← Chapters

ဇွဲကြီးမှု

Vol. 60 Ch. 825

ဇွဲကြီးမှု

Vol. 60 Ch. 825

ထိုအရာက အခြားလူများအတွက် ထူးခြားပြီး ရူးသွပ်သောအကြံအစည်တစ်ခုဖြစ်၏။

စုမင်က ထိုအကြံအစည်ကို နှစ်ပေါင်းခြောက်ဆယ်ကျော်ကြာ အကောင်အထည်ဖော်ခဲ့သည်။ သူ့အစီအစဉ်၏အဓိကအချက်က သူ အောင်မြင်တာမဟုတ်ဘဲ သေချာပေါက် ကြိုးစားရမည်ဟူသောအချက်ပင်ဖြစ်၏။

စုမင်က အခြားအရာများစွာကို စူးစမ်းစစ် ဆေးချင်ခဲ့သည်။ ဤသို့အားဖြင့် သူ၏ရူးသွပ်သောအကြံအစည်က

အောင်မြင်ရန် အခွင့်အလမ်းပိုများလာလိမ့်မည်။

‘ပိုင်ဆိုင်မှု... ငါ့ရဲ့ ပထမဆုံးပိုင်ဆိုင်မှုက ငါ့ခန္ဓာကိုယ်ပဲ..ကြက်သွေးရောင်ဖီးနစ်သားရဲက ငါ့ဝိညာဉ်ကိုစုပ်ယူခဲ့တယ်..သူ့ကိုယ်ထဲရောက်တော့ ငါက သူ့အသွေးအသားတွေကိုပြန်စုပ်ယူပြီး ခန္ဓာကိုယ်တစ်ခုရလာတယ်..ဒါ့ကြောင့် ငါ့ရဲ့ပထမဆုံးပိုင်ဆိုင်မှုက အလိုလိုအောင်မြင်ခဲ့တယ်..”

“ဒါပေမဲ့ ကြက်သွေးရောင်သားရဲက အဆင့်နိမ့်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတစ်ကောင်ပဲ..ဒီရွှေရောင်သစ်ပင်နဲ့တော့ ယှဉ်လို့မရပါဘူး..သစ်ပင်ကိုယ်ထည်နဲ့တင် ဂြိုလ်ရဲ့နေရာ အများစုကို သိမ်းပိုက်ထားတယ်..သူ့ရဲ့ ကြီးမားတဲ့ဖိအားက မယုံနိုင်လောက်အောင် ကြောက်စရာကောင်းတယ်..”

“နတ်ဘုရားအနှစ်သာရရဲ့ စွမ်းအား မပိုင်ဆိုင်တဲ့သူတစ်ယောက်က ရွှေရောင်အလင်းတန်းပင်လယ်ကို ဖောက်ထွင်းချင်ရင် အရမ်းကိုခဲရာခဲဆစ်ပဲ...”

“ငါ အောင်မြင်နိုင်ပါ့မလား..”

စုမင်၏မျက်လုံးထဲမှာ စိတ်ပိုင်းဖြတ်မှု တစ်ခုပေါ်လာသည်။ သူက အဝေးက ကျင့်ကြံမှုဂြိုလ်ကို ကြည့်ပြီး ရွှေရောင်အလင်းတန်းပင်လယ်ဆီသို့ ပြေးသွားလေသည်။

သူ အောင်မြင်နိုင်မလားဆိုတာ မသိပေ။ သို့သော်သူက ဤနေရာမှာ နှစ်ပေါင်း နှစ်သောင်းလေးထောင်လောက် ပိတ်မိ

မနေချင်တော့ပေ။ ထိုအရာက သူရွေးချယ်ထားသောလမ်းကြောင်းပင်ဖြစ်၏။

‘အဲဒီသစ်ပင်က အရမ်းအစွမ်းထက်တယ်… ဒါပေမဲ့ ငါအောင်မြင်ရမယ်.. ငါပိုင်ဆိုင်ရင် ငါ့ဘဝပြောင်းလဲသွားလိမ့်မယ်..အဲဒီအချိန်ကစပြီး ငါ့ကံကြမ္မာက အံဩစရာကောင်းလာလိမ့်မယ် ငါ့နဲ့ပတ်သက်တဲ့အရာအားလုံးက… ငါအောင်မြင်သွားတဲ့အချိန်နဲ့ မတူတော့ဘူး..”

