← Chapters

အိစန်းကို ကိုယ်ပွားအဖြစ်ဖန်တီးခြင်း(၁)

Vol. 60 Ch. 826

အိစန်းကို ကိုယ်ပွားအဖြစ်ဖန်တီးခြင်း(၁)

Vol. 60 Ch. 826

အချိန်များ ‌တရွေ့ရွေ့ကုန်ဆုံးသွားပြန်၏။

မျက်စိတစ်မှိတ်အတွင်းမှာပဲ နှစ်ပေါင်းတစ်ရာ့ရှစ်ဆယ်ကုန်ဆုံးသွား၏။

စုမင်က သီးခြားနယ်မြေ၌ နှစ်ပေါင်းနှစ်ရာနီးပါးကုန်ဆုံးခဲ့၏။ သာမန်လူသားတစ်ယောက်အတွက် ထိုအချိန်က နှစ်ဘဝစာမကပေ။ ထိုသက်တမ်းက သူတို့စိတ်ကူးယဉ်၍မရသော ဇိမ်ခံပစ္စည်းလိုမျိုးဖြစ်၏။သို့ပေမဲ့ ကျင့်ကြံသူများအတွက်တော့ အပြည့်အဝရှင်သန်မည်ဆိုလျှင် သဘာဝအတိုင်း ကုန်ဆုံးသွားလိမ့်မည်။

အစကနေတွက်ကြည့်လျှင် စုမင်က အနောက်ငွေ့ရည်တိမ်တိုက်ကြယ်ဂြိုလ်၏သီးခြားနယ်မြေသို့ ရောက်လာချိန်ထိ နှစ်ပေါင်းသုံးရာကျော် ကြာခဲ့ပြီဖြစ်၏။ ထိုတောင်မှ ကြက်သွေးရောင်မီးလျှံဂြိုလ်သခင်က လုံးဝမနှိုးထလာသေးပေ။ သူက စုမင်၏လက်မောင်း၌ သားရဲရုပ်တုလို ပြောင်းလဲသွားခဲ့သည်။ ထို့ပြင် သူက သီးခြားနယ်မြေ၏လျှို့ဝှက်ဆန်းကြယ်မှုများကြောင့် မနှိုးထလာနိုင်တာလဲဖြစ်နိုင်သည်။

ယခင်က မီးလျှံဂြိုလ်သခင်က သီးခြားနယ်မြေထဲကိုရောက်လာသည့်အကြောင်းအရင်းကို စုမင် နားမလည်ခဲ့ပေ။ သို့ပေမဲ့ သူ့တည်ရှိမှုကို ပြသရန်ကျောက်တိုင်မရှိသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏။ စုမင် ထိုအကြောင်းကို အတော်ကြာ စဉ်းစားခဲ့သော်လည်း အဖြေမရခဲ့ပေ။အချိန်ကြာလာသည်နှင့်အမျှ စုမင်က ထိုအကြောင်း စဉ်းစားတာကို ရပ်လိုက်သည်။

ကြိုးကြာငှက်ကလဲ စုမင်၏သိုလှောင်အိတ်ထဲကနေ ထွက်မလာနိုင်ခဲ့ပေ။ သူ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပြီးမှ ငှက်က ကျောက်တိုင်၏လောကထဲတွင် ရှိနေချိန်မှသာ ပေါ်လာနိုင်ကြောင်း တွေ့ရှိခဲ့သည်။ သို့သော် စုမင်က ကျောက်တိုင်ရှိရာနေရာသို့ ရောက်နေချိန်တွင် ငှက်က ချိပ်ပိတ်ခံထားရသကဲ့သို့ ထွက်မလာနိုင်ပေ။

