← Chapters

ဖန်ကူနှင့် သမိုင်းမတိုင်မီကမ္ဘာ

Vol. 110 Ch. 1534

ဖန်ကူနှင့် သမိုင်းမတိုင်မီကမ္ဘာ

Vol. 110 Ch. 1534

ဝမ်ဝေ့၏ ပုံရိပ်ယောင်က အပြာရောင်ဥတစ်လုံးနှင့် တူသည့်ကမ္ဘာကို ကြည့်လိုက်သည်။ သူက မဆင်းသက်ခင် အသက်ပြင်းပြင်းရှူလိုက်၏။ ဝမ်ဝေ့အနေနှင့် သူ့ခန္ဓာကိုယ်ကို လာစစ်ဆေးနေသည့် စွမ်းအားတစ်ခုကို ချက်ချင်း ခံစားမိလိုက်သည်။ ထိုစွမ်းအားက သူ့အား ယခင်နေထိုင်သူဖြစ်ကြောင်း သတိပြုမိပြီးနောက်တွင် ဝင်ခွင့်ပြုလိုက်လေသည်။ ထို့ကြောင့် ဝမ်ဝေ့က ကံကြိုးမျှင်မှတဆင့် ကမ္ဘာမြေဆီ ဝင်ရောက်လိုက်လေသည်။

ဝမ်ဝေ့၏ အာရုံကို ဖမ်းစားသွားသည့် ပထမဆုံး မြင်ကွင်းက အံ့အားသင့်စရာကောင်းသလို ထင်မှတ်ထားပြီးသားလဲ ဖြစ်ပေသည်။ ကမ္ဘာ၏ မုဒ်ပေါက်တစ်ခုမှ အာကာသယာဉ်ပေါင်းများစွာ ထွက်ပေါ်လာပြီး ပြင်ပအာကာသထဲ ထွက်ခွာသွားကြလေသည်။ ဝမ်ဝေ့က ကြည့်နေရင်း ရင်းနှီးသလိုလို စိမ်းသလိုလို ခံစား‌နေရသည်။ ဝမ်ဝေ့က ဂြိုဟ်ကို ကြည့်လိုက်မိသည်။

အခု နှစ် ၂၅၀၀တောင် ရှိသွားပြီလား …

ဝမ်ဝေ့က သူ ပျောက်ကွယ်မသွားခင် ကမ္ဘာ၏ သမိုင်းကြောင်းကို မြင်လိုက်ရသည်။ သူ့အား သတ်ပစ်ခဲ့သည့် ကပ်ဘေးက ကမ္ဘာမြေဆီ ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ပေးခဲ့လေသည်။ သို့သော်လည်း ထိုဖြစ်စဉ်က နှေးကွေးလွန်းလှ၏။ ထိုအရာက တစ်စုံတစ်ယောက်သည် အဆင့်လေး သို့မဟုတ် သဘာဝလွန်အဆင့် အထိ ကျင့်ကြံနိုင်ဖို့ရာ နှစ်တစ်ထောင်ကျော်ခန့် ကြာမြင့်ခဲ့သည်။

ယခု ဆင့်ကဲပြက္ခဒိန်၏ ၂၅ ၆၅၄ ခုနှစ်တွင်ရှိနေပြီး ကျင့်ကြံရေးနှင့် နည်းပညာက အရှိန်အဟုန်မြင့်မြင့် တိုးတက်လာလေသည်။

ကမ္ဘာမြေသားများက သူတို့၏သက်ဆိုင်ရာ ထုံးတမ်းနှင့် ကိုက်ညီသည့် ကျင့်ကြံ‌ရေးအမျိုးမျိုးကို တီထွင်ခဲ့ကြသည်။ အနောက်ပိုင်းတွင် မှော်၊ မျိုးရိုးဗီဇ စစ်သည်တော်နှင့် ယုံကြည်ကိုးကွယ်ရေးလမ်းစဉ် ရှိလေသည်။ အရှေ့ပိုင်းတွင်မူ မသေမျိုးကျင့်ကြံရေး၊ သိုင်းပညာ၊ ဆာမူရိုင်းလမ်းစဉ်၊ ယင်ယန်ထိန်းချုပ်သူနှင့် များစွာရှိလေသည်။ တောင်ဘက်ပိုင်းတွင်မူ ဝိညာဉ်လှုံ့ဆော်ရေး၊ ဘိုးဘေးကိုးကွယ်ရေး၊ ထုံထန်စစ်သည်တော်များနှင့် များစွာရှိလေသည်။ အရှေ့တောင်ပိုင်းတွင်မူ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူကျင့်ကြံရေးစနစ်တို့ ရှိလေသည်။

ဒါက ယဉ်ကျေးမှုနဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ အိုးတစ်လုံးနဲ့တူတယ် ..

ဝမ်ဝေ့က မှတ်ချက် ပေးလိုက်လေသည်။ သူက ကမ္ဘာမြေ၏ ကျင့်ကြံရေးစနစ်သည် လှပသည်ဟု ခံစားမိလေသည်။

မဟာတာအိုရဲ့ ထူးထူးဆန်းဆန်း အပြုအမူတွေအတွက်သာ မဟုတ်ဘူးဆိုရင် ပြင်ပကမ္ဘာက ဒီလိုဖြစ်နေမယ်ထင်တယ် …

ဝမ်ဝေ့က လူသားမျိုးနွယ်တိုးတက်မှုကို အပြုံးဖြင့်ကြည့်လိုက်မိသည်။ တာရန်ပြည်ထောင်စု၏ အားအကောင်းဆုံး ကျင့်ကြံသူက အဆင့်ခြောက်မျှသာ ဖြစ်၏။ သူတို့က လက်ရှိ အဆင့်ကိုး ကျင့်ကြံသူရှိသည့် လူမှုအဖွဲ့အစည်းတစ်ခုနှင့် တိုက်ခိုက်နေကြလေသည်။ သို့သော် ဝမ်ဝေ့က တာရန်တွင် သူတို့၏ကံကောင်းမှုနှင့် ကြွယ်ဝမှုကို မြင်တွေ့ခဲ့သည့်အတွက် အများကြီးစိတ်မပူမိပေ။

