← Chapters

ရွှေရောင်ကျင့်ကြံဂြိုလ်

Vol. 60 Ch. 823

ရွှေရောင်ကျင့်ကြံဂြိုလ်

Vol. 60 Ch. 823

စုမင်က ရွှေရောင်အလင်းတန်းပင်လယ်ထဲမှာ ရှိနေချိန် သူ့မျက်လုံးများက ဖျတ်ခနဲတောက်ပလာသည်။ သူက အဝေးရှိကျင့်ကြံဂြိုလ်ကို သေချာကြည့်လိုက်ပြီး ထိုဂြိုလ်ကနေပျံ့နှံ့လာသည့်ကြီးမားသောဖိအားကြောင့်

ရူးသွပ်မှုအပြင် စိတ်လှုပ်ရှားမှုကိုလဲ ခံစားလိုက်ရသည်။ ထို့အပြင် အပြင်လူများ၏ခြေလှမ်းများကို တုံ့ခနဲရပ်တန့်သွားစေနိုင်သောသတ်ဖြတ်လိုစိတ်တစ်ခုလဲ ရှိနေသည်။

“ထွက်သွားစမ်းးးး...”

စုမင် ဂြိုလ်နားသို့နီးကပ်လာစဉ် မိုးကြိုးပစ်သံကဲ့သို့ကျယ်လောင်သောဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

ထို့ပြင်ပေါက်ကွဲသံများက လေထုထဲမှာ ပဲ့တင်ထပ်သွားပြီး ရွှေရောင်အလင်းတန်းပင်လယ်ကြီးက ချက်ချင်းပင်တုန်ခါလာသည်။ ထို့နောက် ၎င်းက ဟိန်းဟောက်ကာ စုမင်ကို ငြင်းပယ်နေသည့်ကြီးမား

သောစွမ်းအားဖြစ်၏။ ထိအသံကနေ ထွက်ပေါ်လာသည့် သတ်ဖြတ်လိုစိတ်က မြင်သူတိုင်းကို သေမင်းနှင့်ရင်ဆိုင်ရသလို ခံစားစေရုံသာမက သူတို့၏နှလုံးသားကို တုန်လှုပ်သွားစေသည်။

စုမင်က သူ့လှုပ်ရှားမှုကို ချက်ချင်း ရပ်တန့်လိုက်သည်။ သူ့နှလုံးသားက တုန်ရီသွားပြီး သူ့ခေါင်းထဲမှာ ကျယ်လောင်သောပေါက်ကွဲသံတစ်ခု ပဲ့တင်ထပ်လာသည်။ ထိုအသံထဲမှာ စိတ်ဆန္ဒတစ်ခုရှိလေ၏။ ထိုဆန္ဒက အရမ်းကြီးမားတာကြောင့် သူ မလိုက်နာလျှင် သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ် ပျက်စီးသွားလိမ့်မည်ဟု ထင်ရသည်။

“ဒါဆို ကျောက်တိုင်ကိုပေတစ်သန်းထိ ရောက်အောင်လုပ်နိုင်သူတွေရဲ့ စမ်းသပ်မှုက ဒါပဲလား”

စုမင်၏အမူအရာက အလွန်တည်ငြိမ်နေလေသည်။ သူက အဝေးရှိ ကျင့်ကြံခြင်းဂြိုလ်ကို စိုက်ကြည့်နေပြီး ခဏအကြာတွင် ကြွေကျသောကြယ်တစ်ပွင့်လို

အရှိန်အဟုန်ဖြင့် ပြေးထွက်သွားလေသည်။

သူက ရွှေရောင်အလင်းတန်းပင်လယ်ကြီးထဲမှာ အရမ်းမြန်ဆန်စွာ မလှုပ်ရှားနိုင်ပေ။ ကြီးမားသောဖိအားက ရုပ်ပိုင်းဆိုင်ရာအသွင်ပိုင်ဆိုင်ထားသလို ခံစားရလေသည်။ သူ့ခန္ဓာကိုယ်မှာ အက်ကွဲကြောင်းများ ပေါ်လာလေသည်။ သူ၏အဆင့်မြင့်ခန္ဓာကိုယ်နှင့်တောင် ထိုစွမ်းအားကို အံ့တုရန် ခဲယဉ်းလေသည်။

“ငါ့ရှေ့က ကျင့်ကြံဂြိုလ်မှာ ဘယ်သူရှိနေတာလဲ.. ဖိအားတစ်ခုတည်းနဲ့တောင် ငါ့ကို ဒီလိုဖြစ်အောင် လုပ်နိုင်တယ်..ဒါဆို အဲဒီလူရဲ့ ကျင့်ကြံမှုအဆင့်က...”