ထိုအရာက ချိပ်တံဆိပ်တစ်ခု မဟုတ်ဘဲ သီးခြားနယ်မြေ၏ဥပဒေသတစ်ခုဖြစ်ကောင်းဖြစ်နိုင်သည်။

ကံကောင်းထောက်မစွာပင် စုမင်က ရွှေရောင်အလင်းတန်းပင်လယ်ထဲမှာ တစ်ကြိမ်ကြိုးစားခဲ့စဥ် ကြိုးကြာငှက်မှာ… ပေါ်လာနိုင်ခဲ့သည်။ စုမင်က ငှက်ကို ကျောက်မျက်ရတနာ အများကြီး ပေးမည်ဟု ကတိပေးခဲ့သည်။ ထိုစဉ် ငှက်က သူ့ရင်ဘတ်ကို စိတ်လှုပ်ရှားစွာ ထုလိုက်ပြီး စုမင်၏အစီအစဉ်ကို သဘောတူခဲ့သည်။

ပထမဆုံးအကြိမ် ကျရှုံးမှုပြီးနောက် စုမင်က ကျဉ်းထဲကျပ်ထဲရောက်သွားလေသည်။ သူ့ကျောက်တိုင်မှာ ခုနစ်ကြိမ်တိုင်တိုင် ရောက်ရှိခဲ့ပြီး ကျင့်ကြံဂြိုလ်ထဲကို ခုနစ်ကြိမ်တိုင်တိုင် ဝင်ရောက်ခဲ့သည်။

သူက ရွှေသစ်ပင်ကို ပိုင်ဆိုင်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း

မအောင်မြင်ခဲ့ပေ။ ရွှေရောင်သစ်ပင်က ဆတ်ဆတ်တုန်အောင် ဒေါသူပုန်ထနေသော်လည်း စွေ့ချန်ကျစ်၏ဥပဒေသက သစ်ပင်ကို တားဆီးထားသည်။ ထို့ကြောင့် စုမင်က မ‌အောင်မြင်သော်ငြား

အန္တရာယ်ကို မခံစားရပေ။

စုမင်က ခုနစ်ကြိမ်တိုင်တိုင် ကြိုးစားခဲ့သည်။ အချိန်အတိုဆုံးမှာ သစ်ပင်က စုမင် ၎င်းကိုပိုင်ဆိုင်ရန်ကြိုးစား‌နေသည့်အချိန်ပင်ဖြစ်၏။ အရှည်ဆုံးက အသက်ကိုးရှိုက်စာထိဖြစ်သည်။

ထိုအရာက စုမင်၏ အရင်ယူဆချက်ကို

မှားယွင်းသွားစေခဲ့သည်။ သစ်ပင်

ထိုအချက်ကို ရှာဖွေတွေ့ရှိသွားတိုင်း အချိန်ပြောင်းလဲမှုမျိုးက တစ်နည်းနည်းဖြင့် ပေါ်လာသည်။ စုမင်က ထိုအကြောင်းရင်းကို နားမလည်နိုင်ခဲ့ပေ။

အသက်တစ်ရှိုက်စာနှင့်ကိုးရှိုက်စာကြားအချိန်ကာလက ရှည်လျားသည်ဟု မထင်ရ‌ပေ။ သို့သော် ထိုအသက်ရှိုက်စာအနည်းငယ်က လူတစ်ယောက် အသက်ရှင်မလား၊ သေဆုံးမလားဆိုတာကို ဆုံးဖြတ်ပေးသော အဓိကသော့ချက်ဖြစ်သည်။ သစ်ပင်၏စွမ်းအားနှင့်ဆိုလျှင် ထိုမမျှတမှုက မရှိသင့်ပေ။

ထိုမမျှတမှုက စုမင်ကို အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်စေသောအရာတစ်ခုဖြစ်လာခဲ့သည်။ သူ အချိန်အလုံအလောက်လိုအပ်လေ၏။ သူ့မှာ အချိန်များများစားစားရှိမှသာ သစ်ပင်ကို ပိုင်ဆိုင်နိုင်လိမ့်မည်။ သူက တွက်ချက်မှုများပြုလုပ်ခဲ့သောကြောင့် သူအောင်မြင်ရန် အသက်ရှိုက်စာကိုးရာလောက် လိုအပ်လိမ့်မည်။