အခု ငါ ဘာလုပ်ရမလဲ …

ဝမ်ဝေ့က တွေးလိုက်လေသည်။ သူ့မိတ်ဆွေနှင့်မိသားစုက သေဆုံးသွားသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ သူက သူတို့နှင့် တွေ့ဖို့ အတိတ်ကို သွားနိုင်သော်လည်း ဤနေရာရှိ အချိန်စက်ဝန်းနှင့် မရှုပ်ထွေးစေလိုပေ။ သူ ရောက်ရှိလာသည်နှင့် သူ့အပေါ် ရောက်ရှိလာသည့် အကြည့်များစွာကို ခံစားမိလိုက်၏။ သူတို့ထဲမှသုံးဦးက သူ့ကို ကြက်သီးထသွားစေသည်။

“ အရှင်ဟုန်ကျွင်း အခု ကျွန်တော်တို့ စကားပြောရမဲ့အချိန် ရောက်ပြီထင်တယ်”

ဝမ်ဝေ့က ရိုရိုကျိုးကျိုး ဦးညွှတ်လိုက်လေသည်။ ထို့နောက် သူ့ရှေ့တွင် မုခ်ပေါက်တစ်ခု ပေါ်ထွက်လာပြီး ဝမ်ဝေ့က အထဲကို ဝင်ရောက်လိုက်လေသည်။ သူက ဟုန်ကျွင်း၏ ခရမ်းရောင်းနန်းဆောင်အတွင်း ရိုးရှင်းသည့်အခန်းတစ်ခု၌ ရောက်ရှိသွားသည်ကို မြင်တွေ့လိုက်ရလေသည်။

ဟုန်ကျွင်းက ခရမ်းဖျော့ဝတ်ရုံကို ဝတ်ဆင်ထားသည့် အသက်ကြီးကြီး အမျိုးသားတစ်ဦးဖြစ်ကာ သူ့ဘေးဘက်တွင် လိပ်ပြာပုံသဏ္ဍာန်ကျောက်စိမ်းပြားကို ချိတ်ဆွဲထားလေသည်။ ထိုသူက မုတ်ဆိတ်တိုတို၊ ဆံပင်ဖြူရှည်ရှည်နှင့် ကံကြမ္မာမြစ်ကြောင်းကို ပုံရိပ်ဟပ်နေစေသည့် အကြည့်မျိုး ပိုင်ဆိုင်ထားလေသည်။

“ ထိုင်ပါဦး” ဟုန်ကျွင်းက ရှေ့တွင်ရှိနေသည့် ထိုင်ခုံကို လက်ဟန်ပြကာ ပြောလိုက်သည်။

ဝမ်ဝေ့က ကျေးဇူးတင်ပြီးနောက် ထိုင်ချလိုက်၏။

“ ငါ မင်းကို အဖန်ရည်တိုက်မလို့ပဲ။ ဒါပေမဲ့ မင်းက ပုံရိပ်ယောင်တစ်ခုပဲဆိုတော့”

“ တကယ်လို့ အဖန်ရည်က အကျိုးရှိတယ်ဆိုရင်တော့ ကျွန်တော် ယူသွားဖို့ စိတ်ထဲမထားပါဘူး” ဝမ်ဝေ့က ပြောလိုက်၍ ဟုန်ကျွင်းက ရယ်မောလိုက်သည်။

“ နှမြောဖို့ကောင်းတာက ဒီနေရာကနေ ဘာမှအလွယ်တကူ ထွက်မသွားနိုင်ဘူး” ဟုန်ကျွင်းက ညင်ညင်သာသာပြုံးကာ ပြောလိုက်သည်။

“ မင်းဆီမှာ မေးစရာတွေ အများကြီးရှိတဲ့ပုံပဲ … မေးလေ”

“ ပထမဦးဆုံးက ကျွန်တော့်ကို ကာကွယ်စေချင်တာက ဘာလဲဆိုတာကို သိချင်တယ်”

ဝမ်ဝေ့က တဲ့တိုးသာ မေးလိုက်သည်။

“ အဲ့ဒါက ဖြေဖို့အတွက် လွယ်ကူတဲ့ မေးခွန်းတော့ မဟုတ်ဘူး။ ငါ မဖြေခင် မင်းက ဟွင်သွမ်းစကြာဝဠာရဲ့ အကြောင်းကို ဘယ်လောက်သိထားလဲဆိုတာ ပြောဖို့လိုတယ်”

“ ကျွန်တော်က သမိုင်းပညာရှင်လဲ မဟုတ်သလို၊ ကျွမ်းကျင်သူတစ်ယောက်လဲ မဟုတ်ပေမဲ့ အများစု သိတာထက်တော့ ပိုပါတယ်” ဝမ်ဝေ့က ပြန်‌‌ဖြေပြီးသည့်နောက်တွင် သူ သိထားသမျှ အရာများကို ပြန်လည်ပြောပြလိုက်သည်။ ပုံမှန် စံပြတစ်ယောက်ထက် ပိုမိုသိထားကြောင်း ပြသလိုက်လေသည်။ သို့သော် သူက လျှို့ဝှက်ချက်များစွာကို ဖုံးကွယ်ထားခဲ့၏။ ဟုန်ကျွင်းက ထိုလျို့ဝှက်ချက်များကို သိထားသည်လား သို့မဟုတ် ဂရုမစိုက်သည်လား မပြောတတ်ပေ။ မည်သို့ပင်ဆိုစေကာမူ ဝမ်ဝေ့က စွန့်စားမှုကို မယူရဲပေ။

“ မင်းက အများကြီး သိထားတာပဲ ဒီလိုဆိုရင်တော့ စလိုက်ကြရအောင်” ဟုန်ကျွင်းက လက်ကို ဝှေ့ယမ်းကာ ပြောလိုက်လေသည်။ ထို့နောက် ပတ်ဝန်းကျင်က ပြောင်းလဲသွားပြီး သမိုင်းကြောင်းကို ပြသနေသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာလေသည်။