စုမင်က ထိုစမ်းသပ်မှုရှေ့မှာ လူအများကြီး ကျရှုံးခဲ့ရသည့်အကြောင်းရင်းကို နားလည်သွားလေသည်။

အချိန်များက တဖြည်းဖြည်းကုန်ဆုံးသွား၏။ စုမင်က ရှေ့ကိုတိုးနေရင်း ပို၍နှေးကွေးလာသည်။ သူ့ခန္ဓာကိုယ်က ဖိအားဒါဏ်ကို မခံနိုင်သောကြောင့် သူ့ခန္ဓာကိုယ်ကနေ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ပြင်းထန်သောဖိအားအောက်မှာ သူ့အရေပြားက ကွဲအက်သွားပြီး သူ့ကိုယ်တွင်းအင်္ဂါများကလဲ ပျက်စီးလုနီးပါးဖြစ်သွားသည်။

အစွမ်းထက်သောခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသောစုမင်တောင်မှ ထိုကဲ့သို့ကြုံတွေ့ခဲ့ရသည်။ အခြားလူတစ်ယောက်ဆိုလျှင် ထိုဖိအားကို ကြာကြာမခံနိုင်လောက်ပေ။ တဖက်မှာလဲ စုမင်တွင် လုံလောက်သောစွမ်းအားမရှိသေးပေ။ သူ့မှာ စွမ်းအားအလုံအလောက်ရှိလျှင် သူ့ကျင့်ကြံစွမ်းအားကိုဖြန့်ကျက်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်နိုင်လိမ့်မည်။ ထို့အပြင် သူ့ခန္ဓာကိုယ်ကို ပို၍လျင်မြန်စွာ ရွေ့လျားနိုင်လိမ့်မည်။

ခဏအကြာတွင် စုမင်က ရှေ့ဆက်မတိုးနိုင်သောကြောင့် ရပ်တန့်လိုက်ရသည်။

သူ့ပါးစပ်ထောင့်မှ သွေးများစီးကျလာပြီး သူ့မျက်လုံးများက နီရဲတွတ်နေပြီး ကျင့်ကြံဂြိုလ်ကို စိုက်ကြည့်နေလေသည်။

ယခုအချိန်ထိ သူက ဂြိုလ်နှင့်ပေထောင်ပေါင်းများစွာအကွာတွင် ရှိနေလေသည်။နဂါးငွေ့တန်းထဲတွင် ထိုအကွာအဝေးက ဝေးကွာသည်ဟု မတွက်ဆနိိုင် ပေ။ တွေးကြည့်လျှင် စုမင်က ဂြိုလ်နှင့်အရမ်းနီးကပ်လာပြီဖြစ်သည်။

“ဒါက ငါ့ရဲ့ကန့်သတ်ချက်ပဲ..ငါ့ရဲ့ကျင့်ကြံစွမ်းအား.. ငါ့ခန္ဓာကိုယ်ရဲ့စွမ်းအားနဲ့ဆိုရင် ဒါက ငါသွားနိုင်တဲ့အကွာအဝေးပဲ..အထူးနည်းလမ်းတစ်ခုခုကိုမသုံးရင် ဒီနေရာမှာပဲရပ်ရတော့မှာ..ပြီးတော့ ငါ့ရဲ့အထိမ်းအမှတ်ကျောက်တိုင်ကို ပေတစ်သန်းအထိ ရောက်အောင် လုပ်လို့မရတော့ဘူး..”

