အိစန်းကို ကိုယ်ပွားအဖြစ်ဖန်တီးခြင်း(၆)
Vol. 60 Ch. 831
မဟာလောကကြီးလေးခုအနက် တစ်ခုဖြစ်သောစစ်မှန်သောမနက်ခင်းတာအိုလောကတွင် အလွန်ထူးဆန်းသော ကောင်းကင်ရှိလေသည်။ ၎င်းက ကျင့်ကြံမှုဂြိုလ် တစ်ရာ့ရှစ်ခုဖြင့် ဖွဲ့စည်းထားသည်။အဝေးမှကြည့်လျှင် ၎င်းတို့က ရွက်ကြောများပြည့်နေသောသစ်ရွက်တစ်ရွက်ကဲ့သို့ ထင်ရသည်။ ၎င်းက တောက်ပသော အလင်းရောင်ဖြင့် နဂါးငွေ့တန်းထဲတွင် မျောလွင့်နေသည်။ ဂြိုလ်များမှဖြစ်ပေါ်လာသော ကြီးမားသောဖိအားကြောင့် ပတ်ဝန်းကျင်ရှိလူအားလုံးကို ကြောက်ရွံ့စေခဲ့သည်။ဤသည်မှာ အင်မော်တယ်များပိုင်ဆိုင်သော နဂါးငွေ့တန်းအတွင်း
အလွန်ကျော်ကြားသော နေရာတစ်ခုဖြစ်သည်။
ထိုနေရာတွင် မဟာမြူရွက်အင်မော်တယ်ဂိုဏ်း၏ပထမဂိုဏ်းခွဲရှိသည်။
ထိုကောင်းကင်ဘုံအတွင်းရှိ ဂြိုလ်များထဲသို့ အဆုံးမရှိ လူအများအပြား ဝင်ရောက်သွားလာနေကြသည်။ ထိုနေရာတစ်ဝိုက်တွင် သွားလာလှုပ်ရှားနေသောလူများ သို့မဟုတ် ထွက်သွားသောသူများက မဟာမြူရွက်အင်မော်တယ်ဂိုဏ်း၏တပည့်များဖြစ်သည်။ တစ်ချက်ကြည့်လိုက်လျှင် သူတို့က လူသိန်းနှင့်ချီ၍ သွားလာလှုပ်ရှားနေကြသည်။
ထိုလူပမာဏက များပြားသည်ဟုထင်ရသော်လည်း ဧရာမကျင့်ကြံဂြိုလ်တစ်ရာ့ရှစ်ခုနှင့်ယှဉ်လျှင် ထိုလူအရေအတွက်က အလွန်နည်း၏။ ဂိုဏ်း၏အတိုင်းအတာအရ မဟာမြူရွင်အင်မော်တယ်ဂိုဏ်းတပည့်များက အလွန်များပြားမှာ သေချာ၏။
ထို့ပြင် စုမင်၏မျက်နှာတစ်သိန်းလုံးက သီးခြားနယ်မြေထဲ၌ ဟိန်းဟောက်လိုက်စဉ် ကောင်းကင်ဧ။်အနက်ရှိုင်းဆုံးနေရာရှိကျင့်ကြံဂြိုလ်တစ်ခုမှာ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။
ထိုနေရာက မြက်ပင်စိမ်းများနှင့်ပြည့်နှက်နေလေသည်။လေပြေညင်းလေးများက မြေပြင်ကိုဖြတ်၍ တိုက်ခတ်နေလေသည်။ ကောင်းကင်ဟာ အပြာရောင်ဖြစ်ပြီး ကောင်းကင်မှာ အဖြူရောင် မိုးတိမ်အနည်းငယ်က ညင်သာစွာ ရွေ့လျားနေသည်။ ထိုနေရာတွင် တိတ်ဆိတ်ငြိမ်သက်မှုများနဲ့ ပြည့်နှက်နေလေသည်။
အနီးအနားမှာ ရေကန်တစ်ခုရှိပြီး သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးက ရေကန်ဘေးမှာ ထိုင်နေလေသည်။ သူက စုတ်ပြဲသောအဝတ်များကို ဝတ်ဆင်ထားပြီး လက်ထဲမှာ ငါးမျှားတံကို ကိုင်ထား၏။ သူ့ကြည့်ရတာ ခဏမှေးနေပုံရသည်။ သူ့မျက်နှာမှာ ငြိမ်းချမ်းသောအမူအရာနှင့်အတူ အပြုံးတစ်ခုလဲ ရှိနေ၏။
သို့သော် သူ့ဘေးရှိ မြက်ခင်းရှည်များကြားတွင် အလစ်ချောင်းနေသောတောဝံပုလွေအုပ် ရှိနေသည်။ ဝံပုလွေများ၏ မျက်လုံးများတွင် အနီရောင်အလင်းတန်းများ တောက်ပနေပြီး ၎င်းတို့က အသက်လတ်ပိုင်းလူကို တစ်လက်မမျှ မလှုပ်ရှားဘဲ စိုက်ကြည့်နေကြသည်။
