← Chapters

မဟာလွတ်မြောက်မှု

Vol. 110 Ch. 1535

မဟာလွတ်မြောက်မှု

Vol. 110 Ch. 1535

“ တခြားသူတွေလဲ ရှိဦးမယ် ထင်တယ်။ ကျွန်တော်နဲ့အတူတူ သူတို့ရဲ့ တည်ရှိနေရတဲ့ရည်ရွယ်ချက်ကိုလဲ ခန့်မှန်းမိတယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“ ငါ့ဆီမှာ အမြဲတမ်း ရည်ရွယ်ချက်တစ်ခုပဲ ရှိတယ်။ ဒီကမ္ဘာကို ကာကွယ်ဖို့အတွက်ပဲ။ ဖန်ကူက သမိုင်းမတိုင်မီကမ္ဘာ ဝန်းကျင်မှာ ကာကွယ်‌ရေးအလွှာတစ်ခုကို ထားရှိဖို့ ဟုန်မုန့်ဆီက ထွက်လာတဲ့ စွမ်းအားအနည်းငယ်ကို သုံးခဲ့တယ်။ ဒီအကာအရံက မဟာတာအိုရဲ့ ဝင်ရောက်စွက်ဖက်မှုကို တားဆီးပေးတယ်လေ”

ဟုန်ကျွင်းက သက်ပြင်းချလိုက်သည်။

“ ဂေါတမရဲ့ အပြုအမူက ငါတို့ကို မျှော်လင့်ချက်ကို မြင်တွေ့စေခဲ့တယ်။ ဒါပေမဲ့ အဲ့ဒါက အကာအရံကို အားနည်းသလို ဖြစ်သွားစေတယ်။ မဟာတာအိုက ဗုဒ္ဓဘာသာ ဒါမှမဟုတ် သမိုင်းမတိုင်မီကမ္ဘာက အတွေးအခေါ်တွေကို ဖြန့်ဝေပေးတာက ငါတို့ကမ္ဘာနဲ့ သဟဇာတဖြစ်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပြီးတော့ အကာအရံကို ဖယ်ရှားနိုင်မှန်း သိတယ်လေ။ ဒါကြောင့် ကာကွယ်ရေးအချိန် အဆုံးသတ်သွားဖို့ အချိန်တစ်ခုပဲ ကြာမြင့်လိမ့်မယ်။ အဲဒီအခါ ငါတို့က အန္တရာယ်ရှိလာလိမ့်မယ်။ ဒါပေမဲ့ ငါ့ဆီမှာ အချိန်တွေအများကြီး ထပ်ရှိသေးတယ်။ ငါ အဲ့ဒီလူတွေကို အကာအရံနောက်‌ကနေပြီးတော့ စေလွှတ်‌ခဲ့ပြီး ကမ္ဘာမြေက အတွေးအခေါ်တွေကို ဖြန့်ဝေစေခဲ့တယ်။ ဒါပေမဲ့ မင်းကတော့ ငါ့ရဲ့ တွက်ချက်မှုထက်တောင် ကျော်လွန်နေတယ်”

ဟုန်ကျွင်းက ဝမ်ဝေ့အား စိုက်ကြည့်ကာ ထပ်ပြောလိုက်သည်။

“ မင်းအပြင် တခြားလူနှစ်ယောက်ကလဲ လေဟာနယ်ထဲမှာ အသက်ရှင်ခဲ့တယ်ဆိုတာ သိထားလား”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။ “တခြားကံကြမ္မာမျိုးစေ့တွေကို ပြောတာလား”

“ ဟုတ်တယ် အဲ့ဒီလူတွေက ကံကောင်းပြီးတော့ ကမ္ဘာ့အရင်းအမြစ်နှစ်ခုကို ဝါးမျိုနိုင်ခဲ့တော့ သူတို့ရဲ့ဝိညာဉ်ကို ထိန်းထားနိုင်ခဲ့တယ်။ ပြီးတော့ အနီးအနားက ကမ္ဘာတွေဆီမှာ စုပ်ယူခံရပြီး ပြန်လည်ဝင်စားသွားခဲ့တယ်။ မဟာတာအိုရဲ့ ဇာတ်ကြောင်းအရဆိုရင်တော့ ဒါက မင်းအတွက်လဲ အဲ့လိုဖြစ်သင့်တာပေါ့။ ဒါပေမဲ့မင်းက အသက်ရှင်ဖို့ မင်းကိုယ်မင်း မှီခိုဖို့ ရွေးချယ်ခဲ့တဲ့အချိန်မှာ ကံကြမ္မာကနေ သွေဖယ်သွားခဲ့တယ်”

