← Chapters

တော်တော်မိုက်မဲတဲ့အတွေး

Vol. 60 Ch. 824

တော်တော်မိုက်မဲတဲ့အတွေး

Vol. 60 Ch. 824

“ဗုန်းးးးး...”

စုမင်က ကျရှုံးကာ ကျောက်တိုင်ဆီသို့ ပြန်ရောက်လာခဲ့သည်။ ထိုစဉ် ကျိုးခန်းကိုကိုယ်စားပြုသောကျောက်တိုင်က တောက်ပစွာ လင်းလက်လာပြီး ပေကိုးသိန်းကျော်ကနေ တဖြည်းဖြည်း ကျုံ့သွားသည်။ ကျောက်တိုင်က ပေထောင်ပေါင်းများစွာကျန်တော့သည့်အချိန်တွင် ကျိုးခန်းက မြေပြင်ပေါ် ပြုတ်ကျလာလေသည်။

သူ့မျက်နှာက ဖြူဖျော့နေလေသည်။ သူက ကျောက်တိုင်ကို မင်သက်သောအမူအရာနှင့် ကြည့်နေလေသည်။ အချိန်အတော်ကြာပြီးနောက်မှာ သူက ဝမ်းနည်းပူဆွေးစွာ ခေါင်းငုံ့ပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။

သူလဲ စမ်းသပ်မှုမှာ ကျရှုံးခဲ့၏။

စုမင်က ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်ပြီး သူ့အကြည့်က ကျိုးခန်းဆီ ရောက်သွားသည်။ထိုစဉ် သူ့မျက်လုံးများက ရုတ်တရက်ကျဉ်းမြောင်းသွားကာ အံ့အားသင့်သွားလေသည်။ ကျိုးခန်းဧ။်ညာလက်မှာ ရွှေရောင်ချည်မျှင်သေးသေးလေးကို သူ တွေ့လိုက်ရသည်။ ထိုချည်မျှင်ထဲတွင် စုမင်ရင်းနှီးနေသောစွမ်းအားတစ်ခုပါရှိနေသောကြောင့်ဖြစ်၏။

ထို့အပြင် ကျိုးခန်း၏ညာလက်ရှိရွှေရောင်ချည်မျှင်ကနေထွက်လာသောအလင်းတန်းက စုမင်ကို ထင်ဟပ်နေသကဲ့သို့ထင်ရလေသည်။

စုမင်က ခဏလောက် တွန့်ဆုတ်သွားပြီး ဘေးနားရှိတခြားလူများကို ကြည့်လိုက်သည်။ ထိုလူများတွင်လဲ ရွှေရောင်ချည်မျှင်များ ရှိနေလေသည်။ ထို့ကြောင့်

သူ့နှလုံးသားက ပို၍တုန်လှုပ်လာသော်လည်း သူ့မျက်နှာမှာ မပေါ်လွင်ပေ။

ထိုချည်မျှင်က လူအများစု၏ညာလက်မှာ ရှိနေပြီး ဘယ်ဘက်လက်မှာရှိသူ တစ်ယောက်သာရှိသည်။ ထို့ပြင် ခြေထောက်၌ ရွှေချည်မျှင်ရှိသူများလဲ ရှိ၏။

ထိုအရာက စုမင် တစ်ခါမှ သတိမထားမိခဲ့သောအရာပင်ဖြစ်သည်။ သူ၏ပထမဆုံးကျရှုံးမှုကို ကြုံတွေ့ပြီးနောက်မှာ လူတိုင်းတွင် ရွှေချည်မျှင်များရှိနေသည်ကို သတိထားမိခဲ့သည်။ ထိုချည်မျှင်များထဲက တစ်ချို့က တောက်ပနေပြီး တချို့ကတော့ မှိန်ဖျော့နေသည်။

ခဏအကြာမှာ စုမင်က တိုးတိုးလေး ပြောလိုက်သည်။

“နတ်ဘုရားအနှစ်သာရ..ဟမ်..”

