← Chapters

အိစန်းကို ကိုယ်ပွားအဖြစ်ဖန်တီးခြင်း(၄)

Vol. 60 Ch. 829

အိစန်းကို ကိုယ်ပွားအဖြစ်ဖန်တီးခြင်း(၄)

Vol. 60 Ch. 829

စုမင်၏ဝိညာဉ်က သူ့နှလုံးသားကိုတုန်လှုပ်စေသောမြင်ကွင်းကို မြင်လိုက်ရသည်။ ထိုစဉ် ငှက် မေ့မြောမသွားခင်ပို့လိုက်သောအတွေး၏နောက်တစ်ဝက်က စုမင်၏စိတ်ထဲသို့ ရောက်ရှိသွားသည်။

“ကျောက်တုံးတွေ..ငါ့ကိုပေးဖို့ မင်းမမေ့နဲ့... ဘာလို့လဲဆိုတော့ ငါမေ့မြောသွားနိုင်လို့ပဲ..ဒါပေမဲ့ ငါသုံးကြိမ်တိုင်တိုင် ကျိန်စာတိုက်ခဲ့တဲ့ အိစန်းကို... ခဏလောက် ထိန်းထားခဲ့တယ်..ငါ ဘယ်လောက်ကြာကြာ ရှုပ်ထွေးအောင် လုပ်နိုင်မလဲဆိုတာ မသိဘူး..ဒါကြောင့် မင်းမြန်မြန်လုပ်ရမယ်...”

ငှက်၏အတွေးက လုံးဝပျောက်ကွယ်သွားသည့်အခါ အိစန်း၏ဒေါသတကြီး ဟိန်းဟောက်သံများက လေထဲမှာ ပဲ့တင်ထပ်သွားသည်။ ငှက်၏အတွေးမှာ နေရာတစ်ခုလုံးကို ပျံ့နှံ့သွားသော်လည်း သတ်မှတ်ထားသောနေရာတစ်ခုကို မစွန့်ခွာနိုင်ခဲ့ပေ။

တစ်ချိန်တည်းမှာပင် စုမင်က သူ့ဝိညာဉ်ထဲက ပုံရိပ်ကို မြင်လိုက်ရသည်။ထိုနေရာမှာ သူက နဂါးငွေ့တန်းတစ်ခုကို မြင်လိုက်ရသည်။

ထိုနဂါးငွေ့တန်းထဲမှာ ရွှေရောင်အလင်းတန်းပင်လယ်တစ်ခုရှိလေသည်။ထိုပင်လယ်ထဲမှာ ရွှေရောင်ကျင့်ကြံဂြိုလ်တစ်ခုရှိလေသည်။ ထိုကျင့်ကြံဂြိုလ်မှာ ရွှေရောင်သစ်ပင်ကြီးတစ်ပင်ရှိလေသည်။

ဘာမှ ထူးထူးခြားခြားတော့မရှိပေ။ ထိုအရာက စုမင်၏ဝိညာဉ်ကို အေးခဲသွားအောင် မလုပ်နိုင်ခဲ့ပေ။ တကယ်လုပ်နိုင်သောမြင်ကွင်းမှာ သူ ‌နက်မှောင်တောင်မှာရှိစဉ်က မြင်ခဲ့ရသောပင့်ကူအိမ်များကြောင့်ဖြစ်သည်။

သေးငယ်သောအမျှင်များက တစ်ခုနှင့်တစ်ခုရောယှက်ကာ ပင့်ကူအိမ်လေးများသဖွယ်ဖြစ်နေလေသည်။ စုမင်က သစ်ပင်ကိုမြင်သော် ထိုမြင်ကွင်းကို အမှတ်ရသွားသည်။