စုမင်၏နှလုံးသားက တဒိတ်ဒိတ်ခုန်နေ

လေသည်။ ထိုစိတ်စွမ်းအားက သူ့သွေးများကို ပိုမြန်မြန်စီးဆင်းစေပြီး ကြီးမားသောစိတ်ဆန္ဒတစ်ခုကိုလဲ ဖြစ်ပေါ်လာစေသည်။

နှစ်ပေါင်းနှစ်ပေါင်းလေးထောင်လောက်ပိတ်မိမနေစေရန်ကြိုးစားသည်ဟုပြောမည့်အစား သူ့ကံကြမ္မာကို တွန်းလှန်နိုင်မည့် သူ့ကြိုးစားမှုဟုပြောလျှင် ပိုမှန်လိမ့်မည်။ သူသာ အောင်မြင်သွားလျှင်

သူ၏အကြီးမားဆုံးကံကောင်းခြင်းဖြစ်လိမ့်မည်ဟု တထစ်ချယုံကြည်ထားလေသည်။

ထိုကံကောင်းခြင်းကို စကားလုံးဖြင့် ဖော်ပြ၍မရနိုင်ချေ။ သို့ပေမဲ့ စုမင် ကျော်လွှားရမည့်အခက်အခဲက မိုးကောင်းကင်လောက်ကြီးမားလေသည်။ စုမင်က ထိုအရာကို ကောင်းကောင်းသိလေသည်။

သူ့မျက်လုံးထဲရှိ စိတ်ပိုင်းဖြတ်မှုက

ပိုအားကောင်းလာပြီး မြန်မြန်အရှိန်တင်လေသည်။ လေထုထဲတွင် တရွှီးရွှီးလေချွန်သံများ ထွက်ပေါ်လာပြီး စုမင်က ကြယ်တစ်ပွင့်လို ရွှေရောင်အလင်းတန်းပင်လယ်ဆီသို့ အရှိန်တင်လေသည်။

ထို့နောက် ကြီးမားသောဖိအားက သူ့အပေါ် ကျဆင်းလာသည်။ စုမင်၏ညာမျက်လုံးရှိမှော်သင်္ကေတများက လင်းလက်သွားသည်။ ထို့နောက် မှော်သင်္ကေတသုံးထောင်က မုန်တိုင်းတစ်ခုအသွင်ပြောင်းလဲသွားသည်။ ကျယ်လောင်သောပေါက်ကွဲသံများ

ထွက်ပေါ်လာပြီး မှော်သင်္ကေတ လေမုန်တိုင်းက စုမင်ကို ရှေ့ရောက်အောင် တွန်းပို့ပေးနေသည်။ အမွှေးတစ်တိုင်စာကြာပြီးနောက်မှာ သူက ကျင့်ကြံဂြိုလ်နှင့်ပေတစ်ထောင်လောက်သာ ဝေးတော့သည်။

ထိုအချိန်တွင် မှော်သင်္ကေတသုံးထောင်ထဲက ခုနစ်ခုသာ ကျန်တော့သည်။ သို့ပေမဲ့ စုမင်၏ညာမျက်လုံးက တစ်ဖန်ပြန်လည် တောက်ပလာပြီး မှော်သင်္ကေတ နှစ်ထောင်ပေါ်လာပြန်သည်။ ရွှေရောင်အလင်းတန်းပင်လယ်၏စိန်ခေါ်မှုကိုသုံးကြိမ်တိုင်တိုင် ကြုံတွေ့ပြီးနောက် စုမင်က အတွေ့အကြုံရှိပြီး ရင့်ကျက်သောပုံစံပေါက်နေလေသည်။ ထို့ပြင် စုမင်က သူ့ကျင့်ကြံစွမ်းအားကို ခန္ဓာကိုယ်တစ်ခုလုံးသို့ ဖြန့်ကျက်ထားသည်။

“ဗုန်းးးးး..”