သစ်ပင်အကိုင်းအခက်များရှိရွှေရောင်ချည်မျှင်များက ကျောက်တိုင်ပိုင်ရှင်များနှင့်ဆက်နွယ်မှုရှိကြောင်း စုမင် တွေ့ရှိခဲ့သည်။

စုမင်က တိတ်ဆိတ်စွာ ထိုင်နေစဉ် လောကကြီးက ရုတ်တရက် တုန်ခါလာသည်။မဝေးလှသောနေရာမှာ ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာပြီး အထဲကနေ လူခုနစ်ယောက် ထွက်လာကြသည်။

ထိုလူခုနစ်ဦးထွက်ပေါ်လာမှုကြောင့် ဤနေရာရှိ ကျင့်ကြံသူအားလုံး၏ အမူအရာများက ချက်ချင်းပင် မည်းမှောင်ခက်ထန်သွားလေသည်။ ကျင့်ကြံသူတို့၏ မျက်နှာများတွင်လည်း ရန်လိုမှုများ ရှိနေခဲ့သည်။

ဤသည်မှာ အသစ်ဝင်လာသူ ခုနစ်ဦးဖြစ်၏။သူတို့၏ ငေးကြောင်ကြောင်အမူအရာများကိုကြည့်ခြင်းအားဖြင့် စွေ့ချန်ကျစ်၏အသံက သူတို့၏နှလုံးသားထဲတွင် ပဲ့တင်ထပ်နေကြောင်း သိသာလေသည်။

ထို့ပြင် ရန်လိုသောစိတ်ဆန္ဒတစ်ခုက သူတို့အပေါ် ဆင်းသက်လာခဲ့သည်။ ထိုစိတ်ဆန္ဒက နေရာတစ်ဝိုက်တွင် ပျံ့နှံ့သွားပြီး ပေခုနစ်သိန်းခန့်မြင့်သော ကျောက်တိုင်တစ်ခုပေါ်တွင် စုဝေးသွားသည်။ကျောက်တိုင်က ချက်ချင်းပင် တောက်ပလာပြီး နာကျင်စွာအော်ဟစ်သံများ ထွက်ပေါ်လာသည်။ ထိုကျောက်တိုင်ပေါ်ရှိနာမည်က သူ့အလိုလိုပျောက်ကွယ်သွားလေသည်။

စုမင်၏မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။ ထိုစိတ်ဆန္ဒက နေရာတစ်ဝိုက်တွင် တဝဲဝဲလည်လည်ရှိနေ၏။ သူက ကောင်းကင်ကို မော့ကြည့်လိုက်၏။ယခင်က သူမမြင်ဖူးသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

ကျောက်တိုင်တစ်သိန်းတည်ရှိရာနေရာအထက်ရှိ လေထုထဲတွင် မှုန်ဝါးဝါးပုံရိပ်တစ်ခုပေါ်လာသည်ကို သူမြင်လိုက်ရသည်။ ထိုမှုန်ဝါးဝါးပုံရိပ်မှာ အဘိုးကြီးတစ်ဦးဖြစ်ကြောင်း သိနိုင်သည်။ အဘိုးကြီးက ထိုနေရာတစ်ဝိုက်တွင် လျှောက်သွားပြီး သူရပ်လိုက်တိုင်း ကျောက်တိုင်တစ်ခုကို လက်ညှိုးထိုးပြသည်။ ထို့နောက် ကျောက်တိုင်တစ်ခုစီ ချက်ချင်းပင် တောက်ပလာပြီး ၎င်းပေါ်ရှိ အမည်မှာ ဖယ်ရှားခံလိုက်ရသည်။

“တစ်ကြိမ်ကျရှုံးပြီးတဲ့နောက်မှာ ငါ့မျက်လုံးတွေက ပြောင်းလဲသွားပြီ..အရင်က ငါဒီလိုအရာတွေကို မမြင်နိုင်ဘူး..အခုလိုပုံရိပ်မျိုးဆို ဝေးသေး...”