ဟုန်ကျွင်းက ညင်ညင်သာသာ ပြုံးလိုက်သည်။

“ မင်းကို မြင်တုန်းက အတော်လေးကို အံ့အားသင့်မိတယ်။ ဒါပေမဲ့ တစ်ချိန်ထဲဆိုသလို ကြောက်မိတယ်။ ငါ လူသုံးယောက်ကို ပြန်လည်ဝင်စားပြီးတော့ သမိုင်းမတိုင်မီကမ္ဘာဆီ ပြန်ပြီး ကမ္ဘာကြီးကို ကာကွယ်ခိုင်းဖို့ ရည်ရွယ်ထားခဲ့တာ။ မဟာတာအိုဆီကနေ ရွေးချယ်ခံထားရတဲ့ တခြားသုံးယောက်ကလဲ ရာထူးအတွက် တခြားကံကြမ္မာမျိုးစေ့တွေနဲ့ ယှဉ်ပြိုင်ကြလိမ့်မယ်။ ငါက မင်းရဲ့ အလားအလာကို မြင်ပြီးတော့ မင်းလိုလူမျိုးကို မဟာတာအိုရဲ့ နောက်လိုက် ဖြစ်လာဖို့ ခွင့်မပြုနိုင်ဘူး”

“ ခင်ဗျားရဲ့ အလိုလိုသိစိတ်က ကျုပ်ကို သုတ်သင်ဖို့ပဲ ဖြစ်လိမ့်မယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“ အဲ့လိုဖြစ်ခဲ့တာပေါ့” ဟုန်ကျွင်းက ဝန်ခံလိုက်သည်။

“ အဲ့လိုဆိုရင် ဘာလို့ မလုပ်ခဲ့ရတာလဲ”

“ မင်းကလဲ ကျွမ်းကျင်သူဆိုတော့ ငါတို့တွေအတွက် အမည်မသိ အပြောင်းအလဲတွေ အများကြီးရှိတာက အကောင်းဆုံးဖြစ်သလို အဆိုးဆုံးဖြစ်နိုင်တယ်ဆိုတာကို မင်းလဲ နားလည်မှာပါ။ ငါက အရင်ဦးဆုံး လေ့လာစောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်တာ။

အဆိုးဆုံးအခြေအနေ ဖြစ်လာတဲ့အခါ မင်းက သေဆုံးသွားရုံပေါ့။ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင်တော့ မင်းကို ငါတို့ဖက်မှာ အပြောင်းအလဲ ဖြစ်လာနိုင်စေတယ်။ အဲ့ဒီနောက်မှာ ငါက မင်းရဲ့အပြုအမူ‌တွေကို စောင့်ကြည့်ပြီးတော့ မင်းက ဘယ်လိုလူစားလဲဆိုတာကို သိလိုက်ရတယ်။ အဲ့ဒါကြောင့် အလောင်းအစားထပ်ဖို့ ဆုံးဖြတ်ခဲ့တာ”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

သူက ယခုအခါ ဟုန်ကျွင်း၏ စိတ်သဘောထားကို နားလည်လာပြီ ဖြစ်သည့်အတွက် အသင်္ချေဝါးမျိုသူအ‌နေနှင့် ရှိစဉ်အခါကအချိန်တွင် အဘယ့်ကြောင့် ကူညီခဲ့မှန်း နားလည်သွားလေသည်။

“ ကမ္ဘာမြေက လူငါးယောက်က အတွေးအခေါ်တွေကို ဖြန့်ဝေပြီးတော့ သမိုင်းမတိုင်မီ အကာအရံရဲ့ ပျက်သုဉ်းမှုကို အရှိန်မြှင့်တင်ပေးနေတာ။ ဒါပေမဲ့ အဲ့ဒါက မင်းနဲ့ မယှဉ်နိုင်ဘူး။ မင်းရဲ့ တည်ရှိမှုက ငါ ပြုလုပ်ထားတဲ့ တွက်ချက်မှုတွေနဲ့ ခန့်မှန်းချက်တွေအားလုံးကို ဖျက်ဆီးပစ်လိုက်တာ” ဟုန်ကျွင်းက ပြောလိုက်သည်။