သူ၏အမြန်နှုန်းမှာ အဆပေါင်းများစွာ ထပ်မံမြင့်တက်လာပြီး ပို၍မြန်ဆန်လာသည်။ နောက်ထပ်မှော်သင်္ကေတနှစ်ထောင်ပြိုကွဲသွားသည့်အခါ စုမင်က ကျင့်ကြံမှုဂြိုလ်ကို ရောက်ရှိလာခဲ့သည်။

သူ့မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုကို

တွေ့ရလေသည်။ ယခုတစ်ခါ‌တော့ သူက မှော်သင်္ကေတငါးထောင်နီးပါးကို အသုံးပြုပြီး ကျင့်ကြံဂြိုလ်၏အမြင့်ဆုံးလေထုအလွှာဆီကို ရောက်ရှိသွားသည်။ ယခင်က သူ့မှာ မှော်သင်္ကေတငါးခုကျန်တော့မှ ကျင့်ကြံဂြိုလ်၏လေထုဆီ ရောက်ရှိခဲ့သည်။ ထိုအရာက သူ ပို၍အားကောင်းလာသည့်ဟူသော သက်သေပင်ဖြစ်သည်။ ထို့အပြင် သူ့ညာမျက်လုံးမှာ မှော်သင်္ကေတနှစ်ထောင် ကျန်ရှိနေသေးသည်။ စုမင်က တွန့်ဆုတ်ခြင်းမရှိဘဲ မှော်သင်္ကေတ ဒါဇင်ပေါင်းများစွာကို လေထု၏အမြင့်ဆုံးအလွှာသို့ ယူဆောင်လာခဲ့သည်။ ပြင်းထန်သောလေတိုက်ခတ်မှုများက ဓါးပျံများကဲ့သို့ ထက်မြိလှသည်။ မှော်သင်္ကေတများက ဓါးပျံများနှင့် ထိပ်တိုက်တွေ့မိသွားလေ၏။ မှော်သင်္ကေတများ ပျက်စီးသွားသောအခါ စုမင်၏ခန္ဓာကိုယ်က ခံနိုင်ရည်

အကန့်အသတ်သို့ ရောက်ရှိသွားခဲ့သည်။ သူ့အသွေးနှင့်အသားများက စုတ်ပြဲလာသည်ကို မြင်သောအခါ စုမင်၏ညာဘက်မျက်လုံးရှိ မှော်သင်္ကေတများက ပြန်လည်တောက်ပလာသည်။

ကျန်ရှိနေသော သင်္ကေတနှစ်ထောင်အားလုံး ပေါ်လာပြီး စုမင်ကို ဝန်းရံသော လေဝဲဂယက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ၎င်းတို့က စုမင်ကို ကာကွယ်ပေးရင်း ရှေ့သို့အရှိန်တင်နေလေသည်။ စုမင်

ပတ်လည်တွင် ပေါက်ကွဲသံများ အဆက်မပြတ် ပဲ့တင်ထပ်နေသည်။ ခဏကြာသော် သူ့ပတ်လည်တွင် မှော်သင်္ကေတများစွာကျန်ရှိနေသေးပြီး သူ့ခန္ဓာကိုယ်က သိပ်မပျက်စီးတော့ပေ။ ယခု သူ့အခြေအနေက အရင်ကထက်ပိုကောင်းသောပုံစံတွင် ရှိနေခဲ့သည်။

“ဗုန်းးးး...”

