ဒုတိယတောင်းဆိုချက်
Vol. 110 Ch. 1536
“ မဟုတ်ဘူး။ ငါတို့တွေ ထွက်လမ်းရှိတယ်ဆိုတာကိုတော့ သိတယ်” ဝမ်ဝေ့က အန်နန်စစ်ကို နောက်နေတာလားဟူသော အကြည့်မျိုးဖြင့် ကြည့်လိုက်လေသည်။
“ ငါတို့က ဒီမှာပိတ်မိနေတာဆိုတော့ သတင်းအချက်အလက်က အကန့်အသတ်ရှိတယ်” ရဝေက ညည်းတွားလိုက်သည်။
“ အမှန်ပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။
“ သေသေချာချာ စဉ်းစားကြည့်မယ်ဆိုရင်တော့ ထွက်လမ်းရှိတာကို သိမှာပါ”
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။
“ မဟာတာအိုက လေ့လာစောင့်ကြည့်သူရဲ့ သာလွန်မှုအပြီးမှာ ဟုန်မုန့်အကြောင်းကို သိခဲ့ရမှာပဲ။ သူမက သူ့ဘာသာသူ ထိန်းချုပ်ထားတယ်ဆိုရင်တောင် အဲဒီအပေါက်နဲ့ ပက်သက်ပြီး သိချင်စိတ်ဖြစ်နေမှာပဲ။ အဲ့ဒါကြောင့်သူမက အဲ့ဒီအကြောင်းကိုသိဖို့ စူးစမ်းလေ့လာလောက်တယ်။ သူမရဲ့ တည်ရှိမှုက ဟုန်မုန့်နဲ့ သက်ဆိုင်နေတာကို သတိမထားမိဘူးဆိုရင်ပေါ့”
“ အတိအကျပဲ။ သူမက ထွက်သွားနိုင်တယ်ဆိုတော့ မင်းလည်း အတူတူ လုပ်နိုင်တယ်။ ငါတို့အနေနဲ့ မင်းက ငါတို့ကို အပြင်ပို့ပေးဖို့ပဲ လိုအပ်တယ် ဒါမှမဟုတ်ဘူးဆိုရင်လဲ ငါတို့ရဲ့ တစ်စိတ်တစ်ပိုင်းပေါ့”
“ ကောင်းပြီလေ … ဒါက စိတ်ဝင်စားဖို့ကောင်းသားပဲ” ဝမ်ဝေ့က သူတို့ကို စိုက်ကြည့်ရင်း ပြန်ပြောလိုက်သည်။
“ ခင်ဗျားတို့ကို ကူညီဖို့က စိတ်ထဲမထားပါဘူး။ ဒါပေမဲ့ ကျုပ်က တန်ရာတန်ကြေးအနေနဲ့ ဘာပြန်ရမှာလဲ”
“ ငါတို့ရဲ့ ဝိညာဉ်သာလွန်ခြင်း နည်းလမ်းတွေကို ပေးနိုင်တယ်” ရဝေက ပြောလိုက်သည်။
“ ကျုပ်က ကျုပ်နဲ့သင့်တော်တဲ့ နည်းလမ်းတစ်ခု ရှိထားပြီးသား။ ခင်ဗျားတို့ရဲ့ နည်းလမ်းက အပေါ်ယံ နှမ်းဖြူးသလိုပဲ ဖြစ်နေမှာ” ဝမ်ဝေ့က ပြောလိုက်သည်။ သူ့စကားများက အားလုံးကို အံ့အားသင့်သွားစေ၏။ သူက ရှေ့ဆက်လျှောက်ရမည့် လမ်းစဉ် ရှိနေပြီဟု ပြောလာလျှင် အံ့အားသင့်မိမည် မဟုတ်ပေ။
ထိုသုံးယောက်က ခေတ်သစ်ကာလမှ ပြတ်လည်ဝင်စားသူတစ်ယောက်ဆီမှ ထိုသို့သောအနေအထားကို မျှော်လင့်ထားပြီးသား ဖြစ်၏။ သို့သော်လည်း ပြီးပြည့်စုံသည့် နည်းလမ်းတစ်ခု ရှိဖို့ရာအတွက်မူ ကွဲပြားပေသည်။