“ ခင်ဗျားရဲ့ အလောင်းအစားကို နောင်တရနေတာလား” ဝမ်ဝေ့က မေးလိုက်လေသည်။

“ အဲ့လိုပြောဖို့ကတော့ စောလွန်းပါသေးတယ်။ ဒါပေမဲ့ ငါ့ရဲ့အလိုလိုသိစိတ်က ငါမှန်ကန်တဲ့ ရွေးချယ်မှုပြုလုပ်ခဲ့တယ်ဆိုတာ ပြောနေတယ်” ဟုန်ကျွင်းက ပြုံးလိုက်မိသည်။

“ ကျင့်ကြံသူတွေက သူတို့ရဲ့အသိအာရုံကို ယုံသင့်တယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်လေ၏။

သူက ဟုန်ကျွင်းပြောသမျှ အရာအားလုံးကို တွေးတောလိုက်သည်။

“ အရှင်းဆုံးပြောရရင်တော့ ခင်ဗျား ကျုပ်ကို ကာကွယ်စေချင်တဲ့အရာက သမိုင်းမတိုင်မီကမ္ဘာလား”

ဟုန်ကျွင်းက ခေါင်းညိတ်လိုက်လေသည်။

“ မင်းလိုလူမျိုးက ဝိရောဓိဖြစ်လွယ်တဲ့ လူမျိုးတွေဆိုတာသိတယ်။ အဲ့ဒါကြောင့် အရာအားလုံးကို ပြသခဲ့တာ။ ငါ့ရဲ့ လမ်းစဉ်က အန္တိမသဟဇာတရဲ့ လမ်းစဉ်နဲ့တူတယ်။ ဒါပေမဲ့ ပိုပြီးတော့ပြည့်စုံတာပေါ့။ ငါက ဝိညာဉ်သာလွန်ခြင်းကို ကောင်းကင်တာအိုနဲ့ ဆက်နွယ်ပြီးတော့ ဖန်တီးခဲ့တာ … ကံဆိုးတာက ငါ့ရဲ့အားစိုက်ထုတ်မှုက အန္တိမသဟဇာတထက် ပိုပြီးတော့ နက်ရှိုင်းတယ်။ တကယ်လို့ ဒီကမ္ဘာကြီးမှာ တစ်ခုခုဖြစ်သွားမယ်ဆိုရင် ငါ အသက်ရှင်နိုင်မှာ မဟုတ်ဘူး”

“ ကျုပ် နားလည်ပါပြီ” ဝမ်ဝေ့က ပြောလိုက်သည်။ သူက ဟုန်ကျွင်း၏ စကားများကို အပြည့်အဝ မယုံကြည်ပေ။ ထိုသူက ဖုံးကွယ်ထားသည့်အရာတစ်ခု ရှိနေနိုင်၏။ သို့သော် ယခုတွင်မူ ဤကမ္ဘာကို ကာကွယ်ဖို့က သူ့တာဝန် ဖြစ်ဟန်တူသည်။

“ ဒီနေရာက ကျုပ်ရဲ့မွေးရပ်မြေပဲဆိုတော့ ကျုပ်ရဲ့ကျမ်းသစ္စာကို ဖြေရှင်းဖို့အတွက် ပြဿနာမရှိဘူး။ ဒါပေမဲ့ ကျုပ် တစ်ယောက်ထဲ မလုပ်နိုင်ဘူးဆိုတာကိုတော့ ခင်ဗျားလဲ နားလည်သင့်တယ်”

“ မစိုးရိမ်ပါနဲ့။ တခြားသုံးယောက်ကလဲ မင်းလိုပဲ ကျိန်ဆိုထားကြတာ။ အချိန်ကျလာတဲ့အခါ ငါတို့အတူပူးပေါင်းပြီး လုပ်လို့ရတယ်” ဟုန်ကျွင်းက ဖျောင်းဖျလိုက်လေသည်။

“ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ဒါပဲလား … ဒီစကားဝိုင်းရဲ့ အဆုံးသတ် မဟုတ်သေးဘူးလို့ ခံစားမိနေတယ်” ဝမ်ဝေ့က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ အမြဲတမ်းကို ထက်မြက်နေတော့တာပဲ။ ဒါပေမဲ့ နောက်စကားဝိုင်းက ငါနဲ့ သက်ဆိုင်နေတဲ့အရာတော့ မဟုတ်ဘူး” ဟုန်ကျွင်းက ပြောလိုက်သည်။

“ အဲ့လိုမပြောပါနဲ့။ ခင်ဗျားက ကျုပ်တို့နဲ့ အစီအစဉ်ဆွဲပြီး ကမ္ဘာကြီး ဝင်တိုက်မှုဖြစ်အောင် စီစဉ်ခဲ့တာမဟုတ်လား” အသံတစ်သံက ထွက်ပေါ်လာလေသည်။

“ အစ်ကိုဟုန် ကျုပ်တို့ကို ရောင်းစားလို့မရဘူး” ဆွဲဆောင်မှုရှိသည့် အမျိုးသားအသံတစ်သံက ထွက်ပေါ်လာလေ၏။

ဝမ်ဝေ့က အခန်းအတွင်းသို့ လူနှစ်ယောက် ဝင်လာသည်ကို မြင်တွေ့လိုက်ရသည်။ ပထမတစ်ယောက်က ဆံပင်အဖြူနှင့် မုတ်ဆိတ်ဖြူအရှည်ကြီး ရှိထားသည့် လူအိုကြီးတစ်ယောက်ဖြစ်ကာ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ သူ့မျက်ဝန်းများက သဘာဝအတိုင်း တောက်ပနေလေ၏။ သူက မြင့်မြတ်မှု တော်ဝင်ဆန်မှုတို့ကို ထုတ်လွှတ်နေလျက်ရှိကာ ထိုသူက ပထမအသံပိုင်ရှင် ဖြစ်လေသည်။

ဒုတိယအသံကမူ အာဖရိကန် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူလတ်အရွယ် လူမည်းအမျိုးသား ဖြစ်၏။ ထိုအမျိုးသားက အနည်းငယ် ချောမောသော်လည်း သူ့မျက်ဝန်းတွင်ရှိသည့် ဟန်ပန်က သူ၏သွင်ပြင်မှ အနည်းငယ် သွေဖယ်နေလေသည်။ ဝမ်ဝေ့က ထိုအမျိုးသားကို မြင်လိုက်သည်နှင့် သူ သတိထားရမည့်သူဖြစ်ကြောင်း ခံစားမိလိုက်သည်။

“ ဒါက ရဝေနဲ့ အန်နန်စစ်” ဟုန်ကျွင်းက မိတ်ဆက်ပေးလိုက်သည်။

“ ငါအရင်က ပြောသလိုပဲ။ သူကဒီအစီအစဉ်ရဲ့ အစိတ်အပိုင်းမဟုတ်ဘူးဆိုတော့ မင်းတို့ဘာသာမင်းတို့ သူနဲ့ညှိနှိုင်းသင့်တယ်”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။ သူက ရဝေနာမည်ကို သတိထားမိပြီး အန်နန်စစ်ကိုမူ မှတ်မိဖို့ရာအတွက် အချိန်တချို့ ယူခဲ့ရသည်။ ထိုသူက အနောက်တိုင်းအာဖရိကန် နတ်ဘုရား ဒဏ္ဍာရီထဲတွင် ဉာဏ်ပညာနတ်ဘုရားနှင့် လှည့်စားမှုနတ်ဘုရားဟူ၍ လူသိများလေသည်။ သူက ထိုအရာကို မှတ်မိလိုက်သည်မှာ တစ်ခါက ထိုအကြောင်းကို ပြောပြဖူးသည့် ဝတ္ထုတစ်ခုကို ဖတ်ရှုဖူး၍ ဖြစ်၏။