စုမင်က လေထု၏အမြင့်ဆုံးအလွှာမှ ပြေးထွက်လာပြီး ကျင့်ကြံဂြိုလ်၏ကောင်းကင်ယံတွင် ရပ်နေသည်။ ဂြိုလ်က ရွှေရောင်သန်းနေသလို ကောင်းကင်တစ်ခုလုံး ရွှေရောင်များဖြင့်ဖုံးလွှမ်းထားသည်။ ကျင့်ကြံဂြိုလ်၏နေရာအများစုကိုသိမ်းပိုက်ထားသောရွှေရောင်သစ်ပင်ကြီးတစ်ပင်သည် မြင့်မားစွာ တည်ရှိနေ၏။ ထိုသစ်ပင်နှင့် ယှဉ်လျှင် စုမင်၏ ခန္ဓာကိုယ်က ပုရွက်ဆိတ်လောက် သေးငယ်သည်။

စုမင်၏မှတ်ဉာဏ်ထဲက ပုံရိပ်များမှာ အကိုင်းအခက်များရှိအပွင့်အဖူးများကဲ့သို့ တည်ရှိလေသည်။ ထိုအချိန်တွင် ပုံရိပ်များက သူ့ကို ပြုံးပြနေပြီး သူတို့၏အပြုံးများက ခင်မင်ရင်းနှီးပြီးနွေးထွေးလှ၏။ သူတို့က စုမင်ကိုလာရန် လက်ယပ်ခေါ်နေလေသည်။

ထို့နောက် အဖူးအပွင့်များမရှိသောအကိုင်းအခက်တစ်ခုက အဝေးကနေစုမင်ဆီကို ပြေးဝင်လာသည်။ လေထဲတွင်ဖြတ်သွားသော တရွှီးရွှီးမြည်သံများက နားကွဲလုမတတ်ဖြစ်စေပြီး လူတိုင်း၏နှလုံးသားကို တသိမ့်သိမ့်တုန်လှုပ်စေသည်။

စုမင်က ထိုမြင်ကွင်းကို ရင်းနှီးလေသည်။

အရင်ကတိုးဝင်လာသောအကိုင်းအခက်က သူ့ကို ရိုက်ခတ်ခဲ့ပြီး သွေးထွက်သံယိုဒါဏ်ရာများ ရရှိခဲ့သည်။ယခု စုမင်က နောက်သို့ဆုတ်သွားလေသည်။ယခုမူ အချိန်၏ပြောင်းပြန်စီးဆင်းမှုက သူ့အပေါ် နောက်တစ်ကြိမ်ကျရောက်သွားသည်။

ယခုတစ်ခါတော့ စုမင်၏မျက်လုံးများက

တောက်ပလာ၏။ သူ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ မှော်သင်္ကေတများက ပေါက်ကွဲသံနှင့်အတူ ပျံ့နှံ့သွားသည်။ ထို့‌နောက် သူက တိုးဝင်လာသောသစ်ကိုင်းနှင့်တိုက်မိသွားလေသည်။

ကျယ်လောင်သောအသံများက လေထဲတွင် ပဲ့တင်ထပ်လာပြီးစုမင်ပတ်လည်ရှိ မှော်သင်္ကေတအားလုံး ပြိုကွဲသွားသည်။ မှော်သင်္ကေတများက အလွန်အားနည်းနေပုံရပြီး ထိုသစ်ကိုင်းကို ပြန်လည်တိုက်ခိုက်ရန် အခွင့်အလမ်း လုံးဝမရှိပေ။ ထိုသစ်ကိုင်းက သစ်ပင်ကြီးပေါ်ရှိ များပြားလှသော အကိုင်းအခက်များထဲမှ တစ်ခုမျှသာဖြစ်ပြီး သစ်ပင် မည်မျှအင်အားကြီးကြောင်း ထင်ရှားသော လက္ခဏာတစ်ခုဖြစ်သည်။