ရွှေရောင်အလင်းတန်းပင်လယ်၊ ရွှေရောင်ဂြိုလ်နှင့်ရွှေရောင်သစ်ပင်ကြီး၏အပြင်ဘက်မှာ တထပ်တည်းကျနေသောနဂါးငွေ့တန်းတစ်ခုရှိလေသည်။ ထိုနဂါးငွေ့တန်း၏အစွန်းမှာ အလားတူနဂါးငွေ့တန်းမရေမတွက်နိုင်အောင်ရှိလေသည်။ သူတို့အရေအတွက်မှာ အဆုံးမဲ့ဖြစ်နေသည်။ လူတစ်ယောက်က ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် အလိုလိုအံ့အားသင့်သွားလိမ့်မည်။ ထို့နောက် သူတို့၏နှလုံးသားထဲမှာ စိတ်ပျက်အားငယ်မှုတစ်ခုတောင် ပေါ်လာလိမ့်မည်။

“နဂါးငွေ့တန်းတစ်သိန်း..ရွှေရောင်အလင်းတန်းပင်လယ်တစ်သိန်း..ရွှေရောင်ကျင့်ကြံဂြိုလ်တစ်သိန်း..ရွှေရောင်သစ်ပင်တစ်သိန်း...”

ထိုမြင်ကွင်းကြောင့် စုမင်၏နှလုံးသားမှ ဟိန်းဟောက်သံထွက်ပေါ်လာသည်။ တကယ်တော့ ထိုနဂါးငွေ့တန်းတစ်သိန်းထဲမှ ကျင့်ကြံသူ၉၇ ယောက်ကိုတောင် မြင်လိုက်ရသည်။ ထိုကျင့်ကြံသူများထဲက တစ်ချို့မှာ ရွှေရောင်အလင်းတန်းပင်လယ်ထဲမှာ ရှိနေပြီး တချို့ကတော့ ရွှေရောင်ကျင့်ကြံဂြိုလ်များနှင့် နီးကပ်နေလေသည်။ ဂြိုလ်၏အမြင့်ဆုံးလေထုအလွှာမှာ ရုန်းကန်နေရသူများတောင် ရှိလေသည်။

စုမင်က ထိုလူတွေထဲက တချို့ကို အရင်က မြင်ဖူးသည်။ သူတို့က… သူတို့၏ကျောက်တိုင်များကိုပေတစ်သန်းအထိ ရောက်အောင် ကြိုးစားရင်း စမ်းသပ်မှုကိုဖြေဆိုသူလူ ၁၂၄ ယောက်ထဲက အများစုပင်ဖြစ်သည်။

ပျောက်ဆုံးနေသောလူဒါဇင်ပေါင်းများစွာအတွက်ကတော့ သူတို့ ကျရှုံးသွားပြီဆိုတာ ထင်ရှားလေ၏။

“ငါ့မှာရှိသမျှစွမ်းအား အကုန်သုံးပြီးပြီ..ငှက်က ဒဏ်ရာကြီးကြီးမားမားရပြီး မေ့မြောသွားတယ် ဒီလိုနဲ့ပဲ သစ်ပင်ရဲ့တစ်ဝက်ကို ပိုင်ဆိုင်နိုင်ခဲ့တယ်... ဒါပေမဲ့...သစ်ပင်တစ်ပင်လုံးရဲ့တစ်ဝက်လို့ထင်ခဲ့တဲ့တစ်ဝက်က အိစန်းရဲ့သစ်ပင်တစ်သိန်းထဲက တစ်ပင်ရဲ့တစ်ဝက်ပဲရှိတယ်..

“ဘယ်လို... ငါက...ဘယ်လိုလုပ် ဒီလိုသက်ရှိမျိုးကို ပိုင်ဆိုင်နိုင်မှာလဲ..”