“ အရှင်ရဝေနဲ့ အရှင်အန်နန်စစ်” သူက ထရပ်ကာ ဦးညွှတ်လိုက်လေသည်။

“ နှုတ်ဆက်နေဖို့ မလိုပါဘူး” ရဝေက ဟုန်ကျွင်းဘေးတွင် ဝင်ထိုင်လိုက်ပြီး ဝမ်ဝေ့ကလဲ သူ့နဂိုနေရာတွင် ဝင်ထိုင်လိုက်သည်။

သူက ဝိညာဉ်သာလွန်ခြင်းအဆင့် ပုဂ္ဂိုလ်နှစ်ယောက်ကို ကြည့်နေရင်း ပထမဦးစွာ ရဝေ့ကို အာရုံစိုက်ကာ တွေးလိုက်၏။

ဒါက ယုံကြည်ကိုးကွယ်ရေး လမ်းစဉ်လား။ ဘာလို့ အရှိန်အဝါက ထူးဆန်းနေတာလဲ …

သူက တွေးလိုက်မိလေသည်။

သူက အန်နန်စစ်ကို စောင့်ကြည့်ဖို့ရာ အချိန်အကြာကြီး စိုက်မကြည့်ရဲပေ။

သူ့အရှိန်အဝါက ရင်းနှီးနေသလိုပဲ။ ဘာပါ့လိမ့် …

“ အဲ့ဒါက ယုံကြည်ကိုးကွယ်မှု မဟုတ်ဘူး” ရဝေက ရုတ်တရက် ပြောလိုက်သည်။

“ ဒါက ဒဏ္ဍာရီလာစွမ်းအားပဲ။ ငါက ဒဏ္ဍာရီလာကိုယ်ကို ဖွဲ့စည်းဖို့ စကြဝဠာတစ်လျှောက် ငါ့ရဲ့တပ်ဖွဲ့တွေကို ဖြန့်ကျက်ထားခဲ့တယ်။ ပြီးတော့ အဲ့ဒါနဲ့ ပေါင်းစည်းထားတာ”

“ ခင်ဗျား အသုံးပြုတဲ့ ဒဏ္ဍာရီက ယုံကြည်မှု၊ ကိုးကွယ်မှု စွမ်းအား အမြောက်အများလိုပြီးတော့ လက်တွေ့အဖြစ်‌ ပေါင်းစည်းဖို့ လိုလိမ့်မယ်။ ခဏလေးနေပါဦး … တခြားသူတွေရဲ့ စိတ်ဖတ်တာ ရိုင်းပျတယ်နော်” ဝမ်ဝေ့က ပြောလိုက်သည်။

“ ငါက မင်းရဲ့စိတ်ကို ဖတ်လိုက်တာ မဟုတ်ဘူး။ မင်း ဘာတွေးနေလဲဆိုတာကို သိဖို့ မင်းရဲ့စိတ်ကို ဖတ်‌နေစရာမလိုဘူး”

“ အဲ့ဒါက အနန္တတန်ခိုးလိုမျိုးလား … စိတ်ဝင်စားစရာကောင်းတာပဲ” ဝမ်ဝေ့က ရေရွတ်လိုက်လေသည်။

“ အဲ့ဒါဆိုရင် ခင်ဗျားက ကွမ်တန်နယ်ပယ်ကို သုံးပြီးတော့ဝိညာဉ် သာလွန်ခြင်းကို ရအောင် လုပ်လို့ရတာပဲ”

“ လူသားအသိပညာက တကယ်ကို အံ့ဩဖို့ကောင်းတဲ့အရာပဲ” အန်နန်စစ်က ပြောလိုက်လေသည်။

“ ကွမ်တန်နယ်ပယ် ဖြစ်ပြီးတဲ့နောက်မှာ ငါက အဲ့ဒါကို လေ့လာပြီးတော့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အများကြီး အားစိုက်ထုတ်ခဲ့ရတယ်။ အဲ့ဒီနောက်မှာငါက ငါ့ရဲ့ဝိညာဉ်ကို ကွမ်တန်နဲ့ တူတဲ့ အနေအထားအဖြစ် ပြောင်းလဲမဲ့ နည်းလမ်းကို ပြောင်းလဲခဲ့ရတယ်။ ငါ့ရဲ့ဝိညာဉ်က တည်ရှိသလို မတည်လဲ မတည်ရှိဘူး။ အဲ့ဒါက အနာဂါတ်မှာ တည်ရှိပြီး အတိတ်မှာလဲ တည်ရှိနေတယ်”