ထိုအချိန်တွင် သတ်လတ်ပိုင်းအရွယ်လူ၏မျက်ခုံးများက ရုတ်တရက်တွန့်လာလေသည်။ ဝံပုလွေများကြောင့် သူ့မျက်နှာပေါ်က ငြိမ်းချမ်းသော အမူအရာ ချက်ချင်းပျောက်ကွယ်သွားသည်။ သူ၏မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။ သူ့မှာ ထိုမျက်လုံးတစ်စုံကြောင့် ထူးဆန်းသောအသွင်ပိုင်ဆိုင်ထားသလို ခံစားရသည်။ သို့သော် ထိုမျက်လုံးများထဲမှာ လေးနက်သောအကြည့်တစ်ခု တဖြည်းဖြည်း ပေါ်လာသည်။
“ငါ... လမ်းလွဲနေတဲ့ ကလေးတွေကို မကြိုက်ဘူး”
သက်လတ်ပိုင်းအရွယ်အမျိုးသားက သူ့ဘာသာသူ တိုးတိုးလေးပြောလိုက်၏။ ထို့နောက် ဘာမှမဖြစ်ခဲ့သလို သူ့မျက်လုံးများကို မှိတ်လိုက်ပြီး သူ့ညာဘက်လက်နဲ့ ငါးမျှားတံကို ဆုပ်ကိုင်ထားဆဲပင်ဖြစ်၏။
သီးခြားနယ်မြေထဲ၌ စုမင်၏ဟိန်းဟောက်သံများ ပဲ့တင်ထပ်နေလေသည်။ သူ့ဝိညာဉ်က မြန်မြန်ဆန်ဆန် လောင်ကျွမ်းနေ၏။ သူ့ဝိညာဉ်၏လောင်ကျွမ်းမှုက ဆယ်ပုံခုနှစ်ပုံကနေ ရှစ်ပုံအထိမြန်မြန်ပြောင်းလဲသွားပြီး အိစန်း၏ဆန္ဒကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တိုက်ခိုက်နေသည်။
အိစန်း၏ဆန္ဒကနေ ထွက်ပေါ်လာသောဟိန်းဟောက်သံများနှင့်ပေါက်ကွဲသံများက စုမင်၏ဝိညာဉ်ကို နောက်ထပ်ပျံ့နှံ့မသွားအောင် တားဆီးနေသည်။ စုမင်က အိစန်းအတွက် သူ့အသက်သူစတေးသလိုဖြစ်နေ၏။ နည်းနည်းလေးကြာလာလျှင် စုမင်၏လောင်ကျွမ်းနေသောဝိညာဉ်က လုံးဝပျောက်ကွယ်သွားလိမ့်မည်။ ထိုအချိန်တွင် အိစန်းက ဘာမှလုပ်စရာမလိုတော့ဘဲ သူ့ပြိုင်ဘက်က လေထဲသို့ပျောက်ကွယ်သွားလိမ့်မည်။
ထိုအချိန်တွင် စုမင်၏မျက်နှာတစ်သိန်းမှာ စိတ်ပိုင်းဖြတ်ထားသောအမူအရာတစ်ခု ပေါ်လွင်နေ၏။ သူ့ဆုံးဖြတ်ချက်ကို ပြောင်းလဲရန် ရည်ရွယ်ချက်မရှိပေ။ သူ့ဝိညာဉ်အများစု လောင်ကျွမ်းသွားလျှင်တောင် သူ့ခန္ဓာကိုယ်ကနေ တိထျန်းမထွက်လာသရွေ့ သူ လက်မလျှော့ပေ။ ထိုအရာက သူ့အသက်ကို လောင်ကြေးထပ်ထားတာဖြစ်သလို စိတ်ရှည်မှုပြိုင်ပွဲတစ်ခုလည်းဖြစ်သည်။ သူနှင့်တိထျန်းနှစ်ယောက်စလုံး ရွေးချယ်ရမည့် ပြိုင်ပွဲတစ်ခုလည်းဖြစ်သည်။
‘စွန်တွေမှာ ကြိုးတွေရှိတယ်..ဒါပေမဲ့ အဲဒီစွန်တွေက ကောင်းကင်ဘုံကိုးခုအထက်မှာ ပျံသန်းနေရင်တောင် တစ်ယောက်ယောက်က ထိန်းချုပ်ထားတာဖြစ်ပြီး လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး..”
‘ငါ့ဘဝတစ်လျှောက်လုံး အဲဒီကြိုးကို မဖြတ်နိုင်ဘဲ. ကောင်းကင်မှာ လွတ်လပ်စွာ ပျံသန်းနိုင်ရင်တောင် ငါက သေလူနဲ့ ဘာကွာခြားလဲ.. ဒီကြိုးကို ဖြတ်မှသာ ငါလွတ်လပ်မှုကို ခံစားနိုင်လိမ့်မယ်..”