‘သူက ဘယ်သူလဲ..သူက... စွေ့ချန်ကျစ်လား..”

စုမင်၏ အသက်ရှူသံများ မြန်ဆန်လာသည်။ ထိုပုံရိပ်က ကျောက်တိုင်များကို ထိပုတ်လိုက်စဉ် ကျောက်တိုင်များက လင်းလက်သွားသည်။ ဆိုလိုသည်မှာ အဘိုးအိုထိလိုက်သောကျောက်တိုင်ခြောက်ခုရှိ လူများသေဆုံးသွားခြင်းဖြစ်၏။ ထိုပုံရိပ်က ကျိုးခန်း၏ကျောက်တိုင်ရှိရာနေရာသို့ လျှောက်လာသည်ကို စုမင် မြင်လိုက်ရသည်။ သို့သော် ကျိုးခန်းကတော့ သတိမထားမိပေ။ ပို၍တိကျစွာပြောရလျှင် ထိုနေရာရှိ လူအားလုံးက မည်သည့်အရာကိုမျှ သတိမထားမိခဲ့ကြပေ။

စုမင်တစ်ဦးတည်းသာ ထိုအရာအားလုံးကို မြင်နေရသူဖြစ်၏။

ထိုပုံရိပ်က ကျိုးခန်း၏ကျောက်တိုင်ကိုလက်ညိုးထိုးလိုက်စဉ် စုမင်၏နှလုံးသား တသိမ့်သိမ့်တုန်လှုပ်သွားလေသည်။ လွန်ခဲ့သောနှစ်ခြောက်ဆယ်အတွင်း ကျိုးခန်းက သူ့ကိုကူညီပေးခဲ့သည့်အရာများကို သတိရသွားလေသည်။

“ကျိုးးခန်းး..”

စုမင်က ရုတ်တရက် အော်ဟစ်လိုက်သည်။

ကျိုးခန်းက မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ ဘယ်သူမှမမြင်နိုင်သောပုံရိပ်က စုမင်ကို ခေါင်းလှည့်ကြည့်နေလေသည်။

စုမင်က ထိုပုံရိပ်နှင့်အကြည့်ချင်းဆုံမိသောအခါ သူ့ခေါင်းထဲမှာ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ သူ့စိတ်ထဲမှာ စူးရှ‌သောနာကျင်မှုတစ်ခု ပေါ်လာသည်။

ထို့နောက် ထိုပုံရိပ်က အနည်းငယ် တွန့်ဆုတ်သွားပြီး ကျိုးခန်းနှင့်ပေလေးသိန်းအကွာက ကျောက်တိုင်ကို ညွှန်ပြလိုက်သည်။

ထိုကျောက်တိုင်က လင်းလက်လာပြီး နာမည်ဖယ်ရှားခြင်းခံလိုက်ရသည်။

သို့ပေမဲ့ စုမင်၏စိတ်ထဲမှာ ရှေးဟောင်းအသံတစ်ခုထွက်ပေါ်လာသည်။ ထိုအသံက စွေ့ချန်ကျစ်၏အသံဖြစ်သော်လည်း အနည်းငယ်မတူပေ။ ထိုအသံထဲမှာ လျစ်လျူရှုမှုတစ်မျိုးသာ ရှိလေသည်။

“‌ဒီတစ်ခါတော့ ထားလိုက်မယ်..”