စုမင်က တိုးတိုးလေးရေရွတ်လိုက်သည်။ သူမြင်လိုက်လိုက်ရသောမြင်ကွင်းကြောင့်

သူ့စိတ်ထဲမှာ စိတ်ပျက်အားငယ်မှုများ ပေါ်လာ၏။

စုမင်၏လွှမ်းမိုးမှုက ထိုသက်ရှိမျိုးအတွက် ပူးကပ်ခံရနိုင်ခြေမရှိဘူးဟုတောင် ပြော၍ရသည်။ထို့ပြင် သစ်ပင်တစ်သိန်းလုံးကို ပိုင်ဆိုင်နိုင်သူ ဘယ်သူမှမရှိပေ။ ထိုသို့ပိုင်ဆိုင်နိုင်သူရှိလျှင်လဲ ထိုလူအတွက် ဘာမှတကူးတကကြိုးစားရန်မလိုပေ။ အဘယ်ကြောင့်ဆိုသော် ထိုလူက စကြဝဠာတစ်ခုလုံး၏ အမြင့်ဆုံးအထွတ်အထိပ်မှာ ရပ်တည်နေသူတွေထဲက တစ်ယောက်ဖြစ်လိမ့်မည်။

“ငါ တကယ်ရော အောင်မြင်နိုင်မှာလား..”

“ငါ တကယ်ပဲ ဒီလိုနဲ့ပဲ ကျရှုံးတော့မှာလား..”

“တကယ်ပဲ ငါ့ရဲ့ အရင်ကြိုးပမ်းအားထုတ်မှုတွေ..နှစ်ပေါင်းတစ်ထောင်နီးပါး ရုန်းကန်မှုတွေ..ရာနဲ့ချီတဲ့ နှစ်တွေ စောင့်ဆိုင်းမှုတွေ..အကုန်လုံး အလဟဿဖြစ်သွားပြီး ဟာသတစ်ခုလို ဖြစ်သွားတော့မှာလား..”

“ငှက်ရဲ့ပြင်းထန်တဲ့ ဒဏ်ရာတွေက ငါ့ကို

အချိန်တစ်ခုဝယ်ဖို့ လုံလောက်ပါ့မလား..ဒါတွေအားလုံးက ငါ့ကိုစိတ်ပျက်အားငယ်စေမယ့် ကံကြမ္မာတစ်ခုကို ပေးစွမ်းဖို့လား..”

“ဒီလိုနဲ့ပဲ ငါ လက်လျှော့ပြီး နှစ်ပေါင်းထောင်ချီပြီးမှ ဒီနေရာကနေ ထွက်သွားရမှာလား..တခြားသူတွေလိုပဲ သာမန်

အသုံးချခံလူတစ်ယောက် ဖြစ်ရမှာလား..ငါ့ရဲ့ကျန်ရှိတဲ့ဘဝတစ်လျှောက်လုံး ပုရွက်ဆိတ်တစ်ကောင်လို နေရတော့မှာလား..ငါ့ရဲ့ကံကြမ္မာကို တခြားသူတွေက ထိန်းချုပ်တာခံရတဲ့ လူတစ်ယောက်လို နေရတော့မှာလား..အစွမ်းထက်တဲ့သူတွေက ငါကာကွယ်ချင်တဲ့ လူတွေရဲ့ ရှင်ခြင်းနဲ့ သေခြင်းကို ထပ်ခါထပ်ခါ ထိန်းချုပ်နေတာကိုပဲ ကြည့်နေရမှာလား..”

စုမင်၏ဝိညာဉ်ထဲမှာ ပြင်းထန်သောလှိုင်းလုံးများ တဟုန်ထိုးတက်လာသည်။ သူက ကျင့်ကြံဂြိုလ်တစ်သိန်းကို မြင်လိုက်ရသည့်အခါ မျှော်လင့်ချက်ကင်းမဲ့သွားလေသည်။သစ်‌ပင်သွေးကြောတစ်ဝက်ကိုပိုင်ဆိုင်ပြီးနောက် သူထင်ခဲ့သော အောင်မြင်မှုက အရေးမပါဘဲ ဟာသတစ်ခုလိုဖြစ်နေတာကိုရုတ်တရက်သဘောပေါက်သွားသည်။ ခဏအတွင်း သူက ထိုအချက်ကို လုံးဝလက်မခံနိုင်ခဲ့ပေ။

