အိစန်းကို ကိုယ်ပွားအဖြစ်ဖန်တီးခြင်း(၅)
Vol. 60 Ch. 830
နဂါးငွေ့တန်းတစ်သိန်းမှ ကြွေးကြော်သံထွက်ပေါ်လာချိန်တွင် စမ်းသပ်မှုကိုကြိုးစားနေသောကျင့်ကြံသူကိုးဆယ့်ခုနစ်ယောက်က သူတို့ဧ။်ခန္ဓာကိုယ်ကိုမထိန်းချုပ်နိုင်တော့ကြောင်း သတိထားမိခဲ့သည်။ သူတို့အားလုံးက နဂါးငွေ့တန်းထဲကနေ အတင်းအကျပ်ထွက်ခွာခဲ့ရသည်။
သူတို့ပြန်ပေါ်လာချိန်တွင် ကျောက်တိုင်နယ်မြေသို့ ရွှေ့ပြောင်းပြီးသားဖြစ်သွားသည်။
သူတို့ဧ။်ခန္ဓာကိုယ်များက တစ်ချိန်တည်း ပေါ်လာပြီး သူတို့၏မျက်နှာတွင် အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေလေသည်။ ထို့နောက် သူတို့ အချင်းချင်း အကြည့်ချင်းဖလှယ်ကြလေသည်။
တစ်ချိန်တည်းတွင် လူကိုးဆယ့်ခုနစ်ယောက်က ကျရှုံးခဲ့ပြီး သူတို့၏ကျောက်တိုင်များကလဲ ကျုံ့သွားလေသည်။ ထိုဖြစ်စဉ်က ဤသီးခြားနယ်မြေမှာ ဘယ်တော့မှမဖြစ်ခဲ့ဖူးသောအရာဖြစ်သည်။
“ဘာဖြစ်တာလဲ.. ဘာလို့… ဒီလူတွေက တစ်ပြိုင်နက်တည်း ပေါ်လာရတာလဲ..”
“ကျောက်တိုင်ကိုးဆယ့်ခုနစ်ခုက ပေတစ်သန်းနီးပါးကနေ ပေထောင်ဂဏန်း လောက်ထိ တစ်ပြိုင်နက်တည်းနိမ့်ဆင်းသွားခဲ့တယ်..ဘာတွေဖြစ်နေတာလဲ”
“ကျောက်တိုင်တွေ..ပြောင်းလဲသွားတယ်”
လူတိုင်း၏ဆွေးနွေးသံများက လေထဲမှာ ပဲ့တင်ထပ်သွားလေသည်။ စမ်းသပ်မှုကနေ အတင်းထွက်ခိုင်းခံရသော လူကိုးဆယ့်ခုနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက်တိတ်ဆိတ်စွာ ကြည့်နေကြပြီး သူတို့မျက်နှာများက ဖြူဖတ်ဖြူရော်ဖြစ်နေကြသည်။ သူတို့ အချင်းချင်း အံ့အားသင့်မှုနှင့် ထိတ်လန့်မှုများကို မြင်လိုက်ရသည်။
“တစ်ခုခုတော့ မှားနေပြီ..ပေတစ်သန်းနီးပါးရှိတဲ့ ကျောက်တိုင်တစ်ခုပဲ ကျန်တော့တယ် အဲဒီလူ… ခုထိ သူ မပေါ်လာသေးဘူး”
“ဟမ်”
ထိုအသံက လေထဲမှာ ပျံ့လွင့်သွားသည့်အခါ ပြန်လာသောလူ ၉၇ ယောက်အပါအဝင်အားလုံး၏အကြည့်များက စုမင်၏ကျောက်တိုင်ပေါ်မှာ ချက်ချင်း စုဝေးသွားကြသည်။
ထို့အပြင် ဆွေးနွေးသံများက ချက်ချင်း တိတ်ဆိတ်သွားသည်။ ထိုကျောက်တိုင်ပေါ်မှာထွင်းထားသောစကားလုံးနှစ်လုံးက လူတိုင်း၏မျက်လုံးတွေထဲမှာ ပေါ်လာသည်။
“မိုစု....”
ထိုအချိန်တွင် စုမင်က ရွှေရောင်သွေးကြောများကို နေရာတစ်ဝက်ကို သိမ်းပိုက်ထားပြီးဖြစ်၏။ သူ၏စိတ်ပိုင်းဖြတ်မှုနှင့်ပြည့်နှက်နေသောအသံက အရပ်မျက်နှာအားလုံးမှာ ပဲ့တင်ထပ်နေလေသည်။
“အရေးကြီးဆုံးကတော့... မင်းတို့ကငါ့ကို အရုပ်တစ်ရုပ်လိုကစားနေတာကို ဂရုမစိုက်ဘူး..ဒါပေမဲ့ ငါ့ပတ်ဝန်းကျင်ကလူတွေကို ထိခိုက်စေဖို့ကြိုးစားခဲ့ရင် ငါဒီအတိုင်းထားမှာ မဟုတ်ဘူး..ဘာလို့လဲဆိုတော့ ငါ့မိသားစုနဲ့ ငါ့အပေါ်ကြင်နာခဲ့တဲ့သူအားလုံးကို ငါကာကွယ်ချင်တယ်..ငါသူတို့ကိုကာကွယ်ချင်တယ်..ဒီလူတွေအားလုံးက ငါ့ကိုထောက်ပံ့ပေးနေတဲ့အုတ်မြစ်ပဲ..ငါ့ဘဝကို ရှေ့ဆက်သွားစေနိုင်တဲ့ ဆုံးဖြတ်ချက်ပဲ..