စုမင်၏နှလုံးသားက တုန်လှုပ်သွားလေသည်။ ထိုပုံရိပ် ပျောက်ကွယ်သွားသောအခါ စုမင်က မျက်လုံးများကို မှိတ်လိုက်သည်။ အချိန်အတော်ကြာပြီးမှ သူ့နှလုံးသားထဲက ထိတ်လန့်မှုကို ငြိမ်းသတ်နိုင်ခဲ့သည်။ ပုံရိပ်ယောင်ငါးဆင့်ကျင့်စဉ်တွင် ကျရှုံးမှုကိုကြုံတွေ့ပြီးနောက် သူ့ပတ်ဝန်းကျင်က လူတချို့မသိနိုင်သောစွမ်းအားတစ်ခုကို ရရှိခဲ့သည်။

ကျိုးခန်း၏ဇနီးစစ်မာယွဲ့ခန့်မှန်းထားသည့်အတိုင်း ပုံရိပ်ယောင်ငါးဆင့်ကျင့်စဉ်ကို ကျင့်ကြံသူတိုင်းမှာ သေဆုံးနိုင်ခြေနည်းပါးသည်။ ထိုအချက်က မှန်ကန်ကြောင်း စုမင်သိရှိသွားလေသည်။

အဘယ်ကြောင့်ဆိုသော် ပုံရိပ်ယောင်ငါးဆင့်ကျင့်စဉ်ကို ကျင့်ကြံသူတိုင်းက ထိုအဘိုးအိုပုံရိပ်ကဲ့သို့တခြားလူများ၏ကံကြမ္မာကိုတောင် ပြောင်းလဲနိုင်သည်။

“ဟိုးအရင်ကတုန်းက ပုံရိပ်ယောင်ငါးဆင့်ကျင့်စဉ်ကို ကျင့်ကြံသူနည်းနည်းပဲရှိခဲ့တယ်..အဆုံးမဲ့အချိန်ကာလတစ်ခု ကုန်ဆုံးပြီးတဲ့နောက်မှာ လူအရေအတွက် များလာသင့်တယ်..ဒီလူတွေ...”

စုမင်း ခေါင်းမော့ပြီး ပေတစ်သန်းကျော်ရှိသောကျောက်တိုင်များကို မျက်လုံးဖွင့်ကြည့်လိုက်သည်။ ထိုကျောက်တိုင်များထဲက ပုံရိပ်ယောင်ငါးဆင့်ကျင့်စဉ်ကို ကျင့်ကြံခဲ့သူများကို မည်မျှရှိကြောင်းကို စုမင် မသိပေ။

“ဘာကိစ္စလဲ”

ကျိုးခန်းက အတွေးထဲမျောနေသောစုမင်ကို စကားဖြတ်ဖြောလိုက်သည်။ စုမင်က စိတ်ရှုပ်ထွေးသောအမူအရာနှင့် သူ့ကိုကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။

ကျိုးခန်းက ခဏတာ အံ့အားသင့်သွားပြီး မျက်လုံးများ တောက်ပသွားသည်။ သူ့ဘေးနားက နာမည်ဖျက်ခံထားရသောကျောက်တိုင်ကို အမြန်ကြည့်လိုက်သည်။ သူ့မျက်နှာမှာ ဆင်ခြင်သုံးသပ်နေသောအမူအရာပေါ်လာလေသည်။

သူက ဘာမှ ဆက်မမေးတော့ဘဲ မျက်လုံးများကို မှိတ်ပြီး တရားထိုင်လိုက်သည်။

ထို့နောက်က သူ့ပတ်ဝန်းကျင်ကို ခေါင်းမော့ကြည့်နေလေသည်။ သူ့မျက်လုံးထဲမှာ အနက်ရောင်အလင်းတန်း တောက်ပလာပြီး မျက်လုံးပြန်မှိတ်လိုက်သည်။ ရက်အနည်းငယ်အကြာမှာ သူက ကျောက်တိုင်ထဲကလောကကို ပြန်ဝင်ရန်ရွေးချယ်လိုက်သည်။