မှော်သင်္ကေတများက ပြိုကွဲသွားပြီး သစ်ကိုင်းများက စုမင်ထံသို့ တည့်တည့်ရောက်လာပြီး သူ့ခန္ဓာကိုယ်ကို ရိုက်မိသွားသည်။ စုမင်၏ခန္ဓာကိုယ်က သွေးထွက်သံယိုဒါဏ်ရာများဖြင့် ပြည့်နေလေသည်။ အချိန်ပြောင်းပြန်စီးဆင်းမှုက တစ်ဖန်ပြန်လည်ရောက်ရှိလာပြီး သူ့အပေါ်သို့ ဆင်းသက်လာသည်။

သို့သော် သစ်ကိုင်းက စုမင်ကို ထိလိုက်စဉ် သူ၏ဝိညာဉ်က သူ၏ခန္ဓာကိုယ်မှ ပထမဆုံးအကြိမ် ထွက်ခွာသွားသည်။ သစ်ကိုင်းက သူ့ကိုယ်ကိုသာ ထိခတ်သွားစေခဲ့သည်။ ယင်းအစား သူ၏ဝိညာဉ်က ဖောက်ထွင်းမြင်ရသောလေဘောလုံးကဲ့သို့ သစ်ကိုင်းပေါ်သို့ ခုန်တက်သွားသည်။

အချိန်၏စွမ်းအားက စုမင်၏ခန္ဓာကိုယ်ပေါ်မှာသာမကသူ့ဝိညာဉ်အပေါ်မှာပါ ကျရောက်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် စုမင်က အကျိုးသက်ရောက်မှုဧရိယာအတွင်းမှာ ရှိနေသောကြောင့်ဖြစ်၏။ သို့ပေမဲ့ စုမင်က အသူရာဖန်ဆင်းရှင်တစ်ယောက်ဖြစ်၏။သူ့မှာ အချိန်ကိုထိန်းချုပ်နိုင်သော မွေးရာပါစွမ်းရည်တစ်ခုရှိသည်။ အချိန်စီးဆင်းမှုက သူ့ဝိညာဉ်အပေါ်သက်ရောက်မှုမရှိအောင် သူ့ဆီက အချိန်စွမ်းအားတစ်ခုထွက်ပေါ်လာသည်။ ထိုစွမ်းအားက သစ်ပင်၏စွမ်းအားကို ခုခံလိုက်စဉ် စုမင်၏ဝိညာဉ်က သစ်ကိုင်းကို ထိမိသွားခဲ့သည်။

သူက သစ်ကိုင်းနှင့် ရူးသွပ်စွာ ပေါင်းစပ်သွားပြီး ရွှေရောင်လောကတစ်ခုကို မြင်လိုက်ရသည်။ ထိုထဲမှာ မရေမတွက်နိုင်သောသွေးကြောများကို တွေ့လိုက်ရသည် ။ ထိုသွေးကြောများ၏အလယ်ဗဟိုမှာ ရွှေရောင်နှလုံးသားတစ်ခုကို စုမင် မြင်လိုက်ရသည်။

ထိုနှလုံးသားက ‌သေဆုံးပြီးသားလို မခုန်တော့ပေ။ ၎င်းတွင် ရွှေရောင်သွေးကြောများနှင့်ဝန်းရံထားပြီး ထူထဲသောမရဏအရောင်အဝါများ ပျံ့လွင့်လာသည်။ ထိုမရဏအရှိန်အဝါမှာ ပျောက်ကွယ်‌သွားသောရှေးဟောင်းတည်ရှိမှုကို တစ်ခုခုရှိနေသည်။

“မြန်မြန်လုပ်...”