“ မိုးမြေရဲ့ အစပိုင်းမှာ ကမ္ဘာက ဗလာနတ္ထိကနေ တည်ရှိမှုအဆင့်ကို ကူးပြောင်းနေတဲ့ကာလမှာပဲ ရှိနေသေးတယ်။ မဟာတာအိုက ငယ်ရွယ်နေတုန်းပေါ့၊ အဲ့ဆိုတော့ ကမ္ဘာကြီးကို ပြီးပြည့်စုံစေဖို့ ကူညီပေးနိုင်တဲ့ သက်ရှိတွေကို ဖန်တီးခဲ့တယ်”

ဝမ်ဝေ့က အစိမ်းရောင်ဝတ်စုံနှင့် မိန်းမလှတစ်ဦးက အေးစက်စက်အမူအရာဖြင့် ထူးထူးဆန်းဆန်း ပုံသဏ္ဍာန်ရှိသည့် သက်ရှိများကို ဖြည်းဖြည်းချင်း ဖန်တီးနေသည်ကို မြင်တွေ့လိုက်ရသည်။ ဝမ်ဝေ့က ထိုအရာသည် မဟာတာအို ယူထားသည့် အသွင်ဖြစ်ကြောင်း သဘောပေါက်သွားသည့်အခါ ရှုံ့မဲ့သွားလေ၏။

“ မဟာတာအို ဖန်တီးခဲ့တဲ့ ပထမဆုံးသက်ရှိ နှစ်ယောက်က ပြီးပြည့်စုံသူနဲ့ လေ့လာစောင့်ကြည့်သူပဲ” ဟုန်ကျွင်းက ဆက်ပြောလိုက်လေသည်။ မဟာတာအိုက ထိုသက်ရှိနှစ်ယောက်ကို ဖန်တီးဖို့ အချိန်ယူခဲ့ရ၏။ ပြီးပြည့်စုံမှုက ရွှေရောင်စက်လုံးတစ်ခုဖြစ်ပြီး လေ့လာစောင့်ကြည့်သူကမူ မျောလွင့်နေသည့် မျက်လုံးတစ်လုံး ဖြစ်လေသည်။

“ မဟာတာအိုက သက်ရှိတွေရှိနေတဲ့ ကမ္ဘာကို ဆွေး‌နွေးဖန်တီးဖို့အတွက်ကို အချိန်အများကြီး ယူခဲ့ရတယ်။ ပြီးပြည့်စုံသူနဲ့ လေ့လာစောင့်ကြည့်သူကလည်း သူတို့က အဲ့ကဏ္ဍမှာ ပါရမီပါတယ်ဆိုတာကို ပြသခဲ့ကြတယ်လေ။ အထူးသဖြင့် ပြီးပြည့်စုံသူပေါ့ … သူက ပိုမိုပြီးပြည့်စုံတဲ့ ကမ္ဘာတစ်ခုကို ဖန်တီးဖို့ အတွေးအခေါ်တွေ အများကြီးရှိတယ်။ လေ့လာစောင့်ကြည့်သူကတော့ အဲ့ဒီအတွေးအခေါ်တွေ၊ စည်းမျဉ်းတွေနဲ့ သူတို့ရဲ့ဆွေးနွေးမှုက ကျရှုံးမှုတွေ၊ လုပ်ဆောင်မှုတွေကို မှတ်တမ်းတင်ထားခဲ့တယ်”

ဝမ်ဝေ့က မဟာတာအိုကို ကြည့်လိုက်လေသည်။ မဟာတာအိုသည် ထိုသက်ရှိများနှင့် ယှဉ်ထိုင်ကာ ဟောပြောပွဲတစ်ခုအသွင် စတင်လိုက်သည်ကို မြင်လိုက်ရသည်။

“ အဲ့ဒါက အချိန်ခဏယူခဲ့ရတယ်ဆိုပေမဲ့ မဟာတာအိုက ပြီးပြည့်စုံသူရဲ့ အစီအစဉ်က သိပ်မကိုက်ညီဘူးဆိုတာကို သဘောပေါက်သွားခဲ့တယ်၊ ပြီးပြည့်စုံတဲ့ ကမ္ဘာကို ဖန်တီးလိုက်တာက ကြီးထွားဖို့၊ တိုးတက်လာဖို့အတွက် အခွင့်အရေးမရှိ‌‌တော့ဘူးလို့ ဆိုလိုနေတာပဲ။

မဟာတာအိုက အကြောင်းအရင်းကို မသိပေမဲ့ သူက ဆင့်ကဲပြောင်းလဲဖို့ လိုအပ်တယ်ဆိုတာကိုတော့ သိထားတယ်။ နောက်ထပ်ဖြစ်ပျက်လာတဲ့အရာကတော့ ဇာတ်ကြောင်းအများစုကလိုပဲ ပြီးပြည့်စုံသူက မိခင်ရဲ့ငြင်းဆန်မှုကို လက်မခံနိုင်ဘူး။ ဒါကြောင့် ပုန်ကန်ခဲ့တယ်၊ ပြီးပြည့်စုံသူက တစ်ခြားသူကိုပါ သူနှင့်အတူပေါင်းပြီး‌တော့ ပြီးပြည့်စုံအောင်လုပ်ဖို့ ဖျောင်းဖျခဲ့တယ်။ မဟာတာအိုက သူ့အမှားကို သဘောပေါက်ခဲ့တယ်လေ … သူ့ရဲ့ကလေးတွေကို စွမ်းအားအများကြီး ပေးခဲ့မိတယ်ဆိုတာကိုပေါ့”

ဝမ်ဝေ့က မဟာတာအို ဝိုင်းတိုက်ခံရသည်ကို ကြည့်နေမိသည်။ သူက အသက်အောင့်ထားပြီး စကားတစ်ခုချင်းစီကို သေချာနားထောင်လိုက်၏။