အချိန်များ တစ်ဖန် ကုန်ဆုံးသွားပြန်၏။ ဆယ်နှစ်၊ အနှစ်နှစ်ဆယ်… နောက်ထပ် ခြောက်ဆယ်နှစ်က အလိုလို ကုန်ဆုံးသွားပြန်သည်။ထိုခြောက်ဆယ်နှစ်အတွင်းမှာ စုမင်က သူ့၏ကျောက်တိုင်ကို ပေကိုးသိန်းအထိ နှစ်ကြိမ်တိုင်တိုင် ရောက်အောင် လုပ်ခဲ့‌နိုင်‌သော်လည်း နှစ်ကြိမ်စလုံးမှာ စမ်းသပ်မှု ကျရှုံးခဲ့သည်။

ပထမအကြိမ် ကျင့်ကြံမှုဂြိုလ်ထဲကို ဝင်နိုင်ရန် ခေါင်းသာလိုတော့သည်။ ဒုတိယအကြိမ်မှာတော့ သူ့ခန္ဓာကိုယ် တစ်ဝက်သာလို၏။

ထို့အတူ သူက စမ်းသပ်မှုကို အောင်‌မြင်အောင်မလုပ်နိုင်ခဲ့ပေ။ အချိန်ကြာလာသည်နှင့်အမျှ သူ၏ကျောက်တိုင်က ပေတစ်သန်းအထိရောက်ရှိလိုပါက လုပ်ရမည့်အချက်နှစ်ချက်ရှိလေသည်။ ပထမမှာ ကျင့်ကြံဂြိုလ်သို့ ပြီးပြည့်စုံသောပုံစံဖြင့်ရောက်ရှိရန် လိုအပ်ရုံသာမက ထိုထူးဆန်းသော သစ်ပင်ကြီးမှ နတ်ဘုရားအနှစ်သာရကို ရယူရန်လည်း လိုအပ်သည်။

ထိုနှစ်ကြိမ်အတွင်း သူ၏ညာဘက်မျက်လုံး၏ထူးဆန်းမှုကြောင့် ထိုသစ်ပင်ကြီးအတွင်း၌ ရွှေရောင်အလင်းတန်းများစွာကို မြင်တွေ့ခဲ့ရသည်။ ထိုရွှေရောင်အလင်းတန်းက လူတိုင်း၏ခန္ဓာကိုယ်အတွင်း၌ သူမြင်တွေ့ခဲ့ရသော ရွှေချည်မျှင်များဖြစ်သည်။

၎င်းက နတ်ဘုရားအနှစ်သာရဖြစ်သည် - စုမင်က အပြည့်အဝနားမလည်နိုင်သေးသော်လည်း လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားတစ်ခုဖြစ်သည်။

ခြောက်ဆယ်နှစ်တာကာလအတွင်း သူ၏ကျောက်တိုင်က ပေကိုးသိန်းခန့်အထိနှစ်ကြိမ်ရောက်ရှိခဲ့သည့်အတွေ့အကြုံကြောင့် စုမင်၏ညာဘက်မျက်လုံးရှိ မှော်သင်္ကေတများက တစ်ထောင်နီးပါးမှ ငါးထောင်အထိ တိုးပွားလာသာ်။ သူ၏မှတ်ဉာဏ်များအပေါ်အခြေခံ၍တည်ဆောက်ထားသောလောကမှ မှော်သင်္ကေတအားလုံးကို ရရှိခဲ့ခြင်းဖြစ်သည်။

သို့ပေမဲ့ သူ့မှာ မှော်သင်္ကေတငါးထောင်ရှိလျှင်တောင် သူ့ကျောက်တိုင်ကို ပေတစ်သန်းအထိ ရောက်အောင် မလုပ်နိုင်သေးပေ။ စုမင်က လက်မလျှော့ခဲ့ပေ။ စွေ့ချန်ကျစ်၏အသံက သူ့စိတ်ထဲမှာ ပဲ့တင်ထပ်နေလေသည်။

“မင်းမှာ ရှိတဲ့ကြိုက်တဲ့နည်းလမ်းကို သုံးလို့ရတယ်..မင်းနတ်ဘုရားအနှစ်သာရကို ရအောင်ထိပေါ့...”