“ ငါတို့က ခန္ဓာသာလွန်ခြင်းနည်းလမ်းအတွက် တွက်ချက်မှုတွေ၊ ပြောင်းလဲမှုတွေအများကြီး လုပ်ထားပြီးပြီ။ ငါတို့ အဲ့ဒီသတင်းအချက်အလက်တွေပါ ထည့်ပြီးပေါင်းပေးမယ်” အန်နန်စစ်က ထပ်ပြောလိုက်သည်။
“ အခု ကျုပ်တို့ပြောနေတာက မလုံလောက်သေးဘူး”
“ ကြည့်ရတာ မင်းစိတ်ထဲမှာ တစ်ခုခုရှိနေတဲ့ပုံပဲ။ မင်းရဲ့ တောင်းဆိုချက်ကို ပြောလေ” ရဝေက ပြောလိုက်လေသည်။
“ ခင်ဗျားတို့တွေရဲ့ အရင် ကမ်းလှမ်းမှုတွေအပါအဝင် ကျုပ်က နောက်ထပ်တောင်းဆိုချက်နှစ်ခု ထပ်ထည့်ချင်တယ်”
ရဝေက ထိုကောင်လေး၏ လောဘကြောင့် ဆွံ့အမိသွားစဉ် အန်နန်စစ်ကမူ ပြုံးလိုက်မိသည်။ သို့သော်လည်း ထိုချဉ်းကပ်ရလွယ်ကူသည့် အပေါ်ယံအောက်တွင် မည်သည့်အရာတွေးနေသည်ကို မည်သူမှ သိနိုင်မည် မဟုတ်ချေ။
“ ဆက်ပြောလေ”
“ ခင်ဗျားက အသိဉာဏ်နတ်ဘုရားဆိုတော့ အနန္တစွမ်းရည်ရှိတယ်။ ဒါမှမဟုတ် အဲ့ဒါနဲ့တူညီတာမျိုးပေါ့” ဝမ်ဝေ့က ရေရွတ်လိုက်လေသည်။
“ တစ်ခြားနည်းနဲ့ပြောရမယ်ဆိုရင် ခင်ဗျားတို့နှစ်ယောက် ပိုင်ဆိုင်ထားတဲ့ အသိပညာက ပြိုင်ဘက်ကင်းတယ်။ ကျုပ်က အဲ့ဒါတွေအားလုံးကို လိုချင်တယ်” ဝမ်ဝေ့က သူ့အနာဂါတ်ဇနီးလောင်းလေးအကြောင်း တွေးမိသွားလေ၏။ သူမ၏ လမ်းစဉ်က ဗဟုသုတနှင့် ပက်သက်နေသည့်အတွက် သူမအတွက် တစ်စုံတစ်ခု ပေးလိုသည်။ သူကလဲ ထိုအရာမှ အကျိုးရရှိမည် ဖြစ်သည်။
“ ကံဆိုးတာက အဲ့လိုတော့ မဖြစ်နိုင်ဘူး။ အနည်းဆုံးတော့ အခုထိပေါ့” အန်နန်စစ်က ပြန်ဖြေလိုက်လေသည်။
“ ဘာလို့လဲ”
“ ငါတို့ပေးမဲ့တစ်ခုက သီးသန့်အနေနဲ့ ကာကွယ်ပေးထားတာ။ ဒါပေမဲ့ ငါတို့က ဗဟုသုတတွေအားလုံးကို ပေးရမယ်ဆိုရင် မင်းရဲ့ ကံကြမ္မာက သိပ္ပံနဲ့နည်းပညာကမ္ဘာလိုမျိုး အတူတူဖြစ်သွားလိမ့်မယ်” ရဝေက ရှင်းပြလိုက်လေသည်။
“ ဟုတ်တယ် အဲ့ဒီမဟာတာအိုက ဒီလိုမျိုး အားကောင်းတဲ့ ဗဟုသုတတွေနဲ့ ကျုပ်ကို ထွက်သွားခွင့်ပေးမှာတော့ မဟုတ်ဘူး။ ကျုပ်က ခင်ဗျားတို့လိုမျိုး မကာကွယ်နိုင်သရွေ့ပေါ့” ဝမ်ဝေ့က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ ဒါပေမဲ့ အဲ့လိုအရာမျိုးလုပ်ဖို့ မင်းကအခု အရမ်းကို အားနည်းနေသေးတယ်” အန်နန်စစ်က အတွေးကို အဆုံးသတ်ကာ ဝင်ပြောလိုက်လေသည်။
“ ကျုပ်က အဲ့ဒီတောင်းဆိုချက်ကို လိုချင်တုန်းပဲ။ ဒါပေမဲ့ ကျုပ် အားကောင်းလာတဲ့အခါမှ ပေးလို့ရတယ်” ဝမ်ဝေ့က ပြောလိုက်သည်။