“ငါသူတို့ကိုကာကွယ်မယ်..”
“ဒါက ငါဆက်လက်အသက်ရှင်ဖို့ သတ္တိရှိနေရတဲ့ တစ်ခုတည်းသောအကြောင်းရင်းပဲ..ငါ စွမ်းအားကြီးချင်တယ်.. စကြဝဠာထဲမှာ အင်အားအကြီးဆုံးဖြစ်ချင်တယ်..ဘာလို့လဲဆိုတော့ ငါ့ကိုကြင်နာခဲ့တဲ့သူတွေ ငိုတာကို မမြင်ချင်ဘူး.. သူတို့သေဆုံးတာကို ငါမမြင်ချင်ဘူး.. ငါ့လူတိုင်းကို ကာကွယ်ချင်တယ်.. သူတို့က... ငါ့အတွက် အဖိုးတန်ဆုံးအရာတွေပဲ..သူတို့က ငါ့အသက်ပဲ။”
အလွန်အားကောင်းသောစွမ်းအားလှိုင်းတစ်ခုက စုမင်၏ဝိညာဉ်ကနေပျံ့နှံ့လာသည်။ထိုအသံင သူ့ဧ။်ဟိန်းဟောက်သံနှင့်ငိုကြွေးသံပင်ဖြစ်သည်။
စုမင်၏မျက်နှာအပြင်၊ တခြားနဂါးငွေ့တန်းအတွင်းက မြူခိုးနက်များက အတားအဆီးအားလုံးကို ဖောက်ထွင်းဝင်ရောက်ပြီး ရွှေရောင်သစ်ပင်တစ်သိန်းအနီးမှာ ပေါ်လာခဲ့သည်။ ထိုမြူခိုးများက သစ်ပင်ပင်စည်များကို ဖောက်ထွင်းဝင်ရောက်ကာ သစ်ပင်တိုင်းမှာရှိသောရွှေရောင်သွေးကြောများဆီကို ပြေးဝင်သွားကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ လောကကြီးကိုမှောက်လှန်ပစ်နိုင်သောကျယ်လောင်သောပေါက်ကွဲသံများက ထိုအိစန်းသစ်ပင်တစ်သိန်းနှင့်ရွှေရောင်သွေးကြောတစ်သိန်းကနေ ထွက်ပေါ်လာခဲ့သည်။
“အတိတ်က နက်မှောင်တောင်နဲ့အကြီးအကဲအတွက် ငါ့အသက်စွမ်းအားကို လောင်ကျွမ်းခဲ့တယ်.. ငါ့မျိုးနွယ်ကို ဂရုစိုက်ချင်တယ်.. ကာကွယ်ချင်တယ်”
စုမင်၏အသံက လေထဲမှာ ပဲ့တင်ထပ်သွားလေသည်။ သစ်ပင်တစ်သိန်းအတွင်းက သွေးကြောများက ဝါးမျိုခံရပြီး မြူခိုးများ၏သိမ်းပိုက်ခြင်းကို ခံရလေသည်။
“ငါက အထီးကျန်ဆန်တဲ့ဘဝကို ဖြတ်သန်းခဲ့ရပြီး အကြီးအကဲကိုရှာဖို့ကြမ်းတမ်းတဲ့လမ်းတွေအားလုံးကို ဖြတ်သန်းခဲ့ရတယ်..အကြီးအကဲကိုကာကွယ်ပေးချင်ခဲ့တယ်..ပြုံးရွှင်စေချင်ခဲ့တယ်..သူ့ရဲ့ငယ်ရွယ်တဲ့ လာစုက ကောင်းကောင်းမွန်မွန်ကြီးပြင်းလာပြီး သူ့ဘေးမှာ သူ့ကိုကာကွယ်ပေးနိုင်တယ်ဆိုတာ မြင်စေချင်ခဲ့တယ်..”
စုမင်၏မျက်နှာတစ်သိန်းက ဟိန်းဟောက်လိုက်ပြီး သွေးကြောများကို ချက်ချင်း သိမ်းပိုက်လိုက်သည်။
“ငါက မာန်ပြည်ထောင်ရဲ့နတ်ဘုရားဖြစ်လာပြီး..မာန်ပြည်ထောင်ရဲ့ကံကြမ္မာကို တာဝန်ယူခဲ့တယ်..ငါက မာန်ကျင့်ကြံသူမဟုတ်ပေမဲ့ ငါ့ရဲ့အစ်ကိုတွေ..ဆရာတွေ..သူငယ်ချင်းတွေက မာန်ကျင့်ကြံသူတွေ..သူတို့ ပျော်ရွှင်နေသရွေ့ ငါ့ကိုယ်ငါ စွန့်လွှတ်အနစ်နာခံရဲတယ်..ငါက မာန်နတ်ဘုရားသခင်ဖြစ်လာပြီး မာန်ကျင့်ကြံသူတွေကို ဘုန်းကျက်သရေတိုးပွားအောင် ကူညီပေးချင်ခဲ့တယ်..”
