသေချာချာစောင့်ကြည့်ခဲ့လေသည်။ သူက ကုရွှမ်၏စစ်ဆေးမှု၌ အနာဂတ်မှရောက်လာဟန်ပေါ်သော ခေါင်းဆောင်းပုံရိပ်တစ်ခုနှင့် တိုက်ခိုက်ခဲ့ရသည့်အချိန် မတိုင်ခင်သည်အထိ မထင်မှတ်ထားသည့်အရာမျိုး မဖြစ်ပျက်ခဲ့ပေ။ ထိုဖြစ်ရပ်ကမူ ဝမ်ဝေ့ ပထမဦးဆုံး သေဆုံးခြင်း အစစ်အမှန်ကို ကြုံတွေ့ရခဲ့သည်။ သူ အသက်ရှင်ခဲ့သည်မှာ ဝူဟုန်က သူ့တည်ရှိမှုကို ပြန်လည်တည်ဆောက်ပေးခဲ့၍သာ ဖြစ်၏။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တစ်ခုခုတော့မှားနေတယ် …

ဝမ်ဝေ့က သူ့အမြင်ကို ပြောင်းရင်း တွေးလိုက်သည်။

သူက တသတ်မှတ်တည်းအမြင်မှ အချိန်စက်ဝန်းကို ပြန်လည်ကြည့်ရှုလိုက်သည်။ သူ့မျက်ဝန်း၌ သူ့မွေးဖွားရာမှ အနာဂတ်အထိ သူ့မွေးဖွားရာကို ကိုယ်စားပြုနေသည့် မျဉ်းကြောင်းတစ်ကြောင်းကို တွေ့လိုက်ရသည်။ ဝမ်ဝေ့က ထိုမျဉ်းကြောင်းပေါ်ရှိ ထိုဖြစ်ရပ်အပေါ် တုန့်ပြန်နေသည့် အားနည်းချက်များကို လေ့လာလိုက်သည်။ အရေးကြီးသည်က သူသည် ပြစ်ချက်များကို မြင်လိုက်ရသည်။

ငါ့အလိုလိုသိစိတ်က ဟုန်အာသာ ငါ့ကိုအသက်ပြန်မသွင်းဘူးဆိုရင် ဆိုးဆိုးရွားရွားတစ်စုံတစ်ခု ဖြစ်သွားနိုင်တယ်ဆိုတာကို ပြောနေတယ် …

ဝမ်ဝေ့က တွေးရင်း အခြေအနေကို သုံးသပ်လိုက်လေသည်။ သူက နောက်ထပ်ပြစ်ချက် သို့မဟုတ် အချိန်ဆက်နွယ်မှု ဖြစ်ရပ်ဆီ ခုန်ကာ သွားလိုက်သည်။ သူက တာအိုသက်သေပြပြီး အတိုင်းအတာမဲ့ဧကရာဇ် ဖြစ်လာစဉ်က ထိုနေ့ရက်သည် သူ့ဘဝ၏ အမှတ်အရဆုံးအခိုက်အတန့်တစ်ခု ဖြစ်ခဲ့လေသည်။ ဝမ်ဝေ့က တစ်စုံတစ်ယောက်သာ သူ့ကို‌ အောင်အောင်မြင်မြင် သတ်နိုင်ခဲ့ပါက ဆိုးဆိုးရွားရွားဖြစ်ပျက်သွားနိုင်ကြောင်း ထပ်မံ ခံစားမိလိုက်သည်။

ဝမ်ဝေ့က သူ့အချိန်ဆက်နွယ်မှုများဖြစ်ရပ်များဖြစ်သည့် ကောင်းကင်ဧကရာဇ် ဖြစ်လာခြင်း၊ ပြီးပြည့်စုံသည့် အုတ်မြစ်ကို တည်ထောင်ခြင်း၊ ကောင်းကင်ဘုံအဆင့်သို့ ဝင်‌ရောက်ခြင်း၊ ဒိုင်မေးရှင်းအမြင့်သို့ အောင်မြင်စွာ တက်လှမ်းခြင်း၊ ကောင်းကင်ဘုံတားမြစ်ရေးအဆင့်သို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခြင်း၊ သူ့အတိုင်းအတာမဲ့စမ်းသပ်ချက်များအထိ စောင့်ကြည့်လိုက်သည်။