“မင်းမှာ ရှိတဲ့နည်းလမ်းကိုသုံး..ဒါက အရမ်းရိုးရှင်းတဲ့သဲလွန်စပဲ..”

စုမင်က တိုးတိုးလေးရေရွတ်လိုက်သည်။

သူ့ရှေ့ရှိ ပေနှစ်သောင်းသုံးထောင်သာရှိသော ကျောက်တိုင်ကို ကြည့်လိုက်သည်။ ခြောက်ဆယ်နှစ်တာကာလအတွင်းမှာ သူ့စိတ်ထဲမှာပေါ်လာသည့်ရူးသွပ်အတွေးကို

အဆက်မပြတ် စဉ်းစားနေခဲ့သည်။

“ငါ့ရဲ့ကျောက်တိုင်ကို ပေတစ်သန်းအထိ

ရောက်အောင် ပုံမှန်နည်းလမ်းကိုသုံးရင် စမ်းသပ်မှုကို အောင်မြင်ဖို့ အရမ်းခက်ခဲတယ်..တခြားလူတွေ ဘယ်လိုလုပ်ခဲ့လဲဆိုတာ ငါမသိပေမဲ့ ဒါကို လုပ်နိုင်ခဲ့တဲ့သူ နည်းနည်းပဲရှိတယ်..”

“အခု ငါ စဉ်းစားကြည့်လိုက်တော့ သူတို့အားလုံးဟာ အလွန်အံ့ဖွယ်ကောင်းပြီး ထူးဆန်းတဲ့လူတွေပဲ ဖြစ်ရမယ်..”

“ဒါ့အပြင် ဒီအတွက် လိုအပ်တဲ့အချိန်က အရမ်းကြာတယ်.. ငါ ဒီလမ်းကြောင်းကို ဘယ်လိုဆက်လျှောက်ရမလဲဆိုတာသိရင်တောင် ငါ့ကျောက်တိုင်က ပေနှစ်သောင်းပဲရှိတော့တယ်..ဒါက သူများတွေနဲ့အတူတူဆိုပေမဲ့ ကွာခြားချက်တွေလဲရှိတယ်..ဒါပေမဲ့ ဒီတစ်ရာ့နှစ်ဆယ်နှစ်အတွင်း ငါ့ရဲ့လေ့လာတွေ့ရှိချက်တွေအရ ကျောက်တိုင်တွေရဲ့ကနဦးအရွယ်အစားက ငါတို့ရဲ့ အကဲဖြတ်မှုနဲ့ ဆုံးဖြတ်ချက်ပေါ်မှာ အခြေခံသင့်တယ်..မဟုတ်ရင် ကျောက်တိုင်တချို့က ပေထောင်ပေါင်းများစွာကနေ ထိုးထွက်သွားပြီး တချို့က ပေတစ်သိန်းနီးပါးရှိတယ်..တချို့က ပေနှစ်ထောင်လောက်ပဲ ရှိသေးတယ်..”

“ငါ့ရဲ့ပထမဆုံးကျရှုံးမှုပြီးတဲ့နောက် ငါ့ရဲ့ ကျောက်တိုင်က မူလပေနှစ်သောင်းကနေ ပေနှစ်သောင်းတစ်ထောင်အထိ မြင့်တက်လာတယ်..ပြီး‌တော့ နှစ်ခြောက်ဆယ်အတွင်း နှစ်ကြိမ် တောင်မအောင်မြင်ခဲ့ဘူး..အခု ငါ့ရဲ့ ကျောက်တိုင်က ပေနှစ်သောင်းသုံးထောင်မှာ ရှိနေတယ်..”

“ဆိုလိုတာက ငါကျရှုံးတိုင်း ငါ့ကျောက်တိုင်က ပေတစ်ထောင်စီတိုးလာတာပဲ..ပြီးတော့ ငါ့ကျောက်တိုင်ရဲ့ အမြင့်က ပေတစ်သန်းရောက်မှသာ ဒီစမ်းသပ်မှုကို အောင်မြင်တယ်လို့ဆိုရမှာပဲ..”