“ငါ လုံးဝလက်မလျှော့ဘူး.. ရှုံးနိမ့်မှုကိုလဲ ဝန်ခံမှာမဟုတ်ဘူး..ငါက စုမင်..အသူရာဖန်ဆင်းရှင်ပဲ.. ငါက အထီးကျန်ပြီး ခါးသီးတဲ့ဘဝကို ဖြတ်သန်းခဲ့တယ်..ငါ့ရဲ့ကံကြမ္မာကို ငါကိုယ်တိုင် မထိန်းချုပ်နိုင်ခဲ့ဘူး..ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်တောင် အင်မော်တယ်တွေက ချိပ်ပိတ်ထားခဲ့တယ်..အခုအချိန်မှာ ငါက ဝိညာဉ်တစ်ခုအနေနဲ့ပဲ ရှင်သန်နေရတာ”

“ကောင်းကင်ဘုံ...ကံကြမ္မာ..မင်း ငါ့ကို ဘယ်လောက်ကြာကြာ ကစားနေဦးမှာလဲ”

ရူးသွပ်သောလှိုင်းလုံးကြီးတစ်ခုက စုမင် ၏ဝိညာဉ်ကနေ ထွက်ခွာသွားပြီး ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေသောဟိန်းဟောက်သံတစ်ခုအဖြစ် ထွက်ပေါ်လာသည်။ ထိုဟိန်းဟောက်သံမှာ စုမင်၏ကံကြမ္မာကို ခုခံတွန်းလှန်နိုင်စွမ်းတွေ ပါဝင်ပြီး ထိုကံကြမ္မာကို တိုက်ခိုက်ရန် သူ၏ပထမဆုံး၊ ပြီးပြည့်စုံသော ဆုံးဖြတ်ချက်ကို ယူဆောင်လာ၏။

ထိုအားကောင်းသောလှိုင်းလုံးကြီးကြောင့် နဂါးငွေ့တန်းတစ်သိန်း..ရွှေရောင်အလင်းတန်းပင်လယ်တစ်သိန်း..ကျင့်ကြံဂြိုလ်တစ်သိန်းတို့က အတူတကွ တုန်ခါလာကြသည်။

ဟိန်းဟောက်သံများက ရပ်တန့်မသွားဘဲ နဂါးငွေ့တန်းတစ်ခုလုံးကို အဆက်မပြတ် တုန်ခါစေတာကြောင့် စမ်းသပ်မှုကိုကြိုးစားနေသူ ၉၇ ယောက်၏မျက်နှာအမူအရာမှာ ရုတ်တရက်ပြောင်းလဲသွားသည်။ သူတို့အားလုံးနီးပါးမှာ ဖြစ်ပျက်နေသောအရာများကို နားမလည်နိုင်ခဲ့ကြပေ။ သူတို့က ဘေးပတ်လည်ကို စိတ်ရှပ်ထွေးစွာကြည့်နေကြသည်။ ဟိန်းဟောက်သံများကြောင့် ရွှေရောင်အလင်းတန်းပင်လယ်တစ်သိန်းက ပြိုပျက်သွားပြီး နဂါးငွေ့တန်းက တသိမ့်သိမ့်တုန်ခါလာသည်။ ထိုအဖြစ်က တောင်များနှင့် ပင်လယ်များကို တုန်လှုပ်စေနိုင်လောက်အောင် ကြီးမားသော ငလျင်တစ်ခု လှုပ်ခတ်နေသလိုပင်ဖြစ်၏။

“မင်းတို့က ငါ့ကို နက်မှောင်တောင်မှာ ကြီးပြင်းခွင့်ပေးခဲ့တယ် ပြီးတော့ ဒါတွေအားလုံးက အိပ်မက်လို့ပြောပြီး ငါ့ဘဝထဲက ဖယ်ရှားပစ်လိုက်တယ်..”