“ မဟာတာအို သူ့ကလေးတခြားတစ်ယောက်စီကို ပြေးပြီး အကူအညီ တောင်းခဲ့ပေမဲ့ လေ့လာစောင့်ကြည့်သူက တိုက်ပွဲမှာ ပါဝင်ဖို့ ငြင်းဆန်ခဲ့တယ်။ သူက ကြားနေအဖြစ်နေပြီးတော့ သူ ယုံကြည်တဲ့အရာကိုပဲ ဆက်လုပ်နေခဲ့တာ။ သူ တည်ရှိရတဲ့ရည်ရွယ်ချက်က အရာအားလုံးကို မှတ်သားဖို့ဆိုပြီးတော့ ယုံကြည်နေတာပေါ့။ အဲ့ဒါနဲ့ မဟာတာအိုက ရွေးချယ်စရာမရှိပဲ အကူအညီကို ရှာဖွေခဲ့ရတယ်။ သူက ကလေးအသစ်တွေကို ဖန်တီးပြီး ကမ္ဘာကို ပြီးပြည့်စုံအောင်လုပ်မဲ့ အတွေးခေါ်ကို မှီခိုခဲ့ရတယ် … ပြောရမယ်ဆိုသူမက စစ်သူကြီးတွေကို မွေးထုတ်ပေးခဲ့တာပေါ့”

ဝမ်ဝေ့က လူသားအသွင် ပုံရိပ်ငါးခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်ကို ကြည့်နေလိုက်သည်။

“ ဖန်ဆင်းမှု၊ ဖျက်ဆီးခြင်း၊ အချိန်၊ မရဏနဲ့ သူ့ရဲ့အနှစ်သက်ဆုံး ကံကြမ္မာတို့ကို ကြည့်လိုက်ဦး” ဟုန်ကျွင်းက ဆက်ပြောလိုက်လေသည်။

“သူမက အဲ့ဒီစစ်သူကြီးတွေကို စွမ်းအားအများကြီး ပေးထားပေမဲ့ အသိဉာဏ်ကိုတော့ ပေးမထားခဲ့ဘူး၊ သူတို့က ဒီစစ်ပွဲမှာ အနိုင်ရဖို့အတွက် လုပ်ဆောင်ချက်တစ်ခုအပြင် မပိုဘူး။ သူမရဲ့ အစီအစဉ်က အလုပ်ဖြစ်ခဲ့တယ်လေ”

ဝမ်ဝေ့က ထိုလူသားအသွင်ငါးယောက်သည် မဟာတာအိုကို ဆန့်ကျင်နေသည့် သက်ရှိအားလုံးကို သတ်ပစ်ခဲ့၏။ ထိုသူများထဲတွင် ပြီးပြည့်စုံသူလဲ အပါအဝင် ဖြစ်ပေသည်။

“ မဟာတာအိုက အနိုင်ရရှိသွားပြီးတော့ ပထမဦးဆုံး သူ လုပ်ခဲ့တဲ့အရာက ပထမဆုံးတားမြစ်ချက်ကို ဖန်တီးခဲ့တာပဲ။ အဲ့ဒါက ပြီးပြည့်စုံမှုကို တားမြစ်ဖို့ပဲ … သူ့ရဲ့ ဒုတိယအပြုအမူကတော့ ကမ္ဘာကြီးထဲမှာ နောက်ဆုံးအပြောင်းအလဲကို ထိန်းချုပ်ဖို့ရာ ယူထားခဲ့တာ၊ ဒါပေမဲ့ သူမ မလှုပ်ရှားနိုင်ခင် ထင်မှတ်မထားတဲ့အရာတစ်ခု ဖြစ်ပျက်သွားခဲ့တယ်။ လေ့လာစောင့်ကြည့်သူက ဗဟုသုတအားလုံးကို အသုံးပြုပြီးတော့ ဉာဏ်အလင်းပွင့်ပြီး သူ့အမေထက်ကျော်လွန်တဲ့ အဆင့်ကို ရောက်ရှိသွားတယ် … ပြောရမယ်ဆိုရင်သူက သာလွန်မှုအဆင့်ကို ရောက်သွားတာပေါ့”

ဝမ်ဝေ့က ထိုစကြာဝဠာနှင့်တူသည့် အရာထက် မျက်လုံးတစ်လုံး မျောလွင့်နေသည်ကို တွေ့လိုက်ရသည်။

“ လေ့လာစောင့်ကြည့်သူက စကြာဝဠာကနေ ခွဲထုတ်ပြီးတဲ့နောက်မှာ ကြာကြာမနေခဲ့ဘူး။ ဒါပေမဲ့ သူ့ရဲ့တည်ရှိမှုက အရာအားလုံးကို ပြောင်းလဲပေးခဲ့တယ်၊ မဟာတာအိုက ရှေးဦးမူလ၊ ထိ‌ပ်ခေါင်မျိုးရိုးဗီဇ၊ ကျော်လွန်ခြင်းနှင့် ဟုန်မုန့်လို့ အမည်အများကြီး ရှိတဲ့နေရာကနေ အာဟာရနဲ့ ဆုလာဘ်ကို လက်ခံရရှိလိုက်တယ်”

ဟုန်ကျွင်းက ဟုန်မုန့်အမည်ကို ပြောလိုက်စဉ် ဝမ်ဝေ့၏ တုန့်ပြန်မှုကို လေ့လာရင်း တိတ်တဆိတ် ခေါင်းညိတ်လိုက်လေသည်။

“ လေ့လာစောင့်ကြည့်သူရဲ့ တည်ရှိမှုက မဟာတာအိုရဲ့ ရည်ရွယ်ချက်ကို ပြသနေခဲ့တယ်။ သူမက သူမရဲ့ဒုတိယသား အောင်မြင်မှုကို ပြန်လည်ဖန်တီးဖို့ လိုနေတာကို သိလိုက်တယ်။ ဒါပေမဲ့ နောက်ထပ် ဖရိုဖရဲ မဖြစ်ချင်တော့ သူမက အစီအစဉ်ကို သေချာဆွဲထားခဲ့တယ်။

လေ့လာစောင့်ကြည့်သူကလဲ အသေးစိတ်မှတ်တမ်းကို ချန်ထားခဲ့တယ်လေ။ အဲ့ဒီထဲမှာ စည်းမျဉ်းတွေလဲ အပါအဝင်ပဲပေါ့။ မဟာတာအိုက အဲ့ဒီမှတ်တမ်းတွေ အသုံးပြုပြီး သူမရဲ့စစ်သူကြီး ဖန်ဆင်းမှုတွေနဲ့ ပထမဦးဆုံး မဟာယန္တရားဖြစ်တဲ့ ကမ္ဘာဦးဟွင်သွမ်းကို တည်ဆောက်ခဲ့တယ်။