ထိုအချိန်အတွင်းမှာ သူ့လုပ်ဆောင်မှုများမရပ်သရွေ့ ...သူ့ဝိညာဉ်က သစ်ပင်၏သွေးကြောထဲမှာ ပြည့်သွားသရွေ့..တခြားသူများထက် အောင်မြင်မှုအခွင့်အလမ်းပိုများလာလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် တခြားလူများက သစ်ပင်၏တကယ့်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရန် ကြိုးစားခဲ့ကြသောကြောင့် ဖြစ်၏။ စုမင်ကတော့ ထိုသို့မလုပ်ခဲ့ပေ။ အသူရာဖန်ဆင်းရှင်များ၏ပိုင်ဆိုင်မှုက တခြားလူများနှင့်မတူပေ။ အမှန်တော့ ထိုအရာက

ပိုင်ဆိုင်မှုပုံစံတစ်ခု မဟုတ်ဘဲ ပြန်လည်မွေးဖွားခြင်းပင်ဖြစ်၏။

စုမင်က ရွှေရောင်သစ်ပင်၏ခန္ဓာကိုယ်ကနေ အနှစ်သာရ၊ အသက်ဓာတ်နှင့် စွမ်းအားအားလုံးကို အသုံးပြုပြီး ခန္ဓာကိုယ်အသစ်တစ်ခု ဖန်တီးမည်ဖြစ်၏။ ထိုပြန်လည်မွေးဖွားလာသော ခန္ဓာကိုယ်က စုမင်၏ကိုယ်ပွားပင် ဖြစ်လာမည်။

ထိုအရာက သစ်ပင်၏ဝိညာဉ်ကနေ အပြင်ဘက်အစိတ်အပိုင်းများအထိ လည်ပတ်စေနိုင်သော ပြန်လည်မွေးဖွားမှုဖြစ်၏။သစ်ပင်၏အပြင်ဘက်ကနေ အတွင်းပိုင်းအထိ သိမ်းပိုက်မှုနှင့်ယှဉ်လျှင် စုမင်က အောင်မြင်မှုအခွင့်အလမ်းပိုများသည်။ လူတစ်ယောက်က အရေပြားပေါ်မှာရှိနေသော အင်းဆက်တစ်ကောင်ကို အလွယ်တကူ ချေမှုန်းနိုင်သော်လည်း ခန္ဓာကိုယ်ထဲမှာရှင်သန်နေသောအင်းဆက်တစ်ကောင်ကို သတ်ရန်ခက်ခဲနေလေသည်။

“သစ်ပင်က ငါရဲ့လုပ်ရပ်ကိုသတိထားမိသွားတဲ့အခါ ကြာချိန်ကို ဘယ်လိုဆွဲဆန့်ရမလဲ...”

ထိုမေးခွန်က စုမင်၏စိတ်ကိုနှစ်ပေါင်း ၁၈၀ လောက်ဒုက္ခပေးနေသောမေးခွန်းတစ်ခုပင်ဖြစ်သည်။သူက ထိုလျှို့ဝှက်ဆန်းကြယ်မှုကို မဖြေရှင်းနိုင်လျှင် သူ့အစီအစဉ်ကို ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်ခဲ့လျှင်တောင်မှ အသက်ရှိူက်စာ ကိုးရာ ကြာစွမ်းဆောင်နိုင်မည်မဟုတ်ပေ။

ထိုမေးခွန်းက သူ့စိတ်ထဲမှာ နောက်ထပ်နှစ် ၃၀ အထိဆက်လက်တည်ရှိနေခဲ့သည်။ စုမင်က သူ့ကိုးကြိမ်မြောက်စမ်းသပ်မှုကို ကြိုးစားသည့်အခါ တစ်ခုခုကို သတိထားမိခဲ့သည်။ ယခုတစ်ခါ သူ သစ်ပင်ကို ပိုင်ဆိုင်ရန်ကြိုးစားချိန်မှာ အသက်ဆယ့်ငါးရှိုက်စာဖြစ်သည်။