စုမင်က မကျေနပ်သံပါသောရယ်သံရှည်ကြီးကို ထုတ်လွှင့်လိုက်သည်။ သူ့ရယ်သံထဲတွင် သူ့ကိုယ်သူ ရည်ရွယ်သည့် လှောင်ပြောင်မှုတစ်ခုအပြင် ကောင်းကင်နှင့် ကံကြမ္မာနှစ်ခုလုံးကို ရည်ရွယ်သည့် ဟိန်းဟောက်သံတစ်ခု ပါရှိသည်။

နဂါးငွေ့တန်းတစ်သိန်းက ပို၍ပင်တုန်ခါလာသည်။ အချို့‌သောနဂါးငွေ့တန်းက အက်ကွဲစပြုလာသည်။စုမင် သိမ်းပိုက်ထားသော သွေးကြောလမ်းကြောင်းတစ်ဝက်မှ မြူခိုးနက်များက ကောင်းကင်သို့ တလိပ်လိပ်တက်လာသည်။ မြူခိုးများမှ ပေါက်ကွဲသံများထွက်ပေါ်လာပြီး အရပ်ရပ်သို့ပျံ့နှံ့သွားသည်။

“မင်းတို့ ငါ့ကို နဝမြောက်တောင်ထွဋ်ကိုလာခွင့်ပေးခဲ့တယ်..ငါ့ကို နွေးထွေးမှုပေးခဲ့တယ်..ဒါပေမဲ့ နောက်ဆုံးမှာ အေးစက်စက်ရယ်သံတစ်ုတည်းနဲ့ အရာအားလုံးကို ယူပစ်ခဲ့တယ်..အရာအားလုံးကို ထင်ယောင်ထင်မှားတစ်ခုအဖြစ်ပြောင်းခဲ့တယ်..မင်းတို့က ငါ့ကံကြမ္မာကို ရုပ်သေးရုပ်တစ်ရုပ်လို ခြယ်လှယ်ခဲ့တယ်..”

စုမင်၏ရယ်သံက တိတ်ဆိတ်သွားလေသည်။ နဂါးငွေ့တန်းတစ်သိန်းမှ သူနှင့်အတူဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး စမ်းသပ်မှုကိုကြိုးစားနေသောလူ ၉၇ ယောက်၏မျက်နှာများက ဖြူဖျော့သွားလေသည်။ သူတို့က ဘာတွေဖြစ်ပျက်နေမှန်း မသိသော်လည်း နဂါးငွေ့တန်းထဲမှာ ရူးသွပ်နေသောစိတ်ဆန္ဒတစ်ခုရှိတာကို ခံစားမိခဲ့ကြသည်။

ထိုဆန္ဒထဲမှာ ကံကြမ္မာကိုဆန့်ကျင်ခုခံမှု၊ ကောင်းကင်ကို တိုက်ခိုက်လိုမှုတို့ ပါဝင်၏။ ထိုအချိန်တွင် ထိုစိတ်ဆန္ဒက သူတို့ဆီသို့ ပြင်းထန်စွာ ပျံ့နှံ့သွားသည်။

“မင်းတို့က ငါ့ကို မာန်နတ်ဘုရားဖြစ်စေချင်ခဲ့တယ်..ဒါပေမဲ့ ငါ အဲဒီနေရာကိုယူပြီးတဲ့နောက်မှာ မင်းတို့က ငါ့ဆီကနေ အရာအားလုံးကို လုယူသွားတယ်..မင်းတို့က ယွီရွှမ် မေ့မြောသွားပြီး ပိုင်စုပျောက်ကွယ်သွားတာကို ကြည့်ခိုင်းခဲ့တယ်.ငါ့လူတွေ သေဆုံးတာကို ကြည့်စေခဲ့တယ်..မင်းတို့က ငါ့ကို မာန်ပြည်ထောင်ကနေ ထွက်သွားပြီး နတ္ထိအနှစ်သာရနယ်မြေရဲ့သီးခြားနယ်မြေကို လာစေခဲ့တယ်..”

