← Chapters

အိစန်းကို ကိုယ်ပွားအဖြစ်ဖန်တီးခြင်း(၃)

Vol. 60 Ch. 828

အိစန်းကို ကိုယ်ပွားအဖြစ်ဖန်တီးခြင်း(၃)

Vol. 60 Ch. 828

ရွှေရောင်သစ်ပင်က ကြိုးကြာငှက်ကို သိပြီး သူတို့နှစ်ယောက်စကားအရ ထိုသစ်ပင်ကို အိစန်းဟုခေါ်လေသည်။ ငှက်၏စကားအသွားအလာကိုကြည့်လျှင် သူက သစ္စာဖောက်ပြီး အရှုံးသမားဖြစ်ခဲ့ပုံရသည်။

ငှက်က သစ်ပင်၏နာမည်ကို သေချာသိနေလေသည်။ သစ်ပင်က မပြည့်စုံဘဲ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ငှက်က တရစပ်ထုတ်ပြောနေလေသည်။ အရေးကြီးဆုံးကတော့… စုမင်ကလဲ ငှက်ပြောသောအကြောင်းအရာများကိုနားထောင်ရင်း မင်သက်နေလေသည်။

“စွေ့ချန်ကျစ်က မင်းကို သတ်လိုက်တာ မဟုတ်ဘူးလားတဲ့... ဒီစကားတွေအရဆိုရင် ငှက်က အိစန်းတင်မကဘူး စွေ့ချန်ကျစ်ကိုပါသိတဲ့သဘော...ငှက်က စွေ့ချန်ကျစ်နဲ့မျိုးတူသားရဲတစ်ကောင်လား..”

“စွေ့ချန်ကျစ်က ဘာလို့ သစ်ပင်ကို သတ်ချင်တာလဲ..သူတို့က ဘယ်လိုဆက်‌ဆံရေးလဲ..”

စုမင်၏နှလုံးသားထဲမှာ မေးခွန်းအများကြီး ပေါ်လာသည်။ ဤကိစ္စမှာ တစ်ခုခုထူးဆန်းနေပြီး ငှက်နှင့်ပတ်သတ်၍ သူထင်ထားသောခန့်မှန်းချက်များက တစ်ဖန် များပြားလာသည်။ မူလက လျှို့ဝှက်ဆန်းကြယ်သောနောက်ခံရှိသောငှက်က ငါးခုမြောက်လောကကြီးနှင့်ဆပ်စပ်မှုရှိနေကြောင်း စုမင်က တွေးထင်ထားလေသည်။ သို့သော် သူက မတော်တဆမှုတစ်ခုခုကြောင့် ၎င်း၏မှတ်ဉာဏ်များ ပျောက်ဆုံးသွားပြီး ယင်မရဏ‌နယ်မြေသို့ရောက်ရှိလာပုံရသည်။ သူလှည့်လည်သွားလာရာနေရာတစ်လျှောက်တွင်အခြားသူများကို ခြိမ်းခြောက်သည့်အပြုအမူများကို နှစ်သက်ပြီး ပုံစံအမျိုးမျိုးပြောင်းလဲခဲ့သည်။

သူတို့က နတ္ထိအနှစ်သာရနယ်မြေသို့ရောက်ရှိသောအခါ ငှက်ဧ။်အတွေ့အကြုံများနှင့်မီးလျှံဂြိုလ်သခင်၏မျက်နှာပေါ်ရှိ တွန့်ဆုတ်မှုများကို စုမင် မြင်တွေ့ခဲ့ရသည်။ သို့သော် ယခု ငှက်က ရွှေရောင်သစ်ပင်နှင့်စကားပြောနေချိန်တွင် စုမင်၏ယူဆချက်များသည် ပို၍ရှုပ်ထွေးလာခဲ့သည်။