“ အဲ့ဒါဆို ကိစ္စမရှိဘူး။ ဒုတိယတောင်းဆိုချက်က ဘာလဲ”
ဝမ်ဝေ့က အလေးအနက် ဖြစ်လာလေသည်။
“ ဒီနေရာက ကာကွယ်ထားလား”
“ မစိုးရိမ်နဲ့။ မဟာတာအိုတောင် ဒီနေရာကို ချောင်းကြည့်လို့မရဘူး”
ဟုန်ကျွင်းက ပြောလိုက်လေသည်။ သူက ဖန်ကူ၏ လက်ကျန်စွမ်းအားကို အသုံးပြုကာ ခရမ်းရောင်ကောင်းကင်နန်းဆောင်ကို ကာကွယ်ထားလေသည်။
“ကောင်းပြီလေ။ ကျုပ် မပြောခင် ဒါကိုကြားပြီးရင် ခင်ဗျားတို့ အလွန်အကြူးမတုံ့ပြန်ပါဘူးလို့ တည်ရှိမှုစာချုပ် ချုပ်ဆိုရမယ်”
“ တကယ်ကြီးလား မဟုတ်သေးပါဘူး။ မင်းက တကယ်ကြီးကို လေးလေးနက်နက် ပြောနေတာပဲ” ရဝေက ပြောလိုက်လေသည်။
“ မင်းက ငါတို့ကို လွန်လွန်ကြူးကြူး မတုန့်ပြန်စေချင်တာလား”
“ ဟုတ်တယ်။ ပြီးတော့ အဲ့ဒါက အရှင်ဟုန်ကျွင်းလဲ အတူတူပဲ”
“ ငါရောလား … ကောင်းပြီလေ ကိစ္စတွေက ပိုပြီးတော့ စိတ်ဝင်စားဖို့ ကောင်းလာတာပဲ”
ဟုန်ကျွင်းက ပြောပြီးသည့်နောက်တွင် စာချုပ်ကို လက်မှတ်ရေးထိုးလိုက်လေသည်။ ဝမ်ဝေ့က သူတို့အား နားထောင်ပြီး မတိုက်ခိုက်ဖို့ရာသာ လိုချင်သည့်အတွက် ရိုးရှင်းလှပေသည်။ အားလုံးက လက်မှတ်ရေးထိုးပြီးသည့်နောက်တွင် ဝမ်ဝေ့က အံ့ဖွယ်အသိစိတ်မှတစ်ဆင့် ပြောပြလိုက်လေ၏။
သူတို့၏ အမူအရာများက ပြောင်းလဲသွားလေသည်။ ထို့နောက် ထိုသုံးယောက်သားက သူတို့၏ အရှိန်အဝါများကို မတော်တဆထုတ်ဖော်မိသွား၍ ဝမ်ဝေ့၏ ပုံရိပ်ယောင်ကို ချေမွလုနီးပါး ဖြစ်သွားလေသည်။ တကယ်တော့ ဟုန်ကျွင်း၏ ခရမ်းရောင် ကောင်းကင်နန်းဆောင်၏ ကာကွယ်မှုကြောင့်သာ မဟုတ်လျှင် ထိုအရှိန်အဝါက လွတ်ထွက်သွားပြီး သမိုင်းမတိုင်မီကမ္ဘာတစ်ခုလုံးကို ဖရိုဖရဲ ဖြစ်သွားစေလိမ့်မည်။
“ မင်း …..” ရဝေက ပြောလိုက်သည်။
“ ဒါက ငါတို့အတွက် တားမြစ်ခေါင်းစဉ်တစ်ခုပဲ” အန်နန်စစ်က မသာမယာဖြင့် ပြောလိုက်လေ၏။
“ အဲ့ဒါက ကျုပ်ရဲ့ တောင်းဆိုချက်ပဲ။ လက်ခံချင် လက်ခံ … လက်မခံရင် အပေးအယူမဖြစ်ဘူး” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည်။ ဟုန်ကျွင်းက အဖန်ရည်တစ်အိုးကို ဆင့်ခေါ်ပြီး စိတ်တည်ငြိမ်အောင် သောက်လိုက်ရသည်။
“ တစ်ခါတလေမှာ ဉာဏ်အရမ်းကောင်းတာက ကိစ္စကောင်းတစ်ခုတော့ မဟုတ်ဘူး” သူက သတိပေးလိုက်သည်။