“မင်းတို့က ငါ့ကို ကြီးမားတဲ့ စွမ်းအားတွေ ပိုင်ဆိုင်ခွင့်ပေးခဲ့တယ်..ဒါပေမဲ့ မင်းတို့က ငါ့ကို သီးခြားနယ်မြေကို တွန်းပို့ပြီး ဒီမှာ နှစ်တစ်ထောင်ကြာ ပိတ်လှောင်ထားခဲ့တယ်”

စုမင် သိမ်းပိုက်ထားသောသွေးကြောတစ်ဝက်မှ မြူခိုးနက်များ ပျံ့နှံ့လာပြီး မျက်နှာတစ်ခုအဖြစ်စုစည်းသွားသည်။ ထိုမျက်နှာက စုမင်၏မျက်နှာပင်ဖြစ်၏။

သူ့မျက်နှာအမူအရာက ကံကြမ္မာကို ဆန့်ကျင်ပြီး ရက်စက်ကြမ်းကြုတ်ပုံပေါ်သည်။ သူ့ရယ်သံထဲမှာ သရော်သံများပါဝင်နေ၏။

“ပြီး‌တော့ မင်းတို့က ငါ့ကိုသီးခြားနယ်မြေမှာ ကောင်းချီးတစ်ခုရဖို့ အခွင့်အရေးပေးခဲ့တယ်..ဒီသွေးကြောတစ်ဝက်ကိုတောင် သိမ်းပိုက်ခွင့်ပေးခဲ့တယ်..ဒါပေမဲ့ နောက်ဆုံးမှာ မင်းတို့က ငါ့ကိုသတိပေးခဲ့တယ်..ငါပိုင်ဆိုင်ထားတာက ဒါက သစ်ပင်တစ်သိန်းထဲက တစ်ပင်ရဲ့ တစ်ဝက်ပဲ..”

“ကံကြမ္မာ.. ကောင်းကင်ဘုံ.. မင်းတို့ ငါ့ကို ဘယ်လောက်ကြာကြာ ကစားနေဦးမှာလဲ?..မင်းတို့အမြင်မှာ ငါက မင်းတို့ကို တိုက်ခိုက်ပြီး မဖျက်ဆီးနိုင်ဘူးလို့ ထင်နေတာလား...”

နဂါးငွေ့တန်းတစ်သိန်းမှ ကျယ်လောင်သော ပေါက်ကွဲသံများ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။ ၎င်းတို့အားလုံးက ပြင်းထန်စွာတုန်ခါသွားပြီး အက်ကွဲကြောင်းများ ပျံ့နှံ့သွားသည်။

ထိုအက်ကွဲကြောင်းများမှ မြူခိုးနက်များ တရစပ်ထွက်လာ၏။ နောက်ဆုံးတွင် ၎င်းက နဂါးငွေ့တန်းတစ်သိန်းထဲတွင် မျက်နှာတစ်သိန်းအဖြစ် ပေါ်လာသည်။

၎င်းတို့အားလုံးက စုမင်း၏ မျက်နှာများဖြစ်ကြသည်။

ထိုမျက်နှာများက စုမင်၏ဟိန်းဟောက်သံများကြောင့် သဘာဝအတိုင်း ဖြစ်ပေါ်လာသောအရာ မဟုတ်ပေ။ သူ့ဟိန်းဟောက်သံများက စကြဝဠာရှိ ဥပဒေသကို ကျော်လွှားခွင့်မရှိခဲ့ပေ။ သူ ထိုသို့ပြုလုပ်နိုင်ခြင်းမှာ လျှို့ဝှက်ဆန်းကြယ်သောစွမ်းရည်တစ်ခု ပိုင်ဆိုင်ထားခြင်းကြောင့် မဟုတ်ပေ။

အကြောင်းရင်းကတော့ သူ သတိမထားမိခဲ့သောအရာကြောင့်ဖြစ်သည်။ သစ်ပင်တစ်ပင်တွင် သူ သိမ်းပိုက်ထားသော သွေးကြောလမ်းကြောင်းများ၏ထက်ဝက်က သစ်ပင်အားလုံးရှိ သွေးပြန်ကြောလမ်းကြောင်းများ၏ ထက်ဝက်ကို သိမ်းပိုက်ထားခြင်းနှင့် ညီမျှသည်။