ငှက်က ငါးခုမြောက်လောကကြီးတွင်ပင် မနေထိုင်ခဲ့ရပုံပေါ်သည်။ ထို့အပြင် ၎င်း၏မှတ်ဉာဏ်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေသည့် အဖြစ်အပျက်က ‌ငါးခုမြောက်လောကကြီးမဟုတ်ဘဲ ပို၍ရှေးကျသောလောကကြီးတွင်ဖြစ်ပွားခဲ့ကြောင်းသေချာသလောက်ရှိနေပြီဖြစ်သည်။

ယခုအချိန်က စုမင် ထိုအကြောင်းကိုစဉ်းစားရမည့်အချိန် မဟုတ်ပေ။ လောလောဆယ်မှာ သူက အလွန်အမင်း အလျင်စလိုဖြစ်နေခဲ့သည်။ ငှက်က စူးရှစွာအော်ဟစ်လိုက်သည့်အခါ စုမင်က သူ့ဝိညာဉ်ကို သွေးကြောများဆီသို့ ပိုမိုဖြန့်ကျက်လိုက်သလိုဖြစ်သွားသည်။

သုံးဆယ့်တစ်ပုံ..သုံးဆယ့်သုံးပုံ..သုံးဆယ့်ငါးပုံ..စုမင်၏ဖြန့်ကျက်မှုက အလွန်မြန်ဆန်လေသည်။ သူ ထိုသို့လုပ်နေစဉ် အိစန်းက ဟိန်းဟောက်လိုက်သည်။ ငှက်ကလဲ သစ်ပင်၏ကိုယ်ထည်ထဲမှာ စူးစူးဝါးဝါးအော်ဟစ်လိုက်ပြန်သည်။

“ချီးပဲကွာ...အရှုံးသမားကောင်..ငါမပြည့်စုံဘဲ ပြင်းထန်စွာဒဏ်ရာရနေရင်တောင် မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး..ဘာလို့လဲဆိုတော့ မင်းလဲ မပြည့်စုံဘဲ အလားတူဒဏ်ရာရနေတာ..မင်းကတစ်ခါတည်း ပြင်းထန်စွာဒဏ်ရာရခဲ့တာမဟုတ်ဘူး..သုံးကြိမ်တောင်ရခဲ့တာလေ..ဒါ့ကြောင့် မင်းရဲ့ခန္ဓာကိုယ်အစစ်အမှန်က ပြိုကွဲသွားပြီး မင်းရဲ့ဝိညာဉ်ပဲကျန်တော့တာ..ပြီး‌ တော့ ငါ့ခန္ဓာကိုယ်ကတော့ ဒီလိုအသုံးဝင်နေတယ်..မင်းကတော့ အပြင်လောကမှာ ဘာကောင်းချီးမှမရ..တခြားသူတွေကတောင် မင်းကို နင်းချေလို့ရတယ်..မင်းက တခြားလူတွေရဲ့အတုခိုးတာပဲတတ်တယ်..သစ္စာဖောက်ကောင်..အရှုံးသမား”

“ဗုန်းးဗုန်းးးဗုန်းးး..”

ငှက်က အိစန်း၏ခန္ဓာကိုယ်နှင့် အကြိမ်ကြိမ်တိုက်ခိုက်နေချိန်မှာ ငှက်၏ခန္ဓာကိုယ်က အကြိမ်ပေါင်းများစွာ ပြိုကွဲသွားသည်။ အကြိမ်တိုင်း ပြန်စုစည်းနိုင်သော်ငြား ငှက်၏ခန္ဓာကိုယ်က ပိုပိုပြီး မှိန်ဖျော့လာသည်။

“အိစန်း..မင်းရဲ့အဘိုးကြိုးကြာက တန်ခိုးကြီးမားပြီး အဆုံးမဲ့သလင်းကျောက်တွေပိုင်ဆိုင်ထားတယ်..ငါက ဘာလို့ မင်းကိုကြောက်ရမှာလဲ..”