အသက်ဆယ့်ငါးရှိုက်စာက သူတစ်ခါမှ မအောင်မြင်ခဲ့ဖူးသော အချိန်ဖြစ်သည်။ ကိုးကြိမ်မြောက်ကြိုးစားမှုနှင့် နောက်ဆက်တွဲ မအောင်မြင်မှုအပြီးတွင် စုမင်က ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။ သူ့ဘေးနားတွင် ပေကိုးသိန်းမှ ပေသောင်းဂဏန်းထိလျော့ကျသွားသောကျောက်တိုင်များ ရှိနေသည်ကို သတိပြုမိခဲ့သည်။

ဆိုလိုသည်မှာ သူအပါအဝင် ကျောက်တိုင်၏ပေတစ်သန်းစမ်းသပ်မှုကို ဖြေဆိုသူ ၁၅ ဦး ရှိသည်။

ဤရှာဖွေတွေ့ရှိမှုက စုမင်းကို စိတ်လှုပ်ရှားစေခဲ့သည်။ ထို့နောက် သူနှင့်

တစ်ချိန်တည်းတွင် စမ်းသပ်မှုကိုဖြေဆိုသူအများကြီး ရှိကြောင်း သတိပြုမိခဲ့သည်။

ထို့ကြောင့်သူ၏ကျောက်တိုင်က ပေကိုးသိန်းအထိရောက်ရှိသောအခါ သစ်ပင်ကို ပိုင်ဆိုင်ရန် ချက်ချင်းမကြိုးစားခဲ့ပေ။ ယင်းအစား သူက စောင့်ဆိုင်းခဲ့သည်။

တစ်ချိန်တည်းတွင် သူက စမ်းသပ်မှုကို ကြိုးစားသူအများဆုံးရှိမည့် အကောင်းဆုံးအချိန်ကို ရှာဖွေရင်း တိတ်ဆိတ်စွာ လုပ်ဆောင်ခဲ့သည်။

စုမင်း စောင့်ဆိုင်းနေစဉ် အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးသွားခဲ့သည်။ တစ်နှစ်ပြီးတစ်နှစ်… နှစ်ငါးဆယ်၊ ထို့နောက် နှစ်တစ်ရာ စောင့်ဆိုင်းခဲ့သည်။ သူ၏ရည်မှန်းချက်နှင့်ပတ်သတ်လျှင် အလွန်ခေါင်းမာသည်။

သူ၏ဇွဲကြီးမှုကို စကားလုံးဖြင့်ဖော်ပြ၍မရနိုင်ပေ။ သူ၏ ကျောက်တိုင်ရှေ့တွင် တင်ပျဉ်ခွေထိုင်ပြီး ဆက်လက်စောင့်ဆိုင်းနေလေသည်။

တစ်ချိန်က စမ်းသပ်မှုကို လူ ၁၇ ယောက်က အချိန်တိုအတွင်း ဆက်တိုက်ကြိုးစားခဲ့သည်။ ထို့နောက် လူ ၁၉ ယောက်...နောက်တစ်ကြိမ် ၂၁ ယောက်ကြိုးစားခဲ့ကြသည်။ စုမင်က ထိုအခွင့်အရေးကိုလဲ လက်လျော့ခဲ့သည်။ လူတစ်သောင်းမှာ လူတစ်ရာ ‌ကြိုးစားမည့်အချိန်ကို စောင့်မျှော်နေခဲ့သည်။

စုမင်က နှစ်ပေါင်းသုံးရာကြာသည့်အထိ ဆက်လက်စောင့်ဆိုင်းနေခဲ့၏။ အရင် ကြာချိန်နှင့်ဆိုလျှင် စုမင်က သီခြားနယ်မြေမှာ နှစ်ပေါင်းခုနစ်ရာ ပိတ်မိနေခဲ့သည်။

နှစ်ပေါင်းခုနှစ်ရာဆိုတာ သာမန်လူသားများအတွက် မျိုးဆက်ပေါင်းများစွာနှင့်ညီမျှလေသည်။ စုမင်၏ဆံပင်က ရှည်လျားပြီး ခန္ဓာကိုယ်က ပိန်ချုံးနေ၏။ သူ့မျက်လုံးများက ရူးသွပ်မှုနှင့်ပြည့်နှက်နေပြီး စိတ်ကလည်း အလွန်အမင်း ဖိစီးနေသည်။