သစ်ပင်တစ်သိန်းရှိသွေးကြောတစ်ဝက်က စုမင်၏ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည်။ စုမင်၏ဝိညာဉ်က ဟိန်းဟောက်ပြီးနောက် စုမင်၏မျက်နှာတစ်သိန်းက သွေးကြောလမ်းကြောင်းအားလုံးတွင်တစ်ပြိုင်နက်တည်း ပျံ့နှံ့သွားတော့သည်။
ယခုတစ်ကြိမ် ပျံ့နှံ့မှုက ပိုမိုမြန်ဆန်လာသည်။အိစန်း၏ဆန္ဒက အလွန်အမင်းရုန်းကန်နေ၏။ ၎င်းက ကြိုးကြာငှက်မေ့မြောမသွားမီ ချန်ထားခဲ့သောချိပ်တံဆိပ်မှ လွတ်မြောက်လိုသည်။ ငှက်က ထိုချိပ်တံဆိပ်အတွက် သူ့ဝိညာဉ်ကိုလောင်ကျွမ်းခဲ့ရသည်။ ထိုချိပ်တံဆိပ်၏စွမ်းအားကြီးသောကြောင့် အိစန်းက လွတ်မြောက်ချင်လျှင် အချိန်နည်းနည်းတော့ပေးရလိမ့်မည်။
“ငါက နဝမမြောက်တောင်ထိပ်ကို ကာကွယ်ချင်လို့ သီးခြားနယ်မြေကိုရောက်လာတာ..ငါ့အစ်ကိုကြီးတွေကို ငိုစေချင်တာ..သေစေချင်တာမဟုတ်ဘူး..အဲဒီအတွက် ငါ့ကိုယ်ငါ စွန့်လွှတ်နိုင်တယ်..အချစ်နဲ့ နာကျင်မှုမရှိဘဲ ငါနေနိုင်တယ်..ဒီသီးခြားနယ်မြေကို လာနိုင်တယ်..သူတို့အသက်ရှင်နေသရွေ့ ငါပျော်ရွှင်တယ်..”
“ဒါ ငါ့နှလုံးသားထဲက ဆုံးဖြတ်ချက်ပဲ..ငါ့ရဲ့ စွဲလမ်းမှုပဲ..နောက်ဆုံးမှာ ဒီစွဲလမ်းမှုအတွက် ကောင်းကင်ကို သွေးပင်လယ်ထဲမှာ နစ်မြုပ်ဖို့လုပ်ရရင်တောင်..ငါ့လက်တွေ သွေးစွန်းသွားရင်တောင် ဘာကို ဂရုစိုက်နေရမှာလဲ..”
“ငါ လုံးဝ လက်မလျှော့ဘူး”
စုမင်၏အသံက လေထုထဲမှာ ပဲ့တင်ထပ်သွားသည်။စုမင်က ထိုသစ်ပင်တစ်သိန်း၏သွေးကြောများကိုနေရာယူထားတာက ငါးဆယ်မှ ငါးဆယ့်ခြောက်ပုံအထိ မြှင့်တက်လာသည်။
အရင်ထက်ခြောက်ပုံလောက်သာတိုးလာသော်လည်း ပေါ့သေးသေးတွက်ဆလို့တော့ မရပေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာက သစ်ပင်တစ်ပင်၏ငါးဆယ့်ခြောက်ပုံမဟုတ်ဘဲ သစ်ပင်တစ်သိန်း၏ငါးဆယ့်ခြောက်လောက် ဖြစ်နေသောကြောင့်ဖြစ်၏။
“ဗုန်းးးး..”
အိစန်းက ကြိုးကြာငှက်၏ချိပ်တံဆိပ်ကို အိစန်းက ချိုးဖျက်လိုက်သည်။ သူ့၏ဒေါသတကြီးဟိန်းဟောက်သံများက သွေးကြောလမ်းကြောင်းများ၏လောကထဲက ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေခဲ့သည်။
“စွေ့ချန်ကျစ် ရဲ့ဥပဒေသက မင်းကို ကာကွယ်ပေးနေရင်တောင် မင်း ငါ့ကို ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူး.. ပျောက်သွားစမ်း..ပျောက်စမ်း.. ပျောက်စမ်း..”