သူမက အချိန်ကို အချိန်နှစ်‌ကြောင်းအဖြစ် ပြောင်းလဲပြီးတော့ သက်ရှိတွေအားလုံးကို ကြီးထွားဖို့ ခွင့်ပြုပေးခဲ့တယ်။ နောက်တစ်ခုကတော့ သူမက မရဏကို မြေအောက်လောကအဖြစ် ပြောင်းလဲလိုက်တယ်။ အဲ့ဒါက သံသရာ‌လောကရဲ့ အစောပိုင်းပုံစံပေါ့။

မြေအောက်လောကကတော့ အနာဂါတ်သက်ရှိတွေက ဒီကမ္ဘာမှာ သူတို့ပုန်ကန်တာနဲ့ လွယ်လွယ်ကူကူ သေဆုံးဖို့အတွက်ပဲ။ အဲဒီအခါ မြေအောက်လောကက သူတို့ရဲ့ဝိညာဉ်ကို ပြန်လည်ပြုပြင်လိမ့်မယ်။ နောက်ဆုံးအနေနဲ့ကတော့ ကံကြမ္မာပေါ့၊ ကံကြမ္မာမြစ်ကြောင်းအဖြစ် ပြောင်းလဲသွားခဲ့တယ်။ အဲ့ဒါက သူမရဲ့ အနှစ်သက်ဆုံးလို့ ပြောခဲ့ဖူးတယ် … မင်း အကြောင်းရင်းကို သိလား”

“ အဲ့ဒါက သူ့မဘက်က အရာအားလုံးကို ထိန်းချုပ်ဖို့ ယူထားလို့မလား” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။

“အဲဒါအပြင် ကံကြမ္မာက အရာအားလုံးကို ဆက်သွယ်ပေးထားတာ တစ်ကမ္ဘာလုံးအပေါ် သူမရဲ့ ထိန်းချုပ်မှုနဲ့ လွှမ်းမိုးမှုကို သေချာစေတယ်လေ” ဟုန်ကျွင်းက ခေါင်းညိတ်လိုက်လေသည်။

“ ဖျက်ဆီးမှုကရော ဘယ်လိုလဲ”

“ သူလား … သူက ပျောက်ကွယ်သွားခဲ့တယ်” ဟုန်ကျွင်းက ပြန်ပြောလိုက်သည်။ ထို့နောက် ဖျက်ဆီးမှုက မဟာတာအိုထက် ဦးညွှတ်ပြီးသည့်နောက်တွင် ပျောက်ကွယ်သွားသည့်မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။

“ ကောလဟလတွေကတော့ သူက မဟာတာအိုရဲ့ နောက်ဆုံးစောင့်ရှောက်သူတဲ့ … ဟွင်သွမ်းစကြာဝဠာကြီးက ပြန်လည်ပြုပြင်မွမ်းမံဖို့ လိုအပ်တဲ့အခါမှ ပေါ်ထွက်လာလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒါက အပြည့်အဝတော့ မမှန်ပါဘူး” ဟုန်ကျွင်းက လက်ကိုဝှေ့ကာ မြင်ကွင်းကို ပြောင်းလဲလိုက်သည်။

“ အဲ့ဒီယန္တရားတွေကို မွေးထုတ်ပြီးတဲ့နောက်မှာ မျိုးရိုးဗီဇခေတ်ကာလက အဆုံးသတ်သွားခဲ့တယ်။ မဟာတာအိုက နောက်ခေတ်ကာလကို စတင်ခဲ့တယ်လေ၊ အဲ့ဒီမှာ ကမ္ဘာဦးဟွင်သွမ်းကနေ မွေးဖွားလာတဲ့ ဟွင်သွမ်းနတ်ဆိုး၊ နတ်ဘုရားတွေကို ဖန်တီးခဲ့တယ်။ သူမက ဒီတစ်ခါ အတော်လေး‌ဉာဏ်ကောင်းတယ် ပြောရမယ်။ ပထမဦးဆုံး သူမက အဲ့ဒီသက်ရှိတွေ‌ကို ၃၈၀၀ အထိ အရေအတွက် ကန့်သတ်ထားခဲ့တယ်။

ပြီးတော့ သူတို့အားလုံးက အားနည်းပြီးတော့ ကောင်းကင်ဘုံအဆင့်နဲ့ ‌မွေးဖွားလာဖို့လဲ သေချာအောင်လုပ်ထားခဲ့တယ်။ ဒါ‌ပေမဲ့ သူမက သူတို့ကို လေ့လာစောင့်ကြည့်သူရဲ့ မှတ်တမ်းကို ပေးပြီး သူတို့ကိုယ်သူတို့ ဖြည်းဖြည်းချင်း တိုးတက်စေဖို့အတွက် အမှန်တရားကိုနားလည်ဖို့ ခွင့်ပြုထားခဲ့တယ်။ ပြီးတော့ သူတို့ကို တာဝန်တစ်ခုပေးပြီးတော့ ကမ္ဘာကြီးကို စည်ပင်အောင် လုပ်ခိုင်းခဲ့တယ်။ ပြီးတော့ သူတို့လုပ်ခဲ့တဲ့အရာအတွက်လဲ ဆုလာဘ်ပေးဖို့ ကတိပေးခဲ့တယ်”

ဝမ်ဝေ့က ဟွင်သွမ်းနတ်ဆိုး နတ်ဘုရား ၃၈၀၀ သည် ဖြည်းဖြည်းချင်း ကမ္ဘာဦးဟွင်သွမ်းမှ ကမ္ဘာကို ဖန်တီးပြီး သက်ရှိများကို ‌မွေးဖွား‌ပေးခဲ့သည်။ သို့သော်လည်း ထိုအရာများက လူသား မဟုတ်သေးပေ။ ပြောရမည်ဆိုလျှင် ကမ္ဘာဦးဟွင်သွမ်းမှ စွမ်းအားကို အလိုအလျောက် စုပ်ယူနိုင်စွမ်းရှိသည့် ကမ္ဘာဦးသက်ရှိများသာ ဖြစ်၏။