စုမင်၏မျက်နှာတစ်သိန်းရှိမျက်လုံးများထဲတွင် စိတ်ပိုင်းဖြတ်ထားသော အလင်းရောင်တစ်ခု ထွန်းလင်းလာသည်။ သူ၏ဝိညာဉ်လောင်ကျွမ်းသွားသည်နှင့်အမျှ အစိတ်စိတ်အပိုင်းပိုင်းကွဲသွားလေသည်။
ထိုအချိန်တွင် မဟာမြူရွက်အင်မော်တယ်ဂိုဏ်းအတွင်းရှိ ရေကန်အနီးတွင် ငါးမျှားနေသောသတ်လတ်ပိုင်းအရွယ်လူက မျက်လုံးများကို တစ်ဖန်ပြန်ဖွင့်လိုက်သည်။ ယခုတစ်ကြိမ်တွင် ခက်ထန်သောအကြည့်အပြင် သူ၏မျက်နှာအမူအရာတွင်လည်း လေးနက်မှုရှိသည်။
သို့သော် ငါးမျှားတံကိုကိုင်ထားသော လက်က အလွန်တည်ငြိမ်နေဆဲဖြစ်သည်။ သူ့ရှေ့ရှိ ရေကန်ရှိ ရေပေါ်တွင် ရုတ်တရက် လှိုင်းထလာသည်။ ထိုလူက သူ့ညာဘက်လက်ကို မြှောက်လိုက်သောအခါ ရွှေငါးတစ်ကောင်က ငါးမျှားချိတ်တွင် ပါလာသည်။
နေရာတိုင်းတွင် ရေစက်များကျဆင်းသွားပြီး မြက်ခင်းပြင်မှတောဝံပုလွေတစ်ကောင်က ရွှေငါးကို အမိအရယူရန် ခုန်လွှားလိုက်သည်။
“ဒီလိုလက်ဦးမှုယူတဲ့သူတွေကို မကြိုက်ဘူး....”
ထိုလူ၏မျက်လုံးများသည် ပို၍ပင် ခက်ထန်လာသည်။သူက ထိုစကားများပြောလိုက်ရုံဖြင့် ခုန်တက်လာသောဝံပလွေက ရုတ်တရက်တုန်ခါပြီး ညှိုးနွမ်းသွားသည်။ ဝံပုလွေ၏သွားများပါ ကျွတ်ထွက်ပြီး အမွေးများကျုံးသွားပုံမှာ ရုတ်တရက်လေလျော့လိုက်သောပူစီဖောင်းလိုဖြစ်နေသည်။ထို့နောက် ၎င်း၏ခန္ဓာကိုယ်က ဖုန်မှုန့်အဖြစ်ပြောင်းလဲသွားပြီး သွားနှင့်အမွေးများက ပြာဖြစ်သွားလေသည်။ ဝံပုလွေ၏ခန္ဓာကိုယ်က တစ်ခဏအတွင်းမှာပဲ သက်တမ်းတစ်ထောင်ကုန်ဆုံးသွားသလို ပျက်စီးခြင်းကိုရောက်သွား၏။
“အသူရာဖန်ဆင်းရှင်ရဲ့မွေးရာပါစွမ်းရည်...ဘယ်လောက်စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့မျိုးနွယ်စုလဲ..ဒါပေမဲ့ တခြားသူတွေကို မနာလိုဖြစ်စေတဲ့လူမျိုးပဲ..”
ထိုလူ၏မျက်နှာက ပို၍မှောင်မိုက်သွားလေသည်။ သူ ဖြည်းဖြည်းချင်းထရပ်ပြီး ငါးမျှားတံကိုလွှတ်လိုက်သည်။ သူ လှည့်ကြည့်ရင်း လေထဲကို ခြေချလိုက်သည်။
ထိုစဉ် သူ့ခန္ဓာကိုယ်က ချက်ချင်းပျောက်ကွယ်သွားသည်။ သူ ပြန်ပေါ်လာသောအခါ မဟာမြူရွက်အင်မော်တယ်ဂိုဏ်း၏ပထမဆုံးဂိုဏ်းခွဲကို ရောက်ရှိသွားသည်။
ထိုအချိန်တွင် သူက အဝတ်စုတ်ကိုမဝတ်တော့ဘဲ ရွှေရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားပြီး ခေါင်းပေါ်မှာ ရွှေရောင်သရဖူဆောင်းထား၏။ သူ့မျက်နှာမှာလဲ ဂုဏ်သိက္ခာရှိသော အမူအရာတစ်ခု ရှိနေသည်။ သူဘယ်သွားသွား သူ့ကိုမြင်သော ကျင့်ကြံသူအားလုံးက ချက်ချင်း ဦးညွှတ်ပြီး ရှိခိုးကြသည်။