သစ်ပင်တစ်သိန်းရှိနိုင်သော်လည်း အမှန်တကယ်တွင်… သစ်ပင်တစ်ပင်သာ ရှိ၏။

စုမင် တစ်ပင်ကို သိမ်းပိုက်နိုင်ပါက အားလုံးကို ရလိမ့်မည်။

သို့သော် ယခုအချိန်တွင် စုမင်က စိတ်ပျက်အားငယ်မှုကြောင့် လက်လျှော့လိုက်ပါက သူ ကျရှုံးသွားမည်ဖြစ်သည်။ သူ၏စိတ်ပိုင်းဖြတ်မှုနှင့် ဆက်လက်ကြိုးစားရန်စိတ်ပိုင်းဖြတ်မှုကြောင့်သာ သစ်ပင်၏အစစ်အမှန်ကို မြင်တွေ့ခွင့်ရခဲ့ပြီး သစ်ပင်ကို ပြန်လည်ပိုင်ဆိုင်ရန် အခွင့်အရေးကို ရရှိခဲ့ခြင်းဖြစ်သည်။

“လှည့်စားမှုတွေ..အစစ်အမှန်တွေ..ဝိညာဉ်တွေ..ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်တွေ..”

တစ်ခါတစ်ရံတွင် လူတစ်ဦးက ဇွဲလုံ့လကြီးကြီးဖြင့် ကျော်လွှားပါက အခက်အခဲအားလုံးက ပါးလွှားသောစည်းဘောင်လေးတစ်ခုဖြင့် ပိုင်းခြားထားကြောင်း သဘောပေါက်နိုင်သည်။

ယုတ္ထိကျကျဆင်ခြင်တွေးခေါ်ပုံမှာ ရိုးရှင်းလှသည်။ ထိုသဘောတရားကနားလည်ရန် လွယ်ကူပုံရသော်လည်း အမှန်တကယ် လုပ်ဆောင်နိုင်သူ မည်မျှရှိသနည်း။ ဥပမာ ပေတစ်သိန်းနက်သော ချောက်ကြီးတစ်ခုရှိပြီး ရှေ့သို့တိုးရဲသူ မည်မျှရှိမည်နည်း။

ထို့အပြင် လူတစ်ဦးက တောင်တက်နေသည်ဟုဆိုပါစို့။ ထိုသူက တောင်၏တစ်ဝက်ကို တက်ပြီးပြီဟု ထင်ပြီး ကျန်တစ်ဝက်ကို အားအပြည့်ဖြင့် ထပ်မံတက်လှမ်းမည်ဖြစ်သည်။ သို့သော် ထိုသူက တစ်ဝက်သာကျန်တော့သည်ဟုထင်ပြီး မော့ကြည့်လိုက်စဉ် သူရောက်ခဲ့သောလမ်းခရီးတဝက်က အရေးဘဲ အဆုံးမဲ့မြင့်မားသောတောင်ကြီးကို ရုတ်တရက်မြင်လိုက်ရသည်။ ထိုရုတ်တရက်မြင်ကွင်းကြောင့် သူ့စိတ်ဓါတ်များကျလာမည်။ ‌နောက်ဆုံး ခွန်အားပါလျော့လာမည်။ သူက တောင်နံရံများကို ကုပ်တွယ်ထားနိုင်မှာ မဟုတ်ပေ။ ထို့ပြင် လူဘယ်နှစ်ယောက်က ထိုကဲ့သို့တောင်မျိုးကို ဆက်တက်နိုင်မည်နည်း။

ပြောရလျှင် စုမင်၏စိတ်ဓါတ်ခိုင်မာမှုနှင့်ဇွဲကြီးမှုကို စမ်းသပ်တာဖြစ်ကောင်းဖြစ်နိုင်သည်။