“ဒီအတွက် ငါ ကျရှုံးဖို့ လိုအပ်တယ်… အကြိမ်ကိုးရာလောက် ထပ်ပြီး ကျရှုံးရ

အုံးမှာပဲ..လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်အတွင်း စမ်းသပ်မှု ဘယ်နှစ်ကြိမ်လုပ်ခဲ့လဲဆိုတာကို အခြေခံပြီး နှစ်ပေါင်းနှစ်သောင်းလေးထောင်လောက်လိုမှာပဲ..”

“တစ်ခြားမတော်တဆမှုတွေကို ထည့်မတွက်ဘဲနဲ့တောင် ဒီလောက်ကြာချိန်လိုလိမ့်မယ်..နှစ်ပေါင်းနှစ်သောင်းလေးထောင်ကြီးတောင်..ငါ အဲ့လောက်ကြီးမစောင့်နိုင်ဘူး.. မစောင့်နိုင်တော့ဘူး..”

စုမင်၏မျက်လုံးထဲမှာ အနက်ရောင်အလင်းတန်းတောက်ပလာသည်။ထပ်တူကျနေသောမှော်သင်္ကေတငါးထောင်က သူ့ညာမျက်လုံးထဲမှ ထပ်မံတောက်ပလာပြန်သည်။ သူက အသက်ကို ပြင်းပြင်းရှူပြီးမျက်လုံးများကို တဖြည်းဖြည်း မှိတ်လိုက်သည်။

“ငါလုပ်နိုင်သင့်တယ်.. ငါ့ရဲ့ပထမဆုံးကျရှုံးမှုကို မရေတွက်ရင် အဲဒီသစ်ပင်ကြီးကို နှစ်ကြိမ် မြင်ခဲ့တယ်... အဲဒီသစ်ပင်မှာ နတ်ဘုရားအနှစ်သာရရှိရုံသာမက အသက်စွမ်းအားလဲရှိတယ်.. ဒဲဒီသစ်ပင်မှာ အသက်ရှင်နေတဲ့ သက်ရှိတစ်မျိုးမျိုးနေနေတယ်..”

‘’နောက်တစ်ကြိမ် ငါ့ရဲ့ကျောက်တိုင်က ပေကိုးသိန်းလောက်မြင့်တဲ့အခါ အဲဒီအစီအစဉ်ကို အကောင်အထည်ဖော်မယ်’’

စုမင်က မျက်လုံးမှိတ်ပြီး သူ့နှလုံးသားထဲမှာ တိုးတိုးလေးရေရွတ်လိုက်သည်။

‘မင်းမှာရှိတဲ့နည်းလမ်းတွေကိုသုံး... ဒါဆို ငါတစ်ယောက်တည်းပိုင်ဆိုင်တဲ့နည်းလမ်းကို သုံးမယ်.. တခြားဘယ်သူမှမသုံးနည်းလမ်းကို ငါသုံးမယ်.. ပြီးတော့ ငါ... ငါ့ရဲ့ကျောက်တိုင်ကို ပေတစ်သန်းအထိ တစ်ခါတည်းရောက်အောင် လုပ်မယ်..”

စုမင်က မျက်လုံးများကို မှိတ်လိုက်ပြီး အထဲရှိရူးသွပ်သောဆန္ဒကို ဖုံးကွယ်ထားလိုက်သည်။

အချိန်များတစ်ဖန်ကုန်ဆုံးသွားပြန်၏။ တစ်နှစ်ပြီး တစ်နှစ်ကုန်ဆုံးသွားလေသည်။ နောက်ထပ်… ၂၇ နှစ်အကြာတွင် စုမင်း၏ညာဘက်မျက်လုံးတွင် မှော်သင်္ကေတခုနစ်ထောင်ခန့်ရှိလာ၏။ သူ၏ကျောက်တိုင်က စတုတ္ထအကြိမ်မြောက် ပေကိုးသိန်းခန့်အထိ ရောက်ရှိခဲ့သည်။