သူက တိုက်ကြီးများ၏အလယ်ဗဟို၌ နှစ်ပေါင်းများစွာ ချိပ်ပိတ်ခံထားရသောအလောင်းဘေးကိုရောက်သည့်အထိ ဆက်သွားနေခဲ့သည်။
သူက မျက်နှာဖြူဖျော့ဖျော့၊ အားနည်းနေသောခန္ဓာကိုယ်နဲ့ မျက်လုံးမှိတ်ထားသောလူငယ်ကို ကြည့်လိုက်သည်။ ထိုလူက တိတ်ဆိတ်နေခဲ့သော်လည်း စုမင်၏အစစ်အမှန်ခန္ဓာကိုယ်က ရုတ်တရက်ညှိုးနွမ်းသွားသော လက္ခဏာတွေ ပြသလာသည်။ လူငယ်၏အရေပြားပေါ်မှာ အရေးအကြောင်းများ မြန်မြန်ပေါ်လာပြီး ဆံပင်ကလဲ တောက်ပမှု တဖြည်းဖြည်းပျောက်ဆုံးသွားသည်။ ထိုလက္ခဏာများက သူ့ဝိညာဉ်သေဆုံးသွားတော့မည့်လက္ခဏာပင်ဖြစ်၏။ ဝိညာဉ်သေဆုံးသွားတာနဲ့ အလောင်းက ညှိုးနွမ်းသွားပြီး ဝိညာဉ်လဲ ပြန့်ကျဲသွားပါလိမ့်မည်။
ထိုမြင်ကွင်းကြောင့် သက်လတ်ပိုင်းအရွယ်တိထျန်း၏မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။ ယခင်ကစုမင် ခံစားခဲ့ရသောအရာများကို သူ မယုံပေ။ သို့သော် ယခု သူရှေ့မှာ အမှန်တရားကိုကြုံတွေ့ရသောကြောင့် စုမင်က ခုခံကာကွယ်၍မရသောအန္တရာယ်နှင့် ရင်ဆိုင်နေရတယ်ဆိုတာ သေချာသွားခဲ့၏။ ထိုအချိန်မှာ စုမင်က သူ့ဝိညာဉ်ကိုလောင်ကျွမ်းခဲ့ပြီး ဆယ်ပုံကိုးပုံလောက်က ပျောက်ကွယ်သွားခဲ့သည်။
“မင်းက သေရေးရှင်ရေးနဲ့ကြုံနေတာလား..ဒါမှမဟုတ် သဲလွန်စတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တာလား.. ပထမတစ်ခုဆိုရင် ငါ လွှတ်ပေးလိုက်မယ်..ဒါပေမဲ့ ဒုတိယတစ်ခုဆိုရင်တော့...”
တိထျန်းက အေးစက်သောဒေါသသံနှင့်ပြောလိုက်သည်။ သူ မျက်မှောင်ကြုတ်နေဆဲပင်ဖြစ်၏။သူနှင့်စုမင်၏ဝိညာဉ်ကြားမှာ ထူးခြားသောပေါင်းစပ်မှုတစ်ခုရှိ၏။ စုမင် သေသွားလျှင် သူလည်း ပြင်းထန်စွာ ဒဏ်ရာရသွားလိမ့်မည်။ အမှန်တော့ သူ့ကျင့်ကြံမှုအဆင့်က သူ့ဘဝတစ်လျှောက်လုံး တစ်စက်မှ မတိုးလာမည် မဟုတ်တော့ပေ။ သူ့အစီအစဉ်က လောင်းကြေးတစ်ခုထပ်ထားသလိုပင်ဖြစ်သည်။
“ငါအောင်မြင်ဖို့ နောက်ထပ် သုံးရာနှစ်ပဲ လိုတော့တယ်… နှစ်သုံးရာ…”
တိထျန်း တိတ်ဆိတ်သွားပြီး စုမင်၏ ခန္ဓာကိုယ်ကို စကားတစ်ခွန်းမှ မပြောဘဲ စိုက်ကြည့်နေလိုက်သည်။ထိုလူငယ်၏ အရေပြားပေါ်မှာ အမည်းစက်အများကြီးပေါ်လာပြီး ဆံပင်များ ကျွတ်ထွက်သွားသည်။ ပုပ်ဟောင်နေသောအနံ့ဆိုးက ဆိုးရွားစွာ ပျံ့နှံ့လာသည့်အခါ တိထျန်း၏နှလုံးသားက ပထမဆုံးအကြိမ် တုန်လှုပ်သွားသည်။
“ကိုးဆယ့်ငါးပုံလောက်...”
“ငါ့ဝိညာဉ်ရဲ့ ၉၅% လောက်ကိုလောင်ကျွမ်းပြီးပြီ..ဒါပေမဲ့ တိထျန်းက မပေါ်လာသေးဘူး..ငါမှားသွားတာလား..”