“ ကျုပ်က ဗဟုသုတ များပြားလွန်းတာရဲ့ ဝန်ထုပ်ဝန်ပိုးကို ကောင်းကောင်းသိပါတယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်လေ၏။
“ ကြည့်ရတာ ငါတို့က သူတို့ကို ဖျောင်းဖျနိုင်မှ ဖျောင်းဖျနိုင်လိမ့်မယ်”
အန်နန်စစ်က ပြောလိုက်လေသည်။
“ မင်း တကယ်ကြီး ပြောနေတာလား” ရဝေက မေးလိုက်၏။
“ တစ်ခါတလေ ကိစ္စတွေက စောစောစီးစီး ရင်ဆိုင်ရတာနဲ့ နောက်မှရင်ဆိုင်ရတာပဲ ကွာတာလေ” အန်နန်စစ်က သက်ပြင်းချလိုက်လေသည်။
“ ကျုပ်လဲ အဲ့ဒါကို နားလည်ထားတယ်။ အနည်းဆုံးတော့ ကြိုးစားကြည့်သင့်တာပေါ့” ဝမ်ဝေ့က ပြောလိုက်လေသည်။
သုံးယောက်သားက ညည်းတွားလိုက်ကြ၏။
“ ကောင်းပြီလေ”
အန်နန်စစ်က အရင်ဦးစွာ ပြောလာလေသည်။ သို့သော်လည်း တခြားသူများက စဉ်းစားနေကြသေးသည်။
“ ငါတို့လွတ်မြောက်တာနဲ့ ဒီမသက်မသာ အမှန်တရားကို ရင်ဆိုင်ရမှာပဲလေ” အန်နန်စစ်က ထောက်ပြလိုက်သည်။
“ဟုန်ကျွင်းက စောင့်နိုင်သေးတယ်။ ဒါပေမဲ့ မလွတ်မြောက်နိုင်ဘူး။ အဲ့ဆိုတော့ သူ့ကို ကူညီဖို့ ကြိုးစားကြည့်သင့်တယ်။ ပြီးတော့ သူက နောက်ထပ်အပြောင်းအလဲတစ်ခုလဲ ဖြစ်လာနိုင်တယ်”
“ ကောင်းပြီလေ” ရဝေက သူ့ကံကြမ္မာကို လက်ခံလိုက်လေသည်။ ဟုန်ကျွင်းကမူ ခေါင်းညိတ်လိုက်လေ၏။
“ ကောင်းပြီလေ စလိုက်ကြရအောင်” ဝမ်ဝေ့ကပြုံးလိုက်ပြီး ဟုန်ကျွင်းက စာချုပ်ကို ဖွဲ့စည်းကာ ဝမ်ဝေ့က ဖတ်ရှုလိုက်လေသည်။ ထို့နောက် သူက ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်မိသွားလေသည်။
“ ကျုပ်က အားလုံးရဲ့ အကူအညီလိုတာ ခင်ဗျားတို့သုံးယောက်ထဲ မဟုတ်ဘူး”
“ မင်း လွန်သွားပြီ” ရဝေက ဝင်ပြောလိုက်လေသည်။
“ ခင်ဗျားတို့သုံးယောက်ထဲနဲ့ အကူအညီက ဘယ်လောက်ဖြစ်မှာမို့လို့လဲ။ ပြီးတော့ ခင်ဗျားတို့တွေက သူတို့နဲ့တစ်သားတည်း တည်ရှိနေတယ်လို့ အာမခံချက်လဲ မရှိဘူးလေ”
ဝမ်ဝေ့၏ တောင်းဆိုချက်က အတော်လေး ပြင်းလှသည်။ တကယ်တော့ သူကိုယ်တိုင်ပင် မည်မျှဖြစ်နိုင်ချေရှိမှန်း မသေချာပေ။ ထိုအတွေးအခေါ်က သူ့စိတ်ထဲ ပေါ်ထွက်လာပြီး သူ့အလိုလိုသိစိတ်က ထိုအရာသည် သူ့အစစ်အမှန် ထူးကဲသာလွန်မှုအတွက် လမ်းစဉ်ထက် ပိုအရေးကြီးနိုင်ကြောင်း ပြောပြနေလေ၏။