“ ကြည့်ရတာ မဟာတာအိုက ဟော်သဲ့သက်ရှိထက် ပင်ကိုသက်ရှိကို ပိုပြီးတော့ အလေးထားနေတုန်းပဲ” ဝမ်ဝေ့က မှတ်ချက် ပေးလိုက်လေသည်။

“ အမှန်ပဲ” ဟုန်ကျွင်းက ခေါင်းညိတ်ပြီးသည့်နောက်တွင် ဆက်ပြောလိုက်လေသည်။

“ မင်းလဲ အဲ့ဒီကနေ ဇာတ်ကြောင်းတစ်ချို့ကို ကောက်ချက်ချနိုင်မှာပါ။ ၃၈၀၀ထဲမှာ ဖန်ကူက အငယ်ဆုံးပဲ … ဒါပေမဲ့ သူက ပါရမီအထူးကဲဆုံးပေါ့။ သူက အံ့မခန်းအလျင်နှုန်းနဲ့ မှတ်တမ်းတွေအားလုံးကို နားလည်ခဲ့တယ်။ အဲ့ဒီအပြင် သူက ကြင်နာတတ်တဲ့ နှလုံးသားလဲ ရှိတယ်လေ။ သူ ဖန်တီးထားတဲ့ သက်ရှိတွေကိုလဲ ဂရုစိုက်ပြီးတော့ စိတ်ရှည်လက်ရှည် သင်ပေးခဲ့တယ်။ တစ်နေ့ရောက်တော့ မဟာတာအိုဆီက ချစ်မြတ်နိုးခြင်းတောင် ခံရတယ်။ ဒါပေမဲ့လည်း သူက မဟာတာအို သူ‌တော်စင်ဖြစ်ပြီးတဲ့နောက်မှာ ရုတ်တရက် ပြောင်းလဲသွားခဲ့တယ်”

“ မဟာတာအိုသူတော်စင်လား” ဝမ်ဝေ့က မေးလိုက်လေသည်။

“ ကြည့်ရတာ မင်း အဲ့သတင်းကို မကြားရသေးတဲ့ပုံပဲ။ အဲ့ဒါက တာအိုသာလွန်ခြင်းအဆင့်လေ” ဟုန်ကျွင်းက ဆက်ပြောလိုက်သည်။

“ ဆက်ပြောပါ” ဝမ်ဝေ့က မေးခွန်းများ ဆက်မမေးပဲ ခေါင်းညိတ်လိုက်သည်။

“ ဖန်ကူက သူ့ရဲ့ သာလွန်ခြင်းလမ်းစဉ်ကို စတင်ခဲ့တယ်။ ဒါပေမဲ့သူက အဲ့လိုလုပ်ဖို့အတွက် စက်ဆုပ်ဖို့ကောင်းတဲ့ နည်းလမ်းတစ်ခုကို ရွေးချယ်ခဲ့တယ်လေ။ မင်း ခိုက်ထျန်းရဲ့ ဒဏ္ဍာရီအကြောင်း ကြားဖူးလား”

“ ကြားဖူးပါတယ်။ ဖန်ကူက ပုဆိန်ကို သုံးပြီးတော့ ကမ္ဘာဦးဟွင်သွမ်းကို ခုတ်ပြီး မိုးမြေကို မွေးဖွားခဲ့တယ်လို့ ပြောကြတယ်” ‌ဝမ်ဝေ့က ပြန်ပြောလိုက်သည်။ ဟုန်ကျွင်း၏ ပုံရိပ်ယောင်မြင်ကွင်းထဲ ဧရာမလူသားကြီးက ပုဆိန်ဝှေ့ယမ်းနေသည်ကို တွေ့လိုက်ရသည်။

“ ဒဏ္ဍာရီက ဒဏ္ဍာရီပဲ … ဖန်ကူရဲ့ ကောင်းကင်ကိုခွဲတဲ့ အပြုအမူက သမိုင်းမတိုင်မီကမ္ဘာကို ဖန်တီးပေးခဲ့တာ မဟုတ်ဘူး။ အဲ့ဒါက ဟွင်သွမ်းစကြာဝဠာကို ကျော်လွန်ပြီး ဟုန်မုန့်ဆီ ရောက်ရှိမဲ့ လမ်းကြောင်းကို ဖွင့်လှစ်ဖို့အတွက်ပဲ”

ဝမ်ဝေ့က အသက်ပြင်းပြင်းရှူလိုက်လေသည်။

“ သူက ရူးသွားတာလား”

“ အဲ့လိုဖြစ်‌နိုင်ခြေရှိတယ်” ဟုန်ကျွင်းက ပြန်ပြောလိုက်လေသည်။

“ မင်း သိတဲ့အတိုင်း ငါက ကြမ္မာဟွင်သွမ်းနတ်ဆိုး နတ်ဘုရားရဲ့ ပြန်လည်ဝင်စားမှုပဲ။ ငါ့ရဲ့မှတ်ဉာဏ်တွေ အများစုက မရှိတော့ဘူးဆိုပေမဲ့ သူက ကြင်နာတတ်တဲ့သူတစ်ယောက် ဆိုတာကိုတော့ မှတ်မိနေတုန်းပဲ။ သူ့ရဲ့ ရုတ်တရက် သဘောထား အပြောင်းအလဲက အတော်လေးကို မူမမှန်ဘူး”

ဟုန်ကျွင်းက ဖန်ကူ၏ ပုံရိပ်ကို ကြည့်နေပြီး မှတ်ဉာဏ်များထဲ နစ်မြောသွားလေသည်။ သူ သိထားသည့် ဖန်ကူက ထိုသို့သောအရာမျိုးကို ဘယ်သောအခါမှ လုပ်မည် မဟုတ်ပေ။

“ နောက်ထပ် ဘာဖြစ်သွားတာလဲ” ဝမ်ဝေ့က မေးလိုက်သော်လည်း သူ့တွင် အတွေးတစ်ခု ရှိထားလေ၏။