အိစန်း၏ဒေါသက ကောင်းကင်ကို လောင်ကျွမ်းစေခဲ့သည်။ နှစ်ပေါင်းများစွာအတွင်း သစ်ပင်ကို ပိုင်ဆိုင်ချင်သူ အများကြီးရှိခဲ့သော်လည်း စုမင်လို သစ်ပင်ခန္ဓာကိုယ်တစ်ဝက်ထက်ပိုပြီး သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ပေ။ စုမင်က သစ်ပင်ခန္ဓာကိုယ်တစ်ဝက်ကိုမဟုတ်ဘဲ သစ်ပင်တစ်သိန်း၏ခန္ဓာကိုယ်တစ်ဝက်ကို သိမ်းပိုက်နိုင်ခဲ့သည်။
ထိုအရာက အိစန်းကိုအန္တရာယ်ကြီးသောခံစားချက်တစ်ခု ယူဆောင်လာခဲ့သည်။အိစန်းက ကြီးမားသောအဖိုးအခကိုပေးဆပ်ရရုံသာမက စွေ့ချန်ကျစ်၏ဥပဒေသကို မဆန့်ကျင်နိုင်ပေ။ မဟုတ်လျှင် အိစန်းက စုမင်ကို မောင်းထုတ်မည့်အစား သတ်လိုက်မည်ဖြစ်သည်။
“ထွက်သွား.. ထွက်သွားစမ်းး..”
အိစန်း၏စိတ်ဆန္ဒက ပေါက်ကွဲထွက်လာပြီး စုမင်၏မျက်နှာတစ်သိန်းကို ဝင်တိုက်မိလေသည်။ အမှန်တော့ အိစန်းကလဲ သူ့စိတ်ဆန္ဒကို တစ်နေရာတည်းမှာ ပေါက်ကွဲစေတာ မဟုတ်ပေ။ ယင်းအစား သူ့ဆန္ဒက သစ်ပင်တစ်သိန်း၊ သစ်ပင်တစ်သိန်း၊ ခန္ဓာကိုယ်တစ်သိန်းကနေ တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာသည်။
ပေါက်ကွဲသံများက အဆက်မပြတ် ထွက်ပေါ်လာ၏။ ကြိုးကြာငှက်က၏အကူအညီမပါဘဲ စုမင်က အိစန်း၏ တိုက်ခိုက်မှုကို အပြည့်အဝ ခံခဲ့ရသည်။အိစန်းက စုမင်ကို ပထမဆုံးအော်ဟစ်လိုက်သည့်အခါ စုမင်၏ဝိညာဉ်က တုန်လှုပ်သွားခဲ့သည်။ စုမင်က အိစန်း၏စွမ်းအားကို ခုခံရန် ခက်ခဲခဲ့သည်။
တစ်ချိန်တည်းမှာပင် အိစန်း၏စွမ်းအားက သူ့အပေါ်ကို ကျရောက်လာ၏။ သူ့စွမ်းအားက အချိန်ကိုပြောင်းပြန်လှန်ပြီး စုမင်၏ဝိညာဉ်ကို စုပ်ယူသွားသလိုဖြစ်သွားသည်။ ထို့ကြောင့် စုမင်၏လွှမ်းမိုးမှုက ငါးဆယ့်ခြောက်ပုံကနေ ငါးဆယ့်သုံးပုံအထိ ကျဆင်းသွားသည်။
စုမင်၏မျက်မှာများက ရက်စက်ကြမ်းကြုတ်ပုံပေါ်သည်။ ထိုအချိန်တွင် စုမင်က ဒေါသတအားထွက်လာပြီး သူ့ဝိညာဉ်ကို လောင်ကျွမ်းရန်ရွေးချယ်လိုက်သည်။
သူ ယခင်က ပြောဖူးသလိုပင် ကံကြမ္မာက သူ့ကို အရင်မချေမှုန်းလျှင် သူက ကံကြမ္မာကိုသေချာပေါက်ချေမှုန်းလိမ့်မည်။ ဤနေရာမှာလဲ အတူတူပင်ဖြစ်၏။ အိစန်းက သူ့ကိုမဖျက်ဆီးနိုင်လျှင် သူက အိစန်းကို သိမ်းပိုက်လိမ့်မည်။
သူသေရရင်တောင် အောင်မြင်အောင်ကြိုးစားလိမ့်မည်။
သူ့ဝိညာဉ်လောင်ကျွမ်းသွားသည့်အခါ
စုမင်က အိစန်း၏ဆန္ဒကို ဆန့်ကျင်တိုက်ခိုက်လာခဲ့သည်။
“ဗုန်းးးးးဗုန်းးးးးဗုန်းးးး..”