ကြိုးကြာငှက်ထံမှ စူးရှစွာအော်ဟစ်သံထွက်ပေါ်လာပြီ အိစန်း၏စိတ်ဆန္ဒဆီကို ဦးတည်သွားသောလေမုန်တိုင်းအဖြစ် ပြောင်းလဲသွားသည်။

ငှက်က အိစန်နှင့် တိုက်ခိုက်နေစဉ် စုမင်း၏ဝိညာဉ်က သွေးကြောလမ်းကြောင်းများကို ပိုမိုမြန်ဆန်သောနှုန်းဖြင့် ဖုံးလွှမ်းသွားသည်။စုမင်က ငှက်၏ အဆက်မပြတ် မှိန်ဖျော့နေသော ခန္ဓာကိုယ်ကို မြင်လိုက်ရသည်။ သို့သော် ငှက်၏လေလုံးထွားမှုက ထက်မြိနေ‌သော်လည်း သူ့ဝ်ညာဉ်က လျင်မြန်စွာ ပြန့်ကျဲလာသည်ကို ခံစားနိုင်သည်။

သုံးဆယ့်ကိုး၊ လေးဆယ့်တစ်၊ လေးဆယ့်သုံး… စုမင်က အော်ဟစ်လိုက်သည်။ သူယခုရခဲ့သောအချိန်က ငှက်၏ဝိညာဉ် ပျောက်ကွယ်လာခြင်းကြောင့် အမြတ်ရခဲ့ခြင်းဖြစ်သည်။ ထိူ့အပြင် စုမင်အတွက် သစ်ပင်ကို အချိန်တိုအတွင်းပိုင်ဆိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။ သူက ပြီး‌ပြည့်စုံသောပိုင်ဆိုင်မှုကိုရရန် လမ်းတစ်ဝက်သာရှိသေးသည်။

အိစန်း၏ဒေါသတကြီးအော်ဟစ်သံများက အဆက်မပြတ်ထွက်ပေါ်လာသသည်။ အိစန်း၏အသံက ငှက်ကိုကျော်လွန်၍ စုမင်၏ဝိညာဉ် ပိုမိုပျံ့နှံ့ခြင်းမှ ရပ်တန့်ရန် အကြိမ်ပေါင်းများစွာကြိုးစားခဲ့သည်။ သို့ရာတွင် ငှက်က ရူးသွပ်စွာ တားဆီးခဲ့သည်။ ထိုသို့ပြုလုပ်နေစဉ်တွင် ငှက်က စူးရှပြီး နားမခံနိုင်သောအသံဖြင့် အော်ဟစ်သံများကို ထုတ်လွှင့်ခဲ့သည်။

“အလကားကောင်..မင်းရဲ့အဘိုးကြိုးကြာက အရာအားလုံးကို မေ့သွားတာဖြစ်နိုင်တယ်..ဒါပေမဲ့ မှော်အစီအရင်တွေနဲ့ချိပ်တံဆိပ်တွေချိုးတာကလွဲရင်

ဘယ်သူ့ကိုမှ အနိုင်မကျင့်ဘူး..ပြီးတော့ ဒီနေရာမှာပဲ မင်းကို တိုက်ခိုက်နိုင်စွမ်းရှိတယ်..ငါ့အမြင်မှာ မင်းက သလင်းကျောက်တုံးတွေထုတ်ပေးတဲ့တွင်းကြီးပဲ..မင်းကို ငါတားနိုင်သရွေ့ ကျောက်တုံးသုံးသောင်းရလိမ့်မယ်..”

“သလင်းကျောက်တုံးတွေ..ငါမင်းကို တိုက်ခိုက်ဖို့ ငါ့မှာရှိတဲ့အရာအားလုံးသုံးမယ်..အခု ငါလှုံ့ဆော်မှုလိုအပ်နေတယ်”

ငှက်က ကျယ်လောင်စွာအော်ဟစ်လိုက်စဉ် စုမင်က သစ်ပင်ထဲကသွေးကြောအားလုံ၏တစ်ဝက်ကို ဖုံးလွှမ်းနိုင်ရန် အနည်းငယ်သာလိုတော့သည်။

“သလင်းကျောက်တုံးတစ်သိန်း..”