ငါ ဒါနဲ့ပတ်သက်ပြီးတော့ တစ်ခုခု ဆိုးဆိုးရွားရွား ခံစားမိနေတယ် …

ဝမ်ဝေ့က တွေးရင်းဖြင့် သူ့အချိန်ဆက်နွယ်မှုဖြစ်ရပ်နှင့် ပတ်သက်ပြီး အတွေးတစ်ခု ရလာသော်လည်း အပြည့်အစုံကောက်ချက်မချခင် မေတ္တယျထံ သတင်းအချက်အလက်ကို မေးလိုမိသည်။ သူကအနာဂတ်ကို ကြည့်ရင်း နောက်ထပ်အချိန်ဆက်နွယ်မှုကို ရှာဖွေလိုက်၏။

“ရှေးဦးစံပြတစ်ယောက်ဖြစ်လာတဲ့အခါလား။ ဒါက အဓိပ္ပါယ်တော့ ရှိသားပဲ။” ဝမ်ဝေ့က ပြောလိုက်လေသည်။

ယခု သူက မည်သည့်အရာရောက်လာမည်မှန်း သိထားပြီဖြစ်သည့်အတွက် သူ စံပြဖြစ်လာသည့်အခါ ဘေးအကင်းဆုံးနေရာကို တတ်နိုင်သမျှ ရှာဖွေဖို့ ဆုံးဖြတ်လိုက်သည်။ ဝမ်ဝေ့က သက်ပြင်းချလိုက်၏။ သူ့တွင် လုပ်စရာများစွာ ရှိနေလေ၏။ သူက လက်ရှိသို့ပြန်လာဖို့ရာ အချိန်မြစ်ကြောင်းအတွင်း ထပ်မံဝင်ရောက်လိုက်သည်။

သူက ချက်ချင်းဆိုသလို သီးသန့်ကျင့်ကြံရေးထဲ မဝင်ရောက်ခဲ့သေးဘဲ အသင်္ချေဝါးမျိုသူအနေဖြင့် ဖန်တီးခဲ့သည့် ဝိညာဉ်တိုက်ကွက်ကို အာရုံစိုက်ထားလိုက်သည်။ ထိုနည်းစနစ်က အတော်လေး ရိုးရှင်းလှ၏။ အားကောင်းကာ လျှင်မြန်သည့် တိုက်ကွက်က ခန္ဓာကိုယ်နှင့်ဝိညာဉ်ကို ပျက်သုဉ်းစေသည်။ ဝိညာဉ်စွမ်းအားက ဝိညာဉ်ကိုပျက်သုဉ်းစေပြီး စွမ်းအားကမူ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ခဲ့သည်။

“ဒီနည်းစနစ်က သဘောတရားအရတော့ အကြွင်းမဲ့တိုက်ကွက်တစ်ခုပဲ။” ဝမ်ဝေ့က သုံးသပ်ရင်း‌ ရေရွတ်လိုက်မိသည်။ ထိုနည်းစနစ်က အကြွင်းမဲ့တိုက်ကွက်မှ တိုက်ကွက်နှင့်ယှဉ်နိုင်ဖို့ရာ မိနစ်ပိုင်းခန့်အင်အား စုဆောင်းဖို့ရန် လိုအပ်နေသည့် အချက်ကြောင့်သာ ဖြစ်၏။

ငါ ကြာချိန်ကိုလျော့ချနိုင်တယ်ဆိုရင် ရှေးဦးစံပြဖြစ်လာဖို့ ပထမဦးဆုံးလိုအပ်ချက် ကိုက်ညီသွားလိမ့်မယ် …