စုမင်၏နှလုံးသားထဲမှာ ဟိန်းဟောက်လိုက်သည်။ သူ့ဝိညာဉ်က သစ်ကိုင်းတစ်လျှောက်လျင်မြန်စွာ တက်သွားသည်။ အဆုံးမဲ့သွေးကြောလမ်းကြောင်းက သူ့ဝိညာဉ်၏ဖုံးလွှမ်းမှုကို ခံရကြောင်း အာရုံခံမိလေသည်။ အကယ်၍ သူ့ဝိညာဉ်က သွေးကြောအပေါ်လုံးဝလွှမ်းမိုးနိုင်လျှင် သူ‌ အောင်မြင်လိမ့်မည်ဟု မရေမရာခံစားချက်တစ်ခု ရှိခဲ့၏။

သို့ပေမဲ့ သူက အန္တရာယ်ကိုမြန်မြန်ထိပ်တိုက်တွေ့ပြီး သူမြန်မြန် အောင်မြင်လေ ပိုကောင်းလေပင်ဖြစ်၏။

အချိန်များ ကုန်လွန်သွားလေ၏။ အသက်တစ်ရှိုက်စာပြီး တစ်ရှိုက် ကုန်ဆုံးသွား၏။မကြာခင်မှာပင် အသက်ခုနှစ်ရှိုက်စာ ကုန်ဆုံးသွား၏။ စုမင်၏ဝိညာဉ်က သွေးကြော၏အလွန်သေးငယ်သော အစိတ်အပိုင်းတစ်ခုကို နေရာယူထားဆဲပင်ဖြစ်၏။ ထိုအချိန်တွင် သစ်ပင်ကြီးဆီကနေ ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

ထိုအသံထွက်ပေါ်လာစဉ် သစ်ပင်ကြီးက ချက်ချင်းပင် တုန်ခါလာသည်။ ထိုအချိန်တွင် ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေသော ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုက ကျင့်ကြံဂြိုလ်မှ ထွက်ပေါ်လာသည်။

ထိုနောက် သွေးကြောလမ်း‌ကြောင်းများက ရွှေရောင်အလင်းတန်းများဖြင့် တောက်ပလာပြီး ချက်ချင်းပင် လိမ်ကောက်လာသည်။၎င်းတို့က ရွှေရောင်နှလုံးသားကို ပိုမိုတင်းကျပ်စွာ ဖုံးအုပ်ထားရုံသာမက ရွှေရောင်မှော်သင်္ကေတတစ်ခုကို စတင်ဖွဲ့စည်းလာသည်။

ထိုမှော်သင်္ကေတက တဖိတ်ဖိတ် တောက်ပလာ၏။

စုမင်က စကားလုံးဖြင့် ဖော်ပြ၍မရနိုင်လောက်အောင်ကြီးမားသောစွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။ သူ့ကို သတ်ဖြတ်နိုင်သည့် မှော်သင်္ကေတက တောက်ပလာပြီး သူ့ထံသို့ ပေါက်ကွဲသံနှင့်အတူ ဦးတည်သွားလေသည်။

ထိုမှော်သင်္ကေတနှင့်အတူ အလွန်ဒေါသထွက်ပြီး အနည်းငယ်ကြောက်ရွံ့နေသောစိတ်ဆန္ဒတစ်ခုလည်း ပါလာသည်။

“သေစမ်းးး သေစမ်းးးးသေစမ်းးးး”

ထိုစိတ်ဆန္ဒက အလွန်အစွမ်းထက်သည်။၎င်းက ပေါက်ကွဲသံတစ်ခုနှင့်အတူ စုမင်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာ၏။ထို့နောက် ရူးသွပ်ပြီးသတ်ဖြတ်လိုစိတ်အဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းက စုမင်၏

ဝိညာဉ်ကို ဖျက်ဆီးတော့မည့်အချိန်တွင် အချိန်ကိုပြောင်းပြန်လှန်သည့်စွမ်းအားတစ်ခုအဖြစ်သို့ ရုတ်တရက်ပြောင်းလဲသွားသည်။