သူ ဖတ်ထား၊ သိထားသည့်အထဲတွင် ဟွင်သွမ်းနတ်ဆိုးနတ်ဘုရားများက ဖန်ကူအား တားဆီးဖို့ တိုက်ခိုက်ခဲ့လေသည်။

“ မဟာတာအိုက သူ့ကိုတားဆီးဖို့ ငါတို့ဆီ အမိန့်ပေးခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ မူလစွမ်းအားကို ကျွမ်းကျင်မှုက အားလုံးထက်သာလွန်နေတယ်လေ။ သူက ငါတို့အားလုံးကို တိုက်ကွက် အနည်းအတွင်းမှာပဲ သတ်ပြီးတော့ သူ့ရဲ့ရူးသွပ်မှုကို ဆက်လက်လုပ်ဆောင်ခဲ့တယ်။ အဲ့ဒါနဲ့ မဟာတာအိုက ဘာမှရွေးချယ်စရာမရှိပဲ သူမရဲ့ စစ်သူကြီး ဖျက်ဆီးခြင်းကို ဆင့်ခေါ်လိုက်ရတယ်။

အဲ့ဒီနှစ်ယောက်က နှစ်အကြာကြီး တိုက်ခိုက်ခဲ့ပြီးတော့ စကြာဝဠာထဲမှာရှိတဲ့ သက်ရှိအားလုံးကို သတ်ပစ်ခဲ့တယ်လေ။ အဆုံးသတ်မှာတော့ ဖန်ကူက ရှုံးနိမ့်သွားခဲ့တယ်။ ဒါပေမဲ့ အရမ်းကို နောက်ကျလွန်းသွားခဲ့ပြီ။ သူက စကြာဝဠာထဲမှာ အပေါက်ကြီးတစ်ခု လုပ်ထားခဲ့တယ်။

သူ သုတ်သင်မခံရခင် နောက်ဆုံးအခိုက်အတန့်မှာ သူက မဟာတာအိုနဲ့ အပေးအယူလုပ်ခဲ့တယ်။ သူက သူ့ခန္ဓာကိုယ်ကို အသုံးပြုပြီးတော့ အပေါက်ကို ပိတ်ဆို့ပေးမယ်။ မဟာတာအိုက သူ့ရဲ့ တောင်းဆိုမှုကို အင်တင်တင် လက်ခံခဲ့တယ်လေ။ အဲ့ဒီအခိုက်အတန့်မှာ သူမက ပိုပြီး စိုးရိမ်စရာတွေလဲ ရှိနေခဲ့တယ်၊ သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲကြောင့် ကမ္ဘာကြီးက ပြိုလဲတော့မလို ဖြစ်နေခဲ့တာလေ။

အဲ့ဒီနောက်မှာတော့ ဖန်ကူက သူ့ရဲ့ခန္ဓာကိုယ်ကို စတေးပြီး ကမ္ဘာအဖြစ် ပြောင်းလဲသွားခဲ့တယ်၊ သူ့ရဲ့ ဘယ်ဘက်မျက်လုံးက နေ ဖြစ်လာပြီးတော့ ညာဘက်မျက်လုံးက လ ဖြစ်သွားခဲ့တယ်၊ သူ့ရဲ့အသက်ရှူသံက တိမ်တိုက်၊ မြူခိုးနဲ့ လေ အဖြစ် ပြောင်းလဲသွားခဲ့တယ်။ သူ့ရဲ့အသံကတော့ မိုးခြိမ်းသံအဖြစ် ပြောင်းလဲသွားပြီး သူ့ရဲ့ဦးခေါင်းက တောင်တန်းတွေအဖြစ် ပြောင်းလဲသွားခဲ့တယ် သူ့ရဲ့‌သွေးကတော့ မြစ်ချောင်းအဖြစ် ပြောင်းလဲသွားခဲ့တာပေါ့ … အဲ့လိုပါပဲ မင်းလဲ ဒဏ္ဍာရီကို သိမှာပါ”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်လေသည်။

“ အဲ့ဒါက ပျောက်ဆုံးခေတ်ကာလမှာ ဖြစ်ခဲ့တာမလား”

“ ဟုတ်တယ်” ဟုန်ကျွင်းက ခေါင်းညိတ်လိုက်လေသည်။

“ ပျောက်ဆုံးခေတ်ကာလက ဖန်ကူရဲ့ ရူးသွပ်မှုနဲ့ မဟာတာအိုရဲ့ ပြန်လည်တည်ဆောက်မှုတို့ရဲ့ ရလဒ်ကြောင့်ပဲ။ သူမက အမှားကနေသင်ပြီးတော့ ရလဒ်အနေနဲ့ ပိုပြီးတော့ တင်းကြပ်လာခဲ့တယ်။ သူမက လေ့လာစောင့်ကြည့်သူရဲ့ မှတ်တမ်းကို မဟာတာအိုအရင်းအမြစ်အဖြစ် ပြောင်းလဲပြီးတော့ သက်ရှိတွေကို ကမ္ဘာရဲ့အခြေခံစည်းမျဉ်းတွေကို မသုံးပြုခွင့်မပေးတော့ဘူး။ တကယ်တော့ အဆီအနှစ်ခေတ်ကာလအတွင်းမှာတော့ လူတချို့က အသုံးပြုနိုင်တုန်းပဲ”

ဝမ်ဝေ့က အကြမ်းဖျဉ်း တွေးမိသွားလေသည်

“ အဲ့ဒီအပေါက်က ဘယ်လိုဖြစ်သွားတာလဲ။ မဟာတာအိုက သမိုင်းမတိုင်ကမ္ဘာဆီ တင်းကြပ်နေရတဲ့ အကြောင်းရင်လား”

“ အပေါက်က ပိတ်ပြီးသွားတာကြာပြီ။ အဟုတ်ပဲ အဲ့ဒါက အရာအားလုံးရဲ့ ဇစ်မြစ်ပဲ” ဟုန်ကျွင်းက ပြန်ပြောပြီးသည့်နောက်တွင် မြင်ကွင်းကို အဆုံးသတ်လိုက်လေသည်။