စုမင်က သူ၏ကျောက်တိုင်ရှေ့တွင် တည်ငြိမ်သောအမူအရာဖြင့် ရပ်နေသည်။ သူ့ပတ်ဝန်းကျင်ရှိနေရာကို ကြည့်ရန် ခေါင်းလှည့်လိုက်သည်။ ကျိုးခန်းက သူ၏ကျောက်တိုင်ထဲမှာ ထွက်မလာသေးပေ။ ထိုအချိန်တွင် စုမင်က သူ့ပတ်ဝန်းကျင်ရှိ အခြားလူအများစုနှင့် ရင်းနှီးနေပြီဖြစ်သည်။ သူက နှစ်ပေါင်း တစ်ရာ့ငါးဆယ်နီးပါး သူ့ကို ချုပ်နှောင်ထားသည့်နေရာကို ကြည့်လိုက်ပြီး သူ့မျက်လုံးများတွင် ဆုံးဖြတ်ချက်ခိုင်မာမှုများ တဖြည်းဖြည်းပေါ်လာသည်။

သူက ကျောက်တိုင်ကိုကြည့်လိုက်စဉ် ဝဲဂယက်တစ်ခုပေါ်လာသည်။ ထို့နောက်စုမင်၏ခန္ဓာကိုယ်သည် ပျောက်ကွယ်သွားသည်။ ထို့နောက် သူက ရွှေရောင်အလင်းတန်းပြင်ကျယ်ကြီး၏အပြင်ဘက်ရှိ နဂါးငွေ့တန်းတွင် ပေါ်လာသည်။

ပတ်ဝန်းကျင်တစ်ခုလုံးက အပ်ကျသံမကြားရလောက်အောင် တိတ်ဆိတ်နေသည်။ စုမင်က နဂါးငွေ့တန်းတွင်ရပ်နေပြီး ရွှေရောင်အလင်းတန်းပင်လယ်အတွင်းရှိ ကျင့်ကြံဂြိုလ်ကို ပြတ်သားစွာ ကြည့်နေလေသည်။

‘မင်းက သက်ရှိဆိုရင် ငါက မင်းကို ပိုင်ဆိုင်နိုင်အောင်လုပ်ပြီး ငါ့ရဲ့ကိုယ်ပွားအဖြစ် ဖန်တီးပစ်မယ်...”

စုမင်၏မျက်လုံးထဲမှာ ရူးသွပ်သော

ဆန္ဒတစ်ခု ပေါ်လာသည်။ထိုအရာက သူပထမဆုံးအကြိမ်ကျရှုံးပြီးနောက် ရေးဆွဲခဲ့သောအစီအစဉ် ဖြစ်၏။

သူက နတ်ဘုရားအနှစ်သာရကို ချက်ချင်းမရရှိနိုင်ပေ။ ထို့ကြောင့် သစ်ပင်၏ဝိညာဉ်ကို သူ့ကိုယ်ပွားအဖြစ် သန့်စင်မည်။ သူ အောင်မြင်ခဲ့လျှင် အသူရာဘိုးဘေးများ‌တောင် မရနိုင်ခဲ့သောကိုယ်ပွားတစ်ခုကို ပိုင်ဆိုင်နိုင်မည်ဖြစ်၏။

ထို့နောက် သူက ထိုကိုယ်ပွားကို အသုံးပြုပြီး နတ်ဘုရားအနှစ်သာရကို သန့်စင်လျှင် စုမင်၏အနာဂတ်က ပြောမပြတတ်အောင်ကောင်းမွန်သွားမည်ဖြစ်၏။

ထိုသို့အနေအထားရောက်အောင် သူလုပ်ရမည့်တစ်ခုတည်းသောအရာက သူ အောင်မြင်ရန်သာဖြစ်၏။

All Chapters