သူက လွန်ခဲ့သောနှစ်ခုနှစ်ရာက စုမင်နှင့်

လုံးဝကွာခြားသွားခဲ့သည်။ သူ့ခန္ဓာကိုယ်ကနေ ရှေးဟောင်းလေထုအရှိန်အဝါကရူးသွပ်မှုနဲ့အတူ ဖြာထွက်နေသည်။ တကယ်တော့ သီးခြားနယ်မြေကိုဝင်လာသောအချို့လူများက သွေးအမှတ်အသားပုလဲနှင့်ဝင်လာခဲ့သည်။ ပုလဲ၏အာနိသင်ပျောက်ပျက်သွားသောအခါ စုမင်ကို စုမင်အဖြစ် မမှတ်မိနိုင်ကြတော့ပေ။

အဘယ်ကြောင့်ဆိုသော် ယခု စုမင်၏အပြင်ပန်းအသွင်အပြင်က သီးခြားနယ်မြေရှိဟိုးရှေးပဝေသဏီကတည်းက ပိတ်မိနေသော မိစ္ဆာအိုကြီးများနှင့်တူသောကြောင့် ဖြစ်၏။

သို့ပေမဲ့ သူ့နှလုံးသားထဲမှာ မီးတောက်တစ်ခု တောက်လောင်နေသည်။ စုမင်က သူ့ဒေါသနှင့်ရူးသွပ်မှုကို ပေါက်ကွဲပစ်နိုင်မည့်နေ့ကို စောင့်မျှော်နေလေသည်။

စုမင်က နောက်ထပ် နှစ်တစ်ရာနီးပါး စောင့်ဆိုင်းခဲ့ရသည်။ ထိုအပြင် စုမင်က သီးခြားနယ်မြေမှာ နှစ်ပေါင်းရှစ်ရာနီးပါး ပိတ်မိနေခဲ့ပြီး သူစောင့်မျှော်နေသောနေ့ရောက်ရှိလာသည်။

တစ်ချိန်တည်းမှာလူတစ်ရာ့နှစ်ဆယ့်လေးယောက်၏ကျောက်တိုင်များသည် ပေကိုးသိန်းကျော်အမြင့်ကို ရောက်ရှိခဲ့ပါတယ်။ စုမင်က နှစ်လေးရာလောက် စောင့်ဆိုင်းပြီးနောက်မှာ လူတစ်ရာကျော် စမ်းသပ်မှုကို ကြိုးစားတာ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။

ထိုအရာက အများဆုံးအရေအတွက် မဟုတ်ပေ။ သူဆက်ပြီး စောင့်ဆိုင်းနေလျှင် ကျောက်တိုင်ပေကိုးသိန်းကိုရောက်လာသူများရှိနိုင်သည်။ ထိုတိုက်ဆိုင်မှုမျိုး က နှစ်ထောင်ပေါင်းများစွာမှ ကြုံတောင့်ကြုံခဲသောအချိန်မျိုးဖြစ်သည်။ သို့သော် စုမင်က နှစ်ထောင်ပေါင်းများစွာ သို့မဟုတ် နှစ်သောင်းနှင့်ချီ စောင့်ဆိုင်းရလိမ့်မည်။

ထို့ကြောင့် လူ ၁၂၄ ယောက် စမ်းသပ်မှုကိုတစ်ပြိုင်တည်းဖြေဆိုချိန်မှာ စုမင်က ထိုအခွင့်အရေးကို အမိအရယူလိုက်တော့သည်။ ထိုအချိန်တွင် စုမင်၏မျက်လုံးက မျှော်လင့်ချက်များဖြင့်လင်းလက်သွားတော့သည်။ ထိုခံစားချက်က နှစ်ပေါင်းလေးရာလောက်ဖိနှိပ်ခံရပြီးနောက် ပေါက်ကွဲထွက်လာသောခံစားမှုမျိုးပင်ဖြစ်သည်။