အရာအားလုံးကိုထိန်းချုပ်ထားသော ဥပဒေသတစ်ခုရှိနေ၏။ စုမင်ကို သတ်ရန် ရည်ရွယ်ထားသောစွမ်းအားကို အချိန်ပြောင်းပြန်လှန်နိုင်သောစွမ်းအားအဖြစ် အတင်းပြောင်းလဲပေးနေသလို ထင်ရ၏။ ထိုစွမ်းအားက စုမင်၏ဝိညာဉ်ကို သစ်ပင်ကနေ ချက်ချင်းထုတ်ပြီး သူ့ခန္ဓာကိုယ်ဆီ ပြန်ပို့နေလေသည်။

“ကျိန်စာတိုက်လိုက်စမ်း..စွေ့ချန်ကျစ်..ခင်ဗျားသေသွားရင်တောင် ခင်ဗျားရဲ့ဥပဒေသက ကျုပ်ကို တားဆီးနိုင်ဦးမှာလား..ငါသူ့ကို သတ်ပစ်မယ်..သတ်ပစ်မယ်ကွ..သူက ငါ့ကိုခြိမ်းခြောက်ပြီး သိမ်းပိုက်ဖို့ ကြိုးစားတဲ့ ၃၇၄၂ ယောက်မြောက်လူပဲ..ဒါပေမဲ့ ငါ့ကို အန္တရာယ်အငွေ့အသက်ခံစားရစေတဲ့ တစ်ဦးတည်းသောသူက ဒီကောင်လေးပဲ”

ထိုအရာက စုမင်နောက်ဆုံးကြားလိုက်ရသော အသံပင် ဖြစ်၏။သူ့ဝိညာဉ်က သူ့ခန္ဓာကိုယ်နှင့်ပေါင်းစည်းသွားသည့်အခါ သူ့နားထဲမှာ စကားသံအချို့ပဲ့တင်ထပ်လာလေသည်။ အရာအားလုံးက တိတ်ဆိတ်သွား၏။ စုမင် မျက်လုံးဖွင့်လိုက်သည့်အခါ ရာနှင့်ချီရှိသောကျောက်တိုင်များရှိရာသို့ ပြန်ရောက်သွားခဲ့သည်။ သူ့ရှေ့က ကျောက်တိုင်တစ်ခုက ပေ ၂၄၀၀၀ မြင့်လာခဲ့သည်။

“ငါ မအောင်မြင်ခဲ့ဘူး...”

စုမင်းက တိုးတိုးလေးပြောလိုက်၏။

မကြာခင်မှာပဲ သူ့မျက်လုံးထဲမှာ အနက်ရောင်အလင်းတန်းတစ်ခု တောက်ပလာသည်။

“ဒါပေမဲ့ ငါ အောင်မြင်ခဲ့တယ်”

သူက ခေါင်းမော့ပြီး သူ့ကျောက်တိုင်ကို စိုက်ကြည့်နေ၏။

“ငါ့မှာ ရှိသမျှနည်းလမ်းအားလုံးကိုသုံးပြီး

ရွှေရောင်သစ်ပင်ကိုပိုင်ဆိုင်ဖို့ ကြိုးစားခွင့်ရှိတယ်..နောက်ဆုံးမှာ ရွှေရောင်သစ်ပင်က ငါ့ကိုသတ်ဖို့ကြိုးစားရင်တောင် သူ့ရဲ့လုပ်ရပ်တွေကို စွေ့ချန်ကျစ်ရဲ့ဥပဒေသကတားဆီးထားတယ်..ဒီသစ်ပင်က ငါ့ကို

နည်းနည်းလေးမှထိခိုက်အောင်လုပ်လို့မရဘူး..အချိန်ရဲ့ပြောင်းပြန်လှန်မှုကြောင့် ဒီနေရာကိုပြန်လာရရုံပဲ..”