စုမင်က အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သော်လည်း သူ၏သိမ်းပိုက်ထားသောသွေးကြောက ငါးဆယ့်သုံးပုံကနေ လေးဆယ့်ငါးပုံအထိကျုံ့သွားခဲ့သည်။ ထိုအချိန်တွင် စုမင်၏ဝိညာဉ်လောင်ကျွမ်းမှုက အထွတ်အထိပ်ကို ရောက်ရှိခဲ့၏။ သူ နောက်ပြန်မဆုတ်ဘဲ အိစန်း၏ဆန္ဒကို ဆန့်ကျင်တိုက်ခိုက်ခဲ့ပြန်သည်။ သူ့လွှမ်းမိုးမှုက လေးဆယ့်ငါးပုံကနေလေးဆယ့်ခြောက်ပုံ...ထို့နောက် လေးဆယ့်ခုနစ်ပုံအထိ ရွေ့လျားသွားသည်။ စုမင် ဆက်မလှုပ်ရှားနိုင်သော်လည်း အိစန်းက သူ့ကို နောက်ဆုတ်အောင်မလုပ်နိုင်ပေ။
စုမင်၏ဝိညာဉ်ထဲမှာ ပြင်းထန်သောနာကျင်မှုများ ပျံ့နှံ့သွားသည်။ စုမင်က သူ့ဝ်ညာဉ်ကိုလောင်ကျွမ်းလိုက်သောကြောင့် သူ့ကိုယ်သူ နာကျင်မှန်းမသိဘဲ မေ့ပျောက်သွားသည်။ သို့ပေမဲ့ စုမင်၏ဝိညာဉ်လောင်ကျွမ်းမှုက သူ့၏ရူးသွပ်မှုကို အပြည့်အဝပြသခဲ့သည်။
“မိုက်မဲတဲ့ ကောင်စုတ်လေး..မင်းရဲ့ဝိညာဉ်ကို မီးရှို့လိုက်ရုံနဲ့ ငါ့ကို သိမ်းပိုက်နိုင်မယ်လို့ ထင်နေတာလား..မင်းကို ဆက်ပြီး မနှိပ်စက်ဖို့ ငါ ရွေးလို့ရတယ်..ငါ မင်းရဲ့ဝိညာဉ်ပျံ့နှံ့မှုကို ရပ်တန့်လိုက်ရင် မင်းရဲ့ဝိညာဉ် လောင်ကျွမ်းမှုကြောင့် မကြာခင် မင်းသေရလိမ့်မယ်..”
“မိုက်မဲတဲ့ သတ္တဝါလေး.. မင်း သေချာပေါက် ရှုံးနိမ့်ရလိမ့်မယ် မင်း သေချာပေါက် သေရလိမ့်မယ်..”
အိစန်း၏အသံက လေထုထဲမှာ ထပ်မံ ပဲ့တင်ထပ်သွား၏။ စုမင်၏ဝိညာဉ်အများစု လောင်ကျွမ်းသွားသော်လည်း သွေးကြောထဲရှိမျက်နှာများက ထူးဆန်းသောပုံစံနှင့် ပြုံးနေကြသည်။
တစ်ချိန်တည်းမှာပင် ထိုမျက်နှာတစ်သိန်းပေါ်ရှိအပြုံးက အိစန်းကို ခဏတာ အံ့အားသင့်စေခဲ့သည်။
ထိုအချိန်တွင် စုမင်၏အသံက နဂါးငွေ့တန်းတစ်သိန်းနှင့်အိစန်း၏သစ်ပင်တစ်သိန်းထဲကနေ ထွက်ပေါ်လာသည်။
“ယင်းမရဏနယ်မြေထဲက ရှေးဟောင်းတည်ရှိမှုတွေ..ခင်ဗျားတို့ ကျုပ်အသံကို မင်းကြားနိုင်တယ်ဆိုတာ ကျုပ်သိတယ်..ကျုပ်ရဲ့လုပ်ရပ်တိုင်းကို ခင်ဗျားတို့စောင့်ကြည့်နေတယ်ဆိုတာသိတယ်..ကျုပ် လက်ရှိဘာလုပ်နေလဲဆိုတာ ခင်ဗျားတို့မြင်နေရတယ်..”
“အိစန်းရဲ့ဆန္ဒကို ဆန့်ကျင်တိုက်ခိုက်ဖို့ ကျုပ်ကို ကူညီပါ..ကျုပ် အောင်မြင်ရင် ဒီကြီးမားတဲ့ကောင်းချီးကို ရလိမ့်မယ်.. ပြီးတော့ ခင်ဗျားတို့ရဲ့ဘုရင်ကို ရှာဖို့ ကျွန်တော်ကူညီပေးမယ်..ခင်ဗျားဘာမှမလုပ်ရင် ကျုပ်ဝိညာဉ်က သေဆုံးသွားလိမ့်မယ်..ခင်ဗျားတို့ရဲ့ဘုရင်ကို ရှာဖို့ ကူညီပေးမယ့် ကျုပ်လိုလူမျိုးကို ထပ်ရှာတွေ့ဖို့ မဖြစ်နိုင်တော့ဘူး..”