ဝမ်ဝေ့က တွေးလိုက်လေသည်။ သူက ထိုအရာကို မည်သို့လုပ်ဆောင်ရမည်မှန်း သိလိုက်ပြီဖြစ်သည့်အတွက် အပြင်ဘက်မှ သူ့ဇနီးလောင်းလေးဆီ အဆောင်တစ်ခု ပို့ဆောင်ကာ ဝိညာဉ်ကွင်းနည်းစနစ်အကြောင်း အဆုံးသတ်ပြီးပြီလားဟု မေးမြန်းလိုက်သည်။

ဝမ်ဝေ့က သတင်းအချက်အလက်အဆောင်တစ်ခုကို လက်ခံလိုက်လေ၏။ သူက ထိုအရာကို သိဖို့ရာ အချိန်မဖြုန်းတီးခဲ့ပေ။ ဝိညာဉ်ကွင်းနည်းစနစ်၏ အတွေးအခေါ်က အသိစိတ်ပင်လယ်အတွင်း ထူးကဲ့သည့် ဝိညာဉ်ကွင်းများကို ဖွဲ့စည်းထားခြင်း ဖြစ်၏။ ဝမ်ဝေ့က ဝိညာဉ်ကွင်းနှစ်ခုကို ဖန်တီးထားခဲ့သည်။ ထိုအရာက အကျိုးထိရောက်မှုနှင့်ပြန်လည်အားဖြည့်နိုင်စွမ်းတို့ ဖြစ်၏။

သူ့ အကျိုးထိရောက်မှု ဝိညာဉ်ကွင်းကမူ အကြွင်းမဲ့တိုက်ကွက်များ တိုက်ခိုက်ရာတွင် ဝန်ထုပ်ဝန်ပိုးများ လျော့ချရာတွင် အသုံးပြုရန်သာဖြစ်ပေသည်။ ပြန်လည်အားဖြည့်ရေး ဝိညာဉ်ကွင်းကမူ သူ့ဝိညာဉ်အား ထိုနည်းစနစ်များကို သုံးပြီးသည့်နောက်တွင် ကုန်ခမ်းသွားသည့် စွမ်းအားများကို ပြန်လည်ဖြည့်တင်းဖို့ရာအတွက် ဖြစ်၏။ ထိုဝိညာဉ်ကွင်းများက အရင်းအမြစ်များ လိုအပ်သော်လည်း သူ့အနေဖြင့် အသုံးပြုဖို့ရာ စောင့်ဆိုင်းနေသည့် ဝိညာဉ်စွမ်းအားအမြောက်အများရှိနေသည်။

“ငါ ဝိညာဉ်ကွင်းကို အကြွင်းမဲ့ဝိညာဉ်တိုက်ကွက်တစ်ခု သိုလှောင်ဖို့ အသုံးပြုနိုင်တယ်။ လိုအပ်လာတဲ့အခါမှာ ချက်ချင်းအသုံးပြုလိုက်ရုံပဲ။” ဝမ်ဝေ့က ရေရွတ်လိုက်၏။ ထိုအတွေးအခေါ်က ကောင်းမွန်သော်လည်း ဝမ်ဝေ့က ငြင်းဆန်လိုက်လေသည်။ ထိုသို့သော ချဉ်းကပ်မှုများက သူသည် အရင်ဦးစွာ ဝိညာဉ်ကွင်းကို ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပေသည်။ ထိုအရာများက တိုက်ပွဲအတွင်း ပြတ်လပ်သွားနိုင်၏။

တိုက်ကွက်က အကြွင်းမဲ့တိုက်ကွက် အနေအထားသို့ ရောက်လုနီးပါး ဖြစ်နေသောကြောင့် သူ့အနေဖြင့် ထိုကဏ္ဍကိုကျော်ဖြတ်ဖို့ အနည်းငယ်သာ လိုအပ်ပေသည်။

သိုလှောင်ရေးဝိညာဉ်ကွင်းအစား အားဖြည့်ရေးဝိညာဉ်ကွင်းကိုသာ ဖန်တီးသည်သာ အကောင်းဆုံးဖြစ်၏။