စုမင်က ချက်ချင်းအော်ပြောလိုက်၏။

စုမင်က ထိုသို့ပေးကမ်းလှမ်းသည်နှင့် လေမုန်တိုင်းအသွင်ပြောင်းသွားသောငှက်က အရွယ်အစားအမျိုးမျိုး ပိုကြီးလာသည်။ လေမုန်တိုင်းထဲရှိမျက်လုံးထဲမှာ တောက်ပသောအလင်းရောင်ကို မြင်ရခြင်းမှာ အံ့အားသင့်စရာပင်ဖြစ်၏။

“သလင်းကျောက်တုံး တစ်သိန်းလား..”

ငှက်က ရူးသွပ်သွားပြီး စုမင်ကို တားဆီးနေသော အိစန်း၏ဝိညာဉ်ကို တိုက်ခိုက်နေလေသည်။ အိစန်း၏သတကြီး ဟိန်းဟောက်သံများသည် သစ်ပင်တစ်ပင်လုံးကို ပျံ့နှံ့သွားသည်။

စုမင်၏ဝိညာဉ်က ဆက်လက်ပျံ့နှံ့နေသည်။ ထိုအချိန်တွင် သူက သွေးကြောအားလုံး၏လေးဆယ့်ခုနှစ်ပုံထိ လွှမ်းခြုံသွားသည်။တစ်ချက်ကြည့်လိုက်ရုံဖြင့် ရွှေရောင်သွေးကြောများစွာ၏ ထက်ဝက်ခန့်သည် အနက်ရောင်ဖြစ်ပြီး စုမင်၏သိပ်သည်းသောစွမ်းအားများဖြင့် ပြည့်နှက်နေသည်။

“ရူးနှမ်းနေတဲ့ သူခိုးကောင်..ငါ့ရဲ့အစစ်အမှန်ခန္ဓာကိုယ်က ဒီမှာရှိတယ်..မင်းမှာ ခန္ဓာကိုယ်တောင်မရှိဘူး..မင်း ငါ့ကို ဘယ်လောက်ထိတားနိုင်မှာမလို့လဲ..”

အိစန်း၏ဆန္ဒကတ စုမင်းကို ရပ်တန့်ရန်ကြိုးစားခြင်းကို ပြတ်ပြတ်သားသားလက်လျှော့လိုက်သည်။ ယင်းအစား ၎င်း၏အပြည့်အဝစွမ်းအားကို အသုံးပြုကာ ငှက်ကို ချေမှုန်းရန်အသုံးပြုခဲ့သည်။

“သလင်းကျောက်တုံးငါးသိန်း..”

စုမင်က မာန်ပါပါ အော်ဟစ်လိုက်သည်။

“သလင်းကျောက်တုံးတစ်သန်း...”

စုမင်က ထိုသို့အော်ပြောလိုက်သောအခါ ငှက်၏ဝိညာဉ်တစ်ခုလုံးက အတွင်းကနေ အပြင်ကို ပေါက်ကွဲထွက်သွားသည့်အထိ

စိတ်လှုပ်ရှားသွားခဲ့သည်။

“ပိုကြီးလာ.. ပိုကြီးလာစမ်း ပိုကြီးစမ်း..”