စုမင်က သူ့ဝိညာဉ်ကိုလောင်ကျွမ်းအောင်လုပ်ရာမှာ အကန့်အသတ်ကို ရောက်ရှိနေပြီဖြစ်သည်။ အိစန်း၏ရယ်သံက လေထုထဲမှာ ပဲ့တင်ထပ်သွားလေသည်။ ထိုအချိန်တွင် စုမင်၏မျက်နှာတစ်သိန်းက တုန်ခါလာခဲ့သည်။
စုမင် ရှေ့ဆက်သွားလျှင် သူတကယ်သေဆုံးသွားလိမ့်မည်။ သူလက်လျှော့လိုက်လျှင် အသက်စွမ်းအားအနည်းငယ်ကျန်လိမ့်မည်။ သို့ပေမဲ့ သူဆက်သွားရင် သူတကယ်သေသွားလိမ့်မည်။. သူ့အစီအစဉ်က အတော်လေးခရီးရောက်နေခဲ့သည်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူ့မျက်နှာမှာ ဆုံးဖြတ်ချက်ခိုင်မာပြီး ရက်စက်ကြမ်းကြုတ်သော အမူအရာတစ်ခု ပေါ်လာခဲ့သည်။
“ငါမှားသွားရင် ဒီအရာအားလုံးကနေ ငါလွတ်မြောက်သွားလိမ့်မယ်.. ဒါက ငါ့ရွေးချယ်မှုပဲ.. ငါလက်ခံမယ်”
စုမင်က တွန့်ဆုတ်ခြင်းမရှိပေ။ သူ့ဝိညာဉ်ကို လောင်ကျွမ်းနေသောမီးတောက်များကတစ်ဖန်ပြန်တောက်လာပြီး နောက်ဆုံးဝိညာဉ်လက်ကျန်ကို ဝါးမျိုတော့သည်။
စုမင်၏ဝိညာဉ် ဆက်လက်လောင်ကျွမ်းနေချိန်မှာ သူ့နှလုံးသားထဲမှာ တိုးညှင်းသောအသံတစ်ခုကို ကြားလိုက်ရသည်။ သို့ပေမဲ့ ထိုအသံက ထင်ယောင်ထင်မှားလား အစစ်အမှန်လားဆိုတာကို မသိပေ။
“ဒီလောကကြီးက အသူရာဖန်ဆင်းရှင်တွေအတွက်ပဲ..”
ထိုအသံက စုမင် ယင်းမရဏနယ်မြေမှာကြားခဲ့ရသော စကားလုံးများနှင့်အတူတူပင်ဖြစ်သည်။
ယခုတစ်ခါတော့ အိစန်း၏ဆန္ဒတောင် တုန်လှုပ်သွားသည်။ အိစန်းက ရူးသွပ်သူများကို မြင်ဖူးသော်လည်း စုမင်လိုအရမ်းရူးသွပ်နေသူများကို တစ်ခါမှ မမြင်ဖူးပေ။ စုမင်က ဆိုးဝါးသောအခြေအနေရောက်တာတောင် သူ့ဘဝကိုလောင်းကြေးထပ်နေလေသည်။
အင်မော်တယ်များပိုင်ဆိုင်သောနဂါးငွေ့တန်းထဲရှိ တိထျန်းလဲ တုန်လှုပ်သွားသည်။ ထိုအချိန်တွင် သူ့မျက်နှာပေါ်ရှိ အေးချမ်းသောအကြည့်က ပျောက်ကွယ်သွားသည်။ သူ့မျက်လုံးတွေထဲမှာ ရက်စက်ကြမ်းကြုတ်သောအကြည့်တစ်ခု ပေါ်လာသည်။ သူက စုမင်၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ပျက်စီးလာတာကြည့်ရင်း သူ့နှလုံးသားက ပိုပြီး ပြင်းထန်စွာ တုန်ခါသွားသည်။
စုမင်ဝိညာဉ်၏မူလအစိတ်အပိုင်းငါးခုမှ သုံးခုသာ ကျန်တော့သည်။ ထိုစဉ် တိထျန်းက ပို၍ ထိတ်လန့်သွားသည်။ ထိုအရာက စုမင်နှင့်သူ့အကြား မမြငနိုင်သောတိုက်ပွဲသော၊ စိတ်လွန်ဆွဲနေသောတိုက်ပွဲပင်ဖြစ်သည်။ ဘယ်သူက ပိုရက်စက်ပြီး ဘယ်သူကအရင်နောက်ဆုတ်သွားလဲဆိုတာကို ယှဉ်ပြိုင်သောပြိုင်ပွဲပင်ဖြစ်သည်။
တိထျန်း၏မျက်နှာအမူအရာက ပျက်ယွင်းသွားသည်။ သူ့အစီအစဉ်က သည်အတိုင်း ကျရှုံးသွားမည်ကို လက်မခံချင်ပေ။ ယခုအချိန်က စုမင်က သူ့ကိုယ်သူ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရတာလား၊ တိထျန်းကို ပြန်တိုက်ခိုက်နေတာလား မသိတော့ပေ။ စုမင်၏ဝိညာဉ်မှာ မူလအစိတ်အပိုင်းနှစ်ခုသာကျန်သည့်အခါ သူ၏တကယ့်ခန္ဓာကိုယ်မှာ လူသားတစ်ယောက်၏ပုံသဏ္ဌာန် မရှိတော့ပေ။