“အချိန်တန်ပြီ. ငါမအောင်မြင်ခဲ့ရင် ငါ့အောင်မြင်မှုအခွင့်အလမ်းတွေက အရမ်းနည်းသွားလိမ့်မယ်..ဒီတစ်ခါတော့... ငါ့ရဲ့အကြီးမားဆုံးမျှော်လင့်ချက်နဲ့ အောင်မြင်မှုအတွက် အကြီးမားဆုံးအခွင့်အရေးပဲ”

စုမင်က မော်ကြွားစွာ ခေါင်းမော့လိုက်သည်။နှစ်ပေါင်းလေးရာအတွင်း သူ့ညာဘက်မျက်လုံးထဲရှိမှော်သင်္ကေတများက မပြောင်းလဲသော်လည်း အရေအတွက်က စုစုပေါင်း တစ်သောင်းအထိ ရောက်ရှိနေခဲ့သည်။ မှော်သင်္ကေတ တစ်သောင်းထိတိုးလာပြီးနောက်ပိုင်း အရေအတွက်က ရပ်တန့်သွားမည်ကို စုမင် သတိထားမိခဲ့သည်။

ထို့ကြောင့် သူနှစ်လေးရာလောက် စောင့်ဆိုင်းရန် ရွေးချယ်ခဲ့ရသော အကြောင်းရင်းတစ်ခုပင်ဖြစ်၏။

ထိုစဉ် သူ့သူ့ညာဘက်မျက်လုံးထဲက မှော်

သင်္ကေတများက လင်းလက်လာသည့်အခါ စုမင်က ကျောက်တိုင်ပေါ်တွင် ပေါ်လာသည်။ ကျောက်တိုင်ပေါ်ရှိဝဲဂယက်က မြန်မြန်လည်ပတ်နေပြီး စုမင်၏ခန္ဓာကိုယ်က မှုန်ဝါးလာသည်။

သူ့အမြင်အာရုံကြည်လင်လာသည့်အခါ သူ့ကိုယ်သူ ရွှေရောင်အလင်းတန်းပင်လယ်မှာ ရောက်ရှိနေကြောင်း တွေ့ရှိခဲ့သည်။ နှစ်လေးရာကြာပြီးနောက် ကောင်းကင်ကိုပင် လင်းလက်စေမည့် တောက်ပသော အလင်းရောင်တစ်ခု က သူ့မျက်လုံးထဲတွင် တောက်ပလာခဲ့သည်။

ထိုအလင်းရောင်တွင် ပြင်းထန်သောတိုက်ခိုက်ရေးစိတ်ဓာတ်၊ ရူးသွပ်မှုနှင့်နှစ် လေးရာကြာ စိတ်ရှည်ရှည်ဖြင့် ခံနိုင်ရည်ရှိမှုတို့မှ ပေါက်ဖွားလာသော ခွန်အားတို့လည်း ရှိသည်။

သူ၏အမြန်ဆုံးအမြန်နှုန်းဖြင့် ရွှေရောင်အလင်းတန်းပင်လယ်ကို ဖြတ်သန်းရန် အမွှေးတိုင်တစ်တိုင်စာကြာချိန်သာ အသုံးပြုခဲ့သည်။ မှော်သင်္ကေတ ထောင်ပေါင်းများစွာသာ ဆုံးရှုံးပြီးနောက် စုမင်က ကျင့်ကြံဂြိုလ်ရှိအမြင့်ဆုံးလေထုအလွှာမှ ရောက်ရှိခဲ့သည်။

သူက ထိုရင်းနှီးသောမျက်နှာများစွာနှင့်သူ့ဆီသို့ပြေးဝင်လာသောသစ်ကိုင်းကို မျက်နှာချင်းဆိုင်တွေ့လိုက်ရသည်။ ထိုစဉ် စုမင်၏မျက်လုံးများတွင် ပြင်းထန်သောအလင်းတန်းတစ်ခု လင်းလက်လာသည်။