စုမင်က သူ့ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သည်။ ထိုအချိန်မှာ သူ့ပုံစံက အရမ်းသနားစရာကောင်းနေလေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး အက်ကွဲရာ..သွေးစွန်းနေသောဒါဏ်ရာများနှင့်ပြည့်နှက်နေလေသည်။ သူ့ခေါင်းမော့လိုက်သောအခါ သူ့မျက်လုံးထဲက မှော်သင်္ကေတများက ရုတ်တရက်လင်းလက်လာသည်။

စုမင်က သူ့ဘယ်ဘက်လက်ကို မြှောက်ပြီး ညာဘက်မျက်လုံးကို ဖိထားလိုက်သည်။

ထိုအရာက မှော်သင်္ကေတများကို အသုံးပြုသောနည်းလမ်းဖြစ်ပြီး နှစ်ခြောက်ဆယ်ကာလအတွင်း သူ့ဘာသာ နားလည်လာခဲ့သည်။ ထိုစဉ် စုမင်၏ညာမျက်လုံးမှ မှော်သင်္ကေတများက ချက်ချင်းပေါက်ကွဲထွက်လာသည်။

မှော်သင်္ကေတတစ်ထောင်နီးပါး ပေါက်ကွဲသံနှင့်အတူ ထွက်ပေါ်လာပြီး စုမင်၏ပတ်လည်မှာ လျင်မြန်စွာ လှည့်ပတ်နေသည်။ သူက မှော်သင်္ကေတမုန်တိုင်း ၏အလယ်မှာရှိနေသလိုခံစားရလေသည်။ ထိုမှော်သင်္ကေတကြောင့် စုမင်ပေါ်က ကြီးမားသောဖိအားများက အနည်းငယ်လျော့ကျသွားသည်။

စုမင်က တွန့်ဆုတ်ခြင်းမရှိဘဲ ရှေ့သို့တစ်ဟုန်ထိုးပြေးသွားလေသည်။ အမွှေးတစ်တိုင်စာအချိန်ကြာသည့်အထိ စုမင်က ကျင့်ကြံဂြိုလ်နားသို့သွားနေခဲ့သည်။

ထိုအချိန်တွင် သူ့ပတ်ပတ်လည်က မှော်

သင်္ကေတများက ပြင်းထန်စွာ တုန်ခါလာပြီး မှော်သင်္ကေတတချို့က ဖျက်ဆီးခံလိုက်ရသည်။ ကံကောင်းထောက်မစွာနှင့်

မှော်သင်္ကေတများအတွက် ဖျက်ဆီးခံရခြင်းနှင့်ပျောက်ကွယ်သွားခြင်းက မတူညီပေ။ ၎င်းတို့က တောက်ပသောအလင်းတန်းအဖြစ်ပြောင်းလဲသွားပြီး အခြားသက်ေတများကို ချက်ချင်း စုပ်ယူရင်း ပို၍တောက်ပလာသည်။

စုမင်က ကျယ်လောင်စွာဟိန်းဟောက်ရင်း ရှေ့သို့ဆက်လက်အရှိန်တင်ခဲ့သည်။

သူ့ပတ်လည်က အချိန်စီးဆင်းမှုကို မေ့မေ့ပျောက်ပျောက်ဖြစ်နေခဲ့သည်။ သူ့ခေါင်းထဲမှာ တစ်ခုတည်းသောအတွေးက ထိုကျင့်ကြံဂြိုလ်ပေါ် ဆင်းသက်ရန်ဖြစ်၏။ စုမင်အနေဖြင့် ထိုကျင့်ကြံဂြိုလ်ပေါ် ခြေမချနိုင်တာ မဖြစ်သင့်သောကိစ္စပင်ဖြစ်သည်။

“ကျောက်တိုင်ကို ပေတစ်သန်းအထိရောက်အောင်လုပ်ရင်းသေသွားတဲ့သူကိုတော့ မမြင်ဖူးဘူး..ဆိုလိုတာက ဒီစမ်းသပ်မှုက အန္တရာယ်များပုံရပေမဲ့ တကယ်မသေနိုင်ဘူး...ဒါဆိုရင် ငါအစွမ်းကုန်ကြိုးစားရမယ်..”