“ တခြားသူတွေကိုတော့ စာချုပ်လက်မှတ်ထိုးဖို့ ဖိအားပေးလို့ မရဘူးလေ” အန်နန်စစ်က ဝင်ပြောလိုက်သည်။
“ အဲ့ဒါဆိုရင် ခင်ဗျားတစ်ယောက်ထဲ လွတ်မြောက်မှာလို့ ရိုးရိုးသားသားပြောရဲလား။ တခြားသူတွေကို ခင်ဗျားနဲ့ ခေါ်မသွားပါဘူးလို့လေ” ဝမ်ဝေ့က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“ သူတို့က ငါ့ရဲ့အပြုအမူကနေ အကျိုးကျေးဇူး ရနိုင်တယ်ဆိုတော့ သူတို့ကလဲ အကူအညီ ပေးသင့်တာပေါ့”
အန်နန်စစ်နဲ့ ရဝေက အချင်းချင်း ကြည့်လိုက်ကြပြီး စိတ်ထဲမှတစ်ဆင့် ဆက်သွယ်လိုက်ကြ၏။
“ ကောင်းပြီလေ မင်း နိုင်တယ်”
သူတို့က လူများစွာဆီ စာချွန်လွှာများကို ပို့လွှတ်လိုက်ကြ၏။ ဟုန်ကျွင်း၏ တပည့်များ၊ သူတို့၏ မျိုးဆက်များနှင့် အရင်းနှီးဆုံးမိတ်ဆွေများအပါအဝင် အန်နန်စစ်၊ ရဝေတို့၏ လူများနှင့် တခြားသော ကမ္ဘာမြေနှင့် ဆက်နွယ်မှုရှိထားသော အားကောင်းသည့်လူများအထိ အပါအဝင် ဖြစ်ပေသည်။ ထိုလူအားလုံးက စာချွန်ကို လက်ခံရရှိ၏။
သူတို့က အစပိုင်းတွင် ထိုသူသုံးယောက်နှင့် တူညီသော တုန့်ပြန်မှုမျိုး ရှိခဲ့ကြပြီး အံကြိတ်လျက် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ သို့သော်လည်း လူအများစုကမူ တည်ရှိမှုကပ်ဘေးကို ဖြေရှင်းဖို့ရာအတွက် ထိုတွေ့ဆုံမှုအကြောင်း မှတ်ဉာဏ်များကို ချိတ်ပိတ်ခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
ဝမ်ဝေ့က နာမည်ရာချီပေါင်း ပါဝင်သည့် စာချုပ်တစ်ခုကို လက်ခံရရှိခဲ့သည်။ ပြီးနောက်တွင် ထိုသူအားလုံးက ဒဏ္ဍာရီလာဇာတ်ကြောင်းများနှင့် ဘာသာရေးဆိုင်ရာအကြောင်းများမှ အကောင်ကြီးကြီးများ ဖြစ်နေလေ၏။
သူက အဆုံးသတ်ပြီးသည့်နောက်တွင် သူ့နာမည်ကို ရေးထိုးလိုက်သည်။
ပုံရိပ်ယောင်တစ်ခုအနေဖြင့်ပင် ဖြစ်စဉ်က သူ့တည်ရှိမှုနှင့် ဆက်နွယ်နေသည့်အတွက် လက်မှတ်ရေးထိုး၍ ရပေသည်။
“ ခင်ဗျားတို့အားလုံးနဲ့ အတူပူးပေါင်းလုပ်ရတဲ့အတွက် ဝမ်းသာပါတယ်” ဝမ်ဝေ့က လက်ဆွဲနှုတ်ဆက်ဖို့ လက်ကို ဆန့်ထုတ်လိုက်သော်လည်း အားလုံးကမူ သူ့အား စွေစောင်းကာ ကြည့်လိုက်ကြလေသည်။
“ အဲ့လိုကြီး ကြည့်ဖို့ မလိုပါဘူး” သူက ရေရွတ်လိုက်၏။
ရဝေက အေးစက်စက် အသံတစ်ချက် ပေးပြီးသည့်နောက်တွင် ထွက်ခွာသွားလေသည်။ ထို့နောက် ရွှေရောင်အလင်းတောက်ပနေသည့် အဆောင်တစ်ခုကိုသာ ချန်ထားခဲ့လေ၏။