ထိုသစ်ကိုင်းက သူ့ခန္ဓာကိုယ်ကို ထိလိုက်စဉ် သူ့ဝိညာဉ်က ပေါက်ကွဲသံနှင့်အတူ ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ကြိုးကြာငှက်က စူးရှသောအော်သံနှင့်အတူ စုမင်၏သိုလှောင်အိတ်မှ ပျံသန်းထွက်လာပြီး စုမင်၏ဝိညာဉ်ဆီသို့ ပြေးသွားသည်။

ငှက်က ပုံရိပ်ယောင်သာဖြစ်ပြီး ရုပ်ခန္ဓာမရှိတော့ပေ။ ကျောက်တိုင်ရှိလောကအတွင်း စမ်းသပ်မှုများစွာပြုလုပ်ပြီးနောက် စုမင်၏ဝိညာဉ်က ငှက်၏တည်ရှိမှုနှင့်ပေါင်းစပ်နိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။

သူက အချိန်ကိုပြောင်းပြန်လှန်စွမ်းအားကို တိုက်ခိုက်နေစဉ် ငှက်ကို ဖုံးကွယ်ထားလေသည်။ သူ၏အမြန်ဆုံးအမြန်နှုန်းနှင့်

သူ၏ဝိညာဉ်ကို ပေါက်ကွဲပြီး ပျံ့နှံ့သွားစေသည်။ မျက်စိတစ်မှိတ်အတွင်း သူက ရွှေရောင်သွေးကြောလမ်းကြောင်းများ၏ သေးငယ်သောနေရာတစ်ခုကို အနက်ရောင်ဖြင့် ဖုံးလွှမ်းထားသည်။

အချိန်က အသက်တစ်ရှိုက်စာပြီးတစ်ရှိုက်ကုန်ဆုံးသွားပြီး စုမင်၏နှလုံးသားထဲတွင် ဟိန်းဟောက်လိုက်သည်။ သူက ထပ်မကျရှုံးချင်တော့ဘဲ အောင်မြင်ချင်ခဲ့သည်။

‘မြန်မြန်လုပ်စမ်း..မြန်မြန်လုပ်စမ်း..’

စုမင်၏နှလုံးသားထဲမှာ အော်ဟစ်လိုက်

သည်။ သူ့ဝိညာဉ်က မြန်မြန်ပျံ့နှံ့သွားပြီး

အသက်နှစ်ဆယ်ရှိုက်စာအတွင်းမှာ သွေးကြောလမ်းကြောင်းများ၏တစ်ရာပုံသုံးပုံလောက်ကို သိမ်းပိုက်ပြီးသွားခဲ့သည်။

ဤသည်မှာ သူကြိုးစားခဲ့‌သောအချိန်တွေထဲမှာ အများဆုံး သိမ်းပိုက်ထားနိုင်သည့်

အချိန်ပင်ဖြစ်သည်။ ခဏအတွင်းမှာပဲ သူ အောင်မြင်ခဲ့သော‌အရင်စံချိန်ကို ကျော်သွားခဲ့သည်။ စုမင်၏နှလုံးသားထဲမှာ ထပ်မံအော်ဟစ်လိုက်သည့်အခါ အသက်လေးဆယ်ရှိုက်စာကိုရောက်ရှိလာသည်။ ထိုအချိန်ထိ ရွှေရောင်သစ်ပင်ကနေ ပြင်းထန်‌သောစိတ်ဆန္ဒထွက်ပေါ်လာခြင်း မရှိသေးပေ။ စုမင်၏နှလုံးသားထဲမှာ ‌အော်ဟစ်လိုက်သည့်အခါ အသက်လေးဆယ်ရှိုက်စာသို့ရောက်ရှိသွားသည်။ ထို့သို့ဖြင့် စုမင်က သွေးကြောလမ်းကြောင်းအားလုံး၏တစ်ရာပုံခုနှစ်ပုံလောက်ကို သိမ်းပိုက်ခဲ့သည်။

အသက်ရှိုက်စာ ခြောက်ဆယ်၊ ရှစ်ဆယ်... တစ်ရာမြောက်ကို ရောက်ရှိလာသည့်အခါ ရွှေရောင်သွေးကြောလမ်းကြောင်းကနေ