စုမင်က ခေါင်း‌မော့ကာ ဟိန်းဟောက်လိုက်သည်။ သူက ပိုမြန်သောအရှိန်နှုန်းဖြင့် ရှေ့သို့ တိုးဝင်သွားသည်။ သူ့ပတ်လည်က မှော်သင်္ကေတများက အက်ကွဲသွားသည်။ ကျန်သောမှော်သင်္ကေတများက ပို၍လင်းလက်လာသည်။

ထို့အပြင် စုမင်၏ခန္ဓာကိုယ်ကလဲ ရှေ့ကို တိုးရင်း ပို၍ကွဲအက်လာသည်။ သူ့လက်မောင်းမှာ စုတ်ပြဲနေသောဒါဏ်ရာများစွာရှိပြီး အရိုးများပါ ပေါ်လာသည်။ ထိုအရိုးများကလဲ ပြင်းထန်သောဖိအားကြောင့် အက်ကွဲလာသည်။

ထိုနေရာ၌ သူခံစားရသောဝေဒနာက အပြင်လောကမှာတွေ့ကြုံခဲ့ရသည့်ထက် ပို၍ပြင်းထန်လေသည်။ ထိုနာကျင်မှုက သူ့နှလုံးသားနှင့်ဝိညာဉ်ကို ထိုးနှက်နေခဲ့သော်လည်း သူ့ရူးသွပ်မှုကိုတော့ မဖိနှိမ်နိုင်ပေ။

စုမင်၏စရိုက်က အခြားသူများတွင်မြင်ရခက်သော ဇွဲ့လုံ့လနှင့်ခိုင်မာသောစိတ်ပိုင်းဖြတ်မှုများ ရှိနေလေသည်။ ထိုကဲ့သို့ခိုင်မာသောဆုံးဖြတ်ချက်မျိုးမရှိလျှင် သူ့အသက်လမ်းစဉ်ကို ဆောင်း..ဆောင်းဦး..နွေ..နွေဦးရာသီအဖြစ် မည်ကဲ့သို့သတ်မှတ်နိုင်မည်နည်း။ သေခြင်းမှ အသက်ရှင်ခြင်းသို့ မည်သို့ရွေ့လျားနိုင်မည်နည်း။ သူ့ဘဝတစ်လျှောက်လုံး ကံကြမ္မာကို မည်သို့ဆန့်ကျင်နိုင်မည်နည်း။ မာန်ပြည်ထောင်ရှိအရာအားလုံးမှာ တိထျန်း၏အစီအစဉ်ဖြစ်၏။ သူက မူလက အလောင်းတစ်လောင်းသာဖြစ်ကြောင်း သိရှိပြီးနောက်မှာတောင် စိတ်ဓါတ်ကြံ့ခိုင်နေသေးသည်။

ထိုအရာအားလုံးက စုမင်၏စိတ်ပိုင်းဖြတ်မှုကြောင့် ရရှိလာသောအသီးအပွင့်များဖြစ်၏။ အမှန်တော့ သူက ခေါင်းမာတတ်သေးသည်။

“ဗုန်းးးး...”

စုမင်၏ပတ်ပတ်လည်မှာ မှော်သင်္ကေတ ကိုးခုပဲ ကျန်တော့သည်။ ‌တစ်ခုချင်းစီမှာ ပေတစ်ထောင်လောက် ကြီးမားပြီးလျင်မြန်စွာ လည်ပတ်နေကြသည်။ ထို့နောက် စုမင်၏ခြေထောက်များ ပျောက်ကွယ်သွား၏။ သူ့အသွေးအသား၊ အရိုးများ ‌မရှိတော့ပြီ။ သူ့လက်မောင်းများသာ ကျန်တော့သည်။ သူ့ခန္ဓာကိုယ် အများစု ပုပ်ပွသွားပြီး သင်္ချိုင်းထဲက တွားထွက်လာသော အလောင်းလိုဖြစ်နေသည်။

သူက အလွန်ကြောက်စရာကောင်းပြီး သူ့မျက်လုံးထဲက ရူးသွပ်မှုနှင့်စိတ်ပိုင်းဖြတ်မှုကြောင့် မြင်သူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေမည်ဖြစ်၏။

“ဗုန်းးးးးးး..”

မှော်သင်္ကေတရှစ်ခုသာ ကျန်တော့သည်။

“ဗုန်းးးးးးး..”