“အဲဒီလိုဆိုရင် စွေ့ချန်ကျစ် သေဆုံးခါနီးမှာ ချမှတ်ခဲ့တဲ့ဥပဒေသက ဒီနေရာရဲ့စွမ်းအားအကြီးဆုံးဆန္ဒပဲ..ဒင်း ငါ့ကိုသတ်လို့မရဘူး..ငါ့မှာ ဒီသစ်ပင်ကို ပိုင်ဆိုင်နိုင်တဲ့အခွင့်အရေးတွေ အများကြီးရှိနေပြီ...”

စုမင်၏မျက်လုံးများက တောက်ပလာသည်။ သူ ကျရှုံးသွားတာ တော်သေး၏။ မဟုတ်လျှင် သူ လွယ်လွယ်ကူကူအောင်မြင်တာ အရမ်းထူးဆန်းနေလိမ့်မည်။ ယခုတစ်ခါ သူကျရှုံးသွားသော်လည်း သက်သေများနှင့်အဖြေများစွာ သိရှိလာခဲ့သည်။ သူ့ယုံကြည်မှုလဲ တိုးတက်လာသည်။

“ငါ့ရဲ့အနာဂတ်အတွက်..နတ်ဘုရားအနှစ်သာရရဲ့လမ်းကြောင်းကို တည်ဆောက်ဖို့ ရွှေရောင်သစ်ပင်ကို ပိုင်ဆိုင်အောင်လုပ်ရမယ်.ပြီးတော့ ငါ လောကပါရဂွန်ဖြစ်အောင်လုပ်မယ်...”

စုမင်၏မျက်လုံးများက ယုံကြည်ချက်အပြည့်ဖြင့်တောက်ပနေလေသည်။ သူ့အသက်ကို ပြင်းပြင်းရှူပြီး မျက်လုံးတွေကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။

‘ငါ့ရှေ့မှာ ဒီရွှေရောင်သစ်ပင်ကို ပိုင်ဆိုင်ဖို့ ကြိုးစားခဲ့တဲ့ လူ ၃၇၃၁ ယောက် ရှိခဲ့တယ်… ဒါပေမဲ့ သူတို့ထဲက ဘယ်သူမှ မအောင်မြင်ခဲ့ဘူး.. ဘာလို့လဲဆိုတော့ သူတို့ရဲ့နည်းတွေက ငါ့နည်းလမ်းနဲ့ မတူလို့ပဲ...အခြားသူတွေဖိနှိမ်ပြီး ကိုယ်ပွားဖြစ်အောင်လုပ်တာရ အသူရာဖန်ဆင်းရှင်တွေရဲ့ မွေးရာပါစွမ်းရည်ပဲ..”

“ငါ ကသစ်ပင်ကို ပိုင်‌ဆိုင်ဖို့ကြိုးစားတဲ့အချိန်မှာ အသက်ခုနစ်ရှိုက်စာတောင်အချိန်ရခဲ့တယ်..ဒါသစ်ပင်ရဲ့ပေါ့လျော့မှု..ဒါမှမဟုတ် ငါ့ကို သတိထားမိခင်မှာ သတ်မှတ်ထားတဲ့ အချိန်တစ်ခုလဲဖြစ်နိုင်တယ်...ငါသေချာအောင်လုပ်နိုင်ဖို့ ဒါကို အကြိမ်ပေါင်းများစွာ စမ်းသပ်ရမယ်..”

ကျောက်တိုင်ကို ပေတစ်သန်းအထိ ရောက်အောင် လုပ်ခြင်းက စုမင်၏အဓိကအာရုံစိုက်မှု မဟုတ်တော့ပေ။ သူ့ရည်မှန်းချက်က ရွှေရောင်သစ်ပင်ကို ပိုင်ဆိုင်ရန်ဖြစ်၏။

ယခုတစ်ခါ ကျရှုံးမှုက စုမင်ကို သစ်ပင်ပိုင်ဆိုင်ရန် ပို၍စိတ်ပိုင်းဖြတ်စေခဲ့သည်။ သူက မအောင်မြင်မချင်း လက်လျော့မည်မဟုတ်ပေ။

All Chapters