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအချိန်တွင် စုမင်က သွေးကြောလမ်းကြောင်းအားလုံး၏တစ်ရာပုံဆယ်ပုံလောက်ကို သိမ်းပိုက်ပြီးးသွားလေသည်။

ထိုအရာက စုမင်၏ဘဝမှာ တစ်ခါမှ မရောက်ရှိနိုင်ခဲ့သောအောင်မြင်မှုတစ်ခုတင်မကပေ။ ရွှေရောင်သစ်ပင်ကို ပိုင်ဆိုင်ရန် ကြိုးစားခဲ့သည့် လူထောင်ပေါင်းများစွာထဲမှာ အမြင့်ဆုံးအောင်မြင်မှုလဲ ဖြစ်သည်။

စုမင်တွင် အသက်ရှိုက်စာနှစ်ဆယ်ကျော် ကျန်သေးလေသည်။

အသက်ရှိုက်စာနှစ်ဆယ်ခန့် အကြာတွင် စုမင်၏ဝိညာဉ်က သွေးကြောလမ်းကြောင်းအားလုံး၏တစ်ရာပုံဆယ့်လေးပုံကို သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် စုမင်က ဆက်လက်လုပ်ဆောင်ခြင်းကို လက်လျှော့လိုက်သည်။ ယင်းအစား သူ့နှလုံးသားထဲတွင် ဟိန်းဟောက်ပြီး သူ့အသံကိုပဲ့တင်ထပ်သောအသံအဖြစ်သို့ ပြောင်းလဲလိုက်သည်။

“ကြိုးကြာငှက်...”

စုမင် အသံထွက်ပေါ်လာသည့်အချိန်တွင် သူ့ဝိညာဉ်ဖြင့် ဝန်းရံထားသောငှက်ထံမှ

စူးစူးရှရှအော်သံထွက်ပေါ်လာသည်။

“ပြောင်းလိုက်စမ်း..ပြောင်းလိုက်ကွာ..ငါမင်းကို ပြောနေတာကွ..ပြောင်းစမ်းး..”

စုမင်က ကျောက်တိုင်ဧ။်လောကထဲမှာ ရှိ နေစဉ် ကြိုးကြာငှက်ကို သူ့အစီအစဉ်အစအဆုံးပြောပြခဲ့သည်။ ငှက်က ယခုကိစ္စက စုမင်းအတွက် မည်မျှအရေးကြီးကြောင်း သိလေ၏။ အထူးသဖြင့် စုမင်က သူ့ကို သလင်းကျောက်တုံးများစွာပေးမည်ဟု ကတိပေးထားသောကြောင့်ဖြစ်သည်။ ထိုကိစ္စက ငှက်ကို ရွေးချယ်မှုတစ်ခုပေးနေလေသည်။ အဘယ်ကြောင့်ဆိုသော် ယခင်တစ်ကြိမ်၌ ငှက်က သူ့မှာရှိသောခွန်အားထက်ပင် ပိုမိုများပြားသော ခွန်အားကို အသုံးပြုခဲ့ရသည်။

ငှက်က စူးရှစွာအော်ဟစ်လိုက်သည့်အခါ စုမင်၏ဝိညာဉ်သိမ်းပိုက်ထားသောသွေးကြောလမ်းကြောင်းများက လှိုင်းလုံးအလွှာတစ်ခုနှင့် ချက်ချင်းဖုံးလွှမ်းသွားသည်။ သွေးကြောလမ်းကြောင်းများက

အနက်ရောင်ကနေ ရွှေရောင်အဖြစ်ပြောင်းလဲသွားသည်။ ထိုလမ်းကြောင်းထဲမှာ စုမင်၏တည်ရှိမှုမရှိတော့ဘဲ ယခင်ပုံစံအတိုင်းပြန်ဖြစ်သွားလေသည်။

ထိုအချိန်တွင် သစ်ပင်ထဲကနေ ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“သေချင်ဆိုးကောင်...မင်း ဒီနေရာကို ပြန်လာရဲတယ်ပေါ့...”

All Chapters