သူ့တကယ့်ခန္ဓာကိုယ်ဘေးနားရှိ အချိန်စီးဆင်းမှုက မမြင်ရတဲ့ပုံစံနှင့် ဆွဲဆန့်ထားပုံရသည်။ ထိုအရာက စုမင်းအတွက် ညှဉ်းပန်းနှိပ်စက်မှုနှင့် စမ်းသပ်မှုတစ်ခုဖြစ်ပြီး တိထျန်းအတွက် အတူတူပင်ဖြစ်သည်။ စုမင်၏ဝိညာဉ်မှာ မူလအစိတ်အပိုင်းတစ်ပိုင်းသာ ကျန်တော့သည့်အခါ တိထျန်းက ခေါင်းမော့ပြီး ကောင်းကင်ကို ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ထိုဟိန်းဟောက်သံမှာ ဒေါသစိတ်များပါရှိပြီး သူ့ကိုယ်ပိုင်အစီအစဉ်ကို အဆုံးသတ်ရမည်ဟူသော နှမြောတသစိတ်များ ပါဝင်သည်။ တိထျန်း ဟိန်းဟောက်လိုက်ပြီး သူ့ညာလက်ကိုမြှောက်ကာ မျက်ခုံးအလယ်ဗဟိုကို ပြင်းပြင်းထန်ထန် ရိုက်လိုက်သည်။
ရွှေရောင်အလင်းတန်းတစ်ခုက စုမင်၏ဝိညာဉ်ထဲကနေ ပေါက်ကွဲထွက်လာသည်။ စုမင်၏ဝိညာဉ်ထဲကနေ ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ ရွှေရောင်အလင်းတန်းပျောက်ကွယ်သွားသည့်အခါ ဒေါသသံက လေထဲမှာ မှိန်ပျပျ ပဲ့တင်ထပ်သွားသည်။
စုမင်က ထိုဟိန်းဟောက်သံကို ရင်းနှီးလေသည်။ ထိုဟိန်းဟောက်သံက သူ့အသံပင်ဖြစ်၏။ စုမင်က စိတ်လွန်ဆွဲပွဲမှာ အနိုင်ရရှိသွားခဲ့သည်။
စုမင်က အားရပါးရရယ်မောလိုက်သည်။ ထိုရယ်မောသံထဲတွင် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော ကံကြမ္မာကိုဆန့်ကျင်မှုနှင့်စိတ်ပိုင်းဖြတ်မှုတို့ ပါဝင်လေသည်။ သူက စိတ်လွန်ဆွဲပွဲတွင် အနိုင်ရပြီး လွတ်မြောက်မှုကို ရရှိခဲ့သည်။ အကယ်၍ သူက အိစန်း၏ဘေးအန္တရာယ်ကို ကျော်လွှားနိုင်ခဲ့ပါက သူ့အပေါ် လူတိုင်း၏ ထိန်းချုပ်မှုမှ လွတ်မြောက်သွားမည်ဖြစ်သည်။သူ့ရှေ့တွင် အဆုံးမဲ့ အခွင့်အလမ်းများ ရှိနေလိမ့်မည်။ သစ်ပင်ကြောင့် သူက ဆိုးရွာသောအခြေအနေတစ်ခုကို စွန့်ခွာပြီး နောက်ထပ် အံ့ဖွယ်အခြေအနေတစ်ခုသို့ ရောက်ရှိသွားလိမ့်မည်။
သို့သော် တိထျန်း၏ ထိန်းချုပ်မှုမှ လွတ်မြောက်ရန် ပေးဆပ်ရမည့်အဖိုးအခမှာ အလွန်ပင် ကြီးမားလှသည်။ စုမင်၏ ဝိညာဉ်တွင် စိတ်ဆန္ဒအမျှင်လေးတစ်ခုသာကျန်ရှိပြီး ထိုအမျှင်လေးက လောင်ကျွမ်းနေဆဲ ဖြစ်သည်။ ထိုအချိန်တွင် စုမင်၏ရှေ့တွင် လမ်းကြောင်းနှစ်ခု ရှိနေသည်။
သူက ခုခံမှုအားလုံးကို စွန့်လွှတ်ရမည်။
စွေ့ချန်ကျစ်၏ဥပဒေသအရ အချိန်၏ပြောင်းပြန်လှန်မှုအောက်တွင် သူ၏ဝိညာဉ်ကို ပြန်လည်ပေါင်းစည်းပြီး သူ့ခန္ဓာကိုယ်သို့ ပြန်လာရန် အခွင့်အရေး ရှိလိမ့်မည်။
သို့ပေမဲ့ ထိုလုပ်ငန်းစဉ်၌ စုမင် မသိနိုင်သောအရာများပါဝင်လေသည်။ အချိန်ပြောင်းပြန်လှန်မှုအောက်မှာ သူ့ဝိညာဉ်ကို ပြန်လည်ဖွဲ့စည်းလျှင် သူ့ဝိညာဉ်ထဲမှာ တစ်ချိန်ကရှိခဲ့တဲ့ ဝိညာဉ်အားလုံးလဲ ပြန်လာနိုင်ခြေတောင် ရှိ၏။
ထိုဖြစ်စဉ်က မည်သို့အဆုံးသတ်မည်ကို မည်သူမှ မပြောနိုင်ပေ။
နောက်လမ်းကြောင်းတစ်ခုမှာ စုမင်၏ခန္ဓာကိုယ်ထဲကချိပ်တံဆိပ်များ ပြန်လည်မဖွဲ့စည်းနိုင်တော့ပေ။ ဤလမ်းကြောင်းက စုမင်ဆက်သွားနေသောလမ်းကြောင်းပင်ဖြစ်သည်။