ထိုအရာက နဂါးငွေ့တန်းတစ်သိန်းထဲတွင် စုမင်၏မျက်နှာတစ်သိန်းပေါ်လာရသည့်အကြောင်းရင်းဖြစ်သည်။

“ငါ့ကိုယ်ငါ မှတ်မိနေသမျှကာလပတ်လုံး

ဘယ်တော့မှ လက်မလျှော့ခဲ့ဘူး..ငါ အမြဲတမ်း ရှေ့ဆက်ခဲ့ပြီး ငါ့မှာ အမြဲ စိတ်ပိုင်းဖြတ်ထားတဲ့ နှလုံးသားတစ်ခု ရှိခဲ့တယ်..အဲဒီစိတ်ပိုင်းဖြတ်မှုက စွဲလမ်းမှုအဖြစ် ပြောင်းလဲသွားရင်တောင်..အဲဒီစွဲလမ်းမှုက ငါ့ ဒုက္ခပေးပြီး ရူးသွပ်သွားစေရင်တောင်..ငါ ဘာကိုမှလက်မလျော့ဘူး..”

“ ငါ ဒါတွေအားလုံးကို ဘာကြောင့် လုပ်ခဲ့လဲဆိုတာ သိလား..ဘယ်အရာက ငါ့ကို ဒါမျိုးတွန်းအားဖြစ်စေခဲ့တယ်ဆိုတာကို သိလား....”

“ဘာလို့လဲဆိုတော့ ငါ ငယ်ငယ်တုန်းက

ငါ့ရဲ့အကြီးအကဲကို လိုက်ရှာခဲ့တယ်..ဒါပေမဲ့ ငါအရွယ်ရောက်လာတဲ့အခါ ငါ့ရဲ့မှတ်ဉာဏ်အားလုံးက အိပ်မက်တစ်ခု‌ဆိုတာကို သိလာခဲ့တယ်..ဘာလို့လဲဆိုတော့ ငါ မာန်နတ်ဘုရားဖြစ်လာပြီးတဲ့နောက်မှာ အရာအားလုံးဟာ တခြားသူတစ်ယောက်ရဲ့ အစီအစဉ်တစ်ခုသာ ဖြစ်တယ်ဆိုတာ သိလာခဲ့တယ်..ငါ့နှလုံးသားထဲမှာ ထမ်းပိုးထားရတဲ့အရာအားလုံးက ငါ့ကို ဖိစီးစေပြီး အသက်ရှူလို့မရတော့တဲ့အထိ ဖြစ်လာခဲ့တယ်..”

“ဒါပေမယ့် ငါ လက်မခံနိုင်ဘူး..ငါက သူများရဲ့ ရုပ်သေးရုပ် ဖြစ်ချင်ခဲ့တာ မဟုတ်ဘူး.. ကံကြမ္မာရဲ့ ခြယ်လှယ်မှုကို မခံချင်ခဲ့ဘူး.. အဲဒီတုန်းက ငါ သိခဲ့သလိုပဲ အခုလည်း သိတယ်.. တစ်နေ့နေ့မှာကံကြမ္မာကို ငါ့ခြေအောက်မှာ ချေမှုန်းပစ်မယ်..ငါ့ရန်သူအားလုံးကို သွေးနဲ့လောကကြီးကို သွေးနီရောင် ဆိုးပစ်မယ်..သူတို့ စိတ်ပျက်အားငယ်အောင်လုပ်ပစ်မယ်..”

ထိုအချိန်တွင် နဂါးငွေ့တန်းတစ်သိန်းထဲရှိစုမင်၏မျက်နှာတစ်သိန်းက ကံကြမ္မာကို စူးရှကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြသည်။ ထိုအသံက လေထုထဲမှာ ပဲ့တင်ထပ်လာပြီး အခြားရွှေရောင်အလင်းတန်းပင်လယ်၊ ရွှေရောင်ကျင့်ကြံဂြိုလ်နှင့်ရွှေရောင်သစ်ပင်များဆီကိုအပြေးအလွှား ပြေးသွားကြသည်။

All Chapters