ဒီအတွေးအခေါ်က ငါတို့ဖန်တီးထားတဲ့ စကြဝဠာ ဝိညာဉ်သာလွန်ခြင်းအဆင့်ကို ရောက်ဖို့ ယင်ယန်ချည်းကပ်မှုနည်းလမ်းနဲ့ တူတာပဲ …

ဝမ်ဝေ့က သုံးသပ်လိုက်လေသည်။

လမ်းစဉ်အားလုံးက တူညီသည့် ဦးတည်ရာဆီ သွားနေသည်ဟူသော စကားပုံရှိသည် မဟုတ်ပါလော။ နောက်ထပ်စကားပုံကတော့ သိပ္ပံပညာ၏အဆုံးသတ်က သီအိုရီသဘောတရားဖြစ်ပြီး အန်နန်စစ်က ထိုအရာကို သက်သေပြနေသည်။

“ ဟုန်ကျွင်းက ခင်ဗျားတို့မှာ ကျုပ်နဲ့ ညှိနှိုင်းစရာ ရှိတယ်လို့ပြောတယ်” ဝမ်ဝေ့က မေးလိုက်လေသည်။

“ မင်းက ဟုန်ကျွင်း လိုချင်တဲ့အရာကို သိတယ်မလား။ အဲ့ဆိုတော့ ငါတို့လိုချင်တဲ့ အရာကိုကော ခန့်မှန်းမိလား” အန်နန်စစ်က မေးလိုက်လေသည်။

“ မင်းက ဘာလို့အချိန်ဖြုန်းနေတာလဲ” ရဝေက မေးလိုက်သည်။

“ တာအိုနယ်ရှင်အကြောင်း ကြားဖူးတယ်မလား။ မင်းက စိတ်မဝင်စားဘူးလား”

“ စိတ်မဝင်စားပါဘူး”

“ ကောင်းပြီလေ … အဲ့ဒါဆိုလဲ ထားလိုက်တော့။ သူက ငါတို့ကို ကူညီနိုင်လားဆိုတာကို သိဖို့လိုအပ်တယ်” အန်နန်စစ်က ပြောလိုက်သည်။

“ မင်း ပြောတာဟုတ်တယ်” ရဝေက ပြောလိုက်လေ၏။ သူက ဝမ်ဝေ့ကို ကြည့်ပြီး သူ၏အဖြေကို စောင့်ဆိုင်းနေလေသည်။

ဝမ်ဝေ့က ရှုံ့မဲ့သွားလေ၏။ သူက အသက်ပြင်းပြင်းရှူကာ တခြားတွေး‌တောလိုက်သည်။

“ ခင်ဗျားတို့နှစ်ဦးက အရှင်ဟုန်ကျွင်းလိုမျိုး မတင်းကျပ်ဘူးဆိုတော့ ခင်ဗျားတို့ ဦးစားပေးက သမိုင်းမတိုင်မီကမ္ဘာရဲ့ ကာကွယ်မှုတော့ မဟုတ်လောက်ဘူး”