မှော်သင်္ကေတခုနစ်ခုသာ ကျန်တော့သည်။

ကျယ်လောင်သော ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ပေါက်ကွဲသံတစ်ခုစီမှာ သင်္ကေတတစ်စုစီထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ပေါက်ကွဲသံများစွာ ထွက်ပေါ်လာပြီးနောက် သူ့ဘေးတွင် မှော်သင်္ကေတသုံးခုသာ ကျန်တော့သည်။

ထိုမှော်သင်္ကေတသုံးခုစလုံးက ပေထောင်ပေါင်းများစွာ ကြီးမားကြသည်။ ၎င်းတို့က စုမင်ပတ်လည်တွင်ရှိနေပြီး သူ့ကို ဆက်လက်ကာကွယ်ပေးနေကြသည်။

စုမင်၏ဦးခေါင်းခွံပေါ်တွင် အသွေးအသားများ မရှိတော့ပေ။ ထိုအချိန်တွင် သူ့ခန္ဓာကိုယ်ပေါ်ရှိ အသား သို့မဟုတ် သွေးထက် အရိုးများကို မြင်နိုင်သည်။ သူက ရှေ့သို့ ဆက်လက်ရွေ့လျားနေဆဲဖြစ်သော အရိုးစုတစ်ခုကဲ့သို့ ထင်ရသည်။ သူ့မျက်လုံးများရှိ အလင်းရောင်သည် ပို၍ပင် တောက်ပလာသည်။ သူက ရူးသွပ်မှုမှ မွေးဖွားလာသော မီးတောက်ကဲ့သို့ထင်ရလေသည်။

ပေါက်ကွဲသံများ တစ်ဖန် ထွက်ပေါ်လာပြန်သည်။ ယခုတစ်ကြိမ်တွင် မှော်သင်္ကေတနှစ်ခုက တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားပြီး တစ်ခုတည်းသာ ကျန်ရှိတော့သည်။ ၎င်းက ပေတစ်သောင်းကြီးမားပြီး စုမင်၏ခြေထောက်အောက်တွင် လျင်မြန်စွာ လည်ပတ်နေသည်။

ဤအချိန်တွင် စုမင်က အဆုံးမရှိ စမ်းသပ်မှုများစွာကို ကြုံတွေ့ပြီးနောက် ရွှေရောင်အလင်းတန်းပင်လယ်၏အလယ်ဗဟိုတွင်ရှိသော ကျင့်ကြံမှုဂြိုလ်နှင့် နီးကပ်လာခဲ့သည်။

ထို့ကြောင့် သူက ကျင့်ကြံမှုဂြိုလ်၏ နယ်မြေကို မြင်နိုင်သည်။ သူမြင်လိုက်ရသည်… သူသိကျွမ်းသော ပုံရိပ်များမှာ လေထဲတွင် ‌မျောလွင့်နေသည်။ သူတို့ထဲမှာ သူ့အစ်ကိုကြီး ထျန်းရှဲ့ကျီ၊ ဒုတိယ အစ်ကိုနှင့်ဟူကျီတို့ပါဝင်သည်။ သူ့ရန်သူပဲဖြစ်ဖြစ်၊ သူ့သူငယ်ချင်းပဲဖြစ်ဖြစ် ...စုမင်မြင်ဖူးသမျှလူအားလုံ၏ပုံရိပ်မှာ ထိုကျင့်ကြံဂြိုလ်ပေါ်တွင် မြင်တွေ့ခဲ့ရသည်။

သူ့မှတ်ဉာဏ်ထဲကျန်ရှိနေသောမျက်နှာအားလုံးသည် ထိုကျင့်ကြံဂြိုလ်၏ ကောင်းကင်ကနေ သူ့ကို ကြည့်နေကြသည်။

ထို့အပြင်..တိထျန်း...