“ မင်းက ပြင်ပလောကက တစ်သတ်မတ်တည်း ဖြစ်နေတယ်လို့ ပြောတာမျိုး ကြားဖူးလား။ ဒီသမိုင်းမတိုင်မီကမ္ဘာက လူတွေကတော့ သူတို့ရဲ့မွေးရပ်မြေမှာ ပိတ်ဆို့ခံရပြီးတော့ ဘာလို့အကျဉ်းထောင်ကနေ ထွက်မသွားနိုင်တာလဲဆိုတာ သိလား”

“ ကျွန်တော် သိပါတယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်လေသည်။

“ ငါတို့လဲ အစပိုင်းကတော့ မသိခဲ့ဘူး။ ဒါပေမဲ့ ဖန်ကူက အပေါက်ကို ထိုးဖောက်ပြီးတဲ့နောက်မှာ ဒီဟွင်သွမ်းစကြာဝဠာထဲကို မလိုအပ်တဲ့အရာတစ်ချို့ ယူဆောင်လာခဲ့တယ်လေ”

“ သက်တမ်းရင့် နတ်ဘုရားတွေလား” ဝမ်ဝေ့က ရေရွတ်လိုက်သည်။

“ အဲ့ဒါက အဓိကအရာတွေထဲက တစ်ခုပေါ့” ‌ဟုန်ကျွင်းက ခေါင်းညိတ်လိုက်‌လေသည်။

“ ပိုပြီးအရေးကြီးတာက သူက သတင်းအချက်အလက်နဲ့ ကွဲပြားမှုတို့ကို ယူဆောင်လာခဲ့တယ်”

“ ခဏ … အဲ့ဒါဆိုရင် ဝတ္ထုနဲ့ ဇာတ်လမ်းတွေထဲက သတင်းအချက်အလက်တွေက ဟုန်မုန့်ထဲမှာရှိနေတဲ့ တခြားစကြာဝဠာတွေထဲကလို့ ပြောချင်တာလား၊ အဲ့ဒါဆိုရင် ကမ္ဘာမြေကလူတွေက ဟုန်မုန့်ကနေ သူတို့ရဲ့ဇစ်မြစ် ရှိနေတာလား”

“ အဲ့ဒါက ငါ ပြောချင်တဲ့အကြောင်းအရာပဲ” ဟုန်ကျွင်းက ခေါင်းညိတ်လိုက်လေသည်။

“ မဟာတာအိုက တင်းကျပ်ခဲ့တာဆိုတော့ တခြားလွတ်လပ်မှုတွေကို ခွင့်မပြုဘူး။ ဒါပေမဲ့ တစ်ရက်မှာ သိဒ္ဓတ္ထ ဂေါတမက ဉာဏ်အလင်းပွင့်လာပြီးတော့ သူ့ရဲ့စိတ်ဝိညာဉ်က ကမ္ဘာကြီးနဲ့ အတားအဆီးတွေကနေ လွတ်မြောက်သွားခဲ့တယ်။ သူက ဗုဒ္ဓဘာသာကိုလဲ ဖြန့်ဝေခဲ့တယ်။ နောက်ပိုင်းမှာ သူ သေဆုံးသွားခဲ့တယ်ဆိုပေမဲ့ သူက ပထမဦးဆုံး အောင်မြင်ခဲ့တဲ့သူပဲ … ငါ အတော်လေး စောင့်ကြည့်ပြီး လေ့လာခဲ့ပေမဲ့ မဟာတာအိုက ဗုဒ္ဓဘာသာရဲ့ အကျိုးအမြတ်ကို မြင်တွေ့ပြီးတော့ စမ်းသပ်ခဲ့တယ်လို့ ထင်တယ်၊ အဲ့ဒါကြောင့် ငါက စိတ်ဝိညာဉ် အတားအဆီး ဖြတ်ကျော်နိုင်တဲ့ ဂေါတမရဲ့ နည်းလမ်းကို ဖြန့်ဝေထားပြီးတော့ တခြားတစ်ယောက်က အဲဒီအဆင့်အထိ ရောက်နိုင်မလားဆိုတာ သိချင်ခဲ့တာ”

“ လူရိုင်းမျိုးနွယ်” ဝမ်ဝေ့က ရေရွတ်လိုက်လေသည်။

“ မင်းက သူတို့ကို မွန်ဂိုလူမျိုးလို့ သိထားမှာပေါ့။ သူတို့က တကယ်တမ်းတော့ ရှီလူမျိုးတွေလေ၊ အဲ့ဒိမျိုးနွယ်စု‌တွေက ပါရမီထူးကဲ‌တဲ့ ခေါင်း‌ဆောင်တစ်ယောက်ကို ‌မွေးဖွားပေးခဲ့တယ် သူက အတားအဆီးတွေကို ချိုးဖောက်ပြီးတော့ လူသားမျိုးနွယ်ရဲ့ ဘိုးဘေး ဖြစ်လာခဲ့တယ်လေ” ဟုန်ကျွင်းက သက်ပြင်းချကာ ဆက်ပြောလိုက်သည်။

“ နှမြောဖို့ကောင်းတာက သူ့ရဲ့ကံကြမ္မာကလဲ ဂေါတမလိုပဲ”

“ သူတို့ရဲ့‌ သေဆုံးမှုက မဟာတာအိုက လက်တုံ့ပြန်လာတာလို့ ထင်တာလား”

“ အတိအကျပဲ” ဟုန်ကျွင်းက ခေါင်းညိတ်လိုက်လေသည်။ သူက အသက်ပြင်းပြင်းရှူကာ ဆက်ပြောလိုက်လေသည်။

“ ငါ့ရဲ့ နောက်ထပ်စမ်းသပ်ချက်က ယင်ကျန်း ဒါမှမဟုတ် လူသားဧကရာဇ်ပေါ့။ သူက ပထမဦးဆုံး မသေဆုံးပဲနဲ့ အောင်မြင်ခဲ့တဲ့သူပဲ၊ သူက အဲ့ဒီနောက်မှာ အစောင့်အရှောက် ဖြစ်လာခဲ့သင့်တာ … ဒါပေမဲ့ ကံဆိုးတာကသူက အကြောင်းအရင်းများစွာကြောင့် ကျရှုံးမှု ဖြစ်သွားခဲ့တယ်လေ”

All Chapters