စုမင်၏အသံက လေထုထဲမှာ ပဲ့တင်ထပ်သွားသည့်အခါ မနက်ခင်းတာအိုလောကရှိယင်းမရဏဝဲဂယက်မှ ဒေါသတကြီးအော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ထိုနေရာက နတ္ထိအနှစ်သာရနယ်မြေနှင့်အတော်လေးဝေးကွာသည်။
စုမင်၏ဝိညာဉ်က လောင်ကျွမ်းနေဆဲဖြစ်၏။ အသက်သုံးရှိုက်စာအတွင်း အလွန်ရှေးကျသောတည်ရှိမှုများက သူ့ဝိညာဉ်ထဲမှာ ရုတ်တရက်ပေါ်လာခဲ့တယ်။ထိုတည်ရှိမှုများက လေးခုတောင်ရှိလေသည်။
ထိုတည်ရှိမှုများက စုမင်၏ဝိညာ်ထဲကနေ ထွက်လာပြီး ထင်ယောင်ထင်မှားအနက်ရောင်မျက်နှာဖုံးတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းက စုမင်အပေါ်ခတ်ထားသော ချိပ်တံဆိပ်ပင်ဖြစ်သည်။
ထိုအချိန်တွင် စုမင်၏ဘေးမှာ နေလေးစင်း ပေါ်လာ၏။ ထိုနေများက အစိမ်းရောင်၊ အနီရောင်၊ အပြာရောင်နှင့် အဖြူရောင်တွေ အသီးသီးရှိ၏။ ရှေးခေတ်တည်ရှိမှုတစ်ခုက နေလုံးများဆီကနေ ပျံ့နှံ့သွားပြီး မျက်နှာဖုံးကို လျင်မြန်စွာ လည်ပတ်လိုက်သည်။ ထို့နောက် ၎င်းတို့က ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ အိစန်း၏ဆန္ဒဆီကို ပြေးဝင်သွားကြသည်။
“အရူးကောင်..မင်းမှာ ဘာတွေရှိလို့လဲ..မင်းမှာ သစ္စာဖောက်ပြီး ခိုးယူတတ်တဲ့ ကြိုးကြာငှက်ပဲရှိတာလေ..ဒါပေမဲ့ မင်းမှာ ကံကြမ္မာ၊ ရှင်ခြင်းနဲ့သေခြင်းရဲ့အရှင်သခင်နယ်ပယ်ရောက်ဖို့ခြေတစ်လှမ်းပဲလိုတဲ့လူလေးယောက်ရဲ့အကာအကွယ်ကိုတောင် ရထားတယ်..”
အိစန်းက ခဏတာ အံ့အားသင့်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
“အသူရာဖန်ဆင်းရှင်ကောင်လေး..မင်း ငါတို့ရဲ့ဘုရင်ကို ရှာပေးဖို့ မမေ့နဲ့နော်..ငါတို့က ငါးခုမြောက်လောကကြီးရဲ့ ယင်ဝဲဂယက်လူမျိုး...အတိုင်းအဆမဲ့ဂန်ဂျူးလူမျိုးတွေနဲ့ သားစဉ်မြေးဆက်တွေပဲ...”
“မင်းရဲ့ကတိကို မတည်ရင်..မာန်ပြည်ထောင်တစ်ခုလုံးကို သေချာပေါက် ဖျက်ဆီးပစ်မယ်..”
အေးစက်သောနတ်ဘုရားအတွေးလေးခုထဲမှာ ဒေါသစိတ်များ ပါနေပြီး အပြင်သို့ပျံ့နှံ့လာ၏။
“ခင်ဗျားရဲ့ အော်ဟစ်သံတွေကို ရပ်ပြီး တိုက်ခိုက်တော့..”
စုမင်က အေးစက်စက် အော်ဟစ်လိုက်သည်။ ထိုတည်ရှိမှုများမှာ ရွေးချယ်စရာ မရှိပေ။ သူတို့ အိစန်းကို အတင်းအကျပ်တိုက်ခိုက်ခိုင်းတာက စုမင်၏အစီအစဉ် တစ်စိတ်တစ်ပိုင်းပင်ဖြစ်သည်။ နှစ်ပေါင်း လေးရာကျော်အတွင်း စုမင်က ဖြစ်နိုင်ချေရှိသောအခြေအနေအားလုံးကိုတွက်ချက်ခဲ့သည်။ သူတို့က ငြင်းဆန်လျှင်တောင် စုမင်မှာ အတင်းအကျပ်ခိုင်းနိုင်သောနည်းလမ်းများ ရှိသေးသည်။
“ဗုန်းးးးး..ဗုန်းးးးးး..ဗုန်းးးးးး..”