ငါ့ယခင်ကိုယ်က သူ့ရဲ့ စိတ်စွမ်းအားကို အသုံးပြုမှုကို ယွမ်ခေတ်ကာလများစွာတိုင် တစ်ခုတည်းကိုပဲ လေ့ကျင့်ခဲ့ရတာ။ ဒါပေမဲ့ ဒါက ငါ့ရဲ့ဝိညာဉ်အပေါ် နားလည်နိုင်စွမ်းက ရှုပ်ထွေးနေတယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ငါက ဒီကဏ္ဍကို ကာမိအောင်လုပ်ရုံပဲ။ ဒီနည်းစနစ်က ပြီးပြည့်စုံသွားလိမ့်မယ်။

ဝမ်ဝေ့က အပြောထက် လက်တွေ့လုပ်သူ ဖြစ်၏။ ထို့ကြောင့် သူက စတင်လိုက်လေသည်။ သူ့ဖြေရှင်းနည်းကမူ ထိုနည်းစနစ်ထဲတွင် ဝိညာဉ်တာအိုကို ထည့်သွင်းလိုက်ခြင်းသာ ဖြစ်၏။ သူ့အရန်တာအိုတစ်ခုက ဝိညာဉ်တာအိုဖြစ်ပြီး မဟာဧကရာဇ်အဆင့်သာ ရှိနေသေးသည်။ ဝမ်ဝေ့က ဝိညာဉ်ပေါ်မှ မှတ်ဉာဏ်များကို ဆွဲယူပြီး ဝိညာဉ်မဟာတာအိုအရင်းအမြစ်၏ နားလည်နိုင်စွမ်းအဖြစ် ပြောင်းလဲကာ ထိုဗဟုသုတနှင့် အတွေ့အကြုံများအား ထိုအရာထဲ ထည့်သွင်းလိုက်လေသည်။

ဝမ်ဝေ့က သူ့ဝိညာဉ်တာအို ၁၀၀% အထိရောက်ရှိသွားသည်ကို ကြည့်နေလိုက်၏။ သူက ထိုရလဒ်သည် ကုသိုလ်အပြည့်ရှိနေသည့်ရေကန်တစ်ခုရှိလျှင်ပင် မရရှိနိုင်ကြောင်း သိထားသည်။

ကြည့်ရတာ ငါ အလကား ဒုက္ခခံခဲ့တာတော့ မဟုတ်ဘူးပဲ။

ဝမ်ဝေ့က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ သူက ထိုနည်းစနစ်တစ်ခုတည်းအပေါ် နားလည်ဖို့အတွက် အချိန်အကြာကြီးကုန်ဆုံးခဲ့ရလေသည်။ ယခုသူက ထိုဗဟုသုတနှင့်အတွေ့အကြုံများအား ကျင့်ကြံရေးထဲ ထည့်သွင်းလိုက်ပြီ ဖြစ်၏။

ရာနှုန်းပြည့် ဝိညာဉ်တာအိုဖြင့် ဝမ်ဝေ့က သူ့ပထမဦးဆုံးအကြွင်းမဲ့တိုက်ကွက်ကို ပြီးမြောက်စေခဲ့သည်။ သူက သူ့အသိစိတ်ပင်လယ်ထဲရှိ ဝိညာဉ်ဝန်းကျင်တွင် ရှိနေသည့် ဝိညာဉ်ကွင်းများကို ကြည့်လိုက်သည်။ ထိုအရာထဲတွင် အနီရောင်ဝိညာဉ်ကွင်း ၁၂ခု၊ အပြာရောင်ဝိညာဉ်ကွင်း ၁၂ခုနှင့် အဝါရောင်ဝိညာဉ်ကွင်း တစ်ခု ရှိလေသည်။ သူက တင်ပျဉ်ခွေထိုင်ရာမှ ထလိုက်ပြီး သူ့စွမ်းအားများကို စမ်းသပ်ကြည့်လိုက်သည်။