စုမင်၏မျက်နှာတစ်သိန်းထဲက မျက်လုံးအားလုံးမှာ တောက်ပသောအလင်းတန်းတစ်ခု ပေါ်လာသည်။ အခြေအနေအားလုံးက သူ့အစီအစဉ်နှင့်လွဲချော်သွားသော်လည်း မပျက်စီးသေးပေ။ နှစ်လေးရာကြာ ခွဲခြမ်းစိတ်ဖြာမှုအတွင်းမှာ သူက လမ်းဆုံးရောက်စေသောနည်းလမ်းများအပြင် ဘဝသစ်ကိုဦးတည်သောနည်းလမ်းများစွာကို ရှာတွေ့ခဲ့သည်။
စုမင်က တွန့်ဆုတ်ခြင်းမရှိဘဲ ဒုတိယလမ်းကြောင်းကို လျှောက်လှမ်းရန် ရွေးချယ်ခဲ့သည်။ ထိုအချိန်တွင် သူ့ဝိညာဉ်က လုံးဝလောင်ကျွမ်းသွားပြီး သူ့ဆီကနေ ထွက်ပေါ်လာသော သက်ရောက်မှုလှိုင်းက အလွန်အစွမ်းထက်လေသည်။ ထို့ကြောင့် အိစန်း၏စိတ်ဆန္ဒက စုမင်ကိုရပ်တန့်ရန် မကြိုးစားခဲ့ပေ။ ထိုအရာက စုမင်၏နောက်ဆုံးရူးသွပ်မှုဖြစ်ပြီး သေချာပေါက်သေရတော့မည်။
“ငါက အစကတည်းက သေပြီးသားး..ငါ့ဝိညာဉ်ကလဲ သေဆုံးပြီးသားမလို့ နေမင်းကြီးကို ထိလို့မရဘူး..ဒါဆိုရင် ဝိညာဉ်သေဆုံးနေတဲ့သူတစ်ယောက် ထပ်သေသွားရင် ဘာဖြစ်မှာမလို့လဲ...”
စုမင်ဝိညာဉ်လောင်ကျွမ်းမှု၏စွမ်းအားလှိုင်းများ ပျံ့နှံ့သွားသည့်အခါ သူ့ဝိညာဉ်က သစ်ပင်ဧ။်သွေးကြောအရင်ခြောက်ဆယ့်ခုနစ်ပုံကနေ ရှစ်ဆယ်ပုံထိ လွှမ်းမိုးနိုင်သွားသည်။ စုမင်၏စိတ်ထဲမှာ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး သူ့ခေါင်းထဲမှာ ပုံရိပ်အသစ်တစ်ခု ပေါ်လာသည်။
သူမြင်လိုက်ရတာက... ရွှေရောင်ပင်လယ်တစ်သိန်းနှင့်နဂါးငွေ့တန်းတစ်သိန်း၏အပြင်ဘက်က သီးခြားနယ်မြေပင်ဖြစ်၏။
ထိုအချိန်တွင် စုမင်၏အခြေတည်ဝိညာဉ်က အဆုံးမရှိ ကျယ်ပြန့်သွားပြီးသီးခြားနယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းထသလိုထင်ရလေသည်။ အလားတူ အနောက်ငွေ့ရည်တိမ်တိုက်ကြယ်ဂြိုလ်တစ်ခုလုံးကိုတောင် ဖုံးလွှမ်းထားပြံရ၏။ သို့ပေမဲ့ စုမင်ရှေ့ရှိအနောက်တိမ်တိုက်ဂြိုလ်က သူ့မှတ်ဉာဏ်ထဲကနှင့် အတော်လေးကွာခြားသည်။
ဤနေရာက တိတ်ဆိတ်ငြိမ်သက်မှု၊ အသက်စွမ်းအားများနှင့်ပြည့်နှက်နေလေသည်။ ကျင့်ကြံဂြိုလ်များရှိ အနှစ်သာရက ပေါများပြီး လုံလောက်သည်။ ဂြိုလ်များပေါ်မှာ ကျင့်ကြံသူမရှိပေ။ရက်စက်ကြမ်းကြုတ်သော သားရဲများသာ ရှိလေ၏။ ထိုနေရာက ဘယ်ကျင့်ကြံသူမှ မတွေ့ရှိသေးသောသီးခြားနယ်မြေတစ်ခုလို ဖြစ်သည်။
စုမင်က ခဏတာ အံ့အားသင့်သွား၏။
သူ့အခြေတည်ဝိညာဉ်ကို အလိုလိုပြန်သိမ်းလိုက်သည်။ ထို့နောက် သီးခြားနယ်မြေက ပျောက်ကွယ်သွားတာကို သူသတိထားမိလေသည်။
ပိုတိကျအောင်ပြောရလျှင် သူကိုယ်တိုင်က သီးခြားနယ်မြေ ဖြစ်လာခဲ့၏။
စုမင် ခေါင်းငုံ့ကြည့်လိုက်သည်။ သူ့ကိုယ်သူ ကြည့်လိုက်သည့်အခါ သူက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားတာကို တွေ့ရသည်။ သူက သူစိမ်းတစ်ယောက်လိုပင် ဖြစ်လာသည်။
ထိုသူ့မှာ ဆံဖြူရှည်ရှိပြီး သူ့မျက်လုံးများမှာ ဉာဏ်ပညာ၊ ရှေးဟောင်းလေထုနှင့်ပြည့်နှက်နေလေသည်။
“ငါ တစ်ချက်တွေးလိုက်ရုံနဲ့ ကောင်းကင်ဘုံကို ဖျက်ဆီးပစ်နိုင်တယ်...”