ထိုမျက်နှာများထဲတွင် တိထျန်း မပါတော့ချေ။

စုမင် ဂြိုလ်နားသို့ နီးကပ်လာသောအခါ သူ့ခြေထောက်အောက်က နောက်ဆုံးမှော်အစီအရင်က အက်ကွဲစပြုလာသည်။ ကြီးမားသောဖိအားက သူ့ခန္ဓာကိုယ်အပေါ်ကျရောက်လာသောအခါ စုမင်၏တစ်ပိုင်းတစ်ပျက်ခန္ဓာကိုယ်မှ ဘယ်လိုမှခံနိုင်ရည်မရှိတော့ပေ။

စုမင်က ပထမဆုံးအကြိမ်မအောင်မြင်နိုင်ကြောင်းကို သိလေသည်။ သူလုပ်တတ်နိုင်သမျှအရာအားလုံးက ကျင့်ကြံဂြိုလ်နှင့်နီးကပ်လာရုံသာဖြစ်သည်။ ထိုဂြိုလ်၏အမြင့်ဆုံး လေထုအလွှာကိုတောင် သူ မခံစားမိဘဲ မြင်နိုင်ရုံသာရှိခဲ့သည်။

‘ငါ မအောင်မြင်ရင်တောင် ငါ့ရဲ့ မှတ်ဥာဏ်ထဲက မျက်နှာတွေအပြင် ဒီဂြိုလ်မှာ ဘာတွေရှိသေးလဲဆိုတာ မြင်ချင်သေးတယ်...”

စုမင်၏မျက်လုံးများက နီရဲတွတ်နေလေသည်။ သူ့ခြေအောက်က မှော်သင်္ကေတက ကွဲကြေသွားပြီး သူ့ခန္ဓာကိုယ်တစ်ပိုင်းက တောက်ပနေသောကြယ်ပွင့်တစ်ပွင့်အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် သူက ဂြိုလ်၏အမြင့်ဆုံးလေထုအလွှာဆီသို့ ပေါက်ကွဲသံနှင့်အတူ ပြေးဝင်သွားသည်။

ပြင်းထန်သောလေပြင်းတိုက်ခတ်မှုက စုမင်ကိုအမြင်အာရုံကိုပိတ်ဆို့ထားသည်။ စုမင်က ဂြိုလ်ဧ။်အမြင့်ဆုံးလေထုအလွှာကနေ ဂြိုလ်ထဲကို ပြေးဝင်သွားသည်။ ထို့နောက် ဂြိုလ်၏ကောင်းကင်သို့ ရောက်ရှိသွားသည်။

သူ ရင်းနှီးသောမျက်နှာများကို မြင်လိုက်ရပြီး ထိုမျက်နှာတစ်ခုစီ၏နောက်မှာ အကိုင်းအခက်တစ်ခုစီကိုလဲ မြင်လိုက်ရသည်။ထိုနေရာ၌ ကျင့်ကြံခြင်းဂြိုလ်ကို မြေကြီးအဖြစ် အသုံးပြုသောရွှေရောင်သစ်ပင်ကြီးတစ်ပင်ရှိလေသည်။

ထိုသစ်ပင်ကြီးရှိအကိုင်းအခက်များမှာ မရေမတွက်နိုင်အောင်ရှိပြီး ထိုအကိုင်းအခက်ရှေ့ရှိပုံရိပ်များက ပန်းများကဲ့သို့ထင်ရလေသည်။ ပုံရိပ်များက သစ်ပင်နှင့်ချိတ်ဆက်ထားပြီး တစ်သားတည်းဟုထင်ရလေသည်။ ရင်းနှီးသောမျက်နှာများက စုမင်းကို ပြုံးပြနေကြပြီး သူ့ကို လက်ယပ်ခေါ်နေသလိုခံစားရသည်။

စုမင်၏နှလုံးသားထဲတွင် တုန်ခါနေသောအသံတစ်ခု ထွက်ပေါ်လာသည်။ သူကကြီးမားသောသစ်ပင်ကို မင်သက်သောအကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် အကိုင်းအခက်တစ်ခုက လေထဲတွင် လွင့်မျောလာပြီး သူ၏အက်ကွဲနေသောခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်ကို ကြည့်နေလေသည်။

စုမင်းနှင့်ရင်းနှီးသောအချိန်စီးဆင်းမှုစွမ်းအားတစ်ခုက သူ့ပတ်လည်တွင် စုဝေးနေသည်။ မျက်စိတစ်မှိတ်အတွင်း သူ၏အသွေးအသားများက ပြန်ပြည့်လာပြီး လေထု၏အမြင့်ဆုံးအလွှာသို့ ပို့ဆောင်ခံလိုက်ရသည်။ အသက်တစ်ရှိုက်စာအတွင်း သူက ဂြိုလ်အပြင်ဘက်ရှိနဂါးငွေ့တန်းထဲတွင် ပေါ်လာသည်။ သူ့ခြေထောက်အောက်ရှိမှော်သင်္ကေတများက အချိန်စီးဆင်းမှုကြောင့် အားလုံးနီးပါးပြန်စုဝေးလာသည်။