အနီရောင်ဝိညာဉ်ကွင်းက တုန်ခါသွားပြီးသည့်နောက်တွင် ဝမ်ဝေ့၏ ခန္ဓာကိုယ်မှ ခရမ်းရောင်အလင်း ထုတ်လွင့်လာပြီး အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။ သူ့ဘေးပတ်ဝန်းကျင်တွင် ရှိနေသည့်‌ လေဟာနယ်က ပြိုကွဲသွားလေ၏။ ကံကောင်းစွာဖြင့် အခန်း၏ အစီအရင်က အသက်ဝင်လာခဲ့ပြီး အပျက်အစီးအားလုံးကို ပြန်လည်ကုစားပေးခဲ့သည်။ ဝမ်ဝေ့က မျက်လုံးကိုမှိတ်လိုက်ပြီး အပြာရောင်ဝိညာဉ်ကွင်းများကမူ သူ့ဝိညာဉ်ကို သက်သာစေသည့် အလင်းမျိုး ထုတ်လွင့်လာ၏။

“ငါ အများဆုံးတိုက်ကွက် ၁၂ခုကို အသုံးချနိုင်တယ်။ အဲ့လိုဆိုရင် အားဖြည့်ဖို့အတွက် အဝါရောင်ဝိညာဉ်ကွင်းတွေ လိုနေသေးတယ်။” ဝမ်ဝေ့က တွက်ချက်ကြည့်လိုက်သည်။ သို့သော်လည်း သူက ထိုအရာအားလုံးကို ဖွဲ့စည်းဖို့အတွက် အရင်းအမြစ်အလုံအလောက် မရှိသေးသည့်အတွက် အသက်ပြင်းပြင်းသာ ရှူလိုက်ရသည်။

“ငါက လိုအပ်ချက် သုံးခုထဲက တစ်ခုတော့ ကိုက်ညီသွားပြီ။ အဖွားရဲ့ သံသရာလေ့ကျင့်ရေးအဆောင်နဲ့ဆိုရင် ဒုတိယလိုအပ်ချက်ကိုလည်း မကြာခင် ပြည့်မီလိမ့်မယ်။”

ဝမ်ဝေ့က သူ့မှတ်ဉာဏ်များအား ပြန်လည်ကြည့်ရှုပြီး ထိုသတင်းအချက်အလက်များကို ရှာဖွေလိုက်သည်။ သို့သော်လည်း သူက ထိုပျင်းရိဖွယ်ကောင်းသည့် အလုပ်အား တခြားတစ်ယောက်ဆီ ပေးဖို့ ဆုံးဖြတ်လိုက်လေ၏။ ထို့ကြောင့် သူက ထိုမှတ်ဉာဏ်များအား အနီရောင်မျက်နှာဖုံးဆီ ပို့ဆောင်ကာ သူမအား အသုံးလိုသည့် သတင်းအချက်အလက်များကို ရှာဖွေခိုင်းခဲ့သည်။

ထို့နောက် သူက သံသရာလေ့ကျင့်ရေးအဆောင်ကို အသက်သွင်းလိုက်လေ၏။

ထို့နောက် မုဒ်ပေါက်တစ်ခုက ဝမ်ဝေ့အား ဝါးမျိုသွားကာ မီးခိုးရောင်ဖုံးနေသည့် နေရာတစ်ခုသို့ ဆွဲခေါ်သွားလေသည်။ သူက ဘေးပတ်ဝန်းကျင်ကို လေ့လာကြည့်ပြီးသည့်နောက်တွင် မြူများက အရာအားလုံး လွှမ်းခြုံနေကြောင်း သိလိုက်ရသည်။ ထိုအရာက သူ့နားလည်နိုင်စွမ်းကို မြှင့်တင်ပေးသည့် ထူးကဲသော ယင်ချီဖြစ်ကြောင်း သဘောပေါက်သွားသည်။

ဒါက ငါ တတ်နိုင်သလောက်မြန်မြန်နားလည်ဖို့ လုပ်ထားတာလား။ ဒီလိုမျိုးအဖိုးတန်တဲ့အရင်းအမြစ်တွေကို ရနိုင်တဲ့ ယမမင်းတွေကို အားကျမိသား။