ငှက်၏မျက်လုံးများက နီရဲတွတ်သွားသည်။ သူ့ပတ်ပတ်လည်က လေမုန်တိုင်းက အဆုံးမရှိချက်ချင်းကြီးထွားလာပြီး အရပ်လေးမျက်နှာ ပျံ့နှံ့သွားသည်။ သူ့ဝိညာဉ်က လောင်ကျွမ်းသွားသလိုမျိုး အိစန်း၏ဆန္ဒဆီသို့ ပြေးဝင်သွားလေသည်။

“မင်းရူးနေပြီ..လွန်ခဲ့တဲ့နှစ်တွေတုန်းက မင်း ရူးတယ်..အခုလဲ ရူးနေတုန်းပဲ..မင်းက ဘာမဟုတ်တဲ့ကျောက်တုံးတွေအတွက် မင်းရဲ့ဝိညာဉ်ကို လောင်ကျွမ်းနေတာလား..”

“ဗုန်းးးးဗုန်းးးး..ဗုန်းးးး..”

ရွှေရောင်သွေးကြောများစွာက တသိမ့်သိမ့်တုန်ခါသွားလေသည်။ အိစန်း၏သစ်ပင်က ပြင်းထန်စွာယိမ်းနွဲ့လာပြီး ကြီးမားသောအက်ကွဲကြောင်းများက ဂြိုလ်တစ်လျှောက်မှာ ပျံ့နှံ့သွားသည်။ သူ့ပုံပန်းသဏ္ဌာန်အရ အပိုင်းပိုင်းကွဲတော့မည့်ပုံပေါ်နေလေသည်။

ငှက်က ပေါက်ကွဲသံများကြားမှာ နာကျင်စွာအော်ဟစ်လိုက်သည်။ အိစန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်သည့်အခါ ငှက်၏လေမုန်တိုင်းက လက်တဖဝါးစာအနေအထားသို့ကျုံ့သွားလေသည်။ ငှက်က ဖောက်ထွင်းမြင်ရသောအခြေအနေနှင့် စုမင်၏ဝိညာဉ် ဖုံးလွှမ်းထားသောနေရာကို ပြန်

ရောက်သွားသည်။ ထို့ပြင် ငှက်က မေ့လဲမသွားခင်မှာ မရှိမဲ့ရှိမဲ့အားလေးကိုသုံးကာ

စုမင်ဆီကိုအတွေးတစ်ခု ပို့လိုက်သည်။

“မမေ့နဲ့..မင်းအဘိုးကြိုးကြာကို အကြွေးတင်နေတယ်ဆိုတာ မှတ်ထား.

သလင်းကျောက်တုံးတစ်သန်းနဲ့သုံးသောင်း”

“အရှုံးသမား..သစ္စာဖောက်..သူခိုးကောင်

မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး..ငါမင်းကို ဝါးစားပစ်မယ်..ဒါမှ ငါပိုမြန်မြန် ပြန်ကောင်းလာမှာ..ပြီးရင် ငါက အစစ်အမှန်အိစန်းဖြစ်လာလိမ့်မယ်..”

အိစန်း၏စိတ်ဆန္ဒက နေရာတစ်ခုလုံးကို တုန်လှုပ်စေခဲ့သော်လည်း စုမင်၏ဝိညာဉ်က ပျံ့နှံ့သွားပြီး သွေးကြောလမ်းကြောင်းတစ်ဝက်ကို ပိုင်ဆိုင်ထားသည်။

ထို့နောက် စုမင်၏ရှေ့မှာ ယခင်ကလိုမြင်ကွင်းတစ်ခုပေါ်လာပြန်သည်။ ထိုအချိန်တွင် လောကကြီးကိုတုန်လှုပ်စေမည့်ကျယ်လောင်သောအသံများ ပဲ့တင်ထပ်လာပြီး သူ့ရှေ့မှာ ပုံရိပ်တစ်ခု ပေါ်လာသည်။ သို့ပေမဲ့ အရင်မြင်ကွင်းနှင့်ယှဉ်လျှင် အခုမြင်ကွင်းက ပို၍ကြီးမားလေသည်။ ထိုအချိန်တွင် စုမင်၏ဝိညာဉ်က အေးခဲရပ်တန့်လုနီးပါးဖြစ်သွားသည်။

သူမြင်လိုက်ရတာက...

All Chapters