အိစန်းကိုတိုက်ခိုက်ရန် စုမင်ကိုကူညီပေးမည့်သူများရောက်လာပြန်သည်။ စုမင်၏ဝိညာဉ်လောင်ကျွမ်းသွားပြီး အလွန်လျင်မြန်သောနှုန်းဖြင့် ပျံ့နှံ့သွားသည်။
သူက နဂါးငွေ့တန်းတစ်သိန်းရှိသစ်ပင်တစ်သိန်းအတွင်းသွေးကြောများကို သိမ်းပိုက်ထားပြီး လေးဆယ့်ရှစ်ပုံအထိ သိမ်းပိုက်နိုင်ခဲ့သည်။
လေးဆယ့်ကိုး..ငါးဆယ့်တစ်.. ငါးဆယ့်သုံး.. ငါးဆယ့်ငါး… ခြောက်ဆယ့်တစ်.. ခြောက်ဆယ့်နှစ်..ခြောက်ဆယ့်သုံး.. ခြောက်ဆယ့်ငါး.. ခြောက်ဆယ့်ခုနစ်ပုံ…
ပေါက်ကွဲသံများက လေထဲမှာ ပဲ့တင်ထပ်သွားလေသည်။ယင်းမရဏနယ်မြေရှိနတ်ဘုရားအတွေးလေးခုကိုကိုယ်စားပြုသည့်
မျက်နှာဖုံးက အပိုင်းပိုင်းကွဲသွားသည်။ စုမင်၏သိမ်းပိုက်မှုအတွင်းမှာ နေလေးစင်းကလဲ တောက်ပသောအလင်းတန်းများအဖြစ် ပြောင်းလဲသွားခဲ့သည်။
မျက်နှာဖုံးက ကွဲအက်သွားပြီး နတ်ဘုရားအတွေးလေးခုက ပျောက်ကွယ်သွားသည်။ယင်းမရဏနယ်မြေက ရှေးဟောင်းဆန္ဒများကလဲ စုမင်အပေါ် လုံးဝထိန်းချုပ်မှု ဆုံးရှုံးသွားခဲ့သည်။
ဆိုလိုတာက သူက ကံကြမ္မာကို တွန်းလှန်ရန် ကြီးမားသောဆူးငြောင့်ခလုတ်ကို ဖယ်ရှားလိုက်သည်ဟု ပြောနိုင်သည်။ ယင်းမရဏနယ်မြေက သူ့အပေါ်ထားရှိသောကန့်သတ်ချက်များကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့သည်။ ယင်းမရဏနယ်မြေက သူ့အပေါ်ထိန်းချုပ်ထားသူများကိုအောင်မြင်စွာ အစားထိုးနိုင်ခဲ့သည်။
ထိုအချိန်ကစပြီး ယင်မရဏနယ်မြေက သူ့အပေါ်ချိပ်ပိတ်နိုင်တော့မှာ မဟုတ်ပေ။ စုမင်က သူ၏ပြီးပြည့်စုံသောကိုယ်ပိုင်ဟန်ကို ပြန်လည်ရရှိခဲ့သည်။ ထို့အပြင် ယင်မရဏနယ်မြေက တည်ရှိမှုများက မာန်ပြည်ထောင်ကို ထိပါးရဲမှာမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့က သူတို့ဘုရင်ကိုရှာဖွေရန် လိုအပ်နေသောကြောင့်ဖြစ်၏။
“သေချင်းဆိုးလေး..မင်းမှာ သစ္စာဖောက်သူခိုးကြိုးကြာငှက်.. နတ်ဘုရားအတွေးလေးခုရဲ့ ကာကွယ်မှုအပြင် ဘာတွေထပ်ရှိသေးလဲ..မင်းက သစ်ပင်ထဲမှာ နေရာပိုယူထားရင်တောင် အသုံးမဝင်ဘူး..မင်းရဲ့ဝိညာဉ်က လုံးဝလောင်ကျွမ်းတော့မယ်..မင်းသေတော့မယ်..မင်းဘာတတ်နိုင်သေးလဲ..”
အိစန်းက ဒေါသတကြီးအော်ဟစ်လိုက်သည်။သူက မျက်နှာဖုံးကို ကွဲအက်စေပြီး
နတ်ဘုရားအတွေးလေးခုကိုဖယ်ရှားပစ်ခဲ့သည်။
စုမင်က သစ်ပင်၏သွေးကြောခြောက်ဆယ့်ကိုးပုံအထိ နေရယူထားသည်။ စုမင် ဖန်တီးထားသောမျက်နှာအားလုံးက ထူးဆန်းသောပုံစံနှင့် ထပ်မံပြုံးလိုက်သည်
စုမင်ဝိညာဉ်၏ဆယ်ပုံတစ်ပုံလောက်က လောင်ကျွမ်းသွားသည်။ သူ့မျက်လုံးထဲမှာ ရူးသွပ်မှုများနှင့်ပြည့်နေ၏။သူက ပြုံးရင်း တိုးတိုးလေးပြောလိုက်သည်။
“မင်းကိုပိုင်ဆိုင်တာက ငါ့ဘဝမှာ အကြီးမားဆုံးကံကောင်းခြင်းပဲ..”
“ဒါပေမယ့် မင်းကိုပိုင်ဆိုင်တာက ငါ့ဘဝရဲ့ အရေးကြီးဆုံးအရာမဟုတ်ဘူး”
စုမင်းဧ။်မျက်လုံးထဲက ရူးသွပ်မှုဟာ မီးတောက်များကဲ့သို့ ပို၍ပြင်းထန်လာခဲ့သည်။
“မင်းကိုပိုင်ဆိုင်တာက လုပ်ငန်းစဉ်တစ်ခုပဲ..ဒီလုပ်ငန်းစဉ်အတွင်းမှာ ငါတခြားလူတွေရဲ့ထိန်းချုပ်မှုကနေ လွတ်မြောက်လာမှာ.. ငါဆိုတဲ့အစစ်အမှန်စုမင်ဖြစ်လာအောင် မင်းရဲ့စွမ်းအားကို ငှားမယ်..ယင်းမရဏနယ်မြေမှာရှိတဲ့တည်ရှိမှုတွေက ငါ့ကို ထိန်းချုပ်ချင်တဲ့သူတွေပဲ..ပြီးတော့ တိထျန်းရောပဲ..”