ဝမ်ဝေ့က စောင့်ဆိုင်းလိုက်ပြီးသည့်နောက်တွင် တစ်စုံတစ်ယောက်က ပေါ်ထွက်လာခဲ့သည်။ ထိုအရာက တူညီသည့် ဝိညာဉ်အရှိန်အဝါရှိထားသည့် ကိုယ်ပွားတစ်ယောက် ဖြစ်၏။ ကွဲပြားချက်ကမူ ထိုသူ၏ မျက်ဝန်းထဲမှ အေးစက်မှုနှင့်မျက်ဝန်းထဲမှ သက်ဝင်လှုပ်ရှားမှုပျောက်ဆုံးနေခြင်း ဖြစ်၏။

“စိတ်ဝင်စားစရာပဲ”

ဝမ်ဝေ့က ရေရွတ်လိုက်သည်။ လေ့ကျင့်ရေးကိုယ်ပွားက စကားတစ်ခွန်းမှ မပြောခဲ့ပေ။ ထို့နောက် သူ့မျက်ဝန်းထက် အနက်ရောင်လျှပ်စီးများ လက်သွားကာ ဝမ်ဝေ့ရှေ့မှောက် ရောက်ရှိလာပြီး လက်သီးဖြင့် ထိုးချလိုက်သည်။

ဝမ်ဝေ့က နောက်ကျမကျန်ခဲ့ဘဲ ရှေ့သို့တိုးပြီး မျက်နှာချင်းဆိုင်ရင်ဆိုင်လိုက်သည်။

သူက သူတို့၏စွမ်းအားသည် တူညီလိမ့်မည်ဟု ထင်ထားသော်လည်း သူက မှားယွင်းသွားခဲ့၏။ လေ့ကျင့်ရေးကိုယ်ပွား၏ အစစ်အမှန်ဆန္ဒက သူ့ခုခံမှုကို ချိုးဖောက်ကာ သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာခဲ့ပြီး သူ့ကုစားနိုင်စွမ်းကို နှောင့်ယှက်နေလေသည်။ ဝမ်ဝေ့က ထိုအရာကိုဖယ်ရှားဖို့ ချက်ချင်းကြိုးစားလိုက်၏။ သို့သော်လည်း သူ့အပြုအမူများက လက်သေးသေးလေးဖြင့် အဆောက်အဦးတစ်ခုကို တိုက်နေသည့် ကလေးငယ်သဖွယ် ဖြစ်နေသည်။

လေ့ကျင့်ရေးကိုယ်ပွားက ဆက်လက် တိုက်ခိုက်လာလေသည်။ တိုက်ကွက်တစ်ခုချင်းစီက အစစ်အမှန်ဆန္ဒ၏ အထွတ်အထိပ်အသုံးပြုမှု ပါဝင်နေလေ၏။ ဝမ်ဝေ့က ခုခံရေးအနေအထားသို့ ချက်ချင်း ဝင်ရောက်လိုက်ပြီး အကြွင်းမဲ့တာအိုဆန္ဒကို သုံးသပ်လိုက်သည်။

ဒါက ကံကြမ္မာစွမ်းအားလား …

သူက ထိုအစစ်အမှန်စွမ်းအားထဲ ကံကြမ္မာဓာတ်သဘာဝကို ထည့်ပေါင်းလိုက်ပြီး ဤနေရာတွင် ကံကြမ္မာဖန်သည်ဟူသော အဆင့်အတန်းကို ထည့်သွင်းလိုက်သည်။

ငါ့ခန္ဓာကိုယ်ကနေ ဖယ်ရှားဖို့ ကြိုးစားတာက အသုံးမဝင်ဘူး။ ဘာလို့လဲဆိုတော့ ငါက အစစ်အမှန်ဆန္ဒရဲ့ ကံကြမ္မာနဲ့ တိုက်ခိုက်နေရလို့ပဲ။