“ အဲ့ဒါက မျှတတဲ့ သုံးသပ်ချက်ပါပဲ” အန်နန်စစ်က ခေါင်းညိတ်လိုက်လေသည်။

“ အဲ့ဒါဆိုရင် တွေးကြည့်ရအောင်။ ခင်ဗျားလိုအဆင့်လိုလူမျိုးက ပိုပြီးတော့ မြင့်မြင့်ကို သွားချင်မှာပဲ။ ဒါပေမဲ့ ဒီကမ္ဘာက ခင်ဗျားရဲ့ တိုးတက်မှုကို တားဆီးနေတယ်။ အဲ့ဒါဆိုတော့ မဟာတာအိုက ကျုပ်မျိုးနွယ်ကသူတွေကို သမိုင်းမတိုင်မီကမ္ဘာကနေ နောင်အနာဂါတ်ကျရင် ထွက်သွားခွင့် ပြုနိုင်ခြေရှိတယ်။ ဒါပေမဲ့ အခွင့်အရေးက ကမ္ဘာမှာရှိတဲ့ တခြားမျိုးနွယ်တွေ အားလုံးအတွက်တော့ ပြောဖို့ရာခက်ခဲတယ်။ အဲ့ဆိုတော့ ကျုပ်သာ ခင်ဗျားနေရာမှာဆိုရင် ရှေ့ဆက်ရမဲ့ တစ်ခုတည်းသောလမ်းစဉ်က လွတ်မြောက်ဖို့ပဲ ဖြစ်လိမ့်မယ်။ အဲ့ဆိုတော့ ဟုန်မုန့်ထဲကို ဝင်ရောက်ဖို့အတွက် စကြဝဠာဆီကနေ တခြားအပေါက်တစ်ခုကို လုပ်စေချင်တာလား။ တခြားဟွင်သွမ်းကမ္ဘာမှာ ကျင့်ကြံနိုင်ဖို့အတွက်ပေါ့”

“ ကြည့်ရတာ ဒါတွေအကုန်လုံးက အလကားပြောနေတာ မဟုတ်ဘူးပဲ” ရဝေက ပြောလိုက်လေသည်။

“ ခင်ဗျားတို့လူတွေ ရူးနေပြီပဲနေမယ်” ဝမ်ဝေ့က ပြောလိုက်လေသည်။ သူသာ ထိုသို့သော စွမ်းအားရှိထားမည်ဆိုလျှင်ပင် ပစ်မှတ်ကို အဘယ့်ကြောင့် သူ့ကျောပေါ်တွင် တင်ထားရမည်နည်း။ သူက ဖန်ကူ၏ လမ်းစဉ်သည် အဆုံးသတ်ဖြစ်ကြောင်း သိထားပြီးဖြစ်ကာ အဘယ်ကြောင့် ဤသို့ တူညီစွာ လုပ်ဆောင်ရမည်နည်း။

“ စိတ်ငြိမ်ငြိမ်ထားပါ။ မင်းရဲ့တွေးခေါ်ပုံက အစွန်းရောက်သွားပြီ” အန်နန်စစ်က ဖျောင်းဖျကာ ပြောလိုက်လေသည်။

“ အစွန်းရောက်သွားပြီတဲ့လား ..ဟား ခင်ဗျားတို့လွတ်မြောက်ဖို့အတွက်က အပေါက်တစ်ခုကို ကိုယ်တိုင်လုပ်ဆောင်ဖို့ မလိုလောက်ဘူးပဲ။ ကြည့်ရတာ ဟွင်သွမ်းစကြဝဠာကနေ အဲ့ဒါကို မဖျက်ဆီးစေဘဲ ထွက်သွားနိုင်မဲ့ တခြားနည်းလမ်း ရှိနိုင်တယ်။ ဒါပေမဲ့ အဲ့လိုချဉ်းကပ်မှုမျိုးက ပိုပြီးရှုပ်ထွေးနိုင်တယ်”

အရာအားလုံးက ဖြစ်နိုင်ခြေရှိလေ၏။ ဆိုလိုသည်မှာ သူ မသိထားသည့်အရာမျိုး ရှိနေနိုင်သည်။

“ အခု မင်းက အကုန်လုံး သိသွားပြီပဲ” အန်နန်စစ်က ခေါင်းညိတ်လိုက်လေသည်။

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။ ထိုအတွေးက အပေါ်ယံမျှသာ ရှိထားပြီး သူ တွေးတောနိုင်သည့် ပြဿနာများစွာ ရှိနေသည်။

“ ခင်ဗျားတို့က ဟုန်မုန့်မှာ အသက်ရှင်နိုင်မှာလား”

“ ငါတို့တွက်ဆထားသလောက် အသက်ရှင်နိုင်ဖို့ အနည်းဆုံးလိုအပ်ချက်က ငါတို့ရဲ့ အဆင့်ပဲ” ရဝေက ပြန်ဖြေလိုက်လေသည်။

“ အဲ့ဒါဆိုရင်တော့ တော်သေးတာပေါ့။ ခင်ဗျားတို့ဆီမှာ ထွက်လမ်းအတွက် လမ်းကြောင်းများ ရှိနေလား”

...

All Chapters