အန်နန်စစ်ကမူ သက်ပြင်းချလိုက်လေသည်။
“ ငါကတော့ တခြားဘက်မှာရှိတယ်။ အဲ့ဒီအပြောင်းအလဲကိုလဲ စောင့်ကြည့်နေမယ်”
သူက ခေါင်းရမ်းပြီးနောက် ထွက်ခွာသွားပြီး အဆောင်တစ်ခုကို ချန်ထားခဲ့လေသည်။
ဝမ်ဝေ့က မလုံမလဲ ပြုံးမိသည့်နောက်တွင် ထိုအဆောင်များကို လက်ခံယူလိုက်ပြီး အချက်အလက်များကို စစ်ဆေးကြည့်လိုက်သည်။
ထို့နောက် သူက ဆိုးရွားလှသည့် ခေါင်းကိုက်မှုမျိုးကို ခံစားမိလိုက်သည်။ နာကျင်မှုက ပြင်းထန်လွန်းသည့်အတွက် သူယခင်က တွေ့ကြုံခံစားဖူးသည့်အရာမျိုးနှင့် မတူညီပေ။
“ နှမြောစရာပဲ”
သူက ညည်းတွားကာ ရေရွတ်လိုက်လေသည်။ ယခုသူက သူ့စိတ်ထဲတွင် ဝိညာဉ်သာလွန်ခြင်းနည်းလမ်း နှစ်ခုရှိနေသလို သူ့ခန္ဓာကိုယ် သာလွန်ခြင်းနည်းလမ်းအတွက်လဲ ခြောက်ဆယ်ရာခိုင်နှုန်းအထိ ဗဟုသုတများ ရရှိသွားပြီ ဖြစ်၏။
ဝမ်ချုံးကတော့ ဒီသတင်းအချက်အလက်တွေကို သဘောကျမှာ သေချာတယ် …
ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက ထိုသူသည် ကျင့်ကြံရာမှ ထွက်လာပြီလား မသိသေးသော်လည်း ထိုသတင်းအချက်အလက်ဖြင့် သူ့အား မြန်မြန်ပြန်လာဖို့ရာ မျှော်လင့်နေမိသည်။
“ အခု မင်းရဲ့ မိဘတွေကို တွေ့ချင်လား” ဟုန်ကျွင်းက မေးလိုက်သည်။
“ အရှင်ဟုန်ကျွင်း ခင်ဗျားကတောင် ကျုပ်ကို မကြိုဆိုတော့ဘူးပဲ” ဝမ်ဝေ့က ပြောလိုက်လေသည်။ သူက ထိုသူ၏ အရိပ်အမြွက်ကို ခံစားမိလိုက်၏။ သို့သော်လည်း သူက မေးလိုသည့် မေးခွန်းများစွာ ရှိနေသေးသည်။ ဟုန်ကျွင်းက ရှုံ့မဲ့သွားလေ၏။ သူက ထိုသူအား သူ့တပည့်အဖြစ် လက်ခံဖို့အတွေးအား ငြင်းဆန်ခဲ့သည့်အတွက် ဝမ်းသာနေမိ၏။ ထိုသို့သော အကြောင်းနှင့်အကျိုး သက်ရောက်မှုမျိုးက သူ့တိုတောင်းလှသည့် အသက်ကလေး တောင့်ခံနိုင်သည့်အရာမျိုး မဟုတ်ပေ။
“ အဲ့ဒါဆိုတော့ မတွေ့ချင်ဘူးလား” ဟုန်ကျွင်းက မေးလိုက်လေသည်။
“ အခု သူတို့နဲ့တွေ့ဖို့ အချိန်မဟုတ်သေးဘူး” ဝမ်ဝေ့က အမှန်အတိုင်း ဝန်ခံလိုက်လေ၏။ သူ့ ဝိညာဉ်သာလွန်ခြင်းနည်းလမ်းက သူ့အတိတ်ကိုယ်ကို ဖွဲ့စည်းဖို့ရာအတွက် လိုအပ်နေလေသည်။ ထို့ကြောင့် သူ့မိဘများနှင့်တွေ့ဖို့ အချိန်တစ်ခု ရှိလာလိမ့်မည်။
“ ဒီလိုဆိုရင် ….”