တကယ်လို့ ကံကြမ္မာမြစ်ကြောင်းကသာ အစစ်အမှန်ဆန္ဒက တစ်စုံတစ်ယောက်ရဲ့ကိုယ်ထဲမှာ ကျန်ခဲ့ဖို့ ကံကြမ္မာဖန်တယ်လို့ ပြောလာမယ်ဆိုလို့ရှိရင် ဖယ်ရှားဖို့ ဘယ်လောက်တောင်ခက်ခဲလိုက်မလဲ။ ဒါက အကြွင်းမဲ့တာအိုဆန္ဒတိုက်ကွက်ရဲ့ အနှစ်သာရပဲ။

ဝမ်ဝေ့၏ အကြည့်များက တောက်ပလာလေသည်။ သူက တာအိုဆန္ဒအသုံးပြုမှုနှင့် ပတ်သက်ပြီး အတွေးအခေါ်များစွာရှိလေ၏။ ဤသည်ထဲတွင် သူ့တာအိုနှင့် ပေါင်းစည်းခြင်းလည်း အပါအဝင် ဖြစ်၏။ လေ့ကျင့်ရေး ကိုယ်ပွားကို ဖန်တီးထားသည့်အဆောင်က ထိုအတွေးအခေါ်ကို နားလည်ထားသည့် သူ့ပုံစံမှ ဖြစ်ပေါ်လာဟန်ပေါ်သည်။

တကယ့်ကိုပြောင်မြောက်တဲ့နည်းစနစ်တစ်ခုပဲ …

ဝမ်ဝေ့က ချီးကျူးလိုက်ပြီးသည့်နောက်တွင် ဆက်လက်အာရုံစိုက်ကာ လေ့လာလိုက်သည်။ သူ့အတွက်က ကံဆိုးသွားသည်က သူသည် လေးပုံတစ်ပုံမျှသာ ရှိနေသေးသည့်အချိန်တွင် ဝူဟုန်ဆီမှ အဆောင်တစ်ခု ရောက်ရှိလာသည်။ ဤသည်က နှစ်တစ်ထောင်အတွင်း မဟာညီလာခံ ကျင်းပတော့မည်ဟူသော အကြောင်း ဖြစ်၏။

“ကြည့်ရတာ ငါ ဒီလေ့ကျင့်ရေးကို ရပ်လိုက်ရတော့မှာပဲ။” ဝမ်ဝေ့က သက်ပြင်းချလိုက်၏။ သူက နှစ်တစ်ထောင်အတွင်း များစွာသင်ယူနိုင်ခဲ့သော်လည်း တခြားကိစ္စများ လုပ်စရာရှိနေသေး၏။ ထို့ကြောင့် သူက အဆောင်ကို ရုတ်သိမ်းလိုက်ပြီး သီးသန့်ကျင့်ကြံရေးအခန်းသို့ ပြန်လာခဲ့လိုက်သည်။

ပထမဦးစွာ သူက ပုံရိပ်ယောင်တစ်ခုကို ဖန်တီးလိုက်၏။ ထိုပုံရိပ်ယောင်ကို ကာကွယ်ပေးသည့် အစီအရင်ကိုပါ အသက်သွင်းလိုက်သည်။ ဝမ်ဝေ့ မလိုချင်ဆုံးအရာက ဟုန်ကျွန်း သို့မဟုတ် တစ်စုံတစ်ယောက်က ထိုပုံရိပ်ယောင်အား အသုံးပြုကာ သူ့အပေါ် သက်ရောက်မှုရှိလာစေမည်ကို ဖြစ်၏။ သူ့ဘေးကင်းမှုကို အာမခံပေးပြီးသည့်နောက်တွင် ဝမ်ဝေ့က လက်ကို ဝေ့ယမ်းလိုက်ပြီး ကမ္ဘာမြေနှင့် ဆက်နွယ်နေသည့် ကံကြမ္မာကြိုးမျှင်ကို ဆင့်ခေါ်လိုက်သည်။ ပြီးနောက် ထိုကြိုးမျှင်မှတဆင့် ပုံရိပ်ယောင်ကို စေလွှတ်လိုက်လေ၏။

ဒီခရီးစဉ်က ထိုက်တန်ပါစေလို့ပဲ မျှော်လင့်ရမှာပဲ …

သူက တွေးလိုက်လေသည်။

All Chapters