စကြဝဠာကြီးက ချက်ချင်းမှောင်မိုက်သွားသည်။ အရာအားလုံး ပျက်စီးသွားသကဲ့သို့နဂါးငွေ့တန်းကြီးက ချက်ချင်းပျောက်ကွယ်သွားသည်။
ထိုအရာက စုမင်၏အသံ မဟုတ်သော်လည်း သူကိုယ်တိုင် ထိုစကားများကို ပြောနေတာကို ခံစားမိသည်။ ထိုအချိန်အတွင်းမှာပဲ သူ ရုတ်တရက် နားလည်သွားသည်။စုင်က အိစန်း၏ သွေးကြောအားလုံး၏ဆယ်ပုံတစ်ပုံကို သိမ်းပိုက်လိုက်သည့်အခါ အိစန်း၏မှတ်ဉာဏ်များကို မြင်လိုက်ရသည်။ သူက ထိုမှတ်ဉာဏ်များနှင့်ပေါင်းစပ်သွားပြီးနောက် စွေ့ချန်ကျစ်ကိုပါ မြင်လိုက်ရသည်။
“ငါ တစ်ချက်တွေးရုံနဲ့ စကြဝဠာကြီးကို အသက်ပြန်သွင်းနိုင်တယ်..”
စုမင်၏နှလုံးသားက တုန်လှုပ်သွားသည်။
နဂါးငွေ့တန်းက မည်းမှောင်သွားပြီး အဆုံးမဲ့ဟင်းလင်းပြင်အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် အဆုံးမဲ့မှောင်မိုက်မှုထဲမှာ အလင်းတန်းတစ်ခု မွေးဖွားလာတာကို သူမြင်လိုက်ရသည်။ ထိုအလင်းတန်းက စုမင်မြင်သမျှကို ဖုံးအုပ်သွားပြီး အမှောင်ထုကို ဖယ်ရှားပစ်လိုက်သည်။ ကျင့်ကြံဂြိုလ်များ မွေးဖွားလာပြီး ၎င်းတို့ပေါ်တွင် သက်ရှိများ ဖြစ်ပေါ်လာသည်။
“ငါ တစ်ချက်တွေးရုံနဲ့ ဘဝအားလုံးကို ငါဖျက်ဆီးပစ်နိုင်တယ်…”
တတိယစကား ထွက်ပေါ်လာပြီးနောက် သက်ရှိများအားလုံးက မီးလျှံများ၏လောင်ကျွမ်းခြင်းကို ခံရသလိုပြာကျသွားခဲ့သည်။ထို့နောက် စကြာဝဠာကို ကျော်လွန်၍ နှစ်သန်းပေါင်းများစွာ ကုန်ဆုံးသွားသလို ခံစားလိုက်ရသည်။
“တစ်ချက်တွေးရုံနဲ့ ဘဝအမျိုးမျိုးကို ငါကယ်တင်ပေးနိုင်တယ်..”
ထိုရှေးဟောင်းအသံက ထပ်မံပြောဆိုသောအခါ စုမင်း၏နှလုံးသားက တုန်လှုပ်သွားသည်။ သူက တစ်စုံတစ်ခုကို မရေမရာနားလည်မှုတစ်ခု ရရှိသွားပုံရသည်။
“ငါ့ရဲ့ နတ်ဘုရားအနှစ်သာစွမ်းရည်လေးမျိုးကို မြင်နိုင်တဲ့သူတွေက သူတို့ရဲ့ ကျောက်တိုင်တွေကို ပေကိုးသိန်းအထိ ရောက်အောင် လုပ်နိုင်ခဲ့ကြတယ်… ဒါမှမဟုတ် အိစန်းရဲ့ဆယ်ပုံရှစ်ပုံကို ပိုင်ဆိုင်ခဲ့ကြတယ်..မင်းဘယ်လိုလုပ်နိုင်ခဲ့လဲဆိုတာ အရေးမကြီးဘူး..ဒီနတ်ဘုရားအနှစ်သာစွမ်းရည်လေးမျိုးထဲမှာ ငါချန်ထားခဲ့တဲ့ ဥပဒေသကို မင်းနားလည်သရွေ့ အဲဒါက မင်းရဲ့ ဥပဒေသဖြစ်လာလိမ့်မယ်..မင်းပိုနားလည်လေလေ..ဒီဥပဒေသကိုပိုထိန်းချုပ်နိုင်လေပဲ…”
“မင်းမှာ အသက်ရှိုက်စာသုံးကြိမ် အချိန်ရမယ်...အဲဒါပြီးရင် မင်းဘာနားလည်ခဲ့လဲဆိုတာ ငါ့ကိုပြောပြရမယ်..”
စွေ့ချန်ကျစ်က ပြတ်ပြတ်သားသားပြောလိုက်သည်။