“တိထျန်းး..တစ်ချိန်က ငါ့ကိုယ်ငါ မင်းရဲ့ထိန်းချုပ်မှုကနေ လုံးဝလွတ်မြောက်ပြီလို့
ထင်ခဲ့တယ် ဒါပေမဲ့..အခုတော့... အိစန်းရဲ့ အကိုင်းအခက်များစွာမှာ လူတိုင်းရဲ့မျက်နှာတွေကို ငါမြင်ခဲ့တယ်... ဒါပေမဲ့ ငါ မင်းကိုတော့မမြင်ဘူး..”
“အဲဒီအချိန်မှာ မင်းက ငါ့ကိုထိန်းချုပ်နေတုန်းပဲဆိုတာ ငါသိတယ်.. မင်းရဲ့အစီအစဉ်က လုံးဝမအောင်မြင်ဘူး.. အမှန်တော့ ငါ့အကြောင်းအားလုံးက မင်းရဲ့အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ..”
“အိစန်းရဲ့သစ်ပင်ပေါ်မှာ ပေါ်လာတဲ့ မျက်နှာအားလုံးမှာ မင်းမရှိဘူး.. ..ငါကိုယ်ငါ မမြင်နိုင်ဘူး..မင်းကို မမြင်နိုင်ဘူး.. ဒါဆိုရင် မင်းက ငါဖြစ်ပြီး ငါက မင်းဖြစ်အောင် နည်းလမ်းတစ်ခုခုသုံးပြီး လုပ်ခဲ့တယ်လို့ မဆိုလိုဘူးလား.. ငါတို့ရဲ့ဝိညာဉ်တွေကို တစ်နည်းနည်းနဲ့ ပေါင်းစပ်စေခဲ့တာလား..”
“မင်းရဲ့အစီအစဉ်က ဘာလဲဆိုတာ ငါမသိဘူး. ဒါပေမဲ့ နှစ်တွေတစ်လျှောက် ငါစုဆောင်းထားတဲ့ သဲလွန်စတွေအားလုံးကနေ ခန့်မှန်းနိုင်တယ်… မင်းက ငါ့ဘဝကို လိုချင်နေတာ.. မင်းက ငါ့ရဲ့ရှင်သန်မှုနဲ့အသူရာဖန်ဆင်းရှင်ဖြစ်နေတဲ့ငါ့ဘဝကို လိုချင်နေတာ..”
“အဲဒီလိုဆိုရင် မင်းငါနဲ့အတူ သေရမယ်… မဟုတ်ရင် ငါ့ဝိညာဉ်ကနေ ထွက်သွားရမယ်”
ရာစုနှစ်ပေါင်းများစွာက သူ့ပထမကျရှုံးမှုအပြီးမှာ စုမင်၏စိတ်ထဲမှာ ပေါက်ဖွားလာသည့် ရူးသွပ်သောအတွေးပင်ဖြစ်သည်။
သစ်ပင်ကိုပိုင်ဆိုင်ခြင်းက စုမင်အတွက်ကံကောင်းခြင်းတစ်ခုသာဖြစ်၏။ စုမင်က
ကံကြမ္မာဧ။်ထိန်းချုပ်မှုကနေ လွတ်မြောက်ရန် အလွန်အရေးကြီးသည်။
သူ့တွေးဆချက်က မှားသွားနိုင်သည်။ တိထျန်းက သူ့ဝိညာဉ်နှင့် ပေါင်းစည်းသွားကြောင်းကို သူ သေချာမသိပေ။ နေကြမ္မာမှော်စက်ဝန်းနယ်ပယ်ရှိဟုန်လော့နှင့်အစွမ်းထက်တည်ရှိမှုများက သူ့ဝိညာဉ်ထဲမှာ ရှိခဲ့ဖူးသည်။ ထို့ကြောင့် တိထျန်းလဲ သူ့ထဲမှာ မကပ်တွယ်ဘူးဆိုတာ မဖြစ်နိုင်ပေ။
စုမင်က ထိုထိန်းချုပ်မှုအပေါ် နားလည်မှုနည်းလေ လွတ်မြောက်ရန်ပိုခက်ခဲလေးပင်ဖြစ်သည်။ သို့ပေမဲ့ သူ့အကျပ်အတည်းကနေလွတ်မြောက်ရန် သူ့အသက်ကို လောင်းကြေးအဖြစ်အသုံးပြုခဲ့သည်။ ထိုလုပ်ရပ်မျိုးက ဘယ်သူမှမလုပ်နိုင်သည့် ကြီးမားသောအလောင်းအစားတစ်ခုပင်ဖြစ်သည်။
“တိထျန်း.. မင်း ထွက်သွားမှာလား..မသွားဘူးလား”
စုမင်က ဟိန်းဟောက်လိုက်၏။နဂါးငွေ့တတစ်သိန်းရှိ သစ်ပင်တစ်သိန်းထဲက မျက်နှာတစ်သိန်းက တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြ၏။