“ ခဏနေပါဦး ခင်ဗျားရဲ့ သာလွန်ခြင်းနည်းလမ်းကို မျှဝေရင်ရော ဘယ်လိုလဲ။ အန္တိမသဟဇာတက ချိတ်ပိတ်ထားတယ် ဆိုပေမဲ့လဲ သူက ပြဿနာတစ်ခု ဖြစ်နေတုန်းပဲလေ။ ခင်ဗျားရဲ့ နည်းလမ်းကနေပြီးတော့ သူ့ကို ဖြေရှင်းဖို့ကို နည်းလမ်းရှာတွေ့နိုင်တယ်”
ဟုန်ကျွင်းက သူ့ကို စိုက်ကြည့်လိုက်လေ၏။
ဒီကောင်လေးရဲ့ အရှက်မဲ့မှုက သူ့တပည့်ကျွန်းထီထက်တောင် သာနေသေးတယ်။
“ ကောင်းပြီလေ ငါတို့တွေ လဲလှယ်ရင်ရော ဘယ်လိုလဲ။ ငါက မင်းရဲ့ ပြစ်ချက်ရှိ နည်းလမ်းကို သုံးမယ်”
“ ဘာလို့ ပြီးပြည့်စုံတဲ့ နည်းလမ်းကို မသုံးတာလဲ”
“ ငါ့ရဲ့နည်းလမ်းက စကြဝဠာသုံးလေ … ဆိုလိုတာက အဲ့ဒါက အဖိုးတန်တယ်”
“ ကျုပ်ရဲ့ဟာကလဲ စကြဝဠာသုံးပါပဲ။ ဒါပေမဲ့ ခင်ဗျားက အရင်းအမြစ်ဟွင်သွမ်းကမ္ဘာ လိုအပ်တယ်လေ” ဝမ်ဝေ့က တုန့်ပြန်လိုက်သည်။
“ ငါ့ရဲ့ဟာကို တင်းကြပ်တဲ့ တားမြစ်ချက်တွေ မရှိပဲ ကျင့်ကြံနိုင်တယ်။ မင်းရဲ့ဟာကရော တင်းကြပ်တဲ့ဟာမျိုး မရှိပဲ နေပါ့မလား”
“ ခင်ဗျားက အချိန်တာအိုမှာ အောင်မြင်မှုတစ်ချို့ ရှိထားဖို့ပဲ လိုအပ်တယ်”
ဟုန်ကျွင်းက ရယ်မောရင်း သူ့ကို စိုက်ကြည့်လိုက်လေသည်။
“ ကောင်းပြီလေ။ ခင်ဗျားနိုင်တယ် ဒါပေမဲ့ မေးခွန်းတစ်ခု မေးပါရစေဦး။ ခင်ဗျားရဲ့ နည်းလမ်းက အလောင်းသုံးခုနည်းစနစ်ကို သုံးထားတာလား”
“ အဲ့ဒါက နည်းစနစ်ရဲ့ အနှစ်သာရပဲ” ဟုန်ကျွင်းက ဝန်ခံလိုက်လေသည်။
“ ကောင်းပြီလေ အဲ့ဒါဆိုရင် ကျုပ်တို့တွေ အလဲအလှယ် လုပ်မယ်” ဝမ်ဝေ့က ပြောလိုက်လေသည်။ အလောင်းသုံးခုဟူသော အဓိပ္ပာယ်က ကောင်းခြင်း၊ မိစ္ဆာနှင့်အစွဲအလမ်းတို့ကို ခွဲခြားပြီး သူ့အတိတ်ကိုယ်၊ ပစ္စုပ္ပန်ကိုယ်၊ အနာဂါတ်ကိုယ်အတွက် ပြီးပြည့်စုံစွာ သင့်တော်စေလိမ့်မည်။