သူ့ခန္ဓာကိုယ်က အရင်ကွဲအက်နေသောအခြေအနေမှ အဆက်မပြတ်ပြန်လည်ကောင်းမွန်လာသည်။ စုမင်က ရွှေရောင်ဂြိုလ်နှင့်အလွန်ဝေးကွာသွားသောအခါ သူ့ခန္ဓာကိုယ်က လုံးဝပြန်လည်ကောင်းမွန်လာသည်။ မှော်သင်္ကေတများကလဲ သူ၏ညာဘက်မျက်လုံးသို့ ပြန်လည်ရောက်ရှိလာသည်။

တစ်ချိန်တည်းမှာပဲ ခပ်အုပ်အုပ်ဟိန်းဟောက်သံများထွက်ပေါ်လာသည်။

သူ့အမြင်အာရုံက ဝေဝါးသွား၏။ သူရှေ့ရှိအရာအားလုံး ကြည်လင်ပြတ်သားလာသောအခါ စုမင်က ကျောက်တိုင်ကို ငေးကြောင်စွာကြည့်လိုက်သည်။

သူ့ကျောက်တိုင်က ပေကိုးသောင်းကိုးထောင်အမြင့်ကနေ ပေနှစ်သောင်းတစ်ထောင်ပဲ မြင့်တော့သည်။

“မင်းကျရှုံးသွားပြီ”

စွေ့ချန်ကျစ်၏ရှေးဟောင်းအသံက သူ့စိတ်ထဲမှာ ပဲ့တင်ထပ်လာသည်။

“ဟားးး ပုံရိပ်ယောင်အဆင့်ငါးဆင့်ကျင့်စဥ်ကနေ ကျောက်တိုင်ထဲကို ဝင်လာတဲ့သူတွေတောင် ကျရှုံးသွားတယ်..”

“အခု မင်းတစ်ခါကျရှုံးသွားပြီဆိုတော့ ဒီနေရာကို ရောက်လာတဲ့ လူသစ်မဟုတ်တော့ဘူး..ဒါ့ကြောင့် ဒီအဆုံးမရှိတဲ့ ထပ်ခါတလဲလဲသံသရာကနေ ကြိုဆိုပါတယ်..”

ပတ်ဝန်းကျင်ရှိအသံများက စုမင်နားတွင် ထွက်ပေါ်လာပြီး ထိုအသံများက အခြားကျောက်တိုင်များမှ ထွက်ပေါ်လာ၏။သူတို့က စုမင်၏ကျောက်တိုင်က ပေနှစ်သောင်းတစ်ထောင်အထိ နိမ့်ကျသွားတာကို သတိပြုမိပြီး ပွင့်ပွင့်လင်းလင်းပြောရန် ဆုံးဖြတ်လိုက်ကြသည်။

“ဒါက မင်းရဲ့ ပထမဆုံး ကျရှုံးမှုပဲ.. မင်း ဆက်သွားရင် တကယ့် စိတ်ပျက်အားငယ်မှုဆိုတာ ဘာလဲ သိလာလိမ့်မယ်...”

ပတ်ဝန်းကျင်ရှိစကားသံများက လေထဲတွင် ပဲ့တင်ထပ်နေသော်လည်း စုမင်က ဘာမှပြန်မပြောပေ။ သူ့မျက်လုံးများကို မှိတ်လိုက်၏။ အချိန်အတော်ကြာပြီးနောက် သူ့မျက်လုံးဖွင့်လိုက်သည့်အခါ သူ့မျက်လုံးထဲမှာ အနက်ရောင်အလင်းတန်းတစ်ခု တောက်ပလာသည်။

“ငါ ဒီလိုနည်းနဲ့ အဲဒီဂြိုလ်ဆီကို ရောက်အောင်သွားနိုင်ခဲ့တာပဲ...”

All Chapters